လောဘသတ်၍ သေရသူ(စ/ဆုံး)

Unicode Version

လောဘသတ်၍ သေရသူ(စ/ဆုံး)
———————————-
နေရောင်ခြည်များက တောကြိုတောကြားမှ ဖောက်ထွက်နေတော့၏။ လောင်းရိပ်မိသော ခြောက် ပေလမ်း သို့မဟုတ် တောတွင်းလှည်းလမ်းတလျှောက်၌ နှင်းမှုန်တွေက ဆိုင်းနေတုန်းကာလပင်။ အောင်ချင်းငှက်တအုပ်၏ ညောင်သီးစားရင်း အော်မြည်သံများသည် နံနက်စောစောပိုင်းကို ကြည်နူးဘွယ်ရာ တော၏ ဂီတသံများအဖြစ် ဖန်တီးနေတော့သည်။
ကျောက်ခဲအင်းရွာသို့ ဆင်းရန် တဖာလုံခန့်သာ လိုတော့သည်အတွက် ကျွန်တော်နှင့် ဦးဖိုးဟန်တို့အဖို့ ခြေလှမ်းတွေ ပိုမိုသွက်လက်လာတော့သည်ဟု ထင်မှတ်မိပါသည်။ နောက်မှ မိုင်ဝက်ခန့်အကွာမှ ကျန်ရစ်ခဲ့သော ကျွန်တော်တို့၏ စားအိုး စားခွက် အိပ်ရာလိပ်နှင့် တောလိုက်ပစ္စည်းများ တင်ဆောင်လာသည့် လှည်းကိုလည်း စောင့်ရန်မလိုတော့သည့်အတွက် ကျောက်ခဲအင်းရွာ မြောက်ဖက်တံခါးဆီသို့ ဆက်လက်လျှောက်ခဲ့ရပေသည်။
နှစ်ယောက်သား လျှောက်ရင်း လမ်းပေါ်မှ သား ကောင်အကူးအသန်းကို သတိပြုကာ လေ့လာအကဲ ခတ်ရင်းပင် ကျွန်တော်တို့ အလိုရှိနေသည့် “နှုတ်ခမ်းမွေးကြီး”၏ ခြေရာလက်ရာများကို ရှာဖွေမိခဲ့ကြ သည်။ နှုတ်ခမ်းမွေးကြီးကား ကျွန်တော်တို့ မုဆိုးအဖွဲ့ ဝင်များ နာမ်စားအဖြစ် အသိအမှတ်ပြုထားသည့် ကျေးရွာသားများ၏ အခေါ် အဝေါ်တွင် တောကောင် သို့မဟုတ် ကျားကြီးများပင် ဖြစ်ပေ၏။
“ဒီအကောင်တွေ ဒီဘက်ကျောကို မလျှောက်သေးဘူးဗျ၊ အချိန်အခါကတော့ သူတို့’လ’ ဘဲလေ။ နတ်တော် ပြာသိုဆိုတော့ နှုတ်ခမ်းမွေးတွေ အပျို လူပျိုလှည့်တဲ့ တောတောင်ထဲမှာ လမ်းလျှောက်မြူးတူးတဲ့အခါဘဲ”
ဦးဖိုးဟန်သည် ဆေးပေါ့လိပ်ကြီးကို ထောင်းကနဲ ဖွာထုတ်ရင်း သူ၏ ဇော်ထမ်း ထမ်းထားသည့် ၄၀၄ မော်တာရိုင်ဖယ်ကို နေရာရွှေ့ပြောင်းကာ ညာလက်ဖြင့် တဖက်တည်း ကိုင်လိုက်ပါသည်။ ကျွန်တော်သည် ခြောက်ပေလမ်းဖုံဖုံပေါ်၌ ဂျီခြေရာ၊ ဆတ်ခြေရာ၊ တောဝက်ခြေရာများနှင့် သေးသေးမွှားမွှား ကြောင်များ၏ ခြေရာသာ တွေ့ရပြီး ကျွန်တော်တို့၏ အချစ်တော် နှုတ်ခမ်းမွေးကြီး၏ ခြေရာသစ် ခြေရာဟောင်း တခုတလေမှ မတွေ့ရသည့်ကြောင့် စိတ်မကျေမနပ် ဖြစ်နေမိသည်။
“ခါတိုင်း ကျောက်ခဲအင်းနဲ့ ဇလုပ်ကြီးဗိုလ်တဲ ကျောတဝိုက်၊ ဖောင်းလောင်နဲ့ ကျောက်ခဲအင်း ဆိုင်းကြိုးပြတ် ကျောတဝိုက်မှာ ဒီအကောင်တွေခြေရာဟာ ခေါက်တုံ့ခေါက်ပြန် တွေ့နေကျဥစ္စာဗျာ။ ဘယ့်နှယ်လဲ.. နှုတ်ခမ်းမွေးတွေက ဗေဒင်တွက်ကြည့်တော့ ကျုပ်တို့လာပြီဆိုတာ သိရလို့ လွတ်ရာကင်းရာ ပြေးကုန်ပြီထင်တယ်”
ဟု ဦးဖိုးဟန်က အမှတ်မထင်ပင် ပြန်ဖြေကြားလိုက်ပါသည်။
“ပြောလဲ ပြောစရာဘဲလေ။ ကျုပ်တို့ နှုတ်ခမ်းမွေး လေးပါးလောင်တောင် ဇလုပ်ကြီး ဗိုလ်တဲတဝိုက်က ကပ်ပြီးပစ်လို့ရခဲ့တဲ့ သက်သေခံချက်တွေရှိခဲ့တဲ့ ကိစ္စဘဲဗျာ။ ကိုင်းပါလေ ရွာရောက်မှ သူကြီး ဦးထွန်းရင်နဲ့ မုဆိုးငဖျော်တို့ကို တီးခေါက်ကြည့်စမ်းရအောင်။ မတွေ့ရ မပစ်ရရင် မဖြစ်ဘူး”
ကျွန်တော်တို့နှစ်ယောက်သား စကားပြောဆိုကာ လျှောက်လာနေစဉ်တွင် ကျွန်တော်တို့ မျက်နှာမူရာ လှည်းလမ်းကွေ့ဘက်ဆီမှ ခြေသံနှင့် စကားပြောသံ များကို ကြားလိုက်ရပေ၏။ လှမ်း၍ကြည့်လိုက် သည့်အခါတွင် သေနတ်တလက်နှင့် လူလေးဦးကိုတွေ့လိုက်ရတော့သည်။
“ဟော ဗိုလ်မှူးကြီးတို့ပါကလား။ ဘယ့်နှယ် ဆက်သားမလွှတ် ဘာမလွှတ်နဲ့ဗျာ”
ဝမ်းသာအားရသည့်အသံနှင့် ကျောက်ခဲအင်းရွာ ခေါင်းဆောင်သူကြီးဦးထွန်းရင်ကို တွေ့လိုက်ရပေ၏။ သူ၏နောက်မှ နှလုံးပူးသေနတ်ကိုင်သူမှာ ရွာခံမုဆိုး ငဖျော်ဆိုသူဖြစ်ပြီး ကျန်လူနှစ်ယောက်မှာ ခြေရာခံရာ၌ အကူအညီပေးမည့် ရွာသားနှစ်ယောက်ပင် ဖြစ်ပေ၏။
“စောစောစီးစီး ဘယ်လဲသူကြီး”
ဦးဖိုးဟန်သည် ခင်မင်ရင်းနှီးသူပီပီ လှမ်း၍မေးလိုက်သည့်အခါတွင်
“စံတင်တို့ လယ်ဖျားရှိုထဲမှာ ဝက်တောင်းကြီးတကောင် ခုတင်ကလေးကမှ တွေ့ခဲ့ရလို့ ကျွန်တော်တို့ကို လာခေါ်တာလေ”
ဦးထွန်းရင်မှာ အရိုးခံသက်သက်ဖြစ်သည့်အတိုင်း ကွယ်ဝှက်ခြင်းပရိယာယ် တစုံတရာမသုံးဘဲ ပြောလိုက်ရာ နှစ်လုံးပူးသေနတ်ကိုင် မုဆိုးငဖျော်က ဤကဲ့သို့ သူတို့၏အကြံအစည်ကို ဖွင့်ဟပြောလိုက်ခြင်းကို မကျေနပ်သည့် မျက်နှာဖြင့် သူကြီးကို ကြည့်လိုက်ပါသည်။
မုဆိုးငဖျော်၏ အတွင်းစိတ်ကြောကို ကျွန်တော်သည် ကောင်းစွာရိပ်မိပြီး ဖြစ်ပါသည်။ သူတို့၏ တောဝက်ထီးကြီးကို ကျွန်တော်နှင့် ဦးဖိုးဟန်တို့က ကြားဝင်ပြီး ပစ်ခတ်မည် စိုးရိမ်သောအတွက်ပင် ဖြစ်ပေ၏။
အမှန်အတိုင်းရေးရလျှင် တောလက်ကျေးရွာမှ ရွာခံမုဆိုးများသည် အင်မတန်အမြင်တိုတတ်၏။ သူတို့နယ်ပယ်ထဲသို့ အခြားသေနတ်သမားများ မုဆိုးများ လာရောက်ကျက်စားမည်ကို စိုးရိမ်တတ်ကြ၏။ သို့ရာတွင် ကျွန်ဘော်ဘို့အဖို့ သူတို့ရွာခံမုဆိုးတွေလို ကြေးစားဆန်လှသော စိတ်ဓာတ်ကား လုံးဝမရှိချေ။
ရွာခံမုဆိုးတို့သည် လူများများနှင့် အုပ်လိုက် သင်းလိုက်ချီကာ တောချောက်ပစ်ခတ်ခြင်းမျိုးကို မလိုလားကြ။ လူနှစ်ယောက် သုံးယောက်နှင့် နည်းနိုင်သမျှ လူနည်းစွာဖြင့် ခြေရာခံပြီး အမဲပစ်ခတ်လိုကြ၏။ လူများများနှင့် လိုက်၍ အမဲပစ်ခတ်ပြီး သားကောင်ရလျှင် သားကောင်၏အသားကို တောချောက်သည့် နောက်ပါလူများကို ဝေစုဝေပုံ ခွဲပေးရမည် စိုးရိမ်ခြင်းပင်ဖြစ်၏။
တောရွာ၏ဓလေ့အရ အမဲပစ်ခတ်ရာ၌ အသားဝေခြမ်းရေးစံနစ်မှာ ထားကြပါစို့၊ သားကောင်တ တကောင်ရလျှင် ပစ်ခတ်သူမုဆိုးက ဝေစု တပုံနှင့် သားကောင်၏ ခေါင်းကို ရယူရ၏။ ပေါင်တပေါင်ကို သေနတ်ရှင်အား သေနတ်ခပေးရ၏။ ကျန်အသားနှင့် ဝမ်းတွင်းသားများကိုမူ မုဆိုးနှင့် နောက်လိုက် တောချောက်ပေးသူ ဖျက်ပေးသူများတို့ အညီအမျှ ဝေယူကြရ၏။
ဆတ်သားတပိဿာ၏ စစ်ကြိုခေတ် ဈေးနှုန်းမှာ နှစ်ကျပ်မှ လေးကျပ်၊ ယခုဈေးနှုန်းမှာ ခြောက်ကျပ်မှ တဆယ်အထိ ဈေးရ၏။ ထိုကြောင့်လည်း ရွာခံမုဆိုးတို့သည် ကျားနှင့်သစ် ဆင်များထက် ဆတ်နှင့် ဝက်ကို အဓိကထားကာရွေးပြီး အမဲပစ်ခတ်လိုကြ၏။
ကျွန်တော်သည် သူကြီး ဦးထွန်းရင်ကို ကျေးရွာ ကာကွယ်ရေးအတွက် သက်ဆိုင်ရာအစိုးရက ထုတ် ပေးထားသော ၁၂ ဘို့ နှစ်လုံးပြူးသေနတ် (စိုင်မောင်းတပ်)ကို မုဆိုးငဖျော်၏လက်ထဲမှ ဆွဲယူကာ သေနတ်၏ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်မိ ၏။ ခါးကိုချိုး၍ ပြောင်းနှစ်လုံးအတွင်းသို့ ကြည့်လိုက်သည်တွင် ပြောင်စင်နေရမည့်အစား မဲ့တက်နေ၏။
စိုင်ပြောင်နှစ်ဘက်ကို လက်မနှင့် မကာတင်၍ စမ်းကြည့်လိုက်၏။ ခယော်ခယဲ့ နိုင်လှတော့၏။ သေနတ်မောင်း အောက်မှပင့်ကာ လှုပ်ခါ၍ ကြည့်လိုက်ရာ၌ အနည်းငယ် လှုပ်နေတော့၏။
“ပစ်တာတော့ ကောင်းပါတယ်သူကြီး။ ခင်ဗျာ့သေ နတ်က သိပ်စိတ်မချရဘူးဗျို့။ ကျည်ဆန်ကရော သစ်ရဲ့လား။ ဝက်ကြီးရင် ကျားလဲ သိပ်အနားမသီဝံ့ မကပ်ဝံဘူးနော်…”
“မတတ်နိုင်ဘူးလေ ဗိုလ်မှူးကြီး။ ကျည်ဆန်အသစ် ခြောက်လုံးကျည် သုံးတောင့်နဲ့ ကိုးလုံးကျည် လေး ထောင့်ရှိနေပြီဘဲ။ ဒီဝက်လောက်တော့ ကိစ္စမရှိတန်ပါဘူး”
ဟု ဦးထွန်းရင်က ရယ်ကာမောကာနှင့် ကွမ်းမြုံ့နေရာမှ ပြောကြားပါသည်။
“သေနတ်ကောင်းဘို့ မကောင်းဘို့ထက် ချက်ပိုင်ဘို့နဲ့လျင်မြန်ဘို့ လိုတယ် ထင်ပါတယ် ဗိုလ်ကြီး။ ခါတိုင်း ဒီနယ်ထဲက ဝက်တွေ ဆတ်တွေမှန်သမျှဟောဒီ ဘကြီးထွန်း သေနတ်နဲ့ချည်း ရနေကျပါဘဲ။ သေနတ်ကူလဲ မလိုပါဘူးခင်ဗျာ”
ဤစကားကား မုဆိုးငပျော်၏ ကျွန်တော်တို့မုဆိုး တွေကို ဒီစားကျက်တွင် မပါဝင်စေရန် ကြိုတင်ပိတ်ပင်လိုက်သော ပရိယာယ်စကားပင်ဖြစ်ပေ၏။
“ကောင်းပါတယ်၊ အေးဗျာ ရွာရောက်ပြီး အမောဖြေပြီးရင် မောင်ဖျော်ပစ်တဲ့ တောဝက်သားနဲ့ ထမင်း တနပ်စားဘို့ဘဲဟေ”
ဦးဘိုးဟန်သည် ဟားတိုက်ကာ အဓိပ္ပါယ်ပါပါနှင့် ရယ်မောလိုက်ပြီး ကျွန်တော်တို့က သူတို့လူစုကို ရှောင် ထွက်ခဲ့သည်။
“ကျွန်တော်ကိုယ်တိုင် ရွာကို လိုက်ပို့မယ်လေ ဗိုလ်မှူးကြီး”
“ကိစ္စမရှိပါဘူး သူကြီး။ ကျွန်တော်တို့ ရွာနဲ့ သိပ်ကွာ တော့တဲ့ဥစ္စာမှမဟုတ်ဘဲ။ ဝက်နောက်သာ ဆက်လိုက်ကြပါလေ”
ဟု ကွန်တော်က အဖြေပေးလိုက်ပြီးနောက် နှစ်ယောက်သား ရွာဆီသို့ ဆက်ထွက်ခဲ့၏။
ဗြိတိသျှနယ်ချဲ့သမားအစိုးရသည် ဗမာများကို လက်နက်ကောင်းကောင်း ကိုင်ခွင့်ကို မပေးလိုကြချေ။ သူကြီးဦးထွန်းရင်၏ ၁၂ ဘို့ သေနတ်မှာ အင်္ဂလန်ပြည်လုပ် အပေါစား ဆယ်ပေါင် ဆယ့်ငါးပေါင် မျှသာ ပေးရမည့် ငှက်ပစ်သေနတ်မျိုး ပြောင်းအပါးစားမျိုး ဖြစ်ပေ၏။
ဗြိတိသျှအပြေးတွင် ကျန်သောလက်နက်များနှင့်ပင်အကာအကွယ် လက်နက်ပေးကာ အုပ်ချုပ်ရေးကို စီမံအုပ်ချုပ်နေစေခြင်းသာ ဖြစ်ပေ၏။
+ + +
ပူနွေးသော ထမင်းပွဲမှ အငွေ့ကလေးတွေသည် ရစ်ကာသီကာ ပျံဝဲနေလေသည်။ ကျောက်ခဲအင်းရွာ သို့လာရင်း ဘူးကွဲရွာအထွက် လယ်ကွင်းထဲမှပစ်ခတ်ရရှိခဲ့သော တောကြက်သုံးကောင်ကို ဦးနုသည် ကျွမ်းကျင်စွာဖြင့် ပြုတ်ကြော်လုပ်ထားသော ဟင်းတပန်းကန်၊ ဘူးရွက်ဟင်းချို၊ သရက်သီးသနပ်၊ ဘလချောင်ကြော်၊ ငါးသေတ္တာသုပ် စသည့်ထမင်းဟင်းများသည် ကျွန်တော်၊ ဦးဘိုးဟန်၊ ဦးနု၊ ရဲဘော်ကျော်လှိုင်၊ တပ်ကြပ်ကြီးသန်းထွန်းတို့ကို တအားလွေးရန် ဖိတ်ခေါ်နေတော့၏။
ထိုကြောင့်လည်း ကျွန်တော်နှင့် ဦးဘိုးဟန်တို့က လက်ဆေးခွက်တွင် လက်ကိုဆေးကြောလိုက်ပြီး ထမင်းပွဲတွင်ထိုင်ကာ သုံးလေးလုပ် စားလိုက်စဉ် ရွာ မြောက်ဘက်တံခါးဆီမှ စီစီညံညံ လှုပ်လှုပ်ရှားရှား အသံတွေရော ခွေးဟောင်သံတွေပါ တပြိုင်နက်ထဲ ကြားလိုက်ရပေ၏။
ရွာတွင်းသို့ တစိမ်းတယောက်ယောက် ဝင်ရောက်လာခြင်းကြောင့် ခွေးတွေဆူသည်ဟု အောက်မေ့ လိုက်ပြီး၊ ကြက်သားတဖတ်ကို ဟန်ရ ပန်ရနှင့် ဝါးလိုက်သည့်တခဏ၌ အိမ်ရှေ့လှေကားပေါ်မှ သူကြီးကတော်ကြီးသည် အူယားဖားယား ပြေးတက် လာတော့သည်။
“အမယ်လေး လုပ်ကြပါအုံး … ကယ်ကြပါအူး။ ကိုထွန်းရင်တို့ကို ဝက်ပက်လို့ လဲနေကြပြီတဲ့။ ပေမှေးပြန်ပြေးလာတယ်၊ သူ့မှာလဲ သွေးတွေရဲနေတယ်”
ဟု ဆောက်တည်ရာမရရှာသော မျက်နှာနှင့် တုန်လှုပ်သောအသံဖြင့် ပြောလိုက်ပါသည်။
“ပြောလို့မှ မပြီးသေးဘူး၊ ကိုင်းကွာ….”
ဦးဘိုးဟန်ကြီးသည် ထမင်းပန်းကန်ကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီး ကမန်းကတန်း လက်ကို ဆေးကြောကာ လက်သုတ်ပုဝါနှင့် အမြန်သုတ်သင်လိုက်တော့၏။ ကျွန်တော့်အနေနှင့်လည်း ဗိုက်ထဲ သုံးလေးလုပ်သာ ရောက်သေးသော ထမင်းပွဲကို နိဂုံးချုပ်လိုက်ရပေ၏။
ရှေ့ဆင့်နောက်ဆင့်တွင်ပင် ငဖျော်၏နောက်မှခြေရာ ခံကာ အကူအညီပေးသော ပေမှေးဆိုသူသည် ရွာ သားတစုနှင့် ရောက်ရှိလာပြန်သည်။ သူ၏အင်္ကျီလက်တို့တွင် ရှေ့ပိုင်းက သွေးအရဲသား တွေ့လိုက်ရပေ၏။
“ဘယ်လို ဖြစ်တာလဲ ပြောစမ်း…”
ဦးဘိုးဟန်သည် ဘောင်းဘီရှည်ကိုဝတ်ရင်း လှမ်း ၍မေးလိုက်၏။
“ဝက်ကြီးကို တချက်ပစ်ပြီး ဝက်ကြီးက သွေးရူး သွေးတန်းနဲ့ ဖုံးဆိုးထဲဝင်အသွား ဘေးကပတ်ပြီး ကျုပ်တို့က လိုက်အချောင်းမှာ ဝက်ကြီးက ကျုပ်တို့ဘေးက ဘွားကနဲပြေးတက်လာပြီး ကိုဖျော်ကို အရင်ပက်ချတယ်။ ပြီးတော့ သူကြီးကို ဆက်ပက်နေတုန်းမှာ ကျုပ်က ဓားမနဲ့ ဝင်ခုတ်တယ်။ ဝက်ကြီးက ကျုပ်ကို လှည့်အပက်မှာ ကျုပ်လက်ထဲကဓားနဲ့ ဝက်ကြီးနှုတ်သီး တအားထိုးမိပြီး ကျုပ်လက်ထဲကဓား လွတ်အကျမှာ ဝက်ကြီးက ကျုပ်ကိုပြီး ပက်တော့ ကျုပ်လဲမြေကိုလူးပြီး ရှောင်ပြေးခဲ့ရတယ်။ ဒါကြောင့် ရင်ပပ်မှာ ၂-ချက် ရှပ်ပြီး ထိသွားသေးတယ်။ ကိုဖျော်နဲ့ သူကြီးကတော့ ဘုန်းကနဲ လဲရာက မထနိုင်တော့ဘူးဗျို့”
“ဖြစ်ရလေတယ်ကွာ၊ မောင်ဖျော်ပစ်တာ ချက်မပိုင်ဘူးလား။ နောက်ထပ်ဆင့်ပြီး မပစ်ဖူးလားကွ”
ဟု ဦးဘိုးဟန်က ကျည်ဆန်ခါးပတ်ကို ပတ်ရင်း မေး မြန်းပြန်ပါသည်။
“ပစ်သေးငယ်ဗျ၊ ကျည်ဆန်ကမထွက်တော့ဘူး။ ညာဘက်စိုက်မောင်းတချောင်းကလဲ အရေးထဲမှာ နွယ်နဲ့ငြိပြီး ဘယ်မှာပြုတ်ကျနေတယ် မသိရဘူးဗျ”
ကျွန်တော်သည် ဝက်နာကို သတိကောင်းစွာ ထားရှိခဲ့သူပြီပြီ ထက်မြက်သော သေနတ်ကောင်းများကို သုံးရန် ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။
ခြေတို ကိုယ်ကြီး သတ္တဝါများအနက် တောဝက်နှင့် ကျားတို့သည် ပါဝင်ပြီး ရုတ်တရက် အပြင်ပန်းအားဖြင့် ကြည့်ရလျှင် ၎င်းတို့၏ ကြီးမားသော ကိုယ်ခန္ဓာကြီးများကြောင့် လေးကန်ထိုင်းမှိုင်းသည့် သတ္တဝါကြီးများဟု ထင်မှတ်စရာပင် ဖြစ်ပေ၏။ သို့ရာတွင် တကယ့်အရေးတွင် ကျားနှင့် တောဝက်သည် အံ့သြစရာပင် လျင်မြန်သွက်လက်လှပေ၏။
“ဝါးလုံးထိုး လွှတ်သကဲ့သို့” ဟူသော ပုံခိုင်းစရာ ပေါ့ပါးလျင်မြန်သလောက် မျက်စိရှင်ခြင်း၊ ချုံ့ခို၍တိုက်ခိုက်ရာ၌ ပုန်းအောင်းရာ၌ နှစ်ကောင်မရှိ သော ကျားနှင့် ဝက်သတ္တဝါများပါတကား။
ကျွန်တော်သည် ၃၇၅-မက်နစ်မော်ဇာရိုင်ဖယ်ကို ဆွဲယူလိုက်ပြီး ကျည်ဆန် အပြော့စား (Soft nose) ငါးတောင့်ကို ရွေးထည့်လိုက်ပါသည်။
ဦးဘိုးဟန် သည် ၄၀၄-မော်ဇာရိုင်ဖယ်ကို ပခုံးနဲ့ထမ်းလိုက်ပြီး ကျွန်တော့်နည်းတူ ကျည်ဆန်အပြော့စား (ထိပ်၌ ခဲဖူးတပ်) ကျည်ဆန်များကို ကျည်ဆန်ခါးပတ်ကြီးထဲမှ ဆွဲနှုတ်နေတော့၏။
ထိုနောက် ဒဏ်ရာရသူ ပေမှေးကို ခေါ်ယူခဲ့ပြီး အချင်းဖြစ်ပွားရာ လယ်လျှိုဘက်သို့ ခပ်သုတ်သုတ်ထွက်ခဲ့ကြ၏။ ရွာနှင့် ခရီးတမိုင်အတွင်း၌ ရှိနေခြင်းကြောင့် မိနစ်နှစ်ဆယ်ခန့်တွင် ကျွန်တော်တို့ လယ်လျှိုဖျားအနီးသို့ ချဉ်းကပ်ခဲ့ကြသည်။
ကျွန်တော်တို့နောက်မှ ခြေသံများကြားရ၍ လှည့် ကြည့်လိုက်သောအခါ ရွာသားဦးရေ နှစ်ဆယ်ကျော် သည် ဓားများ လှံရှည်များဆွဲကိုင်ကာ လိုက်လာ သည်ကြောင့်
“ခင်ဗျားတို့ လိုက်ဖို့မလိုဘူး၊ တောဝက်နာဟာ အန္တရာယ် အလွန်များတယ်။ လူများတော့ ပစ်ရခတ်ရတာမလွယ်ဘူး။ မလိုက်နဲ့”
ဟူ၍ ကျွန်တော်က လှည့်ကာ သတိပေးလိုက်ရ၏။
မကြာမီ ညဉ့်ခင်းက လယ်ထဲတွင် ဟန်ရပန်ရလှည့် လည်ကာ မွှေနှောက်စားသောက်ခဲ့သော တောဝက် ကြီး၏ ခြေရာလက်ရာများကို တွေ့ရပေ၏။ လဖက်ရည်ကြမ်းပန်းကန်လုံးတလုံးကို မြေပေါ်၌ မှောက်ချလိုက်သည့်အခါတွင် ထင်းကာ ကျန်ရစ်သောပုံစံအတိုင်း ကြီးမားလှသည့် တောဝက်ထီး၏ ခြေရာကြီးများသည် နှင်းရိုက်ထားသည့် လယ်မြေပြော့ပြော့အပေါ်တွင် အထင်အရှားတွေ့နေရပေ၏။
“ပိဿာ ခြောက်ဆယ်အကြားထွက်မဲ့ ဝက်ကြီးဘဲ ဗိုလ်မှူး။ ဒါကြောင့် ငဖျော်တို့ စုံမက်ကြတာဘဲဗျာ”
ဦးဘိုးဟန်သည် ရိုင်ဖယ်သေနတ်ကို အသင့်ကိုင်ရင်း ဝေဖန်လိုက်ပါသည်။ စပါးခင်းစ၌ ဖယိုဖရဲဖြစ် နေအောင် ဝက်သိုးကြီးသည် စားသောက်ဖျက်ဆီး သွားခဲ့သည်မှာ ထောင်းလမောင်း ကြေမွနေသည့် ရှုခင်းက သက်သေခံနေပါသည်။ ထိုနောက် သူကြီး နှင့် ငဖျော်တို့ ဝက်ပက်ခံရသော လျှိုဖျားဆီသို့ ဂရုတစိုက်ကြည့်နေကာ တလှမ်းချင်း တက်ခဲ့ကြသည်။
အပေါ် လောင်းရိပ်တွေ လွှမ်းနေသော လျှိုများဆီသို့ စိတ်ချလက်ချ တက်၍ မဖြစ်သည်ကြောင့် ဦးဘိုးဟန်နှင့် ကျွန်တော်တို့ ဘေးချင်းယှဉ်ကာ ရင်ဘောင်တန်းကာ ဘယ်ညာဝဲယာသို့ ဂရုတစိုက်ကြည့်ရှုကာ တောဝက်ထီးကို ရှာဖွေရင်း ချီတက်ခဲ့ရပေ၏။
ဂိုက်နှစ်ရာကျော်မျှ ချီတက်ခဲ့ကြသည့်နောက်တွင် သွေးအလူးလူးနှင့် လူနှစ်ယောက်၏ သဏ္ဌာန်များ ကို လှမ်း၍ တွေ့လိုက်ရပေ၏။ ထို့ကြောင့် ၎င်းတို့ ပတ်ဝန်းကျင်တဝိုက်သို့ သိမ်းကျုံး စစ်ဆေးလိုက်ပြီးမှ သူကြီးဦးထွန်းရင်တို့ဆီသို့ တန်းတန်းမတ်မတ် တက်ရ၏။
နှစ်ယောက်စလုံး ခါးဝတ်များကျွတ်ကာ သွေးရောဖုံတွေ့ရော သစ်ရွက်တွေ့ရော လူးနေတော့၏။ ဦးထွန်းရင်၏ လက်တဖက်က သူ၏မျက်နှာကို ကာကွယ်ခဲ့ပုံဖြင့် မျက်နှာပြင်ပေါ်၌ အုပ်လျက်တွေ့ရပေ၏။
ထို့ကြောင့် ကျွန်တော်သည် ဦးဘိုးဟန်ကို တောဝက် ကြီး၏ အလစ်ဝင်တိုက်မှုမှ ကာကွယ်ရန်သတိပေး လိုက်ပြီး ဦးထွန်းရင်၏ ဘယ်လက်ကောက်ဝတ်နှင့် ရင်ပပ်ဆီသို့ကပ်၍ အသက်ရှူ မရှူ အကဲခတ်လိုက်၏။
အသက်ရှူသံ ကြားရမှ ဦးဘိုးဟန်ဆီသို့ ခေါင်း ညိတ်ပြလိုက်ပြီး မှောက်လျက်လဲနေသည့် ငဖျော်ဆီ သို့ ချဉ်းကပ်၍ ဦးထွန်းရင်နည်းအတိုင်း စမ်းသပ်ကြည့်ရှု့လိုက်ရ၏။
ငဖျော် နှလုံးခုန်ခြင်း၊ သွေးတိုးခြင်း မတွေ့ရသည် ကြောင့် နှာခေါင်းဝသို့ တောကြက်တောင်တချောင်း နှင့်ကပ်၍ ကြည့်လိုက်၏။ သို့ရာတွင် လေတိုးခြင်း၊ အသက်ရှူခြင်း လက္ခဏာ တစုံတရာ မတွေ့ရတော့ချေ။
ငဖျော်၏ ဒဏ်ရာကို ပြန်လှန်၍ ကြည့်ရှူလိုက်သည့်အခါတွင် ဘယ်ဘက်ရင်သည် ပွင့်လျက်၎င်း၊ ခြေသလုံးကြွက်သားမှ ပေါင်ရင်းအထိ တောဝက်ကြီး၏ အစွယ်က တောက်လျှောက်ခွဲတက်သွားသည့် ဒဏ်ချက်များကို၎င်း တွေ့ရပေ၏။
“ဟေ့ နောက်ကလူတွေ လာခဲ့ကြ၊ ဟောဒီ လူနှစ်ယောက်ကို ရွာပြန်ယူသွား။ သူကြီးကို လှည်းနဲ့ချက်ချင်း မြို့ဆေးရုံပို့”
ဦးဘိုးဟန်သည် ကျောက်ခဲအင်းရွာသားများကို ခေါ်ယူကာ လူနာနှင့် လူသေ နှစ်ဦးကို အပ်လိုက်ပြီး
“ဒို့နဲ့ ကပ်မလိုက်နဲ့နော်၊ ဒို့က လှမ်းခေါ်မှ ရှေ့တက်ခဲ့ကြ။ ဒဏ်ရာနဲ့ ဝက်နာကို ပစ်ရတာ သိပ်မလွယ်ဘူးကွ။ လူနဲ့ ဝက်နဲ့ ရောနေရင် အပစ်ရ အချိန်ရ အားကြီးခက်တယ်”
ဟု ဦးဘိုးဟန်က ဆက်လက်၍ သတိပေးလိုက် ပြန်သည်။
မကြာမီ ကျွန်တော်တို့ နှစ်ဦးသည် ဆက်လက်၍ တောဝက်ကြီးကို ရှာဖွေကြသည်။ တောဝက်ကြီး၏ ကိုယ်၌ရရှိသော ၁၂-ဘို့ ကျည်ဆန်ရာကြောင့် ထွက် သော သွေးကြောင်းပေလော၊ သို့မဟုတ် ဦးထွန်းရင်တို့ နှစ်ယောက်ဆီမှ သွေးများကြောင့်ပေလော မသိရသော သွေးစီးကြောင်း အစအနများသည် လျှိုများရှိ ဖုံးဆိုးတောထဲသို့ တန်းနေတော့၏။
“သိပ်သတိထားမှဗျို့၊ ဝက်ကြီးက ထွေးတေ အရှုပ်ထဲမှာမြုံ့နေပုံဘဲ။ အလစ်မပေးနဲ့နော် ဗိုလ်မှူး”
ဦးဘိုးဟန်ကြီးသည် ကျွန်တော်တို့ ချဉ်းကပ်နေ သော ကိုက် ၅၀-ခန့်အကွာရှိ ဖုံးဆိုး သို့မဟုတ် တောင်ယာခင်းဟောင်းများ ဖြစ်ခဲ့ခြင်းကြောင့် ပေါင်းပင်တွေ ချုံတွေ ရှုပ်နေအောင် ပေါက်နေရာ ထွေးတောတဝိုက်ကို ရှာဖွေရင်း လှမ်းကာ သတိပေးလိုက်၏။
“ကျွန်တော် ဟိုဘက်ထိပ်က ပန်းပြီး ကြည့်မယ်။ ဟိုဘက်ထိပ် ရောက်လောက်ရင် အဘိုးကြီးက လူသံ ပေးကြည့်စမ်းဗျာ။ ဒါမှ ဒီအကောင်ကြီး ဆိုင်းကြိုးပြတ်တောထဲ ကူး မကူး ခြေရာ လက်ရာ ကြည့်နိုင်မယ်”
ပြောလိုက်ပြီး ညာဘက်လမ်းရှင်းရာမှ ပန်းကာ တက်ခဲ့ရပေ၏။ ၇-မိနစ်ခန့် အကြာတွင် ကျွန်တော်သည် ဖုံးဆိုး၏ အနောက်ဖက်မျဉ်းကြောင်း နယ်နိမိတ်ကို ရောက်ရှိခဲ့ပြီး လေချွန်ကာ အချက်ပေးလိုက်ရာ ရုတ်တရက် ဖုံးဆိုးတော အလယ်ပေါက်ဆီက “ဂွမ်း-ဂွမ်း- ဂွမ်း” ဟူသော တောဝက်ကြီး၏ မာန်သွင်း၍ အစွယ်ချင်း ခတ်သံကြီးကို ရှေးဦးစွာ ကြားလိုက်ရပေ၏။
ထို့နောက် ဦးဘိုးဟန်ဆီမှ ဝါးလုံးခေါက်၍ “ဟေး… ဟေး..ဟေး” ဟူသော ညာသံများလည်း တဆက်တည်း ပေါ်လာတော့သည်။
ကျွန်တော်တို့ အပန်းတကြီး ရှာဖွေခဲ့သော တောဝက်ကြီးကား ကျွန်တော်တို့ လူနံ့တွေကို ကြိုတင်ရရှိပြီး တိုက်ပွဲအတွက် အသင့်ရှိကြောင်း စစ်ကျေညာလိုက်ခြင်းသာ ဖြစ်ပေ၏။
ပစ်ကွင်းကို တွေ့ပြီဖြစ်သော်လည်း ပစ်ခတ်စရာ အခွင့်အရေး ပစ်ကွက်ကိုမူ မရရှိသေးချေ။ ဦးဘိုးဟန်ဆီမှ ဝေါကနဲ ရှဲကနဲ မြေကြီးခဲများဖြင့် ထွေးတောအတွင်းသို့ တဖြောက်ဖြောက် ပစ်ခတ်သံများ အဆုံး၌ အစွယ်ချင်းခတ်နေသော တောဝက်ကြီးသည် ကျွန်တော် စောင့်နေရာဆီသို့ တရွေ့ရွေ့ တလှုပ်လှုပ် တိုးလာသည်ကို ရိပ်မိလိုက်ပါသည်။
အထက်ပိုင်းတလျှောက် လှုပ်ကနဲ သိမ့်ကနဲဖြစ်နေ သည့် ဖုံးဆိုးတောများကို မြင်ရခြင်းအားဖြင့် တောဝက်ကြီးသည် အလယ်ဝမှ အနောက်ဖက် ဒမျဉ်းကြောင်းဆီသို့ ရွှေ့ပြောင်းနေကြောင်းမှာ သိသာစေ ၏။
ကျွန်တော်သည် ဝါးရုံပင်နောက်ကွယ်မှ ၃၇၅- မက်နမ်ရိုင်ဖယ်ကို အသင့်ချိန်ရင်း တသိမ့်သိမ့်လှုပ်နေ သော ထွေးတောမှ ကြို၍ ပစ်ကွက်ကောင်းကို ရှာဖွေမိ၏။
တောဝက်ကြီးသည် ရှေ့သို့တအားစွပ်ကာ တိုးနေသည် မဟုတ်ဘဲ ရပ်လိုက် နားထောင်လိုက်နှင့် ကျွန် တော်တို့ လူနံလူသံများကို လေ့လာပြီးမှ တလှမ်းချင်း တက်နေခြင်းပင် ဖြစ်၏။ ကျွန်တော်သည် စစ်ပရိယာယ်တမျိုးသုံးရန် ဆုံးဖြတ်လိုက်ပေ၏။
မျက်ကွယ်ဖြစ်နေသည့် ထွေးတောပါးပါးကလေး အကွက်ဆီသို့ သိမ့်ကနဲ တောဝက်ကြီးက ဖိကာ တိုးနေသည့် အလှည့်တွင် ကျွန်တော်သည် တောဝက်ကြီး၏ ရှေ့ပိုင်းလောက်ကိုမှန်းကာ ၃၇၅-မက်နမ်ရိုင်ဖယ်နှင့် ပစ်ခတ်လိုက်၏။
ကျည်ဆန်အား သုံးရာဂရိမ်၏ ပေါက်ကွဲသံကြီး သည် တိတ်ဆိတ်သော နေ့ခင်းအဖို့ ချက်ခြင်းတခဏ၌ ဆူညံသွားစေ၏။ ဝက်ကြီးသည် ထိမှန်သွား ကြောင်း သက်သေအဖြစ် ‘ကျယ်’ကနဲ အော်မြည်လိုက်ပြီး ကျွန်တော်ရှိရာဘက်သို့ တဝေါဝေါထိုးကာ သူ့အား ရန်မူသူ ပစ်ခတ်သူ ရန်သူဖြစ်သောကျွန်တော် ကို တန်ပြန်တိုက်ခိုက်ရန် ပြေးထွက်လာခြင်းသာ ဖြစ် ပေ၏။
နောက်ထပ် ကျည်ဆန်အသစ်တတောင့်ကို ထိုးကာ အသင့်ပြင်နေသော ကျွန်တော်အဖို့ ချုံတိုးသံများတလျှောက် လိုက်ကာ ကြိုကာ တောဝက်ကြီး၏ မြင်ကွင်းကောင်းကို စောင့်ကြိုနေခိုက် စက္ကန့်ပိုင်းအတွင်း၌ ဖုံးဆိုးတော၏ အစွန် ကြိမ်ပင်များအကြားမှ ဝက်ကြီး၏ ခေါင်းပိုင်းသည် စွပ်ကနဲ ပေါ်လာလေ သည်။
အသင့်ချိန်ထားသော ကျွန်တော်၏ ရိုင်ဖယ်က တောဝက်ကြီး၏ ထမ်းပိုးကြီးတွင်းဆီသို့ ကျကျနန ချိန်ကာ ပစ်ချလိုက်ပြန်သည်။
တစက္ကန့်လျှင် နှစ်ထောင့်ငါးရာငါးဆယ်ပေ အမြန်နှုန်းဖြင့် ဖြတ်သန်းကာ ထွက်ခွာသွားသော ၃၇၅- ကျည်ဆန်ဖူးသည် အရှိန်နှင့် ထွက်လာသည့် တော တောဝက်ကြီးကို လေးထောင့်သုံးရာသုံးဆယ် ခြောက်ပေအတွင်း တပေါင်နှုန်းတွန်းကန်အားဖြင့် ရှောင်တခင် ဖောက်ထွင်းထိမှန်ကာ ပက်ကနဲ နောက်ပိုင်းသို့ လွင့်ပါသွားပါတော့၏။ ထိုနောက် ခြေလက်များသည် ဆန့်ကာ ‘သက်ဖြတ်’ ‘သက်ငင်’ အခြေအနေသို့ ဆိုက်ရောက် နေပါသည်။
နောက်ထပ် ပစ်ခတ်စရာ အချက်လည်း မလိုတော့ချေ။ သို့ရာတွင် မုဆိုးနှင့် စစ်သားတို့ထုံးစံအတိုင်းကျည်ဆန်အသစ်တတောင့်ကို တမုဟုတ်ချင်း ထပ်၍ထိုးကာ အရေးပေါ်ခဲ့သော် ထပ်မံပစ်ခတ်ရန် အသင့်ရှိနေပြန်တော့သည်။
“ပြီးပြီဗျို့ ဦးဘိုးဟန်၊ ဒီဘက်ကိုတက်ပါ”
ဦးဘိုးဟန်ကို လှမ်း၍ ခေါ်ယူလိုက်ပြီး တောဝက်ကြီး လဲကျရာဆီသို့ ဂရုတစိုက် ချဉ်းကပ်ခဲ့ပြန်သည်။ ဂုတ်ပိုင်းနှင့် ကျောတလျှောက်၌ ဇောင်းမွေးတထွာကျော်မျှပင်ရှည်ကာ တောက်နေသော နက်မှောင်နေသည့်အမွေးများဖြင့် တောဝက်ကောင်ကြီးကား ကိစ္စချောနေလေပြီ။
သူ၏အစွယ်မှ သွေးစီးချောင်းများနှင့် အဝတ်စုတ်အစများ၊ အသားတစ်များက လူသတ်သမားဘဝကို ဖော်ထုတ်နေချေ၏။ အစွယ်ကြီးနှစ်ချောင်းကလည်း လေးလက်မခန့်ရှည်ပြီး ချွန်ထက်နေသလောက် ခရီးရောက်ခဲ့ကြောင်းကိုလည်း ကျွန်တော် ပြန်လှန်စဉ်းစားမိပါသည်။
ဝက်ကြီးမှ သေနတ်ဒဏ်ရာများကို ကျွန်တော်နှင့် ဦး ဘိုးဟန်တို့က လိုက်လံစစ်ဆေးခဲ့သည်။ နောက်ဆုံးပစ်လိုက်သော ၃၇၅-မက်နမ်ကျည်ဆန်သည် ထမ်းပိုးကြီးတွင်းမှ ဝင်ကာ ညာဘက်တင်ပါးဆီသို့ ဖောက်ထွက်ခဲ့၏။
မျက်ကွယ်တွင် ပစ်ခတ်ခဲ့သော ရှေးဦးဆုံး အချက်သည် ဝက်ကြီး၏ဂုတ်ပိုးအထက်ကို မှန်ကာ လည်ဂုတ်ပိုးတပိုင်းကို ချိုးခဲ့ပေ၏။ သို့ရာတွင် ဝက် ကြီးကား အသက်ပြင်းလှပေ၏။
၁၂-ဘို့ကျည်ဆန်သည် ဝက်ကြီး၏ တင်ပါးကို ထိမှန်ပြီး ခြောက်လုံးကျည်ဆန်သုံးပေါက်ကို တွေ့နေရပေ၏။
ဒဏ်ရာအနာ ရရှိခဲ့သည့် တောဝက်ကြီးအဖို့ ဒေါသဖြစ်လောက်ရုံသာ ဆွပေးခြင်းသဘောမျိုးဖြစ်စေပြီး၊ မုဆိုးငဖျော်နှင့် သူကြီး ဦးထွန်းရင်တို့ကို ပိုင်ပိုင်နိုင်နိုင် တုံ့ပြန်လက်စားချေလိုက်ခြင်းလည်း ဖြစ်ပေ၏။
ရွာသားများ ကောက်ယူခဲ့သော စိုင်ပေါင်တဖက် ပြုတ်ကျနေသည့် ဦးထွန်းရင်၏ နှစ်လုံးပူးသေနတ်ကို ခါးချိုးကာ ကျွန်တော်က စစ်ဆေးကြည့်ရှုလိုက်ရတော့သည်။ စိုင်ပေါင်တဖက်ရှိသည့် ပြောင်းဝ၌ တွပ်ပီရိုက်ပြီးသား ကျည်ဆန်တတောင့်နှင့် ကျန်တဖက်တွင် တွပ်ပီမရိုက်ရသေးသော ကျည်ဆန်အသစ်တတောင့်ကို တွေ့ရပြန်သည်။
တောရွာများမှ လူချမ်းသာများ အနိစ္စရောက်သောအခါ အမဲသားမှစ၍ ငွေကြေးချောင်လည်သလို ဝက်သားအဆုံးအထိ မသာထမင်းဟင်း ကျွေးခဲ့၏။ မိုဆိုးငဖျော် ဝက်ပက်ခံရ၍ သေဆုံးသည့် အသုဘ ထမင်းပွဲ၌လည်း သူအသက်ဆုံးရှူံးအောင် လိုက်လံခဲ့ရပြီး ကျွန်တော်ဇာတ်သိမ်း ကိစ္စချောလိုက်ရသည့် တောဝက်ကြီး၏ အသားနှင့်ပင် သေလမ်းပို့သော
လောဘကို လက်ခံလိုက်သူ မုဆိုးငဖျော်၏ မသာထမင်း ဟင်းကို ချမ်းသာသူများနည်းတူ ကျွေးမွေးဧည့်ခံစေရန် စီမံလိုက်ရပေ၏။
ထို့ကြောင့်လည်း ကျွန်တော်၏ နောင်တော် ညီတော် မုဆိုးလက်သစ်များကို ခြေတိုကိုယ်ကြီးနှစ်ကောင်ဖြစ်သော ကျားနှင့် တောဝက်ကို အထင်မသေးကြရန် သေနတ်ကောင်းကောင်း ချက်ပိုင်ပိုင် ပစ်ခတ်နိုင်ကြရန် အထူးသတိပေးအပ်ပါကြောင်း။ ။
✍ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
📖 မြဝတီမဂ္ဂဇင်း (မတ်၊ ၁၉၆၄)

Zawgyi Version

ေလာဘသတ္၍ ေသရသူ(စ/ဆံုး)
———————————-
ေနေရာင္ျခည္မ်ားက ေတာႀကိဳေတာၾကားမွ ေဖာက္ထြက္ေနေတာ့၏။ ေလာင္းရိပ္မိေသာ ေျခာက္ ေပလမ္း သို႔မဟုတ္ ေတာတြင္းလွည္းလမ္းတေလွ်ာက္၌ ႏွင္းမႈန္ေတြက ဆိုင္းေနတုန္းကာလပင္။ ေအာင္ခ်င္းငွက္တအုပ္၏ ေညာင္သီးစားရင္း ေအာ္ျမည္သံမ်ားသည္ နံနက္ေစာေစာပိုင္းကို ၾကည္ႏူးဘြယ္ရာ ေတာ၏ ဂီတသံမ်ားအျဖစ္ ဖန္တီးေနေတာ့သည္။
ေက်ာက္ခဲအင္း႐ြာသို႔ ဆင္းရန္ တဖာလုံခန႔္သာ လိုေတာ့သည္အတြက္ ကြၽန္ေတာ္ႏွင့္ ဦးဖိုးဟန္တို႔အဖို႔ ေျခလွမ္းေတြ ပိုမိုသြက္လက္လာေတာ့သည္ဟု ထင္မွတ္မိပါသည္။ ေနာက္မွ မိုင္ဝက္ခန႔္အကြာမွ က်န္ရစ္ခဲ့ေသာ ကြၽန္ေတာ္တို႔၏ စားအိုး စားခြက္ အိပ္ရာလိပ္ႏွင့္ ေတာလိုက္ပစၥည္းမ်ား တင္ေဆာင္လာသည့္ လွည္းကိုလည္း ေစာင့္ရန္မလိုေတာ့သည့္အတြက္ ေက်ာက္ခဲအင္း႐ြာ ေျမာက္ဖက္တံခါးဆီသို႔ ဆက္လက္ေလွ်ာက္ခဲ့ရေပသည္။
ႏွစ္ေယာက္သား ေလွ်ာက္ရင္း လမ္းေပၚမွ သား ေကာင္အကူးအသန္းကို သတိျပဳကာ ေလ့လာအကဲ ခတ္ရင္းပင္ ကြၽန္ေတာ္တို႔ အလိုရွိေနသည့္ “ႏႈတ္ခမ္းေမြးႀကီး”၏ ေျခရာလက္ရာမ်ားကို ရွာေဖြမိခဲ့ၾက သည္။ ႏႈတ္ခမ္းေမြးႀကီးကား ကြၽန္ေတာ္တို႔ မုဆိုးအဖြဲ႕ ဝင္မ်ား နာမ္စားအျဖစ္ အသိအမွတ္ျပဳထားသည့္ ေက်း႐ြာသားမ်ား၏ အေခၚ အေဝၚတြင္ ေတာေကာင္ သို႔မဟုတ္ က်ားႀကီးမ်ားပင္ ျဖစ္ေပ၏။
“ဒီအေကာင္ေတြ ဒီဘက္ေက်ာကို မေလွ်ာက္ေသးဘူးဗ်၊ အခ်ိန္အခါကေတာ့ သူတို႔’လ’ ဘဲေလ။ နတ္ေတာ္ ျပာသိုဆိုေတာ့ ႏႈတ္ခမ္းေမြးေတြ အပ်ိဳ လူပ်ိဳလွည့္တဲ့ ေတာေတာင္ထဲမွာ လမ္းေလွ်ာက္ျမဴးတူးတဲ့အခါဘဲ”
ဦးဖိုးဟန္သည္ ေဆးေပါ့လိပ္ႀကီးကို ေထာင္းကနဲ ဖြာထုတ္ရင္း သူ၏ ေဇာ္ထမ္း ထမ္းထားသည့္ ၄၀၄ ေမာ္တာ႐ိုင္ဖယ္ကို ေနရာေ႐ႊ႕ေျပာင္းကာ ညာလက္ျဖင့္ တဖက္တည္း ကိုင္လိုက္ပါသည္။ ကြၽန္ေတာ္သည္ ေျခာက္ေပလမ္းဖုံဖုံေပၚ၌ ဂ်ီေျခရာ၊ ဆတ္ေျခရာ၊ ေတာဝက္ေျခရာမ်ားႏွင့္ ေသးေသးမႊားမႊား ေၾကာင္မ်ား၏ ေျခရာသာ ေတြ႕ရၿပီး ကြၽန္ေတာ္တို႔၏ အခ်စ္ေတာ္ ႏႈတ္ခမ္းေမြးႀကီး၏ ေျခရာသစ္ ေျခရာေဟာင္း တခုတေလမွ မေတြ႕ရသည့္ေၾကာင့္ စိတ္မေက်မနပ္ ျဖစ္ေနမိသည္။
“ခါတိုင္း ေက်ာက္ခဲအင္းနဲ႔ ဇလုပ္ႀကီးဗိုလ္တဲ ေက်ာတဝိုက္၊ ေဖာင္းေလာင္နဲ႔ ေက်ာက္ခဲအင္း ဆိုင္းႀကိဳးျပတ္ ေက်ာတဝိုက္မွာ ဒီအေကာင္ေတြေျခရာဟာ ေခါက္တုံ႔ေခါက္ျပန္ ေတြ႕ေနက်ဥစၥာဗ်ာ။ ဘယ့္ႏွယ္လဲ.. ႏႈတ္ခမ္းေမြးေတြက ေဗဒင္တြက္ၾကည့္ေတာ့ က်ဳပ္တို႔လာၿပီဆိုတာ သိရလို႔ လြတ္ရာကင္းရာ ေျပးကုန္ၿပီထင္တယ္”
ဟု ဦးဖိုးဟန္က အမွတ္မထင္ပင္ ျပန္ေျဖၾကားလိုက္ပါသည္။
“ေျပာလဲ ေျပာစရာဘဲေလ။ က်ဳပ္တို႔ ႏႈတ္ခမ္းေမြး ေလးပါးေလာင္ေတာင္ ဇလုပ္ႀကီး ဗိုလ္တဲတဝိုက္က ကပ္ၿပီးပစ္လို႔ရခဲ့တဲ့ သက္ေသခံခ်က္ေတြရွိခဲ့တဲ့ ကိစၥဘဲဗ်ာ။ ကိုင္းပါေလ ႐ြာေရာက္မွ သူႀကီး ဦးထြန္းရင္နဲ႔ မုဆိုးငေဖ်ာ္တို႔ကို တီးေခါက္ၾကည့္စမ္းရေအာင္။ မေတြ႕ရ မပစ္ရရင္ မျဖစ္ဘူး”
ကြၽန္ေတာ္တို႔ႏွစ္ေယာက္သား စကားေျပာဆိုကာ ေလွ်ာက္လာေနစဥ္တြင္ ကြၽန္ေတာ္တို႔ မ်က္ႏွာမူရာ လွည္းလမ္းေကြ႕ဘက္ဆီမွ ေျခသံႏွင့္ စကားေျပာသံ မ်ားကို ၾကားလိုက္ရေပ၏။ လွမ္း၍ၾကည့္လိုက္ သည့္အခါတြင္ ေသနတ္တလက္ႏွင့္ လူေလးဦးကိုေတြ႕လိုက္ရေတာ့သည္။
“ေဟာ ဗိုလ္မႉးႀကီးတို႔ပါကလား။ ဘယ့္ႏွယ္ ဆက္သားမလႊတ္ ဘာမလႊတ္နဲ႔ဗ်ာ”
ဝမ္းသာအားရသည့္အသံႏွင့္ ေက်ာက္ခဲအင္း႐ြာ ေခါင္းေဆာင္သူႀကီးဦးထြန္းရင္ကို ေတြ႕လိုက္ရေပ၏။ သူ၏ေနာက္မွ ႏွလုံးပူးေသနတ္ကိုင္သူမွာ ႐ြာခံမုဆိုး ငေဖ်ာ္ဆိုသူျဖစ္ၿပီး က်န္လူႏွစ္ေယာက္မွာ ေျခရာခံရာ၌ အကူအညီေပးမည့္ ႐ြာသားႏွစ္ေယာက္ပင္ ျဖစ္ေပ၏။
“ေစာေစာစီးစီး ဘယ္လဲသူႀကီး”
ဦးဖိုးဟန္သည္ ခင္မင္ရင္းႏွီးသူပီပီ လွမ္း၍ေမးလိုက္သည့္အခါတြင္
“စံတင္တို႔ လယ္ဖ်ားရႈိထဲမွာ ဝက္ေတာင္းႀကီးတေကာင္ ခုတင္ကေလးကမွ ေတြ႕ခဲ့ရလို႔ ကြၽန္ေတာ္တို႔ကို လာေခၚတာေလ”
ဦးထြန္းရင္မွာ အ႐ိုးခံသက္သက္ျဖစ္သည့္အတိုင္း ကြယ္ဝွက္ျခင္းပရိယာယ္ တစုံတရာမသုံးဘဲ ေျပာလိုက္ရာ ႏွစ္လုံးပူးေသနတ္ကိုင္ မုဆိုးငေဖ်ာ္က ဤကဲ့သို႔ သူတို႔၏အႀကံအစည္ကို ဖြင့္ဟေျပာလိုက္ျခင္းကို မေက်နပ္သည့္ မ်က္ႏွာျဖင့္ သူႀကီးကို ၾကည့္လိုက္ပါသည္။
မုဆိုးငေဖ်ာ္၏ အတြင္းစိတ္ေၾကာကို ကြၽန္ေတာ္သည္ ေကာင္းစြာရိပ္မိၿပီး ျဖစ္ပါသည္။ သူတို႔၏ ေတာဝက္ထီးႀကီးကို ကြၽန္ေတာ္ႏွင့္ ဦးဖိုးဟန္တို႔က ၾကားဝင္ၿပီး ပစ္ခတ္မည္ စိုးရိမ္ေသာအတြက္ပင္ ျဖစ္ေပ၏။
အမွန္အတိုင္းေရးရလွ်င္ ေတာလက္ေက်း႐ြာမွ ႐ြာခံမုဆိုးမ်ားသည္ အင္မတန္အျမင္တိုတတ္၏။ သူတို႔နယ္ပယ္ထဲသို႔ အျခားေသနတ္သမားမ်ား မုဆိုးမ်ား လာေရာက္က်က္စားမည္ကို စိုးရိမ္တတ္ၾက၏။ သို႔ရာတြင္ ကြၽန္ေဘာ္ဘို႔အဖို႔ သူတို႔႐ြာခံမုဆိုးေတြလို ေၾကးစားဆန္လွေသာ စိတ္ဓာတ္ကား လုံးဝမရွိေခ်။
႐ြာခံမုဆိုးတို႔သည္ လူမ်ားမ်ားႏွင့္ အုပ္လိုက္ သင္းလိုက္ခ်ီကာ ေတာေခ်ာက္ပစ္ခတ္ျခင္းမ်ိဳးကို မလိုလားၾက။ လူႏွစ္ေယာက္ သုံးေယာက္ႏွင့္ နည္းႏိုင္သမွ် လူနည္းစြာျဖင့္ ေျခရာခံၿပီး အမဲပစ္ခတ္လိုၾက၏။ လူမ်ားမ်ားႏွင့္ လိုက္၍ အမဲပစ္ခတ္ၿပီး သားေကာင္ရလွ်င္ သားေကာင္၏အသားကို ေတာေခ်ာက္သည့္ ေနာက္ပါလူမ်ားကို ေဝစုေဝပုံ ခြဲေပးရမည္ စိုးရိမ္ျခင္းပင္ျဖစ္၏။
ေတာ႐ြာ၏ဓေလ့အရ အမဲပစ္ခတ္ရာ၌ အသားေဝျခမ္းေရးစံနစ္မွာ ထားၾကပါစို႔၊ သားေကာင္တ တေကာင္ရလွ်င္ ပစ္ခတ္သူမုဆိုးက ေဝစု တပုံႏွင့္ သားေကာင္၏ ေခါင္းကို ရယူရ၏။ ေပါင္တေပါင္ကို ေသနတ္ရွင္အား ေသနတ္ခေပးရ၏။ က်န္အသားႏွင့္ ဝမ္းတြင္းသားမ်ားကိုမူ မုဆိုးႏွင့္ ေနာက္လိုက္ ေတာေခ်ာက္ေပးသူ ဖ်က္ေပးသူမ်ားတို႔ အညီအမွ် ေဝယူၾကရ၏။
ဆတ္သားတပိႆာ၏ စစ္ႀကိဳေခတ္ ေဈးႏႈန္းမွာ ႏွစ္က်ပ္မွ ေလးက်ပ္၊ ယခုေဈးႏႈန္းမွာ ေျခာက္က်ပ္မွ တဆယ္အထိ ေဈးရ၏။ ထိုေၾကာင့္လည္း ႐ြာခံမုဆိုးတို႔သည္ က်ားႏွင့္သစ္ ဆင္မ်ားထက္ ဆတ္ႏွင့္ ဝက္ကို အဓိကထားကာေ႐ြးၿပီး အမဲပစ္ခတ္လိုၾက၏။
ကြၽန္ေတာ္သည္ သူႀကီး ဦးထြန္းရင္ကို ေက်း႐ြာ ကာကြယ္ေရးအတြက္ သက္ဆိုင္ရာအစိုးရက ထုတ္ ေပးထားေသာ ၁၂ ဘို႔ ႏွစ္လုံးျပဴးေသနတ္ (စိုင္ေမာင္းတပ္)ကို မုဆိုးငေဖ်ာ္၏လက္ထဲမွ ဆြဲယူကာ ေသနတ္၏ အေျခအေနကို စစ္ေဆးၾကည့္ရႈလိုက္မိ ၏။ ခါးကိုခ်ိဳး၍ ေျပာင္းႏွစ္လုံးအတြင္းသို႔ ၾကည့္လိုက္သည္တြင္ ေျပာင္စင္ေနရမည့္အစား မဲ့တက္ေန၏။
စိုင္ေျပာင္ႏွစ္ဘက္ကို လက္မႏွင့္ မကာတင္၍ စမ္းၾကည့္လိုက္၏။ ခေယာ္ခယဲ့ ႏိုင္လွေတာ့၏။ ေသနတ္ေမာင္း ေအာက္မွပင့္ကာ လႈပ္ခါ၍ ၾကည့္လိုက္ရာ၌ အနည္းငယ္ လႈပ္ေနေတာ့၏။
“ပစ္တာေတာ့ ေကာင္းပါတယ္သူႀကီး။ ခင္ဗ်ာ့ေသ နတ္က သိပ္စိတ္မခ်ရဘူးဗ်ိဳ႕။ က်ည္ဆန္ကေရာ သစ္ရဲ႕လား။ ဝက္ႀကီးရင္ က်ားလဲ သိပ္အနားမသီဝံ့ မကပ္ဝံဘူးေနာ္…”
“မတတ္ႏိုင္ဘူးေလ ဗိုလ္မႉးႀကီး။ က်ည္ဆန္အသစ္ ေျခာက္လုံးက်ည္ သုံးေတာင့္နဲ႔ ကိုးလုံးက်ည္ ေလး ေထာင့္ရွိေနၿပီဘဲ။ ဒီဝက္ေလာက္ေတာ့ ကိစၥမရွိတန္ပါဘူး”
ဟု ဦးထြန္းရင္က ရယ္ကာေမာကာႏွင့္ ကြမ္းၿမဳံ႕ေနရာမွ ေျပာၾကားပါသည္။
“ေသနတ္ေကာင္းဘို႔ မေကာင္းဘို႔ထက္ ခ်က္ပိုင္ဘို႔နဲ႔လ်င္ျမန္ဘို႔ လိုတယ္ ထင္ပါတယ္ ဗိုလ္ႀကီး။ ခါတိုင္း ဒီနယ္ထဲက ဝက္ေတြ ဆတ္ေတြမွန္သမွ်ေဟာဒီ ဘႀကီးထြန္း ေသနတ္နဲ႔ခ်ည္း ရေနက်ပါဘဲ။ ေသနတ္ကူလဲ မလိုပါဘူးခင္ဗ်ာ”
ဤစကားကား မုဆိုးငေပ်ာ္၏ ကြၽန္ေတာ္တို႔မုဆိုး ေတြကို ဒီစားက်က္တြင္ မပါဝင္ေစရန္ ႀကိဳတင္ပိတ္ပင္လိုက္ေသာ ပရိယာယ္စကားပင္ျဖစ္ေပ၏။
“ေကာင္းပါတယ္၊ ေအးဗ်ာ ႐ြာေရာက္ၿပီး အေမာေျဖၿပီးရင္ ေမာင္ေဖ်ာ္ပစ္တဲ့ ေတာဝက္သားနဲ႔ ထမင္း တနပ္စားဘို႔ဘဲေဟ”
ဦးဘိုးဟန္သည္ ဟားတိုက္ကာ အဓိပၸါယ္ပါပါႏွင့္ ရယ္ေမာလိုက္ၿပီး ကြၽန္ေတာ္တို႔က သူတို႔လူစုကို ေရွာင္ ထြက္ခဲ့သည္။
“ကြၽန္ေတာ္ကိုယ္တိုင္ ႐ြာကို လိုက္ပို႔မယ္ေလ ဗိုလ္မႉးႀကီး”
“ကိစၥမရွိပါဘူး သူႀကီး။ ကြၽန္ေတာ္တို႔ ႐ြာနဲ႔ သိပ္ကြာ ေတာ့တဲ့ဥစၥာမွမဟုတ္ဘဲ။ ဝက္ေနာက္သာ ဆက္လိုက္ၾကပါေလ”
ဟု ကြန္ေတာ္က အေျဖေပးလိုက္ၿပီးေနာက္ ႏွစ္ေယာက္သား ႐ြာဆီသို႔ ဆက္ထြက္ခဲ့၏။
ၿဗိတိသွ်နယ္ခ်ဲ႕သမားအစိုးရသည္ ဗမာမ်ားကို လက္နက္ေကာင္းေကာင္း ကိုင္ခြင့္ကို မေပးလိုၾကေခ်။ သူႀကီးဦးထြန္းရင္၏ ၁၂ ဘို႔ ေသနတ္မွာ အဂၤလန္ျပည္လုပ္ အေပါစား ဆယ္ေပါင္ ဆယ့္ငါးေပါင္ မွ်သာ ေပးရမည့္ ငွက္ပစ္ေသနတ္မ်ိဳး ေျပာင္းအပါးစားမ်ိဳး ျဖစ္ေပ၏။
ၿဗိတိသွ်အေျပးတြင္ က်န္ေသာလက္နက္မ်ားႏွင့္ပင္အကာအကြယ္ လက္နက္ေပးကာ အုပ္ခ်ဳပ္ေရးကို စီမံအုပ္ခ်ဳပ္ေနေစျခင္းသာ ျဖစ္ေပ၏။
+ + +
ပူေႏြးေသာ ထမင္းပြဲမွ အေငြ႕ကေလးေတြသည္ ရစ္ကာသီကာ ပ်ံဝဲေနေလသည္။ ေက်ာက္ခဲအင္း႐ြာ သို႔လာရင္း ဘူးကြဲ႐ြာအထြက္ လယ္ကြင္းထဲမွပစ္ခတ္ရရွိခဲ့ေသာ ေတာၾကက္သုံးေကာင္ကို ဦးႏုသည္ ကြၽမ္းက်င္စြာျဖင့္ ျပဳတ္ေၾကာ္လုပ္ထားေသာ ဟင္းတပန္းကန္၊ ဘူး႐ြက္ဟင္းခ်ိဳ၊ သရက္သီးသနပ္၊ ဘလေခ်ာင္ေၾကာ္၊ ငါးေသတၱာသုပ္ စသည့္ထမင္းဟင္းမ်ားသည္ ကြၽန္ေတာ္၊ ဦးဘိုးဟန္၊ ဦးႏု၊ ရဲေဘာ္ေက်ာ္လႈိင္၊ တပ္ၾကပ္ႀကီးသန္းထြန္းတို႔ကို တအားေလြးရန္ ဖိတ္ေခၚေနေတာ့၏။
ထိုေၾကာင့္လည္း ကြၽန္ေတာ္ႏွင့္ ဦးဘိုးဟန္တို႔က လက္ေဆးခြက္တြင္ လက္ကိုေဆးေၾကာလိုက္ၿပီး ထမင္းပြဲတြင္ထိုင္ကာ သုံးေလးလုပ္ စားလိုက္စဥ္ ႐ြာ ေျမာက္ဘက္တံခါးဆီမွ စီစီညံညံ လႈပ္လႈပ္ရွားရွား အသံေတြေရာ ေခြးေဟာင္သံေတြပါ တၿပိဳင္နက္ထဲ ၾကားလိုက္ရေပ၏။
႐ြာတြင္းသို႔ တစိမ္းတေယာက္ေယာက္ ဝင္ေရာက္လာျခင္းေၾကာင့္ ေခြးေတြဆူသည္ဟု ေအာက္ေမ့ လိုက္ၿပီး၊ ၾကက္သားတဖတ္ကို ဟန္ရ ပန္ရႏွင့္ ဝါးလိုက္သည့္တခဏ၌ အိမ္ေရွ႕ေလွကားေပၚမွ သူႀကီးကေတာ္ႀကီးသည္ အူယားဖားယား ေျပးတက္ လာေတာ့သည္။
“အမယ္ေလး လုပ္ၾကပါအုံး … ကယ္ၾကပါအူး။ ကိုထြန္းရင္တို႔ကို ဝက္ပက္လို႔ လဲေနၾကၿပီတဲ့။ ေပေမွးျပန္ေျပးလာတယ္၊ သူ႔မွာလဲ ေသြးေတြရဲေနတယ္”
ဟု ေဆာက္တည္ရာမရရွာေသာ မ်က္ႏွာႏွင့္ တုန္လႈပ္ေသာအသံျဖင့္ ေျပာလိုက္ပါသည္။
“ေျပာလို႔မွ မၿပီးေသးဘူး၊ ကိုင္းကြာ….”
ဦးဘိုးဟန္ႀကီးသည္ ထမင္းပန္းကန္ကို ေဘးသို႔ ဖယ္ထုတ္လိုက္ၿပီး ကမန္းကတန္း လက္ကို ေဆးေၾကာကာ လက္သုတ္ပုဝါႏွင့္ အျမန္သုတ္သင္လိုက္ေတာ့၏။ ကြၽန္ေတာ့္အေနႏွင့္လည္း ဗိုက္ထဲ သုံးေလးလုပ္သာ ေရာက္ေသးေသာ ထမင္းပြဲကို နိဂုံးခ်ဳပ္လိုက္ရေပ၏။
ေရွ႕ဆင့္ေနာက္ဆင့္တြင္ပင္ ငေဖ်ာ္၏ေနာက္မွေျခရာ ခံကာ အကူအညီေပးေသာ ေပေမွးဆိုသူသည္ ႐ြာ သားတစုႏွင့္ ေရာက္ရွိလာျပန္သည္။ သူ၏အက်ႌလက္တို႔တြင္ ေရွ႕ပိုင္းက ေသြးအရဲသား ေတြ႕လိုက္ရေပ၏။
“ဘယ္လို ျဖစ္တာလဲ ေျပာစမ္း…”
ဦးဘိုးဟန္သည္ ေဘာင္းဘီရွည္ကိုဝတ္ရင္း လွမ္း ၍ေမးလိုက္၏။
“ဝက္ႀကီးကို တခ်က္ပစ္ၿပီး ဝက္ႀကီးက ေသြး႐ူး ေသြးတန္းနဲ႔ ဖုံးဆိုးထဲဝင္အသြား ေဘးကပတ္ၿပီး က်ဳပ္တို႔က လိုက္အေခ်ာင္းမွာ ဝက္ႀကီးက က်ဳပ္တို႔ေဘးက ဘြားကနဲေျပးတက္လာၿပီး ကိုေဖ်ာ္ကို အရင္ပက္ခ်တယ္။ ၿပီးေတာ့ သူႀကီးကို ဆက္ပက္ေနတုန္းမွာ က်ဳပ္က ဓားမနဲ႔ ဝင္ခုတ္တယ္။ ဝက္ႀကီးက က်ဳပ္ကို လွည့္အပက္မွာ က်ဳပ္လက္ထဲကဓားနဲ႔ ဝက္ႀကီးႏႈတ္သီး တအားထိုးမိၿပီး က်ဳပ္လက္ထဲကဓား လြတ္အက်မွာ ဝက္ႀကီးက က်ဳပ္ကိုၿပီး ပက္ေတာ့ က်ဳပ္လဲေျမကိုလူးၿပီး ေရွာင္ေျပးခဲ့ရတယ္။ ဒါေၾကာင့္ ရင္ပပ္မွာ ၂-ခ်က္ ရွပ္ၿပီး ထိသြားေသးတယ္။ ကိုေဖ်ာ္နဲ႔ သူႀကီးကေတာ့ ဘုန္းကနဲ လဲရာက မထႏိုင္ေတာ့ဘူးဗ်ိဳ႕”
“ျဖစ္ရေလတယ္ကြာ၊ ေမာင္ေဖ်ာ္ပစ္တာ ခ်က္မပိုင္ဘူးလား။ ေနာက္ထပ္ဆင့္ၿပီး မပစ္ဖူးလားကြ”
ဟု ဦးဘိုးဟန္က က်ည္ဆန္ခါးပတ္ကို ပတ္ရင္း ေမး ျမန္းျပန္ပါသည္။
“ပစ္ေသးငယ္ဗ်၊ က်ည္ဆန္ကမထြက္ေတာ့ဘူး။ ညာဘက္စိုက္ေမာင္းတေခ်ာင္းကလဲ အေရးထဲမွာ ႏြယ္နဲ႔ၿငိၿပီး ဘယ္မွာျပဳတ္က်ေနတယ္ မသိရဘူးဗ်”
ကြၽန္ေတာ္သည္ ဝက္နာကို သတိေကာင္းစြာ ထားရွိခဲ့သူၿပီၿပီ ထက္ျမက္ေသာ ေသနတ္ေကာင္းမ်ားကို သုံးရန္ ဆုံးျဖတ္ထားၿပီးျဖစ္ပါသည္။
ေျခတို ကိုယ္ႀကီး သတၱဝါမ်ားအနက္ ေတာဝက္ႏွင့္ က်ားတို႔သည္ ပါဝင္ၿပီး ႐ုတ္တရက္ အျပင္ပန္းအားျဖင့္ ၾကည့္ရလွ်င္ ၎တို႔၏ ႀကီးမားေသာ ကိုယ္ခႏၶာႀကီးမ်ားေၾကာင့္ ေလးကန္ထိုင္းမႈိင္းသည့္ သတၱဝါႀကီးမ်ားဟု ထင္မွတ္စရာပင္ ျဖစ္ေပ၏။ သို႔ရာတြင္ တကယ့္အေရးတြင္ က်ားႏွင့္ ေတာဝက္သည္ အံ့ၾသစရာပင္ လ်င္ျမန္သြက္လက္လွေပ၏။
“ဝါးလုံးထိုး လႊတ္သကဲ့သို႔” ဟူေသာ ပုံခိုင္းစရာ ေပါ့ပါးလ်င္ျမန္သေလာက္ မ်က္စိရွင္ျခင္း၊ ခ်ဳံ႕ခို၍တိုက္ခိုက္ရာ၌ ပုန္းေအာင္းရာ၌ ႏွစ္ေကာင္မရွိ ေသာ က်ားႏွင့္ ဝက္သတၱဝါမ်ားပါတကား။
ကြၽန္ေတာ္သည္ ၃၇၅-မက္နစ္ေမာ္ဇာ႐ိုင္ဖယ္ကို ဆြဲယူလိုက္ၿပီး က်ည္ဆန္ အေျပာ့စား (Soft nose) ငါးေတာင့္ကို ေ႐ြးထည့္လိုက္ပါသည္။
ဦးဘိုးဟန္ သည္ ၄၀၄-ေမာ္ဇာ႐ိုင္ဖယ္ကို ပခုံးနဲ႔ထမ္းလိုက္ၿပီး ကြၽန္ေတာ့္နည္းတူ က်ည္ဆန္အေျပာ့စား (ထိပ္၌ ခဲဖူးတပ္) က်ည္ဆန္မ်ားကို က်ည္ဆန္ခါးပတ္ႀကီးထဲမွ ဆြဲႏႈတ္ေနေတာ့၏။
ထိုေနာက္ ဒဏ္ရာရသူ ေပေမွးကို ေခၚယူခဲ့ၿပီး အခ်င္းျဖစ္ပြားရာ လယ္လွ်ိဳဘက္သို႔ ခပ္သုတ္သုတ္ထြက္ခဲ့ၾက၏။ ႐ြာႏွင့္ ခရီးတမိုင္အတြင္း၌ ရွိေနျခင္းေၾကာင့္ မိနစ္ႏွစ္ဆယ္ခန႔္တြင္ ကြၽန္ေတာ္တို႔ လယ္လွ်ိဳဖ်ားအနီးသို႔ ခ်ဥ္းကပ္ခဲ့ၾကသည္။
ကြၽန္ေတာ္တို႔ေနာက္မွ ေျခသံမ်ားၾကားရ၍ လွည့္ ၾကည့္လိုက္ေသာအခါ ႐ြာသားဦးေရ ႏွစ္ဆယ္ေက်ာ္ သည္ ဓားမ်ား လွံရွည္မ်ားဆြဲကိုင္ကာ လိုက္လာ သည္ေၾကာင့္
“ခင္ဗ်ားတို႔ လိုက္ဖို႔မလိုဘူး၊ ေတာဝက္နာဟာ အႏၲရာယ္ အလြန္မ်ားတယ္။ လူမ်ားေတာ့ ပစ္ရခတ္ရတာမလြယ္ဘူး။ မလိုက္နဲ႔”
ဟူ၍ ကြၽန္ေတာ္က လွည့္ကာ သတိေပးလိုက္ရ၏။
မၾကာမီ ညဥ့္ခင္းက လယ္ထဲတြင္ ဟန္ရပန္ရလွည့္ လည္ကာ ေမႊေႏွာက္စားေသာက္ခဲ့ေသာ ေတာဝက္ ႀကီး၏ ေျခရာလက္ရာမ်ားကို ေတြ႕ရေပ၏။ လဖက္ရည္ၾကမ္းပန္းကန္လုံးတလုံးကို ေျမေပၚ၌ ေမွာက္ခ်လိုက္သည့္အခါတြင္ ထင္းကာ က်န္ရစ္ေသာပုံစံအတိုင္း ႀကီးမားလွသည့္ ေတာဝက္ထီး၏ ေျခရာႀကီးမ်ားသည္ ႏွင္း႐ိုက္ထားသည့္ လယ္ေျမေျပာ့ေျပာ့အေပၚတြင္ အထင္အရွားေတြ႕ေနရေပ၏။
“ပိႆာ ေျခာက္ဆယ္အၾကားထြက္မဲ့ ဝက္ႀကီးဘဲ ဗိုလ္မႉး။ ဒါေၾကာင့္ ငေဖ်ာ္တို႔ စုံမက္ၾကတာဘဲဗ်ာ”
ဦးဘိုးဟန္သည္ ႐ိုင္ဖယ္ေသနတ္ကို အသင့္ကိုင္ရင္း ေဝဖန္လိုက္ပါသည္။ စပါးခင္းစ၌ ဖယိုဖရဲျဖစ္ ေနေအာင္ ဝက္သိုးႀကီးသည္ စားေသာက္ဖ်က္ဆီး သြားခဲ့သည္မွာ ေထာင္းလေမာင္း ေၾကမြေနသည့္ ရႈခင္းက သက္ေသခံေနပါသည္။ ထိုေနာက္ သူႀကီး ႏွင့္ ငေဖ်ာ္တို႔ ဝက္ပက္ခံရေသာ လွ်ိဳဖ်ားဆီသို႔ ဂ႐ုတစိုက္ၾကည့္ေနကာ တလွမ္းခ်င္း တက္ခဲ့ၾကသည္။
အေပၚ ေလာင္းရိပ္ေတြ လႊမ္းေနေသာ လွ်ိဳမ်ားဆီသို႔ စိတ္ခ်လက္ခ် တက္၍ မျဖစ္သည္ေၾကာင့္ ဦးဘိုးဟန္ႏွင့္ ကြၽန္ေတာ္တို႔ ေဘးခ်င္းယွဥ္ကာ ရင္ေဘာင္တန္းကာ ဘယ္ညာဝဲယာသို႔ ဂ႐ုတစိုက္ၾကည့္ရႈကာ ေတာဝက္ထီးကို ရွာေဖြရင္း ခ်ီတက္ခဲ့ရေပ၏။
ဂိုက္ႏွစ္ရာေက်ာ္မွ် ခ်ီတက္ခဲ့ၾကသည့္ေနာက္တြင္ ေသြးအလူးလူးႏွင့္ လူႏွစ္ေယာက္၏ သဏၭာန္မ်ား ကို လွမ္း၍ ေတြ႕လိုက္ရေပ၏။ ထို႔ေၾကာင့္ ၎တို႔ ပတ္ဝန္းက်င္တဝိုက္သို႔ သိမ္းက်ဳံး စစ္ေဆးလိုက္ၿပီးမွ သူႀကီးဦးထြန္းရင္တို႔ဆီသို႔ တန္းတန္းမတ္မတ္ တက္ရ၏။
ႏွစ္ေယာက္စလုံး ခါးဝတ္မ်ားကြၽတ္ကာ ေသြးေရာဖုံေတြ႕ေရာ သစ္႐ြက္ေတြ႕ေရာ လူးေနေတာ့၏။ ဦးထြန္းရင္၏ လက္တဖက္က သူ၏မ်က္ႏွာကို ကာကြယ္ခဲ့ပုံျဖင့္ မ်က္ႏွာျပင္ေပၚ၌ အုပ္လ်က္ေတြ႕ရေပ၏။
ထို႔ေၾကာင့္ ကြၽန္ေတာ္သည္ ဦးဘိုးဟန္ကို ေတာဝက္ ႀကီး၏ အလစ္ဝင္တိုက္မႈမွ ကာကြယ္ရန္သတိေပး လိုက္ၿပီး ဦးထြန္းရင္၏ ဘယ္လက္ေကာက္ဝတ္ႏွင့္ ရင္ပပ္ဆီသို႔ကပ္၍ အသက္ရႉ မရႉ အကဲခတ္လိုက္၏။
အသက္ရႉသံ ၾကားရမွ ဦးဘိုးဟန္ဆီသို႔ ေခါင္း ညိတ္ျပလိုက္ၿပီး ေမွာက္လ်က္လဲေနသည့္ ငေဖ်ာ္ဆီ သို႔ ခ်ဥ္းကပ္၍ ဦးထြန္းရင္နည္းအတိုင္း စမ္းသပ္ၾကည့္ရႈ႕လိုက္ရ၏။
ငေဖ်ာ္ ႏွလုံးခုန္ျခင္း၊ ေသြးတိုးျခင္း မေတြ႕ရသည္ ေၾကာင့္ ႏွာေခါင္းဝသို႔ ေတာၾကက္ေတာင္တေခ်ာင္း ႏွင့္ကပ္၍ ၾကည့္လိုက္၏။ သို႔ရာတြင္ ေလတိုးျခင္း၊ အသက္ရႉျခင္း လကၡဏာ တစုံတရာ မေတြ႕ရေတာ့ေခ်။
ငေဖ်ာ္၏ ဒဏ္ရာကို ျပန္လွန္၍ ၾကည့္ရႉလိုက္သည့္အခါတြင္ ဘယ္ဘက္ရင္သည္ ပြင့္လ်က္၎၊ ေျခသလုံးႂကြက္သားမွ ေပါင္ရင္းအထိ ေတာဝက္ႀကီး၏ အစြယ္က ေတာက္ေလွ်ာက္ခြဲတက္သြားသည့္ ဒဏ္ခ်က္မ်ားကို၎ ေတြ႕ရေပ၏။
“ေဟ့ ေနာက္ကလူေတြ လာခဲ့ၾက၊ ေဟာဒီ လူႏွစ္ေယာက္ကို ႐ြာျပန္ယူသြား။ သူႀကီးကို လွည္းနဲ႔ခ်က္ခ်င္း ၿမိဳ႕ေဆး႐ုံပို႔”
ဦးဘိုးဟန္သည္ ေက်ာက္ခဲအင္း႐ြာသားမ်ားကို ေခၚယူကာ လူနာႏွင့္ လူေသ ႏွစ္ဦးကို အပ္လိုက္ၿပီး
“ဒို႔နဲ႔ ကပ္မလိုက္နဲ႔ေနာ္၊ ဒို႔က လွမ္းေခၚမွ ေရွ႕တက္ခဲ့ၾက။ ဒဏ္ရာနဲ႔ ဝက္နာကို ပစ္ရတာ သိပ္မလြယ္ဘူးကြ။ လူနဲ႔ ဝက္နဲ႔ ေရာေနရင္ အပစ္ရ အခ်ိန္ရ အားႀကီးခက္တယ္”
ဟု ဦးဘိုးဟန္က ဆက္လက္၍ သတိေပးလိုက္ ျပန္သည္။
မၾကာမီ ကြၽန္ေတာ္တို႔ ႏွစ္ဦးသည္ ဆက္လက္၍ ေတာဝက္ႀကီးကို ရွာေဖြၾကသည္။ ေတာဝက္ႀကီး၏ ကိုယ္၌ရရွိေသာ ၁၂-ဘို႔ က်ည္ဆန္ရာေၾကာင့္ ထြက္ ေသာ ေသြးေၾကာင္းေပေလာ၊ သို႔မဟုတ္ ဦးထြန္းရင္တို႔ ႏွစ္ေယာက္ဆီမွ ေသြးမ်ားေၾကာင့္ေပေလာ မသိရေသာ ေသြးစီးေၾကာင္း အစအနမ်ားသည္ လွ်ိဳမ်ားရွိ ဖုံးဆိုးေတာထဲသို႔ တန္းေနေတာ့၏။
“သိပ္သတိထားမွဗ်ိဳ႕၊ ဝက္ႀကီးက ေထြးေတ အရႈပ္ထဲမွာၿမဳံ႕ေနပုံဘဲ။ အလစ္မေပးနဲ႔ေနာ္ ဗိုလ္မႉး”
ဦးဘိုးဟန္ႀကီးသည္ ကြၽန္ေတာ္တို႔ ခ်ဥ္းကပ္ေန ေသာ ကိုက္ ၅၀-ခန႔္အကြာရွိ ဖုံးဆိုး သို႔မဟုတ္ ေတာင္ယာခင္းေဟာင္းမ်ား ျဖစ္ခဲ့ျခင္းေၾကာင့္ ေပါင္းပင္ေတြ ခ်ဳံေတြ ရႈပ္ေနေအာင္ ေပါက္ေနရာ ေထြးေတာတဝိုက္ကို ရွာေဖြရင္း လွမ္းကာ သတိေပးလိုက္၏။
“ကြၽန္ေတာ္ ဟိုဘက္ထိပ္က ပန္းၿပီး ၾကည့္မယ္။ ဟိုဘက္ထိပ္ ေရာက္ေလာက္ရင္ အဘိုးႀကီးက လူသံ ေပးၾကည့္စမ္းဗ်ာ။ ဒါမွ ဒီအေကာင္ႀကီး ဆိုင္းႀကိဳးျပတ္ေတာထဲ ကူး မကူး ေျခရာ လက္ရာ ၾကည့္ႏိုင္မယ္”
ေျပာလိုက္ၿပီး ညာဘက္လမ္းရွင္းရာမွ ပန္းကာ တက္ခဲ့ရေပ၏။ ၇-မိနစ္ခန႔္ အၾကာတြင္ ကြၽန္ေတာ္သည္ ဖုံးဆိုး၏ အေနာက္ဖက္မ်ဥ္းေၾကာင္း နယ္နိမိတ္ကို ေရာက္ရွိခဲ့ၿပီး ေလခြၽန္ကာ အခ်က္ေပးလိုက္ရာ ႐ုတ္တရက္ ဖုံးဆိုးေတာ အလယ္ေပါက္ဆီက “ဂြမ္း-ဂြမ္း- ဂြမ္း” ဟူေသာ ေတာဝက္ႀကီး၏ မာန္သြင္း၍ အစြယ္ခ်င္း ခတ္သံႀကီးကို ေရွးဦးစြာ ၾကားလိုက္ရေပ၏။
ထို႔ေနာက္ ဦးဘိုးဟန္ဆီမွ ဝါးလုံးေခါက္၍ “ေဟး… ေဟး..ေဟး” ဟူေသာ ညာသံမ်ားလည္း တဆက္တည္း ေပၚလာေတာ့သည္။
ကြၽန္ေတာ္တို႔ အပန္းတႀကီး ရွာေဖြခဲ့ေသာ ေတာဝက္ႀကီးကား ကြၽန္ေတာ္တို႔ လူနံ႔ေတြကို ႀကိဳတင္ရရွိၿပီး တိုက္ပြဲအတြက္ အသင့္ရွိေၾကာင္း စစ္ေက်ညာလိုက္ျခင္းသာ ျဖစ္ေပ၏။
ပစ္ကြင္းကို ေတြ႕ၿပီျဖစ္ေသာ္လည္း ပစ္ခတ္စရာ အခြင့္အေရး ပစ္ကြက္ကိုမူ မရရွိေသးေခ်။ ဦးဘိုးဟန္ဆီမွ ေဝါကနဲ ရွဲကနဲ ေျမႀကီးခဲမ်ားျဖင့္ ေထြးေတာအတြင္းသို႔ တေျဖာက္ေျဖာက္ ပစ္ခတ္သံမ်ား အဆုံး၌ အစြယ္ခ်င္းခတ္ေနေသာ ေတာဝက္ႀကီးသည္ ကြၽန္ေတာ္ ေစာင့္ေနရာဆီသို႔ တေ႐ြ႕ေ႐ြ႕ တလႈပ္လႈပ္ တိုးလာသည္ကို ရိပ္မိလိုက္ပါသည္။
အထက္ပိုင္းတေလွ်ာက္ လႈပ္ကနဲ သိမ့္ကနဲျဖစ္ေန သည့္ ဖုံးဆိုးေတာမ်ားကို ျမင္ရျခင္းအားျဖင့္ ေတာဝက္ႀကီးသည္ အလယ္ဝမွ အေနာက္ဖက္ ဒမ်ဥ္းေၾကာင္းဆီသို႔ ေ႐ႊ႕ေျပာင္းေနေၾကာင္းမွာ သိသာေစ ၏။
ကြၽန္ေတာ္သည္ ဝါး႐ုံပင္ေနာက္ကြယ္မွ ၃၇၅- မက္နမ္႐ိုင္ဖယ္ကို အသင့္ခ်ိန္ရင္း တသိမ့္သိမ့္လႈပ္ေန ေသာ ေထြးေတာမွ ႀကိဳ၍ ပစ္ကြက္ေကာင္းကို ရွာေဖြမိ၏။
ေတာဝက္ႀကီးသည္ ေရွ႕သို႔တအားစြပ္ကာ တိုးေနသည္ မဟုတ္ဘဲ ရပ္လိုက္ နားေထာင္လိုက္ႏွင့္ ကြၽန္ ေတာ္တို႔ လူနံလူသံမ်ားကို ေလ့လာၿပီးမွ တလွမ္းခ်င္း တက္ေနျခင္းပင္ ျဖစ္၏။ ကြၽန္ေတာ္သည္ စစ္ပရိယာယ္တမ်ိဳးသုံးရန္ ဆုံးျဖတ္လိုက္ေပ၏။
မ်က္ကြယ္ျဖစ္ေနသည့္ ေထြးေတာပါးပါးကေလး အကြက္ဆီသို႔ သိမ့္ကနဲ ေတာဝက္ႀကီးက ဖိကာ တိုးေနသည့္ အလွည့္တြင္ ကြၽန္ေတာ္သည္ ေတာဝက္ႀကီး၏ ေရွ႕ပိုင္းေလာက္ကိုမွန္းကာ ၃၇၅-မက္နမ္႐ိုင္ဖယ္ႏွင့္ ပစ္ခတ္လိုက္၏။
က်ည္ဆန္အား သုံးရာဂရိမ္၏ ေပါက္ကြဲသံႀကီး သည္ တိတ္ဆိတ္ေသာ ေန႔ခင္းအဖို႔ ခ်က္ျခင္းတခဏ၌ ဆူညံသြားေစ၏။ ဝက္ႀကီးသည္ ထိမွန္သြား ေၾကာင္း သက္ေသအျဖစ္ ‘က်ယ္’ကနဲ ေအာ္ျမည္လိုက္ၿပီး ကြၽန္ေတာ္ရွိရာဘက္သို႔ တေဝါေဝါထိုးကာ သူ႔အား ရန္မူသူ ပစ္ခတ္သူ ရန္သူျဖစ္ေသာကြၽန္ေတာ္ ကို တန္ျပန္တိုက္ခိုက္ရန္ ေျပးထြက္လာျခင္းသာ ျဖစ္ ေပ၏။
ေနာက္ထပ္ က်ည္ဆန္အသစ္တေတာင့္ကို ထိုးကာ အသင့္ျပင္ေနေသာ ကြၽန္ေတာ္အဖို႔ ခ်ဳံတိုးသံမ်ားတေလွ်ာက္ လိုက္ကာ ႀကိဳကာ ေတာဝက္ႀကီး၏ ျမင္ကြင္းေကာင္းကို ေစာင့္ႀကိဳေနခိုက္ စကၠန႔္ပိုင္းအတြင္း၌ ဖုံးဆိုးေတာ၏ အစြန္ ႀကိမ္ပင္မ်ားအၾကားမွ ဝက္ႀကီး၏ ေခါင္းပိုင္းသည္ စြပ္ကနဲ ေပၚလာေလ သည္။
အသင့္ခ်ိန္ထားေသာ ကြၽန္ေတာ္၏ ႐ိုင္ဖယ္က ေတာဝက္ႀကီး၏ ထမ္းပိုးႀကီးတြင္းဆီသို႔ က်က်နန ခ်ိန္ကာ ပစ္ခ်လိုက္ျပန္သည္။
တစကၠန႔္လွ်င္ ႏွစ္ေထာင့္ငါးရာငါးဆယ္ေပ အျမန္ႏႈန္းျဖင့္ ျဖတ္သန္းကာ ထြက္ခြာသြားေသာ ၃၇၅- က်ည္ဆန္ဖူးသည္ အရွိန္ႏွင့္ ထြက္လာသည့္ ေတာ ေတာဝက္ႀကီးကို ေလးေထာင့္သုံးရာသုံးဆယ္ ေျခာက္ေပအတြင္း တေပါင္ႏႈန္းတြန္းကန္အားျဖင့္ ေရွာင္တခင္ ေဖာက္ထြင္းထိမွန္ကာ ပက္ကနဲ ေနာက္ပိုင္းသို႔ လြင့္ပါသြားပါေတာ့၏။ ထိုေနာက္ ေျခလက္မ်ားသည္ ဆန႔္ကာ ‘သက္ျဖတ္’ ‘သက္ငင္’ အေျခအေနသို႔ ဆိုက္ေရာက္ ေနပါသည္။
ေနာက္ထပ္ ပစ္ခတ္စရာ အခ်က္လည္း မလိုေတာ့ေခ်။ သို႔ရာတြင္ မုဆိုးႏွင့္ စစ္သားတို႔ထုံးစံအတိုင္းက်ည္ဆန္အသစ္တေတာင့္ကို တမုဟုတ္ခ်င္း ထပ္၍ထိုးကာ အေရးေပၚခဲ့ေသာ္ ထပ္မံပစ္ခတ္ရန္ အသင့္ရွိေနျပန္ေတာ့သည္။
“ၿပီးၿပီဗ်ိဳ႕ ဦးဘိုးဟန္၊ ဒီဘက္ကိုတက္ပါ”
ဦးဘိုးဟန္ကို လွမ္း၍ ေခၚယူလိုက္ၿပီး ေတာဝက္ႀကီး လဲက်ရာဆီသို႔ ဂ႐ုတစိုက္ ခ်ဥ္းကပ္ခဲ့ျပန္သည္။ ဂုတ္ပိုင္းႏွင့္ ေက်ာတေလွ်ာက္၌ ေဇာင္းေမြးတထြာေက်ာ္မွ်ပင္ရွည္ကာ ေတာက္ေနေသာ နက္ေမွာင္ေနသည့္အေမြးမ်ားျဖင့္ ေတာဝက္ေကာင္ႀကီးကား ကိစၥေခ်ာေနေလၿပီ။
သူ၏အစြယ္မွ ေသြးစီးေခ်ာင္းမ်ားႏွင့္ အဝတ္စုတ္အစမ်ား၊ အသားတစ္မ်ားက လူသတ္သမားဘဝကို ေဖာ္ထုတ္ေနေခ်၏။ အစြယ္ႀကီးႏွစ္ေခ်ာင္းကလည္း ေလးလက္မခန႔္ရွည္ၿပီး ခြၽန္ထက္ေနသေလာက္ ခရီးေရာက္ခဲ့ေၾကာင္းကိုလည္း ကြၽန္ေတာ္ ျပန္လွန္စဥ္းစားမိပါသည္။
ဝက္ႀကီးမွ ေသနတ္ဒဏ္ရာမ်ားကို ကြၽန္ေတာ္ႏွင့္ ဦး ဘိုးဟန္တို႔က လိုက္လံစစ္ေဆးခဲ့သည္။ ေနာက္ဆုံးပစ္လိုက္ေသာ ၃၇၅-မက္နမ္က်ည္ဆန္သည္ ထမ္းပိုးႀကီးတြင္းမွ ဝင္ကာ ညာဘက္တင္ပါးဆီသို႔ ေဖာက္ထြက္ခဲ့၏။
မ်က္ကြယ္တြင္ ပစ္ခတ္ခဲ့ေသာ ေရွးဦးဆုံး အခ်က္သည္ ဝက္ႀကီး၏ဂုတ္ပိုးအထက္ကို မွန္ကာ လည္ဂုတ္ပိုးတပိုင္းကို ခ်ိဳးခဲ့ေပ၏။ သို႔ရာတြင္ ဝက္ ႀကီးကား အသက္ျပင္းလွေပ၏။
၁၂-ဘို႔က်ည္ဆန္သည္ ဝက္ႀကီး၏ တင္ပါးကို ထိမွန္ၿပီး ေျခာက္လုံးက်ည္ဆန္သုံးေပါက္ကို ေတြ႕ေနရေပ၏။
ဒဏ္ရာအနာ ရရွိခဲ့သည့္ ေတာဝက္ႀကီးအဖို႔ ေဒါသျဖစ္ေလာက္႐ုံသာ ဆြေပးျခင္းသေဘာမ်ိဳးျဖစ္ေစၿပီး၊ မုဆိုးငေဖ်ာ္ႏွင့္ သူႀကီး ဦးထြန္းရင္တို႔ကို ပိုင္ပိုင္ႏိုင္ႏိုင္ တုံ႔ျပန္လက္စားေခ်လိုက္ျခင္းလည္း ျဖစ္ေပ၏။
႐ြာသားမ်ား ေကာက္ယူခဲ့ေသာ စိုင္ေပါင္တဖက္ ျပဳတ္က်ေနသည့္ ဦးထြန္းရင္၏ ႏွစ္လုံးပူးေသနတ္ကို ခါးခ်ိဳးကာ ကြၽန္ေတာ္က စစ္ေဆးၾကည့္ရႈလိုက္ရေတာ့သည္။ စိုင္ေပါင္တဖက္ရွိသည့္ ေျပာင္းဝ၌ တြပ္ပီ႐ိုက္ၿပီးသား က်ည္ဆန္တေတာင့္ႏွင့္ က်န္တဖက္တြင္ တြပ္ပီမ႐ိုက္ရေသးေသာ က်ည္ဆန္အသစ္တေတာင့္ကို ေတြ႕ရျပန္သည္။
ေတာ႐ြာမ်ားမွ လူခ်မ္းသာမ်ား အနိစၥေရာက္ေသာအခါ အမဲသားမွစ၍ ေငြေၾကးေခ်ာင္လည္သလို ဝက္သားအဆုံးအထိ မသာထမင္းဟင္း ေကြၽးခဲ့၏။ မိုဆိုးငေဖ်ာ္ ဝက္ပက္ခံရ၍ ေသဆုံးသည့္ အသုဘ ထမင္းပြဲ၌လည္း သူအသက္ဆုံးရႉံးေအာင္ လိုက္လံခဲ့ရၿပီး ကြၽန္ေတာ္ဇာတ္သိမ္း ကိစၥေခ်ာလိုက္ရသည့္ ေတာဝက္ႀကီး၏ အသားႏွင့္ပင္ ေသလမ္းပို႔ေသာ
ေလာဘကို လက္ခံလိုက္သူ မုဆိုးငေဖ်ာ္၏ မသာထမင္း ဟင္းကို ခ်မ္းသာသူမ်ားနည္းတူ ေကြၽးေမြးဧည့္ခံေစရန္ စီမံလိုက္ရေပ၏။
ထို႔ေၾကာင့္လည္း ကြၽန္ေတာ္၏ ေနာင္ေတာ္ ညီေတာ္ မုဆိုးလက္သစ္မ်ားကို ေျခတိုကိုယ္ႀကီးႏွစ္ေကာင္ျဖစ္ေသာ က်ားႏွင့္ ေတာဝက္ကို အထင္မေသးၾကရန္ ေသနတ္ေကာင္းေကာင္း ခ်က္ပိုင္ပိုင္ ပစ္ခတ္ႏိုင္ၾကရန္ အထူးသတိေပးအပ္ပါေၾကာင္း။ ။
✍ ဗိုလ္တာရာ (ရဲေဘာ္သုံးက်ိပ္)
📖 ျမဝတီမဂၢဇင္း (မတ္၊ ၁၉၆၄)