“မှင်စာတို့ရဲ့ ည”(စ-ဆုံး)

Unicode Version

“မှင်စာတို့ရဲ့ ည”(စ-ဆုံး)
—————————–
ညောင်နီရွာ
“ကိုဖိုးမောင် ကျွန်တော့်နွား တွေ့မိသေးလား”
ကိုမြ ၏ အသံပင်ဖြစ်လေသည်

“ဟေ မတွေ့မိပါဘူးကွာ ဘာဖြစ်လ်ု့ိတုန်း”
ဖိုးမောင် က ပြန်၍ဖြေလိုက်လေသည်

“ည က ပျေ ာက်သွားလို့ဗျ ာ ”
ကိုမြ က ပြောပြီး ရွာထိပ်ဘက်သို့ ထွက်လာပြီး
နွားရှာပုံတော် ဖွင့်လေတော့သည်

ထိုစဉ် ရွာထိပ်ရှိ အမှိုက်ပုံဘေးနဲ့
နွားတစ်ကောင် လဲကျ နေသည် ကို တွေ့လိုက်ရ၏ိံ

ထိုနွားသည် တစ်ကိုယ်လုံးဖြူ ဖတ်ဖြူ လျေ ာ်ဖြင့်
သွေးမရှိတော့ချေ ခန္ဓာကိုယ်တစ်ခုလုံးတွင်
သွားမျ ားဖြင့်ကိုက်ထားသကဲ့သို့
အပေါက်မျ ား အမျ ားကြီးတွေ့လိုက်ရလေသည်

တစ်ရွာ လုံး က အံ့သြသွားကြလေသည်
ရွာဦးကျေ ာင်း က ဆရာတော် က ထိုအရာကို
မှင်စာမျ ားလုပ်သည်ဟု မိန့်ထားသဖြင့်
တစ်ရွာလုံး က ယုံရမလိုမယုံရမလို ဖြစ်နေလေ၏
အကြောင်းမူ ကိုယ်တိုင်မြင်တွေ့ကြခြင်း
မဟုတ်သေးသောကြောင့်ပင်ဖြစ်သည်

နောက်ပိုင်းရက်မျ ားတွင် ထိုရွာထိပ်ရှိ အမှိုက်ပုံ၌ပင်
နွားမျ ားမကြာခဏ သေခြင်း ကြက်မျ ားသေခြင်း
ဖြစ်ရပ်မျ ားကို မကြာခဏကြုံရလေသည်
– – – – –
အချိန် က ည၁၀နာရီခန့်ရှိလေသည်
အသက်၆၀ခန့်ရှိသည့် အဘွားအိုတစ်ဦး က
လက်နှိပ်ဓါတ်မီးလေးဖြင့် ရွာအပြင်ဘက်မှ
ရွာထဲသို့ ဝင်လာနေလေသည်

ရွာထိပ်ရှိ အမှိုက်ပုံသို့ရောက်သောအခါ
“အဘွား အဘွား ခဏနေပါဦး”
အနောက်မှ ခေါ်သံကြားလိုက်ရလေသည်

အဘွားအို က လှည့်၍ကြည့်လိုက်လေသည်
တစ်ပေလောက်သာ ရှိသော အကောင်လေးတွေ
နားရွက်ကြီးကြီး ဖြင့် အစွယ်မျ ားက ပါးစပ်အပြင်သို့
ငေါ၍ထွက်နေလေသည် အကောင်လေးမျ ား
စုစုပေါင်း လေးငါးကောင် လောက်ရှိပေလိမ့်မည်

“အဘွားရဲ့ သွေးကို ကျွန်တော်တို့စုပ်ချင်လို့ပါ”
ထိုအကောင်လေးမျ ား က ပြောလိုက်ခြင်းဖြစ်သည်

“နင်တို့ငါ့သွေးကိုမစုပ်ကြနဲ့ ငါ့သွေးထဲမှာအဆိပ်တွေ
ရှိတယ် နင်တို့စုပ်မိရင် နင်တို့သေလိမ့်မယ်”
အဘွားအို ရဲ့ စကားကြောင့် အကောင်လေးမျ ား
လန့်သွားလေသည် ဘာမှပြန်မပြောပဲ
အမှိုက်ပုံထဲသို့ တိုးဝှေ့ပျေ ာက်ကွယ်သွားလေသည်
– – – –
နောက်နေ့မနက်တွင် ဒေါ်မဲဇာ မှင်စာလေးမျ ားနှင့်
တွေ့ခဲ့ရသည့်အကြောင်းကို တစ်ရွာလုံးသိသွားသည်
တစ်ရွာလုံးတုန်လှုပ်သွားကြလေသည် ဒေါ်မဲဇာ က
အသက်ကြီးသူ ပီပီ အတွေ့အကြုံရှိလှသဖြင့်
လိမ်လည်ပြီး အသက်ဘေးမှ လွတ်လာခြင်းဖြစ်၏

မှင်စာမျ ား မရှိတော့ဟု မှတ်ယူထားခြင်းဖြစ်သည်
ယခုမှ ပြန်ပေါ်လာခြင်းပင် ဖြစ်သည်

“ငါကတော့ မှင်စာဆိုတာကို မြင်ဖူးချင်တယ်ကွာ”
ဘပု မှ ပြောလိုက်ခြင်းဖြစ်လေသည်

“အေးကွာ ငါလဲတစ်ခါလောက်တော့ မြင်ဖူးချင်တယ်
ဒီည ငါတို့သွားကြည့် ကြမယ်ကွာ”
ချစ်တိုး က ပြန်၍ပြောလိုက်လေသည်

“မသွားကြပါနဲ့ကွာ အန္တရာယ်မျ ားတယ်ကွ”
နီမောင် က ဝင်၍ပြောလိုက်လေသည်

“မင်းမလိုက်လဲနေကွာ ငါတို့ကတော့သွားမှာပဲကွာ”
ဘပု က ပြန်၍ပြောလိုက်လေသည်

ဘပု နီမောင် ချစ်တိုးတို့ သုံးဦးသည်
အသက်၁၂ကျေ ာ်၁၃ခန့်သာ ရှိသေးသာ
ကလေးကြီးမျ ား ဖြစ်ကြလေသည်

ဘပုနှင့်ချစ်တိုး တို့နှစ်ဦးသည် မှင်စာမျ ားကို
မြင်ရရန် သွားကြလေသည်

အချိန် က ည၉နာရီ ခွဲခန့်ရှိလေသည်
ဘပုနှင့်ချစ်တိုး တို့နှစ်ဦး ရွာအပြင်ရှိ
အမှိုက်ပုံသို့ ထွက်လာခဲ့လေသည်

“ငါတို့ ဒီနေရာကနေ အမှိုက်ပုံကို ကြည့်နေမယ်
ခဏကြာရင် မှင်စာတွေ ထွက်လာလိမ့်မယ်”
ဘပုက ပြောလိုက်သဖြင့် ချစ်တိုး က
ခေါင်းငြိမ့်ပြလိုက်လေသည်

အချိန်တော်တော်ကြာသွားသည် အထိ မတွေ့ရချေ
ဘပုနှင့်ချစ်တိုး အမှိုက်ပုံနားသို့ ထသွားလိုက်လေသည်

အမှိုက်ပုံကို ဝေ့ဝိုက်ကြည့်လိုက်လေသည်
သို့သော် ဘာမှကို မတွေ့ရသေးချေ

ဘပုဒေါသထွက်ချင်သလိုဖြစ်လာလေသည်
“မှင်စာတွေ ထွက်လာခဲ့စမ်း ထွက်ခဲ့စမ်း”
ဘပု အော်၍ပြောလိုက်လေသည် ဘာမှမတွေ့ချေ

“ဟေ့ကောင် ဘပု ငါတို့ကို ကြောက်လို့
ပုန်းနေတာလား မသိဘူးနော်”
ချစ်တိုး က လှမ်း၍အော်ပြောလိုက်လေသည်

“ဟေ့ကောင် မှင်စာတွေထွက်ခဲ့စမ်း
မင်းတို့ ငါတို့သွေးကို မစုပ်ချင်ဘူးလား”
ဘပု က ကသီ၍ပြောလိုက်လေသည်

“ဟေ့ကောင် ဘာတွေပြောနေတာလဲ”
ချစ်တိုး က ပြန်၍ပြောလိုက်လေသည်

ထိုစဉ် အမှိုက်ပုံမျ ားကြားထဲမှ မှင်စာလေးမျ ား
တိုး၍ထွက်လာလေသည် တစ်ဒါဇင်ခန့်ရှိမည်

ဘပုနှင့်ချစ်တိုး တို့နှစ်ဦး အံ့သြသွားလေတော့သည်
ထိုစဉ် ထိုမှင်စာလေးမျ ား က အနားသ်ု့ိ
တိုးကပ်လာနေလေသည်

ဘပု က အခုမှ ကြောက်ကြောက်လန့်လန့်ဖြင့်
“ဟေ့ ရှူ း သွားသွား”
ကြောက်လန့်တခြား အော်နေလေသည်
သို့သော် မှင်စာလေးမျ ား က သွားမျ ားက်ိုဖြဲလျှက်
အနားသို့ တိုးကပ်လာနေလေသည်

ချစ်တိုး က ကြက်သေ သေနလေပြီ
အရှေ့ဆုံး မှ မှင်စာလေးက ဘပုအပေါ်သို့
ခုန်၍ တတ်လိုက်လေသည် ဘပု က လက်ပြန်
ပုတ်ထုတ်လိုက်လေသည်

ထိုစဉ် မှင်စာလေး တစ်ကောင်က ချစ်တိုးအပေါ်သို့
ခုန်တတ်ရန် ဟန်ပြင်လိုက်စဉ် ဘပု က
တွန်းဖယ်ပေးလိုက်ပြီး ချစ်တိုး ကို ဆွဲ၍
ပြေးလေတော့သည် ချစ်တိုး အခုမှ သတိရလာ၏

ချစ်တိုးနှင့်ဘပုတို့ကပြေး အနောက်မှ မှင်စာလေးမျ ား
က လိုက်လာနေလေသည် အမှိုက်ပုံထဲမှ တခြား
မှင်စာလေး မျ ား ထပ်၍ထွက်လာနေသေးသည်

ချစ်တိုး နှင့် ဘပုသိပ်မပြေးလိုကါရချေ
ချစ်တိုး ၏ ညာတံဒေါက်ခွက်နေရာသို့
တစ်စုံတစ်ယောက် ၏ ဖိထားခြင်း ခံရပြီး
မြေပြင်ပေါ်သို့ အားယားမှောက်ကျ သွားလေသည်

ချစ်တိုး၏ တံဒေါက်ခွက် ကို မှင်စာလေးတစ်ကောင်က
တတ်၍ နင်းထားခြင်းပင် ဖြစ်လေသည်
ဘပု က ထိုမှင်စာလေးကို ပြေး၍ကန်လိုက်သဖြင့်
အနောက်သို့ လွင့်သွားလေတော့သည်

ထိုစဉ် နောက်ထပ်တစ်ကောင် က ဘပု၏ ပေါင်ကို
ဖက်တွယ်၍ တတ်လာလေသည် ဘပု က
တွန်ဖယ်ရန် ဟန်ပြင်လိုက်သော်လည်း
နောက်ထပ်တစ်ကောင် က သူ၏ ဂုတ်ပေါ်သို့
ပြေး၍ တတ်သွားလေသည်

ဘပု က ဂုတ်ပေါ်က အကောင်ကို လျှင်မြန်စွာ
ဖယ်ရှားလိုက်သော်လည်း ပေါင်၌ရှိနေသော
အကောင် က သူ၏ပေါင်ကို ကိုက်လိုက်လေသည်
ဘပုမဟန်နိုင်တော့ပဲ လဲကျ သွားလေတော့သည်

သူ၏ပေါင်ကို ခဲထားသော မှင်စာလေးမှ ဘပု၏
သွေးကို အားရပါးရစုပ်ယူစားသုံးနေလေတော့သည်

ချစ်တိုး လဲကျနေရာမှ တုတ်ချေ ာင်းကိုစမ်းမလေသည်
ထိုတုတ်ကိုယူလိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်
ချက်ချင်းပင် ဘပု၏ပေါင်ကို ကိုက်ထားသော
မှင်စာလေးကို တုတ်ဖြင့်လွှဲ၍ရိုက်ထုတ်လိုက်လေသည်

ထိုမှင်စာလေးအဝေးသို့ လွင့်စင်သွားလေတော့သည်
ဘပု ခြေထောက်တစ်ခုလုံး နာကျင်သွားလေ၏
ခြေထောက်ထောက်၍မရတော့ချေ
ခြေတစ်ချေ ာင်းလုံး သွေးမျ ား ရဲလျှက်ပင်

ချစ်တိုး က လက်ထဲရှိတုတ်ဖြင့် အနားသို့
ကပ်လာနေသော မှင်စာလေးမျ ားကို
ရိုက်ထုတ်၍နေလေသည်

ဘပု က လဲကျ နေရာမှ အနားသို့ ကပ်လာနေသော
မှင်စာလေးမျ ားကို လွှဲ၍တွန်းထုတ်နေလေသည်

မှင်စာလေးမျ ား က မျ ားသည်ထက် မျ ားလာကာ
သူတို့ကို ပတ်လည်ဝိုင်းကာ လုံးထွေးသွားတော့၏

ထိုစဉ် ထိုနေရာသို့ မီးရောင်မျ ားလင်းလာပြီး
မှင်စာလေးမျ ား မှောင်ရာသို့ ပြေးလေတော့သည်

နီမောင် ၏ ဖော်ကောင်အလုပ်ကောင်းခြင်းကြောင့်
ရွာရှိလူကြီးမျ ား ရောက်လာခြင်းပင် ဖြစ်လေသည်
မှင်စာလေးမျ ား အမှိုက်ပုံထဲသို့ ပြန်၍
တိုးဝှေ့ပျေ ာက်ကွယ်သွားလေတော့သည်

“ဒီအမှိုက် ပုံကို မနက်ဖြန်မနက်ရောက်ရင် မီးရှို့ကွာ”
ရွာလူကြီးဦးသောင်း က ပြောလိုက်ခြင်းဖြစ်လေသည်

မနက်ရောက်သောအခါ အမိန့်အတိုင်းပင်
ထိုအမှိုက်ပုံ ကို မီးရှို့လိုက်ကြလေသည်
ရွာဦးကျေ ာင်း ဆရာတော် က သိသောအခါ
ဦးသောင်း ကို အပြစ်တင်လေတော့သည်

“သူတို့နေရာကို မီးရှို့ရင် သူတို့ကို
သေတယ်ထင်နေရာတာလား ဟုတ်တော့ဟုတ်တယ်
သူတို့ က ညဘက်မှရှိတာ နေ့ဘက်ဆို ပျေ ာက်ကွယ်
သွားတာ သူတို့နေရာကို ညဘက်မှ မီးရှို့ရမှာကွ”
ရွာဦးကျေ ာင်း ဆရာတော် က အကြံပေးလိုက်လေသည်

ဘပု၏အကိုက်ခံရသော ခြေထောက်ကို
ဆရာတော် က သိဒ္ဓိတင်ဆေးလိမ်းပေးလေသည်
လက်မောင်း ကို အဆောင်လက်ဖွဲ့ကြိုးလေး
စီးပေးရင်း ပြောလိုက်သည်
“ဒီည သတိထားနေပါ သူတို့မင်းရဲ့သွေးအနံ့ကို
မှတ်မိနေတယ် မင်းဆီကို လာလိမ့်မယ်
ဒီအဆောင်ကြိုးလေးကို မပြုတ်စေနဲ့”

ဘပု က ခေါင်းငြိမ့်ပြလိုက်လေသည်
ထိုသု့ိ ဖြင့် ည ရောက်လာလေသည်
အစောပိုင်းထဲ က လူရှိလူကြီးမျ ား
ရွာပြင်အမှိုက်ပုံ သို့ ရောက်ရှိနေကြပြီဖြစ်သည်

ဘပု က အိမ်တွင် အိပ်နေလေ၏
သူ့အဖေ က အမှိုက်ပုံသို့ရောက်နေသဖြင့်
မိတစိုး ဘပုမှာ တစ်ယောက်ထဲဖြစ်နေလေ၏
ထို့ကြောင့် အဖေါ်ပြုပေးရန် ချစ်တိုးနှင့်
နီမောင်တို့ ရောက်လာကြလေသည်

ထိုအချိန်တွင် ရွာပြင်အမှိုက်ပုံနဲ့
အမှိုက်ပုံကို ဓါတ်ဆီလောင်းထားလိုက်လေသည်
လူကြီး တစ်ဦးက သူ၏လက်ထိပ်ရှိ အသင့်
ယူဆောင်လာသော ဓါးဖြင့် လှီးလိုက်လေသည်
သွေးမျ ားယိုစီးကျ လာလေတော့သည်

မှင်စာလေးမျ ား သွေးနံ့ရသဖြင့် အမှိုက်ပုံထဲမှ
တိုး၍ထွက်လာလေသည် ထိုအချိန်တွင်
လူကြီးတစ်ဦး က ကိုင်ဆောင်ထားသော
ရေနံဆီမီးတုတ် ကို အမှိုက်ပုံထဲသို့
ပစ်ထည့်လိုက်လေတော့သည်

အမှိုက်ပုံတစ်ခုလုံး မီးလောင်သွားပြီး မှင်စာလေးမျ ား
ကို မီးမျ ားစွဲလောင်သွားလေတော့သည်
ထိုစဉ် မှင်စာလေးတစ်ကောင်မှာ မီးလွတ်ရာ
အမှိုက်ပုံဘေးရှိ ချံ ုထဲသို့ တိုးဝှေ့သွားလေသည်

ထိုမှင်စာလေးမှာ ဘပု၏အချစ်တော်ဖြစ်သဖြင့်
ဘပုရဲ့သွေးအနံ့ရရာ ရွာထဲသို့ဝင်လာလေတော့သည်

ချစ်တိုးနှင့်နီမောင် တို့က အိမ်ရှေ့က ကွပ်ပစ်နဲ့
စကားပြောနေလေသည် ဘပုမှကွပ်ပစ်ပေါ်၌ပင်
အိပ်မောကျ နေလေသည်

မှင်စာလေး က အမှောင်ရိပ်ကို အကာအကွယ်ယူကာ
ဘပု၏ အနားသို့တိုးကပ်သွားလေသည်
ကွပ်ပစ်ပေါ်သ်ု့ိ တွယ်တတ်လိုက်ပြီး ဘပု၏
လည်ပင်းကို ကိုက်ရန် ဟန်ပြင်လိုက်လေသည်

သို့သော် အသားကိုထိမိယုံမှဖြင့် ထိုမှင်စာလေးမှာ
အနောက်သို့ လွင့်စင်သွားလေသည်
ဘပု၏ လက်မောင်းတွင် အဆောင်လက်ဖွဲ့
ရှိနေသည် မဟုတ်ပေလော

ဘပု က ဒဏ်ရာအရှိန်ကြောင့်
အိပ်မော ကျ နေမြဲပင် ဖြစ်လေ၏

အခုမှ ချစ်တိုးနှင့် နီမောင် သတိထားမိလေသည်
ထိုမှင်စာလေး က သူတို့အနားသို့တိုးကပ် လာနေ၏
နီမောင် က ရုတ်တရက်ကြောင်နေလေ၏

ထိုမှင်စာလေးက နီမောင့် အပေါ်သို့
ခုန်တတ်ရန် ဟန်ပြင်လိုက်စဉ် ချစ်တိုး က
လက်ဖြင့် ရိုက်ထုတ်လိုက်လေသည် ပြီနောက်
နီမောင် က လှုပ်၍သတိပေးလိုက်လေသည်

ထိုအချိန်၌ပင် မှင်စာလေး က
ချစ်တိုး ၏ ဂုတ်ပေါ်သို့တတ်ခွလေတော့သည်
နီမောင် က မြေပြင်ပေါ်ရှိ ထင်းချေ ာင်း
တစ်ချေ ာင်း ကို လှမ်း၍ယူလိုက်လေသည်

ချစ်တိုး က ဂုတ်ပေါ်ရှိ မှင်စာလေးကို
ဆွဲကာ မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်လေသည်
ထိုမှင်စာလေး ပြန်ထရန် ဟန်ပြင်လိုက်စဉ်
နီမောင် က တုတ်ဖြင့် ဖိ၍ဖိ၍ရိုက်လေတော့သည်

ထိုမှင်စာလေး မလှုပ်နိုင်တော့ချေ
ချစ်တိုး က ကွပ်ပစ်ပေါ်ရှိ ရေနံဆီမီးခွက် ကို
ထိုမှင်စာလေးအပေါ်သို့ ပစ်ပေါက်လိုက်လေသည်
ခန္ဓာကိုယ်တစ်ခုလုံး သို့ မီးစွဲလောင်သွားလေသည်

မှင်စာလေး တွန့်တွန့်လူးပြီး ခန္ဓာကိုယ်တစ်ခုလုံး
မီးလောင်ပြာကျ သွားလေ၏
မှင်စာလေးမျ ား အစအနမကျန်အောင်ပင်
အားလုံး ကိစ္စတုံးသွားလေတော့သည်

နောက်ပိုင်းတွင် ညောင်နီရွာလေးနဲ့
မှင်စာ ဟူသည့်စကားသံမျ ား မကြာရတောပေ
အလားတူပင် မှင်စာမျ ားကိုလဲ မတွေ့ရတော့ချေ
—————-ပြီး
အမှားပါလျှင် ခွင့်လွှတ်ကြပါ

Zawgyi Version

“မှင်စာတို့ရဲ့ ည”(စ-ဆုံး)
—————————–
ညောင်နီရွာ

“ဟေ မတွေ့မိပါဘူးကွာ ဘာဖြစ်လ်ို့တုန်း”

“ည က ပျောက်သွားလို့ဗျာ ”




– – – – –

“အဘွား အဘွား ခဏနေပါဦး”



– – – –

ရွာရှိလူကြီးများ၏ဘိုးဘေးတို့၏ခေတ်များထဲ က






မြင်ရရန် သွားကြလေသည်










ထိုစဉ် ထိုမှင်စာလေးများ က အနားသ်ို့
တိုးကပ်လာနေလေသည်

“ဟေ့ ရှူး သွားသွား”

ပုတ်ထုတ်လိုက်လေသည်





ပြေး၍ တတ်သွားလေသည်





ရိုက်ထုတ်၍နေလေသည်









ထိုသို့ ဖြင့် ည ရောက်လာလေသည်




အမှိုက်ပုံဘေးရှိ ချုံထဲသို့ တိုးဝှေ့သွားလေသည်


အိပ်မောကျ နေလေသည်

ကွပ်ပစ်ပေါ်သ်ို့ တွယ်တတ်လိုက်ပြီး ဘပု၏

ရှိနေသည် မဟုတ်ပေလော








—————-ပြီး