” ပညာချင်းပြိုင်မရဏနိုင် “(စ/ဆုံး)
Unicode Version
” ပညာချင်းပြိုင်မရဏနိုင် “(စ/ဆုံး)
————————————
သူ့နာမည်က “ဆရာစိုး”
အထက်လား၊ အောက်လား ဘာမှန်းတော့မသိပါ။
သို့သော် စွမ်းတာကဘော့ အတော့်ကို စွမ်းပါသည်။
အံ့ဩစရာကောင်း လောက်အောင် စွမ်းပါသည်။
ရွာထဲတွင် မကောင်းဆိုးဝါး အပမှီ
သူများဝင်၍ အပူ၊အကပ်ခံရသူများရှိ
လျှင်“ဆရာစိုး ကိုလာ၍ ပင့်ကြရသည်။
မြန်မာတိုင်းရင်းဆေးမီးတိုများကို
လည်းကိုင်တွယ်အသုံးပြုသလိုအင်္ဂလိပ်
ဆေး မတောက်တစ်ခေါက်ကိုလည်း
သုံးစွဲကုသ၏။ ဒေါက်တာရမ်းကုပေါ့။
များသောအားဖြင့် ပယောဂ အပမှီ
ဝေဒနာရှင်များကို အဓိကထား၍ ကုသ
သောကြောင့် “ကျွန်း”ထဲတစ်ဝိုက်ရှိ ရွာ
များတွင် ဆရာစို၊ နာမည်ကြီး၏။ စုန်း
တိုက်၊ နတ်တိုက်နိုင်လှသည်။ သို့သော်လည်း
ကြားဖူးနားဝရှိ သောစကားအရ မြွေအလိမ္မာယ်ဆရာ
သည်မြွေနှင့်ပင်သေဆုံးရသလို..ဆရာစိုးသည်လည်း.
“ဆရာ ဆရာ”
အိမ်ရှေ့မှ ခေါ်သံကြား၍ ဆရာစိုးသည်-
“ဟေ… ဘယ်သူလဲကွ၊လာလေ
လှမ်းခေါ်လိုက်၏၊ ဝင်လာသူမှာ
သူ၏တပည့်ဖိုးကြည်ဖြစ်သည်၊ဖိုးကြည်
သည်ဆရာစိုးအနီးသို့ဝင်ထိုင်ရင်းနဖူးမှ
ချွေးများကို သုတ်လိုက်သည်။
ဆရာစိုးကတပည့်ဖြစ်သူကိုကြည့်၍
“ဘာဖြစ်လာတာလဲကွ၊ မင်းကြည့် ရာမောကြီးပန်းကြီးနဲ့”
“ပျဉ်းမညိုရွာကပြန်လာတာဆရာ၊
ဟိုမှာအရီးလေးနေမကောင်းဘူးလို့
သတင်းကြားတာနဲ့ ခဏသွားတွေ့တာပါ”
“အင်း…အရရော နေကောင်းသွားပြီလား”
“မကောင်းသေးပါဘူးဆရာ”
“အေး-လူကြီးတွေဖြစ်ရင် တော် တော်နဲ့
မပျောက်တတ်ကြဘူး။ ဒီလိုပါပဲ
နောက်တော့လည်းသက်သာသွားမှာပါ။
ဒါနဲ့ ဘာရောဂါလဲကွ”
“အဲဒါ စက်တာပဲဆရာ ဘာရောဂါ
မှန်းမသိလို့ ဆရာ့ဆီကို အပြေးလာခဲ့တာပဲ၊
ကူညီပါဦးဆရာရယ်”
ဖို့းကြည်က ဆရာစိုးကို အားကိုး
တကြီးဖြင့် အကူအညီ တောင်၊နေသည်။
“နေဦး.. မင်းကိုအစီအရင်တစ်ခု
တော့လုပ်ပေးလိုက်မယ်။ အဲဒါနဲ့ အရင်
စမ်းကြည့်လိုက်၊ တစ်ခုခုထူးခြားရင်
ငါ့ ကိုလာခေါ်လှည့်ဆရာရှိ၊သည်လက်ဝါးခန့်ရှိသော
စာရွက်ပေါ်တွင် အင်းကွက်တစ်ခုရေး၍
ပေးလိုက်လေသည်။
ဖိုးကြည်က၎င်းစာရွက်ကို သေချာခေါက်၍
“ဒီဟာနဲ့ ကျွန်တော်က ဘာလုပ်ရမှာလဲ ဆရာ”
ဆရာစိုးကကွမ်းအစ်ကိုယူ၍ကွမ်းယာရင်း
“ကြေးဖလားထဲထည့် ရေစိမ်ပြီး
လူနာကို တစ်ကိုယ်လုံးသာဖြန်းလိုက်၊
ပယောဂဆိုရင် သိသာလိမ့်မယ်၊
ရိုးရို၊ ရောဂါဆိုရင်တော့ ဘာမှမထူးဘူး”
ဟု ပြောလိုက်၏။ ဖိုးကြည်သည်
ဆရာစိုးပြောသောစကားများကိုသေချာ
မှတ်သား၍ ကျေးဇူးတင်ကြောင်း
ပြောကာပြန်သွားလေတော့သည်၊
ဆရာစိုးသည်ကား ဤနယ်တစ် ဝိုက်တွင်
မသိသူမရှိသလောက်ပင် လူနာနှင့်ပတ်သက်၍
မည်သည့်အခါမျှ အခကြေးငွေမပြော၊ ပျောက်ကင်းသွား
ကြသော လူနာရှင်များ ကန်တော့သလောက်သာယူ၏။
တစ်ပြားမှမပေးလည်းအကူအညီ တောင်းလျှင်
ဆေးကုပေးသည်။ လူနာ ရှင်များ ဆင်းရဲလွန်းလျှင်
သူက ပိုက်ဆံ ပြန်ပေးခဲ့သေး၏။ သဘောကောင်း
သောဆရာဂိုးကိုကျွန်းထဲတစ်ဝိုက်တွင်
ရှိကြသော ရွာများမှ လေးစားကြသည်။
အားကိုးကြလေသည်။ ရှေးရိုးစွဲသော
ကျေးရွာတွေမှာ သားဖွားဆရာမ၊
ကျန်း မာရေးမှူးဆိုတာ ဟန်ပြသဘောသာ
ထင်မှတ်ထားကြလေသည်။
တစ်ခုပြောချင်တာက ဆရာစိုးမှာ
မိန်းမရှုပ်ချင်၊ ပွေ့ချင်သော အားနည်း
ချက်ရှိနေ၏။ သူတစ်ပါးသားမယား ပြစ်
မှားတာလည်းမဟုတ်၊ အလိုမတူဘဲ
စော်ကားရမ်းကားတာလည်းမဟုတ်ပါ၊
မိန်းကလေးငယ်ငယ်ချောချောမြင်လျှင်
စချင်နောက်ချင်သည်။ ပိုးပန်းချင်သည်။
ပိုးကြေးပန်းကြေးကြောင့်ကုန်မှာခန်းမှာ
လည်း မနှမြောတတ်ပေ။
အသက် ၃ဝ ကျော်လေးဆိုတော့
အရွယ်ကောင်းပင် မဟုတ်ပါလား။ ဒီ
အသက်အရွယ်ကာလအတွင်းမှာပင်
တရားဝင်မိန်းမယူခဲ့တာ၆ယောက်မျှပင်၊
သို့သော်တစ်ယောက်မှ မမြဲ။အကုန်ကွဲ
သွားတာချည်းပင် ဖြစ်၏။
ဒီတော့ တချို့လူတွေက ဆရာစို့၊
ကွယ်ရာမှာဆိုရင် ဆရာစိုးလို့ မခေါ်ပါ၊
“တဏှာစိုး” ဟု နောက်ပြောင်၍ ခေါ်ကြလေသည်။
“ဒီနေ့တောင်ပိုင်းကဖုတ်ဝင်နေတဲ့
ဦးမိုးစိန်ကို ဗုတ်ထုတ်ပေးရဦးမှာပဲ၊
တော်သေးတယ်၊ မေ့တော့မလို့”
ဆရာစိုးတစ်ကိုယ်တည်းရေရွတ်
လျက် ဆေးလွယ်အိတ်ကိုလွယ်ပြီးအိမ်
ပေါ်မှ ဆင်းခဲ့လေတော့သည်။
လမ်းတွင် လျှောက်လာရင်း စိတ်ထဲမှ
“ဦးဖိုးစိန်ရဲ့သမီးအကြီးမ မူမူစိန်က
တော်တော်လှသားပဲ။ တောင့်လည်း
တောင့်ဖြောင့်လည်းဖြောင့်ဟင်း..ဟင်း
မင်းကြိုက်စိုးကြိုက်ဆိုတာ ဒါမျိုးရှိမှာ
အဲ -မင်းမကြိုက်တာတော့ မသိဘူ။
ဆရာစိုးတော့ ကြိုက်နေပြီ..”
ဆရာစိုးကတော့တစ်ကိုယ်တည်း
အတွေးတွေနှင့်မျက်နှာကပြုံးလို့ရွှင်လို့ပါလား။
ဦးဖိုးစိန်၏ နာရေးအသုဘချသောနေ့
သမီးချောတွေ ၃- ယောက်တောင်
မွေးထားတာဆိုတော့ ရွာထဲရှိ လူငယ်
တွေ တစ်ယောက်မကျန် ဝိုင်းကူကြ
သဖြင့် အင်မတန် စည်ကားလှပေသည်။
ထိုအများထဲတွင် ဆရာစိုးက ထိပ်
ဆုံးကပင်၊ ဝမ်းနည်းပူဆွေးနေသော
မှုပူစိန်အနားကမစွာနိုင်ဘဲလိုလေသေး
မရှိအောင်ရေပူရေချမ်းကပ်လျက်ရှိနေ၏။
လူငယ်ကာလသားတွေကအရပ်၊
ချင်းမို့ သဘောပေါက်ကြသည်။နောက်
ပြီးဆရာစိုးအစွမ်းကိုလည်းကြောက်ကြ ရ၍ ရှောင်ကြလေသည်။
သာကပို့ဆောင်ပြီးလို့သင်္ချိုင်းထဲ
မှာ မြေတောင်မြှုပ်ပြီးနေပြီ။ ဆရာစိုးက
မပြန်သေးဘဲ တဝဲလည်လည်ရှိနေရာ မူမူစိန်က –
“ဦးစိုး ပြန်ရင်ပြန်တော့လေ၊ ဒီမှာ
တစ်နေကုန်ကြီးနေပေးတာ အားနာစရာ
“သေဟ”စိတ်ထဲမှပြောလိုက်မိ
သည်။ဦးစိုး.၊ဒီကောင်မလေးနှယ်ဟု တွေးရင်းပူပူစိန်ကိုပြုံးပြ၍ –
“ရပါတယ် ကိုယ့်တစ်ရွာတည်းသားတွေပဲ၊
အစ်ကိုကြီးကအိမ်မှာလည်းအားနေတာပဲ”
မှုမှုစိန်က ဘာမှမပြောတော့ဘဲ ဧည့်သည်များအတွက်
ရေနွေးပွဲများကို လိုက်လံ၍ ဖြည့်ပေ။နေသည်။
ထိုစဉ်အိမ်ပေါ်သို့ ဖိုးကြည် ရောက် လာပြီ။
ဆရာစိုးအနားသို့ကပ်ကာ- “ဆရာ… ဒီမှာရှိတယ်ဆိုလို့”
ဆရာပိုးကရေနွေးသောက်လျက်
“အေ.. ဘာကိစ္စရှိလို့လဲကွ ဖိုးကြည်ရ
ဖိုးကြည်က ဘေးပတ်ဝန်းကျင်ကိုကြည့်၍ –
“ဒီမှာက လူမျာ၊တော့ပြောရတာ
အဆင်မပြေဘူးဆရာ၊ အိမ်ကိုသွားရအောင်
ဆရာစိုးက ဗိုးကြည်အနေအထား
ကြည့်၍ အရေးကြီ၊ကိစ္စ ရှိနေမှန်း သိ
လိုက်သည်။ ထို့ကြောင့် နာရေးအိမ်ရှင် များကို
နှုတ်ဆက်ပြီး နှစ်ယောက်သား ထွက်ခဲ့ကြလေတော့သည်။
ဆရာစို၊အိမ်ရောက်တော့ဖိုးကြည်-
“ဆရာ.. လိုက်မှဖြစ်မှာ အခြေ
အနေအတော့်ကို ဆိုးနေပြီ” အရင်းအဖျားမရှိ ဖိုးကြည်စကား
ကြောင့် ဆရာစိုးက
“သေချာလည်း ရှင်းရှင်းလင်းလင်း
ပြောစမ်းပါကွာ၊ ငါက ဘယ်ကိုလိုက်ရမှာလဲ”
“ပျဉ်းမညို ရွာကို လိုက်ခဲ့ပါဆရာ၊
ကျွန်တော့်အရီးလေးက ပယောဂဖြစ်နေ
တာသေချာတယ်။ ဆရာစိုင်းတဲ့အတိုင်း
ကျွန်တော်လည်းလုပ်လိုက်ရော ကြမ်း
ဘော့တာပဲ၊ အခုတော့ အခန်းထဲမှာ
သော့ခတ်ပြီးထားရတယ်ဆရာ”
ဆရာစိုးက အနည်းငယ်စဉ်းစားလိုက်ပြီး
“ဒါဆိုရင်တော့ လူပြုစားထားတာ
သေချာပြီပေါ့၊ အေ.အေ၊ ငါ လိုက်ခဲ့
“အခုချိန်သွားရင်ဟိုကိုနေမဝင်ခင်
တော့ ရောက်တယ်။ ဆရာ ကျွန်တော့်
မှာလည်းပါတယ်”
ဤသို့ဖြင့် ဆရာစိုးတို့ဆရာတပည့် နှစ်ယောက်သည်
နွားလှည်းဖြင့် ပျဉ်းမ ညိုရွာဆီသို့ထွက်ခဲ့လေတော့သည်။
မနေ့ညက ခရီးပန်းပြီးအချိန်မရှိမှ
ရောက်သောကြောင့် ဆရာစိုးတို့သည်
ရေမိုးချိုး၍ စားသောက်ကာအိမ်ရာဝင်
စောသဖြင့် ဒီနေ့တော့ စောစောပင်နို၊နေကြလေ၏။
နံနက်စာ ထမင်၊ကြမ်းနှင့် အမဲ ခြောက်ဖုတ်
ကိုစားသောက်ပြီးသည်နှင့် လူနာကုသရန် ပြင်လေ၏။
နာမည်ကြီးသောဆရာစိုးကို မမြင်
ဖူးကြ၍ လာကြည့်သူများရှိသလို လူနာ
ကုသပုံကို စိတ်ဝင်စား၍ လာကြသူများ လည်း ရှိကြလေသည်၊
ဆရာစိုးက တပည့်ဖြစ်သူကို ကန်
တော့ပွဲအပြင်ခိုင်းထားပြီးဖြစ်၍ အဖြူ၊
ပုဆိုးအညိုကို ဝတ်ဆင်ပြီး ပွဲရှေ့အင်္ကျီ
တွင် ဟိတ်ဟန်အပြည့် ရှိနေ၏။ စက
အကြာတွင်အိမ်သားများကိုလူနာအား
အခန်းတွင် အပြင်ထုတ်ရန် ပြောလိုက်သည်။
လာရောက်ကြည့်ရှုနေကြသော
ပရိတ်သတ်များကလည်းစိတ်ဝင်တစား ရှိနေကြ၏။
ဆရာစိုးက ဟန်ပါပါဖြင့်- “ကဲ- မဆိုင်တဲ့သူတွေ
နောက်ကို နည်းနည်းဆုတ်ကြ”
လူတချို့ နောက်သို့ အနည်းငယ်ဆုတ်သွားသည်။
“ဟိတ်.. ငါ့ကိုမခေါ်နဲ့ လွှတ်စမ်း၊အခုလွှတ်”
ဆိုးဆိုးဝါးဝါးအော်ဟစ်သံနှင့်အတူ
မိန်းမကြီးတစ်ယောက် အော်ဟစ်ရုန်း ကန်၍ ဖိုးကြည်တို့
ဆွဲခေါ်လာရာသို့ ဒရွတ်တိုက်ပါလာသည်။
အသက်အား ဖြင့် ၅၀ ဝန်းကျင်ခန့် ရှိမည်ထင်၏။
ဆံပင် ဖရိုဖရဲ၊အပေါ်အင်္ကျီကြယ် သီးပြုတ်လျက်နှင့်
ရှမ်းဘောင်းဘ်ကို ဝတ်ဆင်၍ ခါးတွင်
ကြိုးဖြင့် ချည်ထားရ သည်။ ၄င်၊မိန်းမကြီ၊သည်ကား။
ဖ်ုးကြည်၏အဒေါ်ဖြစ်သူ ဒေါ်ငြိမ်းပင် ဖြစ်လေသည်။
လာရောက်ကြည့်ရှုကြသော ပရိ သတ်များထဲမှ –
“ဟဲ့… အဲဒါစုန်းပြုစားခံထားရတာ
တဲ့၊ကြောက်စရာကြီးနော်” တစ်ယောက်ကလည်း
– “စုနိုးပြုားကားဟုတ်လောက်
ဘူး၊ ရွာသူဖမ်းစားထားတာဧမှာ”
ထင်မြင်ချက်များက အမျိုးမျိုးပင်ရှိနေကြ၏။
ဆရာစိုးက ရှေ့တွင်ရှိနေသောဒေါ်
ငြိမ်အား လေသံမှန်မှန်ဖြင့် လိုကိ”
“ဦးဦး ဘုရားကိုဦးချ
ဒေါ်ငြိမ်းကရာစိုးကို မျက်စောင်း
ကိုး၍ကြည့်နေ၏။ မျက်လုံးများက
နီရဲ နေပြီး မလှုပ်မယှက်ရှိနေ၏။
“ဟိတ် -ဦးချကန်တော့မလ ဘာ
ပေကတ်ကတ်လုပ်နေတာလဲ၊ ဟု ဦးချ ပြီးကန်တော့စမ်း”
မလှုပ်ပါ။ဒေါ်ငြိမ်းသည် ဆရာဆိုးကို
အစိမ်းလိုက် ဝါးစားမတတ်ကြည့်နေပြီး
လည်ချောင်းကွဲသံကြီးဖြင့် –
“နင်ငါ့ကိုဘာမှလုပ်လို့မရဘူးဟဲ့၊ဆရာထုတ်”
“ဟယ်… ဆရာတောင်မကြောက်ဘူးတော့၊ အံ့ရော
ပရိသတ်ထဲမှတီးတိုးသံများထပ်မံ
ထွက်ပေါ်လာပြန်သည်။ဆရာစိုးသိက္ခာ
တော့အကျပခံ၊ အပွဲပွဲနွှဲလာတာပဲတွေ့ ကြပြီပေါ့ဟုတွေးရင်း-
“အောင်မယ်-ငါ့ကိုများ ဆရာစုတ် တဲ့လား။
နင့်ပညာလောက်နဲ့လာစမ်၊နေ
သေးတယ်၊ကောင်မလူ့ဘဝမှာရောက်
တုန်းကောင်းကောင်းမနေဘဲသူတစ်ပါး
ကို နှောင့်ယှက်ချင်သေးတယ် ကဲ…ဟာ”
“အင့်…အမေ့
ဆရာစိုးကလက်ထဲတွင်တုတ်ကိုင်
ထားသလိုဖြင့် ရိုက်လိုက်သည်နှင့်
ဒေါ်ငြိမ်းမှာ နာကျင်စွာထွန့်ထွန့်လူးနေတော့၏။
မြင်ရသောပရိသတ်များမှာ အံ့ဩ
လွန်း၍ နှစ်သက်စွာရှိနေကြ၏။
“နင်ဘယ်သူလဲ၊အများသိအောင်ပြောစမ်း”
ဒေါ်ငြိမ်းက မပြောပေ။
“ကဲ…ဟာ…ကဲဟာ၊ ပြောစမ်း”
“မပြောဘူ၊ဟေ့… မပြောဘူ၊” ဆရာစိုးက မေး၍ရိုက်လေ၊
ဒေါ် ငြိမ်းက အံကြိတ်ခံရင်း ခေါင်းမာလပင် ရှိနေ၏။
ဒေါ်ငြိမ်။အသားကို ရိုက်ဟန်ပြု ရုံဖြင့်
ဒေါ်ငြိမ်ခမျာမှာ ချွေးသံတရွှဲရွှဲနှင့်
တဆတ်ဆတ်တုန်ကာ ဆရာစိုးရှေ့ဖျာ
ပေါ်တွင်နာကျင်စွာလူးလိမ့်နေ၏။ဆရာ
စို၊သည် အိတ်ထဲမှ ပုတီ၊ကိုထုတ်၍
ဒေါ်ငြိမ်းအား စွပ်ပေးလိုက်ပြီး-
“နင့်ကို ငါချုပ်ထားလိုက်ပြီ၊
ငါမေး တာကိုမဖြေရင်နှင့်ကို ငါ သတ်ပစ်မယ်
ကြားလား”ဒေါ်ငြိမ်းကခေါင်းညိတ်၏။
“နင့်နာမည်ကိုတော့ အများရှေ့မှာ မမေးတော့ပါဘူး။
နင် သူများကို ဘာလို့ အခုလို ဒုက္ခပေါရတာလဲ”
“သူ့ယာခင်းထဲက ဘူးညွန့်ခူးချင်
လို့တောင်းတာ မပေးလို့လုပ်တာ”
“ဟုတ်ပအေ… ဒါလေ။မရတာနဲ့များ
တစ်ယောက်တစ်ပေါက် စကားသံ
များ ထွက်လာပြန်သည်။ ဆရာပို၊ကချောင်းဟန့်၍
“သူများပစ္စည်း တောင်းမရတာနဲ့
ဒီလောက်အထိလုပ်တာ နင်လွန်တာ
ပေါ့။ ကဲ – နင်နဲ့စကားပြောဖို့ အချိန်မရ ဘူး။
နင်လုပ်တာတွေပြန်သိမ်း”
“မသိမ်းနိုင်ဘူး”
“ဘာလို့မသိမ်၊နိုင်ရမှာလဲ..အခု
ဒေါ်ငြိမ်းမှာ ရုတ်တရက်ဆိုသလို အသက် ၂ဝ ဝန်းကျင် ကောင်မလေး၏
ပုံစံမျိုးပြောင်းသွားကာလေသံကလည်း ချွဲနွဲ့နေပြီး
မူယာမာယာများနေ၏၊ “အခုတော့ မသိမ်းချင်သေးဘူး၊
နောက်နေ့မှ သိမ်းပေးမယ်” “တောက်..
ငါ့ကိုရေးဆပ်နေသေး း-နင်မသိမ်းလို့ရှိရင်
နင့်ကို လူအများသိအောင်ဖော်ထုတ်ပြီးခေါင်း
ကို လေးကွက်ကျားရိုက်ပစ်မယ်၊ ဘယ်
လိုလဲ၊ ငါ့အစောင့်အရှောက်တွေကို နင်နိုင်ပါ့မလား”
ထိုအခါ ဒေါ်ငြိမ်းက အသနားခံ
သောအမူအရာဖြင့်-
“အဲဒီလိုတော့ ရက်ရက်စက်စက်
မလုပ်ပါနဲ့တဲ့၊ လုပ်သာလုပ်လိုက်ပါဆရာ”
“ဟုတ်တယ်…ဟုတ်တယ်၊ ဒါမှ ရွာထဲက
စုန်းမကိုလူတိုင်းသိပြီး တစ်ခုရှ ဖြစ်ရင် သူ့ကိုပြန်လုပ်လို့ ရမှာ” “တော်တော်လူပါးဝတဲ့ စုန်းမ…
ဘူးညွှန့်လေးမရတာနဲ့ သူများကို
မတရားလုပ်ပြီး ကိုယ့် ကတော့ မှ တောင်းပန်နေတယ်၊
သိလို့ကတော့ လူရောအိမ်ရာမီးနဲ့ကိုရှို့ပစ်မယ်”
ရွာသူရွာသားများမှာ မခံချင်စိတ် ဖြင့်
ဒေါသထွက်နေကြကာတစ်ယောက်
တစ်မျိုး ပြောဆိုနေကြလေသည်။
ရွာ သားတစ်ယောက်ကစိတ်မရှည်ဟန်ဖြင့်
ရိုက်မည်တကဲကဲဖြစ်နေ၍ ဘေးမှ ဝိုင်းတားနေကြရသည်။
ဆရာစိုးက ရေတစ်ခွက်စပ်၍ မန်းမှုတ်လိုက်ပြီး –
“ကဲ..ရော့ – ဒီရေသောက်လိုက်၊
ရောဂါတွေပါတစ်ခါတည်းယူပြီးထွက်
တော့၊ ထွက်တော့…ထွက်တော့၊ သွား သွား..
မြန်မြန်လုပ်၊ မြန်မြန်လုပ်၊ အေ၊ ဟုတ်ပြီ၊ ဦးချဦးလေ၊
ကန်တော့လိုက်၊ အေး-အေး- ဟုတ်ပြီ”
ဒေါ်ငြိမ်းမှာ ဆရာပိုးပြောသည့်
အတိုင်း ခိုင်းစေသည့်အတိုင်း လိုက်နာ၍
တဖြည်းဖြည်းခွင့် ငြိမ်သက်သွားကာ လဲကျ၍ သွားလေတော့သည်။
ဆရာစိုးက လူနာရှင်များကို
“ကဲ… သူအိပ်ပျော်သွာ၊ပြီ၊ တော် တော်လေးလည်း
ပင်ပန်းသွားရှာတာ ကိုး၊ အိပ်ရာထဲရွှေ့ပြီး သိပ်ထားလိုက်ပါ။
နိုးလာရင်အကောင်းပကတိ ဖြစ်သွား ပါပြီ။အော်- ဒါနဲ့အားလုံးကိုပြောထားရ ဦးမယ်၊
သူ့ဆီက ဘူးရွက်တောင်းတဲ့သူ
ဘယ်သူပဲဖြစ်ဖြစ်ဘာမှထပ်ပြီးပြဿနာ
မရှာကြပါနဲ့၊ သူ့စည်။ ကိုယ့်စည်း စောင့်
ထိန်းကြပါ၊ ပညာသည်ဆိုတာ လက်
ဆုပ်လက်ကိုင်ပြဖို့ သက်သေမရှိတဲ့
အတွက် သူတို့ကို ဥပဒေက အရေးယူ
လို့မရဘူး။ ခင်ဗျားတို့ စိတ်လိုက်မာန်ပါ
ကိုယ်ထိလက်ရောက်ရိုက်နက်လိုက်တဲ့
သူဟာ မခံနိုင်လို့ အမှုဖွင့် ခင်ဗျားတို့
ခံရမယ်၊ ဒါကြောင့် – ဘာမှမလုပ်ကြပါနဲ့”
ဆရာစိုးက ရှည်လျားစွာ ရှင်းပြ
လိုက်တော့နားထောင်သူတွေလည်း
ဒေါသမီးလျှံတွေ ရပ်တန့်သွားကြလေ တော့သည်။
တစ်ယောက်က-
“ဒါဆိုရင် ကျုပ်တို့က သူလုပ်ရင်
ဒီလိုပဲခံနေရတော့မှာပေါ့
“ဒါကတော့ဗျာ- ရွာထဲမှာ ဘယ်သူ နဲ့မဆို
သင့်မြတ်အောင်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
အထူးသဖြင့် ကိုယ့်စိတ်က မသင်္ကာတဲ့သူကို ရှောင်ပေါ့ဗျာ”
“ရှောင်လို့မရရင်ရော… ဘယ်လို
လုပ်ရမလဲ ဆရာ၊ သူတို့က ပညာသည်ဆိုတော့”
ထိုလူက စကားကိုပြောရင်း ရပ်သွားလေသည်။
“ကာကွယ်ဖို့နည်းလမ်းကတော့ရှိပါတယ်”
လူအမျာ၊ စိတ်ဝင်စားသွားလေသည်။
“ကျွန်တော့်ဆီမှာအဆောင်လက်
စီရင်ထားတဲ့ အဆောင်တွေပဲ၊ ဒါလေ၊
ဘွဲ့တွေပါလာတယ်။ ဒါတွေကကျွန်တော်
တွေဆောင်ထားရင် ဘယ်စုန်းကဝေမှ
မပြုစားနိုင်တော့သလို ဘယ်မကောင်း
ဆိုးဝါးမှမပူးကပ်နိုင်တော့ပါဘူး။ စိတ်ချ်”
ဆရာစိုးသည်ပြောရင်းလွယ်အိတ် ထဲရှိ
သံသေတ္တာဘူးလေးထဲမှ လက်ဖွဲ့ ကြိုးလေးများကိုထုတ်ယူလိုက်သည်။
ဆရာစိုးသည် ပြောရင်၊ လွယ် အိတ်ထဲရှိ
သံသေတ္တာဘူးလေးထဲမှ လက်ဖွဲ့ကြိုးလေးများကို ထုတ်ယူလိုက်သည်။
“ဆရာ….အဲဒါလေးတွေက ရောင်း မှာမဟုတ်လာ။
ကျုပ် ဝယ်ချင်လို့ပါ”
“ကျွန်မကိုလည်း တစ်ခုရောင်းပါ”
“တို့အိမ်ကမိသားစုရှစ်ယောက်ဆိုတော့ရှပ်ရယူမှ”
ဆရာစိုးတော့ အကွက်တွေ့သွာ၊ပေပြီ
“အင်း- ဒါလေးတွေက သိပ်တော့
များများစားစားမပါဘူး၊တစ်ခုကိုပစ္စည်း
စီရင်ခံ နှစ်ထောင်ပဲယူတာပါ၊ ဒီငွေ လောက်နဲ့ ကိုယ့်အတွက် မမြင်နိုင်တဲ့
အန္တရာယ်ကိုကာကွယ်နိုင်တာပေါ့”
စကားပင် မဆုံသေးပါ။ ယုံကြည်
သူများက ဇွတ်အတင်းတိုးဝှေ့၍ဝယ်ယူ
ကြရာ လောက်ပင် မလောက်ငချေ၊
ဆရာစိုးက
“မရသေးတဲ့သူတွေရှိသေးလည်း နောက်တစ်ခေါက်ကို
ယူလာခဲ့ပါ့မယ်၊ စိတ်မပူပါနဲ့ အားလုံး ရရပါမယ်”
ဆရာစိုးတပည့်ဖိုးကြည်ကတပည့်
ကောင်း ပီသပါပေသည်။
“မှော်၊ စုန်း၊ ကဝေ၊ ဇော်ဂနီ၊ ဇော် ဂနက်၊ မောက်လုံး၊
မောက်ပြား၊ ဖုတ်၊ ပြိတ္တာ၊တစ္ဆေ၊
မြေဖုတ်ဘီလူးအထူးထူး သော လောကသားတွေနဲ့ ဘိလူ၊
သဘက်တို့ မပူးရှက်ထွက်ခွာခြင်း
စကြာဝဠာအပြင် တိမ်းရှောင်စေတဲ့ အစွမ်း
ထက်မန္တန်တွေနဲ့စီရင်ထားလို့အန္တရာယ်ကင်း
ဘေးရှင်၊တယ်နော်၊ ဆောင်ထာ၊ ရင်မမှားဘူ။
ယောက်ျားလေးတွေညာ ဘက်လက်မှာပတ်၊
မိန်းကလေးတွေဆို ရင် လည်မှာဆွဲထားပါ။
မီးနေခန်းနဲ့ သင်္ချိုင်း နာရေးအိမ်တို့ကို သွားရင် ချွတ် သွားပါ။
အော်… ဟုတ်ပြီ၊ မရသေးတဲ့သူ တွေကို နောက်ပြီးမှ စာရင်းကောက်
ထားလိုက်မယ်။စိတ်ရ-အားလုံးအဆင်ပြေစေရမယ်”
တော်လိုက်တဲ့ တပည့်ဆရာ အာ
ပတ်လွတ်အောင်တော်ကာ ရွှန်းရွှန်းကို ဝေလို့၊
ဖိုးကြည်ပုဆိုးထဲတွင်ငွေတွေမှ ပလူပျံလို့ပင် နေ၏။
ဒါကြောင့် ဆရာစိုးက ဒီလိုဝေဒနာ
ရှင်တွေအပေါ်ကငွေကြေးကိုမမက်မော
ခြင်းပင်ဖြစ်၏။ မိမိပညာအစွမ်းနှင့် လုပ်
ပြလိုက်သည်နှင့် ငွေက အလျှံပယ်ဝင်
ပြီးသားမဟုတ်လား။
ကျွန်းထဲတစ်လျှောက် ဆရာစိုး၏ အစွမ်းကြီးမှုသည်
ချက်ချင်း နာမည်ကြီး သွားရကာ အဆောင်လက်ဖွဲ့တွေကို ဝိုင်း၍ မှာနေကြတော့သည်။
ဤသို့ဖြင့်ဆရာစိုးတို့ဆရာတပည့် နှစ်ယောက်သည်
ပျဉ်းမညို”ရွာမှနေ၍ နီးစပ်ရွာရွာများသို့
လူနာများ လိုက်လံ ကုသရင်းအဆင်ပြေနေကြသည်။
အရွယ်ကောင်းသောဆရာတပည့်
တွေမို့ မျက်နှာလည်း ပွင့်ပါဘိ၊ မိန်၊ ကလေးများနှင့်
ခင်မင်ရင်းနှီးစွာ ရှိလာ ကြသလို ရန်ဘက်လည်း များလာနဲ့သည်။
ဤသည်ကိုဆရာစိုးတို့နှစ်ယောက် သတိမမူမိဘဲ ဘာသိဘာသာပဲ ပျော်
သလိုနေခဲ့ကြလေသည်။ သည်လိုနှင့် တစ်နေ့သောအခါတွင်-
“ကျေးဇူးတင်ပါတယ်ဆရာ၊ ဒါ ဆရာအတွက်ကန်တော့တာပါ”
လူနာရှင်က ငွေတွေအထပ်လိုက် ကို ဆရာစိုးရှေ့သို့ ရပ၊ရင်း
ကျေးဇူး တင်စကား ဆိုလေသည်။
ဆရာစိုးတို့ မျက်လုံးများက အရောင်တလက်
လက် ထသွားလေသည်။ သို့ သော်
အရေးမကြီးဟန်ဖြင့် – “ဟာ….ကိစ္စမရှိပါဘူးဗျာ-အားနာ
စရာ…ဟင်း…ဟင်း”
ပြောသာပြောနေရတာ ဖိုးကြည် ဒိကောင်
အ.ရန်ကော”ဟု ကြိမ်းနေမိ သည်။
အကင်းပါးသောဖိုးကြည် ကလည်း မြန်ပါသည်။ ခပ်တည်တည်ပဲ
ငွေကို ကောက်သိမ်းထားလိုက်၏။
ထို့ နောက်ဆရာတပည့်နှစ်ယောက်ကံသစ် ရွာမှထွက်ခဲ့လေတော့သည်။
အိမ်မှ ထွက်လာသည်နှင့် လမ်း၌
ငိုကြည်က-
“ဆရာတို့များ ငွေရှာရတာ လွယ်
လိုက်တာ ဘယ်နေရာကို ဘာအသား သွားကျွေးလိုက်ဆိုတာနဲ့ ငွေက ရပြီ၊
“အံမယ် – ဇိုးကြည်ရယ် အဲဒီလို
ပြောတာလည်းလွယ်တယ်များမှတ်နေသလား
ဖိုးကြည်က ရယ်ကျဲကျဲဖြင့် – “ဟဲ….. သိဘူးလေဆရာရယ်၊
ဒီလိုပဲ ပါးစပ်ရှိတာတွေ လျှောက်ပြောတယ်ထင်လို့”
“ရမ်းပြောလို့ ဘယ်ဖြစ်မလဲကွာ၊
လူနာကိုသေချာစစ်ဆေးပြီးအစိမ်းလား၊
အကျက်လားဆိုတာ သိအောင်အရင်ခွဲရတယ်ကွ၊
အစိမ်းဆိုရင် မကောင်းဆို၊
ဝါး၊အကျက်ဆိုရင်တော့အရှင်သခင်
တွေပေါ့။ ဒါကလည်း လေ့လာသင်ယူ
ခဲ့တဲ့ ငါရဲ့ ပညာအစွမ်၊လေ၊ မင်၊ နာ၊ မလည်ရင် စွတ်မပြောနဲ့”
ဆရာစိုးက ခပ်ဆတ်ဆတ်ငေါက် လိုက်တော့
ဖိုးကြည် ငြိမ်ကျသွားလေ သည်။
ရွာအပြင်သို့ ကိုက် ၁ဝဝ ခန့် ရောက်ခါမှ ဖိုးကြည်က-
“ဆရာ ကျွန်တော် ရေဆာလို့ ရေသောက်သွားလိုက်ဦးမယ်”
“အေး…အေး မင်းကတော့လုပ်ပြီ၊
ဒါဆိုလည်း နီးနီးနားနား ရွာတံခါးနားက
အိမ်မှာပဲ တောင်းသောက်ပြီး မြန်မြန်ပြန်ခဲ့သွား..သွား”
ဆရာစိုး စကားဆုံးသည်နှင့် ဖိုး ကြည်သည်
ရွာထဲသို့ ပြန်ဝင်သွားလေ သည်။ စိုးကြည်ကိုစောင့်ရင်၊ ဆရာစို၊
သည် သစ်ပင်ရိပ်အောက်တွင် ထိုင်၍
နားနေလိုက်၏။ နာရီဝက်ခန့်ကြာသည်
အထိ ဗိုးကြည် ပြန်မလာသေးသော ကြောင့်
ဆရာစိုးအနည်းငယ် စိတ်တို့စပြုလာသည်။
“တောက်.. ဒီကောင် အခုထိ ပြန် မလာဒသဘူ။
ဟိုဘက်ရွာကိုဆက်သွား ရဦးမှာ သိရဲ့နဲ့၊ ဘာလုပ်နေပါလိမ့်” ဟုတစ်ယောက်တည်းရေရွတ်ရင်း
ဆက်၍ စောင့်နေလိုက်သည်။
ခဏကြာတော့ ပိုးကြည် ပြန်ရောက်လာ၏။
မျက်နှာနှင့်တစ်ကိုယ်လုံးမှာလည်းချွေး
တွေက ရွှဲနစ်နေ၏။ မျက်နှာက
မအိမလည်ဖြစ်နေ၍ ဆရာစိုးက ကွမ်းယာရင်း –
“မင်းမျက်နှာက ဘာဖြစ်လာတာ လဲ၊
သွားတာ ဒီလောက်တောင် ကြာရ သလားကွ၊
ခရီးဆက်ရမယ်မှန်းသိရဲ့
သားနဲ့၊ ရေတစ်ခွက်သောက်တာတစ်
ဝါတောင် ဆိုလောက်တယ်”
ဖိုးကြည်က မျက်နှာငယ်လေးဖြင့်
ဆရာဖြစ်သူကို ကြည့်၍ –
“ရေတစ်ခွက်သောက်တာလောက်
တော့ ဘယ်ကြာပါ့မလဲဆရာရယ်…ဟို”
“ပြောစမ်းပါဦ၊ ဘာဖြစ်လို့ ကြာနေတာတုံး”
ဆရာစိုးက စိတ်မရှည်သလို မေ၊လိုက်၏။
“ကျွန်တော်လည်၊ ရွာတံခါးအရှေ့
ဘက်ခြမ်းက ပျဉ်ထောင်အိမ်ကြီးထဲကို
ဝင်ပြီးရေတစ်ခွက်လောက်တိုက်ပါခင်
ဗျာ”လို့ တောင်းလိုက်တာအိမ်ရှင်
ကောင်မလေးကထွက်လာပြီးလာပါရှင်
အိမ်ထဲကိုဝင်ပါ ရေတိုက်ပါမယ်ဆိုလို့
ကျွန်တော်လည်း ဝင်သွားရော အိမ်
အောက်မှာ အပျိုလေးတွေ ၅ ယောက်
လောက် စုပြီး ရက်ကန်းရက်နေကြ
တာတွေ့တယ်ဆရာ”
“အင်း… ဒါနဲ့ပဲမင်းလည်းနာဘူးကျ
နေရာပြောပါတော့ ဟုတ်စ”
“သူတို့က ထိုင်ပါဦးမောင်ကြီး
ရယ်၊အမောပြေမုန့်တွေစားပါဦးဆိုလို့
ကျွန်တော်လည်းခဏဆိုပြီးထိုင်လိုက်တာ
အဲဒီမှာပြဿနာ စတော့တာပဲ” “အေး.. ပြောစမ်းပါဦး”
“ခဏလေးစကားပြောပြီး ပြန်မယ်
လို့ဆိုပြီး ထလိုက်တာထလို့မရဘူးဖြစ်
နေတယ်ဆရာ၊ ထမယ်လုပ်ရင်း ဖျာက
ပင်ကိုကပ်ပါနေလို့ ကျွန်တော့်မှာ ရှက်
ကလည်းရှက်၊ ဆရာဆူမှာလည်း
ကြောက်နေပြီး စိတ်ညစ်နေတာ၊ သူတို့
ကတော့ တဝါးဝါးတဟားဟားနဲ့ ရယ်
နေကြတာ၊ နောက်တော့မှ အိမ်ရှင်
အဒေါ်ကြီးရောက်လာပြီး ဒီကလေးမ
လ၊ဖတွေတော့ ခက်တော့တာပဲဆိုပြီး
ဆူလိုက်တယ်။ နောက်ပြီးတော့မှ ကျွန်
တော့်ကို ဆွဲထူပြီး“ကောင်လေးပြန်ချင်
ရင်ပြန်တော့လို့ပြောမှကျွန်တော့်တင်ပါး
ကဗျာကမကပ်တော့ဘဲလွတ်လာတာပါဆရာ”
ဆရာစိုးက တပည့်ဖြစ်သူစကား
ကိုနားထောင်ပြီးခေါင်းညိတ်၍
ကွမ်းအစ် ထဲမှထုံးဘူးကိုဖွင့်၍
စိုးကြည်ပါးစပ်ကို အနည်းငယ်တို့လိုက်ကာ-
“အေးအေး-ကဲ- ဖိုးကြည် မင်းကို
ရေတိုက်မုန့်ကျွေးတဲ့ကောင်မလေးတွေ
ကိုပြန်တော့မယ်ဆိုတဲ့အကြောင်း သွား
နှုတ်ဆက်လိုက်ပါဦး”
သို့ဖြင့် ဖိုးကြည်ကလည်း ဆရာစို၊
စကားအတိုင်း စောစောက ရေလောင်း
သောက်ခဲ့သောအိမ်ရှေ့သို့သွား၍ –
“ညီမလေးတို့ရေ’အစ်ကိုပြန်
တော့မှာမို့ ကျေးဇူးတင်စကားလာပြော
တာပါ၊ ရေတိုက်၊ မုန့်ကျွေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် – ပြန်လိုက်ပါဦးမယ်”
ဟုဆိုကာနောက်သို့လှည့်မကြည့်
တော့ဘဲထွက်လာခဲ့လေသည်။
“အို..ပြန်တော့မလို့လားမောင်ကြီး
ရဲ့ ကျွန်မတို့လည်း လိုက်မယ်လေ”
ပြောပြောဆိုဆိုနှင့်ပင် ကောင်မလေးမှာ
အိမ်ထဲမှထွက်လာကြပြီး ဖိုး ကြည်၏နောက်သို့
ကောက်ကောက်ပါ အောင်လိုက်သွားကြလေတော့၏။
ဖိုးကြည်တို့နှစ်ယောက်ရှေ့ကသွား
နေပြီး မိန်းမပျိုတစ်အုပ်က နောက်မှ
တန်းစီ၍ လိုက်သွားကြသည်ကို တွေ့
လိုက်ရသူများမှာဘာဖြစ်ကြတာပါလိမ့်
ဟူသောအတွေးဖြင့်အံ့ဩစွာကြည့်နေ
ကြလေသည်။
မိန်းမပျိုလေးများ၏နေအိမ်မှအမျိုး သမီးကြီးသည်
ဆရာစိုးတို့နောက်သို့ အပြေးအလွှားလိုက်၍ ဆရာပို။
အာ… “ဆရာရယ် – ကလေးတွေ့မှားတာ
တစ်ကြိမ်တစ်ခါတော့ခွင့်လွှတ်ပါ၊ သူတို့
တွေ ဆရာ့တပည့်မှန်းမသိလို့ အပျော်
သဘောနဲ့ စနောက်မိတာပါ၊ ကျွန်မ
တောင်းပန်ပါတယ်ရှင်”
“သူတို့က အပျော်စပေမယ့် ကျုပ်
တပည့်က အရှက်ကွဲရတာဗျ
“ဟုတ်ပါတယ်ဆရာရယ်၊ နောက် နောင်
ဒီလိုမဖြစ်စေရပါဘူး။ ဒီတစ်ခါ တော့ခွင့်လွှတ်ပေးပါနော်”စေနဲ့”
“နောက်တစ်ခါတော့ ဒါမျိုး မဖြစ်
ဟု ပြောကာ ဆရာစိုးသည် သူ၏
ပါးစပ်အတွင်းမှ ကွမ်းအနည်းငယ်ကို ထုပ်၍
ဖိုးကြည်ပါးစပ်ထဲသို့ ဝါးစေကာ
“ဟေ့ကောင်- သူတို့ကို အိမ်ပြန်ခိုင်းလိုက်တော့”
ဆရာစိုးစကားဆုံးတော့ ဖိုးကြည်
သည် မိန်းမပျိုများဘက်သို့ လှည့်၍
“ဟဲ့ ကောင်မလေးတွေ “ နင်တို့
အိမ်ပြန်ကြတော့၊ ငါနောက်ကို
လိုက် မနေနဲ့တော့၊ ကြားလား.. သွား သွား”
ထိုအခါကျမှပင် မိန်ကလေးတစ်
စုမှာ သတိဝင်လာပြီး ခြေစုံရပ်၍ ခါးထောက်ကာ “အမလေး ပြန်မှာပါ၊ ပြန်မှာပါ၊
တော်လိုအသာမည်။ ချေးထူ၊ ဗိုက်ပူတဲ့
လူရဲ့နောက်ကို ဘာလို့လိုက်ရမှာလဲ။ ဟင်း-သွားမယ်”
ဟု ပြောဆိုရန်တွေ့ကာ ရှက်ကန်း
ကန်းဖြင့်ခြေဆောင့်၍ထွက်သွားကြလေတော့သည်။
ဤကိစ္စဖြစ်သော ကံသစ်” ရွာတစ်
ဝိုက်တွင် ဆရာစိုးဆိုလျှင် စုန်း၊ ကဝေ
မပြောနှင့် သာမန်လူများကပင် အသေ ကြောက်ကြ၏။
တစ်ခါ“ဆိပ်လူ၊”ရွာထိပ်ရှိ မန်
ကျည်းပင်ပေါ်မှတစ္ဆေကိုသိသာထင်ရှား
အောင် နင်ထုတ်ပြခဲ့သေးသည်ကို
ကြားဖူးနားဝ ရှိခဲ့သည်။ ထပ်မံ၍ကြားခဲ့ရသောစကားများ
အရအစိမ်းသေ သေပြီးခါစ လူသေကို
ပင် လက်ညှိုးလျှပ်စမ်း၊ လက်မလှုပ်ပြ
စမ်းဟု ခိုင်းစေကြောင်း ကြားဖူးခဲ့သေးသည်။
သို့သော်လည်း ပယောဂကုဆရာ
တစ်ယောက်ဘယ်လောက်ပဲစွမ်းစေဦး၊
အားနည်းချက်ရှိပြီး သတိလစ်သွားလျှင်
ကြက်နှင့် ကင်၊ပမာ ကြက်ကဦးလျှင် ကင်းသေ၊
ကင်းက ဦးလျှင် ကြက်သေ ရသလိုပင် ရှိကြလေ၏။
ဆရာစိုးကံဇာတာနိမ့်ဖို့အကြောင်း
က ဖန်လာချင်တော့ ရေလဲရွာသူတစ် ယောက်နှင့်
ငြိစွန်းကာ တစ်ရက်ခြား နှစ်ရက်ခြားဆိုသလို
ထိုမိန်းမနှင့် သွား၍ တွေ့နေသည်မှာအစဖြစ်လေသည်။
ကာမအထိပ်၊ ထိပ်တက်လာမူ၊
ကုရာနတ္ထိ၊ဆေးမရှိဆိုဘိသကဲ့သို့ဆရာ
ပိုးမှာနေ့မရွေး၊ညမရွေး ချိန်းချိန်းတွေ့ နေကြတော့၏။
တစ်ညတွင် ဆရာဂိုးနှင့် ထိုမိန်းမ
တို့ချိန်ဒတွေ့ကြရာ
“အစ်ကိုရယ်-ဒီအနေ့တော့စောစော
ပြန်လိုက်နော် အတူနေလို့မဖြစ်ဘူး”
“ဘာဖြစ်လို့လဲညီမရယ်၊အဂ်ကို့မှာ
ညီမနဲ့ တွေ့ချင်လို့ အဝေးကြီးကနေ
တောင် လာရတာ”
“အဲဒါတော့ ဟုတ်ပါတယ်၊ ဒါပေ
ဆရာစိုးကရင်ခွင်ထဲသို့ ဆွေးလိုက်ပြီး –
“ဒါဒပမဲ့ – ဘာဖြစ်လဲ-ပြောလေ
“ဟိုဒလညီမမှာ ကန်တော့နော်၊ ဓမ္မတာလာနေလို့ပါ်
“ဟာ…အဲဒါ ဘာဖြစ်တာမှတ်လို့၊ ဟင်း..ဟင်…အရေးမကြီးပါဘူး”
ဟုဆိုကာ တင်းတင်းကြပ်ကြပ်ဖွဲ့
ဖက်ထားလိုက်လေတော့သည်၊ အော်၊
ပင်လယ်ထားခံရေကို သောက်သုံးရ သလို
သောက်လေသောက်လေငတ်မပြေပါလာနော်။
တစ်ထောင့်ငါးရာကိလေသာကာမအချစ် နှစ်မိကြပြန်ပေါ့။
ဆရာစိုးပြန်လာတော့ ည ၈-နာရိ ခန့်ရှိပေပြီ၊
တောလမ်းအတိုင်း အဖော်
မပါဘဲ ဓာတ်မီးတစ်လက်၊ တုတ်တစ်
ချောင်းသာအားပြု၍ “ရေလဲရွာမှ”ပျဉ်း
မညို”ရွာကိုဖြတ်၍ပြန်လာခဲ့လေသည်။
သူ့စိတ်ကူးက ဒီနေ့ည ပျဉ်းမညိုရွာတွင်
အသိအိမ်၌ တစ်ညဝင်အိပ်ပြီး မနက် မိုးလင်းမှ
မိမိရွာသို့ပြန်ရဖြစ်သည်။ လဆန်းအရင့်ပိုင်းရောက်နေပြီ
ဖြစ်၍လရောင်ကအတော်သာနေသည်။
သွားနေကျဖြစ်၍ လမ်းအနေအထားကို သိနေ၏။
လျှောက်လာရင်းဖြင့် မိမိရှေ့ ငါးလမ်းအကွာလောက်တွင်
အဖြူရောင် အရာဝတ္ထုတစ်ခု ကန့်လန့်ပြတ်
လဲကျ ပိတ်ဆို့နေ၍ ဆရာပိုးလည်း ရှေ့ဆက် တိုးသွားပြီ။
အောက်သို့ကုန်းကြည့်ကာ-
“မှန်.. ဘာကြီးပါလိမ့်” “ဟူး…..။”
ထို့အကြည့်တွင်လဲနေသော ဖြူဖြူ
အကောင်ကြီးမှ ရုတ်တရက်ထ၍ လေ
ဖြင့်မှုတ်လိုက်ရာ- “ဖြန်း…
“အမလေး” “ဗုန်း”
မှုတ်လိုက်သောလေအရှိန်ကြောင့်
အင်္ကျီကြယ်သီးများပင် ပြုတ်ထွက်ကုန် ကာ
ဆရာစိုးလည်း ပက်လက်လန်၍
လဲကျသွားလေတော့သည်တကား…။
ပျဉ်းမညိုရွာ ဒေါ်ငြိမ်းသည်
နေ မကောင်းဖြစ်နေသောဆရာဂိုးကိုတော
ထဲမှ ပြန်လာသော လှည်းသမားများ
လာပို့သောနေ့မှစ၍မိမိအိပ်တွင်ထား၍
ပြုစုခဲ့သည်မှာ တစ်ပတ်ပင် ရှိပေပြီ၊
မိမိ၏ ကျေးဇူးရှင်ဆရာဖြစ်သော
ကြောင့်လိုလေသေးမရှိပြုစုသော်လည်း
ဆရာစိုးမှာတစ်နေ့ထက်တစ်နေ့ ပိုဆိုး
လာကာပိန်လှီခြောက်ကပ်နေ၏။ ရွာ၏
ကျန်းမာရေးမှူးနှင့် ဆေးထိုးဆေး
သောက် ကုသသော်လည်း အရာ
မရောက်ပေ။ ဗိုးကြည်သည် သူ၏
ဆရာ အား အစွမ်းကုန် ဂရုစိုက် ပြုစုကုသပါ လျက်
သက်သာလာလာခြင်းမရှိသောကြောင့်အတော်ပင် အံ့သြထူးဆန်းနေ၏။
ဆရာစိုးမှာ ဆံပင်များ ကျွတ်လာ
သလိုမည်းပိန်ခြောက်၍ကမ္မဋ္ဌာန်းရုပ်ပင်
နေတော့ရာ ကြည့် မြင်ရသူများအဖို့
ကြောက်စရာကောင်းလှသည်။
အိပ်ရာထဲတွင် လဲနေသော ဆရာ
စိုးကို ဖိုးကြည်က –
“ဆရာ- ဆန်ပြုတ်ကလေး ပူတုန်း
သောက်လိုက်နော် ဆရာစိုးက ခေါင်းခံါ၍
“ငါမသောက်ချင်ပါဘူ၊ ဖိုးကြည်
ရာ၊ ငါနေမကောင်းဖြစ်နေတာ မဟုတ်ဘူးကွ”
“ဆရာကလည်းဘာတွေပြောနေ
မှန်းမသိပါဘူးဗျာ၊ ဖျားသွားပြီလား မသိ
ဘူး”ဟု ဖိုးကြည် စိတ်ထဲမှ တွေးနေမိသည်။
ဆရာစိုးသည် ယဲ့ယဲ့လေးရှိသော
အားကိုညှစ်ထုတ်၍ –
“မင်းတို့ ငါ့အတွက် ဘာမှ အပင်
ပန်းခံပြီးလုပ်မနေနဲ့တော့၊ ငါ့ဧည့်သည်
လာလိမ့်မယ်၊ သူလာရင်တော့အာလုံးပြီးသွားမှာပါ”
ဆရာစိုးက ထိုသို့ပြောပြီး မျက်စေ့ မှိတ်၍ မှိန်းနေလိုက်သည်၊
ခဏကြာ တော့ မျက်လုံ၊ဖွင့်လာကာတိုင်တွင်
ချိတ်ထားသောလွယ်အိတ်ကို ညွန်ပြ ၍ ဖိုးကြည်အား –
“ဟေ့ကောင်ဖိုးကြည် – အဲဒီအိတ်
ကို မင်းယူလိုက်တော့၊ နောက်ပြီး ငါ ပြောတာကို
သေချာနားထောင်၊ တော် ကြာ
ငါ့ဆီကို ဧည့်သည်မိန်းမတစ်
ယောက် ရောက်လာလိမ့်မယ်၊ သူ အိမ်
ထဲက ပြန်ထွက်သွားတာနဲ့ သောက်ရေ
အိုးစင်က ရေတစ်ခွက်ခပ်ပြီး သူ့နောက်
ကျောကို စိုအောင် ပက်လွှတ်လိုက်…
ကြားလား..ဟူး…
“ဟုတ်ကဲ့ပါ – ဆရာစိတ်ချပါ” စိုးကြည် သည်
သူ့ဆရာတော့ ကယောင်ချောက်ချားလျှောက်ပြောနေ
သည်ဟု ထင်မှတ်နေသည်၊ သို့ပေမဲ့
ဆရာဂို၊ပြောသည့်အတိုင်းညနေစောင်း
တွင် မိန်းမတစ်ယောက် အမှန်တကယ် ရောက်လာခဲ့လေသည်။
အသက် ၃ဝ ခန့် လှသည်ဟု မဆို
သာတောင်အလွန်ကြည့်ကောင်းသော
ရုပ်ရည်ပင် ။ အသားညိုညို ထောင်
ထောင်မောင်းမောင်းရှိလေသည်။လက်
ထဲတွင်သုံးဆင့်ကြွေချိုင့်ဆွဲကိုင်၍အိမ်
ထဲသို့ တန်းတန်။မတ်မတ် ဝင်လာပြီ။
ဆရာစိုးအား ပြုံးရွှင်သောမျက်နှာဖြင့်
“ဆရာ-နေမကောင်းဘူးကြားလို့၊
လာခဲ့တာပါ”
ဆရာစိုးက တိုတိုတုတ်တုတ် ပြန် ဖြေလိုက်ပုံမှာ..တစ်လုံးတည်း…
“အင်..”
ထိုမိန်းမက ချိုင့်ကိုဖွင့်၍- “ဆရာ နေမကောင်းဘူးဆိုတော့
ခံတွင်းတွေ့မယ်ထင်တာလေးတွေ့
ချက်ပြုတ်ပြီးလာပို့တာစားမယ်မဟုတ်လား”
ဆရာစိုးက ခေါင်းညိတ်၍-
“စားမယ်”
“ဒါဆိုလည်းကျွန်မပဲ ခွံကျွေးပါ့မယ်
ဖိုးကြည်သည် ထိုနှစ်ယောက်ကို
သေချာကြည်နေမိတော့သည်။ အနား
လည်းမကပ်ရဲပါ၊ ဒီမိန်းမက ဆရာရဲ့
ဟိုဟာလားမသိဘူးဟု တွေးနေ၏။
ဟင်းတွေကို လှမ်းကြည့်လိုက်တော့
ကြက်သားဆီပြန်တစ်ခွက်၊ အာလူး
ကြာဆံဟင်းကတစ်ခွက်တို့ ဖြစ်သည်။
ထိုမိန်းမကယုယုယယပင် ဆရာ
ကို ခွံ့ကျွေးနေလိုက်ပုံများ လင်မယား
ကျနေတာပဲ၊ နောက်ပြီး ဘာကျွေးကျွေး
မစားချင်ပါဘူးဆိုတဲ့ ဆရာကလည်း ဒီ
မိန်းမကျွေးတာကျတော့ အားပါးတရစားသောက်နေ၏။
ထမင်းကျွေးပြီးသွားသည်နှင့် ထို
မိန်းမသည် ဆရာပိုးအား ပြုံးရွှင်စွာစိုက်ကြည့်ပြီး –
“တစ်ရေးလောက်အိပ်လိုက်ပါ၊
အိပ်ရာက နို၊လာရင် ဘာမှ မရှိတော့ပါဘူး”
စကားဆုံးသည်နှင့် ထွက်သွားရာ ဇိုးကြည် သည်
သောက်ရေအိုးစင်နား တွင် အသင့်စောင့်နေသည်
ဖြစ်သော ကြောင့်ရေဖြင့်ထိုမိန်းမ၏နောက်ကျော
သို့ ပက်လိုက်၏။ ထိုမိန်းမလည်း လန့် သွားကာ
ဖိုးကြည်ကို လှည့်ကြည့်လေသည်။
“ဟာ… ကန်တော့..ကန်တော့ အစ်မကြီး၊
ကျွန်တော် ရေသောက်ပြီး ပို တာကို
ပက်လိုက်တာမမြင်လို့နော်”
ထိုအမျိုးသမီးကဖိုးကြည်ကိုဘာမျှ
မပြောတော့ဘဲ ဆက်၍ထွက်သွားလေ တော့သည်။
ဆရာစိုးကို ကြည့်လိုက်
တော့အိပ်ပျော်နေပုံပင်၊မျက်လုံးမှိတ်၍ရှိနေ၏။
နောက်တစ်နေ့မနက်မိုးလင်းတော့
ဒေါ်ငြိမ်းသည် ရွာထဲမှ ဈေးဝယ်၍ ပြန်
သောအခါဖိုးကြည်အား-
“ဖိုးကြည် မနေ့ညကလာတဲ့မိန်းမ
ထင်တယ်၊ ရွာပြင်ကန်ကြီးဘေးမှာ ပိုးထိလို့တဲ့။
ရွာကလူတွေ သွားကြည့်ကြတာ၊
အလောင်းကြီးက ညိုမည်းပြီး
မျက်လုံးပြူးကြီးနဲ့ ကြောက်စရာကြီးတဲ့၊ သနာ။ပါတယ်ဟယ်”
ဒေါ်ငြိမ်း၏စကားကြောင့် ဖိုးကြည်
လန့်သွားမိလေသည်။ ဆရာစိုးကိုလှမ်း
၍ကြည့်လိုက်တော့ “အလို-သူ့မျက်နှာ
ကပြုံးလို့ပါလား။ ဆရာက ကြိုသိနေ
တာလာ။ ဖိုးကြည်လည်း သူ့ဆရာအနားသို့ကပ်၍
“ဆရာသက်သာရဲ့လားဟင်၊ဟိုနေ့
ကလာတဲ့မိန်းမတော့ မြွေကိုက်လို့ သေသွားပြီဆရာ”
ဖိုးကြည်စကားဆုံးတော့ ဆရာစိုး
သည် မျက်လုံးကို အပေါ်သို့ စိုက်ကြည့်
၍ပြုံးလိုက်သည်။ ထို့နောက်ခန္ဓာကိုယ်
တစ်ချက်ကလေ၊ပင် ဆတ်ခနဲ ဖြစ်သွား ကာ
ငြိမ်သက်ကျသွားလေတော့သည်။
ဖိုးကြည်သေချာကြည့်လိုက်တော့
ကြက်ရိုးတစ်ချောင်းကလည်မျိုတွင်းမှ
ဖောက်ထွက်နေသည်ကိုတွေ့လိုက်ရ၍
ထိတ်လန့်အံ့ဩသွားရလေသည်။
ဆရာစိုး သေဆုံးသွားချေပြီ။ ထူး ဆန်းစွာသေဆုံးခြင်းကို
ကိုယ်တွေ့ကြုံ စ၍သာဖိုးကြည်ယုံကြည်လက်ခံမိခြင်းဖြစ်၏။
ရွာအတွင်းမှ လူများသည်လည်း
ဆရာစိုး၏နာရေးအား ဝိုင်းဝန်းကူညီ
ပေးကြလေသည်။ မှို။ကြည်၏ စိတ်ထဲ
တွင် သင်္ကာမကင်းဖြစ်နေသော ကိစ္စ
တစ်ခုကြောင့် ဆရာ၏ ရင်ကိုခွဲ၍ စစ်
ဆေးကြည့်ရာအစာအိမ်ထဲမှတွေ့လိုက်
ရသောအရာများကြောင့် နားလည်
သဘောပေါက်သွားရလေတော့သည်။
“ဟ.. ဘယ့်နှယ် ကြက်ရိုးတွေ
ကလည်း အချောင်းလိုက်တွေ၊ မဝါးဘဲ များ မျိုချခဲ့သလား။
ဟင် – ဒီမှာ ဆံပင် အထွေးလိုက်ကြီးတွေ”
ဖိုးကြည် သိလိုက်ပြီ။ ဒီမိန်းမ (စုန်းမ)ဆရာ့ဆီကိုလာပြီ။
ဆရာနေမကောင်း၍ ကံနိမ့်နေချိန်ကို အခွင့်
ကောင်ယူကာ အပင်း လာထည့်ခြင်း
ဖြစ်မည်။ ဒါကို သိနေသော ဆရာစိုး
ကလည်း တန်ပြန်နည်းနှင့် စုန်းမကို
အသေသတ်၍ သူနှင့်အတူ သေရွာသို့
ခေါ်သွားနိုင်ခဲ့ပေသည်။ ဖိုးကြည်၏ အတွေးထဲဝယ် –
“အော် – ဒါကြောင့် ငါ့ဆရာက
မသေခင်မှာ ကျေကျေနပ်နပ်ကြီး ပြုံ၊
သွားတာကိုး၊ တော်ပါပေတယ် – ဆရာ ရယ်”
အသက်ရှစ်ဆယ်ပြည့်ပြီဖြစ်သော
ဆရာကြည်( ကိုဇိုးကြည်)သည် ယခု
အခါတွင် ကျွန်းထဲတစ်ဝိုက်ရှိကြသော
ရွာများ၏ မှီခိုအားထားရာ ဆရာတစ်ဆူ
အဖြစ်ရှိနေပြီးတပည့်တစ်ပန်းများစွာဖြင့်
ဆေးကု၊ ပယောဂကုခြင်းများလုပ်ပေး
နေခဲ့ပါသေးသည်။ စာရေးသူနှင့် တွေ့
ဆုံခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ရာ အခု
တော့ကွယ်လွန်သွားပြီဖြစ်၍ ကိုယ်တွေ့
ကြုံခဲ့ရသောဆရာကြည်၏ပြောပြချက်
များကိုအမည်နာမပြုပြင်(ပြောင်းလဲ)၍
ရေးသားတင်ပြလိုက်ရပါသည်။
လောကတွင်ပညာသည်များအမှန်
တကယ်ရှိကြသလို အစွမ်းထက်သော
အထက်ဆရာများလည်း ရှိကြပါသည်။
မည်သို့ပင်ရှိစေ၊ သူ့စည်းကိုယ့်စည်းထား
၍ ကိုယ့်နယ်ပယ်နှင့်ကိုယ် ထိန်၊သိမ်၊
လျှင်အကောင်းဆုံးဖြစ်မည်။သို့မဟုတ်
ဘဲအစွမ်းပြချင်သော လက်တည့်စမ်။
ချင်သောပညာသင်များနှင့်ဆရာပေါက်
စများယှဉ်ပြိုင်ကြပါလျှင်ကြက်နှင့်ကင်၊
လိုပင် ဦးရာသူစားပစ်စတမ်း ဖြစ်သွား
နိုင်ပါသည်။ အပြိုအတေးတွေနှင့် မဆုံး
နိုင်သော ရန်ကြွေးများ ဖြစ်သွားတတ်ပေသည်။
ဘယ်နေရာ၊ ဘယ်ဒေသကိုပဲ
ရောက်သည်ဖြစ်စေ၊ အပြောမှာ။အဆို
မှားအနေအထိုင်အမှားမဖြစ်ကြရန်
သတိပြုသင့်ပါကြောင်းတင်ပြလိုက်ရပါသည်။
Zawgyi Version
————————————
သူ့နာမည်က “ဆရာစိုး”
သုံးစွဲကုသ၏။ ဒေါက်တာရမ်းကုပေါ့။
“ဆရာ ဆရာ”
“ဟေ… ဘယ်သူလဲကွ၊လာလေ
“မကောင်းသေးပါဘူးဆရာ”
မပျောက်တတ်ကြဘူး။ ဒီလိုပါပဲ
ဒါနဲ့ ဘာရောဂါလဲကွ”
ကူညီပါဦးဆရာရယ်”
တော့လုပ်ပေးလိုက်မယ်။ အဲဒါနဲ့ အရင်
ပေးလိုက်လေသည်။
ဟု ပြောလိုက်၏။ ဖိုးကြည်သည်
အားကိုးကြလေသည်။ ရှေးရိုးစွဲသော
ထင်မှတ်ထားကြလေသည်။
ချက်ရှိနေ၏။ သူတစ်ပါးသားမယား ပြစ်
စချင်နောက်ချင်သည်။ ပိုးပန်းချင်သည်။
လည်း မနှမြောတတ်ပေ။
သွားတာချည်းပင် ဖြစ်၏။
တော်တော်လှသားပဲ။ တောင့်လည်း
လူငယ်ကာလသားတွေကအရပ်၊
ကြောင့် ဆရာစိုးက
တာသေချာတယ်။ ဆရာစိုင်းတဲ့အတိုင်း
တော့ ရောက်တယ်။ ဆရာ ကျွန်တော့်
မှာလည်းပါတယ်”