“ရွာပြင်ကအလောင်း”(စ/ဆုံး)

Unicode Version

“ရွာပြင်ကအလောင်း”(စ/ဆုံး)
————————————
ကျွန်မကအညာဖက်ကပေါ့။ အိမ်ထောင်ကျတော့ မန္တလေးသားနဲ့ရ
လို့ မန္တလေးမှာပဲအခြေချနေဖြစ်တယ်။ အလုပ်အားတဲ့ရက်မျိုးဆိုရင်
မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါအလာပဿလာပလေးတွေ
ပြောဆိုဖြစ်ကြတယ်။ တစ်ရက်ကြတော့ ကျွန်မတို့အိမ်ထောင်ရှင်မ
စကားဝိုင်းလေးမှာ ပရလောကအကြောင်းကိုစကားစပ်မိသွားပြီး
ပြောဖြစ်ကြပြန်ရော။ ကျွန်မမိတ်ဆွေကသူကြုံခဲ့ရတာကိုအရင်ပြော
ပြတယ်။

သေဆုံးသွားတဲ့အလောင်းကို အလောင်းပြင်ပေးရာက သူ့လက်ကိုထဆွဲတယ်တဲ့။ သူကဆက်ပြောပြတယ်။ စစချင်းတော့အတော်လေးကို
ကြောက်လန့်ပြီး အော်ဟစ်မိတယ်ဆိုပဲ။ နောက်မှ လူသေအကြော
တစ်ခုခုကိုဖိမိလို့ ဒီလိုဖြစ်တယ်ဆိုတာပြန်သုံးသပ်မိပြီးမှ အကြောက်
ပြေသွားတယ်ပေါ့။ သူအဲ့ဒီအကြောင်းပြောမှ ကျွန်မ အသက် (၁၈)
နှစ်လောက်က ကြားသိခဲ့ရတာကိုပြန်သတိရသွားမိတယ်။ သေသွားတဲ့လူသေအလောင်းကလမ်းထလျှောက်နေတယ်ဆိုတာ။

ကျွန်မကိုရူးနေပြီလို့ထင်ကြမှာပဲ။ ကျွန်မကတော့ကိုယ်တွေ့မျက်မြင်
မကြုံခဲ့ရပေမယ့် ဒီကိစ္စကိုတော့ ယုံမိတယ်။ ထူးဆန်းတဲ့အဖြစ်ကြောင့်
တစ်ရွာလုံးအုံးအုံးထခဲ့ကြတာ။ မျက်မြင် မြင်ရတဲ့သူတွေကတော့ ဒါကို
ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။ ကြုံခဲ့ ရတာက ရွာ
ကာလသားတွေ။ အဲ့ထဲမှာ ကျွန်မရည်းစား ကိုသက်နောင်လည်းပါ
တယ်။ မညားလိုက်ရတဲ့ရည်းစားဦးဆိုပါတော့။ ကျွန်မတို့ရွာက အိမ်

ခြေသိပ်မများဘူး။ ရွာငယ်လေး။ဒါပေမယ့်ရွာကလူဦးရေတော့များ
တယ်။ အိမ်ကြီးကြီးဆောက်ပြီးလူများများအတူနေကြတာ။ ကျွန်မတို့ရွာရဲ့ရွာလူကြီးက ရှေးရိုးသမား။အယူလည်းအရမ်းသီးတယ်။
အတိတ်နိမိတ်ကိုလည်းယုံတယ်။
တစ်ရက် ရွာထဲငှက်ဆိုးထိုးသံကို ကြားရပါလေရော။ မနက်ရောက်
တော့ရွာလူကြီးဦးအံ့မောင်က မျက်စိမျက်နှာမကောင်းဘူး။
ငှက်ဆိုးထိုးတဲ့အိမ်ဆိုလူသေတတ်တယ်လို့အယူရှိကြတယ်မဟုတ်
လား။ ဒါပေမယ့်မနေ့ညကထိုးတဲ့ငှက်ဆိုးက ရွာခံအိမ်တွေပေါ်နား
တာမဟုတ်ဘူးတဲ့။ ညထချောင်းကြည့်ကြတဲ့သူတွေပြောတာကတော့

ရွာလယ်ကရုက္ခစိုးစင်ပေါ်မှာနားပြီးထိုးတာလို့ပြောကြတယ်။ ဦးအံ့
မောင်ဘာလို့စိုးရိမ်သလဲဆိုတော့ ရွာလယ်ကညောင်ပင်ဟာ ရွာကို
စောင့်ရှောက်ပေးနေတယ်လို့ယုံကြည်ထားလို့ပဲ။
ညောင်ပင်ရုက္ခစိုးကစောင့်ရှောက်တယ်ဆိုပြီးတစ်ရွာလုံးက ပသ
ထားကြတာပေါ့။ အဲ့ဒီရုက္ခစိုးစင်ပေါ်မှာ ငှက်ဆိုးကထိုးတော့ ဦးအံ့

မောင်ဟာ တော်တော်လေးပူပန်နေရှာတယ်။ ရွာအတွက်နိမိတ်
မကောင်းဘူးဆိုပြီးတော့။ နောက်ညရောက်တော့လည်း ငှက်ဆိုးက
ထပ်ထိုးပြန်ရော။ နှစ်ညဆက်တိုက်ဆိုတော့ ပိုစိုးရိမ်လာပြီ။ နောက်
တစ်ညမှာလည်းထပ်လာအော်တယ်။ စုစုပေါင်းသုံးညဆက်တိုက်ပဲ။
ဦးအံ့မောင်က စိတ်ပူပြီး ညောင်ပင်အောက်မှာ ရွာဘုန်းကြီးနဲ့ တရား
နာခဲ့တယ်။

ရွာကလူတွေကိုလည်း သဲမန်းနဲ့ရေမန်းတွေဝေပေးတယ်။ တစ်ရွာလုံး
ဖြန်းကြပက်ကြနဲ့ပေါ့လေ။ ကျွန်မကတော့ဘာမှနားမလည်ပါဘူး။
လူကြီးတွေလုပ်ခိုင်းလို့ သဲမန်းတွေ ဆန်မန်းတွေလိုက်ပက်ပေးလိုက်
တာပဲရှိတယ်။ အဲ့လိုပက်ပြီး သုံးရက်မြောက်တဲ့ နေ့မှာပဲကျွန်မတို့
ရွာအပြင်ဖက်မှာ လူသေအလောင်းတစ်လောင်းကိုတွေ့လိုက်ရတယ်။ သေတဲ့လူကကျွန်မတို့ရွာကမဟုတ်ဘူး။ ဘယ်ကမှန်းမသိအောင်ရုပ်

ပျက်ဆင်းပျက်ဖြစ်နေပြီ။ အဲ့ဒီခေတ်တုန်းက လမ်းပန်းဆက်သွယ်ရေးကသိပ်ပြီးခက်ခဲတော့ မြို့ရဲစခန်းကိုအကြောင်းကြားဖို့ တစ်ညအိပ်သွားရတယ်။
ရွာတွေမှာဖုန်းမရှိဘူး။ မြို့ပေါ်မှာတောင် ဖုန်းကနေရာတိုင်းမရှိတဲ့
အချိန်ပေါ့။ ဦးအံ့မောင်က သူ့မှာတာဝန်ရှိတယ်ဆိုပြီး သူကိုယ်တိုင်

မြို့တက်သွားပြီးအကြောင်းသွားကြားခဲ့တယ်။ အလောင်းကတော့
ပိုင်ရှင်ဘယ်သူမှန်းလဲမသိ၊ လူသတ်မှုဆိုသက်သေပျက်မှာစိုးလို့
မထိမကိုင်ရဆိုတော့ တွေ့တဲ့အတိုင်းပဲထားထားကြတာပေါ့။
အလောင်းကိုစောင့်ဖို့ ရွာကကာလသားတွေကိုတာဝန်ပေးတယ်။

အလောင်းစောင့်မယ့်သူက ၈ယောက်။
ရွာမှာကာလသားတွေကအလောင်းစောင့်ကြပြီ။ အဲ့ထဲမှာ ကျွန်မ
ရည်းစားကိုသက်နောင်ကတော့မပါဘူး။ သူ့တာဝန်က ကင်းတဲ

စောင့်ရတာ။ ရွာထိပ်မှာကင်းတဲက။ အလောင်းစောင့်တဲ့ကာလသား
တွေနဲ့ သိပ်မဝေးဘူး။ ကင်းတဲမှာကိုသက်နောင်နဲ့ ရွာကကိုမြကြီးတို့
အတူစောင့်တယ်။ အလောင်းရှိလို့ ကြောက်တယ်ဆိုပြီးနှစ်ယောက်
အတူစောင့်ကြတာ။ ရွာအပြင်ဖက်မှာစောင့်တဲ့သူတွေက အလောင်း

စောင့်ရင်း ဗိုက်ဆာလို့ ကြက်ကာလသားဟင်းချက်စားကြသတဲ့။
နှစ်ယောက်ကရွာထဲပြန်လာပြီး ကြက်တစ်ကောင်ယူ၊ ဗူးသီးယူ၊လို
တာနဲနဲစီယူသွားကြတယ်။ ရွာလူကြီးသာရှိရင် ခွင့်ပေးမှာမဟုတ်ဘူး။

ကာလသားဆိုတော့လည်း နဲနဲပါးပါးသောက်စားကြတယ်။ အလောင်း
စောင့်ရင်း စားလိုက်သောက်လိုက် ထွေရာလေးပါးပြောဆိုကြပေါ့။
ဟင်းကောင်းလေးများစားရရင်ချစ်ခင်ရတဲ့သူကိုသတိရတယ်ဆိုတာ
ဟုတ်မလားပဲ။ အလောင်းစောင့်တဲ့သူတွေက ကိုသက်နောင်နဲ့ ကို

မြကြီးတို့စားဖို့ လာပို့ပေးသတဲ့။ သူတို့စီလာပို့တာက နှစ်ယောက်။
အလောင်းနားလူခြောက်ယောက်ကျန်ခဲ့တယ်။ သူတို့ခြောက်ယောက်
ဟာ အလောင်းနားစောင့်နေပြီး အလောင်းပျောက်သွားတာမသိလိုက်
ကြဘူး။ သတိရလို့ကြည့်မိတော့အလောင်းကမရှိတော့ဘူးတဲ့။

အလောင်းနဲ့မနီးမဝေးမှာနေပြီး အလောင်းပျောက်သွားတာကိုမသိ
လိုက်ကြတာ။ အကုန်လုံးအမူးပြေပြီး လန့်ကုန်ကြတယ်။
လူသတ်သမားတွေကအလောင်းလာခိုးသွားတယ်လို့ထင်သွားကြ

တာ။ အလောင်းပျောက်ပြီဆိုသူတို့အကုန်အမှုပတ်တော့မယ်လေ။
ကြောက်ကြောက်လန့်လန့်နဲ့ အနီးအနားကိုလိုက်ရှာကြတာပေါ့။
ဘယ်လိုမှရှာမတွေ့ကြဘူး။ ကျန်ခဲ့တဲ့ ခြောက်ယောက်ထဲကတစ်
ယောက်က ကင်းတဲဆီပြေးလာပြီး လာပြောတယ်။ ကူရှာပေးကြဖို့။

ကိုသက်နောင်နဲ့ကိုမြကြီး လည်းရွာပြင်လိုက်သွားကြတာပေါ့။ သူတို့
အကုန်ဆယ်ယောက်ဖြစ်သွားတယ်။ အလောင်းတွေ့တဲ့နေရာနား
ဓါတ်မီးတွေနဲ့ ဟိုထိုး ဒီထိုးကြည့်တော့ ခြေရာလက်ရာလည်းမပျက်
နဘေူး။

လူသတ်သမားတွေကအလောင်းပြန်လာယူတယ်ဆို ခြုံတော့တိုးရ
မှာ။ ခြုံတိုးထားတဲ့ပုံလည်းမတွေ့ရဘူး။ သူတို့ကပြန်စဉ်းစားကြတယ်။
သတ်တဲ့သူက ရွာထဲကလူများလားပေါ့။ ရွာထဲကဆို ဘယ်လိုဖြစ်ဖြစ်

ကင်းတဲရှေ့ဖြတ်ကိုဖြတ်လာရမှာ။ ကင်းတဲမှာလူက လေးယောက်။
သူတို့လည်းဖြတ်တာမမြင်မိဘူး။ အလောင်းပျောက်သွားတာသိပ်
ထူးဆန်းနေတာပေါ့။ ရွာအပြင်ဖက်မှာ ဆယ်ယောက်လုံးဘာလုပ်လို့
ဘာကိုင်ရမှန်းမသိခေါင်းမီးတောက်နေကြပြီ။ ထပ်ခါတလဲလဲရှာပေ
မယ့် အလောင်းကိုမတွေ့တာ။ တစ်နာရီလောက်ကြာတော့ လက်
လျော့လိုက်ကြတယ်။

အလောင်းစောင့်တဲ့သူတွေက အလောင်းမရှိတော့လို့ဆိုပြီးပြန်လို့
လည်းမဖြစ်ဘူးပေါ့။ မတော်တဆလူသတ်သမားက ဘယ်သူမှမရှိ
မှန်းသိရင် ခြေရာလက်ရာလာဖျက်မှာစိုးလို့ ဒီအတိုင်းဆက်စောင့်
ကျန်နေရစ်ကြတယ်။ ကိုသက်နောင်နဲ့ ကိုမြကြီးကတော့ ကင်းတဲ
တာဝန်ဆိုတော့ နှစ်ယောက်သားပြန်လာကြတာပေါ့။ သူတို့နှစ်

ယောက်ကင်းတဲပေါ်ရောက်တဲ့အခါ ကင်းတဲရှေ့ကနေ အလောင်း
ကြီးကတရွေ့ရွေ့ဖြတ်လျှောက်သွားသတဲ့။ သူတို့လည်း မျက်လုံး
ပြူး မျက်ဆန်ပြူးနဲ့ အတောင့်လိုက်ကြီးလိုက်ကြည့်နေမိကြတယ်
ဆိုပဲ။

အလောင်းကရွာထဲကနေပြန်ထွက်လာတာလေ။ သူတို့ပြောပြတာ
တော့ အလောင်းကြီးက တောင့်တောင့်ကြီးလမ်းလျှောက်နေတယ်
ပြောတယ်။ ကင်းတဲကိုဖြတ်ပြီးရွာအပြင်ပြန်ထွက်သွားတဲ့
အလောင်းနောက်ကို လိုက်လည်းမကြည့်ရဲ၊ ကင်းတဲမှာနှစ်ယောက်
သား တဆတ်ဆတ်တုန်နေကြတာပေါ့။ ရွာအပြင်ဖက်အလောင်း

စောင့်တဲ့သူတွေဆီလည်းမသွားရဲကြတော့ဘူး။ သူတို့တွေဝရုန်းသုန်း
ကားပြေးလာကြမလားဘဲနားစွင့်နေကြတယ်။ သုံးချက်တီးလောက်
ရောက်တော့ ရွာပြင်က အလောင်းစောင့်တဲ့သူ နှစ်ယောက်ကသုတ်
သုတ် သုတ်သုတ်နဲ့ ကင်းတဲဆီရောက်လာကြတာပေါ့။
အလောင်းကဘယ်အချိန်ပြန်ရောက်နေမှန်းမသိဘူးတဲ့။ သူတို့လည်း
စိတ်ပျက်လက်ပျက် ထိုင်နေကြတာ။ ”ချွတ်ကနဲ ” အသံကြားလို့

ကြည့်လိုက်တော့ အလောင်းကသူ့နေရာသူပြန်ရောက်နေသတဲ့။
အကုန်လုံးလည်းသွေးပျက်နေကြပြီ။ ရွာကလူတွေကိုလိုက်နိုးပြီး
အကျိုးအကြောင်းပြောပြတော့ တစ်ရွာလုံးရွာပြင်ကိုလိုက်ကြည့်ကြ
တယ်။ ရွာကအသက်ကြီးတဲ့သူတွေကကာလသားတွေကိုဆူကြတာ
ပေါ့။ အလောင်းစောင့်ရင်း ဟင်းချက်စားရမလားဆိုပြီး။ စားတာက
လည်း သူများအသက်၊ အချိန်က ညကြီးမင်းကြီးပေါ့၊ ရွာပြင်လည်း
ဖြစ်သေးတယ်ဆိုပြီး ဆူကြတာ။

ကာလသားတွေကကြက်ကိုအရှင်ယူလာပြီး ချက်မယ့်နေရာရောက်
မှ သတ်တာကိုး။ အဲ့ဒါကြောင့်ခုလိုဖြစ်တာလို့ပြောကြတာပဲ။
အလောင်းကိုပြန်ကြည့်ကြည့်တော့ ခြေထောက်နှစ်ဖက်လုံးပေပွလို့
တဲ့။ ရွာပြင် မှာရွာကလူတစ်ဝက်က မပြန်ဘဲစောင့်ကူကြတယ်။
မနက်လင်းမှအလျှိုလျှိုပြန်ကုန်ကြတာ။ ညစောင့်တဲ့သူတွေနဲ့ ရွာကလူတွေလူလဲစောင့်ကြပေါ့။ ဦးအံ့မောင်ပြန်လာရင် ထပ်အဆူခံရဦး

မယ်ဆိုတာသိတော့ ကာလသားတွေလည်းငြိမ်ကုပ်နေကြရော။ ဉာဉ့်
နက်လောက်ရောက်တဲ့အခါ ဦးအံ့မောင်နဲ့အတူ ရဲတွေရောက်လာပြီး
အလောင်းကိုစစ်ဆေးကြတယ်။ စတွေ့တဲ့သူလည်းအစစ်ခံရတယ်။
အလောင်းကအနံ့တောင်ထွက်နေပြီ။

တာဝန်ရှိသူတွေလည်းအလောင်းကိုသယ်သွားကြတယ်။ သေတဲ့သူ
ကဘယ်သူဆိုတာ မသိရသေးဘူး။ နောက်ဦးအံ့မောင်ပြောမှသိရ
တာ သေတဲ့သူက အသတ်ခံရတာ။ ဘယ်သူဘယ်ဝါမှန်းမမှတ်မိ
အောင် မျက်နှာတစ်ခုလုံးရိုက်နှက်ခံထားရတယ်။ ပြီးတော့ လူသတ်

သမားဟာ အလောင်းကိုမှောက်ထားခဲ့တယ်တဲ့။ မှောက်ရက်ထား
ခဲ့တဲ့အလောင်းဆို သတ်တဲ့သူမပေါ်ဘူးလို့ ဦးအံ့မောင်ကယုံကြည်နေ
တယ်။ အဲ့ဒီကိစ္စကြီးဖြစ်ပြီး ရွာအပြင်ဖက်ကို ညနေဆိုမသွားရဲ မဖြတ်

ရဲကြတော့ဘူး။ အလောင်းကြီးလမ်းထလျှောက်တဲ့ကိစ္စက တစ်ရွာ
လုံးကို ချောက်ချားစေတာကို။
ကာလသားတွေကတော့ အဆူခံရတာမှပက်ပက်စက်စက်ပဲ။ အယူ
သီးတဲ့ ဦးအံ့မောင်က အလောင်းကြီးရွာထဲဝင်လာပြီးလျှောက်သွား

နေတာကြားကတည်းက စိုးရိမ်ပူပန်နေတော့တာ။ တစ်ရွာလုံးကို
တရားနာ ရေမန်းသဲမန်းထပ်ပက်၊ ရွာစည်းချတာတွေလည်းလုပ်တာ
ပေါ့။ ထူးဆန်းမှုလား၊ တိုက်ဆိုင်မှုလားမသိဘူး။ ရွာပြင်ကအလောင်း
ပြီးတော့ ရွာထဲမှာ လူနှစ်ယောက်ထပ်သေတယ်။ သေတဲ့သူတွေက

ရိုးရိုးတန်းတန်းပါပဲ။ ရောဂါနဲ့သေတာကတစ်ယောက်၊ အိပ်နေရင်း
သေတာကတစ်ယောက်။ ဒါပေမယ့် သုံးလောင်းစလုံး တစ်ပတ်စီပဲ
ခြားတာတော့ထူးဆန်းတယ်။
ငှက်ဆိုးကသုံးညဆက်တိုက်ထိုးခဲ့ပြီး သုံးလောင်းဆက်တိုက်သေ
တာ ဦးအံ့မောင်တွေးသလို အတိတ်နိမိတ်ကမှန်တယ်ဆိုရမလား။
သေချာတာကတော့ ရွာကလူတွေအကုန် ဦးအံ့အောင်ကိုပိုပြီး ယုံ
ကြည်အားထားလာကြတာပါပဲ။ ဒီအကြောင်းအရာက ကျွန်မ ၁၈နှစ်
အရွယ်လောက်ကဖြစ်ခဲ့တာပေါ့။ အခုကျွန်မအသက် ၄၀ကျော်ပြီဆို
တော့ နှစ်ပေါင်း ၂၀ကျော်ခဲ့ပြီ။ အခုချိန်မှာရွာကပြောင်းလဲသွားပါ

ပြီ။ လမ်းပန်းဆက်သွယ်ရေးလည်းကောင်းသွားပြီ။ ဖုန်းတွေလည်း
ရှိလာပြီ။ တစ်ခုခုဆို ချက်ချင်းသိရပြီလေ။ ကျွန်မလည်း ဘာမှနား

မလည်ပေမယ့် အခုချိန်မှာပြန်တွေးမိတာကတော့ ရွာပြင်ကအလောင်း

သာ ခုလိုဖုန်းတွေရှိချိန် လမ်းပန်းဆက်သွယ်ရေးကောင်းချိန်လိုသာဆို

ရင် တရားခံများမိမလားရယ်လို့တော့ တခါခါတွေးမိနေတယ်။

သူ့မှာမိသားစုတွေသာရှိမယ်ဆိုရင် သေတာလည်းသိရှာမယ်မထင်

ပါဘူး။ တွေးမိတိုင်းစိတ်မကောင်းဖြစ်မိတယ်။ လူ့ဘဝတွေက အချိုး

အကွေ့သိပ်များလွန်းပါတယ်။ ရွာပြင်ကအလောင်းလိုအဖြစ်မျိုးဘယ်

သူ့ကိုမှမဖြစ်စေချင်သလို အလောင်းကလမ်းထလျှောက်တဲ့ကိစ္စ

လည်း ဘာရယ်ကြောင့်ဆိုတာ အဖြေရှာမရခဲ့ပါဘူး။ သေသွားတဲ့သူ

ကတော့ ကျွန်မအပါအဝင်ရွာကလူတွေရဲ့ နှုတ်ဖျားမှာ ရွာပြင်က

အလောင်းရယ်လို့ ပါးစပ်ရာဇဝင်တွင်ရစ်သွားပါပြီလေ။

သော်တာလမင်းစန္ဒာ

Zawgyi Version

“႐ြာျပင္ကအေလာင္း”(စ/ဆုံး)
————————————
ကြၽန္မကအညာဖက္ကေပါ့။ အိမ္ေထာင္က်ေတာ့ မႏၲေလးသားနဲ႔ရ
လို႔ မႏၲေလးမွာပဲအေျခခ်ေနျဖစ္တယ္။ အလုပ္အားတဲ့ရက္မ်ိဳးဆိုရင္
မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ဆုံတဲ့အခါအလာပႆလာပေလးေတြ
ေျပာဆိုျဖစ္ၾကတယ္။ တစ္ရက္ၾကေတာ့ ကြၽန္မတို႔အိမ္ေထာင္ရွင္မ
စကားဝိုင္းေလးမွာ ပရေလာကအေၾကာင္းကိုစကားစပ္မိသြားၿပီး
ေျပာျဖစ္ၾကျပန္ေရာ။ ကြၽန္မမိတ္ေဆြကသူႀကဳံခဲ့ရတာကိုအရင္ေျပာ
ျပတယ္။

ေသဆုံးသြားတဲ့အေလာင္းကို အေလာင္းျပင္ေပးရာက သူ႔လက္ကိုထဆြဲတယ္တဲ့။ သူကဆက္ေျပာျပတယ္။ စစခ်င္းေတာ့အေတာ္ေလးကို
ေၾကာက္လန႔္ၿပီး ေအာ္ဟစ္မိတယ္ဆိုပဲ။ ေနာက္မွ လူေသအေၾကာ
တစ္ခုခုကိုဖိမိလို႔ ဒီလိုျဖစ္တယ္ဆိုတာျပန္သုံးသပ္မိၿပီးမွ အေၾကာက္
ေျပသြားတယ္ေပါ့။ သူအဲ့ဒီအေၾကာင္းေျပာမွ ကြၽန္မ အသက္ (၁၈)
ႏွစ္ေလာက္က ၾကားသိခဲ့ရတာကိုျပန္သတိရသြားမိတယ္။ ေသသြားတဲ့လူေသအေလာင္းကလမ္းထေလွ်ာက္ေနတယ္ဆိုတာ။

ကြၽန္မကို႐ူးေနၿပီလို႔ထင္ၾကမွာပဲ။ ကြၽန္မကေတာ့ကိုယ္ေတြ႕မ်က္ျမင္
မႀကဳံခဲ့ရေပမယ့္ ဒီကိစၥကိုေတာ့ ယုံမိတယ္။ ထူးဆန္းတဲ့အျဖစ္ေၾကာင့္
တစ္႐ြာလုံးအုံးအုံးထခဲ့ၾကတာ။ မ်က္ျမင္ ျမင္ရတဲ့သူေတြကေတာ့ ဒါကို
ဘယ္ေတာ့မွေမ့ႏိုင္မွာမဟုတ္ဘူးလို႔ထင္ပါတယ္။ ႀကဳံခဲ့ ရတာက ႐ြာ
ကာလသားေတြ။ အဲ့ထဲမွာ ကြၽန္မရည္းစား ကိုသက္ေနာင္လည္းပါ
တယ္။ မညားလိုက္ရတဲ့ရည္းစားဦးဆိုပါေတာ့။ ကြၽန္မတို႔႐ြာက အိမ္

ေျခသိပ္မမ်ားဘူး။ ႐ြာငယ္ေလး။ဒါေပမယ့္႐ြာကလူဦးေရေတာ့မ်ား
တယ္။ အိမ္ႀကီးႀကီးေဆာက္ၿပီးလူမ်ားမ်ားအတူေနၾကတာ။ ကြၽန္မတို႔႐ြာရဲ႕႐ြာလူႀကီးက ေရွး႐ိုးသမား။အယူလည္းအရမ္းသီးတယ္။
အတိတ္နိမိတ္ကိုလည္းယုံတယ္။
တစ္ရက္ ႐ြာထဲငွက္ဆိုးထိုးသံကို ၾကားရပါေလေရာ။ မနက္ေရာက္
ေတာ့႐ြာလူႀကီးဦးအံ့ေမာင္က မ်က္စိမ်က္ႏွာမေကာင္းဘူး။
ငွက္ဆိုးထိုးတဲ့အိမ္ဆိုလူေသတတ္တယ္လို႔အယူရွိၾကတယ္မဟုတ္
လား။ ဒါေပမယ့္မေန႔ညကထိုးတဲ့ငွက္ဆိုးက ႐ြာခံအိမ္ေတြေပၚနား
တာမဟုတ္ဘူးတဲ့။ ညထေခ်ာင္းၾကည့္ၾကတဲ့သူေတြေျပာတာကေတာ့

႐ြာလယ္က႐ုကၡစိုးစင္ေပၚမွာနားၿပီးထိုးတာလို႔ေျပာၾကတယ္။ ဦးအံ့
ေမာင္ဘာလို႔စိုးရိမ္သလဲဆိုေတာ့ ႐ြာလယ္ကေညာင္ပင္ဟာ ႐ြာကို
ေစာင့္ေရွာက္ေပးေနတယ္လို႔ယုံၾကည္ထားလို႔ပဲ။
ေညာင္ပင္႐ုကၡစိုးကေစာင့္ေရွာက္တယ္ဆိုၿပီးတစ္႐ြာလုံးက ပသ
ထားၾကတာေပါ့။ အဲ့ဒီ႐ုကၡစိုးစင္ေပၚမွာ ငွက္ဆိုးကထိုးေတာ့ ဦးအံ့

ေမာင္ဟာ ေတာ္ေတာ္ေလးပူပန္ေနရွာတယ္။ ႐ြာအတြက္နိမိတ္
မေကာင္းဘူးဆိုၿပီးေတာ့။ ေနာက္ညေရာက္ေတာ့လည္း ငွက္ဆိုးက
ထပ္ထိုးျပန္ေရာ။ ႏွစ္ညဆက္တိုက္ဆိုေတာ့ ပိုစိုးရိမ္လာၿပီ။ ေနာက္
တစ္ညမွာလည္းထပ္လာေအာ္တယ္။ စုစုေပါင္းသုံးညဆက္တိုက္ပဲ။
ဦးအံ့ေမာင္က စိတ္ပူၿပီး ေညာင္ပင္ေအာက္မွာ ႐ြာဘုန္းႀကီးနဲ႔ တရား
နာခဲ့တယ္။

႐ြာကလူေတြကိုလည္း သဲမန္းနဲ႔ေရမန္းေတြေဝေပးတယ္။ တစ္႐ြာလုံး
ျဖန္းၾကပက္ၾကနဲ႔ေပါ့ေလ။ ကြၽန္မကေတာ့ဘာမွနားမလည္ပါဘူး။
လူႀကီးေတြလုပ္ခိုင္းလို႔ သဲမန္းေတြ ဆန္မန္းေတြလိုက္ပက္ေပးလိုက္
တာပဲရွိတယ္။ အဲ့လိုပက္ၿပီး သုံးရက္ေျမာက္တဲ့ ေန႔မွာပဲကြၽန္မတို႔
႐ြာအျပင္ဖက္မွာ လူေသအေလာင္းတစ္ေလာင္းကိုေတြ႕လိုက္ရတယ္။ ေသတဲ့လူကကြၽန္မတို႔႐ြာကမဟုတ္ဘူး။ ဘယ္ကမွန္းမသိေအာင္႐ုပ္

ပ်က္ဆင္းပ်က္ျဖစ္ေနၿပီ။ အဲ့ဒီေခတ္တုန္းက လမ္းပန္းဆက္သြယ္ေရးကသိပ္ၿပီးခက္ခဲေတာ့ ၿမိဳ႕ရဲစခန္းကိုအေၾကာင္းၾကားဖို႔ တစ္ညအိပ္သြားရတယ္။
႐ြာေတြမွာဖုန္းမရွိဘူး။ ၿမိဳ႕ေပၚမွာေတာင္ ဖုန္းကေနရာတိုင္းမရွိတဲ့
အခ်ိန္ေပါ့။ ဦးအံ့ေမာင္က သူ႔မွာတာဝန္ရွိတယ္ဆိုၿပီး သူကိုယ္တိုင္

ၿမိဳ႕တက္သြားၿပီးအေၾကာင္းသြားၾကားခဲ့တယ္။ အေလာင္းကေတာ့
ပိုင္ရွင္ဘယ္သူမွန္းလဲမသိ၊ လူသတ္မႈဆိုသက္ေသပ်က္မွာစိုးလို႔
မထိမကိုင္ရဆိုေတာ့ ေတြ႕တဲ့အတိုင္းပဲထားထားၾကတာေပါ့။
အေလာင္းကိုေစာင့္ဖို႔ ႐ြာကကာလသားေတြကိုတာဝန္ေပးတယ္။

အေလာင္းေစာင့္မယ့္သူက ၈ေယာက္။
႐ြာမွာကာလသားေတြကအေလာင္းေစာင့္ၾကၿပီ။ အဲ့ထဲမွာ ကြၽန္မ
ရည္းစားကိုသက္ေနာင္ကေတာ့မပါဘူး။ သူ႔တာဝန္က ကင္းတဲ

ေစာင့္ရတာ။ ႐ြာထိပ္မွာကင္းတဲက။ အေလာင္းေစာင့္တဲ့ကာလသား
ေတြနဲ႔ သိပ္မေဝးဘူး။ ကင္းတဲမွာကိုသက္ေနာင္နဲ႔ ႐ြာကကိုျမႀကီးတို႔
အတူေစာင့္တယ္။ အေလာင္းရွိလို႔ ေၾကာက္တယ္ဆိုၿပီးႏွစ္ေယာက္
အတူေစာင့္ၾကတာ။ ႐ြာအျပင္ဖက္မွာေစာင့္တဲ့သူေတြက အေလာင္း

ေစာင့္ရင္း ဗိုက္ဆာလို႔ ၾကက္ကာလသားဟင္းခ်က္စားၾကသတဲ့။
ႏွစ္ေယာက္က႐ြာထဲျပန္လာၿပီး ၾကက္တစ္ေကာင္ယူ၊ ဗူးသီးယူ၊လို
တာနဲနဲစီယူသြားၾကတယ္။ ႐ြာလူႀကီးသာရွိရင္ ခြင့္ေပးမွာမဟုတ္ဘူး။

ကာလသားဆိုေတာ့လည္း နဲနဲပါးပါးေသာက္စားၾကတယ္။ အေလာင္း
ေစာင့္ရင္း စားလိုက္ေသာက္လိုက္ ေထြရာေလးပါးေျပာဆိုၾကေပါ့။
ဟင္းေကာင္းေလးမ်ားစားရရင္ခ်စ္ခင္ရတဲ့သူကိုသတိရတယ္ဆိုတာ
ဟုတ္မလားပဲ။ အေလာင္းေစာင့္တဲ့သူေတြက ကိုသက္ေနာင္နဲ႔ ကို

ျမႀကီးတို႔စားဖို႔ လာပို႔ေပးသတဲ့။ သူတို႔စီလာပို႔တာက ႏွစ္ေယာက္။
အေလာင္းနားလူေျခာက္ေယာက္က်န္ခဲ့တယ္။ သူတို႔ေျခာက္ေယာက္
ဟာ အေလာင္းနားေစာင့္ေနၿပီး အေလာင္းေပ်ာက္သြားတာမသိလိုက္
ၾကဘူး။ သတိရလို႔ၾကည့္မိေတာ့အေလာင္းကမရွိေတာ့ဘူးတဲ့။

အေလာင္းနဲ႔မနီးမေဝးမွာေနၿပီး အေလာင္းေပ်ာက္သြားတာကိုမသိ
လိုက္ၾကတာ။ အကုန္လုံးအမူးေျပၿပီး လန႔္ကုန္ၾကတယ္။
လူသတ္သမားေတြကအေလာင္းလာခိုးသြားတယ္လို႔ထင္သြားၾက

တာ။ အေလာင္းေပ်ာက္ၿပီဆိုသူတို႔အကုန္အမႈပတ္ေတာ့မယ္ေလ။
ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ အနီးအနားကိုလိုက္ရွာၾကတာေပါ့။
ဘယ္လိုမွရွာမေတြ႕ၾကဘူး။ က်န္ခဲ့တဲ့ ေျခာက္ေယာက္ထဲကတစ္
ေယာက္က ကင္းတဲဆီေျပးလာၿပီး လာေျပာတယ္။ ကူရွာေပးၾကဖို႔။

ကိုသက္ေနာင္နဲ႔ကိုျမႀကီး လည္း႐ြာျပင္လိုက္သြားၾကတာေပါ့။ သူတို႔
အကုန္ဆယ္ေယာက္ျဖစ္သြားတယ္။ အေလာင္းေတြ႕တဲ့ေနရာနား
ဓါတ္မီးေတြနဲ႔ ဟိုထိုး ဒီထိုးၾကည့္ေတာ့ ေျခရာလက္ရာလည္းမပ်က္
နေဘူး။

လူသတ္သမားေတြကအေလာင္းျပန္လာယူတယ္ဆို ၿခဳံေတာ့တိုးရ
မွာ။ ၿခဳံတိုးထားတဲ့ပုံလည္းမေတြ႕ရဘူး။ သူတို႔ကျပန္စဥ္းစားၾကတယ္။
သတ္တဲ့သူက ႐ြာထဲကလူမ်ားလားေပါ့။ ႐ြာထဲကဆို ဘယ္လိုျဖစ္ျဖစ္

ကင္းတဲေရွ႕ျဖတ္ကိုျဖတ္လာရမွာ။ ကင္းတဲမွာလူက ေလးေယာက္။
သူတို႔လည္းျဖတ္တာမျမင္မိဘူး။ အေလာင္းေပ်ာက္သြားတာသိပ္
ထူးဆန္းေနတာေပါ့။ ႐ြာအျပင္ဖက္မွာ ဆယ္ေယာက္လုံးဘာလုပ္လို႔
ဘာကိုင္ရမွန္းမသိေခါင္းမီးေတာက္ေနၾကၿပီ။ ထပ္ခါတလဲလဲရွာေပ
မယ့္ အေလာင္းကိုမေတြ႕တာ။ တစ္နာရီေလာက္ၾကာေတာ့ လက္
ေလ်ာ့လိုက္ၾကတယ္။

အေလာင္းေစာင့္တဲ့သူေတြက အေလာင္းမရွိေတာ့လို႔ဆိုၿပီးျပန္လို႔
လည္းမျဖစ္ဘူးေပါ့။ မေတာ္တဆလူသတ္သမားက ဘယ္သူမွမရွိ
မွန္းသိရင္ ေျခရာလက္ရာလာဖ်က္မွာစိုးလို႔ ဒီအတိုင္းဆက္ေစာင့္
က်န္ေနရစ္ၾကတယ္။ ကိုသက္ေနာင္နဲ႔ ကိုျမႀကီးကေတာ့ ကင္းတဲ
တာဝန္ဆိုေတာ့ ႏွစ္ေယာက္သားျပန္လာၾကတာေပါ့။ သူတို႔ႏွစ္

ေယာက္ကင္းတဲေပၚေရာက္တဲ့အခါ ကင္းတဲေရွ႕ကေန အေလာင္း
ႀကီးကတေ႐ြ႕ေ႐ြ႕ျဖတ္ေလွ်ာက္သြားသတဲ့။ သူတို႔လည္း မ်က္လုံး
ျပဴး မ်က္ဆန္ျပဴးနဲ႔ အေတာင့္လိုက္ႀကီးလိုက္ၾကည့္ေနမိၾကတယ္
ဆိုပဲ။

အေလာင္းက႐ြာထဲကေနျပန္ထြက္လာတာေလ။ သူတို႔ေျပာျပတာ
ေတာ့ အေလာင္းႀကီးက ေတာင့္ေတာင့္ႀကီးလမ္းေလွ်ာက္ေနတယ္
ေျပာတယ္။ ကင္းတဲကိုျဖတ္ၿပီး႐ြာအျပင္ျပန္ထြက္သြားတဲ့
အေလာင္းေနာက္ကို လိုက္လည္းမၾကည့္ရဲ၊ ကင္းတဲမွာႏွစ္ေယာက္
သား တဆတ္ဆတ္တုန္ေနၾကတာေပါ့။ ႐ြာအျပင္ဖက္အေလာင္း

ေစာင့္တဲ့သူေတြဆီလည္းမသြားရဲၾကေတာ့ဘူး။ သူတို႔ေတြဝ႐ုန္းသုန္း
ကားေျပးလာၾကမလားဘဲနားစြင့္ေနၾကတယ္။ သုံးခ်က္တီးေလာက္
ေရာက္ေတာ့ ႐ြာျပင္က အေလာင္းေစာင့္တဲ့သူ ႏွစ္ေယာက္ကသုတ္
သုတ္ သုတ္သုတ္နဲ႔ ကင္းတဲဆီေရာက္လာၾကတာေပါ့။
အေလာင္းကဘယ္အခ်ိန္ျပန္ေရာက္ေနမွန္းမသိဘူးတဲ့။ သူတို႔လည္း
စိတ္ပ်က္လက္ပ်က္ ထိုင္ေနၾကတာ။ ”ခြၽတ္ကနဲ ” အသံၾကားလို႔

ၾကည့္လိုက္ေတာ့ အေလာင္းကသူ႔ေနရာသူျပန္ေရာက္ေနသတဲ့။
အကုန္လုံးလည္းေသြးပ်က္ေနၾကၿပီ။ ႐ြာကလူေတြကိုလိုက္ႏိုးၿပီး
အက်ိဳးအေၾကာင္းေျပာျပေတာ့ တစ္႐ြာလုံး႐ြာျပင္ကိုလိုက္ၾကည့္ၾက
တယ္။ ႐ြာကအသက္ႀကီးတဲ့သူေတြကကာလသားေတြကိုဆူၾကတာ
ေပါ့။ အေလာင္းေစာင့္ရင္း ဟင္းခ်က္စားရမလားဆိုၿပီး။ စားတာက
လည္း သူမ်ားအသက္၊ အခ်ိန္က ညႀကီးမင္းႀကီးေပါ့၊ ႐ြာျပင္လည္း
ျဖစ္ေသးတယ္ဆိုၿပီး ဆူၾကတာ။

ကာလသားေတြကၾကက္ကိုအရွင္ယူလာၿပီး ခ်က္မယ့္ေနရာေရာက္
မွ သတ္တာကိုး။ အဲ့ဒါေၾကာင့္ခုလိုျဖစ္တာလို႔ေျပာၾကတာပဲ။
အေလာင္းကိုျပန္ၾကည့္ၾကည့္ေတာ့ ေျခေထာက္ႏွစ္ဖက္လုံးေပပြလို႔
တဲ့။ ႐ြာျပင္ မွာ႐ြာကလူတစ္ဝက္က မျပန္ဘဲေစာင့္ကူၾကတယ္။
မနက္လင္းမွအလွ်ိဳလွ်ိဳျပန္ကုန္ၾကတာ။ ညေစာင့္တဲ့သူေတြနဲ႔ ႐ြာကလူေတြလူလဲေစာင့္ၾကေပါ့။ ဦးအံ့ေမာင္ျပန္လာရင္ ထပ္အဆူခံရဦး

မယ္ဆိုတာသိေတာ့ ကာလသားေတြလည္းၿငိမ္ကုပ္ေနၾကေရာ။ ဉာဥ့္
နက္ေလာက္ေရာက္တဲ့အခါ ဦးအံ့ေမာင္နဲ႔အတူ ရဲေတြေရာက္လာၿပီး
အေလာင္းကိုစစ္ေဆးၾကတယ္။ စေတြ႕တဲ့သူလည္းအစစ္ခံရတယ္။
အေလာင္းကအနံ႔ေတာင္ထြက္ေနၿပီ။

တာဝန္ရွိသူေတြလည္းအေလာင္းကိုသယ္သြားၾကတယ္။ ေသတဲ့သူ
ကဘယ္သူဆိုတာ မသိရေသးဘူး။ ေနာက္ဦးအံ့ေမာင္ေျပာမွသိရ
တာ ေသတဲ့သူက အသတ္ခံရတာ။ ဘယ္သူဘယ္ဝါမွန္းမမွတ္မိ
ေအာင္ မ်က္ႏွာတစ္ခုလုံး႐ိုက္ႏွက္ခံထားရတယ္။ ၿပီးေတာ့ လူသတ္

သမားဟာ အေလာင္းကိုေမွာက္ထားခဲ့တယ္တဲ့။ ေမွာက္ရက္ထား
ခဲ့တဲ့အေလာင္းဆို သတ္တဲ့သူမေပၚဘူးလို႔ ဦးအံ့ေမာင္ကယုံၾကည္ေန
တယ္။ အဲ့ဒီကိစၥႀကီးျဖစ္ၿပီး ႐ြာအျပင္ဖက္ကို ညေနဆိုမသြားရဲ မျဖတ္

ရဲၾကေတာ့ဘူး။ အေလာင္းႀကီးလမ္းထေလွ်ာက္တဲ့ကိစၥက တစ္႐ြာ
လုံးကို ေခ်ာက္ခ်ားေစတာကို။
ကာလသားေတြကေတာ့ အဆူခံရတာမွပက္ပက္စက္စက္ပဲ။ အယူ
သီးတဲ့ ဦးအံ့ေမာင္က အေလာင္းႀကီး႐ြာထဲဝင္လာၿပီးေလွ်ာက္သြား

ေနတာၾကားကတည္းက စိုးရိမ္ပူပန္ေနေတာ့တာ။ တစ္႐ြာလုံးကို
တရားနာ ေရမန္းသဲမန္းထပ္ပက္၊ ႐ြာစည္းခ်တာေတြလည္းလုပ္တာ
ေပါ့။ ထူးဆန္းမႈလား၊ တိုက္ဆိုင္မႈလားမသိဘူး။ ႐ြာျပင္ကအေလာင္း
ၿပီးေတာ့ ႐ြာထဲမွာ လူႏွစ္ေယာက္ထပ္ေသတယ္။ ေသတဲ့သူေတြက

႐ိုး႐ိုးတန္းတန္းပါပဲ။ ေရာဂါနဲ႔ေသတာကတစ္ေယာက္၊ အိပ္ေနရင္း
ေသတာကတစ္ေယာက္။ ဒါေပမယ့္ သုံးေလာင္းစလုံး တစ္ပတ္စီပဲ
ျခားတာေတာ့ထူးဆန္းတယ္။
ငွက္ဆိုးကသုံးညဆက္တိုက္ထိုးခဲ့ၿပီး သုံးေလာင္းဆက္တိုက္ေသ
တာ ဦးအံ့ေမာင္ေတြးသလို အတိတ္နိမိတ္ကမွန္တယ္ဆိုရမလား။
ေသခ်ာတာကေတာ့ ႐ြာကလူေတြအကုန္ ဦးအံ့ေအာင္ကိုပိုၿပီး ယုံ
ၾကည္အားထားလာၾကတာပါပဲ။ ဒီအေၾကာင္းအရာက ကြၽန္မ ၁၈ႏွစ္
အ႐ြယ္ေလာက္ကျဖစ္ခဲ့တာေပါ့။ အခုကြၽန္မအသက္ ၄၀ေက်ာ္ၿပီဆို
ေတာ့ ႏွစ္ေပါင္း ၂၀ေက်ာ္ခဲ့ၿပီ။ အခုခ်ိန္မွာ႐ြာကေျပာင္းလဲသြားပါ

ၿပီ။ လမ္းပန္းဆက္သြယ္ေရးလည္းေကာင္းသြားၿပီ။ ဖုန္းေတြလည္း
ရွိလာၿပီ။ တစ္ခုခုဆို ခ်က္ခ်င္းသိရၿပီေလ။ ကြၽန္မလည္း ဘာမွနား

မလည္ေပမယ့္ အခုခ်ိန္မွာျပန္ေတြးမိတာကေတာ့ ႐ြာျပင္ကအေလာင္း

သာ ခုလိုဖုန္းေတြရွိခ်ိန္ လမ္းပန္းဆက္သြယ္ေရးေကာင္းခ်ိန္လိုသာဆို

ရင္ တရားခံမ်ားမိမလားရယ္လို႔ေတာ့ တခါခါေတြးမိေနတယ္။

သူ႔မွာမိသားစုေတြသာရွိမယ္ဆိုရင္ ေသတာလည္းသိရွာမယ္မထင္

ပါဘူး။ ေတြးမိတိုင္းစိတ္မေကာင္းျဖစ္မိတယ္။ လူ႔ဘဝေတြက အခ်ိဳး

အေကြ႕သိပ္မ်ားလြန္းပါတယ္။ ႐ြာျပင္ကအေလာင္းလိုအျဖစ္မ်ိဳးဘယ္

သူ႔ကိုမွမျဖစ္ေစခ်င္သလို အေလာင္းကလမ္းထေလွ်ာက္တဲ့ကိစၥ

လည္း ဘာရယ္ေၾကာင့္ဆိုတာ အေျဖရွာမရခဲ့ပါဘူး။ ေသသြားတဲ့သူ

ကေတာ့ ကြၽန္မအပါအဝင္႐ြာကလူေတြရဲ႕ ႏႈတ္ဖ်ားမွာ ႐ြာျပင္က

အေလာင္းရယ္လို႔ ပါးစပ္ရာဇဝင္တြင္ရစ္သြားပါၿပီေလ။

ေသာ္တာလမင္းစႏၵာ