ညောင်ကြပ်ပင်ကတစ္ဆေကြီး

Unicode Version

ညောင်ကြပ်ပင်က တစ္ဆေကြီး(စ/ဆုံး)
——————————————–
ဦးထွန်းဇံတစ်ယောက် ရှားတောရွာကနေ
ဆင်ကူးရွာသို့ လှည်းတစ်စီးနှင့် ထွက်ခဲ့သည်။
သူနှင့်အတူ အဖော်အဖြစ် လှည်းမောင်းသူ
တူတော်မောင် တင်စိုးနှင့် မိတ်ဆွေ ဦးတင်မြတို့လည်း
ပါသည်။ ထိုနှစ်ရွာက ဆယ်မိုင်မျှ ဝေးသည်။
ဆင်ကူးရွာနှင့် ရှားတောရွာကြားတွင် အေးရွာ။
လက်ခုတ်ကုန်းရွာတို့ ရှိသည်။
လက်ခုတ်ကုန်းရွာလွန်လျှင် ဆင်ကူးရွာသို့
ရောက်ပြီဖြစ်သည်။ လက်ခုတ်ကုန်းနှင့်
ဆင်ကူးရွာကြားတွင် ညောင်ကြပ်ပင်ကြီးနှင့်
ကြာမျိုးစုံပွင့်နေသော သောက်သုံးရေကန်ကြီး
တစ်ကန် ရှိနေပါသည်။
ထိုညောင်ကြပ်ပင်ကြီးက ထိုနေရာအနီးတဝိုက်မှာ
နာမည်ကြီးလှသည့် အပင်ကြီးဖြစ်သည်။
ညောင်ကြပ်ပင်ကြီးနှင့် လက်ခုတ်ကုန်းရွာက
တစ်ဖာလုံသာသာခန့်သာဝေးပြီး ထိုအပင်နှင့်
ရွာအကြား ရွာသားတို့ သောက်သုံးရေ အဖြစ်
အသုံးပြုနေသော ပေနှစ်ရာ ပတ်လည်ခန့်ရှိ
ရေကန်ကြီးက ရှိနေသည်။
ရေက ကြည်လဲ့နေသဖြင့် အချို့က သုံးရေအပြင်။
သောက်ရေပါ အသုံးပြုကြသည်။
ယခုနောက်ပိုင်း ထိုရေကန်အတွင်း ညနေပိုင်းမှ
နေဝင်ချိန်အထိ ရေချိုး ရေခပ်သူ မရှိသလောက်
ဖြစ်သွားသည်။
ဦးထွန်းဇံတို့ စီးလာသော လှည်းက လက်ခုတ်ကုန်းရွာ
အတွင်းမှ ထွက်လာပြီး ရေကန်နားသို့ ရောက်လာခဲ့သည်။
ထိုအချိန် လှည်းပေါ်မှာ ပါလာသော ဦးထွန်းဇံ၏ မိတ်ဆွေ
ဦးတင်မြက စကားစလာသည်။
“အရင်ကဆို ဒီရေကန်ကြီးမှာ မနက်ည ရေခပ်ကြတာ။
လူပြတ်တယ်လို့ မရှိဘူး ။ အခုနောက်ပိုင်း မနက်ပိုင်းအပြီး
ခပ်ပြီး ညနေပိုင်း လူအနည်းအကျင်းလောက်ပဲ
လာခပ်ကြတော့တယ် ”
“ဘာဖြစ်လို့လဲ ကိုတင်မြ။ ရေထဲမှာ တစ်ခုခုတွေ့လို့လား”
“ရေထဲမှာ မဟုတ်ဘူး ။ ဟိုညောင်ကြပ်ကြီးမှာနေတဲ့
သရဲတစ်ကောင်ကြောင့်ပဲ။ အဲဒီသရဲက အရင်က
သရဲရှိမှန်းတောင် မသိအောင် မခြောက်မလှန့်ဘဲ
နေခဲ့တာ။ ပြီးခဲ့တဲ့ နှစ်လလောက်ကမှ ဘာကြောင့်မှန်း
မသိဘူး ။ အတော်သောင်းကျန်းခဲ့တာဆိုပဲ”
” ဘယ်လိုသောင်းကျန်းခဲ့တာလဲ ကိုတင်မြ သိလား”
“ကျနော်တို့ လက်ခုတ်ကုန်းရွာ ထွက်ကာနီးတော့
ခြေတံရှည် နှစ်ဆောင်ပြိုင်အိမ်ကြီးကို တွေ့ခဲ့လား”
“ဟို ရေနံချေးတွေ ဝအောင် သုတ်ထားတဲ့
မည်းနက်နေတဲ့ အိမ်ကြီးလား”
“ဟုတ်တယ် ။ အဲဒီအိမ်ကြီးမှာ တစ်မိသားစုလုံး
သရဲနှိပ်စက် ခြောက်လှန့်တာကို ခံရပြီး သေကုန်လို့
အခု အဲဒီ အိမ်ကြီးမှာ လူမနေဝံ့ဘူး။ မိသားစုတွေလည်း
လာမနေရဲကြဘူး”
“အဲဒီသရဲက အခြားအိမ်တွေရော အနှောင့်အယှက်ပေး
မခြောက်လှန့်ဘူးလား”
“ဘယ်အိမ်ကိုမှ နှောက်ယှက်တယ် မကြားမိဘူးဗျ။
အဲဒီအိမ်ကြီးက မိသားစုကိုပဲ မသေမချင်း တစ်ညလုံးနီးပါး
ခြောက်လှန့်နေလို့ ကြောက်လန့်ပြီး သေကုန်ကြတာ”
“မိသားစု ဘယ်နှစ်ယောက်ရှိလဲ။ ကျနော်တောင်
စိတ်ဝင်စားသွားပြီ”
“အသက်ငါးဆယ်ကျော် လင်မယားနှစ်ယောက်။
သမီး အပျိုကြီးတစ်ယောက်။ မြေးနှစ်ယောက်
ပေါင်းငါးယောက် နေကြတယ်။ အိမ်ထောင်ကျနေတဲ့
သားသမီးသုံးယောက်က အိမ်ခွဲနေကြလို့
ကံကောင်းသွားတာ။ မြေးနှစ်ယောက်က
သမီးကြီးက မွေးတာ။ အဒေါ်အပျိုကြီးနဲ့
လာနေရင်း ကံဆိုးသွားကြတာ”
“စခြောက်တဲ့ ညမှာ အဖိုးကြီး ဆုံးသွားတယ်
အဖိုးကြီး လယ်က ညောင်ကြပ်ပင်နားမှာ ရှိတယ်။
လယ်ကအပြန် ညောင်ကြပ်အောက် ဝင်နားရင်း
ဘာဖြစ်ခဲမှန်း မသိဘူး။ အဲဒီညမှာပဲ သူ့ကို
ညောင်ကြပ်ပင်က သရဲကြီးလိုက်လာပြီး
ခြောက်လှန့်နေတယ်လို့ မသေခင် ပြောသွားတယ်
အဖိုးကြီး ရက်လွန်ပြီး ဆွေမျိုးသားချင်းတွေ
ကိုယ့်အိမ် ကိုယ်ပြန်သွားကြပြီးနောက်
သရဲကြီးရောက်လာပြီး ခြောက်လှန့်တော့တာပဲတဲ့။
မြေးနှစ်ယောက်က မပြန်သေးဘဲ အပျိုကြီးနှင့်
အဖော်အိပ်ပေးရန် နေခဲ့သည့်အတွက် ကံဆိုးစွာ
သေဆုံးခဲ့ရတယ်
အဲဒီအကောင်ကြီးက အိမ်ခေါင်မိုးမှာ ဇောက်ထိုးကြီး
လုပ်ပြ။ လျှာကြီးထုတ်ပြ။ မျက်လုံးကြီးပြူးပြ။
အကောင်လိုက်ကြီးကို ပြတာတဲ့။
လူတွေကြားထဲ ခုန်ချ။ ခန္ဓာကိုယ်ကို အကြီးကြီးလုပ်ပြ။
ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့ အမျိုးမျိုး
ခြောက်လှန့်နေတာ ။ ငယ်သံပါအောင် အော်ဟစ်ငိုယို
အကူအညီတောင်းနေကြပေမယ့် ဘယ်သူမှ
မသွားရဲကြဘူး။
ကြာတော့ ဘယ်သူ တင်းခံနိုင်မလဲ။
အိမ်ထဲက အိမ်ပြင်လည်း ထွက်လို့မရအောင်
တံခါးတွေက ပိတ်နေတယ်တဲ့။
မိသားစုလေးယောက်လုံး အသက်ထွက်ကုန်မှ
သရဲကြီးပျောက်သွားတယ်တဲ့”
ဦးတင်မြက ညောင်ကြပ်ပင်သရဲကြီးအကြောင်း
ရှင်းပြပြီး လာခဲ့ရာ။ လှည်းက ညောင်ကြပ်ပင်အနီးသို့
ရောက်လာခဲ့သည်။ညောင်ကြပ်ပင်ကြီးကို အနီးက
ကြည့်မှ သက်ကြီးပင်ကြီး တစ်ပင်ဖြစ်ကြောင်း
သိရသည်။ အကိုင်းအခက်အလက်များ
မရေမတွက်နိုင်အောင် ဖြာထွက်နေသလို
အကိုင်းအခက်ပင်စည်များမှ အမြစ်ရှည်များက
မြေကြီးသို့တိုင် တိုးဝင်ပေါက်ရောက်နေသည်။
မြစ်ပျဉ်းကြီးများက ပင်စည်ကို ပိုမိုကြီးသယောင်
ဖြစ်စေရသည်။ လေးဘက်လေးတန်း အကိုင်းအခက်များမှ
မြေသို့ ကိုင်း အမြစ်လက်တံများက
ထိုးဖောက်ဝင်ရောက်နေသည်
ထိုအပင်မျိုးမှာ မှီခိုတွယ်ကပ်နေထိုင်ကြသော
နာနာဘာဝများကလည်း နှစ်ချို့အကောင်ကြီးများသာ
ဖြစ်နိုင်သည်။ သစ်ပင်ကြီးများမှာ သရဲတစ္ဆေများ
မှီခိုနေထိုင်တတ်ကြပါသည်။
သရဲတိုင်း မခြောက်မလှန့်ကြပါ။
အချို့သော သရဲအနည်းငယ်မျှကသာ ခြောက်လှန့်အမှု
ပြုတတ်ကြသည်။ ထိုအထဲမှ ညောင်ကြပ်ပင်ကြီးမှာနေသော
သရဲတစ်ကောင်က လူတွေသေလောက်တဲ့အထိ
အနှောင့်အယှက်ပေး ခြောက်လှန့်ကြောင်း
ဦးထွန်းဇံ သိလိုက်ရသည်။
လှည်းက ညောင်ကြပ်ပင်ကို ကျော်လွန်သွားသည်။
ညောင်ကြပ်ပင်ကို အဓိပ္ပါယ်ရှိရှိ ကြည့်မိသော
ဦးထွန်းဇံ ထူးခြားချက်ကို သိလိုက်သည်။
“ဒီအပင်မှာ ကြမ်းတမ်းခြောက်လှန်တဲ့ သရဲ မရှိတော့ဘူး
ကိုတင်မြ ခရီးလွန်နေတာ ဖြစ်မယ်”
“အစ်ကိုကြီး အဲဒီသရဲနဲ့ တွေ့ရင် နိုင်ပါ့မလား”
“သူတို့က ရန်ပြုလာရင် ကိုယ်က မေတ္တာနဲ့ ပြန်ခုံခံရမှာပဲ။
ရန်ကို ရန်ခြင်း မတုံ့နှင်းချင်ပါဘူး”
“အခု ကျနော်တို့ သွားရမှာကလဲ သရဲပူးကပ်နေတဲ့
မိန်းကလေးတစ်ယောက်အိမ်ကို သွားကြမှာ”
ဦးတင်မြက ဆက်ပြောပြသည်။
“အခု …အဲဒီ မိန်းကလေးကို ဆရာမျိုးစုံ ပင့်ပြီး
ကုသပေးတာ မပျောက်တဲ့အပြင် လာကုသပေးတဲ့
အချို့ဆရာတွေ တစ်ချိုးတည်း ပြန်ပြေးကြသလို
ဆရာတစ်ယောက်ကဆို လှေကားပေါ်က
အကန်ခံလိုက်ရလို့ လက်ကျိုးသွားရတယ်။
လူနာရှင်က ဆေးဖိုးအလျော်
ပေးလိုက်ရသေးတယ်။ အတော်လေးကို ကြမ်းတယ်
အခုဆို အဲဒီမိန်းကလေး ရောဂါဖြစ်နေတာ
တစ်လရှိနေပြီ။ အစားအသောက်ကတော့
အသား/ငါးမျိုးစုံ ချက်ကျွေးတယ်။
ရိုးရိုးဟင်း လုံးဝကျွေးလို့ မရဘူး။
အဲဒီ ဟင်းတစ်မျိုးမျိုးကို တစ်နပ်စား
ငါးဆယ်သားချက်လောက် ကျွေးနေရတယ်လို့
ကြားတယ်။ ကျတော့်အထင် ဦးစိုးမောင်သမီးမှာ
ပူးကပ်နေတဲ့ သရဲက ညောင်ကြပ်ပင်က
သရဲကြီးများ ဖြစ်နေမလား”
“ဘာကြောင့် ထင်ရတာလဲ။အောက်လမ်းကို
စုန်းတို့။ လူပြုစားတာရော မဖြစ်နိုင်ဘူးလား”
“လူပြုစားတာ ကျနော်မြင်ဖူးတယ်။
ဒီမိန်းကလေးလောက် မကြမ်းဘူး။
အမြဲအော်ဟစ် ခုန်ပေါက်နေလို့ ထမီတောင်
ကြိုးနဲ့ ချီထားရတယ်တဲ့။
အစားအသောက်ကလည်း အမဲကလီစာ
ဝက်ကလီစာ ။ငါးဆို အကောင်ကြီးမှ
ထူးဆန်းမနေဘူးလား”
“ဘယ်လို စဖြစ်တာလဲ ကိုတင်မြသိလား”
‘ဖြစ်ပုံက လက်ခုတ်ကုန်းက အပြန်။
ရေကန်နားလည်း ရောက်ရော ရေကန်အစပ်ကိုဆင်းပြီး
ကြာပန်းသုံးလေးပွင့်လောက် ခူးခဲ့တယ်တဲ့။
အိမ်လည်း ပြန်ရောက်ရော ရုတ်တရက်
မူးမေ့လဲကျသွားပြီး သတိလည်းရရော
အရူးတစ်ယောက်လို့ အော်ဟစ်
ခုန်ပေါက်နေတော့တာပဲတဲ့ ။
မကြာခင်မှာပဲ သူတို့၏ လှည်းက ဆင်ကူးရွာသို့
ဝင်လာခဲ့သည်။ ရွာအဝင်မှ သိပ်မဝင်လိုက်ရ။
ဦးစိုးမောင်အိမ်သို့ ရောက်လာခဲ့သည်။
ဦးစိုးမောင်က အိမ်အောက်ဆင်းပြီး
ပျူငှာစွာ ကြိုဆိုခဲ့သည်။ ဦးတင်မြက
မိတ်ဆက်ပေးသည်။
“ကိုစိုးမောင် ကျနော်ပြောတဲ့ ဆရာဦးထွန်းဇံဆိုတာပဲ”
“ကြွပါ ဆရာအိမ်ပေါ်ကို တစ်ခါတည်းသာ ကြွပါ”
ဦးထွန်းဇံလည်း ခေါင်းရင်းဘက်မှာ ထိုင်လိုက်ပြီး
ဝန်းကျင်ကို အကဲခတ်လိုက်သည်။
မိသားစု များများစားစား မတွေ့ရ။
ဦးထွန်းဇံက ဦးစိုးမောင်အား သိလိုသမျှ
မေးလိုက်သည်။
“လူနာမိန်းကလေးက ဘယ်မှာလဲ”
“အိမ်ထဲမှာပါ ဆရာ။ သမီးက တစ်နေ့တခြား
ပိုပြီး ကြမ်းလာတယ် ဆရာနိုင်ပါ့မလား”
“ဆရာ နိုင်မနိုင်ဆိုတာကတော့ စောင့်ပြီးတော့
ကြည့်ပေါ့ဗျာ ။ ဆရာကတော့ ကြိုးတုတ်ရိုက်တာတို့
ဘာတို့ လုပ်မှာ မဟုတ်ဘူး။ ဘာဆေးမှလည်း မတိုက်ဘူး။
မေတ္တာလက်နက်နဲ့ ကုမှ”
ဖြန်း… ဖြန်း …ဖြန်း …ဖြန်း…”
အခန်းတွင်းမှ ခုန်ပေါက်သံ ထွက်လာသည်
“ဟေ့ကောင် ဆရာစုတ် မင်းက ငါ့ကို ဘာထင်လို့လဲ
မင်းနိုင်မယ်ထင်ရင် စမ်းလိုက်လေ…မင်းသေချင်လို့
ရောက်လာတာလား…ဟား.. ဟား …ဟား ”
“ဆရာ…ကြားတယ် မဟုတ်လား ။ အပြင်က
ဆရာရောက်တာ သူသိတယ် ဆရာ ဘယ်လို လုပ်မလဲ”
“ကျုပ် ကုမှာက ဘုရားကု ကုမှပါ ။ ဒါကြောင့်
ရတနာ သုံးပါးဦးခိုက်တဲ့အနေနဲ့ ပွဲသုံးပွဲ အမြန်ဆုံး
ပြင်ချင်တယ် ငှက်ပျောအုန်း အလွယ်ရနိုင်မလား”
“ခဏပဲစောင့်ပါဆရာ ။ ငှက်ပျောခိုင်တွေ အုန်းသီးတွေ
အလွယ်ရနိုင်ပါတယ်”
“ကဲ ဒါဆိုလည်း စီစဉ်လိုက်ပါ ။ အောင်သပြေလည်း
နည်းနည်း ခူးခဲ့ပါ”
နာရီဝက်သာသာခန့် ကြာတော့။ အားလုံး အဆင်သင့်
ဖြစ်သွားပြီ။
ဆရာဦးထွန်းဇံက ပွဲများကို ကိုယ်တိုင်ပြင်ဆင်နေရင်း
ဦးစိုးမောင်တို့ လင်မယားအား ရှင်းပြနေသည်။
“ဆရာအနေနဲ့ အထက်လမ်းအကျင့်ကို အထက်လမ်း
ဆရာကြီးတွေရဲ့ နည်းနာနိဿယ ခံယူပြီး ကျင့်ကြံခံတာ
အဓိဋ္ဌာန်တွေလည်း အဆင့်ဆင့် ဆက်ဝင်ခဲ့တာကြောင့်
ဆရာသွားလေရာကို ဆေးကြိမ်လုံး ။ ဆေးလွယ်အိတ်
ဆောင်ယူမသွားပါဘူး။ဒါကြောင့် အခု ပူးကပ်နေတဲ့
တစ္ဆေကောင်ကို ဆရာမေတ္တာနဲ့ပဲ ဖယ်ထုတ်ပေးမှာပါ
စိတ်မပူကြပါနဲ့ ”
ဆရာက လူနာရှင်စိတ်ထဲ ယုံကြည်မှု အားကိုးမှုရှိစေရန်
အနည်းအကျဉ်း ရှင်းပြလိုက်သည်။
ပွဲများကို ပြင်ဆင်ပြီးသည်နှင့် ဖယောင်းတိုင်များ
မီးပူဇော်လိုက်သည် ။ သောက်တော်ရေခွက်များကို
ရေဖြည့်ပြီး ဆက်ကပ်လိုက်သည်။
“ကဲ …ရေမန်းလုပ်ဖို့ ဖလားတစ်ခွက်နဲ့ သောက်ရေ
တစ်ခွက် ခပ်ပေးပါ”
အားလုံး စုံသည်နှင့် ပွဲများကို ဆက်ကပ်လိုက်သည်။
ဝုန်း …ဝုန်း …ဖြုန်း …ဖြုန်း
ဟား … ဟား …ဟား … ဟား…
“ဟေ့ ဆရာစုတ် မင်း အခု မပြန်သေးဘူးလား”
ထိုအခါ ဆရာက ဘာမှ မပြောဘဲ ။ ဘုရားစင်ရှေ့မှာ
ထိုင်ပြီး ဘုရား တရား သံဃာ ရတနာသုံးပါးနှင့်တကွ
ပူဇော်ရှိခိုးသင့်သည့် အမှုကို ပြုမှုနေသည်
အထက်ဆရာကြီးများနှင့်တကွ တောစောင့်နတ်
တောင်စောင့်နတ် မြို့စောင့်နတ်များ တောပိုင်
တောင်ပိုင် နယ်ပိုင်များကိုလည်း မေတ္တာပို့လိုက်သည်။
ထို့နောက် ရေမန်း ခပ်ခိုင်းထားသော ရေဖလားကိုယူ၍
ရွတ်ဖတ်မန်းမှုတ်နေတော့သည်။
ဆယ်မိနစ်ခန့်မျှ ကြာအောင် ပါးစပ်လှုပ်ရုံသာ
ရွတ်ဖတ်နေသည်။ ထို့နောက် ရေမန်းခွက်ကို
ကိုင်လိုက်ပြီး …
“ကဲ အခန်းထဲက လူမမာမိန်းကလေးကို သူ့အဖေနဲ့
အမေက တာဝန်ယူပြီး သွားခေါ်ခဲ့ပါ”
“ငါ့ဆီ ဘယ်သူမှ မလာနဲ့။ အားလုံး ထွက်သွားကြ။
ဝင်လာတဲ့လူ မသာပေါ်သွားမယ်”
ဝုန်း …ဝုန်း …ဗြန်း
အထဲမှာ ဆူညံသောအသံများကြောင့် ခုန်ပေါက်အော်ဟစ်
နေမှန်း သိလိုက်ကြသည်။ ဘယ်လိုမှ ခေါ်ထုတ်ရန်
မဖြစ်သလို မိဘများကလည်း အခန်းထဲသို့ မဝင်ဝံ့ကြ။
ဆရာလည်း ရေမန်းကိုင်ကာ အခန်းဝမှာ သွား၍
ရပ်လိုက်ပြီး …
“လာ အပြင်ထွက်ခဲ့”
ဆရာ ဦးထွန်းဇံကို အခန်းဝမှာရပ်လျက်
မြင်တွေ့လိုက်သည်နှင့်
လက်သီးလက်မောင်းတန်းကာ
အော်ဟစ်ခုန်ပေါက်နေတော့သည်။
“မထွက်ဘူးကွ။ မင်းက ဘယ်လောက်အစွမ်းထက်လို့
ငါ့ကို လာပြီး ထွက်သွားခိုင်းနေရတာလဲ”
“ငါ့ကတော့ အစွမ်းထက်ချင်မှ ထက်မယ်။ဒါပေမဲ့
ငါ့လက်ထဲက ရေမန်းကတော့ …ဘုရားရှင်ရဲ့
နှုတ်ကပတ်တော်တွေ ပြည့်နေတဲ့ ရေမန်းပဲ။
နည်းနည်းလောက် မြည်းစမ်းကြည့်ဖို့တော့
လိုမယ်တယ်”
“သွား…သွား…ယူသွား…အနားမလာနဲ့ ”
ထိုသို့ အသံကုန် ပြန်အော်ပြီး မျက်နှာလွှဲနေသည်
ထိုအခါ ဦးထွန်းဇံက ရေမန်းခွက်အတွင်း လက်ချောင်းများ
နှစ်ပြီး လူမမာ မိန်းကလေးအား ထိရန် ရေမန်းများဖြင့်
လှမ်းတောက်လိုက်သည်။
“အား …ပူတယ်…ပူတယ်…မလုပ်နဲ့ ”
မိန်းကလေးလည်း ရေမန်းစက်များ ထိသွားသည်နှင့်
တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာကာ ရပ်နေက
လဲပြိုကျသွားသည်။
ဦးထွန်းဇံလည်း အခန်းတွင်း မဝင်ဘဲ အခန်းဝမှပင်ရပ်၍
အခန်းတွင်း အနှံ့သို့ ရေမန်းများဖြင့် တောက်သွင်းလိုက်သည်။
ထိုအခါ အကောင်ကို မမြင်ရဘဲ။ ကြောက်မက်ဖွယ်ရာ
အသံကြီးအော်ဟစ်ပြီး ဝုန်းခနဲ ပြတင်းပေါက်ပွင့်သွားကာ
သရဲကြီး ခုန်ချ ထွက်ပြေးပါတော့သည်။
အိမ်ပေါ်မှ အောက်သို့ သရဲကြီး ခုန်ချလိုက်သဖြင့်
အိမ်ကြီးပင် သိမ့်ခနဲ ဖြစ်သွားသည်။
ထို့နောက် ရွာတွင်းမှနေ၍ ဖုန်တထောင်းထောင်းထအောင်
လှည်းလမ်းအကြောင်းအတိုင်း သရဲကြီး ပြေးထွက်
သွားပါတော့သည်။
ဦးထွန်းဇံလည်း ဘုရားစင်ရှေ့ သွားထိုင်နေလိုက်သည်။
“ကဲ …အခန်းထဲက မိန်းကလေးကို သွားခေါ်လို့ ရပါပြီ”
မိခင်နှင့် အမျိုးသမီးတစ်ယောက်က လဲနေသော
မိန်းကလေးကို တွဲပြီး ခေါ်လာသည်။
သတိမရသေးသဖြင့် မိန်းခလေး ပါးစပ်အတွင်းသို့
ရေမန်းကို တစ်စက်ချင်း ချပေးစေသည်။
ခဏမကြာခင်မှာပင် မိန်းခလေး ငြီးငြီးငြူငြူနှင့်
သတိရလာသည်။ လူကြီးများ၏ အစိုးရိမ်ပိုသော
မျက်နှာများ ပြုံးယောင်သမ်းလာသည်။
သတိရလာသော မိန်းကလေးလည်း အားယူပြီး
ထထိုင်လိုက်သည်။
ထို့နောက် ဦးစိုးမောင်က ဦးထွန်းဇံအား သမီးကို
ကုသပေးသော ဆရာဖြစ်ကြောင်း ပြသပြီး
ဆရာကြီးအား ကန်တော့ခိုင်းသည်။
ဦးစိုးမောင်တို့ လင်မယားလည်း ဆရာအား
ကျေးဇူးတင်လွန်းသည့်အကြောင်း ဆရာပေးတဲ့
အသက်သာ ရှိတော့ကြောင်း ရှင်းပြသည်။
ဦးစိုးမောင်လည်း ဆရာဦးထွန်းဇံအား
ပိုက်ဆံအတော်များများ ထုတ်ပြီး ဆေးကုသခ
အဖြစ်ပေးရာ ဆရာကြီးက အားလုံးပြန်ပေးခဲ့ပြီး
ဘာသာရေးကုသိုလ်ပြုရာမှ ထည့်လှူလိုက်ပါဟု
ပြောလိုက်သည်။
ဆရာက အဓိဋ္ဌာန် စခန်းဝင်နေသည့်အတွက်
ငွေမလိုကြောင်းလည်း ပြောပြသည်။
ဦးစိုးမောင်က သူ၏သမီး ကျန်းမာရေး စိတ်ချလက်ချ
ဖြစ်ရန် တစ်ညခန့်မျှ စောင့်ကြည့်ပေးပါဟု
တောင်းပန်လာသဖြင့် ညအိပ်ညနေ နေပေးကာ
ချည်မန်းကြိုးများ အဆောင်လက်ဖွဲ့များ
စီရင်ပေးခဲ့သည်။
ထို့နောက် မနက်ငါးနာရီ ကောက်ညှင်းပေါင်း
ရေနွေးကြမ်းနှင့် အစာပြေ ဗိုက်ဖြည့်ပြီး လှည်းနှင့်
ရှားတောရွာသို့ ပြန်လာခဲ့တော့သည်။
ဆရာ ဧကန်မင်းရဲ့” မဖဲဝါနဲ့ အလောင်းသူခိုး”
စာအုပ်မှ လက်ခ စာဖတ်သူကို ပြန်လည်ဝေမျှ
ကူးပေးလိုက်သည်။👸
cerdit

ပြီးပါပြီ

Zawgyi Version

ေညာင္ၾကပ္ပင္က တေစၦႀကီး(စ/ဆုံး)
——————————————–
ဦးထြန္းဇံတစ္ေယာက္ ရွားေတာ႐ြာကေန
ဆင္ကူး႐ြာသို႔ လွည္းတစ္စီးႏွင့္ ထြက္ခဲ့သည္။
သူႏွင့္အတူ အေဖာ္အျဖစ္ လွည္းေမာင္းသူ
တူေတာ္ေမာင္ တင္စိုးႏွင့္ မိတ္ေဆြ ဦးတင္ျမတို႔လည္း
ပါသည္။ ထိုႏွစ္႐ြာက ဆယ္မိုင္မွ် ေဝးသည္။
ဆင္ကူး႐ြာႏွင့္ ရွားေတာ႐ြာၾကားတြင္ ေအး႐ြာ။
လက္ခုတ္ကုန္း႐ြာတို႔ ရွိသည္။
လက္ခုတ္ကုန္း႐ြာလြန္လွ်င္ ဆင္ကူး႐ြာသို႔
ေရာက္ၿပီျဖစ္သည္။ လက္ခုတ္ကုန္းႏွင့္
ဆင္ကူး႐ြာၾကားတြင္ ေညာင္ၾကပ္ပင္ႀကီးႏွင့္
ၾကာမ်ိဳးစုံပြင့္ေနေသာ ေသာက္သုံးေရကန္ႀကီး
တစ္ကန္ ရွိေနပါသည္။
ထိုေညာင္ၾကပ္ပင္ႀကီးက ထိုေနရာအနီးတဝိုက္မွာ
နာမည္ႀကီးလွသည့္ အပင္ႀကီးျဖစ္သည္။
ေညာင္ၾကပ္ပင္ႀကီးႏွင့္ လက္ခုတ္ကုန္း႐ြာက
တစ္ဖာလုံသာသာခန္႔သာေဝးၿပီး ထိုအပင္ႏွင့္
႐ြာအၾကား ႐ြာသားတို႔ ေသာက္သုံးေရ အျဖစ္
အသုံးျပဳေနေသာ ေပႏွစ္ရာ ပတ္လည္ခန္႔ရွိ
ေရကန္ႀကီးက ရွိေနသည္။
ေရက ၾကည္လဲ့ေနသျဖင့္ အခ်ိဳ႕က သုံးေရအျပင္။
ေသာက္ေရပါ အသုံးျပဳၾကသည္။
ယခုေနာက္ပိုင္း ထိုေရကန္အတြင္း ညေနပိုင္းမွ
ေနဝင္ခ်ိန္အထိ ေရခ်ိဳး ေရခပ္သူ မရွိသေလာက္
ျဖစ္သြားသည္။
ဦးထြန္းဇံတို႔ စီးလာေသာ လွည္းက လက္ခုတ္ကုန္း႐ြာ
အတြင္းမွ ထြက္လာၿပီး ေရကန္နားသို႔ ေရာက္လာခဲ့သည္။
ထိုအခ်ိန္ လွည္းေပၚမွာ ပါလာေသာ ဦးထြန္းဇံ၏ မိတ္ေဆြ
ဦးတင္ျမက စကားစလာသည္။
“အရင္ကဆို ဒီေရကန္ႀကီးမွာ မနက္ည ေရခပ္ၾကတာ။
လူျပတ္တယ္လို႔ မရွိဘူး ။ အခုေနာက္ပိုင္း မနက္ပိုင္းအၿပီး
ခပ္ၿပီး ညေနပိုင္း လူအနည္းအက်င္းေလာက္ပဲ
လာခပ္ၾကေတာ့တယ္ ”
“ဘာျဖစ္လို႔လဲ ကိုတင္ျမ။ ေရထဲမွာ တစ္ခုခုေတြ႕လို႔လား”
“ေရထဲမွာ မဟုတ္ဘူး ။ ဟိုေညာင္ၾကပ္ႀကီးမွာေနတဲ့
သရဲတစ္ေကာင္ေၾကာင့္ပဲ။ အဲဒီသရဲက အရင္က
သရဲရွိမွန္းေတာင္ မသိေအာင္ မေျခာက္မလွန္႔ဘဲ
ေနခဲ့တာ။ ၿပီးခဲ့တဲ့ ႏွစ္လေလာက္ကမွ ဘာေၾကာင့္မွန္း
မသိဘူး ။ အေတာ္ေသာင္းက်န္းခဲ့တာဆိုပဲ”
” ဘယ္လိုေသာင္းက်န္းခဲ့တာလဲ ကိုတင္ျမ သိလား”
“က်ေနာ္တို႔ လက္ခုတ္ကုန္း႐ြာ ထြက္ကာနီးေတာ့
ေျခတံရွည္ ႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီးကို ေတြ႕ခဲ့လား”
“ဟို ေရနံေခ်းေတြ ဝေအာင္ သုတ္ထားတဲ့
မည္းနက္ေနတဲ့ အိမ္ႀကီးလား”
“ဟုတ္တယ္ ။ အဲဒီအိမ္ႀကီးမွာ တစ္မိသားစုလုံး
သရဲႏွိပ္စက္ ေျခာက္လွန္႔တာကို ခံရၿပီး ေသကုန္လို႔
အခု အဲဒီ အိမ္ႀကီးမွာ လူမေနဝံ့ဘူး။ မိသားစုေတြလည္း
လာမေနရဲၾကဘူး”
“အဲဒီသရဲက အျခားအိမ္ေတြေရာ အေႏွာင့္အယွက္ေပး
မေျခာက္လွန္႔ဘူးလား”
“ဘယ္အိမ္ကိုမွ ေႏွာက္ယွက္တယ္ မၾကားမိဘူးဗ်။
အဲဒီအိမ္ႀကီးက မိသားစုကိုပဲ မေသမခ်င္း တစ္ညလုံးနီးပါး
ေျခာက္လွန္႔ေနလို႔ ေၾကာက္လန္႔ၿပီး ေသကုန္ၾကတာ”
“မိသားစု ဘယ္ႏွစ္ေယာက္ရွိလဲ။ က်ေနာ္ေတာင္
စိတ္ဝင္စားသြားၿပီ”
“အသက္ငါးဆယ္ေက်ာ္ လင္မယားႏွစ္ေယာက္။
သမီး အပ်ိဳႀကီးတစ္ေယာက္။ ေျမးႏွစ္ေယာက္
ေပါင္းငါးေယာက္ ေနၾကတယ္။ အိမ္ေထာင္က်ေနတဲ့
သားသမီးသုံးေယာက္က အိမ္ခြဲေနၾကလို႔
ကံေကာင္းသြားတာ။ ေျမးႏွစ္ေယာက္က
သမီးႀကီးက ေမြးတာ။ အေဒၚအပ်ိဳႀကီးနဲ႔
လာေနရင္း ကံဆိုးသြားၾကတာ”
“စေျခာက္တဲ့ ညမွာ အဖိုးႀကီး ဆုံးသြားတယ္
အဖိုးႀကီး လယ္က ေညာင္ၾကပ္ပင္နားမွာ ရွိတယ္။
လယ္ကအျပန္ ေညာင္ၾကပ္ေအာက္ ဝင္နားရင္း
ဘာျဖစ္ခဲမွန္း မသိဘူး။ အဲဒီညမွာပဲ သူ႔ကို
ေညာင္ၾကပ္ပင္က သရဲႀကီးလိုက္လာၿပီး
ေျခာက္လွန္႔ေနတယ္လို႔ မေသခင္ ေျပာသြားတယ္
အဖိုးႀကီး ရက္လြန္ၿပီး ေဆြမ်ိဳးသားခ်င္းေတြ
ကိုယ့္အ္ိမ္ ကိုယ္ျပန္သြားၾကၿပီးေနာက္
သရဲႀကီးေရာက္လာၿပီး ေျခာက္လွန္႔ေတာ့တာပဲတဲ့။
ေျမးႏွစ္ေယာက္က မျပန္ေသးဘဲ အပ်ိဳႀကီးႏွင့္
အေဖာ္အိပ္ေပးရန္ ေနခဲ့သည့္အတြက္ ကံဆိုးစြာ
ေသဆုံးခဲ့ရတယ္
အဲဒီအေကာင္ႀကီးက အိမ္ေခါင္မိုးမွာ ေဇာက္ထိုးႀကီး
လုပ္ျပ။ လွ်ာႀကီးထုတ္ျပ။ မ်က္လုံးႀကီးျပဴးျပ။
အေကာင္လိုက္ႀကီးကို ျပတာတဲ့။
လူေတြၾကားထဲ ခုန္ခ်။ ခႏၶာကိုယ္ကို အႀကီးႀကီးလုပ္ျပ။
ေပ်ာက္သြားလိုက္ ေပၚလာလိုက္နဲ႔ အမ်ိဳးမ်ိဳး
ေျခာက္လွန္႔ေနတာ ။ ငယ္သံပါေအာင္ ေအာ္ဟစ္ငိုယို
အကူအညီေတာင္းေနၾကေပမယ့္ ဘယ္သူမွ
မသြားရဲၾကဘူး။
ၾကာေတာ့ ဘယ္သူ တင္းခံႏိုင္မလဲ။
အိမ္ထဲက အိမ္ျပင္လည္း ထြက္လို႔မရေအာင္
တံခါးေတြက ပိတ္ေနတယ္တဲ့။
မိသားစုေလးေယာက္လုံး အသက္ထြက္ကုန္မွ
သရဲႀကီးေပ်ာက္သြားတယ္တဲ့”
ဦးတင္ျမက ေညာင္ၾကပ္ပင္သရဲႀကီးအေၾကာင္း
ရွင္းျပၿပီး လာခဲ့ရာ။ လွည္းက ေညာင္ၾကပ္ပင္အနီးသို႔
ေရာက္လာခဲ့သည္။ေညာင္ၾကပ္ပင္ႀကီးကို အနီးက
ၾကည့္မွ သက္ႀကီးပင္ႀကီး တစ္ပင္ျဖစ္ေၾကာင္း
သိရသည္။ အကိုင္းအခက္အလက္မ်ား
မေရမတြက္ႏိုင္ေအာင္ ျဖာထြက္ေနသလို
အကိုင္းအခက္ပင္စည္မ်ားမွ အျမစ္ရွည္မ်ားက
ေျမႀကီးသို႔တိုင္ တိုးဝင္ေပါက္ေရာက္ေနသည္။
ျမစ္ပ်ဥ္းႀကီးမ်ားက ပင္စည္ကို ပိုမိုႀကီးသေယာင္
ျဖစ္ေစရသည္။ ေလးဘက္ေလးတန္း အကိုင္းအခက္မ်ားမွ
ေျမသို႔ ကိုင္း အျမစ္လက္တံမ်ားက
ထိုးေဖာက္ဝင္ေရာက္ေနသည္
ထိုအပင္မ်ိဳးမွာ မွီခိုတြယ္ကပ္ေနထိုင္ၾကေသာ
နာနာဘာဝမ်ားကလည္း ႏွစ္ခ်ိဳ႕အေကာင္ႀကီးမ်ားသာ
ျဖစ္ႏိုင္သည္။ သစ္ပင္ႀကီးမ်ားမွာ သရဲတေစၦမ်ား
မွီခိုေနထိုင္တတ္ၾကပါသည္။
သရဲတိုင္း မေျခာက္မလွန္႔ၾကပါ။
အခ်ိဳ႕ေသာ သရဲအနည္းငယ္မွ်ကသာ ေျခာက္လွန္႔အမႈ
ျပဳတတ္ၾကသည္။ ထိုအထဲမွ ေညာင္ၾကပ္ပင္ႀကီးမွာေနေသာ
သရဲတစ္ေကာင္က လူေတြေသေလာက္တဲ့အထိ
အေႏွာင့္အယွက္ေပး ေျခာက္လွန္႔ေၾကာင္း
ဦးထြန္းဇံ သိလိုက္ရသည္။
လွည္းက ေညာင္ၾကပ္ပင္ကို ေက်ာ္လြန္သြားသည္။
ေညာင္ၾကပ္ပင္ကို အဓိပၸါယ္ရွိရွိ ၾကည့္မိေသာ
ဦးထြန္းဇံ ထူးျခားခ်က္ကို သိလိုက္သည္။
“ဒီအပင္မွာ ၾကမ္းတမ္းေျခာက္လွန္တဲ့ သရဲ မရွိေတာ့ဘူး
ကိုတင္ျမ ခရီးလြန္ေနတာ ျဖစ္မယ္”
“အစ္ကိုႀကီး အဲဒီသရဲနဲ႔ ေတြ႕ရင္ ႏိုင္ပါ့မလား”
“သူတို႔က ရန္ျပဳလာရင္ ကိုယ္က ေမတၱာနဲ႔ ျပန္ခုံခံရမွာပဲ။
ရန္ကို ရန္ျခင္း မတုံ႔ႏွင္းခ်င္ပါဘူး”
“အခု က်ေနာ္တို႔ သြားရမွာကလဲ သရဲပူးကပ္ေနတဲ့
မိန္းကေလးတစ္ေယာက္အိမ္ကို သြားၾကမွာ”
ဦးတင္ျမက ဆက္ေျပာျပသည္။
“အခု …အဲဒီ မိန္းကေလးကို ဆရာမ်ိဳးစုံ ပင့္ၿပီး
ကုသေပးတာ မေပ်ာက္တဲ့အျပင္ လာကုသေပးတဲ့
အခ်ိဳ႕ဆရာေတြ တစ္ခ်ိဳးတည္း ျပန္ေျပးၾကသလို
ဆရာတစ္ေယာက္ကဆို ေလွကားေပၚက
အကန္ခံလိုက္ရလို႔ လက္က်ိဳးသြားရတယ္။
လူနာရွင္က ေဆးဖိုးအေလ်ာ္
ေပးလိုက္ရေသးတယ္။ အေတာ္ေလးကို ၾကမ္းတယ္
အခုဆို အဲဒီမိန္းကေလး ေရာဂါျဖစ္ေနတာ
တစ္လရွိေနၿပီ။ အစားအေသာက္ကေတာ့
အသား/ငါးမ်ိဳးစုံ ခ်က္ေကြၽးတယ္။
႐ိုး႐ိုးဟင္း လုံးဝေကြၽးလို႔ မရဘူး။
အဲဒီ ဟင္းတစ္မ်ိဳးမ်ိဳးကို တစ္နပ္စား
ငါးဆယ္သားခ်က္ေလာက္ ေကြၽးေနရတယ္လို႔
ၾကားတယ္။ က်ေတာ့္အထင္ ဦးစိုးေမာင္သမီးမွာ
ပူးကပ္ေနတဲ့ သရဲက ေညာင္ၾကပ္ပင္က
သရဲႀကီးမ်ား ျဖစ္ေနမလား”
“ဘာေၾကာင့္ ထင္ရတာလဲ။ေအာက္လမ္းကို
စုန္းတို႔။ လူျပဳစားတာေရာ မျဖစ္ႏိုင္ဘူးလား”
“လူျပဳစားတာ က်ေနာ္ျမင္ဖူးတယ္။
ဒီမိန္းကေလးေလာက္ မၾကမ္းဘူး။
အၿမဲေအာ္ဟစ္ ခုန္ေပါက္ေနလို႔ ထမီေတာင္
ႀကိဳးနဲ႔ ခ်ီထားရတယ္တဲ့။
အစားအေသာက္ကလည္း အမဲကလီစာ
ဝက္ကလီစာ ။ငါးဆို အေကာင္ႀကီးမွ
ထူးဆန္းမေနဘူးလား”
“ဘယ္လို စျဖစ္တာလဲ ကိုတင္ျမသိလား”
‘ျဖစ္ပုံက လက္ခုတ္ကုန္းက အျပန္။
ေရကန္နားလည္း ေရာက္ေရာ ေရကန္အစပ္ကိုဆင္းၿပီး
ၾကာပန္းသုံးေလးပြင့္ေလာက္ ခူးခဲ့တယ္တဲ့။
အိမ္လည္း ျပန္ေရာက္ေရာ ႐ုတ္တရက္
မူးေမ့လဲက်သြားၿပီး သတိလည္းရေရာ
အ႐ူးတစ္ေယာက္လို႔ ေအာ္ဟစ္
ခုန္ေပါက္ေနေတာ့တာပဲတဲ့ ။
မၾကာခင္မွာပဲ သူတို႔၏ လွည္းက ဆင္ကူး႐ြာသို႔
ဝင္လာခဲ့သည္။ ႐ြာအဝင္မွ သိပ္မဝင္လိုက္ရ။
ဦးစိုးေမာင္အိမ္သို႔ ေရာက္လာခဲ့သည္။
ဦးစိုးေမာင္က အိမ္ေအာက္ဆင္းၿပီး
ပ်ဴငွာစြာ ႀကိဳဆိုခဲ့သည္။ ဦးတင္ျမက
မိတ္ဆက္ေပးသည္။
“ကိုစိုးေမာင္ က်ေနာ္ေျပာတဲ့ ဆရာဦးထြန္းဇံဆိုတာပဲ”
“ႂကြပါ ဆရာအိမ္ေပၚကို တစ္ခါတည္းသာ ႂကြပါ”
ဦးထြန္းဇံလည္း ေခါင္းရင္းဘက္မွာ ထိုင္လိုက္ၿပီး
ဝန္းက်င္ကို အကဲခတ္လိုက္သည္။
မိသားစု မ်ားမ်ားစားစား မေတြ႕ရ။
ဦးထြန္းဇံက ဦးစိုးေမာင္အား သိလိုသမွ်
ေမးလိုက္သည္။
“လူနာမိန္းကေလးက ဘယ္မွာလဲ”
“အိမ္ထဲမွာပါ ဆရာ။ သမီးက တစ္ေန႔တျခား
ပိုၿပီး ၾကမ္းလာတယ္ ဆရာႏိုင္ပါ့မလား”
“ဆရာ ႏိုင္မႏိုင္ဆိုတာကေတာ့ ေစာင့္ၿပီးေတာ့
ၾကည့္ေပါ့ဗ်ာ ။ ဆရာကေတာ့ ႀကိဳးတုတ္႐ိုက္တာတို႔
ဘာတို႔ လုပ္မွာ မဟုတ္ဘူး။ ဘာေဆးမွလည္း မတိုက္ဘူး။
ေမတၱာလက္နက္နဲ႔ ကုမွ”
ျဖန္း… ျဖန္း …ျဖန္း …ျဖန္း…”
အခန္းတြင္းမွ ခုန္ေပါက္သံ ထြက္လာသည္
“ေဟ့ေကာင္ ဆရာစုတ္ မင္းက ငါ့ကို ဘာထင္လို႔လဲ
မင္းႏိုင္မယ္ထင္ရင္ စမ္းလိုက္ေလ…မင္းေသခ်င္လို႔
ေရာက္လာတာလား…ဟား.. ဟား …ဟား ”
“ဆရာ…ၾကားတယ္ မဟုတ္လား ။ အျပင္က
ဆရာေရာက္တာ သူသိတယ္ ဆရာ ဘယ္လို လုပ္မလဲ”
“က်ဳပ္ ကုမွာက ဘုရားကု ကုမွပါ ။ ဒါေၾကာင့္
ရတနာ သုံးပါးဦးခိုက္တဲ့အေနနဲ႔ ပြဲသုံးပြဲ အျမန္ဆုံး
ျပင္ခ်င္တယ္ ငွက္ေပ်ာအုန္း အလြယ္ရႏိုင္မလား”
“ခဏပဲေစာင့္ပါဆရာ ။ ငွက္ေပ်ာခိုင္ေတြ အုန္းသီးေတြ
အလြယ္ရႏိုင္ပါတယ္”
“ကဲ ဒါဆိုလည္း စီစဥ္လိုက္ပါ ။ ေအာင္သေျပလည္း
နည္းနည္း ခူးခဲ့ပါ”
နာရီဝက္သာသာခန္႔ ၾကာေတာ့။ အားလုံး အဆင္သင့္
ျဖစ္သြားၿပီ။
ဆရာဦးထြန္းဇံက ပြဲမ်ားကို ကိုယ္တိုင္ျပင္ဆင္ေနရင္း
ဦးစိုးေမာင္တို႔ လင္မယားအား ရွင္းျပေနသည္။
“ဆရာအေနနဲ႔ အထက္လမ္းအက်င့္ကို အထက္လမ္း
ဆရာႀကီးေတြရဲ႕ နည္းနာနိႆယ ခံယူၿပီး က်င့္ႀကံခံတာ
အဓိ႒ာန္ေတြလည္း အဆင့္ဆင့္ ဆက္ဝင္ခဲ့တာေၾကာင့္
ဆရာသြားေလရာကို ေဆးႀကိမ္လုံး ။ ေဆးလြယ္အိတ္
ေဆာင္ယူမသြားပါဘူး။ဒါေၾကာင့္ အခု ပူးကပ္ေနတဲ့
တေစၦေကာင္ကို ဆရာေမတၱာနဲ႔ပဲ ဖယ္ထုတ္ေပးမွာပါ
စိတ္မပူၾကပါနဲ႔ ”
ဆရာက လူနာရွင္စိတ္ထဲ ယုံၾကည္မႈ အားကိုးမႈရွိေစရန္
အနည္းအက်ဥ္း ရွင္းျပလိုက္သည္။
ပြဲမ်ားကို ျပင္ဆင္ၿပီးသည္ႏွင့္ ဖေယာင္းတိုင္မ်ား
မီးပူေဇာ္လိုက္သည္ ။ ေသာက္ေတာ္ေရခြက္မ်ားကို
ေရျဖည့္ၿပီး ဆက္ကပ္လိုက္သည္။
“ကဲ …ေရမန္းလုပ္ဖို႔ ဖလားတစ္ခြက္နဲ႔ ေသာက္ေရ
တစ္ခြက္ ခပ္ေပးပါ”
အားလုံး စုံသည္ႏွင့္ ပြဲမ်ားကို ဆက္ကပ္လိုက္သည္။
ဝုန္း …ဝုန္း …ျဖဳန္း …ျဖဳန္း
ဟား … ဟား …ဟား … ဟား…
“ေဟ့ ဆရာစုတ္ မင္း အခု မျပန္ေသးဘူးလား”
ထိုအခါ ဆရာက ဘာမွ မေျပာဘဲ ။ ဘုရားစင္ေရွ႕မွာ
ထိုင္ၿပီး ဘုရား တရား သံဃာ ရတနာသုံးပါးႏွင့္တကြ
ပူေဇာ္ရွိခိုးသင့္သည့္ အမႈကို ျပဳမႈေနသည္
အထက္ဆရာႀကီးမ်ားႏွင့္တကြ ေတာေစာင့္နတ္
ေတာင္ေစာင့္နတ္ ၿမိဳ႕ေစာင့္နတ္မ်ား ေတာပိုင္
ေတာင္ပိုင္ နယ္ပိုင္မ်ားကိုလည္း ေမတၱာပို႔လိုက္သည္။
ထို႔ေနာက္ ေရမန္း ခပ္ခိုင္းထားေသာ ေရဖလားကိုယူ၍
႐ြတ္ဖတ္မန္းမႈတ္ေနေတာ့သည္။
ဆယ္မိနစ္ခန္႔မွ် ၾကာေအာင္ ပါးစပ္လႈပ္႐ုံသာ
႐ြတ္ဖတ္ေနသည္။ ထို႔ေနာက္ ေရမန္းခြက္ကို
ကိုင္လိုက္ၿပီး …
“ကဲ အခန္းထဲက လူမမာမိန္းကေလးကို သူ႔အေဖနဲ႔
အေမက တာဝန္ယူၿပီး သြားေခၚခဲ့ပါ”
“ငါ့ဆီ ဘယ္သူမွ မလာနဲ႔။ အားလုံး ထြက္သြားၾက။
ဝင္လာတဲ့လူ မသာေပၚသြားမယ္”
ဝုန္း …ဝုန္း …ျဗန္း
အထဲမွာ ဆူညံေသာအသံမ်ားေၾကာင့္ ခုန္ေပါက္ေအာ္ဟစ္
ေနမွန္း သိလိုက္ၾကသည္။ ဘယ္လိုမွ ေခၚထုတ္ရန္
မျဖစ္သလို မိဘမ်ားကလည္း အခန္းထဲသို႔ မဝင္ဝံ့ၾက။
ဆရာလည္း ေရမန္းကိုင္ကာ အခန္းဝမွာ သြား၍
ရပ္လိုက္ၿပီး …
“လာ အျပင္ထြက္ခဲ့”
ဆရာ ဦးထြန္းဇံကို အခန္းဝမွာရပ္လ်က္
ျမင္ေတြ႕လိုက္သည္ႏွင့္
လက္သီးလက္ေမာင္းတန္းကာ
ေအာ္ဟစ္ခုန္ေပါက္ေနေတာ့သည္။
“မထြက္ဘူးကြ။ မင္းက ဘယ္ေလာက္အစြမ္းထက္လို႔
ငါ့ကို လာၿပီး ထြက္သြားခိုင္းေနရတာလဲ”
“ငါ့ကေတာ့ အစြမ္းထက္ခ်င္မွ ထက္မယ္။ဒါေပမဲ့
ငါ့လက္ထဲက ေရမန္းကေတာ့ …ဘုရားရွင္ရဲ႕
ႏႈတ္ကပတ္ေတာ္ေတြ ျပည့္ေနတဲ့ ေရမန္းပဲ။
နည္းနည္းေလာက္ ျမည္းစမ္းၾကည့္ဖို႔ေတာ့
လိုမယ္တယ္”
“သြား…သြား…ယူသြား…အနားမလာနဲ႔ ”
ထိုသို႔ အသံကုန္ ျပန္ေအာ္ၿပီး မ်က္ႏွာလႊဲေနသည္
ထိုအခါ ဦးထြန္းဇံက ေရမန္းခြက္အတြင္း လက္ေခ်ာင္းမ်ား
ႏွစ္ၿပီး လူမမာ မိန္းကေလးအား ထိရန္ ေရမန္းမ်ားျဖင့္
လွမ္းေတာက္လိုက္သည္။
“အား …ပူတယ္…ပူတယ္…မလုပ္နဲ႔ ”
မိန္းကေလးလည္း ေရမန္းစက္မ်ား ထိသြားသည္ႏွင့္
တစ္ကိုယ္လုံး တုန္တုန္ရီရီျဖစ္လာကာ ရပ္ေနက
လဲၿပိဳက်သြားသည္။
ဦးထြန္းဇံလည္း အခန္းတြင္း မဝင္ဘဲ အခန္းဝမွပင္ရပ္၍
အခန္းတြင္း အႏွံ႔သို႔ ေရမန္းမ်ားျဖင့္ ေတာက္သြင္းလိုက္သည္။
ထိုအခါ အေကာင္ကို မျမင္ရဘဲ။ ေၾကာက္မက္ဖြယ္ရာ
အသံႀကီးေအာ္ဟစ္ၿပီး ဝုန္းခနဲ ျပတင္းေပါက္ပြင့္သြားကာ
သရဲႀကီး ခုန္ခ် ထြက္ေျပးပါေတာ့သည္။
အိမ္ေပၚမွ ေအာက္သို႔ သရဲႀကီး ခုန္ခ်လိုက္သျဖင့္
အိမ္ႀကီးပင္ သိမ့္ခနဲ ျဖစ္သြားသည္။
ထို႔ေနာက္ ႐ြာတြင္းမွေန၍ ဖုန္တေထာင္းေထာင္းထေအာင္
လွည္းလမ္းအေၾကာင္းအတိုင္း သရဲႀကီး ေျပးထြက္
သြားပါေတာ့သည္။
ဦးထြန္းဇံလည္း ဘုရားစင္ေရွ႕ သြားထိုင္ေနလိုက္သည္။
“ကဲ …အခန္းထဲက မိန္းကေလးကို သြားေခၚလို႔ ရပါၿပီ”
မိခင္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္က လဲေနေသာ
မိန္းကေလးကို တြဲၿပီး ေခၚလာသည္။
သတိမရေသးသျဖင့္ မိန္းခေလး ပါးစပ္အတြင္းသို႔
ေရမန္းကို တစ္စက္ခ်င္း ခ်ေပးေစသည္။
ခဏမၾကာခင္မွာပင္ မိန္းခေလး ၿငီးၿငီးျငဴျငဴႏွင့္
သတိရလာသည္။ လူႀကီးမ်ား၏ အစိုးရိမ္ပိုေသာ
မ်က္ႏွာမ်ား ၿပဳံးေယာင္သမ္းလာသည္။
သတိရလာေသာ မိန္းကေလးလည္း အားယူၿပီး
ထထိုင္လိုက္သည္။
ထို႔ေနာက္ ဦးစိုးေမာင္က ဦးထြန္းဇံအား သမီးကို
ကုသေပးေသာ ဆရာျဖစ္ေၾကာင္း ျပသၿပီး
ဆရာႀကီးအား ကန္ေတာ့ခိုင္းသည္။
ဦးစိုးေမာင္တို႔ လင္မယားလည္း ဆရာအား
ေက်းဇူးတင္လြန္းသည့္အေၾကာင္း ဆရာေပးတဲ့
အသက္သာ ရွိေတာ့ေၾကာင္း ရွင္းျပသည္။
ဦးစိုးေမာင္လည္း ဆရာဦးထြန္းဇံအား
ပိုက္ဆံအေတာ္မ်ားမ်ား ထုတ္ၿပီး ေဆးကုသခ
အျဖစ္ေပးရာ ဆရာႀကီးက အားလုံးျပန္ေပးခဲ့ၿပီး
ဘာသာေရးကုသိုလ္ျပဳရာမွ ထည့္လႉလိုက္ပါဟု
ေျပာလိုက္သည္။
ဆရာက အဓိ႒ာန္ စခန္းဝင္ေနသည့္အတြက္
ေငြမလိုေၾကာင္းလည္း ေျပာျပသည္။
ဦးစိုးေမာင္က သူ၏သမီး က်န္းမာေရး စိတ္ခ်လက္ခ်
ျဖစ္ရန္ တစ္ညခန္႔မွ် ေစာင့္ၾကည့္ေပးပါဟု
ေတာင္းပန္လာသျဖင့္ ညအိပ္ညေန ေနေပးကာ
ခ်ည္မန္းႀကိဳးမ်ား အေဆာင္လက္ဖြဲ႕မ်ား
စီရင္ေပးခဲ့သည္။
ထို႔ေနာက္ မနက္ငါးနာရီ ေကာက္ညႇင္းေပါင္း
ေရေႏြးၾကမ္းႏွင့္ အစာေျပ ဗိုက္ျဖည့္ၿပီး လွည္းႏွင့္
ရွားေတာ႐ြာသို႔ ျပန္လာခဲ့ေတာ့သည္။
ဆရာ ဧကန္မင္းရဲ႕” မဖဲဝါနဲ႔ အေလာင္းသူခိုး”
စာအုပ္မွ လက္ခ စာဖတ္သူကို ျပန္လည္ေဝမွ်
ကူးေပးလိုက္သည္။👸
cerdit
ၿပီးပါၿပီ