စုန်းမဒေါ်အိုစာနှင့်မဟူရာနတ်သမီး

စုန်းမဒေါ်အိုစာနှင့် မဟူရာနတ်သမီး

 

အပိုင်း(၁)

 

၁။

ကိုနေအောင်တို့သုံးယောက်သည် ကတိပေးထား

သည့်အတိုင်းပင် ဘောဂဗလရတနာသိုက်မှ ရရှိလာ

သောရတနာပစ္စည်းများကို သုံးပုံပုံ၍ တစ်ပုံကို ကျွန်

တော်အားပေးလေသည်။

ကျွန်တော်သည် ဝေစုရသောရတနာပစ္စည်းများကို

ဆယ်ပုံပြန်ပုံ၍ရှစ်ပုံကို ကိုနေအောင်တို့၏ ပရဟိတ

လုပ်ငန်များတွင်အသုံးပြုရန် ပြန်လည်လှူဒါန်းလိုက်

သည်။ကျန်သည့်နှစ်ပုံအနက်တစ်ပုံကို ဦးတာပေါကို

ခွဲပေးလိုက်သည်။ ဦးတာပေါသည် ထိုမျှလောက်

များပြားသောပမာဏကို မယူလိုကြောင်းပြောဆို၍

လမ်းပြခအနေဖြင့် ရွှေဒင်္ဂါးနှစ်ပြားသာ လက်ခံရယူ

လေသည်။ သို့ဖြစ်ရာကျန်ရှိနေသော ရတနာများကို

ကိုနေအောင်တို့အား ပြန်လည်ပေးအပ်လိုက်သည်။

အသူရာတောအုပ်ထဲက ပြန်လာသည့်အချိန်မှစ၍

တစ်လကျော်ကြာသည်အထိ ကျွန်တော်သည် စွန့်

စားခရီးအဖြစ် ဘယ်ကိုမှမသွားဖြစ်တော့ပါ။

ရိုးမတောအတွင်း မှတ်တမ်းတင်ထားသော အပင်

မျိုးစိတ်များကို စာတမ်းပြုစုနေရသောကြောင့်ဖြစ်

သည်။ကျွန်တော်သည် စာတမ်းပြုစုခြင်းကို တစ်လ

ကျော်လုပ်ကိုင်လိုက်ရပြီး ပြီးဆုံးသွားသည့်အချိန်

တွင်အကြောင်းကိစ္စတစ်ခုပေါ်ပေါက်လာခဲ့သည်။

ထိုနေ့မနက်တွင် ကိုစောလာစေးသည် ကျွန်တော့်

ဆီ အပြေးအလွှားရောက်လာခဲ့လေသည်။

” နှင်းဖွေးကိုကယ်ပါဦး ကိုရဲမင်းကျော်ရာ ”

သစ်တောစခန်းအတွင်းရှိ ကျွန်တော့်၏နေအိမ်ရှေ့

သို့ရောက်သည်နှင့် ချက်ချင်းဆိုသလို ပြောဆိုလိုက်

သောစကားကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားသည်။

နှင်းဖွေးနေမကောင်းဖြစ်နေမှန်း သိနေသောကြောင့်

ဖြစ်သည်။

” ဟင်… နှင်းဖွေးကို ဆေးရုံတင်ထားတယ်မလား။

မသက်သာလို့လား။ ကျွန်တော်လည်း စာတမ်းရေး

ပြီးရင် မြို့ပေါ်လိုက်ခဲ့ဖို့စိတ်ကူးနေတာ ”

” နှင်းဖွေးကို အိမ်ပြန်ခေါ်လာပြီ။ ဆရာဝန်တွေက

နှင်းဖွေးဟာ နောက်ထပ်ခုနှစ်ရက်ပဲ နေရတော့မယ်

တဲ့။ လုပ်ပါဦးဗျာ။ ကျွန်တော့်နှင်းဖွေးကို ကယ်ပေး

ပါဦး ”

” စိတ်အေးအေးထားပါ ကိုစောလာစေးရာ။ ဆရာ

ဝန်တွေတောင် လက်လျော့လိုက်ပြီပဲဗျာ။ ကျွန်တော်

ဘယ်လိုလုပ်ပြီးကယ်နိုင်မှာလဲဗျာ ”

” မဟုတ်ဘူး။ ကိုရဲမင်းကျော်ကယ်နိုင်တယ်။ နှင်း

ဖွေးကို ကိုရဲမင်းကျော်ကယ်နိုင်တယ် ”

” ဗျာ။ ဆရာဝန်တွေတောင် လက်လျော့ထားတဲ့

နှင်းဖွေးအသက်ကို ကျွန်တော်ကယ်နိုင်တယ် ”

” ဟုတ်တယ်။ ကိုရဲမင်းကျော် နှင်းဖွေးကိုကယ်နိုင်

တယ် ”

” ဒါဆိုပြောဗျာ။နှင်းဖွေးမသေအောင် တားဆီးနိုင်

မယ်ဆိုရင် အသက်စွန့်ပြီးကူညီပေးမယ် ”

” နတ်ဆေးပင်နဲ့ဆိုရင် နှင်းဖွေးရဲ့ရောဂါကို ချက်

ချင်းပျောက်ကင်းအောင် ကုနိုင်တယ်တဲ့ ”

” နတ်ဆေးပင်ဟုတ်လား ”

” ဟုတ်တယ်။ နတ်ဆေးပင်လို့ခေါ်တဲ့ အဖြူရောင်

တောင်ကြာပန်းပင်ကိုသာတွေ့အောင်ရှာနိုင်ရင် နှင်း

ဖွေးရဲ့ရောဂါကို ချက်ချင်းလက်ငင်း ပျောက်ကင်း

အောင်ကုနိုင်တယ်တဲ့ ”

” တောင်ကြာပန်းဆိုတာက ရေခဲတောင်ဒေသမှာ

ပေါက်ရောက်ရှင်သန်တဲ့နှင်းကြာပန်းပင်ကိုပြောတာ

လား ”

” မဟုတ်ဘူး။ ကိုရဲမင်းကျော်ပြောတဲ့နှင်းကြာပန်း

ပင်နဲ့မတူဘူး။ အဖြူရောင်တောင်ကြာပန်းပင်က

ဒီပဲခူးရိုးမအတွင်းမှာပဲ​ ပေါက်ရောက်ရှင်သန်တယ် ”

ထို့နောက်ကိုစောလာစေးသည် ပဲခူးရိုးမတောနက်

အတွင်းရှင်သန်ပေါက်ရောက်သော တောင်ကြာပန်း

ပင်အကြောင်းပြောပြလေသည်။

” တောင်ကြာပန်းပင်ဟာ မြန်မာနိုင်ငံအနှံ့အပြား

မှာရှင်သန်ပေါက်ရောက်တယ်။ တောင်ကြာပန်းလို့

ခေါ်ရတဲ့အကြောင်းပြချက်က ကြာပန်းပင်တွေလိုပဲ

တောင်ကြာပန်းပင်တွေလည်း ပင်စည်ရိုးတံတစ်ခု

မှာ ဝိုင်းစက်နေတဲ့အရွက်တစ်ရွက်တည်းရှိတယ်တဲ့။

ပြီးတော့သူ့အရွက်က ကြာပန်းရနံ့လိုမွှေးကြိုင်တယ်

တဲ့။ အစိမ်းရောင်အရွက်၊ အစိမ်းရောင်ပင်စည်ရိုးတံ

ရှိတဲ့တောင်ကြာပန်းပင်ကို မြန်မာနိုင်ငံအတွင်းမှာရှိ

တဲ့တောတောင်တွေထဲမှာ ပေါပေါများများတွေ့ရ

တယ်။

တိုင်းရင်းဆေးဆရာတွေက တောင်ကြာပန်းပင်ရဲ့

အစိတ်အပိုင်းအားလုံးကို ဆေးဝါးဖော်စပ်တဲ့နေရာ

မှာအသုံးပြုကြတယ်။ ဒါပေမယ့်ဆေးဖက်ဝင်တယ်

ဆိုရုံလောက်ပဲ။သိပ်အစွမ်းမထက်ဘူး။ အဖြူရောင်

တောင်ကြာပန်းပင်က အစိမ်းရောင်တောင်ကြာပန်း

ပင်ထက်ပိုရှားတယ်။

ဘယ်လောက်ထိရှားပါးလည်းဆိုရင် အစိမ်းရောင်

တောင်ကြာပန်းပင် အပင်တစ်သန်းရှာနိုင်ရင်တောင်

အဖြူရောင်တောင်ကြာပန်းတစ်ပင်ရှာတွေ့ဖို့မလွယ်

ဘူး။

အဖြူရောင်တောင်ကြာပန်းဟာ ရှာတွေ့ဖို့မလွယ်

သလို ဆေးစွမ်းလည်းအလွန်ထက်တယ်။ ကိုးဆယ့်

ခြောက်ပါးရောဂါကို ယူပစ်သလိုပျောက်ကင်းသွား

အောင် ကုသနိုင်တယ်။ တစ်ခုတော့ရှိတယ်။ အဲဒီလို

ကုသနိုင်ဖို့ အဖြူရောင်တောင်ကြာပန်းပင်ရဲ့ အစိတ်

အပိုင်းတစ်ခုလုံးကိုအသုံးပြုရမယ်တဲ့ ”

” အဲဒီအဖြူရောင်တောင်ကြာပန်းပင်က ပဲခူးရိုးမ

ဘယ်နေရာမှာပေါက်ရောက်ရှင်သန်လဲ ”

” အဖြူရောင်တောင်ကြာပန်းပင်ကို ပဲခူးရိုးမတော

ထဲမှာ ဒီတိုင်းလိုက်ရှာမယ်ဆိုရင် နှစ်ပေါင်းများစွာ

ကြာရင်တောင်မှ ရှာတွေ့ဖို့မလွယ်ဘူး။ ဒါပေမယ့်

အဖြူရောင်တောင်ကြာပန်းပင် ပေါက်ရောက်နေတဲ့

နေရာအတိအကျကို ကျွန်တော်သိထားတယ် ”

” ဘယ်နေရာလဲ ”

” မဟူရာတောနက်ကြီးလို့ခေါ်တဲ့ တောအုပ်ထဲမှာ သေမင်းတမန်ချောက်နက်ကြီးတစ်ခုရှိတယ်။ အဲဒီ

ချောက်နက်ကြီးထဲမှာ မြေအောက်ကမ္ဘာငယ်တစ်ခု

ရှိတယ်။ အဲဒီမြေအောက်ကမ္ဘာထဲမှာ အဖြူရောင်

တောင်ကြာပန်းအပါအဝင် အဖြူရောင်အပင်တွေ

အများကြီး ပေါက်ရောက်ရှင်သန်နေတယ်တဲ့။

သဘာဝအလျောက် ပေါက်ရောက်နေတာတော့

မဟုတ်ဘူး။ အဲဒီအဖြူရောင်အပင်တွေကို ကျိန်စာ

သင့်နေတဲ့ တောစောင့်နတ်သမီးတစ်ပါးက စိုက်ပျိုး

ထားတာ။ တောစောင့်နတ်သမီးရဲ့နာမည်က မဟူရာ

တဲ့။ မဟူရာတောနက်ဆိုတာကလည်း နတ်သမီးရဲ့

နာမည်ကိုအစွဲပြုပြီးခေါ်ကြတာထင်တယ်။

အဲဒီတောစောင့်နတ်သမီးဟာ ကျိန်စာသင့်နေလို့

အနက်ရောင်ဝတ်စုံတွေကိုပဲ ဝတ်ဆင်လို့ရတယ်။

တခြားအရောင်ပါတဲ့အဝတ်အစားတွေကို ဝတ်ဆင်

ရင် မီးလောင်တိုက်သွင်းခံရသလို ပူလောင်ခြင်းကို

ပြင်းထန်စွာခံစားရတယ်တဲ့။ တောစောင့်နတ်သမီး

မဟူရာက အဖြူရောင်ကိုသိပ်ကြိုက်တယ်။ အဖြူ

ရောင်ဝတ်စုံတွေပဲ ဝတ်ဆင်ချင်တယ်။ ဒါကြောင့်

ကျိန်စာပျယ်သွားအောင် ကြိုးစားနေတာလေ။

သူ့အပေါ်သက်ရောက်နေတဲ့ကျိန်စာတွေပျယ်ဖို့က

အဖြူရောင်အဆင်းရှိတဲ့ဆေးဖက်ဝင်အပင်မျိုးစိတ်

ပေါင်းတစ်ရာကို ကျောက်စက်ရေနဲ့ရောနှောဖော်စပ်

ဆေးရည်ကို သောက်သုံးရမယ်တဲ့။

ဒါကြောင့်တောစောင့်နတ်သမီး မဟူရာက အဖြူ

ရောင်အဆင်းရှိတဲ့ ဆေးဖက်ဝင်အပင်တွေကို တော

ထဲမှာလိုက်ရှာပြီး သေမင်းတမန်ချောက်နက်ထဲက

သူနေထိုင်တဲ့လိုဏ်ဂူထဲမှာ ပြန်လည်စိုက်ပျိုးထား

တာတဲ့။ကျွန်တော့်အထင် ခြောက်သွားတဲ့အပင်တွေ

က ကျိန်စာပျယ်အောင်မစွမ်းနိုင်ဘူးထင်တယ်။ ဒါ

ကြောင့်ရှာတွေ့ထားတဲ့အပင်တွေကို ပြန်စိုက်ထား

တာဖြစ်မယ် ”

” မဟူရာတောနက်ဆိုတာ ဘယ်မှာရှိတာလဲ ”

” ပင့်ကူမိစ္ဆာနေထိုင်ခဲ့တဲ့ မဟူရာချောက်နက်ကြီး

ရဲ့အရှေ့ဘက်မိုင်နှစ်ဆယ်လောက်အကွာမှာရှိတယ်

တဲ့။အဲ့ဒီအကြောင်းကို ဦးဖိုးအောင်ဆိုတဲ့ဆေးဆရာ

ကပြောပြတာ ”

” ဒါဆိုကျွန်တော်တို့ မဟူရာတောနက်ထဲ သွားပြီး

အဖြူရောင်တောင်ကြာပန်းပင်ကို သွားယူကြမယ်။

ဒါနဲ့ကျွန်တော်တို့ အချိန်ဘယ်နှစ်ရက်ရသေးလဲ ”

​ ” လေးရက်ပဲအချိန်ရတော့တယ်။ ကျွန်တော်သူ့ကို

လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက ခေါ်ပြန်လာခဲ့

တာ။ လမ်းမှာတင်နှစ်ရက်ကြာသွားတယ်။

လေးရက်အတွင်း ဆေးဆရာဦးဖိုးအောင်လက်ထဲ

အဖြူရောင်တောင်ကြာပန်းပင် အရောက်မပို့နိုင်ရင်

ကျွန်တော်တော့ နှင်းဖွေးကိုဆုံးရှုံးရတော့မယ်ဗျာ။

ကျွန်တော်သူ့ကိုဆုံးရှုံးမခံနိုင်ဘူး။ ကိုရဲမင်းကျော်

ကျွန်တော့်ကိုကူညီပါဦးဗျာ။

နှင်းဖွေးကိုသာ သေမင်းလက်ထဲကနေ မကယ်နိုင်

ခဲ့ဘူးဆိုရင် တစ်သက်လုံး နောင်တတွေနဲ့နေသွားရ

လိမ့်မယ် ”

” စိတ်အေးအေးထားပါဗျာ။ ဒီလိုအခြေအနေမျိုး

မှာ ခင်ဗျာဘယ်လောက်ထိ ခံစားနေရမလဲဆိုတာကို

ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်။

အခုဆိုရင်နှင်းဖွေးအတွက် မျှော်လင့်ချက်ရှိနေပြီ

ပဲ။ အဖြူရောင်တောင်ကြာပန်းပင်ကိုသာ ရအောင်

ယူနိုင်ရင် နှင်းဖွေးအသက်ကိုကယ်နိုင်ပြီလေ။

တောစောင့်နတ်သမီးမဟူရာဆီကနေ အဖြူရောင်

တောင်ကြာပန်းပင်ကို ရအောင်ယူပေးမယ်လို့ ကတိ

ပေးတယ် ”

” ကိုရဲမင်းကျော် တကယ်ပြောတာလား ”

” ကျွန်တော်ဘယ်တုန်းက လိမ်ပြောဖူးလို့လဲ ”

” ဝမ်းသာလိုက်တာဗျာ ”

” ကဲ ကျွန်တော် အခုချက်ချင်းညောင်နှစ်ပင်ရွာကို

လိုက်ခဲ့မယ်။ ဟိုရောက်ရင် ဆေးဆရာဦးဖိုးအောင်

ဆီမှာ သိချင်တာတွေမေးပြီး မဟူရာတောနက်ထဲကို

သွားကြမယ် ”

ထို့နောက်ကျွန်တော်သည် တောထဲသွားရန်လိုအပ်

သည့်ပစ္စည်းများအား ကျောပိုးအိတ်ထဲထည့်ကာ ကို

စောလာစေးနှင့်အတူ ညောင်နှစ်ပင်ရွာသို့လိုက်သွား

ရန်ပြင်ဆင်လေသည်။

 

၂။

ထိုကဲ့သို့ပြင်ဆင်နေသည့်အချိန် တိုက်ဆိုင်စွာဖြင့်

မုဆိုးကြီးဦးတာပေါသည် ကျွန်တော့်ဆီရောက်လာ

ခဲ့၏။

” ဟေ မင်းလည်းရောက်နေတာပဲ။ မင်းမိန်းမရော

သက်သာသွားပြီလား ”

မုဆိုးကြီးဦးတာပေါသည် အိမ်ထဲသို့ရောက်သည်

နှင့် ကိုစောလာစေးကိုတွေ့လိုက်ရသဖြင့် ဤသို့မေး

မြန်းလိုက်ခြင်းဖြစ်သည်။ ထိုအခါကိုစောလာစေးက

ခေါင်းခါပြလိုက်သည်။

” မြို့ပေါ်တက်ပြီးသွားကုတာတောင်မပျောက်ဘူး

လား ”

” ဟုတ်တယ်။ မြို့ပေါ်ကဆေးရုံတွေမှာ နှင်းဖွေးရဲ့

ရောဂါကိုပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေးမရှိ

သေးဘူးတဲ့။ ဒါပေမယ့်မျှော်လင့်ချက်ရှိသေးတယ်။

အဖြူရောင်တောင်ကြာပန်းပင်က နှင်းဖွေးရဲ့ရောဂါ

ကို ပျောက်ကင်းအောင်ကုသနိုင်တယ်တဲ့။

ဒါကြောင့်ကျွန်တော်တို့ အဖြူရောင်တောင်ကြာ

ပန်းပင်ကိုသွားရှာမလို့ပါ။ ဦးတာပေါလည်း လိုက်ခဲ့

မယ်မလား ”

ကိုစောလာစေးသည် ဦးတာပေါမေးသမျှ ပြန်ဖြေ

ရန်စိတ်အားထက်သန်ပုံမရသဖြင့် ကျွန်တော်က ဝင်

ဖြေပေးလိုက်သည်။

” လိုက်ခဲ့ရမှာပေါ့ကွ။ ကျုပ် စောလာစေးကို သား

အရင်းတစ်ယောက်လိုသဘောထားတယ်။ ဒီတော့

နှင်းဖွေးလေးကိုလည်း သမီးအရင်းတစ်ယောက်လို

သဘောထားတယ်။ ဒါကြောင့်နှင်းဖွေးရဲ့အသက်ကို

ကယ်တင်နိုင်မယ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ် ကျုပ်

လိုက်ခဲ့မယ် ”

ထို့နောက်ကျွန်တော်သည် ကိုစောလာစေး ပြောပြ

ထားသော တောစောင့်နတ်သမီး မဟူရာအကြောင်း

နှင့် အဖြူရောင်တောင်ကြာပန်းပင်အကြောင်းကို

မုဆိုးကြီးဦးတာပေါအား ပြောပြလိုက်သည်။

ထိုအခါမုဆိုးကြီးဦးတာပေါက ကျွန်တော်တို့နှင့်

အတူ တစ်ခါတည်းလိုက်ခဲ့မည်ဖြစ်ကြောင်း ပြောဆို

လေသည်။

ဦးတာပေါသည် တောထဲသွားသည့်အချိန် ယူလေ့

ရှိသော လွယ်အိတ်နှင့် ဒူးလေးကို သွား​လေရာတိုင်း

ယူဆောင်သွားလေ့ရှိရာ ယခုလည်းပါလာခဲ့သည်။

သို့ဖြစ်ရာနောင်ဘိုရွာသို့ပြန်စရာမလိုတော့ပါ။

ထို့ကြောင့်ကျွန်တော်တို့သည် ညောင်နှစ်ပင်ရွာသို့

စတင်ထွက်ခွာလာခဲ့ကြသည်။ ကိုစောလာစေးသည်

ကျွန်တော့်ဆီသို့ နေမြင့်မှရောက်လာခဲ့သည်ဖြစ်ရာ

ညောင်နှစ်ပင်ရွာသို့ရောက်သွားသည့်အချိန်တွင် ည

ခုနှစ်နာရီထိုးနေပြီဖြစ်သည်။

ညောင်နှစ်ပင်ရွာသို့ရောက်သည့်အချိန် ဦးသာဇံက

ကျွန်တော်တို့အား ဆီးကြိုနှုတ်ဆက်လေသည်။

” ဦးတာပေါလည်းပါလာတာပဲ။ ကျုပ်က မနက်

ဖြန်ညနေမှရောက်မယ်ထင်နေတာ။ကျုပ်သမီးလေး

ကိုကယ်ပါဦးဗျာ။ မောင်ရဲမင်းကျော်တို့မှမကယ်ရင်

ကျုပ်သမီးငယ်ငယ်ရွယ်ရွယ်နဲ့သေရတော့မယ် ”

” စိတ်အေးအေးထားပါ ဦးလေးရာ။ ကျွန်တော်တို့

အဖြူရောင်တောင်ကြာပန်းပင်ကို မရရအောင် သွား

ယူပေးမယ်။ နှင်းဖွေးအသက်ကို အချိန်မီကယ်တင်

နိုင်စေရမယ် ”

” ဒါနဲ့ဆေးဆရာဦးဖိုးအောင် ဒီမှာရှိနေလား။ ကျွန်

တော်သူနဲ့စကားပြောချင်လို့ပါ ”

” အခုလေးတင်ပြန်သွားတယ်။သွားခေါ်ခိုင်းလိုက်

ရမလား ”

” သွားမခေါ်ပါနဲ့တော့ဗျာ။ ကျွန်တော်တို့ သူ့အိမ်ပဲ

လိုက်သွားတော့မယ်။ ဒါနဲ့ဦးဖိုးအောင်အိမ်က ဝေး

လား ”

” သိပ်မဝေးဘူး။ သုံးလေးအိမ်ပဲခြားတယ်။ အခုမှ

ရောက်တာကို။ ခဏလောက်နားလိုက်ပါဦးကွယ်။

ထမင်းစားပြီးမှပဲ ကျုပ်ကိုယ်တိုင်လိုက်ပို့ပေးမယ် ”

ထို့နောက်သူကြီးဦးသာဇံသည် ဆယ်ကျော်သက်

အရွယ်မိန်းကလေးတစ်ယောက်အား ကျွန်တော်တို့

အတွက် ထမင်းပြင်ခိုင်းလေသည်။ထိုကောင်မလေး

သည် နှင်းဖွေးနေမကောင်းဖြစ်နေသည့်အချိန် အိမ်

မှုကိစ္စများကိုကူလုပ်ပေးရန်ခေါ်ထားသော ဦးသာဇံ

၏တူမဖြစ်ကြောင်းသိရလေသည်။

သူ(မ)က ကျွန်တော်တို့အတွက် ထမင်းပြင်ပေးနေ

သည့်အချိန် ကျွန်တော်တို့က အိပ်ယာပေါ်တွင် လဲ

လျောင်းနေသောနှင်းဖွေးဆီ လျှောက်သွားသည်။

သွေးဆုတ်ဖြူရော်နေသောနှင်းဖွေးသည် မျက်လုံး

နှစ်ဖက်ကို ဖွင့်ချည်မှိတ်ချည်လုပ်နေ၏။ ကျွန်တော်

တို့အားမြင်သည့်အခါ မျက်နှာအမူအယာဖြင့် နှုတ်

ဆက်လေသည်။ နှင်းဖွေးသည် ရောဂါကြောင့် အား

အင်ကုန်ခမ်းနေပြီး စကားပင်မပြောနိုင်တော့ပါ။

” အားတင်းထားနော်။ အဖြူရောင်တောင်ကြာပန်း

ပင်ကို တောစောင့်နတ်သမီးမဟူရာရဲ့လက်ထဲကနေ

မရရအောင်ယူပြီး မင်းခံစားနေရတဲ့ဝေဒနာတွေကို

အမြန်ဆုံးပျောက်ကင်းအောင် ကုသပေးမယ် ”

ကိုစောလာစေးသည် နှင်းဖွေး၏လက်နုနုကလေး

ကို ဖွဖွကလေးဆုတ်ကိုင်ကာ နှစ်သိမ့်စကားပြောဆို

လိုက်၏။ ကျွန်တော်နှင့်ဦးတာပေါလည်း စိတ်ကူး

ထဲရှိသမျှနှစ်သိမ့်စကားများကို ပြောဆိုလိုက်သည်။

ထိုအခါနှင်းဖွေးက ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်

ပြလေသည်။

နှင်းဖွေးအနားထိုင်၍ အချိန်အတော်ကြာ နှစ်သိမ့်

စကားပြောဆိုပြီးနောက် ညစာစားရန် အိပ်ယာဘေး

မှထွက်ခွာလာခဲ့သည်။ ထိုအချိန်ကို​စောလာစေးက

ဗိုက်မဆာသေးဟုဆိုကာ နှင်းဖွေးအနားမှာ နေရစ်ခဲ့

၏။

ကျွန်တော်တို့နှစ်ယောက်သည် သူကြီးဦးသာဇံနှင့်

အတူ ထမင်းစားပြီးနောက် ဆေးဆရာဦးဖိုးအောင်

၏အိမ်သို့ထွက်လာခဲ့ကြသည်။ ဦးသာဇံပြောသည့်

အတိုင်းပင် ဦးဖိုးအောင်၏အိမ်သည် လေးအိမ်သာ

ခြား၏။သို့ဖြစ်ရာခြေလှမ်းအနည်းငယ်မျှသာ လမ်း

လျှောက်လိုက်ရ​လေသည်။

” ကိုဖိုးအောင်၊ ဗျို့ ကိုဖိုးအောင်၊ အိပ်နေပြီလား ”

” ဟာ သူကြီး၊ ကိုယ်တိုင်ရောက်လာတာဆိုတော့

နှင်းဖွေးများတစ်ခုခုဖြစ်လို့လား။ ကျုပ် ခုချက်ချင်း

လိုက်ခဲ့မယ်။

” နှင်းဖွေးဘာမှမဖြစ်ဘူး။ မေးစရာနည်းနည်းရှိလို့

လာခဲ့တာ ”

” ဟင် တာပေါ ”

” ဆေးဆရာဖိုးအောင်ဆိုတဲ့ နာမည်ကိုကြားတော့

မင်းများဖြစ်နေမလားလို့ တွေးကြည့်မိသေးတယ်။

တကယ်ပဲ မင်းဖြစ်နေတာကိုး ”

” ဒါနဲ့ကိုဖိုးအောင်တို့နှစ်ယောက်က တစ်ယောက်နဲ့

တစ်ယောက် သိနေကြတာလား ”

” သိရုံတင် ဘယ်ကမလဲဗျာ။ သိပ်ကိုရင်းနှီးကြတဲ့

သူငယ်ချင်းတွေပါ။ ဒါနဲ့မင်းဒီရွာကို ပြောင်းလာတာ

မကြာသေးဘူးထင်တယ်။ လွန်ခဲ့တဲ့သုံးလလောက်

အထိ ငါဒီကိုမကြာခဏလာဖြစ်သေးတယ်။ မင်းကို

တစ်ခါမှလည်း မတွေ့ဘူးရော ”

” အေး ဟုတ်တယ်။ ငါဒီရွာကိုပြောင်းလာတာ နှစ်

လပဲရှိသေးတယ် ”

ဆေးဆရာဦးဖိုးအောင်က ကျွန်တော်တို့အား အိမ်

ထဲဝင်ရန်ဖိတ်ခေါ်လေသည်။ထို့နောက်ရေနွေးကြမ်း

ဖြင့်ဧည့်ခံလေသည်။

” ဒါနဲ့မင်းတို့ဒီရွာကိုဘာလာလုပ်တာလဲ ”

” မင်းကြောင့်ရောက်လာခဲ့တာလေ ”

” ဟေ ငါ့ကြောင့် ”

” ဟုတ်တယ်လေ။ အဖြူရောင်တောင်ကြာပန်းပင်

အကြောင်း ဒီကလူတွေကိုမင်းပြောပြခဲ့တာမလား ”

” အေး ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ ”

” ငါတို့တွေ နှင်းဖွေးလေးကိုကယ်ဖို့ အဲဒီအပင်ကို

သွားယူမလို့လေ ”

” ဘာ မဖြစ်နိုင်တာ မပြောပါနဲ့ကွာ။ မဟူရာတော

နက်ထဲသွားပြီး အဖြူရောင်တောင်ကြာပန်းပင်ကို

သွားယူဖို့က ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ အန္တရာယ်

သိပ်များလွန်းတယ် ”

” ဒါဆိုဘာလို့ဒီအကြောင်းပြောပြတာလဲ ”

” ငါမသွားရဲသလို ဘယ်သူမှမသွားရဲဘူး ထင်လို့

ပါကွာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောနက်ကြီးထဲ

မှာ ကြောက်မက်ဖွယ်အန္တရာယ်တွေ ပြည့်နှက်နေလို့

ကွ ”

” အဲဒီတောနက်ထဲမှာ အဖြူရောင်တောင်​ကြာပန်း

ပင် တကယ်ရှိတယ်မလား။ ပြီးတော့ အဲဒီအပင်က

နှင်းဖွေးရဲ့ရောဂါကို တကယ်ပဲပျောက်ကင်းအောင်

ကုသနိုင်တယ်မလား ”

ဦးတာပေါက ထိုသို့မေးမြန်းလိုက်ရာ ဦးဖိုးအောင်

ကခေါင်းငြိမ့်ပြလေသည်။

” ပြီးတော့မဟူရာနတ်သမီးရော တကယ်ရှိလား ”

” နတ်သမီးဟုတ်မဟုတ် သေချာမသိပေမယ့် အဲဒီ

မဟူရာတောနက်ထဲမှာ မိန်းကလေးတစ်ယောက် နေ

ထိုင်တာတော့သေချာတယ်။ ငါ့ညီအငယ်ဆုံးလေ။

မင်းသိတယ်မလား။ မင်းနဲ့အမဲလိုက်ဖူးတယ်လေ ”

” ကျော်စွာကိုပြောတာလား ”

” အေး ဟုတ်တယ်။ သူ အဲဒီမဟူရာတောနက်ထဲ

ရောက်ဖူးတယ်။ သူပြောပြလို့ အဲဒီတောနက်ထဲမှာ

ရှိနေတဲ့အရာအားလုံးကို ငါတို့သိထားတယ် ”

” သူအခုဘယ်မှာလဲ ”

” သူဆုံးသွားပြီ။ တစ်နှစ်လောက်ရှိပြီ ထင်တယ်။

မဟူရာတောနက်ထဲကပြန်လာပြီးသိပ်မကြာခင်မှာပဲ

ဆုံးသွားတာ။ မဆုံးခင် သွက်သွက်ခါအောင်ရူးသွား

သေးတယ်။ ရူးသွားပြီး တစ်လလောက်ကြာတော့မှ

ဆုံးသွားတာလေ ”

” စိတ်မကောင်းပါဘူးကွာ ”

” ရပါတယ်ကွာ။ လူတိုင်းလူတိုင်း သေကြရမှာပဲ

လေ။ဒါပေမယ့်အချိန်မတန်ခင်ဆုံးသွားတာဆိုတော့

နည်းနည်းတော့နှမြောမိတယ်။

မင်းတို့ကိုလည်း အဲဒီလိုမျိုးမဖြစ်စေချင်ဘူးကွာ။

ဒါကြောင့်မသွားကြပါနဲ့လား ”

” အခုချိန်မှာတော့ မင်းငါတို့ကိုတားဆီးလို့ရတော့

မှာမဟုတ်ဘူး။ ငါတို့အားလုံးက ဆုံးချက်ချပြီးရင်

နောက်ပြန်မဆုတ်တတ်ဘူး။ ငါတို့ မဟူရာတောနက်

ထဲရောက်အောင်သွားမယ်။ အဖြူရောင်တောင်ကြာ

ပန်းပင်ကိုရအောင်ယူမယ်။ နောက်ပြီး အဖြူရောင်

တောင်ကြာပန်းပင်ကို ရအောင်ယူနိုင်ဖို့က မင်းအကူ

အညီအများကြီးလိုအပ်တယ် ”

” ငါဘာကူညီပေးရမလဲ ”

” ကျော်စွာကြုံတွေ့ခဲ့ရသမျှ သူပြောပြသလောက်

ငါတို့ကို အသေးစိတ်ပြန်ပြောပြပေးပါလား။ မဟူရာ

တောနက်ကြီးအကြောင်း အသေးစိတ်သိထားတော့

ကြိုတင်ပြင်ဆင်မှုတွေလုပ်လို့ရတာပေါ့ ”

” မသွားပါနဲ့လားကွာ။ကျော်စွာတောင် ကံကောင်း

လို့အသက်ရှင်လျက်ပြန်ရောက်လာတာကွ ”

” မသွားလို့မဖြစ်ဘူး။ နှင်းဖွေးအတွက် မျှော်လင့်

ချက်က ဒီတစ်ခုပဲရှိတော့တာလေ။ ဒါကြောင့် ငါတို့

မဟူရာတောနက်ထဲကို သွားဖြစ်အောင်သွားရမယ်။

ပြီးတော့စိတ်မပူပါနဲ့ကွာ။ အဲဒီလိုနေရာမျိုးတွေက

ငါတို့သွားနေကျပါ ”

” တားလို့မရတော့လည်း သွားကြပေါ့ကွာ ”

” ဒီတိုင်းသွားလို့တော့ ဘယ်ဖြစ်မလဲကွ။ ကျော်စွာ

ပြောပြခဲ့သမျှ အသေးစိတ်ပြန်ပြောပြပေးမှ မဟူရာ

တောနက်ထဲဝင်သွားတဲ့အချိန် ဘေးအန္တရာယ်ကင်း

မှာပေါ့ ”

” အေးပါ။ ပြောပြပါ့မယ် ”

ထို့နောက်ဦးဖိုးအောင်သည် သူ့ညီကျော်စွာပြောပြ

သောမဟူရာတောနက်ကြီးအကြောင်းကိုပြန်ပြောပြ

လေတော့သည်။

 

၃။

အစ်ကိုဖြစ်သူကိုဖိုးအောင်မှာ တိုင်းရင်းဆေးဆရာ

တစ်ယောက်ဖြစ်ပေမယ့်လည်း ဆေးဝါး​​ဖော်စပ်ရာ

တွင်လိုအပ်သောဆေးမြစ်ဆေးဥများကို ကိုယ်တိုင်

သွားမရှာပါ။ ညီဖြစ်သူကျော်စွာကသာ လိုအပ်သမျှ

ဆေးပင်၊ဆေးဥများကို တောထဲသို့သွားရောက်ကာ

ရှာဖွေတူးဖော်ပေးရလေသည်။ သို့ဖြစ်ရာ ကျော်စွာ

သည် တောထဲသို့မကြာခဏသွားရသည်။

ကျော်စွာသည် ဆေးပင်၊ဆေးမြစ်များကိုရှာဖွေရန်

ရွာနီးပတ်ဝန်းကျင်ရှိ တောအနှံ့သို့သွားရောက်ခဲ့ဖူး

သည်။ ရွာနှင့်အလှမ်းဝေးသောတောများအတွင်းသို့

လည်း သွားရောက်ခဲ့ဖူးသည်။ သို့သော် သူမသွားဖူး

သောနေရာတစ်ခုရှိသည်။ မဟူရာတောနက်အတွင်း

သို့ဖြစ်သည်။ မဟူရာတောနက်ထဲသို့ မသွားဖူးတာ

သူတစ်ယောက်တည်းတော့မဟုတ်ပါ။

မဟူရာတောနက်ပတ်ပတ်လည်တွင် တည်ရှိသော

ကျေးရွာများတွင် နေထိုင်ကြသော ရွာသားအားလုံး

နီးပါးသည် မဟူရာတောနက်ထဲသို့ မရောက်ဖူးကြ

ပါ။ မသွားရဲကြသောကြောင့်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မဟူရာတောနက်ကြီးထဲ

တွင် တစ္ဆေ၊သရဲခြောက်လန့်သောကြောင့်ဖြစ်သည်။

ကျော်စွာသည် အစ်ကိုဖြစ်သူစကားကို နားထောင်

၍သာ မဟူရာတောနက်ထဲ မသွားဖြစ်သော်လည်း

ပင်ကိုယ်အတွင်းစိတ်ကတော့ မဟူရာတောနက်ထဲ

သွားချင်နေ၏။

တောနက်ကြီးထဲတွင် ဆေးဖက်ဝင်အပင်မျိုးစိတ်

တွေအများအပြားရှိနေလိမ့်မည်ဟု ယုံကြည်နေ၏။

ထို့ကြောင့်အခါအခွင့်သင့်လျှင် မဟူရာတောနက်ထဲ

သွားရန်စိတ်ကူးထားသည်။

တစ်နေ့တွင် ကျော်စွာနှင့်အသက်ချင်း သိပ်မကွာ

သည့်လူငယ်သုံးယောက်သည် ရွာကိုရောက်လာခဲ့

၏။ ထိုလူငယ်သုံးယောက်သည် မဟူရာတောနက်

ထဲသွားရန်လာခဲ့ကြခြင်းဖြစ်မှန်း သိလိုက်ရလေ၏။

သို့ဖြစ်ရာကျော်စွာသည် အလွန်ဝမ်းသာသွားလေ

သည်။

သူတို့သုံးယောက်မှာ စွန့်စားခရီးသွားလာသူတွေ

ဖြစ်ကြ၏။ မဟူရာတောနက်ထဲသို့ သွားကြခြင်းမှာ

အကျိုးတစ်စုံတစ်ရာကြောင့်မဟုတ်ပါ။

ဒေသခံရွာသားတွေ မသွားရဲသောနေရာဖြစ်သော

ကြောင့် စွန့်စားခရီးတစ်ခုအနေဖြင့် သွားရောက်လို

ကြခြင်းဖြစ်ကြောင်းပြောပြသည်။

သို့သော်သူတို့သုံးယောက်သည် မဟူရာတောနက်

ထဲတွင် ဆေးတစ်မျိုးကို လာရောက်ရှာဖွေကြခြင်း

ဖြစ်သည်။

” ခင်ဗျာတို့သုံးယောက်က မဟူရာတောနက်ထဲကို

ဘာသွားလုပ်ကြမလို့လဲ ”

” ကျွန်တော်တို့က စွန့်စားခရီးသွားတွေပါ။ ဘယ်

သူမှမသွားရဲတဲ့ မဟူရာတောနက်ထဲမှာ ဘာတွေရှိ

နေမလဲဆိုတာကိုသိချင်လို့သွားကြည့်မလို့ပါ။ ကျွန်

တော်တို့မှာ တခြားရည်ရွယ်ချက်မရှိပါဘူး ”

” ဒါဆိုကျွန်တော်လည်း ခင်ဗျာတို့နဲ့အတူ လိုက်ခဲ့

လို့ရမလား ”

ကျော်စွာသည် သူတို့သုံးယောက်နှင့်အတူ မဟူရာ

တောနက်ထဲသို့လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအခါသူတို့သုံးယောက်ကလည်း လိုလိုလားလား

ပင် လိုက်ခွင့်ပြုလေသည်။ထို့ကြောင့်ကျော်စွာသည်

သူတို့သုံးယောက်နှင့်အတူ မဟူရာတောနက်ဆီသို့

စတင်ထွက်ခွာလာခဲ့လေသည်။

ရွာမှစတင်ထွက်ခွာလာသည့်အချိန် ကျော်စွာက

လုံခြုံရေးအတွက်ဆောင်ထားသော တူမီးသေနတ်

ကိုယူဆောင်လာခဲ့ပြီး သူတို့သုံးယောက်က ရိုင်ဖယ်

သေနတ်များကိုယူဆောင်လာခဲ့၏။

သူတို့သုံးယောက်၏နာမည်များမှာ သက်နောင်၊

ကျော်စိုးဦးနှင့် လှကျော်တို့ဖြစ်ကြသည်။ သူတို့သုံး

ယောက်သည် သူငယ်ချင်းတွေဖြစ်ကြပြီး နိုင်ငံအနှံ့

စွန်စားခရီးသွားလာသူတွေဖြစ်ကြ၏။

ကျော်စွာသည် သူတို့သုံးယောက်အကြောင်း ထိုမျှ

သာသိထား၏။ ထိုထက်ပို၍ သူတို့ဘယ်မှာနေမှန်း

ပင် မသိရပါ။ သူတို့သည် ကိုယ်ရေးကိုယ်တာကိစ္စ

များကို တစ်ခွန်းတစ်လေမှ ထုတ်ဖော်ပြောဆိုခြင်း

မရှိသောကြောင့်ဖြစ်သည်။

ကျော်စွာတို့ရွာနှင့် မဟူရာတောနက်သည် ဆယ်

မိုင်ခန့်သာဝေး၏။ သို့ဖြစ်ရာ နေမွန်တည့်ချိန်ကျော်

သည်နှင့် တောစပ်သို့ရောက်လာခဲ့လေသည်။

 

အပိုင်း(၂)

၄။
တောစပ်သို့ရောက်သည့်အချိန်တွင် မနားတော့ဘဲ
မဟူရာတောနက်ထဲသို့ စတင်ဝင်ရောက်လာခဲ့ကြ
သည်။
လူသူအရောက်အပေါက်မရှိသောကြောင့် မဟူရာ
တောနက်ကြီးအတွင်း သစ်ပင်ခြုံနွယ်များ ထူထပ်
ပေါများစွာပေါက်ရောက်နေသည်။ သစ်ပင်ကြီးများ
၏အကိုင်းအခက်တို့ကလည်း ထူထပ်စွာအုံ့စိုင်းနေ
သဖြင့် နေရောင်ပင်မရပါ။
သို့ဖြစ်ရာချမ်းစိမ့်စိမ့်အအေးဓါတ်ကို ခံစားရလေ
သည်။ သို့ဖြစ်ပါသောကြောင့် ကြက်သီးမွေးညင်း
များထနေ၏။
တောနက်အတွင်းပိုင်းသို့ရောက်လေ အအေးဓါတ်
ကိုပိုခံစားရလေဖြစ်သည်။ တစ်နေရာသို့ အရောက်
တွင် ကြောက်မက်ဖွယ်အသံတစ်ခုကို ကြားလိုက်ရ
လေသည်။ ထို့နောက်မကြာမီ အလွန်ထူးဆန်းသည့်
သတ္တဝါတစ်ကောင်ကိုမြင်တွေ့လိုက်ရလေသည်။
ထိုသတ္တဝါသည် သမင်တစ်ကောင်နှင့်ဆင်တူပြီး
ကြီးမားသောဦးချိုပါရှိသည်။ သမင်တစ်ကောင်နှင့်
တူသည်ဆိုသော်လည်း တိရစ္ဆာန်တစ်ကောင်နှင့်
မတူဘဲ မကောင်းဆိုးဝါးကဲ့သို့ဖြစ်နေသည်။
မျက်လုံးနှစ်ဖက်သည် ပြူးကျယ်၍ နီရဲနေသည်။
မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ
ကို နေရာအနှံ့တွေ့ရပြီး အစိမ်းရောင်အရည်များက
တစ်စက်စက်စီးကျနေသည်။
” ဟာ အသွင်ပြောင်းသမင်ပဲ။ ဒါဆိုဒီတောထဲမှာ
အသွင်ပြောင်းတိရစ္ဆာန်တွေ တကယ်ရှိနေတာပေါ့ ”
ကျော်စွာသည် မကောင်းဆိုးဝါးသမင်ကြီးကို မြင်
တွေ့လိုက်ရသဖြင့် ထိတ်လန့်ကြောက်ရွံ့သွားသော်
လည်း သူတို့သုံးယောက်ကတော့ ထိတ်လန့်ခြင်းမရှိ
ဘဲ ဝမ်းသာပျော်ရွှင်နေကြလေသည်။
ထိုအချိန် မကောင်းဆိုးဝါးသမင်ကြီးသည် ခွာသံ
ပေးကာ ကျော်စွာတို့အား ဒေါသတကြီး ဝင်ရောက်
တိုက်ခိုက်လေတော့သည်။
ထိုအခါကျော်စွာတို့ကလည်း ကိုယ်စီကိုင်ဆောင်
ထားသောသေနတ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်
ကြသည်။ သူတို့ပစ်ခတ်လိုက်သောကျည်ဆံများမှာ
မကောင်းဆိုးဝါးသမင်ကြီးကို ချက်တိုင်းနီးနီး ထိမှန်
သွားသော်လည်း ထိုအကောင်မှာ ဘာမှဖြစ်မသွား
ပါ။ ၎င်းသည် ကျည်ဆံတွေကြားထဲက တဟုန်းထိုး
ပြေးလာခဲ့ရာ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။
ထိုအချိန်သက်နောင်က ခါးတွင်ချိတ်ဆွဲထားသော
ခြောက်လုံးပြူးသေနတ်ကို လျင်မြန်စွာဆွဲထုတ်၍
ပစ်ခတ်လိုက်သည်။
ခြောက်လုံးပြူးသေနတ်မှထွက်သွားသော ကျည်
ဆံသည် တာဝန်ကျေပွန်စွာဖြင့် တဟုန်ထိုးပြေးလာ
သောမကောင်းဆိုးဝါးသမင်ကြီးအား သွားရောက်
ထိမှန်လေသည်။
ထိုအခါရိုင်ဖယ်သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်တုန်း
က ဘာမှဖြစ်မသွားသောမကောင်းဆိုးဝါးသမင်ကြီး
သည် နောက်ပြန်လွင့်စင်သွားကာ မြေပြင်ပေါ်သို့ လဲ
ကျသွားလေ၏။ ထို့နောက်ပြန်ထလာခြင်းမရှိတော့
ချေ။
ပြန်ထမလာနိုင်တော့မှန်း သေချာသွားသည့်အခါ
သက်နောင်တို့သုံးယောက်သည် မကောင်းဆိုးဝါး
သမင်နားသို့ လျှောက်သွားကြ၏။ ထိုအခါကျော်စွာ
လည်း သူတို့နောက်သို့လိုက်သွားကြည့်သည်။
အနားသို့ရောက်သွားသည့်အချိန်ကျမှ မကောင်း
ဆိုးဝါးသမင်ကြီး၏ခန္ဓာကိုယ်ကို အသေးစိတ် မြင်
တွေ့လိုက်ရသည်။ ထိုသမင်ကြီး၏ ဝမ်းဗိုက်နေရာ
တွင် ဓါးခုတ်ရာကဲ့သို့ပြတ်ရှဒဏ်ရာများကို တွေ့ရ
ပြီး ထိုဒဏ်ရာများမှာ အလွန်နက်သဖြင့် ခန္ဓာကိုယ်
အတွင်းပိုင်းရှိ အူအသဲကလီစာများကိုပင် ရှင်းလင်း
စွာမြင်တွေ့နေရလေသည်။
” ဘာကောင်လဲဗျ။ ကြောက်စရာကြီးဗျာ ”
” အသွင်းပြောင်းသမင်လေ။ ရိုးရိုးသမင်တွေကို
မျိုးရိုးဗီဇပြောင်းလဲထားတာ။ ဒီပုံစံအတိုင်းဆိုရင်
မဟူရာတောနက်ထဲမှာ အသွင်ပြောင်းတိရစ္ဆာန်တွေ
အများကြီးရှိနေနိုင်သေးတယ် ”
” ဘယ်လို။ ဒီအကောင်လိုအသွင်ပြောင်းတိရစ္ဆာန်
တွေအများကြီးရှိတယ်ဟုတ်လား ”
သက်နောင်က ခေါင်းငြိမ့်ပြလေသည်။
” ဒါဆိုကျွန်တော်တို့ တောထဲကပြန်ထွက်ရအောင်
ဗျာ။ သေနတ်နဲ့ဝိုင်းပစ်တာတောင် ဘာမှဖြစ်မသွား
တဲ့ ဒီလိုအကောင်တွေအများကြီးကို ဘယ်နည်းနဲ့မှ
ရင်ဆိုင်နိုင်မှာမဟုတ်ဘူး ”
” ဒီအတွက်စိတ်မပူပါနဲ့။ ကျွန်တော်ကိုင်ထားတဲ့
ခြောက်လုံးပြူးသေနတ်က အသွင်ပြောင်းတိရစ္ဆာန်
တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် ဖန်တီးထားတဲ့
အစွမ်းထက်သေနတ်ပါ။ ကျွန်တော်တို့ဆီမှာ အဲဒီလို
သေနတ်မျိုးငါးလက်တောင်မှပါလာခဲ့တယ်။ ခင်ဗျာ
ကိုတစ်လက်ပေးကိုင်မယ် ”
” ဒါဆိုခင်ဗျာတို့က ဒီတောထဲမှာ မကောင်းဆိုးဝါး
တိရစ္ဆာန်တွေရှိမှန်းကြိုသိနေတာပေါ့ ”
” ရှိတယ်ဆိုတဲ့သတင်းပဲကြားတာ။ တကယ်ရှိမရှိ
သေချာမသိခဲ့ဘူး။ အခုမှပဲ ဒီမဟူရာတောနက်ထဲမှာ
အသွင်ပြောင်းတိရစ္ဆာန်တွေရှိမှန်း သေချာသိလိုက်ရ
တာ ”
” ဒါဆိုရင် ခင်ဗျာတို့ဒီကိုလာတာ ဒီအကောင်တွေ
နဲ့ပတ်သက်နေတာပေါ့ ”
သက်နောင်က ခေါင်းငြိမ့်ပြသည်။
” ဟုတ်တယ်။ အမှန်တိုင်းပြောရရင် ကျွန်တော်တို့
တွေ အသွင်းပြောင်းတိရစ္ဆာန်တွေကိုလာရှာတာပါ ”
” ဘာလုပ်မလို့လဲ ”
” ဘယ်လိုအကြောင်းမျိုးကြောင့် မကောင်းဆိုးဝါး
အသွင်ပြောင်းသွားတာလဲဆိုတာကို လေ့လာချင်လို့
ပါ ”
” လေ့လာပြီးတော့ ဘာလုပ်မလို့လဲ ”
” ဒီကောင်တော်တော်စကားများတာပဲ။ပစ်သတ်ခံ
ချင်နေပြီလားမသိဘူး။ မသေချင်ရင် တိတ်တိတ်နေ
စမ်းကွာ ”
ကျော်စွာက မေးခွန်းတွေတစ်ခုပြီးတစ်ခု မေးမြန်း
နေသဖြင့် စိတ်မရှည်တော့သည့်ကျော်စောဦးက ဝင်
ရောက်ပြောဆိုလိုက်ခြင်းဖြစ်သည်။
” ကောင်းကောင်းပြောပါကွာ။ ခရီးသွားဖော်တွေ
အချင်းချင်းပဲ။ သူလည်း သူသိချင်တာတွေ မေးဦး
မှာပေါ့။ ဘာကြောင့်များ ဒီလောက်ဒေါသထွက်နေ
ရတာလဲကွာ ”
သက်နောင်၏စကားကြောင့် ကျော်စိုးဦးမှာ ဘာမှ
ပြန်မပြောတော့ပေမယ့် ကျော်စွာအား ကျေနပ်ပုံမရ
ပါ။ ကျော်စွာကလည်း ကျော်စိုးဦး၏အမူအယာက
တကယ်လုပ်မည့်ပုံပေါ်သဖြင့် ထပ်မမေးရဲတော့ပါ။
” ခင်ဗျာမြင်တဲ့အတိုင်းပဲ ရိုင်ဖယ်သေနတ်တွေ၊ တူ
မီးသေနတ်တွေက ဒီတောထဲမှာ ဘာမှသုံးစားလို့မရ
တော့ဘူး။ ဒါကြောင့်အသွင်ပြောင်းတိရစ္ဆာန်တွေကို
တိုက်ခိုက်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ သေနတ်
တွေကို ပြောင်းသုံးမှပဲရတော့မယ် ”
ထို့နောက်သက်နောင်သည် ကျော်စွာအား ခြောက်
လုံးပြူးသေနတ်နှင့် ကျည်ဆံအချို့ကိုပေးလာခဲ့၏။
ထိုကျည်ဆံများကို ကြေးနီဖြင့်ပြုလုပ်ထားခြင်းဖြစ်
သည်။ ကျော်စွာသည် ကြေးနီဖြင့်ပြုလုပ်ထားသော
ကျည်ဆံများကို ခြောက်လုံးပြူးကျည်ပေါက်ထဲသို့
ထည့်လိုက်သည်။
ထို့နောက်ခြောက်လုံးပြူးသေနတ်ကိုအသင့်အနေ
အထားဖြင့်ကိုင်ဆောင်၍ တောနက်အတွင်းပိုင်းသို့
ဆက်လက်ဝင်ရောက်လာခဲ့ကြသည်။

၅။
ထိုအချိန်ထိကျော်စွာသည် သက်နောင်တို့၏ ရည်
ရွယ်ချက်ကို သေချာမသိသေးပါ။ သက်နောင်တို့၏
ရည်ရွယ်ချက်မှာ တိရစ္ဆာန်များကို မကောင်းဆိုးဝါး
တစ်ကောင်လိုအသွင်ပြောင်းသွားစေသည့် ဆေးပင်
သို့မဟုတ် အသွင်ပြောင်းဆေးရည်ကို လာရောက်
ရှာဖွေခြင်းဖြစ်သည်။
ကျော်စွာသည် အသွင်ပြောင်းတိရစ္ဆာန်များအား
ကြောက်ရွံ့သော်လည်း ကျော်စိုးဦး၏အမူအယာကို
ကြောက်ရွံ့သောကြောင့် ထွက်ပြေးရန် စိတ်မကူးမိ
ပါ။ ထွက်ပြေးနေသည့်အချိန် သေနတ်ဖြင့်ပစ်သတ်
ခံရမှာကိုစိုးရိမ်သောကြောင့်ဖြစ်သည်။
လမ်းခရီးတစ်လျှောက် အသွင်းပြောင်းတိရစ္ဆာန်
များနှင့် မကြာခဏရင်ဆိုင်ခဲ့ရသော်လည်း အထူးပြု
လုပ်ထားသည့်ခြောက်လုံးပြူးသေနတ်ဖြင့် အလွယ်
တကူရင်ဆိုင်နိုင်ခဲ့သည်။
ဤသို့ဖြင့်တစ်နေရာသို့အရောက်တွင် ကျော်စိုးဦး
၏ခြေထောက်တစ်ဖက်သည် မြေကြီးထဲသို့ ကျွံကျ
သွားခဲ့ပြီး ကျယ်လောင်သောနာကျင်အော်ဟစ်သံကို
ကြားလိုက်ရလေသည်။ ထို့နောက်ကျွံကျသွားသော
ခြေထောက်ကို အပေါ်သို့ပြန်၍ဆွဲတင်လိုက်သည်။
ထိုအခါအနက်ရောင်ပုရွက်ဆိတ်အများအပြားသည်
ခြေထောက်ပေါ်တွင်ကပ်ပါလာခဲ့၏။ထိုပုရွက်ဆိတ်
များကိုခါချလိုက်သည့်အချိန် ကျော်စွာသည် ထိတ်
လန့်တကြားအော်လိုက်မိသည်။
ကျော်စိုးဦး၏ခြေထောက်မှာ ခြေမျက်စိလောက်
ထိ ပါမလာတော့ပါ။ အသားစားပုရွက်ဆိတ်များက
အရိုးပင်မကျန်အောင် စားသောက်လိုက်ကြသော
ကြောင့်ဖြစ်သည်။ ထို့နောက်ကျော်စိုးဦးသည် ကမ္ဘာ
ပျက်သည့်အလျား အော်ဟစ်ငြီးငြူလိုက်ပြီးနောက်
လဲကျသွားလေသည်။
ထိုအချိန်အနက်ရောင်ပုရွက်ဆိတ် အများအပြား
သည် တွင်းထဲကထွက်လာခဲ့ကြ၏။ ၎င်းတို့သည်
ကျော်စိုးဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးကို
စားသောက်ရန်ရည်ရွယ်ထားပုံရသည်။
ကျော်စွာတို့သုံးယောက်သည် ကြောင်၍ငေးကြည့်
နေရာမှသတိရလာသည့်အချိန် ကျော်စိုးဦးကို ဘေး
လွတ်ရာသို့ခေါ်သွားပေးရန် စိတ်ကူးမိသော်လည်း
နောက်ကျသွားလေပြီ။အနက်ရောင်ပုရွက်ဆိတ်အုပ်
သည် ကျော်စိုးဦး၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျို
စားသောက်လိုက်ကြပြီဖြစ်သည်။
အနက်ရောင် အသားစားပုရွက်ဆိတ်များသည် ထို
မျှလောက်နှင့်ကျေနပ်ပုံမပေါ်ပါ။ ကျော်စွာတို့ ရပ်နေ
သောနေရာဆီသို့ ဆက်လက်ချီတက်လာခဲ့ကြလေ
သည်။
ထိုအချိန်မှ ကျော်စွာသည် အသားစားပုရွတ်ဆိတ်
များကို သေနတ်ဖြင့်ပတ်ခတ်ရန် သတိရလာခဲ့၏။
ထို့ကြောင့်ခြောက်လုံးပြူးဖြင့် စတင်ပစ်ခတ်လိုက်
သည်။
” အဲဒီသေနတ်က အသွင်ပြောင်းတိရစ္ဆာန်တွေကို
ပစ်ဖို့ကွ။ အဲဒီကောင်တွေကိုပစ်ချင်ရင် တူမီးနဲ့ပစ် ”
သက်နောက်သည် ကျော်စွာအား ထိုသို့အော်ဟစ်
ပြောဆိုပြီးနောက် ကျောမှာလွယ်ထားသော ရိုင်ဖယ်
သေနတ်ကိုယူ၍ အနက်ရောင်ပုရွက်များကို ဒေါသ
တကြီးပစ်ခတ်လေတော့သည်။
” ငါ့သူငယ်ချင်းသေသလို မင်းတို့လည်း သေစေရ
မယ်။ သေကြစမ်း ”
” ဒိုင်း…ဒိုင်း…ဒိုင်း ”
အဲသည့်အချိန် လှကျော်ကလည်း သူ့သူငယ်ချင်း
၏အသွေးအသားများကို အားပါးတရစားသောက်
လိုက်ကြသော အနက်ရောင်အသားစားပုရွက်ဆိတ်
များကို ဒေါသတကြီးပစ်ခတ်လေတော့သည်။
ကျော်စွာကလည်း လက်စွဲတော်တူမီးသေနတ်ဖြင့်
တတ်နိုင်သမျှ တစ်ချက်ချင်းပစ်ခတ်လိုက်သည်။
သေနတ်ကျည်ကျရောက်ရာအနီးတစ်ဝိုက်ရှိ အနက်
ရောင်ပုရွက်ဆိတ်များသည် အဝေးသို့လွင့်စင်သွား
ကြသော်လည်း လျော့နည်းမသွားပါ။တဖြည်းဖြည်း
ပို၍ပင်များပြားလာခဲ့လေသည်။
အနက်ရောင်ပုရွက်ဆိတ် သန်းပေါင်းများစွာသည်
တရွေ့ရွေ့ချီတက်လာခဲ့ရာ နောက်သို့တစ်လမ်းချင်း
ဆုတ်ခွာပစ်ခတ်နေသောကျော်စွာတို့နှင့် သုံးပေခန့်
အကွာသို့ရောက်လာခဲ့သည်။ထိုအချိန်ကျည်ဆံများ
လည်း အနည်းငယ်သာကျန်ရှိတော့၏။ တူမီးတွင်
အသုံးပြုသည့်ယမ်းလည်း ကုန်ခါနီးနေပြီဖြစ်သည်။
သူတို့သည် သန်းပေါင်းများစွာသော အနက်ရောင်
ပုရွက်ဆိတ်အုပ်ကြီးကို ရင်ဆိုင်လို့မရမှန်း နားလည်
သွားခဲ့ပြီး ထိုနေရာမှဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြ
သည်။ ထို့နောက်သူတို့သုံးယောက်သည် နောက်သို့
တဖြည်းဖြည်းဆုတ်ခွာလာခဲ့ကြသည်။
ထိုသို့ဆုတ်ခွာလာသည့်အချိန် ဆွေးဆွေးမြေ့မြေ့
သီဆိုနေသောသီချင်းသံကို ကြားလိုက်ရလေသည်။
ထိုအသံသည် မိန်းကလေးတစ်ယောက်၏ အသံဖြစ်
ပြီး အလွန်ပင်ချိုသာလွန်းလှသည်။ သီချင်းသံသည် တဖြည်းဖြည်းနီးကပ်လာခဲ့ပြီး နောက်ဆုံးတွင် အသံ
ပိုင်ရှင်အားမြင်တွေ့လိုက်ရလေသည်။

၆။
အသံပိုင်ရှင်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်
ထားသောမိန်းကလေးဖြစ်နေသည်။ ထိုမိန်းကလေး
သည် သစ်သီးခြင်းကိုလက်မှာပိုက်၍ ကျော်စွာတို့ဆီ
မရဲတရဲလျှောက်လာခဲ့၏။
” အစ်ကိုတို့က ဘယ်သူတွေလဲ ”
” အစ်ကိုတို့က ဒီတောထဲကိုနယ်ကျွံပြီးရောက်လာ
တာပါ။ ဒါနဲ့ညီမက ဘယ်သူလဲ ”
” ညီမနာမည်က မဟူရာပါ။ အစ်ကိုတို့ ယုံမလား
တော့မသိဘူး။ ညီမက ဒီမဟူရာတောနက်ကို စောင့်
ရှောက်ရတဲ့ တောစောင့်နတ်သမီးပါ ”
မဟူရာ၏စကားကြောင့် သူတို့အားလုံး အံ့ဩမှင်
သက်ကုန်သည်။
” အစ်ကိုတို့ မယုံဘူးဆိုတာသိပါတယ်။ ဒါပေမယ့်
မဟူရာဟာ တကယ်တောစောင့်နတ်သမီးပါ။တခြား
နတ်တွေနဲ့ ကျင့်ကြံမှုခြင်းမတူတာကြောင့် လူသား
တွေနဲ့ပြောဆိုဆက်ဆံလို့ရနေတာပါ ”
” ဟင် နတ်တွေဟာလည်း တန်ခိုးစွမ်းအင်တွေရဖို့
လူတွေလိုပဲ ကျင့်ကြံအားထုတ်ရတာပေါ့ ”
မဟူရာက ခေါင်းငြိမ့်ပြလေသည်။
” အစ်ကိုတို့ကိုကြည့်ရတာ ဗိုက်ဆာနေကြပြီ ထင်
တယ်။မဟူရာ ပန်းရောင်မက်မွန်သီးတွေအများကြီး
ခူးဆွတ်လာတယ်။ စားကြပါဦး ”
” ဒီဒေသမှာ မက်မွန်သီးပင်ရှိလို့လား ”
” ဒီတိုင်းတော့ဘယ်ရှိပါ့မလဲ။ နတ်ပြည်က မျိုးစေ့
ကိုယူပြီး တန်ခိုးနဲ့စိုက်ပျိုးထားတာလေ။ စားကြည့်
ပါဦး။ လူ့ပြည်က မက်မွန်သီးတွေထက် အများကြီး
အရသာပိုရှိတယ် ”
ထို့နောက်မဟူရာသည် ခြင်းထဲက မက်မွန်သီးများ
ကိုယူ၍ ကျော်စွာတို့အား တစ်လုံးစီပေးလာခဲ့သည်။
ကျော်စွာသည် မဟူရာနတ်သမီးပေးကမ်းလာသည့်
ပန်းရောင်သန်းသောမက်မွန်သီးကို နမ်းခြိုက်ကြည့်
လိုက်သည်။
ပန်းရောင်မက်မွန်သီး၏ရနံ့သည် အလွန်မွေးကြိုင်
လွန်းလှ၏။ သို့ဖြစ်ရာအနံ့ရသည်နှင့် စားချင်စိတ်
တဖွားဖွားဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကျော်စွာ
သည် မက်မွန်သီးကိုစတင်ကိုက်စားလိုက်သည်။
ရနံ့မွေးရုံသာမက အရသာလည်းအလွန်ရှိသည်။
သို့ဖြစ်ရာကျော်စွာသည် တစ်ကိုက်ပြီးတစ်ကိုက်
ကိုက်စားပစ်လိုက်သည်။
ဒါကိုမြင်သော သက်နောင်နှင့် လှကျော်ကလည်း
လက်ထဲကမက်မွန်သီးကို တစ်ကိုက်စီ ကိုက်ကြည့်
လိုက်ကြ၏။ သူတို့ထင်သည့်အတိုင်းပင် အရသာရှိ
လွန်းသဖြင့် တစ်ကိုက်ပြီးတစ်ကိုက် ကိုက်စားလိုက်
ကြသည်။
” ဘယ်လိုလဲ အရသာရှိတယ်မလား ”
ကျော်စွာက ခေါင်းငြိမ့်ပြလိုက်သည်။
” ဒါဆိုထပ်စားပါဦး။ အများကြီးရှိသေးတယ် ”
မဟူရာသည် လက်သီးဆုပ်ခန့်ရှိသော မက်မွန်သီး
များကို တစ်လုံးစီထပ်ပေးလာခဲ့သည်။ ကျော်စွာတို့
သုံးယောက်သည် ထိုမက်မွန်သီးများကိုလည်း ကုန်
အောင်စားပစ်လိုက်ကြ၏။
” အစ်ကိုတို့ကို မဟူရာက နတ်သမီးတစ်ပါးဆိုတာ
သက်သေပြမယ် ”
ကျော်စွာက မက်မွန်သီးကို အားပါတရကိုက်စား
ပြီးနောက် စကားပြောရန်ပြင်နေသည့်အချိန် မဟူရာ
ကထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့နောက်မဟူရာသည် သစ်သီးခြင်းကို မြေပေါ်၌
ချထားလိုက်ပြီး ညာဘက်လက်ကို ရှေ့သို့ဆန့်တန်း
လိုက်သည်။
ထိုအခါလက်ဖဝါးပေါ်တွင် အရောင်တလက်လက်
တောက်ပနေသောဓါတ်လုံးတစ်လုံး ရုတ်တရက်ပေါ်
လာခဲ့၏။ မဟူရာသည် ထိုဓါတ်လုံးကို ကောင်းကင်
ပေါ်သို့ပစ်လွတ်လိုက်သည်။
ထို့နောက်မကြာမီ မိုးခြိမ်းသံများကို ကျယ်လောင်
စွာကြားလိုက်ရပြီး နောက်ဆုံးတွင် တစ်လောကလုံး
ညဘက်အလားမှောင်မိုက်သွားလေသည်။ ထိုအချိန်
ကျော်စွာသည် မှောင်မိုက်နေသော ကောင်းကင်ပေါ်
သို့မော့ကြည့်လိုက်၏။ ထိုသို့မော့ကြည့်လိုက်သည့်
အချိန် ကောင်းကင်ပေါ်တွင် အလွန်စူးရှတောက်ပ
သောဓါတ်လုံးကိုမြင်တွေ့လိုက်ရသည်။ ထို့ကြောင့်
ကျော်စွာသည် မျက်လုံးနှစ်ဖက်ကို မှိတ်ထားလိုက်
သည်။ အချိန်တစ်ခဏမျှကြာသည့်အခါ မျက်လုံး
နှစ်ဘက်ကိုပြန်ဖွင့်လိုက်ရာ ကမ္ဘာလောကကြီးသည်
မူလအတိုင်းပြန်ဖြစ်သွားလေသည်။
” ကဲ ယုံပြီမလား ”
ကျော်စွာတို့အားလုံး ခေါင်းငြိမ့်ပြလိုက်သည်။
” မဟူရာနေတဲ့လိုဏ်ဂူဆီ လိုက်ခဲ့ပါလား။ အစ်ကို
တို့ကိုစားကောင်းသောက်ဖွယ်တွေနဲ့ဧည့်ခံပါရစေ ”
အလွန်လှပသောနတ်သမီးတစ်ပါး၏ ဖိတ်ကြားမှု
ကို ကျော်စွာတို့မငြင်းဆန်ဝံ့ပါ။ထို့ကြောင့်မဟူရာ၏
ဖိတ်ကြားမှုကို လက်ခံလိုက်သည်။ ထို့နောက် သူတို့
သုံးယောက်သည် မဟူရာနောက်သို့ လိုက်ပါလာခဲ့
ရာ ချောက်ကမ်းပါးတစ်ခုဆီသို့ ရောက်လာခဲ့သည်။

၇။
” မဟူရာနေထိုင်တဲ့လိုဏ်ဂူက ဒီချောက်ကမ်းပါး
ထဲမှာရှိတယ်။ ဒီချောက်ကမ်းပါးကို သေမင်းတမန်
ချောက်ကမ်းပါးလို့ခေါ်တယ်။
သေမင်းတမန်ချောက်ကမ်းပါးလို့သာပြောတာပါ။
ဒီချောက်ထဲမှာ ဘာအန္တရာယ်မှမရှိဘူး ”
မဟူရာသည် ကြိုးဖြင့်ပြုလုပ်ထားသော လှေကား
ဖြင့် ချောက်ထဲသို့ဆင်းသွားသည်။ထိုအခါ ကျော်စွာ
တို့ကလည်း မဟူရာနောက်သို့ လိုက်ဆင်းလာခဲ့ကြ
၏။ ထို့နောက်မဟူရာနောက်သို့ လိုက်ပါလာခဲ့ကြရာ
ရှစ်ပေပတ်လည်ခန့်အကျယ်ရှိသော ကျောက်တံခါး
တစ်ခု၏ရှေ့သို့ရောက်လာခဲ့သည်။
ထိုအချိန်မဟူရာက ညဘက်လက်ဖြင့် အမူအယာ
တစ်ခုပြုလုပ်လိုက်ရာ ကျောက်တံခါးသည် နှစ်ခြမ်း
ကွဲသွားလေသည်။
” ဒါမဟူရာနေတဲ့လိုဏ်ဂူပါ။ ဝင်လာခဲ့ကြလေ ”
ထို့နောက်မဟူရာသည် ဂူထဲသို့ဝင်သွားလေသည်။
ထိုအခါကျော်စွာတို့လည်း ဂူထဲလိုက်ဝင်သွားသည်။
ထိုအခါထင်မှတ်မထားသည့် မြင်ကွင်းကို မြင်တွေ့
လိုက်ရလေသည်။
လိုဏ်ဂူထဲတွင် သစ်ပင်၊ပန်းပင်များစွာနှင့် ရေတွေ
တသွင်သွင်စီးဆင်းနေသော စမ်းချောင်းငယ်တစ်ခု
ကိုတွေ့လိုက်ရလေသည်။ ထို့ပြင်ကျေးငှက်အော်သံ
များကိုလည်း ကြားလိုက်ရ၏။
သို့ဖြင့်ရာမြေအောက်ကမ္ဘာသို့ ရောက်နေသလား
ပင်ခံစားလိုက်ရလေသည်။
” ဟုတ်ပါတယ်။ အစ်ကိုတို့ထင်သလို မြေအောက်
ကမ္ဘာထဲရောက်နေတာပါ ”
မျက်စိရှေ့မှာမြင်တွေ့နေရသော မြင်ကွင်းကြောင့်
အံ့ဩမှင်သက်နေသည့်အချိန် စိတ်ထဲတွေးနေသော
အရာကိုပါသိနေသဖြင့် ပို၍အံ့ဩသွားလေသည်။
” သူက နတ်သမီးတစ်ပါးပဲလေ။ ဒီလောက်တော့
စွမ်းမှာပေါ့ ”
ကျော်စွာက ဤသို့ပေါ့ပေါ့ပါးပါးသာ တွေးလိုက်
သော်လည်း သက်နောင်နှင့်လှကျော်ကတော့ ရင်ထဲ
ထိတ်ခနဲဖြစ်သွား​လေသည်။
” ဒီမြေအောက်ကမ္ဘာက ပြင်ပလောကနဲ့မတူဘူး။
ပြင်ပလောကအငွေ့အသက်တွေ ကပ်ပါလာရင် မြေ
အောက်ကမ္ဘာထဲမှာ ကြာကြာနေနိုင်မှာမဟုတ်ဘူး။
ဒါကြောင့်ပြင်ပလောကအငွေ့အသက်တွေ ပျောက်
ကင်းသွားအောင် ရေချိုးလိုက်ကြပါဦး။
ဒီရေကန်ထဲက ရေကြည်အေးကို သောက်သုံးမယ်
ဆိုရင် အသက်ရာထောင်ချီရှည်တယ်။ ရေချိုးမယ်
ဆိုရင် ဆင်ပြောင်ကြီးတစ်ကောင်ကဲ့သို့ခွန်အားဗလ
ကိုပိုင်ဆိုင်နိုင်လိမ့်မယ် ”
ရေကန်ငယ်တစ်ခုဆီသို့ ရောက်သွားသည့်အချိန်
မဟူရာက ထိုကဲ့သို့ပြောဆိုလိုက်သည်။ ထိုရေကန်
အတွင်းရှိရေသည် အလွန်ကြည်လင်လွန်းလှသဖြင့်
အောက်ခြေကြမ်းပြင်ကိုပင် ရှင်းလင်းစွာမြင်တွေ့နေ
ရ၏။ ထိုကန်၏အကျယ်သည် ပေနှစ်ဆယ်ခန့်သာ
ရှိ၏။
” ရေထဲဆင်းပြီး ကူးချိုးရမှာလား ”
သက်နောင်က ထိုသို့မေးမြန်းလိုက်ရာ မဟူရာက
ခေါင်းငြိမ့်ပြလေ၏။ ထိုအခါသူတို့နှစ်ယောက်သည်
အဝတ်အစားများကိုချွတ်၍ရေဆင်းကူးရန် ပြင်ဆင်
လေသည်။ သို့ဖြစ်ရာကျော်စွာလည်း အဝတ်အစား
များကိုချွတ်၍ရေထဲဆင်းရန်ပြင်ဆင်လေသည်။
အောက်ခြေကြမ်းပြင်ကိုကြည့်ခြင်းဖြင့် ရေသည်
ခါးလယ်လောက်သာနက်မှန်း သေချာသိနေသည်။
ရေသည်အလွန်ကြည်လင်ပြီး အောက်ခြေကြမ်းပြင်
တွင် ရောင်စုံကျောက်စရစ်ခဲများက နေရာမလပ်ရှိ
နေသဖြင့် အလွန်အေးစိမ့်နေမှာသေချာသည်။
ကျော်စွာသည် မျက်စိရှေ့တွင်မြင်နေရသော ရေ
ကန်ထဲသို့ခုန်ချလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာခဲ့
၏။ သက်နောင်တို့နှစ်ယောက်လည်း ထိုသို့ပင်ခံစား
နေရဟန်တူသည်။ ထို့နောက်မကြာမီ သက်နောင်တို့
နှစ်ယောက်သည် ရေကန်ထဲသို့ခုန်ချလိုက်လေတော့
သည်။ ထိုအခါကျော်စွာလည်း ရေကန်ထဲခုန်ချရန်
ဟန်ပြင်လိုက်သည့်အချိန် မဟူရာက သူ၏လက်ကို
လှမ်းဆွဲလိုက်သည်။ ထို့ကြောင့်ခုန်ချခြင်းမပြုသေး
ဘဲငြိမ်နေလိုက်သည်။
ရေကန်ထဲခုန်ချသွားသော သူတို့နှစ်ယောက်သည်
အတော်ကြာသည်အထိပြန်ပေါ်မလာခဲ့ပါ။ ရေသည်
တစ်ခဏမျှပွက်သွားပြီးနောက် ပြန်၍ငြိမ်သက်သွား
လေ၏။ထိုအချိန်သူတို့နှစ်ယောက်ကို မတွေ့ရတော့
ပါ။ ရေသည် ကြည်လင်မြဲကြည်လင်လျက်ရှိနေရာ
သူတို့နှစ်ယောက်ကို မတွေ့ရတော့သဖြင့် ရင်ထဲတွင်
ထိတ်ခနဲဖြစ်သွားလေသည်။
” သူတို့ဘယ်ရောက်သွားတာလဲ ”
” သူတို့ကိုယစ်ပူဇော်လိုက်ပြီ ”
မဟူရာ၏အသံသည် အရင်လိုမချိုသာတော့ဘဲ
လူအိုတစ်ယောက်၏အသံလိုဖြစ်သွားလေသည်။
” ဗျာ ”
” သူတို့တွေက ဒီမြေအောက်ကမ္ဘာကို ဖျက်ဆီးဖို့
ရောက်လာကြတာ။ သူတို့ကိုအသက်ရှင်လျက်ထား
ရင် သဘာဝအတိုင်းရှိနေတဲ့ ဒီမြေအောက်ကမ္ဘာဟာ
ပျက်စီးသွားလိမ့်မယ်။ဒါကြောင့်သူတို့ကိုယစ်ပူဇော်
လိုက်တာ။ ရှင့်စိတ်ထဲမှာ မကောင်းတဲ့အကြံအစည်
ဘာမှမရှိလို့ ကျွန်မရှင့်ကိုဘာမှမလုပ်ဘူး။
ဒီမဟူရာတောနက်ထဲကနေ ဘေးကင်းကင်းနဲ့ ပြန်
ထွက်နိုင်အောင်ကူညီပေးမယ်။အခုလောလောဆယ်
မြေအောက်ကမ္ဘာထဲမှာ သုံးရက်တိတိနေနိုင်တယ်။
သုံးရက်အတွင်း ကျွန်မရှင့်ကိုမြေအောက်ကမ္ဘာအနှံ့
လိုက်ပို့ပေးမယ်။ ပြီးတော့ စားကောင်းသောက်ဖွယ်
တွေနဲ့ဧည့်ခံပါ့မယ် ”
ကျော်စွာသည် ချက်ချင်းဆိုသလိုပင် မြေအောက်
ကမ္ဘာက ထွက်သွားလိုသည့်စိတ်များဖြစ်ပေါ်နေ၏။
သို့သော်မဟူရာသည် သူ့စကားကို နားမထောင်လျှင်
သတ်ပစ်မည်ကိုစိုးရိမ်သောကြောင့် ခေါင်းငြိမ့်လိုက်
ရလေသည်။

၈။
သို့ဖြစ်ရာကျော်စွာသည် မြေအောက်ကမ္ဘာထဲတွင်
သုံးရက်တိတိနေထိုင်လိုက်ရလေသည်။ ထိုအတော
အတွင်း မဟူရာသည် စားကောင်းသောက်ဖွယ်များ
ကိုကျွေးမွေးကာ မြေအောက်ကမ္ဘာအနှံ့ လိုက်ပို့ပေး
လေသည်။
ထိုအချိန်ထူးဆန်းသောအပင်များကို တွေ့လိုက်ရ
လေသည်။ ထူဆန်းသည်ဟုဆိုခြင်းမှာ မြေအောက်
ကမ္ဘာတွင်ပေါက်ရောက်နေသောအပင်များမှာ ကမ္ဘာ
ပေါ်တွင်ပေါက်ရောက်သောအပင်များသာ ဖြစ်သော်
လည်း အချို့အပင်များမှာ တစ်ပင်လုံးဖြူစွတ်နေ
သောကြောင့်ဖြစ်သည်။ ကျော်စွာသည် ဖြူစွတ်နေ
သောထိုအပင်တွေအကြောင်း မဟူရာအား မေးမြန်း
ကြည့်လိုက်ရာ ထိုအပင်များမှာ အလွန်အစွမ်းထက်
သောဆေးဖက်ဝင်အပင်တွေဖြစ်ကြောင်း သိလိုက်ရ
လေသည်။
” ဒီအပင်တွေက မြေအောက်ကမ္ဘာထဲမှာ သဘာဝ
အလျောက်ပေါက်နေတာမဟုတ်ဘူး။ ကမ္ဘာမြေပေါ်
မှာရှင်သန်ပေါက်ရောက်တဲ့ ဆေးဖက်ဝင်အပင်တွေ
ကို ခက်ခက်ခဲခဲသွားရောက်ယူဆောင်ပြီး ပြန်လည်
စိုက်ပျိုးထားတာပါ ”
” ဘာလုပ်ဖို့လဲ။ အပင်တွေရဲ့အစိတ်အပိုင်းတစ်ခု
လုံးအဖြူရောင်ဖြစ်နေတာဆိုတော့ အလှထိုင်ကြည့်
ဖို့လား။ ဒါမှမဟုတ်ရင် ဆေးဝါးဖော်စပ်ဖို့လား ”
” ဆေးဝါးဖော်စပ်ဖို့အတွက်လို့ပြောရင် ပိုမှန်မယ်
ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအဖြူရောင်
အပင်တွေနဲ့ ကျိန်စာပျယ်စေမယ့်ဆေးရည် ဖော်စပ်
မလို့လေ ”
” ကျိန်စာပျယ်စေတဲ့ဆေးရည် ဟုတ်လား ”
” ဟုတ်တယ်။ ကျွန်မ နတ်မင်းတစ်ပါးရဲ့ကျိန်စာ
တိုက်ခြင်းကိုခံထားရတယ်။ ဒါကြောင့်အနက်ရောင်
ဝတ်စုံတွေကိုပဲ ဝတ်ဆင်လို့ရတော့တယ်။ တစ်ခြား
အရောင်ပါတဲ့အဝတ်အစားတွေကို ဝတ်ဆင်မယ်ဆို
ရင် မီးလောင်တိုက်သွင်းခံရသလို ပူလောင်ခြင်းကို
ခံစားရတယ်။ ဒါကြောင့်အနက်ရောင်ကိုမုန်းပေမယ့်
အနက်ရောင်အဝတ်အစားတွေပဲ အမြဲဝတ်ဆင်နေရ
တယ်။ ခုတော့ အဲဒီအရောင်ကိုသေလောက်အောင်
မုန်းနေပြီ။ ကျိန်စာလည်း အမြန်ဆုံးပြယ်ချင်နေပြီ။
ကျိန်စာပျယ်အောင် အနက်ရောင်ရဲ့ဆန်ကျင်ဘက်
အဖြူရောင်အဆင်းရှိတဲ့ အပင်မျိုးပေါင်းတစ်ရာနဲ့
ကျောက်စက်ရေတို့ ရောနှောဖော်စပ်ထားတဲ့ ဆေး
ရည်ကိုသောက်သုံးမှ ကျိန်စာကနေ လွတ်မြောက်
နိုင်လိမ့်မယ်တဲ့။ ဒါကြောင့်အဖြူရောင်အဆင်းရှိတဲ့
အပင်တွေကို ကမ္ဘာအနှံ့လိုက်ရှာခဲ့တယ်။အခုဆိုရင်
အပင်ပေါင်းကိုးဆယ်ကျော်နေပြီ။ သိပ်မကြာခင်မှာ
အပင်ပေါင်းတစ်ရာပြည့်တော့မယ်။ အဲဒီအချိန်ကျ
ရင် ကျိန်စာကနေလွတ်မြောက်နိုင်ပြီ ”
မဟူရာက ထိုသို့ပြောပြနေသည့်အချိန် ကျော်စွာ
သည် အနီးပတ်ဝန်းကျင်ကို မျက်စိကစားနေခဲ့ရာ
တောင်ကြာပန်းပင်နှင့်တူသော အဖြူရောင်အပင်ကို
မြင်တွေ့လိုက်ရလေသည်။
” အဲဒီအပင်က ဆေးဝါးဖော်စပ်တဲ့နေရာမှာ အသုံး
ပြုတဲ့ တောင်ကြာပန်းပင်နဲ့တူနေသလားလို့ ”
” တူတာမဟုတ်ဘူး။အဲဒါတောင်ကြာပန်းပင်လေ။
အဖြူရောင်တောင်ကြာပန်းပင်ပေါ့။ သိပ်ရှားတယ်။
အစိမ်းရောင်တောင်ကြာပန်း အပင်တစ်သန်းရှာတွေ့
ရင်တောင်မှ အဖြူရောင်တောင်ကြာပန်းတစ်ပင် ရှာ
တွေ့ဖို့မလွယ်ဘူး။ အဖြူရောင်တောင်ကြာပန်းဟာ
ရှာတွေ့ဖို့မလွယ်သလို ဆေးစွမ်းလည်း အလွန်ထက်
တယ်။ အဖြူရောင်တောင်ကြာပန်းရဲ့ အစိတ်အပိုင်း
တစ်ခုလုံးကိုအသုံးပြုပြီးကုသမယ်ဆိုရင် ကိုးဆယ့်
ခြောက်ပါးသောရောဂါကို ယူပစ်သလိုပျောက်ကင်း
အောင်ကုသနိုင်တယ် ”
” အဲဒီလောက်ထိ အစွမ်းထက်တာလား ”
မဟူရာက ခေါင်းငြိမ့်ပြလေသည်။
” ကဲ ရှင် မြေအောက်ကမ္ဘာကနေပြန်သွားဖို့ အချိန်
တန်ပြီ။ မပြန်ခင်တစ်ခုလောက်မှာပါရစေ။ အိမ်ကို
ပြန်ရောက်တာနဲ့ ဒီကအဖြစ်အပျက်တွေအားလုံးကို
မေ့ပစ်လိုက်ပါ။ ဒီအကြောင်းကို တစ်ခြားလူတွေကို
ပြောပြမယ်ဆိုရင် ရှင့်အတွက် အန္တရာယ်များလွန်း
တယ်။ ဒါကြောင့်ဘယ်သူ့မှပြန်မပြောပြနဲ့ ”
” ဒီအတွက် စိတ်ချပါ။ ဘယ်သူ့ကိုမှ မပြောပြဘူး
လို့ကတိပေးတယ် ”
ကျော်စွာက ကတိပေးပြောဆိုလိုက်ရာ မဟူရာက
တောနက်အပြင်ဘက်သို့ရောက်သည်အထိ လိုက်ပို့
ပေးမည်ဖြစ်ကြောင်း ပြောဆိုလေသည်။ ထို့နောက်
သေမင်းတမန်ချောက်ကမ်းပါးပေါ်သို့ ခေါ်တက်လာ
ခဲ့ပြီး မဟူရာတောနက်အပြင်ဘက်သို့ရောက်သည်
အထိလိုက်ပို့ပေးလေသည်။
တောနက်အပြင်ဘက်သို့ရောက်သည့်အခါ ကျော်
စွာသည် နောက်ပင်လှည့်မကြည့်ဘဲ ရွာသို့အရောက်
ပြန်လာခဲ့လေတော့သည်။

အပိုင်း(၃)
စောင့်မျှော်ဖတ်ရှုပေးကြပါရန်
#ဒီကိုး