အစွဲအလမ်းကြီးသူ(စ/ဆုံး)

Unicode Version

အစွဲအလမ်းကြီးသူ(စ/ဆုံး)
——————————–
ငွေတောင်ကျေးရွာရှိ ဘိုးလှမောင်တို့အိမ်၌လူစည်ကားနေ၏။ အကြောင်းမှာ ယနေ့ဘိုးလှမောင်၏သားငယ် မောင်မြတ်က တစ်အိုးတစ်အိမ်ခွဲနေရန်အတွက် အိမ်ဆောက်မည့်နေရာကို မြေညှိသည့်ရက်ဖြစ်၏။ ကျေးရွာထုံးစံအတိုင်း တစ်အိမ်ကကိစ္စရှိလျှင် တစ်ရွာလုံးကဖိတ်ကြားစရာမလိုဘဲ လာရောက်ကူညီကြသဖြင့် လူအုံနေရခြင်းဖြစ်၏။
အိမ်ဆောက်မည့်နေရာကား မညီညာသည့်မြေရိုင်းဖြစ်သဖြင့် မြေညှိနေရခြင်းဖြစ်၏။ လူအယောက်သုံးဆယ်ခန့်ရှိသော်လည်း မြေညှိခြင်းကိစ္စသည် တစ်ရက်တည်းနှင့်မပြီးချေ။ သို့ကြောင့် နောက်နေ့များတွင်ပါမြေညှိနေရခြင်းဖြစ်၏။ မြေညှိခြင်းသုံးရက်မြှောက်နေ့၌ အိမ်ဆောက်မည့်နေရာသည် အတော်အတန်ကျယ်ဝန်းနေလေပြီ။ တတိယနေ့၌ကား လူသိပ်မများတော့ဘဲ အိမ်နီးနားချင်းနှင့် အမျိုးများလောက်သာပါ၏။ မောင်မြတ်တစ်ယောက်မိမိ၏ အိမ်နေရာအတွက် ကြိုးစားပမ်းစားမြေညှိနေ၏။

” ဒုတ်…”

” ခွမ်း…”

” ဟင်…”

ထိုသို့မြေညှိနေစဉ် မောင်မြတ်ကအရာဝတ္ထုတစ်ခုကိုတူးမိ၏။ ပေါက်ပြား၏အရှိန်ကြောင့် ထိုအရာသည် ခွမ်းခနဲကွဲသံနှင့်အတူအပိုင်းအစတချို့က နံဘေးတဖက်တချက်ဆီသို့လွှင့်စင်သွားကုန်၏။

” ငမြတ်…ကျောက်တုံးတူမိပြီလားကွ…”

” မဟုတ်ဘူးဗျ…ဘာအိုးလေးလည်းမသိဘူး…”

ဘေးမှအတူလုပ်နေကြသူများက မောင်မြတ်တစ်ယောက် ကျောက်တုံးတူးမိပြီဟု ထင်သွားကြ၏။ သို့သော် အထင်နှင့်အမြင် တက်တက်စင်အောင်လွဲသွားချေပြီ။ မောင်မြတ်က သူတူးမိသောအရာကိုကြည့်ပြီး အံ့ဩမှင်သက်သွားသည်။

” ဟာ…ငါဘာတူးမိလဲ…ဒီမှာလာကြည့်ကြအုံးဟေ့…”

” ဘာလဲငမြတ်…”

” ဟေ…ဘာတူးမိတာလဲကွ…”

လူများအားလုံးမောင်မြတ်ပြသောနေရာအား ကြည့်လိုက်ရာမြေကြီးအတွင်း၌ အိုးနုတ်ခမ်းပဲ့ကြီး တစ်လုံးကိုတွေ့လိုက်ရပြီး ထိုအထဲ၌များပြားလှသော ရှေးခေတ်ရွှေဒင်္ဂါးပြားများကိုတွေ့လိုက်ရသည်။

” ဟင်…ရွှေဒင်္ဂါးပြားတွေပါလား…”

” မှန်း…ရွှေစစ်စစ်လား ကြည့်ရအောင်…”

ဆိုပြီးလူကြီးတစ်ယောက်က ဒင်္ဂါးပြားတစ်ပြားကို ယူပြီးသွားဖြင့်ကိုက်ကြည့်ရာ ရွှေသားစစ်စစ်မှန်းသိလိုက်၏။

” လုံးဝရွှေအစစ်ဘဲဟေ့…ငမြတ်ရဲ့ကံနှင့်ထိုက်လို့ရတာဘဲ…မြေထဲကနေအိုးလိုက်ထုတ်လိုက်…”

လူကြီးတစ်ယောက်ကထိုသို့ပြောသဖြင့် မောင်မြတ်က ရွှေဒင်္ဂါးပြားထည့်ထားသောအိုးမြေထဲမှ သေချာထုတ်ယူလိုက်၏။

” ဟာ…အိုးအပြည့်ဘဲဟေ့…”

” ပုဆိုးတစ်ထည်ခင်းပြီးသွန်ချလိုက်…ထူးဆန်းလိုက်တာ ရွှေဒင်္ဂါးပြားတွေကမြေထဲရှိနေတယ်…”

ဘိုးလှမောင်က ထူးဆန်းသောရွှေဒင်္ဂါးပြားများကို ပုဆိုးပေါ်သို့သွန်ချစေ၏။

” ချွင်…ချွင်…ချွင်…”

မောင်မြတ်ကရွှေဒင်္ဂါးပြားများကို ပုဆိုးပေါ်သွန်ချလိုက်ရာ ဝင်းထိန်နေတော့၏။

” မနည်းမနောဘဲဟေ့…ရှေးခေတ်ကရွှေဒင်္ဂါးပြားတွေဘဲ…နှစ်ပေါင်းအတော်ကြာပြီထင်တယ်…ရှေးဘုရင်တွေလက်ထက်ကဘဲ ဒီရွှေပြားကိုသုံးနိုင်တာ…”

” တပြားခြင်းစီရေတွက်ကြည့်ရအောင်…”

မောင်မြတ်ကထိုသို့ပြောပြီး ရွှေဒင်္ဂါးပြားများအား ရေတွက်ကြည့်ရာ ၄၉၉ပြားအတိရှိ၏။

” အားလုံးပေါင်း ၄၉၉ပြားဟေ့…ဒီရွှေတွေက ငါ့ခြံဝန်းထဲမှာတွေ့တယ်ဆိုပေမဲ့ ငါတစ်ယောက်ထဲမယူပါဘူး…ဒီမှာရှိတဲ့လူတွေကိုလည်းတစ်ယောက်တစ်ပြားပေးမယ်…ကျန်တာတွေကို ဝမ်းရေးလည်းသုံးမယ်…အလှူအတန်းလည်းလုပ်မယ်…”

မောင်မြတ်ကထိုသို့ပြောပြီး လူဆယ့်တစ်ယောက်အား ရွှေဒါင်္ဂါးတစ်ယောက်တစ်ပြားဝေပေးလိုက်၏။ ကျန်လူများက ရွှေဒင်္ဂါးပြားသည်လောက်များသည်ကို တစ်ယောက်တစ်ပြားသာပေးရကောင်းလားဟု တွေးမိသော်လည်း သူ့ဝန်းသူ့ခြံထဲတွေ့သည့်အတွက် ဘာမှမဟရဲကြချေ။ ထိုရွှေဒင်္ဂါးပြားများ၏ တချို့တဝက်ကိုထုခွဲရောင်းချပြီး အိမ်အသစ်ဆောက်၏။ တချို့တဝက်ကိုအလှူလုပ်ပစ်၏။

အိမ်အသစ်တက်သည့်နေ့၌ တစ်ရွာလုံးကိုဖိတ်ပြီးအိမ်သစ်တက်ပွဲခမ်းခမ်းနားနားကျင်းပ၏။ မြင်အပ်မမြင်အပ် သောဘုံအားလုံးကိုလည်းအမျှအတမ်းပေးဝေ၏။အားလုံးပြီးစီးသော် အိမ်အသစ်လေးဆီသို့ မိသားစုသုံးဦးပြောင်းလိုက်ကြသည်။ ပြသနာကားထိုနေ့မှစတင်သည်ဟုဆိုရမည်။

တိတ်ဆိတ်နေသောညအချိန်တွင် အသစ်စက်စက် အိမ်ကြီးသည် သိမ့်ခနဲတုန်သွား၏။ မြေငလျင်လှုပ်သကဲ့သို့တချက်မျှတုန်သည်မဟုတ်ဘဲ သုံးခါဆက်တိုက်တုန်နေခြင်းဖြစ်သည်။ အိမ်မောကျနေသော မောင်မြတ်က အိမ်ကြီးသိမ့်ခနဲတုန်သွားသောကြောင့် လန့်နိူးလာသကဲ့သို့ ဇနီးဖြစ်သူပန်းခင်လည်း လန့်နိုးလာ၏။

” ရှင်သိလိုက်လားကိုမြတ်…အိမ်ကြီးသိမ့်ခနဲတုန်သွားတာ…”

” အင်း…ငါလည်းအဲဒါကြောင့်လန့်နိုးလာတာဘဲ…မြေငလျင်လှုပ်တာနေမယ်…အားဘယ်လောက်ပြင်းလဲမသိ…အိမ်ကြီးကိုသိမ့်နေတာဘဲ…”

” အိမ်ကပြတ်ရွေ့ပေါ် ဆောက်မိတာလားမသိဘူးကိုမြတ်…”

” မဟုတ်ပါဘူးကွာ…မြေငလျင်ကအားပြင်းလို့နေမှာဘဲ… ကဲကဲသမီးလေးနိုးလာရော့မယ်…ဘာမှမဟုတ်ဘူးပြန်အိပ်လိုက်တော့…”

မောင်မြတ်ကဇနီးလေးကိုနှစ်သိမ့်ပြီး ပြန်အိပ်ခိုင်းလိုက်၏။ သို့သော်သူကားပြန်အိပ်၍မရချေ။ ထိုစဉ်မိမိတို့၏ကုတင်ခြေရင်းမှ နီရဲသောအရာနှစ်ခုကိုမြင်တွေ့လိုက်ရ၏။

” ဟင်…ဘာကြီးလဲ…”

သူ့စိတ်ထဲတွင်လည်းတစ်စုံတစ်ယောက်က သူတို့အားစောင့်ကြည့်နေသလို ခံစားရ၏။ သိချင်စိတ်ကြောင့် လက်နှိပ်ဓာတ်မီးကိုယူပြီး ထိုးကြည့်လိုက်၏။ သို့သော် ဘယ်အရာမှရှိမနေချေ။

” ခွမ်း…..”

” ဂလောက်….ကလောက်…ပေါက်…ပေါက်….”

မောင်မြတ်ပြန်အိပ်ရန်ပြင်နေစဉ်အပြင်ဘက်မှ ခွမ်းခနဲအသံကြောင့် မအိပ်ရပြန်ဘဲအခန်းတံခါးဖွင့်ကာ အပြင်ထွက်လာ၏။ ဘုရားပန်းအိုးကျကွဲနေခြင်းဖြစ်၏။ ဘုရားစင်ပေါ်မှ ရေတို့ကလည်း ကြမ်းပြင်ပေါ်သို့ တပေါက်ပေါက်ကျနေ၏။

” ဘုရားပန်းအိုးအသစ်လေးကွဲသွားပြီကွာ…လေလည်းမတိုက်ဘဲဘာလို့ပန်းအိုးကကျနေရတာလဲ…ပန်းနဲ့အိုးနဲ့မကိုက်တာဘဲလား…ဟူး…”

မောင်မြတ်က ကြမ်းပေါ်မှ ကျဲပြန့်နေသော ပန်းအိုးအကွဲစများနှင့် ပန်းတို့ကိုယူပြီး ခုံပေါ်သို့တင်ထားလိုက်သည်။ ထိုစဉ် သူ့အကြည့်တို့ကအမှတ်မထင် မှန်ပြတင်းပေါက်မှကျော်၍ ခြံဝိုင်းထဲသို့ရောက်သွား၏။

” ဟင်…ဘယ်သူလဲကုန်းကုန်းကွကွနှင့်…ခြံထဲသူခိုးဝင်နေပြီထင်တယ်…”

လရောင်အောက်မှမြင်ရသော ကုန်းကုန်းကွကွအရာတစ်ခုကို သူခိုးဟုမှတ်ပြီး နံရံမှအလှချိတ်ထားသော ငှက်ကြီးတောင်ဓားရှည်ကိုယူပြီး တံခါးကိုတိတ်တဆိတ်ဖွင့်ကာ အပြင်သို့ထွက်လာခဲ့သည်။ အနောက်မှမြင်နေရသောလူသည်ကား မောင်မြတ်ကိုသတိထားမိပုံမပေါ်ဘဲ မြေကြီးကိုသာအပတ်တကုတ်တူးနေသည်။ မောင်မြတ်က ငှက်ကြီးတောင်ဓားကို လက်နှစ်ဖက်ဖြင့်မြဲမြံစွာကိုင်ပြီး အပေါ်သို့ဟန်ပါပါမြှောက်ကာ မြေကြီးတူးနေသောသူအား လွဲှခုတ်လိုက်သည်။

” ဝှစ်….”

” ဟင်….”

အရှေ့မှငုတ်တုတ်ဖြစ်နေသောလူကိုလွဲှခုတ်လိုက်ရာ လေဟာနယ်ကိုသာခုတ်မိနေ၏။ ရှေ့မှလူမှာ သူ့မျက်စိအောက်မှ ပျောက်ချင်းမလှပျောက်ကွယ်သွား၏။

” ဘာလဲဟ…ဒီလူပြေးတာမြန်လှချေလား
ငါဘဲအမြင်မှားတာလား…မဖြစ်နိုင်ပါဘူး…ငါ့မျက်စိအောက်မှာဘဲ သူဒီလောက်မြန်မြန်ရှောင်နိုင်မှာလား…”

မောင်မြတ်ကမကျေနပ်ဟန်ဖြင့် ဟိုဟိုသည်သည်လိုက်ရှာကြည့်၏။ သို့သော်ဘာကိုဘာမှမတွေ့ရချေ။ သာမာန်ဆို သူ၏ဓားလွဲှခုတ်ချက်သည် လူသို့မဟုတ် တိရိစ္ဆာန်တစ်ကောင်ကို တိခနဲပြတ်စေနိုင်၏။ ယခုမူကားလေဟာနယ်ကိုသာ ခုတ်မိနေ၏။ ခြံပတ်ဝန်းကျင်အနှံ့ စိတ်ကျေနပ်အောင် ပတ်ကြည့်ပြီးမှ အိမ်ထဲသို့ပြန်ဝင်လာ၏။ ဇနီးနှင့်သမီးလေးကား အပြစ်ကင်းစွာအိပ်မောကျလျက်သား။ မောင်မြတ်လည်း ဘုရားကိုအာရုံပြုပြီး အိပ်ပျော်အောင်အိပ်လိုက်သည်။

” ကိုမြတ်…ကိုမြတ်…ထတော့လေ…အိမ်ရှေ့မှ ကိုနိုင်ဖြူးရောက်နေတယ်…”

” အေးအေး…ထပါပြီမိန်းမရာ…ညကအိပ်မရလို့ပါ…”

မပန်းခင်က အိပ်ယာခန်းထဲမှ ယောကျာ်းဖြစ်သူကိုလာနိုးပြီး အပြင်သို့ပြန်ထွက်သွား၏။ မောင်မြတ်လည်း အိပ်ယာမှထလာပြီး ကိုယ်လက်သန့်စင်ကာ မီးဖိုခန်းထဲသို့ဝင်လာခဲ့၏။ မီးဖိုခန်းထဲတွင်ကား ကိုနိုင်ဖြူးကသူ့ကိုစောင့်နေ၏။

” စောစောစီးစီးပါလားကိုဖြူး…”

မောင်မြတ်က လည်ပင်းမှပတ်ထားသောမျက်နှာသုတ်ပဝါဖြင့် မျက်နှာကိုသုတ်လိုက်ရင်း မေးလိုက်၏။

” စောပါဘူးဗျာ…လာ…ထိုင်ဦးငမြတ်..”

” ဘာကိစ္စရှိလို့လဲ ကိုဖြူး…”

” ကိစ္စတော့ထွေထွေထူးထူး မဟုတ်ပါဘူး…နင့်ကိုဒါလေးပြန်ပေးချင်လို့ပါ…”

ဆိုပြီးကိုနိုင်ဖြူးက သူ့အိတ်ကပ်ထဲမှ ဝါဝင်းဝင်းရွှေဒင်္ဂါးပြားကို ထုတ်ပြီးမောင်မြတ်ထံကမ်းပေးလိုက်၏။ ထိုအဖြစ်ကြောင့် မောင်မြတ်က အံ့ဩသွားပြီး

” ဒါဘာသဘောလဲကိုဖြူး….ကျွန်တော်ပေးတာနည်းလို့လားဗျာ…”

” မဟုတ်ရပါဘူးငမြတ်…ရွှေဆိုတဲ့အမျိုးကနည်းပေမဲ့တန်ဖိုးများမှန်းငါသိပါတယ်…ဒါပေမဲ့ ငါလက်မခံပါရစေနဲ့ဗျာ…”

” ရွှေပေးတာတောင်လက်မခံတဲ့မင်းကို ငါအံ့ဩတယ်ကွာ…ကဲဆိုစမ်းပါဦး ဘာလို့လက်မခံတာလဲ…”

” ဟူး…ငါပြောရင်မင်းယုံမှာတောင်မဟုတ်ဘူးကွာ…”

” ပြောမှသာပြောစမ်းပါ…ဘာဖြစ်ခဲ့လို့လဲ”

” အေးကွာခုမှတော့မထူးတော့ဘူး…ငါပြောပြတော့မယ်…ဒီလိုကွ အဲဒီနေ့ကနင်ရွှေဒင်္ဂါးပြားပေးပြီးတော့ ငါတို့တွေအိမ်ကိုယ်စီပြန်လာခဲ့ကြတယ်မလား..”

” အေးလေ…”

” အင်း…အဲဒီညမှာကွာ ငါနဲ့ငါ့မိန်းမကအဲဒီရွှေဒင်္ဂါးပြားကိုကြည့်ပြီး ဝမ်းသာနေကြတာ…အဲဒါကိုရောင်းပြီးရင် အလှူလုပ်ကြမယ်ပေါ့…”

” ဒါပေမဲ့ကွာ…အဲဒီရွှေပြား ငါတို့အိမ်ကိုရောက်လာတဲ့နေ့ကစပြီး ပြသနာစတော့တာဘဲ…ညဆိုအိမ်ထဲမှာနီရဲနေတဲ့အရာနှစ်ခုကိုမြင်နေရတယ်…ပြီးတော့ အိမ်ကြီးကိုလည်း တစ်ခုခုလာကိုင်လှုပ်သလို သိမ့်နေတာမျိုးတို့ကြုံလာရတယ်ကွ…”

” အဲဒါ နင်တို့အမြင်မှားတာလည်းဖြစ်နိုင်တာဘဲလေ…အိမ်ကြီးသိမ့်ခနဲဖြစ်သွားတယ်ဆိုတာကလည်း မြေငလျင်လှုပ်လို့ဖြစ်မှာပေါ့ကွ…”

” အစက ငါလည်းမင်းလိုဘဲထင်ခဲ့တာငမြတ်…ဒီလိုဘဲညစဉ်ညတိုင်းဖြစ်လာတော့ ငါဒီဒင်္ဂါးပြားကို စပြီးသံသာဝင်လာတယ်…အရင်တုန်းကဒါမျိုးမှမဖြစ်ဖူးတာလေ …တစ်ခါတစ်လေကျရင် အရမ်းကြောက်စရာကောင်းတဲ့အိပ်မက်ကြီးတွေ ငါမက်တယ်ကွ…အမွေးအမြှင်ထူထဲနေတဲ့အကောင်ကြီးက ငါ့ကိုလိုက်သတ်နေတာ…”

” လူဘဲကွာ အိပ်မက်တော့မက်မှာပေါ့ကွ…”

” မဟုတ်သေးဘူးငမြတ်…အိပ်မက်ဆိုပေမဲ့ တကယ်လိုလိုခံစားရတယ်ကွ…ငါချွေးတွေရွဲှနစ်ပြီး နိုးလာရင် ငါ့ရဲ့အိပ်ယာဘေးမှ ာအဲကောင်ကိုငါတွေ့နေရတယ်ကွာ…ဒါကြောင့်မို့ အသက်အန္တာရယ်မဖြစ်ခင်မှာ ငါနင့်ကိုဒီဒင်္ဂါးပြားလာပြန်ပေးတာဘဲ…”

” အဲဆိုလည်းမင်းသဘောဘဲလေကွာ…မင်းနဲ့မထိုက်လို့မရတာလို့ဘဲငါမှတ်တယ်…”

ကိုနိုင်ဖြူးက ဘာမှပြန်မပြောဘဲ ထကာအိမ်သို့ပြန်သွားလေ၏။

” ယောကျာ်း…ကိုဖြူးပြောတာ့ဖြစ်နိုင်မလား…မိန်းမ တို့အိမ်လည်းညက သိမ့်ခနဲသိမ့်ခနဲဖြစ်တယ်လေ…”

” အလကားပါမိန်းမရာ…ငါပေးတာနည်းနေတယ်ထင်လို့ တမင်ရွဲ့ပြီးပြန်လာပေးတာဖြစ်မှာပါ…စေတနာကလူတိုင်းနဲ့မှမတန်တာလေ…”

မောင်မြတ်ကထိုသို့ပြောပြီး အခန်းထဲဝင်ကာ ရွှေဒင်္ဂါးပြားကိုသိမ်းထားလိုက်၏။ ကိုဖြူးပြောသွားသော စကားကိုသူ့စိတ်ထဲယုံကြည်ချင်သလိုလို။ သူကိုယ်တိုင်လည်း လောလောလတ်လတ်ကြုံတွေ့ထားသဖြင့် စိတ်ထဲခုလုခုလုဖြစ်နေ၏။ သို့သော် ငါထိုက်လို့ရတာ ဟူသောအတွေးပြန်ဝင်သွားပြီး ကြောက်စိတ်များကို ထုတ်လိုက်၏။

အိမ်အသစ်တက်ချိန်မှစ၍ညစဉ်ညတိုင်း တစ်ခုပြီးတစ်ခုဖြစ်နေ၏။ ရွှေဒင်္ဂါးများ ယူထားသူတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် သူ့အိမ်သို့လာကာ ပြန်လာပေးကြ၏။ ထိုလူတို့၏ မျက်နှာတို့မှာလည်း စိုးရိမ်မှုတို့အပြည့်ဖြင့်သာ။ မိန်းမ ဖြစ်သူလည်း အိမ်၌တစ်ခုပြီးတစ်ခုဖြစ်သွားသော ကြောင့်ရွှေဒင်္ဂါးကို သံသယဝင်လာခဲ့သည်။ မောင်မြတ်က ကိုယ်တိုင်ကြုံတွေ့နေရသော်လည်း အိမ်အသစ်စက်စက်ကြီးကို နှမြောသဖြင့်ပေ၍နေခဲ့၏။

တစ်ခုသောညနေ၌မပန်းခင်သည် မီးဖိုထဲတွင်အလုပ်ရှုပ်နေ၏။ မောင်မြတ်လည်း အိမ်မှာမရှိချေ။ သမီးငယ်လေးကား အိပ်ခန်းထဲ၌အိပ်နေ၏။ အချိန်ကား ညနေနွားရိုင်းသွင်းချိန်လောက်ပင်ရှိပေဦးမည်။ သမီးလေးသည် အိပ်ခန်းထဲမှစူးစူးဝါးဝါးအော်ငိုနေ၏။ သို့သော် မပန်းခင်က သမီးလေးအိပ်ယာကနိုးလာ၍ဂျီကျနေသည်ဟုသာ တွေးပြီးသွားမကြည့်ဘဲ ထားလိုက်သည်။

” ဝုန်း…ဒုန်း…”

” ဂွမ်း….ဂလွမ်း….”

ထိုအချိန်အပေါ်ထပ်မှ တဒုန်းဒုန်း အသံနှင့်အတူပစ္စည်းများပြုတ်ကျသံတို့ ဆူညံသွား၏။ ထိုအသံကြောင့်မပန်းခင်က လုပ်လက်စများကိုထားခဲ့ပြီးအိမ်ပေါ်သို့တက်လာခဲ့၏။ အိမ်ပေါ်ရောက်သော်မြင်ရသော မြင်ကွင်းကြောင့် ကြက်သေ သေ သွားသည်။ အပေါ်ထပ်တစ်ခုလုံး အိုးခွက်ပန်းကန်အကွဲအစများ ပြန့်ကျဲနေပြီး လေးနှစ်အရွယ်သမီးငယ်လေးသည် ဗွီဒိုထဲမွှေနှောက်ကာ တစ်စုံတစ်ခုကိုရှာနေ၏။

” သမီး…သမီးလေး…ဒါဘာလုပ်တာလဲ…”

ကလေးငယ်က သူပြောသည်ကိုမကြားသည့်အလား ဗီရိုထဲမှ ပစ္စည်းများကိုတစ်ခုပြီးတစ်ခုထုတ်နေဆဲ။

” သမီး… မေမေပြောနေတယ်လေ ဘာလုပ်နေတာလဲလို့…”

သူမနောက်ထပ်အော်လိုက်မှ ကလေးငယ်သည် သူ့ဘက်လှည့်လာပြီး မျက်ထောင့်နီကြီးဖြင့်ကြည့်နေ၏။

” ငါ့ပစ္စည်းတွေပြန်ပေး…ငါ့ပစ္စည်းတွေပြန်ပေး…”

ကလေးငယ်ထံမှ အက်ရှနေသောအသံကြီးထွက်လာပြီး သူ့ထံလှမ်းလာနေ၏။

” အမလေး…သ…သမီးလေး…”

သမီးလေး၏မူမမှန်သည့်အမူအရာကြောင့် ကြောက်စိတ်ထက် သမီးလေးကိုစိုးရိမ်သည့်စိတ်က ပိုသွား၏။ သို့ကြောင့် ဘုရားစင်ဆီပြေးကာ ရေသန့်ဗူးငယ်ဖြင့်ထည့်ထားသော ပရိတ်ရေဘူးကို လှမ်းယူလိုက်ပြီး ပရိတ်ရေကိုသမီးလေးထံဖြန်းလိုက်၏။

” အား…..”

ကလေးငယ်ထံမှ အားဟူသော အသံနက်ကြီးထွက်သွားပြီး ကလေးမူကားကြမ်းပြင်ပေါ်လှဲကျသွား၏။

” သမီး…သမီးလေး…ထပါဦး….သမီးလေး….”

မေ့မျောနေသောကလေးငယ်ကို ပြေးပွေ့ပြီး အိမ်ပေါ်ထပ်မှအမြန်ဆုံးဆင်းလာခဲ့ပြီး မိဘအိမ်သို့ပြေးသွားခဲ့သည်။ ကလေးငယ်ကားသတိပြန်လည်လာသော်လည်း တငိုငိုတရီရီဖြစ်နေပြီး မိခင်အနားကမခွာတော့ချေ။ ညခုနှစ်နာရီခန့်ရောက်သော် မောင်မြတ်ကအိမ်ပြန်လာခဲ့၏။ ခါတိုင်းအိမ်ရှေ့၌ဆော့နေကျ သမီးငယ်ကိုလည်းမတွေ့ရ။ မီးဖိုဆောင်ထဲ ချက်ပြုတ်နေသည့် ဇနီးကိုလည်းမတွေ့ရသဖြင့် အိပ်နေသည်အမှတ်နှင့် အိပ်ပေါ်တက်လာခဲ့၏။

” ဟိုက်!ဗုဒ္ဓေါ…အိမ်မှာဘာဖြစ်နေတာလဲ…သမီး…သမီးလေးရေ…ပန်းခင်…ပန်းခင်….အိမ်မှာဘာဖြစ်နေလဲ…”

မောင်မြတ်က အိမ်ပေါ်တက်လာရင်း ပွစာကြဲနေသောအရာများကိုမြင်ပြီး သမီးနဲ့ဇနီးကိုအကြိုးအကြောင်းမေး၏။ သို့သော် တိတ်ဆိတ်နေပြီး ပြန်ထူးသံမကြားရချေ။

” အိမ်မှာတစ်ယောက်မှမရှိကြလို့ သူခိုးဝင်သွားပြီထင်တယ်…ငါ့ဒင်္ဂါးပြားတွေပါသွားပြီလားမသိဘူး…”

မောင်မြတ်က ဇနီးနှင့်သမီးကိုစိတ်မပူဘဲ သူ၏ရွှေဒင်္ဂါးပြားများကိုသာစိတ်ပူပြီး အခန်းထဲဝင်သွားကာ ကုတင်အောက်သို့ကြည့်လိုက်၏။ ရွှေဒင်္ဂါးထည့်ထားသော သေတ္တာငယ်လေးသည်ကား မူလအတိုင်းပင်ရှိနေ၏။

” ဟူး…တော်သေးတာပေါ့ကွာ…ဒီမိန်းမဘယ်သွားနေတာလဲ…မိုးချုပ်နေပြီခုထိပြန်မလာသေးဘူး…အိမ်ကိုသူခိုးဝင်နေတာတောင် မသိဘူးလားကွာ…တောက်!”

တစ်ယောက်ထဲမြည်တွန်တောက်တီးပြီး ရွာထဲသွားကာ ဇနီးသည်ကိုလိုက်ရှာ၏။ နောက်ဆုံး၌ကား ယောက္ခမဖြစ်သူ၏ အိမ်သို့ရောက်ချလာ၏။

” ပန်းခင်ရေ…ပန်းခင်…အိမ်ပြန်မလာတော့ဘူးလား…အချိန်လည်းကြည့်ဦး…မိန်းမတစ်ယောက်ကဒီချိန် အိမ်လည်နေတုန်းလား…”

” ရှင်ဘဲပြန်ကိုမြတ်…ကျွန်မမလိုက်ဘူး…”

” ဘာပြောတယ်…တစ်နေကုန်လည်ရရင်ပြီးရောပေါ့…ခုအိမ်မှာသူခိုးဝင်နေပြီ…နင်ကအိမ်မကပ်ချင်သေးဘူး…ဒီလောက်အိမ်ကြီးအိမ်ကောင်းနဲ့ထားတာတောင် မနေချင်သေးဘူး…”

” မနေနိုင်ဘူး…ဘုရားသာမကယ်ရင်သမီးလေးရဲ့အသက်ကိုဆုံးရှုံးရတော့မလို့…အိမ်မှာသူခိုးဝင်နေတာမဟုတ်ဘူး…သရဲသဘက်ကြီးဝင်နေတာ…ကျွန်မ မနေရဲဘူး…”

” အရပ်စကားတွေနားထောင်နေပြန်ပြီ…အိမ်အသစ်ကြီးက ဘယ်သရဲဝင်မှာလည်း…ခုချက်ချင်းသမီးလေးကိုခေါ်ခဲ့ ပြန်မယ်…”

မောင်မြတ်ကအိမ်ပြန်ရန်ခေါ်သော်လည်း ဇနီးဖြစ်သူကပြန်မလိုက်ချေ။ နှစ်ယောက်သား စကားအချေအတင်များကြသဖြင့် ယောက္ခမဖြစ်သူက ကြားမှဝင်ရောက်ဖျန်ဖြေပေးပြီး အဖြစ်မှန်ကိုပြောပြလိုက်သည်။ ထိုအခါမှသမီးလေးကိုစိတ်ပူရကောင်းမှန်းသိ၏။

” သမီး…သမီးလေး…မသေကောင်းမပျောက်ကောင်းကွာ…ဒါဆိုအိမ်ထဲကပစ္စည်းတွေက သမီးလေးဖွထားတာပေါ့ဟုတ်လား…”

” ဟုတ်တယ်…အိမ်ထဲမှာမကောင်းတာတစ်ခုခုရှိနေတယ်…သူတို့တွေပြောနေကြသလိုဘဲ ရွှေဒင်္ဂါးပြားကိုစွဲကပ်နေတဲ့ဝိညာဉ်ကြီးကအိမ်ထဲမှာရှိနေတယ်…”

” ဒီကိစ္စကငါ့ရဲ့ပေါ့ဆမှုကြောင့်ဖြစ်ရတာ …ငါ့ရဲ့လောဘတွေကြောင့်ငါ့မိသားစုအသက်ဘေးကြုံလာရတာ…ကိုဖြူးတို့ပြောတဲ့အချိန်ကရင်း ငါနားထောင်ခဲ့ရင် ခုလိုဖြစ်လာမှာမဟုတ်ဘူး…ဒီတော့အိမ်ထဲကနေအဲဒီကောင်ကို မောင်းထုတ်နိုင်တဲ့ဆရာရှာရမယ်…”

မောင်မြတ်ကထိုသို့ပြောပြီးအနုအကြမ်းနိုင်သည့်ဆရာများကို ရှာဖွေခဲ့သည်။ ဆရာကောင်းမတွေ့ခင်အတောအတွင်း၌ အိမ်ကြီးအားသည်အတိုင်းပစ်ထားခဲ့သည်။ သုံးလေးလခန့်ကြာညောင်းသော်လည်း ဆရာသမားကောင်းနှင့်မတွေ့ရဘဲ ဖြစ်နေ၏။ အိမ်ကြီးအထဲတွင်ကား အခြောက်အလှန့်များက ပို၍ကြီးထွားလာသည်။ ခြံဝိုင်းကြီးသည်လည်း တောအုံထလျက်ရှုပ်ပွနေ၏။ တစ်နေ့မောင်ထင်ပေါ်သည် အထက်မှညွှန်ကြားချက်ကြောင့် ငွေတောင်ရွာသို့ရောက်လာခဲ့၏။

အသိမိတ်ဆွေမရှိသဖြင့် သူကြီးအိမ်ကိုရှာပြီးလာခဲ့၏။ ရွာသူရွာသားတို့၏လမ်းညွှန်ချက်ကြောင့် သူကြီးအိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။

” ဗျို့…ဒါသူကြီးအိမ်ဟုတ်လားခင်ဗျ…”

အိမ်ရှေ့မှခေါ်သံကြောင့် ခြံထဲမှသူကြီးကတော်ဒေါ်မယ်ရုံကထွက်လာပြီး

” ဟုတ်ပါတယ်သူငယ်…ဘာကိစ္စရှိလို့လဲ…”

” ကျွန်တော်ကခရီးသွားပါဗျ…အဲဒါဒီည သူကြီးရဲ့အိမ်မှာတည်းလို့ရမလားလို့ပါ…”

” ဪ…အေးအေးအိမ်ထဲဝင်ခဲ့လေသူငယ်…အပေါ်မှာသူကြီးရှိတယ်…သူ့ကိုသူငယ်ကိုယ်တိုင်မေးကြည့်ပေါ့…”

” ဟုတ်ကဲ့ဗျ…”

မောင်ထင်ပေါ်လည်း ခြံဝန်းထဲဝင်လာခဲ့ပြီး အပေါ်ထပ်သို့တက်လာခဲ့၏။ အိမ်ကြီးမှာ နှစ်ထပ်ခံအိမ်ဖြစ်ပြီး ကြီးမားကျယ်ပြန့်၏။ မောင်ထင်ပေါ်က ဘုရားဝတ်ပြုပြီး အိမ်ရှင်ချပေးသောနေရာ၌ထိုင်လိုက်၏။ သူကြီးဆိုသူကား အသားမဲမဲ၊ကင်တိုတိုဖြင့် အကြည့်ရခက်သူတစ်ယောက်ဖြစ်၏။ သူကြီးက ဆေးတံကြီးကိုခဲရင်း မောင်ထင်ပေါ်ကိုအကဲခတ်နေ၏။

” မောင်ရင်က ဘယ်သူလဲ၊ဘာကိစ္စရှိလို့ကျုပ်တို့ရွာထဲ ဝင်လာရတာလဲ…ရုတ်ရုတ်သဲသဲလုပ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့နော်…”

သူကြီး၏တုံးတိတိစကားကြောင့် မောင်ထင်ပေါ်အနည်းငယ်လန့်သွား၏။

” ကျွန်တော်ကခရီးသွားပါဗျာ…အဲဒါဒီရွာမှာတည်းပြီးမနက်မှခရီးဆက်ချင်လို့် ဝင်လာတာပါ…ကျွန်တော်ကဦးကြီးထင်သလို လူရမ်းကားမဟုတ်ပါဘူးဗျာ…”

” အေး…ဘယ်သူကကိုယ့်ဘာသာကို လူဆိုးပါလို့ပြောမလဲ…လူဆိုးတွေကနဖူးပေါ် ငါလူဆိုးပါဆိုတဲ့ စာတမ်းမှမကပ်ထားဒါ…”

စကားပြောဘောက်ဆတ်ဆတ်နိုင်လှသော လူကြီးကြောင့် မောင်ထင်ပေါ်အနေရခက်သွား၏။

” ဦးကြီးမယုံရင်လည်း ဒီညကျုပ်ကိုစောင့်ကြည့်နိုင်ပါတယ်ဗျာ…”

” မောင်ရင့်ကို ဒီမှာပေးတည်းမယ်လို့ ပြောမိသလား…ကျုပ်ကိုစောင့်ကြည့်ခိုင်းရအောင်…”

” ဗျာ!…”

သူကြီး၏စကားကြောင့် မောင်ထင်ပေါ်ရှက်သွားပြီး မျက်နှာဖြူဖြူလေးမှာ ပန်းရောင်သမ်းသွား၏။

” ကျွန်တော်တစ်ညဘဲတည်းမှာပါဦးကြီး…ခွင့်ပြုပေးပါခင်ဗျာ…”

” မရဘူး…ငါ့အိမ်ကဧည့်ရိပ်သာမဟုတ်ဘူး…သွားသွား…အချိန်ရှိတုန်းတခြားနေရာသွားရှာ…ငါ့အိမ်တော့ပေးမတည်းနိုင်ဘူး…”

” ဟုတ်ကဲ့ကျေးဇူးပါဗျာ…”

မောင်ထင်ပေါ်လည်း အားတုံ့အားနာဖြစ်သွားပြီး ဆရာဖြစ်သူပေးခဲ့သော လွယ်အိတ်ဖြူဖြူလေးကိုလွယ်ကာ သူကြီး၏အိမ်မှ ထွက်သွားခဲ့သည်။

” ရုပ်နဲ့စိတ်ထားတဲ့လိုက်လွန်းတဲ့ဘိုးတော်…အသားမဲသလောက် သဘောထားကသေးသိမ်လိုက်တာလွန်ရော…ဆရာသာရှိရင် ငါ့အဖြစ်ကိုကြည့်ပြီး ရယ်နေဦးမှာမြင်ယောင်တယ်…ဟား…ဟား…”

မောင်ထင်ပေါ်တစ်ယောက် သူ့အဖြစ်ကိုသူပြန်တွေးပြီး ရယ်ချင်သွား၏။ မိုးကလည်းချုပ်လုနေပြီဖြစ်သဖြင့် ရွာလယ်ရှိသစ်ပင်ကြီးအောက်တွင် ထိုင်ပြီးနားနေ၏။ ဘယ်အိမ်မှဝင်မတည်းရဲတော့ချေ။ ထပ်ပြီးမောင်းထုတ်ခံရမည်စိုးသောကြောင့်ဖြစ်သည်။ ထိုစဉ်ခြံတောထဲမှ ပြန်လာသောလင်မယားနှစ်ယောက်က သူ့အနားရောက်လာ၏။ ထိုနှစ်ယောက်က သူ့ကိုမြင်လျှင်

” ဒီကညီလေးကဧည့်သည်ထင်တယ်…”

” ဟုတ်တယ်ဗျာ…ကျွန်တော်ကခရီးသွားတစ်ယောက်ပါ…တည်းဖို့နေရာရှာမတွေ့တာနဲ့ဒီမှာနားနေတာဗျာ…”

” သူကြီးအိမ်မှာသွားမတည်းဘူးကော…”

” တော်ပါပြီဗျာ…ခင်ဗျားတို့ရွာသူကြီးကလည်း ရုပ်နဲ့စိတ်ထားနဲ့လိုက်လွန်းတယ်ဗျာ…မဲတူးနေတာဘဲ…”

” ဟားဟားဟား….ကျုပ်တို့ရွာရဲ့သူကြီးကတော့ဒီအတိုင်းဘဲဗျာ….သိပ်ကိုကပ်စေးနှဲတဲ့လူကြီးဗျ…ကဲဗျာ ညီလေးတည်းဖို့နေရာရှာမရသေးရင် အစ်ကိုကြီးတို့နဲ့လိုက်ခဲ့
ဗျာ…”

” အခန့်သင့်လိုက်လေဗျာ…”

မောင်ထင်ပေါ်လည်း ထိုလင်မယားနှစ်ယောက်၏အိမ်သို့လိုက်လာခဲ့၏။ အိမ်သို့ရောက်သော် နေမကောင်းဖြစ်နေသောခလေးငယ်ကိုတွေ့လိုက်ရ၏။ ထိုလင်ယားနှစ်ယောက်၏မိသားစုတို့ကလည်း မောင်ထင်ပေါ်အား ပျူပျူငှါငါဧည့်ခံကြ၏။

” ညီလေးဘာမှမပူနဲ့…ကိုယ့်အိမ်လိုသဘောထားပြီးနေ…တစ်ခုတော့ကြိုပြီးတောင်းပန်ချင်တယ်…အိမ်မှာက နေမကောင်းတဲ့ကလေးရှိနေတော့ နည်းနည်းတော့ နားငြီးလိမ့်မယ်ဗျာ…”

” ရပါတယ်ဗျာ…ကျွန်တော့ကိုတစ်ညတာတည်းခိုခွင့်ပြုတာကိုဘဲ ကျေးဇူးတင်လှပါပြီဗျာ…ဒါနဲ့ကလေးကဘာဖြစ်တာလဲဗျ…”

မောင်ထင်ပေါ်၏အမေးကြောင့် လင်မယားနှစ်ယောက်မျက်နှာပျက်သွားကြ၏။

” ဘာမှမဖြစ်ပါဘူး သာမာန်ဖျားနာတာလေးလောက်ပါ”

” အစ်မကြီးတို့စိတ်မရှိရင်ကျွန်တော်ကလေးကို ကြည့်ပါရစေ…ကလေးလေးမှာသာမာန်မဟုတ်တဲ့ဖျားနာမှုရှိနေသလိုဘဲ..”

” ကြည့်တတ်ရင်ကြည့်ပေးပါအုံးဗျာ…ကလေးကတငိုငိုတရီရီဖြစ်နေလို့ပါ…”

မောင်ထင်ပေါ်လည်း ကလေးအားကြည့်လိုက်ရာ သရဲဖမ်းစားခြင်းခံနေရသည်ကိုတွေ့လိုက်ရ၏။

” အစ်ကိုတို့ကလေးကို ပစ်မထားကြပါနဲ့…ကလေးရဲ့အသက်အန္တာရယ်စိုးရိမ်ရတယ်…”

” ဗျာ…ဘယ်လိုညီ…”

” ကျုပ်တတ်သလောက်ပြောရရင် ကလေးဟာသရဲဖမ်းစားခြင်းခံနေရတယ်…”

” ဗျာ…သ….သရဲ…”

” ဟုတ်တယ်… သရဲကိုမှပြောရရင် နှစ်ချို့သက်တမ်းရင့်သရဲကြီးဘဲ…အစ်ကိုတို့နဲ့ပတ်သက်လိမ့်မယ်…”

” အစ်ကိုအမှန်တိုင်းမေးမယ်…ညီကအထက်လမ်းဆရာလား…”

” ဆရာရယ်လို့မဟုတ်ပါဘူးဗျာ…ပညာသင်တစ်ယောက်ပါ…”

” ဘာဖြစ်ဖြစ်…အားကိုးပါတယ်ညီရာအစ်ကိုတို့ကိုကူညီပေးပါ…အစ်ကိုတို့ ဒုက္ခရောက်နေလို့ပါ…”

” ကျွန်တော်တတ်နိုင်သလောက်ကူညီမယ်…အစ်ကိုတို့ကြုံခဲ့ရတာအစအဆုံးပြောပြဖို့တော့လိုတယ်ဗျ…”

” ပြောပြမယ်ညီ.. ”

မောင်မြတ်က အိမ်ဆောက်ရန်မြေညှိရာမှစ၍ အိမ်ကိုပစ်ထားရသည်အထိ စိတ်ရှည်စွာရှင်းပြနေ၏။ မောင်ထင်ပေါ်က အဖြစ်အပျက်အလုံးစုံကိုနားထောင်ပြီး

” ဒါဆိုအဲဒီရွှေဒင်္ဂါးတွေကိုစွဲလမ်းတဲ့စိတ်ကြောင့် မကျွတ်မလွတ်ဘဲ လူတွေကိုဒုက္ခပေးတာနေမယ်…မနက်ဖြန်ကျရင်တော့ အကြောင်းစုံကိုသိရမှာပေါ့…ဒီညတော့ကလေးကို ဒီရေမန်းလေးမကြာမကြာတိုက်ပေး…”

” ဟုတ်ကဲ့ညီ…”

” ဒါဆိုကျွန်တော်လည်းမနက်ဖြန်အတွက်ပြင်ဆင်ထားလိုက်မယ်…အစ်ကိုတို့လည်း စိတ်ချလက်ချ အိပ်တော့… ”

မောင်ထင်ပေါ်လည်း အိမ်သားများကိုနုတ်ဆက်ပြီးတရားထိုင်လိုက်၏။

မနက်ရောက်သော် မောင်ထင်ပေါ်သည် ဆေးလွယ်အိတ်လေးကိုလွယ်ပြီး အိမ်ကြီးရှိရာသို့်လာခဲ့၏။ ပစ်ထားသည်မှာ အနည်းငယ်ကြာပြီဖြစ်သဖြင့် မြင်ရိုင်းများက နေရာတကာကြီးစိုးပြီးထိုးထိုးထောင်ထောင် ပေါက်ရောက်နေ၏။ အိမ်ထဲဝင်လိုက်သည်နှင့်အားပြင်းသောလှိုင်းတစ်ခုက သူ့ကိုလာရောက်ရိုက်ခတ်၏။ မောင်ထင်ပေါ်လည်းမသိသလိုပြုပြီး ခပ်တည်တည်ဖြင့် အိမ်ပေါ်သို့တက်လာခဲ့၏။ အိမ်အပေါ်ထပ်တွင်ကား အိုးခွက်ပန်းကန် အပိုင်းအစများနေရညအနံပြန့်ကျဲနေ၏။ အိမ်စောင့်နတ်မရှိ။ ဘုရားစင်မှ ဘုရားပန်းအိုးနှင့်သောက်တော်ရေတို့သည်လည်း ခြောက်ကပ်လျှက်ရှိနေ၏။ မောင်ထင်ပေါ်က ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးပြုလိုက်ပြီး ဆီမီးတိုင်ကိုထွန်းညှိပူဇော်လိုက်၏။
ပြီးသော် ဘုရားရှိခိုးအမျှဝေပြီး အိမ်ပတ်ပတ်လည်ကိုစည်းချထားလိုက်၏။ ထိုစဉ်အိမ်ကြီးသည် ငလျင်လှုပ်သကဲ့သို့ သိမ့်ခနဲတုန်သွား၏။ မောင်ထင်ပေါ်ကပြုံးလိုက်ပြီး

” လာလာ…ငါ့အရှေ့ကိုလာ…ဘာအတွက်အိမ်ထဲမလာဘဲအိမ်နောက်မှာပုန်းနေရတာလဲ…”

“……..”

” နင့်နေရာဟုတ်လား…ဒီမြေကြီးကိုဘယ်သူမှမပိုင်ပါဘူးဗျာ…ဘယ်သူ့အတွက်ပါလို့ ဘယ်ဘုရားမှမဖန်ဆင်းပေးခဲ့ပါဘူး…”

“……..”

” သိပ်ကိုအစွဲအလမ်းကြီးပါလား…ဒါ့ကြောင့်လည်းဒီအချိန်ထိ ဆိုးဝါးလှတဲ့ဘဝကြီးကိုပိုင်ဆိုင်နေရတာကိုး…ငါ့အရှေ့ကိုလာခဲ့…ငါနင့်ကိုဘာမှမလုပ်ဘူး..ရဲရဲသာလာခဲ့…”

မောင်ထင်ပေါ်ကထိုသို့ဆိုလိုက်ရာ ရိပ်ခနဲမြင်ရသောအရာတစ်ခုသည်သူ့အရှေ့သို့ရောက်လာ၏။

” ဘာအတွက်အိမ်သားတွေကိုနှောင့်ယှက်ရတာလဲ…ဒီနေရာကလူ့စည်းအတွင်းကဘဲ…သင်နှောင့်ယှက်ပိုင်ခွင့်မှမရှိတာ…”

” ဒီနေရာက ငါ့နေရာ…လူတွေဒီနေရာမနေခင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရင်းငါနေခဲ့တာ…ဒီလူတွေကငါ့ပစ္စည်းကိုလည်းယူတယ်…ငါ့နေရာကိုလည်းဖျက်ဆီးပစ်ကြတယ်…ဒါကြောင့်ငါမောင်းထုတ်လိုက်တာ…”

” သင်ကသိပ်ကိုအတ္တကြီးတာဘဲ…ငါဆိုတဲ့အတ္တစွဲကြောင့် သင်ဒီလိုဘဝမျိုးရောက်ရတာ…နေရာတကာမှာ ငါ့ပစ္စည်း၊ငါ့ဥစ္စာဆိုပြီး သတ်မှတ်လို့မရဘူး…ဒါတွေဟာသဘာဝတရားကပေးတဲ့ခဏတာလက်ဆောင်…သေရင်ကိုယ့်နောက်ဘာမှပါမသွားဘူးလေ…နင့်ရဲ့လူ့ဘဝတုန်းကခန္ဓာကြီးတောင် နင်သေတော့မြေကြီးကိုကျွေးခဲ့ရတာဘဲမလား…ဒီလိုဘဲအရာရာတိုင်းမှာ ငါ့တကောကော ကောနေလို့မရဘူးလေ…”

” မသိဘူး…ငါဒါတွေနားမလည်ဘူး…ဒါပေမဲ့ဒီပစ္စည်းတွေဟာ ငါလူ့ဘဝတုန်းကမနားမနေကြိုးစားရှာခဲ့တဲ့အရာတွေ…ဒီတော့ ငါပိုင်တယ်…”

” သင်သေချာပြန်စဉ်းစားကြည့်ပါ…ဒီပစ္စည်းက သင်လူ့ဘဝတုန်းက ပိုင်ဆိုင်ခဲ့သည်ထားဦး…သင်သေသွားတဲ့အချိန်ရော သင့်နောက်ဘာပါသွားလည်း…သင်ရှာထားတဲ့ဒင်္ဂါးတစ်ပြားမှတောင် ပါသွားသလား…”

” မပါဘူး…မပါလို့ကိုငါကစောင့်နေရတာပေါ့…”

” ဒါဘဲလေ…သေရင်ကိုယ့်နောက်မပါတဲ့အရာကြီးကို ဘာအတွက်တွယ်ကပ်နေရဦးမှာလဲ…”

” မသိဘူး…ဒါအကုန်ငါ့အပိုင်တွေ…နင်ငါ့နေရာကနေထွက်သွား..”

” ဖုန်း…ဖုန်း…ဖုန်း…”

သရဲကြီးက မောင်ထင်ပေါ်ပြောသည်ကိုနားမထောင်ဘဲ ရန်လုပ်ကာ လက်သီးကြီးဖြင့်မောင်ထင်ပေါ်ကိုထုသတ်၏။ မောင်ထင်ပေါ်က အကာအကွယ်အင်းဖြင့် ကာထားလိုက်ရာ သရဲကြီးမှာ အနောက်သို့လွှင့်ထွက်သွား၏။ ပြီးနောက်သရဲကြီးသည် ကြောက်မက်ဖွယ်ရာ ရုပ်ဆင်းသဏ္ဍာန်ကိုဖန်ဆင်းပြီး ခြောက်လှန့်၏။ သို့သော် မောင်ထင်ပေါ်က ကြောက်လန့်မှုတစ်စုံတစ်ရာမရှိ။

” တော်တော့…သင်ကျွန်ုပ်ကိုအမျိုးမျိုးခြောက်လန့်နေလည်းအလကားပါဘဲ…သင်ကျွတ်လွတ်ချိန်ရောက်ပြီ…သင်တရားရပါတော့…”

” ဒီအရာတွေအကုန်လုံးငါ့အပိုင်တွေ… ငါဘယ်မှမသွားဘူး…ငါဒီမှာဘဲနေမှာ..သင်သာဒီနေရာကနေထွက်သွား…”

” ပြောမရရင်တော့ ကျုပ်ကို အဆိုးမဆိုနဲ့ပေါ့…သင်ဒီထက်ကောင်းတဲ့ဘဝကိုရောက်ဖို့်ငါ့မှာတာဝန်ရှိတယ်…ဒီတော့သင်လက်မခံလည်း မတတ်နိုင်ဘူး….”

ဆိုပြီး လွယ်အိတ်ထဲမှ အချုပ်အင်းကိုထုတ်ကာ သရဲကြီးကိုချုပ်ထားလိုက်၏။

” အား….ပူတယ်…ပူတယ်…လွှတ်…ငါ့ကိုလွှတ်…”

” ငါဆိုတဲ့အတ္တစွဲကို ဖြုတ်နိုင်ရင်သင်လွှတ်ပြီ…”

သရဲကြီးမှာရုန်းလေကြပ်လေဖြစ်ပြီး နောက်ဆုံး၌စိတ်လျှော့ကာ အတိတ်ဘဝမှမိမိ၏အကြောင်းကိုပြန်လည်စဉ်းစားမိနေတော့သည်။ ဘဝတစ်ခုမှသူသည် အလွန်ကြွယ်ဝသော သူကြွယ်တစ်ယောက်ဖြစ်ခဲ့ဖူး၏။ သူသည် ချမ်းသာကြွယ်ဝသလောက် အလှူအတန်းနည်းလွန်းလှသည်။ ပေးကမ်းချီးမြှင့်ဖို့ရန်တစ်ခါမှမတွေးဖူးခဲ့ချေ။ တစ်နေ့သူကြွယ်ကြီးက သူ့ပစ္စည်း၏တချို့တလေကို မြေအိုးထည့်ကာ မြုပ်ထား၏။ သားသမီးများကိုလည်း ထိုအကြောင်းမပြောပြဖြစ်ခဲ့ချေ။ သည်လိုနှင့် နှစ်တွေကြာလာသော်သူလည်း ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့၏။ ကျန်ရှိသည့် ပစ္စည်းများကို သားသမီးတို့ကအညီအမျှခွဲဝေယူငင်ကြ၏။ သူကားမြုပ်နှံထားသောပစ္စည်းကိုစွဲလမ်းကာ သရဲသဘက်ကြီးဘဝသို့ရောက်ခဲ့ရလေသည်။

သရဲကြီးသည် သူ့ဘဝကိုပြန်တွေးမိပြီး နောင်တရသွားသည်။ လှူနိုင်တန်းနိုင်ပါရက်နဲ့ မလှူဒါန်းခဲ့သောကြောင့်ယခုလိုဆင်းရဲလှသောဘဝကိုရောက်ခဲ့ရကြောင်း သဘောပေါက်သွား၏။

” ငါနောင်တရပါပြီဆရာ…ဒီပစ္စည်းတွေကိုငါ့အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်လုပ်ပေးပါ…ကလေးမလေးကိုလည်း ငါမဖမ်းစားတော့ဘူး…လွတ်ပေးလိုက်ပြီ…ငါ့ကိုလည်းဒီဘဝကနေကျွတ်အောင်လုပ်ပေးပါဆရာ…”

” သင့်ဆီကဒီစကားကြားရတော့ သိပ်ကိုဝမ်းသာတာဘဲ…စိတ်ချသင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ်…မနက်ဖြန်ကရက်ရာဇာဘဲ သင့်အတွက်ဒီအိမ်မှာ ကောင်းမှုကုသိုလ်လုပ်ပေးမယ်…သာဓုခေါ်ဖို့်စောင့်နေပါ…”

” ဟုတ်ကဲ့ဆရာ…”

ထိုနေ့၌ အိမ်ရှင်ကိုခေါ်ပြီး အိမ်ကိုသန့်ရှင်းရေးလုပ်၏။ ဘုရားပန်း၊ရေချမ်းလဲ၏။ သရဲကြီးပိုင်ဆိုင်ခဲ့သော ရွှေဒင်္ဂါးပြားများကိုလည်းထုခွဲရောင်းချပြီး လိုအပ်သောနေရာများတွင်လှူဒါန်းရန်ပြင်ဆင်ထားလိုက်၏။ နောက်နေ့တွင်ကား အိမ်အသစ်ကြီးသို့ဘုန်းကြီးပင့်ကာ တရားနာရေစက်ချ၏။ ကောင်းမှူကုသိုလ်အစုစုတို့ကိုလည်း သရဲကြီးကို အမျှဝေပေး၏။ ထိုနေ့မှစ၍အိမ်ကြီးတွင် ဘာအနှောင့်အယှက်မှမတွေ့ရတော့ချေ။ သရဲကြီးသည်လည်း ကျွတ်လွတ်ရာဘုံဘဝ သို့ရောက်ရှိသွားသကဲ့သို့ မောင်မြတ်တို့ မိသားစုသည်လည်း အိမ်အသစ်လေးထဲ၌ သက်တစ်ဆုံးနေထိုင်သွားကြတော့သည်။…..။

(စိတ်ကူးမျှသာဖြစ်သည်။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြစေသောဝ်)

#ပြီး
# ခွန်း

Zawgyi Version

အစြဲအလမ္းႀကီးသူ(စ/ဆံုး)
——————————–
ေငြေတာင္ေက်း႐ြာရွိ ဘိုးလွေမာင္တို႔အိမ္၌လူစည္ကားေန၏။ အေၾကာင္းမွာ ယေန႔ဘိုးလွေမာင္၏သားငယ္ ေမာင္ျမတ္က တစ္အိုးတစ္အိမ္ခြဲေနရန္အတြက္ အိမ္ေဆာက္မည့္ေနရာကို ေျမညႇိသည့္ရက္ျဖစ္၏။ ေက်း႐ြာထုံးစံအတိုင္း တစ္အိမ္ကကိစၥရွိလွ်င္ တစ္႐ြာလုံးကဖိတ္ၾကားစရာမလိုဘဲ လာေရာက္ကူညီၾကသျဖင့္ လူအုံေနရျခင္းျဖစ္၏။
အိမ္ေဆာက္မည့္ေနရာကား မညီညာသည့္ေျမ႐ိုင္းျဖစ္သျဖင့္ ေျမညႇိေနရျခင္းျဖစ္၏။ လူအေယာက္သုံးဆယ္ခန႔္ရွိေသာ္လည္း ေျမညႇိျခင္းကိစၥသည္ တစ္ရက္တည္းႏွင့္မၿပီးေခ်။ သို႔ေၾကာင့္ ေနာက္ေန႔မ်ားတြင္ပါေျမညႇိေနရျခင္းျဖစ္၏။ ေျမညႇိျခင္းသုံးရက္ေျမႇာက္ေန႔၌ အိမ္ေဆာက္မည့္ေနရာသည္ အေတာ္အတန္က်ယ္ဝန္းေနေလၿပီ။ တတိယေန႔၌ကား လူသိပ္မမ်ားေတာ့ဘဲ အိမ္နီးနားခ်င္းႏွင့္ အမ်ိဳးမ်ားေလာက္သာပါ၏။ ေမာင္ျမတ္တစ္ေယာက္မိမိ၏ အိမ္ေနရာအတြက္ ႀကိဳးစားပမ္းစားေျမညႇိေန၏။

” ဒုတ္…”

” ခြမ္း…”

” ဟင္…”

ထိုသို႔ေျမညႇိေနစဥ္ ေမာင္ျမတ္ကအရာဝတၳဳတစ္ခုကိုတူးမိ၏။ ေပါက္ျပား၏အရွိန္ေၾကာင့္ ထိုအရာသည္ ခြမ္းခနဲကြဲသံႏွင့္အတူအပိုင္းအစတခ်ိဳ႕က နံေဘးတဖက္တခ်က္ဆီသို႔လႊင့္စင္သြားကုန္၏။

” ငျမတ္…ေက်ာက္တုံးတူမိၿပီလားကြ…”

” မဟုတ္ဘူးဗ်…ဘာအိုးေလးလည္းမသိဘူး…”

ေဘးမွအတူလုပ္ေနၾကသူမ်ားက ေမာင္ျမတ္တစ္ေယာက္ ေက်ာက္တုံးတူးမိၿပီဟု ထင္သြားၾက၏။ သို႔ေသာ္ အထင္ႏွင့္အျမင္ တက္တက္စင္ေအာင္လြဲသြားေခ်ၿပီ။ ေမာင္ျမတ္က သူတူးမိေသာအရာကိုၾကည့္ၿပီး အံ့ဩမွင္သက္သြားသည္။

” ဟာ…ငါဘာတူးမိလဲ…ဒီမွာလာၾကည့္ၾကအုံးေဟ့…”

” ဘာလဲငျမတ္…”

” ေဟ…ဘာတူးမိတာလဲကြ…”

လူမ်ားအားလုံးေမာင္ျမတ္ျပေသာေနရာအား ၾကည့္လိုက္ရာေျမႀကီးအတြင္း၌ အိုးႏုတ္ခမ္းပဲ့ႀကီး တစ္လုံးကိုေတြ႕လိုက္ရၿပီး ထိုအထဲ၌မ်ားျပားလွေသာ ေရွးေခတ္ေ႐ႊဒဂၤါးျပားမ်ားကိုေတြ႕လိုက္ရသည္။

” ဟင္…ေ႐ႊဒဂၤါးျပားေတြပါလား…”

” မွန္း…ေ႐ႊစစ္စစ္လား ၾကည့္ရေအာင္…”

ဆိုၿပီးလူႀကီးတစ္ေယာက္က ဒဂၤါးျပားတစ္ျပားကို ယူၿပီးသြားျဖင့္ကိုက္ၾကည့္ရာ ေ႐ႊသားစစ္စစ္မွန္းသိလိုက္၏။

” လုံးဝေ႐ႊအစစ္ဘဲေဟ့…ငျမတ္ရဲ႕ကံႏွင့္ထိုက္လို႔ရတာဘဲ…ေျမထဲကေနအိုးလိုက္ထုတ္လိုက္…”

လူႀကီးတစ္ေယာက္ကထိုသို႔ေျပာသျဖင့္ ေမာင္ျမတ္က ေ႐ႊဒဂၤါးျပားထည့္ထားေသာအိုးေျမထဲမွ ေသခ်ာထုတ္ယူလိုက္၏။

” ဟာ…အိုးအျပည့္ဘဲေဟ့…”

” ပုဆိုးတစ္ထည္ခင္းၿပီးသြန္ခ်လိုက္…ထူးဆန္းလိုက္တာ ေ႐ႊဒဂၤါးျပားေတြကေျမထဲရွိေနတယ္…”

ဘိုးလွေမာင္က ထူးဆန္းေသာေ႐ႊဒဂၤါးျပားမ်ားကို ပုဆိုးေပၚသို႔သြန္ခ်ေစ၏။

” ခြၽင္…ခြၽင္…ခြၽင္…”

ေမာင္ျမတ္ကေ႐ႊဒဂၤါးျပားမ်ားကို ပုဆိုးေပၚသြန္ခ်လိုက္ရာ ဝင္းထိန္ေနေတာ့၏။

” မနည္းမေနာဘဲေဟ့…ေရွးေခတ္ကေ႐ႊဒဂၤါးျပားေတြဘဲ…ႏွစ္ေပါင္းအေတာ္ၾကာၿပီထင္တယ္…ေရွးဘုရင္ေတြလက္ထက္ကဘဲ ဒီေ႐ႊျပားကိုသုံးႏိုင္တာ…”

” တျပားျခင္းစီေရတြက္ၾကည့္ရေအာင္…”

ေမာင္ျမတ္ကထိုသို႔ေျပာၿပီး ေ႐ႊဒဂၤါးျပားမ်ားအား ေရတြက္ၾကည့္ရာ ၄၉၉ျပားအတိရွိ၏။

” အားလုံးေပါင္း ၄၉၉ျပားေဟ့…ဒီေ႐ႊေတြက ငါ့ၿခံဝန္းထဲမွာေတြ႕တယ္ဆိုေပမဲ့ ငါတစ္ေယာက္ထဲမယူပါဘူး…ဒီမွာရွိတဲ့လူေတြကိုလည္းတစ္ေယာက္တစ္ျပားေပးမယ္…က်န္တာေတြကို ဝမ္းေရးလည္းသုံးမယ္…အလႉအတန္းလည္းလုပ္မယ္…”

ေမာင္ျမတ္ကထိုသို႔ေျပာၿပီး လူဆယ့္တစ္ေယာက္အား ေ႐ႊဒါဂၤါးတစ္ေယာက္တစ္ျပားေဝေပးလိုက္၏။ က်န္လူမ်ားက ေ႐ႊဒဂၤါးျပားသည္ေလာက္မ်ားသည္ကို တစ္ေယာက္တစ္ျပားသာေပးရေကာင္းလားဟု ေတြးမိေသာ္လည္း သူ႔ဝန္းသူ႔ၿခံထဲေတြ႕သည့္အတြက္ ဘာမွမဟရဲၾကေခ်။ ထိုေ႐ႊဒဂၤါးျပားမ်ား၏ တခ်ိဳ႕တဝက္ကိုထုခြဲေရာင္းခ်ၿပီး အိမ္အသစ္ေဆာက္၏။ တခ်ိဳ႕တဝက္ကိုအလႉလုပ္ပစ္၏။

အိမ္အသစ္တက္သည့္ေန႔၌ တစ္႐ြာလုံးကိုဖိတ္ၿပီးအိမ္သစ္တက္ပြဲခမ္းခမ္းနားနားက်င္းပ၏။ ျမင္အပ္မျမင္အပ္ ေသာဘုံအားလုံးကိုလည္းအမွ်အတမ္းေပးေဝ၏။အားလုံးၿပီးစီးေသာ္ အိမ္အသစ္ေလးဆီသို႔ မိသားစုသုံးဦးေျပာင္းလိုက္ၾကသည္။ ျပသနာကားထိုေန႔မွစတင္သည္ဟုဆိုရမည္။

တိတ္ဆိတ္ေနေသာညအခ်ိန္တြင္ အသစ္စက္စက္ အိမ္ႀကီးသည္ သိမ့္ခနဲတုန္သြား၏။ ေျမငလ်င္လႈပ္သကဲ့သို႔တခ်က္မွ်တုန္သည္မဟုတ္ဘဲ သုံးခါဆက္တိုက္တုန္ေနျခင္းျဖစ္သည္။ အိမ္ေမာက်ေနေသာ ေမာင္ျမတ္က အိမ္ႀကီးသိမ့္ခနဲတုန္သြားေသာေၾကာင့္ လန႔္ႏိူးလာသကဲ့သို႔ ဇနီးျဖစ္သူပန္းခင္လည္း လန႔္ႏိုးလာ၏။

” ရွင္သိလိုက္လားကိုျမတ္…အိမ္ႀကီးသိမ့္ခနဲတုန္သြားတာ…”

” အင္း…ငါလည္းအဲဒါေၾကာင့္လန႔္ႏိုးလာတာဘဲ…ေျမငလ်င္လႈပ္တာေနမယ္…အားဘယ္ေလာက္ျပင္းလဲမသိ…အိမ္ႀကီးကိုသိမ့္ေနတာဘဲ…”

” အိမ္ကျပတ္ေ႐ြ႕ေပၚ ေဆာက္မိတာလားမသိဘူးကိုျမတ္…”

” မဟုတ္ပါဘူးကြာ…ေျမငလ်င္ကအားျပင္းလို႔ေနမွာဘဲ… ကဲကဲသမီးေလးႏိုးလာေရာ့မယ္…ဘာမွမဟုတ္ဘူးျပန္အိပ္လိုက္ေတာ့…”

ေမာင္ျမတ္ကဇနီးေလးကိုႏွစ္သိမ့္ၿပီး ျပန္အိပ္ခိုင္းလိုက္၏။ သို႔ေသာ္သူကားျပန္အိပ္၍မရေခ်။ ထိုစဥ္မိမိတို႔၏ကုတင္ေျခရင္းမွ နီရဲေသာအရာႏွစ္ခုကိုျမင္ေတြ႕လိုက္ရ၏။

” ဟင္…ဘာႀကီးလဲ…”

သူ႔စိတ္ထဲတြင္လည္းတစ္စုံတစ္ေယာက္က သူတို႔အားေစာင့္ၾကည့္ေနသလို ခံစားရ၏။ သိခ်င္စိတ္ေၾကာင့္ လက္ႏွိပ္ဓာတ္မီးကိုယူၿပီး ထိုးၾကည့္လိုက္၏။ သို႔ေသာ္ ဘယ္အရာမွရွိမေနေခ်။

” ခြမ္း…..”

” ဂေလာက္….ကေလာက္…ေပါက္…ေပါက္….”

ေမာင္ျမတ္ျပန္အိပ္ရန္ျပင္ေနစဥ္အျပင္ဘက္မွ ခြမ္းခနဲအသံေၾကာင့္ မအိပ္ရျပန္ဘဲအခန္းတံခါးဖြင့္ကာ အျပင္ထြက္လာ၏။ ဘုရားပန္းအိုးက်ကြဲေနျခင္းျဖစ္၏။ ဘုရားစင္ေပၚမွ ေရတို႔ကလည္း ၾကမ္းျပင္ေပၚသို႔ တေပါက္ေပါက္က်ေန၏။

” ဘုရားပန္းအိုးအသစ္ေလးကြဲသြားၿပီကြာ…ေလလည္းမတိုက္ဘဲဘာလို႔ပန္းအိုးကက်ေနရတာလဲ…ပန္းနဲ႔အိုးနဲ႔မကိုက္တာဘဲလား…ဟူး…”

ေမာင္ျမတ္က ၾကမ္းေပၚမွ က်ဲျပန႔္ေနေသာ ပန္းအိုးအကြဲစမ်ားႏွင့္ ပန္းတို႔ကိုယူၿပီး ခုံေပၚသို႔တင္ထားလိုက္သည္။ ထိုစဥ္ သူ႔အၾကည့္တို႔ကအမွတ္မထင္ မွန္ျပတင္းေပါက္မွေက်ာ္၍ ၿခံဝိုင္းထဲသို႔ေရာက္သြား၏။

” ဟင္…ဘယ္သူလဲကုန္းကုန္းကြကြႏွင့္…ၿခံထဲသူခိုးဝင္ေနၿပီထင္တယ္…”

လေရာင္ေအာက္မွျမင္ရေသာ ကုန္းကုန္းကြကြအရာတစ္ခုကို သူခိုးဟုမွတ္ၿပီး နံရံမွအလွခ်ိတ္ထားေသာ ငွက္ႀကီးေတာင္ဓားရွည္ကိုယူၿပီး တံခါးကိုတိတ္တဆိတ္ဖြင့္ကာ အျပင္သို႔ထြက္လာခဲ့သည္။ အေနာက္မွျမင္ေနရေသာလူသည္ကား ေမာင္ျမတ္ကိုသတိထားမိပုံမေပၚဘဲ ေျမႀကီးကိုသာအပတ္တကုတ္တူးေနသည္။ ေမာင္ျမတ္က ငွက္ႀကီးေတာင္ဓားကို လက္ႏွစ္ဖက္ျဖင့္ၿမဲၿမံစြာကိုင္ၿပီး အေပၚသို႔ဟန္ပါပါေျမႇာက္ကာ ေျမႀကီးတူးေနေသာသူအား လြဲွခုတ္လိုက္သည္။

” ဝွစ္….”

” ဟင္….”

အေရွ႕မွငုတ္တုတ္ျဖစ္ေနေသာလူကိုလြဲွခုတ္လိုက္ရာ ေလဟာနယ္ကိုသာခုတ္မိေန၏။ ေရွ႕မွလူမွာ သူ႔မ်က္စိေအာက္မွ ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြား၏။

” ဘာလဲဟ…ဒီလူေျပးတာျမန္လွေခ်လား
ငါဘဲအျမင္မွားတာလား…မျဖစ္ႏိုင္ပါဘူး…ငါ့မ်က္စိေအာက္မွာဘဲ သူဒီေလာက္ျမန္ျမန္ေရွာင္ႏိုင္မွာလား…”

ေမာင္ျမတ္ကမေက်နပ္ဟန္ျဖင့္ ဟိုဟိုသည္သည္လိုက္ရွာၾကည့္၏။ သို႔ေသာ္ဘာကိုဘာမွမေတြ႕ရေခ်။ သာမာန္ဆို သူ၏ဓားလြဲွခုတ္ခ်က္သည္ လူသို႔မဟုတ္ တိရိစာၦန္တစ္ေကာင္ကို တိခနဲျပတ္ေစႏိုင္၏။ ယခုမူကားေလဟာနယ္ကိုသာ ခုတ္မိေန၏။ ၿခံပတ္ဝန္းက်င္အႏွံ႔ စိတ္ေက်နပ္ေအာင္ ပတ္ၾကည့္ၿပီးမွ အိမ္ထဲသို႔ျပန္ဝင္လာ၏။ ဇနီးႏွင့္သမီးေလးကား အျပစ္ကင္းစြာအိပ္ေမာက်လ်က္သား။ ေမာင္ျမတ္လည္း ဘုရားကိုအာ႐ုံျပဳၿပီး အိပ္ေပ်ာ္ေအာင္အိပ္လိုက္သည္။

” ကိုျမတ္…ကိုျမတ္…ထေတာ့ေလ…အိမ္ေရွ႕မွ ကိုႏိုင္ျဖဴးေရာက္ေနတယ္…”

” ေအးေအး…ထပါၿပီမိန္းမရာ…ညကအိပ္မရလို႔ပါ…”

မပန္းခင္က အိပ္ယာခန္းထဲမွ ေယာက်ာ္းျဖစ္သူကိုလာႏိုးၿပီး အျပင္သို႔ျပန္ထြက္သြား၏။ ေမာင္ျမတ္လည္း အိပ္ယာမွထလာၿပီး ကိုယ္လက္သန႔္စင္ကာ မီးဖိုခန္းထဲသို႔ဝင္လာခဲ့၏။ မီးဖိုခန္းထဲတြင္ကား ကိုႏိုင္ျဖဴးကသူ႔ကိုေစာင့္ေန၏။

” ေစာေစာစီးစီးပါလားကိုျဖဴး…”

ေမာင္ျမတ္က လည္ပင္းမွပတ္ထားေသာမ်က္ႏွာသုတ္ပဝါျဖင့္ မ်က္ႏွာကိုသုတ္လိုက္ရင္း ေမးလိုက္၏။

” ေစာပါဘူးဗ်ာ…လာ…ထိုင္ဦးငျမတ္..”

” ဘာကိစၥရွိလို႔လဲ ကိုျဖဴး…”

” ကိစၥေတာ့ေထြေထြထူးထူး မဟုတ္ပါဘူး…နင့္ကိုဒါေလးျပန္ေပးခ်င္လို႔ပါ…”

ဆိုၿပီးကိုႏိုင္ျဖဴးက သူ႔အိတ္ကပ္ထဲမွ ဝါဝင္းဝင္းေ႐ႊဒဂၤါးျပားကို ထုတ္ၿပီးေမာင္ျမတ္ထံကမ္းေပးလိုက္၏။ ထိုအျဖစ္ေၾကာင့္ ေမာင္ျမတ္က အံ့ဩသြားၿပီး

” ဒါဘာသေဘာလဲကိုျဖဴး….ကြၽန္ေတာ္ေပးတာနည္းလို႔လားဗ်ာ…”

” မဟုတ္ရပါဘူးငျမတ္…ေ႐ႊဆိုတဲ့အမ်ိဳးကနည္းေပမဲ့တန္ဖိုးမ်ားမွန္းငါသိပါတယ္…ဒါေပမဲ့ ငါလက္မခံပါရေစနဲ႔ဗ်ာ…”

” ေ႐ႊေပးတာေတာင္လက္မခံတဲ့မင္းကို ငါအံ့ဩတယ္ကြာ…ကဲဆိုစမ္းပါဦး ဘာလို႔လက္မခံတာလဲ…”

” ဟူး…ငါေျပာရင္မင္းယုံမွာေတာင္မဟုတ္ဘူးကြာ…”

” ေျပာမွသာေျပာစမ္းပါ…ဘာျဖစ္ခဲ့လို႔လဲ”

” ေအးကြာခုမွေတာ့မထူးေတာ့ဘူး…ငါေျပာျပေတာ့မယ္…ဒီလိုကြ အဲဒီေန႔ကနင္ေ႐ႊဒဂၤါးျပားေပးၿပီးေတာ့ ငါတို႔ေတြအိမ္ကိုယ္စီျပန္လာခဲ့ၾကတယ္မလား..”

” ေအးေလ…”

” အင္း…အဲဒီညမွာကြာ ငါနဲ႔ငါ့မိန္းမကအဲဒီေ႐ႊဒဂၤါးျပားကိုၾကည့္ၿပီး ဝမ္းသာေနၾကတာ…အဲဒါကိုေရာင္းၿပီးရင္ အလႉလုပ္ၾကမယ္ေပါ့…”

” ဒါေပမဲ့ကြာ…အဲဒီေ႐ႊျပား ငါတို႔အိမ္ကိုေရာက္လာတဲ့ေန႔ကစၿပီး ျပသနာစေတာ့တာဘဲ…ညဆိုအိမ္ထဲမွာနီရဲေနတဲ့အရာႏွစ္ခုကိုျမင္ေနရတယ္…ၿပီးေတာ့ အိမ္ႀကီးကိုလည္း တစ္ခုခုလာကိုင္လႈပ္သလို သိမ့္ေနတာမ်ိဳးတို႔ႀကဳံလာရတယ္ကြ…”

” အဲဒါ နင္တို႔အျမင္မွားတာလည္းျဖစ္ႏိုင္တာဘဲေလ…အိမ္ႀကီးသိမ့္ခနဲျဖစ္သြားတယ္ဆိုတာကလည္း ေျမငလ်င္လႈပ္လို႔ျဖစ္မွာေပါ့ကြ…”

” အစက ငါလည္းမင္းလိုဘဲထင္ခဲ့တာငျမတ္…ဒီလိုဘဲညစဥ္ညတိုင္းျဖစ္လာေတာ့ ငါဒီဒဂၤါးျပားကို စၿပီးသံသာဝင္လာတယ္…အရင္တုန္းကဒါမ်ိဳးမွမျဖစ္ဖူးတာေလ …တစ္ခါတစ္ေလက်ရင္ အရမ္းေၾကာက္စရာေကာင္းတဲ့အိပ္မက္ႀကီးေတြ ငါမက္တယ္ကြ…အေမြးအျမႇင္ထူထဲေနတဲ့အေကာင္ႀကီးက ငါ့ကိုလိုက္သတ္ေနတာ…”

” လူဘဲကြာ အိပ္မက္ေတာ့မက္မွာေပါ့ကြ…”

” မဟုတ္ေသးဘူးငျမတ္…အိပ္မက္ဆိုေပမဲ့ တကယ္လိုလိုခံစားရတယ္ကြ…ငါေခြၽးေတြ႐ြဲွနစ္ၿပီး ႏိုးလာရင္ ငါ့ရဲ႕အိပ္ယာေဘးမွ ာအဲေကာင္ကိုငါေတြ႕ေနရတယ္ကြာ…ဒါေၾကာင့္မို႔ အသက္အႏၲာရယ္မျဖစ္ခင္မွာ ငါနင့္ကိုဒီဒဂၤါးျပားလာျပန္ေပးတာဘဲ…”

” အဲဆိုလည္းမင္းသေဘာဘဲေလကြာ…မင္းနဲ႔မထိုက္လို႔မရတာလို႔ဘဲငါမွတ္တယ္…”

ကိုႏိုင္ျဖဴးက ဘာမွျပန္မေျပာဘဲ ထကာအိမ္သို႔ျပန္သြားေလ၏။

” ေယာက်ာ္း…ကိုျဖဴးေျပာတာ့ျဖစ္ႏိုင္မလား…မိန္းမ တို႔အိမ္လည္းညက သိမ့္ခနဲသိမ့္ခနဲျဖစ္တယ္ေလ…”

” အလကားပါမိန္းမရာ…ငါေပးတာနည္းေနတယ္ထင္လို႔ တမင္႐ြဲ႕ၿပီးျပန္လာေပးတာျဖစ္မွာပါ…ေစတနာကလူတိုင္းနဲ႔မွမတန္တာေလ…”

ေမာင္ျမတ္ကထိုသို႔ေျပာၿပီး အခန္းထဲဝင္ကာ ေ႐ႊဒဂၤါးျပားကိုသိမ္းထားလိုက္၏။ ကိုျဖဴးေျပာသြားေသာ စကားကိုသူ႔စိတ္ထဲယုံၾကည္ခ်င္သလိုလို။ သူကိုယ္တိုင္လည္း ေလာေလာလတ္လတ္ႀကဳံေတြ႕ထားသျဖင့္ စိတ္ထဲခုလုခုလုျဖစ္ေန၏။ သို႔ေသာ္ ငါထိုက္လို႔ရတာ ဟူေသာအေတြးျပန္ဝင္သြားၿပီး ေၾကာက္စိတ္မ်ားကို ထုတ္လိုက္၏။

အိမ္အသစ္တက္ခ်ိန္မွစ၍ညစဥ္ညတိုင္း တစ္ခုၿပီးတစ္ခုျဖစ္ေန၏။ ေ႐ႊဒဂၤါးမ်ား ယူထားသူတို႔ကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ သူ႔အိမ္သို႔လာကာ ျပန္လာေပးၾက၏။ ထိုလူတို႔၏ မ်က္ႏွာတို႔မွာလည္း စိုးရိမ္မႈတို႔အျပည့္ျဖင့္သာ။ မိန္းမ ျဖစ္သူလည္း အိမ္၌တစ္ခုၿပီးတစ္ခုျဖစ္သြားေသာ ေၾကာင့္ေ႐ႊဒဂၤါးကို သံသယဝင္လာခဲ့သည္။ ေမာင္ျမတ္က ကိုယ္တိုင္ႀကဳံေတြ႕ေနရေသာ္လည္း အိမ္အသစ္စက္စက္ႀကီးကို ႏွေျမာသျဖင့္ေပ၍ေနခဲ့၏။

တစ္ခုေသာညေန၌မပန္းခင္သည္ မီးဖိုထဲတြင္အလုပ္ရႈပ္ေန၏။ ေမာင္ျမတ္လည္း အိမ္မွာမရွိေခ်။ သမီးငယ္ေလးကား အိပ္ခန္းထဲ၌အိပ္ေန၏။ အခ်ိန္ကား ညေနႏြား႐ိုင္းသြင္းခ်ိန္ေလာက္ပင္ရွိေပဦးမည္။ သမီးေလးသည္ အိပ္ခန္းထဲမွစူးစူးဝါးဝါးေအာ္ငိုေန၏။ သို႔ေသာ္ မပန္းခင္က သမီးေလးအိပ္ယာကႏိုးလာ၍ဂ်ီက်ေနသည္ဟုသာ ေတြးၿပီးသြားမၾကည့္ဘဲ ထားလိုက္သည္။

” ဝုန္း…ဒုန္း…”

” ဂြမ္း….ဂလြမ္း….”

ထိုအခ်ိန္အေပၚထပ္မွ တဒုန္းဒုန္း အသံႏွင့္အတူပစၥည္းမ်ားျပဳတ္က်သံတို႔ ဆူညံသြား၏။ ထိုအသံေၾကာင့္မပန္းခင္က လုပ္လက္စမ်ားကိုထားခဲ့ၿပီးအိမ္ေပၚသို႔တက္လာခဲ့၏။ အိမ္ေပၚေရာက္ေသာ္ျမင္ရေသာ ျမင္ကြင္းေၾကာင့္ ၾကက္ေသ ေသ သြားသည္။ အေပၚထပ္တစ္ခုလုံး အိုးခြက္ပန္းကန္အကြဲအစမ်ား ျပန႔္က်ဲေနၿပီး ေလးႏွစ္အ႐ြယ္သမီးငယ္ေလးသည္ ဗြီဒိုထဲေမႊေႏွာက္ကာ တစ္စုံတစ္ခုကိုရွာေန၏။

” သမီး…သမီးေလး…ဒါဘာလုပ္တာလဲ…”

ကေလးငယ္က သူေျပာသည္ကိုမၾကားသည့္အလား ဗီ႐ိုထဲမွ ပစၥည္းမ်ားကိုတစ္ခုၿပီးတစ္ခုထုတ္ေနဆဲ။

” သမီး… ေမေမေျပာေနတယ္ေလ ဘာလုပ္ေနတာလဲလို႔…”

သူမေနာက္ထပ္ေအာ္လိုက္မွ ကေလးငယ္သည္ သူ႔ဘက္လွည့္လာၿပီး မ်က္ေထာင့္နီႀကီးျဖင့္ၾကည့္ေန၏။

” ငါ့ပစၥည္းေတြျပန္ေပး…ငါ့ပစၥည္းေတြျပန္ေပး…”

ကေလးငယ္ထံမွ အက္ရွေနေသာအသံႀကီးထြက္လာၿပီး သူ႔ထံလွမ္းလာေန၏။

” အမေလး…သ…သမီးေလး…”

သမီးေလး၏မူမမွန္သည့္အမူအရာေၾကာင့္ ေၾကာက္စိတ္ထက္ သမီးေလးကိုစိုးရိမ္သည့္စိတ္က ပိုသြား၏။ သို႔ေၾကာင့္ ဘုရားစင္ဆီေျပးကာ ေရသန႔္ဗူးငယ္ျဖင့္ထည့္ထားေသာ ပရိတ္ေရဘူးကို လွမ္းယူလိုက္ၿပီး ပရိတ္ေရကိုသမီးေလးထံျဖန္းလိုက္၏။

” အား…..”

ကေလးငယ္ထံမွ အားဟူေသာ အသံနက္ႀကီးထြက္သြားၿပီး ကေလးမူကားၾကမ္းျပင္ေပၚလွဲက်သြား၏။

” သမီး…သမီးေလး…ထပါဦး….သမီးေလး….”

ေမ့ေမ်ာေနေသာကေလးငယ္ကို ေျပးေပြ႕ၿပီး အိမ္ေပၚထပ္မွအျမန္ဆုံးဆင္းလာခဲ့ၿပီး မိဘအိမ္သို႔ေျပးသြားခဲ့သည္။ ကေလးငယ္ကားသတိျပန္လည္လာေသာ္လည္း တငိုငိုတရီရီျဖစ္ေနၿပီး မိခင္အနားကမခြာေတာ့ေခ်။ ညခုႏွစ္နာရီခန႔္ေရာက္ေသာ္ ေမာင္ျမတ္ကအိမ္ျပန္လာခဲ့၏။ ခါတိုင္းအိမ္ေရွ႕၌ေဆာ့ေနက် သမီးငယ္ကိုလည္းမေတြ႕ရ။ မီးဖိုေဆာင္ထဲ ခ်က္ျပဳတ္ေနသည့္ ဇနီးကိုလည္းမေတြ႕ရသျဖင့္ အိပ္ေနသည္အမွတ္ႏွင့္ အိပ္ေပၚတက္လာခဲ့၏။

” ဟိုက္!ဗုေဒၶါ…အိမ္မွာဘာျဖစ္ေနတာလဲ…သမီး…သမီးေလးေရ…ပန္းခင္…ပန္းခင္….အိမ္မွာဘာျဖစ္ေနလဲ…”

ေမာင္ျမတ္က အိမ္ေပၚတက္လာရင္း ပြစာႀကဲေနေသာအရာမ်ားကိုျမင္ၿပီး သမီးနဲ႔ဇနီးကိုအႀကိဳးအေၾကာင္းေမး၏။ သို႔ေသာ္ တိတ္ဆိတ္ေနၿပီး ျပန္ထူးသံမၾကားရေခ်။

” အိမ္မွာတစ္ေယာက္မွမရွိၾကလို႔ သူခိုးဝင္သြားၿပီထင္တယ္…ငါ့ဒဂၤါးျပားေတြပါသြားၿပီလားမသိဘူး…”

ေမာင္ျမတ္က ဇနီးႏွင့္သမီးကိုစိတ္မပူဘဲ သူ၏ေ႐ႊဒဂၤါးျပားမ်ားကိုသာစိတ္ပူၿပီး အခန္းထဲဝင္သြားကာ ကုတင္ေအာက္သို႔ၾကည့္လိုက္၏။ ေ႐ႊဒဂၤါးထည့္ထားေသာ ေသတၱာငယ္ေလးသည္ကား မူလအတိုင္းပင္ရွိေန၏။

” ဟူး…ေတာ္ေသးတာေပါ့ကြာ…ဒီမိန္းမဘယ္သြားေနတာလဲ…မိုးခ်ဳပ္ေနၿပီခုထိျပန္မလာေသးဘူး…အိမ္ကိုသူခိုးဝင္ေနတာေတာင္ မသိဘူးလားကြာ…ေတာက္!”

တစ္ေယာက္ထဲျမည္တြန္ေတာက္တီးၿပီး ႐ြာထဲသြားကာ ဇနီးသည္ကိုလိုက္ရွာ၏။ ေနာက္ဆုံး၌ကား ေယာကၡမျဖစ္သူ၏ အိမ္သို႔ေရာက္ခ်လာ၏။

” ပန္းခင္ေရ…ပန္းခင္…အိမ္ျပန္မလာေတာ့ဘူးလား…အခ်ိန္လည္းၾကည့္ဦး…မိန္းမတစ္ေယာက္ကဒီခ်ိန္ အိမ္လည္ေနတုန္းလား…”

” ရွင္ဘဲျပန္ကိုျမတ္…ကြၽန္မမလိုက္ဘူး…”

” ဘာေျပာတယ္…တစ္ေနကုန္လည္ရရင္ၿပီးေရာေပါ့…ခုအိမ္မွာသူခိုးဝင္ေနၿပီ…နင္ကအိမ္မကပ္ခ်င္ေသးဘူး…ဒီေလာက္အိမ္ႀကီးအိမ္ေကာင္းနဲ႔ထားတာေတာင္ မေနခ်င္ေသးဘူး…”

” မေနႏိုင္ဘူး…ဘုရားသာမကယ္ရင္သမီးေလးရဲ႕အသက္ကိုဆုံးရႈံးရေတာ့မလို႔…အိမ္မွာသူခိုးဝင္ေနတာမဟုတ္ဘူး…သရဲသဘက္ႀကီးဝင္ေနတာ…ကြၽန္မ မေနရဲဘူး…”

” အရပ္စကားေတြနားေထာင္ေနျပန္ၿပီ…အိမ္အသစ္ႀကီးက ဘယ္သရဲဝင္မွာလည္း…ခုခ်က္ခ်င္းသမီးေလးကိုေခၚခဲ့ ျပန္မယ္…”

ေမာင္ျမတ္ကအိမ္ျပန္ရန္ေခၚေသာ္လည္း ဇနီးျဖစ္သူကျပန္မလိုက္ေခ်။ ႏွစ္ေယာက္သား စကားအေခ်အတင္မ်ားၾကသျဖင့္ ေယာကၡမျဖစ္သူက ၾကားမွဝင္ေရာက္ဖ်န္ေျဖေပးၿပီး အျဖစ္မွန္ကိုေျပာျပလိုက္သည္။ ထိုအခါမွသမီးေလးကိုစိတ္ပူရေကာင္းမွန္းသိ၏။

” သမီး…သမီးေလး…မေသေကာင္းမေပ်ာက္ေကာင္းကြာ…ဒါဆိုအိမ္ထဲကပစၥည္းေတြက သမီးေလးဖြထားတာေပါ့ဟုတ္လား…”

” ဟုတ္တယ္…အိမ္ထဲမွာမေကာင္းတာတစ္ခုခုရွိေနတယ္…သူတို႔ေတြေျပာေနၾကသလိုဘဲ ေ႐ႊဒဂၤါးျပားကိုစြဲကပ္ေနတဲ့ဝိညာဥ္ႀကီးကအိမ္ထဲမွာရွိေနတယ္…”

” ဒီကိစၥကငါ့ရဲ႕ေပါ့ဆမႈေၾကာင့္ျဖစ္ရတာ …ငါ့ရဲ႕ေလာဘေတြေၾကာင့္ငါ့မိသားစုအသက္ေဘးႀကဳံလာရတာ…ကိုျဖဴးတို႔ေျပာတဲ့အခ်ိန္ကရင္း ငါနားေထာင္ခဲ့ရင္ ခုလိုျဖစ္လာမွာမဟုတ္ဘူး…ဒီေတာ့အိမ္ထဲကေနအဲဒီေကာင္ကို ေမာင္းထုတ္ႏိုင္တဲ့ဆရာရွာရမယ္…”

ေမာင္ျမတ္ကထိုသို႔ေျပာၿပီးအႏုအၾကမ္းႏိုင္သည့္ဆရာမ်ားကို ရွာေဖြခဲ့သည္။ ဆရာေကာင္းမေတြ႕ခင္အေတာအတြင္း၌ အိမ္ႀကီးအားသည္အတိုင္းပစ္ထားခဲ့သည္။ သုံးေလးလခန႔္ၾကာေညာင္းေသာ္လည္း ဆရာသမားေကာင္းႏွင့္မေတြ႕ရဘဲ ျဖစ္ေန၏။ အိမ္ႀကီးအထဲတြင္ကား အေျခာက္အလွန႔္မ်ားက ပို၍ႀကီးထြားလာသည္။ ၿခံဝိုင္းႀကီးသည္လည္း ေတာအုံထလ်က္ရႈပ္ပြေန၏။ တစ္ေန႔ေမာင္ထင္ေပၚသည္ အထက္မွၫႊန္ၾကားခ်က္ေၾကာင့္ ေငြေတာင္႐ြာသို႔ေရာက္လာခဲ့၏။

အသိမိတ္ေဆြမရွိသျဖင့္ သူႀကီးအိမ္ကိုရွာၿပီးလာခဲ့၏။ ႐ြာသူ႐ြာသားတို႔၏လမ္းၫႊန္ခ်က္ေၾကာင့္ သူႀကီးအိမ္သို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့သည္။

” ဗ်ိဳ႕…ဒါသူႀကီးအိမ္ဟုတ္လားခင္ဗ်…”

အိမ္ေရွ႕မွေခၚသံေၾကာင့္ ၿခံထဲမွသူႀကီးကေတာ္ေဒၚမယ္႐ုံကထြက္လာၿပီး

” ဟုတ္ပါတယ္သူငယ္…ဘာကိစၥရွိလို႔လဲ…”

” ကြၽန္ေတာ္ကခရီးသြားပါဗ်…အဲဒါဒီည သူႀကီးရဲ႕အိမ္မွာတည္းလို႔ရမလားလို႔ပါ…”

” ဪ…ေအးေအးအိမ္ထဲဝင္ခဲ့ေလသူငယ္…အေပၚမွာသူႀကီးရွိတယ္…သူ႔ကိုသူငယ္ကိုယ္တိုင္ေမးၾကည့္ေပါ့…”

” ဟုတ္ကဲ့ဗ်…”

ေမာင္ထင္ေပၚလည္း ၿခံဝန္းထဲဝင္လာခဲ့ၿပီး အေပၚထပ္သို႔တက္လာခဲ့၏။ အိမ္ႀကီးမွာ ႏွစ္ထပ္ခံအိမ္ျဖစ္ၿပီး ႀကီးမားက်ယ္ျပန႔္၏။ ေမာင္ထင္ေပၚက ဘုရားဝတ္ျပဳၿပီး အိမ္ရွင္ခ်ေပးေသာေနရာ၌ထိုင္လိုက္၏။ သူႀကီးဆိုသူကား အသားမဲမဲ၊ကင္တိုတိုျဖင့္ အၾကည့္ရခက္သူတစ္ေယာက္ျဖစ္၏။ သူႀကီးက ေဆးတံႀကီးကိုခဲရင္း ေမာင္ထင္ေပၚကိုအကဲခတ္ေန၏။

” ေမာင္ရင္က ဘယ္သူလဲ၊ဘာကိစၥရွိလို႔က်ဳပ္တို႔႐ြာထဲ ဝင္လာရတာလဲ…႐ုတ္႐ုတ္သဲသဲလုပ္လို႔ကေတာ့ ငါ့အဆိုးမဆိုနဲ႔ေနာ္…”

သူႀကီး၏တုံးတိတိစကားေၾကာင့္ ေမာင္ထင္ေပၚအနည္းငယ္လန႔္သြား၏။

” ကြၽန္ေတာ္ကခရီးသြားပါဗ်ာ…အဲဒါဒီ႐ြာမွာတည္းၿပီးမနက္မွခရီးဆက္ခ်င္လို႔္ ဝင္လာတာပါ…ကြၽန္ေတာ္ကဦးႀကီးထင္သလို လူရမ္းကားမဟုတ္ပါဘူးဗ်ာ…”

” ေအး…ဘယ္သူကကိုယ့္ဘာသာကို လူဆိုးပါလို႔ေျပာမလဲ…လူဆိုးေတြကနဖူးေပၚ ငါလူဆိုးပါဆိုတဲ့ စာတမ္းမွမကပ္ထားဒါ…”

စကားေျပာေဘာက္ဆတ္ဆတ္ႏိုင္လွေသာ လူႀကီးေၾကာင့္ ေမာင္ထင္ေပၚအေနရခက္သြား၏။

” ဦးႀကီးမယုံရင္လည္း ဒီညက်ဳပ္ကိုေစာင့္ၾကည့္ႏိုင္ပါတယ္ဗ်ာ…”

” ေမာင္ရင့္ကို ဒီမွာေပးတည္းမယ္လို႔ ေျပာမိသလား…က်ဳပ္ကိုေစာင့္ၾကည့္ခိုင္းရေအာင္…”

” ဗ်ာ!…”

သူႀကီး၏စကားေၾကာင့္ ေမာင္ထင္ေပၚရွက္သြားၿပီး မ်က္ႏွာျဖဴျဖဴေလးမွာ ပန္းေရာင္သမ္းသြား၏။

” ကြၽန္ေတာ္တစ္ညဘဲတည္းမွာပါဦးႀကီး…ခြင့္ျပဳေပးပါခင္ဗ်ာ…”

” မရဘူး…ငါ့အိမ္ကဧည့္ရိပ္သာမဟုတ္ဘူး…သြားသြား…အခ်ိန္ရွိတုန္းတျခားေနရာသြားရွာ…ငါ့အိမ္ေတာ့ေပးမတည္းႏိုင္ဘူး…”

” ဟုတ္ကဲ့ေက်းဇူးပါဗ်ာ…”

ေမာင္ထင္ေပၚလည္း အားတုံ႔အားနာျဖစ္သြားၿပီး ဆရာျဖစ္သူေပးခဲ့ေသာ လြယ္အိတ္ျဖဴျဖဴေလးကိုလြယ္ကာ သူႀကီး၏အိမ္မွ ထြက္သြားခဲ့သည္။

” ႐ုပ္နဲ႔စိတ္ထားတဲ့လိုက္လြန္းတဲ့ဘိုးေတာ္…အသားမဲသေလာက္ သေဘာထားကေသးသိမ္လိုက္တာလြန္ေရာ…ဆရာသာရွိရင္ ငါ့အျဖစ္ကိုၾကည့္ၿပီး ရယ္ေနဦးမွာျမင္ေယာင္တယ္…ဟား…ဟား…”

ေမာင္ထင္ေပၚတစ္ေယာက္ သူ႔အျဖစ္ကိုသူျပန္ေတြးၿပီး ရယ္ခ်င္သြား၏။ မိုးကလည္းခ်ဳပ္လုေနၿပီျဖစ္သျဖင့္ ႐ြာလယ္ရွိသစ္ပင္ႀကီးေအာက္တြင္ ထိုင္ၿပီးနားေန၏။ ဘယ္အိမ္မွဝင္မတည္းရဲေတာ့ေခ်။ ထပ္ၿပီးေမာင္းထုတ္ခံရမည္စိုးေသာေၾကာင့္ျဖစ္သည္။ ထိုစဥ္ၿခံေတာထဲမွ ျပန္လာေသာလင္မယားႏွစ္ေယာက္က သူ႔အနားေရာက္လာ၏။ ထိုႏွစ္ေယာက္က သူ႔ကိုျမင္လွ်င္

” ဒီကညီေလးကဧည့္သည္ထင္တယ္…”

” ဟုတ္တယ္ဗ်ာ…ကြၽန္ေတာ္ကခရီးသြားတစ္ေယာက္ပါ…တည္းဖို႔ေနရာရွာမေတြ႕တာနဲ႔ဒီမွာနားေနတာဗ်ာ…”

” သူႀကီးအိမ္မွာသြားမတည္းဘူးေကာ…”

” ေတာ္ပါၿပီဗ်ာ…ခင္ဗ်ားတို႔႐ြာသူႀကီးကလည္း ႐ုပ္နဲ႔စိတ္ထားနဲ႔လိုက္လြန္းတယ္ဗ်ာ…မဲတူးေနတာဘဲ…”

” ဟားဟားဟား….က်ဳပ္တို႔႐ြာရဲ႕သူႀကီးကေတာ့ဒီအတိုင္းဘဲဗ်ာ….သိပ္ကိုကပ္ေစးႏွဲတဲ့လူႀကီးဗ်…ကဲဗ်ာ ညီေလးတည္းဖို႔ေနရာရွာမရေသးရင္ အစ္ကိုႀကီးတို႔နဲ႔လိုက္ခဲ့
ဗ်ာ…”

” အခန႔္သင့္လိုက္ေလဗ်ာ…”

ေမာင္ထင္ေပၚလည္း ထိုလင္မယားႏွစ္ေယာက္၏အိမ္သို႔လိုက္လာခဲ့၏။ အိမ္သို႔ေရာက္ေသာ္ ေနမေကာင္းျဖစ္ေနေသာခေလးငယ္ကိုေတြ႕လိုက္ရ၏။ ထိုလင္ယားႏွစ္ေယာက္၏မိသားစုတို႔ကလည္း ေမာင္ထင္ေပၚအား ပ်ဴပ်ဴငွါငါဧည့္ခံၾက၏။

” ညီေလးဘာမွမပူနဲ႔…ကိုယ့္အိမ္လိုသေဘာထားၿပီးေန…တစ္ခုေတာ့ႀကိဳၿပီးေတာင္းပန္ခ်င္တယ္…အိမ္မွာက ေနမေကာင္းတဲ့ကေလးရွိေနေတာ့ နည္းနည္းေတာ့ နားၿငီးလိမ့္မယ္ဗ်ာ…”

” ရပါတယ္ဗ်ာ…ကြၽန္ေတာ့ကိုတစ္ညတာတည္းခိုခြင့္ျပဳတာကိုဘဲ ေက်းဇူးတင္လွပါၿပီဗ်ာ…ဒါနဲ႔ကေလးကဘာျဖစ္တာလဲဗ်…”

ေမာင္ထင္ေပၚ၏အေမးေၾကာင့္ လင္မယားႏွစ္ေယာက္မ်က္ႏွာပ်က္သြားၾက၏။

” ဘာမွမျဖစ္ပါဘူး သာမာန္ဖ်ားနာတာေလးေလာက္ပါ”

” အစ္မႀကီးတို႔စိတ္မရွိရင္ကြၽန္ေတာ္ကေလးကို ၾကည့္ပါရေစ…ကေလးေလးမွာသာမာန္မဟုတ္တဲ့ဖ်ားနာမႈရွိေနသလိုဘဲ..”

” ၾကည့္တတ္ရင္ၾကည့္ေပးပါအုံးဗ်ာ…ကေလးကတငိုငိုတရီရီျဖစ္ေနလို႔ပါ…”

ေမာင္ထင္ေပၚလည္း ကေလးအားၾကည့္လိုက္ရာ သရဲဖမ္းစားျခင္းခံေနရသည္ကိုေတြ႕လိုက္ရ၏။

” အစ္ကိုတို႔ကေလးကို ပစ္မထားၾကပါနဲ႔…ကေလးရဲ႕အသက္အႏၲာရယ္စိုးရိမ္ရတယ္…”

” ဗ်ာ…ဘယ္လိုညီ…”

” က်ဳပ္တတ္သေလာက္ေျပာရရင္ ကေလးဟာသရဲဖမ္းစားျခင္းခံေနရတယ္…”

” ဗ်ာ…သ….သရဲ…”

” ဟုတ္တယ္… သရဲကိုမွေျပာရရင္ ႏွစ္ခ်ိဳ႕သက္တမ္းရင့္သရဲႀကီးဘဲ…အစ္ကိုတို႔နဲ႔ပတ္သက္လိမ့္မယ္…”

” အစ္ကိုအမွန္တိုင္းေမးမယ္…ညီကအထက္လမ္းဆရာလား…”

” ဆရာရယ္လို႔မဟုတ္ပါဘူးဗ်ာ…ပညာသင္တစ္ေယာက္ပါ…”

” ဘာျဖစ္ျဖစ္…အားကိုးပါတယ္ညီရာအစ္ကိုတို႔ကိုကူညီေပးပါ…အစ္ကိုတို႔ ဒုကၡေရာက္ေနလို႔ပါ…”

” ကြၽန္ေတာ္တတ္ႏိုင္သေလာက္ကူညီမယ္…အစ္ကိုတို႔ႀကဳံခဲ့ရတာအစအဆုံးေျပာျပဖို႔ေတာ့လိုတယ္ဗ်…”

” ေျပာျပမယ္ညီ.. ”

ေမာင္ျမတ္က အိမ္ေဆာက္ရန္ေျမညႇိရာမွစ၍ အိမ္ကိုပစ္ထားရသည္အထိ စိတ္ရွည္စြာရွင္းျပေန၏။ ေမာင္ထင္ေပၚက အျဖစ္အပ်က္အလုံးစုံကိုနားေထာင္ၿပီး

” ဒါဆိုအဲဒီေ႐ႊဒဂၤါးေတြကိုစြဲလမ္းတဲ့စိတ္ေၾကာင့္ မကြၽတ္မလြတ္ဘဲ လူေတြကိုဒုကၡေပးတာေနမယ္…မနက္ျဖန္က်ရင္ေတာ့ အေၾကာင္းစုံကိုသိရမွာေပါ့…ဒီညေတာ့ကေလးကို ဒီေရမန္းေလးမၾကာမၾကာတိုက္ေပး…”

” ဟုတ္ကဲ့ညီ…”

” ဒါဆိုကြၽန္ေတာ္လည္းမနက္ျဖန္အတြက္ျပင္ဆင္ထားလိုက္မယ္…အစ္ကိုတို႔လည္း စိတ္ခ်လက္ခ် အိပ္ေတာ့… ”

ေမာင္ထင္ေပၚလည္း အိမ္သားမ်ားကိုႏုတ္ဆက္ၿပီးတရားထိုင္လိုက္၏။

မနက္ေရာက္ေသာ္ ေမာင္ထင္ေပၚသည္ ေဆးလြယ္အိတ္ေလးကိုလြယ္ၿပီး အိမ္ႀကီးရွိရာသို႔္လာခဲ့၏။ ပစ္ထားသည္မွာ အနည္းငယ္ၾကာၿပီျဖစ္သျဖင့္ ျမင္႐ိုင္းမ်ားက ေနရာတကာႀကီးစိုးၿပီးထိုးထိုးေထာင္ေထာင္ ေပါက္ေရာက္ေန၏။ အိမ္ထဲဝင္လိုက္သည္ႏွင့္အားျပင္းေသာလႈိင္းတစ္ခုက သူ႔ကိုလာေရာက္႐ိုက္ခတ္၏။ ေမာင္ထင္ေပၚလည္းမသိသလိုျပဳၿပီး ခပ္တည္တည္ျဖင့္ အိမ္ေပၚသို႔တက္လာခဲ့၏။ အိမ္အေပၚထပ္တြင္ကား အိုးခြက္ပန္းကန္ အပိုင္းအစမ်ားေနရညအနံျပန႔္က်ဲေန၏။ အိမ္ေစာင့္နတ္မရွိ။ ဘုရားစင္မွ ဘုရားပန္းအိုးႏွင့္ေသာက္ေတာ္ေရတို႔သည္လည္း ေျခာက္ကပ္လွ်က္ရွိေန၏။ ေမာင္ထင္ေပၚက ဘုရားေက်ာင္းေဆာင္ကို သန႔္ရွင္းေရးျပဳလိုက္ၿပီး ဆီမီးတိုင္ကိုထြန္းညႇိပူေဇာ္လိုက္၏။
ၿပီးေသာ္ ဘုရားရွိခိုးအမွ်ေဝၿပီး အိမ္ပတ္ပတ္လည္ကိုစည္းခ်ထားလိုက္၏။ ထိုစဥ္အိမ္ႀကီးသည္ ငလ်င္လႈပ္သကဲ့သို႔ သိမ့္ခနဲတုန္သြား၏။ ေမာင္ထင္ေပၚကၿပဳံးလိုက္ၿပီး

” လာလာ…ငါ့အေရွ႕ကိုလာ…ဘာအတြက္အိမ္ထဲမလာဘဲအိမ္ေနာက္မွာပုန္းေနရတာလဲ…”

“……..”

” နင့္ေနရာဟုတ္လား…ဒီေျမႀကီးကိုဘယ္သူမွမပိုင္ပါဘူးဗ်ာ…ဘယ္သူ႔အတြက္ပါလို႔ ဘယ္ဘုရားမွမဖန္ဆင္းေပးခဲ့ပါဘူး…”

“……..”

” သိပ္ကိုအစြဲအလမ္းႀကီးပါလား…ဒါ့ေၾကာင့္္လည္းဒီအခ်ိန္ထိ ဆိုးဝါးလွတဲ့ဘဝႀကီးကိုပိုင္ဆိုင္ေနရတာကိုး…ငါ့အေရွ႕ကိုလာခဲ့…ငါနင့္ကိုဘာမွမလုပ္ဘူး..ရဲရဲသာလာခဲ့…”

ေမာင္ထင္ေပၚကထိုသို႔ဆိုလိုက္ရာ ရိပ္ခနဲျမင္ရေသာအရာတစ္ခုသည္သူ႔အေရွ႕သို႔ေရာက္လာ၏။

” ဘာအတြက္အိမ္သားေတြကိုေႏွာင့္ယွက္ရတာလဲ…ဒီေနရာကလူ႔စည္းအတြင္းကဘဲ…သင္ေႏွာင့္ယွက္ပိုင္ခြင့္မွမရွိတာ…”

” ဒီေနရာက ငါ့ေနရာ…လူေတြဒီေနရာမေနခင္လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကရင္းငါေနခဲ့တာ…ဒီလူေတြကငါ့ပစၥည္းကိုလည္းယူတယ္…ငါ့ေနရာကိုလည္းဖ်က္ဆီးပစ္ၾကတယ္…ဒါေၾကာင့္ငါေမာင္းထုတ္လိုက္တာ…”

” သင္ကသိပ္ကိုအတၱႀကီးတာဘဲ…ငါဆိုတဲ့အတၱစြဲေၾကာင့္ သင္ဒီလိုဘဝမ်ိဳးေရာက္ရတာ…ေနရာတကာမွာ ငါ့ပစၥည္း၊ငါ့ဥစၥာဆိုၿပီး သတ္မွတ္လို႔မရဘူး…ဒါေတြဟာသဘာဝတရားကေပးတဲ့ခဏတာလက္ေဆာင္…ေသရင္ကိုယ့္ေနာက္ဘာမွပါမသြားဘူးေလ…နင့္ရဲ႕လူ႔ဘဝတုန္းကခႏၶာႀကီးေတာင္ နင္ေသေတာ့ေျမႀကီးကိုေကြၽးခဲ့ရတာဘဲမလား…ဒီလိုဘဲအရာရာတိုင္းမွာ ငါ့တေကာေကာ ေကာေနလို႔မရဘူးေလ…”

” မသိဘူး…ငါဒါေတြနားမလည္ဘူး…ဒါေပမဲ့ဒီပစၥည္းေတြဟာ ငါလူ႔ဘဝတုန္းကမနားမေနႀကိဳးစားရွာခဲ့တဲ့အရာေတြ…ဒီေတာ့ ငါပိုင္တယ္…”

” သင္ေသခ်ာျပန္စဥ္းစားၾကည့္ပါ…ဒီပစၥည္းက သင္လူ႔ဘဝတုန္းက ပိုင္ဆိုင္ခဲ့သည္ထားဦး…သင္ေသသြားတဲ့အခ်ိန္ေရာ သင့္ေနာက္ဘာပါသြားလည္း…သင္ရွာထားတဲ့ဒဂၤါးတစ္ျပားမွေတာင္ ပါသြားသလား…”

” မပါဘူး…မပါလို႔ကိုငါကေစာင့္ေနရတာေပါ့…”

” ဒါဘဲေလ…ေသရင္ကိုယ့္ေနာက္မပါတဲ့အရာႀကီးကို ဘာအတြက္တြယ္ကပ္ေနရဦးမွာလဲ…”

” မသိဘူး…ဒါအကုန္ငါ့အပိုင္ေတြ…နင္ငါ့ေနရာကေနထြက္သြား..”

” ဖုန္း…ဖုန္း…ဖုန္း…”

သရဲႀကီးက ေမာင္ထင္ေပၚေျပာသည္ကိုနားမေထာင္ဘဲ ရန္လုပ္ကာ လက္သီးႀကီးျဖင့္ေမာင္ထင္ေပၚကိုထုသတ္၏။ ေမာင္ထင္ေပၚက အကာအကြယ္အင္းျဖင့္ ကာထားလိုက္ရာ သရဲႀကီးမွာ အေနာက္သို႔လႊင့္ထြက္သြား၏။ ၿပီးေနာက္သရဲႀကီးသည္ ေၾကာက္မက္ဖြယ္ရာ ႐ုပ္ဆင္းသ႑ာန္ကိုဖန္ဆင္းၿပီး ေျခာက္လွန႔္၏။ သို႔ေသာ္ ေမာင္ထင္ေပၚက ေၾကာက္လန႔္မႈတစ္စုံတစ္ရာမရွိ။

” ေတာ္ေတာ့…သင္ကြၽႏ္ုပ္ကိုအမ်ိဳးမ်ိဳးေျခာက္လန႔္ေနလည္းအလကားပါဘဲ…သင္ကြၽတ္လြတ္ခ်ိန္ေရာက္ၿပီ…သင္တရားရပါေတာ့…”

” ဒီအရာေတြအကုန္လုံးငါ့အပိုင္ေတြ… ငါဘယ္မွမသြားဘူး…ငါဒီမွာဘဲေနမွာ..သင္သာဒီေနရာကေနထြက္သြား…”

” ေျပာမရရင္ေတာ့ က်ဳပ္ကို အဆိုးမဆိုနဲ႔ေပါ့…သင္ဒီထက္ေကာင္းတဲ့ဘဝကိုေရာက္ဖို႔္ငါ့မွာတာဝန္ရွိတယ္…ဒီေတာ့သင္လက္မခံလည္း မတတ္ႏိုင္ဘူး….”

ဆိုၿပီး လြယ္အိတ္ထဲမွ အခ်ဳပ္အင္းကိုထုတ္ကာ သရဲႀကီးကိုခ်ဳပ္ထားလိုက္၏။

” အား….ပူတယ္…ပူတယ္…လႊတ္…ငါ့ကိုလႊတ္…”

” ငါဆိုတဲ့အတၱစြဲကို ျဖဳတ္ႏိုင္ရင္သင္လႊတ္ၿပီ…”

သရဲႀကီးမွာ႐ုန္းေလၾကပ္ေလျဖစ္ၿပီး ေနာက္ဆုံး၌စိတ္ေလွ်ာ့ကာ အတိတ္ဘဝမွမိမိ၏အေၾကာင္းကိုျပန္လည္စဥ္းစားမိေနေတာ့သည္။ ဘဝတစ္ခုမွသူသည္ အလြန္ႂကြယ္ဝေသာ သူႂကြယ္တစ္ေယာက္ျဖစ္ခဲ့ဖူး၏။ သူသည္ ခ်မ္းသာႂကြယ္ဝသေလာက္ အလႉအတန္းနည္းလြန္းလွသည္။ ေပးကမ္းခ်ီးျမႇင့္ဖို႔ရန္တစ္ခါမွမေတြးဖူးခဲ့ေခ်။ တစ္ေန႔သူႂကြယ္ႀကီးက သူ႔ပစၥည္း၏တခ်ိဳ႕တေလကို ေျမအိုးထည့္ကာ ျမဳပ္ထား၏။ သားသမီးမ်ားကိုလည္း ထိုအေၾကာင္းမေျပာျပျဖစ္ခဲ့ေခ်။ သည္လိုႏွင့္ ႏွစ္ေတြၾကာလာေသာ္သူလည္း ဘဝတစ္ပါးသို႔ကူးေျပာင္းသြားခဲ့၏။ က်န္ရွိသည့္ ပစၥည္းမ်ားကို သားသမီးတို႔ကအညီအမွ်ခြဲေဝယူငင္ၾက၏။ သူကားျမဳပ္ႏွံထားေသာပစၥည္းကိုစြဲလမ္းကာ သရဲသဘက္ႀကီးဘဝသို႔ေရာက္ခဲ့ရေလသည္။

သရဲႀကီးသည္ သူ႔ဘဝကိုျပန္ေတြးမိၿပီး ေနာင္တရသြားသည္။ လႉႏိုင္တန္းႏိုင္ပါရက္နဲ႔ မလႉဒါန္းခဲ့ေသာေၾကာင့္ယခုလိုဆင္းရဲလွေသာဘဝကိုေရာက္ခဲ့ရေၾကာင္း သေဘာေပါက္သြား၏။

” ငါေနာင္တရပါၿပီဆရာ…ဒီပစၥည္းေတြကိုငါ့အတြက္ရည္စူးၿပီးေကာင္းမႈကုသိုလ္လုပ္ေပးပါ…ကေလးမေလးကိုလည္း ငါမဖမ္းစားေတာ့ဘူး…လြတ္ေပးလိုက္ၿပီ…ငါ့ကိုလည္းဒီဘဝကေနကြၽတ္ေအာင္လုပ္ေပးပါဆရာ…”

” သင့္ဆီကဒီစကားၾကားရေတာ့ သိပ္ကိုဝမ္းသာတာဘဲ…စိတ္ခ်သင္ျဖစ္ေစခ်င္တဲ့အတိုင္းျဖစ္ေစရမယ္…မနက္ျဖန္ကရက္ရာဇာဘဲ သင့္အတြက္ဒီအိမ္မွာ ေကာင္းမႈကုသိုလ္လုပ္ေပးမယ္…သာဓုေခၚဖို႔္ေစာင့္ေနပါ…”

” ဟုတ္ကဲ့ဆရာ…”

ထိုေန႔၌ အိမ္ရွင္ကိုေခၚၿပီး အိမ္ကိုသန႔္ရွင္းေရးလုပ္၏။ ဘုရားပန္း၊ေရခ်မ္းလဲ၏။ သရဲႀကီးပိုင္ဆိုင္ခဲ့ေသာ ေ႐ႊဒဂၤါးျပားမ်ားကိုလည္းထုခြဲေရာင္းခ်ၿပီး လိုအပ္ေသာေနရာမ်ားတြင္လႉဒါန္းရန္ျပင္ဆင္ထားလိုက္၏။ ေနာက္ေန႔တြင္ကား အိမ္အသစ္ႀကီးသို႔ဘုန္းႀကီးပင့္ကာ တရားနာေရစက္ခ်၏။ ေကာင္းမႉကုသိုလ္အစုစုတို႔ကိုလည္း သရဲႀကီးကို အမွ်ေဝေပး၏။ ထိုေန႔မွစ၍အိမ္ႀကီးတြင္ ဘာအေႏွာင့္အယွက္မွမေတြ႕ရေတာ့ေခ်။ သရဲႀကီးသည္လည္း ကြၽတ္လြတ္ရာဘုံဘဝ သို႔ေရာက္ရွိသြားသကဲ့သို႔ ေမာင္ျမတ္တို႔ မိသားစုသည္လည္း အိမ္အသစ္ေလးထဲ၌ သက္တစ္ဆုံးေနထိုင္သြားၾကေတာ့သည္။…..။

(စိတ္ကူးမွ်သာျဖစ္သည္။ စာရႈသူအေပါင္း ကိုယ္စိတ္ႏွလုံး က်န္းမာၾကေစေသာဝ္)

#ၿပီး
# ခြန္း