” တစ္ဆေကျောင်းတဲ့နွား “(စ/ဆုံး)

Unicode Version

” တစ္ဆေကျောင်းတဲ့နွား “(စ/ဆုံး)
————————————————-
နွေခေါင်ခေါင်မှာ မိုးတွေရွာလို့ဗျာ။ တကယ့်ကို
ဖြစ်တောင့်ဖြစ်ခဲပဲဗျို့။ ကျုပ်တို့အညာမှာ မိုး
တွင်းတောင် မိုးသိပ်ရွာတာ မဟုတ်ဘူးဗျ။ အ
ခုလို နွေခေါင်ခေါင်ကြီးမှာ မိုးတွေ သဲကြီးမဲကြီး
ရွာချတော့ အားလုံး အံ့အားသင့်နေကြတာပေါ့
ဗျာ။ ကျုပ်က နွားစာကျွေးရင်းနဲ့ မိုးတွေသဲကြီး
မဲကြီး ရွာချနေတဲ့ ကောင်းကင်မဲမဲကြီးကို မော့
ကြည့်နေမိတယ်။

ကောင်းကင်ကြီးကို မော့ကြည့်နေရင်းကနေ
ကျုပ်သူငယ်ချင်းတစ်ယောက်ကို ချက်ချင်း
သတိရသွားတယ်ဗျာ။

ဒီကောင့်နာမည်က နွေမိုးတဲ့ဗျ။ အခုလို နွေ
ခေါင်ခေါင်မှာ မိုးတွေ သဲကြီးမဲကြီး ရွာချနေ့မှာ
ဒီကောင့်ကို မွေးတာတဲ့ဗျ။ ဒါကြောင့် သူ့အမေ
က သူ့ကို နွေမိုးလို့ နာမည်ပေးလိုက်တာတဲ့ဗျို့။

ကျုပ်တို့ကတော့ ဒီကောင့်ကို နွေမိုးလို့ မခေါ်
ကြပါဘူးဗျာ၊ ငမိုးလို့ပဲ ခေါ်ကြတာဗျ၊ အသက်
က ကျုပ်နဲ့ အတူတူပဲ။ ဥာဏ်ကလည်း လွှတ်
ကောင်းတဲ့ကောင်ပါဗျာ။ လေးတန်းအထိ ရွာ
ကျောင်းမှာ အတူတူတက်ခဲ့ကြတာ။ ဒီကောင်
က ကျုပ်ထက် ပိုပြီး စာတော်တယ်ဗျ။ သင်္ချာ
များ တွက်ခိုင်းလို့ကတော့ ငမိုးတို့ ရှေ့ဆုံးက
ပြီးပြီးသားပဲဗျ။

ကျုပ်မတွက်တတ်တဲ့ သင်္ချာတွေကို ဒီကောင်
က ပြန်ပြပေးတာဗျ။ ဒါပေမဲ့လေးတန်းအောင်
တော့ ကျုပ်က မြို့ကျောင်းသွားတတ်တယ်။
မြို့မှာက ကျုပ်ဘကြီး ရှိတယ်လေဗျာ။

ငမိုးတို့မိဘတွေက လယ်ပိုင်ယာပိုင် မရှိဘဲ
ရွာထဲမှာ ဘောက်လုပ်စားနေကြရတော့ ဆင်း
ရဲတယ်ဗျ။ ငမိုးကို မြို့ပို့ပြီး ကျောင်းဆက်မ
ထားတော့နိုင်ကြဘူး။ ဒီမှာတင် ကျုပ်သူငယ်
ချင်း ငမိုးက ကျောင်းထွက်ပြီး ပိုက်ဆံရတဲ့
အလုပ်မှန်သမျှ အကုန်လုပ်ရတော့တာပေါ့
ဗျာ။ ယာထဲမှာ ပေါင်းနှုတ်လိုက်ရတယ်။

ဟိုရွာ ဒီရွာကို လှည်းနဲ့ သွားတဲ့သူ ရှိရင်
လှည်းမောင်းပြီး လိုက်ပို့ရတယ်။ သူ့ကို
လှည်းမောင်းခ ပိုက်ဆံပေးတာပေါ့ဗျာ။ သူ
များအိမ်က နွားတွေကို တောစပ်က နွားစာ
ကျက်မှာ သွားကျောင်းပေးရတယ်။ နွား
ကျောင်းခ ရတာပေါ့ဗျာ။

ကျုပ် မြို့ကျောင်းပိတ်လို့ အိမ်ပြန်လာတဲ့ရက်
တွေဆိုရင် ကျုပ်နဲ့လည်း လာပြီးဆော့တတ်
တယ်ဗျ။ ပဲနှုတ်၊ နှမ်းနှုတ်တဲ့ အချိန်ဆိုရင် ပဲ
နှုတ်၊ နှမ်းနှုတ် လိုက်ရတယ်။ ညဘက် သူများ
ယာမှာ နှမ်းထောင် စောင့်ပေးရတယ်ဗျ။ ဒီလို
နဲ့ ငမိုးလည်း မအားလပ်တော့ပါဘူးဗျာ။ တစ်
ခါတလေ ကျုပ် မြို့ကို ပြန်ခဲ့တာတောင်မှ ရွာ
မှာ ငမိုးနဲ့ တစ်ခါမှ မတွေ့ခဲ့ရဘူးဗျ။

ကျုပ် ခုနှစ်တန်းတက်တဲ့နှစ်မှာ ကျူပ်သူငယ်
ချင်း ငမိုးတစ်ယောက် ပိုးထိပြီး ဆုံးသွားပါ
ရောလားဗျာ။ မြို့ကို အမှီပို့ကြပေမယ့် မြွေ
ဆိပ်က တစ်ကိုယ်လုံး ပြန့်နေပြီဆိုတော့ င
မိုးရဲ့ အသက်ကို မကယ်နိုင်ခဲ့ကြဘူးတဲ့ဗျ။

ကျုပ်အိမ်ပြန်မရောက်ခင် မြို့မှာတည်းက ဒီ
သတင်းကို ကျုပ်ကြားတယ်။ ကျုပ်ဖြင့် စိတ်မ
ကောင်းလွန်းလို့ မျက်ရည် ပေါက်ပေါက်ကျခဲ့
ရတာပေါ့ဗျာ။ ကျုပ်သိပ်ခင်တဲ့ သူငယ်ချင်း
ငမိုး သေတာတောင် ကျုပ်မှာ အသုဘ မပို့
နိုင်ခဲ့ပါဘူးဗျာ။ ကျုပ်တို့တစ်ရွာလုံးကလည်း
ငမိုးကို လွှတ်ချစ်ကြတာဗျ။ ငမိုးသေတော့
တစ်ရွာလုံး စိတ်မကောင်းကြဘူး။

အထူးသဖြင့် ကျုပ်ကို တွေ့တိုင်း ငမိုးကို သ
တိရကြတယ်ပေါ့ဗျာ။ ကျုပ်နဲ့ ငမိုးက ကစား
ဘက်တွေဆိုတော့ တပူးတွဲတွဲ နေကြတာ
လေ။ ဒါပေမဲ့ ငမိုးက သေသာသေတာ ရွာမှာ
ရှိနေတုန်းဗျ။ သူ့မိဘတွေကို လုပ်ကျွေးနေ
တုန်းတဲ့ဗျို့။ သူကျောင်းနေကျ ရွာထဲကနွား
တွေကို မနက်စောစော ကြိုးဖြုတ်ပြီး ရွာပြင်
ကို မောင်းထွက်သွားတာတဲ့ဗျ။ ပြီးရင် သူ
ကျောင်း နေကျ စားကျက်မှာပဲ နွားတွေသွား
ကျောင်းရောတဲ့ဗျို့။

ညနေစောင်းရင် နွားတွေမောင်းပြီး ပြန်လာ
တာတဲ့။ သူ့ခြံနဲ့သူ မမှားအောင်ကို ပြန်ပို့တာ
တဲ့ဗျ။ ရွာထဲကလူတွေ လန့်သွားကြတာပေါ့
ဗျာ။ နွားရှင်တွေကလည်း စိုးရိမ်ပြီး ငမိုး နင့်
ကို ငါတို့ နွားကျောင်းမအပ်တော့ဘူးလို့ ပြော
ကြတယ်။ အဲဒီလိုပြောရင် ငမိုးက အဲဒီနွား
တွေကို မကျောင်းတော့ဘူးတဲ့ဗျ။

ဒါပေမဲ့ ဘိုးညီလေးတို့အိမ်ကတော့ ငမိုးကို
သနားလို့ နွားတွေမကျောင်းနဲ့တော့လို့ မပြော
ရက်ကြဘူးတဲ့ဗျာ။ ငမိုးလည်း ဘိုးညီလေးတို့
အိမ်က နွားတွေကို မနက်မောင်းသွား ညနေ
ပြန်ပို့ ဆက်လုပ်နေတာတဲ့ဗျ။ ဘိုးညီလေးတို့
ကလည်း ငမိုးရဲ့ နွားကျောင်းခကို သူ့အမေ
အဖေကို အမြဲပေးသတဲ့။ သူ့မိဘတွေကလည်း
ငမိုး သူ့ကျောင်းတဲ့ နွားတွေကို စွဲလန်းပြီး တ
စ္ဆေဖြစ်နေမှန်းသိတော့ ဘိုးညီလေးတို့ပေးတဲ့
နွားကျောင်းခတွေစုပြီး ငမိုးအတွက် အလှူ
အတန်း လုပ်ပေးပြီး အမျှအတန်း ဝေကြတယ်
တဲ့။ ဒါပေမဲ့ ငမိုးကတော့ နွားတွေကျောင်းမြဲ
ကျောင်းနေတာပဲတဲ့ဗျ။

ဒီတော့ ငမိုး မကျွတ်သေးဘူးပေါ့ဗျာ။

ဘိုးညီလေးတို့အိမ်က နွားတွေဆိုတာ ငမိုး
က စားကျက်ကောင်းကောင်းမှာ သွားသွား
ပြီးကျောင်းပေးတော့ ဝဖီးနေတာတဲ့ဗျာ။ ရွာ
ကလူတွေကတောင် ပြောကြသတဲ့။ တစ္ဆေ
ကျောင်းတဲ့ နွားလောက်တောင် မင်းတို့
ကျောင်းတဲ့ နွားတွေက မဝပါလားကွလို့။

ကျုပ်ကတော့ ကျုပ်သူငယ်ချင်း တစ္ဆေဖြစ်
နေတယ်ဆိုတာ ကြားတော့ စိတ်မကောင်း
ဘူးပေါ့ဗျာ။ ယာထဲမှာ ပေါင်းနှုတ်၊ ပဲနှုတ်၊
နှမ်းနှုတ် လုပ်ရင်လည်း ငမိုးက ဝိုင်းကူလုပ်
ပေးတာတဲ့ဗျ။ ညတည်းက ပဲတွေနှုတ်ထား၊
နှမ်းတွေနှုတ်ထားတာတဲ့ဗျ။ ဒီတော့လည်း
ရွာသားတွေက ထမင်းစားချိန်ရောက်ရင်
ငှက်ပျောဖက်ကလေးနဲ့ ထမင်းဟင်းတွေ
ထည့်ပြီး ငမိုးကို ကျွေးကြသတဲ့ဗျို့။

ပထမတော့ ကျုပ်သူငယ်ချင်း တစ္ဆေငမိုးကို
ကြောက်ကြတာပေါ့ဗျာ။ လူဆိုတာ တစ္ဆေ
မကြောက်တဲ့သဘာဝ ရှိတယ်မို့လား။ ဒါပေ
မဲ့ တဖြည်းဖြည်းနဲ့ မကြောက်ကြတော့ဘဲ
ငမိုးကို ကျွေးကြ မွေးကြတာဗျ။ အလှူအ
တန်းလုပ်ရင်လည်း ငမိုးကို တစ်နေရာမှာ
သွားပြီး ခေါ်ကျွေးကြတယ်။

ပြီးရင် ကုသိုလ်ကို ငမိုးနာမည်ခေါ်ပြီး အမျှ
ပေးကြတယ်ဗျ။ ဒါပေမဲ့လည်း ကျုပ်သူငယ်
ချင်းက ခုထိ မကျွတ်မလွတ်နိုင်တာ ဘာ
ကြောင့်မှန်းကို မသိပါဘူးဗျာ။ တစ်ခါတော့
ကျုပ်တို့ ထနောင်းကုန်းမှာ ထူးထူးဆန်းဆန်း
ဖြစ်တယ်ဗျို့။ ငမိုး ကျောင်းနေတဲ့ နွားတွေ
ထဲက တစ်ကောင်ကို ဘိုးညီလေးက တခြား
ရွာကလူကို ရောင်းလိုက်တယ်။

ဒါကို ငမိုးက မကြိုက်ဘူးဗျ။ မကြိုက်ရုံတင်
မဟုတ်ဘူး။ စိတ်တော်တော် ဆိုးသွားတာဗျ။
ဘိုးညီလေးတို့အိမ်က ရေခွက်တွေကို တွန်း
ချတယ်။ ရေပုံးတွေကို တွန်းလှဲပစ်တယ်။

“ငမိုးရယ်၊ တင်းကုတ်ထဲမှာ နွားတွေများနေ
တော့ ကျပ်ညပ်နေလို့ ဘိုးက ရောင်းလိုက်
တာပါကြာ”

လို့ ဘိုးညီလေးက ငမိုး စိတ်ဆိုးမှန်းသိလို့
ချော့မော့ပြောတယ်ဗျ။ ညရောက်တော့ ငမိုး
က နွားဝယ်သွားတဲ့ရွာကို လိုက်သွားပြီး သူ့
နွားကို ပြန်ဆွဲလာတယ်ဗျ။ မနက်ကျတော့
ဟိုရွာက လူက နွားပျောက်တော့တာပေါ့ဗျာ
ဒါနဲ့ ဘိုးညီလေးဆီကို လာကြည့်တော့ နွား
က တင်းကုတ်ထဲ ပြန်ရောက်နေတယ်။

ဟိုလူက တစ်ခါ နွားကို ပြန်ဆွဲသွားတာပေါ့
ဗျာ။ ညရောက်တော့ ငမိုးက သူ့နွားကို ပြန်
ဆွဲလာတာပဲဗျ။ ဒီလိုနဲ့ သုံးလေးခါဖြစ်တော့
နွားဝယ်တဲ့လူက ပြောသတဲ့။

“ဘိုးညီလေးရယ်၊ ကျုပ်လည်း ညဆိုရင် နွား
ကို သေသေချာချာ ချည်ထားတာပါပဲဗျာ။
ကြိုးက ဘယ်လိုဖြစ်လို့ ပြုတ်သွားတယ် မ
သိပါဘူး။ တစ်ယောက်ယောက်များ လာပြီး
ဆွဲသွားလားလို့တောင် ထင်ရတယ်ဗျို့”

ဒီတော့ ဘိုးညီလေးက အဲဒီလူကို ပြောရ
တာပေါ့ဗျာ။

“ကဲ…ရင်မောင်ရေ၊ ဒီနွားက ဒီလောက်ဖြစ်နေ
တာ မင်းလည်း ပင်ပန်းလှပြီ၊ ဒီတော့ မင်းပေး
ထားတဲ့ နွားဖိုးကိုသာ ပြန်ုပြီး ယူသွားပါတော့
ကြာ”

လို့ ပြောပြီး နွားဖိုးကို ပြန်ပေးလိုက်ရတယ်တဲ့
ဗျို့။ အဲဒီကတည်းက ဘိုးညီလေးလည်း နွား
မရောင်းရဲတော့ဘူးတဲ့ဗျို့။ ဒီတော့မှ ကျုပ်
တွေးမိသွားတာဗျ။ ဒီကောင် ငမိုး၊ တစ္ဆေဖြစ်
နေတာ နွားတွေကို သံယောဇဉ် ဖြစ်နေလို့ဆို
တာ။ ဒီကောင်က ငယ်ငယ်လေးကတည်းက
နွားကို လွှတ်ချစ်တာဗျ။

ကျုပ်နဲ့ ကစားရင် နွားတွေအကြောင်း ခဏ
ခဏ ပြောတတ်တယ်။ ဘယ်သူ့အိမ်က နွား
က ဘယ်လိုကောင်းတာ။ ဘယ်အိမ်က နွား
က ဘာဗွေပါတာ၊ ဗွေဆိုးပါရင် ဖြစ်တတ်တဲ့
နွားရဲ့အကျင့်၊ ဒါတွေကို ဒီကောင်က ငယ်
ငယ်ကတည်းက သိနေတာဗျ။ သူက နွား
ချစ်တဲ့ အကောင်ဆိုတော့ လူကြီးတွေ ပြော
တာကို အမြဲမှတ်ထားတာပေါ့ဗျာ။

နောက်တစ်ခုက ငမိုးတို့မိဘတွေက လက်
လုပ်လက်စားတွေဆိုတော့ နွားမရှိကြဘူးလေ
ဗျာ။ ဒီတော့ ငမိုးက သူများနွားတွေကိုပဲ ချစ်
နေရတာဗျ။ ဒါကြောင့် နွားကျောင်းရတဲ့ အ
လုပ်ကို ငမိုးက သိပ်ကြိုက်တာ။ နွားတွေနဲ့
သွားလာနေရရင် ဒီကောင် ပျော်နေတာဗျ။

တိရစ္ဆာန်ဆိုတာကလည်း အသိရှိတာပဲဗျ။
ငမိုးက သူတို့ကို ချစ်မှန်းသိတော့ သူတို့က
လည်း ငမိုးကို ချစ်ကြတယ်ဗျ။ ရွာထဲက နွား
တင်းကုတ်တွေထဲကို ငမိုး ဝင်လာရင် နွား
တွေ အကုန်လုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်
ပြီး ဒီကောင့်ကို ခေါင်းကြီးတွေငုံ့ပြီး ငမိုးရဲ့
အပွတ်အသပ်ကို ခံကြတာ။ ပြီးတောါ ငမိုး
က ငယ်ငယ်လေးကတည်းက အမဲသား
မစားဘူးဗျ။ သူ့မိဘက ဘယ်လိုကျွေးကျွေး
လုံးဝကို မစားတာ။

နွားတွေ လွှတ်ချစ်တတ်တဲ့ ငမိုး။ နွားသား
လုံးဝမစားတဲ့ ငမိုး။ သေတဲ့အခါကျတော့
သူကျောင်းရတဲ့ နွားတွေကို စွဲလန်းတဲ့ စိတ်နဲ့
တစ္ဆေဖြစ်သွားတာပေါ့ဗျာ။ ကျုပ်လည်း စိတ်
မကောင်းရုံက လွဲလို့ ဘာမှမလုပ်တတ်ဘူး
ပေါ့ဗျာ။ ငမိုးကျောင်းတဲ့ နွားတွေဆိုတာ အ
စားဝတော့ ဝဖီးနေတာပေါ့ဗျာ။

ငမိုးက တစ္ဆေဆိုတော့ ဘယ်နားမှာ မြက်နု
တွေရှိတယ်ဆိုတာ သိနေမှာပေါ့ဗျာ။ သူ့နွား
တွေကို မြက်နုတွေ အမြဲကျွေးတော့ နွားတွေ
က ဝတော့တာပေါ့ဗျာ။သူကျောင်းတဲ့ နွားတွေ
ကတော့ သူ့ကို မြင်ကြပုံပဲဗျ။

သူပြောတာလည်း ကြားတဲ့ပုံပဲ။ အံ့တော့ အံ့
သြစရာပေါ့ဗျာ။ တစ္ဆေဖြစ်တာတောင် မိဘ
ကို နွားကျောင်းကျွေးတဲ့ကောင်ဗျ။ ဒီလိုလူမျိုး
လောကမှာ ကျုပ်သူငယ်ချင်း ငမိုးတစ်ယောက်
ပဲ ရှိမယ်ထင်ပါတယ်ဗျာ။

နောက်တော့ ကျုပ်က ဆရာကြီးတွေနဲ့တွေ့
ပြီး သူတို့ကိစ္စတွေကူလုပ်၊ ခိုင်းတာမှန်သမျှ
မညည်းမညူ လုပ်ပေးဆိုတော့ ဆရာကြီး
တွေက ကျုပ်ကို ဆေးတွေ ဝါးတွေ ချီးမြှင့်
ကြတယ်။ မျက်ကွင်းဆေးလည်း ပါတာပေါ့
လေ။မျက်ကွင်းဆေး ရပြီးတဲ့ နောက်မှ ကျုပ်
နာနာဘာဝတွေကို မြင်နိုင်တာပေါ့ဗျာ။

ဒါတွေ အားလုံး ခင်ဗျားလည်း သိပြီးသား
တွေပါ။ ကျုပ်ဆိုတဲ့ ကောင်ကလည်း နေရာ
တကာ လွှတ်စပ်စုတဲ့ ကောင်လေဗျာ။ မျက်
ကွင်းဆေး ရတာနဲ့ ကျုပ်က ကျုပ်သူငယ်
ချင်း ငမိုးကို ရှာတော့တာပေါ့ဗျာ။

မနက်စောစော ဘိုးညီလေးရဲ့ နွားတွေကို
ငမိုးထုတ်ပြီး စားကျက်ကို သွားတယ်။ သူ
သွားတဲ့ စားကျက်ကို ကျုပ်နောက်က လိုက်
သွားတယ်။ ပထမတော့ ကျုပ် သူ့ကို မြင်နေ
တာကို ငမိုး မသိဘူးဗျ။ ကျုပ်လိုက်လာတာ
ကို လှည့်ကြည့် လှည့်ကြည့် လုပ်ရင်းနဲ့ နွား
တွေ မောင်းသွားတယ်။ နွားတွေကို စား
ကျက်ထဲ လွှတ်ပြီးတော့ ကတက်ပင်ကြီး
အောက်မှာ သွားထိုင်နေတယ်ဗျ။

ငမိုး သေတုန်းက သူမှုတ်နေကျ ကြေးပုလွေ
လေးက ကျုပ်အိမ်မှာ ကျန်ခဲ့တာဗျ။ ကျုပ်က
ငမိုးနောက်ကို လိုက်ဖို့ ကြံကတည်းက ပု
လွေလေးကို ခါးမှာထိုးလာခဲ့တာ။ ငမိုးထိုင်
နေတဲ့ ကတက်ပင်ကြီးနဲ့ မလှမ်းမကမ်းက
ဝါးရုံအောက်မှာ ကျုပ်က ဝင်ထိုင်လိုက်ပြီး
ကြေးပုလွေလေးကို ထုတ်လိုက်တယ်။ ငမိုး
ကို ကျုပ်က မသိမသာ ကြည့်နေတာပေါ့ဗျာ
ဒါပေမဲ့ သူ့ကို မမြင်တဲ့ပုံနဲ့ နေရတာဗျို့။

ငမိုး မှုတ်နေကျ ကျတော်မမပုသိမ်သူဆိုတဲ့
သီချင်းကို ကျုပ်က ပုလွေနဲ့ မှုတ်လိုက်တယ်။
ငမိုး ကျုပ်ကို စိုက်ကြည့်နေတယ်ဗျို့။ သိပ်မ
ကြာဘူးဗျ။ ဒီကောင် ကတက်ပင်အောက်က
ထလာပြီး ကျုပ်နားမှာ လာရပ်တယ်။ ကျုပ်ကို
လည်း စိုက်ကြည့်နေတယ်။

ဒီတော့မှ ကျုပ်က ပုလွေမှုတ်တာကို ရပ်လိုက်
ပြီး သူ့ကို ပြန်ပြီး ကြည့်လိုက်တယ်။ ဒီတော့မှ
ငမိုး သဘောပေါက်သွားတာဗျို့။ ကျုပ် သူ့ကို
မြင်မှန်း သူသိသွားတာ။ ငမိုးက အရမ်းကို အံ့
သြသွားပြီး ကျုပ်ကို ကြည့်နေတယ်ဗျ။ တစ္ဆေ
ဆိုပေမယ့် အကုသိုလ်ကြောင့် ဖြစ်တာမဟုတ်
ဘဲ နွားတွေကို စွဲလန်းတဲ့စိတ်ကြောင့် ဖြစ်တာ
ဆိုတော့ ငမိုးက ပုံပျက်ပန်းပျက် မဟုတ်ဘူးဗျ။
နဂိုပုံစံအတိုင်းပါပဲ။ အဝတ်အစားကလည်း သူ
ဝတ်နေကျ ပုဆ်ုးအင်္ကျီလေး ဝတ်လို့ပဲဗျ။

“တာတေ၊ မင်း ငါ့ကို မြင်ရတယ် ဟုတ်လား”

ကျုပ်က ဘာမှပြန်မပြောဘဲ ခေါင်းပဲညိတ်ပြ
လိုက်တယ်

“ဟာ …ငါ အံ့သြလိုက်တာကွာ”

“မအံ့သြနဲ့ ငမိုး၊ ငါဒီအတိုင်း မြင်ရတာ မ
ဟုတ်ဘူး၊ ဆရာကြီးတွေ ပေးထားတဲ့ မျက်
ကွင်းဆေးကြောင့် မြင်ရတာကွ”

“ဘာ မျက်ကွင်းဆေး ဟုတ်လား တာတေ”

“အေး ဟုတ်တယ်၊ သွေးပြီးတော့ မျက်စိကို
ကွင်းရင် အားလုံးမြင်ရတယ်၊ နားမှာလိမ်းပြီး
ဂါထာရွတ်ရင် နားကပါ ကြားရတယ်”

“ဟေ…ဟုတ်လား၊ အခု ငါပြောတာတွေ
မင်းကြားတယ်ပေါ့ ဟုတ်လား”

“ဟကောင် ငမိုးရဲ့၊ ငါကြားလို့ မင်းကို ပြန်
ပြောနေတာပေါ့ကွ”

“ဝမ်းသာလိုက်တာကွ၊ ငါသေပြီးကတည်းက
ဘယ်မှာ မသွားဘဲ ရွာမှာနေတာကွ၊ မင်း မြို့
က ပြန်လာရင် မင်းဆီကိုလည်း ငါအမြဲလာ
ပါတယ်၊ မင်းက ငါ့ကို မမြင်ဘူးလေ”

“အဲဒီတုန်းက ငါ့မှာ မျက်ကွင်းဆေး မရှိသေး
ဘူးလေကွာ၊ အခုမှ မျက်ကွင်းဆေး ရလာ
တာကွ ငမိုးရဲ့”

“မင်းဆေးက တော်တော်ကို စွမ်းတာပဲ
တာတေ”

“အေး၊ ဆရာကြီးတွေ ချီးမြှင့်ထားတာကိုး
သူငယ်ချင်းရဲ့၊ စွမ်းတာပေါ့ကွာ၊ မင်းကို
တော့ ငါ ချီးကျူးပါတယ် ငမိုးရာ”

“ဟေ…ဘာဖြစ်လို့တုံးကွ တာတေရ”

“မင်းက သေပြီးတာတောင် မိဘကို နွား
ကျောင်းပြီး ကျွေးတဲ့ကောင်လေကွာ၊ ပြီး
တော့ ရွာသားတွေကို နှမ်းတွေ ပဲတွေ ကူ
နှုတ်ပေးတော့ သူတို့က ကျေးဇူးတင်ပြီး
ဆုံသားရတဲ့အခါဆိုရင် မင်းတို့အိမ်အတွက်
ပို့ပေးကြတာကွ”

ကျုပ်ပြောတာကို ငမိုးက ဘာမှပြန်မပြော
ဘဲ ငြိမ်ပြီး နားထောင်နေတယ်ဗျ

“ဒါထက် ငါ မသိလို့ မေးပါဦးမယ် ငမိုးရဲ့”

“ဟေ…ဘာတုံးကွ တာတေရ”

“ရွာကလူတွေ အလှူအတန်းလုပ်တိုင်း မင်း
နာမည်တပ်ပြီး အမျှဝေကြတာ မင်း သာဓု
မခေါ်နိုင်ဘူးလား”

“ငါ ဘာမှ မခေါ်နိုင်ခဲ့ဘူး တာတေ၊ သူတို့
အဲဒီလို အမျှဝေပေမယ့် ငါ တစ်ခါမှ မကြား
ရဘူးကွ၊ ငါ့မှာ အကုသိုလ်တွေ ရှိနေသေး
လို့ ဖြစ်မှာပေါ့ကွာ”

“သြော်…ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာ၊ ဒါ
ထက် နေပါဦး ငမိုးရဲ့၊ မင်းမှာ တစ္ဆေသူငယ်
ချင်းတွေ ဘာတွေရော မရှိဘူးလားကွ”

“ဟာ ရှိတာပေါ့ကွ၊ ရွာနောက်ဘက်က သ
င်္ချိုင်းကုန်းသွားတဲ့လမ်းမှာ သရက်ပင်ကြီး
တစ်ပင် ရှိတယ်မို့လား၊ အဲဒီသစ်ပင်မှာ ငါ့
ကို နေရာပေးထားတာကွ”

“ဟေ…ဘယ်သူက မင်းကို နေရာပေး
တာတုံး”

“ဒီလိုကွ၊ ငါ ပိုးထိပြီးသေတော့ ငါ့ကိုယ်ငါ
သေမှန်း မသိဘူး၊ ငါယာထဲမှာ အိပ်ပျော်နေ
တာ၊ ငါ့ကို တစ်ယောက်,ယောက်က လာနှိုး
သလို ထင်လို့ မျက်လုံးဖွင့်ကြည့်တော့ ဝတ်
ဖြူစင်ကြယ်နဲ့ ဘိုးဘိုးတစ်ယောက်ကွ၊ အဲဒီ
ဘိုးဘိုးက ငါကို’လူလေး ငမိုး ထတော့ကွဲ့၊
မင်း နေရမယ့်နေရာကို ဘိုးဘိုး လိုက်ပို့မယ်
ဆိုပြီး အဲဒီသရက်ပင်ကို ခေါ်သွားတယ်”

“နေပါဦး ငမိုးရဲ့၊ မင်းအိပ်ပျော်နေတာ ဘယ်
လောက်တောင် ကြာသွားတာတုံး၊ ရွာမှာ မင်း
အတွက် ဆွမ်းသွတ်တာတွေ အမျှဝေတာ
တွေ မင်း မသိဘူးလား”

“ဟေ့အေး ၊ ငါ ဘာမှ မသိဘူးကွ၊ ငါ အိပ်
ပျော်သွားတာ ဘယ်လောက်ကြာမှန်းလည်း
မသိဘူး”

“အေး ပြောပါဦး၊ အဲဒီသရက်ပင်ကြီးကို
ရောက်တော့ စောစောကပြောတဲ့ ဘိုးဘိုး
က ဘာပြောတုံး”

“တောင်ဘက်ထွက်နေတဲ့ သရက်ကိုင်းအ
ကြီးကြီးမှာနေတဲ့ တစ္ဆေကြီးတစ်ကောင်ကို
ခေါ်ပြီးငါ့ကို အဲဒီသစ်ကိုင်းမှာ ခေါ်ထားဖို့၊ ငါ့
ကို စောင့်ရှောက်ဖို့ ပြောတယ်၊ အဲဒီတစ္ဆေကြီး
က ငါ့ကိုစောင့်ရှောက်တယ်ကွ တာတေရ၊ ငါ
က နေ့ခင်းဘက် နွားကျောင်းပြီး ညဘက်ဆို
ရင် ဒီသရက်ပင်ကြီးမှာ နေရတာကွ”

“မင်း ဒီသစ်ကိုင်းကြီးမှာ အိပ်ရတာပေါ့ ဟုတ်
လား ငမိုး၊ သစ်ကိုင်းမှာ မင်းအိပ်လို့ရလို့လား”

“တာတေ၊ ငါတို့တစ္ဆေတွေမှာ အိပ်တယ်လို့
မရှိဘူးကွ၊ ဘာမှမတွေးဘဲ ငြိမ်နေလိုက်ရင်
အိပ်လိုက်သလို ဖြစ်သွားတာပဲကွ”

“ဒါဆိုရင် ညတိုင်း မင်း ဒီသရက်ပင်ကြီးကို
ဖက်တက်နေရတာပေါ့ ဟုတ်လား ငမိုး”

“ဟာ၊ ဒီကောင်တာတေနှယ်၊ တစ္ဆေပါဆိုမှ
သရက်ပင်ကို ဖက်တက်နေရဦးမှာလားကွ၊
စိတ်ညွှတ်လိုက်တာနဲ့ သစ်ကိုင်းပေါ်ကို
ရောက်သွားတာပေါ့ကွ”

“ဟေ…ဟုတ်လား”

“မင်း…မယုံရင် ဒီမှာကြည့်၊ ငါ လုပ်ပြမယ်”

ငမိုးက ဖျတ်ကနဲ ပျောက်သွားတယ်ဗျ။ ကျုပ်
က ဟိုကြည့် ဒီကြည့် ကြည့်နေတုန်းပဲ ရှိသေး
တယ်။

“တာတေ၊ ငါ ဒီပေါ်မှာကွ”

ငမိုးအသံကြားလို့ မော့ကြည့်လိုက်တော့ ဒီ
ကောင် ငမိုး ကတက်ပင်ကြီးရဲ့ သစ်ကိုင်း
တစ်ကိုင်းမှာ ထိုင်လို့ဗျ။ ကျုပ်လှမ်းကြည့်
လိုက်တဲ့အချိန်မှာပဲ ဖျက်ကနဲ ပျောက်သွား
ရောဗျို့။ ကျုပ်လည်း ဟိုကြည့် ဒီကြည့်
လုပ်တုန်းရှိသေးတယ်။

“တာတေ ငါ ဒီမှာ”

ငမိုးက ကျုပ်နောက်ဘက်မှာ ရပ်လို့ဗျ။ ကျုပ်
ဒီကောင့်လက်ကို လှမ်းဆွဲလိုက်တယ်။ ဘာ
ကိုမှ မဆွဲမိဘူးဗျ။ လေကိုပဲ ကိုင်မိတာ။

“ဟာ တာတေ၊ ငါတို့ကို ကိုင်လို့ ဘယ်ရ
မလဲကြ”

ကျုပ်နဲ့ ဒီကောင်နဲ့ ပြောနေကြတုန်းမှာ ငမိုး
မျက်နှာ ပျက်သွားတယ်ဗျ။

“ဟေ့ကောင် ငမိုး ဘာဖြစ်လို့တုံး”

“နားကားကြီးကွ၊ ဘန့်ဘွေးပင်ကြီးမှာနေတဲ့
အကောင်၊ ဒီကောင်ကြီးက တစ်ခါ တစ်ခါ
တို့ဘက်ကို ကျူးကျော်ပြီး ရောက်လာတတ်
တယ်ကွ၊ ရောက်လာရင် တွေ့သမျှ တစ္ဆေ
သရဲတွေကို အကုန်လုံး ထုရိုက်ပြီး နှိပ်စက်
သွားတာကွ”

ကျုပ် ငမိုးပြောတဲ့ နားကားကြီးဆိုတဲ့ သရဲ
ကြီးကို လှမ်းကြည့်လိုက်တော့ အကောင်
ကြီးက အကြီးကြီးဗျ။ နားရွက်ကြီးနှစ်ဖက်
က ဖျာကြီးနှစ်ချပ်ကိုပဲ ဘေးကိုကားထွက်
နေတာဗျ။ ဆင်ကြီးတွေရဲ့ နားရွက်ကို တ
ဖျပ်ဖျပ် ခတ်နေတယ်။

ခေါင်းကြီးက အကြီးကြီးမှာ ပါးစပ်ပေါက်က
သေးသေးလေးဗျ။ တစ်ကိုယ်လုံး အမွေး
မည်းမည်းကြီးတွေ ဖုံးနေတယ်။ မျက်လုံး
ကြီး နှစ်လုံးက ပန်းကန်လုံးကြီးတွေလို ပြူး
ပြီးထွက်နေတာဗျို့။

“ဒီကောင် အစာစားတော့ ဘယ်လိုစားတုံး
ကွ ငမိုးရဲ့”

“ငှက်ပျောဖက်ကို လိပ်ပြီး ကန်တော့လို လုပ်
ရတယ်ကွ၊ ပြီးတော့မှ အဲဒီငှက်ပျောဖက်ကန်
တော့ထဲကနေ အစာတွေကို ထည့်ပြီး ဖြည်း
ဖြည်းလေး စုပ်စားရတာ”

ခဏနေတော့ နားကားကြီးက ကျုပ်နဲ့ စကား
ပြောနေတဲ့ ငမိုးကို မြင်သွားပြီး ရပ်ကြည့်နေ
တယ်ဗျ။ ခဏနေတော့ သူ့လက်ဝါးအကြီး
ကြီးနဲ့ ငမိုးကို လက်ယက်ခေါ်တယ်။

“ဟာ ငါ့ကို ခေါ်နေပြီ တာတေရ၊ အဲဒါ ငါ
သွားရင် ငါ့ကို ထုထောင်းရိုက်ပုတ် လုပ်
တော့မှာကွ”

“ဟေ၊ မသွားရင်ရောကွာ”

“မသွားရင် ဒေါသတွေဖြစ်ပြီး ငါ့ကို အတင်း
လိုက်ဖမ်းပြီး ရိုက်တာကွ”

“သြော် …ဒီလိုလား၊ မင်း မကြောက်နဲ့ ငမိုး၊
မင်းအစား ငါသွားလိုက်မယ်”

“ဟာ မလုပ်ပါနဲ့ တာတေ၊ နားကားကြီးက
တော်တော်ဆိုးတာနော်၊ မင်း အန္တရာယ်ဖြစ်
သွားလိမ့်မယ်”

“ဘာမှမစိုးရိမ်နဲ့ ငမိုး၊ ငါ့မှာ သစ်စုန်းဆေး
တော်ပါတယ်”

ကျုပ်က ပြောပြောဆိုဆိုနဲ့ လည်ပင်းမှာ ဆွဲ
ထားတဲ့ ကတ္တီပါအိတ်ရှုံ့လေးထဲက သစ်စုန်း
ဆေးတောင့်ကို ထုတ်ယူလိုက်တယ်။ ဟာ ၊
ငမိုး လွင့်သွားပြီဗျို့။ ကျုပ်က သတိမထားမိ
ဘဲ ဆေးတော်ကို ထုတ်လိုက်တာ။

ဆေးတော်ရဲ့အစွမ်းကို ငမိုး မခံနိုင်ဘဲ လွင့်
သွားတာဗျို့။ ကျုပ်က ဆေးတော်ကို လက်မှာ
ကိုင်ပြီး နားကားကြီးဆီကို တည့်တည့်သွား
လိုက်တယ်။နားကားကြီးကလည်း သူ့ကို ကျုပ်
မြင်နေရတာကို အံ့သြသွားတယ်ဗျ။

ဒါပေမဲ့ လက်သီးကြီး နှစ်ဖက်ဆုပ်ပြီး ကျုပ်ဆီ
ကို ပြေးလာတာဗျို့။ ကျုပ်ကလည်း လက်ထဲ
က သစ်စုန်းဆေးတော်ကို ရှေ့ထုတ်ပြီး ပြ
လိုက်တော့ တစ်ရှိန်ထိုး ပြေးလာတဲ့ နားကား
ကြီး ဘုန်းကနဲ ဖင်ထိုင်လျက် လဲကျသွားတယ်
ဗျ။ ကျုပ်က သစ်စုန်းဆေးတော်ကို ကိုင်ပြီး သူ
မြင်သာအောင် ပြလိုက်တော့ ဒီကောင်ကြီး မ
ကြည့်ရဲ့ဘူးဗျ။ မျက်စိတွေကို လက်နဲ့ အုပ်
ထားတယ်။ ခဏနေတော့ ကုန်းကုန်းကြီး ထ
လာပြီး ကျုပ်ကို ကြည့်နေတယ်။

“ဟေ့ နားကားကြီး၊ ငါ့နာမည် တာတေကွ၊ ထနောင်းကုန်းမှာ နေတာ မင်း မှတ်ထား၊ ငါ့ဆရာကြီးတွေက အထက်ပုဂ္ဂိုလ်ကြီးတွေ
ချည်းပဲကွ နားကားကြီးရဲ့၊ မင်းကို ဒီနယ်ပယ်
ကနေ အပြီးနှင်ထုတ်လိုက်လို့ ရတယ်၊ ကြား
လား နားကားကြီး”

နားကားကြီးက ခေါင်းညိတ်ပြတယ်ဗျ။

“ဟောဒီ တစ္ဆေ ငမိုးက ငါ့သူငယ်ချင်းကွ၊ မင်း
သူ့ကို အနိုင်ကျင့်ရင် မင်းကို နယ်နှင်ပစ်မယ်
ကြားလား၊ ငါသူငယ်ချင်းကို နောက်ထပ်
ဘယ်တော့မှ အနိုင်မကျင့်နဲ့၊ ကြားလား နား
ကားကြီး”

ကျုပ်က လက်ထဲက သစ်စုန်းဆေးတောင့်နဲ့
ပစ်မလို့လုပ်လိုက်တော့ နားကားကြီး နောက်
လှည့်ပြီး ပြေးရောဗျို့။ပြေးတာမှ ကျွဲကြီးတစ်
ကောင် ကစုန်ပေါက်ပြီးပြေးသလိုကို ပြေး
တာဗျို့။ ဒီတော့မှ ကျုပ်က သစ်စုန်းဆေး
တော်ကို ကတ္တီပါအိတ်ထဲ ပြန်ထည့်လိုက်ပြီး
တော့ …

“ငမိုး သူငယ်ချင်း လာ၊ မင်းကောင်ကြီး ပြေး
ပြီကွ၊ လာ”

ကျုပ်က ခေါ်ပေမယ့် ငမိုးက ကျုပ်နားကို မ
ကပ်ရဲတော့ဘူးဗျ။

“လာပါကွ၊ ငါ ဆေးတော်ကြီးကို အိပ်ထဲ ပြန်
ထည့်လိုက်ပါပြီ”

ဒီတော့မှ ဒီကောင် ကျုပ်နားကို ကပ်လာတာ
ဗျို့။ ကျုပ်နဲ့ ငမိုး အေးအေးဆေးဆေးထိုင်ပြီး
စကားဆက်ပြောကြတယ်။

“ရွှေတောင်ဦးဘုရားပွဲရက်ဆိုရင် ငါတို့တစ္ဆေ
တွေ လွှတ်ပျော်ကြတာကွ တာတေရ”

“ဟေ…ဟုတ်လား၊ ဘာကြောင့်တုံး ငမိုးရဲ့”

“ဆွမ်းတော်ကပ်တဲ့ ထမင်းဟင်းတွေ၊ မုန့်ပဲသ
ရေစာတွေကို သင်ပုတ်ပေါ်မှာ လာတင်တာ
လေကွာ။ အဲဒါဆိုရင် တစ္ဆေသရဲတွေက စား
ခွင့်ရှိကြတယ်ကွ၊ အဲဒီမှာ ဝမ်းသာအားနဲ့ ပျော်
ပျော်ပါးပါး စားကြရတာပေါ့ကွာ၊ ဒီနယ်ကတင်
မကဘူးကွ၊ တခြားနယ်က တစ္ဆေတွေ၊ သရဲ
တွေပါ လာပြီး စားကြ သောက်ကြတယ်ကွ။
စားသောက်တဲ့အခါမှာ ရန်မဖြစ်ရဘူးကွ၊ သ
ရဲထိန်းတွေက ဆူးခက်တပ်ထားတဲ့ တင်း
ပုတ်ကြီးတွေ ထမ်းပြီး စောင့်ပေးရတယ်။ ရန်
ဖြစ်တဲ့ သရဲတွေ တစ္ဆေတွေကို ဆူးခက်တင်း
ပုတ်ကြီးတွေနဲ့ ရိုက်ပုတ်ပြီး အပြီးမောင်းထုတ်
လိုက်တာကွ။ ဘယ်တော့မှ ပြန်မလာရတော့
ဘူး။(သင်ပုတ်ဆိုတာ ဆွမ်းတော်စွန့်တဲ့အုတ်
ခုံကို ခေါ်တာဗျ) အဲဒါကို ကြောက်လို့ သရဲ
တွေ တစ္ဆေတွေက ရန်မဖြစ်ကြဘူးဟေ့။အား
လုံး သင့်သင့်မြတ်မြတ်နဲ့ မျှမျှတတ စားကြ
ရတယ်။ တခြားရွာတွေမှာ ဘုရားပွဲတွေ၊ ဆွမ်း
တော်ကြီးကပ်ပွဲတွေ ရှိရင်လည်း ငါတို့သွား
စားခွင့်ရှိတယ်ကွ။ ဒါပေမဲ့ ကိုယ့်ရွာက ဘုရား
ပွဲလောက်တော့ မပျော်ဘူးပေါ့ကွာ”

“သြော် …အဲဒီလိုဆိုရင် မင်းတို့ စားရသောက်
ရတာပေါ့”

“ငါကတော့ ဘုရားပွဲ မရှိလည်း စားရတာပါ
ပဲကွာ၊ ငါ့ရွာက လူတွေက ငါ့ကို အလှူ အ
တန်းလုပ်တိုင်း ခေါ်ပြီ ကျွေးကြ မွေးကြတာ
လေကွာ။ ဒါပေမဲ့ တခြားတစ္ဆေတွေ သရဲတွေ
က မစားရရှာဘူးကွ။ အစားအသောက် အင်
မတန် ရှားပါးကြတယ်။ ငါနဲ့အတူတူနေတဲ့
တစ္ဆေကြီးကိုတော့ ငါ့ကို ရွာက ကျွေးတာ
မွေးတာတွေကို ငါက ခေါ်ခေါ်ပြီး ကျွေးပါ
တယ်။ ဒါပေမဲ့ ငါတို့စားတဲ့ သောက်တဲ့အခါ
ရွာကလူတွေက ခွေးတစ်ကောင် စားနေ
တယ်လို့ပဲ မြင်ကြတာကွ”

“ဟေ…ခွေးလို့ မြင်တယ် ဟုတ်လား”

“ဟုတ်တယ် တာတေရဲ့၊ ခွေးတစ်ကောင် အစာစားနေတယ်လို့ပဲ မြင်တာကွ”

“ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရယ်၊ မင်း ဒီ
ဘဝက ကျွတ်အောင် လုပ်ပါကွာ ငမိုးရာ”

“ငါ အခုတလောတော့ တော်တော်လေး
ပြောင်းလာပြီကွ တာတေရ၊ ငါ ဘုန်းကြီး
ကျောင်းတွေနား ဖြတ်သွားတဲ့အခါ ဘုန်း
ကြီးတွေ ဘုရားဝတ်တတ်တဲ့ အသံတွေ
ဘာတွေ ငါရပ်ပြီး နားထောင်လို့ ရလာပြီ
ကွ။ တစ်ခါတလေ တရားဟောတာကို
အစအဆုံး နာလို့ရလာတယ်။ ညဘက်
သရက်ပင်ကြီးပေါ်မှာ ငြိမ်ထိုင်နေတုန်း
အိပ်မက် မက်သလို ဖြစ်သွားပြီး ငါက
အိမ်ကြီး တစ်အိမ်မှာ ကလေးလေး ပြန်
ဖြစ်နေတယ်တဲ့ကွ”

“ဟာ…ဒါဆိုရင် မင်း လူပြန်ဖြစ်ဖို့ နီးနေပြီ
ထင်တယ်ကွ ငမိုးရ”

“အေးကွာ၊ လူပြန်ဖြစ်ရင်လည်း မင်းနဲ့ နီး
နီးနားနား နေရအောင် ထနောင်းကုန်းမှာပဲ
ပြန်ဖြစ်ချင်တယ်ကွာ”

“ဟာ…မင်း အဲဒီလိုတွေ စွဲလန်းမနေနဲ့ကွ
ငမိုးရ၊ မင်းကံအတိုင်း ဖြစ်ပါစေကွာ၊ ပြီး
တော့ ငါ မင်းကို တစ်ခုပြောချင်တယ်။
မင်း နွားတွေအပေါ်မှာလည်း သံယောဇဉ်
တွယ်မနေနဲ့ကွ၊ မင်းတို့ ငါတို့တွေက သ
ဗ္ဗေသတ္တာ ကမ္မဿကာ ဆိုတဲ့အတိုင်း ကံ
စီမံရာကို ခံကြရတာလို့ ဆရာတော် ဟော
ခဲ့တာကို မင်းလည်းနာခဲ့ရတာပဲကွာ”

“ငါ အခု နွားတွေကို သံယောဇဉ် မတွယ်
တော့ပါဘူး တာတေရာ”

“ဒါဆိုရင် ဒီလိုလုပ်ကွာ၊ မင်းအိမ်မှာ မင်း အ
တွက် ကုသိုလ်ကောင်းမှု လုပ်ပေးဖို့ ငါစီစဉ်
လိုက်မယ်၊ အဲဒီနေ့ကျရင် ငါတို့ဆရာတော်ဦး
ဂုဏကိုပင့်ပြီး တရားဟောပေးဖို့ ငါလျှောက်
မယ်၊ မင်း လာပြီး တရားကို သေသေချာချာ
နာ ငမိုး၊ ပြီးတော့ သာဓုခေါ်ကွာ”

“ငါ သာဓုလည်း ခေါ်နိုင်လောက်ပါပြီကွာ၊ ငါ
ဆက်ဆက်လာပြီး တရားနာပါမယ်”

ကျုပ် ရွာပြန်ရောက်တော့ ဘိုးညီလေးကို အ
ကြောင်းစုံ ပြောပြလိုက်တယ်။ ပြီးတော့ ကျုပ်
အမေနဲ့ အဘကို ပြောပြတယ်။ အဘနဲ့ ဘိုး
ညီလေး တိုင်ပင်ပြီး အလှူလုပ်ဖို့က တစ်
ယောက် တစ်ဝက် ထည့်ကြတယ်ဗျ။

ပြီးတာနဲ့ ကျုပ်က ရွာထဲက လူငယ်တွေစုပြီး
ငမိုးအတွက် အလှူလုပ်ဖို့ ပြင်ဆင်ရတာပေါ့
ဗျာ။ အဘကိုယ်တိုင် မြို့တက်ပြီး သင်္ကန်း
ပရိက္ခရာ ဝယ်တယ်။ ဆရာတော်ကို ပရိက္ခ
ရာ အစုံအလှူမှာဗျ။ ပြီးတော့ ရွာသားတွေ
ကို ထမင်းကျွေးမယ်လေဗျာ။

ဒီသတင်းကြားတော့ ရွာထဲက ငမိုးကို ချစ်တဲ့
အိမ်တွေက အလှူဝိုင်းထည့်ကြလို့ အလှူက
အကြီးအကျယ်ကြီး ဖြစ်သွားရောဗျို့။ ဒါနဲ့ င
မိုးတို့ အိမ်ဝိုင်းထဲမှာ အလှူမဏ္ဍပ်ထိုးပြီး သေ
သေချာချာ ချက်ပေးကြတယ်ဗျ။

ဆရာတော်ကိုလည်း ကျုပ်က အကျိုး အ
ကြောင်းအားလုံး လျှောက်ထားပြီး အလှူပင့်
တယ်။ ငမိုးကိုလည်း အလှူအကြောင်း အ
သေးစိတ်ပြောပြပြီး ခေါ်ထားလိုက်တယ်။ပြီး
တော့ အလှူမဏ္ဍပ်ထဲမှာ ကပ်ထားတယ်ဗျ။

“ငမိုး(ခ)မောင်နွေမိုးရဲ့အလှူတော်”

စည်လိုက်တဲ့ အလှူဗျာ။ ဆရာတော်နဲ့ သံဃာ
တော်တွေကို ဆွမ်းကပ်ပြီး ဆရာတော်က တ
ရားဟော ရေစက်ချပေးတယ်ဗျ။

ကျုပ်က မျက်ကွင်းဆေး ကွင်းလာပြီး ငမိုးကို
သေသေချာချာ ကြည့်ရတာပေါ့ဗျာ။ ငမိုးက
အိမ်အတက်အဆင်းမှာ ထိုင်ပြီး ဆရာတော်
ဟောတဲ့ တရားကို သေသေချာချာ နာတယ်
ဗျ။ ဆရာတော်လည်း အကြောင်းသိနေတာ
ဆိုတော့ ‘ဒကာလေး ငမိုး’လို့ ငမိုးရဲ့နာမည်
ကို တပ်ခေါ်ပြီး ငမိုးကို ရည်စူးဟောတော့
တာပေါ့ဗျာ။ ရေစက်ခွက်ကို ငမိုးကိုယ်စား
ငမိုးအမေက ကိုင်ပြီး ချပေးတယ်ဗျ။

တရားဆုံးလို့ အမျှဝေတော့ ကျုပ်သူငယ်ချင်း
ငမိုးက သေသေချာချာကို သာဓုခေါ်တာဗျ။
ကျုပ် သေသေချာချာ မြင်ရတယ်။ တရားပွဲ
ပြီးလို့ နောက်ဆုံးအကြိမ် သာဓု ခေါ်ပြီးတဲ့
အခါ အဆင်သင့်ပြင်ထားတဲ့ ကြေးစည်ကို
ထုလိုက်တာပေါ့ဗျာ။

“နောင်၊ ဝေ၊ ဝေ၊ ဝေ”

“နောင်၊ ဝေ၊ ဝေ၊ ဝေ”

ကျုပ် ကြည့်နေတယ်ဗျ။ ငမိုးက ထိုင်နေတဲ့
နေရာက မထဘဲ ငြိမ်နေတယ်ဗျ။ ကျုပ်သိ
တယ်။ ကျုပ်သူငယ်ချင်း ဘဝကူးနေပြီဆို
တာ။ ဟော ပျောက်သွားပြီဗျ။

ဟော ပျောက်သွားပြီဗျို့။ ငမိုး ပျောက်သွား
ပြီ။ ဝမ်းသာလိုက်တာဗျာ။ ကျုပ်ဖြင့် ဝမ်းသာ
လို့ကို မဆုံးနိုင်အောင် ဖြစ်သွားတာဗျို့

“တာတေ မင်းသူငယ်ချင်း ဘယ်လိုတုံး”

ကျောင်းပြန်ကြွခါနီး ဆရာတော်က ကျုပ်ကို
ကပ်မေးတယ်။ ကျုပ် မြင်နေမယ်ဆိုတာ ဆ
ရာတော် သိတယ်လေဗျာ။

“ငမိုး ကျွတ်သွားပါပြီ ဆရာတော်ဘုရား”

“မင်း သေသေချာချာ တွေ့လိုက်ရဲ့လား”

“တွေ့လိုက်ပါတယ်ဘုရား”

” အေးကွယ်၊ သာဓု၊ သာဓု၊ သာဓု”

လို့ ဆရာတော်က သာဓု သုံးကြိမ်ခေါ်ပြီး ပီတီ
ဖြစ်တဲ့ မျက်နှာနဲ့ ကျောင်းကို ပြန်ကြွသွားတယ်
ဗျ။ ကျုပ်လည်း ဝမ်းသာပြီး အလှူမှာ လုပ်စရာ
တွေ ဆက်လုပ်ရတာပေါ့ဗျာ။

ကျုပ် အိမ်ပြန်ရောက်လို့ အဘနဲ့ အမေကို
ပြောပြတော့ အဘတို့လည်း ဝမ်းသာကြ
တာပေါ့ဗျာ။

Zawgyi Version

” တေစၦေက်ာင္းတဲ့ႏြား “(စ/ဆုံး)
————————————————-
ေႏြေခါင္ေခါင္မွာ မိုးေတြ႐ြာလို႔ဗ်ာ။ တကယ့္ကို
ျဖစ္ေတာင့္ျဖစ္ခဲပဲဗ်ိဳ႕။ က်ဳပ္တို႔အညာမွာ မိုး
တြင္းေတာင္ မိုးသိပ္႐ြာတာ မဟုတ္ဘူးဗ်။ အ
ခုလို ေႏြေခါင္ေခါင္ႀကီးမွာ မိုးေတြ သဲႀကီးမဲႀကီး
႐ြာခ်ေတာ့ အားလုံး အံ့အားသင့္ေနၾကတာေပါ့
ဗ်ာ။ က်ဳပ္က ႏြားစာေကြၽးရင္းနဲ႔ မိုးေတြသဲႀကီး
မဲႀကီး ႐ြာခ်ေနတဲ့ ေကာင္းကင္မဲမဲႀကီးကို ေမာ့
ၾကည့္ေနမိတယ္။

ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနရင္းကေန
က်ဳပ္သူငယ္ခ်င္းတစ္ေယာက္ကို ခ်က္ခ်င္း
သတိရသြားတယ္ဗ်ာ။

ဒီေကာင့္နာမည္က ေႏြမိုးတဲ့ဗ်။ အခုလို ေႏြ
ေခါင္ေခါင္မွာ မိုးေတြ သဲႀကီးမဲႀကီး ႐ြာခ်ေန႔မွာ
ဒီေကာင့္ကို ေမြးတာတဲ့ဗ်။ ဒါေၾကာင့္ သူ႔အေမ
က သူ႔ကို ေႏြမိုးလို႔ နာမည္ေပးလိုက္တာတဲ့ဗ်ိဳ႕။

က်ဳပ္တို႔ကေတာ့ ဒီေကာင့္ကို ေႏြမိုးလို႔ မေခၚ
ၾကပါဘူးဗ်ာ၊ ငမိုးလို႔ပဲ ေခၚၾကတာဗ်၊ အသက္
က က်ဳပ္နဲ႔ အတူတူပဲ။ ဥာဏ္ကလည္း လႊတ္
ေကာင္းတဲ့ေကာင္ပါဗ်ာ။ ေလးတန္းအထိ ႐ြာ
ေက်ာင္းမွာ အတူတူတက္ခဲ့ၾကတာ။ ဒီေကာင္
က က်ဳပ္ထက္ ပိုၿပီး စာေတာ္တယ္ဗ်။ သခ်ၤာ
မ်ား တြက္ခိုင္းလို႔ကေတာ့ ငမိုးတို႔ ေရွ႕ဆုံးက
ၿပီးၿပီးသားပဲဗ်။

က်ဳပ္မတြက္တတ္တဲ့ သခ်ၤာေတြကို ဒီေကာင္
က ျပန္ျပေပးတာဗ်။ ဒါေပမဲ့ေလးတန္းေအာင္
ေတာ့ က်ဳပ္က ၿမိဳ႕ေက်ာင္းသြားတတ္တယ္။
ၿမိဳ႕မွာက က်ဳပ္ဘႀကီး ရွိတယ္ေလဗ်ာ။

ငမိုးတို႔မိဘေတြက လယ္ပိုင္ယာပိုင္ မရွိဘဲ
႐ြာထဲမွာ ေဘာက္လုပ္စားေနၾကရေတာ့ ဆင္း
ရဲတယ္ဗ်။ ငမိုးကို ၿမိဳ႕ပို႔ၿပီး ေက်ာင္းဆက္မ
ထားေတာ့ႏိုင္ၾကဘူး။ ဒီမွာတင္ က်ဳပ္သူငယ္
ခ်င္း ငမိုးက ေက်ာင္းထြက္ၿပီး ပိုက္ဆံရတဲ့
အလုပ္မွန္သမွ် အကုန္လုပ္ရေတာ့တာေပါ့
ဗ်ာ။ ယာထဲမွာ ေပါင္းႏႈတ္လိုက္ရတယ္။

ဟို႐ြာ ဒီ႐ြာကို လွည္းနဲ႔ သြားတဲ့သူ ရွိရင္
လွည္းေမာင္းၿပီး လိုက္ပို႔ရတယ္။ သူ႔ကို
လွည္းေမာင္းခ ပိုက္ဆံေပးတာေပါ့ဗ်ာ။ သူ
မ်ားအိမ္က ႏြားေတြကို ေတာစပ္က ႏြားစာ
က်က္မွာ သြားေက်ာင္းေပးရတယ္။ ႏြား
ေက်ာင္းခ ရတာေပါ့ဗ်ာ။

က်ဳပ္ ၿမိဳ႕ေက်ာင္းပိတ္လို႔ အိမ္ျပန္လာတဲ့ရက္
ေတြဆိုရင္ က်ဳပ္နဲ႔လည္း လာၿပီးေဆာ့တတ္
တယ္ဗ်။ ပဲႏႈတ္၊ ႏွမ္းႏႈတ္တဲ့ အခ်ိန္ဆိုရင္ ပဲ
ႏႈတ္၊ ႏွမ္းႏႈတ္ လိုက္ရတယ္။ ညဘက္ သူမ်ား
ယာမွာ ႏွမ္းေထာင္ ေစာင့္ေပးရတယ္ဗ်။ ဒီလို
နဲ႔ ငမိုးလည္း မအားလပ္ေတာ့ပါဘူးဗ်ာ။ တစ္
ခါတေလ က်ဳပ္ ၿမိဳ႕ကို ျပန္ခဲ့တာေတာင္မွ ႐ြာ
မွာ ငမိုးနဲ႔ တစ္ခါမွ မေတြ႕ခဲ့ရဘူးဗ်။

က်ဳပ္ ခုႏွစ္တန္းတက္တဲ့ႏွစ္မွာ က်ဴပ္သူငယ္
ခ်င္း ငမိုးတစ္ေယာက္ ပိုးထိၿပီး ဆုံးသြားပါ
ေရာလားဗ်ာ။ ၿမိဳ႕ကို အမွီပို႔ၾကေပမယ့္ ေႁမြ
ဆိပ္က တစ္ကိုယ္လုံး ျပန္႔ေနၿပီဆိုေတာ့ င
မိုးရဲ႕ အသက္ကို မကယ္ႏိုင္ခဲ့ၾကဘူးတဲ့ဗ်။

က်ဳပ္အိမ္ျပန္မေရာက္ခင္ ၿမိဳ႕မွာတည္းက ဒီ
သတင္းကို က်ဳပ္ၾကားတယ္။ က်ဳပ္ျဖင့္ စိတ္မ
ေကာင္းလြန္းလို႔ မ်က္ရည္ ေပါက္ေပါက္က်ခဲ့
ရတာေပါ့ဗ်ာ။ က်ဳပ္သိပ္ခင္တဲ့ သူငယ္ခ်င္း
ငမိုး ေသတာေတာင္ က်ဳပ္မွာ အသုဘ မပို႔
ႏိုင္ခဲ့ပါဘူးဗ်ာ။ က်ဳပ္တို႔တစ္႐ြာလုံးကလည္း
ငမိုးကို လႊတ္ခ်စ္ၾကတာဗ်။ ငမိုးေသေတာ့
တစ္႐ြာလုံး စိတ္မေကာင္းၾကဘူး။

အထူးသျဖင့္ က်ဳပ္ကို ေတြ႕တိုင္း ငမိုးကို သ
တိရၾကတယ္ေပါ့ဗ်ာ။ က်ဳပ္နဲ႔ ငမိုးက ကစား
ဘက္ေတြဆိုေတာ့ တပူးတြဲတြဲ ေနၾကတာ
ေလ။ ဒါေပမဲ့ ငမိုးက ေသသာေသတာ ႐ြာမွာ
ရွိေနတုန္းဗ်။ သူ႔မိဘေတြကို လုပ္ေကြၽးေန
တုန္းတဲ့ဗ်ိဳ႕။ သူေက်ာင္းေနက် ႐ြာထဲကႏြား
ေတြကို မနက္ေစာေစာ ႀကိဳးျဖဳတ္ၿပီး ႐ြာျပင္
ကို ေမာင္းထြက္သြားတာတဲ့ဗ်။ ၿပီးရင္ သူ
ေက်ာင္း ေနက် စားက်က္မွာပဲ ႏြားေတြသြား
ေက်ာင္းေရာတဲ့ဗ်ိဳ႕။

ညေနေစာင္းရင္ ႏြားေတြေမာင္းၿပီး ျပန္လာ
တာတဲ့။ သူ႔ၿခံနဲ႔သူ မမွားေအာင္ကို ျပန္ပို႔တာ
တဲ့ဗ်။ ႐ြာထဲကလူေတြ လန္႔သြားၾကတာေပါ့
ဗ်ာ။ ႏြားရွင္ေတြကလည္း စိုးရိမ္ၿပီး ငမိုး နင့္
ကို ငါတို႔ ႏြားေက်ာင္းမအပ္ေတာ့ဘူးလို႔ ေျပာ
ၾကတယ္။ အဲဒီလိုေျပာရင္ ငမိုးက အဲဒီႏြား
ေတြကို မေက်ာင္းေတာ့ဘူးတဲ့ဗ်။

ဒါေပမဲ့ ဘိုးညီေလးတို႔အိမ္ကေတာ့ ငမိုးကို
သနားလို႔ ႏြားေတြမေက်ာင္းနဲ႔ေတာ့လို႔ မေျပာ
ရက္ၾကဘူးတဲ့ဗ်ာ။ ငမိုးလည္း ဘိုးညီေလးတို႔
အိမ္က ႏြားေတြကို မနက္ေမာင္းသြား ညေန
ျပန္ပို႔ ဆက္လုပ္ေနတာတဲ့ဗ်။ ဘိုးညီေလးတို႔
ကလည္း ငမိုးရဲ႕ ႏြားေက်ာင္းခကို သူ႔အေမ
အေဖကို အၿမဲေပးသတဲ့။ သူ႔မိဘေတြကလည္း
ငမိုး သူ႔ေက်ာင္းတဲ့ ႏြားေတြကို စြဲလန္းၿပီး တ
ေစၦျဖစ္ေနမွန္းသိေတာ့ ဘိုးညီေလးတို႔ေပးတဲ့
ႏြားေက်ာင္းခေတြစုၿပီး ငမိုးအတြက္ အလႉ
အတန္း လုပ္ေပးၿပီး အမွ်အတန္း ေဝၾကတယ္
တဲ့။ ဒါေပမဲ့ ငမိုးကေတာ့ ႏြားေတြေက်ာင္းၿမဲ
ေက်ာင္းေနတာပဲတဲ့ဗ်။

ဒီေတာ့ ငမိုး မကြၽတ္ေသးဘူးေပါ့ဗ်ာ။

ဘိုးညီေလးတို႔အိမ္က ႏြားေတြဆိုတာ ငမိုး
က စားက်က္ေကာင္းေကာင္းမွာ သြားသြား
ၿပီးေက်ာင္းေပးေတာ့ ဝဖီးေနတာတဲ့ဗ်ာ။ ႐ြာ
ကလူေတြကေတာင္ ေျပာၾကသတဲ့။ တေစၦ
ေက်ာင္းတဲ့ ႏြားေလာက္ေတာင္ မင္းတို႔
ေက်ာင္းတဲ့ ႏြားေတြက မဝပါလားကြလို႔။

က်ဳပ္ကေတာ့ က်ဳပ္သူငယ္ခ်င္း တေစၦျဖစ္
ေနတယ္ဆိုတာ ၾကားေတာ့ စိတ္မေကာင္း
ဘူးေပါ့ဗ်ာ။ ယာထဲမွာ ေပါင္းႏႈတ္၊ ပဲႏႈတ္၊
ႏွမ္းႏႈတ္ လုပ္ရင္လည္း ငမိုးက ဝိုင္းကူလုပ္
ေပးတာတဲ့ဗ်။ ညတည္းက ပဲေတြႏႈတ္ထား၊
ႏွမ္းေတြႏႈတ္ထားတာတဲ့ဗ်။ ဒီေတာ့လည္း
႐ြာသားေတြက ထမင္းစားခ်ိန္ေရာက္ရင္
ငွက္ေပ်ာဖက္ကေလးနဲ႔ ထမင္းဟင္းေတြ
ထည့္ၿပီး ငမိုးကို ေကြၽးၾကသတဲ့ဗ်ိဳ႕။

ပထမေတာ့ က်ဳပ္သူငယ္ခ်င္း တေစၦငမိုးကို
ေၾကာက္ၾကတာေပါ့ဗ်ာ။ လူဆိုတာ တေစၦ
မေၾကာက္တဲ့သဘာဝ ရွိတယ္မို႔လား။ ဒါေပ
မဲ့ တျဖည္းျဖည္းနဲ႔ မေၾကာက္ၾကေတာ့ဘဲ
ငမိုးကို ေကြၽးၾက ေမြးၾကတာဗ်။ အလႉအ
တန္းလုပ္ရင္လည္း ငမိုးကို တစ္ေနရာမွာ
သြားၿပီး ေခၚေကြၽးၾကတယ္။

ၿပီးရင္ ကုသိုလ္ကို ငမိုးနာမည္ေခၚၿပီး အမွ်
ေပးၾကတယ္ဗ်။ ဒါေပမဲ့လည္း က်ဳပ္သူငယ္
ခ်င္းက ခုထိ မကြၽတ္မလြတ္ႏိုင္တာ ဘာ
ေၾကာင့္မွန္းကို မသိပါဘူးဗ်ာ။ တစ္ခါေတာ့
က်ဳပ္တို႔ ထေနာင္းကုန္းမွာ ထူးထူးဆန္းဆန္း
ျဖစ္တယ္ဗ်ိဳ႕။ ငမိုး ေက်ာင္းေနတဲ့ ႏြားေတြ
ထဲက တစ္ေကာင္ကို ဘိုးညီေလးက တျခား
႐ြာကလူကို ေရာင္းလိုက္တယ္။

ဒါကို ငမိုးက မႀကိဳက္ဘူးဗ်။ မႀကိဳက္႐ုံတင္
မဟုတ္ဘူး။ စိတ္ေတာ္ေတာ္ ဆိုးသြားတာဗ်။
ဘိုးညီေလးတို႔အိမ္က ေရခြက္ေတြကို တြန္း
ခ်တယ္။ ေရပုံးေတြကို တြန္းလွဲပစ္တယ္။

“ငမိုးရယ္၊ တင္းကုတ္ထဲမွာ ႏြားေတြမ်ားေန
ေတာ့ က်ပ္ညပ္ေနလို႔ ဘိုးက ေရာင္းလိုက္
တာပါၾကာ”

လို႔ ဘိုးညီေလးက ငမိုး စိတ္ဆိုးမွန္းသိလို႔
ေခ်ာ့ေမာ့ေျပာတယ္ဗ်။ ညေရာက္ေတာ့ ငမိုး
က ႏြားဝယ္သြားတဲ့႐ြာကို လိုက္သြားၿပီး သူ႔
ႏြားကို ျပန္ဆြဲလာတယ္ဗ်။ မနက္က်ေတာ့
ဟို႐ြာက လူက ႏြားေပ်ာက္ေတာ့တာေပါ့ဗ်ာ
ဒါနဲ႔ ဘိုးညီေလးဆီကို လာၾကည့္ေတာ့ ႏြား
က တင္းကုတ္ထဲ ျပန္ေရာက္ေနတယ္။

ဟိုလူက တစ္ခါ ႏြားကို ျပန္ဆြဲသြားတာေပါ့
ဗ်ာ။ ညေရာက္ေတာ့ ငမိုးက သူ႔ႏြားကို ျပန္
ဆြဲလာတာပဲဗ်။ ဒီလိုနဲ႔ သုံးေလးခါျဖစ္ေတာ့
ႏြားဝယ္တဲ့လူက ေျပာသတဲ့။

“ဘိုးညီေလးရယ္၊ က်ဳပ္လည္း ညဆိုရင္ ႏြား
ကို ေသေသခ်ာခ်ာ ခ်ည္ထားတာပါပဲဗ်ာ။
ႀကိဳးက ဘယ္လိုျဖစ္လို႔ ျပဳတ္သြားတယ္ မ
သိပါဘူး။ တစ္ေယာက္ေယာက္မ်ား လာၿပီး
ဆြဲသြားလားလို႔ေတာင္ ထင္ရတယ္ဗ်ိဳ႕”

ဒီေတာ့ ဘိုးညီေလးက အဲဒီလူကို ေျပာရ
တာေပါ့ဗ်ာ။

“ကဲ…ရင္ေမာင္ေရ၊ ဒီႏြားက ဒီေလာက္ျဖစ္ေန
တာ မင္းလည္း ပင္ပန္းလွၿပီ၊ ဒီေတာ့ မင္းေပး
ထားတဲ့ ႏြားဖိုးကိုသာ ျပႏ္ုၿပီး ယူသြားပါေတာ့
ၾကာ”

လို႔ ေျပာၿပီး ႏြားဖိုးကို ျပန္ေပးလိုက္ရတယ္တဲ့
ဗ်ိဳ႕။ အဲဒီကတည္းက ဘိုးညီေလးလည္း ႏြား
မေရာင္းရဲေတာ့ဘူးတဲ့ဗ်ိဳ႕။ ဒီေတာ့မွ က်ဳပ္
ေတြးမိသြားတာဗ်။ ဒီေကာင္ ငမိုး၊ တေစၦျဖစ္
ေနတာ ႏြားေတြကို သံေယာဇဥ္ ျဖစ္ေနလို႔ဆို
တာ။ ဒီေကာင္က ငယ္ငယ္ေလးကတည္းက
ႏြားကို လႊတ္ခ်စ္တာဗ်။

က်ဳပ္နဲ႔ ကစားရင္ ႏြားေတြအေၾကာင္း ခဏ
ခဏ ေျပာတတ္တယ္။ ဘယ္သူ႔အိမ္က ႏြား
က ဘယ္လိုေကာင္းတာ။ ဘယ္အိမ္က ႏြား
က ဘာေဗြပါတာ၊ ေဗြဆိုးပါရင္ ျဖစ္တတ္တဲ့
ႏြားရဲ႕အက်င့္၊ ဒါေတြကို ဒီေကာင္က ငယ္
ငယ္ကတည္းက သိေနတာဗ်။ သူက ႏြား
ခ်စ္တဲ့ အေကာင္ဆိုေတာ့ လူႀကီးေတြ ေျပာ
တာကို အၿမဲမွတ္ထားတာေပါ့ဗ်ာ။

ေနာက္တစ္ခုက ငမိုးတို႔မိဘေတြက လက္
လုပ္လက္စားေတြဆိုေတာ့ ႏြားမရွိၾကဘူးေလ
ဗ်ာ။ ဒီေတာ့ ငမိုးက သူမ်ားႏြားေတြကိုပဲ ခ်စ္
ေနရတာဗ်။ ဒါေၾကာင့္ ႏြားေက်ာင္းရတဲ့ အ
လုပ္ကို ငမိုးက သိပ္ႀကိဳက္တာ။ ႏြားေတြနဲ႔
သြားလာေနရရင္ ဒီေကာင္ ေပ်ာ္ေနတာဗ်။

တိရစာၦန္ဆိုတာကလည္း အသိရွိတာပဲဗ်။
ငမိုးက သူတို႔ကို ခ်စ္မွန္းသိေတာ့ သူတို႔က
လည္း ငမိုးကို ခ်စ္ၾကတယ္ဗ်။ ႐ြာထဲက ႏြား
တင္းကုတ္ေတြထဲကို ငမိုး ဝင္လာရင္ ႏြား
ေတြ အကုန္လုံး လႈပ္လႈပ္ရွားရွား ျဖစ္ကုန္
ၿပီး ဒီေကာင့္ကို ေခါင္းႀကီးေတြငုံ႔ၿပီး ငမိုးရဲ႕
အပြတ္အသပ္ကို ခံၾကတာ။ ၿပီးေတာါ ငမိုး
က ငယ္ငယ္ေလးကတည္းက အမဲသား
မစားဘူးဗ်။ သူ႔မိဘက ဘယ္လိုေကြၽးေကြၽး
လုံးဝကို မစားတာ။

ႏြားေတြ လႊတ္ခ်စ္တတ္တဲ့ ငမိုး။ ႏြားသား
လုံးဝမစားတဲ့ ငမိုး။ ေသတဲ့အခါက်ေတာ့
သူေက်ာင္းရတဲ့ ႏြားေတြကို စြဲလန္းတဲ့ စိတ္နဲ႔
တေစၦျဖစ္သြားတာေပါ့ဗ်ာ။ က်ဳပ္လည္း စိတ္
မေကာင္း႐ုံက လြဲလို႔ ဘာမွမလုပ္တတ္ဘူး
ေပါ့ဗ်ာ။ ငမိုးေက်ာင္းတဲ့ ႏြားေတြဆိုတာ အ
စားဝေတာ့ ဝဖီးေနတာေပါ့ဗ်ာ။

ငမိုးက တေစၦဆိုေတာ့ ဘယ္နားမွာ ျမက္ႏု
ေတြရွိတယ္ဆိုတာ သိေနမွာေပါ့ဗ်ာ။ သူ႔ႏြား
ေတြကို ျမက္ႏုေတြ အၿမဲေကြၽးေတာ့ ႏြားေတြ
က ဝေတာ့တာေပါ့ဗ်ာ။သူေက်ာင္းတဲ့ ႏြားေတြ
ကေတာ့ သူ႔ကို ျမင္ၾကပုံပဲဗ်။

သူေျပာတာလည္း ၾကားတဲ့ပုံပဲ။ အံ့ေတာ့ အံ့
ၾသစရာေပါ့ဗ်ာ။ တေစၦျဖစ္တာေတာင္ မိဘ
ကို ႏြားေက်ာင္းေကြၽးတဲ့ေကာင္ဗ်။ ဒီလိုလူမ်ိဳး
ေလာကမွာ က်ဳပ္သူငယ္ခ်င္း ငမိုးတစ္ေယာက္
ပဲ ရွိမယ္ထင္ပါတယ္ဗ်ာ။

ေနာက္ေတာ့ က်ဳပ္က ဆရာႀကီးေတြနဲ႔ေတြ႕
ၿပီး သူတို႔ကိစၥေတြကူလုပ္၊ ခိုင္းတာမွန္သမွ်
မညည္းမညဴ လုပ္ေပးဆိုေတာ့ ဆရာႀကီး
ေတြက က်ဳပ္ကို ေဆးေတြ ဝါးေတြ ခ်ီးျမႇင့္
ၾကတယ္။ မ်က္ကြင္းေဆးလည္း ပါတာေပါ့
ေလ။မ်က္ကြင္းေဆး ရၿပီးတဲ့ ေနာက္မွ က်ဳပ္
နာနာဘာဝေတြကို ျမင္ႏိုင္တာေပါ့ဗ်ာ။

ဒါေတြ အားလုံး ခင္ဗ်ားလည္း သိၿပီးသား
ေတြပါ။ က်ဳပ္ဆိုတဲ့ ေကာင္ကလည္း ေနရာ
တကာ လႊတ္စပ္စုတဲ့ ေကာင္ေလဗ်ာ။ မ်က္
ကြင္းေဆး ရတာနဲ႔ က်ဳပ္က က်ဳပ္သူငယ္
ခ်င္း ငမိုးကို ရွာေတာ့တာေပါ့ဗ်ာ။

မနက္ေစာေစာ ဘိုးညီေလးရဲ႕ ႏြားေတြကို
ငမိုးထုတ္ၿပီး စားက်က္ကို သြားတယ္။ သူ
သြားတဲ့ စားက်က္ကို က်ဳပ္ေနာက္က လိုက္
သြားတယ္။ ပထမေတာ့ က်ဳပ္ သူ႔ကို ျမင္ေန
တာကို ငမိုး မသိဘူးဗ်။ က်ဳပ္လိုက္လာတာ
ကို လွည့္ၾကည့္ လွည့္ၾကည့္ လုပ္ရင္းနဲ႔ ႏြား
ေတြ ေမာင္းသြားတယ္။ ႏြားေတြကို စား
က်က္ထဲ လႊတ္ၿပီးေတာ့ ကတက္ပင္ႀကီး
ေအာက္မွာ သြားထိုင္ေနတယ္ဗ်။

ငမိုး ေသတုန္းက သူမႈတ္ေနက် ေၾကးပုေလြ
ေလးက က်ဳပ္အိမ္မွာ က်န္ခဲ့တာဗ်။ က်ဳပ္က
ငမိုးေနာက္ကို လိုက္ဖို႔ ႀကံကတည္းက ပု
ေလြေလးကို ခါးမွာထိုးလာခဲ့တာ။ ငမိုးထိုင္
ေနတဲ့ ကတက္ပင္ႀကီးနဲ႔ မလွမ္းမကမ္းက
ဝါး႐ုံေအာက္မွာ က်ဳပ္က ဝင္ထိုင္လိုက္ၿပီး
ေၾကးပုေလြေလးကို ထုတ္လိုက္တယ္။ ငမိုး
ကို က်ဳပ္က မသိမသာ ၾကည့္ေနတာေပါ့ဗ်ာ
ဒါေပမဲ့ သူ႔ကို မျမင္တဲ့ပုံနဲ႔ ေနရတာဗ်ိဳ႕။

ငမိုး မႈတ္ေနက် က်ေတာ္မမပုသိမ္သူဆိုတဲ့
သီခ်င္းကို က်ဳပ္က ပုေလြနဲ႔ မႈတ္လိုက္တယ္။
ငမိုး က်ဳပ္ကို စိုက္ၾကည့္ေနတယ္ဗ်ိဳ႕။ သိပ္မ
ၾကာဘူးဗ်။ ဒီေကာင္ ကတက္ပင္ေအာက္က
ထလာၿပီး က်ဳပ္နားမွာ လာရပ္တယ္။ က်ဳပ္ကို
လည္း စိုက္ၾကည့္ေနတယ္။

ဒီေတာ့မွ က်ဳပ္က ပုေလြမႈတ္တာကို ရပ္လိုက္
ၿပီး သူ႔ကို ျပန္ၿပီး ၾကည့္လိုက္တယ္။ ဒီေတာ့မွ
ငမိုး သေဘာေပါက္သြားတာဗ်ိဳ႕။ က်ဳပ္ သူ႔ကို
ျမင္မွန္း သူသိသြားတာ။ ငမိုးက အရမ္းကို အံ့
ၾသသြားၿပီး က်ဳပ္ကို ၾကည့္ေနတယ္ဗ်။ တေစၦ
ဆိုေပမယ့္ အကုသိုလ္ေၾကာင့္ ျဖစ္တာမဟုတ္
ဘဲ ႏြားေတြကို စြဲလန္းတဲ့စိတ္ေၾကာင့္ ျဖစ္တာ
ဆိုေတာ့ ငမိုးက ပုံပ်က္ပန္းပ်က္ မဟုတ္ဘူးဗ်။
နဂိုပုံစံအတိုင္းပါပဲ။ အဝတ္အစားကလည္း သူ
ဝတ္ေနက် ပုဆ္ုးအက်ႌေလး ဝတ္လို႔ပဲဗ်။

“တာေတ၊ မင္း ငါ့ကို ျမင္ရတယ္ ဟုတ္လား”

က်ဳပ္က ဘာမွျပန္မေျပာဘဲ ေခါင္းပဲညိတ္ျပ
လိုက္တယ္

“ဟာ …ငါ အံ့ၾသလိုက္တာကြာ”

“မအံ့ၾသနဲ႔ ငမိုး၊ ငါဒီအတိုင္း ျမင္ရတာ မ
ဟုတ္ဘူး၊ ဆရာႀကီးေတြ ေပးထားတဲ့ မ်က္
ကြင္းေဆးေၾကာင့္ ျမင္ရတာကြ”

“ဘာ မ်က္ကြင္းေဆး ဟုတ္လား တာေတ”

“ေအး ဟုတ္တယ္၊ ေသြးၿပီးေတာ့ မ်က္စိကို
ကြင္းရင္ အားလုံးျမင္ရတယ္၊ နားမွာလိမ္းၿပီး
ဂါထာ႐ြတ္ရင္ နားကပါ ၾကားရတယ္”

“ေဟ…ဟုတ္လား၊ အခု ငါေျပာတာေတြ
မင္းၾကားတယ္ေပါ့ ဟုတ္လား”

“ဟေကာင္ ငမိုးရဲ႕၊ ငါၾကားလို႔ မင္းကို ျပန္
ေျပာေနတာေပါ့ကြ”

“ဝမ္းသာလိုက္တာကြ၊ ငါေသၿပီးကတည္းက
ဘယ္မွာ မသြားဘဲ ႐ြာမွာေနတာကြ၊ မင္း ၿမိဳ႕
က ျပန္လာရင္ မင္းဆီကိုလည္း ငါအၿမဲလာ
ပါတယ္၊ မင္းက ငါ့ကို မျမင္ဘူးေလ”

“အဲဒီတုန္းက ငါ့မွာ မ်က္ကြင္းေဆး မရွိေသး
ဘူးေလကြာ၊ အခုမွ မ်က္ကြင္းေဆး ရလာ
တာကြ ငမိုးရဲ႕”

“မင္းေဆးက ေတာ္ေတာ္ကို စြမ္းတာပဲ
တာေတ”

“ေအး၊ ဆရာႀကီးေတြ ခ်ီးျမႇင့္ထားတာကိုး
သူငယ္ခ်င္းရဲ႕၊ စြမ္းတာေပါ့ကြာ၊ မင္းကို
ေတာ့ ငါ ခ်ီးက်ဴးပါတယ္ ငမိုးရာ”

“ေဟ…ဘာျဖစ္လို႔တုံးကြ တာေတရ”

“မင္းက ေသၿပီးတာေတာင္ မိဘကို ႏြား
ေက်ာင္းၿပီး ေကြၽးတဲ့ေကာင္ေလကြာ၊ ၿပီး
ေတာ့ ႐ြာသားေတြကို ႏွမ္းေတြ ပဲေတြ ကူ
ႏႈတ္ေပးေတာ့ သူတို႔က ေက်းဇူးတင္ၿပီး
ဆုံသားရတဲ့အခါဆိုရင္ မင္းတို႔အိမ္အတြက္
ပို႔ေပးၾကတာကြ”

က်ဳပ္ေျပာတာကို ငမိုးက ဘာမွျပန္မေျပာ
ဘဲ ၿငိမ္ၿပီး နားေထာင္ေနတယ္ဗ်

“ဒါထက္ ငါ မသိလို႔ ေမးပါဦးမယ္ ငမိုးရဲ႕”

“ေဟ…ဘာတုံးကြ တာေတရ”

“႐ြာကလူေတြ အလႉအတန္းလုပ္တိုင္း မင္း
နာမည္တပ္ၿပီး အမွ်ေဝၾကတာ မင္း သာဓု
မေခၚႏိုင္ဘူးလား”

“ငါ ဘာမွ မေခၚႏိုင္ခဲ့ဘူး တာေတ၊ သူတို႔
အဲဒီလို အမွ်ေဝေပမယ့္ ငါ တစ္ခါမွ မၾကား
ရဘူးကြ၊ ငါ့မွာ အကုသိုလ္ေတြ ရွိေနေသး
လို႔ ျဖစ္မွာေပါ့ကြာ”

“ေၾသာ္…ျဖစ္မွျဖစ္ရေလ သူငယ္ခ်င္းရာ၊ ဒါ
ထက္ ေနပါဦး ငမိုးရဲ႕၊ မင္းမွာ တေစၦသူငယ္
ခ်င္းေတြ ဘာေတြေရာ မရွိဘူးလားကြ”

“ဟာ ရွိတာေပါ့ကြ၊ ႐ြာေနာက္ဘက္က သ
ခ်ႋဳင္းကုန္းသြားတဲ့လမ္းမွာ သရက္ပင္ႀကီး
တစ္ပင္ ရွိတယ္မို႔လား၊ အဲဒီသစ္ပင္မွာ ငါ့
ကို ေနရာေပးထားတာကြ”

“ေဟ…ဘယ္သူက မင္းကို ေနရာေပး
တာတုံး”

“ဒီလိုကြ၊ ငါ ပိုးထိၿပီးေသေတာ့ ငါ့ကိုယ္ငါ
ေသမွန္း မသိဘူး၊ ငါယာထဲမွာ အိပ္ေပ်ာ္ေန
တာ၊ ငါ့ကို တစ္ေယာက္,ေယာက္က လာႏႈိး
သလို ထင္လို႔ မ်က္လုံးဖြင့္ၾကည့္ေတာ့ ဝတ္
ျဖဴစင္ၾကယ္နဲ႔ ဘိုးဘိုးတစ္ေယာက္ကြ၊ အဲဒီ
ဘိုးဘိုးက ငါကို’လူေလး ငမိုး ထေတာ့ကြဲ႕၊
မင္း ေနရမယ့္ေနရာကို ဘိုးဘိုး လိုက္ပို႔မယ္
ဆိုၿပီး အဲဒီသရက္ပင္ကို ေခၚသြားတယ္”

“ေနပါဦး ငမိုးရဲ႕၊ မင္းအိပ္ေပ်ာ္ေနတာ ဘယ္
ေလာက္ေတာင္ ၾကာသြားတာတုံး၊ ႐ြာမွာ မင္း
အတြက္ ဆြမ္းသြတ္တာေတြ အမွ်ေဝတာ
ေတြ မင္း မသိဘူးလား”

“ေဟ့ေအး ၊ ငါ ဘာမွ မသိဘူးကြ၊ ငါ အိပ္
ေပ်ာ္သြားတာ ဘယ္ေလာက္ၾကာမွန္းလည္း
မသိဘူး”

“ေအး ေျပာပါဦး၊ အဲဒီသရက္ပင္ႀကီးကို
ေရာက္ေတာ့ ေစာေစာကေျပာတဲ့ ဘိုးဘိုး
က ဘာေျပာတုံး”

“ေတာင္ဘက္ထြက္ေနတဲ့ သရက္ကိုင္းအ
ႀကီးႀကီးမွာေနတဲ့ တေစၦႀကီးတစ္ေကာင္ကို
ေခၚၿပီးငါ့ကို အဲဒီသစ္ကိုင္းမွာ ေခၚထားဖို႔၊ ငါ့
ကို ေစာင့္ေရွာက္ဖို႔ ေျပာတယ္၊ အဲဒီတေစၦႀကီး
က ငါ့ကိုေစာင့္ေရွာက္တယ္ကြ တာေတရ၊ ငါ
က ေန႔ခင္းဘက္ ႏြားေက်ာင္းၿပီး ညဘက္ဆို
ရင္ ဒီသရက္ပင္ႀကီးမွာ ေနရတာကြ”

“မင္း ဒီသစ္ကိုင္းႀကီးမွာ အိပ္ရတာေပါ့ ဟုတ္
လား ငမိုး၊ သစ္ကိုင္းမွာ မင္းအိပ္လို႔ရလို႔လား”

“တာေတ၊ ငါတို႔တေစၦေတြမွာ အိပ္တယ္လို႔
မရွိဘူးကြ၊ ဘာမွမေတြးဘဲ ၿငိမ္ေနလိုက္ရင္
အိပ္လိုက္သလို ျဖစ္သြားတာပဲကြ”

“ဒါဆိုရင္ ညတိုင္း မင္း ဒီသရက္ပင္ႀကီးကို
ဖက္တက္ေနရတာေပါ့ ဟုတ္လား ငမိုး”

“ဟာ၊ ဒီေကာင္တာေတႏွယ္၊ တေစၦပါဆိုမွ
သရက္ပင္ကို ဖက္တက္ေနရဦးမွာလားကြ၊
စိတ္ၫႊတ္လိုက္တာနဲ႔ သစ္ကိုင္းေပၚကို
ေရာက္သြားတာေပါ့ကြ”

“ေဟ…ဟုတ္လား”

“မင္း…မယုံရင္ ဒီမွာၾကည့္၊ ငါ လုပ္ျပမယ္”

ငမိုးက ဖ်တ္ကနဲ ေပ်ာက္သြားတယ္ဗ်။ က်ဳပ္
က ဟိုၾကည့္ ဒီၾကည့္ ၾကည့္ေနတုန္းပဲ ရွိေသး
တယ္။

“တာေတ၊ ငါ ဒီေပၚမွာကြ”

ငမိုးအသံၾကားလို႔ ေမာ့ၾကည့္လိုက္ေတာ့ ဒီ
ေကာင္ ငမိုး ကတက္ပင္ႀကီးရဲ႕ သစ္ကိုင္း
တစ္ကိုင္းမွာ ထိုင္လို႔ဗ်။ က်ဳပ္လွမ္းၾကည့္
လိုက္တဲ့အခ်ိန္မွာပဲ ဖ်က္ကနဲ ေပ်ာက္သြား
ေရာဗ်ိဳ႕။ က်ဳပ္လည္း ဟိုၾကည့္ ဒီၾကည့္
လုပ္တုန္းရွိေသးတယ္။

“တာေတ ငါ ဒီမွာ”

ငမိုးက က်ဳပ္ေနာက္ဘက္မွာ ရပ္လို႔ဗ်။ က်ဳပ္
ဒီေကာင့္လက္ကို လွမ္းဆြဲလိုက္တယ္။ ဘာ
ကိုမွ မဆြဲမိဘူးဗ်။ ေလကိုပဲ ကိုင္မိတာ။

“ဟာ တာေတ၊ ငါတို႔ကို ကိုင္လို႔ ဘယ္ရ
မလဲၾက”

က်ဳပ္နဲ႔ ဒီေကာင္နဲ႔ ေျပာေနၾကတုန္းမွာ ငမိုး
မ်က္ႏွာ ပ်က္သြားတယ္ဗ်။

“ေဟ့ေကာင္ ငမိုး ဘာျဖစ္လို႔တုံး”

“နားကားႀကီးကြ၊ ဘန္႔ေဘြးပင္ႀကီးမွာေနတဲ့
အေကာင္၊ ဒီေကာင္ႀကီးက တစ္ခါ တစ္ခါ
တို႔ဘက္ကို က်ဴးေက်ာ္ၿပီး ေရာက္လာတတ္
တယ္ကြ၊ ေရာက္လာရင္ ေတြ႕သမွ် တေစၦ
သရဲေတြကို အကုန္လုံး ထု႐ိုက္ၿပီး ႏွိပ္စက္
သြားတာကြ”

က်ဳပ္ ငမိုးေျပာတဲ့ နားကားႀကီးဆိုတဲ့ သရဲ
ႀကီးကို လွမ္းၾကည့္လိုက္ေတာ့ အေကာင္
ႀကီးက အႀကီးႀကီးဗ်။ နား႐ြက္ႀကီးႏွစ္ဖက္
က ဖ်ာႀကီးႏွစ္ခ်ပ္ကိုပဲ ေဘးကိုကားထြက္
ေနတာဗ်။ ဆင္ႀကီးေတြရဲ႕ နား႐ြက္ကို တ
ဖ်ပ္ဖ်ပ္ ခတ္ေနတယ္။

ေခါင္းႀကီးက အႀကီးႀကီးမွာ ပါးစပ္ေပါက္က
ေသးေသးေလးဗ်။ တစ္ကိုယ္လုံး အေမြး
မည္းမည္းႀကီးေတြ ဖုံးေနတယ္။ မ်က္လုံး
ႀကီး ႏွစ္လုံးက ပန္းကန္လုံးႀကီးေတြလို ျပဴး
ၿပီးထြက္ေနတာဗ်ိဳ႕။

“ဒီေကာင္ အစာစားေတာ့ ဘယ္လိုစားတုံး
ကြ ငမိုးရဲ႕”

“ငွက္ေပ်ာဖက္ကို လိပ္ၿပီး ကန္ေတာ့လို လုပ္
ရတယ္ကြ၊ ၿပီးေတာ့မွ အဲဒီငွက္ေပ်ာဖက္ကန္
ေတာ့ထဲကေန အစာေတြကို ထည့္ၿပီး ျဖည္း
ျဖည္းေလး စုပ္စားရတာ”

ခဏေနေတာ့ နားကားႀကီးက က်ဳပ္နဲ႔ စကား
ေျပာေနတဲ့ ငမိုးကို ျမင္သြားၿပီး ရပ္ၾကည့္ေန
တယ္ဗ်။ ခဏေနေတာ့ သူ႔လက္ဝါးအႀကီး
ႀကီးနဲ႔ ငမိုးကို လက္ယက္ေခၚတယ္။

“ဟာ ငါ့ကို ေခၚေနၿပီ တာေတရ၊ အဲဒါ ငါ
သြားရင္ ငါ့ကို ထုေထာင္း႐ိုက္ပုတ္ လုပ္
ေတာ့မွာကြ”

“ေဟ၊ မသြားရင္ေရာကြာ”

“မသြားရင္ ေဒါသေတြျဖစ္ၿပီး ငါ့ကို အတင္း
လိုက္ဖမ္းၿပီး ႐ိုက္တာကြ”

“ေၾသာ္ …ဒီလိုလား၊ မင္း မေၾကာက္နဲ႔ ငမိုး၊
မင္းအစား ငါသြားလိုက္မယ္”

“ဟာ မလုပ္ပါနဲ႔ တာေတ၊ နားကားႀကီးက
ေတာ္ေတာ္ဆိုးတာေနာ္၊ မင္း အႏၲရာယ္ျဖစ္
သြားလိမ့္မယ္”

“ဘာမွမစိုးရိမ္နဲ႔ ငမိုး၊ ငါ့မွာ သစ္စုန္းေဆး
ေတာ္ပါတယ္”

က်ဳပ္က ေျပာေျပာဆိုဆိုနဲ႔ လည္ပင္းမွာ ဆြဲ
ထားတဲ့ ကတၱီပါအိတ္ရႈံ႕ေလးထဲက သစ္စုန္း
ေဆးေတာင့္ကို ထုတ္ယူလိုက္တယ္။ ဟာ ၊
ငမိုး လြင့္သြားၿပီဗ်ိဳ႕။ က်ဳပ္က သတိမထားမိ
ဘဲ ေဆးေတာ္ကို ထုတ္လိုက္တာ။

ေဆးေတာ္ရဲ႕အစြမ္းကို ငမိုး မခံႏိုင္ဘဲ လြင့္
သြားတာဗ်ိဳ႕။ က်ဳပ္က ေဆးေတာ္ကို လက္မွာ
ကိုင္ၿပီး နားကားႀကီးဆီကို တည့္တည့္သြား
လိုက္တယ္။နားကားႀကီးကလည္း သူ႔ကို က်ဳပ္
ျမင္ေနရတာကို အံ့ၾသသြားတယ္ဗ်။

ဒါေပမဲ့ လက္သီးႀကီး ႏွစ္ဖက္ဆုပ္ၿပီး က်ဳပ္ဆီ
ကို ေျပးလာတာဗ်ိဳ႕။ က်ဳပ္ကလည္း လက္ထဲ
က သစ္စုန္းေဆးေတာ္ကို ေရွ႕ထုတ္ၿပီး ျပ
လိုက္ေတာ့ တစ္ရွိန္ထိုး ေျပးလာတဲ့ နားကား
ႀကီး ဘုန္းကနဲ ဖင္ထိုင္လ်က္ လဲက်သြားတယ္
ဗ်။ က်ဳပ္က သစ္စုန္းေဆးေတာ္ကို ကိုင္ၿပီး သူ
ျမင္သာေအာင္ ျပလိုက္ေတာ့ ဒီေကာင္ႀကီး မ
ၾကည့္ရဲ႕ဘူးဗ်။ မ်က္စိေတြကို လက္နဲ႔ အုပ္
ထားတယ္။ ခဏေနေတာ့ ကုန္းကုန္းႀကီး ထ
လာၿပီး က်ဳပ္ကို ၾကည့္ေနတယ္။

“ေဟ့ နားကားႀကီး၊ ငါ့နာမည္ တာေတကြ၊ ထေနာင္းကုန္းမွာ ေနတာ မင္း မွတ္ထား၊ ငါ့ဆရာႀကီးေတြက အထက္ပုဂၢိဳလ္ႀကီးေတြ
ခ်ည္းပဲကြ နားကားႀကီးရဲ႕၊ မင္းကို ဒီနယ္ပယ္
ကေန အၿပီးႏွင္ထုတ္လိုက္လို႔ ရတယ္၊ ၾကား
လား နားကားႀကီး”

နားကားႀကီးက ေခါင္းညိတ္ျပတယ္ဗ်။

“ေဟာဒီ တေစၦ ငမိုးက ငါ့သူငယ္ခ်င္းကြ၊ မင္း
သူ႔ကို အႏိုင္က်င့္ရင္ မင္းကို နယ္ႏွင္ပစ္မယ္
ၾကားလား၊ ငါသူငယ္ခ်င္းကို ေနာက္ထပ္
ဘယ္ေတာ့မွ အႏိုင္မက်င့္နဲ႔၊ ၾကားလား နား
ကားႀကီး”

က်ဳပ္က လက္ထဲက သစ္စုန္းေဆးေတာင့္နဲ႔
ပစ္မလို႔လုပ္လိုက္ေတာ့ နားကားႀကီး ေနာက္
လွည့္ၿပီး ေျပးေရာဗ်ိဳ႕။ေျပးတာမွ ကြၽဲႀကီးတစ္
ေကာင္ ကစုန္ေပါက္ၿပီးေျပးသလိုကို ေျပး
တာဗ်ိဳ႕။ ဒီေတာ့မွ က်ဳပ္က သစ္စုန္းေဆး
ေတာ္ကို ကတၱီပါအိတ္ထဲ ျပန္ထည့္လိုက္ၿပီး
ေတာ့ …

“ငမိုး သူငယ္ခ်င္း လာ၊ မင္းေကာင္ႀကီး ေျပး
ၿပီကြ၊ လာ”

က်ဳပ္က ေခၚေပမယ့္ ငမိုးက က်ဳပ္နားကို မ
ကပ္ရဲေတာ့ဘူးဗ်။

“လာပါကြ၊ ငါ ေဆးေတာ္ႀကီးကို အိပ္ထဲ ျပန္
ထည့္လိုက္ပါၿပီ”

ဒီေတာ့မွ ဒီေကာင္ က်ဳပ္နားကို ကပ္လာတာ
ဗ်ိဳ႕။ က်ဳပ္နဲ႔ ငမိုး ေအးေအးေဆးေဆးထိုင္ၿပီး
စကားဆက္ေျပာၾကတယ္။

“ေ႐ႊေတာင္ဦးဘုရားပြဲရက္ဆိုရင္ ငါတို႔တေစၦ
ေတြ လႊတ္ေပ်ာ္ၾကတာကြ တာေတရ”

“ေဟ…ဟုတ္လား၊ ဘာေၾကာင့္တုံး ငမိုးရဲ႕”

“ဆြမ္းေတာ္ကပ္တဲ့ ထမင္းဟင္းေတြ၊ မုန္႔ပဲသ
ေရစာေတြကို သင္ပုတ္ေပၚမွာ လာတင္တာ
ေလကြာ။ အဲဒါဆိုရင္ တေစၦသရဲေတြက စား
ခြင့္ရွိၾကတယ္ကြ၊ အဲဒီမွာ ဝမ္းသာအားနဲ႔ ေပ်ာ္
ေပ်ာ္ပါးပါး စားၾကရတာေပါ့ကြာ၊ ဒီနယ္ကတင္
မကဘူးကြ၊ တျခားနယ္က တေစၦေတြ၊ သရဲ
ေတြပါ လာၿပီး စားၾက ေသာက္ၾကတယ္ကြ။
စားေသာက္တဲ့အခါမွာ ရန္မျဖစ္ရဘူးကြ၊ သ
ရဲထိန္းေတြက ဆူးခက္တပ္ထားတဲ့ တင္း
ပုတ္ႀကီးေတြ ထမ္းၿပီး ေစာင့္ေပးရတယ္။ ရန္
ျဖစ္တဲ့ သရဲေတြ တေစၦေတြကို ဆူးခက္တင္း
ပုတ္ႀကီးေတြနဲ႔ ႐ိုက္ပုတ္ၿပီး အၿပီးေမာင္းထုတ္
လိုက္တာကြ။ ဘယ္ေတာ့မွ ျပန္မလာရေတာ့
ဘူး။(သင္ပုတ္ဆိုတာ ဆြမ္းေတာ္စြန္႔တဲ့အုတ္
ခုံကို ေခၚတာဗ်) အဲဒါကို ေၾကာက္လို႔ သရဲ
ေတြ တေစၦေတြက ရန္မျဖစ္ၾကဘူးေဟ့။အား
လုံး သင့္သင့္ျမတ္ျမတ္နဲ႔ မွ်မွ်တတ စားၾက
ရတယ္။ တျခား႐ြာေတြမွာ ဘုရားပြဲေတြ၊ ဆြမ္း
ေတာ္ႀကီးကပ္ပြဲေတြ ရွိရင္လည္း ငါတို႔သြား
စားခြင့္ရွိတယ္ကြ။ ဒါေပမဲ့ ကိုယ့္႐ြာက ဘုရား
ပြဲေလာက္ေတာ့ မေပ်ာ္ဘူးေပါ့ကြာ”

“ေၾသာ္ …အဲဒီလိုဆိုရင္ မင္းတို႔ စားရေသာက္
ရတာေပါ့”

“ငါကေတာ့ ဘုရားပြဲ မရွိလည္း စားရတာပါ
ပဲကြာ၊ ငါ့႐ြာက လူေတြက ငါ့ကို အလႉ အ
တန္းလုပ္တိုင္း ေခၚၿပီ ေကြၽးၾက ေမြးၾကတာ
ေလကြာ။ ဒါေပမဲ့ တျခားတေစၦေတြ သရဲေတြ
က မစားရရွာဘူးကြ။ အစားအေသာက္ အင္
မတန္ ရွားပါးၾကတယ္။ ငါနဲ႔အတူတူေနတဲ့
တေစၦႀကီးကိုေတာ့ ငါ့ကို ႐ြာက ေကြၽးတာ
ေမြးတာေတြကို ငါက ေခၚေခၚၿပီး ေကြၽးပါ
တယ္။ ဒါေပမဲ့ ငါတို႔စားတဲ့ ေသာက္တဲ့အခါ
႐ြာကလူေတြက ေခြးတစ္ေကာင္ စားေန
တယ္လို႔ပဲ ျမင္ၾကတာကြ”

“ေဟ…ေခြးလို႔ ျမင္တယ္ ဟုတ္လား”

“ဟုတ္တယ္ တာေတရဲ႕၊ ေခြးတစ္ေကာင္ အစာစားေနတယ္လို႔ပဲ ျမင္တာကြ”

“ျဖစ္မွျဖစ္ရေလ သူငယ္ခ်င္းရယ္၊ မင္း ဒီ
ဘဝက ကြၽတ္ေအာင္ လုပ္ပါကြာ ငမိုးရာ”

“ငါ အခုတေလာေတာ့ ေတာ္ေတာ္ေလး
ေျပာင္းလာၿပီကြ တာေတရ၊ ငါ ဘုန္းႀကီး
ေက်ာင္းေတြနား ျဖတ္သြားတဲ့အခါ ဘုန္း
ႀကီးေတြ ဘုရားဝတ္တတ္တဲ့ အသံေတြ
ဘာေတြ ငါရပ္ၿပီး နားေထာင္လို႔ ရလာၿပီ
ကြ။ တစ္ခါတေလ တရားေဟာတာကို
အစအဆုံး နာလို႔ရလာတယ္။ ညဘက္
သရက္ပင္ႀကီးေပၚမွာ ၿငိမ္ထိုင္ေနတုန္း
အိပ္မက္ မက္သလို ျဖစ္သြားၿပီး ငါက
အိမ္ႀကီး တစ္အိမ္မွာ ကေလးေလး ျပန္
ျဖစ္ေနတယ္တဲ့ကြ”

“ဟာ…ဒါဆိုရင္ မင္း လူျပန္ျဖစ္ဖို႔ နီးေနၿပီ
ထင္တယ္ကြ ငမိုးရ”

“ေအးကြာ၊ လူျပန္ျဖစ္ရင္လည္း မင္းနဲ႔ နီး
နီးနားနား ေနရေအာင္ ထေနာင္းကုန္းမွာပဲ
ျပန္ျဖစ္ခ်င္တယ္ကြာ”

“ဟာ…မင္း အဲဒီလိုေတြ စြဲလန္းမေနနဲ႔ကြ
ငမိုးရ၊ မင္းကံအတိုင္း ျဖစ္ပါေစကြာ၊ ၿပီး
ေတာ့ ငါ မင္းကို တစ္ခုေျပာခ်င္တယ္။
မင္း ႏြားေတြအေပၚမွာလည္း သံေယာဇဥ္
တြယ္မေနနဲ႔ကြ၊ မင္းတို႔ ငါတို႔ေတြက သ
ေဗၺသတၱာ ကမၼႆကာ ဆိုတဲ့အတိုင္း ကံ
စီမံရာကို ခံၾကရတာလို႔ ဆရာေတာ္ ေဟာ
ခဲ့တာကို မင္းလည္းနာခဲ့ရတာပဲကြာ”

“ငါ အခု ႏြားေတြကို သံေယာဇဥ္ မတြယ္
ေတာ့ပါဘူး တာေတရာ”

“ဒါဆိုရင္ ဒီလိုလုပ္ကြာ၊ မင္းအိမ္မွာ မင္း အ
တြက္ ကုသိုလ္ေကာင္းမႈ လုပ္ေပးဖို႔ ငါစီစဥ္
လိုက္မယ္၊ အဲဒီေန႔က်ရင္ ငါတို႔ဆရာေတာ္ဦး
ဂုဏကိုပင့္ၿပီး တရားေဟာေပးဖို႔ ငါေလွ်ာက္
မယ္၊ မင္း လာၿပီး တရားကို ေသေသခ်ာခ်ာ
နာ ငမိုး၊ ၿပီးေတာ့ သာဓုေခၚကြာ”

“ငါ သာဓုလည္း ေခၚႏိုင္ေလာက္ပါၿပီကြာ၊ ငါ
ဆက္ဆက္လာၿပီး တရားနာပါမယ္”

က်ဳပ္ ႐ြာျပန္ေရာက္ေတာ့ ဘိုးညီေလးကို အ
ေၾကာင္းစုံ ေျပာျပလိုက္တယ္။ ၿပီးေတာ့ က်ဳပ္
အေမနဲ႔ အဘကို ေျပာျပတယ္။ အဘနဲ႔ ဘိုး
ညီေလး တိုင္ပင္ၿပီး အလႉလုပ္ဖို႔က တစ္
ေယာက္ တစ္ဝက္ ထည့္ၾကတယ္ဗ်။

ၿပီးတာနဲ႔ က်ဳပ္က ႐ြာထဲက လူငယ္ေတြစုၿပီး
ငမိုးအတြက္ အလႉလုပ္ဖို႔ ျပင္ဆင္ရတာေပါ့
ဗ်ာ။ အဘကိုယ္တိုင္ ၿမိဳ႕တက္ၿပီး သကၤန္း
ပရိကၡရာ ဝယ္တယ္။ ဆရာေတာ္ကို ပရိကၡ
ရာ အစုံအလႉမွာဗ်။ ၿပီးေတာ့ ႐ြာသားေတြ
ကို ထမင္းေကြၽးမယ္ေလဗ်ာ။

ဒီသတင္းၾကားေတာ့ ႐ြာထဲက ငမိုးကို ခ်စ္တဲ့
အိမ္ေတြက အလႉဝိုင္းထည့္ၾကလို႔ အလႉက
အႀကီးအက်ယ္ႀကီး ျဖစ္သြားေရာဗ်ိဳ႕။ ဒါနဲ႔ င
မိုးတို႔ အိမ္ဝိုင္းထဲမွာ အလႉမ႑ပ္ထိုးၿပီး ေသ
ေသခ်ာခ်ာ ခ်က္ေပးၾကတယ္ဗ်။

ဆရာေတာ္ကိုလည္း က်ဳပ္က အက်ိဳး အ
ေၾကာင္းအားလုံး ေလွ်ာက္ထားၿပီး အလႉပင့္
တယ္။ ငမိုးကိုလည္း အလႉအေၾကာင္း အ
ေသးစိတ္ေျပာျပၿပီး ေခၚထားလိုက္တယ္။ၿပီး
ေတာ့ အလႉမ႑ပ္ထဲမွာ ကပ္ထားတယ္ဗ်။

“ငမိုး(ခ)ေမာင္ေႏြမိုးရဲ႕အလႉေတာ္”

စည္လိုက္တဲ့ အလႉဗ်ာ။ ဆရာေတာ္နဲ႔ သံဃာ
ေတာ္ေတြကို ဆြမ္းကပ္ၿပီး ဆရာေတာ္က တ
ရားေဟာ ေရစက္ခ်ေပးတယ္ဗ်။

က်ဳပ္က မ်က္ကြင္းေဆး ကြင္းလာၿပီး ငမိုးကို
ေသေသခ်ာခ်ာ ၾကည့္ရတာေပါ့ဗ်ာ။ ငမိုးက
အိမ္အတက္အဆင္းမွာ ထိုင္ၿပီး ဆရာေတာ္
ေဟာတဲ့ တရားကို ေသေသခ်ာခ်ာ နာတယ္
ဗ်။ ဆရာေတာ္လည္း အေၾကာင္းသိေနတာ
ဆိုေတာ့ ‘ဒကာေလး ငမိုး’လို႔ ငမိုးရဲ႕နာမည္
ကို တပ္ေခၚၿပီး ငမိုးကို ရည္စူးေဟာေတာ့
တာေပါ့ဗ်ာ။ ေရစက္ခြက္ကို ငမိုးကိုယ္စား
ငမိုးအေမက ကိုင္ၿပီး ခ်ေပးတယ္ဗ်။

တရားဆုံးလို႔ အမွ်ေဝေတာ့ က်ဳပ္သူငယ္ခ်င္း
ငမိုးက ေသေသခ်ာခ်ာကို သာဓုေခၚတာဗ်။
က်ဳပ္ ေသေသခ်ာခ်ာ ျမင္ရတယ္။ တရားပြဲ
ၿပီးလို႔ ေနာက္ဆုံးအႀကိမ္ သာဓု ေခၚၿပီးတဲ့
အခါ အဆင္သင့္ျပင္ထားတဲ့ ေၾကးစည္ကို
ထုလိုက္တာေပါ့ဗ်ာ။

“ေနာင္၊ ေဝ၊ ေဝ၊ ေဝ”

“ေနာင္၊ ေဝ၊ ေဝ၊ ေဝ”

က်ဳပ္ ၾကည့္ေနတယ္ဗ်။ ငမိုးက ထိုင္ေနတဲ့
ေနရာက မထဘဲ ၿငိမ္ေနတယ္ဗ်။ က်ဳပ္သိ
တယ္။ က်ဳပ္သူငယ္ခ်င္း ဘဝကူးေနၿပီဆို
တာ။ ေဟာ ေပ်ာက္သြားၿပီဗ်။

ေဟာ ေပ်ာက္သြားၿပီဗ်ိဳ႕။ ငမိုး ေပ်ာက္သြား
ၿပီ။ ဝမ္းသာလိုက္တာဗ်ာ။ က်ဳပ္ျဖင့္ ဝမ္းသာ
လို႔ကို မဆုံးႏိုင္ေအာင္ ျဖစ္သြားတာဗ်ိဳ႕

“တာေတ မင္းသူငယ္ခ်င္း ဘယ္လိုတုံး”

ေက်ာင္းျပန္ႂကြခါနီး ဆရာေတာ္က က်ဳပ္ကို
ကပ္ေမးတယ္။ က်ဳပ္ ျမင္ေနမယ္ဆိုတာ ဆ
ရာေတာ္ သိတယ္ေလဗ်ာ။

“ငမိုး ကြၽတ္သြားပါၿပီ ဆရာေတာ္ဘုရား”

“မင္း ေသေသခ်ာခ်ာ ေတြ႕လိုက္ရဲ႕လား”

“ေတြ႕လိုက္ပါတယ္ဘုရား”

” ေအးကြယ္၊ သာဓု၊ သာဓု၊ သာဓု”

လို႔ ဆရာေတာ္က သာဓု သုံးႀကိမ္ေခၚၿပီး ပီတီ
ျဖစ္တဲ့ မ်က္ႏွာနဲ႔ ေက်ာင္းကို ျပန္ႂကြသြားတယ္
ဗ်။ က်ဳပ္လည္း ဝမ္းသာၿပီး အလႉမွာ လုပ္စရာ
ေတြ ဆက္လုပ္ရတာေပါ့ဗ်ာ။

က်ဳပ္ အိမ္ျပန္ေရာက္လို႔ အဘနဲ႔ အေမကို
ေျပာျပေတာ့ အဘတို႔လည္း ဝမ္းသာၾက
တာေပါ့ဗ်ာ။