ဆာဒူးကြီးနှင့်တိုက်မြွေ(စ/ဆုံး)

Unicode Version

ဆာဒူးကြီးနှင့်တိုက်မြွေ(စ/ဆုံး)
————————————-
လူတစ်ကိုယ်အကြိုက်တမျိူ းဝါသနာတစ်မျိူ းဆိုသလိုပါဘဲ

အဖွားသည်ဗေဒင်အားအလွန်ဝါသနာပါကာအလွန်ယုံကြည်သည်ဘယ်နေရာတွင်အကြားအမြင်ဆရာမှန်သည်ဟု

သတင်းကြားပါကအဖွားကထိုနေရာသိုရောက်သွားလေသည်ထိုကြောင့်ရန်ကုန်တမြို့လုံး

ဗေဒင်အကြားအမြင်ဆရာမှန်သမျှအဖွားမသွားဘူးသောနေရာမရှိပေ

ရန်ကုန်တမြို့လုံးသာမကရန်ကုန်အနီးအနားပတ်ဝန်းကျင်များပါမကျန်အဖွားရဲ့ခြေရာချင်းထပ်နေသည်။

တခါသော်ရန်ကုန်နယ်နမိတ်အစပ်ရှိရန်ကုန်တစ်ဖက်ကမ်းတွင်ကုလားဆာဒူးကြီးတစ်ယောက်

သတင်းသည်အလွန်ကြီးနေလေသည်ထိုဆာဒူးကြီးက
ကြွေးတောင်းမရသူများ

သူများကိုအောက်လမ်းဖြင့်ပြုလုပ်ထားသူများအားတန်ပြန်ပြုလုပ်သည့်အနေဖြင့်

ကြက်အရှင်အားလည်လှီးပေးရုံဖြင့်တကယ်သေသူများရှိသည်ဟုကြားရသည်။

ယုံသူရှိသလိုမယုံသူများလည်းရှိပါသည်အဖွားကတော့လက်တွေ့လေ့လာရန်ဖြစ်သည်။

ထိုကြောင့်အဖွားကကိုယ့်အကိုနှင့်ကိုယ့်အားခေါ်၍သွားသည်။

အကိုကမလိုက်ချင်ပေမဲ့ကိုယ်ကတော့လေ့လာချင်တာကြောင့်အဖွားနှင်အတူလိုက်သွားကြသည်။

ရေတတန်ကုန်းတတန်ဖြင့်သွားရကာလယ်ကင်သင်းရိုးများလယ်ကွက်များကိုခက်ခက်ခဲခဲဖြင့်

ဖြတ်ကျော်၍ဆာဒူးရှိရာသို့ရောက်သွားကြလေသည်ဆာဒူးကြီးကလယ်ကွင်းတခုထဲတွင်တဲတန်းရှည်ကြီး

ထိုးကာနေသည်လယ်ကွက်ထဲအရိပ်ရသစ်ပင်များရှိ၍သာတော်တော့သည်အလွန်ပူသည့်အရပ်ဖြစ်သည်။

ပတ်ဝန်းကျင်တွင်ခပ်လှမ်းလှမ်းမှမြင်ရသောရွာတရွာရှိကာမနီးမဝေးနေရာတွင်တော့

လွမ်းစေတီတဆူရှိလေသည်လွမ်းစေတီကလဲပြုပြင်သူမရှိ၍ပျက်စီးနေပြီဖြစ်သည်။

ဆာဒူးကြီးကိုမေးရန်ရောက်လာသောလူများကလဲအတော်ပင်များနေတာကြောင့်ထိုင်စောင့်၍နေရသည်။

ဆာဒူးကြီးကလာသမျှလူများအားထမင်းကြွေးသည်ထမင်းကိုဌက်ပျောဖက်ပေါ်တွင်ပုံကာ

ကုလားပဲဟင်းဆမ်းကာငရုပ်သီးဆားထောင်းနှင့်ချကြွေးခြင်းဖြစ်သည်။

လာသမျှလူတွေလဲစောင့်ရင်းဖြင့်အချိန်ကြာလာတော့ဆာဒူးကြီးကျွေးသောထမင်းအားစားကြလေသည်။

တချိူ့လဲမိန်ရေရှက်ရေအားပါးတရစားနေကြသည်ကိုတွေ့ရလေသည်။

အကိုကလဲစောင့်ရတာစိတ်မရှည်သဖြင့်ဌက်ပျောဖက်နှင့်ပုံကြွေးသောထမင်းအားဝင်စားလိုက်သည်။

စားပြီးနောက်တဲထောင့်တွင်ထိုင်ကာသူယူလာသောစာအုပ်တစ်အုပ်အားစိတ်ပါဝင်စားစွာဖတ်၍နေသည်။

အဖွားနှင့်ကိုယ်ကတော့ထမင်းမစားဖြစ်ပဲဆာဒူးကြီးလုပ်သည်ကိုစိတ်ဝင်စားစွာထိုင်ကြည့်နေမိသည်။

လာမေးသူများထဲမှသူတ့ို့မကျေနပ်သူကိုဆာဒူးကြီးအားအကြိုးအကြောင်းပြောကြသည်ကို

နားထောင်နေရသည်မှာစုံလှပေသည်အသက်တစ်ရာမနေရအမှု့တစ်ရာကြုံရဆိုသည့်အတိုင်းပင်ဖြစ်သည်။

မိန်းမတစ်ယောက်ကသူ့ယောင်္ကျားမယားငယ်နေသည်ကိုမေးနေသည်ထိုအခါဆာဒူးကြီးကအာရုံခံသလို

မျက်စိမှိတ်ထားလေသည်ခဏကြာတော့ထိုမိန်းမအား

””’ဟဲ့နင့်ယောင်္ကျားကိုအောက်လမ်းနဲ့လုပ်ပြီးယူထားတာဟဲ့အောက်လမ်းတောင်ရိုးရိုးမဟုတ်ဘူး—-လူကိုစွဲလမ်းအောင်ကြွေးထားတာ—–””

””’အဲဒါဆိုကျွန်မဘာလုပ်ရမလဲ”””

””’ငါ့သမီးဘာလုပ်ချင်သလဲ” ”

””’အဲဒီမိန်းမကိုသူလုပ်တာတန်ပြန်ခံစေချင်တယ်””

””ကောင်းပြီတန်ပြန်လုပ်ပေးမယ်””

ထိုသို့ပြော၍သူ့လူတစ်ယောက်အားအချက်ပြလိုက်ရာထိုလူသည်တဲအနောက်ဘက်သို့ဝင်သွားလေသည်။

ခဏအကြာပြန်ထွက်လာတော့ထိုသူ့လက်ထဲတွက်ကြက်အရှင်တစ်ကောင်ပါလာသည်။

ထိုအခါဆာဒူးကြီးကထိုကြက်အရှင်အားကိုင်၍သူရှေ့တွင်လင်ဗန်းတစ်ချပ်ခံ၍ထားသည်

ခုနကမိန်းမပြောသောမယားငယ်နံမည်ကိုရွတ်ကာနှုတ်မှတတွတ်တွတ်ပြောကာ

ဓါးတချောင်းဖြင့်ကြက်ကိုလည်လှီးကာသတ်ပြစ်လိုက်လေသည်။

ကြက်သွေးများလင်ဗန်းထဲသို့ထွက်ကျလာသည်ကိုကြည့်ရင်းကိုယ့်နှင့်အဖွားစိတ်ညစ်သွားသည်။

ထိုနောက်ကြက်အသေကိုယူသွားကြတော့မှလာမေးသူကငွေများကန်တော့ကာပြန်သွားလေသည်။

နောက်တစ်ယောက်ကသူ့မိန်မအားသူများပြုစားထားသည်ထင်၍ဆာဒူးကြီးအားစစ်ခိုင်းရာ

ဆာဒူးကြီးကထိုမိန်းမအားလူအများအလယ်တွင်ဖျာတချပ်ခင်း၍အိပ်စေပြီး

ထိုမိန်းမဗိုက်ပေါ်သို့ရွှံ့ဖြင့်လုပ်ထားသောနွားရုပ်ကလေးအားတင်ကာပါးစပ်ကမန်းမှုတ်လိုက်သည်နှင့်တပြိုင်နက်

ထိုမိန်းမသည်မခံမရပ်နိုင်အောင်အော်၍တွန့်တွန့်လူးနေသည်။

””’အောင်မလေးလာကြပါအုံး——မကယ်နိုင်တော့ဘူးလား——နာလိုက်တာ—-သေပါပြီ—-””’

စသဖြင့်အမျိူး းစုံအောင်အော်ဟစ်နေရာဆာဒူးကြီးကထိုနွားရုပ်ကလေးအား

ဟိုဟိုဒီဒီရှောက်ရွေ့လိုက်သည့်အခါထိုမိန်းမအော်သံကပို၍ပင်ကျယ်လာလေသည်။

ထိုအခါလာကြည့်နေသူအပေါင်းကဆာဒူးကြီးပညာအားအထင်ကြီးလေးစားသွားကြကာ

တစ်ယောက်တစ်ပေါက်ပြောနေသံများကြားနေရသည်။

များသောအားဖြင့်လာမေးသူများကမှန်သည်ဟုထောက်ခံကာကျေနပ်အားရစွာပြန်သွားကြသည်ကများသည်။

ထိုအတိုင်းယောင်္ကျားမိန်းမများအားထိုသို့စမ်းသပ်ရာတွင်မအော်သူမရှိဘဲငယ်သံပါအောင်အော်ကြလေကုန်သည်။

ထို့နောက်အင်းပြားတချပ်အားရေအိုးထဲထည့်ကာအော်ဟစ်နေသူများအားခပ်၍သောက်စေသည်။

အားလုံးပြန်ကောင်းသွားကြ၍ထိုသူများအတွက်အတိုက်အခံပြန်လုပ်ပေးသည်ဟုဆိုက

ကြက်အရှင်များအားလည်းဟောတစ်ကောင်ဟောတစ်ကောင်သတ်လိုက်တာ

မျက်စိရှေ့မှာပင်အကောင်နှစ်ဆယ်လောက်ဖြစ်သွားလေသည်ကြက်သတ်ရာတွင်

ကိုယ်တိုင်ကြက်အရှင်များယူလာသူများရှိသလိုဆာဒူးကြီးကစီစဉ်ပေးရသည်များလဲရှိသည်။

ထိုကြက်သတ်ပွဲကိုကြည့်ရင်းစိတ်မကောင်းဖြစ်မိသည်အသက်အားဖြင့်ငယ်သေးသောကိုယ့်စိတ်ထဲတွင်

ရက်စက်လိုက်တာဟုထင်မိသည်ဘုန်းကြီးတရားဟောတာကိုလဲကြားယောင်နေမိသည်

သူများအသက်သတ်ပါကငရဲကြီးသည်ဟုနားရည်ဝနေသည်သို့ပေမဲ့လူအများကတော့သဘောကျနေကြသည်။

တချို့လဲကြက်ကိုကိုယ်တိုင်ဝင်သတ်သည်လဲတွေ့ရသည်

နေ့လယ်ကျော်လောက်တွင်တော့အဖွားအလှည့်သို့ရောက်လာရာအဖွားက

သူအလွန်ချစ်သောမြေးကြီးအားသူများပြုစားထားလားမထားလားအားစစ်ခိုင်းလေသည်။

အဖွားထင်လဲထင်ချင်စရာပင်အကိုသည်လူချစ်လူခင်ပေါကာကြိုက်သူများ၍ရီးစားပေါသည်မဟုတ်လား

ထုံးစံအတိုင်းဆာဒူးကြီးကအကိုအားလူအများရှေ့တွင်အိပ်ခိုင်းလိုက်ကာရွံ့နွားရုပ်ကလေးအား

အကိုဗိုက်ပေါ်တင်၍ပါးစပ်ကပွစိပွစိရွတ်လိုက်သည်အကိုသည်ဘယ်လိုမှမနေပါ

ထိုအခါဆာဒူးကြီးကနွားရုပ်ကလေးအားအကိုဗိုက်ပေါ်တွင်ဟိုရွှေ့ဒီရွှေ့လုပ်လိုက်ရာအကိုကအားရပါးရထရီလိုက်သည်။

”””ဟားးးးးးးးးးးးဟားးးးးးးးဟားးးးဟားးးး””

”””ဟားးးဟားးးးယားတယ်””’

ထိုအခါလာကြည့်နေသူများအတော်စိတ်ဝင်စားသွားသည်လူတကာကိုယ်ပေါ်တင်လိုက်လျှင်

မခံမရပ်နိုင်အောင်အော်သောထိုနွားရုပ်သည်အကိုဗိုက်ပေါ်တင်လိုက်သောအခါ

ဟာသတခုလိုရီစရာကြီးဖြစ်သွားသည်မဟုတ်ပါလား

ထိုအခါအံ့သြနေသောလူများအားဆာဒးူးကြီးကခပ်ပြုံးပြုံးပင်ပြောလိုက်သည်။

””’ဒီကောင်ကလေးမှာဘာမှပြုစားထားတာမရှိဘူး—-ဒါကြောင့်ဒီကောင်ကလေးကသာမာန်ယားတာဖြစ်တယ်”””

လူအများလည်းတစ်ယောက်တစ်ပေါက်ပြောကြပြန်သည်။

အဖွားကဆာဒူးကြီးအားအားနာသွားကာအကိုအားကြိတ်ကာမန်လိုက်လေသည်။

””’နင့်ကဘာလိုအော်ကျယ်ဟစ်ကျယ်ရီနေရတာလဲ”””

”””ယားတာကိုးအဖွားရဲ့—ရီချင်တာပေါ့”””

ထိုအခါဆာဒူးကြီးက

”””ဒီကောင်ကလေးကသိုက်ကလာတာဖြစ်တယ် ”””

ဆာဒူးကြီးစကားကြားတော့အယုံအကြည်မရှိသောအကိုက

””’ဘာသိုက်လဲခင်ဗျား—–ကြွက်သိုက်တို့ဌက်သိုက်တို့ကတော့မဖြစ်နိုင်ပါဘူးနော်”””

””’မဖြစ်ပါဘူးကွာမင်းအပြန်မင်းလာတဲ့သိုက်ကိုတွေ့ရမှာပါအဲဒီအခါကျရင်မင်းအော်ပြေးရမှာပါကွ””’

အဖွားလဲဆာဒူးကြီးအားအရှက်လာခွဲတယ်ထင်မည်စိုး၍ငွေလူ ကာအကို့လက်ကိုဆွဲကာထပြန်ကြလေသည်။

ကိုယ်ကတော့ဆာဒူးကြီးမျက်နှာတစ်ချက်ပျက်သွားသည်ကိုမြင်ဖြစ်အောင်မြင်လိုက်ရသည်။

အပြန်လမ်းတွင်အဖွားသည်အကိုအားဆူပူကြိမ်းမောင်းလာသည်။

””’ငါခေါ်လာမိတာမှားတယ်””’

လို့အထပ်ထပ်ပြော၍နေသည်ထိုအချိန်တွင်လှေဆိပ်သို့မရောက်ခင်လယ်နှစ်ကွက်ကြားမှမြွေတစ်ကောင်သည်

တိုးထွက်လာကာသွားမည့်လမ်းလယ်တွင်ပါးပဉ်ထောင်နေသောအခါ

မြွေကြောက်သောကိုယ်ကငယ်သံပါအောင်အော်လိုက်သည်။

””” အားးးးးးးးး’မြွေ—-မြွေ–””””

အကိုကခြောက်၍ထုတ်လိုက်တော့မြွေကဘေးသိ့ုလျှောဆင်သွားလေသည်။

မြွေသည်ဘာမြွေမှန်းအမျိူ းအစားမခွဲခြားတတ်ပါအတော်ပင်ကြီးလေသည်။

ဒါနဲ့လှေဆိပ်ရှိရာခပ်သွက်သွက်ရှောက်နေကြရင်းစိတ်မလုံသလိုခံစားနေရသည်အောက်သို့လဲကြည့်ကာင့ုံရှောက်ရသေးသည်

”””’ရွှီးးးးးးးးရွီးးးးးး””””

သိုပေမဲ့မြွေအော်သံကြားမိ၍စိတ်မချ၍နောက်လှည့်ကြည့်လိုက်သောအခါထိုမြွေသည်နောက်သို့လိုက်လာသည်ကိုမြင်ရတာကြောင့်

မြေးအဖွာသုံးယောက်အော်၍ပြေးကြလေသည်။

—-”””’အားးးးးးမြွေလိုက်လာတယ်—””

”’ ”’လာကြပါအုံးးးးးးးးးမြွေ—–မြွေ””””

ကိုယ့်ရဲ့အော်သံသည်အကျယ်ဆုံးပင်ဖြစ်သည်အဖွားကတော့ဘုရားစာဆို၍လိုက်လာသည်။

တော်ပေသေးသည်လှေဆိပ်နှင့်နီးနေ၍လှေဆိပ်ကလူတွေပြေးလာကြတော့ထိုမြွေအားမတွေ့ရတော့ပါ””’

လှေပေါ်ရောက်မှရင်တုန်ပန်းတုန်ဖြစ်သွားသည်ကိုအမောဖြေရလေသည်။

အဖွားကတော့အကိုအားဆူရင်းဆုံးမနေသည်။

””’ငါ့သားနောက်ကိုသူများပညာကိုစော်ကားသလိုမပြောရဘူး—-ကိုယ်မယုံရင်စိတ်ထဲမှာပဲထားရတယ်——-သူဖာသာအောက်လမ်းဖြစ်ဖြစ်အထက်လမ်းဖြစ်ဖြစ်——ကိုယ်ကလာချင်လို့လာတာလေသူခေါ်တာမဟုတ်ဘူး””

””’ကံကောင်းလို့မြွေနဲ့ခြောက်လွှတ်လိုက်တာ——တိုက်မြွေတွေဘာတွေဖြစ်နေရင်ဒုက္ခရောက်မှာ”””

ထိုအချိန်မှစ၍အဖွားသည်သူဗေဒင်သွားမေးတိုင်းအကိုအားယောင်၍ပင်မခေါ်တော့ပါ

နောက်ပိုင်းမှာတော့ထိုဆာဒူးကြီးအသံမကြားရတော့ပါ

အဖွားဆုံးတာကြာပြီဆိုတော့အဖွားနဲ့မတိမ်းမယိမ်းရှိသောဆာဒူးကြီးလဲရှိတော့မည်မထင်ပါ

ပြီး

D Moe Moe

မှတ်ချက်

မြွေပုံများပို့ပေးကြသောအကောင်ပိင်ရှင်ဗေဒါနှင့်

ပင်လယ်ပြာပြာရေပြာပြာဗေဒါဘာကြောင့်စိမ်းရတယ်အကောင့်ပိုင်ရှင်များအားကျေးဇူးတင်လျှက်ပါ

Zawgyi Version

ဆာဒူးႀကီးႏွင့္တိုက္ေႁမြ(စ/ဆံုး)
————————————-
လူတစ္ကိုယ္အႀကိဳက္တမ်ိဴ းဝါသနာတစ္မ်ိဴ းဆိုသလိုပါဘဲ

အဖြားသည္ေဗဒင္အားအလြန္ဝါသနာပါကာအလြန္ယုံၾကည္သည္ဘယ္ေနရာတြင္အၾကားအျမင္ဆရာမွန္သည္ဟု

သတင္းၾကားပါကအဖြားကထိုေနရာသိုေရာက္သြားေလသည္ထိုေၾကာင့္ရန္ကုန္တၿမိဳ႕လုံး

ေဗဒင္အၾကားအျမင္ဆရာမွန္သမွ်အဖြားမသြားဘူးေသာေနရာမရွိေပ

ရန္ကုန္တၿမိဳ႕လုံးသာမကရန္ကုန္အနီးအနားပတ္ဝန္းက်င္မ်ားပါမက်န္အဖြားရဲ႕ေျခရာခ်င္းထပ္ေနသည္။

တခါေသာ္ရန္ကုန္နယ္နမိတ္အစပ္ရွိရန္ကုန္တစ္ဖက္ကမ္းတြင္ကုလားဆာဒူးႀကီးတစ္ေယာက္

သတင္းသည္အလြန္ႀကီးေနေလသည္ထိုဆာဒူးႀကီးက
ေႂကြးေတာင္းမရသူမ်ား

သူမ်ားကိုေအာက္လမ္းျဖင့္ျပဳလုပ္ထားသူမ်ားအားတန္ျပန္ျပဳလုပ္သည့္အေနျဖင့္

ၾကက္အရွင္အားလည္လွီးေပး႐ုံျဖင့္တကယ္ေသသူမ်ားရွိသည္ဟုၾကားရသည္။

ယုံသူရွိသလိုမယုံသူမ်ားလည္းရွိပါသည္အဖြားကေတာ့လက္ေတြ႕ေလ့လာရန္ျဖစ္သည္။

ထိုေၾကာင့္အဖြားကကိုယ့္အကိုႏွင့္ကိုယ့္အားေခၚ၍သြားသည္။

အကိုကမလိုက္ခ်င္ေပမဲ့ကိုယ္ကေတာ့ေလ့လာခ်င္တာေၾကာင့္အဖြားႏွင္အတူလိုက္သြားၾကသည္။

ေရတတန္ကုန္းတတန္ျဖင့္သြားရကာလယ္ကင္သင္း႐ိုးမ်ားလယ္ကြက္မ်ားကိုခက္ခက္ခဲခဲျဖင့္

ျဖတ္ေက်ာ္၍ဆာဒူးရွိရာသို႔ေရာက္သြားၾကေလသည္ဆာဒူးႀကီးကလယ္ကြင္းတခုထဲတြင္တဲတန္းရွည္ႀကီး

ထိုးကာေနသည္လယ္ကြက္ထဲအရိပ္ရသစ္ပင္မ်ားရွိ၍သာေတာ္ေတာ့သည္အလြန္ပူသည့္အရပ္ျဖစ္သည္။

ပတ္ဝန္းက်င္တြင္ခပ္လွမ္းလွမ္းမွျမင္ရေသာ႐ြာတ႐ြာရွိကာမနီးမေဝးေနရာတြင္ေတာ့

လြမ္းေစတီတဆူရွိေလသည္လြမ္းေစတီကလဲျပဳျပင္သူမရွိ၍ပ်က္စီးေနၿပီျဖစ္သည္။

ဆာဒူးႀကီးကိုေမးရန္ေရာက္လာေသာလူမ်ားကလဲအေတာ္ပင္မ်ားေနတာေၾကာင့္ထိုင္ေစာင့္၍ေနရသည္။

ဆာဒူးႀကီးကလာသမွ်လူမ်ားအားထမင္းေႂကြးသည္ထမင္းကိုဌက္ေပ်ာဖက္ေပၚတြင္ပုံကာ

ကုလားပဲဟင္းဆမ္းကာင႐ုပ္သီးဆားေထာင္းႏွင့္ခ်ေႂကြးျခင္းျဖစ္သည္။

လာသမွ်လူေတြလဲေစာင့္ရင္းျဖင့္အခ်ိန္ၾကာလာေတာ့ဆာဒူးႀကီးေကြၽးေသာထမင္းအားစားၾကေလသည္။

တခ်ိဴ႕လဲမိန္ေရရွက္ေရအားပါးတရစားေနၾကသည္ကိုေတြ႕ရေလသည္။

အကိုကလဲေစာင့္ရတာစိတ္မရွည္သျဖင့္ဌက္ေပ်ာဖက္ႏွင့္ပုံေႂကြးေသာထမင္းအားဝင္စားလိုက္သည္။

စားၿပီးေနာက္တဲေထာင့္တြင္ထိုင္ကာသူယူလာေသာစာအုပ္တစ္အုပ္အားစိတ္ပါဝင္စားစြာဖတ္၍ေနသည္။

အဖြားႏွင့္ကိုယ္ကေတာ့ထမင္းမစားျဖစ္ပဲဆာဒူးႀကီးလုပ္သည္ကိုစိတ္ဝင္စားစြာထိုင္ၾကည့္ေနမိသည္။

လာေမးသူမ်ားထဲမွသူတ့ို႔မေက်နပ္သူကိုဆာဒူးႀကီးအားအႀကိဳးအေၾကာင္းေျပာၾကသည္ကို

နားေထာင္ေနရသည္မွာစုံလွေပသည္အသက္တစ္ရာမေနရအမႈ႕တစ္ရာႀကဳံရဆိုသည့္အတိုင္းပင္ျဖစ္သည္။

မိန္းမတစ္ေယာက္ကသူ႔ေယာက်ၤားမယားငယ္ေနသည္ကိုေမးေနသည္ထိုအခါဆာဒူးႀကီးကအာ႐ုံခံသလို

မ်က္စိမွိတ္ထားေလသည္ခဏၾကာေတာ့ထိုမိန္းမအား

””’ဟဲ့နင့္ေယာက်ၤားကိုေအာက္လမ္းနဲ႔လုပ္ၿပီးယူထားတာဟဲ့ေအာက္လမ္းေတာင္႐ိုး႐ိုးမဟုတ္ဘူး—-လူကိုစြဲလမ္းေအာင္ေႂကြးထားတာ—–””

””’အဲဒါဆိုကြၽန္မဘာလုပ္ရမလဲ”””

””’ငါ့သမီးဘာလုပ္ခ်င္သလဲ” ”

””’အဲဒီမိန္းမကိုသူလုပ္တာတန္ျပန္ခံေစခ်င္တယ္””

””ေကာင္းၿပီတန္ျပန္လုပ္ေပးမယ္””

ထိုသို႔ေျပာ၍သူ႔လူတစ္ေယာက္အားအခ်က္ျပလိုက္ရာထိုလူသည္တဲအေနာက္ဘက္သို႔ဝင္သြားေလသည္။

ခဏအၾကာျပန္ထြက္လာေတာ့ထိုသူ႔လက္ထဲတြက္ၾကက္အရွင္တစ္ေကာင္ပါလာသည္။

ထိုအခါဆာဒူးႀကီးကထိုၾကက္အရွင္အားကိုင္၍သူေရွ႕တြင္လင္ဗန္းတစ္ခ်ပ္ခံ၍ထားသည္

ခုနကမိန္းမေျပာေသာမယားငယ္နံမည္ကို႐ြတ္ကာႏႈတ္မွတတြတ္တြတ္ေျပာကာ

ဓါးတေခ်ာင္းျဖင့္ၾကက္ကိုလည္လွီးကာသတ္ျပစ္လိုက္ေလသည္။

ၾကက္ေသြးမ်ားလင္ဗန္းထဲသို႔ထြက္က်လာသည္ကိုၾကည့္ရင္းကိုယ့္ႏွင့္အဖြားစိတ္ညစ္သြားသည္။

ထိုေနာက္ၾကက္အေသကိုယူသြားၾကေတာ့မွလာေမးသူကေငြမ်ားကန္ေတာ့ကာျပန္သြားေလသည္။

ေနာက္တစ္ေယာက္ကသူ႔မိန္မအားသူမ်ားျပဳစားထားသည္ထင္၍ဆာဒူးႀကီးအားစစ္ခိုင္းရာ

ဆာဒူးႀကီးကထိုမိန္းမအားလူအမ်ားအလယ္တြင္ဖ်ာတခ်ပ္ခင္း၍အိပ္ေစၿပီး

ထိုမိန္းမဗိုက္ေပၚသို႔႐ႊံ႕ျဖင့္လုပ္ထားေသာႏြား႐ုပ္ကေလးအားတင္ကာပါးစပ္ကမန္းမႈတ္လိုက္သည္ႏွင့္တၿပိဳင္နက္

ထိုမိန္းမသည္မခံမရပ္ႏိုင္ေအာင္ေအာ္၍တြန႔္တြန႔္လူးေနသည္။

””’ေအာင္မေလးလာၾကပါအုံး——မကယ္ႏိုင္ေတာ့ဘူးလား——နာလိုက္တာ—-ေသပါၿပီ—-””’

စသျဖင့္အမ်ိဴး းစုံေအာင္ေအာ္ဟစ္ေနရာဆာဒူးႀကီးကထိုႏြား႐ုပ္ကေလးအား

ဟိုဟိုဒီဒီေရွာက္ေ႐ြ႕လိုက္သည့္အခါထိုမိန္းမေအာ္သံကပို၍ပင္က်ယ္လာေလသည္။

ထိုအခါလာၾကည့္ေနသူအေပါင္းကဆာဒူးႀကီးပညာအားအထင္ႀကီးေလးစားသြားၾကကာ

တစ္ေယာက္တစ္ေပါက္ေျပာေနသံမ်ားၾကားေနရသည္။

မ်ားေသာအားျဖင့္လာေမးသူမ်ားကမွန္သည္ဟုေထာက္ခံကာေက်နပ္အားရစြာျပန္သြားၾကသည္ကမ်ားသည္။

ထိုအတိုင္းေယာက်ၤားမိန္းမမ်ားအားထိုသို႔စမ္းသပ္ရာတြင္မေအာ္သူမရွိဘဲငယ္သံပါေအာင္ေအာ္ၾကေလကုန္သည္။

ထို႔ေနာက္အင္းျပားတခ်ပ္အားေရအိုးထဲထည့္ကာေအာ္ဟစ္ေနသူမ်ားအားခပ္၍ေသာက္ေစသည္။

အားလုံးျပန္ေကာင္းသြားၾက၍ထိုသူမ်ားအတြက္အတိုက္အခံျပန္လုပ္ေပးသည္ဟုဆိုက

ၾကက္အရွင္မ်ားအားလည္းေဟာတစ္ေကာင္ေဟာတစ္ေကာင္သတ္လိုက္တာ

မ်က္စိေရွ႕မွာပင္အေကာင္ႏွစ္ဆယ္ေလာက္ျဖစ္သြားေလသည္ၾကက္သတ္ရာတြင္

ကိုယ္တိုင္ၾကက္အရွင္မ်ားယူလာသူမ်ားရွိသလိုဆာဒူးႀကီးကစီစဥ္ေပးရသည္မ်ားလဲရွိသည္။

ထိုၾကက္သတ္ပြဲကိုၾကည့္ရင္းစိတ္မေကာင္းျဖစ္မိသည္အသက္အားျဖင့္ငယ္ေသးေသာကိုယ့္စိတ္ထဲတြင္

ရက္စက္လိုက္တာဟုထင္မိသည္ဘုန္းႀကီးတရားေဟာတာကိုလဲၾကားေယာင္ေနမိသည္

သူမ်ားအသက္သတ္ပါကငရဲႀကီးသည္ဟုနားရည္ဝေနသည္သို႔ေပမဲ့လူအမ်ားကေတာ့သေဘာက်ေနၾကသည္။

တခ်ိဳ႕လဲၾကက္ကိုကိုယ္တိုင္ဝင္သတ္သည္လဲေတြ႕ရသည္

ေန႔လယ္ေက်ာ္ေလာက္တြင္ေတာ့အဖြားအလွည့္သို႔ေရာက္လာရာအဖြားက

သူအလြန္ခ်စ္ေသာေျမးႀကီးအားသူမ်ားျပဳစားထားလားမထားလားအားစစ္ခိုင္းေလသည္။

အဖြားထင္လဲထင္ခ်င္စရာပင္အကိုသည္လူခ်စ္လူခင္ေပါကာႀကိဳက္သူမ်ား၍ရီးစားေပါသည္မဟုတ္လား

ထုံးစံအတိုင္းဆာဒူးႀကီးကအကိုအားလူအမ်ားေရွ႕တြင္အိပ္ခိုင္းလိုက္ကာ႐ြံ႕ႏြား႐ုပ္ကေလးအား

အကိုဗိုက္ေပၚတင္၍ပါးစပ္ကပြစိပြစိ႐ြတ္လိုက္သည္အကိုသည္ဘယ္လိုမွမေနပါ

ထိုအခါဆာဒူးႀကီးကႏြား႐ုပ္ကေလးအားအကိုဗိုက္ေပၚတြင္ဟိုေ႐ႊ႕ဒီေ႐ႊ႕လုပ္လိုက္ရာအကိုကအားရပါးရထရီလိုက္သည္။

”””ဟားးးးးးးးးးးးဟားးးးးးးးဟားးးးဟားးးး””

”””ဟားးးဟားးးးယားတယ္””’

ထိုအခါလာၾကည့္ေနသူမ်ားအေတာ္စိတ္ဝင္စားသြားသည္လူတကာကိုယ္ေပၚတင္လိုက္လွ်င္

မခံမရပ္ႏိုင္ေအာင္ေအာ္ေသာထိုႏြား႐ုပ္သည္အကိုဗိုက္ေပၚတင္လိုက္ေသာအခါ

ဟာသတခုလိုရီစရာႀကီးျဖစ္သြားသည္မဟုတ္ပါလား

ထိုအခါအံ့ၾသေနေသာလူမ်ားအားဆာဒးူးႀကီးကခပ္ၿပဳံးၿပဳံးပင္ေျပာလိုက္သည္။

””’ဒီေကာင္ကေလးမွာဘာမွျပဳစားထားတာမရွိဘူး—-ဒါေၾကာင့္ဒီေကာင္ကေလးကသာမာန္ယားတာျဖစ္တယ္”””

လူအမ်ားလည္းတစ္ေယာက္တစ္ေပါက္ေျပာၾကျပန္သည္။

အဖြားကဆာဒူးႀကီးအားအားနာသြားကာအကိုအားႀကိတ္ကာမန္လိုက္ေလသည္။

””’နင့္ကဘာလိုေအာ္က်ယ္ဟစ္က်ယ္ရီေနရတာလဲ”””

”””ယားတာကိုးအဖြားရဲ႕—ရီခ်င္တာေပါ့”””

ထိုအခါဆာဒူးႀကီးက

”””ဒီေကာင္ကေလးကသိုက္ကလာတာျဖစ္တယ္ ”””

ဆာဒူးႀကီးစကားၾကားေတာ့အယုံအၾကည္မရွိေသာအကိုက

””’ဘာသိုက္လဲခင္ဗ်ား—–ႂကြက္သိုက္တို႔ဌက္သိုက္တို႔ကေတာ့မျဖစ္ႏိုင္ပါဘူးေနာ္”””

””’မျဖစ္ပါဘူးကြာမင္းအျပန္မင္းလာတဲ့သိုက္ကိုေတြ႕ရမွာပါအဲဒီအခါက်ရင္မင္းေအာ္ေျပးရမွာပါကြ””’

အဖြားလဲဆာဒူးႀကီးအားအရွက္လာခြဲတယ္ထင္မည္စိုး၍ေငြလူ ကာအကို႔လက္ကိုဆြဲကာထျပန္ၾကေလသည္။

ကိုယ္ကေတာ့ဆာဒူးႀကီးမ်က္ႏွာတစ္ခ်က္ပ်က္သြားသည္ကိုျမင္ျဖစ္ေအာင္ျမင္လိုက္ရသည္။

အျပန္လမ္းတြင္အဖြားသည္အကိုအားဆူပူႀကိမ္းေမာင္းလာသည္။

””’ငါေခၚလာမိတာမွားတယ္””’

လို႔အထပ္ထပ္ေျပာ၍ေနသည္ထိုအခ်ိန္တြင္ေလွဆိပ္သို႔မေရာက္ခင္လယ္ႏွစ္ကြက္ၾကားမွေႁမြတစ္ေကာင္သည္

တိုးထြက္လာကာသြားမည့္လမ္းလယ္တြင္ပါးပဥ္ေထာင္ေနေသာအခါ

ေႁမြေၾကာက္ေသာကိုယ္ကငယ္သံပါေအာင္ေအာ္လိုက္သည္။

””” အားးးးးးးးး’ေႁမြ—-ေႁမြ–””””

အကိုကေျခာက္၍ထုတ္လိုက္ေတာ့ေႁမြကေဘးသိ့ုေလွ်ာဆင္သြားေလသည္။

ေႁမြသည္ဘာေႁမြမွန္းအမ်ိဴ းအစားမခြဲျခားတတ္ပါအေတာ္ပင္ႀကီးေလသည္။

ဒါနဲ႔ေလွဆိပ္ရွိရာခပ္သြက္သြက္ေရွာက္ေနၾကရင္းစိတ္မလုံသလိုခံစားေနရသည္ေအာက္သို႔လဲၾကည့္ကာင့ုံေရွာက္ရေသးသည္

”””’႐ႊီးးးးးးးး႐ြီးးးးးး””””

သိုေပမဲ့ေႁမြေအာ္သံၾကားမိ၍စိတ္မခ်၍ေနာက္လွည့္ၾကည့္လိုက္ေသာအခါထိုေႁမြသည္ေနာက္သို႔လိုက္လာသည္ကိုျမင္ရတာေၾကာင့္

ေျမးအဖြာသုံးေယာက္ေအာ္၍ေျပးၾကေလသည္။

—-”””’အားးးးးးေႁမြလိုက္လာတယ္—””

”’ ”’လာၾကပါအုံးးးးးးးးးေႁမြ—–ေႁမြ””””

ကိုယ့္ရဲ႕ေအာ္သံသည္အက်ယ္ဆုံးပင္ျဖစ္သည္အဖြားကေတာ့ဘုရားစာဆို၍လိုက္လာသည္။

ေတာ္ေပေသးသည္ေလွဆိပ္ႏွင့္နီးေန၍ေလွဆိပ္ကလူေတြေျပးလာၾကေတာ့ထိုေႁမြအားမေတြ႕ရေတာ့ပါ””’

ေလွေပၚေရာက္မွရင္တုန္ပန္းတုန္ျဖစ္သြားသည္ကိုအေမာေျဖရေလသည္။

အဖြားကေတာ့အကိုအားဆူရင္းဆုံးမေနသည္။

””’ငါ့သားေနာက္ကိုသူမ်ားပညာကိုေစာ္ကားသလိုမေျပာရဘူး—-ကိုယ္မယုံရင္စိတ္ထဲမွာပဲထားရတယ္——-သူဖာသာေအာက္လမ္းျဖစ္ျဖစ္အထက္လမ္းျဖစ္ျဖစ္——ကိုယ္ကလာခ်င္လို႔လာတာေလသူေခၚတာမဟုတ္ဘူး””

””’ကံေကာင္းလို႔ေႁမြနဲ႔ေျခာက္လႊတ္လိုက္တာ——တိုက္ေႁမြေတြဘာေတြျဖစ္ေနရင္ဒုကၡေရာက္မွာ”””

ထိုအခ်ိန္မွစ၍အဖြားသည္သူေဗဒင္သြားေမးတိုင္းအကိုအားေယာင္၍ပင္မေခၚေတာ့ပါ

ေနာက္ပိုင္းမွာေတာ့ထိုဆာဒူးႀကီးအသံမၾကားရေတာ့ပါ

အဖြားဆုံးတာၾကာၿပီဆိုေတာ့အဖြားနဲ႔မတိမ္းမယိမ္းရွိေသာဆာဒူးႀကီးလဲရွိေတာ့မည္မထင္ပါ

ၿပီး

D Moe Moe

မွတ္ခ်က္

ေႁမြပုံမ်ားပို႔ေပးၾကေသာအေကာင္ပိင္ရွင္ေဗဒါႏွင့္

ပင္လယ္ျပာျပာေရျပာျပာေဗဒါဘာေၾကာင့္စိမ္းရတယ္အေကာင့္ပိုင္ရွင္မ်ားအားေက်းဇူးတင္လွ်က္ပါ