ဦးမောင်ကြီးနှင့်မီးနေသည်သရဲမ(စ/ဆုံး)

Unicode Version

ဦးမောင်ကြီးနှင့်မီးနေသည်သရဲမ(စ/ဆုံး)
——————————————-
လွန်ခဲ့သောနှစ်များစွာကဖြစ်ရပ်မှန်[86 ]ပုဒ်မြောက်
ဇီးတောရွာတွင်သူကြီးဦးမောင်ကြီးကိုမသိသူမရှိပါဦးမောင်ကြီးဟေ့ဆိုလျှင်တရွာလုံးမီးသေသည်။
ဦးမောင်ကြီးကဗလကောင်းကောင်းနှင့်အသံကလဲဟိန်းနေကာလော်စပီကာမလိုပဲတရွာလုံးကြားအောင်
အော်နိုင်သောအသံပါဝါကောင်းသူဖြစ်သည်။ငယ်စဉ်ကဘုန်းကြီးကျောင်းသားပီပီဘုရားစာများ
ဘုရားလက်ထပ်ကပုံတိုပတ်စများအကုန်ကျွမ်းကျင်စွာတတ်လေသည်။
တော်ရုံဘုန်းကြီးလောက်တော့သူ့ရွာတွင်ကျောင်းလာထိုင်ဘို့မစဉ်းစားနှင့်
သူကပင်ဘုန်းကြီးအားတရားပြန်ဟောနိုင်သောကြောင့်ဖြစ်သည်။
သူသည်ပျော်ပျော်နေတတ်ပြီးစိတ်ရင်းကောင်းသဖြင့်တရွာလုံးကချစ်ကြောက်ရိုသေကြသည်
သိုပေမဲ့သူစိတ်ကြီးလာပါကဘီလူးဝင်စီးနေသလားထင်ရတာကြောင့်ရွာကလူများလန့်နေရသည်။
လန့်လဲလန့်ချင်စရာပါသူကြီးဦးမောင်ကြီးသတ္တိကမခေပါဂျပန်ခေတ်တုန်းက
သေမင်းတမန်ရထားလမ်းဖောက်ဖို့ချွေးတပ်ဆွဲတဲ့အထဲသူကြီးဦးမောင်ကြီးလဲပါသွားသည်။
ချွေးတပ်ဆွဲခံရသူများသည်ပင်ပန်းလွန်းလို့သေတဲ့သူကသေလဲသူကလဲနှင့်ဒုက္ခရောက်နေချိန်တွင်
ဦးမောင်ကြီးသည်ဂျပန်နှစ်ယောက်အားသတ်ကာထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ဦးမောင်ကြီးရွာပြန်ရောက်ကထဲကစပါးတို့ပဲတို့ဝယ်ရောင်းလုပ်သည်။
ဦးမောင်ကြီး၏ဗလကောဇကောသိထားသောကြောင့်ထိုနယ်တကြောမှာတော့သူ့ကိုလိမ်ရဲသူမရှိပေ
ထိုကြောင့်စီးပွားရေးလုပ်ငန်းအောင်မြင်ကာလယ်များယာများပိုင်သောထိုရွာမှာတော့သဌေးတဦးဆိုလဲမမှားပါ
တနေ့တွင်ရွာထဲတွင်မိတုတ်ဆိုသောအမျိုးသမီးတယောက်သည်ကလေးမမွေးနိုင်ပဲမီးတွင်းထဲဆုံးသွားလေသည်။
ထိုအလောင်းကိုနေ့မကူးခင်ရွာင်္သချို ုင်း၌မြေမြုပ်လိုက်ကြသည်။
ထိုညတွင်တော့အသုဘအိမ်တွင်ဖဲဝိုင်းကအတော်စည်ကားနေသည်။
ညသန်းခေါင်လောက်တွင်တော့မီးနေသည်စနွင်းနံ့ကြီးအားအသုဘအိမ်ကလူအများစူးစူးဝါးဝါးရကာ
အသုဘအိမ်တွင်မွန်ထူ၍သွားသည်ထိုအချိန်တွင်ခွေးကလဲအူလိုက်တာကျက်သီးများပင်ထကုန်ကြသည်။
မရှေးမနှောင်းပင်ဖဲဝိုင်းနားတွင်ရပ်နေသောစနွင်းရောင်ဝါထိန်နေသောမီးနေသည်သရဲမမိတုတ်အားတွေ့ကြရလေသည်။
”’ ‘မိတုတ်သရဲ——မီးနေသည်သရဲမိတုတ် ””’

””မိတုတ်သရဲခြောက်နေတယ်””’
ဟုအော်ကာအားလုံးအလန့်တကြားဝရုန်းသုန်းကားဖြင့်ထွက်ပြေးကြသည်မှာအလဲလဲအကွဲကွဲဖြင့်
ဖဲဝိုင်းလဲပွစာကျဲကာကျန်ခဲ့လေသည်။ထိုအခါအိမ်တွင်ကျန်ရစ်ခဲ့သူများကကြောက်ကြောက်လန့်လန့်နှင့်
””မိတုတ်ရေ—–အမျှ—–အမျှ ””
အမျှပေးပေမဲ့မိတုတ်ကပျောက်မသွားပဲအိမ်လှေကားတွင်ငုတ်တုတ်ထိုင်နေရာ
အိမ်ရှိလူကုန်သည်နောက်ဖေးပေါက်မှခုန်ချကာထွက်ပြေးကြလေသည်။
””သူကြီးဦးမောင်ကြီးရေကယ်ပါအုံး—–မိတုတ်သရဲအိမ်ရောက်နေလို့—””
ဦးမောင်ကြီးအိမ်ထဲအော်ဟစ်ကာပြေးလာသောအသုဘအိမ်ကလူများကြောင့်
့ဦးမောင်ကြီးလဲရေမန်းပုလင်းကိုင်ကာအသုဘအိမ်အပြေးလိုက်လာတော့
သရဲမကမရှိတော့ပါဦးမောင်ကြီးပဲအသုဘအိမ်စောင့်ပေးလိုက်ရသည်။
နောက်တနေ့တွင်ရွာထဲကအလောင်းအစားသန်သူများကအလောင်းအစားတခုလုပ်ရန်တိုင်ပင်ကြသည်။
ထိုသည်မှာအခြားမဟုတ်သရဲခြောက်သောမီးနေသည်မြေပုံပေါ်တွင်ဝါးတလုံးထောင်ကာ
ထိုဝါးလုံးထိပ်တွင်ပိုက်ဆံချိတ်ထားပြီးသရဲမမြေပုံပေါ်ကနာမည်ရေးထားသော
ဆိုင်းဘုတ်တွင်ကြက်အရှင်တကောင်ချည်ထားမည်ဖြစ်သည်။
ည၁၂နာရီတွင်သွားယူရဲသူသည်တယောက်ထဲသွားကာပိုက်ဆံယူကာကြက်အရှင်ကိုဖြုတ်၍ဖမ်းလာရန်ဖြစ်သည်။
ဒိအလောင်းအစားကြေးကလဲမနဲပေထိုသတင်းသည်နဘေးရွာများအထိပေါက်ကြားသွားကာ
စိတ်ဝင်စားသူများများလာသည်။အနီးအနားရွာကလူများပါအလောင်းအစားထဲဝင်ထည့်ကာ
အပျော်အပျက်မှသည်တစတစငွေအမောင့်ကများလာရာထိုခေတ်ကအိမ်ခြံဝိုင်းတခုဝယ်နိုင်သည်အထိဖြစ်လာသည်။
ဒိလိုနဲ့ညဘက်ရောက်တော့ပြိုင်ပွဲကစလေပြီရွာထဲကလူများကာလသားများသတ္တိခဲများ
လာရောက်လေ့လာသူများနှင်အသုဘအိမ်တွင်လူတရုံးရုံးဖြစ်နေသည်လူအုပ်များနေသောကြောင့်
မီးနေသည်သရဲမမိတုတ်အားအသုဘအိမ်တွင်အစအနပင်မမြင်ရပါ
မမြင်ဆိုမီးနေသည်သရဲမိတုတ်ကင်္သချိူင်းကစောင့်ကာလာသမျှလူအလွတ်မပေးခြောက်လှန့်နေသည်။
ညသန်းခေါင်ဘုန်းကြီးကျောင်းက၁၂ချက်ခေါက်သံနှင့်မရှေးမနှောင်းပင်ရွာထဲကခွေးများအူလိုက်သည်မှာ
ကျောချမ်းချင်စရာကောင်းကာင်္သချိုင်းသွားမည့်သူများတွန့်ဆုတ်တွန့်ဆုတ်ြဖြစ်နေသည်။
ညသန်းခေါင်င်္သချိူင်းထဲတယောက်ထဲသွားရမှာကအပြောလွယ်သလောက်အလုပ်ခက်သည်
မီးနေသည်မိတုတ်သရဲမကလဲရှိသေးသို့ပေမဲ့ငွေကမက်လောက်စရာဖြစ်နေတော့အရဲစွန့်ကာသွားကြသည်။
အလှည့်ကြသွားကြသူများကင်္သချိုင်းဝကပြန်ပြေးလာသူများသရဲမမိတုတ်လိုက်၍ပုဆိုးကျွတ်ကျန်ခဲ့သူများ
ဝါးလုံးပေါ်ကပိုက်စံယူနေတုန်းအောက်ကကြက်ကအကြီးကြီးဖြစ်လာလို့လန့်လာသူများ
ပိုက်စံရပြီးကြက်အရှင်ကိုဖြုတ်နေတုန်းမိတုတ်ကပြန်ဆွဲထား၍သေပြေးရှင်ပြေးပြေးလာသူနှင့်
အရေးမလှကာတပ်ဆုပ်ပြန်လာသူများအားသူကြီးဦးမောင်ကြီးကရေမန်းတိုက်လိုက်ပုတီလည်ပင်းဆွဲပေးလိုက်
နှင့်အတော်အလုပ်ရှုတ်နေသည်နောက်ဆုံးဘယ်သူမှမအောင်မြင်တော့သူကြီးဦးမောင်ကြီးက
”’ကဲငါ့လူတို့ရေ—-ဘယ်သူမှမအောင်မြင်ရင်တော့—–
မောင်ကြီးအကြောင်းပြရသေးတာပေါ့—-””
သူ့သတ္တိကိုပြချင်တာကြောင့်င်္သချိူ င်းသို့အေးဆေးစွာသွားလေသည်။
ရွာသားအားလုံးကတော့တယောက်တပေါက်ဝေဖန်ရေးနှင့်လေကန်ရေးလုပ်နေကြသည်
”’ဒီတခါသူကြီးလဲမိတုတ်နှင့်တွေ့မှသူကြီးအရှက်ကွဲမဲ့ကိန်းပဲဟေ့”’
””’သူကြီးဦးမောင်ကြီးရာဇဝင်စာတင်မဲ့အရေးပဲကွ””’
ဦးမောင်ကြီးကတော့အသံဝါဝါကြီးနှင့်မေတ္တာသုတ်ရွတ်ကာင်္သချိုင်းကုန်းထဲဝင်သွားလေသည်။
သချို င်းကုန်ထဲရောက်တော့မိတုတ်မြေပုံပေါ်ကဝါးလုံးအားနုတ်ကာ
မြေပုံတိုင်တွင်ချည်ထားသောကြက်အရှင်အားကြိုးဖြေလိုက်သည်
ဒီအချိန်မှာပဲဦးမောင်ကြီးနှာခေါင်းထဲမီးနေသည်စနွင်းနံ့ကြီးတိုးဝင်လာသည်။
ကြက်သည်ယူ၍မရတစုံတခုကဆွဲထားသလိုနေရာမကြွပဲအော်နေသည်။
ဒိအခါဦးမောင်ကြီးသည်သ့ူ့အသံကျယ်ကြီးဖြင့်
””ကဲမိတုတ်ရေ—-နင်အစာစားချင်ရင်ငါ့အိမ်ကိုလိုက်ခဲ့—-ဟိုရောက်မှငါအဝကျွေးမယ်—-အခုတော့ဒီကြက်အရှင်ကိုငါ့ကိုပေးလိုက်—-ငါပိုက်စံတွေရတဲ့အခါနင့်အတွက်တရွာလုံးမီးခိုးတိတ်အလူုလုပ်ပြီးအမျှဝေပေးမယ်—–ဒါဟာငါ့အလုူမဟုတ်ဘူးနင့်အလုူဖြစ်သွားပြီ—–နင်ကအလုူအမပေါ့ဟာ—အဲဒီအခါကျမှနင်သာဓုခေါ်ပါဒါမှနင်ကောင်းရာသွားနိုင်မှာမဟုတ်လား”””’
ဦးမောင်ကြီးကမိတုတ်အားထိုသို့ပြောကာဂူတလုံးပေါ်တွင်ကျကျနနထိုင်ကာင်္သချိူင်းကုန်ထဲတွင်
သူသိသမျှတတ်သမျှတရားများအားမျက်စိမှိတ်ကာဟောလေသည်ထိုအခါရွာထဲကလူများလဲင်္သချိုူင်းကဦးမောင်ကြီး
အသံကိုကြားနေရကာဘာတွေဖြစ်နေလဲအလွန်သိချင်နေကြသည်။
မကြာခင်မနက်အာရုံရောက်တော့မည်ဒီအချိန်မှာပဲဦးမောင်ကြီးသည်သချိုင်းကုန်းထဲမှထွက်လာသည်။
ဦးမောင်ကြီးမျက်နှာသည်ပြုံးနေကာပိုက်စံချိတ်ထားသောဝါးလုံးကြီးထမ်းကာ
ကြက်အရှင်ကြီးပိုက်၍လာသည်မှာအောင်ပွဲရစစ်သူကြီးပမာရင်ကိုကော့၍ရှောက်လာရင်း
”’ဟေးးးးးးးးးးးးးးးးရွာထဲကလူတွေ—-မောင်ကြီးပြန်လာပြီကွကြက်သားကာလသားဟင်းချက်ဘို့အဆင်သင့်ပြင်ထား—-””
””မောင်ကြီးကွ—ဘယ်ကောင်မှဗိုလ်မထားဘူး—–မောင်ကြီးကိုလာမစမ်းနဲ့—–ယောင်ကြီးဗွေပြုတ်သွားမယ် ””’
ဦးမောင်ကြီးရဲ့အောင်မြင်သောအသံကြီးကရွာသားများအားလုံးကြားရကာ
ဦးမောင်ကြီးလာရာလမ်းသို့စုရုံးကာထွက်ကြည့်ကြလေသည်။
ထိုအခါဦးမောင်ကြီးနောက်တွင်ပါလာသောသရဲမမိတုတ်အားမြင်ကြရသောကြောင့်
ဆူဆူညံညံနှင့်ပြန်ပြေးကြလေသည်။ဦးမောင်ကြီးကတော့ခပ်အေးအေးပင်သူ့အိမ်သို့
သရဲမအားခေါ်သွားလင်ဗန်းထဲထမင်းကျန်ဟင်းကျန်များပုံကာအိမ်ရှေ့တွင်ချကြွေးလိုက်သည်။
ဆင်းရဲရှာသောမိတုတ်ရက်လည်မှာတော့ဦးမောင်ကြီးကသူရလာသောပိုက်စံများဖြင့်
ဘုန်းကြီးအားလျူ ဖွယ်ပစ္စည်းအစုံအလင်နှင့်တရွာလုံးမီခိုးတိတ်အလျူ ပေးကာဘုန်းကြီးကျောင်း
ပြင်ရန်ကျန်ျငွေများအားမိတုတ်နံမည်နှင့်လျူ၍ရေစက်ချအမျှဝေပွဲမှာတော့
””မိတုတ်ရေ—-အမျှ—အမျှ—-”’
ဦးမောင်ကြီး၏အသံသည်အကျယ်ဆုံးဖြစ်ကာဇီးတောရွာတရွာလုံးပဲ့တင်ထပ်သွားလေသည်။
အဲဒီကထဲကမီနေသည်သရဲမိတုတ်ခြောက်သံမကြားရတော့ပါ။
မီးနေသည်မိတုတ်အသုဘနှင့်ဗိုလ်မောင်ကြီးအကြောင်းကတော့ထိုရွာတွင်ပြောစမှတ်တင်ကျန်ခဲ့လေသည်။
ပြီး
D MoeMoe

Zawgyi Version

ဦးေမာင္ႀကီးႏွင့္မီးေနသည္သရဲမ(စ/ဆံုး)
——————————————-
လြန္ခဲ့ေသာႏွစ္မ်ားစြာကျဖစ္ရပ္မွန္[86 ]ပုဒ္ေျမာက္
ဇီးေတာ႐ြာတြင္သူႀကီးဦးေမာင္ႀကီးကိုမသိသူမရွိပါဦးေမာင္ႀကီးေဟ့ဆိုလွ်င္တ႐ြာလုံးမီးေသသည္။
ဦးေမာင္ႀကီးကဗလေကာင္းေကာင္းႏွင့္အသံကလဲဟိန္းေနကာေလာ္စပီကာမလိုပဲတ႐ြာလုံးၾကားေအာင္
ေအာ္ႏိုင္ေသာအသံပါဝါေကာင္းသူျဖစ္သည္။ငယ္စဥ္ကဘုန္းႀကီးေက်ာင္းသားပီပီဘုရားစာမ်ား
ဘုရားလက္ထပ္ကပုံတိုပတ္စမ်ားအကုန္ကြၽမ္းက်င္စြာတတ္ေလသည္။
ေတာ္႐ုံဘုန္းႀကီးေလာက္ေတာ့သူ႔႐ြာတြင္ေက်ာင္းလာထိုင္ဘို႔မစဥ္းစားႏွင့္
သူကပင္ဘုန္းႀကီးအားတရားျပန္ေဟာႏိုင္ေသာေၾကာင့္ျဖစ္သည္။
သူသည္ေပ်ာ္ေပ်ာ္ေနတတ္ၿပီးစိတ္ရင္းေကာင္းသျဖင့္တ႐ြာလုံးကခ်စ္ေၾကာက္႐ိုေသၾကသည္
သိုေပမဲ့သူစိတ္ႀကီးလာပါကဘီလူးဝင္စီးေနသလားထင္ရတာေၾကာင့္႐ြာကလူမ်ားလန႔္ေနရသည္။
လန႔္လဲလန႔္ခ်င္စရာပါသူႀကီးဦးေမာင္ႀကီးသတၱိကမေခပါဂ်ပန္ေခတ္တုန္းက
ေသမင္းတမန္ရထားလမ္းေဖာက္ဖို႔ေခြၽးတပ္ဆြဲတဲ့အထဲသူႀကီးဦးေမာင္ႀကီးလဲပါသြားသည္။
ေခြၽးတပ္ဆြဲခံရသူမ်ားသည္ပင္ပန္းလြန္းလို႔ေသတဲ့သူကေသလဲသူကလဲႏွင့္ဒုကၡေရာက္ေနခ်ိန္တြင္
ဦးေမာင္ႀကီးသည္ဂ်ပန္ႏွစ္ေယာက္အားသတ္ကာထြက္ေျပးလြတ္ေျမာက္လာခဲ့သည္။
ဦးေမာင္ႀကီး႐ြာျပန္ေရာက္ကထဲကစပါးတို႔ပဲတို႔ဝယ္ေရာင္းလုပ္သည္။
ဦးေမာင္ႀကီး၏ဗလေကာဇေကာသိထားေသာေၾကာင့္ထိုနယ္တေၾကာမွာေတာ့သူ႔ကိုလိမ္ရဲသူမရွိေပ
ထိုေၾကာင့္စီးပြားေရးလုပ္ငန္းေအာင္ျမင္ကာလယ္မ်ားယာမ်ားပိုင္ေသာထို႐ြာမွာေတာ့သေဌးတဦးဆိုလဲမမွားပါ
တေန႔တြင္႐ြာထဲတြင္မိတုတ္ဆိုေသာအမ်ိဳးသမီးတေယာက္သည္ကေလးမေမြးႏိုင္ပဲမီးတြင္းထဲဆုံးသြားေလသည္။
ထိုအေလာင္းကိုေန႔မကူးခင္႐ြာသၤခ်ိဳ ုင္း၌ေျမျမဳပ္လိုက္ၾကသည္။
ထိုညတြင္ေတာ့အသုဘအိမ္တြင္ဖဲဝိုင္းကအေတာ္စည္ကားေနသည္။
ညသန္းေခါင္ေလာက္တြင္ေတာ့မီးေနသည္စႏြင္းနံ႔ႀကီးအားအသုဘအိမ္ကလူအမ်ားစူးစူးဝါးဝါးရကာ
အသုဘအိမ္တြင္မြန္ထူ၍သြားသည္ထိုအခ်ိန္တြင္ေခြးကလဲအူလိုက္တာက်က္သီးမ်ားပင္ထကုန္ၾကသည္။
မေရွးမေႏွာင္းပင္ဖဲဝိုင္းနားတြင္ရပ္ေနေသာစႏြင္းေရာင္ဝါထိန္ေနေသာမီးေနသည္သရဲမမိတုတ္အားေတြ႕ၾကရေလသည္။
”’ ‘မိတုတ္သရဲ——မီးေနသည္သရဲမိတုတ္ ””’

””မိတုတ္သရဲေျခာက္ေနတယ္””’
ဟုေအာ္ကာအားလုံးအလန႔္တၾကားဝ႐ုန္းသုန္းကားျဖင့္ထြက္ေျပးၾကသည္မွာအလဲလဲအကြဲကြဲျဖင့္
ဖဲဝိုင္းလဲပြစာက်ဲကာက်န္ခဲ့ေလသည္။ထိုအခါအိမ္တြင္က်န္ရစ္ခဲ့သူမ်ားကေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္
””မိတုတ္ေရ—–အမွ်—–အမွ် ””
အမွ်ေပးေပမဲ့မိတုတ္ကေပ်ာက္မသြားပဲအိမ္ေလွကားတြင္ငုတ္တုတ္ထိုင္ေနရာ
အိမ္ရွိလူကုန္သည္ေနာက္ေဖးေပါက္မွခုန္ခ်ကာထြက္ေျပးၾကေလသည္။
””သူႀကီးဦးေမာင္ႀကီးေရကယ္ပါအုံး—–မိတုတ္သရဲအိမ္ေရာက္ေနလို႔—””
ဦးေမာင္ႀကီးအိမ္ထဲေအာ္ဟစ္ကာေျပးလာေသာအသုဘအိမ္ကလူမ်ားေၾကာင့္
့ဦးေမာင္ႀကီးလဲေရမန္းပုလင္းကိုင္ကာအသုဘအိမ္အေျပးလိုက္လာေတာ့
သရဲမကမရွိေတာ့ပါဦးေမာင္ႀကီးပဲအသုဘအိမ္ေစာင့္ေပးလိုက္ရသည္။
ေနာက္တေန႔တြင္႐ြာထဲကအေလာင္းအစားသန္သူမ်ားကအေလာင္းအစားတခုလုပ္ရန္တိုင္ပင္ၾကသည္။
ထိုသည္မွာအျခားမဟုတ္သရဲေျခာက္ေသာမီးေနသည္ေျမပုံေပၚတြင္ဝါးတလုံးေထာင္ကာ
ထိုဝါးလုံးထိပ္တြင္ပိုက္ဆံခ်ိတ္ထားၿပီးသရဲမေျမပုံေပၚကနာမည္ေရးထားေသာ
ဆိုင္းဘုတ္တြင္ၾကက္အရွင္တေကာင္ခ်ည္ထားမည္ျဖစ္သည္။
ည၁၂နာရီတြင္သြားယူရဲသူသည္တေယာက္ထဲသြားကာပိုက္ဆံယူကာၾကက္အရွင္ကိုျဖဳတ္၍ဖမ္းလာရန္ျဖစ္သည္။
ဒိအေလာင္းအစားေၾကးကလဲမနဲေပထိုသတင္းသည္နေဘး႐ြာမ်ားအထိေပါက္ၾကားသြားကာ
စိတ္ဝင္စားသူမ်ားမ်ားလာသည္။အနီးအနား႐ြာကလူမ်ားပါအေလာင္းအစားထဲဝင္ထည့္ကာ
အေပ်ာ္အပ်က္မွသည္တစတစေငြအေမာင့္ကမ်ားလာရာထိုေခတ္ကအိမ္ၿခံဝိုင္းတခုဝယ္ႏိုင္သည္အထိျဖစ္လာသည္။
ဒိလိုနဲ႔ညဘက္ေရာက္ေတာ့ၿပိဳင္ပြဲကစေလၿပီ႐ြာထဲကလူမ်ားကာလသားမ်ားသတၱိခဲမ်ား
လာေရာက္ေလ့လာသူမ်ားႏွင္အသုဘအိမ္တြင္လူတ႐ုံး႐ုံးျဖစ္ေနသည္လူအုပ္မ်ားေနေသာေၾကာင့္
မီးေနသည္သရဲမမိတုတ္အားအသုဘအိမ္တြင္အစအနပင္မျမင္ရပါ
မျမင္ဆိုမီးေနသည္သရဲမိတုတ္ကသၤခ်ိဴင္းကေစာင့္ကာလာသမွ်လူအလြတ္မေပးေျခာက္လွန႔္ေနသည္။
ညသန္းေခါင္ဘုန္းႀကီးေက်ာင္းက၁၂ခ်က္ေခါက္သံႏွင့္မေရွးမေႏွာင္းပင္႐ြာထဲကေခြးမ်ားအူလိုက္သည္မွာ
ေက်ာခ်မ္းခ်င္စရာေကာင္းကာသၤခ်ိဳင္းသြားမည့္သူမ်ားတြန႔္ဆုတ္တြန႔္ဆုတ္ျျဖစ္ေနသည္။
ညသန္းေခါင္သၤခ်ိဴင္းထဲတေယာက္ထဲသြားရမွာကအေျပာလြယ္သေလာက္အလုပ္ခက္သည္
မီးေနသည္မိတုတ္သရဲမကလဲရွိေသးသို႔ေပမဲ့ေငြကမက္ေလာက္စရာျဖစ္ေနေတာ့အရဲစြန႔္ကာသြားၾကသည္။
အလွည့္ၾကသြားၾကသူမ်ားကသၤခ်ိဳင္းဝကျပန္ေျပးလာသူမ်ားသရဲမမိတုတ္လိုက္၍ပုဆိုးကြၽတ္က်န္ခဲ့သူမ်ား
ဝါးလုံးေပၚကပိုက္စံယူေနတုန္းေအာက္ကၾကက္ကအႀကီးႀကီးျဖစ္လာလို႔လန႔္လာသူမ်ား
ပိုက္စံရၿပီးၾကက္အရွင္ကိုျဖဳတ္ေနတုန္းမိတုတ္ကျပန္ဆြဲထား၍ေသေျပးရွင္ေျပးေျပးလာသူႏွင့္
အေရးမလွကာတပ္ဆုပ္ျပန္လာသူမ်ားအားသူႀကီးဦးေမာင္ႀကီးကေရမန္းတိုက္လိုက္ပုတီလည္ပင္းဆြဲေပးလိုက္
ႏွင့္အေတာ္အလုပ္ရႈတ္ေနသည္ေနာက္ဆုံးဘယ္သူမွမေအာင္ျမင္ေတာ့သူႀကီးဦးေမာင္ႀကီးက
”’ကဲငါ့လူတို႔ေရ—-ဘယ္သူမွမေအာင္ျမင္ရင္ေတာ့—–
ေမာင္ႀကီးအေၾကာင္းျပရေသးတာေပါ့—-””
သူ႔သတၱိကိုျပခ်င္တာေၾကာင့္သၤခ်ိဴ င္းသို႔ေအးေဆးစြာသြားေလသည္။
႐ြာသားအားလုံးကေတာ့တေယာက္တေပါက္ေဝဖန္ေရးႏွင့္ေလကန္ေရးလုပ္ေနၾကသည္
”’ဒီတခါသူႀကီးလဲမိတုတ္ႏွင့္ေတြ႕မွသူႀကီးအရွက္ကြဲမဲ့ကိန္းပဲေဟ့”’
””’သူႀကီးဦးေမာင္ႀကီးရာဇဝင္စာတင္မဲ့အေရးပဲကြ””’
ဦးေမာင္ႀကီးကေတာ့အသံဝါဝါႀကီးႏွင့္ေမတၱာသုတ္႐ြတ္ကာသၤခ်ိဳင္းကုန္းထဲဝင္သြားေလသည္။
သခ်ိဳ င္းကုန္ထဲေရာက္ေတာ့မိတုတ္ေျမပုံေပၚကဝါးလုံးအားႏုတ္ကာ
ေျမပုံတိုင္တြင္ခ်ည္ထားေသာၾကက္အရွင္အားႀကိဳးေျဖလိုက္သည္
ဒီအခ်ိန္မွာပဲဦးေမာင္ႀကီးႏွာေခါင္းထဲမီးေနသည္စႏြင္းနံ႔ႀကီးတိုးဝင္လာသည္။
ၾကက္သည္ယူ၍မရတစုံတခုကဆြဲထားသလိုေနရာမႂကြပဲေအာ္ေနသည္။
ဒိအခါဦးေမာင္ႀကီးသည္သ့ူ႔အသံက်ယ္ႀကီးျဖင့္
””ကဲမိတုတ္ေရ—-နင္အစာစားခ်င္ရင္ငါ့အိမ္ကိုလိုက္ခဲ့—-ဟိုေရာက္မွငါအဝေကြၽးမယ္—-အခုေတာ့ဒီၾကက္အရွင္ကိုငါ့ကိုေပးလိုက္—-ငါပိုက္စံေတြရတဲ့အခါနင့္အတြက္တ႐ြာလုံးမီးခိုးတိတ္အလူုလုပ္ၿပီးအမွ်ေဝေပးမယ္—–ဒါဟာငါ့အလုူမဟုတ္ဘူးနင့္အလုူျဖစ္သြားၿပီ—–နင္ကအလုူအမေပါ့ဟာ—အဲဒီအခါက်မွနင္သာဓုေခၚပါဒါမွနင္ေကာင္းရာသြားႏိုင္မွာမဟုတ္လား”””’
ဦးေမာင္ႀကီးကမိတုတ္အားထိုသို႔ေျပာကာဂူတလုံးေပၚတြင္က်က်နနထိုင္ကာသၤခ်ိဴင္းကုန္ထဲတြင္
သူသိသမွ်တတ္သမွ်တရားမ်ားအားမ်က္စိမွိတ္ကာေဟာေလသည္ထိုအခါ႐ြာထဲကလူမ်ားလဲသၤခ်ိဳူင္းကဦးေမာင္ႀကီး
အသံကိုၾကားေနရကာဘာေတြျဖစ္ေနလဲအလြန္သိခ်င္ေနၾကသည္။
မၾကာခင္မနက္အာ႐ုံေရာက္ေတာ့မည္ဒီအခ်ိန္မွာပဲဦးေမာင္ႀကီးသည္သခ်ိဳင္းကုန္းထဲမွထြက္လာသည္။
ဦးေမာင္ႀကီးမ်က္ႏွာသည္ၿပဳံးေနကာပိုက္စံခ်ိတ္ထားေသာဝါးလုံးႀကီးထမ္းကာ
ၾကက္အရွင္ႀကီးပိုက္၍လာသည္မွာေအာင္ပြဲရစစ္သူႀကီးပမာရင္ကိုေကာ့၍ေရွာက္လာရင္း
”’ေဟးးးးးးးးးးးးးးးး႐ြာထဲကလူေတြ—-ေမာင္ႀကီးျပန္လာၿပီကြၾကက္သားကာလသားဟင္းခ်က္ဘို႔အဆင္သင့္ျပင္ထား—-””
””ေမာင္ႀကီးကြ—ဘယ္ေကာင္မွဗိုလ္မထားဘူး—–ေမာင္ႀကီးကိုလာမစမ္းနဲ႔—–ေယာင္ႀကီးေဗြျပဳတ္သြားမယ္ ””’
ဦးေမာင္ႀကီးရဲ႕ေအာင္ျမင္ေသာအသံႀကီးက႐ြာသားမ်ားအားလုံးၾကားရကာ
ဦးေမာင္ႀကီးလာရာလမ္းသို႔စု႐ုံးကာထြက္ၾကည့္ၾကေလသည္။
ထိုအခါဦးေမာင္ႀကီးေနာက္တြင္ပါလာေသာသရဲမမိတုတ္အားျမင္ၾကရေသာေၾကာင့္
ဆူဆူညံညံႏွင့္ျပန္ေျပးၾကေလသည္။ဦးေမာင္ႀကီးကေတာ့ခပ္ေအးေအးပင္သူ႔အိမ္သို႔
သရဲမအားေခၚသြားလင္ဗန္းထဲထမင္းက်န္ဟင္းက်န္မ်ားပုံကာအိမ္ေရွ႕တြင္ခ်ေႂကြးလိုက္သည္။
ဆင္းရဲရွာေသာမိတုတ္ရက္လည္မွာေတာ့ဦးေမာင္ႀကီးကသူရလာေသာပိုက္စံမ်ားျဖင့္
ဘုန္းႀကီးအားလ်ဴ ဖြယ္ပစၥည္းအစုံအလင္ႏွင့္တ႐ြာလုံးမီခိုးတိတ္အလ်ဴ ေပးကာဘုန္းႀကီးေက်ာင္း
ျပင္ရန္က်န္်ေငြမ်ားအားမိတုတ္နံမည္ႏွင့္လ်ဴ၍ေရစက္ခ်အမွ်ေဝပြဲမွာေတာ့
””မိတုတ္ေရ—-အမွ်—အမွ်—-”’
ဦးေမာင္ႀကီး၏အသံသည္အက်ယ္ဆုံးျဖစ္ကာဇီးေတာ႐ြာတ႐ြာလုံးပဲ့တင္ထပ္သြားေလသည္။
အဲဒီကထဲကမီေနသည္သရဲမိတုတ္ေျခာက္သံမၾကားရေတာ့ပါ။
မီးေနသည္မိတုတ္အသုဘႏွင့္ဗိုလ္ေမာင္ႀကီးအေၾကာင္းကေတာ့ထို႐ြာတြင္ေျပာစမွတ္တင္က်န္ခဲ့ေလသည္။
ၿပီး
D MoeMoe