ငရံ့မင်းသိုက်ကလာသူ(စ/ဆုံး)

Unicode Version

ငရံ့မင်းသိုက်ကလာသူ(စ/ဆုံး)
——————————
လူချောသည်ရုံးဝန်ထမ်းတစ်ဦးဖြစ်ကာဧရာဝတီမြစ်ကြီးနှင့်နီးသောနယ်မြို့တမြို့တွင်တာဝန်ကျနေသည်။

လူချောဆိုသည့်အတိုင်းချောမောပြေပြစ်သလိုစိတ်ထားကောင်းသူတစ်ယောက်ဖြစ်သည်။

သို့ပေမဲ့လူချောမှာမွေးရာပါအလွမ်းဓတ်ခံပါလာသည်လို့ပြောရမလိုပင်ဖြစ်သည်။

သူမည်သည့်ဒေသသို့ရောက်ပါစေပင်လယ်တွေမြစ်တွေကသူ့အတွက်လွမ်းစရာကောင်းနေသည်။

သူမြစ်ကမ်းနဘေးသို့ို့ရောက်သည့်အခါမြစ်ပြင်ထဲကဖြတ်သန်းတိုက်ခတ်လာသော

လေနုအေးကလေးများကမျက်နှာကိုကျီစယ်ကစားလိုက်သည့်အခါတိုင်းအမျိူ းအမည်မသိသော

လွမ်းဆွတ်မှု့ကိုခံစားရကာဘာကိုလွမ်း၍လွမ်းမှန်းမသိလွမ်းနေတာတော့အမှန်ဖြစ်သည်။

ရေပြင်ကိုကြည့်ရင်းရင်ထဲမှာထူးဆန်းစွာလွမ်းနေတတ်ပေမဲ့ဆန့်ကျင်စွာ

လူချောသည်ရေမကူးတတ်ရေကိုအသေကြောက်ပြန်သည်။

ရေသတ္တဝါတွေကိုမနှစ်သက်ငါးညှီန့ှံမခံနိုင်၍ငါးဟင်းကိုပင်ငယ်စဉ်ကထဲကမစားပါ

လူချောဘဝတွင်ထူးဆန်းတာများရှိနေသည်လူချောငယ်စဉ်ကလေးဘဝကထဲက

မရိုးနိုင်သောအိမ်မက်ကိုမက်နေသည်သူ့အိမ်မက်ထဲတွင်သူတစ်ခါမှမရောက်ဘူးသော

မြစ်ကမ်းနံဘေးကအလွန်သာယာသောရွာတစ်ရွာကိုမကြာခဏမြင်မက်နေသည်။

သူ့စိတ်ထဲထိုရွာနှင့်ရင်းနှီးကျွမ်းဝင်နေသလိုခံစားနေရသည်။

အပြင်ဘက်တွင်လည်းမြစ်ကမ်းနဘေးကသာယာသောရွာများသို့ရောက်သည့်အခါ

သူရောက်ဘူးနေသလိုလိုမြင်ဘူးနေသလိုလိုခံစားနေရသည်။

တိုက်ဆိုင်သူတိုင်းသူ့လိုခံစားဘူးမည်ထင်ပါသည်။

သူ၁၀တန်းစာမေးပွဲဖြေဆိုနေချိန်တစ်ညတွင်စာကျက်ရင်းလူကလဲစိတ်ပင်ပန်းလူပင်ပန်းနှင့်

မှေးကနဲအိပ်ပျော်သွားမိလေသည်ထိုအချိန်တွင်အိမ်မက်လိုလိုအပြင်မှာတစ်ကယ်လိုလိုနှင့်

ချောမောလှပသောကောင်မလေးနှစ်ယောက်သည်သူ့အားလာခေါ်လေသည်။

””အကိုတော်—-အကိုတော့်ပစ္စည်းတွေမြေပေါ်မှာထွက်နေလို့—-လာသိမ်းပေးပါအုံး””

ထိုအခါသူလဲစိတ်ဆိုးသွားကာထိုကောင်မလေးနှစ်ယောက်အားမန်လိုက်မိသည်။

”’ နင်တို့ကလဲ—ငါမရှိတုန်းဒါလေးတောင်မစောင့်ရှောက်နိုင်ဘူးလား”’

ထိုသို့ပြောကာထိုကောင်မလေးနှစ်ယောက်နောက်သို့လိုက်သွားမိလေသည်။

မြစ်ကမ်းနဘေးတစ်နေရာရောက်တော့သူတို့ပြသောနေရာအားကြည့်မိရာ

ရွှေရောင်တောက်နေသောလင်ဗန်းတစ်ချပ်သည်မြေကြီးထဲမြုပ်နေရာမှမြေပေါ်သို့

တစ်ဝက်တစ်ပြတ်တိုးထွက်၍နေသည်ကိုမြင်လိုက်ရလေသည်။

ထိုအခါသူလဲဖနောင့်နှင့်တစ်ချက်ပေါက်လိုက်ရာရွှေလင်ဗန်းသည်မြေကြီးထဲသို့ပြန်ဝင်ကာပျောက်ကွယ်သွားလေသည်။

သူ့လန့်နိုးတော့သူ့အိမ်မက်သည်ထူးဆန်းနေပေမဲ့စာကျက်ရင်းဂယောင်ခြောက်ခြားမြင်မက်နေသည်ဟုသဘောထားလိုက်သည်။

သို့ပေမဲ့သ့ူအိမ်မက်များမေ့လောက်သောအချိန်တွင်အိမ်မက်ထပ်၍မက်ပြန်သည်။

ဒီတစ်ခါအိမ်မက်ထဲတွင်လဲသူ့အားဟိုတခါကလာခေါ်သောခပ်ချောချောကောင်းမလေးနှစ်ယောက်သည်

သူ့ဆီရောက်လာကာအားကိုးတကြီးအရေးကြီးဟန်ဖြင့်လာခေါ်ပြန်သည်။

””’အကိုတော်—-အခုညီမတို့နေတဲ့ရေထဲမှာငါးဘီလူးကြီးတစ်ကောင်ဒုက္ခလာပေးနေလို့ကယ်ပါအုံး””’

သူ့တို့စကားကြောင့်သူ့စိတ်သည်အလွန်ပူပန်စိုးရိမ်သွား၍သူတို့နောက်သို့လိုက်သွားမိပြန်သည်။

ထုံးစံအတိုင်းမြစ်ကမ်းဘေးသို့ရောက်သွားရင်းသူတို့ပြသောနေရာရောက်တော့

သူလဲရေထဲဆင်းရင်းရေထဲမှအလွန်ကြောက်စရာကောင်း၍ကြီးမားသောငါးဘီလူးကြီးတစ်ကောင်နှင့်

နပန်းလုံးနေရသည်ထိုသို့နပန်းလုံးတိုက်ခိုက်နေရင်းငါးဘီလူးကြီးသည်ထွက်ပြေးသွားလေသည်။

ထိုအခါမှသူလဲရေပေါ်သို့ခေါင်းဖေါ်၍အမောဖြေရင်းကမ်းစပ်မှာတည်ထားသောရွှေရောင်းတစ်ဝင်းဝင်းနှင့်

စေတီတစ်ဆူအားအလွန်သပ္ပါယ်စွာတွေ့လိုက်ရ၍ရေထဲမှလှမ်း၍ဖူးလိုက်ကာကမ်းပေါ်သို့တက်လိုက်လေသည်။

ထိုစေတီကလေးဘေးတွင်မမျှော်လင့်ဘဲအလွန်သာယာသောရွာတစ်ရွာကိုတွေ့လိုက်ရာသူအလွန်အံ့သြ၍သွားသည်။

ထိုရွာကလေးသည်သူ့အိမ်မက်ထဲကသူခဏခဏမြင်နေသောရွာကလေးဖြစ်ကာဝမ်းသာအးရဖြင့်ရွာကလေးထဲ

စူးစမ်းချင်၍ဝင်သွားမိလေသည်ထိုအခါသူရွာထဲစဝင်လိုက်သည်နှင့်ရွာထိတ်မှစ၍ထိုရွာကလေးထဲတွင်ရှိကြကုန်သော

ပျိူ ပျိူ ~အိုအို~သက်ကြီး~ရွယ်အို~လူလတ်~လူရွယ်~လူငယ်~များနှင့်တစ်ကွကလေးများပါမကျန်

သူ့အားလူစွမ်းကောင်းကြီးရွာသို့အလည်ရောက်လာသည်ထင်မှတ်ထားပုံရကာ

ဦးညွတ်၍အရိုအသေပေးကြသည်ကိုအဆန်းတစ်ကြယ်မြင်ရလေသည်။

သူရွာထဲရှောက်သွားသည်နှင့်သူ့အားဝမ်းပန်းတစ်သာလက်ဆောင်ပစ္စည်းများဝိုင်း၍ပေးကြပြန်သည်။

သူပြန်သည့်အခါတွင်လဲသူ့နောက်တွင်ရွာထဲမှရှိသမျှလူကုန်ရွာပြင်သို့လိုက်ပါပို့ဆောင်ကြပြန်သည်။

သူ့ကိုယ်သူဘာမှန်းသူမသိပေမဲ့သူအများအကျိူ းဆောင်ရ၍ကျနပ်ဝမ်းသာနေမိသည်ကတော့အမှန်ပင်

လိုက်ပို့သူများထဲသူ့အားလာခေါ်သောခပ်ချောချောကောင်မလေးနှစ်ယောက်သည်သူ့အားရွာအပြင်သိုပြန်လိုက်ပို့ရင်း

ဝမ်းနည်းဘွယ်ကျေးဇူးတင်စကားဆိုကြလေသည်။

”’ အခုလိုညီမတို့အခက်အခဲကိုလာပြီးဖြေရှင်းပေးတဲ့အကိုတော်ကိုကျေးဇူးတင်ပါတယ်——နောက်လဲညီမတို့
ငရံ့မင်းသိုက်ကိုစောင့်ရှောက်ပေးပါ—–”’

သူတို့ပြောသောငရံ့မင်းသိုက်ဆိုတာသူတစ်ခါမှမကြားဘူးပေမဲ့သူကြုံတွေ့နေရသည်ကတော့

လက်တွေ့ဆန်သလိုခံစားနေရသည်ရွာတစ်ရွာသို့အလည်ရောက်သွားသလိုထင်မိသည်။

သူ့ကြောင့်ထိုရွာကလေးအန္တရယ်ကင်းသွားသည်ဖြစ်၍သူကျေနပ်နေမိသည်။

အဲဒီနောက်ပိုင်းမှာတော့သူဘာအိမ်မက်မှထပ်၍မမက်ဖြစ်တော့ပါ

လူ့ဘဝပင်လယ်ပြင်မှာဝမ်းရေးအတွက်လက်ပစ်ကူးရင်းအစုန်အဆန်လှိုင်းလုံးလောကဓံတွေကြားမှာ

အားကြိုးမန်တက်ကြိုးစားနေရတာကြောင့်အိမ်မက်တွေကိုအတိတ်မှာထားကာလက်တွေကျစွာဘဝကို

ရင်ဆိုင်နေရတဲ့သူ့အတွက်တော့ဘာရယ်မဟုတ်ပင်လယ်မြင်တိုင်းလွမ်းနေအုံးမှာသေချာပါသည်။

ပြီး

DMoe Moe

Zawgyi Version

ငရံ႕မင္းသိုက္ကလာသူ(စ/ဆံုး)
——————————
လူေခ်ာသည္႐ုံးဝန္ထမ္းတစ္ဦးျဖစ္ကာဧရာဝတီျမစ္ႀကီးႏွင့္နီးေသာနယ္ၿမိဳ႕တၿမိဳ႕တြင္တာဝန္က်ေနသည္။

လူေခ်ာဆိုသည့္အတိုင္းေခ်ာေမာေျပျပစ္သလိုစိတ္ထားေကာင္းသူတစ္ေယာက္ျဖစ္သည္။

သို႔ေပမဲ့လူေခ်ာမွာေမြးရာပါအလြမ္းဓတ္ခံပါလာသည္လို႔ေျပာရမလိုပင္ျဖစ္သည္။

သူမည္သည့္ေဒသသို႔ေရာက္ပါေစပင္လယ္ေတြျမစ္ေတြကသူ႔အတြက္လြမ္းစရာေကာင္းေနသည္။

သူျမစ္ကမ္းနေဘးသို႔ို႔ေရာက္သည့္အခါျမစ္ျပင္ထဲကျဖတ္သန္းတိုက္ခတ္လာေသာ

ေလႏုေအးကေလးမ်ားကမ်က္ႏွာကိုက်ီစယ္ကစားလိုက္သည့္အခါတိုင္းအမ်ိဴ းအမည္မသိေသာ

လြမ္းဆြတ္မႈ႕ကိုခံစားရကာဘာကိုလြမ္း၍လြမ္းမွန္းမသိလြမ္းေနတာေတာ့အမွန္ျဖစ္သည္။

ေရျပင္ကိုၾကည့္ရင္းရင္ထဲမွာထူးဆန္းစြာလြမ္းေနတတ္ေပမဲ့ဆန႔္က်င္စြာ

လူေခ်ာသည္ေရမကူးတတ္ေရကိုအေသေၾကာက္ျပန္သည္။

ေရသတၱဝါေတြကိုမႏွစ္သက္ငါးညႇီန႔ွံမခံႏိုင္၍ငါးဟင္းကိုပင္ငယ္စဥ္ကထဲကမစားပါ

လူေခ်ာဘဝတြင္ထူးဆန္းတာမ်ားရွိေနသည္လူေခ်ာငယ္စဥ္ကေလးဘဝကထဲက

မ႐ိုးႏိုင္ေသာအိမ္မက္ကိုမက္ေနသည္သူ႔အိမ္မက္ထဲတြင္သူတစ္ခါမွမေရာက္ဘူးေသာ

ျမစ္ကမ္းနံေဘးကအလြန္သာယာေသာ႐ြာတစ္႐ြာကိုမၾကာခဏျမင္မက္ေနသည္။

သူ႔စိတ္ထဲထို႐ြာႏွင့္ရင္းႏွီးကြၽမ္းဝင္ေနသလိုခံစားေနရသည္။

အျပင္ဘက္တြင္လည္းျမစ္ကမ္းနေဘးကသာယာေသာ႐ြာမ်ားသို႔ေရာက္သည့္အခါ

သူေရာက္ဘူးေနသလိုလိုျမင္ဘူးေနသလိုလိုခံစားေနရသည္။

တိုက္ဆိုင္သူတိုင္းသူ႔လိုခံစားဘူးမည္ထင္ပါသည္။

သူ၁၀တန္းစာေမးပြဲေျဖဆိုေနခ်ိန္တစ္ညတြင္စာက်က္ရင္းလူကလဲစိတ္ပင္ပန္းလူပင္ပန္းႏွင့္

ေမွးကနဲအိပ္ေပ်ာ္သြားမိေလသည္ထိုအခ်ိန္တြင္အိမ္မက္လိုလိုအျပင္မွာတစ္ကယ္လိုလိုႏွင့္

ေခ်ာေမာလွပေသာေကာင္မေလးႏွစ္ေယာက္သည္သူ႔အားလာေခၚေလသည္။

””အကိုေတာ္—-အကိုေတာ့္ပစၥည္းေတြေျမေပၚမွာထြက္ေနလို႔—-လာသိမ္းေပးပါအုံး””

ထိုအခါသူလဲစိတ္ဆိုးသြားကာထိုေကာင္မေလးႏွစ္ေယာက္အားမန္လိုက္မိသည္။

”’ နင္တို႔ကလဲ—ငါမရွိတုန္းဒါေလးေတာင္မေစာင့္ေရွာက္ႏိုင္ဘူးလား”’

ထိုသို႔ေျပာကာထိုေကာင္မေလးႏွစ္ေယာက္ေနာက္သို႔လိုက္သြားမိေလသည္။

ျမစ္ကမ္းနေဘးတစ္ေနရာေရာက္ေတာ့သူတို႔ျပေသာေနရာအားၾကည့္မိရာ

ေ႐ႊေရာင္ေတာက္ေနေသာလင္ဗန္းတစ္ခ်ပ္သည္ေျမႀကီးထဲျမဳပ္ေနရာမွေျမေပၚသို႔

တစ္ဝက္တစ္ျပတ္တိုးထြက္၍ေနသည္ကိုျမင္လိုက္ရေလသည္။

ထိုအခါသူလဲဖေနာင့္ႏွင့္တစ္ခ်က္ေပါက္လိုက္ရာေ႐ႊလင္ဗန္းသည္ေျမႀကီးထဲသို႔ျပန္ဝင္ကာေပ်ာက္ကြယ္သြားေလသည္။

သူ႔လန႔္ႏိုးေတာ့သူ႔အိမ္မက္သည္ထူးဆန္းေနေပမဲ့စာက်က္ရင္းဂေယာင္ေျခာက္ျခားျမင္မက္ေနသည္ဟုသေဘာထားလိုက္သည္။

သို႔ေပမဲ့သ့ူအိမ္မက္မ်ားေမ့ေလာက္ေသာအခ်ိန္တြင္အိမ္မက္ထပ္၍မက္ျပန္သည္။

ဒီတစ္ခါအိမ္မက္ထဲတြင္လဲသူ႔အားဟိုတခါကလာေခၚေသာခပ္ေခ်ာေခ်ာေကာင္းမေလးႏွစ္ေယာက္သည္

သူ႔ဆီေရာက္လာကာအားကိုးတႀကီးအေရးႀကီးဟန္ျဖင့္လာေခၚျပန္သည္။

””’အကိုေတာ္—-အခုညီမတို႔ေနတဲ့ေရထဲမွာငါးဘီလူးႀကီးတစ္ေကာင္ဒုကၡလာေပးေနလို႔ကယ္ပါအုံး””’

သူ႔တို႔စကားေၾကာင့္သူ႔စိတ္သည္အလြန္ပူပန္စိုးရိမ္သြား၍သူတို႔ေနာက္သို႔လိုက္သြားမိျပန္သည္။

ထုံးစံအတိုင္းျမစ္ကမ္းေဘးသို႔ေရာက္သြားရင္းသူတို႔ျပေသာေနရာေရာက္ေတာ့

သူလဲေရထဲဆင္းရင္းေရထဲမွအလြန္ေၾကာက္စရာေကာင္း၍ႀကီးမားေသာငါးဘီလူးႀကီးတစ္ေကာင္ႏွင့္

နပန္းလုံးေနရသည္ထိုသို႔နပန္းလုံးတိုက္ခိုက္ေနရင္းငါးဘီလူးႀကီးသည္ထြက္ေျပးသြားေလသည္။

ထိုအခါမွသူလဲေရေပၚသို႔ေခါင္းေဖၚ၍အေမာေျဖရင္းကမ္းစပ္မွာတည္ထားေသာေ႐ႊေရာင္းတစ္ဝင္းဝင္းႏွင့္

ေစတီတစ္ဆူအားအလြန္သပၸါယ္စြာေတြ႕လိုက္ရ၍ေရထဲမွလွမ္း၍ဖူးလိုက္ကာကမ္းေပၚသို႔တက္လိုက္ေလသည္။

ထိုေစတီကေလးေဘးတြင္မေမွ်ာ္လင့္ဘဲအလြန္သာယာေသာ႐ြာတစ္႐ြာကိုေတြ႕လိုက္ရာသူအလြန္အံ့ၾသ၍သြားသည္။

ထို႐ြာကေလးသည္သူ႔အိမ္မက္ထဲကသူခဏခဏျမင္ေနေသာ႐ြာကေလးျဖစ္ကာဝမ္းသာအးရျဖင့္႐ြာကေလးထဲ

စူးစမ္းခ်င္၍ဝင္သြားမိေလသည္ထိုအခါသူ႐ြာထဲစဝင္လိုက္သည္ႏွင့္႐ြာထိတ္မွစ၍ထို႐ြာကေလးထဲတြင္ရွိၾကကုန္ေသာ

ပ်ိဴ ပ်ိဴ ~အိုအို~သက္ႀကီး~႐ြယ္အို~လူလတ္~လူ႐ြယ္~လူငယ္~မ်ားႏွင့္တစ္ကြကေလးမ်ားပါမက်န္

သူ႔အားလူစြမ္းေကာင္းႀကီး႐ြာသို႔အလည္ေရာက္လာသည္ထင္မွတ္ထားပုံရကာ

ဦးၫြတ္၍အ႐ိုအေသေပးၾကသည္ကိုအဆန္းတစ္ၾကယ္ျမင္ရေလသည္။

သူ႐ြာထဲေရွာက္သြားသည္ႏွင့္သူ႔အားဝမ္းပန္းတစ္သာလက္ေဆာင္ပစၥည္းမ်ားဝိုင္း၍ေပးၾကျပန္သည္။

သူျပန္သည့္အခါတြင္လဲသူ႔ေနာက္တြင္႐ြာထဲမွရွိသမွ်လူကုန္႐ြာျပင္သို႔လိုက္ပါပို႔ေဆာင္ၾကျပန္သည္။

သူ႔ကိုယ္သူဘာမွန္းသူမသိေပမဲ့သူအမ်ားအက်ိဴ းေဆာင္ရ၍က်နပ္ဝမ္းသာေနမိသည္ကေတာ့အမွန္ပင္

လိုက္ပို႔သူမ်ားထဲသူ႔အားလာေခၚေသာခပ္ေခ်ာေခ်ာေကာင္မေလးႏွစ္ေယာက္သည္သူ႔အား႐ြာအျပင္သိုျပန္လိုက္ပို႔ရင္း

ဝမ္းနည္းဘြယ္ေက်းဇူးတင္စကားဆိုၾကေလသည္။

”’ အခုလိုညီမတို႔အခက္အခဲကိုလာၿပီးေျဖရွင္းေပးတဲ့အကိုေတာ္ကိုေက်းဇူးတင္ပါတယ္——ေနာက္လဲညီမတို႔
ငရံ႕မင္းသိုက္ကိုေစာင့္ေရွာက္ေပးပါ—–”’

သူတို႔ေျပာေသာငရံ႕မင္းသိုက္ဆိုတာသူတစ္ခါမွမၾကားဘူးေပမဲ့သူႀကဳံေတြ႕ေနရသည္ကေတာ့

လက္ေတြ႕ဆန္သလိုခံစားေနရသည္႐ြာတစ္႐ြာသို႔အလည္ေရာက္သြားသလိုထင္မိသည္။

သူ႔ေၾကာင့္ထို႐ြာကေလးအႏၲရယ္ကင္းသြားသည္ျဖစ္၍သူေက်နပ္ေနမိသည္။

အဲဒီေနာက္ပိုင္းမွာေတာ့သူဘာအိမ္မက္မွထပ္၍မမက္ျဖစ္ေတာ့ပါ

လူ႔ဘဝပင္လယ္ျပင္မွာဝမ္းေရးအတြက္လက္ပစ္ကူးရင္းအစုန္အဆန္လႈိင္းလုံးေလာကဓံေတြၾကားမွာ

အားႀကိဳးမန္တက္ႀကိဳးစားေနရတာေၾကာင့္အိမ္မက္ေတြကိုအတိတ္မွာထားကာလက္ေတြက်စြာဘဝကို

ရင္ဆိုင္ေနရတဲ့သူ႔အတြက္ေတာ့ဘာရယ္မဟုတ္ပင္လယ္ျမင္တိုင္းလြမ္းေနအုံးမွာေသခ်ာပါသည္။

ၿပီး

DMoe Moe