” ဆန်းကြယ်သောတော “(စ/ဆုံး)

Unicode Version

” ဆန်းကြယ်သောတော “(စ/ဆုံး)
———————————

လေးမောင်သည်တောခြေရွာကလေးတွင်နေထိုင်ခဲ့သူဖြစ်၏။ သူ့တွင်
လယ်မြေဧကမှာအနည်းငယ်သာရှိသဖြင့်ဝမ်းစာအတွက်လုံလောက်ရုံသာ
ရခဲ့၏။ အခြားလိုအပ်များကိုဝယ်ယူ သုံးစွဲနိုင်ရန် ဝင်ငွေရရှိနိုင်မည့်လုပ်ငန်း
များကို ရှာဖွေ လုပ်ကိုင်ခဲ့ရသည်။ လယ်မြေကလေး သုံးဧကကို မြန်မြန်ဆန်
ဆန်ထွန်ယက်စိုက်ပျိုးသွားခဲ့လျှင်အခြားလယ်ဧကများသောလယ်သမား
ကြီးများက ထယ်တိုး၊ ထွန်မွှေငှားရမ်းပါက နေ့တွက်ခ ရယူ၍ အငှားလိုက်
လုပ်ခဲ့၏။ တချို့က စပါးပေါ်လာမှ စပါးပေးကြသည်။ လုပ်အားပေးပစ္စည်း
ယူဖြစ်သည်။နွေဘက် စပါးသိမ်းပြီးသွားခဲ့လျှင် တောင်ပေါ်တက်ကာ ဝါးခုတ်သည်။
ထင်းတုံးတိုက်သည်။ ထိုငါးများသက်ကယ်မိုးသောအိမ်များကအရင်ဝါးများ၊
ခြံကာဝါးများလိုအပ်၍ဝယ်ယူကြသဖြင့်ပါလာသောငါးများကပါသလောက်
ရောင်းချရသည့်အပြင် နောက်ထပ်ပင် လိုသောဝါးများကိုအော်ဒါမှာ လာခဲ့
ကြသည်။ မီးဖိုချောင်တွင်ထင်းစိုက်သူများကထင်းတုံးအခြောက်များကို
သာရှာကြသည်။ ထိုသို့ ဖြင့် လေးမောင်မှာ တောင်ပေါ်တက်လိုက်
ဝါးတစ်လှည့် ထင်းတုံးတစ်လှည့် လှည်းနှင့်တိုက်ယူလာပြီး ရောင်းချပေးခဲ့
သည်။တစ်နွေတစ်နွေတွင်ထင်း ဝါး၊တိုက်ရောင်းခဲ့သည်ပင်ဝင်ငွေအတော်
ရရှိခဲ့လေသည်။ မြို့က လူတွေနှင့်လည်း အဆက်အသွယ် ဖြစ်နေခဲ့တော့
သည်။ခင်လည်း ခင်မင်ကြသဖြင့်ထင်း၊ ဝါး၊မှာယူလိုလျှင်လေးမောင်ကိုသာ
မှာယူခဲ့ကြသည်။တစ်နံနက်တွင်ပါလာသောငါးများရောင်းချပြီးခဲ့၍လှည်း
ဖြုတ်ထားပြီး ဈေးထဲဝင်ကာဈေးဝယ်ယူသည်။ပြီးလျှင်ဈေးထိပ်ရှိလက်ဖက်
ရည်ဆိုင်တွင် လက်ဖက်ရည်မှာသောက်ပြီးရေနွေးကြမ်း၊ဆေးလိပ်သောက်ကာ
အေးအေးလူလူ အပန်းဖြေထိုင်နေခဲ့၏။
“ကိုလေးတောင် ဝါးတွေရောင်းပြီး သွားပလားရ
“ဟုတ်ကဲ့.. ရောင်းပြီးပါပြီဗျာ”
“ကိုလေးမောင်နဲ့တွေ့တုန်း မေးပါရစေဗျာ” “ဘာများ… မေးမလဲဗျာ”
“ဒီလိုပါကျွန်တော်တို့ကတောပစ်ဝါသနာပါကြတယ်ဗျ။ ရုံးပိတ်ရက်တွေ
မှာအနီးအနားတောတွေထဲတောလည်ထက်ကြတယ်q။ဒါပေမဲ့ဗျာ
တစ်ခါ သွားလည်း ဒီတောဆိုတော့ သားကောင်တွေကရှားနေပြီဗျ။
ယုန်တို့၊ တော ကြောင်တို့တောင် တွေ့ရခဲလာတယ်။ ကိုလေးမောင်တို့
ထင်းတွေဝါးတွေ သွားခုတ်တဲ့တောတွေမှာ သားကောင်တွေ မပေါဘူး
လားဗျာ။ ပေါတယ် ဆိုရင် ကျွန်တော်တို့ လာပစ်လို့ ဖြစ်မလားပဲ”
“ပေါ်ပြီလားဗျာ- ခင်ဗျားတို့လာပစ်မယ်ဆိုရင်ကျနော့်အိမ်မှာတည်းပြီး
သွားပစ်လို့ရနိုင်တာပဲဗျ။လမ်းမသိရင် ကျွန်တော်အဖော်လိုက်ပြပေးမှာပေါ့ဗျာ”
“ဟုတ်ပြီဗျို့… ဒါဆို ကျုပ်တို့အားတဲ့နေ့ တစ်နေ့နေ့မှာ လာခဲ့ကြမယ်နော်”
လေးမောင်ကမြို့နှင့် အဆက်အသွယ် မပြတ်သွားလာနေသူမို့ သူ့ကို
လူသိများကာ တောပစ်လိုသူတွေက လေးမောင်တို့ရွာသို့လာပြီး တော
ပစ် သွားရန် အဖော်ညှိ ပြောလာကြခြင်းဖြစ်သည်။
လေးမောင်ကလည်း တောထဲ မပြတ်သွားနေကျဖြစ်လေရာ ဘယ်တောကို
ဘယ်လမ်းက သွားရသည်။ မည်သည့်တောဘက်တွင် ရေ တွေပေါများသည်။
တောနက်ပိုင်း ဘယ်တောဘက်ကို သွားပါက ဆတ်၊ တောဝက်၊ ဝက်ဝံ၊
ပြောင်ဆိုသော သားကောင်ကြီးများကို ပစ်ခတ်ရယူ နိုင် ကြောင်း သိလေသည်။
တစ်ညနေတွင်မြို့မှ တောပစ်မိတ်ဆွေများ ရောက်လာခဲ့ကြသည်။
“ဟာ…လာကြဗျာ – ကျွန်တော်လည်းအားလပ်နေတာနဲ့အတော်ပဲဗျာ”
“တော်သေးတာပေါ့ဗျာ … ကိုလေးမောင်နဲ့အဆင်သင့်တွေ့ရလို့ ကျုပ်တို့
က ခင်ဗျားအိမ်မှာမှ တွေ့ပါမလားလို့ စိတ်ပူခဲ့ကြတာဗျ
“ဟိုတစ်နေ့ကတောတက်ထားလို့ ဒီနေ့တော့အိမ်မှာနားနေတယ်လေဗျာ
ကိုလေးမောင်လည်း ဧည့်သည်တွေအတွက် ရေနွေးကြမ်း၊ ပဲလှော် ချင်းသုပ်၊
ငါးခြောက်ဖုတ်ဆီဆမ်းများ မြည်းစရာ ချပေးခဲ့သည်။
“ခင်ဗျားတို့က ဒီနားကို ဟိုနားတင် သွားပစ်မှာလား။ သားကောင်ကြီး
တွေနားလောက်ပဲလိုက်ရှာပြီး အပျော်သွားပစ်ကြမှာပါဗျာ”
“ကဲ- ဒါဖြင့်ကျွန်တော် – ခင်ဗျားတို့အတွက်ထမင်းချက်ခိုင်းလိုက်ဦးမယ်။
စားသောက်ပြီးမှပဲ ထွက်ကြတာပေါ့”
“ဟာ… ကိုလေးမောင် ကျုပ်တို့အတွက် ထမင်းမချက်ခိုင်နဲ့တော့ကျုပ်
တို့စားသောက်ပြီးမှ အိမ်က ထွက်လာခဲ့ကြတာဗျ”
“ဟုတ်ရဲ့လားဗျာ…. ဘာမှ အားနာစရာမလိုဘူးနော်”
“တကယ်ပြောတာပါဗျာ”
“ကဲ- ဒီလိုဆိုလည်း တောပစ်စထွက်ကြရုံပဲပေါ့”
သူတို့ရွာမှမှောင်ခြည်သန်းလာသည်နှင့်တောထဲထွက်လာခဲ့ကြသည်။
“ခုလိုအချိန်မှာ နှမ်းခင်းကုန်းတွေထဲက သစ်ငုတ်တွေကထွက်နေတဲ့
အရွက်နုတွေကို လိုက်စားနေတဲ့ ချေတွေတွေ့နိုင်တယ်ဗျ။တောစပ်တောင်
ကုန်းတွေကို ရောက်ရင် မီးထိုးပြီး သေချာကြည့်ကြဗျို့
“ဟာ…ဟိုနှမ်းခင်းကွက်ထဲမှာ ချေတစ်ကောင်ပါလားဗျ။ ရေပေါက်နဲ့
တူတယ်ဗျို့ – တော်တော်အကောင်ကြီးတယ်”
ထိုသားကောင်ကို မီးထိုးလိုက်သောအခါ သားကောင်က သူတို့ဆီသို့
သမင်လည်ပြန် ကြည့်နေခဲ့သည်။
“သေချာ ချိန်ပစ်ဟေ့ – သားကောင်က ဘေးတိုက်အနေအထားနဲ့ ပစ်ကွင်းကောင်းတယ်”
“ဒိုင်း”
ရှေ့ဝါးတစ်ရိုက်ခန့် ပြေးထွက်သွားပြီး ရေမှာ လဲကျခဲ့လေသည်။
“လက်ပြင်နောက်ကို ကွက်တိ ထိသွားခဲ့တာပဲကွ၊ ဒါကြောင့် မပြေးနိုင် ဘဲလဲခဲ့ရတာပဲ”
“ငါတို့တောထဲဝင်ဝင်ချင်းပဲလာဘ်ဦးကိုချေတစ်ကောင်ရလိုက်တော့
လာဘ်ကောင်းတယ်ဟေ့။ ရှေ့ဆက်သွားပြီးရှာပစ်ကြဦးမယ်”
ထိုချေအသကို သစ်ပင်အမြင့်တွင်တက်၍တင်ထားနိုင်ခဲ့ပြီးရှေ့ဆက်
လာခဲ့ကြပြန်သည်။ခရီးအတော်ရောက်ခဲ့ကြသောအခါမီးရောင်အောက်
တွင်တောကြောင် တစ်ကောင်ငုတ်ဘုတ်ထိုင်ကာမီးရောင်ကိုပြန်လှည့်
ကြည့်နေသည်ကိုတွေ့မြင်ရသဖြင့် ပစ်ယူခဲ့ကြပြန်လေသည်။
“ငါတို့ညဦးကတည်းကစပြီးတောလည်ခဲ့ကြတာ။ခရီးလည်းအတော်
ရောက်ခဲ့ကြပြီ။ တောင်ကုန်းတွေပေါ်သာတစ်ကုန်းပြီး၊တစ်ကုန်းတက်
လာရ တယ်။သားကောင်ကမတွေ့တော့ဘူးကွ။တချို့တွေ့တဲ့သားကောင်ကလည်း
မီးရောင် မြင်တာနဲ့ ထွက်ပြေးသွားခဲ့ကြတယ်။ ဒီညတော့ ဒီလောက်နဲ့ပဲ ပြန်ကြစို့ဟေ့”
နံနက်ပိုင်း သုံးနာရီခန့် ရှိနေသဖြင့် သူတို့အဖွဲ့ပစ်၍ရသောတောကြောင်၊
ချေတို့ကိုထမ်းကာ ရွာသို့ပြန်လာခဲ့ကြလေသည်။
ရွာသို့ပြန်ရောက်လျှင်ရသောသားကောင်များကိုဖျက်၍သူတို့အတွက်
လည်း ယူသည်။ ကိုလေးမောင် အိမ်အတွက်လည်းပေးခဲ့ကြလေသည်။
“ကဲ – ကိုလေးမောင် ကျုပ်တို့ ပြန်ကြဦးမယ်ဗျာ။ နောက်တစ်ပတ်
လာခဲ့ရင်တော့သားကောင်သေးသေးတွေပစ်ကြတော့ဘူးဗျာ။သား
ကောင် ကြီးတွေကျက်စားတဲ့တောကို သွားကြမယ်”
“ကျုပ်ကသားကောင်ကြီးတွေပေါတဲ့တောကိုပြပေးနိုင်ပါတယ်။ဒါပေမဲ့
နီးနီးနားနား မဟုတ်လို့ ညတွင်းချင်း ပြန်ချိန်နဲ့ မရဘူးဗျ။ အနည်းဆုံး
နှစ်ညအိပ်လောက်သွားနိုင်မှပင်ရမှာလေ”
“ဟုတ်ပါပြီဗျာ…ရက်ကြာချင်ကြာပါစေ။ ပစ်ရမယ်ဆိုရင်ကျပ်တို့ရိက္ခာ
အပြည့်အစုံနဲ့ လာခဲ့ပါ့မယ်”
မြို့မှ တောပစ်အဖွဲ့လည်း ကိုလေးမောင်ကို နှုတ်ဆက်ကာ ပြန်သွားခဲ့ ကြတော့သည်။
“ဟင် … သာအောင်တို့အဖွဲ့ ဘယ်သွားကြမလို့ ပြင်ဆင်နေကြတာလဲကွ”
“အိုကွာ…မြို့က ငါ့ဦးလေးက သူ့ဥယျာဉ်လေးထဲမှာ မျိုးပွားပြီး စိုက်နိုင်
ဖို့ သစ်ခွဆန်းဆန်းတွေ ရှာခိုင်းလို့ကွ ရေးကောင်းလည်း ပေးမယ်လို့ ပြောတယ်”
“ဟာ – ဟုတ်လား ငါကော – လိုက်လို့ဖြစ်မလားကွ”
“ဖြစ်တာပေါ့ကွ – လူများတော့ တစ်ယောက်မတွေ့ရင်တောင် ကျန်
တစ်ယောက်က ရှာတွေ့နိုင်တာပေါ့။ ငါ့ဦးလေးက ရသလောက် ယူချင်
နေတာ ဆိုတော့ မင်းရှာတွေ့လည်း အပိုဝင်ငွေရတာပေါ့ကွာ”
သူတို့အဖွဲ့စားရိက္ခာ သုံးလေးရက်စာ အပြည့်အစုံ ထည့်ယူကာ တော
တက်ခဲ့ကြလေသည်။ သစ်ခွအဆန်းများ ရှာရန်ဖြစ်၍တောနက်ထဲ ရောက်
အောင် လာခဲ့ကြသည်။ တောတက်အစတွင် တောင်ပေါ်လာသော လူ
တချို့ကို တွေ့ မြင်ကြသောလည်း တဖြည်းဖြည်း ဝေးလာသောအခါ
လူသံ၊ သူသံမကြားရတော့ပဲကျေးငှက်တိရစ္ဆာန်တို့၏အသံနှင့်ဟိုမှသည်
မှကူးလူး ပျံသန်းနေကြသော ငှက်များကိုသာ တွေ့မြင်ကြရသည်။တစ်
နေရာတွင် ခြေရာတွေ တွေ့ရသည်။
“ဟင် … ဒီလောက် တောနက်ထဲ ဘယ်ကျွဲခြေရာ ရှိနိုင်မလဲကွ။ အဲဒါ ပြောင်ခြေရာတွေပဲ”
“ဟာ – ဒီရေအိုင်ဘေးမှာ တောဝက်ခြေရာတွေ ပွနေတာပဲဟေ့။ ရေ
လာသောက်ထားတယ်ထင်တယ်”
သူတို့သွားရင်း မြောင်တစ်မြောင်ထဲ ဆင်းသွားခဲ့ကြရာ ဆတ်လေး
ငါးကောင်အုပ်စုနှင့် တွေ့ပြီး ထွက်ပြေးသွားကြသည်ကို မြင်လိုက်ကြရ သည်။
“ဒီတောက တောနက်လို့လား မသိဘူး။ သားကောင်ကြီးတွေ တော်
တော်ပေါတာပဲနော်”သူတို့အဖွဲ့ တောထဲတွင် နှစ်ညအိပ်ပြီး လှည့်လှည်
ရှာဖွေခဲ့ကြသဖြင့် သစ်ခွဆန်းများရလာခဲ့ကြသည်။နောက်နေ့နံနက်တွင်
တော့မိမိတို့ရရှိသည့် သစ်ခွပန်းများကို သေချာစွာ ထမ်းကာ ရွာသို့ ပြန်လာခဲ့ကြလေသည်။
တစ်နေ့တွင် မြို့မလျှပ်စစ်ဌာနမှ မန်နေဂျာက မြို့တွင် ဓာတ်တိုင်များ
စိုက်ထူပြီး ဓာတ်ကြိုးသွယ်တန်းနိုင်ရန် ရှည်ပြီး ဖြောင့်စင်းသော ကျွန်းမျော
တိုင်များအား သစ်တောဌာန၏ ကြိုတင်ခွင့်ပြုအမိန့်ဖြင့် လေးမောင်တို့
အား အဆွဲခိုင်းလာသည်။
“ဟာ- ကျွန်းမျောတိုင် ဖြောင့်ဖြောင့်တွေဟာ ဟိုအရင်တစ်ခါ သစ်ခွ
ရှာသွားတုန်းက ရောက်ခဲ့တဲ့တောမှာပေါတယ်။ အဲဒီတောကိုသွားပြီး
နွားနဲ့ သွားဆွဲယူရင် ရနိုင်တယ်”
လေးမောင် သည်လိုအပ်သည့်ဖြောင့်ပြီးရှည်သောကျွန်းမျောတိုင်များ
ဆွဲပေးရန် တာဝန်ယူကာ ရွာထဲမှ အဖော်များနှင့် တောတက်လာခဲ့သည်။
တစ်ခါကသစ်ခွရှာရင်း ရောက်ခဲ့သည့်တောကို ရောက်လာကြသောအခါ
သူတို့အဖွဲ့အံ့ဩခဲ့ကြရသည်။ တွေ့ရှိသည့် ကျွန်းပင်များမှာ ရှည်တော့
ရှည် လျားကြလေသည်။ သို့သော အပေါ်ဘက်သို့ အလင်းရောင် ရနိုင်ရန်
အလု အယက် ဖြင့် တက်ကြရခြင်းကြောင့် ကောက်ကောက် ကွေးကွေး
များသာ တွေ့မြင်ကြရသည်။ ရှာဖွေနိုင်လွန်းပါမှ တစ်လုံးတလေဖြောင့်
သည်ကိုသာ တွေ့မြင်ရသည်။“ဒီတောထဲမှာတော့ ဓာတ်တိုင်စိုက်ဖို့
ကျွန်းမျောတိုင်ရှည်ရှည် ဖြောင့် ဖြောင့် ခုတ်ယူရနိုင်ဖို့ ခဲယဉ်းတယ်ဟေ့။
တခြားတောကိုသာ ပြောင်းပြီး ရှာကြရတော့မှာပဲ”
သူတို့အဖွဲ့ကျွန်းမျောတိုင်များမရခဲ့ဘဲလူလုံးချည်းသက်သက်ပြန်လာခဲ့
ကြရသည်။ လေးမောင်စိတ်ပျက်သွားရသည်။
“တောက်
“ဒီလောက်တောထူထပ်ပြီး သစ်ပင်တွေလည်း ပေါများပါလျက်နဲ့ ဖြောင့်ဖြောင့်စင်းစင်း
အပင်တွေရှာတွေ့ ကြတာတော့ တော်တော် အံ့ဩ စရာပါပဲကွာ”
“ဒီတာဟာမဟုတ်မှလွဲရောငါ့အဖိုးတို့ပြောပြဖူးတဲ့တောကြီးများလားကွာ”
“မင်းအဖိုးက ဘယ်လို ပြောပြဖူးတာလဲကွ” “ငါ့အဖိုးတို့ အဲဒီတောကို ရောက်တော့”
ဝါးဖြောင့်ဖြောင့်တွေလိုက်ရှာပေမယ့်ဝါးရုံမှာရှိကြတဲ့ဝါးပင်တွေအားလုံး ဟာ အကုန်လုံး ကောက်ကွေးနေကြတယ်တဲ့။ အဲ – တုတ်ကောက် လုပ်ဖို့ တောင်ဝှေးအတွက် အကောက်ပါတဲ့ဝါးပင်ရှာပြန်တော့ဝါးပင်တွေ အားလုံး တစ်လုံးမှအကောက်မရှိဘူးတဲ့။ အားလုံးဟာ ဖြောင့်စင်းနေကြတယ်တဲ့ကွ” “အေးကွာ .. အခုတို့ရောက်နေတဲ့ တောဟာ အဲဒီတောကြီးများမုန်းမှ မသိတာကွ”
သူတို့အဖွဲ့ ထိုထူးဆန်းလှသော တောအကြောင်းတစ်လမ်းလုံး ပြော
ဆိုကာပြန်လာခဲ့ကြရာ မိုးချုပ်ပြီး မှောင်မှပင် ရွာသို့ ပြန်ရောက်လာခဲ့ ကြတော့သည်။
“ဟော- မြို့ကတောပစ်အဖွဲ့ပါလား။ ခင်ဗျားတို့- သားကောင်ကြီးတွေ
ပစ်ဖို့လာကြတာလား။ ရိက္ခာတွေ အပြည့်အစုံနဲ့” “ဟုတ်တယ်လေ
ကိုလေးမောင် – ခင်ဗျား လိုက်မယ် မဟုတ်လားဗျာ”
“ဟာ .. လိုက်မယ် လိုက်မယ်။ ဟို – တစ်ခါ သစ်ခွ သွားရှာတုန်းက
သားကောင်ကြီးတွေ တွေ့ခဲ့တဲ့တောကို သွားပစ်ကြမယ်”
လေးမောင် တောထဲက ပြန်ရောက်ပြီ ၊တစ်ပတ်ခန့် နားနေစဉ်တွင်
တောပစ်အဖွဲ့ ရောက်လာခဲ့ခြင်းဖြစ်၍ တောလည်လိုက်ရန် ပြင်ဆင်ခဲ့လေ
သည်။ပြင်ဆင်ထုပ်ပိုးပြီးသည်နှင့်လိုအပ်သည်တို့ကိုအပြည့်အစုံယူကြကာ
တောတက်လာခဲ့ကြသည်။
“သစ်ခွရှာလာတုန်းကများဗျာပြောင်ခြေရာတွေ တောဝက်ခြေရာတွေ
ဆတ်အုပ်တွေကိုတွေ့လိုက်တာဗျာ။သေနတ်သာပါရင်ခင်ဗျား သားကောင်
တွေတွေ့လာပါစေဗျာ။မလွတ်တမ်းကို ပစ်ယူကြမယ်” တောင်ကုန်၊တွေ၊
လျှိုမြောင်တွေထဲမျက်စိလျင်လျင်နားပါးပါးဖြင့်ရှာဖွေ လာခဲ့ကြသော်လည်း
ညနေပိုင်းသာ ရောက်လာခဲ့သည်။ ဘာသားကောင် ကြီးမှ မတွေ့ ကြသေးပေ။
“ကဲ–ဟေ့ –ညအိပ်ရင်နားမည့်နေရာရှာပြီးညစာချက်စားကြရအောင်။
မိုးချုပ်မှောင်ရင် အစားချက်ကြမယ်ကွ”
ချက်ပြုတ်စားသောက်ပြီးညဘက်ရောက်လာခဲ့သောအခါတောထဲသို့
ဓာတ်မီးဖြင့် သားကောင် ရှာဖွေပစ်ကြရန် ထွက်လာခဲ့ကြသည်။
“တောကောင်နေ့ခင်းဘက်မထွက်ကြဘဲညဘက်မှထွက်ကြမယ်ထင်တယ်ကွ”
“အေး … ဖြစ်နိုင်တယ်။ နေ့ခင်းမှာ ဘာကောင်မှ မတွေ့ရတာလဲ…”
ညဉ့်နက်ပိုင်းရောက်လာသည်အထိမီးထိုးပြီးသားကောင်ရှာဖွေလာခဲ့
ကြသည်။ ဟိုတောင်ကုန်းရောက်လျှင်တွေ့နိုးနိုးသည်။ ပြောင်ထဲဆင်း
လာ လျှင်တွေ့နိုးနိုးဖြင့်တောင်တစ်ကုန်းမှတစ်ကုန်း တစ်မြောင်မှတစ်မြောင်သာ
ရှာလာခဲ့ကြသည်။ သားကောင်ကြီးဆို၍တစ်ကောင်တစ်မြီးမှမတွေ့ကြ
ချေ။ “ငါတို့တစ်ညလုံးတောထဲလှည့်လည်ရှာလာခဲ့ကြတာ။ခရီးတော်
တော် ဝေးဝေးရောက်ခဲ့ကြပြီကွ။ စခန်းချထားတဲ့ နေရာကိုပြန်ရင်းနဲ့ ရှာသွားကြမှ
စခန်းသာ ပြန်ရောက်လာခဲ့ကြသည်။ ဘာကောင်မှ မတွေ့ခဲ့ကြချေ။
မိုးမလင်းသေးသောကြောင့် တစ်ရေးလောက် အိပ်ပြီး နားကြရန် မီးဖိုပြီး
မီးဖိုဘေးတွင်ဝိုင်းဖွဲ့အိပ်ခဲ့ကြသည်။နေထွက်လာမှပင်နိုးခဲ့ကြသည်။ နံနက်စာ
ချက်ပြုတ်စားပြီးနေ့ခင်းစာအတွက်ဖက်နှင့်ထုပ်ပြီးတော
လည်ရန်ထိုစခန်းရသည့်နေရာမှထွက်လာကြပြန်သည်။
“မဟုတ်တော့ဘူးကွာ … ဒီလောက်တောထူတဲ့တောနက်ကြီး
ထဲရောက် ပြီး နေ့ရောညဘက်ပါ ရှာဖွေခဲ့တာတောင် ဘာကောင်း
မှကို မတွေ့ရတာ ကတော့ တော်တော်ထူးဆန်းနေတော့တာပဲကွာ”
“ဟုတ်တယ်နော်-ကျုပ်အရင်သစ်ခွရှာလာခဲ့တုန်းကတော့တွေ့လိုက်
တာဗျာ။ သားကောင်ခြေရာတွေရော၊ ဆတ်အုပ်ကိုပါတွေ့ရတာ””
”ဟာ–ဟုတ်ပြီဗျ… ဒီတောဟာတစ်ခုခုခုတ်ယူဖို့ရည်ရွယ်ရင်အဖြောင့်
လိုချင်ရင်ကောက်ပြထားတယ်။ အကောက်လိုချင်ရင်ဖြောင့်ပြထားတယ်။
အခုလည်း သားကောင် မဟုတ်ပဲ သစ်ခွ လာရှာခဲ့တုန်းက သားကောင်တွေ
တွေ့မြင်ရပေမယ့်တောပစ်မယ်လို့ရည်ရွယ်ပြီးလာရှာဖွေခဲ့တော့ဘာကောင်
မှကိုမတွေ့ရတာကတော့ ထူးဆန်းတဲ့တောလို့ပဲ ဆိုရတော့မှာပေါ့ဗျာ”
“ကျုပ်တို့အားခဲပြီး ဆက်ရှာနေလည်းတွေ့မှာမဟုတ်တော့ဘူး။ ဒီတော
က အစောင့်အရှောက်တွေက ကွယ်ဝှက်ထားခဲ့လေတော့ ဘာကောင်မှ တွေ့လာမှမဟုတ်ဘူး”
ထို့ကြောင့်ပင် အားခဲကာရှာခဲ့ကြသောလည်းဘာကောင်မှ
မတွေ့ကြ သဖြင့်လမ်းတွင်တွေ့လာမည့်သားကောင်တစ်
ကောင်ကောင်ကိုသာ ပစ်ယူ ၍ထမ်းပြန်ကြမည်ဟုအကြံကုန်
ဂဠုန်ဆားချက်တွေးကာစိတ်ပျက်စွာ ပြန်ခဲ့ ကြတာ့သည်။

 

တင့်ထူး(အဝတီ)

Zawgyi Version

” ဆန္းၾကယ္ေသာေတာ “(စ/ဆုံး)
———————————

ေလးေမာင္သည္ေတာေျခ႐ြာကေလးတြင္ေနထိုင္ခဲ့သူျဖစ္၏။ သူ႔တြင္
လယ္ေျမဧကမွာအနည္းငယ္သာရွိသျဖင့္ဝမ္းစာအတြက္လုံေလာက္႐ုံသာ
ရခဲ့၏။ အျခားလိုအပ္မ်ားကိုဝယ္ယူ သုံးစြဲႏိုင္ရန္ ဝင္ေငြရရွိႏိုင္မည့္လုပ္ငန္း
မ်ားကို ရွာေဖြ လုပ္ကိုင္ခဲ့ရသည္။ လယ္ေျမကေလး သုံးဧကကို ျမန္ျမန္ဆန္
ဆန္ထြန္ယက္စိုက္ပ်ိဳးသြားခဲ့လွ်င္အျခားလယ္ဧကမ်ားေသာလယ္သမား
ႀကီးမ်ားက ထယ္တိုး၊ ထြန္ေမႊငွားရမ္းပါက ေန႔တြက္ခ ရယူ၍ အငွားလိုက္
လုပ္ခဲ့၏။ တခ်ိဳ႕က စပါးေပၚလာမွ စပါးေပးၾကသည္။ လုပ္အားေပးပစၥည္း
ယူျဖစ္သည္။ေႏြဘက္ စပါးသိမ္းၿပီးသြားခဲ့လွ်င္ ေတာင္ေပၚတက္ကာ ဝါးခုတ္သည္။
ထင္းတုံးတိုက္သည္။ ထိုငါးမ်ားသက္ကယ္မိုးေသာအိမ္မ်ားကအရင္ဝါးမ်ား၊
ၿခံကာဝါးမ်ားလိုအပ္၍ဝယ္ယူၾကသျဖင့္ပါလာေသာငါးမ်ားကပါသေလာက္
ေရာင္းခ်ရသည့္အျပင္ ေနာက္ထပ္ပင္ လိုေသာဝါးမ်ားကိုေအာ္ဒါမွာ လာခဲ့
ၾကသည္။ မီးဖိုေခ်ာင္တြင္ထင္းစိုက္သူမ်ားကထင္းတုံးအေျခာက္မ်ားကို
သာရွာၾကသည္။ ထိုသို႔ ျဖင့္ ေလးေမာင္မွာ ေတာင္ေပၚတက္လိုက္
ဝါးတစ္လွည့္ ထင္းတုံးတစ္လွည့္ လွည္းႏွင့္တိုက္ယူလာၿပီး ေရာင္းခ်ေပးခဲ့
သည္။တစ္ေႏြတစ္ေႏြတြင္ထင္း ဝါး၊တိုက္ေရာင္းခဲ့သည္ပင္ဝင္ေငြအေတာ္
ရရွိခဲ့ေလသည္။ ၿမိဳ႕က လူေတြႏွင့္လည္း အဆက္အသြယ္ ျဖစ္ေနခဲ့ေတာ့
သည္။ခင္လည္း ခင္မင္ၾကသျဖင့္ထင္း၊ ဝါး၊မွာယူလိုလွ်င္ေလးေမာင္ကိုသာ
မွာယူခဲ့ၾကသည္။တစ္နံနက္တြင္ပါလာေသာငါးမ်ားေရာင္းခ်ၿပီးခဲ့၍လွည္း
ျဖဳတ္ထားၿပီး ေဈးထဲဝင္ကာေဈးဝယ္ယူသည္။ၿပီးလွ်င္ေဈးထိပ္ရွိလက္ဖက္
ရည္ဆိုင္တြင္ လက္ဖက္ရည္မွာေသာက္ၿပီးေရေႏြးၾကမ္း၊ေဆးလိပ္ေသာက္ကာ
ေအးေအးလူလူ အပန္းေျဖထိုင္ေနခဲ့၏။
“ကိုေလးေတာင္ ဝါးေတြေရာင္းၿပီး သြားပလားရ
“ဟုတ္ကဲ့.. ေရာင္းၿပီးပါၿပီဗ်ာ”
“ကိုေလးေမာင္နဲ႔ေတြ႕တုန္း ေမးပါရေစဗ်ာ” “ဘာမ်ား… ေမးမလဲဗ်ာ”
“ဒီလိုပါကြၽန္ေတာ္တို႔ကေတာပစ္ဝါသနာပါၾကတယ္ဗ်။ ႐ုံးပိတ္ရက္ေတြ
မွာအနီးအနားေတာေတြထဲေတာလည္ထက္ၾကတယ္q။ဒါေပမဲ့ဗ်ာ
တစ္ခါ သြားလည္း ဒီေတာဆိုေတာ့ သားေကာင္ေတြကရွားေနၿပီဗ်။
ယုန္တို႔၊ ေတာ ေၾကာင္တို႔ေတာင္ ေတြ႕ရခဲလာတယ္။ ကိုေလးေမာင္တို႔
ထင္းေတြဝါးေတြ သြားခုတ္တဲ့ေတာေတြမွာ သားေကာင္ေတြ မေပါဘူး
လားဗ်ာ။ ေပါတယ္ ဆိုရင္ ကြၽန္ေတာ္တို႔ လာပစ္လို႔ ျဖစ္မလားပဲ”
“ေပၚၿပီလားဗ်ာ- ခင္ဗ်ားတို႔လာပစ္မယ္ဆိုရင္က်ေနာ့္အိမ္မွာတည္းၿပီး
သြားပစ္လို႔ရႏိုင္တာပဲဗ်။လမ္းမသိရင္ ကြၽန္ေတာ္အေဖာ္လိုက္ျပေပးမွာေပါ့ဗ်ာ”
“ဟုတ္ၿပီဗ်ိဳ႕… ဒါဆို က်ဳပ္တို႔အားတဲ့ေန႔ တစ္ေန႔ေန႔မွာ လာခဲ့ၾကမယ္ေနာ္”
ေလးေမာင္ကၿမိဳ႕ႏွင့္ အဆက္အသြယ္ မျပတ္သြားလာေနသူမို႔ သူ႔ကို
လူသိမ်ားကာ ေတာပစ္လိုသူေတြက ေလးေမာင္တို႔႐ြာသို႔လာၿပီး ေတာ
ပစ္ သြားရန္ အေဖာ္ညႇိ ေျပာလာၾကျခင္းျဖစ္သည္။
ေလးေမာင္ကလည္း ေတာထဲ မျပတ္သြားေနက်ျဖစ္ေလရာ ဘယ္ေတာကို
ဘယ္လမ္းက သြားရသည္။ မည္သည့္ေတာဘက္တြင္ ေရ ေတြေပါမ်ားသည္။
ေတာနက္ပိုင္း ဘယ္ေတာဘက္ကို သြားပါက ဆတ္၊ ေတာဝက္၊ ဝက္ဝံ၊
ေျပာင္ဆိုေသာ သားေကာင္ႀကီးမ်ားကို ပစ္ခတ္ရယူ ႏိုင္ ေၾကာင္း သိေလသည္။
တစ္ညေနတြင္ၿမိဳ႕မွ ေတာပစ္မိတ္ေဆြမ်ား ေရာက္လာခဲ့ၾကသည္။
“ဟာ…လာၾကဗ်ာ – ကြၽန္ေတာ္လည္းအားလပ္ေနတာနဲ႔အေတာ္ပဲဗ်ာ”
“ေတာ္ေသးတာေပါ့ဗ်ာ … ကိုေလးေမာင္နဲ႔အဆင္သင့္ေတြ႕ရလို႔ က်ဳပ္တို႔
က ခင္ဗ်ားအိမ္မွာမွ ေတြ႕ပါမလားလို႔ စိတ္ပူခဲ့ၾကတာဗ်
“ဟိုတစ္ေန႔ကေတာတက္ထားလို႔ ဒီေန႔ေတာ့အိမ္မွာနားေနတယ္ေလဗ်ာ
ကိုေလးေမာင္လည္း ဧည့္သည္ေတြအတြက္ ေရေႏြးၾကမ္း၊ ပဲေလွာ္ ခ်င္းသုပ္၊
ငါးေျခာက္ဖုတ္ဆီဆမ္းမ်ား ျမည္းစရာ ခ်ေပးခဲ့သည္။
“ခင္ဗ်ားတို႔က ဒီနားကို ဟိုနားတင္ သြားပစ္မွာလား။ သားေကာင္ႀကီး
ေတြနားေလာက္ပဲလိုက္ရွာၿပီး အေပ်ာ္သြားပစ္ၾကမွာပါဗ်ာ”
“ကဲ- ဒါျဖင့္ကြၽန္ေတာ္ – ခင္ဗ်ားတို႔အတြက္ထမင္းခ်က္ခိုင္းလိုက္ဦးမယ္။
စားေသာက္ၿပီးမွပဲ ထြက္ၾကတာေပါ့”
“ဟာ… ကိုေလးေမာင္ က်ဳပ္တို႔အတြက္ ထမင္းမခ်က္ခိုင္နဲ႔ေတာ့က်ဳပ္
တို႔စားေသာက္ၿပီးမွ အိမ္က ထြက္လာခဲ့ၾကတာဗ်”
“ဟုတ္ရဲ႕လားဗ်ာ…. ဘာမွ အားနာစရာမလိုဘူးေနာ္”
“တကယ္ေျပာတာပါဗ်ာ”
“ကဲ- ဒီလိုဆိုလည္း ေတာပစ္စထြက္ၾက႐ုံပဲေပါ့”
သူတို႔႐ြာမွေမွာင္ျခည္သန္းလာသည္ႏွင့္ေတာထဲထြက္လာခဲ့ၾကသည္။
“ခုလိုအခ်ိန္မွာ ႏွမ္းခင္းကုန္းေတြထဲက သစ္ငုတ္ေတြကထြက္ေနတဲ့
အ႐ြက္ႏုေတြကို လိုက္စားေနတဲ့ ေခ်ေတြေတြ႕ႏိုင္တယ္ဗ်။ေတာစပ္ေတာင္
ကုန္းေတြကို ေရာက္ရင္ မီးထိုးၿပီး ေသခ်ာၾကည့္ၾကဗ်ိဳ႕
“ဟာ…ဟိုႏွမ္းခင္းကြက္ထဲမွာ ေခ်တစ္ေကာင္ပါလားဗ်။ ေရေပါက္နဲ႔
တူတယ္ဗ်ိဳ႕ – ေတာ္ေတာ္အေကာင္ႀကီးတယ္”
ထိုသားေကာင္ကို မီးထိုးလိုက္ေသာအခါ သားေကာင္က သူတို႔ဆီသို႔
သမင္လည္ျပန္ ၾကည့္ေနခဲ့သည္။
“ေသခ်ာ ခ်ိန္ပစ္ေဟ့ – သားေကာင္က ေဘးတိုက္အေနအထားနဲ႔ ပစ္ကြင္းေကာင္းတယ္”
“ဒိုင္း”
ေရွ႕ဝါးတစ္႐ိုက္ခန႔္ ေျပးထြက္သြားၿပီး ေရမွာ လဲက်ခဲ့ေလသည္။
“လက္ျပင္ေနာက္ကို ကြက္တိ ထိသြားခဲ့တာပဲကြ၊ ဒါေၾကာင့္ မေျပးႏိုင္ ဘဲလဲခဲ့ရတာပဲ”
“ငါတို႔ေတာထဲဝင္ဝင္ခ်င္းပဲလာဘ္ဦးကိုေခ်တစ္ေကာင္ရလိုက္ေတာ့
လာဘ္ေကာင္းတယ္ေဟ့။ ေရွ႕ဆက္သြားၿပီးရွာပစ္ၾကဦးမယ္”
ထိုေခ်အသကို သစ္ပင္အျမင့္တြင္တက္၍တင္ထားႏိုင္ခဲ့ၿပီးေရွ႕ဆက္
လာခဲ့ၾကျပန္သည္။ခရီးအေတာ္ေရာက္ခဲ့ၾကေသာအခါမီးေရာင္ေအာက္
တြင္ေတာေၾကာင္ တစ္ေကာင္ငုတ္ဘုတ္ထိုင္ကာမီးေရာင္ကိုျပန္လွည့္
ၾကည့္ေနသည္ကိုေတြ႕ျမင္ရသျဖင့္ ပစ္ယူခဲ့ၾကျပန္ေလသည္။
“ငါတို႔ညဦးကတည္းကစၿပီးေတာလည္ခဲ့ၾကတာ။ခရီးလည္းအေတာ္
ေရာက္ခဲ့ၾကၿပီ။ ေတာင္ကုန္းေတြေပၚသာတစ္ကုန္းၿပီး၊တစ္ကုန္းတက္
လာရ တယ္။သားေကာင္ကမေတြ႕ေတာ့ဘူးကြ။တခ်ိဳ႕ေတြ႕တဲ့သားေကာင္ကလည္း
မီးေရာင္ ျမင္တာနဲ႔ ထြက္ေျပးသြားခဲ့ၾကတယ္။ ဒီညေတာ့ ဒီေလာက္နဲ႔ပဲ ျပန္ၾကစို႔ေဟ့”
နံနက္ပိုင္း သုံးနာရီခန႔္ ရွိေနသျဖင့္ သူတို႔အဖြဲ႕ပစ္၍ရေသာေတာေၾကာင္၊
ေခ်တို႔ကိုထမ္းကာ ႐ြာသို႔ျပန္လာခဲ့ၾကေလသည္။
႐ြာသို႔ျပန္ေရာက္လွ်င္ရေသာသားေကာင္မ်ားကိုဖ်က္၍သူတို႔အတြက္
လည္း ယူသည္။ ကိုေလးေမာင္ အိမ္အတြက္လည္းေပးခဲ့ၾကေလသည္။
“ကဲ – ကိုေလးေမာင္ က်ဳပ္တို႔ ျပန္ၾကဦးမယ္ဗ်ာ။ ေနာက္တစ္ပတ္
လာခဲ့ရင္ေတာ့သားေကာင္ေသးေသးေတြပစ္ၾကေတာ့ဘူးဗ်ာ။သား
ေကာင္ ႀကီးေတြက်က္စားတဲ့ေတာကို သြားၾကမယ္”
“က်ဳပ္ကသားေကာင္ႀကီးေတြေပါတဲ့ေတာကိုျပေပးႏိုင္ပါတယ္။ဒါေပမဲ့
နီးနီးနားနား မဟုတ္လို႔ ညတြင္းခ်င္း ျပန္ခ်ိန္နဲ႔ မရဘူးဗ်။ အနည္းဆုံး
ႏွစ္ညအိပ္ေလာက္သြားႏိုင္မွပင္ရမွာေလ”
“ဟုတ္ပါၿပီဗ်ာ…ရက္ၾကာခ်င္ၾကာပါေစ။ ပစ္ရမယ္ဆိုရင္က်ပ္တို႔ရိကၡာ
အျပည့္အစုံနဲ႔ လာခဲ့ပါ့မယ္”
ၿမိဳ႕မွ ေတာပစ္အဖြဲ႕လည္း ကိုေလးေမာင္ကို ႏႈတ္ဆက္ကာ ျပန္သြားခဲ့ ၾကေတာ့သည္။
“ဟင္ … သာေအာင္တို႔အဖြဲ႕ ဘယ္သြားၾကမလို႔ ျပင္ဆင္ေနၾကတာလဲကြ”
“အိုကြာ…ၿမိဳ႕က ငါ့ဦးေလးက သူ႔ဥယ်ာဥ္ေလးထဲမွာ မ်ိဳးပြားၿပီး စိုက္ႏိုင္
ဖို႔ သစ္ခြဆန္းဆန္းေတြ ရွာခိုင္းလို႔ကြ ေရးေကာင္းလည္း ေပးမယ္လို႔ ေျပာတယ္”
“ဟာ – ဟုတ္လား ငါေကာ – လိုက္လို႔ျဖစ္မလားကြ”
“ျဖစ္တာေပါ့ကြ – လူမ်ားေတာ့ တစ္ေယာက္မေတြ႕ရင္ေတာင္ က်န္
တစ္ေယာက္က ရွာေတြ႕ႏိုင္တာေပါ့။ ငါ့ဦးေလးက ရသေလာက္ ယူခ်င္
ေနတာ ဆိုေတာ့ မင္းရွာေတြ႕လည္း အပိုဝင္ေငြရတာေပါ့ကြာ”
သူတို႔အဖြဲ႕စားရိကၡာ သုံးေလးရက္စာ အျပည့္အစုံ ထည့္ယူကာ ေတာ
တက္ခဲ့ၾကေလသည္။ သစ္ခြအဆန္းမ်ား ရွာရန္ျဖစ္၍ေတာနက္ထဲ ေရာက္
ေအာင္ လာခဲ့ၾကသည္။ ေတာတက္အစတြင္ ေတာင္ေပၚလာေသာ လူ
တခ်ိဳ႕ကို ေတြ႕ ျမင္ၾကေသာလည္း တျဖည္းျဖည္း ေဝးလာေသာအခါ
လူသံ၊ သူသံမၾကားရေတာ့ပဲေက်းငွက္တိရစာၦန္တို႔၏အသံႏွင့္ဟိုမွသည္
မွကူးလူး ပ်ံသန္းေနၾကေသာ ငွက္မ်ားကိုသာ ေတြ႕ျမင္ၾကရသည္။တစ္
ေနရာတြင္ ေျခရာေတြ ေတြ႕ရသည္။
“ဟင္ … ဒီေလာက္ ေတာနက္ထဲ ဘယ္ကြၽဲေျခရာ ရွိႏိုင္မလဲကြ။ အဲဒါ ေျပာင္ေျခရာေတြပဲ”
“ဟာ – ဒီေရအိုင္ေဘးမွာ ေတာဝက္ေျခရာေတြ ပြေနတာပဲေဟ့။ ေရ
လာေသာက္ထားတယ္ထင္တယ္”
သူတို႔သြားရင္း ေျမာင္တစ္ေျမာင္ထဲ ဆင္းသြားခဲ့ၾကရာ ဆတ္ေလး
ငါးေကာင္အုပ္စုႏွင့္ ေတြ႕ၿပီး ထြက္ေျပးသြားၾကသည္ကို ျမင္လိုက္ၾကရ သည္။
“ဒီေတာက ေတာနက္လို႔လား မသိဘူး။ သားေကာင္ႀကီးေတြ ေတာ္
ေတာ္ေပါတာပဲေနာ္”သူတို႔အဖြဲ႕ ေတာထဲတြင္ ႏွစ္ညအိပ္ၿပီး လွည့္လွည္
ရွာေဖြခဲ့ၾကသျဖင့္ သစ္ခြဆန္းမ်ားရလာခဲ့ၾကသည္။ေနာက္ေန႔နံနက္တြင္
ေတာ့မိမိတို႔ရရွိသည့္ သစ္ခြပန္းမ်ားကို ေသခ်ာစြာ ထမ္းကာ ႐ြာသို႔ ျပန္လာခဲ့ၾကေလသည္။
တစ္ေန႔တြင္ ၿမိဳ႕မလွ်ပ္စစ္ဌာနမွ မန္ေနဂ်ာက ၿမိဳ႕တြင္ ဓာတ္တိုင္မ်ား
စိုက္ထူၿပီး ဓာတ္ႀကိဳးသြယ္တန္းႏိုင္ရန္ ရွည္ၿပီး ေျဖာင့္စင္းေသာ ကြၽန္းေမ်ာ
တိုင္မ်ားအား သစ္ေတာဌာန၏ ႀကိဳတင္ခြင့္ျပဳအမိန႔္ျဖင့္ ေလးေမာင္တို႔
အား အဆြဲခိုင္းလာသည္။
“ဟာ- ကြၽန္းေမ်ာတိုင္ ေျဖာင့္ေျဖာင့္ေတြဟာ ဟိုအရင္တစ္ခါ သစ္ခြ
ရွာသြားတုန္းက ေရာက္ခဲ့တဲ့ေတာမွာေပါတယ္။ အဲဒီေတာကိုသြားၿပီး
ႏြားနဲ႔ သြားဆြဲယူရင္ ရႏိုင္တယ္”
ေလးေမာင္ သည္လိုအပ္သည့္ေျဖာင့္ၿပီးရွည္ေသာကြၽန္းေမ်ာတိုင္မ်ား
ဆြဲေပးရန္ တာဝန္ယူကာ ႐ြာထဲမွ အေဖာ္မ်ားႏွင့္ ေတာတက္လာခဲ့သည္။
တစ္ခါကသစ္ခြရွာရင္း ေရာက္ခဲ့သည့္ေတာကို ေရာက္လာၾကေသာအခါ
သူတို႔အဖြဲ႕အံ့ဩခဲ့ၾကရသည္။ ေတြ႕ရွိသည့္ ကြၽန္းပင္မ်ားမွာ ရွည္ေတာ့
ရွည္ လ်ားၾကေလသည္။ သို႔ေသာ အေပၚဘက္သို႔ အလင္းေရာင္ ရႏိုင္ရန္
အလု အယက္ ျဖင့္ တက္ၾကရျခင္းေၾကာင့္ ေကာက္ေကာက္ ေကြးေကြး
မ်ားသာ ေတြ႕ျမင္ၾကရသည္။ ရွာေဖြႏိုင္လြန္းပါမွ တစ္လုံးတေလေျဖာင့္
သည္ကိုသာ ေတြ႕ျမင္ရသည္။“ဒီေတာထဲမွာေတာ့ ဓာတ္တိုင္စိုက္ဖို႔
ကြၽန္းေမ်ာတိုင္ရွည္ရွည္ ေျဖာင့္ ေျဖာင့္ ခုတ္ယူရႏိုင္ဖို႔ ခဲယဥ္းတယ္ေဟ့။
တျခားေတာကိုသာ ေျပာင္းၿပီး ရွာၾကရေတာ့မွာပဲ”
သူတို႔အဖြဲ႕ကြၽန္းေမ်ာတိုင္မ်ားမရခဲ့ဘဲလူလုံးခ်ည္းသက္သက္ျပန္လာခဲ့
ၾကရသည္။ ေလးေမာင္စိတ္ပ်က္သြားရသည္။
“ေတာက္
“ဒီေလာက္ေတာထူထပ္ၿပီး သစ္ပင္ေတြလည္း ေပါမ်ားပါလ်က္နဲ႔ ေျဖာင့္ေျဖာင့္စင္းစင္း
အပင္ေတြရွာေတြ႕ ၾကတာေတာ့ ေတာ္ေတာ္ အံ့ဩ စရာပါပဲကြာ”
“ဒီတာဟာမဟုတ္မွလြဲေရာငါ့အဖိုးတို႔ေျပာျပဖူးတဲ့ေတာႀကီးမ်ားလားကြာ”
“မင္းအဖိုးက ဘယ္လို ေျပာျပဖူးတာလဲကြ” “ငါ့အဖိုးတို႔ အဲဒီေတာကို ေရာက္ေတာ့”
ဝါးေျဖာင့္ေျဖာင့္ေတြလိုက္ရွာေပမယ့္ဝါး႐ုံမွာရွိၾကတဲ့ဝါးပင္ေတြအားလုံး ဟာ အကုန္လုံး ေကာက္ေကြးေနၾကတယ္တဲ့။ အဲ – တုတ္ေကာက္ လုပ္ဖို႔ ေတာင္ေဝွးအတြက္ အေကာက္ပါတဲ့ဝါးပင္ရွာျပန္ေတာ့ဝါးပင္ေတြ အားလုံး တစ္လုံးမွအေကာက္မရွိဘူးတဲ့။ အားလုံးဟာ ေျဖာင့္စင္းေနၾကတယ္တဲ့ကြ” “ေအးကြာ .. အခုတို႔ေရာက္ေနတဲ့ ေတာဟာ အဲဒီေတာႀကီးမ်ားမုန္းမွ မသိတာကြ”
သူတို႔အဖြဲ႕ ထိုထူးဆန္းလွေသာ ေတာအေၾကာင္းတစ္လမ္းလုံး ေျပာ
ဆိုကာျပန္လာခဲ့ၾကရာ မိုးခ်ဳပ္ၿပီး ေမွာင္မွပင္ ႐ြာသို႔ ျပန္ေရာက္လာခဲ့ ၾကေတာ့သည္။
“ေဟာ- ၿမိဳ႕ကေတာပစ္အဖြဲ႕ပါလား။ ခင္ဗ်ားတို႔- သားေကာင္ႀကီးေတြ
ပစ္ဖို႔လာၾကတာလား။ ရိကၡာေတြ အျပည့္အစုံနဲ႔” “ဟုတ္တယ္ေလ
ကိုေလးေမာင္ – ခင္ဗ်ား လိုက္မယ္ မဟုတ္လားဗ်ာ”
“ဟာ .. လိုက္မယ္ လိုက္မယ္။ ဟို – တစ္ခါ သစ္ခြ သြားရွာတုန္းက
သားေကာင္ႀကီးေတြ ေတြ႕ခဲ့တဲ့ေတာကို သြားပစ္ၾကမယ္”
ေလးေမာင္ ေတာထဲက ျပန္ေရာက္ၿပီ ၊တစ္ပတ္ခန႔္ နားေနစဥ္တြင္
ေတာပစ္အဖြဲ႕ ေရာက္လာခဲ့ျခင္းျဖစ္၍ ေတာလည္လိုက္ရန္ ျပင္ဆင္ခဲ့ေလ
သည္။ျပင္ဆင္ထုပ္ပိုးၿပီးသည္ႏွင့္လိုအပ္သည္တို႔ကိုအျပည့္အစုံယူၾကကာ
ေတာတက္လာခဲ့ၾကသည္။
“သစ္ခြရွာလာတုန္းကမ်ားဗ်ာေျပာင္ေျခရာေတြ ေတာဝက္ေျခရာေတြ
ဆတ္အုပ္ေတြကိုေတြ႕လိုက္တာဗ်ာ။ေသနတ္သာပါရင္ခင္ဗ်ား သားေကာင္
ေတြေတြ႕လာပါေစဗ်ာ။မလြတ္တမ္းကို ပစ္ယူၾကမယ္” ေတာင္ကုန္၊ေတြ၊
လွ်ိဳေျမာင္ေတြထဲမ်က္စိလ်င္လ်င္နားပါးပါးျဖင့္ရွာေဖြ လာခဲ့ၾကေသာ္လည္း
ညေနပိုင္းသာ ေရာက္လာခဲ့သည္။ ဘာသားေကာင္ ႀကီးမွ မေတြ႕ ၾကေသးေပ။
“ကဲ–ေဟ့ –ညအိပ္ရင္နားမည့္ေနရာရွာၿပီးညစာခ်က္စားၾကရေအာင္။
မိုးခ်ဳပ္ေမွာင္ရင္ အစားခ်က္ၾကမယ္ကြ”
ခ်က္ျပဳတ္စားေသာက္ၿပီးညဘက္ေရာက္လာခဲ့ေသာအခါေတာထဲသို႔
ဓာတ္မီးျဖင့္ သားေကာင္ ရွာေဖြပစ္ၾကရန္ ထြက္လာခဲ့ၾကသည္။
“ေတာေကာင္ေန႔ခင္းဘက္မထြက္ၾကဘဲညဘက္မွထြက္ၾကမယ္ထင္တယ္ကြ”
“ေအး … ျဖစ္ႏိုင္တယ္။ ေန႔ခင္းမွာ ဘာေကာင္မွ မေတြ႕ရတာလဲ…”
ညဥ့္နက္ပိုင္းေရာက္လာသည္အထိမီးထိုးၿပီးသားေကာင္ရွာေဖြလာခဲ့
ၾကသည္။ ဟိုေတာင္ကုန္းေရာက္လွ်င္ေတြ႕ႏိုးႏိုးသည္။ ေျပာင္ထဲဆင္း
လာ လွ်င္ေတြ႕ႏိုးႏိုးျဖင့္ေတာင္တစ္ကုန္းမွတစ္ကုန္း တစ္ေျမာင္မွတစ္ေျမာင္သာ
ရွာလာခဲ့ၾကသည္။ သားေကာင္ႀကီးဆို၍တစ္ေကာင္တစ္ၿမီးမွမေတြ႕ၾက
ေခ်။ “ငါတို႔တစ္ညလုံးေတာထဲလွည့္လည္ရွာလာခဲ့ၾကတာ။ခရီးေတာ္
ေတာ္ ေဝးေဝးေရာက္ခဲ့ၾကၿပီကြ။ စခန္းခ်ထားတဲ့ ေနရာကိုျပန္ရင္းနဲ႔ ရွာသြားၾကမွ
စခန္းသာ ျပန္ေရာက္လာခဲ့ၾကသည္။ ဘာေကာင္မွ မေတြ႕ခဲ့ၾကေခ်။
မိုးမလင္းေသးေသာေၾကာင့္ တစ္ေရးေလာက္ အိပ္ၿပီး နားၾကရန္ မီးဖိုၿပီး
မီးဖိုေဘးတြင္ဝိုင္းဖြဲ႕အိပ္ခဲ့ၾကသည္။ေနထြက္လာမွပင္ႏိုးခဲ့ၾကသည္။ နံနက္စာ
ခ်က္ျပဳတ္စားၿပီးေန႔ခင္းစာအတြက္ဖက္ႏွင့္ထုပ္ၿပီးေတာ
လည္ရန္ထိုစခန္းရသည့္ေနရာမွထြက္လာၾကျပန္သည္။
“မဟုတ္ေတာ့ဘူးကြာ … ဒီေလာက္ေတာထူတဲ့ေတာနက္ႀကီး
ထဲေရာက္ ၿပီး ေန႔ေရာညဘက္ပါ ရွာေဖြခဲ့တာေတာင္ ဘာေကာင္း
မွကို မေတြ႕ရတာ ကေတာ့ ေတာ္ေတာ္ထူးဆန္းေနေတာ့တာပဲကြာ”
“ဟုတ္တယ္ေနာ္-က်ဳပ္အရင္သစ္ခြရွာလာခဲ့တုန္းကေတာ့ေတြ႕လိုက္
တာဗ်ာ။ သားေကာင္ေျခရာေတြေရာ၊ ဆတ္အုပ္ကိုပါေတြ႕ရတာ””
”ဟာ–ဟုတ္ၿပီဗ်… ဒီေတာဟာတစ္ခုခုခုတ္ယူဖို႔ရည္႐ြယ္ရင္အေျဖာင့္
လိုခ်င္ရင္ေကာက္ျပထားတယ္။ အေကာက္လိုခ်င္ရင္ေျဖာင့္ျပထားတယ္။
အခုလည္း သားေကာင္ မဟုတ္ပဲ သစ္ခြ လာရွာခဲ့တုန္းက သားေကာင္ေတြ
ေတြ႕ျမင္ရေပမယ့္ေတာပစ္မယ္လို႔ရည္႐ြယ္ၿပီးလာရွာေဖြခဲ့ေတာ့ဘာေကာင္
မွကိုမေတြ႕ရတာကေတာ့ ထူးဆန္းတဲ့ေတာလို႔ပဲ ဆိုရေတာ့မွာေပါ့ဗ်ာ”
“က်ဳပ္တို႔အားခဲၿပီး ဆက္ရွာေနလည္းေတြ႕မွာမဟုတ္ေတာ့ဘူး။ ဒီေတာ
က အေစာင့္အေရွာက္ေတြက ကြယ္ဝွက္ထားခဲ့ေလေတာ့ ဘာေကာင္မွ ေတြ႕လာမွမဟုတ္ဘူး”
ထို႔ေၾကာင့္ပင္ အားခဲကာရွာခဲ့ၾကေသာလည္းဘာေကာင္မွ
မေတြ႕ၾက သျဖင့္လမ္းတြင္ေတြ႕လာမည့္သားေကာင္တစ္
ေကာင္ေကာင္ကိုသာ ပစ္ယူ ၍ထမ္းျပန္ၾကမည္ဟုအႀကံကုန္
ဂဠဳန္ဆားခ်က္ေတြးကာစိတ္ပ်က္စြာ ျပန္ခဲ့ ၾကတာ့သည္။

 

တင့္ထူး(အဝတီ)