” မြေကြီးခေါ်သံ ”(စ/ဆုံး)

Unicode Version

” မြေကြီးခေါ်သံ ”(စ/ဆုံး)
———————————

ကျွန်တော်တို့ ကျောင်းသားဘဝရောက်စဉ် ဗုဒ္ဓဘာသာနှင့် ပြည်သူ့နီတိကို ကျောင်းမှာ
သင် ခဲ့ရ၏ ။ ထိုစဉ်က ပဉ္စာနန္တရိယ ကံထိုက်
ခြင်းအကြောင်း သင်ခဲ့ရ၏ ။
အနန္တောအနန္တငါးပါးကို
ကိုယ်ထိလက်ရောက်ပြစ်မှားစော်ကားခဲ့လျှင်၊
ကံသုံးပါးအနက် တစ်ပါးပါးနှင့် ပြစ်မှား
ကျူးလွန်ခဲ့လျှင် ပဉ္စာနန္တရိယ ကံကြီးထိုက်၍ ပဉ္စာနန္တရိယ ကံထိုက်လျှင် ငရဲ ကြီးရှစ်ထပ် အနက် အောက်ဆုံး၊ အပြင်းဆုံး၊ အပူဆုံး မဟာအဝီစိငရဲ၌ နောင်ပွင့်မည့် ဘုရား လက် ထက်သို့တိုင် နှစ်ပေါင်းများ စွာ ငရဲခံရမည်။
ဘဝကံပေးလေးကောင်းမှ
ကံအားလျော်စွာ ကျွတ်လွတ်၍ နောင်ပွင့်လာ
မည့်ဘုရားကို ဖူးမြော်နိုင်ခွင့်ရမည်။ ဥပမာ
အဖကိုသတ်ရန် စေခိုင်းသည့် အဇာတသတ်ရဲ့ အဖြစ်။
ဆိုရလျှင် ပဉ္စာနန္တရိယ ကံကြီးထိုက်ခြင်း

အကြောင်းကို ကိုရင်ဘဝ၊ ပဉ္ဇင်းဘဝ၊ သံဃာတော် အရှင်သူမြတ်များ ဟောကြား သည့်တရားဒေသနာဝတ္ထုဇာတ်ကြောင်းဖတ်
ပြီး ထေရဝါဒကို ပိုမို သက်ဝင် ယုံကြည်လာ သောအခါ၊ နှစ်ခြိုက်ရိုကျိုးစွာ .. ဆည်းပူး လေ့လာမိသောအခါ ဗုဒ္ဓစာပေများမှ သိရှိ ကြားနာ မှတ်သားရသောအခါ…
ဘုရားရှင်၏ ဦးရီးတော် သုဗ္ဗဗုဒ္ဓမင်းကြီး
မြေမျို၍ နတ်ရွာစံခြင်း၊ ဘုရားရှင်၏
ယောက်ဖ တော် အရှင်ဒေဝဒတ် မြေကြီး
ဟက်တက်ကွဲ၍ ရဟန်းသံဃာအများ ရှေ့မှာ မြေမျိုလို့ သေဆုံးသွားရ ခြင်းများကို
တုန်လှုပ်ချောက်ချားဖွယ် မှတ်သားနားလည်ခဲ့ရ၏။
တစ်ခါတစ်ရံတော့ ဟုတ်ပါ့မလားဟု စိ ကိစ္စ သံသယဖြစ်မိ၏ ။ ကိုယ်တွေ့မကြုံဖူး မ
မြင်ဖူး သေး၍ ပဲပေကိုး။
တစ်နေ့သောအခါ မြေကြီးထဲက ခေါ်သံ
များကြားရပြီး အရှင်လတ်လတ် မြေမျိုသလို
ကြောက်မက်ဖွယ်ကောင်းသူတစ်ဦးကို မြင်
တွေ့ခဲ့ရသည် ။စာဖတ်သူများ ဆင်ခြင်သံဝေဂရရန် ဗဟု
သုတရစေရန် … အကျိုးငှာ
ဝတ္တုသဖွယ်ရေးသား လိုက်ရပေသည် ။
အထူးသဖြင့် ဤဝတ္ထုအား “ ဘကောင်း ချိန်” လို. သားမိုက် သားဆိုးများ အထူး ဂရုစိုက်ဖတ် မိစေရန် ရေးရခြင်းဖြစ်သည် ။
ဘကောင်းချိန် …”ဒီနေ့ပဲ ထောင်ကလွတ်လာသည် ။ ဒါနှင့်ဆိုလျှင်
တတိယအကြိမ်မြောက် ထောင်မှထွက်ခဲ့ ခြင်း ဖြစ်၏ ။
အရင်က နွားခိုးမှုနှင့်တစ်ကြိမ်၊ လူရိုက်မှု
နှင့်တစ်ကြိမ် ကျခဲ့ဖူးသည် ။
ယခုတစ်ကြိမ်ကား အမေ့အိမ်ကို မီးရှို့မှုဖြစ်သည် ။
မိခင်ကြီး ဒေါ်စိမ်းချွန်သည် သားလုပ်သူ ဘကောင်းချိန်ကို ရင်နှင့်အမျှ ချစ်ရှာ၏ ။ ကောင်းချိန်မှာ ဖခင်မရှိတော့။ ဖခင် ဦးဘ ချွန် ကွယ်လွန်သွားတာ ဘကောင်းချိန် လူ မှန်းသူမှန်း သိ တတ်စအရွယ်ကတည်းက။ ဘကောင်းချိန်ကို မိခင်ကြီး ဒေါ်စိမ်းချွန် ပိုး မွေးသလို မွေးခဲ့ပါသည် ။ မွေးဇာတာနက္ခတ် ညံ့ လို့ ပဲလား၊ အဖေ အုပ်ထိန်းမှုနှင့် ကင်း ဝေး၍ ပဲလားမသိ၊ ဘကောင်းချိန်တစ်
ယောက် စာသင် ကျောင်းမှာ ဆရာမနိုင် တပည့်ဆိုးဖြစ်ခဲ့ရ၏။
ကျောင်းသားများကို ရန်စနှိပ်စက်၏ ။ ပစ္စည်းများကို အနိုင်လု၍ ဖျက်ဆီး၏ ။ မိခင် ဒေါ်စိမ်း ချွန် ကျောင်းမှာ လိုက်ဖြေရှင်း တောင်းပန်သည့်အကြိမ် မနည်း။
နောက်ဆုံး စာသင်ကျောင်းက ဘကောင်း ချွန်ကို ဆုံးမပဲ့ပြင်လို့ မရသည့်အဆုံး ငါးခုံးမ တစ် ကောင်ကြောင့် တစ်လှေလုံးအပုပ်မခံ နိုင်၍ ကျောင်းထုတ်ပစ်လိုက်သည် ။
ကျောင်းသုံးကျောင်း ပြောင်း၍ ထားခဲ့ပါ၏
သုံးကျောင်းစလုံးမှ နှစ်မပြည့်ခင် ဘကောင်းချိန်ကို ထုတ်ပစ်ခဲ့ရ၏ ။
ကျောင်းမှ အသီးသီးအကြောင်းကား သူသည် ကျောင်းသား များကို အနိုင်ကျင့်၏ ။ ပစ္စည်းများကို ခိုး၏ ။

ဆရာ၊ ဆရာမများကို မထီလေးစားလုပ်၏ ။ကျောင်းပြေး၏လောင်းကစားများ
ပြုလုပ်၏ ။ ဈေးမှ အလစ် သုတ်၏ ။ ဤသို့ ။ တာတေလန် ကျောင်းသားမျိုးကို ဘယ်လို
ဆရာသမားသည် ကြာရှည်သည်းခံနိုင် အံ့
နည်း။ သူ့နောက်ကို နောက်ကျောင်းသား တစ်ယောက် နှစ်ယောက် ပါသွားခဲ့လျှင် ပညာမဏ္ဍိုင် အသီးအပွင့်လေးများ အချိန်နောက်ဆုံးပညာအသိအခြေခံလေးများစော၍ ကြွေပုပ်ကုန်လိမ့်မည်။
ရရှိစေရန် ဘကြီးဘုန်းကြီးကျောင်းမှာ အပ် လိုက်၏ ။ ၁၅ ရက်အတွင်း ဘကြီးဘုန်းကြီး ကိုယ်တိုင် ကြိမ်လုံးနှင့် အရှိုးထပ်အောင်ရိုက် ပြီး နှင် လိုက်ရ၏။
သူနှိပ်စက်ရမ်းကား၍ ဘုန်းကြီးကျောင်း သားတစ်ဦး လက်ကျိုးသွား၏ ။ နောက်တစ် ယောက် ကား ခေါင်းပေါက်သွား၏ ။ သပိတ်အသစ်များကို ခိုးရောင်း၏ ။ ရှေးဟောင်း ကြေးစည်ကြီးကို ရောင်း စား၏ ။ကြေးဆင်းတုတော်တစ်ဆူကိုခိုး၍အဝှက် ကိုရင်ကြီးများ ဖမ်းမိတွေ့ရှိသွားပြီး
နောက် ဘကြီးဘုန်းကြီးကိုယ်တိုင် တိုင်မှာ ကြိုးတုပ်၍ ရိုက်နှက်ဆုံးမရ၏ ။ ထိုစဉ်က
မိခင်လုပ်သူ ဒေါ်စိမ်း ချွန်ပါ အနားမှာ ရှိနေ၏အစ်ကိုဘုန်းကြီးကို ရှိခိုးတောင်းပန်၍ မရခဲ့။
ရိုက်နှက်ဆုံးမပြီးနောက် သူ့ကို တရားပြဆုံးမလိုက်သေးသည် ။
* ဘကောင်းချိန် ”
မော်လို့ တောင်မကြည့်။
“ မင်းဟာ တစ်နေ့ လူဆိုးလူမိုက် ဖြစ်မယ့် ကောင်။ မိဘစကား နားမထောင်၊ ဆရာ စကား နားမထောင်၊ သံဃာပစ္စည်း၊ ဘုရားပ စစည်းမှန်းမသိ၊ ငရဲမကြောက် အပါယ်မကြောက် ကျူးလွန် ဆိုးသွမ်းတဲ့ ကောင် မင်း တစ်နေ့ ဒုက္ခ အကြီးအကျယ်ရောက်
မယ် .. ဘကောင်းချိန်။ နောင်တရပါစေ၊စာတတ်မြောက်ပါစေဆိုပြီး
ငါဘကြီးဘုန်းကြီး သည်းညည်းခံ ဆုံးမပဲ့ပြင်ခဲ့ပေမယ့် မင်းဟာ ခွေးပြီး ကောက် ကျည်တောက်စွပ် လို အစားပဲ။ သွားတော့ . . . ဒီနေ့ကစပြီး ငါ တို့ ကျောင်းရိပ်ကို လုံးဝ မနင်းနဲ့ ။ ဒကာမ ကြီး ခင်ဗျားကျပ်ကျပ်အလိုလိုက်။ တစ်နေ့ ဒကာမကြီး မျက်ရည်နဲ့ မျက်ခွက် ပြည့် လျှံ အိုင်ထွန်းနေလိမ့်မယ် . . . ကိုရင်ကြီး “ ဘုရား ”
“ ကြိုးဖြေပြီး ကျောင်းပြင်ပို့လိုက် ”
“ မှန်ပါဘုရား ”
ကြိုးဖြေပေးလိုက်သောအခါ ဒူးညွတ်သွား
သည် ၎င်းနောက် ကြိမ်ရာများကို ကြည့်ပြီး နောက်
တောက် ”
မိုက်ပါဘိလေ။အရွယ်ကြီးရောက်လာတော့ အမေမုဆိုးမ ကြီး မနိုင်တော့။ ဖခင် မကွယ်လွန်ခင်က ရှာဖွေ ထားခဲ့သည့် လက်ဝတ်ပစ္စည်းများ ဘ ကောင်းချိန်ကြောင့် ကုန်ခဲ့ရ၏။
နွားခိုးမှုနှင့် ကုန်ခဲ့၏။လူရိုက်မှုနှင့် ကုန်ခဲ့၏။
ထောင်ကလွတ်လာတော့ အဖေလက်ကျန်ပစ္စည်းများ ထုတ်ပေးရန် ပြော။

“ အမေ့မှာ မရှိတော့ပါဘူး ငချိန်ရယ် ” ခင်ဗျားကြီး မညာနဲ့ နော် . . . ကျုပ် ထောင်ထဲရောက်နေတုန်း ခင်ဗျား အဲဒီ ပစ္စည်းတွေနဲ့ ထိုင်စားနေတာ မဟုတ်လား ” * သားရယ် . . . မရှိလို့ အမေအကြော် ရောင်းစား၊ အဝတ်ငှားလိုက်လျှော်၊ သူများ ပေးစာ ကမ်းစာစွန့်စာနဲ့ အသက်ဆက်နေရ တာ ပါသားရယ် ”
‘ အိုဗျာ . . . ခင်ဗျား ကျုပ်ကိုညာနေတာ၊ ဝှက်ထားတာရှိတယ် ထုတ်ပေး ”
“ ဘုရားစူး . . . မရှိပါဘူး သားရယ် ”
ခင်ဗျားကြီး ကျုပ်ရှာလို့ များ တွေ့ရင်လား ငချိန်အကြောင်း သိရမယ် ”
ဘကောင်းချိန်သည်အရက်မူးနေသော အိမ်တစ်အိမ်လုံးကို လှန်လှောမှောက်လှန်၍ ရှာ၏ ။ တိုင်များကို ခေါက်၍ ဓားနှင့်ခုတ်၍ ရှာ၏ ။ တိုင်ခြေများကို တူးရွင်းနှင့်တူး၍ ရှာ။

ဘာမျှမတွေ့ ရသောအခါ ဒေါသဖြစ်ပြီး အိမ် ကို မီးနှင့်ရှို့တော့သည် ။
အမေအိုကြီးက အလန့်တကြား အော်တော့။
အဲဒီ လိုအော်ရမလားဟု မအေကို မီးပုံထဲ သို့ တွန်းလှဲလိုက်သည် ။ မီးသည် အိမ်ကိုစွဲ၍ အမယ်အိုကြီးကိုပါ ဟပ်တော့၏။
ဆံပင်နှင့် အဝတ်များ မီးစွဲရင်းနှင့်အော်ပြီး လမ်းမပေါ်သို့ ပြေး၏ ။ အရပ်က ဝိုင်းဝန်း၍ မီးကို မနည်းငြိမ်းခဲ့ရသည် ။အမေကြီးဆေးရုံရောက်ခဲ့သည် ။
ဘကောင်းချိန် ထောင်နန်းစံရပြန်သည် ။
ရုပ်ပျက်ဆင်းပျက် ဒုက္ခိတအမေအိုသည်
အလုပ်လုပ်ကိုင်စားသောက်မရနိုင်တော့အရပ် တကာလည်တောင်းစုပြီး သားရှိရာသို့
စားစရာပစ္စည်းလေးများ ဝယ်ခြမ်း၍ ထောင်ဝင်စာ လာတွေ့၏ ။

သားထောင်မှ လွတ်မည့်နေ့ကို ကြိုသိ၍ပုဆိုးအသစ်တစ်ထည်၊အင်္ကျီအသစ်တစ်
ထည် ဝယ်ပြီး ထောင်ဘူးဝသို့အလာ အရှိန် နှင့်မောင်းနှင်လာသည့် ကားနှင့်တိုက်မိပြီး ပွဲချင်းပြီး သေဆုံး သွားခဲ့ရလေသည် ။ ဘကောင်းချိန်ကား … ထောင်ကလွတ်လာတော့ မိခင်ကြီးက သူ့ကို လာကြိုစောင့်ရင်းကားတိုက်၍သေဆုံးကြောင်းသိရသောအခါ … မျက်ရည်တစ်ပေါက်မကျ၊ ပို တောင်ဝမ်းသာသလို ရှိနေ သေး၏။
ကျန်ရစ်သည့် ဝါးအိမ်ကို ရသည့်ဈေးနှင့် ရောင်း၍ နေ့စဉ် သောက်စားမူးယစ်သည် ၊ မကောင်းသောမိန်းမအနာ စွဲလာခဲ့သည် ။ လူသည် ရောဂါနှင့် နပန်းလုံးရင်း ရုပ်ပျက် လာ၏ ။ အိပ် စရာ နေစရာမရှိ၍ ဇရပ်မှာ အိပ်ရ၏ ။ အပင်အောက်မှာ အိပ်ရ၏ ။ ကောက်ရိုးပုံနှင့် အမှ ပို က်ပုံနံဘေး မှာ အိပ်ရ၏။အခု သူ . . . သူဌေးသားလို မသုံးဖြုန်းနိုင်။ သူတောင်းစားလို တောင်းစားနေရပြီ။ သနား လို့ ပေးသမျှ ရသမျှကို အရက်ပဲ သောက် ပစ်၏ ။ ကျွန်တော်တို့ အဖေက သူ့ဘ၀ ကျ ဆုံးချိန်နှင့် နောက်ဆုံးချိန်ကို မကြည့်ရက်၍ စားကျန်လေးများကို စွန့်ကြဲ၏။
“ မောင်ချိန် ”
“ ဗျာ . . . ဦးလေးဟန် ”
“ မင်း . . ည . . . ည ဘုရားရှိခိုးအိပ်ရဲ့လား
“ ဟင့်အင်း ”
“ ဘာလို့ ဘုရားမရှိခိုးရတာ လဲ မောင်ချိန်
“ အိပ်လို့ မရဘူး ဦးလေးဟန် ”
“ ဘာဖြစ်လို့ ”
“ မြေကြီးထဲက ခေါ်နေလို့ ”
ဟေ . . . မြေကြီးထဲကခေါ်နေလို့ . . . ဘယ်သူက ဘယ်သူ့ကို ခေါ်နေတာလဲကွ ”
“ ကျွန်တော် မြေကြီးပေါ် မူးမူးနဲ့ အိပ်ပျော် သွားရင် မြေကြီးထဲကနေ ကျွန်တော့်နာမည် ကို ခေါ်နေတယ်။ “ ငချိန် . . . လာခဲ့၊ အခု ချက်ချင်း . . . လာခဲ့တဲ့ ။ အဲ . . . ကြောက် စရာကောင်းတဲ့ အသံကြီးဗျာ။ အဲဒါ မြေကြီး ပေါ်မှာ လဲကျတိုင်း၊ အိပ်မိတိုင်း ကြားနေရ တယ် ”
“ ဘုရား . . . ဘုရား မင်းအရက်ကြောင် ကြောင်နေလို့ များ လား ငချိန်ရာ ”
“ မသိပါဘူးဗျာ ”
မင်းအမေကိုရော ရည်မှန်းပြီး ရှိခိုးရဲ့လား မောင်ချိန် ”
“ သူ့ရှိခိုးလည်း ဘာထူးမှာ မို့လဲဗျ ”
မောင်ချိန်ရယ် အနန္တောအနန္တငါးပါးကိုရိုသေလေးစားတာအားကိုးယုံကြည်တာ
လေး တောင် ကောင်းသောသေခြင်း၊ သေပြီး ရင် ကောင်းသောမြတ်သော အကျိုးကို ခံစား ရနိုင်တယ် မောင်ချိန် ”
တော်ပါဗျာ၊ ဒီအချိန်မှာ ဒါတွေ အားကိုး ယုံကြည်နေလည်းကျုပ်ရောဂါ ပျောက်မှာ မဟုတ်ဘူး။ ကျုပ်လည်း ချမ်းသာလာမှာမဟုတ်ဘူး။ ကျုပ် ဦးလေးသာဟန်ကို ကျေးဇူးတင်တယ် … ဗျာ။ ကျုပ်အပေါ်မှာ နားလည်မှုရှိတာ ကောင်းခဲ့တာ ဦးလေးတစ် ယောက်ပဲ ရှိခဲ့တယ်။ အဲဒါ ကျုပ် သေရင်လည်း မမေ့ဘူး
“ မင်း အမေက မင်းအပေါ် ပိုကောင်းခဲ့ပါတယ်ကွာ ”
“ အလကားဗျာ ”
“ မင်း ဘကြီးဘုန်းကြီးလည်း ကောင်းခဲ့ တာပါပဲကွာ ”

“ တော်စမ်းပါဗျာ ရင်နာလွန်းလို့ ”
တစ်နေ့သောအခါ ကျွန်တော်တို့ ရပ်ကွက် အရှေ့ဘက်ရှိ မြေကြီး အက်ကြောင်းကျင်း
နက် ကြီးမှာ ဘကောင်းချိန် မြေကျွံကျပြီး အော်နေသည် ဆို၍ လူတွေ ဝိုင်းကြည့်နေကြ သည် ။
ကျွန်တော်တို့ ရော အဖေတို့ ပါ ရောက် သွားခဲ့သည် ။ ဘုရား . . . ဘုရား အဟုတ်ပါပဲ ကလား။ ကိုဘကောင်းချိန် မြေကြီးပတ်ကြား အက်ကြားမှာ ကျွံကျနေ၏ ။ သူ့ရှေ့မှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူလည်း လွင့်စဉ်ကျနေ၏။
“ ကယ် . . . ကြ … ပါ …အား ”
“ ပူလွန်းလို့ . . . ကယ်ကြပါဗျ ”
“ ဘကြီး ဘုန်းကြီး . . . ဘကြီး ဘုန်းကြီး ” လူအချို့က သူ့အနားကို ကပ်ကြ ကူညီကြ သည် ။ ပတ်ကြားအက် မြေကြီးကြားမှ အခိုးများ ထွက်နေ၏ ။
ဒီနေရာကို အချို့က ရေနံကျပ်ပြင်ကုန်းဟု
ခေါ်ကြ၏။ကြိုးစားခဲ့ဖူး၏ ။
အင်္ဂလိပ်အစိုးရခေတ်က ရေနံများ ရှာရန်
မြေကြီးပတ်ကြားအက်များမှအခိုးများ
ထွက်နေ၏ ။ မီးခြစ်ခြစ်လျှင် ဟု န်းခနဲမီးတောက်၏။

နားလည်သူများက
၎င်းပတ်ကြားအက်များ အောက်မှာ ရေနံသိုက်ရှိသည် ဟု ဆို
ကြ၏ ။ အချို့က ဂက်စ်အငွေ့များ ရှိသည် ဟုဆိုကြ၏။
အချိန်ကာလကလွတ်လပ်ရေးရပြီးစ
ဖြစ်၍ ခေတ်မီဖွံ့ဖြိုးသော နည်းစနစ်နှင့်သုတေသန မပြုနိုင်သေး။
သို့ဖြစ်၍ ၎င်းနေရာကို “ နဂါးသိုက် ” ဟု ခေါ်ကြ၏ ။ “ ငရဲကုန်း “ဟု ခေါ်ကြ၏ ။ မြေ ကျွံကျ သော နွားများ ၊ ကျွဲများ ပြန်မတက်နိုင် ခဲ့။ အက်ကြောင်းကြီးထဲသို့ ကျလျှင် ဆယ်လို့ မရ။ ပူလွန်း၍ အနားဘယ်သူမျှ မကပ်ရဲ။ ဘကြီးဘုန်းကြီးက တူသားကို သနား၍ ကြိုး ပစ်ပေး၏ ။ ကြိုးကား သူ့ အနားကိုမရောက်. ပူတယ် . . . အား . . . အား,,
လူအများဝိုင်းကြည့်နေသည့်ကြားမှ
အခိုးအငွေ့လိုလို တံလျှပ်လိုလို ထွက်နေသည့် မြေ ကြီးပတ်ကြားအက်ကြားထဲသို့ ကိုဘ ကောင်းချိန် လျှောကျပြီး မျက်စိအောက်မှ လုံးဝပျောက်ကွယ် သွားသည် ကို နောက်ဆုံး အဖြစ် အားလုံးမြင်လိုက်လေသည် ။
ဒီမှာ ဘုန်းတော်ကြီးက လက်အုပ်ချီ၍ အဓိဋ္ဌာန်ပြုပြီး အခိုးတံလျှပ်ထနေစဉ် မြေ ပတ်ကြား အက်ရှေ့မှ ဗုဒ္ဓကြေးဆင်းတုကို သွားယူကောက်၍ ပင့်လိုက်ပြီး အမြန် ပြန်လာခဲ့လိုက်သည် ။
“ အင်း . . . လူမိုက်မှ ကမ်းကုန်အောင်မိုက် တဲ့ လူမိုက်ပဲ။ ဘုရား တရား သံဃာ မိဘ ဆရာမှန်းလည်း မသိ၊ ကံငါးပါးအကြောင်း လည်း နားမလည်၊ ဒီဘဝရောက်တာတောင် ငါ့ကျောင်း က ကြေးဆင်းတုကို ခိုးဖြစ် အောင် လာခိုးသေးတယ်။ အင်း . . . လူမိုက် တို့ သွားရာလမ်း၊ ပဉ္စာနန္တရိယကံကျူးလွန်

သူတို့ သွားရာလမ်းကတော့ သေခြင်းဆိုးအရပ်ပဲပေါ့ ”
ဆရာတော်ဘုန်းတော်ကြီး၏ မိန့်ဆိုစကား ကို ကြားရသောအခါ ကိုဘကောင်းချိန် မူး နေစဉ် က အဖေ့ကိုပြောပြသော စကားအချို့ ကျွန်တော်ပြန်၍ ကြားယောင်နေမိ၏။
“ အိပ်လို့ မရဘူး ဦးလေး ”

‘ မြေကြီးထဲကနေ ကျွန်တော့်နာမည်ခေါ် သံကို ကြားကြားနေတယ် ”
မဟုတ်မှ လွဲရော လူမိုက်ကို ငရဲပြည်က ခေါ်ရော့သလား။

Zawgyi Version

” ေျမႀကီးေခၚသံ ”(စ/ဆုံး)
———————————

ကြၽန္ေတာ္တို႔ ေက်ာင္းသားဘဝေရာက္စဥ္ ဗုဒၶဘာသာႏွင့္ ျပည္သူ႔နီတိကို ေက်ာင္းမွာ
သင္ ခဲ့ရ၏ ။ ထိုစဥ္က ပၪၥာနႏၲရိယ ကံထိုက္
ျခင္းအေၾကာင္း သင္ခဲ့ရ၏ ။
အနေႏၲာအနႏၲငါးပါးကို
ကိုယ္ထိလက္ေရာက္ျပစ္မွားေစာ္ကားခဲ့လွ်င္၊
ကံသုံးပါးအနက္ တစ္ပါးပါးႏွင့္ ျပစ္မွား
က်ဴးလြန္ခဲ့လွ်င္ ပၪၥာနႏၲရိယ ကံႀကီးထိုက္၍ ပၪၥာနႏၲရိယ ကံထိုက္လွ်င္ ငရဲ ႀကီးရွစ္ထပ္ အနက္ ေအာက္ဆုံး၊ အျပင္းဆုံး၊ အပူဆုံး မဟာအဝီစိငရဲ၌ ေနာင္ပြင့္မည့္ ဘုရား လက္ ထက္သို႔တိုင္ ႏွစ္ေပါင္းမ်ား စြာ ငရဲခံရမည္။
ဘဝကံေပးေလးေကာင္းမွ
ကံအားေလ်ာ္စြာ ကြၽတ္လြတ္၍ ေနာင္ပြင့္လာ
မည့္ဘုရားကို ဖူးေျမာ္ႏိုင္ခြင့္ရမည္။ ဥပမာ
အဖကိုသတ္ရန္ ေစခိုင္းသည့္ အဇာတသတ္ရဲ႕ အျဖစ္။
ဆိုရလွ်င္ ပၪၥာနႏၲရိယ ကံႀကီးထိုက္ျခင္း

အေၾကာင္းကို ကိုရင္ဘဝ၊ ပၪၨင္းဘဝ၊ သံဃာေတာ္ အရွင္သူျမတ္မ်ား ေဟာၾကား သည့္တရားေဒသနာဝတၳဳဇာတ္ေၾကာင္းဖတ္
ၿပီး ေထရဝါဒကို ပိုမို သက္ဝင္ ယုံၾကည္လာ ေသာအခါ၊ ႏွစ္ၿခိဳက္႐ိုက်ိဳးစြာ .. ဆည္းပူး ေလ့လာမိေသာအခါ ဗုဒၶစာေပမ်ားမွ သိရွိ ၾကားနာ မွတ္သားရေသာအခါ…
ဘုရားရွင္၏ ဦးရီးေတာ္ သုဗၺဗုဒၶမင္းႀကီး
ေျမမ်ိဳ၍ နတ္႐ြာစံျခင္း၊ ဘုရားရွင္၏
ေယာက္ဖ ေတာ္ အရွင္ေဒဝဒတ္ ေျမႀကီး
ဟက္တက္ကြဲ၍ ရဟန္းသံဃာအမ်ား ေရွ႕မွာ ေျမမ်ိဳလို႔ ေသဆုံးသြားရ ျခင္းမ်ားကို
တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ မွတ္သားနားလည္ခဲ့ရ၏။
တစ္ခါတစ္ရံေတာ့ ဟုတ္ပါ့မလားဟု စိ ကိစၥ သံသယျဖစ္မိ၏ ။ ကိုယ္ေတြ႕မႀကဳံဖူး မ
ျမင္ဖူး ေသး၍ ပဲေပကိုး။
တစ္ေန႔ေသာအခါ ေျမႀကီးထဲက ေခၚသံ
မ်ားၾကားရၿပီး အရွင္လတ္လတ္ ေျမမ်ိဳသလို
ေၾကာက္မက္ဖြယ္ေကာင္းသူတစ္ဦးကို ျမင္
ေတြ႕ခဲ့ရသည္ ။စာဖတ္သူမ်ား ဆင္ျခင္သံေဝဂရရန္ ဗဟု
သုတရေစရန္ … အက်ိဳးငွာ
ဝတၱဳသဖြယ္ေရးသား လိုက္ရေပသည္ ။
အထူးသျဖင့္ ဤဝတၳဳအား “ ဘေကာင္း ခ်ိန္” လို. သားမိုက္ သားဆိုးမ်ား အထူး ဂ႐ုစိုက္ဖတ္ မိေစရန္ ေရးရျခင္းျဖစ္သည္ ။
ဘေကာင္းခ်ိန္ …”ဒီေန႔ပဲ ေထာင္ကလြတ္လာသည္ ။ ဒါႏွင့္ဆိုလွ်င္
တတိယအႀကိမ္ေျမာက္ ေထာင္မွထြက္ခဲ့ ျခင္း ျဖစ္၏ ။
အရင္က ႏြားခိုးမႈႏွင့္တစ္ႀကိမ္၊ လူ႐ိုက္မႈ
ႏွင့္တစ္ႀကိမ္ က်ခဲ့ဖူးသည္ ။
ယခုတစ္ႀကိမ္ကား အေမ့အိမ္ကို မီးရႈိ႕မႈျဖစ္သည္ ။
မိခင္ႀကီး ေဒၚစိမ္းခြၽန္သည္ သားလုပ္သူ ဘေကာင္းခ်ိန္ကို ရင္ႏွင့္အမွ် ခ်စ္ရွာ၏ ။ ေကာင္းခ်ိန္မွာ ဖခင္မရွိေတာ့။ ဖခင္ ဦးဘ ခြၽန္ ကြယ္လြန္သြားတာ ဘေကာင္းခ်ိန္ လူ မွန္းသူမွန္း သိ တတ္စအ႐ြယ္ကတည္းက။ ဘေကာင္းခ်ိန္ကို မိခင္ႀကီး ေဒၚစိမ္းခြၽန္ ပိုး ေမြးသလို ေမြးခဲ့ပါသည္ ။ ေမြးဇာတာနကၡတ္ ညံ့ လို႔ ပဲလား၊ အေဖ အုပ္ထိန္းမႈႏွင့္ ကင္း ေဝး၍ ပဲလားမသိ၊ ဘေကာင္းခ်ိန္တစ္
ေယာက္ စာသင္ ေက်ာင္းမွာ ဆရာမႏိုင္ တပည့္ဆိုးျဖစ္ခဲ့ရ၏။
ေက်ာင္းသားမ်ားကို ရန္စႏွိပ္စက္၏ ။ ပစၥည္းမ်ားကို အႏိုင္လု၍ ဖ်က္ဆီး၏ ။ မိခင္ ေဒၚစိမ္း ခြၽန္ ေက်ာင္းမွာ လိုက္ေျဖရွင္း ေတာင္းပန္သည့္အႀကိမ္ မနည္း။
ေနာက္ဆုံး စာသင္ေက်ာင္းက ဘေကာင္း ခြၽန္ကို ဆုံးမပဲ့ျပင္လို႔ မရသည့္အဆုံး ငါးခုံးမ တစ္ ေကာင္ေၾကာင့္ တစ္ေလွလုံးအပုပ္မခံ ႏိုင္၍ ေက်ာင္းထုတ္ပစ္လိုက္သည္ ။
ေက်ာင္းသုံးေက်ာင္း ေျပာင္း၍ ထားခဲ့ပါ၏
သုံးေက်ာင္းစလုံးမွ ႏွစ္မျပည့္ခင္ ဘေကာင္းခ်ိန္ကို ထုတ္ပစ္ခဲ့ရ၏ ။
ေက်ာင္းမွ အသီးသီးအေၾကာင္းကား သူသည္ ေက်ာင္းသား မ်ားကို အႏိုင္က်င့္၏ ။ ပစၥည္းမ်ားကို ခိုး၏ ။

ဆရာ၊ ဆရာမမ်ားကို မထီေလးစားလုပ္၏ ။ေက်ာင္းေျပး၏ေလာင္းကစားမ်ား
ျပဳလုပ္၏ ။ ေဈးမွ အလစ္ သုတ္၏ ။ ဤသို႔ ။ တာေတလန္ ေက်ာင္းသားမ်ိဳးကို ဘယ္လို
ဆရာသမားသည္ ၾကာရွည္သည္းခံႏိုင္ အံ့
နည္း။ သူ႔ေနာက္ကို ေနာက္ေက်ာင္းသား တစ္ေယာက္ ႏွစ္ေယာက္ ပါသြားခဲ့လွ်င္ ပညာမ႑ိဳင္ အသီးအပြင့္ေလးမ်ား အခ်ိန္ေနာက္ဆုံးပညာအသိအေျခခံေလးမ်ားေစာ၍ ေႂကြပုပ္ကုန္လိမ့္မည္။
ရရွိေစရန္ ဘႀကီးဘုန္းႀကီးေက်ာင္းမွာ အပ္ လိုက္၏ ။ ၁၅ ရက္အတြင္း ဘႀကီးဘုန္းႀကီး ကိုယ္တိုင္ ႀကိမ္လုံးႏွင့္ အရႈိးထပ္ေအာင္႐ိုက္ ၿပီး ႏွင္ လိုက္ရ၏။
သူႏွိပ္စက္ရမ္းကား၍ ဘုန္းႀကီးေက်ာင္း သားတစ္ဦး လက္က်ိဳးသြား၏ ။ ေနာက္တစ္ ေယာက္ ကား ေခါင္းေပါက္သြား၏ ။ သပိတ္အသစ္မ်ားကို ခိုးေရာင္း၏ ။ ေရွးေဟာင္း ေၾကးစည္ႀကီးကို ေရာင္း စား၏ ။ေၾကးဆင္းတုေတာ္တစ္ဆူကိုခိုး၍အဝွက္ ကိုရင္ႀကီးမ်ား ဖမ္းမိေတြ႕ရွိသြားၿပီး
ေနာက္ ဘႀကီးဘုန္းႀကီးကိုယ္တိုင္ တိုင္မွာ ႀကိဳးတုပ္၍ ႐ိုက္ႏွက္ဆုံးမရ၏ ။ ထိုစဥ္က
မိခင္လုပ္သူ ေဒၚစိမ္း ခြၽန္ပါ အနားမွာ ရွိေန၏အစ္ကိုဘုန္းႀကီးကို ရွိခိုးေတာင္းပန္၍ မရခဲ့။
႐ိုက္ႏွက္ဆုံးမၿပီးေနာက္ သူ႔ကို တရားျပဆုံးမလိုက္ေသးသည္ ။
* ဘေကာင္းခ်ိန္ ”
ေမာ္လို႔ ေတာင္မၾကည့္။
“ မင္းဟာ တစ္ေန႔ လူဆိုးလူမိုက္ ျဖစ္မယ့္ ေကာင္။ မိဘစကား နားမေထာင္၊ ဆရာ စကား နားမေထာင္၊ သံဃာပစၥည္း၊ ဘုရားပ စစည္းမွန္းမသိ၊ ငရဲမေၾကာက္ အပါယ္မေၾကာက္ က်ဴးလြန္ ဆိုးသြမ္းတဲ့ ေကာင္ မင္း တစ္ေန႔ ဒုကၡ အႀကီးအက်ယ္ေရာက္
မယ္ .. ဘေကာင္းခ်ိန္။ ေနာင္တရပါေစ၊စာတတ္ေျမာက္ပါေစဆိုၿပီး
ငါဘႀကီးဘုန္းႀကီး သည္းညည္းခံ ဆုံးမပဲ့ျပင္ခဲ့ေပမယ့္ မင္းဟာ ေခြးၿပီး ေကာက္ က်ည္ေတာက္စြပ္ လို အစားပဲ။ သြားေတာ့ . . . ဒီေန႔ကစၿပီး ငါ တို႔ ေက်ာင္းရိပ္ကို လုံးဝ မနင္းနဲ႔ ။ ဒကာမ ႀကီး ခင္ဗ်ားက်ပ္က်ပ္အလိုလိုက္။ တစ္ေန႔ ဒကာမႀကီး မ်က္ရည္နဲ႔ မ်က္ခြက္ ျပည့္ လွ်ံ အိုင္ထြန္းေနလိမ့္မယ္ . . . ကိုရင္ႀကီး “ ဘုရား ”
“ ႀကိဳးေျဖၿပီး ေက်ာင္းျပင္ပို႔လိုက္ ”
“ မွန္ပါဘုရား ”
ႀကိဳးေျဖေပးလိုက္ေသာအခါ ဒူးၫြတ္သြား
သည္ ၎ေနာက္ ႀကိမ္ရာမ်ားကို ၾကည့္ၿပီး ေနာက္
ေတာက္ ”
မိုက္ပါဘိေလ။အ႐ြယ္ႀကီးေရာက္လာေတာ့ အေမမုဆိုးမ ႀကီး မႏိုင္ေတာ့။ ဖခင္ မကြယ္လြန္ခင္က ရွာေဖြ ထားခဲ့သည့္ လက္ဝတ္ပစၥည္းမ်ား ဘ ေကာင္းခ်ိန္ေၾကာင့္ ကုန္ခဲ့ရ၏။
ႏြားခိုးမႈႏွင့္ ကုန္ခဲ့၏။လူ႐ိုက္မႈႏွင့္ ကုန္ခဲ့၏။
ေထာင္ကလြတ္လာေတာ့ အေဖလက္က်န္ပစၥည္းမ်ား ထုတ္ေပးရန္ ေျပာ။

“ အေမ့မွာ မရွိေတာ့ပါဘူး ငခ်ိန္ရယ္ ” ခင္ဗ်ားႀကီး မညာနဲ႔ ေနာ္ . . . က်ဳပ္ ေထာင္ထဲေရာက္ေနတုန္း ခင္ဗ်ား အဲဒီ ပစၥည္းေတြနဲ႔ ထိုင္စားေနတာ မဟုတ္လား ” * သားရယ္ . . . မရွိလို႔ အေမအေၾကာ္ ေရာင္းစား၊ အဝတ္ငွားလိုက္ေလွ်ာ္၊ သူမ်ား ေပးစာ ကမ္းစာစြန႔္စာနဲ႔ အသက္ဆက္ေနရ တာ ပါသားရယ္ ”
‘ အိုဗ်ာ . . . ခင္ဗ်ား က်ဳပ္ကိုညာေနတာ၊ ဝွက္ထားတာရွိတယ္ ထုတ္ေပး ”
“ ဘုရားစူး . . . မရွိပါဘူး သားရယ္ ”
ခင္ဗ်ားႀကီး က်ဳပ္ရွာလို႔ မ်ား ေတြ႕ရင္လား ငခ်ိန္အေၾကာင္း သိရမယ္ ”
ဘေကာင္းခ်ိန္သည္အရက္မူးေနေသာ အိမ္တစ္အိမ္လုံးကို လွန္ေလွာေမွာက္လွန္၍ ရွာ၏ ။ တိုင္မ်ားကို ေခါက္၍ ဓားႏွင့္ခုတ္၍ ရွာ၏ ။ တိုင္ေျခမ်ားကို တူး႐ြင္းႏွင့္တူး၍ ရွာ။

ဘာမွ်မေတြ႕ ရေသာအခါ ေဒါသျဖစ္ၿပီး အိမ္ ကို မီးႏွင့္ရႈိ႕ေတာ့သည္ ။
အေမအိုႀကီးက အလန႔္တၾကား ေအာ္ေတာ့။
အဲဒီ လိုေအာ္ရမလားဟု မေအကို မီးပုံထဲ သို႔ တြန္းလွဲလိုက္သည္ ။ မီးသည္ အိမ္ကိုစြဲ၍ အမယ္အိုႀကီးကိုပါ ဟပ္ေတာ့၏။
ဆံပင္ႏွင့္ အဝတ္မ်ား မီးစြဲရင္းႏွင့္ေအာ္ၿပီး လမ္းမေပၚသို႔ ေျပး၏ ။ အရပ္က ဝိုင္းဝန္း၍ မီးကို မနည္းၿငိမ္းခဲ့ရသည္ ။အေမႀကီးေဆး႐ုံေရာက္ခဲ့သည္ ။
ဘေကာင္းခ်ိန္ ေထာင္နန္းစံရျပန္သည္ ။
႐ုပ္ပ်က္ဆင္းပ်က္ ဒုကၡိတအေမအိုသည္
အလုပ္လုပ္ကိုင္စားေသာက္မရႏိုင္ေတာ့အရပ္ တကာလည္ေတာင္းစုၿပီး သားရွိရာသို႔
စားစရာပစၥည္းေလးမ်ား ဝယ္ျခမ္း၍ ေထာင္ဝင္စာ လာေတြ႕၏ ။

သားေထာင္မွ လြတ္မည့္ေန႔ကို ႀကိဳသိ၍ပုဆိုးအသစ္တစ္ထည္၊အက်ႌအသစ္တစ္
ထည္ ဝယ္ၿပီး ေထာင္ဘူးဝသို႔အလာ အရွိန္ ႏွင့္ေမာင္းႏွင္လာသည့္ ကားႏွင့္တိုက္မိၿပီး ပြဲခ်င္းၿပီး ေသဆုံး သြားခဲ့ရေလသည္ ။ ဘေကာင္းခ်ိန္ကား … ေထာင္ကလြတ္လာေတာ့ မိခင္ႀကီးက သူ႔ကို လာႀကိဳေစာင့္ရင္းကားတိုက္၍ေသဆုံးေၾကာင္းသိရေသာအခါ … မ်က္ရည္တစ္ေပါက္မက်၊ ပို ေတာင္ဝမ္းသာသလို ရွိေန ေသး၏။
က်န္ရစ္သည့္ ဝါးအိမ္ကို ရသည့္ေဈးႏွင့္ ေရာင္း၍ ေန႔စဥ္ ေသာက္စားမူးယစ္သည္ ၊ မေကာင္းေသာမိန္းမအနာ စြဲလာခဲ့သည္ ။ လူသည္ ေရာဂါႏွင့္ နပန္းလုံးရင္း ႐ုပ္ပ်က္ လာ၏ ။ အိပ္ စရာ ေနစရာမရွိ၍ ဇရပ္မွာ အိပ္ရ၏ ။ အပင္ေအာက္မွာ အိပ္ရ၏ ။ ေကာက္႐ိုးပုံႏွင့္ အမွ ပို က္ပုံနံေဘး မွာ အိပ္ရ၏။အခု သူ . . . သူေဌးသားလို မသုံးျဖဳန္းႏိုင္။ သူေတာင္းစားလို ေတာင္းစားေနရၿပီ။ သနား လို႔ ေပးသမွ် ရသမွ်ကို အရက္ပဲ ေသာက္ ပစ္၏ ။ ကြၽန္ေတာ္တို႔ အေဖက သူ႔ဘ၀ က် ဆုံးခ်ိန္ႏွင့္ ေနာက္ဆုံးခ်ိန္ကို မၾကည့္ရက္၍ စားက်န္ေလးမ်ားကို စြန႔္ႀကဲ၏။
“ ေမာင္ခ်ိန္ ”
“ ဗ်ာ . . . ဦးေလးဟန္ ”
“ မင္း . . ည . . . ည ဘုရားရွိခိုးအိပ္ရဲ႕လား
“ ဟင့္အင္း ”
“ ဘာလို႔ ဘုရားမရွိခိုးရတာ လဲ ေမာင္ခ်ိန္
“ အိပ္လို႔ မရဘူး ဦးေလးဟန္ ”
“ ဘာျဖစ္လို႔ ”
“ ေျမႀကီးထဲက ေခၚေနလို႔ ”
ေဟ . . . ေျမႀကီးထဲကေခၚေနလို႔ . . . ဘယ္သူက ဘယ္သူ႔ကို ေခၚေနတာလဲကြ ”
“ ကြၽန္ေတာ္ ေျမႀကီးေပၚ မူးမူးနဲ႔ အိပ္ေပ်ာ္ သြားရင္ ေျမႀကီးထဲကေန ကြၽန္ေတာ့္နာမည္ ကို ေခၚေနတယ္။ “ ငခ်ိန္ . . . လာခဲ့၊ အခု ခ်က္ခ်င္း . . . လာခဲ့တဲ့ ။ အဲ . . . ေၾကာက္ စရာေကာင္းတဲ့ အသံႀကီးဗ်ာ။ အဲဒါ ေျမႀကီး ေပၚမွာ လဲက်တိုင္း၊ အိပ္မိတိုင္း ၾကားေနရ တယ္ ”
“ ဘုရား . . . ဘုရား မင္းအရက္ေၾကာင္ ေၾကာင္ေနလို႔ မ်ား လား ငခ်ိန္ရာ ”
“ မသိပါဘူးဗ်ာ ”
မင္းအေမကိုေရာ ရည္မွန္းၿပီး ရွိခိုးရဲ႕လား ေမာင္ခ်ိန္ ”
“ သူ႔ရွိခိုးလည္း ဘာထူးမွာ မို႔လဲဗ် ”
ေမာင္ခ်ိန္ရယ္ အနေႏၲာအနႏၲငါးပါးကို႐ိုေသေလးစားတာအားကိုးယုံၾကည္တာ
ေလး ေတာင္ ေကာင္းေသာေသျခင္း၊ ေသၿပီး ရင္ ေကာင္းေသာျမတ္ေသာ အက်ိဳးကို ခံစား ရႏိုင္တယ္ ေမာင္ခ်ိန္ ”
ေတာ္ပါဗ်ာ၊ ဒီအခ်ိန္မွာ ဒါေတြ အားကိုး ယုံၾကည္ေနလည္းက်ဳပ္ေရာဂါ ေပ်ာက္မွာ မဟုတ္ဘူး။ က်ဳပ္လည္း ခ်မ္းသာလာမွာမဟုတ္ဘူး။ က်ဳပ္ ဦးေလးသာဟန္ကို ေက်းဇူးတင္တယ္ … ဗ်ာ။ က်ဳပ္အေပၚမွာ နားလည္မႈရွိတာ ေကာင္းခဲ့တာ ဦးေလးတစ္ ေယာက္ပဲ ရွိခဲ့တယ္။ အဲဒါ က်ဳပ္ ေသရင္လည္း မေမ့ဘူး
“ မင္း အေမက မင္းအေပၚ ပိုေကာင္းခဲ့ပါတယ္ကြာ ”
“ အလကားဗ်ာ ”
“ မင္း ဘႀကီးဘုန္းႀကီးလည္း ေကာင္းခဲ့ တာပါပဲကြာ ”

“ ေတာ္စမ္းပါဗ်ာ ရင္နာလြန္းလို႔ ”
တစ္ေန႔ေသာအခါ ကြၽန္ေတာ္တို႔ ရပ္ကြက္ အေရွ႕ဘက္ရွိ ေျမႀကီး အက္ေၾကာင္းက်င္း
နက္ ႀကီးမွာ ဘေကာင္းခ်ိန္ ေျမကြၽံက်ၿပီး ေအာ္ေနသည္ ဆို၍ လူေတြ ဝိုင္းၾကည့္ေနၾက သည္ ။
ကြၽန္ေတာ္တို႔ ေရာ အေဖတို႔ ပါ ေရာက္ သြားခဲ့သည္ ။ ဘုရား . . . ဘုရား အဟုတ္ပါပဲ ကလား။ ကိုဘေကာင္းခ်ိန္ ေျမႀကီးပတ္ၾကား အက္ၾကားမွာ ကြၽံက်ေန၏ ။ သူ႔ေရွ႕မွာ ဗုဒၶဆင္းတုေတာ္တစ္ဆူလည္း လြင့္စဥ္က်ေန၏။
“ ကယ္ . . . ၾက … ပါ …အား ”
“ ပူလြန္းလို႔ . . . ကယ္ၾကပါဗ် ”
“ ဘႀကီး ဘုန္းႀကီး . . . ဘႀကီး ဘုန္းႀကီး ” လူအခ်ိဳ႕က သူ႔အနားကို ကပ္ၾက ကူညီၾက သည္ ။ ပတ္ၾကားအက္ ေျမႀကီးၾကားမွ အခိုးမ်ား ထြက္ေန၏ ။
ဒီေနရာကို အခ်ိဳ႕က ေရနံက်ပ္ျပင္ကုန္းဟု
ေခၚၾက၏။ႀကိဳးစားခဲ့ဖူး၏ ။
အဂၤလိပ္အစိုးရေခတ္က ေရနံမ်ား ရွာရန္
ေျမႀကီးပတ္ၾကားအက္မ်ားမွအခိုးမ်ား
ထြက္ေန၏ ။ မီးျခစ္ျခစ္လွ်င္ ဟု န္းခနဲမီးေတာက္၏။

နားလည္သူမ်ားက
၎ပတ္ၾကားအက္မ်ား ေအာက္မွာ ေရနံသိုက္ရွိသည္ ဟု ဆို
ၾက၏ ။ အခ်ိဳ႕က ဂက္စ္အေငြ႕မ်ား ရွိသည္ ဟုဆိုၾက၏။
အခ်ိန္ကာလကလြတ္လပ္ေရးရၿပီးစ
ျဖစ္၍ ေခတ္မီဖြံ႕ၿဖိဳးေသာ နည္းစနစ္ႏွင့္သုေတသန မျပဳႏိုင္ေသး။
သို႔ျဖစ္၍ ၎ေနရာကို “ နဂါးသိုက္ ” ဟု ေခၚၾက၏ ။ “ ငရဲကုန္း “ဟု ေခၚၾက၏ ။ ေျမ ကြၽံက် ေသာ ႏြားမ်ား ၊ ကြၽဲမ်ား ျပန္မတက္ႏိုင္ ခဲ့။ အက္ေၾကာင္းႀကီးထဲသို႔ က်လွ်င္ ဆယ္လို႔ မရ။ ပူလြန္း၍ အနားဘယ္သူမွ် မကပ္ရဲ။ ဘႀကီးဘုန္းႀကီးက တူသားကို သနား၍ ႀကိဳး ပစ္ေပး၏ ။ ႀကိဳးကား သူ႔ အနားကိုမေရာက္. ပူတယ္ . . . အား . . . အား,,
လူအမ်ားဝိုင္းၾကည့္ေနသည့္ၾကားမွ
အခိုးအေငြ႕လိုလို တံလွ်ပ္လိုလို ထြက္ေနသည့္ ေျမ ႀကီးပတ္ၾကားအက္ၾကားထဲသို႔ ကိုဘ ေကာင္းခ်ိန္ ေလွ်ာက်ၿပီး မ်က္စိေအာက္မွ လုံးဝေပ်ာက္ကြယ္ သြားသည္ ကို ေနာက္ဆုံး အျဖစ္ အားလုံးျမင္လိုက္ေလသည္ ။
ဒီမွာ ဘုန္းေတာ္ႀကီးက လက္အုပ္ခ်ီ၍ အဓိ႒ာန္ျပဳၿပီး အခိုးတံလွ်ပ္ထေနစဥ္ ေျမ ပတ္ၾကား အက္ေရွ႕မွ ဗုဒၶေၾကးဆင္းတုကို သြားယူေကာက္၍ ပင့္လိုက္ၿပီး အျမန္ ျပန္လာခဲ့လိုက္သည္ ။
“ အင္း . . . လူမိုက္မွ ကမ္းကုန္ေအာင္မိုက္ တဲ့ လူမိုက္ပဲ။ ဘုရား တရား သံဃာ မိဘ ဆရာမွန္းလည္း မသိ၊ ကံငါးပါးအေၾကာင္း လည္း နားမလည္၊ ဒီဘဝေရာက္တာေတာင္ ငါ့ေက်ာင္း က ေၾကးဆင္းတုကို ခိုးျဖစ္ ေအာင္ လာခိုးေသးတယ္။ အင္း . . . လူမိုက္ တို႔ သြားရာလမ္း၊ ပၪၥာနႏၲရိယကံက်ဴးလြန္

သူတို႔ သြားရာလမ္းကေတာ့ ေသျခင္းဆိုးအရပ္ပဲေပါ့ ”
ဆရာေတာ္ဘုန္းေတာ္ႀကီး၏ မိန႔္ဆိုစကား ကို ၾကားရေသာအခါ ကိုဘေကာင္းခ်ိန္ မူး ေနစဥ္ က အေဖ့ကိုေျပာျပေသာ စကားအခ်ိဳ႕ ကြၽန္ေတာ္ျပန္၍ ၾကားေယာင္ေနမိ၏။
“ အိပ္လို႔ မရဘူး ဦးေလး ”

‘ ေျမႀကီးထဲကေန ကြၽန္ေတာ့္နာမည္ေခၚ သံကို ၾကားၾကားေနတယ္ ”
မဟုတ္မွ လြဲေရာ လူမိုက္ကို ငရဲျပည္က ေခၚေရာ့သလား။