ဘုရားစောင့်ဘီလူး(စ/ဆုံး)

Unicode Version

ဘုရားစောင့်ဘီလူး(စ/ဆုံး)
———————————
နွေဦးရာသီလေတဖြူးဖြူးတိုက်နေသဖြင့် လက်ပံများတဖြုတ်ဖြုတ်ကြွေကျနေရာ မြေကြီးပေါ်ဝယ် အနီရောင်ကော်ဇောခင်းထားသည့်နှယ် နီရဲလှပနေ၏။ သစ်ပင်ထက်မှရွက်အိုရွက်ဟောင်းများလည်း လေတိုက်တိုင်း ပင်အိုကိုစွန့်ကာကြွေကျမြေခကုန်၏။
နွေဦးရာသီဖြစ်သဖြင့် ကြည့်လေရာလောကတခွင်၌ မှိုင်းညို့ကာလွမ်းဆွတ်ဖွယ်ကောင်းလှသည်ကားအမှန်ပင်။

စိုက်ပျိုးရာသီမဟုတ်သည့်တိုင် မြင်လေရာ၌ရိုးပြတ်များသာတွေ့ရသဖြင့် သာ၍ပျင်းရိဖွယ်ကောင်းလှသည်။ ဤရာသီကား အလွမ်းဓာတ်ခံရှိသူများအတွက် အင်မတန်အလွမ်းပိုစေသောရာသီပင်တည်း။ နေမျိုးတစ်ယောက် ပြင်းရှရှနေပူထဲ၌ နွားများကိုလွှတ်ထားလိုက်ပြီး သူကားသရက်ပင်အောက်၌ အကျအနထိုင်နေ၏။ သရက်ပွင့်များကားတပင်လုံးဖွေးဖွေးလှုပ်နေ၏။

” သား….နေမျိုး….နွားတွေကိုရေသွားချချေဦး…နေပူတယ်ကွဲ့ သူတို့လည်းရေငတ်ရောပေါ့….”

” ဟုတ်အမေ……. ”

နေမျိုး၏အမေ ဒေါ်ခင်ဝင်းက ယာထဲမှကျန်ရှိနေသည့် ပန်းမုန်လာများကိုခုတ်ယူရှင်းလင်းနေသည်။ ပွင့်ကျန်များဖြစ်သဖြင့် ပိုးများပင်ကျနေချေပြီ။ ဈေးလည်းသိပ်မရတော့သဖြင့် ခုတ်ပြီးမြေဩစာလုပ်အပုပ်ချရန်ဖြစ်သည်။

တောသူတောင်သားအဖို့ တစ်ရာသီပြီးတစ်ရာသီ စိုက်ပျိုးသီးနှံများကို အလှည့်ကျစိုက်ပျိုးရ၏။ ဒေါ်ခင်ဝင်းကား ရှမ်းပြည်သူတစ်ယောက်မဟုတ်။ တောင်ပေါ်သားနှင့်အကြောင်းစပ်ကာပေါင်းဖက်ရသူတစ်ယောက်ပင်။ ယခုလည်း လက်ကျန်အလုပ်များကိုအပြီးသိမ်းပြီးသည်နှင့် မိမိ၏ဇာတိအောက်ပြည်မိဘများဆီသို့ ယောကျာ်းသားသမီးများခေါ်ကာ အလည်သွားရန်အားခဲထားကြသည်။ ဤရာသီရောက်တိုင်း အောက်ပြည်ရှိသူမတို့ရွာကလေး၌ ဘုရားပွဲကျင်းပမြဲဖြစ်သည်။ ထိုဘုရားပွဲသို့မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် ယခုတစ်ခေါက်အရောက်သွားရန်အားခဲထားသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသဖြင့် ယခုသူအသက်၃၅နှစ်အရွယ် တွင် သားယောကျာ်းလေး လေးယောက်မွေးပြီးဖြစ်သည်။

” အမေ….အမေ….ဘယ်တော့အဖွားတို့ဆီသွားကြမလဲ…..”

” လက်ကျန်အလုပ်တွေသိမ်းပြီးချိန်ပေါ့အေ….”

” သားဖြင့်သွားချင်လှပြီ အဖွားတို့ရွာက ချောင်းတွေပေါတော့ငါးတွေပုဇွန်တွေဖမ်းလို့ရတယ်…လှေသမ္ဗာန်တွေစီးလို့လဲရတယ်……”

” နွေရာသီကျောင်းပိတ်ပြီဆိုတော့ ညည်းတို့အဖွားအိမ်မှာဘဲနေခဲ့ကြပေါ့….. မိုးရာသီကျောင်းဖွင့်ချိန်ရောက်မှအမေတို့ပြန်လာခေါ်မယ်လေ…..”

” နေချင်ပါဘူးအမေရာ အဖွားကအခိုင်းဆိုးဆိုးနဲ့……”

ထမင်းဝိုင်း၌ သားအမိငါးယောက်အသံဖြင့်ဆူညံနေ၏။ ဖခင်ဖြစ်သူကားစကားနဲသည့်တောင်ပေါ်သားဖြစ်သဖြင့်ဘာစကားမှမဆိုချေ။

” အဖေ… နွားတွေကိုဘကြီးမြဆီအပ်ခဲ့မှာလား….”

” မအပ်ပါဘူး ဟိုကသူ့နွားသူတောင်မနိူင်တဲ့ကိစ္စကို….နင်တို့သားအမိဘဲသွား အဖေကအိမ်စောင့်ရင်းနွားကျောင်းရင်းကျန်ခဲ့မှာ……”

” အဟမ်း…အဟမ်း…..”

ဒေါ်ခင်ဝင်းက ယောကျာ်းဖြစ်သူကိုမျက်စောင်းထိုးပြီးချောင်းဟန့်၏။ သားလေးယောက်ကားပြုံးစိစိဖြင့်မိဘနှစ်ပါးကိုကြည့်နေကြ၏။

” အေးပါ…ဖိုးထောင်ကိုငှားပြီးကျောင်းခိုင်းရမှာပေါ့….”

ကိုမောင်လုံးစကားလမ်းကြောင်းပြောင်းလိုက်၏။

ဤသို့ဖြင့် အောက်ပြည်သို့ခရီးသွားမည့်ရက်ရောက်လာခဲ့သည်။ သားအမိသားအဖ၆ယောက် ကားတစ်စီးအပြတ်ငှားကာ ထွက်လာခဲ့ကြ၏။ ခရီးမထွက်ရသည်မှာကြာပြီဖြစ်သဖြင့် သားလေးယောက်မှာ ပျော်၍မဆုံးနိူင်။ အဆိုးဆုံးကနေမျိုးပင်။ လူပျိုဖော်ဝင်စအသက် ၁၇ နှစ်အရွယ်ရောက်ပြီဖြစ်သဖြင့် မိန်းကလေးများကိုငေးတတ်နေချေပြီ။

နာရီအတော်ကြာသည်အထိခရီးဆက်ကြပြီးနောက် အောက်ပြည်သို့ရောက်လာခဲ့ကြသည်။ ဒေါ်ခင်းဝင်းတို့မိသားစုရောက်လာသည်နှင့် ရွာရှိအမျိုးများကား အိမ်၌ရောက်လာကာစကားဖောင်ဖွဲ့၍မပြီးတော့ချေ။

ရွာရောက်သည်နှင့်နေမျိုးမှာရွာရှိကာလသားများနှင့်အဖွဲ့ကျသွားတော့သည်။ သူတို့က နေမျိုးကိုရှမ်းလေးဟုခေါ်ကာ ရွာအနံ့လျှောက်ပြပြီး ရွာရှိအပျိုများနှင့်လည်းတစ်ယောက်မကျန်မိတ်ဆက်ထားပေးသည်။

” လာမဲ့လာပြည့်နေ့က ဒို့ရွာဘုရားပွဲအေ့….မိခင်ဝင်းညည်းကလေးတွေကိုဘုရားပွဲခေါ်သွားပြီးမှ ရှမ်းပြည်ပြန်ပေါ့….”

” သမီးလည်းအဲဒီလိုဘဲတွေးထားတာအမေရဲ့…သမီးလဲဘုရားပွဲမရောက်ဖြစ်တာကြာပြီလေ….”

” အေးကွယ် ညည်းရဲ့သားကြီးကတော့ အိမ်ကိုပြန်မလာတော့ဘူး တစ်ခါတစ်လေလေးဖွားအေဆီအလည်လာတာကို အိမ်မကပ်တော့စကားပြောဖော်မရပါဘူးအေ….”

” အမေ့မြေးကလူပျိုဖြစ်ပြီကိုးရှင့်….”

သားအမိနှစ်ယောက် ရှေးဟောင်းနောင်းဖြစ်များပြောပြီး ချက်ပြုတ်နေကြ၏။ ကိုမောင်လုံးကပူ၍ဆိုကာအဝတ်ချွတ်လျှက်သားဖြင့် အိမ်ရှေ့မန်ကျည်းပင်အောက်ရှိကွပ်ပျစ်၌အိပ်ပျော်နေချေပြီ။

ဤသို့ဖြင့် တစ်ရွာလုံးမျှော်နေကြသောဘုရားပွဲကြီးကျင်းပရာရက်သို့ရောက်ရှိလာ၏။ ဘုရားပွဲသို့ရပ်နီးရပ်ဝေးမှလာရောက်သူအပေါင်းတို့ဖြင့် စည်ကားသိုက်မြိုက်နေ၏။ ဒေါ်ခင်ဝင်းလည်းသားလေးယောက်ကိုစောစီးစွာနိူးပြီးပြင်ဆင်စေ၏။ အားလုံးပြီးသည်နှင့် သားငယ်သုံးယောက်ကိုခေါ်ပြီး ဘုရားပွဲဆီသို့ချီတက်လာခဲ့ကြ၏။ ဘုရားရောက်သည်နှင့်လူများကိုတိုးဝှေ့ကာ ပန်း၊ရေချမ်းကပ်လှူရန် ဝင်လာခဲ့ကြ၏။ ထိုဘုရား၏လေးဘက်လေးတန်၌ အင်မတန်ကြီးမားသောထိုင်နေဟန်ဘီလူးရုပ်ကြီးလေးရုပ်ကို လေးဖက်လေးတန်၌ တည်ထား၏။

လူကြီးများဘုရားဝတ်ပြုနေကြစဉ် ကလေးသုံးယောက်သည် လူအုပ်ကြားထဲတိုးထွက်လာပြီး ဘုရားပတ်ပတ်လည်၌လျှောက်ကြည့်နေကြ၏။

” ကိုမိုး…. ဟိုးမှာကြည့်စမ်း ဘီလူးရုပ်ကြီးကအကြီးကြီးဘဲ….”

” အေးဟ….ဟိုးဖက်မှာလည်းရှိတယ်….ဟော ဟိုဖက်မှာရောဟ….”

“တို့အနီးကပ်သွားကြည့်ရအောင်…. အငယ်ကောင်လာကိုမိုးလက်ကိုဆွဲထား လူကြားထဲပျောက်သွားမယ်….”

ညီအစ်ကိုသုံးယောက်သား ဘုရား၏ထောင့်သုံးထောင့်ရှိဘီလူးရုပ်များကိုစိတ်ဝင်တစားသွားကြည့်ကြ၏။
ထိုဘီလူးရုပ်သုံးရုပ်နား၌လူများရှုပ်နေသဖြင့် မကိုင်ကြည့်ရချေ။

” လာညီတို့ ငါတို့ဟိုးဘက်မှာကျန်သေးတဲ့ဘီလူးရုပ်ကိုသွားကြည့်ရအောင် အဲ၏ဒီဘက်မှာလူလည်းရှင်းတယ်ဟ….”

” သွားစို့….”

ညီအစ်ကိုသုံးယောက် ဘုရားတောင်ဘက်ရှိ ဘီလူးရုပ်ကြီးဆီသို့ရောက်လာကြ၏။ ထိုနေရာကား လူမရှိသဖြင့် တိတ်ဆိတ်နေ၏။

” ဘီလူးရုပ်ကြီးကအကြီးကြီးဘဲကွာ ငါတို့ရွာဘုရားမှာတော့ ဒီလိုဘီလူးရုပ်မရှိဘူး ခြင်္သေ့ရုပ်ကြီးဘဲရှိတာနော်အစ်ကို….”

” ဘယ်တူမလဲဟ….အမေတို့လည်းဘုရားရှိခိုးလို့မပြီးသေးဘူးဆိုတော့ ငါတို့၏ဒီမှာဘဲဆော့ရင်းစောင့်ရအောင်….”

ညိအစ်ကိုသုံးယောက်လည်း ဘီလူးရုပ်ကြီးအား ရိုက်လိုက်ပုတ်လိုက်မရမကတက်လိုက်ဖြင့် ဆော့နေကြ၏။

” ကိုမိုး…ဒီဘီလူးကြီးကသားတို့လိုအီအီးပါတတ်လား…”

” အရုပ်ကြီးလေကွာ စားလဲမစားတတ်ဘူးအီးလည်းမပါတတ်ဘူး…. ”

” သိဘူးသားကတော့ ၏ဒီဘီလူးကြီးရဲ့ ဖင်ကိုတုတ်နဲ့ထိုးကြည့်မယ်….. ”

ထို့နောက် တုတ်တချောင်းကောက်ကာ ဘီလူးကြီး၏ဖင်အား ရိုက်လိုက်ထိုးလိုက်လုပ်နေကြ၏။

” ဟားဟားဟား…. ဟားဟားဟား…. ”

” ဟီး..ဟီး….ဟားဟား…. ”

ထိုသို့ဆော့နေရသည်မှာသူတို့အတွက်အလွန်ပျော်စရာကောင်းနေ၏။ ဘီလူးကြီးမှာဒူးတစ်ဖက်ထောင်တစ်ဖက်ကိုခုထိုင်လျှင်ထိုင်နေပုံဖြစ်သဖြင့် ကလေးသုံးယောက်မှာ ဆော့၍အလွန်ကောင်းနေဟန်ရှိ၏။

” ဟေ့ကလေးတွေ… ဘာလုပ်နေကြတာလဲ….ဘီလူးရုပ်ကိုတုတ်နဲ့ရိုက်မှတော့သုတ်ထားတဲ့ဆေးတွေပျက်ကုန်တော့မှာပေါ့….မင်းတို့ကဘယ်သူ့ကလေးတွေလဲ…..”

ကလေးများဆော့နေစဉ်ဘုရားလူကြီးကမြင်လိုက်သဖြင့် လာရောက်တားမြစ်လိုက်၏။ ထိုစဉ်ဒေါ်ခင်ဝင်းတို့ရောက်လာပြီး

” ဟယ်ရှာလိုက်ရတာသားတို့ရယ်…..လက်စသတ်တော့ဒီရောက်နေတာကိုး”

” ဪတူမကြီးရဲ့ကလေးတွေလား….”

” ဟုတ်ပါတယ်ရှင့်….ဘာများဖြစ်လို့လဲရှင့်….”

” ဒီကလေးတွေ ဟောဟိုကဘီလူးရုပ်ကြီးကို တုတ်နဲ့ထိုးကြရိုက်ကြလို့ပါတူမကြီး….”

” ဟင်….”

” ကဲကဲ ကလေးတွေဘာမှမသိဘဲလုပ်မိကြတာဆိုတော့ထားလိုက်တော့….. ”

” ကျေးဇူးတင်ပါတယ်ရှင့်….လာသားတို့ပြန်ကြမယ်…”

ဒေါ်ခင်ဝင်းကကလေးသုံးယောက်ကိုဆွဲခေါ်ပြီးအိမ်သို့ပြန်လာခဲ့ကြ၏။ နေမျိုးကတော့ သူငယ်ချင်းများနှင့်အတူလျှောက်လည်နေသဖြင့် ညမှအိမ်ပြန်ရောက်လာ၏။

လပြည့်ညလဝန်းကြီးသည်ကား ဝိုင်းစက်ကာထိန်ထိန်သာနေ၏။ ရွာသူရွာသားတို့ကားနေ့ခင်းအချိန်တွင် ပင်ပန်းခဲ့သမျှညအချိန်၌ အေးချမ်းစွာအိပ်စက်အနားယူကြ၏။

” သား….မောင်မိုး၊မောင်တိုး၊မောင်စိုး….မေမေ့ဆီလာလေ…. ဘယ်လိုက်သွားကြမလို့လဲ အဲမိန်းမကြီးကရောဘယ်သူလဲသားတို့သိကြလို့လား….”

” သား….မေမေခေါ်နေတာကြားလား….သားမောင်မိုး သားညီလေးတွေခေါ်ပြီး ပြန်လာခဲ့….”

မြူမှုန်များအုံ့ဆိုင်းနေသောတောကြီးထဲ၌ရောက်ရှိနေပြီး သူမ၏သားသုံးယောက်သည် မိန်းမကြီးတစ်ယောက်၏လက်ကိုတဖက်တချက်စီဆွဲထားကြ၏။ မျက်နှာစိမ်းအမျိုးသမီးမှာ သူမအားဂရုစိုက်ပုံမပေါ်ဘဲ သူမ၏ကလေးသုံးယောက်ကိုသာ ဆွဲခေါ်ပြီးသူမရှေ့မှတရွေ့ရွေ့ထွက်သွား၏။

” သားပြန်လာခဲ့လို့….ဟဲ့မျက်နှာစိမ်းမ ငါ့သားကိုဘယ်ခေါ်သွားမလို့လဲပြန်ပေးစမ်းငါ့သားတွေကို….”

သူမမှာသားသုံးယောက်ကိုလိုက်ခေါ်ချင်သော်လည်း ခြေထောက်က မ၍မရချေ။

” ဟဲ့ ညည်းမကြားဘူးလား ငါ့သားတွေကိုပြန်ပေးစမ်းဟဲ့….”

” အမလေး!…..”

သူမအော်သံကြောင့်မျက်နှာစိမ်းအမျိုးသမီးမှာသူမအားပြန်၍လှည့်ကြည့်လာစဉ် ထိုမိန်းမကြီး၏မျက်လုံးနှစ်လုံးမှာပြူးပြီးနီရဲနေ၏။ ပါးစပ်မှာလည်း အစွယ်ကြီးနှစ်ချောင်းကပြူးကာငေါထွက်နေ၏။ ထိုမြင်ကွင်းကြောင့် သူမမှာ သွေးလန့်သွား၏။

” သားမောင်မိုး…. အဲဒါသရဲမကြီးဟဲ့….မလိုက်သွားနဲ့မင်းညီတွေခေါ်ပြီးအမေ့ဆီပြန်လာခဲ့….”

သူမ အာပေါက်အောင်အော်ခေါ်နေသော်လည်း ကလေးသုံးယောက်မှာခေါင်းငိုက်စိုက်ဖြင့် မျက်နှာစိမ်းမိန်းမကြီးနောက်တရွေ့ရွေ့လိုက်နေကြဆဲပင်။

” သား….မောင်မိုး….မင်းညီလေးတွေခေါ်ပြီးပြန်လာခဲ့….”

မျက်နှာစိမ်းနဲ့ကလေးသုံးယောက်မှာ သူမနှင့်တဖြည်းဖြည်းဝေး၍ဝေး၍သွား၏။

” မြတ်စွာဘုရားကယ်တော်မူပါ….”

သူမထိုသို့ရွတ်ပြီး ပြေးလိုက်သွားရာခြေထောက်မှမ၍ရသွားပြီး သားငယ်လေးမောင်စိုး၏လက်ကိုဖမ်းဆုပ်မိသွား၏။

” သားအမေနဲ့ပြန်လိုက်ခဲ့…. သူကသားတို့ထင်သလိုလူမဟုတ်ဘူး….”

သားငယ်မှာသူ့လက်၌ကျန်ခဲ့ပြီး ကျန်နှစ်ယောက်မှာ မျက်နှာစိမ်းနှင့်အတူမြင်ကွင်းထဲမှပျောက်ကွယ်သွား၏။

” သားမောင်မိုး၊မောင်တိုး…..သားတု့ိကိုအမေခေါ်နေတယ်လေ….အမေ့ဆီပြန်လာခဲ့သား….သားရေ….”

” မခင်ဝင်း….မခင်ဝင်း…. ဘာတွေအော်နေတာလဲ….ချွေးတွေလဲရွဲှရွဲှစိုနေလို့ပါလား…”

ကိုမောင်လုံးလှုပ်နိူးလိုက်မှ နိူးလာပြီးအိပ်မက်မက်နေမှန်းသိသွား၏။

” သား….ငါ့သားတွေရော….”

” ဟိုးမှာအိပ်နေကြတယ်လေမိန်းမရဲ့….ဘာလဲအိပ်မက်ဆိုးတွေမက်နေတာလား….”

” ဟုတ်တယ်အစ်ကို….. တကယ်ကိုဆိုးတဲ့အိပ်မက်ဆိုးကြီးပါ…ဖွဖွဖွဟဲ့ လွဲပါစေဖယ်ပါစေ….”

” အိပ်မက်မက်တာဘဲမိန်းမရယ် ဘာမှစိတ်ထဲထားမနေနဲ့….ည၂ချက်တီးဘဲရှိသေးတယ်ပြန်အိပ်လိုက်ဦး….”

” အင်းအင်း….”

ပြန်၍အိပ်သော်လည်း သူမအိပ်မပျော်တော့ပါ။ အိပ်မက်ထဲကမျက်နှာစိမ်းမိန်းမကြးီကိုသာပြန်လည်မြင်ယောင်နေသည်။

” အား….နောက်မလုပ်တောပါဘူး….ကြောကပါပြီ….ကြောက်ပါပြီ….”

” မလိုက်ဘူး….မလိုက်ဘူး….မေမေရေကယ်ပါဦး….”

” အီးဟီးဟီးမေမေရေ… သားကြောက်တယ်….”

ထိုစဉ်အိပ်ပျော်နေသောသားသုံးယောက်မှာ ပြိုင်တူထအော်ကြသဖြင့် သူမထလာသလိုကိုမောင်လုံးလည်းနိူးလာ၏။

” သားမောင်မိုး…. ဘာဖြစ်လို့လဲသား….”

” သားငယ်….ဘာဖြစ်တာလဲ… ”

” သားကြောက်တယ်မေမေ….သားကြောက်တယ်….အီးဟီးဟီး…”

” ခင်ဝင်း ညည်းကလေးတွေဘာဖြစ်ကြတာလဲဟေ့….”

” မသိဘူးအမေ …..”

ကလေးငိုသံကြောင့် မခင်ဝင်း၏မိဘများလည်းနိူးလာ၏။ ကလေးသုံးယောက်မှာမျက်လုံးမဖွင့်ဘဲ အလန့်တကြားအော်ငိုနေကြ၏။

” သားကြီး နေမျိုးထစမ်း…..မင်းညီတွေဘာဖြစ်တယ်မသိဘူး….”

ဖခင်အော်သံကြောင့်နေမျိုးလည်း ထလာ၏။

” မောင်လုံး….မင်းတို့သားအဖ ဆေးဆရာမောင်ဖေငယ်ကိုအမြန်သွားပင့်ချေ…..ဒီကေလးတွေတစ်ခုခုလန့်တာနေမယ်….”

” အမလေး…သား….သားတို့…..အိးဟီးဟီး…”

မခင်ဝင်းမှာသူမ၏အိပ်မက်ကိုပြန်တွေးမိပြီး ချုံးပွဲချ ငိုချလိုက်၏။

” အား ကြောက်ပါပြီ….ကြောက်ပါပြီ….နောက်မလုပ်တော့ပါဘူး….”

” မေမေ….မေမေရေ…..သားကိုပြန်ခေါ်ပါဦး….သားမလိုက်ချင်ဘူး သားကြောက်တယ်….”

” မေမေ…သားကြောက်တယ်…..”

“ဘုရားစင်က သောက်တော်ရေယူလိုက်ကိုပြုံး…”

မခင်ဝင်း၏ဖခင်က သောက်တော်ရေထယူကာကလေးသုံးယောက်ကိုတိုက်လိုက်၏။
မောင်တိုးနှင့်မောင်မိုးမှာပါးစပ်အတင်းစိထားသဖြင့်တိုက်၍မရ။ သားငယ်မောင်စိုးကား သောက်တော်ရေကိုအငမ်းမရသောက်နေ၏။

” အား…..သားမလိုက်ဘူး….မလိုက်ဘူး…..”

” အစ်…..ဂစ်….ဂစ်………”

” သား….သား….မောင်မိုး….အမေခေါ်နေတယ်လေ…သား….”

” မြေးလေး….ငမိုးထစမ်း…..ငမိုး….မြေးလေး…..”

မောင်မိုးမှာသူ့ဖွားအေ၏လက်ထဲ၌ပျော့ခွေကျသွားကာ အသက်ထွက်သွား၏။

” အား………”

ထိုစဉ်သားလတ်ပါအားခနဲအော်ပြီး အသက်ထွက်သွားပြန်၏။

” သား…..အမလေးသားတို့ရယ်…..ထပါအုံးကွဲ့…..သား….မောင်မိုးမောင်တိုး…ငါ့သားလေးတို့ရယ်….အီးဟီးဟီးဟီး……”

” မနေ့ကမှအကောင်းကြီးပါငါ့မြေးတို့ရယ်ခုကျဘာဖြစ်ရတာလဲကွာ…..”

ဦးမောင်ပြုံးမှာမြေးလေးအလောင်းကိုချီရင်းယောကျာ်းကြီးတန်မဲ့မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလေ၏။ အဖွားကြီးဒေါ်မြအေးမှာကားအထူးဆိုဖွယ်ရာမရှိတော့ချေ။ မခင်ဝင်းကသားငယ်လေးကိုတင်းကြပ်စွာပွေ့ချီထားလိုက်ပြီး

” မိန်းမယုတ်….ငါ့သားတွေပြန်ပေး….ငါ့သားတွေကိုပြန်ပေး…..အီးဟီးဟီး….”

ခဏ၌မောဟိုက်သံနှင့်အတူ နေမျိုးတို့သားအဖနှင့်လူကြီးတစ်ယောက်ပြန်ရောက်လာ၏။

” အစ်ကို….ကျွန်မတို့ကလေးကိုကြည့်ပါအုံး အသက်မရှိတော့ဘူးရှင့်….အီးဟီးဟီး….”

” ဗျာ!….သား…ငါ့သားတွေ….”

” ညီ….ညီလေးတို့…..”

သားအဖနှစ်ယောက် ပျော့ဖတ်နေသောကလေးအလောင်းကိုပွေ့ယူပြီးလှုပ်နိူးနေ၏။

” ဆရာ….ကျုပ်သားအသက်ကိုမကယ်ပေးနိူင်တော့ဘူးလားဗျာ….”

ဆရာမောင်ဖေငယ်မှာကလေးနှစ်ယောက်၏ထွက်သက်ဝင်သက်ကိုစမ်းကြည့်ပြီး ဖြည်းငြင်းစွာခေါင်းခါလေ၏။

ကိုမောင်လုံးမှာ အသည်းနှလုံးကိုဆွဲနှုတ်ခံလိုက်ရသကဲ့သို့ခံစားနေရ၏။ နေမျိုးကားညီငယ်နှစ်ယောက်ကို ကြည့်ရင်းအရွယ်နဲ့မလိုက်အောင်ခံစားနေရ၏။ အငယ်ဆုံးသားလေးကား မိခင်ဖြစ်သူရင်ခွင်ထက်၌ အိပ်မောကျနေရှာပြီ။

မနေ့တနေ့ကမှ ပျော်စရာအတိဖြစ်ခဲ့သောအိမ်ကြီးသည်ယူခုမူကား တိတ်ဆိတ်လျှက်။ လာလုပ်ကူနေကြသူများလည်း စိတ်မကောင်းရုံမှတပါးဘာမှမတတ်နိုင်တော့ချေ။ အိမ်ရှေ့တွင်ကား သားငယ်နှစ်ယောက်ယှဉ်၍ငြိမ်းချမ်းစွာအနားယူနေကြ၏။ နေမျိုးကား ညီငယ်နှစ်ယောက်၏အခေါင်းကြားဝင်ကာတွေတွေကြီးရပ်ကြည့်နေ၏။ မခင်ဝင်းတို့ကားငိုစရာမျက်ရည်ပင်မရှိတော့။

သားငယ်နှစ်ယောက်၏နာရေးကိစ္စပြီးသည်နှင့် ရှမ်းပြည်သို့ပြန်ရန်ပြင်ဆင်ကြ၏။ အလာတုံးကပျော်စရာကောင်းခဲ့သောဤခရီးကား ယခုမူဝမ်းနည်းစရာတပွေ့တပိုက်ကြီးနှင့်အတူ သားနှစ်ယောက်မှာပြန်မပါလာနိူင်တော့ချေ။ အငယ်ဆုံးသားလေးမှာလည်း အရင်လိုသွက်သွက်လက်လက်မဟုတ်တော့ဘဲ သူ့မျက်ဝန်းထဲ၌အကြောက်တရားကိုတွေ့နေရသည်။

မခင်ဝင်းမှာသားစိတ်ကြောင့် စားမဝင်အိပ်မပျော်ကာ အသိစိတ်လွှတ်နေရှာသည်။

” ဟယ်…သားလေး….အမေကလိုက်ရှာနေတာကွဲ့….ထမင်းစားချိန်ရောက်ပြီ ညီလေးကိုပါခေါ်လာခဲ့အမေခွံ့ကျွေးမယ်နော်….”

အိမ်ရှေ့ရှိသစ်ပင်ကိုစကားပြောလိုက်ထမင်းခွံ့ကျွေးလိုက်လုပ်နေ၏။ နေမျိုးကမိခင်ကိုကြည့်ပြီးသနားလည်းသနားသွား၏။

” အမေ….ညီလေးတို့ကပြန်မလာနိူင်တော့ဘူးလေ….”

” ဟဲ့တော်စမ်း….ညည်းပါးစပ်ကိုပိတ်ထား ဒီမှာငါ့သားနှစ်ယောက်ထမင်းစားနေတယ်….”

ဖခင်မှာလည်းနေ့စဉ်နှင့်အမျှအရက်သာသောက်နေတော့၏။ နေမျိုးကားအရွယ်နဲ့မလိုက်အောင်ဒုက္ခရောက်ရရှာပြီ။ အငယ်လေးမောင်စိုးသည် ဆော့နေရင်း

” ဟာ….သားမလိုက်ဘူး….မလိုက်ဘူး… သားကြောက်ပါပြီ….နောက်မလုပ်တော့ပါဘူး…..”

ဆိုပြီးထအော်၏။ ထိုအခါမှ အသိစိတ်လွှတ်နေသောမခင်ဝင်းမှာသားငယ်ကိုပြေးပွေ့လိုက်ပြီး

” ငါ့သားတွေပြန်ပေးစမ်းမကောင်းဆိုးဝါးမ….ငါ့ကလေးတွေပြန်ပေး….”

ဆိုပြီးအော်ဟစ်နေ၏။ ပတ်ဝန်းကျင်ရှိလူများကလည်း မခင်ဝင်းတို့မိသားစု၏အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြ၏။

တနေ့တွင်ကားနေမျိုးသည် ညီငယ်က လက်ပံခေါင်းစားချင်သည်ဟုဆိုလာသဖြင့် ရွာထိပ်ရှိလက်ပံပင်ကြီးအောက်သို့ရောက်လာခဲ့သည်။ နီစွေးနေသောလက်ပံပွင့်များကိုကောက်ရင်း အရင်ကအတူတူလက်ပံပွင့်များကောက်ရင်းဆော့ကစားခဲ့ကြသည့် ညီငယ်နှစ်ယောက်ကိုပြန်လည်မြင်ယောင်လာ၏။

” ကိုကြီး….. ဒီလက်ပံပွင့်တွေကိုသီပြီးကိုကြီးကောင်မလေးကိုသွားပေးပါလား….”

” ကိုကြီးမှာကောင်မလေးမရှိပါဘူးကွာ….”

ထိုစဉ်မောင်တိုးက

” ဘာမရှိတာလဲ ကိုကြီးက ရွာအရှေ့ပိုင်းကမမြတ်နွဲ့ကိုကြိုက်နေပြီးတော့….”

” ဟားဟားဟား….လျှောက်မပြောနဲ့ကွာ… သူများတွေသိရင်ရှက်စရာကြီး….”

” ပြောမှာဘဲပြောမှာဘဲ….ကိုကြီးကမမြတ်နွဲ့ကိုကြိုက်နေတာတဲ့ဟေး….”

” ဟာဟေ့ကောင်…ဟေ့ကောင်….”

ညီအစ်ကိုသုံးယောက်သား လက်ပံပွင့်များဖြင့် ပစ်ပေါက်ကာဆော့ကစားနေကြ၏။ ထိုစဉ်လေတချက်တိုက်သွားပြီး လက်ပံပင်ပေါ်မှ လက်ကျန် အပွင့်များကြွေကျလာပြီးသူ့အားလာရောက်ထိမှန်၏။ ပျော်စရာပုံရိပ်များလည်းတဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွား၏။ သူ၏မျက်ဝန်း၌ကား မျက်ရည်စတို့ပြည့်လျှံလျှက်။ နေမျိုးမတ်တပ်ထလိုက်ပြီး

” အား…..ညီလေးတို့ရေ ကိုကြီးဆီပြန်လာပါကွာ…….”

ဆိုပြီး နာကျင်စွာအော်ဟစ်လိုက်၏။

ထိုလူငယ်၏အော်ဟစ်သံကြောင့် မောင်ရေခဲတို့လည်း သနားစိတ်ဝင်သွား၏။

” ထင်ပေါ်…ဒီကလေးမှာအရွယ်နဲ့မမျှတဲ့ခံစားချက်တစ်ခုရှိနေတယ်….ပြီးတော့အခက်ခဲတစ်ခုလည်း ရှိနေတယ်….”

ထိုသို့ပြောပြီး လူငယ်အားစောင့်ကြည့်နေ၏။ ခဏ၌လူငယ်သည် လက်ပံပွင့်တချို့ကိုယူရင်း သူတို့ရှေ့သို့ရောက်လာခဲ့သည်။

” ဗျို့ညီငယ်….ဒါလက်ပံကုန်းရွာဟုတ်သလားဗျ….”

ဟုမေးလိုက်သော်လည်း လူငယ်ကခေါင်းငိုက်စိုက်ချထားလျက်ဖြင့်သာ ဆက်၍လမ်းလျှောက်နေ၏။

” ဗျို့ညီလေးရေ….အစ်ကိုတို့ တလောကဆုံးသွားတဲ့ကောင်လေးနှစ်ယောက်ရဲ့အိမ်ကိုသွားချင်လို့ပါ….”

” ဗျာ!…”

မောင်ရေခဲက ၏အသံကြောင့် လူငယ်လေးမှာ တုံ့ခနဲရပ်လိုက်ပြီး တုံ့ပြန်သံပြုလာ၏။

” အစ်ကိုတို့စောစောကဘယ်လိုပြောလိုက်တာ….”

” ဟိုလေတလောက ဒီရွာမှာဆုံးသွားတဲ့ကလေးနှစ်ယောက်ရဲ့အိမ်ကိုသွားချင်တယ်လို့ပြောလိုက်တာပါ….”

” အဲဒါကျွန်တော်ညီလေးတွေဗျ….အစ်ကိုတို့ကဘယ်လိုသိတာလဲ…”

” ဒီလိုပါဘဲကိစ္စကအရမ်းစိတ်ဝင်စားစရာကောင်းနေတော့ လူတွေကနေတဆင့်ကြားမိတာပေါ့….”

” အစ်ကိုတို့ကဘာတွေလဲ…. ”

” သာမန်လူပါဘဲ ဒါပေမဲ့ညီငယ်ရဲ့အခက်ခဲကိုဖြေရှင်းပေးနိူင်တယ်….”

မောင်ရေခဲ၏စကားကြောင့်လူငယ်၏မျက်ဝန်းမှာမျှော်လင့်ချက်ရောက်ခြည်သမ်းလာ၏။

” ဟာဒါဆို ကျွန်တော့အိမ်လိုက်ခဲ့ဗျာ….”

လူငယ်လေးဦဆောင်ပြီး ရွာထဲသို့ဝင်လာခဲ့ကြ၏။ တအောင့်၌ လူငယ်လေး၏အိမ်သို့ရောက်ရှိလာခဲ့၏။

” အဖေ….အမေ….ညီလေး…. ဧည့်သည်ပါလာတယ်ဗျို့….”

ဦးမောင်လုံးမှာအမူးပြေပြီမို့ နောက်တစ်ချီထပ်သောက်ရန်ပြင်နေချိန် သားကြီး၏ဧည့်သည်ပါလာသည်ဆိုသောအသံကြောင့် အရက်ပုလင်းကိုသိမ်းလိုက်၏။

” ဟာ….ဧည့်သည်တွေပါလား လာကြ…အပေါ်ကိုလာကြ…”

ဦးမောင်လုံးကဧည့်သည်ကိုဆီးကြိုလိုက်၏။ မခင်ဝင်းကား အိမ်တိုင်ကိုမှီပြီးငိုလိုက်ရယ်လိုက်လုပ်နေ၏။ မောင်ရေခဲတို့လည်းအိမ်ပေါ်သို့တက်လာကြပြီးဘုရားကိုရှိခိုးကန်တော့လိုက်၏။ ထိုစဉ်အိပ်ယာထဲ၌ ပိန်လှီနေသောကလေးငယ်ထလာပြီး

” ကိုကြီး….သားစားချင်တဲ့လက်ပံခေါင်းကောက်လာပေးပြီလား….သားဒီလက်ပံခေါင်းဟင်းစားပြီးရင်သွားရတော့မှာ….”

” ဟာပေါက်ကရမပြောရဘူးညီလေးရ….ဒီမှာတွေ့လား ကိုကြီးကဆရာတွေခေါ်လာခဲ့ပြီ….”

ကလေးငယ်ကမောင်ရေခဲကိုကြည့်ပြီးပြုံးပြ၏။

” သား…ဒီကိုလာပါအုံး….”

” ညီလေး….ဆရာခေါ်နေတယ်လာခဲ့….”

နေမျိုးက ညီငယ်ဖြစ်သူကိုချီလာခဲ့၏။ မောင်ရေခဲလဲ ကလေးငယ်အားကြည့်လိုက်ရာ ဘီလူးဖမ်းစားခံရခြင်းကိုသိလိုက်ရ၏။

” ဒီကလေးက ဘာနေ့သားလဲညီငယ်”

” အင်္ဂါ…ကျုပ်သားကအင်္ဂါသား….သားလေး….အဲမိန်းမကြီးဆီလိုက်မသွားနဲ့နော်…အမေ့ဆီပြန်လာခဲ့….”

တချိန်လုံးတငိုငိုတရီရီလုပ်နေသော မခင်ဝင်းက ထိုသို့ဖြေကာ ကလေးကိုကောက်ချီပြီးခပ်တင်းတင်းပွေ့ထားလိုက်၏။ မောင်ရေခဲလည်း ထိုသားအမိ၏အဖြစ်ကိုမကြည့်ရက်တော့သဖြင့် အထက်ကိုတိုင်တည်ကာ အမိန့်အာဏာဖြင့် စွဲရင်းကိုခေါ်လိုက်၏။

” အင်္ဂါသားကို ခြောက်လှန့်နှောက်ယှက်နေတဲ့အကောင် ငါ့အရှေ့ကို မကြာချက်ချင်းရောက်လာခဲ့စမ်း….”

” ဟင်းဟင်းဟင်း….ဟင်းဟင်းဟင်း…. ”

ထိုစဉ်တချိန်လုံးငြိမ်နေသောဦးမောင်လုံးမှာ မျက်လုံးများနီရဲကာတဆတ်ဆတ်တုန်ရီနေ၏။

” သင်ဘယ်သူလဲ….ဘာကိစ္စကလေးကိုခြောက်လှန့်ရတာလဲ….”

” ငါကဘုရားစောင့်ဘီလူးဘဲ…သင့်ကိစ္စမဟုတ်ဘဲဝင်မရှုပ်နဲ့ မဟုတ်လို့ကတော့ သင့်ပါစားပစ်မယ်….”

” သင့်ကိုသင်ဘီလူးဆိုပြီး အပြောမကြီးစမ်းပါနဲ့ လူစွမ်းရင်နတ်မခံနိူင်ဘူးဆိုတဲ့စကားသင်ကြားဖူးမှာပါ….ဘာကိစ္စဒီကလေးကိုခြောက်လှန့်နေရတာလဲ….”

” ငါစားမလို့ဟေ့ သုံးယောက်စလုံးကိုစားချင်နေတာ နှစ်ယောက်ကိုတော့စားပြီးပြီ ဒီတစ်ယောက်ကတော့ သူ့အမေကဆွဲဆွဲထားလို့ စားမရသေးတာ….ဟင်းဟင်း”

ဦးမောင်လုံးကဟိုယိုင်သည်ယိုင်ဖြင့် ဒူးတစ်ဖက်ထောင်တဖက်ချကာထိုင်နေ၏။

” ဒီကလေးကိုမင်းစားလို့မရဘူး….ကလေးမှာအပြစ်မရှိဘူး….”

” စားမှာရအောင်စားမှာ….ဒီကောင်ကငါ့တင်ပါးကိုထိုးတယ်ရိုက်တယ် ငါမကျေနပ်ဘူး…. စားမှာလူသားစားချင်နေတာကြာပြီ… ဘုရားကိုစောင့်နေရလို့သာ သည်းခံနေရတာ…”

” ပြောမရတော့လဲ အထက်နတ်မင်းကိုတိုင်ရတာပေါ့ ….”

ဆိုကာမောင်ရေခဲလည်း မြောက်အရပ်ကိုပိုင်စိုးသောဝေဿဝဏ်နတ်မင်းကြီး(ကုဝေရ)ကိုတိုင်တည်လိုက်ရာ ခဏ၌ နတ်ဘီလူးကြီးနှစ်ကောင်ပေါ်လာခဲ့၏။ ထိုအခါဘုရားစောင့်ဘီလူးမှာ ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး

” ဒီကလေးကိုမစားတော့ပါဘူး….ဒါပေမဲ့ ငါ့ကိုနွားတစ်ကောင်ကျွေးပါ….ဒါဆိုငါသွားမယ်… ”

ထိုစကားကြောင့်တမန်တော်နတ်ဘီလူးတို့စိတ်ဆိုးသွားပြီး

” တယ်…ရာရာစစသင့်လို ဘီလူးကလူသားစားပြီးတာတောင်မတင်းတိမ်နိုူင်သေးဘဲအမဲသားကစားချင်သေးတယ်….သင့်အပြစ်ကိုအရှင့်ကိုတင်ပြပြီးရင်တော့ အပြစ်ခံယူဖို့ ပြင်ထားလဟဲ့….”

ဆိုပြီး တင်းပုတ်နဲ့ထုလိုက်ရာဘုရားစောင့်ဘီလူးကြီးမှာလူးလှိမ့်နေအောင်ခံလိုက်ရ၏။

“အား….. မှားပါပြီအရှင်တို့်….ကျွနု်ုပ်မှားပါပြီ….ခွင့်လွတ်ပေးကြပါ….ဒီကလေးကိုလည်းမစားတော့ပါဘူး….”

” ကဲသင်အပြစ်ကို အရှင်ကဆုံးဖြတ်လိုက်မယ် လိုက်ခဲ့စမ်းဟဲ့ငမိုက်သား….”

တမန်တော်ဘီလူးကြီးက ဘုရားစောင့်ဘိလူးကိုခြေထောက်မှဆွဲပြီး ပြန်လည်ပျောက်ကွယ်သွား၏။ ဦးမောင်လုံးလည်းပျော့ခွေကာနံဘေးသိ့ုလဲကျသွား၏။ မောင်ရေခဲလည်းသောက်တော်ရေစင်ကိုယူပြီးတောက်ပေးလိုက်ရာ ခဏ၌အင်းအဲအသံပြုပြီးပြန်သတိရလာ၏။ ကလေးငယ်မောင်စိုးကားမိခင်ရင်ခွင်ထက်၌အိပ်ပျော်နေချေပြီ။

” ဟာ….ကျုပ်…ကျုပ်ဘာဖြစ်သွားတာလဲဗျ…”

ဦးမောင်လုံးတစ်ယောက်ဖြစ်ပျက်သမျှဘာမှမမှတ်မိတော့ချေ။ နေမျိုးက

” ခုကစပြီးဘာမှမဖြစ်တော့ဘူးအဖေ….ညီလေးကိုနှောင့်ယှက်နေတဲ့အကောင်လည်းမရှိတော့ဘူး…အဖေသာအရက်ဖြတ်ရင်ပြီ….ဒါမှသွားလေသူညီလေးနှစ်ယောက်လည်း ကောင်းမွန်တဲ့ဘဝရောက်မှာ….”

” အေးပါငါ့သားရာ အဖေစိတ်တွေမဖြေသာနိူင်လွန်းလို့လုပ်မိလုပ်ရာ လုပ်မိသွားတာပါ…အဖေ့ကိုခွင့်လွှတ်ပါကွာ….

” ကဲအစ်မကြီး….. သွားတဲ့သူကသွားပြီဖြစ်တဲ့အတွက် အစ်မကြီးပူဆွေးနေလည်း ပြန်မလာနိူင်တော့ပါဘူး….ဒီတော့ကျန်နေသေးတဲ့သူကိုဘဲ ဒီလိုအမှုမျိုးထပ်မဖြစ်အောင်သာဂရုစိုက်ပေးပါ….အစ်မကြီးသောကရောက်နေလိ့ုတချက်တချက်အသိလွှတ်နေတာပါ…..အစ်မကြီးအရှိကိုအရှိတိုင်းလက်ခံပြီး တရားကိုနှလုံးသွင်းရင်တော့ အစ်မကြီးရဲ့ဝေဒနာကပြန်ပြီးကောင်းလာမှာပါ…”

မောင်ရေခဲကထိုသို့ပြောပြီး ဟိမဝန္တာအရပ်မှရသော နတ်ရေစင်ကိုတိုက်လိုက်၏။

” ရော့…ဒါလေးက ကလေးနိူးလာရင် လည်ပင်းမှာဆွဲထားပေးလိုက်ပါ…..”

” ကျေးဇူးတင်ပါတယ်အစ်ကို….အစ်ကိုနဲ့သာစောစောတွေ့ခံရင် ကျွန်တော့ညီလေးနှစ်ယောက်ကိုလည်းဆုံးရှုံးရမှာမဟုတ်ဘူးဗျ….”

နေမျိုးကပြောပြောဆိုဆို ငိုချ၏။

” လူတွေကသေချိန်တန်ရင် ဘယ်သူမှမကယ်နိူင်ပါဘူးညီလေး…..သေချင်းတရားကိုဘယ်သက်ရှိမှမလွန်ဆန်နိုင်ဘူး…ငါတို့ရဲ့ဗုဒ္ဓအရှင်မြတ်တောင်မှ ပရိနိဗ္ဗာန်စံသေးတာဘဲ….ဒီတော့သွားလေသူစိတ်ဖြောင့်အောင်ကောင်းတဲ့ဘုံဘဝရောက်အောင် အလှူအတန်းလုပ်ပြီးအမျှဝေပေးပါ….”

” သေချင်းတရားဆိုတာဘယ်မှာပုန်းပုန်းမလုံခြုံဘူး…အစ်ကိုပုံပြင်တစ်ပုဒ်ပြောပြမယ်…ရှေးတုန်းက အင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ရှိခဲ့တယ်… သူကဘယ်လောက်ဆင်းရဲလဲဆိုရင် တနေ့လုံးနေမှထမင်းတလုတ်စားဖို့မရှိဘူးတဲ့….အဲဒီတော့စိတ်ဆင်းရဲပြီး သေချင်နေရှာတယ်…ဒါပေမဲ့ဘယ်လိုကြိုးစားကြိုးစားမသေဘူးတဲ့…ဒီတော့ ရေထဲခုန်ချပြီးသတ်သေဖို့ကြိုးစားတယ်…အဲဒီမှာဘဲကန်စောင့််နတ်ကသူ့ကိုသနားပြီး ရွှေသေတ္တာပေးလိုက်တယ်…..အဲဒီမှာသူကတစ်မြို့လုံးမှာအဋ္ဌေးဆုံးလူဖြစ်သွားသတဲ့….ဒီလိုနဲ့ကာလကြာရှည်လာတော့သူဋ္ဌေးကြီးလဲ သူဋ္ဌေးဘဝမှာဘဲဆက်ပြီးနေချင်တယ်မသေချင်သေးဘူးတဲ့ ဒါပေမဲ့သေမင်းကသူ့ကိုမရမကလိုက်ရှာတယ်….သူလည်းပုန်းတယ်…ဘယ်နေရာပုန်းပုန်း သေမင်းကတွေ့နေတယ်တဲ့ ဒါနဲ့သူလည်းနောက်ဆုံးကန်စောင့်နတ်မင်းကိုသတိရသွားတယ်….ဒီတော့ကန်စောင့်နတ်ကိုအကျိုးအကြောင်းပြောပြပြီးအကူညီတောင်းတယ် ကန်စောင့်နတ်လည်းသူ့ကိုသေတ္တာထဲထှည့်ပြီး ရေထဲမှာဝှက်ထားပေးလိုက်တယ်….ဒီလိုနဲ့တနေ့တော့သေမင်းကသူ့ရဲ့လက်စွဲတော်ဓားကောက်ကြီးကိုထောက်ပြီးဆင်းလာသတဲ့….အဲဒီချိန်ရေအောက်မှာရှိတဲ့သေတ္တာကြီးကိုထောက်မိပြီးကြည့်လိုက်တော့ သူဋ္ဌေးကြီးဖြစ်နေတယ်….နောက်ဆုံးတော့သူဋ္ဌေးကြီးလဲသေချင်းတရားနောက်ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရတော့တယ်….ဒီပုံပြင်ကိုကြည့်ရင် သက်ရှိတိုင်းသေချန်တန်ရင်သေကြရတာဘဲမလား…”

” ဟုတ်ကဲ့ပါအစ်ကို…ကျွန်တော်နားလည်ပါပြီ…ကျေးဇူးပါဘဲဗျာ…”

ပုံပြင်ကိုကြားပြီးနောက် ဦးမောင်လုံးတို့လင်မယားနှစ်ယောက်လည်း သေချင်းတရားကိုလက်ခံသွားပုံရ၏။

” ကျေးဇူးပါဆရာ…ချက်ချင်းကြီးဆိုတော့မဖြေသာနိူင်လွန်းလို့ပါ….ကျွန်မတို့လက်ခံနိူင်အောင်ကြိုးစားပါ့မယ်ရှင်….”

” ကဲဒါဆို အစ်ကိုတို့ကိုခွင့်ပြုပါဦး…. ”

ဆရာတပည့်နှစ်ယောက်လည်း ကလေးငယ်၏အသက်ကိုဘီလူးလက်မှကယ်တင်ပေးပြီး မိမိ၏ဇာတိရပ်ရွာ သာလွန်းရွာသို့ဆက်လက်ခရီးဆက်ခဲ့ကြတော့သည်။…..။

#ပြီး

Zawgyi Version

ဘုရားေစာင့္ဘီလူး(စ/ဆံုး)
———————————
ေနြဦးရာသီေလတျဖဴးျဖဴးတိုက္ေနသျဖင့္ လက္ပံမ်ားတျဖဳတ္ျဖဳတ္ေႂကြက်ေနရာ ေျမႀကီးေပၚဝယ္ အနီေရာင္ေကာ္ေဇာခင္းထားသည့္ႏွယ္ နီရဲလွပေန၏။ သစ္ပင္ထက္မွရြက္အိုရြက္ေဟာင္းမ်ားလည္း ေလတိုက္တိုင္း ပင္အိုကိုစြန္႔ကာေႂကြက်ေျမခကုန္၏။
ေႏြဦးရာသီျဖစ္သျဖင့္ ၾကည့္ေလရာေလာကတခြင္၌ မွိုင္းညိဳ့ကာလြမ္းဆြတ္ဖြယ္ေကာင္းလွသည္ကားအမွန္ပင္။

စိုက္ပ်ိဳးရာသီမဟုတ္သည့္တိုင္ ျမင္ေလရာ၌ရိုးျပတ္မ်ားသာေတြ႕ရသျဖင့္ သာ၍ပ်င္းရိဖြယ္ေကာင္းလွသည္။ ဤရာသီကား အလြမ္းဓာတ္ခံရွိသူမ်ားအတြက္ အင္မတန္အလြမ္းပိုေစေသာရာသီပင္တည္း။ ေနမ်ိဳးတစ္ေယာက္ ျပင္းရွရွေနပူထဲ၌ ႏြားမ်ားကိုလႊတ္ထားလိုက္ၿပီး သူကားသရက္ပင္ေအာက္၌ အက်အနထိုင္ေန၏။ သရက္ပြင့္မ်ားကားတပင္လုံးေဖြးေဖြးလွုပ္ေန၏။

” သား….ေနမ်ိဳး….ႏြားေတြကိုေရသြားခ်ေခ်ဦး…ေနပူတယ္ကြဲ႕ သူတို့လည္းေရငတ္ေရာေပါ့….”

” ဟုတ္အေမ……. ”

ေနမ်ိဳး၏အေမ ေဒၚခင္ဝင္းက ယာထဲမွက်န္ရွိေနသည့္ ပန္းမုန္လာမ်ားကိုခုတ္ယူရွင္းလင္းေနသည္။ ပြင့္က်န္မ်ားျဖစ္သျဖင့္ ပိုးမ်ားပင္က်ေနေခ်ၿပီ။ ေစ်းလည္းသိပ္မရေတာ့သျဖင့္ ခုတ္ၿပီးေျမဩစာလုပ္အပုပ္ခ်ရန္ျဖစ္သည္။

ေတာသူေတာင္သားအဖို့ တစ္ရာသီၿပီးတစ္ရာသီ စိုက္ပ်ိဳးသီးႏွံမ်ားကို အလွည့္က်စိုက္ပ်ိဳးရ၏။ ေဒၚခင္ဝင္းကား ရွမ္းျပည္သူတစ္ေယာက္မဟုတ္။ ေတာင္ေပၚသားႏွင့္အေၾကာင္းစပ္ကာေပါင္းဖက္ရသူတစ္ေယာက္ပင္။ ယခုလည္း လက္က်န္အလုပ္မ်ားကိုအၿပီးသိမ္းၿပီးသည္ႏွင့္ မိမိ၏ဇာတိေအာက္ျပည္မိဘမ်ားဆီသို့ ေယာက်ာ္းသားသမီးမ်ားေခၚကာ အလည္သြားရန္အားခဲထားၾကသည္။ ဤရာသီေရာက္တိုင္း ေအာက္ျပည္ရွိသူမတို့ရြာကေလး၌ ဘုရားပြဲက်င္းပျမဲျဖစ္သည္။ ထိုဘုရားပြဲသို့မေရာက္ျဖစ္သည္မွာ ၾကာၿပီျဖစ္သျဖင့္ ယခုတစ္ေခါက္အေရာက္သြားရန္အားခဲထားသည္္။

ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်သျဖင့္ ယခုသူအသက္၃၅ႏွစ္အရြယ္ တြင္ သားေယာက်ာ္းေလး ေလးေယာက္ေမြးၿပီးျဖစ္သည္။

” အေမ….အေမ….ဘယ္ေတာ့အဖြားတို့ဆီသြားၾကမလဲ…..”

” လက္က်န္အလုပ္ေတြသိမ္းၿပီးခ်ိန္ေပါ့ေအ….”

” သားျဖင့္သြားခ်င္လွၿပီ အဖြားတို့ရြာက ေခ်ာင္းေတြေပါေတာ့ငါးေတြပုဇြန္ေတြဖမ္းလို့ရတယ္…ေလွသမၺာန္ေတြစီးလို့လဲရတယ္……”

” ေႏြရာသီေက်ာင္းပိတ္ၿပီဆိုေတာ့ ညည္းတို့အဖြားအိမ္မွာဘဲေနခဲ့ၾကေပါ့….. မိုးရာသီေက်ာင္းဖြင့္ခ်ိန္ေရာက္မွအေမတို့ျပန္လာေခၚမယ္ေလ…..”

” ေနခ်င္ပါဘူးအေမရာ အဖြားကအခိုင္းဆိုးဆိုးနဲ႔……”

ထမင္းဝိုင္း၌ သားအမိငါးေယာက္အသံျဖင့္ဆူညံေန၏။ ဖခင္ျဖစ္သူကားစကားနဲသည့္ေတာင္ေပၚသားျဖစ္သျဖင့္ဘာစကားမွမဆိုေခ်။

” အေဖ… ႏြားေတြကိုဘႀကီးျမဆီအပ္ခဲ့မွာလား….”

” မအပ္ပါဘူး ဟိုကသူ႔ႏြားသူေတာင္မနိူင္တဲ့ကိစၥကို….နင္တို့သားအမိဘဲသြား အေဖကအိမ္ေစာင့္ရင္းႏြားေက်ာင္းရင္းက်န္ခဲ့မွာ……”

” အဟမ္း…အဟမ္း…..”

ေဒၚခင္ဝင္းက ေယာက်ာ္းျဖစ္သူကိုမ်က္ေစာင္းထိုးၿပီးေခ်ာင္းဟန႔္၏။ သားေလးေယာက္ကားျပဳံးစိစိျဖင့္မိဘႏွစ္ပါးကိုၾကည့္ေနၾက၏။

” ေအးပါ…ဖိုးေထာင္ကိုငွားၿပီးေက်ာင္းခိုင္းရမွာေပါ့….”

ကိုေမာင္လုံးစကားလမ္းေၾကာင္းေျပာင္းလိုက္၏။

ဤသို့ျဖင့္ ေအာက္ျပည္သို့ခရီးသြားမည့္ရက္ေရာက္လာခဲ့သည္။ သားအမိသားအဖ၆ေယာက္ ကားတစ္စီးအျပတ္ငွားကာ ထြက္လာခဲ့ၾက၏။ ခရီးမထြက္ရသည္မွာၾကာၿပီျဖစ္သျဖင့္ သားေလးေယာက္မွာ ေပ်ာ္၍မဆုံးနိူင္။ အဆိုးဆုံးကေနမ်ိဳးပင္။ လူပ်ိဳေဖာ္ဝင္စအသက္ ၁၇ ႏွစ္အရြယ္ေရာက္ၿပီျဖစ္သျဖင့္ မိန္းကေလးမ်ားကိုေငးတတ္ေနေခ်ၿပီ။

နာရီအေတာ္ၾကာသည္အထိခရီးဆက္ၾကၿပီးေနာက္ ေအာက္ျပည္သို့ေရာက္လာခဲ့ၾကသည္။ ေဒၚခင္းဝင္းတို့မိသားစုေရာက္လာသည္ႏွင့္ ရြာရွိအမ်ိဳးမ်ားကား အိမ္၌ေရာက္လာကာစကားေဖာင္ဖြဲ႕၍မၿပီးေတာ့ေခ်။

ရြာေရာက္သည္ႏွင့္ေနမ်ိဳးမွာရြာရွိကာလသားမ်ားႏွင့္အဖြဲ႕က်သြားေတာ့သည္။ သူတို့က ေနမ်ိဳးကိုရွမ္းေလးဟုေခၚကာ ရြာအနံ့ေလၽွာက္ျပၿပီး ရြာရွိအပ်ိဳမ်ားႏွင့္လည္းတစ္ေယာက္မက်န္မိတ္ဆက္ထားေပးသည္။

” လာမဲ့လာျပည့္ေန႔က ဒို့ရြာဘုရားပြဲေအ့….မိခင္ဝင္းညည္းကေလးေတြကိုဘုရားပြဲေခၚသြားၿပီးမွ ရွမ္းျပည္ျပန္ေပါ့….”

” သမီးလည္းအဲဒီလိုဘဲေတြးထားတာအေမရဲ့…သမီးလဲဘုရားပြဲမေရာက္ျဖစ္တာၾကာၿပီေလ….”

” ေအးကြယ္ ညည္းရဲ့သားႀကီးကေတာ့ အိမ္ကိုျပန္မလာေတာ့ဘူး တစ္ခါတစ္ေလေလးဖြားေအဆီအလည္လာတာကို အိမ္မကပ္ေတာ့စကားေျပာေဖာ္မရပါဘူးေအ….”

” အေမ့ေျမးကလူပ်ိဳျဖစ္ၿပီကိုးရွင့္….”

သားအမိႏွစ္ေယာက္ ေရွးေဟာင္းေနာင္းျဖစ္မ်ားေျပာၿပီး ခ်က္ျပဳတ္ေနၾက၏။ ကိုေမာင္လုံးကပူ၍ဆ္ိုကာအဝတ္ခၽြတ္လၽွက္သားျဖင့္ အိမ္ေရွ႕မန္က်ည္းပင္ေအာက္ရွိကြပ္ပ်စ္၌အိပ္ေပ်ာ္ေနေခ်ၿပီ။

ဤသို့ျဖင့္ တစ္ရြာလုံးေမၽွာ္ေနၾကေသာဘုရားပြဲႀကီးက်င္းပရာရက္သို့ေရာက္ရွိလာ၏။ ဘုရားပြဲသို့ရပ္နီးရပ္ေဝးမွလာေရာက္သူအေပါင္းတို့ျဖင့္ စည္ကားသိုက္ၿမိဳက္ေန၏။ ေဒၚခင္ဝင္းလည္းသားေလးေယာက္ကိုေစာစီးစြာနိူးၿပီးျပင္ဆင္ေစ၏။ အားလုံးၿပီးသည္ႏွင့္ သားငယ္သုံးေယာက္ကိုေခၚၿပီး ဘုရားပြဲဆီသို့ခ်ီတက္လာခဲ့ၾက၏။ ဘုရားေရာက္သည္ႏွင့္လူမ်ားကိုတိုးေဝွ႕ကာ ပန္း၊ေရခ်မ္းကပ္လွူရန္ ဝင္လာခဲ့ၾက၏။ ထိုဘုရား၏ေလးဘက္ေလးတန္၌ အင္မတန္ႀကီးမားေသာထိုင္ေနဟန္ဘီလူး႐ုပ္ႀကီးေလး႐ုပ္ကို ေလးဖက္ေလးတန္၌ တည္ထား၏။

လူႀကီးမ်ားဘုရားဝတ္ျပဳေနၾကစဥ္ ကေလးသုံးေယာက္သည္ လူအုပ္ၾကားထဲတိုးထြက္လာၿပီး ဘုရားပတ္ပတ္လည္၌ေလၽွာက္ၾကည့္ေနၾက၏။

” ကိုမိုး…. ဟိုးမွာၾကည့္စမ္း ဘီလူး႐ုပ္ႀကီးကအႀကီးႀကီးဘဲ….”

” ေအးဟ….ဟိုးဖက္မွာလည္းရွိတယ္….ေဟာ ဟိုဖက္မွာေရာဟ….”

“တို့အနီးကပ္သြားၾကည့္ရေအာင္…. အငယ္ေကာင္လာကိုမိုးလက္ကိုဆြဲထား လူၾကားထဲေပ်ာက္သြားမယ္….”

ညီအစ္ကိုသုံးေယာက္သား ဘုရား၏ေထာင့္သုံးေထာင့္ရွိဘီလူး႐ုပ္မ်ားကိုစိတ္ဝင္တစားသြားၾကည့္ၾက၏။
ထိုဘီလူး႐ုပ္သုံး႐ုပ္နား၌လူမ်ားရွုပ္ေနသျဖင့္ မကိုင္ၾကည့္ရ​ေခ်။

” လာညီတို့ ငါတို့ဟိုးဘက္မွာက်န္ေသးတဲ့ဘီလူး႐ုပ္ကိုသြားၾကည့္ရေအာင္ အဲ၏ဒီဘက္မွာလူလည္းရွင္းတယ္ဟ….”

” သြားစို့….”

ညီအစ္ကိုသုံးေယာက္ ဘုရားေတာင္ဘက္ရွိ ဘီလူး႐ုပ္ႀကီးဆီသို့ေရာက္လာၾက၏။ ထိုေနရာကား လူမရွိသျဖင့္ တိတ္ဆိတ္ေန၏။

” ဘီလူး႐ုပ္ႀကီးကအႀကီးႀကီးဘဲကြာ ငါတို့ရြာဘုရားမွာေတာ့ ဒီလိုဘီလူး႐ုပ္မရွိဘူး ျခေသၤ့႐ုပ္ႀကီးဘဲရွိတာေနာ္အစ္ကို….”

” ဘယ္တူမလဲဟ….အေမတို့လည္းဘုရားရွိိခိုးလို့မၿပီးေသးဘူးဆိုေတာ့ ငါတို့၏ဒီမွာဘဲေဆာ့ရင္းေစာင့္ရေအာင္….”

ညိအစ္ကိုသုံးေယာက္လည္း ဘီလူး႐ုပ္ႀကီးအား ရိုက္လိုက္ပုတ္လိုက္မရမကတက္လိုက္ျဖင့္ ေဆာ့ေနၾက၏။

” ကိုမိုး…ဒီဘီလူးႀကီးကသားတို့လိုအီအီးပါတတ္လား…”

” အ႐ုပ္ႀကီးေလကြာ စားလဲမစားတတ္ဘူးအီးလည္းမပါတတ္ဘူး…. ”

” သိဘူးသားကေတာ့ ၏ဒီဘီလူးႀကီးရဲ့ ဖင္က္ိုတုတ္နဲ႔ထိုးၾကည့္မယ္….. ”

ထို့ေနာက္ တုတ္တေခ်ာင္းေကာက္ကာ ဘီလူးႀကီး၏ဖင္အား ရိုက္လိုက္ထိုးလိုက္လုပ္ေနၾက၏။

” ဟားဟားဟား…. ဟားဟားဟား…. ”

” ဟီး..ဟီး….ဟားဟား…. ”

ထိုသို့ေဆာ့ေနရသည္မွာသူတို့အတြက္အလြန္ေပ်ာ္စရာေကာင္းေန၏။ ဘီလူးႀကီးမွာဒူးတစ္ဖက္ေထာင္တစ္ဖက္ကိုခုထိုင္လၽွင္ထိုင္ေနပုံျဖစ္သျဖင့္ ကေလးသုံးေယာက္မွာ ေဆာ့၍အလြန္ေကာင္းေနဟန္ရွိ၏။

” ေဟ့ကေလးေတြ… ဘာလုပ္ေနၾကတာလဲ….ဘီလူး႐ုပ္ကိုတုတ္နဲ႔ရိုက္မွေတာ့သုတ္ထားတဲ့ေဆးေတြပ်က္ကုန္ေတာ့မွာေပါ့….မင္းတို့ကဘယ္သူ႔ကေလးေတြလဲ…..”

ကေလးမ်ားေဆာ့ေနစဥ္ဘုရားလူႀကီးကျမင္လိုက္သျဖင့္ လာေရာက္တားျမစ္လိုက္၏။ ထိုစဥ္ေဒၚခင္ဝင္းတို့ေရာက္လာၿပီး

” ဟယ္ရွာလိုက္ရတာသားတို့ရယ္…..လက္စသတ္ေတာ့ဒီေရာက္ေနတာကိုး”

” ဪတူမႀကီးရဲ့ကေလးေတြလား….”

” ဟုတ္ပါတယ္ရွင့္….ဘာမ်ားျဖစ္လို့လဲရွင့္….”

” ဒီကေလးေတြ ေဟာဟိုကဘီလူး႐ုပ္ႀကီးကို တုတ္နဲ႔ထိုးၾကရိုက္ၾကလို့ပါတူမႀကီး….”

” ဟင္….”

” ကဲကဲ ကေလးေတြဘာမွမသိဘဲလုပ္မိၾကတာဆိုေတာ့ထားလိုက္ေတာ့….. ”

” ေက်းဇူးတင္ပါတယ္ရွင့္….လာသားတို့ျပန္ၾကမယ္…”

ေဒၚခင္ဝင္းကကေလးသုံးေယာက္ကိုဆြဲေခၚၿပီးအိမ္သို့ျပန္လာခဲ့ၾက၏။ ေနမ်ိဳးကေတာ့ သူငယ္ခ်င္းမ်ားႏွင့္အတူေလၽွာက္လည္ေနသျဖင့္ ညမွအိမ္ျပန္ေရာက္လာ၏။

လျပည့္ညလဝန္းႀကီးသည္ကား ဝိုင္းစက္ကာထိန္ထိန္သာေန၏။ ရြာသူရြာသားတို့ကားေန႔ခင္းအခ်ိန္တြင္ ပင္ပန္းခဲ့သမ်ွညအခ်ိန္၌ ေအးခ်မ္းစြာအိပ္စက္အနားယူၾက၏။

” သား….ေမာင္မိုး၊ေမာင္တိုး၊ေမာင္စိုး….ေမေမ့ဆီလာေလ…. ဘယ္လိုက္သြားၾကမလို႔လဲ အဲမိန္းမႀကီးကေရာဘယ္သူလဲသားတို႔သိၾကလို႔လား….”

” သား….ေမေမေခၚေနတာၾကားလား….သားေမာင္မိုး သားညီေလးေတြေခၚၿပီး ျပန္လာခဲ့….”

ျမဴမႈန္မ်ားအံု႔ဆိုင္းေနေသာေတာႀကီးထဲ၌ေရာက္႐ွိေနၿပီး သူမ၏သားသံုးေယာက္သည္ မိနး္မႀကီးတစ္ေယာက္၏လက္ကိုတဖက္တခ်က္စီဆဲြထားၾက၏။ မ်က္ႏွာစိမ္းအမ်ိဳးသမီးမွာ သူမအားဂ႐ုစိုက္ပံုမ​ေပၚဘဲ သူမ၏က​ေလးသံုး​ေယာက္ကိုသာ ဆဲြ​ေခၚၿပီးသူမ​ေ႐ွ႕မွတ​ေရြ႕​ေရြ႕ထြက္သြား၏။

” သားျပန္လာခဲ့လို႔….ဟဲ့မ်က္ႏွာစိမ္းမ ငါ့သားကိုဘယ္ေခၚသြားမလို႔လဲျပန္ေပးစမ္းငါ့သားေတြကို….”

သူမမွာသားသံုးေယာက္ကိုလိုက္ေခၚခ်င္ေသာ္လည္း ေျခေထာက္က မ၍မရေခ်။

” ဟဲ့ ညည္းမၾကားဘူးလား ငါ့သားေတြကိုျပန္ေပးစမ္းဟဲ့….”

” အမေလး!…..”

သူမေအာ္သံေၾကာင့္မ်က္ႏွာစိမ္းအမ်ိဳးသမီးမွာသူမအားျပန္၍လွည့္ၾကည့္လာစဥ္ ထိုမိန္းမႀကီး၏မ်က္လံုးႏွစ္လံုးမွာျပဴးၿပီးနီရဲေန၏။ ပါးစပ္မွာလည္း အစြယ္ႀကီးႏွစ္ေခ်ာင္းကျပဴးကာေငါထြက္ေန၏။ ထိုျမင္ကြင္းေၾကာင့္ သူမမွာ ေသြးလန္႔သြား၏။

” သားေမာင္မိုး…. အဲဒါသရဲမႀကီးဟဲ့….မလိုက္သြားနဲ႔မင္းညီေတြေခၚၿပီးအေမ့ဆီျပန္လာခဲ့….”

သူမ အာေပါက္ေအာင္ေအာ္ေခၚေနေသာ္လည္း ကေလးသံုးေယာက္မွာေခါင္းငိုက္စိုက္ျဖင့္ မ်က္ႏွာစိမ္းမိန္းမႀကီးေနာက္တေရြ႔ေရြ႔လိုက္ေနၾကဆဲပင္။

” သား….ေမာင္မိုး….မင္းညီေလးေတြေခၚၿပီးျပန္လာခဲ့….”

မ်က္ႏွာစိမ္းနဲ႔ကေလးသံုးေယာက္မွာ သူမႏွင့္တျဖည္းျဖည္းေဝး၍ေဝး၍သြား၏။

” ျမတ္စြာဘုရားကယ္ေတာ္မူပါ….”

သူမထိုသို႔ရြတ္ၿပီး ေျပးလိုက္သြားရာ​ေျခ​ေထာက္မွမ၍ရသြားၿပီး သားငယ္ေလးေမာင္စိုး၏လက္ကိုဖမ္းဆုပ္မိသြား၏။

” သားအေမနဲ႔ျပန္လိုက္ခဲ့…. သူကသားတို႔ထင္သလိုလူမဟုတ္ဘူး….”

သားငယ္မွာသူ႔လက္၌က်န္ခဲ့ၿပီး က်န္ႏွစ္ေယာက္မွာ မ်က္ႏွာစိမ္းႏွင့္အတူျမင္ကြင္းထဲမွေပ်ာက္ကြယ္သြား၏။

” သားေမာင္မိုး၊ေမာင္တိုး…..သားတု့ိကိုအေမေခၚ​ေနတယ္ေလ….အေမ့ဆီျပန္လာခဲ့သား….သားေရ….”

” မခင္ဝင္း….မခင္ဝင္း…. ဘာေတြေအာ္ေနတာလဲ….ေခြၽးေတြလဲရဲႊရဲႊစိုေနလို႔ပါလား…”

ကိုေမာင္လံုးလႈပ္ႏိူးလိုက္မွ ႏိူးလာၿပီးအိပ္မက္မက္ေနမွန္းသိသြား၏။

” သား….ငါ့သားေတြေရာ….”

” ဟိုးမွာအိပ္ေနၾကတယ္ေလမိန္းမရဲ႕….ဘာလဲအိပ္မက္ဆိုးေတြမက္ေနတာလား….”

” ဟုတ္တယ္အစ္ကို….. တကယ္ကိုဆိုးတဲ့အိပ္မက္ဆိုးႀကီးပါ…ဖြဖြဖြဟဲ့ လဲြပါေစဖယ္ပါေစ….”

” အိပ္မက္မက္တာဘဲမိန္းမရယ္ ဘာမွစိတ္ထဲထားမေနနဲ႔….ည၂ခ်က္တီးဘဲ႐ွိေသးတယ္ျပန္အိပ္လိုက္ဦး….”

” အင္းအင္း….”

ျပန္၍အိပ္ေသာ္လည္း သူမအိပ္မေပ်ာ္ေတာ့ပါ။ အိပ္မက္ထဲကမ်က္ႏွာစိမ္းမိန္းမႀကးီကိုသာျပန္လည္ျမင္ေယာင္ေနသည္။

” အား….ေနာက္မလုပ္ေတာပါဘူး….ေၾကာကပါၿပီ….ေၾကာက္ပါၿပီ….”

” မလိုက္ဘူး….မလိုက္ဘူး….ေမေမ​ေရကယ္ပါဦး….”

” အီးဟီးဟီးေမေမေရ… သားေၾကာက္တယ္….”

ထိုစဥ္အိပ္ေပ်ာ္ေနေသာသားသံုးေယာက္မွာ ၿပိဳင္တူထေအာ္ၾကသျဖင့္ သူမထလာသလိုကိုေမာင္လံုးလည္းႏိူးလာ၏။

” သားေမာင္မိုး…. ဘာျဖစ္လို႔လဲသား….”

” သားငယ္….ဘာျဖစ္တာလဲ… ”

” သားေၾကာက္တယ္ေမေမ….သားေၾကာက္တယ္….အီးဟီးဟီး…”

” ခင္ဝင္း ညည္းကေလးေတြဘာျဖစ္ၾကတာလဲေဟ့….”

” မသိဘူးအေမ …..”

ကေလးငိုသံေၾကာင့္ မခင္ဝငး္၏မိဘမ်ားလည္းႏိူးလာ၏။ ကေလးသံုးေယာက္မွာမ်က္လံုးမဖြင့္ဘဲ အလန္႔တၾကားေအာ္ငိုေနၾက၏။

” သားႀကီး ေနမ်ိဳးထစမ္း…..မင္းညီေတြဘာျဖစ္တယ္မသိဘူး….”

ဖခင္ေအာ္သံေၾကာင့္ေနမ်ိဳးလည္း ထလာ၏။

” ေမာင္လံုး….မင္းတို႔သားအဖ ေဆးဆရာေမာင္ေဖငယ္ကိုအျမန္သြားပင့္ေခ်…..ဒီေကလးေတြတစ္ခုခုလန္႔တာေနမယ္….”

” အမေလး…သား….သားတို႔…..အိးဟီးဟီး…”

မခင္ဝင္းမွာသူမ၏အိပ္မက္ကိုျပန္ေတြးမိၿပီး ခ်ံဳးပဲြခ် ငိုခ်လိုက္၏။

” အား ေၾကာက္ပါၿပီ….ေၾကာက္ပါၿပီ….ေနာက္မလုပ္ေတာ့ပါဘူး….”

” ေမေမ….ေမေမေရ…..သားကိုျပန္ေခၚပါဦး….သားမလိုက္ခ်င္ဘူး သားေၾကာက္တယ္….”

” ေမေမ…သားေၾကာက္တယ္…..”

“ဘုရားစင္က ေသာက္ေတာ္ေရယူလိုက္ကိုျပံဳး…”

မခင္ဝင္း၏ဖခင္က ေသာက္ေတာ္ေရထယူကာကေလးသံုးေယာက္ကိုတိုက္လိုက္၏။
ေမာင္တိုးႏွင့္ေမာင္မိုးမွာပါးစပ္အတင္းစိထားသျဖင့္တိုက္၍မရ။ သားငယ္ေမာင္စိုးကား ေသာက္ေတာ္ေရကိုအငမ္းမရေသာက္ေန၏။

” အား…..သားမလိုက္ဘူး….မလိုက္ဘူး…..”

” အစ္…..ဂစ္….ဂစ္………”

” သား….သား….ေမာင္မိုး….အေမေခၚေနတယ္ေလ…သား….”

” ေျမးေလး….ငမိုးထစမ္း…..ငမိုး….ေျမးေလး…..”

ေမာင္မိုးမွာသူ႔ဖြားေအ၏လက္ထဲ၌ေပ်ာ့ေခြက်သြားကာ အသက္ထြက္သြား၏။

” အား………”

ထိုစဥ္သားလတ္ပါအားခနဲေအာ္ၿပီး အသက္ထြက္သြားျပန္၏။

” သား…..အမေလးသားတို႔ရယ္…..ထပါအံုးကဲြ႔…..သား….ေမာင္မိုးေမာင္တိုး…ငါ့သားေလးတို႔ရယ္….အီးဟီးဟီးဟီး……”

” မေန႔ကမွအေကာင္းႀကီးပါငါ့ေျမးတို႔ရယ္ခုက်ဘာျဖစ္ရတာလဲကြာ…..”

ဦးေမာင္ျပံဳးမွာေျမးေလးအေလာင္းကိုခ်ီရင္း​ေယာက်ာ္းႀကီးတန္မဲ့မ်က္ရည္ပိုးပိုး​ေပါက္​ေပါက္က်​ေလ၏။ အဖြားႀကီး​ေဒၚျမ​ေအးမွာကားအထူးဆိုဖြယ္ရာမ႐ွိ​ေတာ့​ေခ်။ မခင္ဝင္းကသားငယ္​ေလးကိုတင္းၾကပ္စြာ​ေပြ႕ခ်ီထားလိုက္ၿပီး

” မိန္းမယုတ္….ငါ့သားေတြျပန္ေပး….ငါ့သားေတြကိုျပန္ေပး…..အီးဟီးဟီး….”

ခဏ၌ေမာဟိုက္သံႏွင့္အတူ ေနမ်ိဳးတို႔သားအဖႏွင့္လူႀကီးတစ္ေယာက္ျပန္ေရာက္လာ၏။

” အစ္ကို….ကြၽန္မတို႔ကေလးကိုၾကည့္ပါအံုး အသက္မ႐ွိေတာ့ဘူး႐ွင့္….အီးဟီးဟီး….”

” ဗ်ာ!….သား…ငါ့သားေတြ….”

” ညီ….ညီေလးတို႔…..”

သားအဖႏွစ္ေယာက္ ေပ်ာ့ဖတ္ေနေသာကေလးအေလာင္းကိုေပြ႔ယူၿပီးလႈပ္ႏိူးေန၏။

” ဆရာ….က်ဳပ္သားအသက္ကိုမကယ္ေပးႏိူင္ေတာ့ဘူးလားဗ်ာ….”

ဆရာေမာင္ေဖငယ္မွာကေလးႏွစ္ေယာက္၏ထြက္သက္ဝင္သက္ကိုစမ္းၾကည့္ၿပီး ျဖည္းျငင္းစြာေခါင္းခါေလ၏။

ကိုေမာင္လံုးမွာ အသည္းႏွလံုးကိုဆဲြႏႈတ္ခံလိုက္ရသကဲ့သို႔ခံစားေနရ၏။ ေနမ်ိဳးကားညီငယ္ႏွစ္ေယာက္ကို ၾကည့္ရင္းအရြယ္နဲ႔မလိုက္ေအာင္ခံစားေနရ၏။ အငယ္ဆံုးသားေလးကား မိခင္ျဖစ္သူရင္ခြင္ထက္၌ အိပ္ေမာက်ေန႐ွာၿပီ။

မ​ေန႔တ​ေန႔ကမွ ​ေပ်ာ္စရာအတိျဖစ္ခဲ့​ေသာအိမ္ႀကီးသည္ယူခုမူကား တိတ္ဆိတ္လ်ွက္။ လာလုပ္ကူ​ေနၾကသူမ်ားလည္း စိတ္မ​ေကာင္းရံုမွတပါးဘာမွမတတ္ႏိုင္​ေတာ့​ေခ်။ အိမ္​ေ႐ွ႔တြင္ကား သားငယ္ႏွစ္​ေယာက္ယွဥ္၍ၿငိမ္းခ်မ္းစြာအနားယူ​ေနၾက၏။ ​ေနမ်ိဳးကား ညီငယ္ႏွစ္​ေယာက္၏အ​ေခါင္းၾကားဝင္ကာ​ေတြ​ေတြႀကီးရပ္ၾကည့္​ေန၏။ မခင္ဝင္းတို႔ကားငိုစရာမ်က္ရည္ပင္မ႐ွိ​ေတာ့။

သားငယ္ႏွစ္​ေယာက္၏နာ​ေရးကိစၥၿပီးသည္ႏွင့္ ႐ွမ္းျပည္သို႔ုျပန္ရန္ျပင္ဆင္ၾက၏။ အလာတံုးက​ေပ်ာ္စရာ​ေကာင္းခဲ့​ေသာဤခရီးကား ယခုမူဝမ္းနည္းစရာတ​ေပြ႕တပိုက္ႀကီးႏွင့္အတူ သားႏွစ္​ေယာက္မွာျပန္မပါလာႏိူင္​ေတာ့​ေခ်။ အငယ္ဆံုးသား​ေလးမွာလည္း အရင္လိုသြက္သြက္လက္လက္မဟုတ္​ေတာ့ဘဲ သူ႔မ်က္ဝန္းထဲ၌အ​ေၾကာက္တရားကို​ေတြ႕​ေနရသည္။

မခင္ဝင္းမွာသားစိတ္​ေၾကာင့္ စားမဝင္အိပ္မ​ေပ်ာ္ကာ အသိစိတ္လႊတ္​ေန႐ွာသည္။

” ဟယ္…သားေလး….အေမကလိုက္႐ွာေနတာကဲြ႔….ထမင္းစားခ်ိန္ေရာက္ၿပီ ညီေလးကိုပါေခၚလာခဲ့အေမခံြ႔ေကြၽးမယ္ေနာ္….”

အိမ္ေ႐ွ႕႐ွိသစ္ပင္ကိုစကား​ေျပာလိုက္ထမင္းခံြ႕​ေကြၽးလိုက္လုပ္​​ေန၏။ ေနမ်ိဳးကမိခင္ကိုၾကည့္ၿပီးသနားလည္းသနားသြား၏။

” အေမ….ညီေလးတို႔ကျပန္မလာႏိူင္ေတာ့ဘူးေလ….”

” ဟဲ့ေတာ္စမ္း….ညည္းပါးစပ္ကိုပိတ္ထား ဒီမွာငါ့သားႏွစ္ေယာက္ထမင္းစားေနတယ္….”

ဖခင္မွာလည္းေန႔စဥ္ႏွင့္အမ်ွအရက္သာေသာက္ေနေတာ့၏။ ေနမ်ိဳးကားအရြယ္နဲ႔မလိုက္ေအာင္ဒုကၡေရာက္ရ႐ွာၿပီ။ အငယ္ေလးေမာင္စိုးသည္ ေဆာ့ေနရင္း

” ဟာ….သားမလိုက္ဘူး….မလိုက္ဘူး… သားေၾကာက္ပါၿပီ….ေနာက္မလုပ္ေတာ့ပါဘူး…..”

ဆိုၿပီးထေအာ္၏။ ထိုအခါမွ အသိစိတ္လႊတ္ေနေသာမခင္ဝင္းမွာသားငယ္ကိုေျပးေပြ႔လိုက္ၿပီး

” ငါ့သားေတြျပန္ေပးစမ္းမေကာင္းဆိုးဝါးမ….ငါ့ကေလးေတြျပန္ေပး….”

ဆိုၿပီးေအာ္ဟစ္ေန၏။ ပတ္ဝန္းက်င္႐ွိလူမ်ားကလည္း မခင္ဝင္းတို႔မိသားစု၏အျဖစ္ကိုႀကည့္ၿပီး စိတ္မေကာင္းျဖစ္ေနၾက၏။

တ​ေန႔တြင္ကား​ေနမ်ိဳးသည္ ညီငယ္က လက္ပံ​ေခါင္းစားခ်င္သည္ဟုဆိုလာသျဖင့္ ရြာထိပ္႐ွိလက္ပံပင္ႀကီး​ေအာက္သို႔​ေရာက္လာခဲ့သည္။ နီ​ေစြး​ေန​ေသာလက္ပံပြင့္မ်ားကို​ေကာက္ရင္း အရင္ကအတူတူလက္ပံပြင့္မ်ား​ေကာက္ရင္း​ေဆာ့ကစားခဲ့ၾကသည့္ ညီငယ္ႏွစ္​ေယာက္ကိုုျပန္လည္ျမင္​ေယာင္လာ၏။

” ကိုႀကီး….. ဒီလက္ပံပြင့္ေတြကိုသီၿပီးကိုႀကီးေကာင္မေလးကိုသြားေပးပါလား….”

” ကိုႀကီးမွာေကာင္မေလးမ႐ွိပါဘူးကြာ….”

ထိုစဥ္ေမာင္တိုးက

” ဘာမ႐ွိတာလဲ ကိုႀကီးက ရြာအေ႐ွ႕ပိုင္းကမျမတ္နဲြ႔ကိုႀကိဳက္​ေနၿပီးေတာ့….”

” ဟားဟားဟား….ေလ်ွာက္မေျပာနဲ႔ကြာ… သူမ်ားေတြသိရင္႐ွက္စရာႀကီး….”

” ေျပာမွာဘဲေျပာမွာဘဲ….ကိုႀကီးကမျမတ္ႏဲြ႔ကိုႀကိဳက္ေနတာတဲ့ေဟး….”

” ဟာေဟ့ေကာင္…ေဟ့ေကာင္….”

ညီအစ္ကိုသံုးေယာက္သား လက္ပံပြင့္မ်ားျဖင့္ ပစ္ေပါက္ကာေဆာ့ကစားေနၾက၏။ ထိုစဥ္​ေလ​တခ်က္တိုက္သြားၿပီး လက္ပံပင္​ေပၚမွ လက္က်န္ အပြင့္မ်ား​​ေႂကြက်လာၿပီးသူ႔အားလာ​ေရာက္ထိမွန္၏။ ​ေပ်ာ္စရာပံုရိပ္မ်ားလည္းတျဖည္းျဖည္း​ေဝဝါး​ေပ်ာက္ကြယ္သြား၏။ သူ၏မ်က္ဝန္း၌ကား မ်က္ရည္စတို႔ျပည့္လ်ွံလ်ွက္။ ​ေနမ်ိဳးမတ္တပ္ထလိုက္ၿပီး

” အား…..ညီေလးတို႔ေရ ကိုႀကီးဆီျပန္လာပါကြာ…….”

ဆိုၿပီး နာက်င္စြာေအာ္ဟစ္လိုက္၏။

ထိုလူငယ္၏​ေအာ္ဟစ္သံ​ေၾကာင့္ ​ေမာင္​ေရခဲတို႔လည္း သနားစိတ္ဝင္သြား၏။

” ထင္ေပၚ…ဒီကေလးမွာအရြယ္နဲ႔မမ်ွတဲ့ခံစားခ်က္တစ္ခု႐ွိေနတယ္….ၿပီးေတာ့အခက္ခဲတစ္ခုလည္း ႐ွိေနတယ္….”

ထိုသို႔ေျပာၿပီး လူငယ္အားေစာင့္ၾကည့္ေန၏။ ခဏ၌လူငယ္သည္ လက္ပံပြင့္တခ်ိဳ႕ကိုယူရင္း သူတို႔ေ႐ွ႕သို႔ေရာက္လာခဲ့သည္။

” ဗိ်ဳ႕ညီငယ္….ဒါလက္ပံကုန္းရြာဟုတ္သလားဗ်….”

ဟုေမးလိုက္ေသာ္လည္း လူငယ္ကေခါင္းငိုက္စိုက္ခ်ထားလ်က္ျဖင့္သာ ဆက္၍လမ္းေလ်ွာက္ေန၏။

” ဗိ်ဳ႕ညီေလးေရ….အစ္ကိုတို႔ တေလာကဆံုးသြားတဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕အိမ္ကိုသြားခ်င္လို႔ပါ….”

” ဗ်ာ!…”

ေမာင္ေရခဲက ၏အသံေၾကာင့္ လူငယ္ေလးမွာ တံု႔ခနဲရပ္လိုု္က္ၿပီး တံု႔ျပန္သံျပဳလာ၏။

” အစ္ကိုတို႔ေစာေစာကဘယ္လ္ိုေျပာလိုက္တာ….”

” ဟိုေလတေလာက ဒီရြာမွာဆံုးသြားတဲ့ကေလးႏွစ္ေယာက္ရဲ႕အိမ္ကိုသြားခ်င္တယ္လို႔ေျပာလိုက္တာပါ….”

” အဲဒါကြၽန္ေတာ္ညီေလးေတြဗ်….အစ္ကိုတို႔ကဘယ္လိုသိတာလဲ…”

” ဒီလိုပါဘဲကိစၥကအရမ္းစိတ္ဝင္စားစရာေကာင္းေနေတာ့ လူေတြကေနတဆင့္ၾကားမိတာေပါ့….”

” အစ္ကိုတို႔ကဘာေတြလဲ…. ”

” သာမန္လူပါဘဲ ဒါေပမဲ့ညီငယ္ရဲ႕အခက္ခဲကိုေျဖ႐ွင္းေပးႏိူင္တယ္….”

ေမာင္ေရခဲ၏စကားေၾကာင့္လူငယ္၏မ်က္ဝန္းမွာေမ်ွာ္လင့္ခ်က္ေရာက္ျခည္သမ္းလာ၏။

” ဟာဒါဆို ကြၽန္ေတာ့အိမ္လိုက္ခဲ့ဗ်ာ….”

လူငယ္ေလးဦေဆာင္ၿပီး ရြာထဲသို႔ဝင္လာခဲ့ၾက၏။ တေအာင့္၌ လူငယ္ေလး၏အိမ္သို႔ေရာက္႐ွိလာခဲ့၏။

” အေဖ….အေမ….ညီေလး…. ဧည့္သည္ပါလာတယ္ဗိ်ဳ႕….”

ဦးေမာင္လံုးမွာအမူးေျပၿပီမို႔ ေနာက္တစ္ခ်ီထပ္ေသာက္ရန္ျပင္ေနခ်ိန္ သားႀကီး၏ဧည့္သည္ပါလာသည္ဆိုေသာအသံေၾကာင့္ အရက္ပုလင္းကိုသိမ္းလိုက္၏။

” ဟာ….ဧည့္သည္ေတြပါလား လာၾက…အေပၚကိုလာၾက…”

ဦးေမာင္လံုးကဧည့္သည္ကိုဆီးႀကိဳလိုက္၏။ မခင္ဝင္းကား အိမ္တိုင္ကိုမွီၿပီးငိုလိုက္ရယ္လိုက္လုပ္ေန၏။ ​ေမာင္​ေရခဲတို႔လည္းအိမ္​ေပၚသို႔တက္လာၾကၿပီးဘုရားကို႐ွိခိုးကန္​ေတာ့လိုက္၏။ ထိုစဥ္အိပ္ယာထဲ၌ ပိန္လွီ​ေန​ေသာက​ေလးငယ္ထလာၿပီး

” ကိုႀကီး….သားစားခ်င္တဲ့လက္ပံေခါင္းေကာက္လာေပးၿပီလား….သားဒီလက္ပံေခါင္းဟင္းစားၿပီးရင္သြားရေတာ့မွာ….”

” ဟာေပါက္ကရမေျပာရဘူးညီေလးရ….ဒီမွာေတြ႔လား ကိုႀကီးကဆရာေတြေခၚလာခဲ့ၿပီ….”

ကေလးငယ္ကေမာင္ေရခဲကိုၾကည့္ၿပီးျပံဳးျပ၏။

” သား…ဒီကိုလာပါအံုး….”

” ညီေလး….ဆရာေခၚေနတယ္လာခဲ့….”

ေနမ်ိဳးက ညီငယ္ျဖစ္သူကိုခ်ီလာခဲ့၏။ ေမာင္ေရခဲလဲ ကေလးငယ္အားၾကည့္လိုက္ရာ ဘီလူးဖမ္းစားခံရျခင္းကိုသိလိုက္ရ၏။

” ဒီကေလးက ဘာေန႔သားလဲညီငယ္”

” အဂၤါ…က်ဳပ္သားကအဂၤါသား….သားေလး….အဲမိန္းမႀကီးဆီလိုက္မသြားနဲ႔ေနာ္…အေမ့ဆီျပန္လာခဲ့….”

တခ်ိန္လံုးတငိုငိုတရီရီလုပ္ေနေသာ မခင္ဝင္းက ထိုသို႔ေျဖကာ ကေလးကိုေကာက္ခ်ီျပီးခပ္တင္းတင္းေပြ႔ထားလိုက္၏။ ေမာင္ေရခဲလည္း ထိုသားအမိ၏အျဖစ္ကိုမၾကည့္ရက္ေတာ့သျဖင့္ အထက္ကိုတိုင္တည္ကာ အမိန္႔အာဏာျဖင့္ စဲြရင္းကိုေခၚလိုက္၏။

” အဂၤါသားကို ေျခာက္လွန္႔ေႏွာက္ယွက္ေနတဲ့အေကာင္ ငါ့အေ႐ွ႕ကို မၾကာခ်က္ခ်င္းေရာက္လာခဲ့စမ္း….”

” ဟင္းဟင္းဟင္း….ဟင္းဟင္းဟင္း…. ”

ထိုစဥ္တခ်ိန္လံုးၿငိမ္ေနေသာဦးေမာင္လံုးမွာ မ်က္လံုးမ်ားနီရဲကာတဆတ္ဆတ္တုန္ရီေန၏။

” သင္ဘယ္သူလဲ….ဘာကိစၥကေလးကိုေျခာက္လွန္႔ရတာလဲ….”

” ငါကဘုရားေစာင့္ဘီလူးဘဲ…သင့္ကိစၥမဟုတ္ဘဲဝင္မ႐ႈပ္နဲ႔ မဟုတ္လို႔ကေတာ့ သင့္ပါစားပစ္မယ္….”

” သင့္ကိုသင္ဘီလူးဆိုၿပီး အေျပာမႀကီးစမ္းပါနဲ႔ လူစြမ္းရင္နတ္မခံႏူိင္ဘူးဆိုတဲ့စကားသင္ၾကားဖူးမွာပါ….ဘာကိစၥဒီကေလးကိုေျခာက္လွန္႔ေနရတာလဲ….”

” ငါစားမလို႔ေဟ့ သံုးေယာက္စလံုးကိုစားခ်င္ေနတာ ႏွစ္ေယာက္ကိုေတာ့စားၿပီးၿပီ ဒီတစ္ေယာက္ကေတာ့ သူ႔အေမကဆဲြဆဲြထားလို႔ စားမရေသးတာ….ဟင္းဟင္း”

ဦးေမာင္လံုးကဟိုယိုင္သည္ယိုင္ျဖင့္ ဒူးတစ္ဖက္ေထာင္တဖက္ခ်ကာထိုင္ေန၏။

” ဒီကေလးကိုမင္းစားလို႔မရဘူး….ကေလးမွာအျပစ္မ႐ွိဘူး….”

” စားမွာရေအာင္စားမွာ….ဒီေကာင္ကငါ့တင္ပါးကိုထိုးတယ္႐ိုက္တယ္ ငါမေက်နပ္ဘူး…. စားမွာလူသားစားခ်င္ေနတာၾကာၿပီ… ဘုရားကိုေစာင့္ေနရလို႔သာ သည္းခံေနရတာ…”

” ​ေျပာမရ​ေတာ့လဲ အထက္နတ္မင္းကိုတိုင္ရတာ​ေပါ့ ….”

ဆိုကာေမာင္ေရခဲလည္း ​ေျမာက္အရပ္ကို​ပိုင္စိုး​ေသာေဝႆဝဏ္နတ္မင္းႀကီး(ကုေဝရ)ကိုတိုင္တည္လိုက္ရာ ခဏ၌ နတ္ဘီလူးႀကီးႏွစ္ေကာင္ေပၚလာခဲ့၏။ ထိုအခါဘုရားေစာင့္ဘီလူးမွာ ထိတ္ထိတ္ျပာျပာျဖစ္သြားၿပီး

” ဒီကေလးကိုမစားေတာ့ပါဘူး….ဒါေပမဲ့ ငါ့ကိုႏြားတစ္ေကာင္ေကြၽးပါ….ဒါဆိုငါသြားမယ္… ”

ထိုစကားေၾကာင့္တမန္ေတာ္နတ္ဘီလူးတို႔စိတ္ဆိုးသြားၿပီး

” တယ္…ရာရာစစသင့္လို ဘီလူးကလူသားစားၿပီးတာေတာင္မတင္းတိမ္ႏုိူင္ေသးဘဲအမဲသားကစားခ်င္ေသးတယ္….သင့္အျပစ္ကိုအ႐ွင့္ကိုတင္ျပၿပီးရင္ေတာ့ အျပစ္ခံယူဖို႔ ျပင္ထားလဟဲ့….”

ဆိုၿပီး တင္းပုတ္နဲ႔ထုလိုက္ရာဘုရားေစာင့္ဘီလူးႀကီးမွာလူးလွိမ့္ေနေအာင္ခံလိုက္ရ၏။

“အား….. မွားပါၿပီအ႐ွင္တို္႔….ကြၽႏု္ုပ္မွားပါၿပီ….ခြင့္လြတ္ေပးၾကပါ….ဒီကေလးကိုလည္းမစားေတာ့ပါဘူး….”

” ကဲသင္္အျပစ္ကို အ႐ွင္ကဆံုးျဖတ္လိုက္မယ္ လိုက္ခဲ့စမ္းဟဲ့ငမိုက္သား….”

တမန္ေတာ္ဘီလူးႀကီးက ဘုရားေစာင့္ဘိလူးကိုေျခေထာက္မွဆဲြၿပီး ျပန္လည္ေပ်ာက္ကြယ္သြား၏။ ဦးေမာင္လံုးလည္းေပ်ာ့ေခြကာနံေဘးသိ့ုလဲက်သြား၏။ ေမာင္ေရခဲလည္းေသာက္ေတာ္ေရစင္ကိုယူၿပီးေတာက္ေပးလိုက္ရာ ခဏ၌အင္းအဲအသံျပဳၿပီးျပန္သတိရလာ၏။ ကေလးငယ္ေမာင္စိုးကားမိခင္ရင္ခြင္ထက္၌အိပ္ေပ်ာ္ေနေခ်ၿပီ။

” ဟာ….က်ဳပ္…က်ဳပ္ဘာျဖစ္သြားတာလဲဗ်…”

ဦးေမာင္လံုးတစ္ေယာက္ျဖစ္ပ်က္သမ်ွဘာမွမမွတ္မိေတာ့ေခ်။ ေနမ်ိဳးက

” ခုကစၿပီးဘာမွမျဖစ္ေတာ့ဘူးအေဖ….ညီေလးကိုေႏွာင့္ယွက္ေနတဲ့အေကာင္လည္းမ႐ွိေတာ့ဘူး…အေဖသာအရက္ျဖတ္ရင္ၿပီ….ဒါမွသြားေလသူညီေလးႏွစ္ေယာက္လည္း ေကာင္းမြန္တဲ့ဘဝေရာက္မွာ….”

” ေအးပါငါ့သားရာ အေဖစိတ္ေတြမေျဖသာႏိူင္လြန္းလို႔လုပ္မိလုပ္ရာ လုပ္မိသြားတာပါ…အေဖ့ကိုခြင့္လႊတ္ပါကြာ….

” ကဲအစ္မႀကီး….. သြားတဲ့သူကသြားၿပီျဖစ္တဲ့အတြက္ အစ္မႀကီးပူေဆြးေနလည္း ျပန္မလာႏိူင္ေတာ့ပါဘူး….ဒီေတာ့က်န္ေနေသးတဲ့သူကိုဘဲ ဒီလိုအမႈမ်ိဳးထပ္မျဖစ္ေအာင္သာဂ႐ုစိုက္ေပးပါ….အစ္မႀကီးေသာကေရာက္ေနလိ့ုတခ်က္တခ်က္အသိလႊတ္ေနတာပါ…..အစ္မႀကီးအ႐ွိကိုအ႐ွိတိုင္းလက္ခံၿပီး တရားကိုႏွလံုးသြင္းရင္ေတာ့ အစ္မႀကီးရဲ႕ေဝဒနာကျပန္ၿပီးေကာင္းလာမွာပါ…”

ေမာင္ေရခဲကထိုသို႔ေျပာၿပီး ဟိမဝႏၱာအရပ္မွရေသာ နတ္ေရစင္ကိုတိုက္လိုက္၏။

” ေရာ့…ဒါေလးက ကေလးႏိူးလာရင္ လည္ပင္းမွာဆဲြထားေပးလို္က္ပါ…..”

” ေက်းဇူးတင္ပါတယ္အစ္ကို….အစ္ကိုနဲ႔သာေစာေစာေတြ႔ခံရင္ ကြၽန္ေတာ့ညီေလးႏွစ္ေယာက္ကိုလည္းဆံုး႐ွံုးရမွာမဟုတ္ဘူးဗ်….”

ေနမ်ိဳးကေျပာေျပာဆိုဆို ငိုခ်၏။

” လူေတြက​ေသခ်ိန္တန္ရင္ ဘယ္သူမွမကယ္ႏိူင္ပါဘူးညီေလး…..​ေသခ်င္းတရားကိုဘယ္သက္႐ွိမွမလြန္ဆန္ႏိုင္ဘူး…ငါတို႔ရဲ႕ဗုဒၶအ႐ွင္ျမတ္ေတာင္မွ ပရိနိဗၺာန္စံေသးတာဘဲ….ဒီ​ေတာ့သြား​ေလသူစိတ္​ေျဖာင့္​ေအာင္​ေကာင္းတဲ့ဘံုဘဝ​ေရာက္​ေအာင္ အလႉအတန္းလုပ္ၿပီးအမ်ွ​ေဝ​ေပးပါ….”

” ေသခ်င္းတရားဆိုတာဘယ္မွာပုန္းပုန္းမလံုျခံဳဘူး…အစ္ကိုပံုျပင္တစ္ပုဒ္ေျပာျပမယ္…ေ႐ွးတုန္းက အင္မတန္ဆင္းရဲတဲ့လူတစ္ေယာက္႐ွိခဲ့တယ္… သူကဘယ္ေလာက္ဆင္းရဲလဲဆိုရင္ တေန႔လံုးေနမွထမငး္တလုတ္စားဖို႔မ႐ွိဘူးတဲ့….အဲဒီေတာ့စိတ္ဆင္းရဲၿပီး ေသခ်င္ေန႐ွာတယ္…ဒါေပမဲ့ဘယ္လိုႀကိဳးစားႀကိဳးစားမေသဘူးတဲ့…ဒီေတာ့ ေရထဲခုန္ခ်ၿပီးသတ္ေသဖို႔ႀကိဳးစားတယ္…အဲဒီမွာဘဲကန္​ေစာင့္္နတ္ကသူ႔ကိုသနားၿပီး ​ေရႊ​ေသတၱာ​ေပးလိုက္တယ္…..အဲဒီမွာသူကတစ္ၿမိဳ႕လံုးမွာအ​ေ႒းဆံုးလူျဖစ္သြားသတဲ့….ဒီလိုနဲ႔ကာလၾကာ႐ွည္လာ​ေတာ့သူ​ေ႒းႀကီးလဲ သူ​ေ႒းဘဝမွာဘဲ​ဆက္ၿပီး​ေနခ်င္တယ္မ​ေသခ်င္​ေသးဘူးတဲ့ ဒါ​ေပမဲ့​ေသမင္းကသူ႔ကိုမရမကလိုက္႐ွာတယ္….သူလည္းပုန္းတယ္…ဘယ္​ေနရာပုန္းပုန္း ​ေသမင္းက​ေတြ႕​ေနတယ္တဲ့ ဒါနဲ႔သူလည္း​ေနာက္ဆံုးကန္​ေစာင့္နတ္မင္းကိုသတိရသြားတယ္….ဒီ​ေတာ့ကန္​ေစာင့္နတ္ကိုအ​က်ိဳးအ​ေၾကာင္း​ေျပာျပၿပီးအကူညီ​ေတာင္းတယ္ ကန္​ေစာင့္နတ္လည္းသူ႔ကို​ေသတၱာထဲထွည့္ၿပီး ​ေရထဲမွာဝွက္ထား​ေပးလိုက္တယ္….ဒီလိုနဲ႔တ​ေန႔​ေတာ့​ေသမင္းကသူ႔ရဲ႕လက္စဲြ​ေတာ္ဓား​ေကာက္ႀကီးက​ိုေထာက္ၿပီးဆင္းလာသတဲ့….အဲဒီခ်ိန္​ေရ​ေအာက္မွာ႐ွိတဲ့​ေသတၱာႀကီးကို​ေထာက္မိၿပီးၾကည့္လိုက္​ေတာ့ သူ​ေ႒းႀကီးျဖစ္​ေနတယ္….​ေနာက္ဆံုး​ေတာ့သူ​ေ႒းႀကီးလဲ​ေသခ်င္းတရား​ေနာက္​ေကာက္​ေကာက္ပါ​ေအာင္လိုက္သြားခဲ့ရ​ေတာ့တယ္….ဒီပံုျပင္ကုိၾကည့္ရင္ သက္႐ွိတိုင္းေသခ်န္တန္ရင္ေသၾကရတာဘဲမလား…”

” ဟုတ္ကဲ့ပါအစ္ကို…ကြၽန္ေတာ္နားလည္ပါၿပီ…ေက်းဇူးပါဘဲဗ်ာ…”

ပံုျပင္ကိုၾကားၿပီးေနာက္ ဦးေမာင္လံုးတို႔လင္မယားႏွစ္ေယာက္လည္း ေသခ်င္းတရားကိုလက္ခံသြားပံုရ၏။

” ေက်းဇူးပါဆရာ…ခ်က္ခ်င္းႀကီးဆိုေတာ့မေျဖသာႏိူင္လြန္းလို႔ပါ….ကြၽန္မတို႔လက္ခံႏိူင္ေအာင္ႀကိဳးစားပါ့မယ္႐ွင္….”

” ကဲဒါဆို အစ္ကိုတို႔ကိုခြင့္ျပဳပါဦး…. ”

ဆရာတပည့္ႏွစ္ေယာက္လည္း ကေလးငယ္၏အသက္ကုိဘီလူးလက္မွကယ္တင္ေပးၿပီး မိမိ၏ဇာတိရပ္ရြာ သာလြန္းရြာသို႔ဆက္လက္ခရီးဆက္ခဲ့ၾကေတာ့သည္။…..။

#ၿပီး