၀တ်ရုံနီ ကယ်တင်ရှင်(စ/ဆုံး)

Unicode Version

၀တ်ရုံနီ ကယ်တင်ရှင်(စ/ဆုံး)
———————————–
“ဟေ့ကောင်ကြီး-ထ-ထ-ထစမ်း”
ကျွန်တော့်ကို ရင့်သီးတဲ့ အသုံးအနှုန်းနဲ့ ရင်ဘတ်ကို လက်နဲ့ဖိလှုပ်နှိုး တာ။ ရှင်းရှင်းပြောရရင် ကျွန်တော့်ကို အမိန့်ပေးစေခိုင်းနိုင်သူ အကြီးအကဲ တစ်ဦးတစ်ယောက်မှမရှိပါဘဲ ဒီလိုမျိုးဆက်ဆံတာကြောင့် စိတ်ဒေါသနဲ့ ငေါက်ခနဲ ထထိုင်လိုက်ပါတယ်။ “ငါပါကွ-အဘပါ”
ကျွန်တော် အိပ်မက် မက်နေခြင်း မဟုတ်ပါ။ ကျွန်တော် တကယ်ပဲ အိပ်ရာက နှိုးထပြီး မျက်ဝါးထင်ထင် တွေ့ မြင်နေရခြင်း ဖြစ်ပါတယ်။ ကျွန် တော့် တစ်ယောက်အိပ် ဝါးခုတင်လေးပေါ် တစ်ခြမ်းတင်၊ ရွှန်းလဲ့သော အပြုံး ကြည်လင်တောက်ပတဲ့ မျက်လုံးနဲ့ ကြည့်နေသူကတော့ ကောက် ကွေးတွန့်လိမ်နေတဲ့ ဆံပင်ဘုတ်သိုက်ဝတ်ရုံနီကြီးကို ဝတ်ဆင်ထားတဲ့ အိန္ဒိယနွယ် ဆာဒူးကြီးတစ်ယောက်ပါပဲ။

“မင်း – ဒီနေ့သွားမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါ။ အဘပြောတာ နားထောင်ပါ။ မင်းရော မင်းတပည့်တွေရဲ့အသက်အန္တရာယ်စိုးရိမ်လို့ အဘ လာသတိပေးတာပါ”
ဆာဒူးပုဂ္ဂိုလ်ကြီးဟာ စကားစပြတ်သွားတာနဲ့ မြင်ကွင်းက ပျောက် ကွယ်သွားတယ်ဆိုရင်ပဲ ကျွန်တော်လည်း သတိလက်လွတ် မှေးခနဲ အိပ် ပျော်သွားပါတယ်။ မိနစ်ပိုင်းလောက်ပဲ ရှိမှာပါ။
“ဗိုလ်ကြီး – ထတော့ လေးနာရီခွဲပြီ”
တာဝန်ကျကင်းရဲဘော် ကျွန်တော့်ကို လာနှိုးပါတယ်။ “မင်း – ငါနဲ့ လိုက်ခဲ့စမ်း”
ကျွန်တော် ကင်းရဲဘော်ကိုပြောရင်း လက်နှိပ်ဓာတ်မီးယူပြီး စခန်းထဲ မှာ အကြိုအကြားမကျန် လက်နှိပ်ဓာတ်မီး တဝင်းဝင်းနဲ့ လိုက်ရှာပါတယ်။ ဝတ်ရုံနီဆာဒူးကြီးကို တွေ့လိုတွေ့ ငြား ရှာကြံခြင်းပါ။ ဘယ်မှာမှ ရှာမတွေ့ တဲ့အဆုံး မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းကိုတောင်မှ ဟုတ်မှဟုတ်ပါလေ စလို့ သံသယ ဝင်မိပါတယ်။
ကျွန်တော့် နှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်းထဲမှာ အိန္ဒိယနွယ်ဖွား တစ်ယောက်မှ သွေးနှောခြင်းမရှိပါဘူး။ ဘာကြောင့် ကျွန်တော်နဲ့ ဆာဒူး ပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်နေရလည်း ကျွန်တော်စဉ်းစားလို့မရပါ။ တစ်ခုတည်း သော စဉ်းစားလို့ရတဲ့ အဖြေကတော့ ကျွန်တော့် အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်း မဖြစ်တန်ရာပါ။ ကျွန်တော် ယုံကြည်စွာနဲ့ လက်ခံရတော့ မှာပါ။ သို့သော် …
ကွာ”
“ငါ့ကို- ဘိုးတော်တစ်ပါးက ဒီနေ့ ခရီးစဉ်ဖျက်ပစ်ဖို့ အိပ်မက်ပေးတယ်
ဆိုတဲ့စကားလုံးကို ကျွန်တော် စစ်ဗိုလ်တစ်ယောက်ရဲ့ နှုတ်ဖျားမှ ထွက်ဝံ့ပါမလား ခင်ဗျာ။

“တပ်ခွဲမှူး ဦးစီးတပ်စုဝမ်ရုန် တောင်ယာဘက် အောင်မြေချဲ့သတင်း စုံစမ်းတိုက်ကင်းထွက်ပါ”
မနေ့ညနေက ရှေ့တန်းဌာနချုပ် ဝမ်တာပင်စခန်းကပို့တဲ့ ကြေးနန်းပါ ညွန်ကြားချက် ကြေးနန်းအရ ကျွန်တော်နဲ့ တပ်စုတစ်စု မနက်စာ စီစဉ်ပြီး လေးနာရီခွဲအသင့် မနက်ငါးနာရီတိတိမှာ စထွက်ဖို့ နှုတ်မိန့်ပေးထားပြီး ဖြစ်ပါတယ်။ တစ်စုလုံး အဆင်သင့်ဖြစ်သော်ငြား အသင့်မဖြစ်သေးတာက တော့ ကျွန်တော်တစ်ယောက်ထဲပါ။
ကျွန်တော် မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်ဖြစ်လို့ အချိန်ယူပြီး မြေပုံဖတ်လမ်းကြောင်း ရွေးနေပါတယ်။
ကျွန်တော်တို့တပ်ရင်း တပ်ဖြန့်ပုံ အနေအထားအရ ရှေ့တန်းရုံးကို ကျိုင်းတုံမြို့အရှေ့မြောက်ဘက် မိုင်သုံးဆယ်ကျော်ခန့်အကွာ ဝမ်တာပင်းမှာ လှုပ်ရှားတပ်ခွဲနှစ်ခွဲနဲ့ အခြေပြုပြီး ဝမ်ညှပ်မှာ တစ်ခွဲ၊ ဝမ်ရုန်ရွာကြီးမှာ တစ်ခွဲခေါ်တဲ့ လွယ်ဆစ်ဆောင်တောင်ကြောပေါ်မှာ အခြေပြုထားပါတယ်။ ကျွန်တော့်စခန်းရဲ့အနောက်ဘက်ငါးမိုင်အကွာ ရန်သူ မကြာခဏ သွား လာလှုပ်ရှားတဲ့ ဝမ်ရုန်တောင်ယာတဲစု ရှိပါတယ်။ သွားနေကျ လမ်းအတိုင်း သွားလာလှုပ်ရှားမှု အကြိမ်များလာရင် ချုံခိုတိုက်ခိုက်ခံရနိုင်ပါတယ်။ လယ် ယာဘက်လမ်းဖြစ်တဲ့ နမ့်လွေချောင်းဘက်ကကွေ့ကောက်ပြီး တောင်တက် တောင်ဆင်းလမ်းအတိုင်းသွားရင် အချိန်ကုန် ခရီးကြမ်း လူပန်းမှာဖြစ်ပေ မယ့် ရန်သူနဲ့တိုးရင်တောင် အရှုံးအနိုင်ဟာ သူ့ဘက် ကိုယ့်ဘက် ငါးဆယ် ရာခိုင်နှုန်းဆီရှိလို့ ညာဘက်လမ်းကိုပဲ ရွေးချယ်လိုက်ပါတယ်။ “ဗိုလ်ကြီး- ခြောက်နာရီတောင် ထိုးနေပြီ”
ကျွန်တော့်ကို သတင်းပို့တဲ့ တပ်စုတပ်ကြပ်ကြီးလှတင်တို့ လူစုခိုင်းပြီး ပြောင်းလဲလိုက်တဲ့ခရီးစဉ် စီမံချက်ကို အသေးစိတ်ရှင်းလင်းပြီး နှုတ်မိန့်
ပေးပါတယ်။
“အားလုံး “ ရှင်းလား” “ရှင်းတယ်” “ရှင်းရင် – ဆက်လုပ်”

ကျွန်တော့်နှုတ်မိန့်အဆုံး တပ်စုတပ်ကြပ်ကြီးလှတင်ဟာ တပ်စိတ် (၃၊ ၁၊ ၂) အလှည့်ကျ ရှေ့ထွက်ဆွဲပြီး ခရီးစထွက်ပါတယ်။
“ဝုန်း”
“ဒိုင်း-ဒိုင်း-ဝေါ-ဝေါ”
“ဗိုလ်ကြီး – ရေဆိပ်ဘက်က”
ရေဆိပ်ဘက်ကမှန်း သေနတ်သံတွေဟာ ကျွန်တော်တို့ဘက်ကမှန်း အတွေ့အကြုံအရကျွန်တော် ခန့်မှန်းပြီးသားပါ။ ဝုန်းဆိုတဲ့မိုင်းကွဲသံကတော့ ရေကင်းယူဖို့သွားတဲ့ ကျွန်တော့်ရဲဘော်တွေပဲ ဖြစ်မှာပါဆိုတဲ့ သေချာပေါက် တွက်ကိန်းနဲ့ ပွိုင့်တပ်စိတ်ကိုခေါ်ပြီး ကျွန်တော်ကိုယ်တိုင် ရေဆိပ်ကို ဆင်း ရှင်းပါတယ်။
ရေဆိပ်ရောက်တဲ့အခါ မြင်ရတဲ့မြင်ကွင်းကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောနဲ့ တွက်ကိန်းလွဲချော်နေပါတယ်။ ရေဆိပ်ကို မိုင်းလာထောင်တဲ့ ရန်သူနှစ်ယောက်ကို ရေကင်းအဖွဲ့က အရင်တွေ့လက်ဦးမှုယူပြီး သေနတ် နဲ့ ချိန်ရွယ်အရှင်ဖမ်းဆီးဖို့အလုပ်မှာ ရန်သူဟာကြောက်လန့်ပြီး ပေါက်ကွဲ ခလုတ်နှိပ်မိရာက ကိုယ့်မိုင်းနဲ့ကိုယ် တစ်ယောက်က နေရာတင်ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ယောက်ကတော့ သူ့ ပြစ်ကိုယ့်ပြစ်နဲ့ ဒဏ်ရာရသွားခြင်း ပါ။ ဘာစစ်ဗျူဟာမှ မသုံးလိုက်ရတဲ့ ကျွန်တော့်တပ်ခွဲရဲ့အမြတ်အစွန်းပါပဲ။
ဖြစ်စဉ်အခြေအနေ အသေးစိတ်တို့ ရှေ့တန်းဌာနချုပ်ကို သတင်းပို့ ရန်သူ့အလောင်းကို မြေမြှုပ်၊ ဒဏ်ရာရရန်သူနဲ့ လက်နက်နှစ်လက်ကို ရှေ့ တန်းဌာနချုပ်ကိုပို့ဖို့ နောက်ချန်တပ်စုနှစ်စုကို တာဝန်ခွဲဝေပြီး ခရီးစထွက် ချိန်မှာတော့ မနက် (၈)နာရီ ထိုးနေပါပြီ။
အချိန်စောတာ အချိန်တိကျတာ နေရာတိုင်းမှာ အကောင်းဘက်ကို ဦးတည်ခြင်းမရှိတာကိုတော့ ကျွန်တော် လက်တွေ့ခံစားလိုက်ရခြင်းပါ။ ဝတ်ရုံနီဆာဒူးဘိုးတော်ကြီးကြောင့် ဆိုတာကိုတော့ ဘယ်ရဲဘော် ကိုမှ ဖွင့်ဟပြောဆိုခြင်းမရှိဘဲ ကျွန်တော့်ရင်ထဲမှာပဲ သိုဝှက်ထားပါတယ်။

တောတိုး၊ တောင်တက် လမ်းရှင်းရတဲ့အချိန် ကြန့်ကြာမှုတွေကြောင့် ရည်မှန်းချက်ဖြစ်တဲ့ ဝမ်ရုန်တောင်ယာတဲစုကို နေ့လယ်တစ်နာရီမှ ဆိုက် ရောက်ပါတယ်။
ရောက်ရောက်ချင်း ကျွန်တော်တို့ အမာခံသတင်းပေးဆီက ရန်သူ့ သတင်း ရရှိပါတယ်။ အမာခံဆိုသော်ငြား ရန်သူသေနတ်ပြောင်းဖျားမှာ အသက်ရှင်သန်ခွင့် ရနေတဲ့အတွက် ဘူးကွယ် ငြင်းဆိုပါသေးတယ်။ ချက်ပြုတ်စားသောက်တဲ့ မီးဖိုခြေရာ ပြန့်ကျဲနေတဲ့ ဆေးလိပ်တို သဲလွန်စတွေကို ညွန်ပြပြီး ..
“အိုင်ဆေး – ခေါင်းဆောင် ဘယ်သူလဲ။ အင်အား ဘယ်လောက်လဲ။ ဘာလက်နက်တွေပါလဲ။ ဘာလုပ်တာလဲ။ ဘယ်ဘက်ကို ထွက်သွားလဲ” ဘငါးလုံးနဲ့ ကျွန်တော် မေးခွန်းထုတ်လိုက်တဲ့အခါ ငြင်းဆိုနိုင်ခြင်းမရှိ
တော့ပါဘူး။
“ဗိုလ်လုံ”
“ပြော – အိုင်ဆေး”
“ကျွန်တော် ပြောတယ်လို့တော့ မပြောနဲ့နော်”
“ငါ – အဲလိုပြောရင် မင်း – အသတ်ခံရမှာပေါ့။ စိတ်ချ – ဘယ်သူမှ မသိ စေရဘူး၊ ကဲ-ပြော”
ကျွန်တော့် နှုတ်ကတိအရ အိုက်ဆေးပြောပြတာက အိုက်မြင့် ဦးစီး အင်အားတစ်ရာကျော်၊ လက်နက်ကြီးငယ် အပြည့်အစုံနဲ့ မနက် (၈)နာရီ ရောက်ရှိ ခေတ္တစခန်းချ ချက်ပြုတ်စားသောက်ပြီး နေ့လယ် (၁၂)နာရီ လောက် အရှေ့ဘက်ဖြစ်တဲ့ ကျွန်တော်တို့စခန်းဘက်ကို ထွက်ခွာသွား ကြောင်း သတင်းရရှိပါတယ်။
ဝတ်ရုံနီ ဆာဒူးဘိုးတော်ကြီးက ကျွန်တော်နဲ့တကွ ရဲဘော်တွေနဲ့ အသက်ကို ကယ်တင်လိုက်ခြင်းဆိုတာတော့ ကျွန်တော်မှအပ ကျွန်တော့် ရဲဘော်တွေ မသိရှာကြပါဘူး။
မနက် (၈)နာရီဆိုတာ ဝမ်ရုန်တောင်ယာတဲစုကို ကျွန်တော့်တပ်စု ပုံမှန်ရောက်ရှိရမယ့် အချိန်ပါ။ အကယ်၍ လမ်းခုလတ်မှာ အတက်အဆင်း

ကြောင့် အနားပေးတဲ့ တစ်နာရီမရှိခဲ့ဘဲ အချိန်တစ်နာရီစောပြီး ရောက်မယ် ဆိုပါက ကျွန်တော့်တပ်စုတစ်စုလုံး ပြုတ်မှာပါ။ ဘာကြောင့်ဆို ကျွန်တော် တပ်စုတောင်ယာတဲစုကို ချဉ်းကပ်ချီတက်ရာ လမ်းကြောင်းက မတ်စောက် တဲ့တောင်ကုန်းကို မော့လှန်တက်ရလို့ပဲ ဖြစ်ပါတယ်။
ကျွန်တော့်တပ်စု နေ့လယ်စာကို အချိန်လုစားသောက်ပြီး နေ့လယ် နှစ်နာရီတိတိမှာ ပုံမှန်သုံးနေကျလမ်းက အခြေပြုရာစခန်းကို ပြန်လာပါ တယ်။
အပြန်ခရီးရယ်လို့ ပေါ့ပေါ့တန်တန် သဘောမထားဘဲ သေသေချာချာ ရှင်းလင်းပြီးမှ ချီတက်ခြင်းပါ။ ဘာကြောင့်ဆို ဝမ်ရုန်တောင်ယာတဲစုက ဆုတ်ခွာသွားတဲ့ ရန်သူ့အင်အားတစ်ရာကျော်ရဲ့ ခြေရာတွေဟာ ကျွန်တော် တို့အပြန်လမ်းမှာ မြင်တွေ့နေရတာကြောင့်ပါ။
တယ်”
“ဗိုလ်ကြီး-ရှေ့မှာ ခြေရာတွေဆိုင်ပြီး မြောက်ဘက်ကို ပေါင်းသွား
ဟုတ်ပါတယ်- မြောက်ဘက်ဆိုတော့ ဝမ်ထန်၊ ဝမ်နောင်ကြီး၊ ဝမ်တွေ ဟုတ် ရန်သူခြေကုပ်ထားတဲ့ စခန်းတွေဘက်ကို ပေါင်းစည်းဆုတ်ခွာသွား ခြင်းပါ။
အချိန်နဲ့ အကွာအဝေးအနေအထားအရကျွန်တော်တို့လွယ်စစ်ဆောင် စခန်းနဲ့ နာရီဝက်သာသာ တစ်မိုင်ကျော်လောက်ပဲ ရှိမှာပါ။ ကျွန်တော် စဉ်းစားကြည့်တာက ကျွန်တော်တို့ဘက် မျက်နှာချင်းဆိုင်လာတဲ့ ခြေရာ တွေက အင်အားတစ်ရာလောက်ပဲ ရှိမှာပါ။ ဘယ်က ပြန်လာတဲ့ခြေရာတွေ လည်း ရေဆိပ်မှာ မိုင်းလာထောင်တဲ့ နှစ်ယောက်ဟာ သင်းတို့နဲ့ တစ်ဖွဲ့ တည်းလား။

“ဗိုလ်ကြီး – ပွိုင့်တပ်စိတ်မှူး အချက်ပြနေတယ်”
ရန်သူနှစ်ဖွဲ့ပေါင်းပြီး ဆုတ်ခွာရာ လမ်းဆုံက ဆယ့်ငါးမိနစ်လောက် ချီတက်ပြီးစမှာ တောင်ကြောပေါ်တက်ရှင်းတဲ့ တပ်စိတ်မှူးဆီက မြင်သာတဲ့ နေရာမှာရပ်ပြီး တပ်စုတစ်စုလုံး တောင်ကြောပေါ်ကတက်လာဖို့ စစ်မြေပြင် အချက်ပြနည်းနဲ့ ပြခေါ်လို့ ကျွန်တော် တစ်စုလုံး လမ်းကြောင်းပြောင်းလိုက်
ပါတယ်။

ခြေရာတွေသဘောက ဆုတ်ခွာသွားပြီဆိုတဲ့သဘောနဲ့ လှည့်စားခြင်း မျိုး ဖြစ်နိုင်သလို ပေါ့ပေါ့တန်တန်သွားမယ့် ကျွန်တော်တို့ကို အပိုင်ချုံခိုတိုက် မယ့် နောက်ချန်အဖွဲ့လည်း ရှိတန်ကောင်းပါတယ်။ သတိဆိုတာ ပိုတယ် မရှိပါဘူး။
“ပစ်ကျင်းတွေ အများကြီးပဲ- ဗိုလ်ကြီး”

မှန်ပါတယ်။ အင်အားတစ်ရာကျော် ဖြန့်ခွဲနေရာယူထားတဲ့ ပစ်ကျင်း တွေပါ။ မနေ့ညနေက နှုတ်မိန့်ပေးထားတဲ့ စီမံချက်အတိုင်း အချိန်ကိုက် ချီတက်လို့ကတော့ ကျွန်တော့်ဘက်က ရာနှုန်းပြည့်အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။
ကျွန်တော့်ရဲ့ အခြေပြုစခန်းကို အပြန်လမ်းဟာ သေမင်းခံတွင်းက ထွက်လာရတဲ့လမ်းပါ။ ကျွန်တော် ကျေးဇူးတင်ရမှာက ရေဆိပ်မှာ မိုင်းလာ ထောင်တဲ့နှစ်ယောက်ကိုလား။ သူတို့ကြောင့် ကျွန်တော် အချိန်နှစ်နာရီ လောက် ကုန်ဆုံးခဲ့ရတာကြောင့်ပါ။
နောက်ထပ်ကျေးဇူးတင်ရမှာက ဝတ်ရုံနီဆာဒူးကြီးကိုပဲလား။
ကျွန်တော် ညဆယ့်တစ်နာရီထိုးပြီးသည်ထိ အိပ်မပျော်ပါ။ ကျွန်တော် နဲ့ ဝတ်ရုံနီဘိုးတော်ကြီး ဘယ်မှာဆုံဖူးသလဲ။ ကျွန်တော်နဲ့ ဘယ်လိုပတ် သက်သလဲ …။ အပြန်အလှန်ကျေးဇူး ဘယ်ဘဝမှာများ ထားဖူးပါလိမ့်ဆိုတဲ့ အတွေးတွေကြောင့်ပါပဲ”
“ဗိုလ်ကြီး-ကြေးနန်း”
ရေဒီယိုအော်ပရေတာ တပ်ကြပ်လှမင်း လာပေးတဲ့ ကြေးနန်းကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ဖတ်ပါတယ်။ ကျွန်တော့်ဆီက ပို့လိုက်တဲ့ ဒဏ်ရာရရန်သူဟာ ရဟတ်ယာဉ်စောင့်ရင်း သေဆုံးသွားကြောင်း အသိပေး အကြောင်းကြားချက်ပါ။ ထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။
ထူးခြားတာက လှမင်းရဲ့ခေါင်းဘီးနဲ့ ဖြီးလို့မရအောင် ကောက်ကွေးပြီး ထိုးထိုးထောင်ထောင် အုံဖွဲ့နေတာကြီးရယ်၊ ခြုံလွှာစောင်နီကြီးရယ်၊ မည်း မှောင်နေတဲ့ အသားအရေရယ်၊ လည်ပင်းမှာ ဆွဲထားတဲ့ စိပ်ပုတီးရယ်ကို ကြည့်ပြီး ကျွန်တော့် စိတ်အာရုံဟာ မွေးဇာတိဖောင်တော်သီကိုရောက်သွား ပါတယ်။
၁၉၇၈ – ခုနှစ် မိုးလယ်ကာလခွင့် (၁၀)ရက်ရလို့ ကျွန်တော့် ဇာတိ ဖောင်တော်သီရွာကို ပြုံးပျော်ကြည်နူးစွာနဲ့ ပြန်ရောက်ဖြစ်ပါတယ်။
ဖောင်တော်သီဘူတာ ရထားဆိုက်ဆိုက်ချင်း ပထမဦးဆုံး တွေ့ဆုံသူ ကတော့ ကျောင်းနေဖက်သူငယ်ချင်း မြင့်မြင့်စိုးပါ။ အားရဝမ်းသာနဲ့ ကြိုဆို ပြီး အိမ်လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ကျွန်တော် တကယ်ဦးစားပေးတွေ့ရမယ့် လူတွေက ကျွန်တော့်ဆွေမျိုးသားချင်းတွေပါ။ ဒါကြောင့် ဘယ်နေ့ ဘယ် အချိန်ရယ်လို့ ကတိမပေးဘဲ ဆက်ဆက်လာခဲ့ပါမယ်လို့ပဲ ကတိပေးဖြစ် လိုက်ပါတယ်။
ကျွန်တော် တကယ်ရောက်ဖြစ်တာက တတိယမြောက်နေ့ပါ။
သူငယ်ချင်းမြင့်မြင့်စိုးဟာ ခြံဝထိထွက်ပြီး လှိုက်လှဲဝမ်းသာစွာနဲ့ ကြိုဆို ပြီး ဧည့်ခန်းမကြီးမှာ နေရာချပေးပါတယ်။ ခန့်ညားထည်ဝါတဲ့ဧည့်ခန်းမကြီး ရဲ့နံရံမှာတော့ ဂျပန်ခေတ်စစ်ယူနီဖောင်း အပြည့်အစုံနဲ့ ရိုက်ထားတဲ့ ဘကြီး မြစိုး (ခေါ်) ဗိုလ်ဖိုးတိုရဲ့ ကိုယ်တစ်ပိုင်းပုံ မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံအင်္ကျီ လွတ်လပ်ရေးမော်ကွန်းဝင် ဘွဲ့ထူးဂုဏ်ထူတံဆိပ်တွေ လည် မှာဆွဲပြီး ဒေါ်သန်းသန်းနဲ့ တွဲရိုက်ထားတဲ့ သူငယ်ချင်းမြင့်မြင့်စိုးရဲ့ မိဘ နှစ်ပါးပုံ၊ မြင့်မြင့်စိုး၊ ဘေဘီစိုး၊ လွင်လွင်စိုး၊ မော်လီစိုး ညီအစ်မလေးယောက် နဲ့ မိသားစုပုံကြီးတွေ ချိတ်ဆွဲထားပါတယ်။
ဧည့်ခန်းမကြီးနဲ့ ဆက်စပ်ပြီး တစ်ခြမ်းဖွင့် အခန်းဘုရားကျောင်းဆောင် မှာတော့ မွေးရနံ့ထုံသင်းပြီး လှပဝေဆာတဲ့ပန်းတွေ ဝင်းဝါတဲ့ သစ်သီးတွေ ကပ်လှူပူဇော်ထားပါတယ်။
ကျွန်တော်ဟာ အရာရာကို စူးစမ်းလေ့လာတတ်တဲ့ စစ်သားများ မျက်စိနဲ့ သီးသန့်ဖွဲ့ထားတဲ့အခန်းတွေကို လိုက်ကြည့်ရင်း ဘုရားခန်းရဲ့ အပြင် အခန်းကျဉ်းလေးထဲမှာတော့ ကျွန်တော်တို့ ပဲခူးနယ်သားများ ကိုးကွယ်တဲ့ နတ်ကရိုင်းမယ်တော်ပုံမဟုတ်တဲ့ ဆံပင်ဘုတ်သိုက်၊ ဝတ်ရုံနီ လည်ပင်း စိပ်ပုတီးတွေဆွဲထားတဲ့ အိန္ဒိယနွယ်ဖွား ဆာဒူးကြီး။ မြင့်မြင့်စိုးတို့ အခေါ် အိန္ဒိယဘိုးတော်ပုံကြီးနဲ့ ဘိုးတော်ကို ဆက်ကပ်တဲ့ သစ်သီးဝလံ ပန်းမန်တွေ ဝေဝေဆာဆာ တွေ့ရပါတယ်။

“နင် – မြင်ဖူးလား ဘိုကြီး”
သူငယ်ချင်းမြင့်မြင့်စိုးဟာ အချိုရည်ဖန်ခွက်ကိုကိုင်ရင်း မေးခွန်းထုတ်
“မြင်ဖူးတယ်ဆို ယုံပါ၊ သေချာတော့ မလေ့လာမိဘူး”
“အဲဒါ- အိန္ဒိယဘိုးတော်လို့ ခေါ်တယ်။ ယုံကြည်ရင် ယုံကြည်သလို မ,စတယ်၊ စောင့်ရှောက်တယ်၊ ဘေးအန္တရာယ် တားဆီးပေးတယ်။ ကဲ- လာပါ သူငယ်ချင်းရယ်။ ဧည့်ခန်းထဲမှာ အအေးသောက်ရင်း နားထောင်ပါ။ ပြောပြမယ်”
တယ်။
ကျွန်တော်တို့နှစ်ယောက် ဧည့်ခန်းထဲမှာ မျက်နှာချင်းဆိုင် ထိုင်ပါ
“နင်တို့ ရှမ်းပြည်နယ်အရှေ့ခြမ်း ကျိုင်းတုံဘက်မှာ တိုက်ပွဲတွေ ခဏ ခဏ ဖြစ်မှာပဲနော်”
“တိုက်ပွဲကတော့ ပြောမနေနဲ့ တော့ – မတိုက်ရတဲ့နေ့ဆို စားမဝင် အိပ်မပျော်တဲ့ ရောဂါစွဲမှာတောင် စိုးရိမ်ရတယ်”
“နင်လည်း- တိုက်ရတာပဲလား”
“ငါက – ဘာကောင်မို့ မတိုက်ရမှာလဲ။ အဲဒီဘက်တာဝန်ကျတဲ့ စစ်သား တွေမှန်သမျှအားလုံး တိုက်ရတာချည်းပဲ”
“မသေကောင်း မပျောက်ကောင်းဟယ်”
“နင့်မှာ အန္တရာယ်ကင်းတဲ့ အဆောင်အယောင်လေးတွေ မရှိဘူးလား။ ချိုးအမြုတေလို၊ ဝက်စွယ်ကင်းပိတ်လိုမျိုးပေါ့ဟာ”
“အဲဒါ-အပိုတွေပါဟာ။ တကယ် စမ်းကြည့်တော့လည်း ပြော
သလောက် မဟုတ်ပါဘူး”
“ဒါက -ယုံကြည်မှုလည်း လိုတယ်ကွ”
ကျွန်တော်တို့နှစ်ယောက် စကားလက်ဆုံကြနေစဉ်မှာ မြင့်မြင့်စိုး အဖေ ဦးမြစိုးဝင်လာပြီး စကားစလိုက်ပါတယ်။

“မင်းတို့ စစ်သားတွေပြောရတာ တော်တော်တော့ လက်ပေါက်ကတ်
တယ်ကွ။ ငါက အစပေါ့လေ။ တို့ – ဂျပန်တော်လှန်တုန်းက ငါ့အမေက သူ့ ထဘီစကို ငါ့လက်မောင်းမှာ ချည်ပေးတယ်။ ထဘီစကြီးဆိုတော့ စိတ်က မသန့်ဘူးပေါ့ကွာ။ ဒါပေမဲ့- မွေးထုတ်ထားတဲ့ အမေဆိုတော့လည်း မလွန် ဆန်ရဲဘူးကွ။ အဲဒါကြီး လက်မောင်းမှာပတ်ပြီး ပထမဦးဆုံး တိုက်ရတာ စစ်တောင်းတိုက်ပွဲပဲ။ နာမည်ကြီး တိုက်ပွဲနော်။ ကျည်ဆန်တွေဆိုတာ ငါ့ ပတ်ဝန်းကျင် တစ်ထွာတစ်မိုက်လောက်က တရွှီးရွှီးပေါ့။ ငါ့တပ်စိတ်က တော်လှန်ရေး ရဲဘော်တွေကို တစ်ယောက်ပြီးတစ်ယောက် ဖုတ်ခနဲ ဖုတ်ခနဲ သေကုန်တာ ငါတစ်ယောက်ပဲ ကျန်တယ်”
ဦးမြစိုးဟာ စကားစပြတ်ပြီး စားပွဲပေါ်တင်ထားတဲ့ အအေးဖန်ခွက်ထဲ ကို ကျွန်တော့်ရှေ့တိုးပေးပြီး သောက်ခိုင်းပါတယ်။
“အေး – အဲဒီတိုက်ပွဲတစ်ပွဲထဲနဲ့ ငါ့လက်မောင်းက အမေ့အထက်ဆင်စ ဟာ ငါ့ရဲ့ကျည်လွဲအဆောင်အဖြစ် စွဲစွဲမြဲမြဲယုံကြည်ပြီး တိုက်လာလိုက်တဲ့ တိုက်ပွဲပေါင်းမနည်းဘူး။ ငါ- ဘာမှမဖြစ်ဘဲ အသက်ရှင်လျက်နဲ့ မော်ကွန်း ဝင်ဖြစ်တာ မင်းတို့ လက်တွေ့ပဲလေ”
“အဖေ – သမီး ပြောမယ်။ ဘိုကြီးလည်း ငါပြောတာ လက်ခံပါဟာ” မြင့်မြင့်စိုး ဘာပြောတော့မယ်ဆိုတာ ကျွန်တော် ကြိုသိနေပါတယ်။ ဝတ်ရုံနီဆာဒူးကြီးနဲ့ အစပျိုးထားတာကြောင့်ပဲ ဖြစ်ပါတယ်။
“အဖေ-ဘိုကြီးဟာ သမီးရဲ့အချစ်ဆုံး သူငယ်ချင်းပါ။ သူတို့ဘက်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်တယ်။ အဲဒါကြောင့် ဘိုးတော်ဆီမှာ ဘိုကြီးကို အပ်ပေးလိုက်ပါနော်”
“ကြာပါတယ်ကွာ- အဲဒီတော့ ဒီလိုလုပ်၊ မင်း ဒီနေ့ပဲ ဒိုက်ဦးကိုသွား၊ ဒိုက်ဦးရေး သစ်သီးတန်းမှာ ရရာအသီး ဘာသီးပဲဖြစ်ဖြစ်ကွ။ အစိမ်းသီး စိမ်းချင်သလောက် စိမ်းပါစေကွာ ဝယ်လာခဲ့”
ဘကြီးမြစိုးဟာ ကျွန်တော်သာမက ကျွန်တော့်မိဘ ကျွန်တော့် ရပ်ရွာက ရိုလေလေးစားရတဲ့ ရပ်မိရပ်ဖတစ်ဦး ဖြစ်ပါတယ်။ လွတ်လပ်ရေး

စကြိုးပမ်းမှု လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု တိုက်ပွဲ တွေ တိုက်ခဲ့ရုံသာမက ကျွန်တော်တို့ရွာရဲ့ ကာကွယ်ရေးဗိုလ်တစ်ယောက် လည်းဖြစ်တာကြောင့် အပြည့်အဝယုံကြည်မှုမရှိသော်လည်း စိတ်ချမ်းသာ စေဖို့ ခိုင်းစေတဲ့အတိုင်း ဒိုက်ဦးဈေးက သင်္ဘောသီး အစိမ်းကြီးတစ်လုံး အားချင်းပြေးဝယ်ပြီး ပေးလိုက်ပါတယ်။
သူငယ်ချင်း မြင့်မြင့်စိုးဟာ သူ့အဖေလက်ထဲက သင်္ဘောသီးစိမ်းကြီးကို လက်ခံယူ ရေစင်အောင် ဆေး၊ သန့်စင်တဲ့ ပန်းကန်ပြားတစ်ချပ်ပေါ်တင်ပြီး ဝတ်ရုံနီဝတ် ဘိုးတော်ဆာဒူးကြီးပုံတော်ကားချပ် ရှေ့စားပွဲတင်ပေးလိုက် ပါတယ်။
“အဖေ-ရပြီ”
“ရပြီဆိုရင် ဘိုကြီး – လာ”
ဘကြီးမြစိုး ကျွန်တော့်ကိုခေါ်ပြီး ဝတ်ရုံနီ ဆာဒူးပုံတော်ကြီးရှေ့မတ် တတ်ရပ်အနေအထားနဲ့ လက်အုပ်ချီခိုင်းထားပါတယ်။
ဗမာလူမျိုးစစ်စစ် ကျွန်တော့်စိတ်ထဲမှာ ဘာသာကွဲ လူမျိုးကွဲ ပုဂ္ဂိုလ် တစ်ဦးရဲ့ရှေ့မှာ လက်အုပ်ချီ အရိုအသေပြုရတာ စိတ်မသန့် ဆန္ဒမရှိ ဖြစ်ရ ပါတယ်။
ဘကြီးမြစိုး ပြောဆိုနေတဲ့ စကားဆိုလိုရင်းကတော့ ကျွန်တော့် ခန္ဓာ ကိုယ်ကို အပ်နှံပါကြောင်း တပည့်လက်သား သားသမီးနဲ့မခြား လက်ခံပေး စေလိုပါကြောင်း ဘေးအန္တရာယ်အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက် ပေးပါရန် ဖြစ်ပါတယ်။ အမှုကိစ္စဆောင်ရွက်ပြီး ကျွန်တော့်ကို “ကဲ- ဒါပါ ပဲကွာ၊ မင်းလည်း ကြားပြီးသား ထပ်ပြောစရာမလိုတော့ သိဒ္ဓိမြောက်သွားပြီ။ မြောက်ပြီဆိုရင် ထူးခြားမှုတွေ မင်း တအံ့တဩ မြင်တွေ့ရလိမ့်မယ်” “ဟဲ့- သူငယ်ချင်း ဘိုကြီး၊ နင် ဆက်ဆက်ပြန်လာခဲ့နော်”
“အေးပါဟာ”

ချိန်းဆိုတဲ့အတိုင်း သုံးရက်မြောက် ညနေဘက် ကျွန်တော် သွားပါ တယ်။ ရောက်ရောက်ချင်းပဲ “နင်ကတော့ သိဒ္ဓိမြောက်သွားပြီ”လို့ ပြုံးပြုံး ရွှင်ရွှင်နဲ့ ပြောဆိုပြီး ဝတ်ရုံနီဘိုးတော်ဆီ ခေါ်မသွားဘဲထမင်းစားခန်းထဲ ခေါ် သွားပါတယ်။ အမယ်စုံလှတဲ့ ဟင်းလျာတွေထဲကမှ ငယ်စဉ်က လျှာအရင်း မြက်ခဲ့လိုက်ပါတယ်။
“နင် – ဘိုးတော် အခန်းရောက်ရင် သိပ်အံ့ဩသွားမယ်” “ပြီးပြီလားဟေ့ – ပြီးရင် လွှတ်လိုက်”
သားအဖနှစ်ယောက် အပြန်အလှန်ပြောဆိုအပြီး ကျွန်တော် လက်စ
သတ်လိုက်ပါတယ်။
“ဟယ် – မချစ်စုသရက်သီး သိပ်ချိုတာပဲ စားဦး” “နောက်ပြီးတော့မှ စားမယ်ဟာ၊ သွားမယ် – လာ နင်ပါလိုက်ခဲ့”
ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ဝတ်ရုံနီဘိုးတော် ဆာဒူးကြီး အခန်းဆောင်ကို သွားပါတယ်။ မြစိမ်းရောင်သင်္ဘောသီးကြီးဟာ ရွှေတုံး ရွှေခဲကြီးလို ဝင်းဝါနေတဲ့ မြင်ကွင်းကြောင့် ကျွန်တော့် ပါးစပ်ဟငေးမောနေ မိပါတယ်။
“မင်း- သိဒ္ဓိမြောက်သွားပြီကွ။ မင်းတို့ တပည့်သားအနေနဲ့ လက်ခံ လိုက်ပြီ။ ငါပြောတာဟုတ်မဟုတ်တိုက်ပွဲတစ်ပွဲလောက်တိုးပြီးရင် သဘော ပေါက်သွားမှာပါ။ ဖြစ်နိုင်ရင်တော့ တို့ မိသားစုလိုမျိုး အဆောင်အယောင်နဲ့ ကိုးကွယ်စေချင်တာပေါ့ကွာ။ မဖြစ်နိုင်ဘူးဆိုရင်လည်းပဲ ခေါင်းထဲမှာတော့ အမြဲထည့်ထားမှ၊ အသက်ဘေးနဲ့ကြုံရင် ဘိုးတော်ကို တ,လိုက်၊ အဲဒါတော့ မမေ့နဲ့”
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပါတယ်။

ကျွန်တော် လက်ရှိကြုံတွေ့နေရတဲ့ နေ့ရက်ဟာ (၁၉၈၀) ပြည့်နှစ်ရဲ့ မေလကုန် မိုးကြိုကာလပါ။ လွန်ခဲ့တဲ့ (၁၉၇၈) ခုနှစ်၊ မိုးလယ်ကာလဖြစ်စဉ် ဟာ ကျွန်တော့်ရင် ကျွန်တော့်ခေါင်းထဲမှာ မရှိတော့ပါဘူး။
တစ်နှစ်ခွဲ နှစ်နှစ်အတွင်း ကြုံတွေ့ရတဲ့ တိုက်ပွဲများမှာ ဝတ်ရုံနီအိန္ဒိယ ဆာဒူးဘိုးတော်ကြီးကို မတမ်းတခဲ့ကြောင်း ရိုးသားပွင့်လင်းစွာ ဝန်ခံပါရစေ။ ကျွန်တော် သေကံမရောက် သက်မပျောက်တဲ့ အချိန်ကာလလည်း ဖြစ်တန် ကောင်းပါတယ်။
အကယ်၍သာ ..
မူလစီမံချက်အတိုင်း အချိန်ကိုက် နာရီကိုက် ချီတက်သွားလာခဲ့သည်။ သို့သော် – ကျွန်တော် တစ်ယောက်တည်း အသက်ဆုံးရှုံးရမှာ မဟုတ်ဘဲ ကျွန်တော် ဦးစီးတပ်ခွဲရုံးနဲ့ တပ်စုတစ်စုလုံး အင်အားလေးဆယ်ရဲ့အသက် ဇီဝိန်ပါ ဆုံးရှုံးသွားမှာပါ။
ကျွန်တော်တို့တစ်တွေရဲ့ အသက်ကို ကယ်တင်လိုက်တဲ့ ကျေးဇူးရှင် ဟာ ရေဆိပ်မှာ မိုင်းလာထောင်တဲ့ ရန်သူနှစ်ယောက်ရဲ့ အချိန်ကြန့်ကြာမှု မဟုတ်အချိန်ပြုန်းတီးမှုကြောင့်မဟုတ်ဘဲ ဝတ်ရုံနီ ဆာဒူးဘိုးတော်ကြီးရဲ့ ကျေးဇူးကြောင့်ဆိုတာတော့ ကျွန်တော့် ရဲဘော်တွေကို မုသားကင်းစင်စွာနဲ့ ပြောပြလိုက်ပါတယ်။
> ရှစ်ခွင်ကျော် (ဖောင်တော်သီ)

Zawgyi Version

၀တ္႐ုံနီ ကယ္တင္ရွင္(စ/ဆုံး)
———————————–
“ေဟ့ေကာင္ႀကီး-ထ-ထ-ထစမ္း”
ကြၽန္ေတာ့္ကို ရင့္သီးတဲ့ အသုံးအႏႈန္းနဲ႔ ရင္ဘတ္ကို လက္နဲ႔ဖိလႈပ္ႏႈိး တာ။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ့္ကို အမိန႔္ေပးေစခိုင္းႏိုင္သူ အႀကီးအကဲ တစ္ဦးတစ္ေယာက္မွမရွိပါဘဲ ဒီလိုမ်ိဳးဆက္ဆံတာေၾကာင့္ စိတ္ေဒါသနဲ႔ ေငါက္ခနဲ ထထိုင္လိုက္ပါတယ္။ “ငါပါကြ-အဘပါ”
ကြၽန္ေတာ္ အိပ္မက္ မက္ေနျခင္း မဟုတ္ပါ။ ကြၽန္ေတာ္ တကယ္ပဲ အိပ္ရာက ႏႈိးထၿပီး မ်က္ဝါးထင္ထင္ ေတြ႕ ျမင္ေနရျခင္း ျဖစ္ပါတယ္။ ကြၽန္ ေတာ့္ တစ္ေယာက္အိပ္ ဝါးခုတင္ေလးေပၚ တစ္ျခမ္းတင္၊ ႐ႊန္းလဲ့ေသာ အၿပဳံး ၾကည္လင္ေတာက္ပတဲ့ မ်က္လုံးနဲ႔ ၾကည့္ေနသူကေတာ့ ေကာက္ ေကြးတြန႔္လိမ္ေနတဲ့ ဆံပင္ဘုတ္သိုက္ဝတ္႐ုံနီႀကီးကို ဝတ္ဆင္ထားတဲ့ အိႏၵိယႏြယ္ ဆာဒူးႀကီးတစ္ေယာက္ပါပဲ။

“မင္း – ဒီေန႔သြားမယ့္ ခရီးစဥ္ကို ဖ်က္သိမ္းလိုက္ပါ။ အဘေျပာတာ နားေထာင္ပါ။ မင္းေရာ မင္းတပည့္ေတြရဲ႕အသက္အႏၲရာယ္စိုးရိမ္လို႔ အဘ လာသတိေပးတာပါ”
ဆာဒူးပုဂၢိဳလ္ႀကီးဟာ စကားစျပတ္သြားတာနဲ႔ ျမင္ကြင္းက ေပ်ာက္ ကြယ္သြားတယ္ဆိုရင္ပဲ ကြၽန္ေတာ္လည္း သတိလက္လြတ္ ေမွးခနဲ အိပ္ ေပ်ာ္သြားပါတယ္။ မိနစ္ပိုင္းေလာက္ပဲ ရွိမွာပါ။
“ဗိုလ္ႀကီး – ထေတာ့ ေလးနာရီခြဲၿပီ”
တာဝန္က်ကင္းရဲေဘာ္ ကြၽန္ေတာ့္ကို လာႏႈိးပါတယ္။ “မင္း – ငါနဲ႔ လိုက္ခဲ့စမ္း”
ကြၽန္ေတာ္ ကင္းရဲေဘာ္ကိုေျပာရင္း လက္ႏွိပ္ဓာတ္မီးယူၿပီး စခန္းထဲ မွာ အႀကိဳအၾကားမက်န္ လက္ႏွိပ္ဓာတ္မီး တဝင္းဝင္းနဲ႔ လိုက္ရွာပါတယ္။ ဝတ္႐ုံနီဆာဒူးႀကီးကို ေတြ႕လိုေတြ႕ ျငား ရွာႀကံျခင္းပါ။ ဘယ္မွာမွ ရွာမေတြ႕ တဲ့အဆုံး မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရျခင္းကိုေတာင္မွ ဟုတ္မွဟုတ္ပါေလ စလို႔ သံသယ ဝင္မိပါတယ္။
ကြၽန္ေတာ့္ ႏွစ္ဖက္မိဘေဆြမ်ိဳးအသိုင္းအဝိုင္းထဲမွာ အိႏၵိယႏြယ္ဖြား တစ္ေယာက္မွ ေသြးေႏွာျခင္းမရွိပါဘူး။ ဘာေၾကာင့္ ကြၽန္ေတာ္နဲ႔ ဆာဒူး ပုဂၢိဳလ္ႀကီးနဲ႔ ပတ္သက္ေနရလည္း ကြၽန္ေတာ္စဥ္းစားလို႔မရပါ။ တစ္ခုတည္း ေသာ စဥ္းစားလို႔ရတဲ့ အေျဖကေတာ့ ကြၽန္ေတာ့္ အက်ိဳးစီးပြားပ်က္စီးရာ ပ်က္စီးေၾကာင္း မျဖစ္တန္ရာပါ။ ကြၽန္ေတာ္ ယုံၾကည္စြာနဲ႔ လက္ခံရေတာ့ မွာပါ။ သို႔ေသာ္ …
ကြာ”
“ငါ့ကို- ဘိုးေတာ္တစ္ပါးက ဒီေန႔ ခရီးစဥ္ဖ်က္ပစ္ဖို႔ အိပ္မက္ေပးတယ္
ဆိုတဲ့စကားလုံးကို ကြၽန္ေတာ္ စစ္ဗိုလ္တစ္ေယာက္ရဲ႕ ႏႈတ္ဖ်ားမွ ထြက္ဝံ့ပါမလား ခင္ဗ်ာ။

“တပ္ခြဲမႉး ဦးစီးတပ္စုဝမ္႐ုန္ ေတာင္ယာဘက္ ေအာင္ေျမခ်ဲ႕သတင္း စုံစမ္းတိုက္ကင္းထြက္ပါ”
မေန႔ညေနက ေရွ႕တန္းဌာနခ်ဳပ္ ဝမ္တာပင္စခန္းကပို႔တဲ့ ေၾကးနန္းပါ ၫြန္ၾကားခ်က္ ေၾကးနန္းအရ ကြၽန္ေတာ္နဲ႔ တပ္စုတစ္စု မနက္စာ စီစဥ္ၿပီး ေလးနာရီခြဲအသင့္ မနက္ငါးနာရီတိတိမွာ စထြက္ဖို႔ ႏႈတ္မိန႔္ေပးထားၿပီး ျဖစ္ပါတယ္။ တစ္စုလုံး အဆင္သင့္ျဖစ္ေသာ္ျငား အသင့္မျဖစ္ေသးတာက ေတာ့ ကြၽန္ေတာ္တစ္ေယာက္ထဲပါ။
ကြၽန္ေတာ္ မျဖစ္မေန ထမ္းေဆာင္ရမယ့္ တာဝန္ျဖစ္လို႔ အခ်ိန္ယူၿပီး ေျမပုံဖတ္လမ္းေၾကာင္း ေ႐ြးေနပါတယ္။
ကြၽန္ေတာ္တို႔တပ္ရင္း တပ္ျဖန႔္ပုံ အေနအထားအရ ေရွ႕တန္း႐ုံးကို က်ိဳင္းတုံၿမိဳ႕အေရွ႕ေျမာက္ဘက္ မိုင္သုံးဆယ္ေက်ာ္ခန႔္အကြာ ဝမ္တာပင္းမွာ လႈပ္ရွားတပ္ခြဲႏွစ္ခြဲနဲ႔ အေျချပဳၿပီး ဝမ္ညႇပ္မွာ တစ္ခြဲ၊ ဝမ္႐ုန္႐ြာႀကီးမွာ တစ္ခြဲေခၚတဲ့ လြယ္ဆစ္ေဆာင္ေတာင္ေၾကာေပၚမွာ အေျချပဳထားပါတယ္။ ကြၽန္ေတာ့္စခန္းရဲ႕အေနာက္ဘက္ငါးမိုင္အကြာ ရန္သူ မၾကာခဏ သြား လာလႈပ္ရွားတဲ့ ဝမ္႐ုန္ေတာင္ယာတဲစု ရွိပါတယ္။ သြားေနက် လမ္းအတိုင္း သြားလာလႈပ္ရွားမႈ အႀကိမ္မ်ားလာရင္ ခ်ဳံခိုတိုက္ခိုက္ခံရႏိုင္ပါတယ္။ လယ္ ယာဘက္လမ္းျဖစ္တဲ့ နမ့္ေလြေခ်ာင္းဘက္ကေကြ႕ေကာက္ၿပီး ေတာင္တက္ ေတာင္ဆင္းလမ္းအတိုင္းသြားရင္ အခ်ိန္ကုန္ ခရီးၾကမ္း လူပန္းမွာျဖစ္ေပ မယ့္ ရန္သူနဲ႔တိုးရင္ေတာင္ အရႈံးအႏိုင္ဟာ သူ႔ဘက္ ကိုယ့္ဘက္ ငါးဆယ္ ရာခိုင္ႏႈန္းဆီရွိလို႔ ညာဘက္လမ္းကိုပဲ ေ႐ြးခ်ယ္လိုက္ပါတယ္။ “ဗိုလ္ႀကီး- ေျခာက္နာရီေတာင္ ထိုးေနၿပီ”
ကြၽန္ေတာ့္ကို သတင္းပို႔တဲ့ တပ္စုတပ္ၾကပ္ႀကီးလွတင္တို႔ လူစုခိုင္းၿပီး ေျပာင္းလဲလိုက္တဲ့ခရီးစဥ္ စီမံခ်က္ကို အေသးစိတ္ရွင္းလင္းၿပီး ႏႈတ္မိန႔္
ေပးပါတယ္။
“အားလုံး “ ရွင္းလား” “ရွင္းတယ္” “ရွင္းရင္ – ဆက္လုပ္”

ကြၽန္ေတာ့္ႏႈတ္မိန႔္အဆုံး တပ္စုတပ္ၾကပ္ႀကီးလွတင္ဟာ တပ္စိတ္ (၃၊ ၁၊ ၂) အလွည့္က် ေရွ႕ထြက္ဆြဲၿပီး ခရီးစထြက္ပါတယ္။
“ဝုန္း”
“ဒိုင္း-ဒိုင္း-ေဝါ-ေဝါ”
“ဗိုလ္ႀကီး – ေရဆိပ္ဘက္က”
ေရဆိပ္ဘက္ကမွန္း ေသနတ္သံေတြဟာ ကြၽန္ေတာ္တို႔ဘက္ကမွန္း အေတြ႕အႀကဳံအရကြၽန္ေတာ္ ခန႔္မွန္းၿပီးသားပါ။ ဝုန္းဆိုတဲ့မိုင္းကြဲသံကေတာ့ ေရကင္းယူဖို႔သြားတဲ့ ကြၽန္ေတာ့္ရဲေဘာ္ေတြပဲ ျဖစ္မွာပါဆိုတဲ့ ေသခ်ာေပါက္ တြက္ကိန္းနဲ႔ ပြိဳင့္တပ္စိတ္ကိုေခၚၿပီး ကြၽန္ေတာ္ကိုယ္တိုင္ ေရဆိပ္ကို ဆင္း ရွင္းပါတယ္။
ေရဆိပ္ေရာက္တဲ့အခါ ျမင္ရတဲ့ျမင္ကြင္းကေတာ့ ျဖစ္ေလ့ျဖစ္ထရွိတဲ့ သေဘာနဲ႔ တြက္ကိန္းလြဲေခ်ာ္ေနပါတယ္။ ေရဆိပ္ကို မိုင္းလာေထာင္တဲ့ ရန္သူႏွစ္ေယာက္ကို ေရကင္းအဖြဲ႕က အရင္ေတြ႕လက္ဦးမႈယူၿပီး ေသနတ္ နဲ႔ ခ်ိန္႐ြယ္အရွင္ဖမ္းဆီးဖို႔အလုပ္မွာ ရန္သူဟာေၾကာက္လန႔္ၿပီး ေပါက္ကြဲ ခလုတ္ႏွိပ္မိရာက ကိုယ့္မိုင္းနဲ႔ကိုယ္ တစ္ေယာက္က ေနရာတင္ပြဲခ်င္းၿပီး ေသဆုံးၿပီး က်န္တစ္ေယာက္ကေတာ့ သူ႔ ျပစ္ကိုယ့္ျပစ္နဲ႔ ဒဏ္ရာရသြားျခင္း ပါ။ ဘာစစ္ဗ်ဴဟာမွ မသုံးလိုက္ရတဲ့ ကြၽန္ေတာ့္တပ္ခြဲရဲ႕အျမတ္အစြန္းပါပဲ။
ျဖစ္စဥ္အေျခအေန အေသးစိတ္တို႔ ေရွ႕တန္းဌာနခ်ဳပ္ကို သတင္းပို႔ ရန္သူ႔အေလာင္းကို ေျမျမႇဳပ္၊ ဒဏ္ရာရရန္သူနဲ႔ လက္နက္ႏွစ္လက္ကို ေရွ႕ တန္းဌာနခ်ဳပ္ကိုပို႔ဖို႔ ေနာက္ခ်န္တပ္စုႏွစ္စုကို တာဝန္ခြဲေဝၿပီး ခရီးစထြက္ ခ်ိန္မွာေတာ့ မနက္ (၈)နာရီ ထိုးေနပါၿပီ။
အခ်ိန္ေစာတာ အခ်ိန္တိက်တာ ေနရာတိုင္းမွာ အေကာင္းဘက္ကို ဦးတည္ျခင္းမရွိတာကိုေတာ့ ကြၽန္ေတာ္ လက္ေတြ႕ခံစားလိုက္ရျခင္းပါ။ ဝတ္႐ုံနီဆာဒူးဘိုးေတာ္ႀကီးေၾကာင့္ ဆိုတာကိုေတာ့ ဘယ္ရဲေဘာ္ ကိုမွ ဖြင့္ဟေျပာဆိုျခင္းမရွိဘဲ ကြၽန္ေတာ့္ရင္ထဲမွာပဲ သိုဝွက္ထားပါတယ္။

ေတာတိုး၊ ေတာင္တက္ လမ္းရွင္းရတဲ့အခ်ိန္ ၾကန႔္ၾကာမႈေတြေၾကာင့္ ရည္မွန္းခ်က္ျဖစ္တဲ့ ဝမ္႐ုန္ေတာင္ယာတဲစုကို ေန႔လယ္တစ္နာရီမွ ဆိုက္ ေရာက္ပါတယ္။
ေရာက္ေရာက္ခ်င္း ကြၽန္ေတာ္တို႔ အမာခံသတင္းေပးဆီက ရန္သူ႔ သတင္း ရရွိပါတယ္။ အမာခံဆိုေသာ္ျငား ရန္သူေသနတ္ေျပာင္းဖ်ားမွာ အသက္ရွင္သန္ခြင့္ ရေနတဲ့အတြက္ ဘူးကြယ္ ျငင္းဆိုပါေသးတယ္။ ခ်က္ျပဳတ္စားေသာက္တဲ့ မီးဖိုေျခရာ ျပန႔္က်ဲေနတဲ့ ေဆးလိပ္တို သဲလြန္စေတြကို ၫြန္ျပၿပီး ..
“အိုင္ေဆး – ေခါင္းေဆာင္ ဘယ္သူလဲ။ အင္အား ဘယ္ေလာက္လဲ။ ဘာလက္နက္ေတြပါလဲ။ ဘာလုပ္တာလဲ။ ဘယ္ဘက္ကို ထြက္သြားလဲ” ဘငါးလုံးနဲ႔ ကြၽန္ေတာ္ ေမးခြန္းထုတ္လိုက္တဲ့အခါ ျငင္းဆိုႏိုင္ျခင္းမရွိ
ေတာ့ပါဘူး။
“ဗိုလ္လုံ”
“ေျပာ – အိုင္ေဆး”
“ကြၽန္ေတာ္ ေျပာတယ္လို႔ေတာ့ မေျပာနဲ႔ေနာ္”
“ငါ – အဲလိုေျပာရင္ မင္း – အသတ္ခံရမွာေပါ့။ စိတ္ခ် – ဘယ္သူမွ မသိ ေစရဘူး၊ ကဲ-ေျပာ”
ကြၽန္ေတာ့္ ႏႈတ္ကတိအရ အိုက္ေဆးေျပာျပတာက အိုက္ျမင့္ ဦးစီး အင္အားတစ္ရာေက်ာ္၊ လက္နက္ႀကီးငယ္ အျပည့္အစုံနဲ႔ မနက္ (၈)နာရီ ေရာက္ရွိ ေခတၱစခန္းခ် ခ်က္ျပဳတ္စားေသာက္ၿပီး ေန႔လယ္ (၁၂)နာရီ ေလာက္ အေရွ႕ဘက္ျဖစ္တဲ့ ကြၽန္ေတာ္တို႔စခန္းဘက္ကို ထြက္ခြာသြား ေၾကာင္း သတင္းရရွိပါတယ္။
ဝတ္႐ုံနီ ဆာဒူးဘိုးေတာ္ႀကီးက ကြၽန္ေတာ္နဲ႔တကြ ရဲေဘာ္ေတြနဲ႔ အသက္ကို ကယ္တင္လိုက္ျခင္းဆိုတာေတာ့ ကြၽန္ေတာ္မွအပ ကြၽန္ေတာ့္ ရဲေဘာ္ေတြ မသိရွာၾကပါဘူး။
မနက္ (၈)နာရီဆိုတာ ဝမ္႐ုန္ေတာင္ယာတဲစုကို ကြၽန္ေတာ့္တပ္စု ပုံမွန္ေရာက္ရွိရမယ့္ အခ်ိန္ပါ။ အကယ္၍ လမ္းခုလတ္မွာ အတက္အဆင္း

ေၾကာင့္ အနားေပးတဲ့ တစ္နာရီမရွိခဲ့ဘဲ အခ်ိန္တစ္နာရီေစာၿပီး ေရာက္မယ္ ဆိုပါက ကြၽန္ေတာ့္တပ္စုတစ္စုလုံး ျပဳတ္မွာပါ။ ဘာေၾကာင့္ဆို ကြၽန္ေတာ္ တပ္စုေတာင္ယာတဲစုကို ခ်ဥ္းကပ္ခ်ီတက္ရာ လမ္းေၾကာင္းက မတ္ေစာက္ တဲ့ေတာင္ကုန္းကို ေမာ့လွန္တက္ရလို႔ပဲ ျဖစ္ပါတယ္။
ကြၽန္ေတာ့္တပ္စု ေန႔လယ္စာကို အခ်ိန္လုစားေသာက္ၿပီး ေန႔လယ္ ႏွစ္နာရီတိတိမွာ ပုံမွန္သုံးေနက်လမ္းက အေျချပဳရာစခန္းကို ျပန္လာပါ တယ္။
အျပန္ခရီးရယ္လို႔ ေပါ့ေပါ့တန္တန္ သေဘာမထားဘဲ ေသေသခ်ာခ်ာ ရွင္းလင္းၿပီးမွ ခ်ီတက္ျခင္းပါ။ ဘာေၾကာင့္ဆို ဝမ္႐ုန္ေတာင္ယာတဲစုက ဆုတ္ခြာသြားတဲ့ ရန္သူ႔အင္အားတစ္ရာေက်ာ္ရဲ႕ ေျခရာေတြဟာ ကြၽန္ေတာ္ တို႔အျပန္လမ္းမွာ ျမင္ေတြ႕ေနရတာေၾကာင့္ပါ။
တယ္”
“ဗိုလ္ႀကီး-ေရွ႕မွာ ေျခရာေတြဆိုင္ၿပီး ေျမာက္ဘက္ကို ေပါင္းသြား
ဟုတ္ပါတယ္- ေျမာက္ဘက္ဆိုေတာ့ ဝမ္ထန္၊ ဝမ္ေနာင္ႀကီး၊ ဝမ္ေတြ ဟုတ္ ရန္သူေျခကုပ္ထားတဲ့ စခန္းေတြဘက္ကို ေပါင္းစည္းဆုတ္ခြာသြား ျခင္းပါ။
အခ်ိန္နဲ႔ အကြာအေဝးအေနအထားအရကြၽန္ေတာ္တို႔လြယ္စစ္ေဆာင္ စခန္းနဲ႔ နာရီဝက္သာသာ တစ္မိုင္ေက်ာ္ေလာက္ပဲ ရွိမွာပါ။ ကြၽန္ေတာ္ စဥ္းစားၾကည့္တာက ကြၽန္ေတာ္တို႔ဘက္ မ်က္ႏွာခ်င္းဆိုင္လာတဲ့ ေျခရာ ေတြက အင္အားတစ္ရာေလာက္ပဲ ရွိမွာပါ။ ဘယ္က ျပန္လာတဲ့ေျခရာေတြ လည္း ေရဆိပ္မွာ မိုင္းလာေထာင္တဲ့ ႏွစ္ေယာက္ဟာ သင္းတို႔နဲ႔ တစ္ဖြဲ႕ တည္းလား။

“ဗိုလ္ႀကီး – ပြိဳင့္တပ္စိတ္မႉး အခ်က္ျပေနတယ္”
ရန္သူႏွစ္ဖြဲ႕ေပါင္းၿပီး ဆုတ္ခြာရာ လမ္းဆုံက ဆယ့္ငါးမိနစ္ေလာက္ ခ်ီတက္ၿပီးစမွာ ေတာင္ေၾကာေပၚတက္ရွင္းတဲ့ တပ္စိတ္မႉးဆီက ျမင္သာတဲ့ ေနရာမွာရပ္ၿပီး တပ္စုတစ္စုလုံး ေတာင္ေၾကာေပၚကတက္လာဖို႔ စစ္ေျမျပင္ အခ်က္ျပနည္းနဲ႔ ျပေခၚလို႔ ကြၽန္ေတာ္ တစ္စုလုံး လမ္းေၾကာင္းေျပာင္းလိုက္
ပါတယ္။

ေျခရာေတြသေဘာက ဆုတ္ခြာသြားၿပီဆိုတဲ့သေဘာနဲ႔ လွည့္စားျခင္း မ်ိဳး ျဖစ္ႏိုင္သလို ေပါ့ေပါ့တန္တန္သြားမယ့္ ကြၽန္ေတာ္တို႔ကို အပိုင္ခ်ဳံခိုတိုက္ မယ့္ ေနာက္ခ်န္အဖြဲ႕လည္း ရွိတန္ေကာင္းပါတယ္။ သတိဆိုတာ ပိုတယ္ မရွိပါဘူး။
“ပစ္က်င္းေတြ အမ်ားႀကီးပဲ- ဗိုလ္ႀကီး”

မွန္ပါတယ္။ အင္အားတစ္ရာေက်ာ္ ျဖန႔္ခြဲေနရာယူထားတဲ့ ပစ္က်င္း ေတြပါ။ မေန႔ညေနက ႏႈတ္မိန႔္ေပးထားတဲ့ စီမံခ်က္အတိုင္း အခ်ိန္ကိုက္ ခ်ီတက္လို႔ကေတာ့ ကြၽန္ေတာ့္ဘက္က ရာႏႈန္းျပည့္အရႈံးနဲ႔ ရင္ဆိုင္ရမွာပါ။
ကြၽန္ေတာ့္ရဲ႕ အေျချပဳစခန္းကို အျပန္လမ္းဟာ ေသမင္းခံတြင္းက ထြက္လာရတဲ့လမ္းပါ။ ကြၽန္ေတာ္ ေက်းဇူးတင္ရမွာက ေရဆိပ္မွာ မိုင္းလာ ေထာင္တဲ့ႏွစ္ေယာက္ကိုလား။ သူတို႔ေၾကာင့္ ကြၽန္ေတာ္ အခ်ိန္ႏွစ္နာရီ ေလာက္ ကုန္ဆုံးခဲ့ရတာေၾကာင့္ပါ။
ေနာက္ထပ္ေက်းဇူးတင္ရမွာက ဝတ္႐ုံနီဆာဒူးႀကီးကိုပဲလား။
ကြၽန္ေတာ္ ညဆယ့္တစ္နာရီထိုးၿပီးသည္ထိ အိပ္မေပ်ာ္ပါ။ ကြၽန္ေတာ္ နဲ႔ ဝတ္႐ုံနီဘိုးေတာ္ႀကီး ဘယ္မွာဆုံဖူးသလဲ။ ကြၽန္ေတာ္နဲ႔ ဘယ္လိုပတ္ သက္သလဲ …။ အျပန္အလွန္ေက်းဇူး ဘယ္ဘဝမွာမ်ား ထားဖူးပါလိမ့္ဆိုတဲ့ အေတြးေတြေၾကာင့္ပါပဲ”
“ဗိုလ္ႀကီး-ေၾကးနန္း”
ေရဒီယိုေအာ္ပေရတာ တပ္ၾကပ္လွမင္း လာေပးတဲ့ ေၾကးနန္းကို လက္ႏွိပ္ဓာတ္မီးနဲ႔ ထိုးၾကည့္ၿပီး ဖတ္ပါတယ္။ ကြၽန္ေတာ့္ဆီက ပို႔လိုက္တဲ့ ဒဏ္ရာရရန္သူဟာ ရဟတ္ယာဥ္ေစာင့္ရင္း ေသဆုံးသြားေၾကာင္း အသိေပး အေၾကာင္းၾကားခ်က္ပါ။ ထူးျခားတယ္လို႔ မဆိုႏိုင္ပါဘူး။
ထူးျခားတာက လွမင္းရဲ႕ေခါင္းဘီးနဲ႔ ၿဖီးလို႔မရေအာင္ ေကာက္ေကြးၿပီး ထိုးထိုးေထာင္ေထာင္ အုံဖြဲ႕ေနတာႀကီးရယ္၊ ၿခဳံလႊာေစာင္နီႀကီးရယ္၊ မည္း ေမွာင္ေနတဲ့ အသားအေရရယ္၊ လည္ပင္းမွာ ဆြဲထားတဲ့ စိပ္ပုတီးရယ္ကို ၾကည့္ၿပီး ကြၽန္ေတာ့္ စိတ္အာ႐ုံဟာ ေမြးဇာတိေဖာင္ေတာ္သီကိုေရာက္သြား ပါတယ္။
၁၉၇၈ – ခုႏွစ္ မိုးလယ္ကာလခြင့္ (၁၀)ရက္ရလို႔ ကြၽန္ေတာ့္ ဇာတိ ေဖာင္ေတာ္သီ႐ြာကို ၿပဳံးေပ်ာ္ၾကည္ႏူးစြာနဲ႔ ျပန္ေရာက္ျဖစ္ပါတယ္။
ေဖာင္ေတာ္သီဘူတာ ရထားဆိုက္ဆိုက္ခ်င္း ပထမဦးဆုံး ေတြ႕ဆုံသူ ကေတာ့ ေက်ာင္းေနဖက္သူငယ္ခ်င္း ျမင့္ျမင့္စိုးပါ။ အားရဝမ္းသာနဲ႔ ႀကိဳဆို ၿပီး အိမ္လိုက္ခဲ့ဖို႔ ေခၚပါတယ္။ ကြၽန္ေတာ္ တကယ္ဦးစားေပးေတြ႕ရမယ့္ လူေတြက ကြၽန္ေတာ့္ေဆြမ်ိဳးသားခ်င္းေတြပါ။ ဒါေၾကာင့္ ဘယ္ေန႔ ဘယ္ အခ်ိန္ရယ္လို႔ ကတိမေပးဘဲ ဆက္ဆက္လာခဲ့ပါမယ္လို႔ပဲ ကတိေပးျဖစ္ လိုက္ပါတယ္။
ကြၽန္ေတာ္ တကယ္ေရာက္ျဖစ္တာက တတိယေျမာက္ေန႔ပါ။
သူငယ္ခ်င္းျမင့္ျမင့္စိုးဟာ ၿခံဝထိထြက္ၿပီး လႈိက္လွဲဝမ္းသာစြာနဲ႔ ႀကိဳဆို ၿပီး ဧည့္ခန္းမႀကီးမွာ ေနရာခ်ေပးပါတယ္။ ခန႔္ညားထည္ဝါတဲ့ဧည့္ခန္းမႀကီး ရဲ႕နံရံမွာေတာ့ ဂ်ပန္ေခတ္စစ္ယူနီေဖာင္း အျပည့္အစုံနဲ႔ ႐ိုက္ထားတဲ့ ဘႀကီး ျမစိုး (ေခၚ) ဗိုလ္ဖိုးတိုရဲ႕ ကိုယ္တစ္ပိုင္းပုံ ေမာင့္က်က္သေရေခါင္းေပါင္း၊ တိုက္ပုံအက်ႌ လြတ္လပ္ေရးေမာ္ကြန္းဝင္ ဘြဲ႕ထူးဂုဏ္ထူတံဆိပ္ေတြ လည္ မွာဆြဲၿပီး ေဒၚသန္းသန္းနဲ႔ တြဲ႐ိုက္ထားတဲ့ သူငယ္ခ်င္းျမင့္ျမင့္စိုးရဲ႕ မိဘ ႏွစ္ပါးပုံ၊ ျမင့္ျမင့္စိုး၊ ေဘဘီစိုး၊ လြင္လြင္စိုး၊ ေမာ္လီစိုး ညီအစ္မေလးေယာက္ နဲ႔ မိသားစုပုံႀကီးေတြ ခ်ိတ္ဆြဲထားပါတယ္။
ဧည့္ခန္းမႀကီးနဲ႔ ဆက္စပ္ၿပီး တစ္ျခမ္းဖြင့္ အခန္းဘုရားေက်ာင္းေဆာင္ မွာေတာ့ ေမြးရနံ႔ထုံသင္းၿပီး လွပေဝဆာတဲ့ပန္းေတြ ဝင္းဝါတဲ့ သစ္သီးေတြ ကပ္လႉပူေဇာ္ထားပါတယ္။
ကြၽန္ေတာ္ဟာ အရာရာကို စူးစမ္းေလ့လာတတ္တဲ့ စစ္သားမ်ား မ်က္စိနဲ႔ သီးသန႔္ဖြဲ႕ထားတဲ့အခန္းေတြကို လိုက္ၾကည့္ရင္း ဘုရားခန္းရဲ႕ အျပင္ အခန္းက်ဥ္းေလးထဲမွာေတာ့ ကြၽန္ေတာ္တို႔ ပဲခူးနယ္သားမ်ား ကိုးကြယ္တဲ့ နတ္က႐ိုင္းမယ္ေတာ္ပုံမဟုတ္တဲ့ ဆံပင္ဘုတ္သိုက္၊ ဝတ္႐ုံနီ လည္ပင္း စိပ္ပုတီးေတြဆြဲထားတဲ့ အိႏၵိယႏြယ္ဖြား ဆာဒူးႀကီး။ ျမင့္ျမင့္စိုးတို႔ အေခၚ အိႏၵိယဘိုးေတာ္ပုံႀကီးနဲ႔ ဘိုးေတာ္ကို ဆက္ကပ္တဲ့ သစ္သီးဝလံ ပန္းမန္ေတြ ေဝေဝဆာဆာ ေတြ႕ရပါတယ္။

“နင္ – ျမင္ဖူးလား ဘိုႀကီး”
သူငယ္ခ်င္းျမင့္ျမင့္စိုးဟာ အခ်ိဳရည္ဖန္ခြက္ကိုကိုင္ရင္း ေမးခြန္းထုတ္
“ျမင္ဖူးတယ္ဆို ယုံပါ၊ ေသခ်ာေတာ့ မေလ့လာမိဘူး”
“အဲဒါ- အိႏၵိယဘိုးေတာ္လို႔ ေခၚတယ္။ ယုံၾကည္ရင္ ယုံၾကည္သလို မ,စတယ္၊ ေစာင့္ေရွာက္တယ္၊ ေဘးအႏၲရာယ္ တားဆီးေပးတယ္။ ကဲ- လာပါ သူငယ္ခ်င္းရယ္။ ဧည့္ခန္းထဲမွာ အေအးေသာက္ရင္း နားေထာင္ပါ။ ေျပာျပမယ္”
တယ္။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဧည့္ခန္းထဲမွာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ပါ
“နင္တို႔ ရွမ္းျပည္နယ္အေရွ႕ျခမ္း က်ိဳင္းတုံဘက္မွာ တိုက္ပြဲေတြ ခဏ ခဏ ျဖစ္မွာပဲေနာ္”
“တိုက္ပြဲကေတာ့ ေျပာမေနနဲ႔ ေတာ့ – မတိုက္ရတဲ့ေန႔ဆို စားမဝင္ အိပ္မေပ်ာ္တဲ့ ေရာဂါစြဲမွာေတာင္ စိုးရိမ္ရတယ္”
“နင္လည္း- တိုက္ရတာပဲလား”
“ငါက – ဘာေကာင္မို႔ မတိုက္ရမွာလဲ။ အဲဒီဘက္တာဝန္က်တဲ့ စစ္သား ေတြမွန္သမွ်အားလုံး တိုက္ရတာခ်ည္းပဲ”
“မေသေကာင္း မေပ်ာက္ေကာင္းဟယ္”
“နင့္မွာ အႏၲရာယ္ကင္းတဲ့ အေဆာင္အေယာင္ေလးေတြ မရွိဘူးလား။ ခ်ိဳးအျမဳေတလို၊ ဝက္စြယ္ကင္းပိတ္လိုမ်ိဳးေပါ့ဟာ”
“အဲဒါ-အပိုေတြပါဟာ။ တကယ္ စမ္းၾကည့္ေတာ့လည္း ေျပာ
သေလာက္ မဟုတ္ပါဘူး”
“ဒါက -ယုံၾကည္မႈလည္း လိုတယ္ကြ”
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ စကားလက္ဆုံၾကေနစဥ္မွာ ျမင့္ျမင့္စိုး အေဖ ဦးျမစိုးဝင္လာၿပီး စကားစလိုက္ပါတယ္။

“မင္းတို႔ စစ္သားေတြေျပာရတာ ေတာ္ေတာ္ေတာ့ လက္ေပါက္ကတ္
တယ္ကြ။ ငါက အစေပါ့ေလ။ တို႔ – ဂ်ပန္ေတာ္လွန္တုန္းက ငါ့အေမက သူ႔ ထဘီစကို ငါ့လက္ေမာင္းမွာ ခ်ည္ေပးတယ္။ ထဘီစႀကီးဆိုေတာ့ စိတ္က မသန႔္ဘူးေပါ့ကြာ။ ဒါေပမဲ့- ေမြးထုတ္ထားတဲ့ အေမဆိုေတာ့လည္း မလြန္ ဆန္ရဲဘူးကြ။ အဲဒါႀကီး လက္ေမာင္းမွာပတ္ၿပီး ပထမဦးဆုံး တိုက္ရတာ စစ္ေတာင္းတိုက္ပြဲပဲ။ နာမည္ႀကီး တိုက္ပြဲေနာ္။ က်ည္ဆန္ေတြဆိုတာ ငါ့ ပတ္ဝန္းက်င္ တစ္ထြာတစ္မိုက္ေလာက္က တ႐ႊီး႐ႊီးေပါ့။ ငါ့တပ္စိတ္က ေတာ္လွန္ေရး ရဲေဘာ္ေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ဖုတ္ခနဲ ဖုတ္ခနဲ ေသကုန္တာ ငါတစ္ေယာက္ပဲ က်န္တယ္”
ဦးျမစိုးဟာ စကားစျပတ္ၿပီး စားပြဲေပၚတင္ထားတဲ့ အေအးဖန္ခြက္ထဲ ကို ကြၽန္ေတာ့္ေရွ႕တိုးေပးၿပီး ေသာက္ခိုင္းပါတယ္။
“ေအး – အဲဒီတိုက္ပြဲတစ္ပြဲထဲနဲ႔ ငါ့လက္ေမာင္းက အေမ့အထက္ဆင္စ ဟာ ငါ့ရဲ႕က်ည္လြဲအေဆာင္အျဖစ္ စြဲစြဲၿမဲၿမဲယုံၾကည္ၿပီး တိုက္လာလိုက္တဲ့ တိုက္ပြဲေပါင္းမနည္းဘူး။ ငါ- ဘာမွမျဖစ္ဘဲ အသက္ရွင္လ်က္နဲ႔ ေမာ္ကြန္း ဝင္ျဖစ္တာ မင္းတို႔ လက္ေတြ႕ပဲေလ”
“အေဖ – သမီး ေျပာမယ္။ ဘိုႀကီးလည္း ငါေျပာတာ လက္ခံပါဟာ” ျမင့္ျမင့္စိုး ဘာေျပာေတာ့မယ္ဆိုတာ ကြၽန္ေတာ္ ႀကိဳသိေနပါတယ္။ ဝတ္႐ုံနီဆာဒူးႀကီးနဲ႔ အစပ်ိဳးထားတာေၾကာင့္ပဲ ျဖစ္ပါတယ္။
“အေဖ-ဘိုႀကီးဟာ သမီးရဲ႕အခ်စ္ဆုံး သူငယ္ခ်င္းပါ။ သူတို႔ဘက္မွာ တိုက္ပြဲေတြ ခဏခဏျဖစ္တယ္။ အဲဒါေၾကာင့္ ဘိုးေတာ္ဆီမွာ ဘိုႀကီးကို အပ္ေပးလိုက္ပါေနာ္”
“ၾကာပါတယ္ကြာ- အဲဒီေတာ့ ဒီလိုလုပ္၊ မင္း ဒီေန႔ပဲ ဒိုက္ဦးကိုသြား၊ ဒိုက္ဦးေရး သစ္သီးတန္းမွာ ရရာအသီး ဘာသီးပဲျဖစ္ျဖစ္ကြ။ အစိမ္းသီး စိမ္းခ်င္သေလာက္ စိမ္းပါေစကြာ ဝယ္လာခဲ့”
ဘႀကီးျမစိုးဟာ ကြၽန္ေတာ္သာမက ကြၽန္ေတာ့္မိဘ ကြၽန္ေတာ့္ ရပ္႐ြာက ႐ိုေလေလးစားရတဲ့ ရပ္မိရပ္ဖတစ္ဦး ျဖစ္ပါတယ္။ လြတ္လပ္ေရး

စႀကိဳးပမ္းမႈ လြတ္လပ္ေရးကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္မႈ တိုက္ပြဲ ေတြ တိုက္ခဲ့႐ုံသာမက ကြၽန္ေတာ္တို႔႐ြာရဲ႕ ကာကြယ္ေရးဗိုလ္တစ္ေယာက္ လည္းျဖစ္တာေၾကာင့္ အျပည့္အဝယုံၾကည္မႈမရွိေသာ္လည္း စိတ္ခ်မ္းသာ ေစဖို႔ ခိုင္းေစတဲ့အတိုင္း ဒိုက္ဦးေဈးက သေဘၤာသီး အစိမ္းႀကီးတစ္လုံး အားခ်င္းေျပးဝယ္ၿပီး ေပးလိုက္ပါတယ္။
သူငယ္ခ်င္း ျမင့္ျမင့္စိုးဟာ သူ႔အေဖလက္ထဲက သေဘၤာသီးစိမ္းႀကီးကို လက္ခံယူ ေရစင္ေအာင္ ေဆး၊ သန႔္စင္တဲ့ ပန္းကန္ျပားတစ္ခ်ပ္ေပၚတင္ၿပီး ဝတ္႐ုံနီဝတ္ ဘိုးေတာ္ဆာဒူးႀကီးပုံေတာ္ကားခ်ပ္ ေရွ႕စားပြဲတင္ေပးလိုက္ ပါတယ္။
“အေဖ-ရၿပီ”
“ရၿပီဆိုရင္ ဘိုႀကီး – လာ”
ဘႀကီးျမစိုး ကြၽန္ေတာ့္ကိုေခၚၿပီး ဝတ္႐ုံနီ ဆာဒူးပုံေတာ္ႀကီးေရွ႕မတ္ တတ္ရပ္အေနအထားနဲ႔ လက္အုပ္ခ်ီခိုင္းထားပါတယ္။
ဗမာလူမ်ိဳးစစ္စစ္ ကြၽန္ေတာ့္စိတ္ထဲမွာ ဘာသာကြဲ လူမ်ိဳးကြဲ ပုဂၢိဳလ္ တစ္ဦးရဲ႕ေရွ႕မွာ လက္အုပ္ခ်ီ အ႐ိုအေသျပဳရတာ စိတ္မသန႔္ ဆႏၵမရွိ ျဖစ္ရ ပါတယ္။
ဘႀကီးျမစိုး ေျပာဆိုေနတဲ့ စကားဆိုလိုရင္းကေတာ့ ကြၽန္ေတာ့္ ခႏၶာ ကိုယ္ကို အပ္ႏွံပါေၾကာင္း တပည့္လက္သား သားသမီးနဲ႔မျခား လက္ခံေပး ေစလိုပါေၾကာင္း ေဘးအႏၲရာယ္အသြယ္သြယ္ကို ကာကြယ္ေစာင့္ေရွာက္ ေပးပါရန္ ျဖစ္ပါတယ္။ အမႈကိစၥေဆာင္႐ြက္ၿပီး ကြၽန္ေတာ့္ကို “ကဲ- ဒါပါ ပဲကြာ၊ မင္းလည္း ၾကားၿပီးသား ထပ္ေျပာစရာမလိုေတာ့ သိဒၶိေျမာက္သြားၿပီ။ ေျမာက္ၿပီဆိုရင္ ထူးျခားမႈေတြ မင္း တအံ့တဩ ျမင္ေတြ႕ရလိမ့္မယ္” “ဟဲ့- သူငယ္ခ်င္း ဘိုႀကီး၊ နင္ ဆက္ဆက္ျပန္လာခဲ့ေနာ္”
“ေအးပါဟာ”

ခ်ိန္းဆိုတဲ့အတိုင္း သုံးရက္ေျမာက္ ညေနဘက္ ကြၽန္ေတာ္ သြားပါ တယ္။ ေရာက္ေရာက္ခ်င္းပဲ “နင္ကေတာ့ သိဒၶိေျမာက္သြားၿပီ”လို႔ ၿပဳံးၿပဳံး ႐ႊင္႐ႊင္နဲ႔ ေျပာဆိုၿပီး ဝတ္႐ုံနီဘိုးေတာ္ဆီ ေခၚမသြားဘဲထမင္းစားခန္းထဲ ေခၚ သြားပါတယ္။ အမယ္စုံလွတဲ့ ဟင္းလ်ာေတြထဲကမွ ငယ္စဥ္က လွ်ာအရင္း ျမက္ခဲ့လိုက္ပါတယ္။
“နင္ – ဘိုးေတာ္ အခန္းေရာက္ရင္ သိပ္အံ့ဩသြားမယ္” “ၿပီးၿပီလားေဟ့ – ၿပီးရင္ လႊတ္လိုက္”
သားအဖႏွစ္ေယာက္ အျပန္အလွန္ေျပာဆိုအၿပီး ကြၽန္ေတာ္ လက္စ
သတ္လိုက္ပါတယ္။
“ဟယ္ – မခ်စ္စုသရက္သီး သိပ္ခ်ိဳတာပဲ စားဦး” “ေနာက္ၿပီးေတာ့မွ စားမယ္ဟာ၊ သြားမယ္ – လာ နင္ပါလိုက္ခဲ့”
ကြၽန္ေတာ္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ ဝတ္႐ုံနီဘိုးေတာ္ ဆာဒူးႀကီး အခန္းေဆာင္ကို သြားပါတယ္။ ျမစိမ္းေရာင္သေဘၤာသီးႀကီးဟာ ေ႐ႊတုံး ေ႐ႊခဲႀကီးလို ဝင္းဝါေနတဲ့ ျမင္ကြင္းေၾကာင့္ ကြၽန္ေတာ့္ ပါးစပ္ဟေငးေမာေန မိပါတယ္။
“မင္း- သိဒၶိေျမာက္သြားၿပီကြ။ မင္းတို႔ တပည့္သားအေနနဲ႔ လက္ခံ လိုက္ၿပီ။ ငါေျပာတာဟုတ္မဟုတ္တိုက္ပြဲတစ္ပြဲေလာက္တိုးၿပီးရင္ သေဘာ ေပါက္သြားမွာပါ။ ျဖစ္ႏိုင္ရင္ေတာ့ တို႔ မိသားစုလိုမ်ိဳး အေဆာင္အေယာင္နဲ႔ ကိုးကြယ္ေစခ်င္တာေပါ့ကြာ။ မျဖစ္ႏိုင္ဘူးဆိုရင္လည္းပဲ ေခါင္းထဲမွာေတာ့ အၿမဲထည့္ထားမွ၊ အသက္ေဘးနဲ႔ႀကဳံရင္ ဘိုးေတာ္ကို တ,လိုက္၊ အဲဒါေတာ့ မေမ့နဲ႔”
ကြၽန္ေတာ္ ေခါင္းညိတ္ျပလိုက္ပါတယ္။

ကြၽန္ေတာ္ လက္ရွိႀကဳံေတြ႕ေနရတဲ့ ေန႔ရက္ဟာ (၁၉၈၀) ျပည့္ႏွစ္ရဲ႕ ေမလကုန္ မိုးႀကိဳကာလပါ။ လြန္ခဲ့တဲ့ (၁၉၇၈) ခုႏွစ္၊ မိုးလယ္ကာလျဖစ္စဥ္ ဟာ ကြၽန္ေတာ့္ရင္ ကြၽန္ေတာ့္ေခါင္းထဲမွာ မရွိေတာ့ပါဘူး။
တစ္ႏွစ္ခြဲ ႏွစ္ႏွစ္အတြင္း ႀကဳံေတြ႕ရတဲ့ တိုက္ပြဲမ်ားမွာ ဝတ္႐ုံနီအိႏၵိယ ဆာဒူးဘိုးေတာ္ႀကီးကို မတမ္းတခဲ့ေၾကာင္း ႐ိုးသားပြင့္လင္းစြာ ဝန္ခံပါရေစ။ ကြၽန္ေတာ္ ေသကံမေရာက္ သက္မေပ်ာက္တဲ့ အခ်ိန္ကာလလည္း ျဖစ္တန္ ေကာင္းပါတယ္။
အကယ္၍သာ ..
မူလစီမံခ်က္အတိုင္း အခ်ိန္ကိုက္ နာရီကိုက္ ခ်ီတက္သြားလာခဲ့သည္။ သို႔ေသာ္ – ကြၽန္ေတာ္ တစ္ေယာက္တည္း အသက္ဆုံးရႈံးရမွာ မဟုတ္ဘဲ ကြၽန္ေတာ္ ဦးစီးတပ္ခြဲ႐ုံးနဲ႔ တပ္စုတစ္စုလုံး အင္အားေလးဆယ္ရဲ႕အသက္ ဇီဝိန္ပါ ဆုံးရႈံးသြားမွာပါ။
ကြၽန္ေတာ္တို႔တစ္ေတြရဲ႕ အသက္ကို ကယ္တင္လိုက္တဲ့ ေက်းဇူးရွင္ ဟာ ေရဆိပ္မွာ မိုင္းလာေထာင္တဲ့ ရန္သူႏွစ္ေယာက္ရဲ႕ အခ်ိန္ၾကန႔္ၾကာမႈ မဟုတ္အခ်ိန္ျပဳန္းတီးမႈေၾကာင့္မဟုတ္ဘဲ ဝတ္႐ုံနီ ဆာဒူးဘိုးေတာ္ႀကီးရဲ႕ ေက်းဇူးေၾကာင့္ဆိုတာေတာ့ ကြၽန္ေတာ့္ ရဲေဘာ္ေတြကို မုသားကင္းစင္စြာနဲ႔ ေျပာျပလိုက္ပါတယ္။
> ရွစ္ခြင္ေက်ာ္ (ေဖာင္ေတာ္သီ)