သေရွာပြန်ဘုရားလူကြီး(စ/ဆုံး)

Unicode Version

သေရွာပြန်ဘုရားလူကြီး(စ/ဆုံး)
————————————–
ရပ်ကွက်ထဲ၌ ဘုရားလူကြီး
ဦးသာလှဆိုလျှင်မသိသူမရှိကြပေ။
ဘာသာရေးကိုင်းရှိုင်းပြီး
ရပ်ရေးရာရေးတွင်အားတက်သရော
ပါဝင်လုပ်ဆောင်တတ်သောကြောင့်
ဘုရားလူကြီးဦးသာလှအား
ရပ်ကွက်ထဲမှလူများကလေးစားကြ
သည်။
ဦးသာလှကလည်းမဟုတ်တာဆို
မလုပ်တတ်မပြောတတ်သူဖြစ်သည်။
အရာရာတိုင်းကိုမှန်မှန်ကန်ကန်
လုပ်ဆောင်တတ်သောကြောင့်
လူအများကဦးသာလှအားယုံကြည်
စိတ်ချကြလေသည်။
အလှူခံပြီးရလာသည့်
ဘုရားငွေများကိုလည်းတစ်ပြားတစ်ချပ်
ပင်အလွဲသုံးစားမလုပ်ခဲ့ပေ။
အများကကြည်ဖြူစွာလှူထားသည့်
ဘုရားငွေများကိုဘုရားကြီးပြန်လည်
ပြုပြင်မွမ်းမံသည့်နေရာနှင့်ဘုရားကြီး
အတွက်လိုအပ်သည့်
နေရာများ၌သာထုတ်ယူသုံးစွဲခဲ့သည်။
ထိုအတွက်ကြောင့်ဦးသာလှ
မိမိကိုယ်မိမိလိပ်ပြာလုံစွာနေနိုင်ခဲ့သည်။
ဦးသာလှမှာသားသမီး၅ယောက်
ရှိပြီးအကြီး၃ယောက်မှာအိမ်ထောင်
ကျ၍ကလေးများပင်ရနေပြီ
ဖြစ်သည်။
တစ်ရက်တွင်တော့ ဘုရားကြီးပေါ်၌
မိုက်ကိုကိုင်ကာအလှူငွေစာရင်း
အော်ဟစ်နေတုန်းမြေးဖြစ်သူခန့်ခန့်
ရောက်လာကာ……”
“ဘဘ”
“ဟေး…ငါ့မြေးဘဘဆီလိုက်လာတာလား”
“ဟုတ်တယ်ဘဘ အိမ်မှာနေရတာပျင်းလို့ဘဘရဲ့”
“အံမယ် ငါ့မြေးကပျင်းတောင်ပျင်း
တတ်နေပြီလား”
“ဟုတ်တယ် ဘဘရှိရင်သားပျော်တယ်ဗျ”
“ဒါဆိုဘဘအနားမှာနေ
ဘဘကအလှူခံနေတာငါ့မြေးရဲ့
မြေးနဲ့မဆော့နိုင်သေးဘူးကွ။
“ဟုတ်ဘဘ”
ခန့်ခန့်လည်းအဘဖြစ်သူအနား
ကပ်ထိုင်ပြီးဟိုငေးသည်ငေးလုပ်နေ
သည်။
ရပ်ကွက်ထဲမှလူများက
ဘုရားကြီးအတွက်အလှူခံနေသည့်
အတွက်တစ်ဦးပြီးတစ်ဦး
လာရောက်လှူဒါန်းကြလေသည်။
ဦးသာလှလည်းမိုက်ကိုကိုင်ကာ
လော်စပီကာမှထွက်သောအသံဖြင့်
၃၁ဘုံသားများသာဓုခေါ်ဆိုနိုင်ရန်
အလှူရှင်၏အမည်နာမအားခေါ်၍
သာဓုအကြိမ်ကြိမ်ခေါ်ဆိုနေတော့
သည်။
“ရေခဲချောင်းသည်လာပါပြီ”
“နို့မလိုင်ချောင်း၊စတော်ဘယ်ရီချောင်း
ချောကလက်ချောင်းများပါရှိပါသည်။
“ဘဘဟိုမှာရေခဲချောင်းသည်ကြီး
သားသားစားချင်တယ် ဘဘ”
“သားကရေခဲချောင်းစားချင်လို့လား”
“ဟုတ်တယ်ဘဘ သားသား
စားချင်တယ် သားကိုဝယ်ကျွေးပါလား”
“ဘဘမှာပိုက်ဆံပါမလာဘူးသားရဲ့”
“ဘဘကလည်းဟိုမယ်လေ
ပိုက်ဆံတွေ”
“ဟာဒါကဘုရားအတွက်
အလှူခံထားတဲ့ပိုက်ဆံတွေ
ဘဘယူလို့မရဘူးသားရဲ့
ငရဲကြီးမှာပေါ့”
“ဘဘကလည်းလုပ်ပါ
သားစားချင်လို့ပါ လုပ်ပါနော် ဘဘ
လုပ်ပါ”
ဦးသာလှလည်းအလှူခံဖလား
ထဲမှ၂၀၀တန်တစ်ရွက်အား
ယူလိုက်သည်။
“အင်း…ဒီငွေ၂၀၀ကို
ငါနောက်မှပြန်ထည့်လိုက်လည်းရတာပဲ၊
ငါ့မြေးကအခုရေခဲချောင်း
တအားစားချင်နေတာဆိုတော့
ငါဝယ်ကျွေးလိုက်တာပဲ
ကောင်းပါတယ်လေ။
ငါမဟုတ်တာလုပ်တာမှမဟုတ်ပဲ
ပြီးရင်ဒီငွေ၂၀၀ကိုပြန်ထည့်လိုက်လည်း
ဖြစ်တာပဲ”
ဦးသာလှလည်းသူ့အတွေးနှင့်သူ
တွေးတောပြီးမြေးဖြစ်သူခန့်ခန့်အား
ငွေ၂၀၀ပေးလိုက်သည်။
“ရော့ ငါ့မြေးဟောဒီမှာ၂၀၀
ကျေနပ်တော့နော်မြေး”
“ဟုတ်ဘဘ”
“အေးသွားဝယ်ချေ သွားသွား
ရေခဲချောင်းသည်ကပြန်တော့မယ်”
ခန့်ခန့်လည်းဘုရားပေါ်မှ
ပြေးဆင်းကာရေခဲချောင်းသည်
ဆီမှရေခဲချောင်းတစ်ချောင်းအား
ဝယ်လိုက်သည်။
“ဘဘ စားဦးမလား”
“တော်ပါပြီ ငါ့မြေးပဲစားပါ
ဘဘမစားချင်ဘူး”
“စားလို့ကောင်းလိုက်တာဘဘရာ”
“ငါ့မြေးကြိုက်ရင်ဘဘက
နောက်နေ့လည်းဝယ်ကျွေးမှာပေါ့”
“ဘဘတကယ်ပြောတာနော်”
“တကယ်ပေါ့မြေးရဲ့”
“ဟေး ဒါမှတို့ဘဘကွ”
ဦးသာလှလည်းမြေးဖြသ်သူအား
ကြည့်ပြီးအချစ်ပိုနေမိတော့သည်။
==============
ညနေစောင်းတော့အလှူခံဖလား
သိမ်းပြီးအိမ်သို့ပြန်လာခဲ့သည်။
တနေကုန်ပင်ပန်းထားသဖြင့်
ရေချိုးပြီးအနားယူလိုက်သည်။
“အဖေ ထမင်းစားတော့မလား
သမီးခူးထားလိုက်မယ်”
“မစားတော့ပါဘူးသမီးရယ်
အဖေဒီကနေ့နေလို့မကောင်းဘူး
ဘယ်လိုကြီးဖြစ်နေမှန်းမသိဘူး”
“ဆေးခန်းသွားမလားအဖေ
လိုက်ပို့ပေးမယ်”
“နေပါစေ ပင်ပန်းလို့ဖြစ်တာပါ
အနားယူလိုက်ရင်သက်သာသွား
မှာပါ”
“ဒါဆိုနားနေလိုက်အဖေ
ထမင်းစားချင်ရင်သမီးကိုပြော
သမီးခူးပေးမယ်”
“အေးအေး”
“ကိုသာလှ ကျုပ်နင်းနှိပ်ပေးရမလား”
“ရပါတယ် မိန်းမရာ
မင်းလည်းတနေကုန်အားနေတာမှ
မဟုတ်တာမြေးတွေထိန်းနေရသေး
တယ်လေ”
“ဘာမှမဖြစ်ပါဘူးတော်
ရှင်အညောင်းလေးဘာလေးပြေအောင်
ကျုပ်နင်းနှိပ်ပေးပါ့မယ်။
အိပ်ရာပေါ်လှဲနေလိုက်
ကျုပ်နင်းပေးမယ်”
“အေးပါကွာ”
ဦးသာလှ၏းဇနီးဒေါ်ရင်သ
ကခင်ပွန်းသည်အားနင်းနှိပ်ပေး
လိုက်သည်။
“ရပြီရပြီ ဆင်းတော့”
“သက်သာရဲ့လားဘယ်လိုနေလို့တုန်း”
“ခေါင်းထဲမကောင်းဘူးကွာ
နောက်ကျိကျိနဲ့ ရင်တွေလည်း
တုန်နေသလိုပဲ”
“ဒါကြောင့်ရှင့်သမီးက
ဆေးခန်းပြခိုင်းတာ အသက်ကြီးပြီတော့
ကိုယ့်ကျန်းမာရေးလေးလည်း
ဂရုစိုက်ဦးမှပေါ့”
“မနက်ကြရင်ပျောက်သွားမှာပါကွာ
သမီးကိုထမင်းလေးခူးခိုင်းလိုက်စမ်းပါ။
ငါနည်းနည်းစားချင်သေးလို့”
“အင်းပါ ကျုပ်ခူးလိုက်ပါ့မယ်”
ဒေါ်ရင်သလည်းမီးဖိုထဲဝင်ပြီး
ထမင်းနှင့်ဟင်းများခူးခပ်လိုက်သည်။
“ကိုသာလှထမင်းခူးပြီးပြီ
စားလို့ရပြီနော်”
“အေးအေးလာပြီ”
ဦးသာလှလည်းအခန်းထဲမှ
ထွက်ပြီးထမင်းအနည်းငယ်
စားလိုက်သည်။
“အဖေဘယ်လိုနေသေးလဲ”
“ခေါင်းတွေမကြည်ဘူးသားရယ်”
“ဆေးလေးသောက်လိုက်ပါလားအဖေ”
“ထမင်းစားပြီးရင်အဖေ
သောက်လိုက်ပါ့မယ်”
“ဟုတ်အဖေ”
သားသမီးများကဖခင်ဖြစ်သူအား
စိုးရိမ်ပူပန်ပြီးဂရုစိုက်ပေးကြသည်။
ဦးသာလှလည်းထမင်းစားပြီး
သောက်ဆေးတစ်လုံးကိုသောက်
လိုက်သည်။
ထို့နောက်အိပ်ရာထဲသို့ဝင်လာခဲ့လေ
သည်။
==============
“အင်းဟင်းဟင်း ”
“ကိုသာလှ ကိုသာလှ
ဘာဖြစ်တာလဲ”
“ဟင်းဟင်းဟင်း”
“ဟယ်ကိုယ်တွေလည်းပူခြစ်နေတာပဲ
သားရေသမီးရေ လာပါဦး”
ဒေါ်ရင်သအသံကြောင့်
အိပ်မောကျနေသည့်သားနှင့်သမီးလည်း
နိုးလာကြပြီးအခန်းထဲဝင်လာ
ကြသည်။
“အမေ အဖေဘာဖြစ်လို့လဲ”
“မင်းတို့အဖေတကိုယ်လုံး
ပူခြစ်နေတာပဲအဖျားကြီးပြီး
ညည်းနေတယ်”
“ဒါဖြင့်ရင်အဖေ့ကိုအဝတ်ပါးလေးနဲ့
ရေပက်တိုက်ပေးတာပေါ့”
“လုပ်လုပ်သမီးမြန်မြန်လေး”
သမီးဖြစ်သူလည်းအခန်းထဲမှ
ကပြာကယာထွက်သွားပြီး
ရေဇလုံနှင့်အဝတ်ပါးတစ်ထည်ကို
ယူလာလေသည်။
အဝတ်ကိုရေဇလုံထဲထည့်ပြီး
ရေစိမ်လိုက်သည်။
ထို့နောက်ရေစိုနေသည့်အဝတ်ဖြင့်
ဦးသာလှ၏နဖူးပေါ်အားကပ်ထား
ပေးလိုက်သည်။
“အင်းဟင်းဟင်း”
“အဖေသတိထားဦးလေ အဖေ”
“ဟင်းဟင်း”
“ကိုသာလှ ကိုသာလှ
သတိထားမှပေါ့ရှင်”
“အဖေ အဖေ့ အဖေ”
“လုပ် လုပ်ပါဦးသား မင်းအဖေ
မျက်ဖြူလန်နေပြီ သားလုပ်ပါဦး”
“အဖေ အဖေစိတ်ကိုထိန်းပါဗျာ
အဖေ……”
ဦးသာလှတစ်ယောက်ငြိမ်သက်
သွားတော့သည်။
“အဖေ”
“ကိုသာလှ ကိုသာလှ”
“ဖြစ်မှဖြစ်ရလေ အဖေရယ်”
“အီးဟီးဟီး”
“အဖေဗျာရုတ်တရက်ကြီး
သားတို့ကိုထားသွားပြီလားဗျာ”
“ဟဲ့ကြားလား ဟိုဘက်အိမ်က
ငိုသံတွေကြားတယ် ဦးသာလှကြီး
ဆုံးပြီဆိုပဲ”
“ဟုတ်လို့လားအမေရယ်
နေ့ခင်းကတောင်မြင်လိုက်ပါတယ်
အကောင်းကြီးပါ”
“ဟဲ့လူဆိုတာနေ့မြင်ညပျောက်ဟဲ့
နင်သိရဲ့လား”
“ဘာလဲအမေကသွားမေးမလို့လား
ညနက်နေပြီအမေရဲ့ ”
“အိုအေ ညနက်တော့ဘာဖြစ်လဲ
အိမ်နီးချင်းတွေပဲဟာကို
သူတို့အားမငယ်အောင်သွားမေးရမှာပေါ့”
“ဒါဖြင့်သမီးပါလိုက်ခဲ့မယ်”
အိမ်နီးချင်းဖြစ်သည့်
ဒေါ်သက်ဆွေနှင့်သမီးဖြစ်သူမဇင်မာ
ကဦးသာလှဆုံးပြီဆိုသည့်
အသံကြားသဖြင့်ဦးသာလှအိမ်ဘက်သို့
ရောက်လာကြသည်။
“မရင်သ ရေ မရင်သ”
“သားအိမ်ရှေ့ခေါ်သံကြားတယ်
သားတံခါးသွားဖွင့်ပေးလိုက်စမ်း”
“ဟုတ်အမေ”
“ကျွီ”
“အန်တီသက်ဆွေတို့ပါလား”
“ဟုတ်တယ်ကွယ့်
မင်းတို့အိမ်ဘက်ကငိုသံတွေကြားလို့
အန်တီလာမေးတာ”
“အဖေဆုံးသွားလို့ အန်တီသက်ဆွေရ”
“အေးကွယ်
အန်တီလည်းမင်းတို့အိမ်ဘက်က
အသံတွေကြားလို့နားစွင့်နေတာ
ဖြစ်မှဖြစ်ရလေကွယ်”
“ငါတို့နေပေးရဦးမလား”
“ရပါတယ်ဗျာ
အန်တီတို့ပြန်လိုက်ပါ။
မနက်မှလာကြပေါ့ အန်တီတို့လည်း
အိပ်ရေးပျက်နေပါ့မယ်”
“အေးပါကွယ်
ဒါဆိုအန်တီတို့ မနက်မှလာခဲ့ပါ့မယ်”
“ဟုတ်ကဲ့ အန်တီ”
ဦးသာလှ၏သားလည်း
အိမ်ထဲပြန်ဝင်လာခဲ့သည်။
“သားမသက်ဆွေတို့လာကြတာလား”
“ဟုတ်တယ်အမေ
အဖေဆုံးတဲ့အကြောင်းလာမေးတာပါ။
အခုပြန်သွားကြပါပြီ
သားကသူတို့ကိုအားနာလို့
ပြန်လွှတ်လိုက်ရတာ”
“အေးပါကွယ်
သူတို့လည်းအိပ်ရေးပျက်နေမှာပေါ့
ပြန်ခိုင်းလိုက်တာပဲ
ကောင်းပါတယ်”
“အဖေရေ အဖေ့ကို
လာမေးနေကြပြီအဖေရဲ့
အီးဟီးဟီး”
“သမီးရယ် စိတ်ကိုထိန်းပါ
ပတ်ဝန်းကျင်ကလူတွေနိုးကုန်ပါ့မယ်”
“သမီးဖြေလို့မရလို့ပါအမေရယ်
ရုတ်တရက်ကြီးကိုယ့်မျက်စေ့
အောက်မှာအခုလိုဖြစ်သွားလိမ့်မယ်
လို့မထင်ခဲ့ဘူးအမေရယ်”
“သူ့ကံတရားကဒီအထိပဲ
ပါလာတယ်လို့မှတ်ယူလိုက်ပါ
သမီးရယ်”
သားအမိ၃ယောက်မျက်ရည်များ
ကျဆင်းပြီးစိတ်မကောင်းဖြစ်နေ
ကြတော့သည်။
===============
မနက်လင်းတော့ဦးသာလှ
နာရေးအားရပ်ကွက်ထဲမှ
လူအများလာရောက်မေးမြန်းကြ
သည်။
အားလုံးကဦးသာလှတစ်ယောက်
ရုတ်တရက်ဆုံးသွားသည်ကို
မယုံနိုင်အောင်ဖြစ်နေကြသည်။
==============
ဦးသာလှ၏မျက်လုံးများ
ဖွင့်ကြည့်လိုက်သည်။
သူတစ်ခါမှမရောက်ဖူးသည့်
တောအုပ်ကြီးထဲသို့ရောက်ရှိနေလေ
သည်။
ဦးသာလှလည်းအထူးအဆန်း
ဖြစ်ပြီးတောအုပ်ထဲသို့တဖြည်းဖြည်း
လျှောက်လှမ်းလာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး
မြူများဖြင့်ဖုံးအုပ်ထားလေသည်။
ဦးသာလှလည်းခြေဦးတည့်ရာ
လျှောက်လှမ်းရင်းတောအုပ်အဆုံးကို
ရောက်လာခဲ့သည်။
တောအုပ်ကြီး၏ရှေ့တည့်တည့်၌
ကြီးမားသောရေကန်ကြီးတစ်ကန်
အားမြင်လိုက်ရသည်။
ထိုရေကန်ကြီးကတခြား
ရေကန်များနှင့်မတူပဲအငွေ့
တထောင်းထောင်းထနေ
လေသည်။
ဦးသာလှလည်းတအံ့တသြဖြင့်
ကြည့်နေတုန်းရေကန်ထဲသို့
ခါးတောင်းကျိုက်ထားသည့်
လူတစ်ဦးရေကန်ထဲသို့
ပြုတ်ကျသွားသည်ကိုမြင်လိုက်ရ
လေသည်။
ဦးသာလှလည်းအပေါ်ကို
မော့ကြည့်လိုက်ရာချောက်ကမ်းပါး
ကြီးရှိနေမှန်းသိလိုက်ရသည်။
ထိုချောက်ကမ်းပါးကြီး၏
ထိပ်၌အင်္ကျီမပါပဲခါးတောင်းကျိုက်
ထားသည့်လူများအားမြင်လိုက်
ရသည်။
“ဦးသာလှ”
“ဟင်”
နောက်မှခေါ်လိုက်သည့်အသံ
ကြောင့်ဦးသာလှအနည်းငယ်
တုန်လှုပ်သွားသည်။
“ဟာ”
ဦးသာလှမြင်လိုက်ရသည်မှာ
ကြီးမားသောကိုယ်ခန္ဓာဖြင့်
လှံခွကြီးအားကိုင်ထားသည့်
ငရဲသားတစ်ယောက်ပင်ဖြစ်သည်။
“ခင်ဗျားမြင်ရလား
အဲ့ဒီလူတွေဟာမသေခင်
လူ့ဘဝကဘုရားလူကြီးဖြစ်ခဲ့တဲ့
ဂေါပကလူကြီးတွေပဲ။
ဘုရားပစ္စည်းတွေကိုမတော်မတရား
လုပ်ပြီးသူတို့အကျိုးအတွက်အသုံးချကြတယ်လေ။
ဒါကြောင့်သူတို့သေတဲ့အခါ
ဒီငရဲမှာလာခံနေကြရတာပဲ
ဟိုမယ်ကြည့်လိုက်……”
ငရဲသားကြီးပြသည့်နေရာအား
ဦးသာလှလှမ်းကြည့်လိုက်သည်။
အငွေ့တထောင်းထောင်းထနေသည့်
ရေနွေးကန်ထဲ၌ကူးခက်နေသည့်
လူများအားငရဲသားများက
လှံခွ၊မှိန်းစသည့်အချွန်အတက်များဖြင့်
လှမ်းထိုးနေကြလေသည်။
နာကျင်စွာအော်ဟစ်နေသည့်
လူများအားကြည့်ပြီးဦးသာလှ
ကြောက်ရွံ့နေတော့သည်။
“ဒီမယ်ဦးသာလှ ခင်ဗျားဟာ
မသေခင်ကကောင်းမှုကုသိုလ်တွေ
အများကြီးပြုလုပ်ပြီးသီလသမာဓိ
ရှိတဲ့လူတစ်ယောက်မှန်းငါတို့သိတယ်။
ဒါပေမယ့်ခင်ဗျားဟာဘုရားငွေ၂၀၀ကို
ပြန်ထည့်ဖို့မေ့နေခဲ့တယ်။
ဒါကြောင့်ငါတို့ကသတိပေးနေတာပဲ
ဦးသာလှ……”
“ကျုပ် ကျုပ်မရည်ရွယ်ပဲ
ဖြစ်သွားတာပါ၊ပြီးတော့ဘုရားငွေ
၂၀၀ကိုပြန်ထည့်ဖို့မေ့သွားလို့ပါ။
အခုကျုပ်ကသေသွားပြီလား”
“ခင်ဗျားမသေသေးပါဘူး
ခင်ဗျားဝိညာဉ်ဟာလွင့်မျောပြီး
ဒီငရဲကိုရောက်လာရတာပါ။
ခင်ဗျားကိုပြန်လိုက်ပို့ပါ့မယ်”
“ဟုတ် ဟုတ်ကဲ့”
ဦးသာလှလည်းသူမသေ
သေးသည်ကိုသိရှိပြီးဝမ်းသာသွား
တော့သည်။
ငရဲသားကြီးခေါ်ရာနောက်သို့
လိုက်လာရင်းတောအုပ်ကြီးထဲသို့
တဖန်ပြန်ရောက်လာခဲ့သည်။
“ဟိုးအရှေ့မှာမြင်နေရတဲ့
လမ်းကလေးအတိုင်းသွားလိုက်ပါ။
ခင်ဗျားအိမ်ကိုခင်ဗျားပြန်ရောက်
ပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ဗျာ”
“ခင်ဗျားကိုတစ်ခုတော့မှာချင်တယ်
ဒီနေရာကိုနောက်တစ်ခါမလာချင်ရင်
မရောက်ချင်ဘူးဆိုရင်။
အသိကိုသတိနဲ့ကပ်ထားပါ
ကုသိုလ်တရားတွေကိုပြုလုပ်ပါ။
မကောင်းတာကိုဘယ်တော့မှ
မပြုလုပ်မိပါစေနဲ့ ။
“ဟုတ်ကဲ့ ကျုပ်သတိရှိပါ့မယ်”
“ကောင်းပါပြီ”
ဦးသာလှလည်းမြင်နေရသည့်
လမ်းကလေးအတိုင်းလျှောက်
လာလိုက်ရာမိမိအိမ်အားမြင်လိုက်
ရသည်။
မိမိအိမ်ထဲ၌လူများစွာလည်း
ရောက်နေကြလေသည်။
ငိုကြွေးနေကြသည့်သားသမီးမြေးများနှင့်ဇနီးသည်ကိုလည်းတွေ့လိုက်ရသည်။
ကုတင်အထက်၌ဆန့်လန့်
လှဲလောင်းနေသည့်မိမိရုပ်ခန္ဓာကိုလည်း
မြင်လိုက်ရသည်။
ဦးသာလှလည်းဘာမှစဉ်းစား
မနေတော့ပဲကုတင်ပေါ်တက်ကာ
မိမိခန္ဓာကိုယ်ထဲပေါ်သို့လှဲလျောင်း
လိုက်တော့သည်။
“အင်းဟင်းဟင်း”
“ရေပေးပါ”
ဦးသာလှ၏အသံက
တိုးညှင်းစွာထွက်ပေါ်လာသည်။
“ရေဆာတယ်ရေပေးပါ”
ဦးသာလှလည်းမျက်လုံးကို
မဖွင့်နိုင်သေးပဲလက်ချောင်း
လေးများအားလှုပ်ရှားကြည့်
လိုက်သည်။
ဦးသာလှ၏အသံအား
မည်သူမှမကြားကြပေ။
“ဟာဘဘလက်ကြီးက
လှုပ်နေတယ်အမေ”
“သားမဟုတ်တာတွေမပြောနဲ့”
“ဟာဟုတ်တယ်မေမေရဲ့
သေချာကြည့်ပါဦး”
ခန့်ခန့်၏စကားကြောင့်
မိသားစုဝင်များဦးသာလှခန္ဓာကိုယ်
အားကြည့်လိုက်ကြသည်။
“ဟာဟုတ်တယ် အဖေ့လှုပ်နေတယ်အမေရေ”
“အဖေမသေဘူးကွ။
အဖေမသေဘူး”
“ကိုသာလှကိုသာလှ”
နာရေးလာပို့ကြသည့်လူများ
လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
“ရေဆာတယ် ငါ့ကိုရေပေးပါ”
“အမေရေတဲ့ ရေ ရေ”
“သား လုပ်ပါဦး ရေ ရေခပ်ခဲ့”
“ဟုတ် ဟုတ်”
သားဖြစ်သူလည်းကပြာကယာ
ရေတစ်ခွက်အားပြေးခပ်လိုက်သည်။
နာရေးသို့ရောက်နေကြသည့်
လူများလည်းဦးသာလှမသေမှန်း
သိသွားကြသဖြင့်အားလုံးဝမ်းသာ
သွားကြလေသည်။
ဦးသာလှခြေမနှစ်ချောင်း၌
ချည်ထားသည့်ကြိုးများအား
ဖြုတ်လိုက်ကြသည်။
ဦးသာလှကိုမိသားစုဝင်များက
ထူပြီးရေတိုက်ကြသည်။
မိသားစုဝင်အားလုံးပြုံးပျော်
နေကြလေသည်။
ဦးသာလှလည်းသားသမီးမြေးများနှင့်
ဇနီးသည်အားဖက်ပြီးဝမ်းပန်းတသာ
ဖြစ်နေတော့သည်။
“ငါမသေဘူး ငါမျောနေတာဟ”
“မရင်သ ငါ့ကိုငွေ၂၀၀ပေးစမ်းကွာ”
“ဘာလုပ်ဖို့လဲတော့်”
“ပေးမှာသာပေးစမ်းပါ
ငါလုပ်စရာရှိလို့ ”
“ရော့ရော့ ဒီမှာ”
ဦးသာလှလည်းထိုငွေ၂၀၀အား
ယူပြီးအလှူခံစာရင်းထဲထည့်ထား
လိုက်သည်။
နာရေး၌ရှိနေကြသော
လူများလည်းဦးသာလှပြုလုပ်
နေသည်ကိုနားမလည်နိုင်ပဲ
ရှိနေကြသည်။
“အဖေ ဘာလုပ်တာလဲဟင်
အဲ့ဒါက ”
“အားလုံးကိုငါပြောပြမယ်
ငါဒီငွေ၂၀၀ကြောင့်ငရဲကို
ရောက်ခဲ့ရတယ်……”
“ဗျာ”
“ဟင်”
“ဘယ်လို”
“ဘာဖြစ်တယ်”
အားလုံးကဦးသာလှပြောသော
စကားအားနားမလည်ပဲဖြစ်နေ
ကြသည်။
ဦးသာလှလည်းစိတ်ဝင်တစားနားစွင့်
နေကြသည့်မိသားစုဝင်များနှင့်
ရပ်ကွက်ထဲကလူများအားမိမိကြုံတွေ့
ခဲ့ရသမျှအဖြစ်အပျက်အလုံးစုံကို
ရှင်းပြလိုက်တော့သည်။
ထိုအခါမှအားလုံးလည်း
နားလည်သဘောပေါက်သွားကြ
တော့သည်။
သေရွာမှပြန်လာသည့်
ဘုရားလူကြီးဦးသာလှလည်း
ငရဲအားကိုယ်တွေ့မြင်ခဲ့ရပြီမို့
အကြောက်ကြီးကြောက်သွားလေ
သည်။
ထိုနေ့မှစပြီးဦးသာလှလည်း
အသိကိုသတိဖြင့်ထိန်းကာ
အပါယ်လားရမည့်အကြောင်း
များကိုရှောင်နိုင်သည်ထက်
ရှောင်လေတော့သည်။
ယခုရေးသောဇာတ်လမ်းသည်
မည်သူတစ်ဦးတစ်ယောက်ကိုမှ
ရည်ရွယ်ထားခြင်းမရှိပဲ
စိတ်ကူးသက်သက်သာဖြစ်သည်။
အားလုံးကိုကျေးဇူးတင်လျက်……
စာဖတ်ပြီးရင်လက်မလေးတွေ
နှိပ်ခဲ့ပါဗျ။
#အောင်ဓူဝံ

Zawgyi Version

ေသ႐ြာျပန္ဘုရားလူႀကီး(စ/ဆံုး)
————————————–
ရပ္ကြက္ထဲ၌ ဘုရားလူႀကီး
ဦးသာလွဆိုလွ်င္မသိသူမရွိၾကေပ။
ဘာသာေရးကိုင္းရႈိင္းၿပီး
ရပ္ေရးရာေရးတြင္အားတက္သေရာ
ပါဝင္လုပ္ေဆာင္တတ္ေသာေၾကာင့္
ဘုရားလူႀကီးဦးသာလွအား
ရပ္ကြက္ထဲမွလူမ်ားကေလးစားၾက
သည္။
ဦးသာလွကလည္းမဟုတ္တာဆို
မလုပ္တတ္မေျပာတတ္သူျဖစ္သည္။
အရာရာတိုင္းကိုမွန္မွန္ကန္ကန္
လုပ္ေဆာင္တတ္ေသာေၾကာင့္
လူအမ်ားကဦးသာလွအားယုံၾကည္
စိတ္ခ်ၾကေလသည္။
အလႉခံၿပီးရလာသည့္
ဘုရားေငြမ်ားကိုလည္းတစ္ျပားတစ္ခ်ပ္
ပင္အလြဲသုံးစားမလုပ္ခဲ့ေပ။
အမ်ားကၾကည္ျဖဴစြာလႉထားသည့္
ဘုရားေငြမ်ားကိုဘုရားႀကီးျပန္လည္
ျပဳျပင္မြမ္းမံသည့္ေနရာႏွင့္ဘုရားႀကီး
အတြက္လိုအပ္သည့္
ေနရာမ်ား၌သာထုတ္ယူသုံးစြဲခဲ့သည္။
ထိုအတြက္ေၾကာင့္ဦးသာလွ
မိမိကိုယ္မိမိလိပ္ျပာလုံစြာေနႏိုင္ခဲ့သည္။
ဦးသာလွမွာသားသမီး၅ေယာက္
ရွိၿပီးအႀကီး၃ေယာက္မွာအိမ္ေထာင္
က်၍ကေလးမ်ားပင္ရေနၿပီ
ျဖစ္သည္။
တစ္ရက္တြင္ေတာ့ ဘုရားႀကီးေပၚ၌
မိုက္ကိုကိုင္ကာအလႉေငြစာရင္း
ေအာ္ဟစ္ေနတုန္းေျမးျဖစ္သူခန႔္ခန႔္
ေရာက္လာကာ……”
“ဘဘ”
“ေဟး…ငါ့ေျမးဘဘဆီလိုက္လာတာလား”
“ဟုတ္တယ္ဘဘ အိမ္မွာေနရတာပ်င္းလို႔ဘဘရဲ႕”
“အံမယ္ ငါ့ေျမးကပ်င္းေတာင္ပ်င္း
တတ္ေနၿပီလား”
“ဟုတ္တယ္ ဘဘရွိရင္သားေပ်ာ္တယ္ဗ်”
“ဒါဆိုဘဘအနားမွာေန
ဘဘကအလႉခံေနတာငါ့ေျမးရဲ႕
ေျမးနဲ႔မေဆာ့ႏိုင္ေသးဘူးကြ။
“ဟုတ္ဘဘ”
ခန႔္ခန႔္လည္းအဘျဖစ္သူအနား
ကပ္ထိုင္ၿပီးဟိုေငးသည္ေငးလုပ္ေန
သည္။
ရပ္ကြက္ထဲမွလူမ်ားက
ဘုရားႀကီးအတြက္အလႉခံေနသည့္
အတြက္တစ္ဦးၿပီးတစ္ဦး
လာေရာက္လႉဒါန္းၾကေလသည္။
ဦးသာလွလည္းမိုက္ကိုကိုင္ကာ
ေလာ္စပီကာမွထြက္ေသာအသံျဖင့္
၃၁ဘုံသားမ်ားသာဓုေခၚဆိုႏိုင္ရန္
အလႉရွင္၏အမည္နာမအားေခၚ၍
သာဓုအႀကိမ္ႀကိမ္ေခၚဆိုေနေတာ့
သည္။
“ေရခဲေခ်ာင္းသည္လာပါၿပီ”
“ႏို႔မလိုင္ေခ်ာင္း၊စေတာ္ဘယ္ရီေခ်ာင္း
ေခ်ာကလက္ေခ်ာင္းမ်ားပါရွိပါသည္။
“ဘဘဟိုမွာေရခဲေခ်ာင္းသည္ႀကီး
သားသားစားခ်င္တယ္ ဘဘ”
“သားကေရခဲေခ်ာင္းစားခ်င္လို႔လား”
“ဟုတ္တယ္ဘဘ သားသား
စားခ်င္တယ္ သားကိုဝယ္ေကြၽးပါလား”
“ဘဘမွာပိုက္ဆံပါမလာဘူးသားရဲ႕”
“ဘဘကလည္းဟိုမယ္ေလ
ပိုက္ဆံေတြ”
“ဟာဒါကဘုရားအတြက္
အလႉခံထားတဲ့ပိုက္ဆံေတြ
ဘဘယူလို႔မရဘူးသားရဲ႕
ငရဲႀကီးမွာေပါ့”
“ဘဘကလည္းလုပ္ပါ
သားစားခ်င္လို႔ပါ လုပ္ပါေနာ္ ဘဘ
လုပ္ပါ”
ဦးသာလွလည္းအလႉခံဖလား
ထဲမွ၂၀၀တန္တစ္႐ြက္အား
ယူလိုက္သည္။
“အင္း…ဒီေငြ၂၀၀ကို
ငါေနာက္မွျပန္ထည့္လိုက္လည္းရတာပဲ၊
ငါ့ေျမးကအခုေရခဲေခ်ာင္း
တအားစားခ်င္ေနတာဆိုေတာ့
ငါဝယ္ေကြၽးလိုက္တာပဲ
ေကာင္းပါတယ္ေလ။
ငါမဟုတ္တာလုပ္တာမွမဟုတ္ပဲ
ၿပီးရင္ဒီေငြ၂၀၀ကိုျပန္ထည့္လိုက္လည္း
ျဖစ္တာပဲ”
ဦးသာလွလည္းသူ႔အေတြးႏွင့္သူ
ေတြးေတာၿပီးေျမးျဖစ္သူခန႔္ခန႔္အား
ေငြ၂၀၀ေပးလိုက္သည္။
“ေရာ့ ငါ့ေျမးေဟာဒီမွာ၂၀၀
ေက်နပ္ေတာ့ေနာ္ေျမး”
“ဟုတ္ဘဘ”
“ေအးသြားဝယ္ေခ် သြားသြား
ေရခဲေခ်ာင္းသည္ကျပန္ေတာ့မယ္”
ခန႔္ခန႔္လည္းဘုရားေပၚမွ
ေျပးဆင္းကာေရခဲေခ်ာင္းသည္
ဆီမွေရခဲေခ်ာင္းတစ္ေခ်ာင္းအား
ဝယ္လိုက္သည္။
“ဘဘ စားဦးမလား”
“ေတာ္ပါၿပီ ငါ့ေျမးပဲစားပါ
ဘဘမစားခ်င္ဘူး”
“စားလို႔ေကာင္းလိုက္တာဘဘရာ”
“ငါ့ေျမးႀကိဳက္ရင္ဘဘက
ေနာက္ေန႔လည္းဝယ္ေကြၽးမွာေပါ့”
“ဘဘတကယ္ေျပာတာေနာ္”
“တကယ္ေပါ့ေျမးရဲ႕”
“ေဟး ဒါမွတို႔ဘဘကြ”
ဦးသာလွလည္းေျမးျဖသ္သူအား
ၾကည့္ၿပီးအခ်စ္ပိုေနမိေတာ့သည္။
==============
ညေနေစာင္းေတာ့အလႉခံဖလား
သိမ္းၿပီးအိမ္သို႔ျပန္လာခဲ့သည္။
တေနကုန္ပင္ပန္းထားသျဖင့္
ေရခ်ိဳးၿပီးအနားယူလိုက္သည္။
“အေဖ ထမင္းစားေတာ့မလား
သမီးခူးထားလိုက္မယ္”
“မစားေတာ့ပါဘူးသမီးရယ္
အေဖဒီကေန႔ေနလို႔မေကာင္းဘူး
ဘယ္လိုႀကီးျဖစ္ေနမွန္းမသိဘူး”
“ေဆးခန္းသြားမလားအေဖ
လိုက္ပို႔ေပးမယ္”
“ေနပါေစ ပင္ပန္းလို႔ျဖစ္တာပါ
အနားယူလိုက္ရင္သက္သာသြား
မွာပါ”
“ဒါဆိုနားေနလိုက္အေဖ
ထမင္းစားခ်င္ရင္သမီးကိုေျပာ
သမီးခူးေပးမယ္”
“ေအးေအး”
“ကိုသာလွ က်ဳပ္နင္းႏွိပ္ေပးရမလား”
“ရပါတယ္ မိန္းမရာ
မင္းလည္းတေနကုန္အားေနတာမွ
မဟုတ္တာေျမးေတြထိန္းေနရေသး
တယ္ေလ”
“ဘာမွမျဖစ္ပါဘူးေတာ္
ရွင္အေညာင္းေလးဘာေလးေျပေအာင္
က်ဳပ္နင္းႏွိပ္ေပးပါ့မယ္။
အိပ္ရာေပၚလွဲေနလိုက္
က်ဳပ္နင္းေပးမယ္”
“ေအးပါကြာ”
ဦးသာလွ၏းဇနီးေဒၚရင္သ
ကခင္ပြန္းသည္အားနင္းႏွိပ္ေပး
လိုက္သည္။
“ရၿပီရၿပီ ဆင္းေတာ့”
“သက္သာရဲ႕လားဘယ္လိုေနလို႔တုန္း”
“ေခါင္းထဲမေကာင္းဘူးကြာ
ေနာက္က်ိက်ိနဲ႔ ရင္ေတြလည္း
တုန္ေနသလိုပဲ”
“ဒါေၾကာင့္ရွင့္သမီးက
ေဆးခန္းျပခိုင္းတာ အသက္ႀကီးၿပီေတာ့
ကိုယ့္က်န္းမာေရးေလးလည္း
ဂ႐ုစိုက္ဦးမွေပါ့”
“မနက္ၾကရင္ေပ်ာက္သြားမွာပါကြာ
သမီးကိုထမင္းေလးခူးခိုင္းလိုက္စမ္းပါ။
ငါနည္းနည္းစားခ်င္ေသးလို႔”
“အင္းပါ က်ဳပ္ခူးလိုက္ပါ့မယ္”
ေဒၚရင္သလည္းမီးဖိုထဲဝင္ၿပီး
ထမင္းႏွင့္ဟင္းမ်ားခူးခပ္လိုက္သည္။
“ကိုသာလွထမင္းခူးၿပီးၿပီ
စားလို႔ရၿပီေနာ္”
“ေအးေအးလာၿပီ”
ဦးသာလွလည္းအခန္းထဲမွ
ထြက္ၿပီးထမင္းအနည္းငယ္
စားလိုက္သည္။
“အေဖဘယ္လိုေနေသးလဲ”
“ေခါင္းေတြမၾကည္ဘူးသားရယ္”
“ေဆးေလးေသာက္လိုက္ပါလားအေဖ”
“ထမင္းစားၿပီးရင္အေဖ
ေသာက္လိုက္ပါ့မယ္”
“ဟုတ္အေဖ”
သားသမီးမ်ားကဖခင္ျဖစ္သူအား
စိုးရိမ္ပူပန္ၿပီးဂ႐ုစိုက္ေပးၾကသည္။
ဦးသာလွလည္းထမင္းစားၿပီး
ေသာက္ေဆးတစ္လုံးကိုေသာက္
လိုက္သည္။
ထို႔ေနာက္အိပ္ရာထဲသို႔ဝင္လာခဲ့ေလ
သည္။
==============
“အင္းဟင္းဟင္း ”
“ကိုသာလွ ကိုသာလွ
ဘာျဖစ္တာလဲ”
“ဟင္းဟင္းဟင္း”
“ဟယ္ကိုယ္ေတြလည္းပူျခစ္ေနတာပဲ
သားေရသမီးေရ လာပါဦး”
ေဒၚရင္သအသံေၾကာင့္
အိပ္ေမာက်ေနသည့္သားႏွင့္သမီးလည္း
ႏိုးလာၾကၿပီးအခန္းထဲဝင္လာ
ၾကသည္။
“အေမ အေဖဘာျဖစ္လို႔လဲ”
“မင္းတို႔အေဖတကိုယ္လုံး
ပူျခစ္ေနတာပဲအဖ်ားႀကီးၿပီး
ညည္းေနတယ္”
“ဒါျဖင့္ရင္အေဖ့ကိုအဝတ္ပါးေလးနဲ႔
ေရပက္တိုက္ေပးတာေပါ့”
“လုပ္လုပ္သမီးျမန္ျမန္ေလး”
သမီးျဖစ္သူလည္းအခန္းထဲမွ
ကျပာကယာထြက္သြားၿပီး
ေရဇလုံႏွင့္အဝတ္ပါးတစ္ထည္ကို
ယူလာေလသည္။
အဝတ္ကိုေရဇလုံထဲထည့္ၿပီး
ေရစိမ္လိုက္သည္။
ထို႔ေနာက္ေရစိုေနသည့္အဝတ္ျဖင့္
ဦးသာလွ၏နဖူးေပၚအားကပ္ထား
ေပးလိုက္သည္။
“အင္းဟင္းဟင္း”
“အေဖသတိထားဦးေလ အေဖ”
“ဟင္းဟင္း”
“ကိုသာလွ ကိုသာလွ
သတိထားမွေပါ့ရွင္”
“အေဖ အေဖ့ အေဖ”
“လုပ္ လုပ္ပါဦးသား မင္းအေဖ
မ်က္ျဖဴလန္ေနၿပီ သားလုပ္ပါဦး”
“အေဖ အေဖစိတ္ကိုထိန္းပါဗ်ာ
အေဖ……”
ဦးသာလွတစ္ေယာက္ၿငိမ္သက္
သြားေတာ့သည္။
“အေဖ”
“ကိုသာလွ ကိုသာလွ”
“ျဖစ္မွျဖစ္ရေလ အေဖရယ္”
“အီးဟီးဟီး”
“အေဖဗ်ာ႐ုတ္တရက္ႀကီး
သားတို႔ကိုထားသြားၿပီလားဗ်ာ”
“ဟဲ့ၾကားလား ဟိုဘက္အိမ္က
ငိုသံေတြၾကားတယ္ ဦးသာလွႀကီး
ဆုံးၿပီဆိုပဲ”
“ဟုတ္လို႔လားအေမရယ္
ေန႔ခင္းကေတာင္ျမင္လိုက္ပါတယ္
အေကာင္းႀကီးပါ”
“ဟဲ့လူဆိုတာေန႔ျမင္ညေပ်ာက္ဟဲ့
နင္သိရဲ႕လား”
“ဘာလဲအေမကသြားေမးမလို႔လား
ညနက္ေနၿပီအေမရဲ႕ ”
“အိုေအ ညနက္ေတာ့ဘာျဖစ္လဲ
အိမ္နီးခ်င္းေတြပဲဟာကို
သူတို႔အားမငယ္ေအာင္သြားေမးရမွာေပါ့”
“ဒါျဖင့္သမီးပါလိုက္ခဲ့မယ္”
အိမ္နီးခ်င္းျဖစ္သည့္
ေဒၚသက္ေဆြႏွင့္သမီးျဖစ္သူမဇင္မာ
ကဦးသာလွဆုံးၿပီဆိုသည့္
အသံၾကားသျဖင့္ဦးသာလွအိမ္ဘက္သို႔
ေရာက္လာၾကသည္။
“မရင္သ ေရ မရင္သ”
“သားအိမ္ေရွ႕ေခၚသံၾကားတယ္
သားတံခါးသြားဖြင့္ေပးလိုက္စမ္း”
“ဟုတ္အေမ”
“ကြၽီ”
“အန္တီသက္ေဆြတို႔ပါလား”
“ဟုတ္တယ္ကြယ့္
မင္းတို႔အိမ္ဘက္ကငိုသံေတြၾကားလို႔
အန္တီလာေမးတာ”
“အေဖဆုံးသြားလို႔ အန္တီသက္ေဆြရ”
“ေအးကြယ္
အန္တီလည္းမင္းတို႔အိမ္ဘက္က
အသံေတြၾကားလို႔နားစြင့္ေနတာ
ျဖစ္မွျဖစ္ရေလကြယ္”
“ငါတို႔ေနေပးရဦးမလား”
“ရပါတယ္ဗ်ာ
အန္တီတို႔ျပန္လိုက္ပါ။
မနက္မွလာၾကေပါ့ အန္တီတို႔လည္း
အိပ္ေရးပ်က္ေနပါ့မယ္”
“ေအးပါကြယ္
ဒါဆိုအန္တီတို႔ မနက္မွလာခဲ့ပါ့မယ္”
“ဟုတ္ကဲ့ အန္တီ”
ဦးသာလွ၏သားလည္း
အိမ္ထဲျပန္ဝင္လာခဲ့သည္။
“သားမသက္ေဆြတို႔လာၾကတာလား”
“ဟုတ္တယ္အေမ
အေဖဆုံးတဲ့အေၾကာင္းလာေမးတာပါ။
အခုျပန္သြားၾကပါၿပီ
သားကသူတို႔ကိုအားနာလို႔
ျပန္လႊတ္လိုက္ရတာ”
“ေအးပါကြယ္
သူတို႔လည္းအိပ္ေရးပ်က္ေနမွာေပါ့
ျပန္ခိုင္းလိုက္တာပဲ
ေကာင္းပါတယ္”
“အေဖေရ အေဖ့ကို
လာေမးေနၾကၿပီအေဖရဲ႕
အီးဟီးဟီး”
“သမီးရယ္ စိတ္ကိုထိန္းပါ
ပတ္ဝန္းက်င္ကလူေတြႏိုးကုန္ပါ့မယ္”
“သမီးေျဖလို႔မရလို႔ပါအေမရယ္
႐ုတ္တရက္ႀကီးကိုယ့္မ်က္ေစ့
ေအာက္မွာအခုလိုျဖစ္သြားလိမ့္မယ္
လို႔မထင္ခဲ့ဘူးအေမရယ္”
“သူ႔ကံတရားကဒီအထိပဲ
ပါလာတယ္လို႔မွတ္ယူလိုက္ပါ
သမီးရယ္”
သားအမိ၃ေယာက္မ်က္ရည္မ်ား
က်ဆင္းၿပီးစိတ္မေကာင္းျဖစ္ေန
ၾကေတာ့သည္။
===============
မနက္လင္းေတာ့ဦးသာလွ
နာေရးအားရပ္ကြက္ထဲမွ
လူအမ်ားလာေရာက္ေမးျမန္းၾက
သည္။
အားလုံးကဦးသာလွတစ္ေယာက္
႐ုတ္တရက္ဆုံးသြားသည္ကို
မယုံႏိုင္ေအာင္ျဖစ္ေနၾကသည္။
==============
ဦးသာလွ၏မ်က္လုံးမ်ား
ဖြင့္ၾကည့္လိုက္သည္။
သူတစ္ခါမွမေရာက္ဖူးသည့္
ေတာအုပ္ႀကီးထဲသို႔ေရာက္ရွိေနေလ
သည္။
ဦးသာလွလည္းအထူးအဆန္း
ျဖစ္ၿပီးေတာအုပ္ထဲသို႔တျဖည္းျဖည္း
ေလွ်ာက္လွမ္းလာခဲ့သည္။
ပတ္ဝန္းက်င္တစ္ခုလုံး
ျမဴမ်ားျဖင့္ဖုံးအုပ္ထားေလသည္။
ဦးသာလွလည္းေျခဦးတည့္ရာ
ေလွ်ာက္လွမ္းရင္းေတာအုပ္အဆုံးကို
ေရာက္လာခဲ့သည္။
ေတာအုပ္ႀကီး၏ေရွ႕တည့္တည့္၌
ႀကီးမားေသာေရကန္ႀကီးတစ္ကန္
အားျမင္လိုက္ရသည္။
ထိုေရကန္ႀကီးကတျခား
ေရကန္မ်ားႏွင့္မတူပဲအေငြ႕
တေထာင္းေထာင္းထေန
ေလသည္။
ဦးသာလွလည္းတအံ့တၾသျဖင့္
ၾကည့္ေနတုန္းေရကန္ထဲသို႔
ခါးေတာင္းက်ိဳက္ထားသည့္
လူတစ္ဦးေရကန္ထဲသို႔
ျပဳတ္က်သြားသည္ကိုျမင္လိုက္ရ
ေလသည္။
ဦးသာလွလည္းအေပၚကို
ေမာ့ၾကည့္လိုက္ရာေခ်ာက္ကမ္းပါး
ႀကီးရွိေနမွန္းသိလိုက္ရသည္။
ထိုေခ်ာက္ကမ္းပါးႀကီး၏
ထိပ္၌အက်ႌမပါပဲခါးေတာင္းက်ိဳက္
ထားသည့္လူမ်ားအားျမင္လိုက္
ရသည္။
“ဦးသာလွ”
“ဟင္”
ေနာက္မွေခၚလိုက္သည့္အသံ
ေၾကာင့္ဦးသာလွအနည္းငယ္
တုန္လႈပ္သြားသည္။
“ဟာ”
ဦးသာလွျမင္လိုက္ရသည္မွာ
ႀကီးမားေသာကိုယ္ခႏၶာျဖင့္
လွံခြႀကီးအားကိုင္ထားသည့္
ငရဲသားတစ္ေယာက္ပင္ျဖစ္သည္။
“ခင္ဗ်ားျမင္ရလား
အဲ့ဒီလူေတြဟာမေသခင္
လူ႔ဘဝကဘုရားလူႀကီးျဖစ္ခဲ့တဲ့
ေဂါပကလူႀကီးေတြပဲ။
ဘုရားပစၥည္းေတြကိုမေတာ္မတရား
လုပ္ၿပီးသူတို႔အက်ိဳးအတြက္အသုံးခ်ၾကတယ္ေလ။
ဒါေၾကာင့္သူတို႔ေသတဲ့အခါ
ဒီငရဲမွာလာခံေနၾကရတာပဲ
ဟိုမယ္ၾကည့္လိုက္……”
ငရဲသားႀကီးျပသည့္ေနရာအား
ဦးသာလွလွမ္းၾကည့္လိုက္သည္။
အေငြ႕တေထာင္းေထာင္းထေနသည့္
ေရေႏြးကန္ထဲ၌ကူးခက္ေနသည့္
လူမ်ားအားငရဲသားမ်ားက
လွံခြ၊မွိန္းစသည့္အခြၽန္အတက္မ်ားျဖင့္
လွမ္းထိုးေနၾကေလသည္။
နာက်င္စြာေအာ္ဟစ္ေနသည့္
လူမ်ားအားၾကည့္ၿပီးဦးသာလွ
ေၾကာက္႐ြံ႕ေနေတာ့သည္။
“ဒီမယ္ဦးသာလွ ခင္ဗ်ားဟာ
မေသခင္ကေကာင္းမႈကုသိုလ္ေတြ
အမ်ားႀကီးျပဳလုပ္ၿပီးသီလသမာဓိ
ရွိတဲ့လူတစ္ေယာက္မွန္းငါတို႔သိတယ္။
ဒါေပမယ့္ခင္ဗ်ားဟာဘုရားေငြ၂၀၀ကို
ျပန္ထည့္ဖို႔ေမ့ေနခဲ့တယ္။
ဒါေၾကာင့္ငါတို႔ကသတိေပးေနတာပဲ
ဦးသာလွ……”
“က်ဳပ္ က်ဳပ္မရည္႐ြယ္ပဲ
ျဖစ္သြားတာပါ၊ၿပီးေတာ့ဘုရားေငြ
၂၀၀ကိုျပန္ထည့္ဖို႔ေမ့သြားလို႔ပါ။
အခုက်ဳပ္ကေသသြားၿပီလား”
“ခင္ဗ်ားမေသေသးပါဘူး
ခင္ဗ်ားဝိညာဥ္ဟာလြင့္ေမ်ာၿပီး
ဒီငရဲကိုေရာက္လာရတာပါ။
ခင္ဗ်ားကိုျပန္လိုက္ပို႔ပါ့မယ္”
“ဟုတ္ ဟုတ္ကဲ့”
ဦးသာလွလည္းသူမေသ
ေသးသည္ကိုသိရွိၿပီးဝမ္းသာသြား
ေတာ့သည္။
ငရဲသားႀကီးေခၚရာေနာက္သို႔
လိုက္လာရင္းေတာအုပ္ႀကီးထဲသို႔
တဖန္ျပန္ေရာက္လာခဲ့သည္။
“ဟိုးအေရွ႕မွာျမင္ေနရတဲ့
လမ္းကေလးအတိုင္းသြားလိုက္ပါ။
ခင္ဗ်ားအိမ္ကိုခင္ဗ်ားျပန္ေရာက္
ပါလိမ့္မယ္”
“ေက်းဇူးတင္ပါတယ္ဗ်ာ”
“ခင္ဗ်ားကိုတစ္ခုေတာ့မွာခ်င္တယ္
ဒီေနရာကိုေနာက္တစ္ခါမလာခ်င္ရင္
မေရာက္ခ်င္ဘူးဆိုရင္။
အသိကိုသတိနဲ႔ကပ္ထားပါ
ကုသိုလ္တရားေတြကိုျပဳလုပ္ပါ။
မေကာင္းတာကိုဘယ္ေတာ့မွ
မျပဳလုပ္မိပါေစနဲ႔ ။
“ဟုတ္ကဲ့ က်ဳပ္သတိရွိပါ့မယ္”
“ေကာင္းပါၿပီ”
ဦးသာလွလည္းျမင္ေနရသည့္
လမ္းကေလးအတိုင္းေလွ်ာက္
လာလိုက္ရာမိမိအိမ္အားျမင္လိုက္
ရသည္။
မိမိအိမ္ထဲ၌လူမ်ားစြာလည္း
ေရာက္ေနၾကေလသည္။
ငိုေႂကြးေနၾကသည့္သားသမီးေျမးမ်ားႏွင့္ဇနီးသည္ကိုလည္းေတြ႕လိုက္ရသည္။
ကုတင္အထက္၌ဆန႔္လန႔္
လွဲေလာင္းေနသည့္မိမိ႐ုပ္ခႏၶာကိုလည္း
ျမင္လိုက္ရသည္။
ဦးသာလွလည္းဘာမွစဥ္းစား
မေနေတာ့ပဲကုတင္ေပၚတက္ကာ
မိမိခႏၶာကိုယ္ထဲေပၚသို႔လွဲေလ်ာင္း
လိုက္ေတာ့သည္။
“အင္းဟင္းဟင္း”
“ေရေပးပါ”
ဦးသာလွ၏အသံက
တိုးညႇင္းစြာထြက္ေပၚလာသည္။
“ေရဆာတယ္ေရေပးပါ”
ဦးသာလွလည္းမ်က္လုံးကို
မဖြင့္ႏိုင္ေသးပဲလက္ေခ်ာင္း
ေလးမ်ားအားလႈပ္ရွားၾကည့္
လိုက္သည္။
ဦးသာလွ၏အသံအား
မည္သူမွမၾကားၾကေပ။
“ဟာဘဘလက္ႀကီးက
လႈပ္ေနတယ္အေမ”
“သားမဟုတ္တာေတြမေျပာနဲ႔”
“ဟာဟုတ္တယ္ေမေမရဲ႕
ေသခ်ာၾကည့္ပါဦး”
ခန႔္ခန႔္၏စကားေၾကာင့္
မိသားစုဝင္မ်ားဦးသာလွခႏၶာကိုယ္
အားၾကည့္လိုက္ၾကသည္။
“ဟာဟုတ္တယ္ အေဖ့လႈပ္ေနတယ္အေမေရ”
“အေဖမေသဘူးကြ။
အေဖမေသဘူး”
“ကိုသာလွကိုသာလွ”
နာေရးလာပို႔ၾကသည့္လူမ်ား
လႈပ္လႈပ္ရွားရွားျဖစ္သြားၾကသည္။
“ေရဆာတယ္ ငါ့ကိုေရေပးပါ”
“အေမေရတဲ့ ေရ ေရ”
“သား လုပ္ပါဦး ေရ ေရခပ္ခဲ့”
“ဟုတ္ ဟုတ္”
သားျဖစ္သူလည္းကျပာကယာ
ေရတစ္ခြက္အားေျပးခပ္လိုက္သည္။
နာေရးသို႔ေရာက္ေနၾကသည့္
လူမ်ားလည္းဦးသာလွမေသမွန္း
သိသြားၾကသျဖင့္အားလုံးဝမ္းသာ
သြားၾကေလသည္။
ဦးသာလွေျခမႏွစ္ေခ်ာင္း၌
ခ်ည္ထားသည့္ႀကိဳးမ်ားအား
ျဖဳတ္လိုက္ၾကသည္။
ဦးသာလွကိုမိသားစုဝင္မ်ားက
ထူၿပီးေရတိုက္ၾကသည္။
မိသားစုဝင္အားလုံးၿပဳံးေပ်ာ္
ေနၾကေလသည္။
ဦးသာလွလည္းသားသမီးေျမးမ်ားႏွင့္
ဇနီးသည္အားဖက္ၿပီးဝမ္းပန္းတသာ
ျဖစ္ေနေတာ့သည္။
“ငါမေသဘူး ငါေမ်ာေနတာဟ”
“မရင္သ ငါ့ကိုေငြ၂၀၀ေပးစမ္းကြာ”
“ဘာလုပ္ဖို႔လဲေတာ့္”
“ေပးမွာသာေပးစမ္းပါ
ငါလုပ္စရာရွိလို႔ ”
“ေရာ့ေရာ့ ဒီမွာ”
ဦးသာလွလည္းထိုေငြ၂၀၀အား
ယူၿပီးအလႉခံစာရင္းထဲထည့္ထား
လိုက္သည္။
နာေရး၌ရွိေနၾကေသာ
လူမ်ားလည္းဦးသာလွျပဳလုပ္
ေနသည္ကိုနားမလည္ႏိုင္ပဲ
ရွိေနၾကသည္။
“အေဖ ဘာလုပ္တာလဲဟင္
အဲ့ဒါက ”
“အားလုံးကိုငါေျပာျပမယ္
ငါဒီေငြ၂၀၀ေၾကာင့္ငရဲကို
ေရာက္ခဲ့ရတယ္……”
“ဗ်ာ”
“ဟင္”
“ဘယ္လို”
“ဘာျဖစ္တယ္”
အားလုံးကဦးသာလွေျပာေသာ
စကားအားနားမလည္ပဲျဖစ္ေန
ၾကသည္။
ဦးသာလွလည္းစိတ္ဝင္တစားနားစြင့္
ေနၾကသည့္မိသားစုဝင္မ်ားႏွင့္
ရပ္ကြက္ထဲကလူမ်ားအားမိမိႀကဳံေတြ႕
ခဲ့ရသမွ်အျဖစ္အပ်က္အလုံးစုံကို
ရွင္းျပလိုက္ေတာ့သည္။
ထိုအခါမွအားလုံးလည္း
နားလည္သေဘာေပါက္သြားၾက
ေတာ့သည္။
ေသ႐ြာမွျပန္လာသည့္
ဘုရားလူႀကီးဦးသာလွလည္း
ငရဲအားကိုယ္ေတြ႕ျမင္ခဲ့ရၿပီမို႔
အေၾကာက္ႀကီးေၾကာက္သြားေလ
သည္။
ထိုေန႔မွစၿပီးဦးသာလွလည္း
အသိကိုသတိျဖင့္ထိန္းကာ
အပါယ္လားရမည့္အေၾကာင္း
မ်ားကိုေရွာင္ႏိုင္သည္ထက္
ေရွာင္ေလေတာ့သည္။
ယခုေရးေသာဇာတ္လမ္းသည္
မည္သူတစ္ဦးတစ္ေယာက္ကိုမွ
ရည္႐ြယ္ထားျခင္းမရွိပဲ
စိတ္ကူးသက္သက္သာျဖစ္သည္။
အားလုံးကိုေက်းဇူးတင္လ်က္……
စာဖတ္ၿပီးရင္လက္မေလးေတြ
ႏွိပ္ခဲ့ပါဗ်။
#ေအာင္ဓူဝံ