“အာဂမိန်းမ”(စ/ဆုံး)

Unicode Version

“အာဂမိန်းမ”(စ/ဆုံး)
————————-
“သားနဲ့သမီး ဘာလို့လိုက်လာတာလဲ
ဒီနေ့ကျောင်းမသွားဘူးလား”

“သွားတယ်အမေရဲ့ ဒီနေ့အစောကြီး
ကျောင်းဆင်းပေးလိုက်တာ ဆရာမက”

“ဘာလို့လည်း သမီး”

“နောက်ရက်စာမေးပွဲရှိလို့ စာကျက်အောင်လို့
အစောကြီးဆင်းပေးလိုက်တာတဲ့”

“ဒါနဲ့များ ဘာလို့အမေ့ဆီလိုက်လာကြတာလဲ
အိမ်မှာစာကျက်နေကြရောပေါ့”

“စာကညမှကျက်လို့ရပါတယ်အမေကလည်း
ညနေဈေးသိမ်းရင် အမေတစ်ယောက်တည်း
မနိုင်မှာစိုးလို့ သားနဲ့အမက လိုက်လာတာ”

“သြော် သားနဲ့သမီးရယ်
အမေဒီလောက်တော့ လုပ်နိုင်ပါသေးတယ်”

“ဘယ်ဟုတ်မလဲ အမေကလည်း
စာကစိတ်ပါလက်ပါကျက်လိုက်ရင်
ခဏလေးအတွင်းအလွတ်ရတယ်
ဘာပဲဖြစ်ဖြစ်အမေရယ် အခုသမီးတို့
ရောက်လာပြီပဲ မပြန်တော့ဘူး”

“အေးပါ အေးပါ ငါ့သားသမီးတွေ
လိမ္မာလို့ အမေမွေးရကျိုးနပ်ပါပြီ”

ဒေါ်ထိုက်ခင် မှာသားဖြစ်သူ အာကာ နှင့်
သမီးဖြစ်သူ့ငြိမ်းလဲ့တို့၏လိမ္မာသိတတ်မှုကြောင့်
စိတ်ချမ်းသာရပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ
ခင်ပွန်းဦးခင်မောင် ကြောင့်
စိတ်ဆင်းရဲဖြစ်ရပြန်ပေသည်။

ဦးခင်မောင်က အိမ်ထောင်ဦးစီးဖြစ်လေသည်။
အလုပ်တော့လုပ်ကိုင်ပေမယ့် တစ်နေ့တနေ့
သူ့လုပ်အားခသည်ဒေါ်ထိုက်ခင်ထံ
မရောက်ပဲ အရက်ဆိုင်မှာပင် ကုန်ဆုံးအောင်
အရက်ကိုရူးရူးမူးမူးကြိုက်ကာ
သောက်တတ်သူဖြစ်သည်။

=================

ညနေဈေးသိမ်းပြီး သားအမိ၃ယောက်
အိမ်ကိုအထုပ်အပိုးများဖြင့်မနိုင်မနင်း
ပြန်ရောက်လာခဲ့ကြသည်။

“မိထိုက် ပြန်လာပြီလား ငါ့ကိုအမြည်း
လုပ်ပေးဦး”

“ကျုပ်မှာ ရောက်လာလို့ အမောတောင်
မပြေသေးဘူး ရှင်ကအမြည်းလာလုပ်ခိုင်း
နေသေးတယ် ရှင်ဟာရှင် လက်ပါရင်
ထလုပ်”

“ဘာကွ မင်းကများ ငါ့ကိုရာရာစစ”

“ကဲကြာ”

“ဖြန်း”

“အောင်မယ်လေး သေပါပြီ”

“အဖေ အမေ တော်ပါတော့”

“အမေ ဘာဖြစ်သွားသေးလည်း”

“အမေ ဘာမှမဖြစ်ဘူး သား ရတယ်”

“ဟီး ဟီး ဟီး အဖေ အမေ့ကိုမရိုက်ပါနဲ့
သမီးတောင်းပန်ပါတယ်”

“ဟာ နားငြီးတယ် သွားစမ်း ငြိမ်းလဲ့
ညည်းငါ့ဖို့ အမြည်းလုပ်ပေးစမ်းမြန်မြန်”

“နေပါစေ သမီး အမေလုပ်လိုက်မယ်
ရှင်ဘာမှကျုပ်ကလေးတွေကို
အမြည်းလုပ်ခိုင်းစရာမလိုဘူး
အရက်လည်းဝယ်ခိုင်းစရာမလိုဘူး”

“တောက် ငါထပ်လုပ်လိုက်ရ နာတော့မယ်”

ဒေါ်ထိုက်ခင်လည်း ပါးပြင်ပေါ်သို့
ကျလာသည့် မျက်ရည်စတွေကိုသုတ်ပြီး
မီးဖိုချောင်ထဲဝင်ကာ ညစာအတွက်ရော
အမြည်းအတွက်ပါ ကြက်သားများအား
ကြော်လိုက်လေသည်။

=============

“ရော့ ဒီမှာအမြည်း ”

“ဂွက်”

ဒေါ်ထိုက်ခင်လည်း ကြက်သားကြော်ပန်းကန်
အားဦးခင်မောင်အရှေ့သို့ ဂွက်ကနဲ့
ချပေးလိုက်လေသည်။

“သား အာကာ သမီးငြိမ်းလဲ့အမေတို့
ထမင်းစားရအောင်”

“ဟုတ်အမေ လာပြီ”

အာကာနှင့်ငြိမ်းလဲ့လည်း ထမင်းစားပွဲဝိုင်း
သို့ရောက်လာကြပြီးထမင်းစားရန်ထိုင်
လိုက်ပြီး

“အဖေ ထမင်းစားရအောင်လာလေ
သမီးတို့နဲ့ တစ်ခါတည်းဝိုင်းစားလိုက်ပါလား”

“နင်တို့သားအမိတွေသာဝအောင်စား
ငါ့အတွက်အရက်ရှိရင်ပြီးပြီ
ကိုယ့်ဗိုက်နဲ့ကိုယ် စားချင်တဲ့အချိန်မှ
စားမယ်”

“‘သမီးခေါ်မနေနဲ့ ကိုယ့်ဟာကိုယ်
စားစရာရှိတာစား သူမစားလည်း
ဘာမှမဖြစ်ဘူး အကုန်တောင်သက်သာတယ်”

=============

ထမင်းစားပြီးသည်နှင့်အာကာနှင့်ငြိမ်းလဲ့လည်း
စာအုပ်ကိုယ်စီထုတ်ကာ စာဖတ်နေတုန်း

“‘ဟာ အေးအေးဆေးဆေးကို
မသောက်ရဘူး နင်တို့စာကျက်တာ
တိုးတိုးသက်သာ ဆိုလို့မရဘူးလား
သွားအိမ်အောက်ဆင်းဖတ်ကြ
သောက်ရတာအာရုံပျက်တယ်”

“လာ အမ အောက်ဆင်းပြီးဖတ်ရအောင်”

“အေး မောင်လေး လာ”

မောင်နှမနှစ်ယောက် အိမ်အောက်ဆင်းပြီး
စာကျက်နေလိုက်သည်။

ထိုအချိန်အပြင်မှ ပြန်လာသော ဒေါ်ထိုက်ခင်က

“ဟင်…သားနဲ့သမီး ခြင်ကိုက်ခံပြီး
အိမ်အောက်ဆင်းပြီးစာကျက်နေကြတယ်
အိမ်ပေါ်ကဘာလို့လဲ”

“အဖေက အောက်ဆင်းပြီးကျက်တဲ့
နားငြီးလို့တဲ့ ပြီးတော့သူအရက်သောက်ရတာ
အာရုံပျက်လို့တဲ့ အမေ ဒါနဲ့အမနဲ့ကျွန်တော်
အိမ်အောက်ဆင်းလာကြတာ အမေ”

“ဒီလူကြီး ငါနဲ့တွေ့မယ်”

“အမေနေပါစေ ဘာမှမဖြစ်ဘူး
အမေသွားပြောရင် ထပ်ပြီးစကားများကြဦးမယ်
အဖေလက်ပါရင် အမေပဲအသားနာမှာ
မပြောပါနဲ့တော့ အမေ”

ငြိမ်းလဲ့မှ အချိန်မီတားလိုက်သည့်အတွက်
ဒေါ်ထိုက်ခင် ဒေါသကိုထိန်းလိုက်နိုင်ကာ

“အေးပါ သမီးရယ် အမေတို့လည်း
ဒီလိုလူစိတ်မရှိတဲ့ လူလက်ထဲက
ဘယ်တော့များမှဝဋ်ကြွေးကုန်မလဲ
မသိပါဘူး”

ဒေါ်ထိုက်ခင် ညည်းတွားမိလိုက်လေသည်။

===============

နောက်တစ်နေ့ မနက်ရောက်တော့

“သမီးရေ အမေဒီမှာအားလုံးခူးခပ်ပြီး
ထားခဲ့တယ် မောင်လေးနိုးရင် အုပ်စောင်း
အောက်မှထမင်းကြော်ရှိတယ်
အကြော်နဲ့ကျွေးလိုက် နင့်အဖေအတွက်ပါ
ထားခဲ့တယ် အမေဈေးသွားရောင်းတော့မယ်”

“ဟုတ်ကဲ့ အမေ ”

ဒေါ်ထိုက်ခင် မနက်ဈေးရောင်းရန် မနက်ဈေးသို့
ခပ်သုတ်သုတ်ထွက်သွားလေသည်။

“ငြိမ်းလဲ့ မနက်စာဘာရှိလဲ”

“သြော် အဖေ နိုးလာပြီလား
ထမင်းကြော်နဲ့ အကြော်ဝယ်ထားတယ်အဖေ
အုပ်စောင်းအောက်မှာခူးပြီးသားပါ
အဖေ ”

“ဒါပဲလားဟ ဘယ်မလဲ မနေ့ညက
ကြက်သားချက်တွေက”

“အဲ အဲဒါက နေ့လယ်စာဖို့ပါအဖေ”

“နေ့လယ်စာတွေ ညလယ်စာတွေ
မလိုချင်ဘူး ငါ့ဖို့အခုယူလာခဲ့”

“ဟို ဟို”

“လျှာမရှည်နဲ့ ခိုင်းတာလုပ်”

ငြိမ်းလဲ့လည်း ဖခင်အားကြောက်ရသဖြင့်
ဖခင်ခိုင်းသလိုလုပ်ပေးရတော့သည်။

============

“အဖေ ဒီမှာကြက်သားဟင်း”

“ချထားခဲ့ ဟိုကောင်အာကာနိုးပြီလား”

“မနိုးသေးဘူး အဖေ”

“သွားနှိုးလိုက်ချေ ဒီကောင်ကို
ငါခိုင်းစရာရှိလို့ ”

“ဟုတ် အဖေ”

ငြိမ်းလဲ့လည်း အာကာအားသွားနှိုးလိုက်လေသည်။

“မောင်လေး အာကာ ထ ထ
အဖေကနင့်ကိုခိုင်းစရာရှိလို့တဲ့”

“အင်း အင်း ထပြီ အမ”

“လာ မြန်မြန် အဖေစိတ်တိုရင်
သိတယ်မလား”

အာကာလည်းဖခင်၏ဒေါသကို
ကြောက်ရသဖြင့်အိပ်ရာမှ အမြန်ထကာ
မျက်နှာသစ်ရန်အပြေးတပိုင်း
သွားလိုက်သည်။

“အာကာ လာဦး”

“အဖေ သားမျက်နှာသစ်မလို့ ခဏ”

“မျက်နှာပြီးမှသစ် အခုလာခဲ့”

“ဟုတ်အဖေ”

အာကာလည်း မျက်နှာမသစ်လိုက်ရပဲ
ဖခင်ခေါ်သည့်အနားရောက်လာပြီး

“အဖေ သားကိုဘာခိုင်းစရာရှိလည်း”

“ရော့ ဒီမှာ ပိုက်ဆံ ငါ့ကိုအရက်တစ်ပိုင်း
သွားဝယ်ပေးစမ်း”

“ဟုတ် အဖေ”

“မြန်မြန်သွားမြန်မြန်လာခဲ့ ကြားလား”

“ဟုတ်ကဲ့ အဖေ”

===============

အာကာလည်း အရက်ဆိုင်သို့ အပြေးတပိုင်း
သွားဝယ်ပေးရလေသည်။

“ဦးလေး ကျွန်တော့်ကိုအရက်တစ်ပိုင်းလောက်”

“ပုလင်းပါလား”

“ပါပါတယ် ဦး ဒီမှာ”

“မင်းကျောင်းမသွားသေးဘူးလား
အာကာ နောက်ကျနေပြီမလား”

“ဟုတ်တယ်ဦး အဖေက အရက်သောက်ချင်တယ်ဆိုလို့
လာဝယ်ရတာ”

“မင်းအဖေနဲ့တော့ခက်ပါတယ်ကွာ
ကျောင်းသားကိုအရက်ဝယ်ခိုင်းရတယ်လို့
ပြီးတော့ မင်းတို့အရွယ်ဆိုတာ
ဒီနေရာတွေကို လာသင့်တာမဟုတ်ဘူး”

“ဟုတ်ကဲ့ ဦးလေး သားလည်းမလာချင်ပါဘူး
ဒါပေမယ့် အဖေ့ကိုကြောက်လို့သာ
သူခိုင်းသမျှလုပ်ပေးနေရတာပါ”

“အေးပေါ့ ရော့ဒီမှာ ပုလင်း”

“ဟုတ် ဒီမှာဦးလေး ပိုက်ဆံ”

“အေးအေး စာလည်းကြိုးစား အာကာ”

“ဟုတ်ဦးလေး ”

အရက်ရောင်းသည့်ဦးလေးကြီးက
သားသမီးချင်းကိုယ်ချင်းစာ၍
ပြောဆိုဆုံးမလိုက်သောစကားများကို
အာကာ မှတ်ယူထားလိုက်လေသည်။

………………………

“အဖေ ဒီမှာ အရက်”

“အေး ထားခဲ့ ”

“မောင်လေး မြန်မြန်လုပ် အမတို့
ကျောင်းသွားရဦးမှာ”

“ဟုတ်အမ”

အာကာလည်း မျက်နှာကိုအမြန်သစ်ပြီး
ထမင်းကြမ်းစားကာ အဖြူ အစိမ်းလဲပြီး
ကျောင်းကိုပြေးရပြန်တော့သည်။

==============

“ကဲ ဒီနေ့ကျောင်းကို ပညာရေးမှူးလာလိမ်မယ့်
သူတို့ကမေးတဲ့အခါမှာ စကားကို
လိမ္မာပါးနပ်စွာနဲ့ပြောရမယ်နော်
အားလုံးကြားကြလား”

“ကြားပါတယ်ဆရာမ”

ငြိမ်းလဲ့တို့၏ အတန်းပိုင်ဆရာမက
ကျောင်းသားများအားလုံးကို
ကြိုတင်ပြင်ဆင်နိုင်ရန်သတိပေးစကား
ပြောလိုက်လေသည်။

နာရီပိုင်းခန့် အကြာမှာတော့
ကားတစ်စီးကျောင်းရှေ့သို့ ရောက်လာပြီး
ကားထဲမှ အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ဦးနှင့်အတူ
တခြားလူများလည်းကားပေါ်မှ
ဆင်းလာကြလေသည်။

………………………

“မင်္ဂလာပါ ဆရာမ ရုံးခန်းထဲကြွပါရှင့်”

ပညာရေးမှူးအား ကျောင်းမှစာသင်ကြသော
ဆရာ၊ဆရာမများက ချိုသာစွာဖြင့်
နှုတ်ခွန်းဆက်ကာဖိတ်ခေါ်လေသည်။

ပညာရေးမှူးကလည်း ဖော်ဖော်ရွေရွေရှိသည်ကို
မျက်နှာအားကြည့်ရင်သိနိုင်ပေသည်။

“ကျောင်းက သန့်ရှင်းရေးလည်းမဆိုးဘူး
ီရမှတ်တွေလည်း အတော်ကောင်းကြတာပဲ
ဒါဆရာ၊ဆရာမတွေရဲ့ ကြိုးစားသင်ပြမှု
တွေကြောင့်ပါပဲ

တို့ဆရာ၊ဆရာမတွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့
အဓိကအရေးပါတဲ့ လူတွေဆိုလည်းမမှားပေဘူး
တို့တွေက ကလေးတွေကို လိမ္မာအောင်၊ပညာတတ်တွေဖြစ်အောင် နာသုံးနာနဲ့
အရင်းခံပြီးသင်ကြားပြသပေးမှ
ပညာတတ်တွေပေါများတဲ့နိုင်ငံဖြစ်မှာမလား

ဆိုတော့ ဆရာ၊ဆရာမတွေအနေနဲ့
စာသင်တဲ့နေရာမှာ အထူးဂရုစိုက်ပြီး
သင်ကြားပေးဖို့ ပြောချင်တယ်ကွယ်”

“ဟုတ်ကဲ့ပါ ဆရာမ လိုက်နာပါ့မယ်”

“ဒါဆိုရင် ဆရာမ ကျောင်းခန်းလေးတွေကို
လိုက်ကြည့်ချင်တယ်ကွယ်”

“ဟုတ်ကဲ့ ဆရာမ ကြွပါရှင့်”

ဆရာမများက ပညာရေးမှူးအား
ကျောင်းခန်းတစ်ခန်းပြီးတစ်ခန်း
လိုက်လံပို့ဆောင်ပြီးပြသပေးလေသည်။

တဖြည်းဖြည်းနှင့် ပညာရေးမှူးက
ငြိမ်းလဲ့တို့စာသင်ခန်းသို့ ရောက်လာလေသည်။

ကျောင်းသား ကျောင်းသူများအား
စာထွက်ပြခိုင်းခြင်း၊သင်္ချာများတွက်ခိုင်းခြင်း
ပြုလုပ်ခိုင်းခြင်းဖြင့် ကျောင်းသားများ၏
အရည်အသွေးကိုစစ်ဆေးလေသည်။

“ဟိုခုံက ကျောင်းသူလေး သူ့နာမည်
ဘယ်သူ”

“ငြိမ်းလဲ့ ပါ”

“ငြိမ်းလဲ့ အတန်းရှေ့ကို ထွက်ခဲ့ပါဦး
သမီး”

“ဟုတ်ကဲ့ ဆရာမ”

“သမီးငြိမ်းလဲ့က ဆရာမနဲ့ဟောဒီက
ဆရာ၊ဆရာမတွေကို ပြီးတော့
ဟောဒီအခန်းထဲက ကျောင်းသားတွေအားလုံးအတွက်
ပုံတစ်ပုံဆွဲပြပေးနိုင်မလား သမီး
ကြိုက်တဲ့ပုံလေးပေါ့ ”

“ဟုတ်ကဲ့ ဆရာမ သမီးဆွဲပေးပါ့မယ်ရှင့်”

“သမီး ဒီမှာမြေဖြူ လုပ်ပါဦး
ဆရာတို့ သမီးရဲ့အစွမ်းကိုကြည့်ရအောင်”

ငြိမ်းလဲ့လည်း ပညာရေးမှူးပေးသော
မြေဖြူ အားယူလိုက်ပြီး ကျောင်သင်ပုန်း
ပေါ်သို့ပုံတစ်ပုံဆွဲလိုက်လေသည်။

မိနစ်ပိုင်းခန့်အကြာမှာတော့ ပီပြင်လွန်းတဲ့
ပုံတစ်ပုံအား ပြီးမြှောက်အောင်ဆွဲနိုင်ခဲ့လေသည်။

“အရမ်းတော်တာပဲ ဒီပုံလေးက
သမီးဘယ်လိုရည်ရွယ်ချက်နဲ့ဆွဲဖြစ်သွားတာလည်း”

“ဒီပုံလေးထဲက မိသားစုလေးလို
သာယာအေးချမ်းတဲ့ မိသားစုလေး
သမီးရချင်တယ် ပြီးတော့ အဖေ ရယ်အမေ ရယ်
မောင်လေးရယ် သမီးတို့အတူတူ
ကစားကွင်းသွားကိုသွားချင်တဲ့
ရည်ရွယ်ချက်လေးပါ ဆရာမ”

ထိုသို့ ပြောရင်းငြိမ်းလဲ့ မျက်လုံးအိမ်မှ မျက်ရည်များဝဲလာခဲ့လေသည်။

“သြော် သမီးရည်ရွယ်ချက်လေးကမဆိုးဘူးပဲ
ဒါနဲ့ သမီးဖေဖေ သမီးမေမေက ဘာအလုပ်လုပ်လဲ
မောင်လေးက ဘယ်အတန်းရောက်ပြီလဲ”

“သမီးအမေက ဈေးထဲမှာ အသီးအရွက်တွေ
ရောင်းပါတယ် မောင်လေးက ၃တန်းရောက်ပါပြီ
အဖေက အဖေက ”

ငြိမ်းလဲ့၏စကားများ ရှေ့သို့ မဆက်နိုင်အောင်
ဆွံ့အာသွားခဲ့ရလေသည်။

ဖခင်ဘာလုပ်သလဲ ဟုမေးခွန်းကြောင့်
သူမအဖြေရှာမရဖြစ်နေခဲ့လေသည်။

ဖခင်ကအရက်သမားဆိုသည်ကို
ဆရာ၊ဆရာမတွေရှေ့ ၊ပညာရှေးမှူးရှေ့
ူူသူငယ်ချင်းပေါင်းအသင်းတွေရှေ့
ပြောမထွက်နိုင်အောင် အရှက်ရနေသည်။

ပညာရေးမှူး ကနားလည်သဘောပေါက်
သွားပုံရသည်။

“ရတယ် သမီး သမီးဖြေဖို့ခက်နေရင်
သမီးစာကြိုးနော် လိမ္မာအောင်နေ
ဟုတ်ပြီလား”

…………………………

“အမ တစ်လမ်းလုံးလည်း စကားမပြောဘူး
ဘာဖြစ်လို့လဲ”

“ငါ ငိုချင်လို့ပါဟာ”

“ဟင် အမကဘာလို့ငိုချင်တာလဲ
အမကိုဘယ်သူက အနိုင်ကျင့်လိုလဲ”

“အမကို ဘယ်သူကမှအနိုင်မကျင့်ပါဘူး
မောင်လေးရယ် ဒီကနေ့ ပညာရေးမှူး
မေးတဲ့မေးခွန်းကြောင့် ငါ့ကိုယ်ငါ
ိသိမ်ငယ်ပြီး ငိုချင်တာပါ”

“ပညာရေးမှူးက ဘာမေးလို့လဲ အမကို”

“အဖေက ဘာလုပ်လဲတဲ့ဟာ
ငါဒီမေးခွန်းကိုဖြေချင်ပေမယ့်
မဖြေရဲဘူး ငါရှက်လည်းရှက်တယ်
တို့အေဖကအရက်သမား ဆိုတာ
လူအများကြီးရှေ့ ငါဘယ်လိုလုပ်ပြောထွက်မှာလဲ
မောင်လေးရယ်”

“အေး ဒါတော့ ဟုတ်ပါတယ် အမရယ်
ဘာမှအားငယ်မနေနဲ့ အမ ဘာဖြစ်လဲ
ဟာ ငါတို့တွေ သူများဟာ မခိုးဘူး မဝှက်ဘူး
ဘယ်လောက်ဆင်းရဲရဲ စိတ်ထားကောင်းကောင်းမွေးနိုင်ရင်
သူများထက်သာပြီးသားပဲလေ မဟုတ်ဘူးလား”

“နင်ပြောတာ ဟုတ်တယ်နော် ငါလည်း
နင်ပြောသလိုနေရမယ် မောင်လေးရေ”

အာကာ ရဲ့အားပေးစကားကြောင့်အမဖြစ်သူ
ငြိမ်းလဲ့အားတက်သွားသလိုခံစားလိုက်ရလေသည်။

==============

ဤသို့ဖြင့် တစ်ရက်တွင်တော့
ဦးခင်မောင်တစ်ယောက်

“ဝေါ့ ”

“ဟင် အဖေ အဖေ အမေလာပါဦး
ဒီမှာ အဖေသွေးတွေအန်နေတယ်”

“ဟင် ကိုခင်မောင် ဘယ်လိုဖြစ်တာလည်း
သား သား အာကာ ဆရာဝန် ဦးစိုးကို
သွားခေါ်ချေ အဖေ သွေးတွေအန်နေလို့လို့
ပြောပြီးခေါ်ခဲ့ ”

“ဟုတ်အမေ ”

အာကာလည်း ဖိနပ်ကိုစီးလိုက်ပြီး
အမြန်ပြေးထွက်သွားကာ ဆရာဝန်ပင့်ထွက်သွားတော့သည်။

“ဝေါ့ အား အ”

“ကိုခင်မောင် ရရဲ့လား ဘယ်လိုနေလဲ”

“အဖေ သတိထားပါဦး ”

“အား ငါ့ရင်တွေပူလိုက်တာ မထိုက်ရယ်”

“ဝေါ့ အူး အား”

“ကိုခင်မောင် ကိုခင်မောင် ခေါ်လို့လည်းမရတော့ဘူး”

“အဖေ အဖေ ”

“အမေ ဆရာဝန်လိုက်လာပြီ”

“ဆရာလုပ်ပါဦး ကိုခင်မောင်ခေါ်လို့မရတော့ဘူး”

ဒေါက်တာစိုးလည်း နားကြပ်ဖြင့် ဟိုစမ်းဒီစမ်းလုပ်လိုက်၊မျက်လုံးအားဖြဲကြည့်လိုက်
ဖြင့် နောက်ဆုံး ခေါင်းခါပြလေသည်။

“ကိုခင်မောင် အသက်မရှိတော့ဘူး မထိုက်
စိတ်မကောင်းပါဘူး ”

“အောင်မယ်လေး ကိုခင်မောင်ရဲ့
အဖြစ်ဆိုးလှချေလား ဟင်
ကျုပ်တို့ကို ထားခဲ့ပြီပေါ့တော်”

“အဖေ သားတို့ကို ထားခဲ့ပြီလားဗျာ”

“ဒေါ်ထိုက်ရယ်စိတ်ကိုထိန်းမှပေါ့
သေတဲ့သူကသေပြီပဲ ကလေးတွေ
ရှေ့ရေးကရှိသေးတယ်လေ စိတ်ကိုထိန်း”

“ကျွန်မတို့အပေါ်မှာ သူမကောင်းခဲ့ပေမယ့်
ကျွန်မ သူ့ကိုမေတ္တာမပျက်ပါဘူး
ကျွန်မတို့ မိသားစုလေး သူဆိုးတဲ့ ဒဏ်ကနေ
လွတ်သွားပြီလို့ပဲမှတ်ရတော့မှာပေါ့ရှင်
ဟီး ဟီး ”

ကိုခင်မောင်၏နာရေးအား ရပ်ကွက်ထဲမှ
လူအများကဝိုင်းဝန်းလုပ်ကိုင်ပေးကြ
အလှူငွေကောက်ခံပေးကြဖြင့်
စည်စည်ကားကားဖြင့် ကိုခင်မောင်၏
အလောင်းအားကောင်းမွန်စွာဖြင့်
မြေချပေးနိုင်ခဲ့လေသည်။

ရက်လည်ပြီးသည့် ညမှာတော့
ဒေါ်ထိုက်ခင် အိပ်မက်တစ်ခုအား
မြင်မက်လေသည်။

“မထိုက်ခင် ”

“ဟင်…ကိုခင်မောင် ပါလား”

“ဟုတ်တယ် ငါနင်တို့သားအမိတွေကို
လာနှုတ်ဆက်တာပါ ငါနင်တို့အပေါ်
တစ်စက်ကလေးမှမကောင်းခဲ့ပါဘူးဟာ
ငါဆိုးသမျှ ကိုသည်းခံခွင့်လွှတ်ပေးကြလို့လည်း
ငါကျေးဇူးတင်ပါတယ်
ငါနင်တို့အပေါ်မကောင်းခဲ့တဲ့အတွက်
ငါအနူးအညွတ်တောင်းပန်ပါတယ်
မထိုက်
ငါ့သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင်
ငါလုပ်မပေးနိုင်ခဲ့ဘူးဟာ
ငါအချိန်ပြည့်မူးရူးနေခဲ့မိလို့ ငါလူစိတ်မရှိခဲ့လို့
အခုလို နင်တို့ဆင်းဆင်းရဲရဲနေရတာပါ
ငါ့သားနဲ့သမီးကို ပညာတတ်ဖြစ်အောင်
ထားပေးပါ မထိုက် ငါသွားတော့မယ်”

“ကိုခင်မောင် ကိုခင်မောင်”

“အမေ အမေ ဘာဖြစ်တာလည်း”

ဒေါ်ထိုက်ခင် အိပ်နေရာမှထအော်သံကြောင့်
ငြိမ်းလဲ့နှင့်အာကာ ကစိုးရိမ်တကြီးမေးလိုက်လေသည်။

“အမေ ဘာမှမဖြစ်ပါဘူး သားနဲ့သမီးရယ်
သားတို့အဖေက အမေ့ကိုအိပ်မက်ပေးသွားတယ်ကွယ်”

“ဘာအိပ်မက်လဲဟင် အမေ”

“မင်းတို့ အဖေက တို့အပေါ်မကောင်းခဲ့တာတွေအတွက်
တောင်းပန်ပါတယ်တဲ့လေ
ပြီးတော့ သူဆိုးမိုက်ခဲ့သမျှတွေကို
ခွင့်လွှတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်တဲ့

သားနဲ့သမီးကိုလည်း ပညာတတ်ကြီး
ဖြစ်အောင်မထားနိုင်ခဲ့လို့ တောင်းပန်ပါတယ်တဲ့
အမေ့ကိုလည်းသူနောက်ဆုံးမှာသွားသေးတယ်

သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင်ထားပေးပါတဲ့
စိတ်ချပါ ကိုခင်မောင်ရယ် ကျွန်မ သားနဲ့သမီးကို
ရှင်ဖြစ်စေချင်သလို ကျွန်မအစွမ်းကုန်
ကြိုးစားပြီးလုပ်ပြပါ့မယ်ရှင်”

………………………………

ဒေါ်ထိုက်ခင် တစ်ယောက် ဦးခင်မောင်ဖြစ်စေချင်သောဆန္ဒနှင့်အတူ သူပြောလိုက်သည့် ကတိစကားအား ထပ်တူကျအောင်

အာကာနှင့်ငြိမ်းလဲ့တို့ မောင်နှမ၂ယောက်အား
ပညာတတ်ဖြစ်အောင် ဒေါ်ထိုက်ခင်
ဈေးရောင်းပြီးကျောင်းထားပေးလေသည်။

သားနှင့်သမီးကလည်း လိမ္မာကြလေသည်။

နွေရာသီကျောင်းပိတ်ရက်ဆိုလျှင်
ငြိမ်းလဲ့က မိခင်ဖြစ်သူနှင့်အတူဈေးရောင်းလိုက်လေသည်။

သားဖြစ်သူအာကာ ကတော့ နွေရာသီကျောင်း
ပိတ်ရက်တိုင်းဝင်ငွေရရန် စားပွဲထိုးလုပ်ကာ
အိမ်ကိုငယ်ငယ်ရွယ်ရွယ်ဖြင့် ပိုက်ဆံအပ်နိုင်ခဲ့လေသည်။

သားအမိ၃ယောက် ရသမျှပိုက်ဆံကို
ရေလိုမသုံးပဲ ပိုက်ဆံကို စေ့စပ်သေချာစွာ
အသုံးပြုခဲ့ကြသည်။

ပိုက်ဆံကိုတတ်နိုင်သမျှ ဒေါ်ထိုက်ခင်စု
စောင်းခဲ့လေသည်။

ယခုနှစ်အနည်းအတွင်း ဈေးသည်ဘဝမှ
အိမ်ဆိုင်လေးပင်ဖွင့်ပြီးရောင်းနိုင်ခဲ့လေသည်။

ဒီသမီးက ဆယ်တန်းဖြေပြီး သားဖြစ်သူက ၇တန်းဖြေပြီး ခဲ့ကြပြီဖြစ်သည်။

သားဖြစ်သူအာကာလည်း အမှတ်ကောင်းစွာဖြင့်
စာမေးပွဲကိုအောင်မြင်ခဲ့လေသည်။

သမီးဖြစ်သူ ငြိမ်းလဲ့၏ ရလဒ်အဖြေကိုသာ
စောင့်နေရပေသည်။

================

“အေမ့ ”

“ဟဲ့ ပလုပ်တုပ် ချိုးရုပ်
လန့်လိုက်တာ သမီးရယ် တကယ်ပဲ”

“အမယ် အမေက ဘာတွေတွေးနေလို့
လန့်သွားရတာလည်း”

“သြော် ဘာရယ်မဟုတ်ပါဘူး သမီးရယ်
ဟိုအရင်ကအကြောင်းတွေစဉ်းစားမိလို့ပါ
ဒါနဲ့ သမီးစာမေးပွဲအဖြေသွားကြည့်တာ
အောင်ရဲ့လား ”

“မပြောချင်တော့ပါဘူး အမေရယ်”

ငြိမ်းလဲ့က မျက်နှာငယ်လေးဖြင့်ပြောလိုက်လေသည်။

“ဘာလို့လည်း သမီး သမီးဆယ်တန်းမအောင်ဘူးလား ”

ဒေါ်ထိုက်ခင် ထိတ်ထိတ်ပျာပျာဖြင့်မေးလိုက်လေသည်။

“အဟီး အောင်တယ်အမေရေ ဂုဏ်ထူး၂ဘာသာ
တောင်ပါသေးတယ်”

“ဟယ် ဟုတ်လား အမေဝမ်းသာလိုက်တာ
သမီးရယ် သေနာမလေး မအေကို စစရာရှားလို့
အမေ့မှာရင်တွေကို ထိတ်သွားတာပဲ”

“ဒီသားအမိ ဘာတွေပျော်နေကြတာလဲ”

“ဟာ မောင်လေး မမဆယ်တန်းကို
ဂုဏ်ထူး ၂ဘာသာနဲ့အောင်တယ်”

“ဟာ မမတကယ်လား အမကတော်လိုက်တာဗျာ”

“တော်ဆို မောင်လေးအမပဲလေ ”

“အမယ် ဒီမအေကြီးကြောင့်လည်း
ပါပါတယ်နော်”

“ဟုတ်တယ် ဟုတ်တယ် ဟောဒီက
အမေ့ကြောင့် သမီးအခုလို ဖြစ်လာတာ”

“ဟုတ်တယ် အမရေ ဟောဒီက အာဂမိန်းမကြီးကြောင့် တို့မောင်နှမ၂ယောက်
ဒီလိုနေနိုင်ခဲ့တာ”

“အောင်မယ် ငါ့သားက အမေ့ကို
ဘာတဲ့ အာဂမိန်းမ ကြီးတဲ့ ပြောပါဦး
အမေ့ကို ဘာကြောင့်အာဂမိန်းမကြီး
လို့ခေါ်ရတာလဲ”

“ဟင် ဟုတ်တယ်လေ အမေ့လိုလူမျိုးကို
အာဂမိန်းမလို့ မခေါ်လို့ ဘယ်သူ့ကိုခေါ်ရဦးမှာလဲ အမေရဲ့ ကမ္ဘာပေါ်မှာလေ အမေ့လို
အာဂမိခင်တွေကို
သားကဟော ဒီလိုခေါ်လိုက်ချင်ရဲ့ ”

“ပြောပါဦး ဘယ်လို ခေါ်မှာလဲ”

“အာဂမိန်းမကြီး ဒေါ်ထိုက်ခင် လို့”

“ဟား ဟား ဟား ဟား ”

“ဒီကောင်လေး ပေါတောတောနဲ့ ”

ဟား ဟား ဟား ဟား

သားအမိသုံးယောက်၏ ရယ်မောသံက
မိုးကောင်းကင်ထိတိုင်အောင်ပျံ့နှံ့သွားလေတော့သည်။ (ပြီးပါပြီ)

ဇာတ်လမ်းလေးဖတ်ပြီးရင် လက်မလေးနှိပ်ခဲ့ကြပါနော်…

Zawgyi Version

“အာဂမိန္းမ”(စ/ဆုံး)
————————-
“သားနဲ႔သမီး ဘာလို႔လိုက္လာတာလဲ
ဒီေန႔ေက်ာင္းမသြားဘူးလား”

“သြားတယ္အေမရဲ႕ ဒီေန႔အေစာႀကီး
ေက်ာင္းဆင္းေပးလိုက္တာ ဆရာမက”

“ဘာလို႔လည္း သမီး”

“ေနာက္ရက္စာေမးပြဲရွိလို႔ စာက်က္ေအာင္လို႔
အေစာႀကီးဆင္းေပးလိုက္တာတဲ့”

“ဒါနဲ႔မ်ား ဘာလို႔အေမ့ဆီလိုက္လာၾကတာလဲ
အိမ္မွာစာက်က္ေနၾကေရာေပါ့”

“စာကညမွက်က္လို႔ရပါတယ္အေမကလည္း
ညေနေဈးသိမ္းရင္ အေမတစ္ေယာက္တည္း
မႏိုင္မွာစိုးလို႔ သားနဲ႔အမက လိုက္လာတာ”

“ေၾသာ္ သားနဲ႔သမီးရယ္
အေမဒီေလာက္ေတာ့ လုပ္ႏိုင္ပါေသးတယ္”

“ဘယ္ဟုတ္မလဲ အေမကလည္း
စာကစိတ္ပါလက္ပါက်က္လိုက္ရင္
ခဏေလးအတြင္းအလြတ္ရတယ္
ဘာပဲျဖစ္ျဖစ္အေမရယ္ အခုသမီးတို႔
ေရာက္လာၿပီပဲ မျပန္ေတာ့ဘူး”

“ေအးပါ ေအးပါ ငါ့သားသမီးေတြ
လိမၼာလို႔ အေမေမြးရက်ိဳးနပ္ပါၿပီ”

ေဒၚထိုက္ခင္ မွာသားျဖစ္သူ အာကာ ႏွင့္
သမီးျဖစ္သူ႔ၿငိမ္းလဲ့တို႔၏လိမၼာသိတတ္မႈေၾကာင့္
စိတ္ခ်မ္းသာရေပမယ့္ အိမ္ေထာင္ဦးစီးျဖစ္သူ
ခင္ပြန္းဦးခင္ေမာင္ ေၾကာင့္
စိတ္ဆင္းရဲျဖစ္ရျပန္ေပသည္။

ဦးခင္ေမာင္က အိမ္ေထာင္ဦးစီးျဖစ္ေလသည္။
အလုပ္ေတာ့လုပ္ကိုင္ေပမယ့္ တစ္ေန႔တေန႔
သူ႔လုပ္အားခသည္ေဒၚထိုက္ခင္ထံ
မေရာက္ပဲ အရက္ဆိုင္မွာပင္ ကုန္ဆုံးေအာင္
အရက္ကို႐ူး႐ူးမူးမူးႀကိဳက္ကာ
ေသာက္တတ္သူျဖစ္သည္။

=================

ညေနေဈးသိမ္းၿပီး သားအမိ၃ေယာက္
အိမ္ကိုအထုပ္အပိုးမ်ားျဖင့္မႏိုင္မနင္း
ျပန္ေရာက္လာခဲ့ၾကသည္။

“မိထိုက္ ျပန္လာၿပီလား ငါ့ကိုအျမည္း
လုပ္ေပးဦး”

“က်ဳပ္မွာ ေရာက္လာလို႔ အေမာေတာင္
မေျပေသးဘူး ရွင္ကအျမည္းလာလုပ္ခိုင္း
ေနေသးတယ္ ရွင္ဟာရွင္ လက္ပါရင္
ထလုပ္”

“ဘာကြ မင္းကမ်ား ငါ့ကိုရာရာစစ”

“ကဲၾကာ”

“ျဖန္း”

“ေအာင္မယ္ေလး ေသပါၿပီ”

“အေဖ အေမ ေတာ္ပါေတာ့”

“အေမ ဘာျဖစ္သြားေသးလည္း”

“အေမ ဘာမွမျဖစ္ဘူး သား ရတယ္”

“ဟီး ဟီး ဟီး အေဖ အေမ့ကိုမ႐ိုက္ပါနဲ႔
သမီးေတာင္းပန္ပါတယ္”

“ဟာ နားၿငီးတယ္ သြားစမ္း ၿငိမ္းလဲ့
ညည္းငါ့ဖို႔ အျမည္းလုပ္ေပးစမ္းျမန္ျမန္”

“ေနပါေစ သမီး အေမလုပ္လိုက္မယ္
ရွင္ဘာမွက်ဳပ္ကေလးေတြကို
အျမည္းလုပ္ခိုင္းစရာမလိုဘူး
အရက္လည္းဝယ္ခိုင္းစရာမလိုဘူး”

“ေတာက္ ငါထပ္လုပ္လိုက္ရ နာေတာ့မယ္”

ေဒၚထိုက္ခင္လည္း ပါးျပင္ေပၚသို႔
က်လာသည့္ မ်က္ရည္စေတြကိုသုတ္ၿပီး
မီးဖိုေခ်ာင္ထဲဝင္ကာ ညစာအတြက္ေရာ
အျမည္းအတြက္ပါ ၾကက္သားမ်ားအား
ေၾကာ္လိုက္ေလသည္။

=============

“ေရာ့ ဒီမွာအျမည္း ”

“ဂြက္”

ေဒၚထိုက္ခင္လည္း ၾကက္သားေၾကာ္ပန္းကန္
အားဦးခင္ေမာင္အေရွ႕သို႔ ဂြက္ကနဲ႔
ခ်ေပးလိုက္ေလသည္။

“သား အာကာ သမီးၿငိမ္းလဲ့အေမတို႔
ထမင္းစားရေအာင္”

“ဟုတ္အေမ လာၿပီ”

အာကာႏွင့္ၿငိမ္းလဲ့လည္း ထမင္းစားပြဲဝိုင္း
သို႔ေရာက္လာၾကၿပီးထမင္းစားရန္ထိုင္
လိုက္ၿပီး

“အေဖ ထမင္းစားရေအာင္လာေလ
သမီးတို႔နဲ႔ တစ္ခါတည္းဝိုင္းစားလိုက္ပါလား”

“နင္တို႔သားအမိေတြသာဝေအာင္စား
ငါ့အတြက္အရက္ရွိရင္ၿပီးၿပီ
ကိုယ့္ဗိုက္နဲ႔ကိုယ္ စားခ်င္တဲ့အခ်ိန္မွ
စားမယ္”

“‘သမီးေခၚမေနနဲ႔ ကိုယ့္ဟာကိုယ္
စားစရာရွိတာစား သူမစားလည္း
ဘာမွမျဖစ္ဘူး အကုန္ေတာင္သက္သာတယ္”

=============

ထမင္းစားၿပီးသည္ႏွင့္အာကာႏွင့္ၿငိမ္းလဲ့လည္း
စာအုပ္ကိုယ္စီထုတ္ကာ စာဖတ္ေနတုန္း

“‘ဟာ ေအးေအးေဆးေဆးကို
မေသာက္ရဘူး နင္တို႔စာက်က္တာ
တိုးတိုးသက္သာ ဆိုလို႔မရဘူးလား
သြားအိမ္ေအာက္ဆင္းဖတ္ၾက
ေသာက္ရတာအာ႐ုံပ်က္တယ္”

“လာ အမ ေအာက္ဆင္းၿပီးဖတ္ရေအာင္”

“ေအး ေမာင္ေလး လာ”

ေမာင္ႏွမႏွစ္ေယာက္ အိမ္ေအာက္ဆင္းၿပီး
စာက်က္ေနလိုက္သည္။

ထိုအခ်ိန္အျပင္မွ ျပန္လာေသာ ေဒၚထိုက္ခင္က

“ဟင္…သားနဲ႔သမီး ျခင္ကိုက္ခံၿပီး
အိမ္ေအာက္ဆင္းၿပီးစာက်က္ေနၾကတယ္
အိမ္ေပၚကဘာလို႔လဲ”

“အေဖက ေအာက္ဆင္းၿပီးက်က္တဲ့
နားၿငီးလို႔တဲ့ ၿပီးေတာ့သူအရက္ေသာက္ရတာ
အာ႐ုံပ်က္လို႔တဲ့ အေမ ဒါနဲ႔အမနဲ႔ကြၽန္ေတာ္
အိမ္ေအာက္ဆင္းလာၾကတာ အေမ”

“ဒီလူႀကီး ငါနဲ႔ေတြ႕မယ္”

“အေမေနပါေစ ဘာမွမျဖစ္ဘူး
အေမသြားေျပာရင္ ထပ္ၿပီးစကားမ်ားၾကဦးမယ္
အေဖလက္ပါရင္ အေမပဲအသားနာမွာ
မေျပာပါနဲ႔ေတာ့ အေမ”

ၿငိမ္းလဲ့မွ အခ်ိန္မီတားလိုက္သည့္အတြက္
ေဒၚထိုက္ခင္ ေဒါသကိုထိန္းလိုက္ႏိုင္ကာ

“ေအးပါ သမီးရယ္ အေမတို႔လည္း
ဒီလိုလူစိတ္မရွိတဲ့ လူလက္ထဲက
ဘယ္ေတာ့မ်ားမွဝဋ္ေႂကြးကုန္မလဲ
မသိပါဘူး”

ေဒၚထိုက္ခင္ ညည္းတြားမိလိုက္ေလသည္။

===============

ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့

“သမီးေရ အေမဒီမွာအားလုံးခူးခပ္ၿပီး
ထားခဲ့တယ္ ေမာင္ေလးႏိုးရင္ အုပ္ေစာင္း
ေအာက္မွထမင္းေၾကာ္ရွိတယ္
အေၾကာ္နဲ႔ေကြၽးလိုက္ နင့္အေဖအတြက္ပါ
ထားခဲ့တယ္ အေမေဈးသြားေရာင္းေတာ့မယ္”

“ဟုတ္ကဲ့ အေမ ”

ေဒၚထိုက္ခင္ မနက္ေဈးေရာင္းရန္ မနက္ေဈးသို႔
ခပ္သုတ္သုတ္ထြက္သြားေလသည္။

“ၿငိမ္းလဲ့ မနက္စာဘာရွိလဲ”

“ေၾသာ္ အေဖ ႏိုးလာၿပီလား
ထမင္းေၾကာ္နဲ႔ အေၾကာ္ဝယ္ထားတယ္အေဖ
အုပ္ေစာင္းေအာက္မွာခူးၿပီးသားပါ
အေဖ ”

“ဒါပဲလားဟ ဘယ္မလဲ မေန႔ညက
ၾကက္သားခ်က္ေတြက”

“အဲ အဲဒါက ေန႔လယ္စာဖို႔ပါအေဖ”

“ေန႔လယ္စာေတြ ညလယ္စာေတြ
မလိုခ်င္ဘူး ငါ့ဖို႔အခုယူလာခဲ့”

“ဟို ဟို”

“လွ်ာမရွည္နဲ႔ ခိုင္းတာလုပ္”

ၿငိမ္းလဲ့လည္း ဖခင္အားေၾကာက္ရသျဖင့္
ဖခင္ခိုင္းသလိုလုပ္ေပးရေတာ့သည္။

============

“အေဖ ဒီမွာၾကက္သားဟင္း”

“ခ်ထားခဲ့ ဟိုေကာင္အာကာႏိုးၿပီလား”

“မႏိုးေသးဘူး အေဖ”

“သြားႏႈိးလိုက္ေခ် ဒီေကာင္ကို
ငါခိုင္းစရာရွိလို႔ ”

“ဟုတ္ အေဖ”

ၿငိမ္းလဲ့လည္း အာကာအားသြားႏႈိးလိုက္ေလသည္။

“ေမာင္ေလး အာကာ ထ ထ
အေဖကနင့္ကိုခိုင္းစရာရွိလို႔တဲ့”

“အင္း အင္း ထၿပီ အမ”

“လာ ျမန္ျမန္ အေဖစိတ္တိုရင္
သိတယ္မလား”

အာကာလည္းဖခင္၏ေဒါသကို
ေၾကာက္ရသျဖင့္အိပ္ရာမွ အျမန္ထကာ
မ်က္ႏွာသစ္ရန္အေျပးတပိုင္း
သြားလိုက္သည္။

“အာကာ လာဦး”

“အေဖ သားမ်က္ႏွာသစ္မလို႔ ခဏ”

“မ်က္ႏွာၿပီးမွသစ္ အခုလာခဲ့”

“ဟုတ္အေဖ”

အာကာလည္း မ်က္ႏွာမသစ္လိုက္ရပဲ
ဖခင္ေခၚသည့္အနားေရာက္လာၿပီး

“အေဖ သားကိုဘာခိုင္းစရာရွိလည္း”

“ေရာ့ ဒီမွာ ပိုက္ဆံ ငါ့ကိုအရက္တစ္ပိုင္း
သြားဝယ္ေပးစမ္း”

“ဟုတ္ အေဖ”

“ျမန္ျမန္သြားျမန္ျမန္လာခဲ့ ၾကားလား”

“ဟုတ္ကဲ့ အေဖ”

===============

အာကာလည္း အရက္ဆိုင္သို႔ အေျပးတပိုင္း
သြားဝယ္ေပးရေလသည္။

“ဦးေလး ကြၽန္ေတာ့္ကိုအရက္တစ္ပိုင္းေလာက္”

“ပုလင္းပါလား”

“ပါပါတယ္ ဦး ဒီမွာ”

“မင္းေက်ာင္းမသြားေသးဘူးလား
အာကာ ေနာက္က်ေနၿပီမလား”

“ဟုတ္တယ္ဦး အေဖက အရက္ေသာက္ခ်င္တယ္ဆိုလို႔
လာဝယ္ရတာ”

“မင္းအေဖနဲ႔ေတာ့ခက္ပါတယ္ကြာ
ေက်ာင္းသားကိုအရက္ဝယ္ခိုင္းရတယ္လို႔
ၿပီးေတာ့ မင္းတို႔အ႐ြယ္ဆိုတာ
ဒီေနရာေတြကို လာသင့္တာမဟုတ္ဘူး”

“ဟုတ္ကဲ့ ဦးေလး သားလည္းမလာခ်င္ပါဘူး
ဒါေပမယ့္ အေဖ့ကိုေၾကာက္လို႔သာ
သူခိုင္းသမွ်လုပ္ေပးေနရတာပါ”

“ေအးေပါ့ ေရာ့ဒီမွာ ပုလင္း”

“ဟုတ္ ဒီမွာဦးေလး ပိုက္ဆံ”

“ေအးေအး စာလည္းႀကိဳးစား အာကာ”

“ဟုတ္ဦးေလး ”

အရက္ေရာင္းသည့္ဦးေလးႀကီးက
သားသမီးခ်င္းကိုယ္ခ်င္းစာ၍
ေျပာဆိုဆုံးမလိုက္ေသာစကားမ်ားကို
အာကာ မွတ္ယူထားလိုက္ေလသည္။

………………………

“အေဖ ဒီမွာ အရက္”

“ေအး ထားခဲ့ ”

“ေမာင္ေလး ျမန္ျမန္လုပ္ အမတို႔
ေက်ာင္းသြားရဦးမွာ”

“ဟုတ္အမ”

အာကာလည္း မ်က္ႏွာကိုအျမန္သစ္ၿပီး
ထမင္းၾကမ္းစားကာ အျဖဴ အစိမ္းလဲၿပီး
ေက်ာင္းကိုေျပးရျပန္ေတာ့သည္။

==============

“ကဲ ဒီေန႔ေက်ာင္းကို ပညာေရးမႉးလာလိမ္မယ့္
သူတို႔ကေမးတဲ့အခါမွာ စကားကို
လိမၼာပါးနပ္စြာနဲ႔ေျပာရမယ္ေနာ္
အားလုံးၾကားၾကလား”

“ၾကားပါတယ္ဆရာမ”

ၿငိမ္းလဲ့တို႔၏ အတန္းပိုင္ဆရာမက
ေက်ာင္းသားမ်ားအားလုံးကို
ႀကိဳတင္ျပင္ဆင္ႏိုင္ရန္သတိေပးစကား
ေျပာလိုက္ေလသည္။

နာရီပိုင္းခန႔္ အၾကာမွာေတာ့
ကားတစ္စီးေက်ာင္းေရွ႕သို႔ ေရာက္လာၿပီး
ကားထဲမွ အသက္ခပ္ႀကီးႀကီးအမ်ိဳးသမီးတစ္ဦးႏွင့္အတူ
တျခားလူမ်ားလည္းကားေပၚမွ
ဆင္းလာၾကေလသည္။

………………………

“မဂၤလာပါ ဆရာမ ႐ုံးခန္းထဲႂကြပါရွင့္”

ပညာေရးမႉးအား ေက်ာင္းမွစာသင္ၾကေသာ
ဆရာ၊ဆရာမမ်ားက ခ်ိဳသာစြာျဖင့္
ႏႈတ္ခြန္းဆက္ကာဖိတ္ေခၚေလသည္။

ပညာေရးမႉးကလည္း ေဖာ္ေဖာ္ေ႐ြေ႐ြရွိသည္ကို
မ်က္ႏွာအားၾကည့္ရင္သိႏိုင္ေပသည္။

“ေက်ာင္းက သန႔္ရွင္းေရးလည္းမဆိုးဘူး
ီရမွတ္ေတြလည္း အေတာ္ေကာင္းၾကတာပဲ
ဒါဆရာ၊ဆရာမေတြရဲ႕ ႀကိဳးစားသင္ျပမႈ
ေတြေၾကာင့္ပါပဲ

တို႔ဆရာ၊ဆရာမေတြဆိုတာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕
အဓိကအေရးပါတဲ့ လူေတြဆိုလည္းမမွားေပဘူး
တို႔ေတြက ကေလးေတြကို လိမၼာေအာင္၊ပညာတတ္ေတြျဖစ္ေအာင္ နာသုံးနာနဲ႔
အရင္းခံၿပီးသင္ၾကားျပသေပးမွ
ပညာတတ္ေတြေပါမ်ားတဲ့ႏိုင္ငံျဖစ္မွာမလား

ဆိုေတာ့ ဆရာ၊ဆရာမေတြအေနနဲ႔
စာသင္တဲ့ေနရာမွာ အထူးဂ႐ုစိုက္ၿပီး
သင္ၾကားေပးဖို႔ ေျပာခ်င္တယ္ကြယ္”

“ဟုတ္ကဲ့ပါ ဆရာမ လိုက္နာပါ့မယ္”

“ဒါဆိုရင္ ဆရာမ ေက်ာင္းခန္းေလးေတြကို
လိုက္ၾကည့္ခ်င္တယ္ကြယ္”

“ဟုတ္ကဲ့ ဆရာမ ႂကြပါရွင့္”

ဆရာမမ်ားက ပညာေရးမႉးအား
ေက်ာင္းခန္းတစ္ခန္းၿပီးတစ္ခန္း
လိုက္လံပို႔ေဆာင္ၿပီးျပသေပးေလသည္။

တျဖည္းျဖည္းႏွင့္ ပညာေရးမႉးက
ၿငိမ္းလဲ့တို႔စာသင္ခန္းသို႔ ေရာက္လာေလသည္။

ေက်ာင္းသား ေက်ာင္းသူမ်ားအား
စာထြက္ျပခိုင္းျခင္း၊သခ်ၤာမ်ားတြက္ခိုင္းျခင္း
ျပဳလုပ္ခိုင္းျခင္းျဖင့္ ေက်ာင္းသားမ်ား၏
အရည္အေသြးကိုစစ္ေဆးေလသည္။

“ဟိုခုံက ေက်ာင္းသူေလး သူ႔နာမည္
ဘယ္သူ”

“ၿငိမ္းလဲ့ ပါ”

“ၿငိမ္းလဲ့ အတန္းေရွ႕ကို ထြက္ခဲ့ပါဦး
သမီး”

“ဟုတ္ကဲ့ ဆရာမ”

“သမီးၿငိမ္းလဲ့က ဆရာမနဲ႔ေဟာဒီက
ဆရာ၊ဆရာမေတြကို ၿပီးေတာ့
ေဟာဒီအခန္းထဲက ေက်ာင္းသားေတြအားလုံးအတြက္
ပုံတစ္ပုံဆြဲျပေပးႏိုင္မလား သမီး
ႀကိဳက္တဲ့ပုံေလးေပါ့ ”

“ဟုတ္ကဲ့ ဆရာမ သမီးဆြဲေပးပါ့မယ္ရွင့္”

“သမီး ဒီမွာေျမျဖဴ လုပ္ပါဦး
ဆရာတို႔ သမီးရဲ႕အစြမ္းကိုၾကည့္ရေအာင္”

ၿငိမ္းလဲ့လည္း ပညာေရးမႉးေပးေသာ
ေျမျဖဴ အားယူလိုက္ၿပီး ေက်ာင္သင္ပုန္း
ေပၚသို႔ပုံတစ္ပုံဆြဲလိုက္ေလသည္။

မိနစ္ပိုင္းခန႔္အၾကာမွာေတာ့ ပီျပင္လြန္းတဲ့
ပုံတစ္ပုံအား ၿပီးေျမႇာက္ေအာင္ဆြဲႏိုင္ခဲ့ေလသည္။

“အရမ္းေတာ္တာပဲ ဒီပုံေလးက
သမီးဘယ္လိုရည္႐ြယ္ခ်က္နဲ႔ဆြဲျဖစ္သြားတာလည္း”

“ဒီပုံေလးထဲက မိသားစုေလးလို
သာယာေအးခ်မ္းတဲ့ မိသားစုေလး
သမီးရခ်င္တယ္ ၿပီးေတာ့ အေဖ ရယ္အေမ ရယ္
ေမာင္ေလးရယ္ သမီးတို႔အတူတူ
ကစားကြင္းသြားကိုသြားခ်င္တဲ့
ရည္႐ြယ္ခ်က္ေလးပါ ဆရာမ”

ထိုသို႔ ေျပာရင္းၿငိမ္းလဲ့ မ်က္လုံးအိမ္မွ မ်က္ရည္မ်ားဝဲလာခဲ့ေလသည္။

“ေၾသာ္ သမီးရည္႐ြယ္ခ်က္ေလးကမဆိုးဘူးပဲ
ဒါနဲ႔ သမီးေဖေဖ သမီးေမေမက ဘာအလုပ္လုပ္လဲ
ေမာင္ေလးက ဘယ္အတန္းေရာက္ၿပီလဲ”

“သမီးအေမက ေဈးထဲမွာ အသီးအ႐ြက္ေတြ
ေရာင္းပါတယ္ ေမာင္ေလးက ၃တန္းေရာက္ပါၿပီ
အေဖက အေဖက ”

ၿငိမ္းလဲ့၏စကားမ်ား ေရွ႕သို႔ မဆက္ႏိုင္ေအာင္
ဆြံ႕အာသြားခဲ့ရေလသည္။

ဖခင္ဘာလုပ္သလဲ ဟုေမးခြန္းေၾကာင့္
သူမအေျဖရွာမရျဖစ္ေနခဲ့ေလသည္။

ဖခင္ကအရက္သမားဆိုသည္ကို
ဆရာ၊ဆရာမေတြေရွ႕ ၊ပညာေရွးမႉးေရွ႕
ူူသူငယ္ခ်င္းေပါင္းအသင္းေတြေရွ႕
ေျပာမထြက္ႏိုင္ေအာင္ အရွက္ရေနသည္။

ပညာေရးမႉး ကနားလည္သေဘာေပါက္
သြားပုံရသည္။

“ရတယ္ သမီး သမီးေျဖဖို႔ခက္ေနရင္
သမီးစာႀကိဳးေနာ္ လိမၼာေအာင္ေန
ဟုတ္ၿပီလား”

…………………………

“အမ တစ္လမ္းလုံးလည္း စကားမေျပာဘူး
ဘာျဖစ္လို႔လဲ”

“ငါ ငိုခ်င္လို႔ပါဟာ”

“ဟင္ အမကဘာလို႔ငိုခ်င္တာလဲ
အမကိုဘယ္သူက အႏိုင္က်င့္လိုလဲ”

“အမကို ဘယ္သူကမွအႏိုင္မက်င့္ပါဘူး
ေမာင္ေလးရယ္ ဒီကေန႔ ပညာေရးမႉး
ေမးတဲ့ေမးခြန္းေၾကာင့္ ငါ့ကိုယ္ငါ
ိသိမ္ငယ္ၿပီး ငိုခ်င္တာပါ”

“ပညာေရးမႉးက ဘာေမးလို႔လဲ အမကို”

“အေဖက ဘာလုပ္လဲတဲ့ဟာ
ငါဒီေမးခြန္းကိုေျဖခ်င္ေပမယ့္
မေျဖရဲဘူး ငါရွက္လည္းရွက္တယ္
တို႔ေအဖကအရက္သမား ဆိုတာ
လူအမ်ားႀကီးေရွ႕ ငါဘယ္လိုလုပ္ေျပာထြက္မွာလဲ
ေမာင္ေလးရယ္”

“ေအး ဒါေတာ့ ဟုတ္ပါတယ္ အမရယ္
ဘာမွအားငယ္မေနနဲ႔ အမ ဘာျဖစ္လဲ
ဟာ ငါတို႔ေတြ သူမ်ားဟာ မခိုးဘူး မဝွက္ဘူး
ဘယ္ေလာက္ဆင္းရဲရဲ စိတ္ထားေကာင္းေကာင္းေမြးႏိုင္ရင္
သူမ်ားထက္သာၿပီးသားပဲေလ မဟုတ္ဘူးလား”

“နင္ေျပာတာ ဟုတ္တယ္ေနာ္ ငါလည္း
နင္ေျပာသလိုေနရမယ္ ေမာင္ေလးေရ”

အာကာ ရဲ႕အားေပးစကားေၾကာင့္အမျဖစ္သူ
ၿငိမ္းလဲ့အားတက္သြားသလိုခံစားလိုက္ရေလသည္။

==============

ဤသို႔ျဖင့္ တစ္ရက္တြင္ေတာ့
ဦးခင္ေမာင္တစ္ေယာက္

“ေဝါ့ ”

“ဟင္ အေဖ အေဖ အေမလာပါဦး
ဒီမွာ အေဖေသြးေတြအန္ေနတယ္”

“ဟင္ ကိုခင္ေမာင္ ဘယ္လိုျဖစ္တာလည္း
သား သား အာကာ ဆရာဝန္ ဦးစိုးကို
သြားေခၚေခ် အေဖ ေသြးေတြအန္ေနလို႔လို႔
ေျပာၿပီးေခၚခဲ့ ”

“ဟုတ္အေမ ”

အာကာလည္း ဖိနပ္ကိုစီးလိုက္ၿပီး
အျမန္ေျပးထြက္သြားကာ ဆရာဝန္ပင့္ထြက္သြားေတာ့သည္။

“ေဝါ့ အား အ”

“ကိုခင္ေမာင္ ရရဲ႕လား ဘယ္လိုေနလဲ”

“အေဖ သတိထားပါဦး ”

“အား ငါ့ရင္ေတြပူလိုက္တာ မထိုက္ရယ္”

“ေဝါ့ အူး အား”

“ကိုခင္ေမာင္ ကိုခင္ေမာင္ ေခၚလို႔လည္းမရေတာ့ဘူး”

“အေဖ အေဖ ”

“အေမ ဆရာဝန္လိုက္လာၿပီ”

“ဆရာလုပ္ပါဦး ကိုခင္ေမာင္ေခၚလို႔မရေတာ့ဘူး”

ေဒါက္တာစိုးလည္း နားၾကပ္ျဖင့္ ဟိုစမ္းဒီစမ္းလုပ္လိုက္၊မ်က္လုံးအားၿဖဲၾကည့္လိုက္
ျဖင့္ ေနာက္ဆုံး ေခါင္းခါျပေလသည္။

“ကိုခင္ေမာင္ အသက္မရွိေတာ့ဘူး မထိုက္
စိတ္မေကာင္းပါဘူး ”

“ေအာင္မယ္ေလး ကိုခင္ေမာင္ရဲ႕
အျဖစ္ဆိုးလွေခ်လား ဟင္
က်ဳပ္တို႔ကို ထားခဲ့ၿပီေပါ့ေတာ္”

“အေဖ သားတို႔ကို ထားခဲ့ၿပီလားဗ်ာ”

“ေဒၚထိုက္ရယ္စိတ္ကိုထိန္းမွေပါ့
ေသတဲ့သူကေသၿပီပဲ ကေလးေတြ
ေရွ႕ေရးကရွိေသးတယ္ေလ စိတ္ကိုထိန္း”

“ကြၽန္မတို႔အေပၚမွာ သူမေကာင္းခဲ့ေပမယ့္
ကြၽန္မ သူ႔ကိုေမတၱာမပ်က္ပါဘူး
ကြၽန္မတို႔ မိသားစုေလး သူဆိုးတဲ့ ဒဏ္ကေန
လြတ္သြားၿပီလို႔ပဲမွတ္ရေတာ့မွာေပါ့ရွင္
ဟီး ဟီး ”

ကိုခင္ေမာင္၏နာေရးအား ရပ္ကြက္ထဲမွ
လူအမ်ားကဝိုင္းဝန္းလုပ္ကိုင္ေပးၾက
အလႉေငြေကာက္ခံေပးၾကျဖင့္
စည္စည္ကားကားျဖင့္ ကိုခင္ေမာင္၏
အေလာင္းအားေကာင္းမြန္စြာျဖင့္
ေျမခ်ေပးႏိုင္ခဲ့ေလသည္။

ရက္လည္ၿပီးသည့္ ညမွာေတာ့
ေဒၚထိုက္ခင္ အိပ္မက္တစ္ခုအား
ျမင္မက္ေလသည္။

“မထိုက္ခင္ ”

“ဟင္…ကိုခင္ေမာင္ ပါလား”

“ဟုတ္တယ္ ငါနင္တို႔သားအမိေတြကို
လာႏႈတ္ဆက္တာပါ ငါနင္တို႔အေပၚ
တစ္စက္ကေလးမွမေကာင္းခဲ့ပါဘူးဟာ
ငါဆိုးသမွ် ကိုသည္းခံခြင့္လႊတ္ေပးၾကလို႔လည္း
ငါေက်းဇူးတင္ပါတယ္
ငါနင္တို႔အေပၚမေကာင္းခဲ့တဲ့အတြက္
ငါအႏူးအၫြတ္ေတာင္းပန္ပါတယ္
မထိုက္
ငါ့သားနဲ႔သမီးကို ပညာတတ္ႀကီးျဖစ္ေအာင္
ငါလုပ္မေပးႏိုင္ခဲ့ဘူးဟာ
ငါအခ်ိန္ျပည့္မူး႐ူးေနခဲ့မိလို႔ ငါလူစိတ္မရွိခဲ့လို႔
အခုလို နင္တို႔ဆင္းဆင္းရဲရဲေနရတာပါ
ငါ့သားနဲ႔သမီးကို ပညာတတ္ျဖစ္ေအာင္
ထားေပးပါ မထိုက္ ငါသြားေတာ့မယ္”

“ကိုခင္ေမာင္ ကိုခင္ေမာင္”

“အေမ အေမ ဘာျဖစ္တာလည္း”

ေဒၚထိုက္ခင္ အိပ္ေနရာမွထေအာ္သံေၾကာင့္
ၿငိမ္းလဲ့ႏွင့္အာကာ ကစိုးရိမ္တႀကီးေမးလိုက္ေလသည္။

“အေမ ဘာမွမျဖစ္ပါဘူး သားနဲ႔သမီးရယ္
သားတို႔အေဖက အေမ့ကိုအိပ္မက္ေပးသြားတယ္ကြယ္”

“ဘာအိပ္မက္လဲဟင္ အေမ”

“မင္းတို႔ အေဖက တို႔အေပၚမေကာင္းခဲ့တာေတြအတြက္
ေတာင္းပန္ပါတယ္တဲ့ေလ
ၿပီးေတာ့ သူဆိုးမိုက္ခဲ့သမွ်ေတြကို
ခြင့္လႊတ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္တဲ့

သားနဲ႔သမီးကိုလည္း ပညာတတ္ႀကီး
ျဖစ္ေအာင္မထားႏိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္တဲ့
အေမ့ကိုလည္းသူေနာက္ဆုံးမွာသြားေသးတယ္

သားနဲ႔သမီးကို ပညာတတ္ႀကီးျဖစ္ေအာင္ထားေပးပါတဲ့
စိတ္ခ်ပါ ကိုခင္ေမာင္ရယ္ ကြၽန္မ သားနဲ႔သမီးကို
ရွင္ျဖစ္ေစခ်င္သလို ကြၽန္မအစြမ္းကုန္
ႀကိဳးစားၿပီးလုပ္ျပပါ့မယ္ရွင္”

………………………………

ေဒၚထိုက္ခင္ တစ္ေယာက္ ဦးခင္ေမာင္ျဖစ္ေစခ်င္ေသာဆႏၵႏွင့္အတူ သူေျပာလိုက္သည့္ ကတိစကားအား ထပ္တူက်ေအာင္

အာကာႏွင့္ၿငိမ္းလဲ့တို႔ ေမာင္ႏွမ၂ေယာက္အား
ပညာတတ္ျဖစ္ေအာင္ ေဒၚထိုက္ခင္
ေဈးေရာင္းၿပီးေက်ာင္းထားေပးေလသည္။

သားႏွင့္သမီးကလည္း လိမၼာၾကေလသည္။

ေႏြရာသီေက်ာင္းပိတ္ရက္ဆိုလွ်င္
ၿငိမ္းလဲ့က မိခင္ျဖစ္သူႏွင့္အတူေဈးေရာင္းလိုက္ေလသည္။

သားျဖစ္သူအာကာ ကေတာ့ ေႏြရာသီေက်ာင္း
ပိတ္ရက္တိုင္းဝင္ေငြရရန္ စားပြဲထိုးလုပ္ကာ
အိမ္ကိုငယ္ငယ္႐ြယ္႐ြယ္ျဖင့္ ပိုက္ဆံအပ္ႏိုင္ခဲ့ေလသည္။

သားအမိ၃ေယာက္ ရသမွ်ပိုက္ဆံကို
ေရလိုမသုံးပဲ ပိုက္ဆံကို ေစ့စပ္ေသခ်ာစြာ
အသုံးျပဳခဲ့ၾကသည္။

ပိုက္ဆံကိုတတ္ႏိုင္သမွ် ေဒၚထိုက္ခင္စု
ေစာင္းခဲ့ေလသည္။

ယခုႏွစ္အနည္းအတြင္း ေဈးသည္ဘဝမွ
အိမ္ဆိုင္ေလးပင္ဖြင့္ၿပီးေရာင္းႏိုင္ခဲ့ေလသည္။

ဒီသမီးက ဆယ္တန္းေျဖၿပီး သားျဖစ္သူက ၇တန္းေျဖၿပီး ခဲ့ၾကၿပီျဖစ္သည္။

သားျဖစ္သူအာကာလည္း အမွတ္ေကာင္းစြာျဖင့္
စာေမးပြဲကိုေအာင္ျမင္ခဲ့ေလသည္။

သမီးျဖစ္သူ ၿငိမ္းလဲ့၏ ရလဒ္အေျဖကိုသာ
ေစာင့္ေနရေပသည္။

================

“ေအမ့ ”

“ဟဲ့ ပလုပ္တုပ္ ခ်ိဳး႐ုပ္
လန႔္လိုက္တာ သမီးရယ္ တကယ္ပဲ”

“အမယ္ အေမက ဘာေတြေတြးေနလို႔
လန႔္သြားရတာလည္း”

“ေၾသာ္ ဘာရယ္မဟုတ္ပါဘူး သမီးရယ္
ဟိုအရင္ကအေၾကာင္းေတြစဥ္းစားမိလို႔ပါ
ဒါနဲ႔ သမီးစာေမးပြဲအေျဖသြားၾကည့္တာ
ေအာင္ရဲ႕လား ”

“မေျပာခ်င္ေတာ့ပါဘူး အေမရယ္”

ၿငိမ္းလဲ့က မ်က္ႏွာငယ္ေလးျဖင့္ေျပာလိုက္ေလသည္။

“ဘာလို႔လည္း သမီး သမီးဆယ္တန္းမေအာင္ဘူးလား ”

ေဒၚထိုက္ခင္ ထိတ္ထိတ္ပ်ာပ်ာျဖင့္ေမးလိုက္ေလသည္။

“အဟီး ေအာင္တယ္အေမေရ ဂုဏ္ထူး၂ဘာသာ
ေတာင္ပါေသးတယ္”

“ဟယ္ ဟုတ္လား အေမဝမ္းသာလိုက္တာ
သမီးရယ္ ေသနာမေလး မေအကို စစရာရွားလို႔
အေမ့မွာရင္ေတြကို ထိတ္သြားတာပဲ”

“ဒီသားအမိ ဘာေတြေပ်ာ္ေနၾကတာလဲ”

“ဟာ ေမာင္ေလး မမဆယ္တန္းကို
ဂုဏ္ထူး ၂ဘာသာနဲ႔ေအာင္တယ္”

“ဟာ မမတကယ္လား အမကေတာ္လိုက္တာဗ်ာ”

“ေတာ္ဆို ေမာင္ေလးအမပဲေလ ”

“အမယ္ ဒီမေအႀကီးေၾကာင့္လည္း
ပါပါတယ္ေနာ္”

“ဟုတ္တယ္ ဟုတ္တယ္ ေဟာဒီက
အေမ့ေၾကာင့္ သမီးအခုလို ျဖစ္လာတာ”

“ဟုတ္တယ္ အမေရ ေဟာဒီက အာဂမိန္းမႀကီးေၾကာင့္ တို႔ေမာင္ႏွမ၂ေယာက္
ဒီလိုေနႏိုင္ခဲ့တာ”

“ေအာင္မယ္ ငါ့သားက အေမ့ကို
ဘာတဲ့ အာဂမိန္းမ ႀကီးတဲ့ ေျပာပါဦး
အေမ့ကို ဘာေၾကာင့္အာဂမိန္းမႀကီး
လို႔ေခၚရတာလဲ”

“ဟင္ ဟုတ္တယ္ေလ အေမ့လိုလူမ်ိဳးကို
အာဂမိန္းမလို႔ မေခၚလို႔ ဘယ္သူ႔ကိုေခၚရဦးမွာလဲ အေမရဲ႕ ကမာၻေပၚမွာေလ အေမ့လို
အာဂမိခင္ေတြကို
သားကေဟာ ဒီလိုေခၚလိုက္ခ်င္ရဲ႕ ”

“ေျပာပါဦး ဘယ္လို ေခၚမွာလဲ”

“အာဂမိန္းမႀကီး ေဒၚထိုက္ခင္ လို႔”

“ဟား ဟား ဟား ဟား ”

“ဒီေကာင္ေလး ေပါေတာေတာနဲ႔ ”

ဟား ဟား ဟား ဟား

သားအမိသုံးေယာက္၏ ရယ္ေမာသံက
မိုးေကာင္းကင္ထိတိုင္ေအာင္ပ်ံ႕ႏွံ႔သြားေလေတာ့သည္။ (ၿပီးပါၿပီ)

ဇာတ္လမ္းေလးဖတ္ၿပီးရင္ လက္မေလးႏွိပ္ခဲ့ၾကပါေနာ္…