ကြီးစွာသောအမှား(စ/ဆုံး)

Unicode Version

ကြီးစွာသောအမှား(စ/ဆုံး)
——————————
“သမီးရေ သံသာ”
“ရှင်အမေလာပြီ”
“ဆရာတော်ကျောင်းကိုဆွမ်းချိုင့်သွားပို့
ချေစမ်း”
“ဟာအမေကလည်း သမီးမသွားချင်ပါဘူး”
“အမေခေါင်းနည်းနည်းကိုက်နေလို့
သမီးကိုခိုင်းရတာပါအေ ညည်းကဒါလေးတောင်
လုပ်မပေးချင်ဘူးလား
ဒီကနေ့ သမီးအဖေဆုံးတာ၃လပြည့်တဲ့နေ့မလို့
ဘုန်းကြီးကျောင်းကိုဆွမ်းလေးပို့ခိုင်းပါတယ်
ဘယ်နေရာမှအားမကိုးရဘူး
သမီးတစ်ယောက်မွေးထားပါတယ်
ဒါလေးမှမခိုင်းရရင်ငါကဘယ်နေရာ
သွားခိုင်းရမှာလည်းညည်းကို”
“ပေးပေး အမေတို့ကပြောလိုက်ရင်
မပြီးတော့ဘူး သွားပို့ပေးမယ်
ဟုတ်ပြီလား”
သံသာလည်းမိခင်ဖြစ်သူဒေါ်ကြည်မာ၏
လက်ထဲမှဆွမ်းချိုင့်အားဆောင့်အောင့်ပြီး
ူယူကာဘုန်းကြီးကျောင်းသို့ထွက်လာခဲ့သည်။
ဘုန်းကြီးကျောင်းကအိမ်နှင့်နီးသဖြင့်
ခြေလျင်သွားရင်တောင်၄မိနစ်ပင်မသွားရပေ။
သံသာလည်းဘုန်းကြီးကျောင်းသို့ရောက်လာခဲ့ပြီး
ဆရာတော်ကြီးအားရှိခိုးလိုက်သည်။
“ဘုန်းဘုန်း တပည့်တော် အဖေဆုံးတာ၃လ
ပြည့်တဲ့နေ့မလို့ ဆွမ်းချိုင့်လာပို့တာပါဘုရား”
“သာဓု သာဓု သာဓု
ကွယ်လွန်သူဒကာကြီးဦးမင်းစိုးတစ်ယောက်
ကောင်းရာမွန်ရာဘုံဘဝသို့
စံစားခံစားနိုင်ပါစေ”
“ကိုရင်တိဘ လာဦး”
ဆရာတော်ကြီးက ကိုရင်တိဘအား
ခေါ်လိုက်သည့်အတွက်ကျောင်းပေါ်သို့
ကိုရင်တိဘတက်လာလေသည်။
“ကိုရင်တိဘ ဒီဆွမ်းချိုင့်ကို ဆွမ်းစားဆောင်မှာ
သွားထားလိုက်”
“တင်ပါ့ဘုရား”
ကိုရင်တိဘလည်းဆရာတော်ကြီး၏
ရှေ့၌ရှိသောဆွမ်းချိုင့်အား ယူလိုက်လေသည်။
ထိုအချိန် ကိုရင်တိဘနှင့်သံသာတို့
မျက်လုံးခြင်းဆုံမိကြလေသည်။
ကိုရင်တိဘကသံသာအား ရယ်ပြသည့်အတွက်
သံသာလည်းပြန်ပြီးပြုံးပြလိုက်သည်။
“အဟမ်း”
ဆရာတော်ကြီးကချောင်းဟန့်လိုက်သဖြင့်
ကိုရင်တိဘလည်း ဆွမ်းချိုင့်အားအမြန်ယူကာ
ကျောင်းပေါ်မှဆင်းသွားလေသည်။
==============
နောက်တစ်နေ့ သံသာတစ်ယောက်
ဈေးဝယ်ရန်အိမ်မှထွက်လာခဲသည်။
ဘုန်းကြီးကျောင်းရှေ့မှဖြတ်ကာဈေးသို့သွားစဉ်
ကိုရင်တိဘနှင့်ဆုံမိကြလေသည်။
“ဒကာမလေးဘယ်သွားမလို့လည်း”
“တပည့်တော် ဈေးသွားမလို့ပါ ကိုရင်”
“ဒကာမလေးရဲ့ အမေ မပါဘူးလား”
“တင်ပါ့ အမေက သိပ်နေမကောင်းလို့
တပည့်တော်မပဲသွားဝယ်ရမှာကိုရင်”
သံသာလည်းထိုမျှသာပြောပြီး
ထွက်လာခဲ့သည်။
နောက်သို့လှည့်ကြည့်တော့ ကိုရင်တိဘက
တံမြက်စည်းအားကိုင်ကာ သံသာအား
ပြုံး၍ကြည့်နေလေသည်။
သံသာလှည့်ကြည့်တာသိတော့
ကိုရင်တိဘတံမြက်စည်းအားဟန်မပျက်
ပြန်လှည်းနေလိုက်သည်။
ထို့နောက်ပိုင်း ကိုရင်တိဘနှင့် သံသာတို့
ခင်မင်ရင်းနှီးလာခဲ့ကြသည်။
သံသာလည်းဘုန်းကြီးကျောင်းသို့
ခါတိုင်းထက်ပိုပြီးရောက်ဖြစ်ခဲ့သည်။
အကြောင်းမရှိအကြောင်းရှာကာ
ဘုန်းကြီးကျောင်းသို့လာသည်ဟုပြောလျှင်
ပို၍မှန်ပေလိမ့်မည်။
ဘုရားရင်ပြင်တော်ပေါ်မှာ သံသာတစ်ယောက်တံမြက်စည်းလှည်း
နေခိုက်
“ဟိတ် ”
“အမေ့”
“လန့်သွားတာလား ဒကာမလေး”
“လန့်တာပေါ့ ကိုရင်ကလည်း
ကိုယ့်အတွေးနဲ့ကိုယ် တံမြက်စည်းလှည်းနေတုန်း
ကိုရင်ကနောက်ကခြောက်လိုက်တော့
လန့်သွားတာပေါ့”
“ဒကာမလေး အခုတလော
ကျောင်းကိုအလာစိပ်တယ်နော်”
“ဟို အဲ ဒါကလေ”
“ဒကာမလေးကို ကိုရင်ငြိတွယ်နေမိပြီ
ထင်တယ်”
“ရှင်…အဲ့ မဟုတ်ပါဘူး ”
ရုတ်တရက်ကြားလိုက်ရသည့်စကားကြောင့်
သံသာအံ့သြသွားရလေသည်။
သူကြားချင်နေသည့်စကားဆိုဟု
ပြောလျှင်မမှားပေ။
“ဟုတ်တယ် ဒကာမလေး ဒကာမလေးနဲ့
တွေ့မှ ကိုရင်စိတ်တွေ ဘယ်လိုဖြစ်ကုန်တယ်
မသိဘူး ဒကာမလေးကို မတွေ့ရရင်
မနေနိုင်အောင်ဖြစ်နေတယ်”
“ခက်တော့တာပဲ ကိုရင်ရယ်
တပည့်တော်မနဲ့ ကိုရင်နဲ့က ဘယ်လိုမှ
မဖြစ်နိုင်ဘူးထင်ပါတယ်”
သံသာကချွဲတဲတဲအသံကလေးဖြင့်
လုပ်ပြောပြောလိုက်သည်။
“ဘာကြောင့်မဖြစ်နိုင်ရမှာလည်း
ဒကာမလေးရယ် ဘာလဲ ကိုရင်ဆိုပြီး
မိန်းမပျိုလေးတစ်ယောက်ကို
မေတ္တာမရှိရတော့ဘူးတဲ့လား”
“ဟို ဟို တပည့်တော်မပြောချင်တာက
ဘုရားသားတော်တစ်ပါးနဲ့ လူဝတ်ကြောင်နဲ့က
ဘယ်လိုမှမအပ်စပ်ဘူးလို့
ပြောတာပါ ကိုရင်”
“ဘာပဲပြောပြော ကိုရင်တော့
ဆုံးဖြတ်ပြီးပြီ ဒကာမလေးကိုမေတ္တာ
သက်ဝင်နေမိပြီကွယ် ဒါကြောင့်
ကိုရင်ဘဝကနေအပြီးထွက်ပြီး ဒကာမလေးနဲ့
အတူနေဖို့ ကြိုးစားတော့မယ်”
“တပည့်တော်မစဉ်းစားပါရစေ
ကိုရင်ရယ်”
“ကောင်းပါပြီ ဒကာမလေးစဉ်းစားပါ
ကိုရင်သွားတော့မယ်”
ကိုရင်တိဘလည်းသံသာအားနှုတ်ဆက်ပြီး
ဘုရားရင်ပြင်တော်ပေါ်မှဆင်းသွားလေသည်။
***************
သံသာတစ်ယောက် သင်္ကန်းဝတ်ကြီးနဲ့ဖြစ်သော
ကိုရင်တိဘအား တစ်လပင်မကြာပေ
အဖြေပေးလိုက်တော့သည်။
ငယ်ရွယ်သေးသည့်အချိန်တစ်ခုမှာ
မဆုံးဖြတ်သင့်သောမှားယွင်းသည့်
ဆုံးဖြတ်ချက်အားသံသာတစ်ယောက်
ချလိုက်မိလေသည်။
သံသာတစ်ယောက် ကိုရင်တိဘနှင့်
ညဘက်ရောက်လျှင်တွေ့ဆုံနိုင်ရန်
အတွက်မိခင်အားသူငယ်ချင်းအိမ်သွားမည်ဆိုပြီး
ဘုန်းကြီးကျောင်းဘက်သို့ သွားလေသည်။
ထိုအခါ အဆင်သင့်စောင့်နေသော
ကိုရင်တိဘနှင့်တွေ့ကြလေသည်။
ကိုရင်တိဘကလည်း လူဝတ်ပင်
မလဲရသေးပဲ သမီးရည်းစားတွေလို
နေခဲ့ကြသည်။
ငယ်စဉ်ကတည်းက သင်္ကန်းဝတ်လာခဲ့သူ
ကိုရင်တိဘတစ်ပါး မိန်းမပျိုတစ်ယောက်၏
အထိအတွေ့မှာသာယာခဲ့တော့သည်။
သံသာနှင့်ကိုရင်တိဘတို့၏ တိတ်တိတ်ပုန်း
ဆက်ဆံရေးမှာအချိန်ကြာမြင့်လာခဲ့ကြသည်။
ဖိုမကိစ္စများအားအကြိမ်ကြိမ်အခါခါ
ကျူးလွန်မိခဲ့ကြသည်။
တဏှာအမိုက်မှောင်ဖုံးပြီး မပြုသင့်
မမှားသင့် မလုပ်သင့်တာကို ကျေကျေနပ်နပ်ကြီး
မှားယွင်းခဲ့လေသည်။
……………………………
ဤသို့ဖြင့် တစ်ရက်တွင်တော့
“ဟဲ့ ညည်းဟာကဟုတ်ကောဟုတ်ရဲ့လား
မသန်းခင်ရယ် ငါ့သမီးကအဲ့လိုအစားမျိုး
မဟုတ်ပါဘူးအေ”
“မကြည်မာရယ် ကျုပ်မျက်စိနဲ့နားနဲ့
သေချာမြင် သေချာကြားလာတာပါတော်
ဒါနဲ့ဆို သူတို့ကိုတွဲမြင်တာအကြိမ်ရေ
မနည်းတော့ဘူး
ကျုပ်ကမဖြစ်သင့်တာမဖြစ်ရအောင်လို့
လာပြောပြတာပါ
ယုံတာမယုံတာက ရှင့်အပိုင်းပဲ
ကျုပ်သွားပြီ”
“ဘယ့်နှယ့်တော် သူများသမီးပျိုလေးကို
စွပ်စွပ်စွဲစွဲ ပြောရဲတဲ့ပါးစပ်ကို
အံ့သြပါရဲ့တော်”
“အမေ ဘာဖြစ်လို့လည်း”
“ဘာဖြစ်ရမှာလည်း ဘေးအိမ်ကမသန်းခင်ပေါ့
ညည်းကတဲ့ ကိုရင်တိဘနဲ့ တွဲတွဲပြီးမြင်နေရတာ
အကြိမ်ရေမနည်းတော့ဘူးဆိုပြီး
ငါ့ကိုလာတိုင်သွားတယ်အေ့
ငါ့သမီးကိုများသာသနာဖျက်မ များ
မှတ်နေသလားမသိဘူး”
မိခင်ဖြစ်သူ၏စကားကြောင့်သံသာတစ်ယောက်
မျက်နှာအားဟန်မပျက်ထိန်းလိုက်ပြီး
“အမေရယ် ပတ်ဝန်းကျင်ဆိုတာ
ဒီလိုမျိုးပါပဲ သူတို့ကိုဂရုစိုက်နေရင်
ထမင်းတောင်စားရမှာမဟုတ်ဘူး
ရှုပ်တယ် ခေါင်းထဲထည့်မနေနဲ့ အမေ”
“ညည်းလည်းအနေအထိုင်ဆင်ခြင်
ဘာမှမဟုတ်ပဲညတွေမထွက်နဲ့တော့
ဘုန်းကြီးကျောင်းကိုလည်းအကြောင်းမရှိပဲ
မသွားနဲ့ ကြားလား”
“ဟုတ် အမေ”
မိခင်ဖြစ်သူကငေါက်လိုက်သဖြင့်
သံသာဒီရက်ပိုင်းအပြင်သိပ်မထွက်ရဲပေ
အရင်ကဆိုအကြောင်းအရင်းမရှိပဲ
ဘုန်းကြီးကျောင်းဘက်သို့အမြဲရောက်ဖြစ်လေ
သည်။
ဤသို့ဖြင့် ၁ပတ်ခန့်ကြာတော့
သံသာတစ်ယောက်နေမကောင်းဖြစ်တော့သည်။
သမီးဖြစ်သူနေမကောင်းသဖြင့် ဆရာဝန်အား
အိမ်သို့ပင်ကာပြသလေသည်။
ဆရာဝန်ကသံသာအားအမျိုးမျိုးစမ်းသပ်ပြီး
သည်နှင့်ဒေါ်ကြည်မာအားမျက်နှာရိပ်ပြကာ
အိမ်အပြင်သို့ခေါ်လာခဲ့သည်။
“ဒေါ်ကြည်မာ အခုကိစ္စကို
မပြောလို့လည်းပြီးသွားမှာမဟုတ်ဘူး
ဒါကြောင့်အမှန်အတိုင်းပဲ ကျွန်မ
ပြောပါရစေ”
“ဘာများလဲ ဆရာမ သမီးလေးမှာ
ဘာရောဂါများဖြစ်နေလို့လည်းဆရာမ”
“ဟို ဘာရောဂါမှမဖြစ်ပါဘူး သံသာမှာ
ကိုယ်ဝန်ရှိနေတယ် ဒေါ်ကြည်မာ”
“ရှင်…ဆရာမပြောနေတာတွေက
တကယ်လား”
“ကျွန်မအမှန်ကိုအမှန်တိုင်းပြောနေတာပါ
ဒေါ်ကြည်မာ”
“ဘုရား ဘုရား ဆရာမရယ် ကျွန်မသမီးမှာ
ရည်းစားတွေဘာတွေရှိတယ်ဆိုတာလည်း
မကြားမိပါဘူးရှင် ဘယ်လိုဖြစ်ရတာပါလိမ့်”
“ဒီကိစ္စကိုကျွန်မဘယ်သူ့ကိုမှ
ပြောပြမှာမဟုတ်ပါဘူး ဒါဆရာဝန်တွေရဲ့
ကျင့်ထုံးတစ်ခုပါ ကျွန်မကိုခွင့်ပြုပါဦး”
ဆရာဝန်ပြန်သွားသည်နှင့်ဒေါ်ကြည်မာ
အိမ်ပေါ်သို့တက်လာပြီးသံသာအားမေး
လေသည်။
“သံသာ”
ဒေါ်ကြည်မာ၏အသံကခက်ထန်မာကျော
နေသည့်အတွက်သံသာတစ်ယောက်
လန့်သွားရသည်။
“ရှင်အမေ…ဘာဖြစ်လို့လဲဟင်”
“ညည်းအခုမှ လာမေးမနေနဲ့
အခုညည်းမှာဗိုက်ကြီးနေပြီတဲ့
ပြောစမ်းဘယ်ကောင်နဲ့ရတာလည်း
ငါ့ကိုမှန်မှန်ပြောစမ်း ဒီကိစ္စ
နင့်ကောင်ကိုတာဝန်ယူခိုင်းရမယ်”
“သ သမီးမပြောပါရစေနဲ့ အမေ
သမီးရှက်လို့ပါ”
“ဘာ…ညည်းကအခုမှလာရှက်မနေနဲ့
ညည်းကောင်ကိုထဘီလှန်ပေးတုန်းက
ညည်းမရှက်ဘူးလား(ရိုင်းသွားပါကစိတ်မခုစေလို)
ပြောစမ်းဘယ်သူလည်း ညည်းကိုယ်ဝန်
ဘယ်သူနဲ့ရတာလဲ”
သံသာကခေါင်းကိုသာရမ်းပြီး
ငိုနေလေသည်။
“သမီးရယ် ညည်းငိုနေလို့ပြီးမလား
အမေတို့ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြ
ရမလည်းသမီးရယ် အမေ့ကို အမှန်တိုင်း
ပြောစမ်းပါ”
“အမေ့ကိုသမီးအမှန်အတိုင်းပြောပြပါ့မယ်
အမေစိတ်မဆိုးပါနဲ့ ”
“ပြောမှာသာပြောစမ်းပါအေ”
“ဟို ဟိုလေ သမီးဗိုက်ထဲက ကလေးဟာ
ကို ကိုရင်တိဘနဲ့ရတာပါ”
“အောင်မယ်လေး ဘုရား ဘုရား
ဘယ်လိုတွေတောင်ဖြစ်ကုန်တာလည်း
မိုးကြိုးတွေပစ်ကုန်တော့မှာပဲ
အမိုက်မရယ် ညည်းတော်တော်မိုက်တာပဲ
သံသာရယ် ဘာကြောင့် သင်္ကန်းဝတ်နဲ့
ရဟန်းကိုမှသွားကြိုက်ရတာလည်း
ညည်းဗုဒ္ဓဘာသာမိန်းကလေးမဟုတ်ဘူးလား
သံဃာကိုပစ်မှားစော်ကားရင်
အဝီစိဆင်းရမယ်ဆိုတာ ညည်းသဘောမပေါက်ဘူးလား
ပတ်ဝန်းကျင်ကပြောနေတာတွေကအကုန်မှန်နေပါပေါ့လား ညည်းကသာသနာဖျက်မ
တစ်ယောက်ဖြစ်သွားပြီဟဲ့ မိသံသာရဲ့
အီး ဟီး ဟီး”
“သမီးကိုခွင့်လွှတ်ပါအမေရယ်
သမီးကိုခွင့်လွှတ်ပါ”
“ငါကသားသမီးဆိုပြီးခွင့်လွှတ်လို့
ရပေမယ့် ငရဲကတော့ညည်းကို
ခွင့်လွှတ်မှာမဟုတ်ဘူးအေ့ ညည်းသိလား”
ဒေါ်ကြည်မာနှင့်သံသာ၏ပြောဆိုသံများအား
ပတ်ဝန်းကျင်မှအတိုင်းသားကြားနေရလေသည်။
ထိုနေ့ကဒေါ်ကြည်မာတစ်ယောက်
အိမ်ထဲမှအိမ်အပြင်
မထွက်ရဲလောက်အောင်အရှက်ရခဲ့ရလေသည်။
ထို့အတူသံသာလည်းအပြင်သို့မထွက်ရဲပေ။
သို့ပေမယ့် မထွက်မဖြစ်စားဖို့သောက်ဖို့အတွက်
အဝယ်ထွက်ရပြန်လေသည်။
ထိုသို့ဒေါ်ကြည်မာအပြင်ထွက်တိုင်း
ပတ်ဝန်းကျင်၏ပြောဆိုသံများအား
ကြားနေရလေသည်။
“ဟဲ့ အဲ့ဒါ ဟိုကိုရင်နဲ့ဗိုက်ကြီးနေတယ်ဆိုတဲ့
ကောင်မလေးရဲ့ မအေပေါ့”
“ဟယ် ဟုတ်လား ငါလည်းသတင်းသာ
ကြားတယ် လူတွေကိုမမြင်ဖူးသေးဘူး
တကယ့်ကိုအရှက်တရားအကြောက်တရား
ကင်းမဲ့ကြတာပဲနော် ငါဖြင့်သူတို့အစား
ရှက်လိုက်တာအေ”
“ငါတို့ကသာ ရှက်နေတာ သူတို့က
အရှက်ရှိမယ့်ပုံတွေမဟုတ်ပါဘူးအေ”
“ဟုတ်ပါ့ အခုလိုပြောနေရတာတောင်
ငါတို့ပါသိက္ခာကျပါတယ်လေ”
“ဟုတ်တယ် ဟုတ်တယ်”
ဤကဲ့သို့ ပတ်ဝန်းကျင်၏ထိုးနှက်မှုဒဏ်အား
သားအမိနှစ်ယောက်ခံရလေတော့သည်။
“သမီး ဒီကိစ္စဒီအတိုင်းထားလို့
မဖြစ်တော့ဘူး ဆရာတော်ကြီးကိုသွားပြီး
လျှောက်တင်မှဖြစ်တော့မယ်”
“အမေကောင်းသလိုသာလုပ်ပါတော့အမေ
သမီးတော့ဘာမှမပြောချင်တော့ဘူးအမေရယ်”
ဒေါ်ကြည်မာလည်း ဘုန်းကြီးကျောင်းသို့
ရောက်လာခဲ့သည်။
“အရှင်ဘုရား တပည့်တော်မ အရှင်ဘုရားကို
လျှောက်တင်စရာလေးရှိလို့ လာခဲ့တာပါ
ဘုရား”
“သြော် ပြောလေ ဒကာမကြီးရဲ့
ဘာများတုန်း”
“နားနဲ့မနာဖဝါးနဲ့သာ နာပါတော့အရှင်ဘုရား
အရှက်တွေလည်းကမ်းကုန်အောင်
ကွဲခဲ့ရပါပြီ အရှင်ဘုရားကိုမပြောသင့်ဘူးလို့
ထင်မိပေမယ့် ပြောမှဖြစ်မယ့်အရာမလို့
ပြောရတာပါ ဘုရား
တပည့်တော်မရဲ့ သမီးသံသာဆီမှာ
ကိုရင်တိ ကိုရင်တိဘနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပါပြီ
ဘုရား”
“ဘယ်လို ဒကာမကြီး ဘာပြောတယ်
ဒကာမကြီးရဲ့ သမီးဆီမှာ ကိုရင်တိဘနဲ့ရတဲ့
ကိုယ်ဝန်ရှိနေပြီဟုတ်သလား”
“အမှန်တွေပါပဲ ဘုရား တပည့်တော်မ
ရှက်လွန်းလို့ သေရပါတော့မယ် ဘုရား”
“အို…ဒုက္ခ ဒုက္ခ တယ်လည်းဝဋ်ကြီးကြသကိုး
နေဦး ဘုန်းဘုန်း ကိုရင်တိဘကို မေးကြည့်ဦးမယ်”
“ကိုရင်တိဘ ကိုရင်တိဘ ”
ဆရာတော်၏အော်ခေါ်သံကြောင့်
ကိုရင်တိဘကျောင်းပေါ်သို့တက်လာခဲ့သည်။
ထို့နောက် ဆရာတော်အားလက်အုပ်ချီမိုးကာ
ရှိခိုးကန်တော့လေသည်။
“အရှင်ဘုရားတို့ပြောတာတွေ အားလုံး
ကြားသိပါတယ်ဘုရား ဒီကိစ္စတွေအားလုံးဟာ
အမှန်တွေပါပဲ ဘုရား ဒကာမလေးဆီမှာ
ရှိနေတဲ့ ကိုယ်ဝန်ဟာ တပည့်တော်ရဲ့
သွေးနဲ့ရတာပါဘုရား”
ကိုရင်တိဘ၏ဝန်ခံချက်ကြောင့် ဆရာတော်ကြီး
အံ့အားသင့်သွားရလေသည်။
“ကိုရင်တိဘ တယ်မိုက်သကိုး
မဖြစ်ချေဘူး အခုချိန်ကစပြီး ကိုရင်တိဘသင်္ကန်းဝတ်ကိုချွတ်ဖို့ အဆင်သင့်
လုပ်ထားပါ ဘုရားရဲ့သာသနာတော်မှာ
အခုလိုကိစ္စမျိုးဖြစ်တာဟာ အင်မတန်မှ
အရှက်ရဖွယ်ကောင်းသလို ဘုန်းဘုန်းရဲ့
ကျောင်းကိုလည်းသိက္ခာကျစေတယ်
ဒီတော့ဒီနေ့ပဲ လူဝတ်လဲပါ ကိုရင်တိဘကြောင့်
ဒီကျောင်းဟာနာမည်ကျဆင်းစေခဲ့ပြီ
ဒါကြောင့်ဒီကျောင်းကနေထွက်သွားပေးပါ”
“တပည့်တော်လူဝတ်လဲပါတော့မယ်ဘုရား
တပည့်တော်ကြောင့်ဒီကျောင်းရဲ့ ဂုဏ်သိက္ခာ
ကျဆင်းခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်
ဘုရား”
================
ကိုရင်တိဘလည်းချက်ချင်းလူဝတ်လဲကာ
သံသာဆီသို့လိုက်လာခဲ့သည်။
လူဝတ်တဖန်လဲ ကိုခိုင်ဦးတစ်ယောက်
သူကျူးလွန်ထားသည့်ကိစ္စအား
ိတာဝန်ယူခဲ့လေသည်။
တစ်လခန့်ကြာတော့ ဒေါ်ကြည်မာ
သံသာနှင့်ကိုခိုင်ဦး(ကိုရင်တိဘ)တို့သုံးဦးသား
အိမ်ဝိုင်းအားအပြတ်ရောင်းပြီး ထိုမြို့ မှ
အပြီးထွက်သွားကြတော့သည်။
“ဒီဇာတ်လမ်းကိုရေးရသည့်ရည်ရွယ်မှာ
ဘုရားသားတော်ရဟန်းသံဃာများ၏
ဂုဏ်သိက္ခာအားစော်ကားလိုခြင်းအလျဉ်း
မရှိပါ။
အပြင်မှာလည်းယခုလိုအဖြစ်မျိုး
ရှိဖူးသဖြင့်ဗုဒ္ဓဘာသာဝင်များအသိ
သတိဖြင့်
ရှောင်ရှားနိုင်စေရန်ရေးသားရခြင်းဖြစ်ပါသည်။
သာသနာကိုဖျက်သည့်လူမှာ
ယခုဘဝတွင်လည်းလူအများ၏
ကဲ့ရဲ့ခြင်းကိုခံရသလို
နောင်သံသရာတွင်လည်း အပါယ်သို့
လားရပေဦးမည်ဖြစ်သည်။
ကြီးစွာသောအမှားဇာတ်လမ်းလေးအား တခြားသူများလည်း
အသိတရားတစ်ခုပေးနိုင်ရန်အတွက်
Shareပေးသွားကြပါနော် စာဖတ်သူတို့ရေ
လိုအပ်ချက်များစွာဖြင့်
အားလုံးကိုကျေးဇူးတင်လျက်ပါ

Zawgyi Version

ႀကီးစြာေသာအမွား(စ/ဆံုး)
——————————
“သမီးေရ သံသာ”
“ရွင္အေမလာၿပီ”
“ဆရာေတာ္ေက်ာင္းကိုဆြမ္းခ်ိဳင့္သြားပို႔
ေခ်စမ္း”
“ဟာအေမကလည္း သမီးမသြားခ်င္ပါဘူး”
“အေမေခါင္းနည္းနည္းကိုက္ေနလို႔
သမီးကိုခိုင္းရတာပါေအ ညည္းကဒါေလးေတာင္
လုပ္မေပးခ်င္ဘူးလား
ဒီကေန႔ သမီးအေဖဆုံးတာ၃လျပည့္တဲ့ေန႔မလို႔
ဘုန္းႀကီးေက်ာင္းကိုဆြမ္းေလးပို႔ခိုင္းပါတယ္
ဘယ္ေနရာမွအားမကိုးရဘူး
သမီးတစ္ေယာက္ေမြးထားပါတယ္
ဒါေလးမွမခိုင္းရရင္ငါကဘယ္ေနရာ
သြားခိုင္းရမွာလည္းညည္းကို”
“ေပးေပး အေမတို႔ကေျပာလိုက္ရင္
မၿပီးေတာ့ဘူး သြားပို႔ေပးမယ္
ဟုတ္ၿပီလား”
သံသာလည္းမိခင္ျဖစ္သူေဒၚၾကည္မာ၏
လက္ထဲမွဆြမ္းခ်ိဳင့္အားေဆာင့္ေအာင့္ၿပီး
ူယူကာဘုန္းႀကီးေက်ာင္းသို႔ထြက္လာခဲ့သည္။
ဘုန္းႀကီးေက်ာင္းကအိမ္ႏွင့္နီးသျဖင့္
ေျခလ်င္သြားရင္ေတာင္၄မိနစ္ပင္မသြားရေပ။
သံသာလည္းဘုန္းႀကီးေက်ာင္းသို႔ေရာက္လာခဲ့ၿပီး
ဆရာေတာ္ႀကီးအားရွိခိုးလိုက္သည္။
“ဘုန္းဘုန္း တပည့္ေတာ္ အေဖဆုံးတာ၃လ
ျပည့္တဲ့ေန႔မလို႔ ဆြမ္းခ်ိဳင့္လာပို႔တာပါဘုရား”
“သာဓု သာဓု သာဓု
ကြယ္လြန္သူဒကာႀကီးဦးမင္းစိုးတစ္ေယာက္
ေကာင္းရာမြန္ရာဘုံဘဝသို႔
စံစားခံစားႏိုင္ပါေစ”
“ကိုရင္တိဘ လာဦး”
ဆရာေတာ္ႀကီးက ကိုရင္တိဘအား
ေခၚလိုက္သည့္အတြက္ေက်ာင္းေပၚသို႔
ကိုရင္တိဘတက္လာေလသည္။
“ကိုရင္တိဘ ဒီဆြမ္းခ်ိဳင့္ကို ဆြမ္းစားေဆာင္မွာ
သြားထားလိုက္”
“တင္ပါ့ဘုရား”
ကိုရင္တိဘလည္းဆရာေတာ္ႀကီး၏
ေရွ႕၌ရွိေသာဆြမ္းခ်ိဳင့္အား ယူလိုက္ေလသည္။
ထိုအခ်ိန္ ကိုရင္တိဘႏွင့္သံသာတို႔
မ်က္လုံးျခင္းဆုံမိၾကေလသည္။
ကိုရင္တိဘကသံသာအား ရယ္ျပသည့္အတြက္
သံသာလည္းျပန္ၿပီးၿပဳံးျပလိုက္သည္။
“အဟမ္း”
ဆရာေတာ္ႀကီးကေခ်ာင္းဟန႔္လိုက္သျဖင့္
ကိုရင္တိဘလည္း ဆြမ္းခ်ိဳင့္အားအျမန္ယူကာ
ေက်ာင္းေပၚမွဆင္းသြားေလသည္။
==============
ေနာက္တစ္ေန႔ သံသာတစ္ေယာက္
ေဈးဝယ္ရန္အိမ္မွထြက္လာခဲသည္။
ဘုန္းႀကီးေက်ာင္းေရွ႕မွျဖတ္ကာေဈးသို႔သြားစဥ္
ကိုရင္တိဘႏွင့္ဆုံမိၾကေလသည္။
“ဒကာမေလးဘယ္သြားမလို႔လည္း”
“တပည့္ေတာ္ ေဈးသြားမလို႔ပါ ကိုရင္”
“ဒကာမေလးရဲ႕ အေမ မပါဘူးလား”
“တင္ပါ့ အေမက သိပ္ေနမေကာင္းလို႔
တပည့္ေတာ္မပဲသြားဝယ္ရမွာကိုရင္”
သံသာလည္းထိုမွ်သာေျပာၿပီး
ထြက္လာခဲ့သည္။
ေနာက္သို႔လွည့္ၾကည့္ေတာ့ ကိုရင္တိဘက
တံျမက္စည္းအားကိုင္ကာ သံသာအား
ၿပဳံး၍ၾကည့္ေနေလသည္။
သံသာလွည့္ၾကည့္တာသိေတာ့
ကိုရင္တိဘတံျမက္စည္းအားဟန္မပ်က္
ျပန္လွည္းေနလိုက္သည္။
ထို႔ေနာက္ပိုင္း ကိုရင္တိဘႏွင့္ သံသာတို႔
ခင္မင္ရင္းႏွီးလာခဲ့ၾကသည္။
သံသာလည္းဘုန္းႀကီးေက်ာင္းသို႔
ခါတိုင္းထက္ပိုၿပီးေရာက္ျဖစ္ခဲ့သည္။
အေၾကာင္းမရွိအေၾကာင္းရွာကာ
ဘုန္းႀကီးေက်ာင္းသို႔လာသည္ဟုေျပာလွ်င္
ပို၍မွန္ေပလိမ့္မည္။
ဘုရားရင္ျပင္ေတာ္ေပၚမွာ သံသာတစ္ေယာက္တံျမက္စည္းလွည္း
ေနခိုက္
“ဟိတ္ ”
“အေမ့”
“လန႔္သြားတာလား ဒကာမေလး”
“လန႔္တာေပါ့ ကိုရင္ကလည္း
ကိုယ့္အေတြးနဲ႔ကိုယ္ တံျမက္စည္းလွည္းေနတုန္း
ကိုရင္ကေနာက္ကေျခာက္လိုက္ေတာ့
လန႔္သြားတာေပါ့”
“ဒကာမေလး အခုတေလာ
ေက်ာင္းကိုအလာစိပ္တယ္ေနာ္”
“ဟို အဲ ဒါကေလ”
“ဒကာမေလးကို ကိုရင္ၿငိတြယ္ေနမိၿပီ
ထင္တယ္”
“ရွင္…အဲ့ မဟုတ္ပါဘူး ”
႐ုတ္တရက္ၾကားလိုက္ရသည့္စကားေၾကာင့္
သံသာအံ့ၾသသြားရေလသည္။
သူၾကားခ်င္ေနသည့္စကားဆိုဟု
ေျပာလွ်င္မမွားေပ။
“ဟုတ္တယ္ ဒကာမေလး ဒကာမေလးနဲ႔
ေတြ႕မွ ကိုရင္စိတ္ေတြ ဘယ္လိုျဖစ္ကုန္တယ္
မသိဘူး ဒကာမေလးကို မေတြ႕ရရင္
မေနႏိုင္ေအာင္ျဖစ္ေနတယ္”
“ခက္ေတာ့တာပဲ ကိုရင္ရယ္
တပည့္ေတာ္မနဲ႔ ကိုရင္နဲ႔က ဘယ္လိုမွ
မျဖစ္ႏိုင္ဘူးထင္ပါတယ္”
သံသာကခြၽဲတဲတဲအသံကေလးျဖင့္
လုပ္ေျပာေျပာလိုက္သည္။
“ဘာေၾကာင့္မျဖစ္ႏိုင္ရမွာလည္း
ဒကာမေလးရယ္ ဘာလဲ ကိုရင္ဆိုၿပီး
မိန္းမပ်ိဳေလးတစ္ေယာက္ကို
ေမတၱာမရွိရေတာ့ဘူးတဲ့လား”
“ဟို ဟို တပည့္ေတာ္မေျပာခ်င္တာက
ဘုရားသားေတာ္တစ္ပါးနဲ႔ လူဝတ္ေၾကာင္နဲ႔က
ဘယ္လိုမွမအပ္စပ္ဘူးလို႔
ေျပာတာပါ ကိုရင္”
“ဘာပဲေျပာေျပာ ကိုရင္ေတာ့
ဆုံးျဖတ္ၿပီးၿပီ ဒကာမေလးကိုေမတၱာ
သက္ဝင္ေနမိၿပီကြယ္ ဒါေၾကာင့္
ကိုရင္ဘဝကေနအၿပီးထြက္ၿပီး ဒကာမေလးနဲ႔
အတူေနဖို႔ ႀကိဳးစားေတာ့မယ္”
“တပည့္ေတာ္မစဥ္းစားပါရေစ
ကိုရင္ရယ္”
“ေကာင္းပါၿပီ ဒကာမေလးစဥ္းစားပါ
ကိုရင္သြားေတာ့မယ္”
ကိုရင္တိဘလည္းသံသာအားႏႈတ္ဆက္ၿပီး
ဘုရားရင္ျပင္ေတာ္ေပၚမွဆင္းသြားေလသည္။
***************
သံသာတစ္ေယာက္ သကၤန္းဝတ္ႀကီးနဲ႔ျဖစ္ေသာ
ကိုရင္တိဘအား တစ္လပင္မၾကာေပ
အေျဖေပးလိုက္ေတာ့သည္။
ငယ္႐ြယ္ေသးသည့္အခ်ိန္တစ္ခုမွာ
မဆုံးျဖတ္သင့္ေသာမွားယြင္းသည့္
ဆုံးျဖတ္ခ်က္အားသံသာတစ္ေယာက္
ခ်လိုက္မိေလသည္။
သံသာတစ္ေယာက္ ကိုရင္တိဘႏွင့္
ညဘက္ေရာက္လွ်င္ေတြ႕ဆုံႏိုင္ရန္
အတြက္မိခင္အားသူငယ္ခ်င္းအိမ္သြားမည္ဆိုၿပီး
ဘုန္းႀကီးေက်ာင္းဘက္သို႔ သြားေလသည္။
ထိုအခါ အဆင္သင့္ေစာင့္ေနေသာ
ကိုရင္တိဘႏွင့္ေတြ႕ၾကေလသည္။
ကိုရင္တိဘကလည္း လူဝတ္ပင္
မလဲရေသးပဲ သမီးရည္းစားေတြလို
ေနခဲ့ၾကသည္။
ငယ္စဥ္ကတည္းက သကၤန္းဝတ္လာခဲ့သူ
ကိုရင္တိဘတစ္ပါး မိန္းမပ်ိဳတစ္ေယာက္၏
အထိအေတြ႕မွာသာယာခဲ့ေတာ့သည္။
သံသာႏွင့္ကိုရင္တိဘတို႔၏ တိတ္တိတ္ပုန္း
ဆက္ဆံေရးမွာအခ်ိန္ၾကာျမင့္လာခဲ့ၾကသည္။
ဖိုမကိစၥမ်ားအားအႀကိမ္ႀကိမ္အခါခါ
က်ဴးလြန္မိခဲ့ၾကသည္။
တဏွာအမိုက္ေမွာင္ဖုံးၿပီး မျပဳသင့္
မမွားသင့္ မလုပ္သင့္တာကို ေက်ေက်နပ္နပ္ႀကီး
မွားယြင္းခဲ့ေလသည္။
……………………………
ဤသို႔ျဖင့္ တစ္ရက္တြင္ေတာ့
“ဟဲ့ ညည္းဟာကဟုတ္ေကာဟုတ္ရဲ႕လား
မသန္းခင္ရယ္ ငါ့သမီးကအဲ့လိုအစားမ်ိဳး
မဟုတ္ပါဘူးေအ”
“မၾကည္မာရယ္ က်ဳပ္မ်က္စိနဲ႔နားနဲ႔
ေသခ်ာျမင္ ေသခ်ာၾကားလာတာပါေတာ္
ဒါနဲ႔ဆို သူတို႔ကိုတြဲျမင္တာအႀကိမ္ေရ
မနည္းေတာ့ဘူး
က်ဳပ္ကမျဖစ္သင့္တာမျဖစ္ရေအာင္လို႔
လာေျပာျပတာပါ
ယုံတာမယုံတာက ရွင့္အပိုင္းပဲ
က်ဳပ္သြားၿပီ”
“ဘယ့္ႏွယ့္ေတာ္ သူမ်ားသမီးပ်ိဳေလးကို
စြပ္စြပ္စြဲစြဲ ေျပာရဲတဲ့ပါးစပ္ကို
အံ့ၾသပါရဲ႕ေတာ္”
“အေမ ဘာျဖစ္လို႔လည္း”
“ဘာျဖစ္ရမွာလည္း ေဘးအိမ္ကမသန္းခင္ေပါ့
ညည္းကတဲ့ ကိုရင္တိဘနဲ႔ တြဲတြဲၿပီးျမင္ေနရတာ
အႀကိမ္ေရမနည္းေတာ့ဘူးဆိုၿပီး
ငါ့ကိုလာတိုင္သြားတယ္ေအ့
ငါ့သမီးကိုမ်ားသာသနာဖ်က္မ မ်ား
မွတ္ေနသလားမသိဘူး”
မိခင္ျဖစ္သူ၏စကားေၾကာင့္သံသာတစ္ေယာက္
မ်က္ႏွာအားဟန္မပ်က္ထိန္းလိုက္ၿပီး
“အေမရယ္ ပတ္ဝန္းက်င္ဆိုတာ
ဒီလိုမ်ိဳးပါပဲ သူတို႔ကိုဂ႐ုစိုက္ေနရင္
ထမင္းေတာင္စားရမွာမဟုတ္ဘူး
ရႈပ္တယ္ ေခါင္းထဲထည့္မေနနဲ႔ အေမ”
“ညည္းလည္းအေနအထိုင္ဆင္ျခင္
ဘာမွမဟုတ္ပဲညေတြမထြက္နဲ႔ေတာ့
ဘုန္းႀကီးေက်ာင္းကိုလည္းအေၾကာင္းမရွိပဲ
မသြားနဲ႔ ၾကားလား”
“ဟုတ္ အေမ”
မိခင္ျဖစ္သူကေငါက္လိုက္သျဖင့္
သံသာဒီရက္ပိုင္းအျပင္သိပ္မထြက္ရဲေပ
အရင္ကဆိုအေၾကာင္းအရင္းမရွိပဲ
ဘုန္းႀကီးေက်ာင္းဘက္သို႔အၿမဲေရာက္ျဖစ္ေလ
သည္။
ဤသို႔ျဖင့္ ၁ပတ္ခန႔္ၾကာေတာ့
သံသာတစ္ေယာက္ေနမေကာင္းျဖစ္ေတာ့သည္။
သမီးျဖစ္သူေနမေကာင္းသျဖင့္ ဆရာဝန္အား
အိမ္သို႔ပင္ကာျပသေလသည္။
ဆရာဝန္ကသံသာအားအမ်ိဳးမ်ိဳးစမ္းသပ္ၿပီး
သည္ႏွင့္ေဒၚၾကည္မာအားမ်က္ႏွာရိပ္ျပကာ
အိမ္အျပင္သို႔ေခၚလာခဲ့သည္။
“ေဒၚၾကည္မာ အခုကိစၥကို
မေျပာလို႔လည္းၿပီးသြားမွာမဟုတ္ဘူး
ဒါေၾကာင့္အမွန္အတိုင္းပဲ ကြၽန္မ
ေျပာပါရေစ”
“ဘာမ်ားလဲ ဆရာမ သမီးေလးမွာ
ဘာေရာဂါမ်ားျဖစ္ေနလို႔လည္းဆရာမ”
“ဟို ဘာေရာဂါမွမျဖစ္ပါဘူး သံသာမွာ
ကိုယ္ဝန္ရွိေနတယ္ ေဒၚၾကည္မာ”
“ရွင္…ဆရာမေျပာေနတာေတြက
တကယ္လား”
“ကြၽန္မအမွန္ကိုအမွန္တိုင္းေျပာေနတာပါ
ေဒၚၾကည္မာ”
“ဘုရား ဘုရား ဆရာမရယ္ ကြၽန္မသမီးမွာ
ရည္းစားေတြဘာေတြရွိတယ္ဆိုတာလည္း
မၾကားမိပါဘူးရွင္ ဘယ္လိုျဖစ္ရတာပါလိမ့္”
“ဒီကိစၥကိုကြၽန္မဘယ္သူ႔ကိုမွ
ေျပာျပမွာမဟုတ္ပါဘူး ဒါဆရာဝန္ေတြရဲ႕
က်င့္ထုံးတစ္ခုပါ ကြၽန္မကိုခြင့္ျပဳပါဦး”
ဆရာဝန္ျပန္သြားသည္ႏွင့္ေဒၚၾကည္မာ
အိမ္ေပၚသို႔တက္လာၿပီးသံသာအားေမး
ေလသည္။
“သံသာ”
ေဒၚၾကည္မာ၏အသံကခက္ထန္မာေက်ာ
ေနသည့္အတြက္သံသာတစ္ေယာက္
လန႔္သြားရသည္။
“ရွင္အေမ…ဘာျဖစ္လို႔လဲဟင္”
“ညည္းအခုမွ လာေမးမေနနဲ႔
အခုညည္းမွာဗိုက္ႀကီးေနၿပီတဲ့
ေျပာစမ္းဘယ္ေကာင္နဲ႔ရတာလည္း
ငါ့ကိုမွန္မွန္ေျပာစမ္း ဒီကိစၥ
နင့္ေကာင္ကိုတာဝန္ယူခိုင္းရမယ္”
“သ သမီးမေျပာပါရေစနဲ႔ အေမ
သမီးရွက္လို႔ပါ”
“ဘာ…ညည္းကအခုမွလာရွက္မေနနဲ႔
ညည္းေကာင္ကိုထဘီလွန္ေပးတုန္းက
ညည္းမရွက္ဘူးလား(႐ိုင္းသြားပါကစိတ္မခုေစလို)
ေျပာစမ္းဘယ္သူလည္း ညည္းကိုယ္ဝန္
ဘယ္သူနဲ႔ရတာလဲ”
သံသာကေခါင္းကိုသာရမ္းၿပီး
ငိုေနေလသည္။
“သမီးရယ္ ညည္းငိုေနလို႔ၿပီးမလား
အေမတို႔ပတ္ဝန္းက်င္ကိုဘယ္လိုမ်က္ႏွာျပ
ရမလည္းသမီးရယ္ အေမ့ကို အမွန္တိုင္း
ေျပာစမ္းပါ”
“အေမ့ကိုသမီးအမွန္အတိုင္းေျပာျပပါ့မယ္
အေမစိတ္မဆိုးပါနဲ႔ ”
“ေျပာမွာသာေျပာစမ္းပါေအ”
“ဟို ဟိုေလ သမီးဗိုက္ထဲက ကေလးဟာ
ကို ကိုရင္တိဘနဲ႔ရတာပါ”
“ေအာင္မယ္ေလး ဘုရား ဘုရား
ဘယ္လိုေတြေတာင္ျဖစ္ကုန္တာလည္း
မိုးႀကိဳးေတြပစ္ကုန္ေတာ့မွာပဲ
အမိုက္မရယ္ ညည္းေတာ္ေတာ္မိုက္တာပဲ
သံသာရယ္ ဘာေၾကာင့္ သကၤန္းဝတ္နဲ႔
ရဟန္းကိုမွသြားႀကိဳက္ရတာလည္း
ညည္းဗုဒၶဘာသာမိန္းကေလးမဟုတ္ဘူးလား
သံဃာကိုပစ္မွားေစာ္ကားရင္
အဝီစိဆင္းရမယ္ဆိုတာ ညည္းသေဘာမေပါက္ဘူးလား
ပတ္ဝန္းက်င္ကေျပာေနတာေတြကအကုန္မွန္ေနပါေပါ့လား ညည္းကသာသနာဖ်က္မ
တစ္ေယာက္ျဖစ္သြားၿပီဟဲ့ မိသံသာရဲ႕
အီး ဟီး ဟီး”
“သမီးကိုခြင့္လႊတ္ပါအေမရယ္
သမီးကိုခြင့္လႊတ္ပါ”
“ငါကသားသမီးဆိုၿပီးခြင့္လႊတ္လို႔
ရေပမယ့္ ငရဲကေတာ့ညည္းကို
ခြင့္လႊတ္မွာမဟုတ္ဘူးေအ့ ညည္းသိလား”
ေဒၚၾကည္မာႏွင့္သံသာ၏ေျပာဆိုသံမ်ားအား
ပတ္ဝန္းက်င္မွအတိုင္းသားၾကားေနရေလသည္။
ထိုေန႔ကေဒၚၾကည္မာတစ္ေယာက္
အိမ္ထဲမွအိမ္အျပင္
မထြက္ရဲေလာက္ေအာင္အရွက္ရခဲ့ရေလသည္။
ထို႔အတူသံသာလည္းအျပင္သို႔မထြက္ရဲေပ။
သို႔ေပမယ့္ မထြက္မျဖစ္စားဖို႔ေသာက္ဖို႔အတြက္
အဝယ္ထြက္ရျပန္ေလသည္။
ထိုသို႔ေဒၚၾကည္မာအျပင္ထြက္တိုင္း
ပတ္ဝန္းက်င္၏ေျပာဆိုသံမ်ားအား
ၾကားေနရေလသည္။
“ဟဲ့ အဲ့ဒါ ဟိုကိုရင္နဲ႔ဗိုက္ႀကီးေနတယ္ဆိုတဲ့
ေကာင္မေလးရဲ႕ မေအေပါ့”
“ဟယ္ ဟုတ္လား ငါလည္းသတင္းသာ
ၾကားတယ္ လူေတြကိုမျမင္ဖူးေသးဘူး
တကယ့္ကိုအရွက္တရားအေၾကာက္တရား
ကင္းမဲ့ၾကတာပဲေနာ္ ငါျဖင့္သူတို႔အစား
ရွက္လိုက္တာေအ”
“ငါတို႔ကသာ ရွက္ေနတာ သူတို႔က
အရွက္ရွိမယ့္ပုံေတြမဟုတ္ပါဘူးေအ”
“ဟုတ္ပါ့ အခုလိုေျပာေနရတာေတာင္
ငါတို႔ပါသိကၡာက်ပါတယ္ေလ”
“ဟုတ္တယ္ ဟုတ္တယ္”
ဤကဲ့သို႔ ပတ္ဝန္းက်င္၏ထိုးႏွက္မႈဒဏ္အား
သားအမိႏွစ္ေယာက္ခံရေလေတာ့သည္။
“သမီး ဒီကိစၥဒီအတိုင္းထားလို႔
မျဖစ္ေတာ့ဘူး ဆရာေတာ္ႀကီးကိုသြားၿပီး
ေလွ်ာက္တင္မွျဖစ္ေတာ့မယ္”
“အေမေကာင္းသလိုသာလုပ္ပါေတာ့အေမ
သမီးေတာ့ဘာမွမေျပာခ်င္ေတာ့ဘူးအေမရယ္”
ေဒၚၾကည္မာလည္း ဘုန္းႀကီးေက်ာင္းသို႔
ေရာက္လာခဲ့သည္။
“အရွင္ဘုရား တပည့္ေတာ္မ အရွင္ဘုရားကို
ေလွ်ာက္တင္စရာေလးရွိလို႔ လာခဲ့တာပါ
ဘုရား”
“ေၾသာ္ ေျပာေလ ဒကာမႀကီးရဲ႕
ဘာမ်ားတုန္း”
“နားနဲ႔မနာဖဝါးနဲ႔သာ နာပါေတာ့အရွင္ဘုရား
အရွက္ေတြလည္းကမ္းကုန္ေအာင္
ကြဲခဲ့ရပါၿပီ အရွင္ဘုရားကိုမေျပာသင့္ဘူးလို႔
ထင္မိေပမယ့္ ေျပာမွျဖစ္မယ့္အရာမလို႔
ေျပာရတာပါ ဘုရား
တပည့္ေတာ္မရဲ႕ သမီးသံသာဆီမွာ
ကိုရင္တိ ကိုရင္တိဘနဲ႔ရတဲ့ ကိုယ္ဝန္ရွိေနပါၿပီ
ဘုရား”
“ဘယ္လို ဒကာမႀကီး ဘာေျပာတယ္
ဒကာမႀကီးရဲ႕ သမီးဆီမွာ ကိုရင္တိဘနဲ႔ရတဲ့
ကိုယ္ဝန္ရွိေနၿပီဟုတ္သလား”
“အမွန္ေတြပါပဲ ဘုရား တပည့္ေတာ္မ
ရွက္လြန္းလို႔ ေသရပါေတာ့မယ္ ဘုရား”
“အို…ဒုကၡ ဒုကၡ တယ္လည္းဝဋ္ႀကီးၾကသကိုး
ေနဦး ဘုန္းဘုန္း ကိုရင္တိဘကို ေမးၾကည့္ဦးမယ္”
“ကိုရင္တိဘ ကိုရင္တိဘ ”
ဆရာေတာ္၏ေအာ္ေခၚသံေၾကာင့္
ကိုရင္တိဘေက်ာင္းေပၚသို႔တက္လာခဲ့သည္။
ထို႔ေနာက္ ဆရာေတာ္အားလက္အုပ္ခ်ီမိုးကာ
ရွိခိုးကန္ေတာ့ေလသည္။
“အရွင္ဘုရားတို႔ေျပာတာေတြ အားလုံး
ၾကားသိပါတယ္ဘုရား ဒီကိစၥေတြအားလုံးဟာ
အမွန္ေတြပါပဲ ဘုရား ဒကာမေလးဆီမွာ
ရွိေနတဲ့ ကိုယ္ဝန္ဟာ တပည့္ေတာ္ရဲ႕
ေသြးနဲ႔ရတာပါဘုရား”
ကိုရင္တိဘ၏ဝန္ခံခ်က္ေၾကာင့္ ဆရာေတာ္ႀကီး
အံ့အားသင့္သြားရေလသည္။
“ကိုရင္တိဘ တယ္မိုက္သကိုး
မျဖစ္ေခ်ဘူး အခုခ်ိန္ကစၿပီး ကိုရင္တိဘသကၤန္းဝတ္ကိုခြၽတ္ဖို႔ အဆင္သင့္
လုပ္ထားပါ ဘုရားရဲ႕သာသနာေတာ္မွာ
အခုလိုကိစၥမ်ိဳးျဖစ္တာဟာ အင္မတန္မွ
အရွက္ရဖြယ္ေကာင္းသလို ဘုန္းဘုန္းရဲ႕
ေက်ာင္းကိုလည္းသိကၡာက်ေစတယ္
ဒီေတာ့ဒီေန႔ပဲ လူဝတ္လဲပါ ကိုရင္တိဘေၾကာင့္
ဒီေက်ာင္းဟာနာမည္က်ဆင္းေစခဲ့ၿပီ
ဒါေၾကာင့္ဒီေက်ာင္းကေနထြက္သြားေပးပါ”
“တပည့္ေတာ္လူဝတ္လဲပါေတာ့မယ္ဘုရား
တပည့္ေတာ္ေၾကာင့္ဒီေက်ာင္းရဲ႕ ဂုဏ္သိကၡာ
က်ဆင္းခဲ့ရတဲ့အတြက္ ေတာင္းပန္ပါတယ္
ဘုရား”
================
ကိုရင္တိဘလည္းခ်က္ခ်င္းလူဝတ္လဲကာ
သံသာဆီသို႔လိုက္လာခဲ့သည္။
လူဝတ္တဖန္လဲ ကိုခိုင္ဦးတစ္ေယာက္
သူက်ဴးလြန္ထားသည့္ကိစၥအား
ိတာဝန္ယူခဲ့ေလသည္။
တစ္လခန႔္ၾကာေတာ့ ေဒၚၾကည္မာ
သံသာႏွင့္ကိုခိုင္ဦး(ကိုရင္တိဘ)တို႔သုံးဦးသား
အိမ္ဝိုင္းအားအျပတ္ေရာင္းၿပီး ထိုၿမိဳ႕ မွ
အၿပီးထြက္သြားၾကေတာ့သည္။
“ဒီဇာတ္လမ္းကိုေရးရသည့္ရည္႐ြယ္မွာ
ဘုရားသားေတာ္ရဟန္းသံဃာမ်ား၏
ဂုဏ္သိကၡာအားေစာ္ကားလိုျခင္းအလ်ဥ္း
မရွိပါ။
အျပင္မွာလည္းယခုလိုအျဖစ္မ်ိဳး
ရွိဖူးသျဖင့္ဗုဒၶဘာသာဝင္မ်ားအသိ
သတိျဖင့္
ေရွာင္ရွားႏိုင္ေစရန္ေရးသားရျခင္းျဖစ္ပါသည္။
သာသနာကိုဖ်က္သည့္လူမွာ
ယခုဘဝတြင္လည္းလူအမ်ား၏
ကဲ့ရဲ႕ျခင္းကိုခံရသလို
ေနာင္သံသရာတြင္လည္း အပါယ္သို႔
လားရေပဦးမည္ျဖစ္သည္။
ႀကီးစြာေသာအမွားဇာတ္လမ္းေလးအား တျခားသူမ်ားလည္း
အသိတရားတစ္ခုေပးႏိုင္ရန္အတြက္
Shareေပးသြားၾကပါေနာ္ စာဖတ္သူတို႔ေရ
လိုအပ္ခ်က္မ်ားစြာျဖင့္
အားလုံးကိုေက်းဇူးတင္လ်က္ပါ