“နှုတ်ကြမ်းမိသော ..ကြောင့်”(စ/ဆုံး)

Unicode Version

“နှုတ်ကြမ်းမိသော ..ကြောင့်”(စ/ဆုံး)
———————————————
မကွေးတိုင်း၊ပွင့်ဖြူ မြို့နယ်ရှိ…….ရွာကလေးသည်
အေးချမ်းသာယာစွာ တည်ရှိနေသည်။အိမ်ခြေ မများသော်
လည်း နည်းလဲမနည်းသောကြောင့် အတော်အသင့် စည်
ကားသည်ဟု ပြော၍ရသည်။စိုက်ပျိုးရေးကိုသာ အဓိက
ထားလုပ်ကိုင်ကြသောကြောင့် ပြေလည်သည်ဆိုရုံသာ ရှိ
ကြသည်။တချို့လူငယ်များမှာ မြို့ပေါ်တက်သူတက်၊ထိုင်း
မလေး စသည့်နိူင်ငံများသို့ သွားသူူက သွားဖြင့် ရွာတွင်
အိမ်ထောင်သည်များနှင့် ကလေးငယ်များသာကျန်ရှိသည်။
ရွာကလေးက သာယာပါ၏။သို့သော် မသာယာသည်ကား-
“ဟဲ့ သန်းဝေ ညည်းပေးနိူင်ပြီလား”
“စပါးပေါ်အောင် စောင့်ပေးပါ ဒေါ်မယ်ပုရယ်၊မြို့
ကသားလေး ပိုက်ဆံလွှဲတာနဲ့ ပေးပါ့မယ်၊အခုတော့ အတိုး
လေးပဲ ယူသွားပါနော်”
“ပြောလိုက်ရင် ဒီလိုပဲ ၃ နှစ်ရှိနေပြီ၊ညည်းသားက
မြို့မှာ သေများနေလားအေ”
“ဒါနဲ့ စန်းမော်..ဟဲ့ စန်းမော် ငါလာတာ မြင်လို့ပုန်း
နေတာလား”
ပြောချင်ရာပြောပြီး တစ်ဖက်အိမ်ကိုကြည့်၍ လှမ်း
အော်လေရာ အိမ်ထဲမှ မိန်းမတစ်ဦး အပြေးထွက်လာပြီး-
“မဟုတ်ပါဘူး ဒေါ်မယ်ပုရယ် ပိုက်ဆံဝင်ယူတာပါ၊
ရော့ ဒီမှာရှင့်အကြွေး”
ပြောပြောဆိုဆို ငွေတချို့ကို လှမ်းပေးလိုက်ရာ-
“ဖြေးဖြေး ပေးပါအေ၊တကတည်း ငါ့များ အသုဘ
ကြေးပေးသလို ပေးနေတယ်၊လာချေး တုန်းကတော့ လင်
သေမုဆိုးမ …..တန်းသွားတော့မယ့် ရုပ်နဲ့၊ဟွန်း လူတွေများ
အဲဒါကြောင့် ကြွေးယူတော့ပြုံး တောင်းတော့မုန်း ဆိုတဲ့
စကားသိပ်မှန်တာပဲ”
ပါးစပ်က စည်းမရှိပြောချင်တိုင်း ပြောတတ်သော
ဒေါ်မယ်ပုကို လူတိုင်းရွံ ကြ၏။သူ့ ပါးစပ်ကို ကြောက်ကြ
ပေမယ့် သူနဲ့မကင်းနိူင်ကြတော့ သည်းခံကာနေကြရသည်။
ဒေါ်မယ်ပု ကလည်းရွာ၏ သူဌေးစာရင်း ဝင်တစ်ဦး ဖြစ်သ
လို သူ့အကြွေးက မြို့ပေါ်အထိ ရှိ၏။မိဘ၏ ပစ္စည်းများ
ဖြင့်ချမ်းသာနေသော အပျိုးကြီး ဖြစ်သည့်အလျောက် ပါး
စိပါးစပ်များသည်။တစ်ဦးတည်းသော တူလေးကိုပင် ပြော
လိုက်လျှင် မညှာတာပေ။ယခုလဲ တစ်ရွာလုံး ပတ်၍အ
ကြွေးတောင်းရာတွင် တူဖြစ်သူ မျိုးဦးတစ်ယောက် မျက်နှာငယ်လေးဖြင့် လိုက်ပါလာရင်း သူတို့တောင်းရမည့် နောက်ဆုံးအိမ်ဖြစ်သော မောင်လှ နှင့် မိကြွယ် တိုအိမ်ရှေ့
ရောက်လာလေသည်။ဒေါ်မယ်ပု၏ ထုံးစံအတိုင်း-
“ဟဲ့..မောင်လှ..မိကြွယ်..ဘယ်သွားသေနေကြလဲ
ဟေ့.အကြွေးဆို ဝေးဝေးရှောင် လုပ်မနေကြနဲ့”
ထိုအခါ အိမ်ထဲမှ မောင်လှထွက်လာပြီး-
“တိုးတိုး လုပ်ပါ ဒေါ်မယ်ပုရယ် ကျုပ်မိန်းမက
နေ့စေ့လစေ့ ဖြစ်နေလို့ပါ”
“အိုး..ကိုယ့်ပိုက်ဆံ ကိုတောင်းတာပဲ..ငါကဘာကို
ဂရုစိုက်နေရမလဲ၊အဲဒါ အသာထား ဘယ်မလဲ အကြွေး”
“နောက်လမှ ယူပါလားဗျာ အခုမိန်းမက ဘယ်အ
ချိန်ထမွေးမလဲ မသိဘူး ငွေအရန်သင့်ဆောင်ထားတာလေး
ပဲရှိလို့ပါ”
“အို ..မရဘူး..မရဘူး..အရင်းမပေးနိူင် အတိုးပေး”
ဆူညံသံများကြောင့် အိမ်ထဲမှ မကြွယ်ပါ ထွက်လာ
ပြီး-
“ကြီးဒေါ်မယ်ပု ကျွန်မတို့က ရပ်ဆွေရပ်မျိုးတွေပါ
နဲနဲလောက် နားလည်ပေးပါ၊ကျွန်မမွေးပြီးမှ ယူပါနော်”
“အို..ဘူသီးမှ အရီးလာတော်မနေနဲ့ မရဘူး၊အရင်း
မပေးနိူင် အတိုးပေး ဒါပဲ”
“ဒေါ်မယ်ပု ရှင်တော်တော် ကိုယ်ချင်းစာစိတ်ကင်း
မဲ့တာပဲ သူများမွေးခါနီး ဖွားခါနီးကို မပေးနိူင်ဘူး ရှင်ဘာ
သာကြိုက်သလိုတောင်းမပေးဘူး”
မိကြွယ်၏ ဒေါသတကြီးတုန့်ပြန်လိုက်သောစကား
ကြောင့် ဒေါ်မယ်ပု ဆွေ့ဆွေ့ခုန်လေပြီ။ကြံရာမရသည့်အ
ဆုံး သူ့ဝသီအတိုင်း-
“ဟဲ့ ..အေးရတယ်လေ မပေးနဲ့ အဲဒါနင်သေရင်
ငါက ကူးတို့ခ ထည့်ပေးလိုက်တယ်သိလား၊ဟွန်း……….
ဟာတွေ၊ကလေးမမွေးနိူင်ဘဲ သွေးအန်သေပါစေတော်”
“ဒေါ်မယ်ပု ခင်ဗျားလွန်လာပြီနော် ပြန်တော့ ကြာ
လာရင် ကျုပ်လက်ထဲက ဓား ခင်ဗျားလည်ပင်းသွေး
သောက်မိတော့မယ်”
မောင်လှက လူဖြောင့်စိတ်တိုရယ်၊လက်ထဲကလဲ
ဓားနှင့်ဆိုတော့ ဒေါ်မယ်ပု ရှိန်သွားကာ လှည့်ပြန်လာခဲ့
ရသည်။သို့ပေမယ့် သူ့အကျင့်အတိုင်း လမ်းတစ်လျှောက်
လုံး မကြားဝံ့မနာသာ ကျိန်ဆဲ သွားလေတော့သည်။
ထိုည…
ထိုညမှာပင် တိုက်ဆိုင်စွာ မိကြွယ်ဗိုက်နာလာ၍ရွာမှ လက်သည်ဖြင့် မွေးသည်။နောက်ဆုံးမရသဖြင့် မြို့ဆေးရုံ
သို့အရေးပေါ်ပို့ဆောင်ကြပေမယ့် လမ်းတစ်ဝက်အရောက်
မှာပင် ပါးစပ်မှ သွေးများအန်ကျကာ အသက်ပါသွားလေ
တော့သည်။မောင်လှကတော့ ဒေါ်မယ်ပု အိမ်သို့သွားကာ
ဓားကြိမ်း ကြိမ်းနေသောကြောင့် ရွာလူကြီးနှင့်ရွာသားများ
ဝိုင်း၍ ထိန်းသိမ်းဖျောင်းဖျကြရသည်။ဒေါ်မယ်ပုကတော့
မိမိနှင့် လားလားမျှ မဆိုင်သည့်အပြင် အကြွေးပါ ဆုံးရ
သည်ဟု မကျေမနပ် ပြန်ပြောနေသေးသည်။ဒီလိုနှင့်ပြီး
သွားကာ မိကြွယ်၏ အလောင်းမြေကျ၍ ရက်လည်ရန်
၃ ရက်အလို။
**************
အခန်း(၂)

“အူ..ဝူးးး….ဝူးးးးး” “ဝူးး…ဝူးးး….”
ရွာထဲရွာပြင်ရှိ ခွေးများက ဆွဲဆွဲငင် အူလိုက်သော
ကြောင့် တိတ်ဆိတ်နေသော ည၏အမှောင်ကို ခြောက်ခြား
စေခဲ့သည်။
“…..ခွေးတွေကလဲ သေမလို့ အူနေတာလားမသိဘူး
ဟဲ့..မျိုးဦး မသာလေးသေနေလိုက်တာ ထစမ်း ငါအပေါ့
သွားမလို့ လိုက်ခဲ့”
တစ်ခါမှ မနှိုးဘူးသောကြောင့် အိပ်နေရာမှ ထကာ
ယောင်တောင်တောင်ဖြင့် ထလိုက်လာခဲ့သည်။ညကကြယ်
မှုံ ကြယ်မွှားတို့ဖြင့် အလင်းသဲ့သဲ့သာ ရှိသည်။အခုမှသတိ
ရမိသည်၊ဓာတ်မီး မေ့လာခဲ့ပြီ။
“ဒေါ်ကြီး သားလက်နှိပ်မီးမေ့နေခဲ့လို့”
“……လေး အရေးဟယ်အကြောင်းဟယ်ဆို နင်က
တမှောင့်၊သွားမြန်မြန်ယူလာခဲ့”
အဆဲလေးပါမှ ထမင်းမြိန်သည်လားမသိ၊တရေးနိုး
တာတောင်ဆဲနေတုန်း၊မျိုးဦးလည်း အိမ်ပေါ်သို့ ပြန်သွား
လေသည်။ရပ်စောင့် နေရင်းမှ မိမိအား တစ်စုံတစ်ယောက်
ကကြည်နေသလို့ ခံစားရသဖြင့် ဘေးဘယ်ညာ ကြည့်မိ
ပေမယ့် မှောင်မည်းနေသော ခြံစည်းရိုးမှ လွဲ၍ ဘာမျှမရှိ။
စောင့်နေရင်းနှင့်ပင် ဗိုက်ထဲက ရစ်ကာနာလာလေသည်။
အိမ်သာနှင့် ပေ ၂၀ ခန့်သာဝေးသောကြောင့် မျိုးဦးကို မ
စောင့်ဘဲ သွားရန်ပြင်လိုက်သည်။ ထိုအခါမှလေပြေလေး တစ်ချက်တိုက်ခတ်သွားရာ ဒေါ်မယ်ပု တစ်ယောက် ကြက်သီးများ ထလာလေသည်။မထူးတော့၍ လှမ်းလက်စ
ခြေလှမ်းကို ဆက်၍အိမ်သာထဲ အမြန်ဝင်လိုက်သည်။
အမတ်ကြီး ဦးပေါ်ဦး ပြောသလို လောကမှာ ဇိမ်အရှိဆုံး
အချိန်ကို ဒေါ်မယ်ပု ရောက်နေသောကြောင့် ဘေးပတ်
ဝန်းကျင်ကို သတိမထားမိ။ကိစ္စပြီးခါနီးမှ-
“ဂျွတ်..ဖျောက်..ဖျောက်..”
“ဟဲ့..မျိုးဦးလား..”
“…………….”
ဘာသံမှ ထွက်မလာပေ၊
“ဖျောက်..”
အခုမှ သေချာကြားရသည်။အသံကမိမိ၏ ခေါင်း
ထက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။မဝံ့မရဲ အသာမော့
ကြည့်မိရာ-
“အမလေး…!!! “သရဲ…သရဲ…ကယ်ကြပါဦး”
ခေါင်းထက်မှာ ဇောက်ထိုးကျနေသော ဦးခေါင်း
ကြီးအား မြင်၍ အိမ်သာထဲမှ အတင်းပြေးထွက်ရင်း
အော်လေရာ အိမ်ပေါ်မှ မျိုးဦးနှင့် အိမ်နီးချင်းများပြေး
လာကြလေသည်။
“သရဲ..သရဲ…ဟင်သေနာလေး နင်က ဘယ်သွား
သေနေတာတုန်း”
“သား ဓာတ်မီးယူရင်း အိပ်ပျော်သွားတာ”
“ဒေါက်!!!
ဒေါ်မယ်ပု လက်ကမြန်၏။မျိုးဦး ခေါင်းကို ပွတ်
ကာနေတော့မှ အိမ်နီးချင်းများ ပြုံးစိစိ ဖြစ်ကုန်သည်။
ထို့နောက် တစ်ဦးနှင့်တစ်ဦးကြည့်ကာ နှာခေါင်းရှုံ့ကုန်ကြ
ပြီး အကြည့်များက ဒေါ်မယ်ပုထံ စုပြုံသွားသည်။ထိုအခါ
မျိုးဦးက-
“ဟာ..ဒေါ်ကြီး အိမ်သာတက်ပြီး ဟို..ဟို”
လူအများရှေ့ မီးရောင်များကြောင့် ဒေါ်မယ်ပု
ရှက်ရမ်း ရမ်း၍-
“ဟဲ့..ဘာလဲ..ငါ..ငါ အပေါ့ပဲသွားတာ”
“အာ..ဒေါ်ကြီးကလဲ အနံ့ကသေးနံ့မဟုတ်ပါဘူး”
“ဒေါက်”
“သေနာလေး”
လက်က မျိုးဦးခေါင်းပေါ်ကျ သွားသလိုပါးစပ်မှ
လည်း ဆဲကာ အိမ်ပေါ်သို့ပြေးတက်သွားလေသည်။ထိုအ
ခါမှ ကျန်လူများ ရယ်မောလျက် ကိုယ်စီကိုယ်စီ ပြန်သွား
ကြလေတော့သည်။မျိုးဦး တစ်ယောက် တံခါးပိတ်ကာ
အိမ်ပေါ် တက်မည်အပြု မိမိ အနောက်မှ ကြည့်နေသလို
ခံစားရသောကြောင့် လှည့်ကြည့်မိရာ-
“အောင်မလေး..ဗျ”
****************
အခန်း(၃)
*********
မိကြွယ်ရက်လည်ကာနီး ၂ ရက်အလို-
“ဒေါ်ကြီး ဟိုနေ့က တွေ့လိုက်ရတာ ဘယ်သူလဲ
သိလား”
“ဟဲ့..သရဲပါဆို ငါကသိပါ့မလား ငါသိတာ ငါ
အကြွေးတောင်းရမယ့်လူတွေပဲ သိတယ်”
မျိုးဦး ခေါင်းတစ်ချက်ကုပ်ကာ-
“ကျွန်တော် မြင်ရတာကလေ..ဟို..ဟို..မကြွယ်
ရယ်ဗျ”
“ဟာ မဟုတ်က ဟုတ်က ပြောမနေနဲ့ မြန်မြန်
လာမိုးချုပ်နေပြီ သေနာလေး”
ကြွေးတောင်ကာပြန်လာသောတူဝရီး နှစ်ယောက်
စကားပြောနေရာမှ ကြက်သီးများ ထလာသောကြောင့် တူ
ဖြစ်သူကို ငေါက်ငမ်းလိုက်သည်။မြို့မှအပြန် ပစ္စည်းများ
ဝယ်နေသောကြောင့် မိုးချုပ်ကာနီးမှ ရွာထိပ်သို့ ရောက်
လာခဲ့ကြသည်။ရွာထိပ်သို့ အရောက်-
“ခဏ နေဦး ငါအပေါ့သွားချင်လို့”
ပြောပြောဆိုဆို လက်ထဲမှ အထုပ်များချကာ
ခြုံထဲဝင်သွားသောကြောင့် မျိုးဦး လည်းရပ်ကာစောင့်
နေခဲ့သည်။အပေါ့သွား ချင်ဇောဖြင့် အပြေးဝင်လာပြီး
ကိစ္စပြီးတော့မှ မိမိ၏ နောက်ပါးမှ လူတစ်ယောက်ကို သ
တိထားလိုက်မိသည်။မည်သူ မည်ဝါမှန်း မသိသောကြောင့်
သေချာလှည့်ကြည့် မိရာ-
“ဟင်..မိကြွယ် မလာနဲ့ မလာနဲ့..မျိုးဦး”
“ဘုန်း..အင့်”
ကြောက်အားလန့်အားပြေးမိသောကြောင့် ခြုံ
များဖြင့် ငြိကာ လဲကျသွားလေသည်။ထိုအခါ မိကြွယ်မှ
မိမိ အားလည်ပင်း ညှစ်လေတော့သည်။
“အု..အု…”
ရပ်စောင့်နေသော မျိုးဦးတစ်ယောက် မိမိ၏
နာမည် ခေါ်သံကြားမိသလို ရှိသောကြောင့် အဒေါ်ဖြစ်သူ
ဝင်သွားသော ခြုံဘက်သို့ ကြည့်တော့ ခြုံကလှုပ်နေသဖြင့်
သွားကြည့်မိရာ-
“ဟာ..ဒေါ်ကြီး..သ..သ..သရဲ”
အဒေါ်ဖြစ်သူ၏ အပေါ်မှ အရိပ်မဲမဲ တစ်ခုက ခွ
စီးနေသောကြောင့် ကြောက်လန့်ကာ လက်ထဲမှပစ္စည်း
များချ၍ ရွာထဲသို့ ပြေးဝင်လေသည်။
“သရဲ..ဗျို့ ..သရဲ ကယ်ကြပါဦး ဗျ ကျွန်တော့်
အဒေါ်ကို သရဲ ခွစီးနေလို့”
ရွာထိပ်ရှိ အိမ်များမှ လူတချို့ပြေးထွက်လာပြီး
မျိုးဦး နောက်လိုက်လာကြရာ ခြုံထဲတွင် နွယ်များဖြင့်
လည်ပင်းကို ပတ်မိကာ မျက်လုံးပြူးနေသော ဒေါ်မယ်ပု
အားတွေ့ကြရလေသည်။ဓားများဖြင့် နွယ်များကို ခုတ်ပြီး
ကာမှ ဒေါ်မယ်ပု ကိုဆွဲ၍ရသည်။ကံကောင်းသည်က
သူတို့ရောက်တာ မြန်သောကြောင့် အသက်မသေဘဲ
မေ့မြောနေ၍ တော်သေးသည်။
“မင်းကလဲကွာ ကိုယ့်အဒေါ် ဘာဖြစ်နေမှန်းမသိ
ဘဲ ရမ်းအော်ရသလားကွ၊သေချာကြည့်မှပေါ့”
လူတစ်ဦးက ငေါက်သလို အပြစ်တင်စကားပြော
တော့ မျိုးဦးက မျက်နှာငယ်လေးဖြင့်-
“ဟို..ဟိုလေ ကျွန်တော်ကြည့်တုန်းက သ..သရဲ”
“အပိုတွေပြောမနေနဲ့ ပစ္စည်းတွေကောက်၊မင်းနဲ့
မင်းအဒေါ်ကို ငါတို့လိုက်ပို့ပေးမယ်”
မျိုးဦး တစ်ယောက် ခြေတုန် လက်တုန်ဖြင့် ပစ္စည်း
များကို လိုက်စုပြီးသော် ရွာသားများက သူတို့နေသော ရွာလယ်ပိုင်းသို့ လိုက်ပို့ကြလေသည်။မည်မျှပင် မုန်းပါစေ
ဒုက္ခရောက်လျှင် ကူညီတတ်ကြတာမဆန်းပါ၊ဤသည်
ကား မြန်လူမျိုးတို့၏ ရိုင်းပင်းတတ်သော စိတ်ထားပင်။
***************
အခန်း(၄)
********
မိကြွယ်ရက်လည်ဖို့ ၁ ရက်အလို။
“ဒေါ်ကြီး အဲဒါ မမိကြွယ် ဟုတ်တယ်မို့လား”
တူဖြစ်သူ၏ အမေးကြောင့် ထမင်းခူးနေသော
ဒေါ်မယ်ပု တစ်ယောက် လန့်သွားသည်။ပြီးမှ-
“မဟုတ်ပါဘူးဟယ် ငါ့ဘာသာ ချော်လဲပြီး နွယ်နဲ့
ငြိနေတာ နင်မမြင်ဘူးလား”
“ဟာ..ကျွန်တော် မြင်တာပေါ့ ဟိုတနေ့ တွေ့တာလဲ
မကြွယ်မှ မကြွယ်ရယ်၊မနေ့ကလဲ..”
“ဟဲ့..သေနာလေး လျှောက်ပြောမနေနဲ့၊ထမင်းမြန်
မြန်စား ပြီးရင် ရွာထဲအကြွေးသွားတောင်း၊မြန်မြန် ပြန်လာ
ခဲ့ကြားလား”
“ဟင်..ဒေါ်ကြီး မလိုက်ဘူးလား၊ဘာလဲ မမိကြွယ်
ဆိုတာသေချာလို့ ကြောက်ပြီး..”
“ဒေါက်”
မျိုးဦး စကားမဆုံးခင် ဒေါ်မယ်ပု၏ လက်က ခေါင်း
ပေါ်ရောက်လာသောကြောင့် ပြောလက်စ စကားကို ရပ်
ကာ ကြောင်ကြည့်သည်။
“မသာလေး..မဆိုင်တာ အရည်မရ အဖတ်မရ ဘာ
တွေပြောမှန်း မသိဘူး၊ဒီလောကမှာ ငါကြောက်ရမယ့်သူ
မမွေးသေးဘူး၊ဘာသရဲ မှမကြောက်ဘူး နင်သာ အကြွေး
ရအောင်တောင်းခဲ့ မရရင် အိမ်ပေါ်တက်မလာနဲ့”
“ဟုတ်ကဲ့ပါ”
စားသောက်ပြီး မျိုးဦးထွက်သွားတော့ ဒေါ်မယ်ပု
ဘုရားရှိခိုးကာ ပုတီးစိပ်နေလိုက်သည်။သာမန်လုပ်နေကြ
ပေမယ့် အခုက လူနှင့်စိတ်က မကပ်၊တူလေး၏ စကား
တွေကြားယောင်ရင်း မိကြွယ်ကို မျက်စိထဲ မြင်ယောင်
လာသည်။မိမိ နှင့်မဆိုင်ပေမယ့် ကျိန်ဆဲ မိသောကြောင့်
သူကလာခြောက်နေတာ ဖြစ်မည်။
အချိန်က ည ၈း၀၀ ခန့်-
မျိုးဦးက ခုထိရောက်မလာသေး၊တောရွာဖြစ်၍
ခြံကျယ်ကြီးတွေမို့ အိမ်တွေက အနည်းငယ် ဝေးသည်။
ပုတီးစိပ်နေရာမှ ဗိုက်ထဲ တဖြည်းဖြည်း ရစ်လာသည်၊ဒီအ
ချိန် ခါတိုင်း အိမ်သာတက်နေကျ ဖြစ်ပေမယ့် ခုတော့စိတ်
ထဲက မသွားရဲဖြစ်နေသည်။
“အူ..ဝူးး….ဝူးး…..”
လေပြေ တစ်ချက်ဝှေ့ အရမ်းမှာ ခွေးအူသံများက
ရောယှက်နေသည်။ဗိုက်ထဲက တဖြည်းဖြည်း ရစ်နာလာ
လေ မျိုးဦးကိုစိတ်တိုလာလေ-
“မသာလေးက အခုထိ ဘာလုပ်နေမှန်းမသိဘူး”
မအောင့်နိူင်သည့်အဆုံး မိမိဘာသာ တစ်ယောက်
တည်း အိမ်သာသို့ အပြေးထွက်လာခဲ့သည်။ကြောက်စိတ်
က ဗိုက်ကို မတားဆီးနိူင်ပေ။ကိစ္စ ပြီးခါနီးမှ အရင်တစ်
နေ့က အကြောင်းပြန်အမှတ်ရမိတော့၊အပေါ်ကို မော့မ
ကြည့်ရဲပဲ နားနှစ်ဖက်ကို ပိတ်၍ အိမ်သာတံခါး ဖွင့်ပြီး အိမ်
ရှိရာသို့ တန်းပြေးမည်ဟု တွေးကာ ခြေထောက်အချ-
“ဟင်!!
ရှေ့တည့်တည့်မှ တွေ့လိုက်ရသော အရိပ်ကြောင့်
ခြေထောက်ကို ပြန်ရုပ်ရင်း-
“မိကြွယ် ..နင်သေတာ ငါနဲ့မဆိုင်ပါဘူးဟယ်၊ငါ့ကို
မခြောက်ပါနဲ့ ငါကြောက်လို့ပါ..အီး..ဟီး..ဟီး…”
ပြောလည်းပြော ငိုလည်း ငိုချလိုက်သည်။သို့သော်.
ရှေ့မှ အရိပ်က တဖြည်းဖြည်း ရွေ့လာရာ-
“ဟေ့..ငါ့လာခြောက်မနေနဲ့ မကြောက်ဘူးဟဲ့…….
…….မရဲ့ ”
ပြောမရသဖြင့် သူ့အကျင့်အတိုင်းဆဲရေးကာ ပြေး
ထွက်လိုက်သည်။ရှေ့မှ ရပ်နေသောမိကြွယ်အား တိုက်၍
ပြေးလိုက်သော်လည်း လေကိုသာတိုက်မိသလို ခံစားလိုက်
ရသောကြောင့် အားတက်သွားသည်။ထို့ကြောင့် ရှေ့ကို
အတင်းပြေးလိုက်စဉ် နောက်မှ မိမိ၏ ဆံပင်ကို ဆွဲထား
သောကြောင့် အတင်းရုန်းမိသည်။နာလဲနာ ဒေါသလဲထွက်
လာသောကြောင့် ပါးစပ်မှ ဆဲ၍သာရုန်းနေသည်။ရုန်းနေ
ရင်းမှ ရှေ့တည့်တည့်တွင် လာရပ်နေသောမိကြွယ်ကိုတွေ့
လိုက်ရသောကြောင့်-
“မိကြွယ်..ငါ့ကို ခွင့်လွှတ်ပါဟယ်..ငါ..ငါလေ”
ပြောနေရင်းနှင့် စောစောက တိုက်၍ပြေးသည်ကို
သတိရမိသည်။ဒီတစ်ကြိမ်လည်း သူ့ကိုတိုက်ပြေးလျှင်
ရပေဦးမည် ဟုတွေးကာ အတင်းရုန်းလိုက်တော့ ဆံထုံး
ကပြေ၍လွတ်သွားပြီး မိကြွယ်ကို တည့်တည့် တိုက်လိုက်
သည်။သို့သော်..ဒီတစ်ကြိမ်ကား သူ့လည်ပင်းကို မိကြွယ်
ကမိမိရရ ဆုပ်ကိုင်ထားလေတော့သည်။
“အစ်..အု..အု…”
ဒီတစ်ခါတော့ ကယ်သူမရှိ သေပြီဟု စိတ်ထဲမှ
တွေးရင်း အသက်ရှူ ကြပ်လာသည်။ထိုစဉ်-
“ဟာ ဒေါ်မယ်ပု ဘာလုပ်နေတာတုန်း၊မကြံကောင်း
မစည်ရာဗျာ”
ပြောပြောဆိုဆို သူ့အား လူတစ်ယောက်က လာ၍
ကယ်တော့မှ မိကြွယ်က လွှတ်လိုက်သည်။ထိုသူအား
ကြည့်လိုက်တော့ တစ်ခြံကျော်မှ ဦးဖိုးသာ-
“ဟိုလေ..ဟို မိကြွယ် ကကျွန်မကို လည်ပင်းညှစ်
နေလို့ တော်သေးတယ် ဦးဖိုးသာ ရောက်လာလို့”
“ဘယ်ကမိကြွယ်လဲ မဟုတ်တာဗျာ၊ခင်ဗျားကို
ကျွန်တော် လှမ်းမြင်ရတာတော့ ခင်ဗျားဆံထုံးနဲ့ဝါးလုံး
ငြိနေတယ် နောက်တော့ ဟောဒီ ခင်ဗျားတူရဲ့ ပုဆိုးနဲ့
လည်ပင်းစွပ်တယ် ဒါပဲ၊ကျုပ်က ခင်ဗျား ကိုယ့်ကိုကိုယ်
သတ်သေတယ်မှတ်နေတာ”
ဟင်..ဟုတ်ပါရဲ့၊ခုမှသေချာ ပြန်ကြည့်မိသည်။
တန်းလုပ်ထားသော ဝါးလုံးက အစွန်းထွက်၍ သူ့ဆံထုံး
နဲ့ငြိ၊ထိုအစွန်းထွက်နေသော ဝါးလုံးတွင် ကွင်းစွပ်ကာ
လှန်းထားသော တူဖြစ်သူ၏ ပုဆိုးက မိမိ၏ လည်ပင်း
ကို စွပ်နေခြင်းဖြစ်နေသည်။
“မသာလေး……..လေး လှန်းစရာ ရှားလို့၊ကြံကြံ
ဖန်ဖန် လှန်းရတယ်လို့ လာပါစေအုံးသေပြီသာမှတ်”
ရှက်လွန်း၍ တူဖြစ်သူကိုသာ မဲဆဲနေတော့ ဦးဖိုးသာ
လည်း ပြုံးစိစိနှင့် ပြန်ထွက်သွားလေသည်။သူလဲ ကြောက်
ကြောက်လန့်လန့်ဖြင့် အိမ်ပေါ်ပြေးတက်လာခဲ့လေသည်။
***************
အခန်း(၅)
********
ရက်လည်သောနေ့…..။
နံနက်..၂ နာရီခွဲခန့်…။
မျိုးဦးတစ်ယောက် အပေါ့သွားချင်သောကြောင့်
အိပ်ရာမှထတော့ အဒေါ်ဖြစ်သူ၏ အခန်းက မီးလင်းနေ
သဖြင့် သွားကြည့်ရာ အကြွေးစာအုပ်ကိုင်ကာ တွက်နေ
သည်။
“ဒေါ်ကြီး”
“ဟဲ့..ဘာလဲ နင်မအိပ်ဘူးလား”
“တရေးနိုးတာ၊ဟိုလေ သားမနက် မမိကြွယ် ရက်
လည် တရားနာသွားမလို့”
“အေး..သွားလေ.မကြာစေနဲ့တရားနာပြီးတန်းပြန်
လာခဲ့၊မြို့သွားရမှာ”
“ဟုတ်..ဒါနဲ့ အကူငွေမထည့်တော့ဘူးလား”
“အိုး..ငါ့ အကြွေးတွေ ဒင်းကို ကူးတို့ခ ပေးလိုက်
ပြီလေ ဘာလိုသေးလို့လဲ၊လျှာမရှည်နဲ့ သွားချင်သွား
မသွားချင်နေ”
ပြောမိတာမှားလေခြင်းဟုတွေးကာ မျိုးဦးတစ်
ယောက် အပေါ့သွားရန် ဆင်းလာခဲ့လေသည်။အိမ်သာထဲ
မှအထွက် မိမိအား တစ်စုံတစ်ယောက်က ဝင်တိုက်လိုက်
သလို အေးကနဲ ဖြစ်သွားပြီး ရုတ်တရက် ခေါင်းထဲမိုက်
ကနဲ ဖြစ်သွားကာ ဘာမှမသိတော့ပေ။
ဒေါ်မယ်ပု တစ်ယောက် မြို့မှရစရာရှိသော အကြွေး
များကို တွက်ချက်နေလေသည်။မြို့သွားရင်း တစ်ခါထဲ
တောင်းရမည် ဟုတွေးရင်း ခြေသံခပ်ပြင်းပြင်းနှင့် မိမိအ
နားရောက်မှ ရပ်တန့်သွားသော မျိုးဦးကို မော့ကြည့်မိ
တော့ မျက်ထောက်နီကြီးဖြင့် ခါးထောက်ကာ မိမိအား
စားမတတ်ကြည့်နေသည်။
“ဟဲ့..နင်ကဘာဖြစ်တာတုန်း၊ဘာလဲ အကူငွေမပေး
လို့လား၊နင့်မယားမို့လို့ နင်က ထည့်ချင်နေတာလား”
ဘာမှ ပြန်မပြောဘဲ အတင်းဝင်လုံးတော့မှ-
“ဟဲ့..သေနာလေး ဘာလုပ်တာလဲ၊မျိုးဦး နင်ဘာ
ဖြစ်နေတာလဲ”
သာမန်အချိန်ဆို မိမိကိုင်ပေါက်၍ရသော တူဖြစ်
သူက လူနှစ်ယောက်စာ အားဖြင့် အတင်းလည်ပင်းညှစ်
ရန်ကြိုးစားနေတာ လန့်သွားမိသည်။
“ဟဲ့…မျိုးဦး..ငါ..ငါ နင့်အဒေါ်လေ”
“ဘာအဒေါ်လဲ၊ငါ မိကြွယ်ရယ်၊မိန်းမယုတ်ကြီး
နင်သေရမယ် သတ်မယ်..သတ်မယ်”
အသံက ဝမ်းခေါင်းသံကြီးနှင့် မိန်းမသံပေါက်နေ
လေသည်။ထိုအခါမှ ဒေါ်မယ်ပု ကြောက်စိတ်ဝင်လာပြီး
အော်ဟစ်ရန်ပြင်သည်။ဒီတစ်ခါ မအော်နိူင်လျှင် မိမိ အမှန်
တကယ်သေရလိမ့်မည်။တက်ခွထားသော မျိုးဦး လက်မှ
အတင်းရုန်းကာ-
“ကယ်ကြပါ ဦး၊မိကြွယ် သတ်နေလို့”
ဒါပဲအော်နိူင်သည်။အပေါ်မှ မိကြွယ်တဖြစ်လဲ
မျိုးဦးမှ အတင်း လည်ပင်းညှစ်နေသောကြောင့် နောက်
ထပ်အော်ဖို့အချိန်မရ။ကံကောင်းသည်ပဲ ဆိုရမည်။အခြား
အိမ်များမှ လူများရောက်လာတော့မှ မျိုးဦးကို ဝိုင်းထိန်း
ကြရသည်။
“မကျေနပ်ဘူး..သတ်မယ်..သတ်မယ်..”
“ဟာ..ဟေ. မဖြစ်ဘူး ..ဆရာတော် အမြန်ပင့်ကြပါ
ဟ..မောင်လှပါခေါ်ခဲ့ကြ”
ရွာဦးကျောင်းဆရာတော် ပြေးခေါ်သူခေါ် မောင်လှ
အိမ်ပြေးသူပြေးဖြင့် တစ်ရွာလုံးလိုလို နိုးကုန်ကြသည်။
မျိုးဦးပါးစပ်မှ ဝမ်းခေါင်းသံနှင့် မိန်းမတစ်ယောက်လို
သတ်မယ် တကဲကဲ ပြောနေသောကြောင့် ဒေါ်မယ်ပု ခမျာ
မျက်နှာငယ်လေးနှင့် လူများကြားတွင် ငြိမ်ကုပ်နေလေ
သည်။အတန်ကြာမှ ဆရာတော်နှင့် မောင်လှတို့ အပါအဝင်
ရွာသားများရောက်ရှိလာတော့မှ-
“ဟဲ့..ဒကာမလေး မိကြွယ်”
“တင့်ပါ့..ဘုရား”
“အေး..ဒီနေ့ရက်လည်လေ ကွဲ့၊အမုန်းတရား
တွေဘေးထား၊ဘဝကူးကောင်းအောင် အမျှဝေရင် သာ
သာဓု ခေါ်ဖို့ လုပ်ပါ ဒကာမလေး၊အရင်ဘဝက ပြုခဲ့တဲ့
ကံကြောင့် အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာမဟုတ်လား၊အခု
ချိန်က ကုသိုလ် ယူဖို့ အကောင်းဆုံးပဲလေ”
“တင့်ပါ့.ဘုရား ဒီမိန်းမကြီး နှုတ်သရမ်းလိုက်လို့
အခုလို သေရတာပါ၊ဒါကြောင့်သူသေမှ တပည့်တော်မ
ကျေနပ်မှာပါ ဘုရား”
“ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ၊သူကသူ့နှုတ်ဝသီ
အတိုင်း ပြောဆိုမိချိန် ကိုယ်ကလဲ အတိတ်ကံ အကြောင်း
မလှချိန်တိုက်ဆိုင်သွားတာပါ စိတ်လျှော့လိုက်ပါ”
“ဟုတ်ပါတယ် မိကြွယ်ရယ် နင်စိတ်လျှော့ပြီးသာ
သာဓုခေါ် ဖို့လုပ်ပါ၊ငါစိတ်ချမ်းသာချင်တယ်”
မောင်လှနှင့် ဆရာတော်ကိုကြည့်ကာ မျက်ရည်များ
ကျလျက် ဒေါ်မယ်ပုကို အံကြိတ်ကာကြည့်သည်။ဒေါ်မယ်
ပုလဲ မနေသာတော့-
“ဟုတ်ပါတယ် မိကြွယ်ရယ် ငါလဲနောက်ဆို
ငါ့ပါးစပ်ကို ဆင်ခြင်ပါ့မယ်၊နင့်ရက်လည်မှာ သင်္ကန်းတွေ
ငါလှူပါ့မယ်၊ပြီးတော့ ရွာထဲက အကြွေးတွေလဲ ငါချေ
လိုက်ပါ့မယ်မတောင်းတော့ပါဘူး၊နင့်အတွက် ကုသိုလ်
လုပ်ပေးတဲ့သဘောပါ ငါ့ကို ခွင့်လွှတ်ပါနော်”
မျက်နှာငယ်လေးဖြင့် ပြောနေသောဒေါ်မယ်ပုကို
ကြည့်လျှက် ဆရာတော်မှ-
“ကဲ..ဒကာမလေး မိကြွယ် သူလဲ သူ့အပြစ်သူသိ
နေပြီ၊ဆင်ခြင်တော့မယ်တဲ့ ခွင့်လွှတ်လိုက်ပါ၊ဒါ ဒကာမ
လေးအတွက်ပါကွယ်”
“တင်ပါ့..ဘုရား တပည့်တော်မ သာဓုခေါ်ပါ့မယ်
ဒီအိမ်နောက်က မန်ကျည်းပင်ကိုသူကိုယ်တိုင် လာခေါ်ပေး
ရင်ရပါပြီ၊ကိုမောင်လှ ကျုပ်သွားပြီတော့”
မျိုးဦးတစ်ယောက် ခွေကနဲ လဲကျသွားပြီး ပြန်သ
တိရလာလေသည်။ဘေးနားလူများပြန်ပြောပြတော့မှ
အဖြစ်အပျက်ကို သိရင်း လန့်နေလေသည်။
မနက်လင်းကာနီး ဒေါ်မယ်ပုကိုယ်တိုင် သွား၍
အမျှဝေရန် ခေါ်လေသည်။တရားနာပြီး အဆုံးတော့
ဒေါ်မယ်ပု၏ အိမ်အနောက်ဖက် မန်ကျည်းပင်မှ မန်ကျည်း
သီးများ ကြွေကျလေသည်။ဒေါ်မယ်ပုလည်း ကတိအတိုင်း
ရွာထဲမှ အကြွေးများကို ချေပေးလိုက်သည်။ထို့နောက့်
ပိုင်ဆိုင်မှုများကို တူဖြစ်သူအား လွှဲပေးကာ ယောဂီဝတ်
သွားလေတော့သည်။

ဖြစ်ရပ်မှန်အား ဖန်တီးရေးသားပါသည်။
ဇာတ်လမ်းပြောပြပေးသော တာချီလိတ်မြို့မှ
ညီလေးအား အထူးကျေးဇူးတင်ရှိပါသည်။

လိုအပ်ချက်များရှိလျှင်ခွင့်လွှတ်ပေးပါရန်

Zawgyi Version

“ႏႈတ္ၾကမ္းမိေသာ ..ေၾကာင့္”(စ/ဆံုး)
———————————————
မေကြးတိုိင္း၊ပြင့္ျဖဴ ၿမိဳ႕နယ္ရွိ…….ရြာကေလးသည္
ေအးခ်မ္းသာယာစြာ တည္ရွိေနသည္။အိမ္ေျခ မမ်ားေသာ္
လည္း နည္းလဲမနည္းေသာေၾကာင့္ အေတာ္အသင့္ စည္
ကားသည္ဟု ေျပာ၍ရသည္။စိုက္ပ်ဳိးေရးကိုသာ အဓိက
ထားလုပ္ကိုင္ၾကေသာေၾကာင့္ ေျပလည္သည္ဆိုရုံသာ ရွိ
ၾကသည္။တခ်ဳိ႕လူငယ္မ်ားမွာ ၿမိဳ႕ေပၚတက္သူတက္၊ထိုင္း
မေလး စသည့္ႏူိင္ငံမ်ားသို႔ သြားသူူက သြားျဖင့္ ရြာတြင္
အိမ္ေထာင္သည္မ်ားႏွင့္ ကေလးငယ္မ်ားသာက်န္ရွိသည္။
ရြာကေလးက သာယာပါ၏။သို႔ေသာ္ မသာယာသည္ကား-
“ဟဲ့ သန္းေဝ ညည္းေပးႏူိင္ၿပီလား”
“စပါးေပၚေအာင္ ေစာင့္ေပးပါ ေဒၚမယ္ပုရယ္၊ၿမိဳ႕
ကသားေလး ပိုက္ဆံလႊဲတာနဲ႔ ေပးပါ့မယ္၊အခုေတာ့ အတိုး
ေလးပဲ ယူသြားပါေနာ္”
“ေျပာလိုက္ရင္ ဒီလိုပဲ ၃ ႏွစ္ရွိေနၿပီ၊ညည္းသားက
ၿမိဳ႕မွာ ေသမ်ားေနလားေအ”
“ဒါနဲ႔ စန္းေမာ္..ဟဲ့ စန္းေမာ္ ငါလာတာ ျမင္လို႔ပုန္း
ေနတာလား”
ေျပာခ်င္ရာေျပာၿပီး တစ္ဖက္အိမ္ကိုၾကည့္၍ လွမ္း
ေအာ္ေလရာ အိမ္ထဲမွ မိန္းမတစ္ဦး အေျပးထြက္လာၿပီး-
“မဟုတ္ပါဘူး ေဒၚမယ္ပုရယ္ ပိုက္ဆံဝင္ယူတာပါ၊
ေရာ့ ဒီမွာရွင့္အေႂကြး”
ေျပာေျပာဆိုဆို ေငြတခ်ဳိ႕ကို လွမ္းေပးလိုက္ရာ-
“ေျဖးေျဖး ေပးပါေအ၊တကတည္း ငါ့မ်ား အသုဘ
ေၾကးေပးသလို ေပးေနတယ္၊လာေခ်း တုန္းကေတာ့ လင္
ေသမုဆိုးမ …..တန္းသြားေတာ့မယ့္ ရုပ္နဲ႔၊ဟြန္း လူေတြမ်ား
အဲဒါေၾကာင့္ ေႂကြးယူေတာ့ၿပံဳး ေတာင္းေတာ့မုန္း ဆိုတဲ့
စကားသိပ္မွန္တာပဲ”
ပါးစပ္က စည္းမရွိေျပာခ်င္တိုင္း ေျပာတတ္ေသာ
ေဒၚမယ္ပုကို လူတိုင္းရြံ ၾက၏။သူ႔ ပါးစပ္ကို ေၾကာက္ၾက
ေပမယ့္ သူနဲ႔မကင္းႏူိင္ၾကေတာ့ သည္းခံကာေနၾကရသည္။
ေဒၚမယ္ပု ကလည္းရြာ၏ သူေဌးစာရင္း ဝင္တစ္ဦး ျဖစ္သ
လို သူ႔အေႂကြးက ၿမိဳ႕ေပၚအထိ ရွိ၏။မိဘ၏ ပစၥည္းမ်ား
ျဖင့္ခ်မ္းသာေနေသာ အပ်ဳိးႀကီး ျဖစ္သည့္အေလ်ာက္ ပါး
စိပါးစပ္မ်ားသည္။တစ္ဦးတည္းေသာ တူေလးကိုပင္ ေျပာ
လိုက္လွ်င္ မညႇာတာေပ။ယခုလဲ တစ္ရြာလံုး ပတ္၍အ
ေႂကြးေတာင္းရာတြင္ တူျဖစ္သူ မ်ဳိးဦးတစ္ေယာက္ မ်က္ႏွာငယ္ေလးျဖင့္ လိုက္ပါလာရင္း သူတို႔ေတာင္းရမည့္ ေနာက္ဆုံးအိမ္ျဖစ္ေသာ ေမာင္လွ ႏွင့္ မိႂကြယ္ တိုအိမ္ေရွ႕
ေရာက္လာေလသည္။ေဒၚမယ္ပု၏ ထုံးစံအတိုင္း-
“ဟဲ့..ေမာင္လွ..မိႂကြယ္..ဘယ္သြားေသေနၾကလဲ
ေဟ့.အေႂကြးဆို ေဝးေဝးေရွာင္ လုပ္မေနၾကနဲ႔”
ထိုအခါ အိမ္ထဲမွ ေမာင္လွထြက္လာၿပီး-
“တိုးတိုး လုပ္ပါ ေဒၚမယ္ပုရယ္ က်ဳပ္မိန္းမက
ေန႔ေစ့လေစ့ ျဖစ္ေနလို႔ပါ”
“အိုး..ကိုယ့္ပိုက္ဆံ ကိုေတာင္းတာပဲ..ငါကဘာကို
ဂရုစိုက္ေနရမလဲ၊အဲဒါ အသာထား ဘယ္မလဲ အေႂကြး”
“ေနာက္လမွ ယူပါလားဗ်ာ အခုမိန္းမက ဘယ္အ
ခ်ိန္ထေမြးမလဲ မသိဘူး ေငြအရန္သင့္ေဆာင္ထားတာေလး
ပဲရွိလို႔ပါ”
“အို ..မရဘူး..မရဘူး..အရင္းမေပးႏူိင္ အတိုးေပး”
ဆူညံသံမ်ားေၾကာင့္ အိမ္ထဲမွ မႂကြယ္ပါ ထြက္လာ
ၿပီး-
“ႀကီးေဒၚမယ္ပု ကြ်န္မတို႔က ရပ္ေဆြရပ္မ်ဳိးေတြပါ
နဲနဲေလာက္ နားလည္ေပးပါ၊ကြ်န္မေမြးၿပီးမွ ယူပါေနာ္”
“အို..ဘူသီးမွ အရီးလာေတာ္မေနနဲ႔ မရဘူး၊အရင္း
မေပးႏူိင္ အတိုးေပး ဒါပဲ”
“ေဒၚမယ္ပု ရွင္ေတာ္ေတာ္ ကိုယ္ခ်င္းစာစိတ္ကင္း
မဲ့တာပဲ သူမ်ားေမြးခါနီး ဖြားခါနီးကို မေပးႏူိင္ဘူး ရွင္ဘာ
သာႀကိဳက္သလိုေတာင္းမေပးဘူး”
မိႂကြယ္၏ ေဒါသတႀကီးတုန္႔ျပန္လိုက္ေသာစကား
ေၾကာင့္ ေဒၚမယ္ပု ေဆြ႕ေဆြ႕ခုန္ေလၿပီ။ႀကံရာမရသည့္အ
ဆုံး သူ႔ဝသီအတိုင္း-
“ဟဲ့ ..ေအးရတယ္ေလ မေပးနဲ႔ အဲဒါနင္ေသရင္
ငါက ကူးတို႔ခ ထည့္ေပးလိုက္တယ္သိလား၊ဟြန္း……….
ဟာေတြ၊ကေလးမေမြးႏူိင္ဘဲ ေသြးအန္ေသပါေစေတာ္”
“ေဒၚမယ္ပု ခင္ဗ်ားလြန္လာၿပီေနာ္ ျပန္ေတာ့ ၾကာ
လာရင္ က်ဳပ္လက္ထဲက ဓား ခင္ဗ်ားလည္ပင္းေသြး
ေသာက္မိေတာ့မယ္”
ေမာင္လွက လူေျဖာင့္စိတ္တိုရယ္၊လက္ထဲကလဲ
ဓားႏွင့္ဆိုေတာ့ ေဒၚမယ္ပု ရွိန္သြားကာ လွည့္ျပန္လာခဲ့
ရသည္။သို႔ေပမယ့္ သူ႔အက်င့္အတိုင္း လမ္းတစ္ေလွ်ာက္
လုံး မၾကားဝံ့မနာသာ က်ိန္ဆဲ သြားေလေတာ့သည္။
ထိုည…
ထိုညမွာပင္ တိုက္ဆိုင္စြာ မိႂကြယ္ဗိုက္နာလာ၍ရြာမွ လက္သည္ျဖင့္ ေမြးသည္။ေနာက္ဆုံးမရသျဖင့္ ၿမိဳ႕ေဆးရုံ
သို႔အေရးေပၚပို႔ေဆာင္ၾကေပမယ့္ လမ္းတစ္ဝက္အေရာက္
မွာပင္ ပါးစပ္မွ ေသြးမ်ားအန္က်ကာ အသက္ပါသြားေလ
ေတာ့သည္။ေမာင္လွကေတာ့ ေဒၚမယ္ပု အိမ္သို႔သြားကာ
ဓားႀကိမ္း ႀကိမ္းေနေသာေၾကာင့္ ရြာလူႀကီးႏွင့္ရြာသားမ်ား
ဝုိင္း၍ ထိန္းသိမ္းေဖ်ာင္းဖ်ၾကရသည္။ေဒၚမယ္ပုကေတာ့
မိမိႏွင့္ လားလားမွ် မဆိုင္သည့္အျပင္ အေႂကြးပါ ဆုံးရ
သည္ဟု မေက်မနပ္ ျပန္ေျပာေနေသးသည္။ဒီလိုႏွင့္ၿပီး
သြားကာ မိႂကြယ္၏ အေလာင္းေျမက်၍ ရက္လည္ရန္
၃ ရက္အလို။
**************
အခန္း(၂)

“အူ..ဝူးးး….ဝူးးးးး” “ဝူးး…ဝူးးး….”
ရြာထဲရြာျပင္ရွိ ေခြးမ်ားက ဆြဲဆြဲငင္ အူလိုက္ေသာ
ေၾကာင့္ တိတ္ဆိတ္ေနေသာ ည၏အေမွာင္ကို ေျခာက္ျခား
ေစခဲ့သည္။
“…..ေခြးေတြကလဲ ေသမလို႔ အူေနတာလားမသိဘူး
ဟဲ့..မ်ဳိးဦး မသာေလးေသေနလိုက္တာ ထစမ္း ငါအေပါ့
သြားမလို႔ လိုက္ခဲ့”
တစ္ခါမွ မႏႈိးဘူးေသာေၾကာင့္ အိပ္ေနရာမွ ထကာ
ေယာင္ေတာင္ေတာင္ျဖင့္ ထလိုက္လာခဲ့သည္။ညကၾကယ္
မႈံ ၾကယ္မႊားတို႔ျဖင့္ အလင္းသဲ့သဲ့သာ ရွိသည္။အခုမွသတိ
ရမိသည္၊ဓာတ္မီး ေမ့လာခဲ့ၿပီ။
“ေဒၚႀကီး သားလက္ႏွိပ္မီးေမ့ေနခဲ့လို႔”
“……ေလး အေရးဟယ္အေၾကာင္းဟယ္ဆို နင္က
တေမွာင့္၊သြားျမန္ျမန္ယူလာခဲ့”
အဆဲေလးပါမွ ထမင္းၿမိန္သည္လားမသိ၊တေရးႏုိး
တာေတာင္ဆဲေနတုန္း၊မ်ဳိးဦးလည္း အိမ္ေပၚသို႔ ျပန္သြား
ေလသည္။ရပ္ေစာင့္ ေနရင္းမွ မိမိအား တစ္စုံတစ္ေယာက္
ကၾကည္ေနသလို႔ ခံစားရသျဖင့္ ေဘးဘယ္ညာ ၾကည့္မိ
ေပမယ့္ ေမွာင္မည္းေနေသာ ၿခံစည္းရိုးမွ လြဲ၍ ဘာမွ်မရွိ။
ေစာင့္ေနရင္းႏွင့္ပင္ ဗိုက္ထဲက ရစ္ကာနာလာေလသည္။
အိမ္သာႏွင့္ ေပ ၂၀ ခန္႔သာေဝးေသာေၾကာင့္ မ်ိဳးဦးကို မ
ေစာင့္ဘဲ သြားရန္ျပင္လိုက္သည္။ ထိုအခါမွေလေျပေလး တစ္ခ်က္တိုက္ခတ္သြားရာ ေဒၚမယ္ပု တစ္ေယာက္ ၾကက္သီးမ်ား ထလာေလသည္။မထူးေတာ့၍ လွမ္းလက္စ
ေျခလွမ္းကို ဆက္၍အိမ္သာထဲ အျမန္ဝင္လိုက္သည္။
အမတ္ႀကီး ဦးေပၚဦး ေျပာသလို ေလာကမွာ ဇိမ္အရွိဆုံး
အခ်ိန္ကို ေဒၚမယ္ပု ေရာက္ေနေသာေၾကာင့္ ေဘးပတ္
ဝန္းက်င္ကို သတိမထားမိ။ကိစၥၿပီးခါနီးမွ-
“ဂြ်တ္..ေဖ်ာက္..ေဖ်ာက္..”
“ဟဲ့..မ်ဳိးဦးလား..”
“…………….”
ဘာသံမွ ထြက္မလာေပ၊
“ေဖ်ာက္..”
အခုမွ ေသခ်ာၾကားရသည္။အသံကမိမိ၏ ေခါင္း
ထက္မွ ထြက္ေပၚလာျခင္း ျဖစ္သည္။မဝံ့မရဲ အသာေမာ့
ၾကည့္မိရာ-
“အမေလး…!!! “သရဲ…သရဲ…ကယ္ၾကပါဦး”
ေခါင္းထက္မွာ ေဇာက္ထိုးက်ေနေသာ ဦးေခါင္း
ႀကီးအား ျမင္၍ အိမ္သာထဲမွ အတင္းေျပးထြက္ရင္း
ေအာ္ေလရာ အိမ္ေပၚမွ မ်ဳိးဦးႏွင့္ အိမ္နီးခ်င္းမ်ားေျပး
လာၾကေလသည္။
“သရဲ..သရဲ…ဟင္ေသနာေလး နင္က ဘယ္သြား
ေသေနတာတုန္း”
“သား ဓာတ္မီးယူရင္း အိပ္ေပ်ာ္သြားတာ”
“ေဒါက္!!!
ေဒၚမယ္ပု လက္ကျမန္၏။မ်ဳိးဦး ေခါင္းကို ပြတ္
ကာေနေတာ့မွ အိမ္နီးခ်င္းမ်ား ၿပံဳးစိစိ ျဖစ္ကုန္သည္။
ထို႔ေနာက္ တစ္ဦးႏွင့္တစ္ဦးၾကည့္ကာ ႏွာေခါင္းရႈံ႕ကုန္ၾက
ၿပီး အၾကည့္မ်ားက ေဒၚမယ္ပုထံ စုၿပံဳသြားသည္။ထိုအခါ
မ်ဳိးဦးက-
“ဟာ..ေဒၚႀကီး အိမ္သာတက္ၿပီး ဟို..ဟို”
လူအမ်ားေရွ႕ မီးေရာင္မ်ားေၾကာင့္ ေဒၚမယ္ပု
ရွက္ရမ္း ရမ္း၍-
“ဟဲ့..ဘာလဲ..ငါ..ငါ အေပါ့ပဲသြားတာ”
“အာ..ေဒၚႀကီးကလဲ အနံ႔ကေသးနံ႔မဟုတ္ပါဘူး”
“ေဒါက္”
“ေသနာေလး”
လက္က မ်ဳိးဦးေခါင္းေပၚက် သြားသလိုပါးစပ္မွ
လည္း ဆဲကာ အိမ္ေပၚသို႔ေျပးတက္သြားေလသည္။ထိုအ
ခါမွ က်န္လူမ်ား ရယ္ေမာလ်က္ ကိုယ္စီကိုယ္စီ ျပန္သြား
ၾကေလေတာ့သည္။မ်ိဳးဦး တစ္ေယာက္ တံခါးပိတ္ကာ
အိမ္ေပၚ တက္မည္အျပဳ မိမိ အေနာက္မွ ၾကည့္ေနသလို
ခံစားရေသာေၾကာင့္ လွည့္ၾကည့္မိရာ-
“ေအာင္မေလး..ဗ်”
****************
အခန္း(၃)
*********
မိႂကြယ္ရက္လည္ကာနီး ၂ ရက္အလို-
“ေဒၚႀကီး ဟိုေန႔က ေတြ႕လိုက္ရတာ ဘယ္သူလဲ
သိလား”
“ဟဲ့..သရဲပါဆို ငါကသိပါ့မလား ငါသိတာ ငါ
အေႂကြးေတာင္းရမယ့္လူေတြပဲ သိတယ္”
မ်ဳိးဦး ေခါင္းတစ္ခ်က္ကုပ္ကာ-
“ကြ်န္ေတာ္ ျမင္ရတာကေလ..ဟို..ဟို..မႀကြယ္
ရယ္ဗ်”
“ဟာ မဟုတ္က ဟုတ္က ေျပာမေနနဲ႔ ျမန္ျမန္
လာမိုးခ်ဳပ္ေနၿပီ ေသနာေလး”
ေႂကြးေတာင္ကာျပန္လာေသာတူဝရီး ႏွစ္ေယာက္
စကားေျပာေနရာမွ ၾကက္သီးမ်ား ထလာေသာေၾကာင့္ တူ
ျဖစ္သူကို ေငါက္ငမ္းလိုက္သည္။ၿမိဳ႕မွအျပန္ ပစၥည္းမ်ား
ဝယ္ေနေသာေၾကာင့္ မိုးခ်ဳပ္ကာနီးမွ ရြာထိပ္သို႔ ေရာက္
လာခဲ့ၾကသည္။ရြာထိပ္သို႔ အေရာက္-
“ခဏ ေနဦး ငါအေပါ့သြားခ်င္လို႔”
ေျပာေျပာဆိုဆုိ လက္ထဲမွ အထုပ္မ်ားခ်ကာ
ၿခံဳထဲဝင္သြားေသာေၾကာင့္ မိ်ဳးဦး လည္းရပ္ကာေစာင့္
ေနခဲ့သည္။အေပါ့သြား ခ်င္ေဇာျဖင့္ အေျပးဝင္လာၿပီး
ကိစၥၿပီးေတာ့မွ မိမိ၏ ေနာက္ပါးမွ လူတစ္ေယာက္ကို သ
တိထားလိုက္မိသည္။မည္သူ မည္ဝါမွန္း မသိေသာေၾကာင့္
ေသခ်ာလွည့္ၾကည့္ မိရာ-
“ဟင္..မိႂကြယ္ မလာနဲ႔ မလာနဲ႔..မ်ဳိးဦး”
“ဘုန္း..အင့္”
ေၾကာက္အားလန္႔အားေျပးမိေသာေၾကာင့္ ၿခံဳ
မ်ားျဖင့္ ၿငိကာ လဲက်သြားေလသည္။ထိုအခါ မိႂကြယ္မွ
မိမိ အားလည္ပင္း ညႇစ္ေလေတာ့သည္။
“အု..အု…”
ရပ္ေစာင့္ေနေသာ မ်ဳိးဦးတစ္ေယာက္ မိမိ၏
နာမည္ ေခၚသံၾကားမိသလို ရွိေသာေၾကာင့္ အေဒၚျဖစ္သူ
ဝင္သြားေသာ ၿခံဳဘက္သို႔ ၾကည့္ေတာ့ ၿခံဳကလႈပ္ေနသျဖင့္
သြားၾကည့္မိရာ-
“ဟာ..ေဒၚႀကီး..သ..သ..သရဲ”
အေဒၚျဖစ္သူ၏ အေပၚမွ အရိပ္မဲမဲ တစ္ခုက ခြ
စီးေနေသာေၾကာင့္ ေၾကာက္လန္႔ကာ လက္ထဲမွပစၥည္း
မ်ားခ်၍ ရြာထဲသို႔ ေျပးဝင္ေလသည္။
“သရဲ..ဗ်ဳိ႕ ..သရဲ ကယ္ၾကပါဦး ဗ် ကြ်န္ေတာ့္
အေဒၚကို သရဲ ခြစီးေနလို႔”
ရြာထိပ္ရွိ အိမ္မ်ားမွ လူတခ်ဳိ႕ေျပးထြက္လာၿပီး
မ်ဳိးဦး ေနာက္လိုက္လာၾကရာ ၿခံဳထဲတြင္ ႏြယ္မ်ားျဖင့္
လည္ပင္းကို ပတ္မိကာ မ်က္လုံးျပဴးေနေသာ ေဒၚမယ္ပု
အားေတြ႕ၾကရေလသည္။ဓားမ်ားျဖင့္ ႏြယ္မ်ားကို ခုတ္ၿပီး
ကာမွ ေဒၚမယ္ပု ကိုဆြဲ၍ရသည္။ကံေကာင္းသည္က
သူတို႔ေရာက္တာ ျမန္ေသာေၾကာင့္ အသက္မေသဘဲ
ေမ့ေျမာေန၍ ေတာ္ေသးသည္။
“မင္းကလဲကြာ ကိုယ့္အေဒၚ ဘာျဖစ္ေနမွန္းမသိ
ဘဲ ရမ္းေအာ္ရသလားကြ၊ေသခ်ာၾကည့္မွေပါ့”
လူတစ္ဦးက ေငါက္သလို အျပစ္တင္စကားေျပာ
ေတာ့ မ်ဳိးဦးက မ်က္ႏွာငယ္ေလးျဖင့္-
“ဟို..ဟိုေလ ကြ်န္ေတာ္ၾကည့္တုန္းက သ..သရဲ”
“အပိုေတြေျပာမေနနဲ႔ ပစၥည္းေတြေကာက္၊မင္းနဲ႔
မင္းအေဒၚကို ငါတို႔လိုက္ပို႔ေပးမယ္”
မ်ဳိးဦး တစ္ေယာက္ ေျခတုန္ လက္တုန္ျဖင့္ ပစၥည္း
မ်ားကို လိုက္စုၿပီးေသာ္ ရြာသားမ်ားက သူတို႔ေနေသာ ရြာလယ္ပိုင္းသို႔ လိုက္ပို႔ၾကေလသည္။မည္မွ်ပင္ မုန္းပါေစ
ဒုကၡေရာက္လွ်င္ ကူညီတတ္ၾကတာမဆန္းပါ၊ဤသည္
ကား ျမန္လူမ်ဳိးတို႔၏ ရုိင္းပင္းတတ္ေသာ စိတ္ထားပင္။
***************
အခန္း(၄)
********
မိႂကြယ္ရက္လည္ဖို႔ ၁ ရက္အလို။
“ေဒၚႀကီး အဲဒါ မမိႂကြယ္ ဟုတ္တယ္မို႔လား”
တူျဖစ္သူ၏ အေမးေၾကာင့္ ထမင္းခူးေနေသာ
ေဒၚမယ္ပု တစ္ေယာက္ လန္႔သြားသည္။ၿပီးမွ-
“မဟုတ္ပါဘူးဟယ္ ငါ့ဘာသာ ေခ်ာ္လဲၿပီး ႏြယ္နဲ႔
ၿငိေနတာ နင္မျမင္ဘူးလား”
“ဟာ..ကြ်န္ေတာ္ ျမင္တာေပါ့ ဟိုတေန႔ ေတြ႕တာလဲ
မႀကြယ္မွ မႂကြယ္ရယ္၊မေန႔ကလဲ..”
“ဟဲ့..ေသနာေလး ေလွ်ာက္ေျပာမေနနဲ႔၊ထမင္းျမန္
ျမန္စား ၿပီးရင္ ရြာထဲအေႂကြးသြားေတာင္း၊ျမန္ျမန္ ျပန္လာ
ခဲ့ၾကားလား”
“ဟင္..ေဒၚႀကီး မလိုက္ဘူးလား၊ဘာလဲ မမိႂကြယ္
ဆိုတာေသခ်ာလို႔ ေၾကာက္ၿပီး..”
“ေဒါက္”
မ်ဳိးဦး စကားမဆုံးခင္ ေဒၚမယ္ပု၏ လက္က ေခါင္း
ေပၚေရာက္လာေသာေၾကာင့္ ေျပာလက္စ စကားကို ရပ္
ကာ ေၾကာင္ၾကည့္သည္။
“မသာေလး..မဆိုင္တာ အရည္မရ အဖတ္မရ ဘာ
ေတြေျပာမွန္း မသိဘူး၊ဒီေလာကမွာ ငါေၾကာက္ရမယ့္သူ
မေမြးေသးဘူး၊ဘာသရဲ မွမေၾကာက္ဘူး နင္သာ အေႂကြး
ရေအာင္ေတာင္းခဲ့ မရရင္ အိမ္ေပၚတက္မလာနဲ႔”
“ဟုတ္ကဲ့ပါ”
စားေသာက္ၿပီး မ်ဳိးဦးထြက္သြားေတာ့ ေဒၚမယ္ပု
ဘုရားရွိခိုးကာ ပုတီးစိပ္ေနလိုက္သည္။သာမန္လုပ္ေနၾက
ေပမယ့္ အခုက လူႏွင့္စိတ္က မကပ္၊တူေလး၏ စကား
ေတြၾကားေယာင္ရင္း မိႂကြယ္ကို မ်က္စိထဲ ျမင္ေယာင္
လာသည္။မိမိ ႏွင့္မဆိုင္ေပမယ့္ က်ိန္ဆဲ မိေသာေၾကာင့္
သူကလာေျခာက္ေနတာ ျဖစ္မည္။
အခ်ိန္က ည ၈း၀၀ ခန္႔-
မ်ဳိးဦးက ခုထိေရာက္မလာေသး၊ေတာရြာျဖစ္၍
ၿခံက်ယ္ႀကီးေတြမို႔ အိမ္ေတြက အနည္းငယ္ ေဝးသည္။
ပုတီးစိပ္ေနရာမွ ဗိုက္ထဲ တျဖည္းျဖည္း ရစ္လာသည္၊ဒီအ
ခ်ိန္ ခါတိုင္း အိမ္သာတက္ေနက် ျဖစ္ေပမယ့္ ခုေတာ့စိတ္
ထဲက မသြားရဲျဖစ္ေနသည္။
“အူ..ဝူးး….ဝူးး…..”
ေလေျပ တစ္ခ်က္ေဝွ႕ အရမ္းမွာ ေခြးအူသံမ်ားက
ေရာယွက္ေနသည္။ဗိုက္ထဲက တျဖည္းျဖည္း ရစ္နာလာ
ေလ မ်ဳိးဦးကိုစိတ္တိုလာေလ-
“မသာေလးက အခုထိ ဘာလုပ္ေနမွန္းမသိဘူး”
မေအာင့္ႏူိင္သည့္အဆုံး မိမိဘာသာ တစ္ေယာက္
တည္း အိမ္သာသို႔ အေျပးထြက္လာခဲ့သည္။ေၾကာက္စိတ္
က ဗိုက္ကို မတားဆီးႏူိင္ေပ။ကိစၥ ၿပီးခါနီးမွ အရင္တစ္
ေန႔က အေၾကာင္းျပန္အမွတ္ရမိေတာ့၊အေပၚကို ေမာ့မ
ၾကည့္ရဲပဲ နားႏွစ္ဖက္ကို ပိတ္၍ အိမ္သာတံခါး ဖြင့္ၿပီး အိမ္
ရွိရာသို႔ တန္းေျပးမည္ဟု ေတြးကာ ေျခေထာက္အခ်-
“ဟင္!!
ေရွ႕တည့္တည့္မွ ေတြ႕လိုက္ရေသာ အရိပ္ေၾကာင့္
ေျခေထာက္ကို ျပန္ရုပ္ရင္း-
“မိႂကြယ္ ..နင္ေသတာ ငါနဲ႔မဆိုင္ပါဘူးဟယ္၊ငါ့ကို
မေျခာက္ပါနဲ႔ ငါေၾကာက္လို႔ပါ..အီး..ဟီး..ဟီး…”
ေျပာလည္းေျပာ ငိုလည္း ငိုခ်လိုက္သည္။သို႔ေသာ္.
ေရွ႕မွ အရိပ္က တျဖည္းျဖည္း ေရြ႕လာရာ-
“ေဟ့..ငါ့လာေျခာက္မေနနဲ႔ မေၾကာက္ဘူးဟဲ့…….
…….မရဲ႕ ”
ေျပာမရသျဖင့္ သူ႔အက်င့္အတိုင္းဆဲေရးကာ ေျပး
ထြက္လိုက္သည္။ေရွ႕မွ ရပ္ေနေသာမိႂကြယ္အား တိုက္၍
ေျပးလိုက္ေသာ္လည္း ေလကိုသာတိုက္မိသလို ခံစားလိုက္
ရေသာေၾကာင့္ အားတက္သြားသည္။ထို႔ေၾကာင့္ ေရွ႕ကို
အတင္းေျပးလိုက္စဥ္ ေနာက္မွ မိမိ၏ ဆံပင္ကို ဆြဲထား
ေသာေၾကာင့္ အတင္းရုန္းမိသည္။နာလဲနာ ေဒါသလဲထြက္
လာေသာေၾကာင့္ ပါးစပ္မွ ဆဲ၍သာရုန္းေနသည္။ရုန္းေန
ရင္းမွ ေရွ႕တည့္တည့္တြင္ လာရပ္ေနေသာမိႂကြယ္ကိုေတြ႕
လိုက္ရေသာေၾကာင့္-
“မိႂကြယ္..ငါ့ကို ခြင့္လႊတ္ပါဟယ္..ငါ..ငါေလ”
ေျပာေနရင္းႏွင့္ ေစာေစာက တိုက္၍ေျပးသည္ကို
သတိရမိသည္။ဒီတစ္ႀကိမ္လည္း သူ႔ကိုတိုက္ေျပးလွ်င္
ရေပဦးမည္ ဟုေတြးကာ အတင္းရုန္းလိုက္ေတာ့ ဆံထုံး
ကေျပ၍လြတ္သြားၿပီး မိႂကြယ္ကို တည့္တည့္ တိုက္လိုက္
သည္။သို႔ေသာ္..ဒီတစ္ႀကိမ္ကား သူ႔လည္ပင္းကို မိႂကြယ္
ကမိမိရရ ဆုပ္ကိုင္ထားေလေတာ့သည္။
“အစ္..အု..အု…”
ဒီတစ္ခါေတာ့ ကယ္သူမရွိ ေသၿပီဟု စိတ္ထဲမွ
ေတြးရင္း အသက္ရွဴ ၾကပ္လာသည္။ထိုစဥ္-
“ဟာ ေဒၚမယ္ပု ဘာလုပ္ေနတာတုန္း၊မႀကံေကာင္း
မစည္ရာဗ်ာ”
ေျပာေျပာဆိုဆို သူ႔အား လူတစ္ေယာက္က လာ၍
ကယ္ေတာ့မွ မိႂကြယ္က လႊတ္လိုက္သည္။ထိုသူအား
ၾကည့္လိုက္ေတာ့ တစ္ၿခံေက်ာ္မွ ဦးဖိုးသာ-
“ဟိုေလ..ဟို မိႂကြယ္ ကကြ်န္မကို လည္ပင္းညႇစ္
ေနလို႔ ေတာ္ေသးတယ္ ဦးဖိုးသာ ေရာက္လာလို႔”
“ဘယ္ကမိႂကြယ္လဲ မဟုတ္တာဗ်ာ၊ခင္ဗ်ားကို
ကြ်န္ေတာ္ လွမ္းျမင္ရတာေတာ့ ခင္ဗ်ားဆံထုံးနဲ႔ဝါးလုံး
ၿငိေနတယ္ ေနာက္ေတာ့ ေဟာဒီ ခင္ဗ်ားတူရဲ႕ ပုဆိုးနဲ႔
လည္ပင္းစြပ္တယ္ ဒါပဲ၊က်ဳပ္က ခင္ဗ်ား ကိုယ့္ကိုကိုယ္
သတ္ေသတယ္မွတ္ေနတာ”
ဟင္..ဟုတ္ပါရဲ႕၊ခုမွေသခ်ာ ျပန္ၾကည့္မိသည္။
တန္းလုပ္ထားေသာ ဝါးလံုးက အစြန္းထြက္၍ သူ႔ဆံထုံး
နဲ႔ၿငိ၊ထိုအစြန္းထြက္ေနေသာ ဝါးလုံးတြင္ ကြင္းစြပ္ကာ
လွန္းထားေသာ တူျဖစ္သူ၏ ပုဆိုးက မိမိ၏ လည္ပင္း
ကို စြပ္ေနျခင္းျဖစ္ေနသည္။
“မသာေလး……..ေလး လွန္းစရာ ရွားလို႔၊ႀကံႀကံ
ဖန္ဖန္ လွန္းရတယ္လို႔ လာပါေစအုံးေသၿပီသာမွတ္”
ရွက္လြန္း၍ တူျဖစ္သူကိုသာ မဲဆဲေနေတာ့ ဦးဖိုးသာ
လည္း ၿပံဳးစိစိႏွင့္ ျပန္ထြက္သြားေလသည္။သူလဲ ေၾကာက္
ေၾကာက္လန္႔လန္႔ျဖင့္ အိမ္ေပၚေျပးတက္လာခဲ့ေလသည္။
***************
အခန္း(၅)
********
ရက္လည္ေသာေန႔…..။
နံနက္..၂ နာရီခြဲခန္႔…။
မ်ိဳးဦးတစ္ေယာက္ အေပါ့သြားခ်င္ေသာေၾကာင့္
အိပ္ရာမွထေတာ့ အေဒၚျဖစ္သူ၏ အခန္းက မီးလင္းေန
သျဖင့္ သြားၾကည့္ရာ အေႂကြးစာအုပ္ကိုင္ကာ တြက္ေန
သည္။
“ေဒၚႀကီး”
“ဟဲ့..ဘာလဲ နင္မအိပ္ဘူးလား”
“တေရးႏုိးတာ၊ဟိုေလ သားမနက္ မမိႂကြယ္ ရက္
လည္ တရားနာသြားမလို႔”
“ေအး..သြားေလ.မၾကာေစနဲ႔တရားနာၿပီးတန္းျပန္
လာခဲ့၊ၿမိဳ႕သြားရမွာ”
“ဟုတ္..ဒါနဲ႔ အကူေငြမထည့္ေတာ့ဘူးလား”
“အိုး..ငါ့ အေႂကြးေတြ ဒင္းကို ကူးတို႔ခ ေပးလိုက္
ၿပီေလ ဘာလိုေသးလို႔လဲ၊လွ်ာမရွည္နဲ႔ သြားခ်င္သြား
မသြားခ်င္ေန”
ေျပာမိတာမွားေလျခင္းဟုေတြးကာ မ်ဳိးဦးတစ္
ေယာက္ အေပါ့သြားရန္ ဆင္းလာခဲ့ေလသည္။အိမ္သာထဲ
မွအထြက္ မိမိအား တစ္စုံတစ္ေယာက္က ဝင္တိုက္လိုက္
သလို ေအးကနဲ ျဖစ္သြားၿပီး ရုတ္တရက္ ေခါင္းထဲမိုက္
ကနဲ ျဖစ္သြားကာ ဘာမွမသိေတာ့ေပ။
ေဒၚမယ္ပု တစ္ေယာက္ ၿမိဳ႕မွရစရာရွိေသာ အေႂကြး
မ်ားကို တြက္ခ်က္ေနေလသည္။ၿမိဳ႕သြားရင္း တစ္ခါထဲ
ေတာင္းရမည္ ဟုေတြးရင္း ေျခသံခပ္ျပင္းျပင္းႏွင့္ မိမိအ
နားေရာက္မွ ရပ္တန္႔သြားေသာ မ်ဳိးဦးကို ေမာ့ၾကည့္မိ
ေတာ့ မ်က္ေထာက္နီႀကီးျဖင့္ ခါးေထာက္ကာ မိမိအား
စားမတတ္ၾကည့္ေနသည္။
“ဟဲ့..နင္ကဘာျဖစ္တာတုန္း၊ဘာလဲ အကူေငြမေပး
လို႔လား၊နင့္မယားမို႔လို႔ နင္က ထည့္ခ်င္ေနတာလား”
ဘာမွ ျပန္မေျပာဘဲ အတင္းဝင္လုံးေတာ့မွ-
“ဟဲ့..ေသနာေလး ဘာလုပ္တာလဲ၊မ်ဳိးဦး နင္ဘာ
ျဖစ္ေနတာလဲ”
သာမန္အခ်ိန္ဆို မိမိကိုင္ေပါက္၍ရေသာ တူျဖစ္
သူက လူႏွစ္ေယာက္စာ အားျဖင့္ အတင္းလည္ပင္းညႇစ္
ရန္ႀကိဳးစားေနတာ လန္႔သြားမိသည္။
“ဟဲ့…မ်ဳိးဦး..ငါ..ငါ နင့္အေဒၚေလ”
“ဘာအေဒၚလဲ၊ငါ မိႂကြယ္ရယ္၊မိန္းမယုတ္ႀကီး
နင္ေသရမယ္ သတ္မယ္..သတ္မယ္”
အသံက ဝမ္းေခါင္းသံႀကီးႏွင့္ မိန္းမသံေပါက္ေန
ေလသည္။ထိုအခါမွ ေဒၚမယ္ပု ေၾကာက္စိတ္ဝင္လာၿပီး
ေအာ္ဟစ္ရန္ျပင္သည္။ဒီတစ္ခါ မေအာ္ႏူိင္လွ်င္ မိမိ အမွန္
တကယ္ေသရလိမ့္မည္။တက္ခြထားေသာ မ်ဳိးဦး လက္မွ
အတင္းရုန္းကာ-
“ကယ္ၾကပါ ဦး၊မိႂကြယ္ သတ္ေနလို႔”
ဒါပဲေအာ္ႏူိင္သည္။အေပၚမွ မိႂကြယ္တျဖစ္လဲ
မ်ဳိးဦးမွ အတင္း လည္ပင္းညႇစ္ေနေသာေၾကာင့္ ေနာက္
ထပ္ေအာ္ဖို႔အခ်ိန္မရ။ကံေကာင္းသည္ပဲ ဆိုရမည္။အျခား
အိမ္မ်ားမွ လူမ်ားေရာက္လာေတာ့မွ မ်ဳိးဦးကို ဝိုင္းထိန္း
ၾကရသည္။
“မေက်နပ္ဘူး..သတ္မယ္..သတ္မယ္..”
“ဟာ..ေဟ. မျဖစ္ဘူး ..ဆရာေတာ္ အျမန္ပင့္ၾကပါ
ဟ..ေမာင္လွပါေခၚခဲ့ၾက”
ရြာဦးေက်ာင္းဆရာေတာ္ ေျပးေခၚသူေခၚ ေမာင္လွ
အိမ္ေျပးသူေျပးျဖင့္ တစ္ရြာလုံးလိုလို ႏုိးကုန္ၾကသည္။
မ်ဳိးဦးပါးစပ္မွ ဝမ္းေခါင္းသံႏွင့္ မိန္းမတစ္ေယာက္လို
သတ္မယ္ တကဲကဲ ေျပာေနေသာေၾကာင့္ ေဒၚမယ္ပု ခမ်ာ
မ်က္ႏွာငယ္ေလးႏွင့္ လူမ်ားၾကားတြင္ ၿငိမ္ကုပ္ေနေလ
သည္။အတန္ၾကာမွ ဆရာေတာ္ႏွင့္ ေမာင္လွတို႔ အပါအဝင္
ရြာသားမ်ားေရာက္ရွိလာေတာ့မွ-
“ဟဲ့..ဒကာမေလး မိႂကြယ္”
“တင့္ပါ့..ဘုရား”
“ေအး..ဒီေန႔ရက္လည္ေလ ကြဲ႕၊အမုန္းတရား
ေတြေဘးထား၊ဘဝကူးေကာင္းေအာင္ အမွ်ေဝရင္ သာ
သာဓု ေခၚဖို႔ လုပ္ပါ ဒကာမေလး၊အရင္ဘဝက ျပဳခဲ့တဲ့
ကံေၾကာင့္ အခုလို အျဖစ္ဆိုးနဲ႔ ႀကံဳရတာမဟုတ္လား၊အခု
ခ်ိန္က ကုသုိလ္ ယူဖို႔ အေကာင္းဆုံးပဲေလ”
“တင့္ပါ့.ဘုရား ဒီမိန္းမႀကီး ႏႈတ္သရမ္းလိုက္လို႔
အခုလို ေသရတာပါ၊ဒါေၾကာင့္သူေသမွ တပည့္ေတာ္မ
ေက်နပ္မွာပါ ဘုရား”
“ဒီလိုလည္း ဘယ္ဟုတ္ပါ့မလဲ၊သူကသူ႔ႏႈတ္ဝသီ
အတိုင္း ေျပာဆိုမိခ်ိန္ ကိုယ္ကလဲ အတိတ္ကံ အေၾကာင္း
မလွခ်ိန္တုိက္ဆိုင္သြားတာပါ စိတ္ေလွ်ာ့လိုက္ပါ”
“ဟုတ္ပါတယ္ မိႂကြယ္ရယ္ နင္စိတ္ေလွ်ာ့ၿပီးသာ
သာဓုေခၚ ဖို႔လုပ္ပါ၊ငါစိတ္ခ်မ္းသာခ်င္တယ္”
ေမာင္လွႏွင့္ ဆရာေတာ္ကိုၾကည့္ကာ မ်က္ရည္မ်ား
က်လ်က္ ေဒၚမယ္ပုကို အံႀကိတ္ကာၾကည့္သည္။ေဒၚမယ္
ပုလဲ မေနသာေတာ့-
“ဟုတ္ပါတယ္ မိႂကြယ္ရယ္ ငါလဲေနာက္ဆို
ငါ့ပါးစပ္ကို ဆင္ျခင္ပါ့မယ္၊နင့္ရက္လည္မွာ သကၤန္းေတြ
ငါလွဴပါ့မယ္၊ၿပီးေတာ့ ရြာထဲက အေႂကြးေတြလဲ ငါေခ်
လိုက္ပါ့မယ္မေတာင္းေတာ့ပါဘူး၊နင့္အတြက္ ကုသိုလ္
လုပ္ေပးတဲ့သေဘာပါ ငါ့ကို ခြင့္လႊတ္ပါေနာ္”
မ်က္ႏွာငယ္ေလးျဖင့္ ေျပာေနေသာေဒၚမယ္ပုကို
ၾကည့္လွ်က္ ဆရာေတာ္မွ-
“ကဲ..ဒကာမေလး မိႂကြယ္ သူလဲ သူ႔အျပစ္သူသိ
ေနၿပီ၊ဆင္ျခင္ေတာ့မယ္တဲ့ ခြင့္လႊတ္လိုက္ပါ၊ဒါ ဒကာမ
ေလးအတြက္ပါကြယ္”
“တင္ပါ့..ဘုရား တပည့္ေတာ္မ သာဓုေခၚပါ့မယ္
ဒီအိမ္ေနာက္က မန္က်ည္းပင္ကိုသူကိုယ္တိုင္ လာေခၚေပး
ရင္ရပါၿပီ၊ကိုေမာင္လွ က်ဳပ္သြားၿပီေတာ့”
မ်ဳိးဦးတစ္ေယာက္ ေခြကနဲ လဲက်သြားၿပီး ျပန္သ
တိရလာေလသည္။ေဘးနားလူမ်ားျပန္ေျပာျပေတာ့မွ
အျဖစ္အပ်က္ကို သိရင္း လန္႔ေနေလသည္။
မနက္လင္းကာနီး ေဒၚမယ္ပုကိုယ္တိုင္ သြား၍
အမွ်ေဝရန္ ေခၚေလသည္။တရားနာၿပီး အဆုံးေတာ့
ေဒၚမယ္ပု၏ အိမ္အေနာက္ဖက္ မန္က်ည္းပင္မွ မန္က်ည္း
သီးမ်ား ေႂကြက်ေလသည္။ေဒၚမယ္ပုလည္း ကတိအတိုင္း
ရြာထဲမွ အေႂကြးမ်ားကို ေခ်ေပးလိုက္သည္။ထို႔ေနာက့္
ပိုင္ဆိုင္မႈမ်ားကို တူျဖစ္သူအား လႊဲေပးကာ ေယာဂီဝတ္
သြားေလေတာ့သည္။

ျဖစ္ရပ္မွန္အား ဖန္တီးေရးသားပါသည္။
ဇာတ္လမ္းေျပာျပေပးေသာ တာခ်ီလိတ္ၿမိဳ႕မွ
ညီေလးအား အထူးေက်းဇူးတင္ရွိပါသည္။

လိုအပ္ခ်က္မ်ားရွိလွ်င္ခြင့္လႊတ္ေပးပါရန္