ဇာတ်ပွဲကြည့်တဲ့ည

ဇာတ်ပွဲကြည့်တဲ့ည(စ-ဆုံး)

———————————–

“သာဦးရေ သာဦး”

 

“ငါနောက်ဘေးမှာရှိတယ်

မြင့်ဖေဝင်လာခဲ့လေ”

 

မြင့်ဖေလည်းအိမ်နောက်ဘေးသို့

ရောက်လာခဲ့သည်။

 

“ဘာကိစ္စရှိလို့ငါ့ဆီရောက်လာတာလဲကွ။

 

မြင့်ဖေကိုမြင်တော့သာဦးမှ

မေးလေသည်။

 

“ညကြရင်စိန်ပန်းရွာမှာ

ဇာတ်ပွဲရှိတယ်ကွအဲ့ဒါမင်းသိလား”

 

“အေးသိတယ်လေ

ဘာဖြစ်လို့လဲ”

 

“ဘာဖြစ်ရမလဲကွ

ညကြငါပွဲသွားကြည့်မလို့။အဲ့ဒါမင်းလိုက်မလားလို့လာခေါ်တာ”

 

“ငါတို့နှစ်ယောက်တည်းလား

တခြားဘယ်သူတွေပါသေးလဲ”

 

“ငါတို့နှစ်ယောက်ပဲပေါ့ကွ။

ဘယ်သူမှမပါဘူး”

 

“ဟာမင်းဟာကလည်းကွာ။

သွားရမယ့်ရွာက တစ်မိုင်လောက်

အဝေးကြီး

ညကြီးနှစ်ယောက်တည်း သွားရမှာ

ပြီးတော့စိန်ပန်းရွာ သင်္ချိုင်းကိုလည်း

ဖြတ်ပြီးပြန်လာရမှာ

ငါတော့မလိုက်ရဲပါဘူး”

 

“သာဦးကလည်းကွာ လုပ်ပါလိုက်ခဲ့ပါကွ။

ငါဇာတ်ပွဲ မကြည့်ရတာကြာပြီကွ

မင်းလိုက်မယ်ထင်ပြီး

ငါမျှော်လင့်ထားတာ

လိုက်ခဲ့ပါသူငယ်ချင်းရာ လုပ်ပါ”

 

မြင့်ဖေကကလေးတစ်ယောက်သဖွယ်

ဂျီကျနေသဖြင့်သာဦးလည်းလိုက်ရန်

ဆုံးဖြတ်လိုက်တော့သည်။

 

“အေးပါကွာ

ငါလိုက်ခဲ့ပါ့မယ်ဟုတ်ပြီလား။

မင်းရုပ်ကြီးနဲ့လာပြီးချွဲပြမနေစမ်းနဲ့ကွာ”

 

“ဟဲဟဲ ဒါမှငါ့သူငယ်ချင်းလေး

ဒါဆိုရင်ညနေ၆နာရီလောက်ကြရင်

ငါလာခေါ်လှည့်မယ်မင်းစောင့်နေ”

 

“အေးပါ မင်းသာဆက်ဆက်လာခဲ့

ငါစောင့်နေမယ်”

 

“ဒါဆိုငါပြန်လိုက်ဦးမယ် သာဦး”

 

“အေး”

 

မြင့်ဖေလည်းသာဦးအိမ်မှ

ထွက်သွားလေတော့သည်။

သာဦးလည်းလုပ်စရာရှိတာလုပ်ရင်း

ကျန်နေခဲ့လေသည်။

 

============

 

ညနေ၆နာရီခန့်ရောက်တော့

သာဦးလည်း သပ်သပ်ရပ်ရပ်ဝတ်ကာ

မြင့်ဖေအလာအားစောင့်နေလိုက်သည်။

 

“သားသာဦး”

 

“ဗျာအဖေ”

 

“ပွဲသွားကြည့်တာလည်းကြည့်

ရန်လည်းဖြစ်မနေနဲ့ဦးကြားလား”

 

“ဟုတ်ကဲ့ပါအဖေရ……

ကျုပ်ရန်မဖြစ်ပါဘူး အေးအေးဆေးဆေး

ကြည့်မှာပါဗျ”

 

“အေးအေးကောင်းတယ်

မင်းတို့လူပျိုပေါက်အရွယ်တွေက

ထစ်ကနဲဆိုပြဿနာဖြစ်ချင်ကြလို့

အေဖက

မှာနေရတာသားရေ”

 

“စိတ်ချပါအဖေ

သားအကြောင်းလည်းအဖေသိသားနဲ့

ဘယ်တုန်းကရန်ဖြစ်ဖူးလို့လဲ”

 

“အဖေသိပါတယ်သားရာ”

 

“ကိုဉာဏ် ရှင်ကလည်းတော်

သားလေးပွဲကြည့်သွားမှာကို

ဘာတွေစိုးရိမ်နေရတာလဲ……

သူလည်းသူ့အရွယ်နဲ့သူရောက်နေပြီပဲဟာကို

အကဲပိုမနေစမ်းပါနဲ့တော်”

 

“ဟ…မမယ်မြ မင်းကငါ့သားကို

မြှောက်ပေးမှာလားဆုံးမမှာလား”

 

“အိုတော်…မြှောက်ပေးတာတော့

ဘယ်ဟုတ်မလဲတော့်……

သူလည်းလူငယ်တစ်ယောက်ပဲ

အပေါင်းနဲ့အသင်းနဲ့ရှိလာမှာတော့

သွားတတ်လာတတ်မှာပေါ့ရှင်”

 

“သာဦးရေသာဦး”

 

“ဟော မင်းသူငယ်ချင်းလာပါပြီဗျာ”

 

သာဦး၏ဖခင်ဦးဉာဏ်က

ပြောလိုက်ခြင်းဖြစ်သည်။

 

“မြင့်ဖေမင်းကလည်း စောင့်လိုက်ရတာကွာ…”

 

“အေးကွာ ငါလည်းအိမ်မှာအလုပ်တွေ

ကျန်နေသေးလို့နည်းနည်း

နောက်ကျသွားတာကွ”

 

“မြင့်ဖေ မင်းတို့သူငယ်ချင်းနှစ်ယောက်

ပွဲသွားကြည့်ရင် စိန်ပန်းရွာသားတွေနဲ့

ရန်မဖြစ်ခဲ့ကြနဲ့နော်”

 

“မဖြစ်ပါဘူးလေးလေးမယ်မြကလည်း

စိတ်ချ”

 

“အေးအေး”

 

“အမေသွားပြီနော်”

 

“အေးသား”

 

သာဦးနှင့်မြင့်ဖေလည်း စိန်ပန်းရွာသို့

ဇာတ်ပွဲသွားကြည့်ရန်ရွာမှ

ထွက်လာခဲ့ကြတော့သည်။

 

စိန်ပန်းရွာကိုပွဲကြည့်သွားကြသည့်

လူများကိုလည်းလမ်းတွင်တွေ့ခဲ့

ရလေသည်။

 

တချို့ ကလှည်းများဖြင့်သွားကြည့်ကြလေ

သည်။

 

သာဦးနှင့်မြင့်ဖေကတော့ခြေလျင်ပဲ

လျှောက်လာခဲ့လေသည်။

 

“မြင့်ဖေ”

 

“ဘာလဲကွ”

 

“ပွဲကိုပြီးအောင်မကြည့်တော့ဘူး

ညဉ့်နက်တာနဲ့ပြန်မှာငါက”

 

“ဟာမင်းကလည်းကွာ

ပွဲခင်းတောင်မရောက်သေးဘူး

ပြန်ဖို့ကအရင်ပြောနေပြီ”

 

“ငါမှပွဲသိပ်မကြိုက်တာ မင်းလည်း

သိသားနဲ့ကွာ”

 

“အေးပါ မင်းတစ်ယောက်တည်းတော့

မပြန်ခိုင်းပါဘူးကွာ။

ငါလည်းပြန်လိုက်မှာပေါ့ကွ”

 

“ဟားဟား မင်းသင်္ချိုင်းကိုမဖြတ်ရဲလို့

ငါနဲ့အတူပြန်မယ်လို့ပြောတာမလား

မြင့်ဖေ”

 

“အံမယ် ငါကမင်းကြောက်မှာစိုးလို့

စေတနာနဲ့ပြောတာကွ။

ငါကဘာသရဲမှကြောက်တဲ့ကောင်မဟုတ်ဘူးကွ”

 

“ဟား ဟား ဟား ဟား

မြင့်ဖေရာအကြောင်းမသိတဲ့သူတွေမှတ်လို့လာလှိမ့်မနေနဲ့”

 

“အေး သိပြီးရောကွာ”

 

သာဦးနှင့်မြင့်ဖေလည်း စကားနိုင်လုရင်း

စိန်ပန်းရွာသို့ရောက်လာခဲ့ကြသည်။

ပွဲခင်းကြီးတစ်ခုလုံး လူများဖြင့်

ပြည့်နှက်စည်ကားနေလေသည်။

 

တချို့ ကာလသားများက

စိန်ပန်းရွာသူအချော အလှများအား

ငေးကြည့်ရင်း မျက်စိအစာကျွေးနေ

ကြလေသည်။

 

ထိုအထဲမှာသာဦးနှင့်မြင့်ဖေလည်း

အပါအဝင်ဖြစ်သည်။

 

“သာဦးဟေ့ကောင် ဟိုမှာကြည့်စမ်း”

 

“ဘာလဲဟ မင်းဟာက”

 

“ဟိုမှာလေကွာ ဘယ်လောက်လှလိုက်သလဲ”

 

“ဟိုအင်္ကျီအနီဝတ်ထားတဲ့ကောင်မလေး

ကိုပြောတာမလား”

 

“အေးဟုတ်တယ်ကွ။

တော်တော်လှတဲ့မိန်းကလေးပဲကွာ

လာစကားသွားပြောရအောင်”

 

“ဟာမင်းကလည်း

မပြောချင်ပါဘူးကွာကိုယ့်ဟာကိုယ်

အသာနေစမ်းပါကွ”

 

“မင်းမလိုက်ရင်နေငါကတော့

စကားသွားပြောမှာပဲ”

 

“ဟာ ဟေ့ကောင် မြင့်ဖေ

ဟာဒီကောင်တော့ကွာခြေမြန်လက်မြန်ပဲ”

 

သာဦးတားနေသည့်ကြားက

မြင့်ဖေကထိုအမျိုးသမီးထံသို့သွားနှင့် နေသည်။

သာဦးလည်းနောက်မှအပြေးကလေး

လိုက်လာခဲ့ရတော့သည်။

 

“ညီမလေးနေကောင်းတယ်နော်”

 

“ကောင်းတယ်လေ

နေကောင်းလို့ပွဲခင်းထဲရောက်လာတာပေါ့ရှင့်”

 

ကောင်မလေးကမြင့်ဖေ၏

အမေးအားရိသဲ့သဲ့ဖြေလိုက်လေသည်။

 

“ညီမလေးကဒီစိန်ပန်းရွာကလား”

 

“ဟုတ်တယ်လေဘာဖြစ်လို့လဲ”

 

“သြော် ဘာမှမဖြစ်ပါဘူးဗျာ

ဒါနဲ့ဒီကညီမကအရမ်းလှတယ်နော်”

 

“အဲ့တော့ဘာဖြစ်လဲ

ရှုပ်ရှုပ်ယှက်ယှက်တော့လာမလုပ်နဲ့

ကျွန်မအစ်ကိုတွေလက်သီးက

လူမရွေးဘူးနော်”

 

“ဟေ့ကောင်မြင့်ဖေ မင်းကိုငါအတန်တန်

တားနေတဲ့ကြားက။

လာစမ်းပါ”

 

သာဦးကမြင့်ဖေအား ထိုအမျိုးသမီး

အနားမှာဆွဲခေါ်လာလေသည်။

 

“ကောင်မလေးက ရုပ်လေးလှသလောက်

မာရေကျောရေနဲ့ကွာ။

သိပ်မာနကြီးတာပဲ”

 

“မင်းကိုငါပြောသားပဲ

မသွားပါနဲ့လို့ တော်ကြာဟိုက

သူ့အစ်ကိုတွေတိုင်လိုက်လို့လက်သီးစာ

မိနေမှဖြင့်၊ကိုယ့်ဟာကိုပွဲအသာကြည့်စမ်းပါ

မြင့်ဖေရာ”

 

“အေးပါကွာ အေးပါ”

 

“ဟာပွဲတောင်စတော့မယ်

လာပွဲခင်းထဲသွားရအောင်”

 

သာဦးလည်းမြင့်ဖေအားပွဲခင်း

ရှိရာသို့ခေါ်လာခဲ့သည်။

ဇာတ်ပွဲအားသူငယ်ချင်းနှစ်ယောက်ထိုင်ကြည့်

နေရင်းညဉ့်နက်သွားခဲ့သည်။

 

“ဝှိုင်း”

 

“ငါအိပ်ချင်နေပြီသူငယ်ချင်း

ဇာတ်ပွဲကလည်းကောင်းလည်းမကောင်းဘူး

ပြန်ကြရအောင် မြင့်ဖေ”

 

“နေ နေပါဦး သာဦးရာ

ဒီတစ်ပုဒ်တော့ပြီးအောင်ကြည့်ပါရစေကွာ”

 

“ဒီတစ်ပုဒ်ပဲနော်

ပြီးတာနဲ့ငါကတန်းပြန်မှာမင်းမလိုက်ချင်နေ”

 

“အေးပါကွာ

အခုတော့အသာထိုင်ကြည့်နေ”

 

ဇာတ်ထဲကမင်းသမီးမှသီချင်း

တစ်ပုဒ်အားလှုပ်ခါရမ်းကာသီဆိုနေလေသည်။

 

“ရွှီ ရွှီ”

 

“ဖြောင်း ဖြောင်းဖြောင်းဖြောင်း”

 

“ဟေး သိပ်မိုက်တယ်ဟေ့”

 

မင်းသမီး၏သီချင်းသီဆိုမှုပြီးသွားသည်နှင့်

ပွဲခင်းထဲမှကာလသားများကလက်ခုပ်များ

ထတီးကြကာချီးကျူးထောပနာပြုနေကြ

လေသည်။

 

“မြန်မာ့ယဉ်ကျေးမှုမရှိလိုက်တာ

ဖင်ကြီးတရမ်းရမ်းနဲ့ဘာတွေမှန်းကိုမသိဘူး

အောက်ကလူတွေကလည်း

ဘာတွေအားပေးနေကြတာလဲ

စိတ်ပျက်ဖို့ကောင်းတယ်တကယ်ပဲ။

 

“ဟေ့ကောင် သာဦး

မင်းမကြိုက်ရင်အသာနေလေ

မတရားတော့မပြောပါနဲ့ကွာ

ပြန်မယ်ဆိုလည်းပြန်ကြတာပေါ့”

 

“အေးလာပြန်မယ်”

 

သာဦးနှင့်မြင့်ဖေလည်းပွဲခင်းမှထကာ

ပြန်လာခဲ့တော့သည်။

စိန်ပန်းရွာအားကျော်လွန်လာခဲ့သည်နှင့်

ပတ်ဝန်းကျင်ကတိတ်ဆိတ်ငြိမ်သက်နေလေသည်။

ပွဲခင်းနှင့်ဝေးလေပို၍တိတ်ဆိတ်လေဖြစ်သည်။

 

သန်းခေါင်ယံအချိန်ကျော်လွန်နေပြီ

ဖြစ်သည်။

ကောင်းကင်မှလမင်းကြီး၏ အလင်းရောင်ကြောင့် ပတ်ဝန်းကျင်မှ

အရာအားလုံးကို ကောင်းစွာမြင်နေရသည်။

အိမ်သို့ပြန်လာသည့်လမ်းတလျောက်

သူငယ်ချင်းနှစ်ယောက် စကားမပြောဖြစ်ကြပေ။

 

တဖြည်းဖြည်းနှင့်စိန်ပန်းရွာသင်္ချိုင်း

အနီးသို့ရောက်လာခဲ့ကြသည်။

 

“အူ ဝူး ဝူး ဝူ”

 

ရုတ်တရက်ထအူလိုက်သည့် ခွေးအူသံကြောင့်

သာဦးနှင့်မြင့်ဖေတို့ ကြက်သီးမွှေးညှင်းများ

ထသွားရလေသည်။

 

သင်္ချိုင်းဘက်သို့လှည့်ပင်မကြည့်ရဲကြပေ။

 

“ဂီးဂီးဂီး”

 

ညဉ့်ငှက်တစ်ကောင်၏စူးစူးဝါးဝါး

အော်ဟစ်သံကကျယ်လောင်စွာ

ထွက်ပေါ်လာခဲ့သည်။

 

သာဦးနဲ့မြင့်ဖေလည်း နှုတ်မှမပြောပေမယ့်

တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ

တစ်ခုခုကိုထိတ်လန့် နေကြလေသည်။

 

“ငါ့ညီတို့ ခဏ ခဏ”

 

ဘေး၌ရှိသော သစ်ပင်ကြီးအောက်မှ

ထွက်ပေါ်လာသည့်အသံကြောင့်

သွားနေသည့်ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

 

သာဦးနှင့်မြင့်ဖေလည်း ထိုလူအား

မတ်တပ်ရပ်ကာစောင့်နေလိုက်သည်။

 

“ဘာလဲခင်ဗျ”

 

“ငါ့ညီတို့ပွဲကြည့်ပြီးပြန်လာကြတာလား”

 

“အင်း…ဟုတ်တယ်လေ”

 

သာဦးကထိုလူ၏အမေးအား

ပြန်ဖြေလိုက်လေသည်။

သာဦး၏စိတ်ထဲမှလည်း ထိုလူအားပွဲလာကြည့်သည့် လူဖြစ်မည်ဟု

တွေးမိလိုက်သည်။

 

“သြော်…အစ်ကိုလည်းစိန်ပန်းရွာက

ပွဲကြည့်ပြီးပြန်လာတာ။

 

“ဟုတ်ကဲ့”

 

“ဒါနဲ့ငါ့ညီတို့ဆီမှာ မီးခြစ်လေးများ

မပါဘူးလား၊အစ်ကိုဆေးလိပ်သောက်ချင်လို့

ပါလာတဲ့မီးခြစ်က ပွဲခင်းထဲမှာကျကျန်နေ

ခဲ့လို့”

 

“ကျွန်တော့်မှာပါပါတယ်…ရော့အစ်ကို”

 

“ကျေးဇူးပါကွာ”

 

မြင့်ဖေလှမ်းပေးသည့် မီးခြစ်အား

ထိုလူကယူလိုက်လေသည်။

 

“ခြစ် ခြစ်”

 

ထိုလူကမီးခြစ်အားခြစ်ပြီး

ဆေးလိပ်အားခပ်ပြင်းပြင်း ဖွာရှိုက်လိုက်သည်။

ဆေးလိပ်မှထွက်ပေါ်လာသည့်

ဆေးလိပ်မီးကြောင့် ထိုလူ၏ မျက်နှာအား

ဝိုးတဝါးမြင်လိုက်ရလေသည်။

 

“ဟင်…”

 

“ဟာ…”

 

ထိုလူ၏ပါးတစ်ခြမ်းတွင်

အသားများလုံးဝမရှိတော့ပဲ အရိုးနှင့်

သွားဖုံးများကိုအတိုင်းသားမြင်လိုက်ရသည်။

 

“ခင် ခင်ဗျား မျက်နှာက

ဘာဖြစ်တာလဲဗျ”

 

မြင့်ဖေကထိတ်ထိတ်လန့်လန့်ဖြင့်

မေးလိုက်လေသည်။

 

“သြော် ဒီဟာလား ဒါက

အစ်ကိုမသေခင်ကရခဲ့တဲ့ ဒဏ်ရာတွေလေ

ငါ့ညီတို့ ကြည့်မလား”

 

“ဗျာ…”

 

“ဒါ ဒါ ဒါဆို ခင်ဗျားက

လူမဟုတ်ဘူးပေါ့”

 

သာဦးနှင့်မြင့်ဖေတို့ သူငယ်ချင်းနှစ်ယောက်

ထိုလူ၏စကားကြောင့်၊

လူမဟုတ်မှန်းသိသွားကြလေသည်။

 

“အစ်ကိုကလွန်ခဲ့တဲ့ ၅နှစ်လောက်က

အသတ်ခံလို့ သေခဲ့ရတာကွ။

မင်းတို့ယုံအောင် ငါပြမယ် ”

 

“ဂျွတ် ဂျွတ်”

 

“ဗြုတ်”

 

ထိုလူကလက်နှစ်ဖက်ဖြင့် သူ၏

ခေါင်းအားလည်ပင်းမှနေ၍

ဖြုတ်ပြလိုက်လေသည်။

 

“ဟာ”

 

“အောင်မယ်လေး သ သရဲ”

 

“ပြေး ပြေး ”

 

သာဦးနဲ့မြင့်ဖေလည်း ထိုနေရာမှ

ချက်ချင်းထွက်ပြေး လာခဲ့တော့သည်။

နောက်သို့လှည့်ကြည့်တော့သရဲကြီးက

ခေါင်းပြတ်ကြီးကိုကိုင်ကာ

ကျန်နေခဲ့တော့သည်။

 

သူငယ်ချင်းနှစ်ယောက်ကြောက်အား

လန့်အားဖြင့် ထွက်ပြေးလာခဲ့ကြသည်မှာ၊

ဘယ်လောက်အထိကြာသွားသည်မသိပေ။

နှစ်ယောက်စလုံးလည်း အမောဆို့နေကြသည်။

 

လမ်းခုလတ်တစ်နေရာရောက်မှ

ဆက်မပြေးတော့ပဲ အမောဖြေရန်အတွက်

တအောင့်နားလိုက်ကြသည်။

 

“ဟူး…ဘယ်လိုသရဲလဲကွာ

ငါတို့ကိုခြောက်ဖို့အတွက်တကူးတကများ

ရပ်စောင့်နေသလားမသိဘူး။

တကယ်တည်းလန့်လို့သေတော့မှာပဲ”

 

“မြင့်ဖေ နောက်တစ်ခါ မင်းငါ့ကို

ပွဲကြည့်လိုက်ဖို့ဘယ်တော့မှ လာမခေါ်နဲ့တော့။

ငါမလိုက်ရဲတော့ဘူး၊တော်သေးတယ်

ဟိုသရဲကဂုတ်မချိုးလိုက်တာကံကောင်းတယ်မှတ်”

 

“ငါလည်း ပွဲကြည့်ဖို့ စိတ်တောင်မကူးရဲ

တော့ပါဘူး သာဦးရာ”

 

“ဟူး”

 

သက်ပြင်းတစ်ချက်ချလိုက်ပြီး

အမောဖြေနေရာမှထလိုက်သည်။

 

“ကဲ…သရဲလည်းလိုက်မလာဘူး။

အမောလည်းပြေရင်ထတော့ ပြန်ကြမယ်”

 

“အေး ပြန်တာပေါ့ကွာ”

 

မြင့်ဖေနဲ့သာဦးလည်း ထိုနေရာမှထကာ

အိမ်ကိုပြန် လာခဲ့ကြတော့သည်။

ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်တော့မှ

ကြောက်စိတ်အနည်းငယ် ပြေသွားရလေသည်။

 

အိပ်ရာထဲဝင်ပြီးမျက်လုံးမှိတ်

အိပ်နေရပေမယ့် မီးခြစ်ငှားပြီးသူတို့နှစ်ဦးအား

ခြောက်လိုက်တဲ့ခေါင်းပြတ်သရဲကြီး၏ မျက်နှာကိုတော့……

အိပ်ပျော်သွားသည်အထိ မြင်ယောင်နေတော့သည်။

 

ပြီးပါပြီ………

ကျွန်တော့်ရဲ့စာဖတ်သူများအားလုံးကို

တစ်ခုပြောချင်ပါတယ်ဒီဇာတ်လမ်းလေး

ဖတ်ပြီးသွားရင်Likeလေးတစ်ချက်နှိပ်ပေး

သွားပါဗျ………