အိမ်စောင့်ပြိတ္တာ

အိမ်စောင့်ပြိတ္တာ
+°+°+°+°+°+°

ကတိအတိုင်းတင်ပေးလိုက်ပါတယ်အိမ်ထဲမှာနေရင်းဖတ်ပါ

ဒီစာမူကတော့ရောင်ပြန်မဂ္ဂဇင်းတိုက်ကဖြစ်ရပ်မှန်စာမူတစ်ပုဒ်ပါစာအုပ်တိုက်ကစာမူတွေပါလို့စာအုပ်လာထုတ်ပါပြောချိန်မှာကိုယ်ကရှမ်းပြည်ရောက်နေလို့သွားမထုတ်ဖြစ်ပါပြန်လာမှယူမယ်စိတ်ကူးထားပေမဲ့ကပ်ရောဂါကြောင့်စာအုပ်တိုက်ပိတ်သွားလို့ဘာစာအုပ်မှမရလိုက်သလိုစာမူဘယ်နှစ်ပုဒ်ပါမှန်းတောင်မသိလိုက်ပါဘူး

ဒါကတော့ရေးပြီးသားအဆင်သင့်ရှိနေလို့ပါကိုယ့်ရဲ့အမာခံဘော်ဒါတွေပိတ်ရက်မှာဖတ်ဖို့စေတနာထားပြီးတင်ပေးလိုက်ပါတယ်

ဖတ်လို့အဆင်ပြေရင်like &share လုပ်ဖို့မမေ့ကြနဲ့ဦးနံမည်ဖျောက်၍ခိုးမကူးပါနှင့်
___+______+______

နော်အဲလားတစ်ယောက်အလုပ်ကအပြန်ညစာချက်စားရန်အမဲသားအနည်းငယ်ကိုစျေးကဝင်ဝယ်လာကာအိမ်ကိုခပ်သုတ်သုတ်ပြန်လာ၏

အိမ်ရောက်တော့အမှောင်ဘက်လုနေသောအလင်းရောင်လေးအားကိုး၍အိမ်ရှေ့ရေတိုင်ကီနားတွင်အမဲသားကိုင်ကာဆေးကြော၍လက်ကျန်ရေများကိုနဘေးမှာရှိသောသရက်ပင်ခြေရင်းသို့လှမ်းပက်လိုက်၏

ထိုအချိန်မှာပဲအပင်ပေါ်မှတရှဲရှဲမည်ကာလေမတိုက်ပဲသစ်ရွက်များလှုပ်ခါသွားတာကြောင့်အကောင်တစ်ကောင်သစ်ပင်ပေါ်ရောက်နေသည်ထင်မိ၍သိပ်အလေးမထားမိပဲဟင်းချက်ရန်အိမ်ထဲဝင်ခဲ့သည်။

သူမကအမဲသားဟင်းချက်ရန်အတွက်ြပင်ဆင်လက်စသတ်ပြီးချိန်ယောင်္ကျားဖြစ်သူလည်းအလုပ်ကပြန်လာတာနဲ့တိုးသွား၍

””မိန်းမရေဘာဟင်းချက်မလို့လဲကွ””
“”ရှင်ကြိုက်တဲ့အမဲသားဝယ်လာတယ်အခုမှချက်ရမှာ””
“”ဟုတ်လားကိုယ်ပါကူလုပ်ပေးမှာပေါ့မီးမွှေးပေးမယ်””
“”ကောင်းသားပဲကျွန်မဟင်းပြင်လိုက်ဦးမယ်””

နော်အဲလားတို့လင်မယားကရန်ကုန်မြို့ကစက်ရုံတစ်ရုံစီတွင်အလုပ်လုပ်ကြ၍နော်အဲလားကအလုပ်ပြီးချိန်ညနေစောင်းမှအိမ်ပြန်လာရင်းလမ်းမှာစျေးဝင်ကာဟင်းချက်စရာဝယ်နေကြဖြစ်သည်။

အိမ်ရောက်မှညနေစာအတွက်ချက်ပြုတ်၍မနက်ထမင်းချိူင့်အတွက်ပါတစ်ခါတည်းချက်ထားလိုက်သည်။သူမတို့လင်မယားကကရင်လူမျိူ းများဖြစ်ကာမြို့သို့တက်၍အလုပ်လာလုပ်ခြင်းဖြစ်သည်။

စက်ရုံကနေစရာမပေး၍အိမ်ပွဲစားအကူအညီဖြင့်မြို့စွန်ကချောင်ကျသောနေရာမှာစျေးပေါသောအိမ်လေးတစ်လုံးဌားနေကြပြီးလစာကလေးစု၍နယ်တွင်လယ်ကွက်ကလေးဝယ်နိုင်အောင်ကြိုးစားနေကြခြင်းဖြစ်သည်။

သူမတို့ဌားနေသောအိမ်ကလေးကခြံစည်းရိုးမလုံပေ။လူမနေတာကြာ၍အပျက်အစီးများရှိနေပေမဲ့နေ၍တော့ရသေးသည်။

အိမ်ကအဖြစ်သဘောမျိူးသာဆောက်ထားတာဖြစ်ပြီးဇရပ်သာသာလောက်သာရှိ၏ ဟောင်းနေပေမဲ့သူမတို့အတွက်တော့ကျောတစ်ခင်းစာ-ညအိပ်စရာရတာကိုပဲအဆင်ပြေလှသည်ထင်ပေသည်။

ပတ်ဝန်းကျင်တွင်လည်းအိမ်သိပ်မရှိလှမြေကွက်အလွတ်များသာများသည့်အတွက်ကိုယ့်အလုပ်ကိုယ်လုပ်နေရုံသာရှိ၏။

လူနေစိတ်သောရပ်ကွက်တွေလိုဆူဆူညံညံအသံဗလံတွေမကြားရသလိုမျက်စိနောက်သက်သာသည်ဟုထင်၏။သူတို့လင်မယားကလည်းအေးအေးဆေးဆေးနေချင်သူများဖြစ်၍အဆင်ပြေသည်။

သူတို့လင်မယားကတစ်နေကုန်အလုပ်သွားနေသူများဖြစ်၍အိမ်ကောင်းတာမကောင်းတာအရေးမကြီးညအိပ်ချိန်နားအေးပါအေးနေရဖို့သာအဓိကဖြစ်သည်။

အိမ်ကအခန်းမဖွဲ့ထားပေ။မီးဖိုဆောင်တွေရေချိူးခန်းတွေဘာတွေမရှိဟောခန်းကြီးဖြစ်သည်။ရေအိမ်ကအိမ်နောက်ဖေးထောင့်တွင်ဆောက်ထားပြီးယိုင်နွဲ့နေပေပြီ

အိမ်ရှေ့တွင်သရက်ပင်ကြီးတစ်ပင်ရှိ၍လူနှစ်ယောက်ဖက်စာလောက်ရှိပေသည်။

ထိုအပင်အောက်နားတွင်ရေတုန်ကင်ရှိပြီးကျောက်စည်တစ်လုံးချထား၏
ကျောက်စည်ကသေး၍ရေသုံးရတာအဆင်မပြေသောကြောင့်သူတို့လင်မယားကရေတိုင်ကီအဟောင်းကလေးတစ်လုံးဝယ်ကာသုံးရသည်။

ထိုရေတိုင်နားမှာပင်ရေချိူ းရေသုံးရ၏မီးဖိုချောင်ရေကပြင်မရှိသောကြောင့်သရက်ပင်အောက်မှာပင်ရေချိူ း-ပန်းကန်ဆေး-အဝတ်လျှော်-စည်ဖြင့်ဘက်စုံသုံးရ၏

နော်အဲလားကဟင်းချက်စရာများကိုင်ပြီးသည့်အခါတိုင်းအညှီအဟောက်ရေများကိုနဘေးရှိသရက်ပင်ခြေရင်းသို့လှမ်းပက်လေ့ရှိပေသည်။

ထိုသို့လှမ်းပက်သည့်အခါတိုင်းသရက်ပင်ကြီးကလှုပ်ရှားသွားသလိုလိုထင်ရပေမဲ့အမှု့မဲ့အမှတ်မဲ့နေဖြစ်ကြတယ်။

သူမတို့လင်မယားကတစ်နေကုန်အလုပ်လုပ်ကြရသည်ဆိုတော့အဟာရပြည့်ဝအောင်အသားငါးကိုနေ့တိုင်းလိုလိုချက်စားဖြစ်၏။

ပြောင်းလာကာစကအကြောင်းမထူးပေမဲ့နှစ်လသုံးလလောက်ကြာသည့်အခါအကြောင်းထူးလာ၏။

သူမတို့လင်မယားမနက်ထမင်းချိုင့်အတွက်ချက်ပြုတ်ထားသောဟင်းများအမြဲလိုလိုပျောက်လာတယ်။

ပထမတော့ကြောင်ဝင်စားတယ်ထင်ပေမဲ့နောက်တော့မသင်္ကာဖြစ်လာ၏သူတို့လင်မယားစိတ်ထဲသရိုးသရီထင်လာကြ၏

သို့သော်သူတို့လင်မယားကကရင်ခရစ်ယာန်ဘာသာကိုးကွယ်သူများဆိုတော့ဘယ်အရာမှသိပ်ပြီးအယုံအကြည်မရှိကြပါသရဲတစ္ဆေလည်းမမြင်ဘူးကြ

တစ်ညတွင်နော်အဲလားအိပ်ပျော်နေတုန်းသူမနှာခေါင်းထဲညှီစို့စို့အနံ့ကြီးတိုးဝင်လာ၍လန့်နိုးသွား၏ထိုအခါညအိပ်မီးသီးမှိန်မှိန်လေးအလင်းရောင်ဖြင့်သူမဘေးမှမည်းမည်းအကောင်ကြီးတစ်ကောင်ဖြတ်သွားကာထမင်းအိုးဟင်းအိုးများထားရာဘက်သို့သွားတာမြင်လိုက်ရ၏

ထိုမည်းမည်းကောင်ကြီးထမင်းဟင်းအိုးများကိုလှန်လှော၍မနက်ထမင်းဘူးအတွက်ချက်ထားသောအမဲသားဟင်းများကိုအားပါးတရနှိုက်စားနေရာသူမကကြောက်ကြောက်လန့်လန့်ဖြင့်ချောင်းတစ်ချက်ဟန့်လိုက်၏

”အဟမ်း”’

သူမချောင်းဟန့်သံကြောင့်ဟင်းအိုးကိုနှိုက်စားနေသောမည်းမည်ကောင်ကြီးလက်ကဟင်းအိုးကရုတ်တရက်လွတ်ကျသွားတော့သည်။

”’ဂလွမ်း–‘လွမ်း—-လွမ်–”’

ထိုမည်းမည်းအကောင်ကြီးကအသံကြားရာသူမတို့လင်မယားအိပ်နေရာဆီသို့လှည့်ကြည့်လိုက်ရာရေနွေးပန်းကန်လုံးလောက်ရှိသောရဲရဲတောက်နေသောမျက်လုံးကြီးနှစ်လုံးကိုသာမြင်လိုက်ရသည်။

သူမလည်းကြောက်လွန်း၍ဘာဆက်လုပ်ရမှန်းမသိယောင်္ကျားဖြစ်သူကိုလှုတ်နှုိုးရအောင်ပင်မလှုတ်ရှားရဲအောင်ထိတ်လန့်တုန်လှုတ်နေ၏

ထိုအကောင်ကြီးကသူမတို့လင်မယားလှုတ်ရှားတာမတွေ့တော့မှောက်ကျသွားသောဟင်းများကိုအားပါးတရကောက်စားနေတာဘာကိုမှဂရုမစိုက်တော့

သူမမြင်နေရသောအရာသည်သူခိုးတော့မဖြစ်နိုင်သူမတိုိ့ု့မှာခိုးစရာအဖိုးတန်တာဘာပစ္စည်းမှမရှိအိမ်တံခါးကလည်းပိတ်ထားတာဆိုတော့လူမဖြစ်နိုင်တာသေချာပေသည်။

လူမဟုတ်လျှင်သရဲဖြစ်မည်ထင်တာကြောင့်မကြောက်စဖူးကြောက်စိတ်ကငယ်ထိတ်ရောက်နေ၏။

ဒီလောက်ဆူညံစွာဟင်းအိုးမှောက်ကျတာတောင်ယောက်င်္ကျားဖြစ်သူကမနိုးပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာသေနေသလားတောင်ထင်ရပေသည်။

သူမတစ်ယောက်ထဲအသံမထွက်ရဲမလှုပ်ရှားရဲဖြင့်ဇောချွေးတွေထွက်နေချိန်မှာပင်မည်းမည်းကောင်ကြီးလည်းပျောက်ကွယ်သွား၏။

မနက်မိုးလင်းတော့ယောက်င်္ကျားဖြစ်သူကိုပြောပြရာမယုံသည့်အတွက်ပြောင်နေသောဟင်းအိုးကိုပြလိုက်မှယုံသွားတော့သည်။

“”ဒီအတိုင်းဆိုဒီအိမ်မှာဆက်နေလို့ဖြစ်ပါ့မလား–တော်ကြာလူကိုဒုက္ခပေးမှခက်မယ်””

“”ပတ်ဝန်းကျင်အိမ်တွေကိုအိမ်ရာဇဝင်လေးမေးကြည့်ရင်ကောင်းမယ်ဒါမှအကျိုးအကြောင်းလေးသိရမှာ””

သူတို့လင်မယားတိုင်ပင်ပြီးနောက်အိမ်နီးနားချင်းအိမ်တစ်အိမ်အားသွားမေးဖြစ်မှဖြစ်ကြောင်းမှန်ကိုသိခွင့်ရလိုက်ပေသည်။

”’အဲဒီအိမ်မှာအရင်ကအိမ်စောင့်အရက်သမားတစ်ယောက်ရှိတယ်အိမ်ရှင်ရဲ့ညီလို့ပြောတာပဲအားတိုင်းအရက်သောက်နေတာတစ်နေ့တော့နေမကောင်းလို့ဆိုပြီးဆေးခန်းသွားပြတာဆေးခန်းကပြန်လာပြီးအိမ်ထဲမှာကြိုးဆွဲချသေသွားတာပဲဘာဖြစ်တယ်တော့သေချာမသိဘူး”’

”’အိမ်ရှင်တွေကအိမ်ရောင်းတာရောင်းမထွက်ဘူးအိမ်ဌားတွေလည်းသရဲခြောက်တယ်ဆိုပြီးကြာကြာမနေရဲပဲပြောင်းပြေးသွားကြတာပဲ””

”’အိမ်ရှေ့ကသရက်ပင်ကသရက်သီးသီးရင်တောင်သွားမခူးရဲကြဘူးသရဲကသရက်ပင်ပေါ်ကတွန်းတွန်းချလို့မသေတာကံကောင်းတာ”’

အဖြေကရှင်းနေပြီဒီအိမ်မှာပရလောကသားရှိနေတာလက်တွေ့ကြုံဘူးပြီဆိုတော့မိန်းမဖြစ်သူကဆက်မနေရဲယောက်င်္ကျားဖြစ်သူကတော့စျေးပေါ၍ဆက်နေချင်သေးသည်။

ဒီလိုနဲ့အလုပ်အားရက်အိမ်လိုက်ရှာလိုက်တာစိတ်တိုင်းမကျသေး၍ထိုအိမ်မှာပဲထိတ်လန့်စိတ်ဖြင့်နေကြရ၏။

အရင်လိုဟင်းတွေဘာတွေအိမ်မှာမချက်တော့စျေးပေါသည့်ဆိုင်ကဝယ်ကာစားကြပြီးသရဲနှင့်ကင်းနိုင်သမျှကင်းအောင်နေကြသည်။

ဒီလိုနဲ့သရက်သီးသီးချိန်ရောက်တော့သရက်သီးတွေတစ်ပင်လုံးသီးနေတာပြွတ်လို့ဘယ်သူမှလာမခူးရဲလို့လားမသိကြီးချင်တိုင်ကြီးနေပေသည်။

အလုပ်ပိတ်ရက်တစ်ရက်တွင်နော်အဲလားယောက်င်္ကျားကအကြံတစ်ခုရ၏သူအကြံအတိုင်းသရက်ပင်အောက်သွား၍

”’ဒီသရက်ပင်မှာရှိတဲ့ပရလောကသားရေဒီအပင်ကသရက်သီးတွေခူးပြီးစျေးမှာသွားရောင်းမလို့ကူညီပါငွေများများရရင်အမဲသားဟင်းချက်ကြွေးမယ်”’

သူကသရဲမမြင်ဘူးတောအကြောက်အလန့်မရှိ့ပြောပြောဆိုဆိုသရက်ပင်ပေါ်တက်ကာသရက်သီးတွေခူးလိုက်တာအများကြီးရသလိုသရဲကကူညီခူးပေးသလားထင်ရအောင်လွယ်လွယ်ကူကူအကုန်ခူးရ၏

အောက်ပြုတ်ကျသည့်သရက်သီးတောင်အပင်အောက်ကတောင်းထဲတန်းတန်းမတ်မတ်ကျသွားတာလူပစ်ချရင်တောင်ဒီလောက်လက်တည့်မည်မထင်ပေ။

သူလှမ်းယူလို့မရသည့်ကိုင်းမမှီသည့်သရက်ကိုင်းတွေကလည်းတစ်စုံတစ်ယောက်ကသူမှီအောင်ဆွဲပေးသလိုဖြစ်နေတာအံ့သြစရာကောင်းလှသည်။

အားလုံးခူးပြီးတော့ဆာလာအိတ်လေးလုံးစာလောက်ရသည့်အတွက်ဆိုက်ကားဌားကာလင်မယားနှစ်ယောက်စျေးမှာသွားရောင်းကြ၏

ဒါနဲ့စျေးမှာသွားရောင်းလိုက်တာအကုန်ကုန်သွား၏အရင်းမရှိအမြတ်ကြီးပဲဆိုတော့အလွန်တွက်ခြေကိုက်ကာငွေမျိူးမျိူးမြတ်မြတ်ရလိုက်သည့်အတွက်အားရဝမ်းသာအိမ်ပြန်လာတာအမဲသားဝယ်ဖို့မေ့သွားတော့သည်။

သူတို့လင်မယားလည်းပိုက်စံတွေရေရင်းကျေနပ်နေကာညစာအတွက်သရက်ပင်ကလက်ကျန်သရက်သီးခူးပြီးသုတ်ကာထမင်းနှင့်စားပြီးအိပ်လိုက်ကြ၏

နော်အဲလားယောက်ကျားအိပ်ပျော်ခါစတွင်ကြောက်စရာကောင်းသောအိမ်မက်မက်တော့၏

အိမ်မက်ထဲတွင်အမွှေးထူထူးနှင့်လူဝံလိုလိုမည်မည်းကောင်ကြီးကရေနွေးပန်းကန်လုံးရှိသည့်နီရဲသောမျက်လုံးကြီးပြူးကာသူ့ကိုသွားကြိတ်သံနှင့်ပြောလိုက်တယ်

”’ဟေ့ကောင်မင်းငါ့ကိုအမဲသားချက်ကျွေးမယ်ဆိုငါကသရက်သီးတွေကူခူးပေးတာမင်းမေ့သွားပြီလားမင်းကတိမတည်တဲ့အတွက်အကျိုးခံစားလိုက်ဦး”’

ထိုအိမ်မက်မက်ပြီးနောက်နေိာအဲလားယောက်င်္ကျားကမရပ်မနားဝမ်းရှောလိုက်တာလူလည်းမျော့မျော့သာကျန်တော့သည်။

မနက်မိုးလင်းတော့ဆရာဝန်ပြေးပင့်ရ၏ဆရာဝန်ဆေးထိုးပြီးချိန်မှာသူ့့မိန်မကိုအမဲသားတစ်ပိသာသွားဝယ်ခိုင်းကာအမြန်ချက်ခိုင်းပြီးသရက်ပင်ခြေရင်တွင်ချပေးလိုက်သည်။

သို့သော်ဝမ်းသွားတာမရပ်၍ဆေးရုံအမြန်တင်လိုက်ရ၏
သရက်သီးရောင်းရငွေလည်းတစ်ပြားမကျန်ကုန်သွားသလိုကံကောင်း၍အသက်မသေခဲ့ခြင်းဖြစ်သည်။

ထို့နောက်ဆေးရုံကဆင်းပြီးတာနဲ့ထိုအိမ်ကိုမပြန်ရဲတော့၍အိမ်ပြောင်ပြေးသွားပေတော့သည်။

တိမ်လွှာမိုး

အိမ္ေစာင့္ၿပိတၱာ
+°+°+°+°+°+°

ကတိအတိုင္းတင္ေပးလိုက္ပါတယ္အိမ္ထဲမွာေနရင္းဖတ္ပါ

ဒီစာမူကေတာ့ေရာင္ျပန္မဂၢဇင္းတိုက္ကျဖစ္ရပ္မွန္စာမူတစ္ပုဒ္ပါစာအုပ္တိုက္ကစာမူေတြပါလို႔စာအုပ္လာထုတ္ပါေျပာခ်ိန္မွာကိုယ္ကရွမ္းျပည္ေရာက္ေနလို႔သြားမထုတ္ျဖစ္ပါျပန္လာမွယူမယ္စိတ္ကူးထားေပမဲ့ကပ္ေရာဂါေၾကာင့္စာအုပ္တိုက္ပိတ္သြားလို႔ဘာစာအုပ္မွမရလိုက္သလိုစာမူဘယ္ႏွစ္ပုဒ္ပါမွန္းေတာင္မသိလိုက္ပါဘူး

ဒါကေတာ့ေရးၿပီးသားအဆင္သင့္ရွိေနလို႔ပါကိုယ့္ရဲ႕အမာခံေဘာ္ဒါေတြပိတ္ရက္မွာဖတ္ဖို႔ေစတနာထားၿပီးတင္ေပးလိုက္ပါတယ္

ဖတ္လို႔အဆင္ေျပရင္like &share လုပ္ဖို႔မေမ့ၾကနဲ႔ဦးနံမည္ေဖ်ာက္၍ခိုးမကူးပါႏွင့္
___+______+______

ေနာ္အဲလားတစ္ေယာက္အလုပ္ကအျပန္ညစာခ်က္စားရန္အမဲသားအနည္းငယ္ကိုေစ်းကဝင္ဝယ္လာကာအိမ္ကိုခပ္သုတ္သုတ္ျပန္လာ၏

အိမ္ေရာက္ေတာ့အေမွာင္ဘက္လုေနေသာအလင္းေရာင္ေလးအားကိုး၍အိမ္ေရွ႕ေရတိုင္ကီနားတြင္အမဲသားကိုင္ကာေဆးေၾကာ၍လက္က်န္ေရမ်ားကိုနေဘးမွာရွိေသာသရက္ပင္ေျခရင္းသို႔လွမ္းပက္လိုက္၏

ထိုအခ်ိန္မွာပဲအပင္ေပၚမွတရွဲရွဲမည္ကာေလမတိုက္ပဲသစ္႐ြက္မ်ားလႈပ္ခါသြားတာေၾကာင့္အေကာင္တစ္ေကာင္သစ္ပင္ေပၚေရာက္ေနသည္ထင္မိ၍သိပ္အေလးမထားမိပဲဟင္းခ်က္ရန္အိမ္ထဲဝင္ခဲ့သည္။

သူမကအမဲသားဟင္းခ်က္ရန္အတြက္ျပင္ဆင္လက္စသတ္ၿပီးခ်ိန္ေယာက်ၤားျဖစ္သူလည္းအလုပ္ကျပန္လာတာနဲ႔တိုးသြား၍

””မိန္းမေရဘာဟင္းခ်က္မလို႔လဲကြ””
“”ရွင္ႀကိဳက္တဲ့အမဲသားဝယ္လာတယ္အခုမွခ်က္ရမွာ””
“”ဟုတ္လားကိုယ္ပါကူလုပ္ေပးမွာေပါ့မီးေမႊးေပးမယ္””
“”ေကာင္းသားပဲကြၽန္မဟင္းျပင္လိုက္ဦးမယ္””

ေနာ္အဲလားတို႔လင္မယားကရန္ကုန္ၿမိဳ႕ကစက္႐ုံတစ္႐ုံစီတြင္အလုပ္လုပ္ၾက၍ေနာ္အဲလားကအလုပ္ၿပီးခ်ိန္ညေနေစာင္းမွအိမ္ျပန္လာရင္းလမ္းမွာေစ်းဝင္ကာဟင္းခ်က္စရာဝယ္ေနၾကျဖစ္သည္။

အိမ္ေရာက္မွညေနစာအတြက္ခ်က္ျပဳတ္၍မနက္ထမင္းခ်ိဴင့္အတြက္ပါတစ္ခါတည္းခ်က္ထားလိုက္သည္။သူမတို႔လင္မယားကကရင္လူမ်ိဴ းမ်ားျဖစ္ကာၿမိဳ႕သို႔တက္၍အလုပ္လာလုပ္ျခင္းျဖစ္သည္။

စက္႐ုံကေနစရာမေပး၍အိမ္ပြဲစားအကူအညီျဖင့္ၿမိဳ႕စြန္ကေခ်ာင္က်ေသာေနရာမွာေစ်းေပါေသာအိမ္ေလးတစ္လုံးဌားေနၾကၿပီးလစာကေလးစု၍နယ္တြင္လယ္ကြက္ကေလးဝယ္ႏိုင္ေအာင္ႀကိဳးစားေနၾကျခင္းျဖစ္သည္။

သူမတို႔ဌားေနေသာအိမ္ကေလးကၿခံစည္း႐ိုးမလုံေပ။လူမေနတာၾကာ၍အပ်က္အစီးမ်ားရွိေနေပမဲ့ေန၍ေတာ့ရေသးသည္။

အိမ္ကအျဖစ္သေဘာမ်ိဴးသာေဆာက္ထားတာျဖစ္ၿပီးဇရပ္သာသာေလာက္သာရွိ၏ ေဟာင္းေနေပမဲ့သူမတို႔အတြက္ေတာ့ေက်ာတစ္ခင္းစာ-ညအိပ္စရာရတာကိုပဲအဆင္ေျပလွသည္ထင္ေပသည္။

ပတ္ဝန္းက်င္တြင္လည္းအိမ္သိပ္မရွိလွေျမကြက္အလြတ္မ်ားသာမ်ားသည့္အတြက္ကိုယ့္အလုပ္ကိုယ္လုပ္ေန႐ုံသာရွိ၏။

လူေနစိတ္ေသာရပ္ကြက္ေတြလိုဆူဆူညံညံအသံဗလံေတြမၾကားရသလိုမ်က္စိေနာက္သက္သာသည္ဟုထင္၏။သူတို႔လင္မယားကလည္းေအးေအးေဆးေဆးေနခ်င္သူမ်ားျဖစ္၍အဆင္ေျပသည္။

သူတို႔လင္မယားကတစ္ေနကုန္အလုပ္သြားေနသူမ်ားျဖစ္၍အိမ္ေကာင္းတာမေကာင္းတာအေရးမႀကီးညအိပ္ခ်ိန္နားေအးပါေအးေနရဖို႔သာအဓိကျဖစ္သည္။

အိမ္ကအခန္းမဖြဲ႕ထားေပ။မီးဖိုေဆာင္ေတြေရခ်ိဴးခန္းေတြဘာေတြမရွိေဟာခန္းႀကီးျဖစ္သည္။ေရအိမ္ကအိမ္ေနာက္ေဖးေထာင့္တြင္ေဆာက္ထားၿပီးယိုင္ႏြဲ႕ေနေပၿပီ

အိမ္ေရွ႕တြင္သရက္ပင္ႀကီးတစ္ပင္ရွိ၍လူႏွစ္ေယာက္ဖက္စာေလာက္ရွိေပသည္။

ထိုအပင္ေအာက္နားတြင္ေရတုန္ကင္ရွိၿပီးေက်ာက္စည္တစ္လုံးခ်ထား၏
ေက်ာက္စည္ကေသး၍ေရသုံးရတာအဆင္မေျပေသာေၾကာင့္သူတို႔လင္မယားကေရတိုင္ကီအေဟာင္းကေလးတစ္လုံးဝယ္ကာသုံးရသည္။

ထိုေရတိုင္နားမွာပင္ေရခ်ိဴ းေရသုံးရ၏မီးဖိုေခ်ာင္ေရကျပင္မရွိေသာေၾကာင့္သရက္ပင္ေအာက္မွာပင္ေရခ်ိဴ း-ပန္းကန္ေဆး-အဝတ္ေလွ်ာ္-စည္ျဖင့္ဘက္စုံသုံးရ၏

ေနာ္အဲလားကဟင္းခ်က္စရာမ်ားကိုင္ၿပီးသည့္အခါတိုင္းအညႇီအေဟာက္ေရမ်ားကိုနေဘးရွိသရက္ပင္ေျခရင္းသို႔လွမ္းပက္ေလ့ရွိေပသည္။

ထိုသို႔လွမ္းပက္သည့္အခါတိုင္းသရက္ပင္ႀကီးကလႈပ္ရွားသြားသလိုလိုထင္ရေပမဲ့အမႈ႕မဲ့အမွတ္မဲ့ေနျဖစ္ၾကတယ္။

သူမတို႔လင္မယားကတစ္ေနကုန္အလုပ္လုပ္ၾကရသည္ဆိုေတာ့အဟာရျပည့္ဝေအာင္အသားငါးကိုေန႔တိုင္းလိုလိုခ်က္စားျဖစ္၏။

ေျပာင္းလာကာစကအေၾကာင္းမထူးေပမဲ့ႏွစ္လသုံးလေလာက္ၾကာသည့္အခါအေၾကာင္းထူးလာ၏။

သူမတို႔လင္မယားမနက္ထမင္းခ်ိဳင့္အတြက္ခ်က္ျပဳတ္ထားေသာဟင္းမ်ားအၿမဲလိုလိုေပ်ာက္လာတယ္။

ပထမေတာ့ေၾကာင္ဝင္စားတယ္ထင္ေပမဲ့ေနာက္ေတာ့မသကၤာျဖစ္လာ၏သူတို႔လင္မယားစိတ္ထဲသ႐ိုးသရီထင္လာၾက၏

သို႔ေသာ္သူတို႔လင္မယားကကရင္ခရစ္ယာန္ဘာသာကိုးကြယ္သူမ်ားဆိုေတာ့ဘယ္အရာမွသိပ္ၿပီးအယုံအၾကည္မရွိၾကပါသရဲတေစၦလည္းမျမင္ဘူးၾက

တစ္ညတြင္ေနာ္အဲလားအိပ္ေပ်ာ္ေနတုန္းသူမႏွာေခါင္းထဲညႇီစို႔စို႔အနံ႔ႀကီးတိုးဝင္လာ၍လန္႔ႏိုးသြား၏ထိုအခါညအိပ္မီးသီးမွိန္မွိန္ေလးအလင္းေရာင္ျဖင့္သူမေဘးမွမည္းမည္းအေကာင္ႀကီးတစ္ေကာင္ျဖတ္သြားကာထမင္းအိုးဟင္းအိုးမ်ားထားရာဘက္သို႔သြားတာျမင္လိုက္ရ၏

ထိုမည္းမည္းေကာင္ႀကီးထမင္းဟင္းအိုးမ်ားကိုလွန္ေလွာ၍မနက္ထမင္းဘူးအတြက္ခ်က္ထားေသာအမဲသားဟင္းမ်ားကိုအားပါးတရႏႈိက္စားေနရာသူမကေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္၏

”အဟမ္း”’

သူမေခ်ာင္းဟန္႔သံေၾကာင့္ဟင္းအိုးကိုႏႈိက္စားေနေသာမည္းမည္ေကာင္ႀကီးလက္ကဟင္းအိုးက႐ုတ္တရက္လြတ္က်သြားေတာ့သည္။

”’ဂလြမ္း–‘လြမ္း—-လြမ္–”’

ထိုမည္းမည္းအေကာင္ႀကီးကအသံၾကားရာသူမတို႔လင္မယားအိပ္ေနရာဆီသို႔လွည့္ၾကည့္လိုက္ရာေရေႏြးပန္းကန္လုံးေလာက္ရွိေသာရဲရဲေတာက္ေနေသာမ်က္လုံးႀကီးႏွစ္လုံးကိုသာျမင္လိုက္ရသည္။

သူမလည္းေၾကာက္လြန္း၍ဘာဆက္လုပ္ရမွန္းမသိေယာက်ၤားျဖစ္သူကိုလႈတ္ႏႈိုးရေအာင္ပင္မလႈတ္ရွားရဲေအာင္ထိတ္လန္႔တုန္လႈတ္ေန၏

ထိုအေကာင္ႀကီးကသူမတို႔လင္မယားလႈတ္ရွားတာမေတြ႕ေတာ့ေမွာက္က်သြားေသာဟင္းမ်ားကိုအားပါးတရေကာက္စားေနတာဘာကိုမွဂ႐ုမစိုက္ေတာ့

သူမျမင္ေနရေသာအရာသည္သူခိုးေတာ့မျဖစ္ႏိုင္သူမတိုိ႔ု႔မွာခိုးစရာအဖိုးတန္တာဘာပစၥည္းမွမရွိအိမ္တံခါးကလည္းပိတ္ထားတာဆိုေတာ့လူမျဖစ္ႏိုင္တာေသခ်ာေပသည္။

လူမဟုတ္လွ်င္သရဲျဖစ္မည္ထင္တာေၾကာင့္မေၾကာက္စဖူးေၾကာက္စိတ္ကငယ္ထိတ္ေရာက္ေန၏။

ဒီေလာက္ဆူညံစြာဟင္းအိုးေမွာက္က်တာေတာင္ေယာက္က်ၤားျဖစ္သူကမႏိုးပဲႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္မွာေသေနသလားေတာင္ထင္ရေပသည္။

သူမတစ္ေယာက္ထဲအသံမထြက္ရဲမလႈပ္ရွားရဲျဖင့္ေဇာေခြၽးေတြထြက္ေနခ်ိန္မွာပင္မည္းမည္းေကာင္ႀကီးလည္းေပ်ာက္ကြယ္သြား၏။

မနက္မိုးလင္းေတာ့ေယာက္က်ၤားျဖစ္သူကိုေျပာျပရာမယုံသည့္အတြက္ေျပာင္ေနေသာဟင္းအိုးကိုျပလိုက္မွယုံသြားေတာ့သည္။

“”ဒီအတိုင္းဆိုဒီအိမ္မွာဆက္ေနလို႔ျဖစ္ပါ့မလား–ေတာ္ၾကာလူကိုဒုကၡေပးမွခက္မယ္””

“”ပတ္ဝန္းက်င္အိမ္ေတြကိုအိမ္ရာဇဝင္ေလးေမးၾကည့္ရင္ေကာင္းမယ္ဒါမွအက်ိဳးအေၾကာင္းေလးသိရမွာ””

သူတို႔လင္မယားတိုင္ပင္ၿပီးေနာက္အိမ္နီးနားခ်င္းအိမ္တစ္အိမ္အားသြားေမးျဖစ္မွျဖစ္ေၾကာင္းမွန္ကိုသိခြင့္ရလိုက္ေပသည္။

”’အဲဒီအိမ္မွာအရင္ကအိမ္ေစာင့္အရက္သမားတစ္ေယာက္ရွိတယ္အိမ္ရွင္ရဲ႕ညီလို႔ေျပာတာပဲအားတိုင္းအရက္ေသာက္ေနတာတစ္ေန႔ေတာ့ေနမေကာင္းလို႔ဆိုၿပီးေဆးခန္းသြားျပတာေဆးခန္းကျပန္လာၿပီးအိမ္ထဲမွာႀကိဳးဆြဲခ်ေသသြားတာပဲဘာျဖစ္တယ္ေတာ့ေသခ်ာမသိဘူး”’

”’အိမ္ရွင္ေတြကအိမ္ေရာင္းတာေရာင္းမထြက္ဘူးအိမ္ဌားေတြလည္းသရဲေျခာက္တယ္ဆိုၿပီးၾကာၾကာမေနရဲပဲေျပာင္းေျပးသြားၾကတာပဲ””

”’အိမ္ေရွ႕ကသရက္ပင္ကသရက္သီးသီးရင္ေတာင္သြားမခူးရဲၾကဘူးသရဲကသရက္ပင္ေပၚကတြန္းတြန္းခ်လို႔မေသတာကံေကာင္းတာ”’

အေျဖကရွင္းေနၿပီဒီအိမ္မွာပရေလာကသားရွိေနတာလက္ေတြ႕ႀကဳံဘူးၿပီဆိုေတာ့မိန္းမျဖစ္သူကဆက္မေနရဲေယာက္က်ၤားျဖစ္သူကေတာ့ေစ်းေပါ၍ဆက္ေနခ်င္ေသးသည္။

ဒီလိုနဲ႔အလုပ္အားရက္အိမ္လိုက္ရွာလိုက္တာစိတ္တိုင္းမက်ေသး၍ထိုအိမ္မွာပဲထိတ္လန္႔စိတ္ျဖင့္ေနၾကရ၏။

အရင္လိုဟင္းေတြဘာေတြအိမ္မွာမခ်က္ေတာ့ေစ်းေပါသည့္ဆိုင္ကဝယ္ကာစားၾကၿပီးသရဲႏွင့္ကင္းႏိုင္သမွ်ကင္းေအာင္ေနၾကသည္။

ဒီလိုနဲ႔သရက္သီးသီးခ်ိန္ေရာက္ေတာ့သရက္သီးေတြတစ္ပင္လုံးသီးေနတာႁပြတ္လို႔ဘယ္သူမွလာမခူးရဲလို႔လားမသိႀကီးခ်င္တိုင္ႀကီးေနေပသည္။

အလုပ္ပိတ္ရက္တစ္ရက္တြင္ေနာ္အဲလားေယာက္က်ၤားကအႀကံတစ္ခုရ၏သူအႀကံအတိုင္းသရက္ပင္ေအာက္သြား၍

”’ဒီသရက္ပင္မွာရွိတဲ့ပရေလာကသားေရဒီအပင္ကသရက္သီးေတြခူးၿပီးေစ်းမွာသြားေရာင္းမလို႔ကူညီပါေငြမ်ားမ်ားရရင္အမဲသားဟင္းခ်က္ေႂကြးမယ္”’

သူကသရဲမျမင္ဘူးေတာအေၾကာက္အလန္႔မရွိ႕ေျပာေျပာဆိုဆိုသရက္ပင္ေပၚတက္ကာသရက္သီးေတြခူးလိုက္တာအမ်ားႀကီးရသလိုသရဲကကူညီခူးေပးသလားထင္ရေအာင္လြယ္လြယ္ကူကူအကုန္ခူးရ၏

ေအာက္ျပဳတ္က်သည့္သရက္သီးေတာင္အပင္ေအာက္ကေတာင္းထဲတန္းတန္းမတ္မတ္က်သြားတာလူပစ္ခ်ရင္ေတာင္ဒီေလာက္လက္တည့္မည္မထင္ေပ။

သူလွမ္းယူလို႔မရသည့္ကိုင္းမမွီသည့္သရက္ကိုင္းေတြကလည္းတစ္စုံတစ္ေယာက္ကသူမွီေအာင္ဆြဲေပးသလိုျဖစ္ေနတာအံ့ၾသစရာေကာင္းလွသည္။

အားလုံးခူးၿပီးေတာ့ဆာလာအိတ္ေလးလုံးစာေလာက္ရသည့္အတြက္ဆိုက္ကားဌားကာလင္မယားႏွစ္ေယာက္ေစ်းမွာသြားေရာင္းၾက၏

ဒါနဲ႔ေစ်းမွာသြားေရာင္းလိုက္တာအကုန္ကုန္သြား၏အရင္းမရွိအျမတ္ႀကီးပဲဆိုေတာ့အလြန္တြက္ေျခကိုက္ကာေငြမ်ိဴးမ်ိဴးျမတ္ျမတ္ရလိုက္သည့္အတြက္အားရဝမ္းသာအိမ္ျပန္လာတာအမဲသားဝယ္ဖို႔ေမ့သြားေတာ့သည္။

သူတို႔လင္မယားလည္းပိုက္စံေတြေရရင္းေက်နပ္ေနကာညစာအတြက္သရက္ပင္ကလက္က်န္သရက္သီးခူးၿပီးသုတ္ကာထမင္းႏွင့္စားၿပီးအိပ္လိုက္ၾက၏

ေနာ္အဲလားေယာက္က်ားအိပ္ေပ်ာ္ခါစတြင္ေၾကာက္စရာေကာင္းေသာအိမ္မက္မက္ေတာ့၏

အိမ္မက္ထဲတြင္အေမႊးထူထူးႏွင့္လူဝံလိုလိုမည္မည္းေကာင္ႀကီးကေရေႏြးပန္းကန္လုံးရွိသည့္နီရဲေသာမ်က္လုံးႀကီးျပဴးကာသူ႔ကိုသြားႀကိတ္သံႏွင့္ေျပာလိုက္တယ္

”’ေဟ့ေကာင္မင္းငါ့ကိုအမဲသားခ်က္ေကြၽးမယ္ဆိုငါကသရက္သီးေတြကူခူးေပးတာမင္းေမ့သြားၿပီလားမင္းကတိမတည္တဲ့အတြက္အက်ိဳးခံစားလိုက္ဦး”’

ထိုအိမ္မက္မက္ၿပီးေနာက္ေနိာအဲလားေယာက္က်ၤားကမရပ္မနားဝမ္းေရွာလိုက္တာလူလည္းေမ်ာ့ေမ်ာ့သာက်န္ေတာ့သည္။

မနက္မိုးလင္းေတာ့ဆရာဝန္ေျပးပင့္ရ၏ဆရာဝန္ေဆးထိုးၿပီးခ်ိန္မွာသူ႔့မိန္မကိုအမဲသားတစ္ပိသာသြားဝယ္ခိုင္းကာအျမန္ခ်က္ခိုင္းၿပီးသရက္ပင္ေျခရင္တြင္ခ်ေပးလိုက္သည္။

သို႔ေသာ္ဝမ္းသြားတာမရပ္၍ေဆး႐ုံအျမန္တင္လိုက္ရ၏
သရက္သီးေရာင္းရေငြလည္းတစ္ျပားမက်န္ကုန္သြားသလိုကံေကာင္း၍အသက္မေသခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ေဆး႐ုံကဆင္းၿပီးတာနဲ႔ထိုအိမ္ကိုမျပန္ရဲေတာ့၍အိမ္ေျပာင္ေျပးသြားေပေတာ့သည္။

တိမ္လႊာမိုး