“မရွှေအထက်တန်းစား”(စ/ဆုံး)

Unicode Version

“မရွှေအထက်တန်းစား”(စ/ဆုံး)
—————————————
”””ဟဲ့ငါ့ကားပေါ်ကိုဘယ်ကလေကဝတွေကအမှိုက်လာဖွထားတာလဲအောက်တန်းစားတွေလူလိုနားမလည်ဘူးလားပညာမတတ်အသိဥဏ်မရှိတဲ့ဟာတွေကားတန်ဖိုးကောသိကြရဲ့လား””

””ဘယ်လိုအဆင့်အတန်းမရှိတဲ့ဟာတွေလဲမသိ–အဆင့်မတူလိုဖက်မဖြစ်တာကိုကြောက်တယ်ထင်ပြီးလူပါးဝလာရင်တော့ခခကဘာကောင်မလဲဆိုတာသိသွားမယ်အလကားအခြေအမြစ်မရှိအသိုင်းအဝိုင်းမရှိတဲ့ဟာတွေ””’

မနက်စောစောစီးစီးခခတစ်ယောက်သူမနေထိုင်ရာတိုက်ခန်းတွဲအောက်တွင်ရပ်ထားသောသူမကားပေါ်အမှိုက်များလာပစ်သွားတာကိုမကျေမနပ်ပြောဆိုနေခြင်းဖြစ်သည်။

ခခအသံကြောင့်ပတ်ဝန်းကျင်တိုက်ခန်းများမှလူများကမသိမသာထွက်ကြည့်ကာနှာခေါင်းရှုံ့နေကြ၏

တကယ်ဆိုအလွန်မောက်မာဘဝင်မြင့်သောခခအားပတ်ဝန်းကျင်ကသိပ်ကြည့်မရအကြွားအဝါသန်ကာသူတစ်ပါးကိုအထင်သေးတတ်သောခခကိုအပေါင်းအသင်းမလုပ်ကြပါ

”’ဟဲ့—မောင်ညိုကားမြန်မြန်သန့်ရှင်းငါကအစည်းအဝေးတက်ရအုံးမယ်ကလေးတွေလည်းကျောင်းပို့ရမယ်အချိန်ကငါ့အတွက်တန်ဖိုးရှိတယ်သူများတွေလိုအချိန်တွေအားနေတာမဟုတ်ဘူး””’

ခခကသူမကားဒရိုင်ဘာကိုပြောသလိုလိုနှင့်ပတ်ဝန်းကျင်ကိုစောင်းသလိုလိုချိတ်သလိုလိုမလွတ်မလပ်ပြောလိုက်သေးသည်။

ခခကားထွက်သွားသည်နှငိ့တိုက်ခန်းတွင်းကလူများတစ်ယောက်တစ်ပေါက်ပြောကျန်ခဲ့၏

””ဒီမိန်းမကအောက်ခြေလွတ်နေတဲ့မိန်းမသူတစ်ယောက်ထဲကားစီးနိုင်တာကျနေတာပဲ””

””စိန်နားကပ်အရောင်နဲ့ပါးပြောင်နေတဲ့မိန်းမ””

””ကန်ထရိုက်တိုက်မှာနေရလို့ပဲမျိူ းရိုးလိုက်ပြီးချမ်းသာလာတဲ့သူတွေလိုဝင်တာမီယာမှာများနေရင်ခြေထောက်ကမြေကြီးထိမယ်မထင်””’

””တစ်ပဲခြောက်ပြားလောက်ရှိလို့ပဲတော်တော့တယ်ထားစရာမရှိအောင်ချမ်းသာနေရင်များလူတွေကိုလူတောင်ထင်မှာမဟုတ်ဘူးမပြည့်တဲ့အိုးဘောင်ဘင်ခေတ်တဲ့အမျိူ း””’

အမှန်တော့ခခသည်ချမ်းသာသောမိဘများကပေါက်ဖွားလာသူမဟုတ်ဖခင်အစိုးရဝန်ထမ်းဘဝဖြင့်ရထားသည့်ပျဉ်ထောင်လိုင်းခန်းကလေးတွင်နေကာဘဝကိုကျပ်တည်းစွာဖြတ်သန်းလာခဲ့ရပေသည်။

မိသားစုများ၍ကျောင်စရိတ်ကိုအတတ်နိုင်ဆုံးကြိုးစားရှာရင်းမိဘများကပခုံးနှင့်ထမ်းတင်ပေး၍ဘွဲ့တစ်ခုရလာခဲ့ကာအစိုးရရုံးတစ်ရုံးတွင်အလုပ်ဝင်ခွင့်ရခဲ့သူဖြစ်သည်။

ကံကောင်းချင်တော့သူမအဖေကိုလာကန်တော့သောတပည့်ဗိုလ်မှုူး းတစ်ယောက်ကတစ်အိမ်လုံးတွင်ရုပ်အသန့်ဆုံးဖြစ်သောသူမကိုတေ့ွ၍လက်ထပ်ယူလိုက်သည်။

ဒီမှာတင်သူမဘဝသည်အပြောင်လဲကြီးပြောင်းလဲ၍သွားကာထိုခေတ်ထိုအခါကသူမယောင်္ကျားသည်ကောင်းစားနေသောခေတ်ဖြစ်သဖြင့်သူမ-မနေဘူး-မစားဘူး-မကိုင်ဘူးတာတွေရလာတော့ဇီးသီးသည်မဗျိူ င်းလိုဘဝမေ့သွားသည်။

””’ဟဲ့မိသင်းငါဒီလိုအပေါစားတွေမစားဘူးဆိုတာနင်မသိဘူးလား—ယူသွားနင့်ဘာသာစား””’

”’ငါ့အကျီၤတွေကအကောင်းစားတွေနေပူထဲမလှမ်းရဘူးဆိုတာနားမလည်းဘူးလား””’

”” ခက်တာပဲမိသင်းရယ်ညီးကိုအောက်တန်းစားတွေနဲ့မပေါင်းပါနဲ့ပြောထားတာနားမပါဘူးလား—တစ်လုံးချိူင့်တွေအတင်းအိမ်ပေါ်သယ်မလာနဲ့””’

””ဟဲ့မိသင်းရယ်အလျှူ လာဖိတ်တာငါတို့မရှိဘူးပြောလိုက်ပါလားငါ့အဆင့်နဲ့ဒီအလျှူလောက်ကိုသွားစရာလားဒီအဆင်နဲ့ဒီအဆင်တူသလားတန်သလားသွားစရာလား”””

သူမအိမ်ဖော်မိသင်းအားဆူသည့်အသံများကိုဘေးခန်းများကမကြားချင်ပဲကြားနေကာကိုယ့်ထမင်းကိုယ်စားပေမဲ့အမြင်တွေကတ်နေကြသည်။

””ဟဲ့သားကြီးနဲ့သားငယ်ကိုယ်နဲ့အဆင့်အတန်းမတူသူတွေနဲ့မဆော့ရဘူးလို့မေမေမှာထားတယ်မဟုတ်လား””

”””လမ်းဘေးကအပေါစားမုန့်တွေဝယ်မစားရဘူးနော်ရောဂါကူးမယ်ဝယ်စားတာမေမေတွေ့ရင်ရိုက်မယ်နော်””’

ထိုကဲ့သို့သူသားနှစ်ယောက်အားဆုံမသံကြောင့်သူမသားနှစ်ယောက်နှင့်ပတ်ဝန်းကျင်ကကလေးမိဘများကလည်းမပေါင်းခိုင်းကြပေ

””ဟဲ့အထက်တန်းစားမသားတွေနဲ့သွားမပေါင်းနဲ့နော်တော်ကြာဘဝင်ရောဂါကူးလားမယ်””’

ခခကအရပ်ထဲမှာတင်နံမည်ကြီးသည်မဟုတ်ရုံးမှာလည်းအပေါ်ဖားအောက်ဖိဖြစ်၍လူမုန်းများ၏ဒါကိုသူမကတစ်နေ့တစ်မျိူ းဝတ်စားကာရုံးတက်နိုင်သောသူမကိုလူတွေကမနာလိုလ့ိုဟုထင်သည်။

””လူတွေများခက်တာပဲအေသူများချမ်းသာတာဝတ်နိုင်စားနိုင်တာကိုမနာလိုဖြစ်နေကြတာမျက်လုံးကြီးပြူးးကြည့်နေကြတာအသိသာကြီး””’

””’လှလို့ကြည့်တာနေမှာပေါ့မမရယ်—မမကရုံးမှာဝတ်စားနိုင်ဆုံးမဟုတ်လား”””

သူမလက်အောက်ကစာရေးမလေးစကားကြောင့်သူမသွေးနထင်ရောက်သွားသည်သူမကိုယ်သူမလူချမ်းသာစာရင်းထဲသွင်းထား၏တစ်ကယ်တော့သူမကနွားခြေရာခွက်ကိုသမုဒ္ဒရာဟုထင်နေသူပင်ဖြစ်သည်။

””’ဟဲ့ကြည်ကြည်ငါခိုင်းထားတဲ့စာရင်းတွေမပြီးသေးဘူးလားညီကလဲအလုပ်လုပ်တာနှေးလိုက်တာဒါကြောင့်လင်မရပဲအပျိူ ကြီးဖြစ်နေတာအူတူတူအတတနဲ့”””

သူမလင်ရတာပဲကံကောင်းတယ်ထင်ပြီးကြက်ကန်းဆန်အိုးတိုးကာလင်ရ၍သူ့မလင်ကိုသမ္မတကြီးအဆင့်လောက်ထင်နေကာ

မိမိကိုယ်မိမိအထင်ကြီးလေသံဖြင့်လင်မရတဲ့သူကပဲသူ့လောက်လူတောမတိုးသလိုလိုလူရာမဝင်သလိုလိုပြောတတ်သေး

ကြည်ကြည်ဆိုသောအမျိူးသမီးသည်သူမနှင့်သက်တူရွယ်တူရာထူးတူဖြစ်ပေမဲ့အဖားကောင်း၍ရာထူးတက်သွားသောသူမလက်အောက်ဝန်းထမ်းဖြစ်ကာဆင်ရဲသဖြင့်သူမကနှိမ်ချဆက်ဆံမြဲပိုက်စံရှိသည့်အရာရှိမများကိုတော့

””အိုမမရယ်လှလိုက်မမဝတ်ထားတဲ့စိန်တွေကလှနေတာပဲခခလည်းစိန်စုနေတာမမရဲ့စိန်ကမှပွဲတိုးတာမမကတော့အချိန်ပြည့်လှနေတာပဲ””

ထိုသို့ဆက်ဆံရေးပြောင်းကာဖားတတ်ပြန်သည့်အတွက်ပုံစံမျိူ းစုံပြောင်းကာဝင်ကစွပ်လိုမိန်းမမျိူ းဖြစ်သည်။

တစ်နေ့တစ်နေ့ခခအလုပ်ကကြွားဝါဝတ်စားဖို့နှင့်လင်ကိုပြုစုသားတွေပျိူ းထောင်နေရသဖြင့်ဘုရားရှိခိုးဖို့သတိမရအလျှူ အတန်းလုပ်ဖို့စိတ်မဝင်စားအထက်လူကြီးများအားဖား၍လက်ဆောင်ပေးတာကလွဲလို့ပေးကမ်းမှု့မရှိစေတနာမကောင်း

သို့ပေမဲ့ကြွားချင်လွန်း၍သူမအသုံးမလိုတော့သည့်ပစ္စည်းများကိုတော့ရုံးကိုသယ်လာကာသူမအောက်ကဝန်ထမ်းကလေးများအား

””နင်တို့ကြိုက်တဲ့ပစ္စည်းယူကြဒါတွေအကုန်လုံးအကောင်းစားဘရန်းတွေကြီးပဲငါကအပေါစားဆိုလက်ယားလို့မသုံးတာနင်တို့အသိပဲလေအဟောင်းဆိုပေမဲ့နင်တို့အတွက်တော့အကောင်းတွေပေါ့””’

””ငါ့အတွက်ကတော့ပိုက်စံသိန်းတစ်ရာလောက်ကဟိုကြားဒီကြားတောင်မညှပ်ဘူး–အဆင့်အတန်းမြင့်မြင့်နေမှအဆင့်အတန်းမြင့်မှာ””

ခခစကားကြောင့်သူမလက်အောက်ငယ်သားများကအောင့်သက်သက်ဖြစ်သွားပေမဲ့သူမနှင့်တည်အောင်ပေါင်းမှအဆင်ပြေမည်မတည့်ပါကအထက်လူကြီးများဂုန်းတိုက်တတ်သည့်သူမ၏မကောင်းသည့်အကျင့်ကြောင့်မယူချင်ပေမဲ့လက်ခံယူထားလိုက်ကြ၏

လ့ူဘဝသည်အလှည့်အပြောင်းအတက်အကျများဖြင့်မာယာကြွယ်ကာလှည့်စားတတ်သည့်သဘောကိုခခကအဟုတ်ကြီးထင်ကာဘဝမေ့နေတုန်း

တစ်နေ့တွင်ခခယောင်္ကျားနှင့်နေပြည်တော်သို့အလုပ်ကိစ္စဖြင့်သွားရင်းခခကကောင်းမောင်တတ်ခါစဆိုတော့အရမ်းမောင်းချင်၍ကားကိုမောင်းသွားကာအမြန်လမ်းတွင်ကားမှောက်၍ခခတစ်ယောက်ပွဲချင်းပြီးဆုံးသွားသည်။

သူမယောင်္ကျားကတော့ခြေထောက်ကျိူ းသွား၏ဘဝမှာကောင်းတာဘာမှမလုပ်ခဲ့သောခခအတွက်ရလဒ်ကမကျွတ်မလွတ်သည့်ဘဝရောက်ကာသူမတို့တိုက်လှေကားကိုအပိုင်းစားယူထား၏

သူမသေပြီးနောက်ညဘက်များတွင်လှေကားမှဆင်းလိုက်တက်လိုက်အသံများကြားနေရကာလှေကားပေါ်မှတစ်ခုခုပြုတ်ကျသံလိုလိုလူတစ်ယောက်ချော်လဲသံလိုလိုကြားမိ၍ထကြည့်ကြပေမဲ့ဘာမှမတွေ့ရ၍နောက်တော့ရိုးသွားလေသည်။

နောက်ဆုံးတော့သူမရဲ့အကောင်းစားပစ္စည်းတွေဘာမှပါမသွားဘယ်လောက်ပဲအကောင်းစားတွေသုံးသုံးစိတ်ဓတ်မကောင်းပါကနောက်ဆုံသွားရမဲ့လမ်းသည်မကောင်းနိုင်ပါ

သူမတိုတိုက်ခန်းတွဲမှာနေသောလူများကိုလှေကားအတက်အဆင်းတွင်ကိုယ်ယောင်ပြလိုက်ခြောက်လိုက်ဖြင့်သောင်းကျန်းနေ၏

လမ်းထဲရှိခွေးများကလည်းသူမတိုက်လှေကားကိုကြည့်ရင်းအူလိုက်သည်မှာထိတ်လန့်ဖွယ်ကောင်းနေပြန်သည်။

ခခမကျွတ်တာအားလုံးကရိပ်မိပေမဲ့အမြင်ကတ်ပုဒ်မကြောင့်အမျှဝေရန်သတိမရကြပေ

တစ်နေ့တွင်သူမတို့အခန်းရှေ့မှလင်မယားသည်အပြင်ကပြန်လာရာလှေကားနားရောက်တော့ပုပ်စော်ကြီးနံ၍လာသဖြင့်လှေကားပေါ်ကမန်းကတန်းတက်ကြရင်း

””ယောင်္ကျားမြန်မြန်တက်ပါဟိုအထက်တန်းစားမကြီးသရဲခြောက်တာနဲ့တိုးနေပါအုံးမယ်””’

””အေးလေမသေခင်တုန်းကတော့တစ်တိုက်လုံးသူနဲ့တူတယ်တန်တယ်မရှိဘူးသေမှတိုက်ကလူတွေကိုအရေးလုပ်ပြီးလာခြောက်နေတယ်အဆန်းကြီးလှေကားအပိုင်စားရအောင်လဒ်ထိုးထားသလားထင်ရတယ်””

ထိုလင်မယားကမကျေမနပ်ပြောနေတုန်းရှိသေး

””တောက်””

သူတို့နောက်မှတောက်ခေါက်သံကြီးကြားရကာခြေသံပျင်းပျင်းနှင့်နောက်ကလူတစ်ယောက်တက်လာသံကြား၍လှည့်ကြည့်တော့ဘာမှမတွေ့ရပဲကြက်သီးများတဖြန်းဖြန်းထလျှက်ရှိနေသည်။

ဒါနဲ့အခန်းထဲအမြန်ဝင်ကာတံခါးပိတ်လိုက်သည်နှင့်အခန်းရှေ့မှာချထားသောဖိနပ်စင်အားပိတ်ကန်လိုက်သည့်အသံလိုမျိူ းကြားလိုက်ရကာဖိနပ်များအောက်ပြုတ်ကျသံကြားသဖြင့်တံခါးဖွင့်ကြည့်လိုက်ရာဖိနပ်စင်ကအကောင်းအတိုင်းရှိနေသဖြင့်သရဲခြောက်မှန်းသိလိုက်၏

လူဆိုတာအသက်ရှိစဉ်တုန်းဘယ်လောက်ပင်တန်ဖိုးကြီးပြီးအကောင်းစားရေမွှေးတွေဆွတ်နေပေမဲ့သေတဲ့အခါကုသိုလ်အကုသိုလ်အနံ့ကိုတော့ဖုံးဖိ၍မရပဲကွားပြားစွာပေါ်လာတတ်စမြဲ

မနက်မိုးလင်းခါစပဲပြုတ်လာရောင်းသောမိန်းမကတော့တိုက်လှေကားရင်းတွင်မရွှေအထက်တန်းစားကိုမကြာခဏမြင်သတဲ့

အဝတ်လိုက်လျှော်အိမ်သန့်ရှင်းရေးလိုက်လုပ်သောဒေါ်ကုလားမကလည်းမရွှေအထက်တန်းစားကိုသူ့အခန်းဝတွင်မားမားကြီးရပ်နေတာမြင်ရသည်ဟုဖောက်သည်ချသဖြင့်

ခခယောင်္ကျားသည်အိမ်တံခါးပိတ်ကာသူ၏မိဘများနှင့်အတူသွားနေလေသည်။

သူမတိုက်ရှေ့ကတိုက်ကတောသူမတိုက်ခန်းမီးသည်လူမရှိပဲညသန်ခေါင်လောက်တွင်လင်းနေကာလူရိပ်ကိုလည်းမြင်နေရသည်ဆို၏

သူမအိမ်အားအိမ်ဌားတင်ပေမဲ့အိမ်ဌားတိုင်းကြာကြာမနေရဲလမပြည့်ပဲပြောင်းပြေးသွားကြတာကြောင့်နံမည်ကြီးလျှက်ရှိကာဘယ်သူမှမနေရဲပေ

လူ့ဘဝဆိုတာကံဇတ်ဆရာအလိုကျကပြအသုံးတော်ခံဖို့ရောက်လာတဲ့ရုပ်သေးရုပ်များဖြစ်သည့်အတွက်မနက်ဖန်ဆိုတာမသေချာလက်ရှိမှာကောင်းတာတွေပဲတွေးပါကောင်းတာပဲလုပ်ပါဘယ်သူကောင်းကောင်းမကောင်းကောင်းမိမိကောင်းနေဖို့ပဲလိုတာပါ

ပိုက်ဆံရှိသူအဆင့်ရှိသူနှင့်ပေါင်းပြီးကိုယ့်ကိုယ်ကိုအကောင်းစားဆင်တိုင်းတစ်ဘဝလုံးကောင်းမည်မထင်ပါသံသရာကောင်းဖို့လိုပေသေးသည်။

အော်မေ့လိုစာဖတ်သူများလည်းရန်ကုန်မြို့ကမရွှေအထက်စားအိမ်ကိုသွားဌားမိမှာစိုးလို့သတိပေးရအုံးမယ်သူမတိုက်ရှေ့မှာကွမ်းယာဆိုင်တစ်ဆိုင်ရှိတယ်ဆိုပဲ

ပြီး

D Moe Moe

Zawgyi Version

“မေရႊအထက္တန္းစား”(စ/ဆံုး)
—————————————
”””ဟဲ႔ငါ့ကားေပၚကိုဘယ္ကေလကဝေတြကအမႈိက္လာဖြထားတာလဲေအာက္တန္းစားေတြလူလိုနားမလည္ဘူးလားပညာမတတ္အသိဥဏ္မရွိတဲ႔ဟာေတြကားတန္ဖိုးေကာသိႀကရဲ႔လား””

””ဘယ္လိုအဆင့္အတန္းမရွိတဲ႔ဟာေတြလဲမသိ–အဆင့္မတူလိုဖက္မျဖစ္တာကိုေႀကာက္တယ္ထင္ျပီးလူပါးဝလာရင္ေတာ့ခခကဘာေကာင္မလဲဆိုတာသိသြားမယ္အလကားအေျခအျမစ္မရွိအသိုင္းအဝိုင္းမရွိတဲ႔ဟာေတြ””’

မနက္ေစာေစာစီးစီးခခတစ္ေယာက္သူမေနထိုင္ရာတိုက္ခန္းတြဲေအာက္တြင္ရပ္ထားေသာသူမကားေပၚအမႈိက္မ်ားလာပစ္သြားတာကိုမေက်မနပ္ေျပာဆိုေနျခင္းျဖစ္သည္။

ခခအသံေႀကာင့္ပတ္ဝန္းက်င္တိုက္ခန္းမ်ားမွလူမ်ားကမသိမသာထြက္ႀကည့္ကာႏွာေခါင္းရႈံ႕ေနႀက၏

တကယ္ဆိုအလြန္ေမာက္မာဘဝင္ျမင့္ေသာခခအားပတ္ဝန္းက်င္ကသိပ္ႀကည့္မရအႀကြားအဝါသန္ကာသူတစ္ပါးကိုအထင္ေသးတတ္ေသာခခကိုအေပါင္းအသင္းမလုပ္ႀကပါ

”’ဟဲ႔—ေမာင္ညိုကားျမန္ျမန္သန့္ရွင္းငါကအစည္းအေဝးတက္ရအံုးမယ္ကေလးေတြလည္းေက်ာင္းပို့ရမယ္အခ်ိန္ကငါ့အတြက္တန္ဖိုးရွိတယ္သူမ်ားေတြလိုအခ်ိန္ေတြအားေနတာမဟုတ္ဘူး””’

ခခကသူမကားဒရုိင္ဘာကိုေျပာသလိုလိုႏွင့္ပတ္ဝန္းက်င္ကိုေစာင္းသလိုလိုခ်ိတ္သလိုလိုမလြတ္မလပ္ေျပာလိုက္ေသးသည္။

ခခကားထြက္သြားသည္ႏွငိ့တိုက္ခန္းတြင္းကလူမ်ားတစ္ေယာက္တစ္ေပါက္ေျပာက်န္ခဲ႔၏

””ဒီမိန္းမကေအာက္ေျခလြတ္ေနတဲ႔မိန္းမသူတစ္ေယာက္ထဲကားစီးႏုိင္တာက်ေနတာပဲ””

””စိန္နားကပ္အေရာင္နဲ႔ပါးေျပာင္ေနတဲ႔မိန္းမ””

””ကန္ထရုိက္တိုက္မွာေနရလို့ပဲမ်ိဴ းရုိးလိုက္ျပီးခ်မ္းသာလာတဲ႔သူေတြလိုဝင္တာမီယာမွာမ်ားေနရင္ေျခေထာက္ကေျမႀကီးထိမယ္မထင္””’

””တစ္ပဲေျခာက္ျပားေလာက္ရွိလို့ပဲေတာ္ေတာ့တယ္ထားစရာမရွိေအာင္ခ်မ္းသာေနရင္မ်ားလူေတြကိုလူေတာင္ထင္မွာမဟုတ္ဘူးမျပည့္တဲ႔အိုးေဘာင္ဘင္ေခတ္တဲ႔အမ်ိဴ း””’

အမွန္ေတာ့ခခသည္ခ်မ္းသာေသာမိဘမ်ားကေပါက္ဖြားလာသူမဟုတ္ဖခင္အစိုးရဝန္ထမ္းဘဝျဖင့္ရထားသည့္ပ်ဥ္ေထာင္လိုင္းခန္းကေလးတြင္ေနကာဘဝကိုက်ပ္တည္းစြာျဖတ္သန္းလာခဲ႔ရေပသည္။

မိသားစုမ်ား၍ေက်ာင္စရိတ္ကိုအတတ္ႏုိင္ဆံုးႀကိဳးစားရွာရင္းမိဘမ်ားကပခံုးႏွင့္ထမ္းတင္ေပး၍ဘြဲ႔တစ္ခုရလာခဲ႔ကာအစိုးရရုံးတစ္ရုံးတြင္အလုပ္ဝင္ခြင့္ရခဲ႔သူျဖစ္သည္။

ကံေကာင္းခ်င္ေတာ့သူမအေဖကိုလာကန္ေတာ့ေသာတပည့္ဗိုလ္မႈဴး းတစ္ေယာက္ကတစ္အိမ္လံုးတြင္ရုပ္အသန့္ဆံုးျဖစ္ေသာသူမကိုေတ့ြ၍လက္ထပ္ယူလိုက္သည္။

ဒီမွာတင္သူမဘဝသည္အေျပာင္လဲႀကီးေျပာင္းလဲ၍သြားကာထိုေခတ္ထိုအခါကသူမေယာက်ၤားသည္ေကာင္းစားေနေသာေခတ္ျဖစ္သျဖင့္သူမ-မေနဘူး-မစားဘူး-မကိုင္ဘူးတာေတြရလာေတာ့ဇီးသီးသည္မဗ်ိဴ င္းလိုဘဝေမ့သြားသည္။

””’ဟဲ႔မိသင္းငါဒီလိုအေပါစားေတြမစားဘူးဆိုတာနင္မသိဘူးလား—ယူသြားနင့္ဘာသာစား””’

”’ငါ့အက်ီၤေတြကအေကာင္းစားေတြေနပူထဲမလွမ္းရဘူးဆိုတာနားမလည္းဘူးလား””’

”” ခက္တာပဲမိသင္းရယ္ညီးကိုေအာက္တန္းစားေတြနဲ႔မေပါင္းပါနဲ႔ေျပာထားတာနားမပါဘူးလား—တစ္လံုးခ်ိဴင့္ေတြအတင္းအိမ္ေပၚသယ္မလာနဲ႔””’

””ဟဲ႔မိသင္းရယ္အလ်ွဴ လာဖိတ္တာငါတို့မရွိဘူးေျပာလိုက္ပါလားငါ့အဆင့္နဲ႔ဒီအလ်ွဴေလာက္ကိုသြားစရာလားဒီအဆင္နဲ႔ဒီအဆင္တူသလားတန္သလားသြားစရာလား”””

သူမအိမ္ေဖာ္မိသင္းအားဆူသည့္အသံမ်ားကိုေဘးခန္းမ်ားကမႀကားခ်င္ပဲႀကားေနကာကိုယ့္ထမင္းကိုယ္စားေပမဲ႔အျမင္ေတြကတ္ေနႀကသည္။

””ဟဲ႔သားႀကီးနဲ႔သားငယ္ကိုယ္နဲ႔အဆင့္အတန္းမတူသူေတြနဲ႔မေဆာ့ရဘူးလို့ေမေမမွာထားတယ္မဟုတ္လား””

”””လမ္းေဘးကအေပါစားမုန့္ေတြဝယ္မစားရဘူးေနာ္ေရာဂါကူးမယ္ဝယ္စားတာေမေမေတြ႔ရင္ရုိက္မယ္ေနာ္””’

ထိုကဲ႔သို့သူသားႏွစ္ေယာက္အားဆံုမသံေႀကာင့္သူမသားႏွစ္ေယာက္ႏွင့္ပတ္ဝန္းက်င္ကကေလးမိဘမ်ားကလည္းမေပါင္းခိုင္းႀကေပ

””ဟဲ႔အထက္တန္းစားမသားေတြနဲ႔သြားမေပါင္းနဲ႔ေနာ္ေတာ္ႀကာဘဝင္ေရာဂါကူးလားမယ္””’

ခခကအရပ္ထဲမွာတင္နံမည္ႀကီးသည္မဟုတ္ရုံးမွာလည္းအေပၚဖားေအာက္ဖိျဖစ္၍လူမုန္းမ်ား၏ဒါကိုသူမကတစ္ေန့တစ္မ်ိဴ းဝတ္စားကာရုံးတက္ႏုိင္ေသာသူမကိုလူေတြကမနာလိုလ႔ိုဟုထင္သည္။

””လူေတြမ်ားခက္တာပဲေအသူမ်ားခ်မ္းသာတာဝတ္ႏုိင္စားႏုိင္တာကိုမနာလိုျဖစ္ေနႀကတာမ်က္လံုးႀကီးျပဴးးႀကည့္ေနႀကတာအသိသာႀကီး””’

””’လွလို့ႀကည့္တာေနမွာေပါ့မမရယ္—မမကရုံးမွာဝတ္စားႏုိင္ဆံုးမဟုတ္လား”””

သူမလက္ေအာက္ကစာေရးမေလးစကားေႀကာင့္သူမေသြးနထင္ေရာက္သြားသည္သူမကိုယ္သူမလူခ်မ္းသာစာရင္းထဲသြင္းထား၏တစ္ကယ္ေတာ့သူမကႏြားေျခရာခြက္ကိုသမုဒၵရာဟုထင္ေနသူပင္ျဖစ္သည္။

””’ဟဲ႔ႀကည္ႀကည္ငါခိုင္းထားတဲ႔စာရင္းေတြမျပီးေသးဘူးလားညီကလဲအလုပ္လုပ္တာေႏွးလိုက္တာဒါေႀကာင့္လင္မရပဲအပ်ိဴ ႀကီးျဖစ္ေနတာအူတူတူအတတနဲ႔”””

သူမလင္ရတာပဲကံေကာင္းတယ္ထင္ျပီးႀကက္ကန္းဆန္အိုးတိုးကာလင္ရ၍သူ႔မလင္ကိုသမၼတႀကီးအဆင့္ေလာက္ထင္ေနကာ

မိမိကိုယ္မိမိအထင္ႀကီးေလသံျဖင့္လင္မရတဲ႔သူကပဲသူ႕ေလာက္လူေတာမတိုးသလိုလိုလူရာမဝင္သလိုလိုေျပာတတ္ေသး

ႀကည္ႀကည္ဆိုေသာအမ်ိဴးသမီးသည္သူမႏွင့္သက္တူရြယ္တူရာထူးတူျဖစ္ေပမဲ႔အဖားေကာင္း၍ရာထူးတက္သြားေသာသူမလက္ေအာက္ဝန္းထမ္းျဖစ္ကာဆင္ရဲသျဖင့္သူမကႏွိမ္ခ်ဆက္ဆံျမဲပိုက္စံရွိသည့္အရာရွိမမ်ားကိုေတာ့

””အိုမမရယ္လွလိုက္မမဝတ္ထားတဲ႔စိန္ေတြကလွေနတာပဲခခလည္းစိန္စုေနတာမမရဲ႔စိန္ကမွပြဲတိုးတာမမကေတာ့အခ်ိန္ျပည့္လွေနတာပဲ””

ထိုသို့ဆက္ဆံေရးေျပာင္းကာဖားတတ္ျပန္သည့္အတြက္ပံုစံမ်ိဴ းစံုေျပာင္းကာဝင္ကစြပ္လိုမိန္းမမ်ိဴ းျဖစ္သည္။

တစ္ေန့တစ္ေန့ခခအလုပ္ကႀကြားဝါဝတ္စားဖို့ႏွင့္လင္ကိုျပဳစုသားေတြပ်ိဴ းေထာင္ေနရသျဖင့္ဘုရားရွိခိုးဖို့သတိမရအလ်ွဴ အတန္းလုပ္ဖို့စိတ္မဝင္စားအထက္လူႀကီးမ်ားအားဖား၍လက္ေဆာင္ေပးတာကလြဲလို့ေပးကမ္းမႈ႕မရွိေစတနာမေကာင္း

သို့ေပမဲ႔ႀကြားခ်င္လြန္း၍သူမအသံုးမလိုေတာ့သည့္ပစၥည္းမ်ားကိုေတာ့ရုံးကိုသယ္လာကာသူမေအာက္ကဝန္ထမ္းကေလးမ်ားအား

””နင္တို့ႀကိဳက္တဲ႔ပစၥည္းယူႀကဒါေတြအကုန္လံုးအေကာင္းစားဘရန္းေတြႀကီးပဲငါကအေပါစားဆိုလက္ယားလို့မသံုးတာနင္တို့အသိပဲေလအေဟာင္းဆိုေပမဲ႔နင္တို့အတြက္ေတာ့အေကာင္းေတြေပါ့””’

””ငါ့အတြက္ကေတာ့ပိုက္စံသိန္းတစ္ရာေလာက္ကဟိုႀကားဒီႀကားေတာင္မညွပ္ဘူး–အဆင့္အတန္းျမင့္ျမင့္ေနမွအဆင့္အတန္းျမင့္မွာ””

ခခစကားေႀကာင့္သူမလက္ေအာက္ငယ္သားမ်ားကေအာင့္သက္သက္ျဖစ္သြားေပမဲ႔သူမနွင့္တည္ေအာင္ေပါင္းမွအဆင္ေျပမည္မတည့္ပါကအထက္လူႀကီးမ်ားဂုန္းတိုက္တတ္သည့္သူမ၏မေကာင္းသည့္အက်င့္ေႀကာင့္မယူခ်င္ေပမဲ႔လက္ခံယူထားလိုက္ႀက၏

လ႔ူဘဝသည္အလွည့္အေျပာင္းအတက္အက်မ်ားျဖင့္မာယာႀကြယ္ကာလွည့္စားတတ္သည့္သေဘာကိုခခကအဟုတ္ႀကီးထင္ကာဘဝေမ့ေနတုန္း

တစ္ေန့တြင္ခခေယာက်ၤားႏွင့္ေနျပည္ေတာ္သို့အလုပ္ကိစၥျဖင့္သြားရင္းခခကေကာင္းေမာင္တတ္ခါစဆိုေတာ့အရမ္းေမာင္းခ်င္၍ကားကိုေမာင္းသြားကာအျမန္လမ္းတြင္ကားေမွာက္၍ခခတစ္ေယာက္ပြဲခ်င္းျပီးဆံုးသြားသည္။

သူမေယာက်ၤားကေတာ့ေျခေထာက္က်ိဴ းသြား၏ဘဝမွာေကာင္းတာဘာမွမလုပ္ခဲ႔ေသာခခအတြက္ရလဒ္ကမက်ြတ္မလြတ္သည့္ဘဝေရာက္ကာသူမတို့တိုက္ေလွကားကိုအပိုင္းစားယူထား၏

သူမေသျပီးေနာက္ညဘက္မ်ားတြင္ေလွကားမွဆင္းလိုက္တက္လိုက္အသံမ်ားႀကားေနရကာေလွကားေပၚမွတစ္ခုခုျပုတ္က်သံလိုလိုလူတစ္ေယာက္ေခ်ာ္လဲသံလိုလိုႀကားမိ၍ထႀကည့္ႀကေပမဲ႔ဘာမွမေတြ႔ရ၍ေနာက္ေတာ့ရုိးသြားေလသည္။

ေနာက္ဆံုးေတာ့သူမရဲ႔အေကာင္းစားပစၥည္းေတြဘာမွပါမသြားဘယ္ေလာက္ပဲအေကာင္းစားေတြသံုးသံုးစိတ္ဓတ္မေကာင္းပါကေနာက္ဆံုသြားရမဲ႔လမ္းသည္မေကာင္းႏုိင္ပါ

သူမတိုတိုက္ခန္းတြဲမွာေနေသာလူမ်ားကိုေလွကားအတက္အဆင္းတြင္ကိုယ္ေယာင္ျပလိုက္ေျခာက္လိုက္ျဖင့္ေသာင္းက်န္းေန၏

လမ္းထဲရွိေခြးမ်ားကလည္းသူမတိုက္ေလွကားကိုႀကည့္ရင္းအူလိုက္သည္မွာထိတ္လန့္ဖြယ္ေကာင္းေနျပန္သည္။

ခခမက်ြတ္တာအားလံုးကရိပ္မိေပမဲ႔အျမင္ကတ္ပုဒ္မေႀကာင့္အမ်ွေဝရန္သတိမရႀကေပ

တစ္ေန့တြင္သူမတို့အခန္းေရွ့မွလင္မယားသည္အျပင္ကျပန္လာရာေလွကားနားေရာက္ေတာ့ပုပ္ေစာ္ႀကီးနံ၍လာသျဖင့္ေလွကားေပၚကမန္းကတန္းတက္ႀကရင္း

””ေယာက်ၤားျမန္ျမန္တက္ပါဟိုအထက္တန္းစားမႀကီးသရဲေျခာက္တာနဲ႔တိုးေနပါအံုးမယ္””’

””ေအးေလမေသခင္တုန္းကေတာ့တစ္တိုက္လံုးသူနဲ႔တူတယ္တန္တယ္မရွိဘူးေသမွတိုက္ကလူေတြကိုအေရးလုပ္ျပီးလာေျခာက္ေနတယ္အဆန္းႀကီးေလွကားအပိုင္စားရေအာင္လဒ္ထိုးထားသလားထင္ရတယ္””

ထိုလင္မယားကမေက်မနပ္ေျပာေနတုန္းရွိေသး

””ေတာက္””

သူတို့ေနာက္မွေတာက္ေခါက္သံႀကီးႀကားရကာေျခသံပ်င္းပ်င္းႏွင့္ေနာက္ကလူတစ္ေယာက္တက္လာသံႀကား၍လွည့္ႀကည့္ေတာ့ဘာမွမေတြ႔ရပဲႀကက္သီးမ်ားတျဖန္းျဖန္းထလ်ွက္ရွိေနသည္။

ဒါနဲ႔အခန္းထဲအျမန္ဝင္ကာတံခါးပိတ္လိုက္သည္ႏွင့္အခန္းေရွ့မွာခ်ထားေသာဖိနပ္စင္အားပိတ္ကန္လိုက္သည့္အသံလိုမ်ိဴ းႀကားလိုက္ရကာဖိနပ္မ်ားေအာက္ျပဳတ္က်သံႀကားသျဖင့္တံခါးဖြင့္ႀကည့္လိုက္ရာဖိနပ္စင္ကအေကာင္းအတိုင္းရွိေနသျဖင့္သရဲေျခာက္မွန္းသိလိုက္၏

လူဆိုတာအသက္ရွိစဥ္တုန္းဘယ္ေလာက္ပင္တန္ဖိုးႀကီးျပီးအေကာင္းစားေရေမႊးေတြဆြတ္ေနေပမဲ႔ေသတဲ႔အခါကုသိုလ္အကုသိုလ္အနံ႕ကိုေတာ့ဖံုးဖိ၍မရပဲကြားျပားစြာေပၚလာတတ္စျမဲ

မနက္မိုးလင္းခါစပဲျပုတ္လာေရာင္းေသာမိန္းမကေတာ့တိုက္ေလွကားရင္းတြင္မေရႊအထက္တန္းစားကိုမႀကာခဏျမင္သတ႔ဲ

အဝတ္လိုက္ေလ်ွာ္အိမ္သန့္ရွင္းေရးလိုက္လုပ္ေသာေဒၚကုလားမကလည္းမေရႊအထက္တန္းစားကိုသူ႔အခန္းဝတြင္မားမားႀကီးရပ္ေနတာျမင္ရသည္ဟုေဖာက္သည္ခ်သျဖင့္

ခခေယာက်ၤားသည္အိမ္တံခါးပိတ္ကာသူ၏မိဘမ်ားႏွင့္အတူသြားေနေလသည္။

သူမတိုက္ေရွ့ကတိုက္ကေတာသူမတိုက္ခန္းမီးသည္လူမရွိပဲညသန္ေခါင္ေလာက္တြင္လင္းေနကာလူရိပ္ကိုလည္းျမင္ေနရသည္ဆို၏

သူမအိမ္အားအိမ္ဌားတင္ေပမဲ႔အိမ္ဌားတိုင္းႀကာႀကာမေနရဲလမျပည့္ပဲေျပာင္းေျပးသြားႀကတာေႀကာင့္နံမည္ႀကီးလ်ွက္ရွိကာဘယ္သူမွမေနရဲေပ

လူ႔ဘဝဆိုတာကံဇတ္ဆရာအလိုက်ကျပအသံုးေတာ္ခံဖို့ေရာက္လာတဲ႔ရုပ္ေသးရုပ္မ်ားျဖစ္သည့္အတြက္မနက္ဖန္ဆိုတာမေသခ်ာလက္ရွိမွာေကာင္းတာေတြပဲေတြးပါေကာင္းတာပဲလုပ္ပါဘယ္သူေကာင္းေကာင္းမေကာင္းေကာင္းမိမိေကာင္းေနဖို့ပဲလိုတာပါ

ပိုက္ဆံရွိသူအဆင႔္ရွိသူႏွင့္ေပါင္းျပီးကိုယ့္ကိုယ္ကိုအေကာင္းစားဆင္တိုင္းတစ္ဘဝလံုးေကာင္းမည္မထင္ပါသံသရာေကာင္းဖို့လိုေပေသးသည္။

ေအာ္ေမ့လိုစာဖတ္သူမ်ားလည္းရန္ကုန္ျမိဳ႕ကမေရႊအထက္စားအိမ္ကိုသြားဌားမိမွာစိုးလို့သတိေပးရအံုးမယ္သူမတိုက္ေရွ့မွာကြမ္းယာဆိုင္တစ္ဆိုင္ရွိတယ္ဆိုပဲ

ျပီး

D Moe Moe