မောင်ထင်ပေါ် နှင့် ကူးတို့ခ(စ/ဆုံး)

Unicode Version

မောင်ထင်ပေါ် နှင့် ကူးတို့ခ(စ/ဆုံး)
——————————————
ဦးမောင်တောတစ်ယောက် မိမိ၏အိမ်ပတ်ဝန်းကျင်မှ ရေဆိုးမြောင်းကိုဆယ်နေ၏။ မဆယ်၍ကမရ။ ဤရပ်ကွက်ရေဆိုးမြောင်းကြီးသည် ရေဆိုးရေညစ်တို့ စုပေါင်းထားရာ အမှိုက်သရိုက်နှင့်အညစ်အကြေးတို့ ပေါင်းစုရာနေရာလည်းဖြစ်၏။ ရေဝေရေလဲတို့စုရာတွင် ပိုးလောက်လန်းတို့ကလည်းပေါများရာ ထိုအကောင်မှသန္ဓေအောင်ပြီး ခြင်တို့ပေါက်ဖွားကုန်၏။ ထိုခြင်တို့ကရောဂါပေါင်းစုံသယ်ဆောင်လာပြီး လူတို့ကိုဒုက္ခပေး၏။ သို့ကြောင့် ခြင်ဒဏ်ကိုကာကွယ်နိုင်ရန် ဦးမောင်တောက မြောင်းဆယ်နေခြင်းဖြစ်၏။

ယခုကဲ့သို့ရပ်ရွာသန့်ရှင်းရေးလုပ်ခြင်းကို ဘယ်သူကမျှခိုင်းစေ၍မဟုတ်ပါ။ ဦးမောင်တောတစ်ယောက် သူ့အသိနဲ့သူလုပ်ကိုင်ခြင်းဖြစ်သည်။ ဦးမောင်တောသည် ရပ်ရေးရွာရေးတွင်ထိပ်ဆုံးက ပါဝင်သူတစ်ယောက်ဖြစ်သည်။ သာရေးနာရေး၌လည်း ပြောစရာမလိုအောင် တက်ကြွစွာပါဝင်ဆောင်ရွက်တတ်သူတစ်ယောက်ဖြစ်သည်။ ဤကဲ့သို့ရပ်ရွာလူထုတို့အားကိုးရသော လူတစ်ယောက်သည် တစ်ခုသောညနေခင်း၌ အိမ်ရှေ့တွင်တံမြက်စည်းလှည်းကျင်းနေရင်း ဗိုင်းခနဲလဲကျသွား၏။ သွေးတက်သလိုလိုခံစားရပြီး ခေါင်းထဲမူးမိုက်ကာ လဲကျသွားခြင်းဖြစ်သည်။ ဦးမောင်တောလဲကျသွားသည်ကို သမီးဖြစ်သူကမြင်လိုက်သဖြင့် အချိန်မီဆေးရုံပို့ပေး၍ သေကံမရောက် သက်မပျောက်ခဲ့ခြင်းပင်။ သို့သော် ဦးမောင်တောတစ်ယောက် လုံးဝနေပြန်ကောင်းလာခြင်းမျိုးမဟုတ်ပေ။

ဆေးရုံမှပြန်လာပြီးနောက် ဦးမောင်တောတစ်ယောက် လန်းလန်းဆန်းဆန်းမရှိတော့ချေ။ အလွန်တက်ကြွခဲ့သောလူကြီးသည်ယခုသော် တစ်ခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။ သာယာသောညနေခင်းတစ်ည၌ ဦးမောင်တောသည် စိတ်လိုလက်ရဖြစ်စေရန် စာအုပ်တစ်အုပ်ကိုတွေးတွေးဆဆဖတ်နေသည်။ ထိုအချိန်သူ့အသိ၌ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲသွားပြီး အာရုံဝေဝါးနေချိန် သူ့ထံသို့လူတစ်ယောက် လျှောက်လာနေသည်ကိုတွေ့လိုက်ရသည်။ ထိုလူကဝတ်ရုံအမဲကြီးကိုဝတ်ဆင်ထားပြီး လက်တွင်လည်း အရိုးခေါင်းသဏ္ဍာန်ပါသော ဓားရှည်ကြီးတစ်ချောင်းကိုကိုင်ဆောင်ထားသည်။ ထိုဝတ်ရုံမဲကြီးက ဦးမောင်တောအနားရောက်လာသော်

” မောင်တော….မင်းငါ့ဆီကကူးတို့ခတမတ်ယူပြီးပြီ…ငါနဲ့လိုက်ခဲ့ဖို့အချိန်တန်ပြီ…”

ဆိုပြီး အရိုးပြိုင်းပြိုင်းဖြစ်နေသောလက်ကြီးတစ်ဖက်ဖြင့် သူ့အားအတင်းဆွဲခေါ်နေ၏။
ထိုလူကြီး၏ရုပ်ဆင်းသဏ္ဍာန်ကကြောက်ဖို့ကောင်းသကဲ့သို့ သူ့အသံကလည်း လွန်စွာခြောက်ခြားဖွယ်ကောင်း၏။ ထိုဝတ်ရုံမဲကြီး၏ကြောက်မက်ဖွယ်မဆင်းသဏ္ဍာန်ကြောင့် ဦးမောင်တောသည် မတ်တပ်ရပ်လိုက်ပြီး မလိုက်လိုသဖြင့် အတင်းရုန်ကန်၏။

” လွတ်…ငါ့ကိုလွတ်… နင့်ဆီကဘာမှငါမယူရဘူးလွတ်…ငါမလိုက်ဘူး…”

” မရဘူး…နင့်နာမည်ငါစာရင်းသွင်းထားပြီးပြီ…ကူးတို့ခ တစ်မတ်လည်းနင်လက်ခံပြီးပြီ…လိုက်မှရမယ်…လာခဲ့…”

” အား….မယူဘူး…နင့်ဆီကငါဘာမှမယူရဘူး..လွှတ်ငါ့ကို….”

” အဖေ…အဖေ…ဘာတွေအော်နေတာလဲ…အဖေရေ…”

သမီးဖြစ်သူမြတ်မွန်၏ခေါ်သံကြားမှဦးမောင်တောသတိဝင်လာသည်။ သေချာကြည့်လိုက်မှ သူ့လက်ကိုလာဆွဲသည့်သူမှာ သမီးမြတ်မွန်ဖြစ်နေ၏။

” အဖေဘာတွေဖြစ်နေတာလဲ…အဖေရုန်းရင်းကန်ရင်းလုပ်နေတာတွေ့လို့ သမီးစိတ်ပူပြီး လှမ်းဆွဲလိုက်တာ…”

” ဟူး….တော်သေးတာပေါ့သမီးရယ်…သမီးဆွဲထားပေလို့ပေါ့…”

” အဖေဘာတွေဖြစ်နေတာလဲသမီးကိုပြောပြလေ…”

” မဖြစ်ပါဘူးသမီးရယ်…ဒီလိုဘဲသွေးတွေတက်တော့ ကယောင်ချောက်ချားလျှောက်မြင်နေတာပါ…ဘယ်ချိန်ရှိပြီလဲ…အဖေဆေးသောက်ရအောင်လို့…”

” နေ့လယ်၁၁နာရီရှိပြီအဖေ…အဖေစားဖို့သမီးထမင်းသွားပြင်လိုက်မယ်…”

” အေးကွယ်…”

သမီးလေးမြတ်မွန်လန့်သွားမည်စိုးသဖြင့် အဖြစ်မှန်ကို ဦးမောင်တောမပြောပြဖြစ်ခဲ့ချေ။ သူ့စိတ်ထဲ၌ကား ဝတ်ရုံမဲပြောသည့် ကူးတို့်ခတစ်မတ်ဟူသောစကားကို ပြန်လည်ကြားယောင်နေမိသည်။ တစ်မတ်ခေတ်လည်း မဟုတ်တော့သဖြင့် သူအစဉ်းစားရခက်နေ၏။ ထိုငွေတစ်မတ်ကိုလည်း သူဘယ်သူ့ထံကမျှ မယူဖူး၊မချေးငှါးခဲ့ဖူးချေ။

နေ့စဉ်နေ့တိုင်း သူတစ်ယောက်ထဲရှိနေချိန်မျိုး၌ ဝတ်ရုံမဲကြီးကပေါ်လာတတ်ပြီး သူ့အားအတင်းလာခေါ်သည်။ သူ့ကိုယ်စောင့်နတ်တို့က သူ့အားအကြိမ်ကြိမ်ပြန်လည်ကယ်တင်ခဲ့ရသည်။ ထိုဝတ်ရုံမဲကြီးက နေ့စဉ်နီးပါးရက်စိပ်၍ သူ့ထံလာခဲ့သည်။ ကူးတို့ခတစ်မတ်လက်ခံထားပြီဖြစ်သည့်အတွက် သူ့နာမည်ကိုစာရင်းသွင်းထားပြီဖြစ်ကြောင်း၊မလိုက်၍မရကြောင်းပြောပြီး သူ့လက်ကိုအတင်းဆွဲခေါ်သည်။ သေကံမပါသေး၍လားမသိ။ ထိုလူလာရောက်ခေါ်ဆိုချိန်တွင် တစ်ယောက်ယောက်ကသူ့အား အသိစိတ်ပြန်ဝင်စေ၏။ ယခုကဲ့သို့ကြောက်မက်ဖွယ်ကိစ္စကြုံတွေ့လာပြီးနောက် ဦးမောင်တောတစ်ယောက် ဘုရားတရားပို၍လုပ်တော့သည်။ လူတိုင်းတစ်နေ့ဧကန်သေရမည် သိသော်လည်း သေခြင်းတရားကိုသူကြောက်ရွံ့နေမိသည်မှာ အမှန်ဖြစ်သည်။

သာယာသောလပြည့်ညတစ်ည၌ လမင်းကြီးသည် ကမ္ဘာမြေကြီးကို နေ့အလားအလင်းပေးနေသည်။ ဦးမောင်တောက ဘုရားရှိခိုး၊တရားအားထုတ်ခြင်း အမှုပြီးစီးသော် အကြောဆန့်ရင်း အိပ်ယာထဲသို့ဖြည်းညင်းစွာလာခဲ့၏။ ဇနီးမယားမရှိတော့သည့် သူအိပ်ယာလေးသည် ခြောက်ကပ်နေသယောင်ယောင်။ ရွှန်းလဲ့သောလရောင်တို့သည်ကား အိပ်ခန်းပြတင်းပေါက်မှတဆင့် သူ့အိပ်ယာခင်းပေါ်သို့ထိုးကျနေသည်။
သူ့အခန်းပြတင်းပေါက်ရှိ လိုက်ကာစဖြူဖြူလေးသည် လေပြည်တိုက်တိုင်း တဖျတ်ဖျတ်လွင့်နေ၏။ ထိုအချိန်ညကြီးမင်းကြီး၌ ကျီးကန်းတစ်အုပ်သည် သူ့အိမ်အထက်သို့လူးလာဝဲပျံနေ၏။

” အာ့…အာ့….အာ့…”

ဟူသောကျီးပြိုသံနှင့်အတူ လိမ်လိပ်မဲကြီးသည်လည်း လမင်းကြီးကိုအပြည့်ဖုံးအုပ်ထားလိုက်ရာ တလောကလုံးမှောင်အတိကျသွားတော့သည်။ ဦးမောင်တောသည် ဖြစ်လာမည့်အခြေအနေကို ကြိုသိနှင့်နေသဖြင့် အခန်းပြတင်းပေါက်ကို ပိတ်လိုက်သည်။

” ဘုရား….ဘုရား…ဒီညဟာငါ့ရဲ့နောက်ဆုံးညများလား…ကျီးတွေလဲပြိုလိုက်တာ…”

ဦးမောင်တောက အခန်းပြတင်းပေါက်ကိုထပိတ်ရင်း ဘုရားတမိလိုက်သည်။ ပြီးသော်မြတ်ဘုရားရှင်ကို အာရုံပြုပြီး နှစ်ဆယ့်လေးပစ္စည်းပဋ္ဌာန်းအကျယ်ချုပ်ကိုနုတ်မှရွတ်ကာ မိမိ၏ အိပ်ယာဘေးပတ်ပတ်လည်၌ စည်းချထားလိုက်သည်။ ဖြစ်လာမည့်ပြဿနာကိုရင်ဆိုင်ဖို့အသင့်အနေအထားပြင်လိုက်၏။ အန္တာရယ်တစ်စုံတစ်ရာ ကျရောက်လာခဲ့ပါက ဘုရားစာသည်သာလျှင် သူ့အတွက်တစ်ခုတည်းသောအားကိုးရာ။

သူကုတင်ပေါ်လဲလျောင်းနေစဉ်သူ့အခန်းပြတင်းတံခါးသည် အလိုလိုပွင့်လာပြီး ခန်းဆီးစတို့ကတဖျတ်ဖျတ်လွင့်နေ၏။ သူကြည့်နေစဉ်မှာပင် အကျည်းတန်လှသော ဝတ်ရုံမဲကြီးသည် အရိုးခေါင်းဓားကြီးကိုပုခုံးတွင်ထမ်းလျက် သူ့အခန်းထဲရှပ်တိုက်လွင့်လာ၏။

” မောင်တော…ငါ့နောက်လိုက်ခဲ့ပေတော့…မနက်ဖန်ဆိုမင်းရဲ့ရက်ချိန်း…ခုနှစ်ရက်ပြည့်ပြီ…ခုငါနဲ့လိုက်ခဲ့ပေတော့…”

ဆိုပြီး သူ၏အရိုးပြိုင်းပြိုင်းလက်အား ဆန့်တန်းကာ ဦးမောင်တောအား ဆွဲရန်ကြံ၏။

” အား….”

သို့သော် ကုတင်နားမရောက်မီတစ်ဝက်မှာပင် သူ့လက်သည်အဖြူရောင်အလင်းတန်းတစ်ခုနဲ့ထိမိပြီး အနောက်သို့်ပြန်ဆုတ်သွား၏။ ဝတ်ရုံမဲကြီးသည် အားဟူသောအသံနက်ကြီးကိုအော်ပြီး အနောက်သို့အခိုးအငွေ့များအဖြစ် လွင့်စင်သွားတော့သည်။

” သေချင်းတရားကို ဘယ်သူမှမတားဆီးနိုင်ဘူးမောင်တော…မင်းငါ့ဆီက ကူးတို့ခတစ်မတ်လက်ခံပြီးသွားပြီ…ငါမင်းနာမည်တွေစာရင်းသွင်းထားပြီးပြီ…မနက်ဖြန် ငါပြန်လာခဲ့မယ်…”

ဆိုသောအသံကြီးသည်လည်း တဖြေးဖြေးပျောက်ကွယ်သွားတော့သည်။ ဦးမောင်တောက ထိုအဖြစ်အပျက်တို့ကြောင့် အံ့ဩမှင်သက်နေမိသည်။

မောင်ထင်ပေါ်တစ်ယောက် တရားထိုင်နေရင်း သူ့အာရုံထဲ၌ ဆရာသခင်တို့၏ပုံရိပ်များပေါ်လာသည်။

” လူကလေး…ခရီးထွက်ဖို့ပြင်ပါ…ဒီကနေအရှေ့စူးစူးအရပ်ကိုသွား…အဲဒီမှာ လူ့သက်တမ်းမကုန်သေးဘဲ မရဏစာအုပ်မှတ်တမ်းမှာ နာမည်စာရင်းသွင်းခံရတဲ့သူကိုအမြန်သွားကယ်ပါ…”

” ဟုတ်ဆရာ…ဆရာသခင်တို့အမိန့်အတိုင်းထမ်းရွက်ပါ့မယ်…”

” သာဓု…သာဓု…သာဓုကွယ်…ဤကောင်းမှုကြောင့်ပညာတန်ခိုးတိုးပွားပါစေကွယ်…”

ဟုသူ့ကိုဆုပေးပြီး ဆရာသခင်က သူ့အာရုံထဲမှဝေဝါးပျောက်ကွယ်သွား၏။

မနက်ရောက်သော် မောင်ထင်ပေါ်လည်း ဆရာသခင်တို့၏အမိန့်အတိုင်း အရှေ့စူးစူးအရပ်သို့ ခရီးဆက်လာခဲ့သည်။ ထိုအခါရွာတစ်ရွာရှိ ရွာထိပ်လေးမှ ရွာတော်ရှင်နတ်သည် ကိုယ်ထင်ပြပြီး မောက်ထင်ပေါ်ထံအကူအညီတောင်းလေ၏။

” ဆရာလေး…ဆရာလေး…ကျွန်ုပ်ရွာမှာရှ်တဲ့လူတစ်ယောက်ကိုကယ်ပေးပါဦး…သူ့မှာလူ့သက်တမ်းအရှည်ကြီးကျန်သေးတယ်…”

” အင်း…ခုငါ့ရဲ့လာရင်းကိစ္စလည်းအဲဒါဘဲ…ဘယ်လိုဖြစ်တာလဲအကြောင်းစုံရှင်းပြပါဦးရွာစောင့်နတ်ကြီး…”

” အင်းပြောရရင်တော့ ဒီလူဟာဘာသာတရားကိုင်းရှိုင်းတယ်၊ရပ်ရေးရွာရေး၊သာရေးနာရေးတွေမှာ ထိပ်ဆုံးကပါတဲ့လူ…ဒါပေမဲ့ သူကသတိမမူမိဘဲ သူရေမြောင်းတွေဆည်တုန်းက ပါလာတဲ့မတ်စေ့တစ်စေ့ကို ယူသိမ်းထားမိခဲ့တယ်…အဲဒီမတ်စေ့ကသေမင်းမရဏတံခါးကိုကူးတဲ့ ကူးတို့ခဘဲ…အဲဒါကိုသူကယူထားမိလို့ သေစာရင်းသွင်းခံထားရတာ…သူ့မှာသေကံမရောက်သေးဘူး…”

” ဪ…သူကမရဏတံခါးရဲ့ကူးတို့ခကို ယူထားမိတာကိုး…အချိန်မီမကယ်နိုင်ရင် သေမင်းကလူမှားပြီးခေါ်မိတော့မှာဘဲ…ကျေးဇူးပါအသင်ရွာစောင့်နတ်ကြီး…”

မောင်ထင်ပေါ်လည်း ရွာစောင့်နတ်ကို နုတ်ဆက်ပြီးရွာထဲဝင်လာခဲ့သည်။ ထိုအချိန်အားပြင်းသောလှိုင်းတစ်ခုက သူ့ရှေ့မှဖြတ်ပြေးသွားသည်။

” မရဏလှိုင်းတစ်ခုငါ့ရှေ့ဖြတ်သွားပြီ…သေမင်းက လက်ဦးသွားလို့မဖြစ်ဘူး…”

ဟုတွေးပြီး ဝိညာဉ် နုတ်ခံရမည့်သူ၏အိမ်ကို ပညာဖြင့်ကွယ်ထားစေလိုက်သည်။
ထိုပညာက ဆရာသခင်တို့်ချီးမြှင့်ထားသော အင်းမှ လာခြင်းဖြစ်သည်။ သေမင်းသည် ဦးမောင်တော၏အိမ်ကိုရှာမတွေ့ဘဲ တဝဲလည်လည်ဖြစ်နေသည်။ မောင်ထင်ပေါ်က ခပ်မြန်မြန်လမ်းလျှောက်ပြီး ဦးမောင်တော၏အိမ်သို့လာခဲ့သည်။ ထိုအချိန်တွင်ဦးမောင်တောက အိမ်မောကျနေချိန်ဖြစ်သည်။ အိပ်မောကျနေချိန်ဖြစ်သဖြင့် လိပ်ပြာနဲ့ခန္ဓာက ကင်းကွာနေ၏။ မောင်ထင်ပေါ်က ခြံထဲဝင်လာပြီး အိမ်ရှင်ကိုလိုက်ရှာနေသည်။ ခဏကြာသော် ခြံအနောက်ဖက်မှ ထွက်လာသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသဖြင့်

” အစ်မ…အစ်မအဖေရှိလား…”

” ရှိတယ်…အဖေအိပ်နေတယ်…ရှင်ကအဖေ့ရဲ့ဧည့်သည်လား…”

” ဟုတ်တယ်…သူ့ရဲ့အရေးကြီးဧည့်သည်ဘဲ…ကျွန်တော့်ကိုဘုရားခန်းပြပေးပါလား…”

မမြတ်မွန်က ဘာမှနားမလည်သော်လည်း အဖေဖြစ်သူ၏အရေးကြီးဧည့်သည်ဆိုသောကြောင့် ဘာမှစဉ်းစားမနေတော့ဘဲ အိမ်ပေါ်ဘုရားခန်းဆီသို့ မောင်ထင်ပေါ်ကိုခေါ်သွားလိုက်၏။ ဘုရားခန်းရောက်သော်မောင်ထင်ပေါ်က ဘုရားရှိခိုးပြီး ဦးမောင်တော၏ဝိညာဉ်ကိုလိုက်ရှာ၏။ ဦးမောင်တော၏ဝိညာဉ်သည် ရွာဦးစေတီဘေးတွင်ရောက်နေပြီး ဘုရားရင်ပြင်သန့်ရှင်းရေးလုပ်ပေးနေ၏။ ထိုအချိန် ဝတ်ရုံမဲကြီးသည်လည်း ထိုအိမ်သို့ရောက်ချလာသည်။ ထိုအခါ ဦးမောင်တော၏ဝိညာဉ်သည် ချက်ချင်းအိမ်သို့ပြန်ရောက်လာ၏။ သို့သော်ရုပ်ကြမ်းခန္ဓာထဲမဝင်သေးဘဲ မိမိ၏အိမ်တွင်ရောက်နေသော လူငယ်နဲ့ဝတ်ရုံမဲကြီးကို တလှည့်စီကြည့်နေ၏။ ထိုအခါဝတ်ရုံမဲကဦးမောင်တောကို ဆွဲခေါ်ရန်ပြင်လိုက်၏။

” ရပ်လိုက်စမ်း..အသင်သေမင်း…သင်လူမှားခေါ်နေပြီ…”

မောင်ထင်ပေါ်၏စကားကြောင့် ဝတ်ရုံမဲကလက်ပြန်ဆုတ်ကာ

” သင်ကဘယ်သူလဲ…ဘာလို့ငါ့ကိုမြင်နေရတာလဲ…”

” ငါဘယ်သူလဲဆိုတာအရေးမကြီးဘူး…အရေးကြီးတာက…သင်ဒီပုဂ္ဂိုလ်ကို ခေါ်သွားလို့မရဘူး…သူ့ရဲ့လူ့သက်တမ်းမကုန်သေးဘူး…”

” ဘာလို့လူမှားခေါ်ရမှာလဲ…သူကကူးတို့ခတစ်မတ်ကိုလက်ခံပြီးပြီ…အဲဒီကူးတို့ခက မရဏတစ်ခါးကိုဖြတ်ဖို့ ပေးရမဲ့အဖိုးအခဘဲ…သူကမရဏစာအုပ်မှာ နာမည်ပေါက်ပြီးပြီ…”

” သူကမသိဘဲသိမ်းထားမိတာပါ…သူ့ရဲ့ကုသိုလ်ကောင်းမှုကံမကုန်သေးဘူး…သူဆက်ပြီးလူ့လောကမှာ နေခွင့်ရှိသေးတယ်… ”

” ဒီမှာ…သေခြင်းတရားကိုဘယ်သူမှမတားဆီးနိုင်ဘူး…လူတိုင်းတစ်နေ့ဒီလမ်းသွားရမှာဘဲ…သူကဒီနေ့မဟုတ်လည်း တချိန်ချိန်မှာဒီလမ်းဘဲသွားရမှာဘဲ…ဘာမှမထူးဘူး… ”

” ဒါပေမဲ့ သူ့ရဲ့လူ့သက်တမ်းအရှည်ကြီးကျန်သေးတယ်…သူ့ကိုကောင်းမှုကုသိုလ်တွေလုပ်ခွင့်ပေးလိုက်ပါ…”

မောင်ထင်ပေါ်က ထိုသို့ပြောလိုက်ရာ ဝတ်ရုံမဲကြီးက ဦးမောင်တော၏ကျန်ရှိနေသည့် လူ့သက်တမ်းကိုတွက်ကြည့်လိုက်ရာ အမှန်ပင်သက်တမ်းရှည်နေသေးသည်ကိုတွေ့လိုက်ရသည်။

” ဒါဆိုလည်းပြီးရောလေ…ဒီတစ်ခါတော့ ထားလိုက်…နောက်တစ်ခါ ဆိုမရတော့ဘူး…သူကောက်ခဲ့တဲ့မတ်စေ့လေးကို လွင့်ပစ်ခိုင်းလိုက်…ဒါမှနာမည်စာရင်းပျက်မှာ…”

ဟုပြောပြီး ဝတ်ရုံမဲက သူ့ရှေ့မှပျောက်ကွယ်သွား၏။ ဦးမောင်တော၏ဝိညာဉ်က မောင်ထင်ပေါ်ကိုကြည့်ပြီး

” ကျေးဇူးတင်ပါတယ်ဆရာ….ဦးလေးအသက်ကိုကယ်တင်ပေးလို့…”

ဆိုပြီးရုပ်ကြမ်းခန္ဓာထဲသို့ပြန်ဝင်သွား၏။

” အင်း….အဲ…ဘယ်လိုအိပ်မက်လဲကွာ..ထူးဆန်းလိုက်တာ…”

ပက်လက်ကုလားထိုင်ပေါ်မှ စာဖတ်ရင်းအိပ်ပျော်သွားသော ဦးမောင်တောတစ်ယောက်နိူးလာလာချင်းထိုသို့ပြော၏။ ဘေးဘီဝဲယာသို့ကြည့်လိုက်သော် မောင်ထင်ပေါ်ကိုမြင်လိုက်ရပြီး

” ဟင်…အိမ်မက်ကတကယ်ဖြစ်နေတာလား…သားကဘယ်သူလဲ…ဘယ်လိုရောက်လာတာလဲ..”

” ဦးလေးနိုးလာပြီလား…ဦးလေးအိပ်မက်မက်နေတာမဟုတ်ဘူး…တကယ်ဖြစ်နေတာပါ…ဦးလေးမတ်စေ့လေးကိုဘယ်နားထားလဲမှတ်မိသေးလား…”

” မတ်စေ့…ဪဟုတ်ပြီ…ဝတ်ရုံမဲပြောတဲ့မရဏတံတားကူးဖို့ကူးတို့ခ…မှတ်မိပြီအဲဒါက ဟိုအိပ်ကပ်လေးထဲမှာ…”

အစအဆုံးနားလည်သွားသော ဦးမောင်တော၏သမီးမြတ်မွန်က

” အဖေ…မကြီးမငယ်နဲ့ဘာလို့အဲဒီမတ်စေ့ကို ကောက်သိမ်းထားရတာလဲရှင့်…ဒီကဆရာလေးကယ်ပေလို့သာပေါ့…မဟုတ်ရင်အဖေဝိညာဉ်နုတ်ခံနေရလောက်ပြီ…”

” အေးကွ…ငါဟိုနေ့က မြောင်းဆယ်ရင်းနဲ့ဗွက်တောထဲမှာ အဲဒီမတ်စေ့လေးတွေ့လာတာ…မတ်စေ့လေးကငါ့စိတ်ထဲမှာတမူထူးခြားနေသလိုမို့ငါလည်းကောက်ပြီး အိပ်ကပ်ထဲထည့်ထားလိုက်တာကွ…”

” တွေ့သမျှအရာတိုင်း ပိုင်ရှင်မရှိဘူးဆိုပြီးကောက်ယူလို့မရဘူးဦးလေးရေ…အရာရာတိုင်းကမမြင်နိုင်တဲ့ပိုင်ရှင်ရှိပြီးသားမို့်ပါ..ကဲအဲဒီမတ်စေ့လေးကို သူ့နေရာသွားပြန်ထားလိုက်ပါ…ဦးလေးလည်း ကျန်ရှိနေတဲ့ဘဝသက်တမ်းမှာ ကောင်းမှုကုသိုလ်တွေ ပိုပီးလုပ်ပါဗျာ…ကျွန်တော့ကိုခွင့်ပြုပါဦး…”

” ဟင်…ဆရာလေးရဲ့နာအည်တောင်မသိကသေးဘူးလေ…နားပြီးမှသွားပါလား…ဧည့်ခံချင်လိုပါရှင့်…”

” ဟုတ်တယ်သားရေ…ဦးလေးတို့ ကျေးဇူးတင်လွန်းလို့ တတ်နိူိုင်သလောက်ပူဇော်ဧည့်ခံပါရစေ…”

” ကျွန်တော်ကဦးတည်ချက်မရှိတဲ့ခရီးသွားတစ်ယောက်ပါဗျာ…နာမည်ဆိုတာကလည်းပညတ်တစ်ခုဘဲမို့ မသိချင်ပါနဲ့တော့…ကဲ ကျွန်တော့်ကိုခွင့်ပြုပါဦးဗျာ…”

ဦးမောင်တောတို့်သားအဖကား ထူးဆန်းသောဧည့်သည်ကို တားဆီးနိုင်စွမ်းမရှိတော့ချေ။ မောင်ထင်ပေါ်က ဦးမောင်တောတို့်သားအဖကိုနုတ်ဆက်ပြီး ရွာထဲမှထွက်လာခဲ့တော့သည်။….။
( စိတ်ကူးမျှသာဖြစ်သည်။ သတ်ပုံမစစ်ရသေးပါ။ စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြစေသောဝ်)

# ပြီး
# ခွန်း

Zawgyi Version

ေမာင္ထင္ေပၚ ႏွင့္ ကူးတို႔ခ(စ/ဆံုး)
——————————————
ဦးေမာင္ေတာတစ္ေယာက္ မိမိ၏အိမ္ပတ္ဝန္းက်င္မွ ေရဆိုးေျမာင္းကိုဆယ္ေန၏။ မဆယ္၍ကမရ။ ဤရပ္ကြက္ေရဆိုးေျမာင္းႀကီးသည္ ေရဆိုးေရညစ္တို႔ စုေပါင္းထားရာ အမိႈက္သ႐ိုက္ႏွင့္အညစ္အေၾကးတို႔ ေပါင္းစုရာေနရာလည္းျဖစ္၏။ ေရေဝေရလဲတို႔စုရာတြင္ ပိုးေလာက္လန္းတို႔ကလည္းေပါမ်ားရာ ထိုအေကာင္မွသေႏၶေအာင္ၿပီး ျခင္တို႔ေပါက္ဖြားကုန္၏။ ထိုျခင္တို႔ကေရာဂါေပါင္းစံုသယ္ေဆာင္လာၿပီး လူတို႔ကိုဒုကၡေပး၏။ သို႔ေၾကာင့္ ျခင္ဒဏ္ကိုကာကြယ္ႏိုင္ရန္ ဦးေမာင္ေတာက ေျမာင္းဆယ္ေနျခင္းျဖစ္၏။

ယခုကဲ့သို႔ရပ္ရြာသန္႔႐ွင္းေရးလုပ္ျခင္းကို ဘယ္သူကမ်ွခိုင္းေစ၍မဟုတ္ပါ။ ဦးေမာင္ေတာတစ္ေယာက္ သူ႔အသိနဲ႔သူလုပ္ကိုင္ျခင္းျဖစ္သည္။ ဦးေမာင္ေတာသည္ ရပ္ေရးရြာေရးတြင္ထိပ္ဆံုးက ပါဝင္သူတစ္ေယာက္ျဖစ္သည္။ သာေရးနာေရး၌လည္း ေျပာစရာမလိုေအာင္ တက္ႂကြစြာပါဝင္ေဆာင္ရြက္တတ္သူတစ္ေယာက္ျဖစ္သည္။ ဤကဲ့သို႔ရပ္ရြာလူထုတို႔အားကိုးရေသာ လူတစ္​ေယာက္သည္ တစ္ခုေသာညေနခင္း၌ အိမ္ေ႐ွ႕တြင္တံျမက္စည္းလွည္းက်င္းေနရင္း ဗိုင္းခနဲလဲက်သြား၏။ ေသြးတက္သလိုလိုခံစားရၿပီး ေခါင္းထဲမူးမိုက္ကာ လဲက်သြားျခင္းျဖစ္သည္။ ဦးေမာင္ေတာလဲက်သြားသည္ကို သမီးျဖစ္သူကျမင္လိုက္သျဖင့္ အခ်ိန္မီေဆးရံုပို႔ေပး၍ ေသကံမေရာက္ သက္မေပ်ာက္ခဲ့ျခင္းပင္။ သို႔ေသာ္ ဦးေမာင္ေတာတစ္ေယာက္ လံုးဝေနျပန္ေကာင္းလာျခင္းမ်ိဳးမဟုတ္ေပ။

ေဆးရံုမွျပန္လာၿပီးေနာက္ ဦးေမာင္ေတာတစ္ေယာက္ လန္းလန္းဆန္းဆန္းမ႐ွိေတာ့ေခ်။ အလြန္တက္ႂကြခဲ့ေသာလူႀကီးသည္ယခု​ေသာ္ တစ္ျခားလူတစ္ေယာက္ ျဖစ္သြားသကဲ့သို႔ပင္။ သာယာေသာညေနခင္းတစ္ည၌ ဦးေမာင္ေတာသည္ စိတ္လိုလက္ရျဖစ္​ေစရန္ စာအုပ္တစ္အုပ္ကိုေတြးေတြးဆဆဖတ္ေနသည္။ ထိုအခ်ိန္သူ႔အသိ၌ ပတ္ဝန္းက်င္တစ္ခုလံုး ေမွာင္မဲသြားၿပီး အာရံုေဝဝါးေနခ်ိန္ သူ႔ထံသို႔လူတစ္ေယာက္ ေလ်ွာက္လာေနသည္ကိုေတြ႔လိုက္ရသည္။ ထိုလူကဝတ္ရံုအမဲႀကီးကိုဝတ္ဆင္ထားၿပီး လက္တြင္လည္း အ႐ိုးေခါင္းသ႑ာန္ပါေသာ ဓား႐ွည္ႀကီးတစ္ေခ်ာင္းကိုကိုင္ေဆာင္ထားသည္။ ထိုဝတ္ရံုမဲႀကီးက ဦးေမာင္ေတာအနားေရာက္လာေသာ္

” ေမာင္ေတာ….မင္းငါ့ဆီကကူးတို႔ခတမတ္ယူၿပီးၿပီ…ငါနဲ႔လိုက္ခဲ့ဖို႔အခ်ိန္တန္ၿပီ…”

ဆိုၿပီး အ႐ိုးၿပိဳင္းၿပိဳင္းျဖစ္ေနေသာလက္ႀကီးတစ္ဖက္ျဖင့္ သူ႔အားအတင္းဆဲြေခၚေန၏။
ထိုလူႀကီး၏႐ုပ္ဆင္းသ႑ာန္က​ေၾကာက္ဖို႔​ေကာင္းသကဲ့သို႔ သူ႔အသံကလည္း လြန္စြာေျခာက္ျခားဖြယ္ေကာင္း၏။ ထိုဝတ္ရံုမဲႀကီး၏ေၾကာက္မက္ဖြယ္မဆင္းသ႑ာန္ေၾကာင့္ ဦးေမာင္ေတာသည္ မတ္တပ္ရပ္လိုက္ၿပီး မလိုက္လိုသျဖင့္ အတင္း႐ုန္ကန္၏။

” လြတ္…ငါ့ကိုလြတ္… နင့္ဆီကဘာမွငါမယူရဘူးလြတ္…ငါမလိုက္ဘူး…”

” မရဘူး…နင့္နာမည္ငါစာရင္းသြင္းထားၿပီးၿပီ…ကူးတို႔ခ တစ္မတ္လည္းနင္လက္ခံၿပီးၿပီ…လိုက္မွရမယ္…လာခ့ဲ…”

” အား….မယူဘူး…နင့္ဆီကငါဘာမွမယူရဘူး..လႊတ္ငါ့ကို….”

” အေဖ…အေဖ…ဘာေတြေအာ္ေနတာလဲ…အေဖေရ…”

သမီးျဖစ္သူျမတ္မြန္၏ေခၚသံၾကားမွဦးေမာင္ေတာသတိဝင္လာသည္။ ေသခ်ာၾကည့္လိုက္မွ သူ႔လက္ကိုလာဆဲြသည့္သူမွာ သမီးျမတ္မြန္ျဖစ္ေန၏။

” အေဖဘာေတြျဖစ္ေနတာလဲ…အေဖ႐ုန္းရင္းကန္ရင္းလုပ္ေနတာေတြ႔လို႔ သမီးစိတ္ပူၿပီး လွမ္းဆဲြလိုက္တာ…”

” ဟူး….ေတာ္ေသးတာေပါ့သမိီးရယ္…သမီးဆဲြထားေပလို႔ေပါ့…”

” အေဖဘာေတြျဖစ္ေနတာလဲသမီးကိုေျပာျပေလ…”

” မျဖစ္ပါဘူးသမီးရယ္…ဒီလိုဘဲေသြးေတြတက္ေတာ့ ကေယာင္ေခ်ာက္ခ်ားေလ်ွာက္ျမင္ေနတာပါ…ဘယ္ခ်ိန္႐ွိၿပီလဲ…အေဖေဆးေသာက္ရေအာင္လို႔…”

” ေန႔လယ္၁၁နာရီ႐ွိၿပီအေဖ…အေဖစားဖို႔သမီးထမင္းသြားျပင္လိုက္မယ္…”

” ေအးကြယ္…”

သမီးေလးျမတ္မြန္လန္႔သြားမည္စိုးသျဖင့္ အျဖစ္မွန္ကို ဦးေမာင္ေတာမ​ေျပာျပျဖစ္ခဲ့​ေခ်။ သူ႔စိတ္ထဲ၌ကား ဝတ္ရံုမဲေျပာသည့္ ကူးတို္႔ခတစ္မတ္ဟူေသာစကားကို ျပန္လည္ၾကားေယာင္ေနမိသည္။ တစ္မတ္ေခတ္လည္း မဟုတ္ေတာ့သျဖင့္ သူအစဥ္းစားရခက္ေန၏။ ထိုေငြတစ္မတ္ကိုလည္း သူဘယ္သူ႔ထံကမ်ွ မယူဖူး၊မေခ်းငွါးခဲ့ဖူးေခ်။

ေန႔စဥ္ေန႔တိုင္း သူတစ္ေယာက္ထဲ႐ွိေနခ်ိန္မ်ိဳး၌ ဝတ္ရံုမဲႀကီးကေပၚလာတတ္ၿပီး သူ႔အားအတင္းလာေခၚသည္။ သူ႔ကိုယ္ေစာင့္နတ္တို႔က သူ႔အားအႀကိမ္ႀကိမ္ျပန္လည္ကယ္တင္ခဲ့ရသည္။ ထိုဝတ္ရံုမဲႀကီးက ေန႔စဥ္နီးပါးရက္စိပ္၍ သူ႔ထံလာခဲ့သည္။ ကူးတို႔ခတစ္မတ္လက္ခံထားၿပီျဖစ္သည့္အတြက္ သူ႔နာမည္ကိုစာရင္းသြင္းထားၿပီျဖစ္ေၾကာင္း၊မလိုက္၍မရေၾကာင္းေျပာၿပီး သူ႔လက္ကိုအတင္းဆဲြေခၚသည္။ ေသကံမပါေသး၍လားမသိ။ ထိုလူလာေရာက္ေခၚဆိုခ်ိန္တြင္ တစ္ေယာက္ေယာက္ကသူ႔အား အသိစိတ္ျပန္ဝင္ေစ၏။ ယခုကဲ့သို႔ေၾကာက္မက္ဖြယ္ကိစၥၾကံဳေတြ႔လာၿပီးေနာက္ ဦးေမာင္ေတာတစ္ေယာက္ ဘုရားတရားပို၍လုပ္ေတာ့သည္။ လူတိုင္းတစ္ေန႔ဧကန္ေသရမည္ သိေသာ္လည္း ေသျခင္းတရားကိုသူေၾကာက္ရြံ႔ေနမိသည္မွာ အမွန္ျဖစ္သည္။

သာယာေသာလျပည့္ညတစ္ည၌ လမင္းႀကီးသည္ ကမၻာေျမႀကီးကို ေန႔အလားအလင္းေပးေနသည္။ ဦးေမာင္ေတာက ဘုရား႐ွိခိုး၊တရားအားထုတ္ျခင္း အမႈၿပီးစီးေသာ္ အေၾကာဆန္႔ရင္း အိပ္ယာထဲသို႔ျဖည္းညင္းစြာလာခဲ့၏။ ဇနီးမယားမ႐ွိေတာ့သည့္ သူအိပ္ယာေလးသည္ ေျခာက္ကပ္ေနသေယာင္ေယာင္။ ရႊန္းလဲ့ေသာလေရာင္တို႔သည္ကား အိပ္ခန္းျပတင္းေပါက္မွတဆင့္ သူ႔အိပ္ယာခင္းေပၚသို႔ထိုးက်ေနသည္။
သူ႔အခန္းျပတင္းေပါက္႐ွိ လိုက္ကာစျဖဴျဖဴေလးသည္ ေလျပည္တိုက္တိုင္း တဖ်တ္ဖ်တ္လြင့္ေန၏။ ထိုအခ်ိန္ညႀကီးမင္းႀကီး၌ က်ီးကန္းတစ္အုပ္သည္ သူ႔အိမ္အထက္သို႔လူးလာဝဲပ်ံေန၏။

” အာ့…အာ့….အာ့…”

ဟူေသာက်ီးၿပိဳသံႏွင့္အတူ လိမ္လိပ္မဲႀကီးသည္လည္း လမင္းႀကီးကိုအျပည့္ဖံုးအုပ္ထားလိုက္ရာ တေလာကလံုးေမွာင္အတိက်သြားေတာ့သည္။ ဦးေမာင္ေတာသည္ ျဖစ္လာမည့္အေျခအေနကို ႀကိဳသိႏွင့္ေနသျဖင့္ အခန္းျပတင္းေပါက္ကို ပိတ္လိုက္သည္။

” ဘုရား….ဘုရား…ဒီညဟာငါ့ရဲ႕ေနာက္ဆံုးညမ်ားလား…က်ီးေတြလဲၿပိဳလိုက္တာ…”

ဦးေမာင္ေတာက အခန္းျပတင္းေပါက္ကိုထပိတ္ရင္း ဘုရားတမိလိုက္သည္။ ၿပီးေသာ္ျမတ္ဘုရား႐ွင္ကို အာရံုျပဳၿပီး ႏွစ္ဆယ့္ေလးပစၥည္းပ႒ာန္းအက်ယ္ခ်ဳပ္ကိုႏုတ္မွရြတ္ကာ မိမိ၏ အိပ္ယာေဘးပတ္ပတ္လည္၌ စည္းခ်ထားလိုက္သည္။ ျဖစ္လာမည့္ျပႆနာကိုရင္ဆိုင္ဖို႔အသင့္အေနအထားျပင္လိုက္၏။ အႏၱာရယ္တစ္စံုတစ္ရာ က်ေရာက္လာခဲ့ပါက ဘုရားစာသည္သာလ်ွင္ သူ႔အတြက္တစ္ခုတည္းေသာအားကိုးရာ။

သူကုတင္ေပၚလဲေလ်ာင္းေနစဥ္သူ႔အခန္းျပတင္းတံခါးသည္ အလိုလိုပြင့္လာၿပီး ခန္းဆီးစတို႔ကတဖ်တ္ဖ်တ္လြင့္ေန၏။ သူၾကည့္ေနစဥ္မွာပင္ အက်ည္းတန္လွေသာ ဝတ္ရံုမဲႀကီးသည္ အ႐ိုးေခါင္းဓားႀကီးကိုပုခံုးတြင္ထမ္းလ်က္ သူ႔အခန္းထဲ႐ွပ္တိုက္လြင့္လာ၏။

” ေမာင္ေတာ…ငါ့ေနာက္လိုက္ခဲ့ေပေတာ့…မနက္ဖန္ဆိုမင္းရဲ႕ရက္ခ်ိန္း…ခုႏွစ္ရက္ျပည့္ၿပီ…ခုငါနဲ႔လိုက္ခဲ့ေပေတာ့…”

ဆိုၿပီး သူ၏အ႐ိုးၿပိဳင္းၿပိဳင္းလက္အား ဆန္႔တန္းကာ ဦးေမာင္ေတာအား ဆဲြရန္ၾကံ၏။

” အား….”

သို႔ေသာ္ ကုတင္နားမေရာက္မီတစ္ဝက္မွာပင္ သူ႔လက္သည္အျဖဴေရာင္အလင္းတန္းတစ္ခုနဲ႔ထိမိၿပီး အေနာက္သို္႔ျပန္ဆုတ္သြား၏။ ဝတ္ရံုမဲႀကီးသည္ အားဟူေသာအသံနက္ႀကီးကိုေအာ္ၿပီး အေနာက္သို႔အခိုးအေငြ႕မ်ားအျဖစ္ လြင့္စင္သြားေတာ့သည္။

” ေသခ်င္းတရားကို ဘယ္သူမွမတားဆီးႏိုင္ဘူးေမာင္ေတာ…မင္းငါ့ဆီက ကူးတို႔ခတစ္မတ္လက္ခံၿပီးသြားၿပီ…ငါမင္းနာမည္ေတြစာရင္းသြင္းထားၿပီးၿပီ…မနက္ျဖန္ ငါျပန္လာခဲ့မယ္…”

ဆိုေသာအသံႀကီးသည္လည္း တေျဖးေျဖးေပ်ာက္ကြယ္သြားေတာ့သည္။ ဦးေမာင္ေတာက ထိုအျဖစ္အပ်က္တို႔ေၾကာင့္ အံ့ဩမွင္သက္ေနမိသည္။

ေမာင္ထင္ေပၚတစ္ေယာက္ တရားထိုင္ေနရင္း သူ႔အာရံုထဲ၌ ဆရာသခင္တို႔၏ပံုရိပ္မ်ားေပၚလာသည္။

” လူကေလး…ခရီးထြက္ဖို႔ျပင္ပါ…ဒီကေနအေ႐ွ႕စူးစူးအရပ္ကိုသြား…အဲဒီမွာ လူ႔သက္တမ္းမကုန္ေသးဘဲ မရဏစာအုပ္မွတ္တမ္းမွာ နာမည္စာရင္းသြင္းခံရတဲ့သူကိုအျမန္သြားကယ္ပါ…”

” ဟုတ္ဆရာ…ဆရာသခင္တို႔အမိန္႔အတိုင္းထမ္းရြက္ပါ့မယ္…”

” သာဓု…သာဓု…သာဓုကြယ္…ဤေကာင္းမႈေၾကာင့္ပညာတန္ခိုးတိုးပြားပါေစကြယ္…”

ဟုသူ႔ကိုဆုေပးၿပီး ဆရာသခင္က သူ႔အာရံုထဲမွေဝဝါးေပ်ာက္ကြယ္သြား၏။

မနက္ေရာက္​ေသာ္ ေမာင္ထင္ေပၚလည္း ဆရာသခင္တို႔၏အမိန္႔အတိုင္း အ​ေ႐ွ႕စူးစူးအရပ္သို႔ ခရီးဆက္လာခဲ့သည္။ ထိုအခါရြာတစ္ရြာ႐ွိ ရြာထိပ္ေလးမွ ရြာေတာ္႐ွင္နတ္သည္ ကိုယ္ထင္ျပၿပီး ေမာက္ထင္ေပၚထံအကူအညီေတာင္းေလ၏။

” ဆရာေလး…ဆရာေလး…ကြၽႏ္ုပ္ရြာမွာ႐ွ္တဲ့လူတစ္ေယာက္ကိုကယ္ေပးပါဦး…သူ႔မွာလူ႔သက္တမ္းအ႐ွည္ႀကီးက်န္ေသးတယ္…”

” အင္း…ခုငါ့ရဲ႕လာရင္းကိစၥလည္းအဲဒါဘဲ…ဘယ္လိုျဖစ္တာလဲအေၾကာင္းစံု႐ွင္းျပပါဦးရြာေစာင့္နတ္ႀကီး…”

” အင္းေျပာရရင္ေတာ့ ဒီလူဟာဘာသာတရားကိုင္း႐ိႈင္းတယ္၊ရပ္ေရးရြာေရး၊သာေရးနာေရးေတြမွာ ထိပ္ဆံုးကပါတဲ့လူ…ဒါေပမဲ့ သူကသတိမမူမိဘဲ သူေရေျမာင္းေတြဆည္တုန္းက ပါလာတဲ့မတ္ေစ့တစ္ေစ့ကို ယူသိမ္းထားမိခဲ့တယ္…အဲဒီမတ္ေစ့ကေသမင္းမရဏတံခါးကိုကူးတဲ့ ကူးတို႔ခဘဲ…အဲဒါကိုသူကယူထားမိလို႔ ေသစာရင္းသြင္းခံထားရတာ…သူ႔မွာေသကံမေရာက္ေသးဘူး…”

” ဪ…သူကမရဏတံခါးရဲ႕ကူးတို႔ခကို ယူထားမိတာကိုး…အခ်ိန္မီမကယ္ႏိုင္ရင္ ေသမင္းကလူမွားၿပီးေခၚမိေတာ့မွာဘဲ…ေက်းဇူးပါအသင္ရြာေစာင့္နတ္ႀကီး…”

ေမာင္ထင္ေပၚလည္း ရြာေစာင့္နတ္ကို ႏုတ္ဆက္ၿပီးရြာထဲဝင္လာခဲ့သည္။ ထိုအခ်ိန္အားျပင္းေသာလိႈင္းတစ္ခုက သူ႔ေ႐ွ႕မွျဖတ္ေျပးသြားသည္။

” မရဏလိႈင္းတစ္ခုငါ့ေ႐ွ႕ျဖတ္သြားၿပီ…ေသမင္းက လက္ဦးသြားလို႔မျဖစ္ဘူး…”

ဟုေတြးၿပီး ဝိညာဥ္ ႏုတ္ခံရမည့္သူ၏အိမ္ကို ပညာျဖင့္ကြယ္ထားေစလိုက္သည္။
ထိုပညာက ဆရာသခင္တို္႔ခ်ီးျမႇင့္ထားေသာ အင္းမွ လာျခင္းျဖစ္သည္။ ေသမင္းသည္ ဦးေမာင္ေတာ၏အိမ္ကို႐ွာမ​ေတြ႕ဘဲ တဝဲလည္လည္ျဖစ္ေနသည္။ ေမာင္ထင္ေပၚက ခပ္ျမန္ျမန္လမ္းေလ်ွာက္ၿပီး ဦးေမာင္ေတာ၏အိမ္သို႔လာခဲ့သည္။ ထိုအခ်ိန္တြင္ဦး​ေမာင္​ေတာက အိမ္ေမာက်ေနခ်ိန္ျဖစ္သည္။ အိပ္ေမာက်ေနခ်ိန္ျဖစ္သျဖင့္ လိပ္ျပာနဲ႔ခႏၶာက ကင္းကြာေန၏။ ေမာင္ထင္ေပၚက ျခံထဲဝင္လာၿပီး အိမ္႐ွင္ကိုလိုက္႐ွာေနသည္။ ခဏၾကာေသာ္ ျခံအေနာက္ဖက္မွ ထြက္လာေသာ မိန္းကေလးတစ္ေယာက္ကိုေတြ႔လိုက္ရသျဖင့္

” အစ္မ…အစ္မအေဖ႐ွိလား…”

” ႐ွိ္တယ္…အေဖအိပ္ေနတယ္…႐ွင္ကအေဖ့ရဲ႕ဧည့္သည္လား…”

” ဟုတ္တယ္…သူ႔ရဲ႕အေရးႀကီးဧည့္သည္ဘဲ…ကြၽန္ေတာ့္ကိုဘုရားခန္းျပ​ေပးပါလား…”

မျမတ္မြန္က ဘာမွနားမလည္ေသာ္လည္း အေဖျဖစ္သူ၏အေရးႀကီးဧည့္သည္ဆိုေသာေၾကာင့္ ဘာမွစဥ္းစားမေနေတာ့ဘဲ အိမ္ေပၚဘုရားခန္းဆီသို႔ ေမာင္ထင္ေပၚကို​ေခၚသြားလိုက္၏။ ဘုရားခန္းေရာက္ေသာ္ေမာင္ထင္ေပၚက ဘုရား႐ွိခိုးၿပီး ဦးေမာင္ေတာ၏ဝိညာဥ္ကိုလိုက္႐ွာ၏။ ဦးေမာင္ေတာ၏ဝိညာဥ္သည္ ရြာဦးေစတီေဘးတြင္ေရာက္ေနၿပီး ဘုရားရင္ျပင္သန္႔႐ွင္းေရးလုပ္ေပးေန၏။ ထိုအခ်ိန္ ဝတ္ရံုမဲႀကီးသည္လည္း ထိုအိမ္သို႔ေရာက္ခ်လာသည္။ ထိုအခါ ဦးေမာင္ေတာ၏ဝိညာဥ္သည္ ခ်က္ခ်င္းအိမ္သို႔ျပန္ေရာက္လာ၏။ သို႔ေသာ္႐ုပ္ၾကမ္းခႏၶာထဲမဝင္​ေသးဘဲ မိမိ၏အိမ္တြင္ေရာက္ေနေသာ လူငယ္နဲ႔ဝတ္ရံုမဲႀကီးကို တလွည့္စီၾကည့္ေန၏။ ထိုအခါဝတ္ရံုမဲကဦးေမာင္ေတာကို ဆဲြေခၚရန္ျပင္လိုက္၏။

” ရပ္လိုက္စမ္း..အသင္ေသမင္း…သင္လူမွားေခၚေနၿပီ…”

ေမာင္ထင္ေပၚ၏စကားေၾကာင့္ ဝတ္ရံုမဲကလက္ျပန္ဆုတ္ကာ

” သင္ကဘယ္သူလဲ…ဘာလို႔ငါ့ကိုျမင္ေနရတာလဲ…”

” ငါဘယ္သူလဲဆိုတာအေရးမႀကီးဘူး…အေရးႀကီးတာက…သင္ဒီပုဂၢိဳလ္ကို ေခၚသြားလို႔မရဘူး…သူ႔ရဲ႕လူ႔သက္တမ္းမကုန္ေသးဘူး…”

” ဘာလို႔လူမွားေခၚရမွာလဲ…သူကကူးတို႔ခတစ္မတ္ကိုလက္ခံၿပီးၿပီ…အဲဒီကူးတို႔ခက မရဏတစ္ခါးကိုျဖတ္ဖို႔ ေပးရမဲ့အဖိုးအခဘဲ…သူကမရဏစာအုပ္မွာ နာမည္ေပါက္ၿပီးၿပီ…”

” သူကမသိဘဲသိမ္းထားမိတာပါ…သူ႔ရဲ႕ကုသိုလ္ေကာင္းမႈကံမကုန္ေသးဘူး…သူဆက္ၿပီးလူ႔ေလာကမွာ ေနခြင့္႐ွိေသးတယ္… ”

” ဒီမွာ…ေသျခင္းတရားကိုဘယ္သူမွမတားဆီးႏိုင္ဘူး…လူတိုင္းတစ္ေန႔ဒီလမ္းသြားရမွာဘဲ…သူကဒီေန႔မဟုတ္လည္း တခ်ိန္ခ်ိန္မွာဒီလမ္းဘဲသြားရမွာဘဲ…ဘာမွမထူးဘူး… ”

” ဒါေပမဲ့ သူ႔ရဲ႕လူ႔သက္တမ္းအ႐ွည္ႀကီးက်န္​ေသးတယ္…သူ႔ကိုေကာင္းမႈကုသိုလ္ေတြလုပ္ခြင့္ေပးလိုက္ပါ…”

ေမာင္ထင္​ေပၚက ထိုသို႔ေျပာလိုက္ရာ ဝတ္ရံုမဲႀကီးက ဦးေမာင္ေတာ၏က်န္႐ွိေနသည့္ လူ႔သက္တမ္းကိုတြက္ၾကည့္လိုက္ရာ အမွန္ပင္သက္တမ္း႐ွည္ေနေသးသည္ကိုေတြ႔လိုက္ရသည္။

” ဒါဆိုလည္းၿပီးေရာေလ…ဒီတစ္ခါေတာ့ ထားလိုက္…ေနာက္တစ္ခါ ဆိုမရ​ေတာ့ဘူး…သူေကာက္ခဲ့တဲ့မတ္ေစ့ေလးကို လြင့္ပစ္ခုိုင္းလိုက္…ဒါမွနာမည္စာရင္းပ်က္မွာ…”

ဟုေျပာၿပီး ဝတ္ရံုမဲက သူ႔ေ႐ွ႕မွေပ်ာက္ကြယ္သြား၏။ ဦးေမာင္ေတာ၏ဝိညာဥ္က ေမာင္ထင္ေပၚကိုၾကည့္ၿပီး

” ေက်းဇူးတင္ပါတယ္ဆရာ….ဦးေလးအသက္ကိုကယ္တင္ေပးလို႔…”

ဆိုၿပီး႐ုပ္ၾကမ္းခႏၶာထဲသို႔ျပန္ဝင္သြား၏။

” အင္း….အဲ…ဘယ္လိုအိပ္မက္လဲကြာ..ထူးဆန္းလိုက္တာ…”

ပက္လက္ကုလားထိုင္ေပၚမွ စာဖတ္ရင္းအိပ္ေပ်ာ္သြားေသာ ဦးေမာင္ေတာတစ္ေယာက္ႏိူးလာလာခ်င္းထိုသို႔ေျပာ၏။ ေဘးဘီဝဲယာသို႔ၾကည့္လိုက္ေသာ္ ေမာင္ထင္ေပၚကိုျမင္လိုက္ရၿပီး

” ဟင္…အိမ္မက္ကတကယ္ျဖစ္ေနတာလား…သားကဘယ္သူလဲ…ဘယ္လိုေရာက္လာတာလဲ..”

” ဦးေလးႏိုးလာၿပီလား…ဦးေလးအိပ္မက္မက္ေနတာမဟုတ္ဘူး…တကယ္ျဖစ္ေနတာပါ…ဦးေလးမတ္ေစ့ေလးကိုဘယ္နားထားလဲမွတ္မိေသးလား…”

” မတ္ေစ့…ဪဟုတ္ၿပီ…ဝတ္ရံုမဲေျပာတဲ့မရဏတံတားကူးဖို႔ကူးတို႔ခ…မွတ္မိၿပီအဲဒါက ဟိုအိပ္ကပ္ေလးထဲမွာ…”

အစအဆံုးနားလည္သြားေသာ ဦးေမာင္ေတာ၏သမီးျမတ္မြန္က

” အေဖ…မႀကီးမငယ္နဲ႔ဘာလို႔အဲဒီမတ္ေစ့ကို ေကာက္သိမ္းထားရတာလဲ႐ွင့္…ဒီကဆရာေလးကယ္ေပလို႔သာေပါ့…မဟုတ္ရင္အေဖဝိညာဥ္ႏုတ္ခံေနရေလာက္ၿပီ…”

” ေအးကြ…ငါဟိုေန႔က ေျမာင္းဆယ္ရင္းနဲ႔ဗြက္ေတာထဲမွာ အဲဒီမတ္ေစ့ေလးေတြ႔လာတာ…မတ္ေစ့ေလးကငါ့စိတ္ထဲမွာတမူထူးျခားေနသလိုမို႔ငါလည္းေကာက္ၿပီး အိပ္ကပ္ထဲထည့္ထားလိုက္တာကြ…”

” ေတြ႔သမ်ွအရာတိုင္း ပိုင္႐ွင္မ႐ွိဘူးဆိုၿပီးေကာက္ယူလို႔မရဘူးဦးေလးေရ…အရာရာတိုင္းကမျမင္ႏိုင္တဲ့ပိုင္႐ွင္႐ွိၿပီးသားမို္႔ပါ..ကဲအဲဒီမတ္ေစ့ေလးကို သူ႔ေနရာသြားျပန္ထားလိုက္ပါ…ဦးေလးလည္း က်န္႐ွိေနတဲ့ဘဝသက္တမ္းမွာ ေကာင္းမႈကုသိုလ္ေတြ ပိုုပီးလုပ္ပါဗ်ာ…ကြၽန္ေတာ့ကိုခြင့္ျပဳပါဦး…”

” ဟင္…ဆရာေလးရဲ႕နာအည္ေတာင္မသိကေသးဘူးေလ…နားၿပီးမွသြားပါလား…ဧည့္ခံခ်င္လို္ပါ႐ွင့္…”

” ဟုတ္တယ္သားေရ…ဦးေလးတို႔ ေက်းဇူးတင္လြန္းလို႔ တတ္ႏိူုုိင္သေလာက္ပူေဇာ္ဧည့္ခံပါရေစ…”

” ကြၽန္ေတာ္ကဦးတည္ခ်က္မ႐ွိတဲ့ခရီးသြားတစ္ေယာက္ပါဗ်ာ…နာမည္ဆိုတာကလည္းပညတ္တစ္ခုဘဲမို႔ မသိခ်င္ပါနဲ႔ေတာ့…ကဲ ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦးဗ်ာ…”

ဦးေမာင္ေတာတို္႔သားအဖကား ထူးဆန္းေသာဧည့္သည္ကို တားဆီးႏိုင္စြမ္းမ႐ွိေတာ့ေခ်။ ေမာင္ထင္ေပၚက ဦးေမာင္ေတာတို္႔သားအဖကိုႏုတ္ဆက္ၿပီး ရြာထဲမွထြက္လာခဲ့​ေတာ့သည္။….။
( စိတ္ကူးမ်ွသာျဖစ္သည္။ သတ္ပံုမစစ္ရေသးပါ။ စာ႐ႈသူအေပါင္း ကိုယ္စိတ္ႏွလံုး က်န္းမာၾကေစေသာဝ္)

# ၿပီး
# ခြန္း