အယောင်ဆောင်ဧည့်ဆိုး(စ/ဆုံး)

Unicode Version

အယောင်ဆောင်ဧည့်ဆိုး(စ/ဆုံး)
—————————————
ရန်ကင်းဘက်ရှိသူငယ်ချင်းတစ်ဦး
ထံသို့ သွားရန် ဆူးလေဘုရားလမ်းရှိ
ကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်
နေချိန်ဖြစ်သည်။ကားမှတ်တိုင်ရှိထိုင်ခုံ
တန်းတွင် ကျွန်တော်ထိုင်နေစဉ် ကျွန်
တော့်နံဘေးလွတ်နေသောထိုင်ခုံသို့
လူကြီးတစ်ဦးဝင်၍ ထိုင်သည်။ ထိုင်ခုံ
ချင်းကပ်နေ၍ ထိုလူကြီးမျက်နှာကို
အမှတ်မထင် ကြည့်လိုက်မိသည်။ ထို
လူကြီးကလည်းကျွန်တော့်ကိုပြန်ကြည့်
သည်။ အကြည့်ချင်းဆုံသွား၍ ပြုံးမိ
လျက်သားဖြစ်သွားသည်။ နှစ်ဦးစလုံး ပြုံး၍ နှုတ်ဆက်မိသည်။ တစ်ဖက်သို့

မျက်နှာလွှဲသွားပြီးမှ ထိုလူကြီး ကျွန်
တော့်မျက်နှာကို သေသေချာချာ စူးစူး စိုက်စိုက် ပြန်၍ကြည့်သည်။ ကျွန်တော်
မနေတတ်တော့၍ထိုလူကြီးမျက်နှာကို ကြည့်လိုက်မိသည်။ ထိုလူကြီးက- “မင်း – မင်း ရုက္ခစိုးမဟုတ်လား၊
မော်လမြိုင်ကအပါရဲ့သားရုက္ခစိုးမဟုတ်
လား”
ရုက္ခစိုးဟူသောအမည်မှာ ကျွန် တော့်နာမည်ပြောင်ဖြစ်သည်။ ဤနာ
မည်ကို ရန်ကုန်တွင် ခေါ်သူမရှိပါ။ ကျွန် တော် အံ့ဩလွန်း၍ ထိုလူကြီးမျက်နှာ ကို အသေအချာကြည့်လိုက်သည်။

အသက်ရှစ်ဆယ်နီးပါးရှိမည်ဟု
ခန့်မှန်း
မိသည်။ အဖော်မပါ တစ်ဦးတည်း ခရီး
သွားနိုင်အောင်ကျန်းမာရေးကောင်းနေ သည်ကို တွေ့လိုက်ရသည်။
“ဟုတ်ပါတယ် – ကျွန်တော့်ငယ်နာ မည် ရုက္ခစိုးလို့ ခေါ်ပါတယ်။ ဒါနဲ့ ဘကြီး က ဘကြီးပန်းတင်ထင်တယ်” “အေး- သိပ်ဟုတ်တာပေါ့၊ မင်းက မှတ်မိသားပဲ၊ မင်း ငယ်ငယ်တုန်းက
ဘကြီး မင်းကို ချီပိုးထိန်းကျောင်းခဲ့ရ
တာ၊ မင်းက ငယ်ရုပ်မပြောင်းသေးဘူး၊
မင်းရဲ့မျက်ခုံးတွေက ကကြီးပုံမျက်ခုံးမို့
ဘကြီးကမှတ်မိတာ၊ မင်းကရော ဘကြီး
ကို ပန်းတင်ရယ်လို့ နာမည်ကို ဘယ်လို
ကြောင့် မှတ်မိတာလဲ”
“ကျွန်တော့်ကို ရုက္ခစိုးလို့ ခေါ်တာ ရယ်၊ ပြီးတော့ ဘကြီးနှာခေါင်းကမှဲ့ကြီး ကိုတွေ့ပြီးမှတ်မိခဲ့တာပါ”
“ဒါနဲ့ မင်းအဖေ အပါရော နေ
ကောင်းရဲ့လား”
“အမေဆုံးပြီး ငါးနှစ်လောက်မှာ
အဖေဆုံးသွားခဲ့တာ မော်လမြိုင်မှာပဲ
ဆုံးခဲ့တာ၊ ခုဆို အဖေဆုံးတာ လေးနှစ်
လောက်ရှိသွားပြီ”

“ဟာ- ငါ့သူငယ်ချင်း ဆုံးရှာပြီကိုး၊ လာကွာ။ တို့တူဝရီးတွေ အမှတ်မထင်
ဆုံကြတုန်းအေးအေးဆေးဆေးစကား
ပြောရအောင်။ ဒီကားမှတ်တိုင်မှာလူရှုပ်
တယ်၊ အသံတွေလည်း ဆူညံနေတာပဲ၊
လက်ဖက်ရည်ဆိုင်ထဲ သွားကြရ
အောင်”
ကျွန်တော်တို့နှစ်ဦး နီးစပ်ရာလက် ဖက်ရည်ဆိုင်ထဲဝင်ခဲ့ကြသည်။
“ရုက္ခစိုး၊ အခု မင်း ဘယ်မှာနေလဲ၊
ဘယ်သွားမလို့လဲ”

“သာကေတဘက်မှာနေတာ၊ ရန်
ကင်းသွားမလို့ ကားစောင့်နေတာ၊ ဘကြီးရော ဘယ်မှာနေလဲ၊ ဘယ်သွား
မလို့လဲ”
“ဘကြီးက မြောက်ဥက္ကလာပမှာ
နေတာ၊ သမီးနဲ့ လိုက်နေတာ၊ သားမက်
အိမ်မှာပေါ့၊ ခုမြောက်ဥက္ကလာပပြန်ဖို့
ကားစောင့်နေတုန်း မင်းနဲ့ဆုံခဲ့တာ၊ တို့
တွေကွဲသွားတာ အနှစ်နှစ်ဆယ်ကျော်
လောက်ရှိပြီထင်တယ်”
“ဖြစ်နိုင်ပါတယ် – ကျွန်တော် အလုပ်စဝင်ကတည်းကရန်ကုန်ရောက်
နေခဲ့တာ”

“မင်းကို ဘာကြောင့် ရုက္ခစိုးလို့ခေါ် တာသိရဲ့လား”
“ဟာ- ဘကြီးကလည်းသိတာပေါ့၊
ကျွန်တော့်အဖေနဲ့ အမေ၊ ကလေးမရ
သေးလို့ ကလေးလိုချင်လွန်းလို့ လက်ပံ
ပင်ကြီးမှာ သားဆုပန်ကြတယ်။ အဲဒီ
လက်ပံပင်ကြီးကိုစောင့်နေတဲ့ရုက္ခစိုးက ကျွန်တော့်အမေဆီ ဝင်စားတယ်လို့
ပြောကြတာပဲ”
“အေး- ဟုတ်တယ်၊ မင်းမိဘတွေ အိမ်ထောင်ကျပြီး ငါးနှစ်လောက်အထိ သားသမီးမရလို့ ရွာက လက်ပံပင်ကြီး မှာ သားဆု သွားပန်ကြတယ်။ နောက် တော့ လက်ပံပင်စောင့် ရုက္ခစိုးက သူ
လာခဲ့မယ်လို့ မင်းအမေ မအုန်းကြူကို
အိပ်မက်ပေးခဲ့တယ်။ယောက်ျားလေးဆို
ဘယ်သူပဲဖြစ်ဖြစ်၊ လာခဲ့လို့ အိပ်မက်
ထဲမှာမင်းအမေကပြန်ပြောလိုက်တယ်။
နောက် မကြာခင် မင်းကို ကိုယ်ဝန်ရ
တယ်လို့ပြောတယ်”
“ဒါကြောင့် ကျွန်တော့်ကို ရုက္ခစိုး
လို့ နောက်ပြောင်ခေါ်ကြတာပေါ့၊ ကျွန် တော်ကတော့ တိုက်ဆိုင်မှုလို့ပဲ ထင် တယ်ဘကြီးရယ်”

“တိုက်ဆိုင်မှုဆိုပေမယ့် တော် တော်ဆန်းတယ်၊ ဒီ့ထက်ဆန်းတာတွေ
မင်းမိဘတွေကြုံခဲ့သေးတယ်။အေးလေ
မင်းမိဘတွေလည်း မရှိကြတော့ဘူးဆို
တော့ အဲဒီအဖြစ်ဆန်းတွေ မင်းကို ကြုံ
တုန်းပြောပြမယ်”
“ဘယ်လို အဆန်းတွေ ကြုံခဲ့တာ လဲ၊ အဖေအမေတို့နဲ့ ပတ်သက်နေ
လား”
“မင်းရဲ့မိဘတွေကြုံခဲ့ကြတာ၊ အဲဒီ အကြောင်းတွေက ထူးဆန်းပြီး အံ့ဩဖို့ ကောင်း၊ ကြောက်ဖို့ကောင်းတဲ့ မယုံနိုင်
စရာအဖြစ်တွေပေါ့ကွယ်။ ဘကြီးကိုယ်
တိုင် ကြုံပြီး သိခဲ့ရတာ။ အဲဒီအကြောင်း
တွေ ဘယ်သူ့မှမပြောဖို့ မင်းမိဘတွေ
မှာထားခဲ့တာ၊အဲဒီအချိန်တုန်းကမင်းကို
တောင်မမွေးသေးဘူး၊ခု-မင်းမိဘတွေ
လည်းမရှိကြတော့ဘူး။မင်းက သားကြီး
ဆိုတော့ မင်းသိထားသင့်တယ်ထင်
တယ်”
“ထူးဆန်းပြီးကြောက်ဖို့ကောင်းတဲ့ အဖြစ်ဆိုတော့ စိတ်ဝင်စားပါတယ်။
ဘကြီးပြောမှာသာပြောပါ”
“အဲဒီအဖြစ်တွေက ကြာခဲ့ပါပြီ၊ တို့ နိုင်ငံလွတ်လပ်ရေးရပြီးလေးနှစ်၊ ငါးနှစ်

လောက်ကထင်တယ်။တိုင်းပြည်မငြိမ် မသက်နဲ့ သောင်းကျန်းသူတွေ ဆူပူနေ တဲ့ ကာလပေါ့။ သံဖြူဇရပ်မြို့နယ်ထဲက
ဝဲကလိကျေးရွာလေးမှာ ဖြစ်ခဲ့တဲ့အဖြစ်
ပါ။ မင်းကိုမွေးခဲ့တဲ့ရွာလေးပေါ့။ မင်း
အဖေက ဘကြီးရဲ့သူငယ်ချင်း ဘကြီးနဲ့
သိပ်ချစ်ကြတာ။ မင်းအဖေက ဘကြီး
ထက်အသက်ငယ်တယ်။ ဒါပေမဲ့ သူက
ခြောက်တန်းအထိ ပညာသင်ခဲ့ဖူးတော့
သူကစာအတတ်ဆုံးပေါ့။ တစ်နေ့ တပ်
မတော်သားတွေ ဝဲကလိရွာကိုရောက်
လာကြတယ်။ သောင်းကျန်းသူတွေကို
နှိမ်နင်းဖို့ ရောက်လာတာ။ ရွာကလမ်းမ
ကြီးအဝင်အတွက်လမ်းတွေပိတ်လိုက်
တယ်။ ရွာသားတွေကို ရွာပြင် ထွက်ခွင့်
မပြုတော့ဘူး။ ရွာသားတွေ ထိခိုက်မှာ
စိုးလို့ထင်ပါတယ်။ တို့လယ်ယာတွေက
ရွာပြင်မှာရှိတာ။
စပါးရိတ်ပြီးစကာလဆိုတော့ စပါးတွေ လယ်ထဲ ကျန်ရစ်ခဲ့တယ်။ ရွာ ပြင်မထွက်ရဆိုတော့ စပါးတွေ ရွာထဲ သယ်ဖို့ အခက်တွေ့တော့တာပေါ့။ ဝမ်း စာအတွက် စပါးက လိုလာပြီလေ။ အဲဒီ မှာ မင်းအဖေက ဦးဆောင်ပြီး လှည်း ဆယ့်ငါးစီးလောက်နဲ့ စပါးအသယ်သွား

ခဲ့ကြတယ်။ သွားနေကျရွာလမ်းမကြီးက
ပိတ်ထားတော့ဖြတ်လမ်းဖြစ်တဲ့သင်္ချိုင်း
ဟောင်းကုန်းကိုဖြတ်ပြီးသွားကြတယ်။
ညနေဘက်မှောင်စပြုတဲ့အချိန်မှာ သွား
ကြတာ၊အဲဒီသင်္ချိုင်းဟောင်းကအပြန်မှာ
ကြောက်လန့်ဖွယ်အဖြစ်နဲ့ ကြုံခဲ့ရတာ
မယုံနိုင်စရာပဲ”
“ဆက်ပြောပါ ဘကြီး၊ ကျွန်တော်
စိတ်ဝင်စားလာပြီ”
ဘကြီးပန်းတင်ကလွန်ခဲ့သောနှစ် ပေါင်းငါးဆယ်ကျော်က အဖြစ်အပျက် ကို စီကာပတ်ကုံး စိတ်ဝင်စားဖွယ် ကျွန် တော့်ကိုပြောပြသည်။
လှည်းဆယ်စီးကျော် ရှေ့နောက် တန်း၍ ဝဲကလိရွာမှ ထွက်ခဲ့ကြသည်။
တောလမ်းအတိုင်း တအိအိ မောင်းနှင်
လာသည်။နေမွန်းတိမ်းစအချိန်သာဖြစ်
သော်လည်းတောရိပ်တောင်ရိပ်ကြောင့်
မှောင်စပြုလာသည်။
“ရဲဘော်တွေကရွာပြင်မထွက်ရလို့
ပြောထားတယ်။ ခု တို့က ဆန့်ကျင်ပြီး
ထွက်လာတယ်။ တွေ့သွားရင် ဘယ်လို
လုပ်ကြမလဲ”

“မပူပါနဲ့ အစ်ကိုပန်းတင်၊ ရဲဘော်
တွေကို ကျွန်တော် ကြည့်ပြောပါ့မယ်၊
ကျွန်တော်တို့က သူပုန်သူကန်တွေမှ
မဟုတ်တာ”
“အပါရေ၊ မင်းပြောတာတော့ဟုတ်
နေတာပဲ၊ ဒါပေမဲ့ကြောက်နေသလိုပဲ”
“အစ်ကိုက လူကြီးဖြစ်ပြီး ဘာကို
ကြောက်နေတာလဲ”
“တို့ကို သောင်းကျန်းသူတွေထင် ပြီး ပစ်လားခတ်လားလုပ်မှာစိုးတာ ရယ်၊ ပြီးတော့ သင်္ချိုင်းဟောင်းကို ဖြတ် သွားရမှာ၊ ဒီသင်္ချိုင်းဟောင်းက သရဲ ခြောက်တဲ့သင်္ချိုင်းဆိုတာ မင်းတို့အသိ ပဲ၊ ညနေစောင်းတာနဲ့ ဘယ်သူမှ ဖြတ်
သွားဖြတ်လာ မလုပ်ဝံ့ကြတော့ဘူး” “ကျွန်တော်တို့က လူစုနဲ့သွားကြ
တာပါ။ အစ်ကိုလိုလူက ကြောက်တယ်
ပြောနေတော့ ကျန်တဲ့သူတွေကို ဘယ် လိုပြောရမလဲ၊ အပြန်ကျတော့ ကျွန် တော့်လှည်းနောက်ဆုံးကလိုက်ခဲ့မယ်၊ ကျွန်တော်ဒါတွေမယုံပါဘူး”
“မင်းက အခြောက်မခံရဘူးသေး တာ၊ အေးပါ -ကဲကဲ – သွားကြ၊ ဟော- ပြောရင်းဆိုရင်း သင်္ချိုင်းဟောင်းတက် မယ့် ကုန်းထိပ်တောင် ရောက်လာပြီ”

သင်္ချိုင်းဟောင်းကုန်းကိုလှည်းတွေ
က တအိအိ တက်ခဲ့ကြသည်။ မကြာမီ
သင်္ချိုင်းဟောင်းထဲ ရောက်လာသည်။ အားလုံး ရင်တထိတ်ထိတ် ဖြစ်နေ
ကြသည်။ မည်သည့်ခြောက်လှန့်မှုမှ
မတွေ့ရဘဲလယ်ကွင်းများရှိရာရောက်ခဲ့
ကြသည်။ စပါးများကို လှည်းပေါ်အမြန်
တင်ကြသည်။ ပတ်ဝန်းကျင်မှာ မှောင်
မည်းတိတ်ဆိတ်နေသည်။ကျွန်တော်တို့
အုပ်စု စကားပြောသည့်အသံသာ ခပ်
တိုးတိုးကြားနေရသည်။ အမှောင်ထုက
ရောက်ရှိလာပြီဖြစ်သည်။ လှည်းများ
စုစည်းပြီး ပြန်ထွက်မည့်အချိန်တွင်
လက်နှိပ်ဓာတ်မီးအရောင်များ ဟိုမှ
သည်မှ ပေါ်လာပြီး ရဲဘော်များ ရောက်
လာသည်။
“ခင်ဗျားတို့ဘာလာလုပ်ကြတာလဲ၊ ရွာပြင်မထွက်ရဘူးဆိုတာ မသိကြဘူး လား၊ ဒီကအစ်ကိုကြီးနာမည် ဘယ်လို ခေါ်လဲ၊ ခေါင်းဆောင်ဘယ်သူလဲ” ရောက်ရှိလာသည့်ရဲဘော်များက အနီးဆုံးတွေ့ရသည့် အစ်ကိုပန်းတင်ကို
မေးလိုက်သည်။ လက်နှိပ်ဓာတ်မီးဖြင့်
မေးမြန်းလာသူကို ကြည့်လိုက်သည်။

သူ့လက်မောင်းတွင် အရစ်သုံးရစ် တွေ့
ရသည်။
“ကျွန်တော့်နာမည် ပန်းတင်ပါ။ ဝဲကလိရွာသားတွေပါ။ စပါးပြတ်ပြီး စား စရာမရှိတော့လို့ အရဲစွန့်ပြီး လာသယ် တာပါ၊ အပါပြောပြလိုက်လေ”
ကိုပန်းတင်ကအပါ့ဘက်သို့လှည့်
ပြီးပြာလိုက်သည်။
“ကျွန်တော် ဦးဆောင်ပြီး ခေါ်လာ တာပါ၊ ကျွန်တော့်နာမည် အပါလို့ ခေါ်ပါ တယ်။ ဝဲကလိရွာသားစစ်စစ်တွေပါ။ လူစိမ်းမပါပါဘူး။ စပါးလာသယ်ရုံ သက်
သက်ပါ။ဆန်ပြတ်နေလို့ပါ။ရဲဘော်တို့ကို
အကြောင်းမကြားမိတာ တောင်းပန်ပါ
တယ်”
“ခက်တယ်ဗျာ၊ သောင်းကျန်းသူ တွေလို့ ထင်ပြီး ပစ်ခတ်မိရင် မခက်ဘူး လား၊ အခုစပါးတွေတင်ပြီးပြီလား” “ပြီးသလောက် ဖြစ်နေပါပြီ၊ သောင်းကျန်းသူတွေ မီးရှို့လိုက်မှာစိုး လို့၊ ခုလို အသက်စွန့်ပြီး စပါးလာသယ်
ကြတာပါ”
“ကျွန်တော်တို့ရဲဘော်တွေ ရှိနေ
သရွေ့ ဒီကောင်တွေ မလာရဲပါဘူး။
နောက်ဆို ကြိုတင်အသိပေးပြီးမှ ည

ဘက် ရွာပြင်ထွက်ကြပါ၊ ကဲ-ကဲမှောင် နေပြီ၊ သွားကြတော့”
အပြန်ခရီးတွင် အပါ့လှည်းက နောက်ဆုံးမှထွက်ရသည်။အခြားလှည်း
များသရဲကြောက်၍နောက်နားမှမလိုက်
ဝံ့ကြပါ။ အပါ့လှည်းရှေ့တွင် အစ်ကိုပန်း
တင်လှည်းရှိသည်။ ညမှောင်မှောင်တွင်
သွားနေကျလမ်း မဟုတ်သဖြင့် ခရီး
မတွင်ကျယ်လှပါ။ ဝန်ပါသဖြင့် သင်္ချိုင်း
ဟောင်းကုန်းအတက်တွင် နွားများ
ရုန်းနေရသည်။ ရှေ့မှ လှည်းများပင်
သင်္ချိုင်းဟောင်းကို ကျော်လွန်စပြုနေပြီ
ဖြစ်သည်။ နောက်ဆုံးမှ အပါ့လှည်းနှင့်
အစ်ကိုပန်းတင်တို့လှည်းပင် သင်္ချိုင်း ဟောင်းကိုကျော်လွန်စပြုလာသည်။ “အစ်ကိုပန်းတင်ကသာ ကြောက် နေတာ၊အသွားအပြန်ဘာမှခြောက်လှန့်
တာမခံခဲ့ရဘူးလေ”
“အင် – မင်းပြောတာလည်း ဟုတ် နေတာပဲ၊ ဒါပေမဲ့ – ဒီသင်္ချိုင်းဟောင်း ဖြတ်သွားဖူးသူတိုင်း အခြောက်ခံရတာ များတယ်ကွ”
“ခု ဘာမှ ခြောက်တာ မကြုံရဘူး

အပါနှင့် ကိုပန်းတင်တို့ လှည်း သချိုင်းဟောင်းအလွန်တွင်
လှည်း
လမ်းဘေးမှ ကလေးငိုသံသဲ့သဲ့ ကြား
လိုက်ရသည်။ ကလေးငိုသံ ကြားရာသို့
အပါက သေသေချာချာကြည့်လိုက်
သည်။ လမ်းဘေးတွင် အနှီးဖြင့် ထုပ်ပိုး
ထားသော လသားအရွယ်ကလေးတစ်
ဦးငိုနေသည်ကို လှည်းပေါ်မှ လှမ်းတွေ့
လိုက်ရသည်။ ကလေးက တအားငိုနေ
ဆဲဖြစ်သည်။ ကိုပန်းတင်ကရှေ့မှလှည်း
များ ခေတ္တရပ်ရန် အဆင့်ဆင့် အချက်
ပေးလိုက်သည်။
“ရှေ့ကလှည်းတွေ ခဏရပ်ကြ ပါဦး၊ ဒီမှာကလေးငိုသံကြားနေရလို့” ကိုပန်းတင်အသံကြောင့် ရှေ့မှ လှည်းများ ရပ်တန့် သွားသည်။ ကိုပန်း တင်က သူ့နောက်လှည်းပေါ်မှ အပါ့ကို လှမ်းပြောလိုက်သည်။
“အပါရေ သင်္ချိုင်းလွန်ရုံရှိသေး တယ်၊ ခု ငိုသံကြားတဲ့ကလေးကို နင် ဘယ်လိုသဘောရသလဲ၊ ငါတော့ သိပ်
ပြီး မသင်္ကာဘူး”
“ဒါတွေ ကျွန်တော်မယုံဘူး၊ ကျွန် တော် ဆင်းကြည့်လိုက်ဦးမယ်”

ပြောပြောဆိုဆိုအပါကလှည်းပေါ်မှ
ခုန်ဆင်းလိုက်သည်။ ငိုနေသောကလေး
အား အနီးပါမကျန် ကောက်ယူထွေးပွေ့ လိုက်သည်။ ကလေးမှာ အပါ့လက်ပေါ် တွင် ချက်ချင်း အငိုတိတ်သွားသည်။ “တစ် ယောက် ယောက် က
အကြောင်းတစ်ခုခုကြောင့် မမွေးချင်လို့ လာစွန့်ပစ်သွားတာ ဖြစ်မယ်”
“ငါကတော့ မထင်ဘူး၊ မင်းက ဒီ
သင်္ချိုင်း သရဲခြောက်တာမယုံတော့
အခက်သားပဲ၊ ကဲ-ဒီကလေးမင်းဘယ်
လိုလုပ်မှာလဲ”
“နောက်မှ ကြည့်ရှင်းမယ်၊ လော
လောဆယ် ဒီကလေး ကျွန်တော်ခေါ်
သွားမယ်၊ပိုင်ရှင်တွေ့တော့ပြန်ပေးလိုက်
မှာပေါ့၊ ပိုင်ရှင်မပေါ်တော့ ကျွန်တော်တို့
လင်မယား မွေးစားမယ်”
“မင်းတို့လင်မယားက ကလေးမှ မရသေးတာ၊ မင်းမိန်းမ မအုန်းကြူ ကလေးရူး ရူးနေတာနဲ့ အတော်ပဲပေါ့၊ ဒါပေမဲ့အပါ”
“ကဲပါ – အစ်ကိုပန်းတင်ရယ်၊ ဒါပေ မဲ့တွေ လုပ်မနေပါနဲ့တော့၊ အစ်ကို ဘာ ပြောမယ်ဆိုတာကျွန်တော်သိနေတယ်၊ ကျွန်တော်ဒါတွေမယုံဘူး။ သရဲခြောက်

ရင် ဒီလို ဘယ်ဟုတ်ပါ့မလဲ၊ ကြောက် စရာ အကောင်ပလောင်တွေ တွေ့ရမှာ
ပေါ့၊ သွားကြစို့ အစ်ကို”
မည်သို့မျှ ပြော၍မရသည့်အဆုံး
အစ်ကိုပန်းတင်က လှည်းများဆက် လက်ထွက်ခွာရန် အော်ပြောလိုက်
သည်။ အပါကကလေးကိုထွေးပွေ့ထား
ရင်းလှည်းမောင်းလာသည်။

အပါတို့ လှည်းတန်းကြီး ရွာပြန် ရောက်ချိန်သည် သန်းခေါင်ချိန်နီးနေပြီ
ဖြစ်သည်။ စပါးများ ချသူချ၊ သယ်သူ
သယ်နှင့် အလုပ်ရှုပ်နေကြသည်။
အားလုံးကိစ္စပြီးစီး၍ အပါ့အိမ်သို့ရောက်
ရှိလာကြသည်။ ကလေးနှင့်ပတ်သက်၍
တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာ
ပြောဆိုနေကြသည်။ သင်္ချိုင်းဟောင်း
အနီးမှအချိန်မတော်ကောက်ယူခဲ့သော

ကလေးမို့ အချို့က မွေးသင့်၊ မသင့် ဝေဖန်ပြောဆိုနေကြသည်။
“ကဲ – ကဲ တော်ကြပါတော့၊ ဒီ
ကလေး မနက်ဖြန် ပိုင်ရှင်မပေါ်ရင် ကျွန်
တော်တို့ လင်မယား တရားဝင်မွေးစား
မယ့်ကလေးက ချစ်စရာ ဖြူဖြူဖွေးဖွေး
ယောက်ျားလေးပါ”
ထိုညကအပါတို့လင်မယားအလုပ်
ရှုပ်နေတော့သည်။ အိမ်ထောင်သည် ကလေးငယ်ရှိသော မိန်းမများ နို့လာ တိုက်ကြသည်။ အပါတို့အိမ်မှာကလေး
ကြောင့် လူစည်နေတော့သည်။
“အပါတို့အိမ်က ခုမှ အိမ်နဲ့တူသွား
တော့တယ်”
“သူတို့လင်မယားက ခုမှ မွေးစား
ဖို့ကလေးရတာ”
“ငါးနှစ်လောက်ရှိပြီ ကလေးမရ
တော့ဘူးထင်ပါရဲ့”
“ဘယ်သူမြုံနေတာလဲမှ မသိ
တာ”
“မအုန်းကြူ မြုံနေတာလားမှ မသိ
တာ”
မိန်းမများ အမျိုးမျိုး ပြောနေကြပြီး ကလေးကိုနို့တိုက်နေကြသည်။ကလေး မှာနို့စို့နေစဉ်အချိန်သာအငိုတိတ်သည်။

ကျန်သည့်အချိန်တွင် တစ်ချိန်လုံး ငိုနေ
တော့သည်။ တစ်ဦးစီ ချော့သိပ်သော်
လည်း အငိုမတိတ်ပါ။ ပုခက်ဆင်၍သိပ်
လည်းမအိပ်ဘဲရုန်းကန်နေသည်။ လင်
မယားနှစ်ဦးကြားတွင်ထား၍သိပ်သော်
လည်းမအိပ်ဘဲငိုနေပြန်သည်။ နောက်
ဆုံး အိမ်နောက်ဖေးဘက် အခန်းတွင်
တစ်ဦးတည်းသိပ်ထားလိုက်တော့မှ
အငိုတိတ်သွားတော့သည်။ အပါတို့
လင်မယားလည်း အပျော်ကြီးပျော်နေ
ကြသည်။ မနက်ဖြန်မှ ပိုင်ရှင်မပေါ်လျှင်
သူတို့လင်မယား တရားဝင်မွေးစားမည်
ဟုတွေးကာပျော်နေကြသည်။ သို့သော်
သူတို့လင်မယားအပျော်များကနောက်
တစ်နေ့မကူးခဲ့ပါ။ သန်းခေါင်ကျော်တွင်
ပြဿနာစလာပါတော့သည်။နို့ဝအောင်
စို့ထားပြီးနောက်ဖေးခန်းတွင် အိပ်ပျော်
နေပြီဖြစ်သည်။

အပါတို့လင်မယားလည်း ပင်ပန်း ထားသဖြင့် အိပ်ခန်းထဲတွင်နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်နေကြသည်။ သန်းခေါင် ကျော်အချိန်ခန့်တွင် အပါတို့မွေးထား သော အိမ်အောက်မှ ခွေးသုံးကောင်၏ စူးစူးဝါးဝါးဟောင်သံကြောင့် အပါတို့

လင်မယား အိပ်ရာမှ နိုးခဲ့ရသည်။ ခွေး များ ဆက်လက်ဟောင်နေဆဲဖြစ်
သည်။
“အစ်ကိုထပါဦး၊ ခွေးတွေ ဘာတွေ့
လို့ ဒီလောက်ဟောင်နေတာလဲ”
“အေး- ဟုတ်တယ်၊ ခွေးတွေ ဟောင်ပုံက တော်တော်ထူးနေတယ်၊
တို့အိမ်ကခွေးတွေပဲ ဟောင်နေတာ၊
ခေါင်းရင်းခြေရင်းအိမ်ကခွေးတွေတော့
မဟောင်ဘဲငြိမ်နေပါလား၊ငါဆင်းကြည့်
လိုက်ဦးမယ်၊ လက်နှိပ်ဓာတ်မီး ပေး
ပါဦး”
ကိုပါက လက်နှိပ်ဓာတ်မီးကိုင်ပြီး
အိမ်အောက်ဆင်းလိုက်သည်။ ခွေးများ
ကအိမ်နောက်ဖေးခန်းကိုကြည့်ပြီး ထိုး
ထိုးဟောင်နေသည်။အသေအချာကြည့်
လိုက်မှကလေးသိပ်ထားရာနောက်ဖေး
ခန်းကိုဦးတည်ကာ ဟောင်နေသည်ကို
တွေ့ရသည်။ထိုစဉ်ခေါင်းရင်းခြံမှအစ်ကို
ပန်းတင်လည်း ဓားရှည်တစ်ချောင်း
ကိုင်ကာအိမ်ပေါ်မှ ဆင်းလာသည်။
“မင်းရဲ့ခွေးတွေက ဘာတွေ့လို့
ဒီလောက်ဟောင်နေတာလဲ၊ငါ့ခြံကခွေး တွေတော့ ငြိမ်နေတယ်၊ ထူးဆန်းတယ် ထင်ပြီး ငါ ဆင်းလာခဲ့တာ”

“ဟုတ်တယ် – အစ်ကိုပန်းတင်၊
ခွေးတွေက ကျွန်တော့်အိမ်နောက်ဖေး
အခန်းဘက် မော့မော့ပြီး ထိုးဟောင်
နေကြတာ”
ထိုအခိုက်မှာပင် အနီးအနားအိမ်
များမှလူများလည်းအပါတို့အိမ်ခြံတွင်း
သို့ရောက်လာကြသည်။
“ဘာတွေတွေ့လို့ အပါ့အိမ်က ခွေး
တွေ မရပ်မနား ဒီလောက်ဟောင်နေ
တာလဲ”
အစ်ကိုပန်းတင်ကို မေးလိုက်ခြင်း
ဖြစ်သည်။ အစ်ကိုပန်းတင်က-
“အေး – ငါလည်း သိချင်လို့ ဆင်း လာတာပဲ၊အပါ့အိမ်ပေါ်ကြည့်ပြီးဟောင်
နေကြတာတော်တော်ထူးနေတယ်”
“ဟုတ်တယ်၊ ဒီခြံက ခွေးတွေပဲ
ဟောင်နေတာ၊ ကျွန်တော်တို့အိမ်က
ခွေးတွေတော့ ငြိမ်နေတာပဲ၊ ခါတိုင်း
တစ်ခုခုတွေ့ရင် အုပ်စုလိုက် ဟောင်ကြ
တာ၊ ခုတော့ အပါ့အိမ်ကခွေးတွေပဲ
ယောက်ယက်ခတ်ပြီး ဟောင်နေတာ
တော်တော်ထူးနေတယ်”
ထိုစဉ်အစ်ကိုပန်းတင်က တစ်ခုခု
သတိရဟန်ဖြင့် အပါ့ကို မေးလိုက်
သည်။

“ဒါနဲ့အပါ၊ ညနေက မင်းကောက် ရခဲ့တဲ့ကလေးကော ဘယ်မှာလဲ” “ရှိပါတယ်အစ်ကို အိပ်နေပြီ၊ ဘာ ဖြစ်လို့ကလေးကို မေးရတာလဲ”
“ငါ့စိတ်ထဲ တစ်မျိုးဖြစ်နေလို့ပါ၊ ကလေးကိုဘယ်မှာသိပ်ထားလဲ၊ မင်းတို့
အိပ်ခန်းထဲမှာပဲလား”
“ရှေ့ခန်းမှာသိပ်လို့မရလို့ နောက် ဖေးခန်းမှာ တစ်ယောက်တည်း သိပ် ထားတာ၊ ကလေးအိပ်ပျော်သွားမှ ကျွန် တော်တို့အိပ်ခဲ့တာ၊ အိပ်ပျော်နေတုန်း ခွေးတွေဟောင်လို့ နိုးလာရတာ” “မင်းက အယုံအကြည်မရှိတော့
ငါမပြောချင်ဘူး၊ ခု ခွေးတွေဟောင်နေ တာ မင်းကလေးသိပ်ထားတဲ့နောက် ဖေးခန်းကိုမဟုတ်လား”
“ဟာ – ဟုတ်တယ် အစ်ကို
ပန်းတင်”
“ဒါဆို ကလေး ခု အခြေအနေ ဘယ်လို ရှိနေလဲ၊ မင်းမိန်းမ မအုန်းကြူ ကို မေးလိုက်စမ်း၊ ကလေးကို သွား
ကြည့်ပါဦးလို့”
အစ်ကိုပန်းတင်စကားအဆုံးတွင် အပါကအိမ်ပေါ်ရှိသူ့မိန်းမမအုန်းကြူကို လှမ်းအော်ပြောလိုက်သည်။

“အုန်းကြူရေ၊ ခွေးတွေ ဒီလောက် ယောက်ယက်ခက်ပြီး ဟိုပြေးဒီပြေးနဲ့
ဒီလောက်ဟောင်နေတာ ကလေးမနိုး
ဘူးလား၊ ငိုသံလည်း မကြားဘူး၊ ကြည့်
လိုက်ပါဦး”
“ဟုတ်ကဲ့အစ်ကို၊ ကျွန်မ သွား
ကြည့်လိုက်မယ်”
ထိုသို့ ပြောပြီး မအုန်းကြူက
ကလေးသိပ်ထားရာ နောက်ဖေးခန်းသို့
ဝင်သွားသည်။ ခဏအကြာ မအုန်းကြူ
အလန့်တကြားအော်သံကြားလိုက်ရပြီး
အိမ်ပေါ်မှ ထိတ်လန့်စွာ ပြေးဆင်းလာ
သည်ကိုတွေ့လိုက်ရသည်။
“လာကြပါဦး၊ ကလေးမရှိတော့
ဘူး၊ ပျောက်သွားပြီ၊ ကလေးက..” မအုန်းကြူစကားမဆက်နိုင်တော့
ပါ။
“ဘာတွေ့ခဲ့လို့လဲပြောပါဦး” အတန်ကြာမှ မအုန်းကြူ စကား
ပြောနိုင်တော့သည်။
“ကျွန်မရောက်သွားတော့ ဖျာပေါ်
မှာသိပ်ထားတဲ့ကလေး မရှိတော့ဘူး၊
နောက်ဖေးဘက်လှမ်းကြည့်လိုက်တော့ ဝိညာဉ်လိုလို၊ လူရိပ်လိုလို ဖြူဖြူအရိပ်

ကြီးတစ်ခုတံခါးဘက်ရွေ့လျားသွားတာ ရိပ်ခနဲတွေ့လိုက်ရတယ်”
“ဒါဆို ကလေးက ဘယ်ရောက်
သွားတာလဲ”
“ကျွန်မတွေ့လိုက်ရတဲ့ဖြူဖြူအရိပ် ကြီးဟာကလေးသိပ်ထားတဲ့ဖျာပေါ်က ထသွားတာများလား၊ အို – မပြောတတ်
တော့ပါဘူး”
“ဟာ – ကလေးက ဘာလို့မရှိရ

တော့တာလဲ၊ ကဲ – အိမ်ပေါ်သွားကြည့်
ကြမယ်”
အစ်ကိုပန်းတင်ဦးဆောင်ပြီး ကျွန်
တော်တို့ လေးငါးဦး အိမ်ပေါ်တက်ခဲ့ကြ
သည်။
“ကျန်တဲ့သူတွေ နောက်ဖေးခြံစပ်
ဘက်သွားကြည့်စမ်းပါ၊ ခွေးတွေထိုးထိုး
ဟောင်နေတာတော်တော်ထူးနေတယ်။
သင်္ချိုင်းဟောင်းကအယောင်ဆောင်ပြီး
လိုက်လာတဲ့အကောင် ဖြစ်မယ်ထင်
တယ်”
ကျွန်တော်တို့အိမ်ပေါ်တက်လာစဉ် နောက်ဖေးခြံစပ်ဘက်သွားသူများသွား
နေကြသည်။ မီးဖိုချောင်အခန်း အရောက်တွင် ကလေးသိပ်ထားသည့် ဖျာပေါ်သို့လက်နှိပ်ဓာတ်မီးဖြင့်ထိုးကြည့်

လိုက်သည်။ ကလေးကို မတွေ့ရတော့ ပါ။ ကလေးမတွေ့ရတော့သလို မည်
သည့်အရာမှလည်းမတွေ့ပါ။ ထိုအခိုက်
အိမ်ပေါ်သို့ ထိုးထိုးပြီးဟောင်နေသည့်
ခွေးများ အိမ်နောက်ဖေးခြံစပ်ဘက်သို့
ပြေးလွှားထွက်သွားကြသည်ကို တွေ့
လိုက်ရသည်။ ထို့နောက် ခြံစည်းရိုး
အစပ်ကိုထိုးထိုးပြီးဟောင်နေကြသည်။
ထိုစဉ်မှာပင် အနီးအနားအိမ်များမှ ခွေး
များပါ ရောက်ရှိလာပြီး နောက်ဖေးခြံ
စည်းကိုထိုးထိုးဟောင်နေတော့သည်။
ခွေးများ ပြုမူပုံက ထူးဆန်းနေသည်။
ဟောင်သည့်ခွေးက ဟောင်၊ အူသည့်
ခွေးက အူဖြင့် ဆူညံနေတော့သည်။
အရုဏ်မတိုင်မီ အချိန်က ခွေးအူသံများ
ဖြင့် ချောက်ချားဖွယ်ရာ မတွေ့ရတော့
သည့်နည်းတူ မအုန်းကြူ တွေ့လိုက်ရ
သည်ဆိုသောဖြူဖြူအရိပ်ကြီးကိုလည်း
မတွေ့ရတော့ပေ။
ထူးဆန်းလွန်းသောအဖြစ်ကြောင့် အားလုံး မှင်တက်နေမိကြသည်။ ရုတ် တရက် မည်သူမျှ စကားမပြောနိုင်ကြ ဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလျက်သားဖြစ်နေကြသည်။

“ဘကြီးပြောပြခဲ့တာတွေကအဖြစ်
မှန်တွေနော်၊ ကြောက်စရာကြီးနော်”
“ဘကြီးကိုယ်တိုင် ကြုံခဲ့တဲ့အဖြစ်
ပါကွယ်။ ဒီနေ့အထိ မမေ့သေးပါဘူး။
ဒီအကြောင်းတွေပြန်မပြောပါနဲ့လို့ကတိ
တောင်းထားတဲ့ မင်းရဲ့မိဘနှစ်ပါး လော
ကကြီးမှာ မရှိတော့လို့ ပြောပြရတာပါ။
အဲဒီတုန်းက မင်းရဲ့အဖေက မယုံကြည်
ဘူးဆိုတော့ သူ့ကိုမှ ရွေးပြီး ချောက်ပြ
ခဲ့တာထင်ပါရဲ့။ ပြီးတော့မင်းနဲ့ပတ်သက်
တာတွေရှိသေးတယ်”
“ကျွန်တော်နဲ့ပတ်သက်တာဟုတ်
လား ဘကြီး၊ ဘယ်လိုပတ်သက်တဲ့
အကြောင်းလဲ”
“အေး မင်းနဲ့ပတ်သက်တာ ဒီလို
ကျွဲ၊ ကလေးအယောင်ဆောင်ပြီး လိုက်
လာတဲ့သရဲအခြောက်ခံခဲ့ရပေမယ့်မင်း
အမေမအုန်းကြူကမကြောက်တဲ့အပြင်
ဖြူဖြူဖွေးဖွေး သတိရနေခဲ့တယ်။
ကလေးလိုချင်တဲ့ဆန္ဒတွေ ပိုပြီး ပြင်းပြ
လာခဲ့တယ်။ နောက်ဆုံး မျှော်လင့်ချက်
အနေနဲ့လူကြီးသူမတွေပြောတဲ့အတိုင်း
လုပ်တော့တာပဲ”
“ကျွန်တော် အဖေအမေတို့က
ကလေးရဖို့ ဘာတွေလုပ်ခဲ့ကြတာလဲ”

“သစ်ပင်ကြီးမှာ သားဆုသွားပန် တာလေ၊ လူခြေတိတ်ချိန်မှာ ရွာထိပ်က လက်ပံပင်ကြီးဆီသွားပြီး သားဆုသွား
ပန်ကြတယ်လေ”
“သားဆု ဘယ်လိုသွားပန်တာ
လဲ”
“လက် ပံ ပင် ကြီးအရင်းမှာ
ဖယောင်းတိုင်ငါးတိုင်ထွန်းပြီး လင်
မယားနှစ်ယောက်စလုံး ဆုတောင်းကြ
တာ၊ဖယောင်းတိုင်မီးငြိမ်းတဲ့အထိထိုင်
နေကြရတာ။ မင်းပြောခဲ့သလို တိုက်
ဆိုင်မှုပဲထားပါတော့၊ သားဆုသွားပန်ပြီး
လေးငါးလအကြာမှာ မင်းအမေ မင်းကို
ကိုယ်ဝန်ရခဲ့တာ၊ လက်ပံပင်စောင့်ရုက္ခ
စိုးက မင်းအမေဗိုက်ထဲ ဝင်စားမယ်လို့
မင်းအမေကို အိပ်မက်ပေးခဲ့တာ၊ မင်း
အမေကလည်း ယောက်ျားလေးလိုချင်
နေတော့ လာခဲ့လို့ ပြန်ပြောလိုက်တယ်
တဲ့။ ဒါကြောင့် မင်းကိုမွေးတော့ ရုက္ခစိုး
လို့ခေါ်ကြတာပေါ့”
“လူတွေက ကျွန်တော့်ကို ရုက္ခစိုး ဝင်စားတယ်လို့ ဘယ်လိုသိသွားကြ တာလဲ”
“ကလေးရူး ရူးနေတဲ့ မင်းအမေက
မင်းကို ကိုယ်ဝန်ရတော့ ရုက္ခစိုးဝင်စား

တဲ့ကိုယ်ဝန်၊ ကျွန်မ အမြုံမ မဟုတ်ဘူး ဆိုပြီး တစ်ရွာလုံးကို လိုက်ပြီး ကြေညာ
တော့တာပဲ။ ဒါကြောင့်မင်းကိုမွေးတော့
ရုက္ခစိုးလို့ နောက်ပြောင်ခေါ်ကြရင်း
ရုက္ခစိုးနာမည် တွင်ခဲ့တာပေါ့။ မင်းရဲ့
မျက်ခုံးကလည်း ထူထဲမည်းနက်နေပြီး
ကကြီးပုံမျက်ခုံး ဖြစ်နေတယ်လေ”
“အဖြစ်တွေကကြာခဲ့ပြီဖြစ်ပေမယ့်
ဘကြီးက အားလုံးကို မှတ်မိနေတာပဲ
နော်”
“ဘကြီးကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်
တွေမို့ပါ။ မင်းကိုမွေးပြီးတော့ ဘကြီးတို့ ကပဲ ချီပိုးစောင့်ရှောက်ခဲ့ကြတာ” “ဘကြီးပြောပြလို့ ခုမှသိခဲ့ရတယ်၊ အဖြစ်တွေကတော်တော်ကြောက်စရာ
ကောင်းတယ်၊ အဖေတို့အမေတို့ တစ်
ခါမှမပြောပြခဲ့ဘူး၊ဘကြီးလိုရှေ့မီနောက်
မီလူကြီးတွေနဲ့ကြုံလို့ဒီအကြောင်းတွေ
သိရတာ ဘကြီးကို ကျေးဇူးတင်ပါ
တယ်”
“ဘကြီးကို ရုတ်တရက် မမှတ်မိ
တာကိုလည်း တောင်းပန်ပါတယ်” “မင်းနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတာ ဘကြီးလည်း ဝမ်းသာပါတယ်။ မင်းကို တွေ့တော့ မင်းအဖေနဲ့အမေကို ပြန်ပြီး

သတိရမိတယ်၊ မင်းက လူငယ်ပဲ၊ ဘကြီး
ဆီလာလည်ပေါ့၊ ဘကြီးလိပ်စာရေးပေး
ခဲ့မယ်၊ အချိန်ရရင် လာခဲ့ပါ ရုက္ခစိုးရယ်၊
မင်းနဲ့ စကားတွေ ပြောချင်သေးတယ်”
ကျွန်တော်ပေးသောစာရွက်ပေါ်
တွင် ဘကြီးက သူနေသည့်လိပ်စာ
ရေးပေးသည်။
“ကျွန်တော်လည်း ဘကြီးနဲ့ တွေ့ ချင်ပါသေးတယ်။ ကျွန်တော် ဘကြီးဆီ
လာခဲ့ပါ့မယ်”
ထိုစဉ် မြောက်ဥက္ကလာဘက်သို့
သွားသည့် ဘတ်စ်ကားတစ်စီးမှတ်တိုင်
သို့ဝင်လာသည်။
“ဟိုမှာ- ဘကြီးစီးမယ့်ဘတ်စ်ကား
လာပြီ သွားကြစို့”
ဘကြီးပန်းတင် ဘတ်စ်ကားပေါ်
တက်ပြီးသည်နှင့် ဘတ်စ်ကား ထွက်
သွားသည်။ ဘကြီးပေးခဲ့သောလိပ်စာပါ
စာရွက်လေးကိုကိုင်ရင်းအတွေးများဖြင့်
ကျန်ရစ်ခဲ့ပါသည်။ အဖေတို့အမေတို့
သားဆုပန်ခဲ့ကြသည့် လက်ပံပင်ကြီးရှိ
ရာ မွေးရပ်မြေသို့ တစ်ခေါက်ပြန်သွား
လိုစိတ်များ ဖြစ်လာခဲ့မိသည်။
မောင်မောင်မိုးအောင်

Zawgyi Version

အေယာင္ေဆာင္ဧည့္ဆိုး(စ/ဆုံး)
—————————————
ရန္ကင္းဘက္ရွိသူငယ္ခ်င္းတစ္ဦး
ထံသို႔ သြားရန္ ဆူးေလဘုရားလမ္းရွိ
ကားမွတ္တိုင္တြင္ ဘတ္စ္ကားေစာင့္
ေနခ်ိန္ျဖစ္သည္။ကားမွတ္တိုင္ရွိထိုင္ခုံ
တန္းတြင္ ကြၽန္ေတာ္ထိုင္ေနစဥ္ ကြၽန္
ေတာ့္နံေဘးလြတ္ေနေသာထိုင္ခုံသို႔
လူႀကီးတစ္ဦးဝင္၍ ထိုင္သည္။ ထိုင္ခုံ
ခ်င္းကပ္ေန၍ ထိုလူႀကီးမ်က္ႏွာကို
အမွတ္မထင္ ၾကည့္လိုက္မိသည္။ ထို
လူႀကီးကလည္းကြၽန္ေတာ့္ကိုျပန္ၾကည့္
သည္။ အၾကည့္ခ်င္းဆုံသြား၍ ၿပဳံးမိ
လ်က္သားျဖစ္သြားသည္။ ႏွစ္ဦးစလုံး ၿပဳံး၍ ႏႈတ္ဆက္မိသည္။ တစ္ဖက္သို႔

မ်က္ႏွာလႊဲသြားၿပီးမွ ထိုလူႀကီး ကြၽန္
ေတာ့္မ်က္ႏွာကို ေသေသခ်ာခ်ာ စူးစူး စိုက္စိုက္ ျပန္၍ၾကည့္သည္။ ကြၽန္ေတာ္
မေနတတ္ေတာ့၍ထိုလူႀကီးမ်က္ႏွာကို ၾကည့္လိုက္မိသည္။ ထိုလူႀကီးက- “မင္း – မင္း ႐ုကၡစိုးမဟုတ္လား၊
ေမာ္လၿမိဳင္ကအပါရဲ႕သား႐ုကၡစိုးမဟုတ္
လား”
႐ုကၡစိုးဟူေသာအမည္မွာ ကြၽန္ ေတာ့္နာမည္ေျပာင္ျဖစ္သည္။ ဤနာ
မည္ကို ရန္ကုန္တြင္ ေခၚသူမရွိပါ။ ကြၽန္ ေတာ္ အံ့ဩလြန္း၍ ထိုလူႀကီးမ်က္ႏွာ ကို အေသအခ်ာၾကည့္လိုက္သည္။

အသက္ရွစ္ဆယ္နီးပါးရွိမည္ဟု
ခန႔္မွန္း
မိသည္။ အေဖာ္မပါ တစ္ဦးတည္း ခရီး
သြားႏိုင္ေအာင္က်န္းမာေရးေကာင္းေန သည္ကို ေတြ႕လိုက္ရသည္။
“ဟုတ္ပါတယ္ – ကြၽန္ေတာ့္ငယ္နာ မည္ ႐ုကၡစိုးလို႔ ေခၚပါတယ္။ ဒါနဲ႔ ဘႀကီး က ဘႀကီးပန္းတင္ထင္တယ္” “ေအး- သိပ္ဟုတ္တာေပါ့၊ မင္းက မွတ္မိသားပဲ၊ မင္း ငယ္ငယ္တုန္းက
ဘႀကီး မင္းကို ခ်ီပိုးထိန္းေက်ာင္းခဲ့ရ
တာ၊ မင္းက ငယ္႐ုပ္မေျပာင္းေသးဘူး၊
မင္းရဲ႕မ်က္ခုံးေတြက ကႀကီးပုံမ်က္ခုံးမို႔
ဘႀကီးကမွတ္မိတာ၊ မင္းကေရာ ဘႀကီး
ကို ပန္းတင္ရယ္လို႔ နာမည္ကို ဘယ္လို
ေၾကာင့္ မွတ္မိတာလဲ”
“ကြၽန္ေတာ့္ကို ႐ုကၡစိုးလို႔ ေခၚတာ ရယ္၊ ၿပီးေတာ့ ဘႀကီးႏွာေခါင္းကမွဲ႔ႀကီး ကိုေတြ႕ၿပီးမွတ္မိခဲ့တာပါ”
“ဒါနဲ႔ မင္းအေဖ အပါေရာ ေန
ေကာင္းရဲ႕လား”
“အေမဆုံးၿပီး ငါးႏွစ္ေလာက္မွာ
အေဖဆုံးသြားခဲ့တာ ေမာ္လၿမိဳင္မွာပဲ
ဆုံးခဲ့တာ၊ ခုဆို အေဖဆုံးတာ ေလးႏွစ္
ေလာက္ရွိသြားၿပီ”

“ဟာ- ငါ့သူငယ္ခ်င္း ဆုံးရွာၿပီကိုး၊ လာကြာ။ တို႔တူဝရီးေတြ အမွတ္မထင္
ဆုံၾကတုန္းေအးေအးေဆးေဆးစကား
ေျပာရေအာင္။ ဒီကားမွတ္တိုင္မွာလူရႈပ္
တယ္၊ အသံေတြလည္း ဆူညံေနတာပဲ၊
လက္ဖက္ရည္ဆိုင္ထဲ သြားၾကရ
ေအာင္”
ကြၽန္ေတာ္တို႔ႏွစ္ဦး နီးစပ္ရာလက္ ဖက္ရည္ဆိုင္ထဲဝင္ခဲ့ၾကသည္။
“႐ုကၡစိုး၊ အခု မင္း ဘယ္မွာေနလဲ၊
ဘယ္သြားမလို႔လဲ”

“သာေကတဘက္မွာေနတာ၊ ရန္
ကင္းသြားမလို႔ ကားေစာင့္ေနတာ၊ ဘႀကီးေရာ ဘယ္မွာေနလဲ၊ ဘယ္သြား
မလို႔လဲ”
“ဘႀကီးက ေျမာက္ဥကၠလာပမွာ
ေနတာ၊ သမီးနဲ႔ လိုက္ေနတာ၊ သားမက္
အိမ္မွာေပါ့၊ ခုေျမာက္ဥကၠလာပျပန္ဖို႔
ကားေစာင့္ေနတုန္း မင္းနဲ႔ဆုံခဲ့တာ၊ တို႔
ေတြကြဲသြားတာ အႏွစ္ႏွစ္ဆယ္ေက်ာ္
ေလာက္ရွိၿပီထင္တယ္”
“ျဖစ္ႏိုင္ပါတယ္ – ကြၽန္ေတာ္ အလုပ္စဝင္ကတည္းကရန္ကုန္ေရာက္
ေနခဲ့တာ”

“မင္းကို ဘာေၾကာင့္ ႐ုကၡစိုးလို႔ေခၚ တာသိရဲ႕လား”
“ဟာ- ဘႀကီးကလည္းသိတာေပါ့၊
ကြၽန္ေတာ့္အေဖနဲ႔ အေမ၊ ကေလးမရ
ေသးလို႔ ကေလးလိုခ်င္လြန္းလို႔ လက္ပံ
ပင္ႀကီးမွာ သားဆုပန္ၾကတယ္။ အဲဒီ
လက္ပံပင္ႀကီးကိုေစာင့္ေနတဲ့႐ုကၡစိုးက ကြၽန္ေတာ့္အေမဆီ ဝင္စားတယ္လို႔
ေျပာၾကတာပဲ”
“ေအး- ဟုတ္တယ္၊ မင္းမိဘေတြ အိမ္ေထာင္က်ၿပီး ငါးႏွစ္ေလာက္အထိ သားသမီးမရလို႔ ႐ြာက လက္ပံပင္ႀကီး မွာ သားဆု သြားပန္ၾကတယ္။ ေနာက္ ေတာ့ လက္ပံပင္ေစာင့္ ႐ုကၡစိုးက သူ
လာခဲ့မယ္လို႔ မင္းအေမ မအုန္းၾကဴကို
အိပ္မက္ေပးခဲ့တယ္။ေယာက္်ားေလးဆို
ဘယ္သူပဲျဖစ္ျဖစ္၊ လာခဲ့လို႔ အိပ္မက္
ထဲမွာမင္းအေမကျပန္ေျပာလိုက္တယ္။
ေနာက္ မၾကာခင္ မင္းကို ကိုယ္ဝန္ရ
တယ္လို႔ေျပာတယ္”
“ဒါေၾကာင့္ ကြၽန္ေတာ့္ကို ႐ုကၡစိုး
လို႔ ေနာက္ေျပာင္ေခၚၾကတာေပါ့၊ ကြၽန္ ေတာ္ကေတာ့ တိုက္ဆိုင္မႈလို႔ပဲ ထင္ တယ္ဘႀကီးရယ္”

“တိုက္ဆိုင္မႈဆိုေပမယ့္ ေတာ္ ေတာ္ဆန္းတယ္၊ ဒီ့ထက္ဆန္းတာေတြ
မင္းမိဘေတြႀကဳံခဲ့ေသးတယ္။ေအးေလ
မင္းမိဘေတြလည္း မရွိၾကေတာ့ဘူးဆို
ေတာ့ အဲဒီအျဖစ္ဆန္းေတြ မင္းကို ႀကဳံ
တုန္းေျပာျပမယ္”
“ဘယ္လို အဆန္းေတြ ႀကဳံခဲ့တာ လဲ၊ အေဖအေမတို႔နဲ႔ ပတ္သက္ေန
လား”
“မင္းရဲ႕မိဘေတြႀကဳံခဲ့ၾကတာ၊ အဲဒီ အေၾကာင္းေတြက ထူးဆန္းၿပီး အံ့ဩဖို႔ ေကာင္း၊ ေၾကာက္ဖို႔ေကာင္းတဲ့ မယုံႏိုင္
စရာအျဖစ္ေတြေပါ့ကြယ္။ ဘႀကီးကိုယ္
တိုင္ ႀကဳံၿပီး သိခဲ့ရတာ။ အဲဒီအေၾကာင္း
ေတြ ဘယ္သူ႔မွမေျပာဖို႔ မင္းမိဘေတြ
မွာထားခဲ့တာ၊အဲဒီအခ်ိန္တုန္းကမင္းကို
ေတာင္မေမြးေသးဘူး၊ခု-မင္းမိဘေတြ
လည္းမရွိၾကေတာ့ဘူး။မင္းက သားႀကီး
ဆိုေတာ့ မင္းသိထားသင့္တယ္ထင္
တယ္”
“ထူးဆန္းၿပီးေၾကာက္ဖို႔ေကာင္းတဲ့ အျဖစ္ဆိုေတာ့ စိတ္ဝင္စားပါတယ္။
ဘႀကီးေျပာမွာသာေျပာပါ”
“အဲဒီအျဖစ္ေတြက ၾကာခဲ့ပါၿပီ၊ တို႔ ႏိုင္ငံလြတ္လပ္ေရးရၿပီးေလးႏွစ္၊ ငါးႏွစ္

ေလာက္ကထင္တယ္။တိုင္းျပည္မၿငိမ္ မသက္နဲ႔ ေသာင္းက်န္းသူေတြ ဆူပူေန တဲ့ ကာလေပါ့။ သံျဖဴဇရပ္ၿမိဳ႕နယ္ထဲက
ဝဲကလိေက်း႐ြာေလးမွာ ျဖစ္ခဲ့တဲ့အျဖစ္
ပါ။ မင္းကိုေမြးခဲ့တဲ့႐ြာေလးေပါ့။ မင္း
အေဖက ဘႀကီးရဲ႕သူငယ္ခ်င္း ဘႀကီးနဲ႔
သိပ္ခ်စ္ၾကတာ။ မင္းအေဖက ဘႀကီး
ထက္အသက္ငယ္တယ္။ ဒါေပမဲ့ သူက
ေျခာက္တန္းအထိ ပညာသင္ခဲ့ဖူးေတာ့
သူကစာအတတ္ဆုံးေပါ့။ တစ္ေန႔ တပ္
မေတာ္သားေတြ ဝဲကလိ႐ြာကိုေရာက္
လာၾကတယ္။ ေသာင္းက်န္းသူေတြကို
ႏွိမ္နင္းဖို႔ ေရာက္လာတာ။ ႐ြာကလမ္းမ
ႀကီးအဝင္အတြက္လမ္းေတြပိတ္လိုက္
တယ္။ ႐ြာသားေတြကို ႐ြာျပင္ ထြက္ခြင့္
မျပဳေတာ့ဘူး။ ႐ြာသားေတြ ထိခိုက္မွာ
စိုးလို႔ထင္ပါတယ္။ တို႔လယ္ယာေတြက
႐ြာျပင္မွာရွိတာ။
စပါးရိတ္ၿပီးစကာလဆိုေတာ့ စပါးေတြ လယ္ထဲ က်န္ရစ္ခဲ့တယ္။ ႐ြာ ျပင္မထြက္ရဆိုေတာ့ စပါးေတြ ႐ြာထဲ သယ္ဖို႔ အခက္ေတြ႕ေတာ့တာေပါ့။ ဝမ္း စာအတြက္ စပါးက လိုလာၿပီေလ။ အဲဒီ မွာ မင္းအေဖက ဦးေဆာင္ၿပီး လွည္း ဆယ့္ငါးစီးေလာက္နဲ႔ စပါးအသယ္သြား

ခဲ့ၾကတယ္။ သြားေနက်႐ြာလမ္းမႀကီးက
ပိတ္ထားေတာ့ျဖတ္လမ္းျဖစ္တဲ့သခ်ႋဳင္း
ေဟာင္းကုန္းကိုျဖတ္ၿပီးသြားၾကတယ္။
ညေနဘက္ေမွာင္စျပဳတဲ့အခ်ိန္မွာ သြား
ၾကတာ၊အဲဒီသခ်ႋဳင္းေဟာင္းကအျပန္မွာ
ေၾကာက္လန႔္ဖြယ္အျဖစ္နဲ႔ ႀကဳံခဲ့ရတာ
မယုံႏိုင္စရာပဲ”
“ဆက္ေျပာပါ ဘႀကီး၊ ကြၽန္ေတာ္
စိတ္ဝင္စားလာၿပီ”
ဘႀကီးပန္းတင္ကလြန္ခဲ့ေသာႏွစ္ ေပါင္းငါးဆယ္ေက်ာ္က အျဖစ္အပ်က္ ကို စီကာပတ္ကုံး စိတ္ဝင္စားဖြယ္ ကြၽန္ ေတာ့္ကိုေျပာျပသည္။
လွည္းဆယ္စီးေက်ာ္ ေရွ႕ေနာက္ တန္း၍ ဝဲကလိ႐ြာမွ ထြက္ခဲ့ၾကသည္။
ေတာလမ္းအတိုင္း တအိအိ ေမာင္းႏွင္
လာသည္။ေနမြန္းတိမ္းစအခ်ိန္သာျဖစ္
ေသာ္လည္းေတာရိပ္ေတာင္ရိပ္ေၾကာင့္
ေမွာင္စျပဳလာသည္။
“ရဲေဘာ္ေတြက႐ြာျပင္မထြက္ရလို႔
ေျပာထားတယ္။ ခု တို႔က ဆန႔္က်င္ၿပီး
ထြက္လာတယ္။ ေတြ႕သြားရင္ ဘယ္လို
လုပ္ၾကမလဲ”

“မပူပါနဲ႔ အစ္ကိုပန္းတင္၊ ရဲေဘာ္
ေတြကို ကြၽန္ေတာ္ ၾကည့္ေျပာပါ့မယ္၊
ကြၽန္ေတာ္တို႔က သူပုန္သူကန္ေတြမွ
မဟုတ္တာ”
“အပါေရ၊ မင္းေျပာတာေတာ့ဟုတ္
ေနတာပဲ၊ ဒါေပမဲ့ေၾကာက္ေနသလိုပဲ”
“အစ္ကိုက လူႀကီးျဖစ္ၿပီး ဘာကို
ေၾကာက္ေနတာလဲ”
“တို႔ကို ေသာင္းက်န္းသူေတြထင္ ၿပီး ပစ္လားခတ္လားလုပ္မွာစိုးတာ ရယ္၊ ၿပီးေတာ့ သခ်ႋဳင္းေဟာင္းကို ျဖတ္ သြားရမွာ၊ ဒီသခ်ႋဳင္းေဟာင္းက သရဲ ေျခာက္တဲ့သခ်ႋဳင္းဆိုတာ မင္းတို႔အသိ ပဲ၊ ညေနေစာင္းတာနဲ႔ ဘယ္သူမွ ျဖတ္
သြားျဖတ္လာ မလုပ္ဝံ့ၾကေတာ့ဘူး” “ကြၽန္ေတာ္တို႔က လူစုနဲ႔သြားၾက
တာပါ။ အစ္ကိုလိုလူက ေၾကာက္တယ္
ေျပာေနေတာ့ က်န္တဲ့သူေတြကို ဘယ္ လိုေျပာရမလဲ၊ အျပန္က်ေတာ့ ကြၽန္ ေတာ့္လွည္းေနာက္ဆုံးကလိုက္ခဲ့မယ္၊ ကြၽန္ေတာ္ဒါေတြမယုံပါဘူး”
“မင္းက အေျခာက္မခံရဘူးေသး တာ၊ ေအးပါ -ကဲကဲ – သြားၾက၊ ေဟာ- ေျပာရင္းဆိုရင္း သခ်ႋဳင္းေဟာင္းတက္ မယ့္ ကုန္းထိပ္ေတာင္ ေရာက္လာၿပီ”

သခ်ႋဳင္းေဟာင္းကုန္းကိုလွည္းေတြ
က တအိအိ တက္ခဲ့ၾကသည္။ မၾကာမီ
သခ်ႋဳင္းေဟာင္းထဲ ေရာက္လာသည္။ အားလုံး ရင္တထိတ္ထိတ္ ျဖစ္ေန
ၾကသည္။ မည္သည့္ေျခာက္လွန႔္မႈမွ
မေတြ႕ရဘဲလယ္ကြင္းမ်ားရွိရာေရာက္ခဲ့
ၾကသည္။ စပါးမ်ားကို လွည္းေပၚအျမန္
တင္ၾကသည္။ ပတ္ဝန္းက်င္မွာ ေမွာင္
မည္းတိတ္ဆိတ္ေနသည္။ကြၽန္ေတာ္တို႔
အုပ္စု စကားေျပာသည့္အသံသာ ခပ္
တိုးတိုးၾကားေနရသည္။ အေမွာင္ထုက
ေရာက္ရွိလာၿပီျဖစ္သည္။ လွည္းမ်ား
စုစည္းၿပီး ျပန္ထြက္မည့္အခ်ိန္တြင္
လက္ႏွိပ္ဓာတ္မီးအေရာင္မ်ား ဟိုမွ
သည္မွ ေပၚလာၿပီး ရဲေဘာ္မ်ား ေရာက္
လာသည္။
“ခင္ဗ်ားတို႔ဘာလာလုပ္ၾကတာလဲ၊ ႐ြာျပင္မထြက္ရဘူးဆိုတာ မသိၾကဘူး လား၊ ဒီကအစ္ကိုႀကီးနာမည္ ဘယ္လို ေခၚလဲ၊ ေခါင္းေဆာင္ဘယ္သူလဲ” ေရာက္ရွိလာသည့္ရဲေဘာ္မ်ားက အနီးဆုံးေတြ႕ရသည့္ အစ္ကိုပန္းတင္ကို
ေမးလိုက္သည္။ လက္ႏွိပ္ဓာတ္မီးျဖင့္
ေမးျမန္းလာသူကို ၾကည့္လိုက္သည္။

သူ႔လက္ေမာင္းတြင္ အရစ္သုံးရစ္ ေတြ႕
ရသည္။
“ကြၽန္ေတာ့္နာမည္ ပန္းတင္ပါ။ ဝဲကလိ႐ြာသားေတြပါ။ စပါးျပတ္ၿပီး စား စရာမရွိေတာ့လို႔ အရဲစြန႔္ၿပီး လာသယ္ တာပါ၊ အပါေျပာျပလိုက္ေလ”
ကိုပန္းတင္ကအပါ့ဘက္သို႔လွည့္
ၿပီးျပာလိုက္သည္။
“ကြၽန္ေတာ္ ဦးေဆာင္ၿပီး ေခၚလာ တာပါ၊ ကြၽန္ေတာ့္နာမည္ အပါလို႔ ေခၚပါ တယ္။ ဝဲကလိ႐ြာသားစစ္စစ္ေတြပါ။ လူစိမ္းမပါပါဘူး။ စပါးလာသယ္႐ုံ သက္
သက္ပါ။ဆန္ျပတ္ေနလို႔ပါ။ရဲေဘာ္တို႔ကို
အေၾကာင္းမၾကားမိတာ ေတာင္းပန္ပါ
တယ္”
“ခက္တယ္ဗ်ာ၊ ေသာင္းက်န္းသူ ေတြလို႔ ထင္ၿပီး ပစ္ခတ္မိရင္ မခက္ဘူး လား၊ အခုစပါးေတြတင္ၿပီးၿပီလား” “ၿပီးသေလာက္ ျဖစ္ေနပါၿပီ၊ ေသာင္းက်န္းသူေတြ မီးရႈိ႕လိုက္မွာစိုး လို႔၊ ခုလို အသက္စြန႔္ၿပီး စပါးလာသယ္
ၾကတာပါ”
“ကြၽန္ေတာ္တို႔ရဲေဘာ္ေတြ ရွိေန
သေ႐ြ႕ ဒီေကာင္ေတြ မလာရဲပါဘူး။
ေနာက္ဆို ႀကိဳတင္အသိေပးၿပီးမွ ည

ဘက္ ႐ြာျပင္ထြက္ၾကပါ၊ ကဲ-ကဲေမွာင္ ေနၿပီ၊ သြားၾကေတာ့”
အျပန္ခရီးတြင္ အပါ့လွည္းက ေနာက္ဆုံးမွထြက္ရသည္။အျခားလွည္း
မ်ားသရဲေၾကာက္၍ေနာက္နားမွမလိုက္
ဝံ့ၾကပါ။ အပါ့လွည္းေရွ႕တြင္ အစ္ကိုပန္း
တင္လွည္းရွိသည္။ ညေမွာင္ေမွာင္တြင္
သြားေနက်လမ္း မဟုတ္သျဖင့္ ခရီး
မတြင္က်ယ္လွပါ။ ဝန္ပါသျဖင့္ သခ်ႋဳင္း
ေဟာင္းကုန္းအတက္တြင္ ႏြားမ်ား
႐ုန္းေနရသည္။ ေရွ႕မွ လွည္းမ်ားပင္
သခ်ႋဳင္းေဟာင္းကို ေက်ာ္လြန္စျပဳေနၿပီ
ျဖစ္သည္။ ေနာက္ဆုံးမွ အပါ့လွည္းႏွင့္
အစ္ကိုပန္းတင္တို႔လွည္းပင္ သခ်ႋဳင္း ေဟာင္းကိုေက်ာ္လြန္စျပဳလာသည္။ “အစ္ကိုပန္းတင္ကသာ ေၾကာက္ ေနတာ၊အသြားအျပန္ဘာမွေျခာက္လွန႔္
တာမခံခဲ့ရဘူးေလ”
“အင္ – မင္းေျပာတာလည္း ဟုတ္ ေနတာပဲ၊ ဒါေပမဲ့ – ဒီသခ်ႋဳင္းေဟာင္း ျဖတ္သြားဖူးသူတိုင္း အေျခာက္ခံရတာ မ်ားတယ္ကြ”
“ခု ဘာမွ ေျခာက္တာ မႀကဳံရဘူး

အပါႏွင့္ ကိုပန္းတင္တို႔ လွည္း သခ်ိဳင္းေဟာင္းအလြန္တြင္
လွည္း
လမ္းေဘးမွ ကေလးငိုသံသဲ့သဲ့ ၾကား
လိုက္ရသည္။ ကေလးငိုသံ ၾကားရာသို႔
အပါက ေသေသခ်ာခ်ာၾကည့္လိုက္
သည္။ လမ္းေဘးတြင္ အႏွီးျဖင့္ ထုပ္ပိုး
ထားေသာ လသားအ႐ြယ္ကေလးတစ္
ဦးငိုေနသည္ကို လွည္းေပၚမွ လွမ္းေတြ႕
လိုက္ရသည္။ ကေလးက တအားငိုေန
ဆဲျဖစ္သည္။ ကိုပန္းတင္ကေရွ႕မွလွည္း
မ်ား ေခတၱရပ္ရန္ အဆင့္ဆင့္ အခ်က္
ေပးလိုက္သည္။
“ေရွ႕ကလွည္းေတြ ခဏရပ္ၾက ပါဦး၊ ဒီမွာကေလးငိုသံၾကားေနရလို႔” ကိုပန္းတင္အသံေၾကာင့္ ေရွ႕မွ လွည္းမ်ား ရပ္တန႔္ သြားသည္။ ကိုပန္း တင္က သူ႔ေနာက္လွည္းေပၚမွ အပါ့ကို လွမ္းေျပာလိုက္သည္။
“အပါေရ သခ်ႋဳင္းလြန္႐ုံရွိေသး တယ္၊ ခု ငိုသံၾကားတဲ့ကေလးကို နင္ ဘယ္လိုသေဘာရသလဲ၊ ငါေတာ့ သိပ္
ၿပီး မသကၤာဘူး”
“ဒါေတြ ကြၽန္ေတာ္မယုံဘူး၊ ကြၽန္ ေတာ္ ဆင္းၾကည့္လိုက္ဦးမယ္”

ေျပာေျပာဆိုဆိုအပါကလွည္းေပၚမွ
ခုန္ဆင္းလိုက္သည္။ ငိုေနေသာကေလး
အား အနီးပါမက်န္ ေကာက္ယူေထြးေပြ႕ လိုက္သည္။ ကေလးမွာ အပါ့လက္ေပၚ တြင္ ခ်က္ခ်င္း အငိုတိတ္သြားသည္။ “တစ္ ေယာက္ ေယာက္ က
အေၾကာင္းတစ္ခုခုေၾကာင့္ မေမြးခ်င္လို႔ လာစြန႔္ပစ္သြားတာ ျဖစ္မယ္”
“ငါကေတာ့ မထင္ဘူး၊ မင္းက ဒီ
သခ်ႋဳင္း သရဲေျခာက္တာမယုံေတာ့
အခက္သားပဲ၊ ကဲ-ဒီကေလးမင္းဘယ္
လိုလုပ္မွာလဲ”
“ေနာက္မွ ၾကည့္ရွင္းမယ္၊ ေလာ
ေလာဆယ္ ဒီကေလး ကြၽန္ေတာ္ေခၚ
သြားမယ္၊ပိုင္ရွင္ေတြ႕ေတာ့ျပန္ေပးလိုက္
မွာေပါ့၊ ပိုင္ရွင္မေပၚေတာ့ ကြၽန္ေတာ္တို႔
လင္မယား ေမြးစားမယ္”
“မင္းတို႔လင္မယားက ကေလးမွ မရေသးတာ၊ မင္းမိန္းမ မအုန္းၾကဴ ကေလး႐ူး ႐ူးေနတာနဲ႔ အေတာ္ပဲေပါ့၊ ဒါေပမဲ့အပါ”
“ကဲပါ – အစ္ကိုပန္းတင္ရယ္၊ ဒါေပ မဲ့ေတြ လုပ္မေနပါနဲ႔ေတာ့၊ အစ္ကို ဘာ ေျပာမယ္ဆိုတာကြၽန္ေတာ္သိေနတယ္၊ ကြၽန္ေတာ္ဒါေတြမယုံဘူး။ သရဲေျခာက္

ရင္ ဒီလို ဘယ္ဟုတ္ပါ့မလဲ၊ ေၾကာက္ စရာ အေကာင္ပေလာင္ေတြ ေတြ႕ရမွာ
ေပါ့၊ သြားၾကစို႔ အစ္ကို”
မည္သို႔မွ် ေျပာ၍မရသည့္အဆုံး
အစ္ကိုပန္းတင္က လွည္းမ်ားဆက္ လက္ထြက္ခြာရန္ ေအာ္ေျပာလိုက္
သည္။ အပါကကေလးကိုေထြးေပြ႕ထား
ရင္းလွည္းေမာင္းလာသည္။

အပါတို႔ လွည္းတန္းႀကီး ႐ြာျပန္ ေရာက္ခ်ိန္သည္ သန္းေခါင္ခ်ိန္နီးေနၿပီ
ျဖစ္သည္။ စပါးမ်ား ခ်သူခ်၊ သယ္သူ
သယ္ႏွင့္ အလုပ္ရႈပ္ေနၾကသည္။
အားလုံးကိစၥၿပီးစီး၍ အပါ့အိမ္သို႔ေရာက္
ရွိလာၾကသည္။ ကေလးႏွင့္ပတ္သက္၍
တစ္ေယာက္တစ္ေပါက္ ထင္ရာျမင္ရာ
ေျပာဆိုေနၾကသည္။ သခ်ႋဳင္းေဟာင္း
အနီးမွအခ်ိန္မေတာ္ေကာက္ယူခဲ့ေသာ

ကေလးမို႔ အခ်ိဳ႕က ေမြးသင့္၊ မသင့္ ေဝဖန္ေျပာဆိုေနၾကသည္။
“ကဲ – ကဲ ေတာ္ၾကပါေတာ့၊ ဒီ
ကေလး မနက္ျဖန္ ပိုင္ရွင္မေပၚရင္ ကြၽန္
ေတာ္တို႔ လင္မယား တရားဝင္ေမြးစား
မယ့္ကေလးက ခ်စ္စရာ ျဖဴျဖဴေဖြးေဖြး
ေယာက္်ားေလးပါ”
ထိုညကအပါတို႔လင္မယားအလုပ္
ရႈပ္ေနေတာ့သည္။ အိမ္ေထာင္သည္ ကေလးငယ္ရွိေသာ မိန္းမမ်ား ႏို႔လာ တိုက္ၾကသည္။ အပါတို႔အိမ္မွာကေလး
ေၾကာင့္ လူစည္ေနေတာ့သည္။
“အပါတို႔အိမ္က ခုမွ အိမ္နဲ႔တူသြား
ေတာ့တယ္”
“သူတို႔လင္မယားက ခုမွ ေမြးစား
ဖို႔ကေလးရတာ”
“ငါးႏွစ္ေလာက္ရွိၿပီ ကေလးမရ
ေတာ့ဘူးထင္ပါရဲ႕”
“ဘယ္သူၿမဳံေနတာလဲမွ မသိ
တာ”
“မအုန္းၾကဴ ၿမဳံေနတာလားမွ မသိ
တာ”
မိန္းမမ်ား အမ်ိဳးမ်ိဳး ေျပာေနၾကၿပီး ကေလးကိုႏို႔တိုက္ေနၾကသည္။ကေလး မွာႏို႔စို႔ေနစဥ္အခ်ိန္သာအငိုတိတ္သည္။

က်န္သည့္အခ်ိန္တြင္ တစ္ခ်ိန္လုံး ငိုေန
ေတာ့သည္။ တစ္ဦးစီ ေခ်ာ့သိပ္ေသာ္
လည္း အငိုမတိတ္ပါ။ ပုခက္ဆင္၍သိပ္
လည္းမအိပ္ဘဲ႐ုန္းကန္ေနသည္။ လင္
မယားႏွစ္ဦးၾကားတြင္ထား၍သိပ္ေသာ္
လည္းမအိပ္ဘဲငိုေနျပန္သည္။ ေနာက္
ဆုံး အိမ္ေနာက္ေဖးဘက္ အခန္းတြင္
တစ္ဦးတည္းသိပ္ထားလိုက္ေတာ့မွ
အငိုတိတ္သြားေတာ့သည္။ အပါတို႔
လင္မယားလည္း အေပ်ာ္ႀကီးေပ်ာ္ေန
ၾကသည္။ မနက္ျဖန္မွ ပိုင္ရွင္မေပၚလွ်င္
သူတို႔လင္မယား တရားဝင္ေမြးစားမည္
ဟုေတြးကာေပ်ာ္ေနၾကသည္။ သို႔ေသာ္
သူတို႔လင္မယားအေပ်ာ္မ်ားကေနာက္
တစ္ေန႔မကူးခဲ့ပါ။ သန္းေခါင္ေက်ာ္တြင္
ျပႆနာစလာပါေတာ့သည္။ႏို႔ဝေအာင္
စို႔ထားၿပီးေနာက္ေဖးခန္းတြင္ အိပ္ေပ်ာ္
ေနၿပီျဖစ္သည္။

အပါတို႔လင္မယားလည္း ပင္ပန္း ထားသျဖင့္ အိပ္ခန္းထဲတြင္ႏွစ္ႏွစ္ၿခိဳက္ ၿခိဳက္ အိပ္ေပ်ာ္ေနၾကသည္။ သန္းေခါင္ ေက်ာ္အခ်ိန္ခန႔္တြင္ အပါတို႔ေမြးထား ေသာ အိမ္ေအာက္မွ ေခြးသုံးေကာင္၏ စူးစူးဝါးဝါးေဟာင္သံေၾကာင့္ အပါတို႔

လင္မယား အိပ္ရာမွ ႏိုးခဲ့ရသည္။ ေခြး မ်ား ဆက္လက္ေဟာင္ေနဆဲျဖစ္
သည္။
“အစ္ကိုထပါဦး၊ ေခြးေတြ ဘာေတြ႕
လို႔ ဒီေလာက္ေဟာင္ေနတာလဲ”
“ေအး- ဟုတ္တယ္၊ ေခြးေတြ ေဟာင္ပုံက ေတာ္ေတာ္ထူးေနတယ္၊
တို႔အိမ္ကေခြးေတြပဲ ေဟာင္ေနတာ၊
ေခါင္းရင္းေျခရင္းအိမ္ကေခြးေတြေတာ့
မေဟာင္ဘဲၿငိမ္ေနပါလား၊ငါဆင္းၾကည့္
လိုက္ဦးမယ္၊ လက္ႏွိပ္ဓာတ္မီး ေပး
ပါဦး”
ကိုပါက လက္ႏွိပ္ဓာတ္မီးကိုင္ၿပီး
အိမ္ေအာက္ဆင္းလိုက္သည္။ ေခြးမ်ား
ကအိမ္ေနာက္ေဖးခန္းကိုၾကည့္ၿပီး ထိုး
ထိုးေဟာင္ေနသည္။အေသအခ်ာၾကည့္
လိုက္မွကေလးသိပ္ထားရာေနာက္ေဖး
ခန္းကိုဦးတည္ကာ ေဟာင္ေနသည္ကို
ေတြ႕ရသည္။ထိုစဥ္ေခါင္းရင္းၿခံမွအစ္ကို
ပန္းတင္လည္း ဓားရွည္တစ္ေခ်ာင္း
ကိုင္ကာအိမ္ေပၚမွ ဆင္းလာသည္။
“မင္းရဲ႕ေခြးေတြက ဘာေတြ႕လို႔
ဒီေလာက္ေဟာင္ေနတာလဲ၊ငါ့ၿခံကေခြး ေတြေတာ့ ၿငိမ္ေနတယ္၊ ထူးဆန္းတယ္ ထင္ၿပီး ငါ ဆင္းလာခဲ့တာ”

“ဟုတ္တယ္ – အစ္ကိုပန္းတင္၊
ေခြးေတြက ကြၽန္ေတာ့္အိမ္ေနာက္ေဖး
အခန္းဘက္ ေမာ့ေမာ့ၿပီး ထိုးေဟာင္
ေနၾကတာ”
ထိုအခိုက္မွာပင္ အနီးအနားအိမ္
မ်ားမွလူမ်ားလည္းအပါတို႔အိမ္ၿခံတြင္း
သို႔ေရာက္လာၾကသည္။
“ဘာေတြေတြ႕လို႔ အပါ့အိမ္က ေခြး
ေတြ မရပ္မနား ဒီေလာက္ေဟာင္ေန
တာလဲ”
အစ္ကိုပန္းတင္ကို ေမးလိုက္ျခင္း
ျဖစ္သည္။ အစ္ကိုပန္းတင္က-
“ေအး – ငါလည္း သိခ်င္လို႔ ဆင္း လာတာပဲ၊အပါ့အိမ္ေပၚၾကည့္ၿပီးေဟာင္
ေနၾကတာေတာ္ေတာ္ထူးေနတယ္”
“ဟုတ္တယ္၊ ဒီၿခံက ေခြးေတြပဲ
ေဟာင္ေနတာ၊ ကြၽန္ေတာ္တို႔အိမ္က
ေခြးေတြေတာ့ ၿငိမ္ေနတာပဲ၊ ခါတိုင္း
တစ္ခုခုေတြ႕ရင္ အုပ္စုလိုက္ ေဟာင္ၾက
တာ၊ ခုေတာ့ အပါ့အိမ္ကေခြးေတြပဲ
ေယာက္ယက္ခတ္ၿပီး ေဟာင္ေနတာ
ေတာ္ေတာ္ထူးေနတယ္”
ထိုစဥ္အစ္ကိုပန္းတင္က တစ္ခုခု
သတိရဟန္ျဖင့္ အပါ့ကို ေမးလိုက္
သည္။

“ဒါနဲ႔အပါ၊ ညေနက မင္းေကာက္ ရခဲ့တဲ့ကေလးေကာ ဘယ္မွာလဲ” “ရွိပါတယ္အစ္ကို အိပ္ေနၿပီ၊ ဘာ ျဖစ္လို႔ကေလးကို ေမးရတာလဲ”
“ငါ့စိတ္ထဲ တစ္မ်ိဳးျဖစ္ေနလို႔ပါ၊ ကေလးကိုဘယ္မွာသိပ္ထားလဲ၊ မင္းတို႔
အိပ္ခန္းထဲမွာပဲလား”
“ေရွ႕ခန္းမွာသိပ္လို႔မရလို႔ ေနာက္ ေဖးခန္းမွာ တစ္ေယာက္တည္း သိပ္ ထားတာ၊ ကေလးအိပ္ေပ်ာ္သြားမွ ကြၽန္ ေတာ္တို႔အိပ္ခဲ့တာ၊ အိပ္ေပ်ာ္ေနတုန္း ေခြးေတြေဟာင္လို႔ ႏိုးလာရတာ” “မင္းက အယုံအၾကည္မရွိေတာ့
ငါမေျပာခ်င္ဘူး၊ ခု ေခြးေတြေဟာင္ေန တာ မင္းကေလးသိပ္ထားတဲ့ေနာက္ ေဖးခန္းကိုမဟုတ္လား”
“ဟာ – ဟုတ္တယ္ အစ္ကို
ပန္းတင္”
“ဒါဆို ကေလး ခု အေျခအေန ဘယ္လို ရွိေနလဲ၊ မင္းမိန္းမ မအုန္းၾကဴ ကို ေမးလိုက္စမ္း၊ ကေလးကို သြား
ၾကည့္ပါဦးလို႔”
အစ္ကိုပန္းတင္စကားအဆုံးတြင္ အပါကအိမ္ေပၚရွိသူ႔မိန္းမမအုန္းၾကဴကို လွမ္းေအာ္ေျပာလိုက္သည္။

“အုန္းၾကဴေရ၊ ေခြးေတြ ဒီေလာက္ ေယာက္ယက္ခက္ၿပီး ဟိုေျပးဒီေျပးနဲ႔
ဒီေလာက္ေဟာင္ေနတာ ကေလးမႏိုး
ဘူးလား၊ ငိုသံလည္း မၾကားဘူး၊ ၾကည့္
လိုက္ပါဦး”
“ဟုတ္ကဲ့အစ္ကို၊ ကြၽန္မ သြား
ၾကည့္လိုက္မယ္”
ထိုသို႔ ေျပာၿပီး မအုန္းၾကဴက
ကေလးသိပ္ထားရာ ေနာက္ေဖးခန္းသို႔
ဝင္သြားသည္။ ခဏအၾကာ မအုန္းၾကဴ
အလန႔္တၾကားေအာ္သံၾကားလိုက္ရၿပီး
အိမ္ေပၚမွ ထိတ္လန႔္စြာ ေျပးဆင္းလာ
သည္ကိုေတြ႕လိုက္ရသည္။
“လာၾကပါဦး၊ ကေလးမရွိေတာ့
ဘူး၊ ေပ်ာက္သြားၿပီ၊ ကေလးက..” မအုန္းၾကဴစကားမဆက္ႏိုင္ေတာ့
ပါ။
“ဘာေတြ႕ခဲ့လို႔လဲေျပာပါဦး” အတန္ၾကာမွ မအုန္းၾကဴ စကား
ေျပာႏိုင္ေတာ့သည္။
“ကြၽန္မေရာက္သြားေတာ့ ဖ်ာေပၚ
မွာသိပ္ထားတဲ့ကေလး မရွိေတာ့ဘူး၊
ေနာက္ေဖးဘက္လွမ္းၾကည့္လိုက္ေတာ့ ဝိညာဥ္လိုလို၊ လူရိပ္လိုလို ျဖဴျဖဴအရိပ္

ႀကီးတစ္ခုတံခါးဘက္ေ႐ြ႕လ်ားသြားတာ ရိပ္ခနဲေတြ႕လိုက္ရတယ္”
“ဒါဆို ကေလးက ဘယ္ေရာက္
သြားတာလဲ”
“ကြၽန္မေတြ႕လိုက္ရတဲ့ျဖဴျဖဴအရိပ္ ႀကီးဟာကေလးသိပ္ထားတဲ့ဖ်ာေပၚက ထသြားတာမ်ားလား၊ အို – မေျပာတတ္
ေတာ့ပါဘူး”
“ဟာ – ကေလးက ဘာလို႔မရွိရ

ေတာ့တာလဲ၊ ကဲ – အိမ္ေပၚသြားၾကည့္
ၾကမယ္”
အစ္ကိုပန္းတင္ဦးေဆာင္ၿပီး ကြၽန္
ေတာ္တို႔ ေလးငါးဦး အိမ္ေပၚတက္ခဲ့ၾက
သည္။
“က်န္တဲ့သူေတြ ေနာက္ေဖးၿခံစပ္
ဘက္သြားၾကည့္စမ္းပါ၊ ေခြးေတြထိုးထိုး
ေဟာင္ေနတာေတာ္ေတာ္ထူးေနတယ္။
သခ်ႋဳင္းေဟာင္းကအေယာင္ေဆာင္ၿပီး
လိုက္လာတဲ့အေကာင္ ျဖစ္မယ္ထင္
တယ္”
ကြၽန္ေတာ္တို႔အိမ္ေပၚတက္လာစဥ္ ေနာက္ေဖးၿခံစပ္ဘက္သြားသူမ်ားသြား
ေနၾကသည္။ မီးဖိုေခ်ာင္အခန္း အေရာက္တြင္ ကေလးသိပ္ထားသည့္ ဖ်ာေပၚသို႔လက္ႏွိပ္ဓာတ္မီးျဖင့္ထိုးၾကည့္

လိုက္သည္။ ကေလးကို မေတြ႕ရေတာ့ ပါ။ ကေလးမေတြ႕ရေတာ့သလို မည္
သည့္အရာမွလည္းမေတြ႕ပါ။ ထိုအခိုက္
အိမ္ေပၚသို႔ ထိုးထိုးၿပီးေဟာင္ေနသည့္
ေခြးမ်ား အိမ္ေနာက္ေဖးၿခံစပ္ဘက္သို႔
ေျပးလႊားထြက္သြားၾကသည္ကို ေတြ႕
လိုက္ရသည္။ ထို႔ေနာက္ ၿခံစည္း႐ိုး
အစပ္ကိုထိုးထိုးၿပီးေဟာင္ေနၾကသည္။
ထိုစဥ္မွာပင္ အနီးအနားအိမ္မ်ားမွ ေခြး
မ်ားပါ ေရာက္ရွိလာၿပီး ေနာက္ေဖးၿခံ
စည္းကိုထိုးထိုးေဟာင္ေနေတာ့သည္။
ေခြးမ်ား ျပဳမူပုံက ထူးဆန္းေနသည္။
ေဟာင္သည့္ေခြးက ေဟာင္၊ အူသည့္
ေခြးက အူျဖင့္ ဆူညံေနေတာ့သည္။
အ႐ုဏ္မတိုင္မီ အခ်ိန္က ေခြးအူသံမ်ား
ျဖင့္ ေခ်ာက္ခ်ားဖြယ္ရာ မေတြ႕ရေတာ့
သည့္နည္းတူ မအုန္းၾကဴ ေတြ႕လိုက္ရ
သည္ဆိုေသာျဖဴျဖဴအရိပ္ႀကီးကိုလည္း
မေတြ႕ရေတာ့ေပ။
ထူးဆန္းလြန္းေသာအျဖစ္ေၾကာင့္ အားလုံး မွင္တက္ေနမိၾကသည္။ ႐ုတ္ တရက္ မည္သူမွ် စကားမေျပာႏိုင္ၾက ဘဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္မိလ်က္သားျဖစ္ေနၾကသည္။

“ဘႀကီးေျပာျပခဲ့တာေတြကအျဖစ္
မွန္ေတြေနာ္၊ ေၾကာက္စရာႀကီးေနာ္”
“ဘႀကီးကိုယ္တိုင္ ႀကဳံခဲ့တဲ့အျဖစ္
ပါကြယ္။ ဒီေန႔အထိ မေမ့ေသးပါဘူး။
ဒီအေၾကာင္းေတြျပန္မေျပာပါနဲ႔လို႔ကတိ
ေတာင္းထားတဲ့ မင္းရဲ႕မိဘႏွစ္ပါး ေလာ
ကႀကီးမွာ မရွိေတာ့လို႔ ေျပာျပရတာပါ။
အဲဒီတုန္းက မင္းရဲ႕အေဖက မယုံၾကည္
ဘူးဆိုေတာ့ သူ႔ကိုမွ ေ႐ြးၿပီး ေခ်ာက္ျပ
ခဲ့တာထင္ပါရဲ႕။ ၿပီးေတာ့မင္းနဲ႔ပတ္သက္
တာေတြရွိေသးတယ္”
“ကြၽန္ေတာ္နဲ႔ပတ္သက္တာဟုတ္
လား ဘႀကီး၊ ဘယ္လိုပတ္သက္တဲ့
အေၾကာင္းလဲ”
“ေအး မင္းနဲ႔ပတ္သက္တာ ဒီလို
ကြၽဲ၊ ကေလးအေယာင္ေဆာင္ၿပီး လိုက္
လာတဲ့သရဲအေျခာက္ခံခဲ့ရေပမယ့္မင္း
အေမမအုန္းၾကဴကမေၾကာက္တဲ့အျပင္
ျဖဴျဖဴေဖြးေဖြး သတိရေနခဲ့တယ္။
ကေလးလိုခ်င္တဲ့ဆႏၵေတြ ပိုၿပီး ျပင္းျပ
လာခဲ့တယ္။ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္
အေနနဲ႔လူႀကီးသူမေတြေျပာတဲ့အတိုင္း
လုပ္ေတာ့တာပဲ”
“ကြၽန္ေတာ္ အေဖအေမတို႔က
ကေလးရဖို႔ ဘာေတြလုပ္ခဲ့ၾကတာလဲ”

“သစ္ပင္ႀကီးမွာ သားဆုသြားပန္ တာေလ၊ လူေျခတိတ္ခ်ိန္မွာ ႐ြာထိပ္က လက္ပံပင္ႀကီးဆီသြားၿပီး သားဆုသြား
ပန္ၾကတယ္ေလ”
“သားဆု ဘယ္လိုသြားပန္တာ
လဲ”
“လက္ ပံ ပင္ ႀကီးအရင္းမွာ
ဖေယာင္းတိုင္ငါးတိုင္ထြန္းၿပီး လင္
မယားႏွစ္ေယာက္စလုံး ဆုေတာင္းၾက
တာ၊ဖေယာင္းတိုင္မီးၿငိမ္းတဲ့အထိထိုင္
ေနၾကရတာ။ မင္းေျပာခဲ့သလို တိုက္
ဆိုင္မႈပဲထားပါေတာ့၊ သားဆုသြားပန္ၿပီး
ေလးငါးလအၾကာမွာ မင္းအေမ မင္းကို
ကိုယ္ဝန္ရခဲ့တာ၊ လက္ပံပင္ေစာင့္႐ုကၡ
စိုးက မင္းအေမဗိုက္ထဲ ဝင္စားမယ္လို႔
မင္းအေမကို အိပ္မက္ေပးခဲ့တာ၊ မင္း
အေမကလည္း ေယာက္်ားေလးလိုခ်င္
ေနေတာ့ လာခဲ့လို႔ ျပန္ေျပာလိုက္တယ္
တဲ့။ ဒါေၾကာင့္ မင္းကိုေမြးေတာ့ ႐ုကၡစိုး
လို႔ေခၚၾကတာေပါ့”
“လူေတြက ကြၽန္ေတာ့္ကို ႐ုကၡစိုး ဝင္စားတယ္လို႔ ဘယ္လိုသိသြားၾက တာလဲ”
“ကေလး႐ူး ႐ူးေနတဲ့ မင္းအေမက
မင္းကို ကိုယ္ဝန္ရေတာ့ ႐ုကၡစိုးဝင္စား

တဲ့ကိုယ္ဝန္၊ ကြၽန္မ အၿမဳံမ မဟုတ္ဘူး ဆိုၿပီး တစ္႐ြာလုံးကို လိုက္ၿပီး ေၾကညာ
ေတာ့တာပဲ။ ဒါေၾကာင့္မင္းကိုေမြးေတာ့
႐ုကၡစိုးလို႔ ေနာက္ေျပာင္ေခၚၾကရင္း
႐ုကၡစိုးနာမည္ တြင္ခဲ့တာေပါ့။ မင္းရဲ႕
မ်က္ခုံးကလည္း ထူထဲမည္းနက္ေနၿပီး
ကႀကီးပုံမ်က္ခုံး ျဖစ္ေနတယ္ေလ”
“အျဖစ္ေတြကၾကာခဲ့ၿပီျဖစ္ေပမယ့္
ဘႀကီးက အားလုံးကို မွတ္မိေနတာပဲ
ေနာ္”
“ဘႀကီးကိုယ္တိုင္ႀကဳံခဲ့ရတဲ့အျဖစ္
ေတြမို႔ပါ။ မင္းကိုေမြးၿပီးေတာ့ ဘႀကီးတို႔ ကပဲ ခ်ီပိုးေစာင့္ေရွာက္ခဲ့ၾကတာ” “ဘႀကီးေျပာျပလို႔ ခုမွသိခဲ့ရတယ္၊ အျဖစ္ေတြကေတာ္ေတာ္ေၾကာက္စရာ
ေကာင္းတယ္၊ အေဖတို႔အေမတို႔ တစ္
ခါမွမေျပာျပခဲ့ဘူး၊ဘႀကီးလိုေရွ႕မီေနာက္
မီလူႀကီးေတြနဲ႔ႀကဳံလို႔ဒီအေၾကာင္းေတြ
သိရတာ ဘႀကီးကို ေက်းဇူးတင္ပါ
တယ္”
“ဘႀကီးကို ႐ုတ္တရက္ မမွတ္မိ
တာကိုလည္း ေတာင္းပန္ပါတယ္” “မင္းနဲ႔ မေမွ်ာ္လင့္ဘဲ ျပန္ဆုံရတာ ဘႀကီးလည္း ဝမ္းသာပါတယ္။ မင္းကို ေတြ႕ေတာ့ မင္းအေဖနဲ႔အေမကို ျပန္ၿပီး

သတိရမိတယ္၊ မင္းက လူငယ္ပဲ၊ ဘႀကီး
ဆီလာလည္ေပါ့၊ ဘႀကီးလိပ္စာေရးေပး
ခဲ့မယ္၊ အခ်ိန္ရရင္ လာခဲ့ပါ ႐ုကၡစိုးရယ္၊
မင္းနဲ႔ စကားေတြ ေျပာခ်င္ေသးတယ္”
ကြၽန္ေတာ္ေပးေသာစာ႐ြက္ေပၚ
တြင္ ဘႀကီးက သူေနသည့္လိပ္စာ
ေရးေပးသည္။
“ကြၽန္ေတာ္လည္း ဘႀကီးနဲ႔ ေတြ႕ ခ်င္ပါေသးတယ္။ ကြၽန္ေတာ္ ဘႀကီးဆီ
လာခဲ့ပါ့မယ္”
ထိုစဥ္ ေျမာက္ဥကၠလာဘက္သို႔
သြားသည့္ ဘတ္စ္ကားတစ္စီးမွတ္တိုင္
သို႔ဝင္လာသည္။
“ဟိုမွာ- ဘႀကီးစီးမယ့္ဘတ္စ္ကား
လာၿပီ သြားၾကစို႔”
ဘႀကီးပန္းတင္ ဘတ္စ္ကားေပၚ
တက္ၿပီးသည္ႏွင့္ ဘတ္စ္ကား ထြက္
သြားသည္။ ဘႀကီးေပးခဲ့ေသာလိပ္စာပါ
စာ႐ြက္ေလးကိုကိုင္ရင္းအေတြးမ်ားျဖင့္
က်န္ရစ္ခဲ့ပါသည္။ အေဖတို႔အေမတို႔
သားဆုပန္ခဲ့ၾကသည့္ လက္ပံပင္ႀကီးရွိ
ရာ ေမြးရပ္ေျမသို႔ တစ္ေခါက္ျပန္သြား
လိုစိတ္မ်ား ျဖစ္လာခဲ့မိသည္။
ေမာင္ေမာင္မိုးေအာင္