ကျိန်စာမိသူ

“ကျိန်စာမိသူ”(စ/ဆုံး)

—————————–

 

-ဖြစ်ရပ်မှန်-

“ဟားးး….ဟားးး…ဟားးး…ဟားးး..

ဟားးး…ဟားးး…ဟား…ဟားး…ဟားး…”

 

ကျယ်လောင်သော ရယ်မောသံကြီးသည်

အခန်းတစ်ခု၏အတွင်းမှထွက်ပေါ်လာခဲ့သည်။

 

“ဝုန်းးးး…ဒုန်းးးးးဘုန်းးးး”

 

ရယ်မောသံကြီးနှင့်အတူ ထွက်ပေါ်လာသော

ဆူညံသံများကလည်း အဆက်မပြတ်ပင်။

 

“ဟဲ့…ဟဲ့…ဟဲ့…ကိုကို​ကြီး

သောင်းကျန်းနေပြီထင်တယ်…”

 

အခန်းအပြင်မှအပြေးရောက်လာသော အမျိုးသားတစ်ဦးနဲ့

အမျိုးသမီးနှစ်ဦးတို့သည် အခန်းအတွင်းသို့ဝင်ဖို့ရန်လည်း

မရဲကြသလိုပုံစံဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍

​ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့ကြသည်။

 

“နောင်နောင်…နင်ဝင်ကြည့်လိုက်လေ”

 

“ဟာ…မမတို့ကလည်း…ကျုပ်ကြောက်တယ်ဗျ…

တလောကပဲ ကျုပ်လည်ပင်းညှစ်ခံထားရတာလေ ဗျာ…”

 

“ဒါဆိုရင်လည်း…မြကြည်…နင်ဝင်လိုက်လေ…”

 

“ဟာ…မမကြီးကလည်း…မမကြီးပဲဝင်လေ…

မမကြီးကဒိအိမ်မှာအကြီးပဲဟာကို…”

 

မောင်နှမသုံးယောက် သူဝင်ငါဝင်နဲ့စကားများနေကြသည်။

သူတို့ပြောနေစဥ်အခန်းအတွင်းဆီမှ ဆူညံနေသော

အသံများသည် ပြန်လည်တိတ်ဆိတ်သွားသည်မို့…

 

“ဘယ်သူမှလည်း မဝင်ပါနဲ့တော့ဟယ်…

သူလည်းငြိမ်သွားပြီဆိုတော့…

နေပါစေတော့…တို့တွေလည်း

အောက်ထပ်ပြန်ဆင်းကြတာပေါ့…”

 

သူတို့သုံး​ယောက်လည်း အောက်ထပ်သို့ဆင်းဖို့ရန်

အနောက်သို့လှည့်ပြန်လာကြသည်။

 

“အားးးးသွားမလာကြနဲ့…မလာကြနဲ့…

ငါ့ကိုမခေါ်ကြနဲ့…ငါ့…ငါ့ပစ္စည်းတွေကိုမယူကြပါနဲ့…

ငါ့ပစ္စည်း…ငါ့ပစ္စည်း…..”

 

အော်သံကြီးထွက်ပေါ်လာပြန်တော့မောင်နှမသုံး​ယောက်

သက်ပြင်းကိုယ်စီချပြီး…

လှေကားမှဆငိးလာခဲ့ကြ၏။

အောက်ထပ်ရှိ

ထမင်းစားခန်းသို့ရောက်လေတော့

စားပွဲပေါ်ရှိမနက်စာကို ချက်ချင်းမစားနိုင်သေးဘဲ…

ငေးငိုင်၍ကြည့်နေကြပြန်သည်။

 

“မမတို့…ကိုကိုကြီးကိုဒီအတိုင်းပဲပစ်ထားကြတော့မှာလား”

 

ဟု…မောင်အငယ်ဆုံးနောင်နောင်မှမေးလေတော့…

 

“ဟဲ့…နောင်နောင်…ငါတို့ကဘယ်မှာပစ်ထားလို့လဲ…

သူ့အတွက် ဆရာတွေစုံအောင်ရှာပြီး

ကုသပေးနေတာပါဟယ်…”

 

“အေးလေ”

 

မမကြီးသန်းကြည်၏စကားကိုအလတ်မ မြကြည်က

ထောက်ခံလိုက်သည်။

 

“မဟုတ်ဘူးလေဗျာ…မမတို့အခုရှာနေတဲ့ဆရာတွေက

ထိထိရောက်ရောက်မကုနိုင်လို့သာ

ကိုကိုကြီးက မပျောက်တာပေါ့…

ဒါပေမယ့် ကျုပ်အညာဘက်က

အသိတစ်ယောက်ဆီက

သတင်းတစ်ခုကြားထားတယ်မမတို့ရဲ့”

 

“ဘာသတင်းများတုန်း…နောင်နောင်ရဲ့…”

 

“ဘာသတင်းကမှာတုန်းဗျာ…ကျုပ်အသိကပြောတယ်…

သူတို့နယ်ထဲကသောင်ထွန်းဆိုတဲ့ရွာမှာ…

ပညာထက်တဲ့မိန်းမကြီးတစ်​ယောက်ရှိတယ်တဲ့ဗျ…”

 

“ပညာထက်တယ်ဆိုတာဘာကိုပြောတာလဲနောင်နောင်ရဲ့”

 

“ပညာထက်တယ်ဆိုတာဗျာ…သရဲတွေအပြင်

အောက်လမ်းနဲ့ပြုစားခံရတဲ့ပရောဂတွေ ကုတဲ့နေရာမှာ

အတော် တော်ပြီး နာမည်ရနေတဲ့သူကိုပြောတာဗျ”

 

“ဟဲ့… အဲ့သည်လိုကုတာက…အခုကိုကိုကြီးဖြစ်နေတာနဲ့

ဘာဆိုင်လို့တုန်း…တို့ကိုကိုကြီးကရူးနေတာလေဟယ်”

 

“အလတ်မရယ်…နင်ပြောလိုက်မှပဲ

ငါ့အစ်ကို ကိုအရူးဇာတ်သွင်းရတယ်လို့”

 

“မဟုတ်လို့လားမမကြီးရယ်…”

 

“အေး…ဟုတ်တာတော့ဟုတ်တာပေါ့အေ…

ဒါပေမယ့်အဲ့သည်လိုလည်းမပြောသင့်ဘူးဟဲ့…”

 

မြကြည်သည်သန်းကြည်၏စကားကြောင့်

နှုတ်ဆိတ်သွားတော့သည်။

 

“အဲ့တာလေမမကြီး…

ကျုပ်တစ်ခါလောက်တော့ပင့်ချင်တယ်ဗျာ”

 

နောင်နောင်ကပြောလေတော့ သန်းကြည်စဥ်းစားနေသည်။

ခဏမျှကြာတော့…

 

“အေးလေ…မမကြီးတို့မှာငွေကြေးက

ရှိနေပြီးသားပဲမဟုတ်လား…

ဒီတော့ဟုတ်သော်ရှိမဟုတ်သော်ရှိ…

ပင့်ကြည့်ကြတာပေါ့နောင်နောင်ရယ်”

 

မမကြီးသန်းကြည်၏စကားကြောင့်

နောင်နောင်ပျော်ရွှင်သွားသည်။

 

“ဒီလိုဆိုရင်နောင်နောင်သွားပင့်ရမှာလားမမကြီး”

 

“အိုကွယ်…မင်းက ဒီကပွဲရုံအလုပ်တွေကိုလည်း

ကိုကိုကြီးရဲ့ကိုယ်စားဦးဆောင်နေရတာမဟုတ်လား…

ဒီတော့မမကြီးနဲ့အလတ်မ မြကြည်ပဲသွားလိုက်ပါ့မယ်”

 

“ဒီလိုဆိုရင်ကျုပ်လိပ်စာအပြည့်အစုံသေချာ

မေးလိုက်ပါဦးမယ်…

ပြီးတော့မမကြီးတို့နဲ့အတူ ကျုပ်တပည့်နှစ်ကောင်ကိုပါ

ခေါ်သွားလိုက်ဗျာ…မဟုတ်ရင်

လမ်းခရီးမှာကျုပ်ကစိတ်မချဘူးဗျ”

 

“အေးပါကွယ်…”

 

သန်းကြည်တို့လည်း နောင်နောင်၏စကားကို

လက်ခံလိုက်ကြသည်။

မိဘများမရှိသည့်နောက်ပိုင်း…မောင်နှမလေး​ယောက်

တစ်ယောက်အပေါ်တစ်ယောက်စောင့်ရှောက်ရင်း

အတူနေထိုင်လာခဲ့ကြသည်။

အိမ်၏စီးပွားရေးကို ဦးဆောင်လုပ်က်ိုင်သော

အကြီးဆုံးသား ရန်ကြီးမောင်သည် စီးပွားလုပ်ရာ၌

အလွန်လောဘကြီး၏။

မောင်နှမများအပေါ်အလွန်ချစ်ခင်တတ်သူဖြစ်ပေမယ့်

စီးပွားရေးလောက၌ ရန်ကြီးမောင်အား…

ငွေဘီးလူးဟုပင် ခေါ်ကြသည်။

ထိုနာမည်ကိုလည်း သန်းကြည်တို့မောင်နှမများက

မကြိုက်ကြပေမယ့် ရန်ကြီးမောင်ကတော့

သဘောကျနေပေသည်။

ထိုသို့နေရင်းမည်သို့အကြောင်းကြောင့်မသိ…

ရန်ကြီးမောင်တစ်​ယောက်…အိပ်ချိန်…စားချိန်များ

မှုမမှန်လာပြီး …နောက်မကြာပါ…

သွက်သွက်ခါအောင်ရူးတော့သည်။

ဆရာများရှာဖွေ၍ ကုသပေးပါသော်လည်း

ရန်ကြီးမောင်၏ရောဂါကပျောက်ကင်းသည်မရှိခဲ့။

ဒါ့အပြင်ရန်ကြီးမောင်သည်

တစ်နေ့ထပ်တစ်နေ့ပိုပိုဆိုးလာပြီးမောင်နှမများကိုပါ

မသိတော့သလ်ို…ရန်မူတတ်သောကြောင့်အခန်းထဲ၌

သံခြေကျင်းများပင် ဝတ်ပေးထားရပြီး

အခန်းကိုလည်းအပြင်မှသော့ခတ်ထားရပေသည်။

ထိုမျှလောက်သွက်သွက်ခါအောင်ရူးနေသော

ရန်ကြီးမောင်အတွက် သန်းကြည်တို့မောင်နှမသုံး​ယောက်

သောင်ထွန်းရွာမှ ဘွားမယ်စိန်၏ အကြောင်းကို

သိရှိသွားကြပြီးနောက် မြို့၌သူတို့နေထိုင်သော

လူချမ်းသာရပ်ကွက်ဆီသို့ပင့်ခေါ်ဖို့အရေး

ပြင်ဆင်ကြတော့လေသည်။

 

**************************

 

“အရီး…”

 

နေ့ခင်းအချိန်၌ ခြံဝိုင်းထဲတွင်

ခရမ်းသီးနဲ့မျှစ်များကိုအခြောက်လှမ်းဖို့ပြင်ဆင်နေသော

ဒေါ်ဝင်းအား ​ခြံဝိုင်းအပြင်မှမောင်တိုးအော်ခေါ်လိုက်သည်။

 

“ဟဲ့…မောင်တိုး…နေကပူပူနဲ့ဘယ်ကိုတုန်း”

 

“ဘယ်ကိုမှမဟုတ်ပါဘူးဗျာ…ဒီမှာဧည့်သည်တွေပါလာလို့

လာပို့တာပါအရီးရဲ့”

 

“သြော်…အေးဟယ်…ငါကလည်းမမြင်မိဘူး…

လာ…လာအထဲကိုခေါ်ခဲ့…နေကပူပူနဲ့ဟယ်”

 

“ဝင်ကြပါခင်ဗျ…”

 

ဧည့်သည်အမျိုးသမီးနှစ်ဦးသည် မောင်တိုးနဲ့အတူ

ခြံဝိုင်းထဲသို့ဝင်လာကြသည်။

ဒေါ်ဝင်းက အမျိုးသမီးနှစ်ဦး၏ဟန်ပန်နှင့်ဝတ်ဆင်ထားသော

အဝတ်အစားများကိုကြည့်၍အကဲခတ်နေခဲ့သည်။

အမျိုးသမီးနှစ်ဦးကိုကွပ်ပျစ်၌နေရာချပေးပြီးသည်နှင့်…

 

“အရီး…ဘွားကရောအိမ်မှာမရှိဘူးလား…

ဘယ်ကိုအလည်ထွက်သွားတာလဲ”

 

“နင့်အဘွားလား…ခြံနောက်ဖေးမှာရှိတယ်…

ပူလို့တဲ့ မာလကာပင်အောက်မှာထိုင်နေလေရဲ့…”

 

“သြော်…ဒါဆိုရင်လည်းကျုပ်သွားခေါ်ဦးမှပါဗျာ”

 

မောင်တိုးတစ်ယောက်ဒေါ်ဝင်းကိုပြောရင်းနဲ့

ချက်ချင်းပင်ခြံနောက်ဖေးဆီသို့သွားလေသည်။

ခဏကြာတော့ မောင်တိုးနဲ့အတူ ဘွားမယ်စိန်သည်

နှီးယက်တောင်ကြီးကို လက်မှတဖျပ်ဖျပ်ခတ်ရင်း

လိုက်ပါလာခဲ့၏။

ကွပ်ပျစ်ပေါ်ထိုင်နေသော

အမျိုးသမီးများကိုမြင်တော့

တစ်ချက်ကြည့်လိုက်ပြီးကွပ်ပျစ်ခင်း၌ဝင်ထိုင်လိုက်သည်။

မောင်တိုးနဲ့ဒေါ်ဝင်းသည်က ဧည့်သည်တို့အတွက်

ရေနွေးကြမ်း၊လက်ဖက်နဲ့ ငှက်ပျောသီးများ

လင်ဗန်းတစ်ချပ်ထဲ၌ပြင်ဆင်ကာ ချပေးကြသည်။

 

“ဒီက ဧည့်သည်များက

ဘွားဆီကိုဘာအ​ကြောင်းများရှိလို့ရောက်လာကြတာလဲ…

ပြီးတော့ဒီအနီးအနားရွာတွေဆီက

လာကြတာတော့ဟုတ်မယ်မထင်ဘူး”

 

“ကျွန်မတို့က မြို့ပေါ်ကပါ…

ဘွားဆီကိုလာရတာကလည်း

အကူအညီတောင်းစရာလေးရှိနေလို့ပါရှင်”

 

“ဘယ်လိုအကူအညီမျိုးလဲ”

 

“ကျွန်မတို့အကူအညီတောင်းတဲ့အကြောင်းကို

မပြောခင်အရင်မိတ်ဆက်ပါရစေဦးရှင်…

ကျွန်မနာမည်က မသန်းကြည်ပါ…

ဒါက ကျွန်မညီမ မမြကြည်လို့ခေါ်လို့ပါတယ်။

ကျွန်မရဲ့အထက်မှာကိုရန်ကြီးမောင်လို့ခေါ်တဲ့

အစ်ကိုတစ်ယောက်ရှိပြီး…ဒီမြကြည်ရဲ့အောက်မှာတော့

ရန်ကြီးနောင်ဆိုတဲ့မောင်အငယ်ဆုံးလေး

တစ်ယောက်ရှိပါတယ်”

 

“ဒါဆိုရင်ညည်းတို့ကမောင်နှမလေးယောက်ပေါ့”

 

“ဟုတ်ပါတယ်ဘွား…အခုလာရတဲ့အကြောင်းရင်း

ကလည်းကျွန်မတို့ရဲ့အစ်ကိုကြီးရန်ကြီးမောင်အတွက်ပါပဲ…

အစ်ကိုကြီးတစ်ယောက်မောင်နှမတွေကိုမမှတ်မိဘဲ

သွက်သွက်ခါအောင်ရူးနေပါတယ်ရှင်…

ကျွန်မတို့လည်းဆရာပေါင်းစုံနဲ့ကုပြီးပါပြီ…

ဒါပေမယ်လို့ သူ့ရဲအခြေအနေက

ပြောင်းလဲမလာပါဘူးဘွားရယ်…”

 

“အင်း…ဒါဆိုရင်တော့…

ညည်းတို့တွေ ဒီရွာကို နေရာများ မှားပြီးတော့များ

ရောက်လာကြတာလားအေ”

 

“ရှင်…”

 

ဘွားမယ်စိန်၏စကားကြောင့်

သန်းကြည်နဲ့မြကြည်တို့လည်းအံ့သြသင့်သွားကြသည်။

ပြောရဦးမည် သန်းကြည်နဲ့ဒေါ်ဝင်းကအသက်

တရွယ်ထဲဖြစ်ပြီးမြကြည်ကတော့ဒေါ်ဝင်းထက်ငယ်ပုံရ၏။

 

“ဟုတ်တယ်လေအေ…ဘွားက ပရောကပဲကုနိုင်တာအေ့…

အခုလို စိတ်ရောဂါတွေတော့

ဘွားကုပေးနိုင်လိမ်မယ်လို့မထင်ပါဘူးလေ”

 

“အဲ့သည်လိုတော့အဆုံးထိမပြောလိုက်ပါနဲ့ဘွားရယ်…

ကျွန်မတို့မှာအဝေးကနေမိန်းမသားတွေတန်မဲ့

အားကိုးတကြီးရောက်လာခဲ့ကြရတာပါ…

ဖြစ်နိုင်ရင်တော့ဘွားကိုလိုက်ကြည့်ပေးပါလို့

တောင်းဆိုပါရစေတော်”

 

သန်းကြည်ကဘွားမယ်စိန်ကိုပြောလေတော့

ဘွားမယ်စိန်စဥ်းစားနေသည်။

မြကြည်ကလည်း…

 

“ဟုတ်ပါတယ်ဘွားရယ်…

ကုနိုင်တာ…မကုနိုင်တာထက် လိုက်ကြည့်ပေးပါတော်…

ဘွားလိုက်ကြည့်ပေးတယ်ဆိုရင်ဖြင့် ကျွန်မတို့ကျေနပ်ပါပြီ”

 

ထပ်မံကာပြောလေတော့မှ ဘွားမယ်စိန်သည်

ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

 

“ကောင်းပြီလေ…ဘွားလိုက်ခဲ့ပါ့မယ်…

ဒါပေမယ်လို့…တစ်ခုတော့ရှိတယ်အေ့…

အဲ့တာဘာလည်းဆိုတော့ ဘွားနဲ့အတူဘွားသားတပည့်နှစ်ယောက်ကိုပါအတူခေါ်လာရလိမ့်မယ်နော်…”

 

“ဟုတ်ကဲ့…ရပါတယ်ဘွား…ခေါ်ခဲ့လို့ရပါတယ်”

 

သန်းကြည်နဲ့မြကြည်တို့လည်းဘွားမယ်စိန်က

လိုက်ခဲ့မည်ဆို၍ဝမ်းသာသွားကြတော့သည်။

 

*****************************

ဘွားမယ်စိန်တို့လည်း မြို့ရှိသန်းကြည်တို့၏

နေအိမ်ဆီကိုရောက်ရှိလာခဲ့ကြသည်။

 

“ဘွားတို့လည်းခရီးပန်းလာကြတာဆိုတော့

အနားယူကြပါဦး…

ဟဲ့…မိမာ…

ဒီဆီကိုမုန့်နဲ့လက်ဖက်ရည်တွေယူလာပေးဦးလေ”

 

အလတ်မ မြကြည်က အိမ်ဖော်ကိုအော်၍ပြောလိုက်သည်။

မောင်တိုးနဲ့မောင်အုန်းကတော့ နှစ်ထပ်အိမ်ကြီး၏

ခန်းနားသစ်လွင်မှုကိုတစ်ခါမှမမြင်ဖူးသည့်အလား

ငေးမောကြည့်နေကြ၏။

 

“ဘွား​အတွက်တော့ ရေအေးအေးလေးတစ်ခွက်ပဲ

​ အရင်ပေးပါအေ…”

 

ဟု…ဘွားမယ်စိန်ကပြောလေတော့

အိမ်ဖော်တစ်ယောက်ကအမြန်သွားယူပေးသည်။

မောင်တိုးနဲ့မောင်အုန်းတို့သည် ချပေးသောအစားအသောက်များကိုလက်ဖက်ရည်ဖြင့်မျောချရင်း

အလွန်စားကောင်းနေကြ၏။

ဘွားမယ်စိန်က ငှက်သီးတစ်လုံးကိုသာယူစားပြီး

မောင်တိုးတို့စားနေသည်ကိုပြုံးပြုံးကြီးကြည့်နေလေသည်။

သူတို့စားပြီးလေမှ…

 

“သန်းကြည်…ဘွားကိုလူနာဆီလိုက်ပို့ပေးပါဦး”

 

“ဘွားရယ်…ခရီးကအခုမှရောက်တာဆိုတော့

အရင်နားပါဦးလား”

 

“နားတာကပြီးမှအေးအေးလူလူနားလို့ရပါတယ်အေ…

လူနာကိုအရင်ကြည့်စမ်းပါရစေဦး”

 

ဘွားမယ်စိန်ကပြောလေတော့ သန်းကြည်နဲ့မြကြည်က

အိမ်၏အပေါ်ထပ်အခန်းဆီကိုလိုက်ပို့ပေးကြသည်။

 

အခန်းတံခါးဝဆီသို့ရောက်တော့…

 

“မောင်ငယ်လေးနောင်နောင်ကတော့အိမ်မှာမရှိသေးဘူးဘွား…

တစ်ခုခုဆိုရင် ထိန်းလို့ရအောင်

ဟိုမောင်လေးတို့ကအသင့်ပြင်ထားကြပါဦးနော်”

 

သန်းကြည်၏စကားကိုမောင်တိုးတို့ကခေါင်းညိတ်ပြကြသည်။

ထို့နောက်အခန်းတံခါးကိုဖွင့်လေတော့ သူတို့အားကျောပေးထိုင်နေသော လူတစ်ယောက်၏ကျောပြင်ကိုမြင်လိုက်ရသည်။

ဘွားမယ်စိန်သည်သံခြေကျင်းများ…သံကြိုးများနဲ့

အခန်းတစ်ခုလုံးအားဝေ့ဝိုက်၍ကြည့်လိုက်သည်။

ပြီးလေမှ…

 

“မောင်ရန်ကြီးမောင်…”

 

ဟုခေါ်လေတော့ ကျောပေးထားသောသူ၏ခန္ဓာကိုယ်သည်

ဆတ်ခနဲတစ်ချက်တွန့်သွားပြီး

အနောက်ဆီသို့ခေါင်းလှည့်လာ၏။

ဘွားမယ်စိန်ကိုတစ်ချက်စိုက်ကြည့်ပြီးနောက်

သူ၏ဘေးကိုပြန်ကြည့်၍…

 

“သွား…ငါ့ဆီမလာနဲ့…မလာကြပါနဲ့…

ငါ့ပစ္စည်း…ငါ့ပစ္စည်းတွေမယူကြပါနဲ့…….”

 

ဟု…စူးစူးဝါးဝါးထအော်လေတော့သည်။

 

ဘွားမယ်စိန်က သန်းကြည်အား…

 

“ဘွားတို့အောက်ထပ်ကိုပြန်ဆင်းကြတာပေါ့”

 

ဟုပြောပြီးအခန်းထဲမှထွက်သွားလေတော့သန်းကြည်နဲ့

မြကြည်လည်းအနောက်မှလိုက်လာခဲ့ရသည်။

အောက်ထပ်ဆီသို့ရောက်တော့ အိမ်ဖော်များကိုတစ်ချက်ကြည့်ပြီး…

 

“အခုဘွားပြောမယ့်အကြောင်းအရာကို

ညည်းတို့ကိုပဲကြားစေချင်တယ်…”

 

ဟု…သန်းကြည်ကိုပြောလေတော့

ဘွားမယ်စိန်စကားရဲ့ဆိုလိုရင်းကိုသိသောသန်းကြည်သည်…

 

“ကောင်မလေးတွေ…

ညည်းတို့အားလုံးခြံထဲက

အလုပ်သမားတန်းလျားကိုပြန်လို့ရပြီ”

 

ဟု…ပြောလေတော့အိမ်ဖော်မလေးများလည်း

ခြံထဲသို့ပြန်သွားကြတော့သည်။

အိမ်ဖော်မလေးများမရှိတော့လေမှ…

 

“ညည်းတို့ရဲ့ဒီအိမ်မှာညည်းတို့အားလုံးကို

မကျေမနပ်နဲ့စောင့်ကြည့်နေတဲ့ မကျွတ်မလွတ်တဲ့

နာနာဘာဝတွေရှိနေတယ်…”

 

“ရှင်…”

 

“ဟင်…”

 

သန်းကြည်နဲ့မြကြည်တို့အံသြသင့်ယုံမက

ကြောက်လန့်သွားကြသည်။

မောင်တိုးနဲ့မောင်အုန်းကတော့

တစ်​ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏။

 

“ဟုတ်တယ်…ဟိုကလေးမ လာ…ဒီကို”

 

ဘွားမယ်စိန်သည် သန်းကြည်တို့၏တခြားတစ်ဖက်နေရာသို့

ကြည့်၍ပြောလိုက်သည်။

 

“ညည်း…ဒီအိမ်နဲ့ဘာအငြိုးတွေရှိနေတာလဲ”

 

ထပ်မံကာမေးပြန်သည်။

 

“အင်း…ဟုတ်ပြီ…ပြော…ဘွားကိုပြော…

အင်း….သြော်…ဒီလိုကို…”

 

ဘွားမယ်စိန်ကို သန်းကြည်တို့အားလုံးစိတ်ဝင်တစားကြည့်နေကြသည်။

သူတို့အကြည့်ကိုဘွားမယ်စိန်က ဂရုမစိုက်။

ပြီးလေမှသန်းကြည်ကိုကြည့်၍…

 

“ညည်းတို့အေ…လုပ်မှလုပ်ရက်ကြတယ်…”

 

ဟု…စိတ်မကောင်းဟန်ဖြင့်ပြောလိုက်သောအခါ

သန်းကြည်မှ…

 

“ဘွား…ဘာတွေပြောနေတာလဲ…

နောက်ပြီးဘယ်သူနဲ့စကားပြောနေတာလဲ”

 

“ဒီအိမ်…ဒီအိမ်ကညည်းတို့အိမ်မဟုတ်ဘူး…

ညည်းတို့အစ်ကိုကသာ ဒီအိမ်ကို

မတရားသိမ်းထားလို့ကျိန်စာတွေမိနေတာ…”

 

“ရှင်…”

 

“သေချာလို့လား ဘွားရယ်…”

 

သန်းကြည်အံ့သြသွားချိန် မြကြည်မှ ထမေးလေသည်။

 

“ဒီကလေးမနာမည်က မကျေးနု…သူ့မိဘများနဲ့သူက

ဒီအိမ်ရဲ့အပေါ်ထပ်မှာပဲ ကြိုးဆွဲချသေထားကြတာ…

အဲ့တာတော့ညည်းတို့သိကြတယ်မဟုတ်လား…”

 

သန်းကြည်နဲ့မြကြည်မျက်လုံးပြူးသွားကြသည်။

သူတို့စကားမဆိုနိုင်ခင်…

 

“ညည်းအစ်ကိုက မတော်လောဘနဲ့

သူတို့အိမ်ကိုသိမ်းလိုက်တာလေ…

သူတို့တွေ ညည်းအစ်ကိုကိုအတင်းတောင်းပန်ကြတယ်…

မရဘူး…သူ့တပည့်တွေနဲ့နှိပ်စက်ခိုင်းတယ်….

ဒါ့အပြင်ပတ်ဝန်းကျင်မှာအရှက်ရအောင်

နာမည်ဖျက်ကြတယ်…ကလေးမအဖေပေးစရာရှိတဲ့

အကြွေးနဲ့မတန်အောင်ကို ညည်းအစ်ကိုလုပ်ခဲ့တာ…

အခုသူဖြစ်နေတာကလည်း သေသူတွေရဲ့ကျိန်စာစူးနေတာအေ့…

ဒီတော့ကျိန်စာစူးရင်ဘာနဲ့

ကုကုမပျောက်နိုင်ဘူးဆိုတာ

ညည်းတို့သိထားကြပေတော့အေ…”

 

“ကျွန်မတို့…ကျွန်မတို့တကယ်မသိတာပါဘွားရယ်…

ကျွန်မတို့တကယ်မသိတာပါတော်…”

 

သန်းကြည်နဲ့မကြည်တို့လည်းစိတ်မကောင်းစွာငိုနေကြသည်။

 

“ကျွန်မတို့ဘာဆက်လုပ်ရမလဲပြောပါဘွားရယ်…

ကိုကိုကြီးအမှားတွေကိုဘယ်လိုပြင်ပေးလို့ရဦးမလဲရှင်”

 

သန်းကြည်၏အမေးကြောင့်ဘွားမယ်စိန်သည်…

 

“အခုချ်ိန်လုပ်ပေးနိုင်တာဆိုလို့…သူတို့ပစ္စည်းတွေသူတို့ပြန်ပေးဖို့ပါပဲအေ…ဒါပေမယ့်ညည်းတို့အစ်ကိုကတော့

သူကံပါသလောက်ခံစားရဦးမှာပဲ…

ကျိန်စာဆိုတာကုမရဘူးလေ”

 

“သူတို့ပစ္စည်းပြန်ပေးတာကတော့ အကြောင်းမဟုတ်ပါဘူး…

ဒါပေမယ့်သူတို့ကသေသွားကြပြီဆိုတော့

ကျုပ်တို့ဘယ်လိုလုပ်ပေးရင်အဆင်ပြေမှာလဲဲဆိုတာ

ပြောပြပေးပါဦး ဘွားရယ်…”

 

“သူတို့ပိုင်ဆိုင်ခဲ့တဲ့ဒီအိမ်နဲ့ဒီခြံကို

ညည်းတို့ဘက်ကနေပြီးတော့

ထိုက်သင့်တဲ့​တန်ကြေးနဲ့ ပြန်ဝယ်ပါတယ်လို့

သူတို့ကိုတိုင်တည်ပြောရမယ်…။

ပြီးရင်ဒီအိမ်နဲ့ဒီခြံရဲ့တန်ကြေးရတဲ့ငွေနဲ့ပဲ

သူတို့အတွက်ကုသိုလ်ပြု၊ အလှူအတန်းလေးလုပ်ပေးရမယ်…

ဒါမှလည်းသူတို့မိသားစုလေး

ကောင်းရာမွန်ရာကိုရောက်ကြမှာ …”

 

“စိတ်ချပါဘွား….ကျုပ်တို့မောင်နှမတွေသေချာဆုံးဖြတ်ပြီး

ဘွားပြောသလိုလေး လုပ်ပေးလိုက်ပါ့မယ်”

 

သန်းကြည်၏စကားကိုဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။

ရန်ကြီးမောင်၏အရူးရောဂါမှာ…သမားရိုးကျမဟုတ်ဘဲ

သူ့ကြောင့်ဘဝပျက်၍ကိုယ့်ကိုကိုယ်သတ်သေသွားကြရသော

မိသားစု၏ကျိန်စာမိနေခြင်းပင်။

ထိုကြောင့်လည်းဘွားမယ်စိန်က ကုသပေးလို့မရဟုပြောပြီး

နောက်တစ်နေ့၌ သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့သည်။

 

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

“က်ိန္စာမိသူ”(စ/ဆုံး)
—————————–

-ျဖစ္ရပ္မွန္-
“ဟားးး….ဟားးး…ဟားးး…ဟားးး..
ဟားးး…ဟားးး…ဟား…ဟားး…ဟားး…”

က်ယ္ေလာင္ေသာ ရယ္ေမာသံႀကီးသည္
အခန္းတစ္ခု၏အတြင္းမွထြက္ေပၚလာခဲ့သည္။

“ဝုန္းးးး…ဒုန္းးးးးဘုန္းးးး”

ရယ္ေမာသံႀကီးႏွင့္အတူ ထြက္ေပၚလာေသာ
ဆူညံသံမ်ားကလည္း အဆက္မျပတ္ပင္။

“ဟဲ့…ဟဲ့…ဟဲ့…ကိုကို​ႀကီး
ေသာင္းက်န္းေနၿပီထင္တယ္…”

အခန္းအျပင္မွအေျပးေရာက္လာေသာ အမ်ိဳးသားတစ္ဦးနဲ႔
အမ်ိဳးသမီးႏွစ္ဦးတို႔သည္ အခန္းအတြင္းသို႔ဝင္ဖို႔ရန္လည္း
မရဲၾကသလိုပုံစံျဖင့္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္၍
​ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနခဲ့ၾကသည္။

“ေနာင္ေနာင္…နင္ဝင္ၾကည့္လိုက္ေလ”

“ဟာ…မမတို႔ကလည္း…က်ဳပ္ေၾကာက္တယ္ဗ်…
တေလာကပဲ က်ဳပ္လည္ပင္းညႇစ္ခံထားရတာေလ ဗ်ာ…”

“ဒါဆိုရင္လည္း…ျမၾကည္…နင္ဝင္လိုက္ေလ…”

“ဟာ…မမႀကီးကလည္း…မမႀကီးပဲဝင္ေလ…
မမႀကီးကဒိအိမ္မွာအႀကီးပဲဟာကို…”

ေမာင္ႏွမသုံးေယာက္ သူဝင္ငါဝင္နဲ႔စကားမ်ားေနၾကသည္။
သူတို႔ေျပာေနစဥ္အခန္းအတြင္းဆီမွ ဆူညံေနေသာ
အသံမ်ားသည္ ျပန္လည္တိတ္ဆိတ္သြားသည္မို႔…

“ဘယ္သူမွလည္း မဝင္ပါနဲ႔ေတာ့ဟယ္…
သူလည္းၿငိမ္သြားၿပီဆိုေတာ့…
ေနပါေစေတာ့…တို႔ေတြလည္း
ေအာက္ထပ္ျပန္ဆင္းၾကတာေပါ့…”

သူတို႔သုံး​ေယာက္လည္း ေအာက္ထပ္သို႔ဆင္းဖို႔ရန္
အေနာက္သို႔လွည့္ျပန္လာၾကသည္။

“အားးးးသြားမလာၾကနဲ႔…မလာၾကနဲ႔…
ငါ့ကိုမေခၚၾကနဲ႔…ငါ့…ငါ့ပစၥည္းေတြကိုမယူၾကပါနဲ႔…
ငါ့ပစၥည္း…ငါ့ပစၥည္း…..”

ေအာ္သံႀကီးထြက္ေပၚလာျပန္ေတာ့ေမာင္ႏွမသုံး​ေယာက္
သက္ျပင္းကိုယ္စီခ်ၿပီး…
ေလွကားမွဆငိးလာခဲ့ၾက၏။
ေအာက္ထပ္ရွိ
ထမင္းစားခန္းသို႔ေရာက္ေလေတာ့
စားပြဲေပၚရွိမနက္စာကို ခ်က္ခ်င္းမစားႏိုင္ေသးဘဲ…
ေငးငိုင္၍ၾကည့္ေနၾကျပန္သည္။

“မမတို႔…ကိုကိုႀကီးကိုဒီအတိုင္းပဲပစ္ထားၾကေတာ့မွာလား”

ဟု…ေမာင္အငယ္ဆုံးေနာင္ေနာင္မွေမးေလေတာ့…

“ဟဲ့…ေနာင္ေနာင္…ငါတို႔ကဘယ္မွာပစ္ထားလို႔လဲ…
သူ႔အတြက္ ဆရာေတြစုံေအာင္ရွာၿပီး
ကုသေပးေနတာပါဟယ္…”

“ေအးေလ”

မမႀကီးသန္းၾကည္၏စကားကိုအလတ္မ ျမၾကည္က
ေထာက္ခံလိုက္သည္။

“မဟုတ္ဘူးေလဗ်ာ…မမတို႔အခုရွာေနတဲ့ဆရာေတြက
ထိထိေရာက္ေရာက္မကုႏိုင္လို႔သာ
ကိုကိုႀကီးက မေပ်ာက္တာေပါ့…
ဒါေပမယ့္ က်ဳပ္အညာဘက္က
အသိတစ္ေယာက္ဆီက
သတင္းတစ္ခုၾကားထားတယ္မမတို႔ရဲ႕”

“ဘာသတင္းမ်ားတုန္း…ေနာင္ေနာင္ရဲ႕…”

“ဘာသတင္းကမွာတုန္းဗ်ာ…က်ဳပ္အသိကေျပာတယ္…
သူတို႔နယ္ထဲကေသာင္ထြန္းဆိုတဲ့႐ြာမွာ…
ပညာထက္တဲ့မိန္းမႀကီးတစ္​ေယာက္ရွိတယ္တဲ့ဗ်…”

“ပညာထက္တယ္ဆိုတာဘာကိုေျပာတာလဲေနာင္ေနာင္ရဲ႕”

“ပညာထက္တယ္ဆိုတာဗ်ာ…သရဲေတြအျပင္
ေအာက္လမ္းနဲ႔ျပဳစားခံရတဲ့ပေရာဂေတြ ကုတဲ့ေနရာမွာ
အေတာ္ ေတာ္ၿပီး နာမည္ရေနတဲ့သူကိုေျပာတာဗ်”

“ဟဲ့… အဲ့သည္လိုကုတာက…အခုကိုကိုႀကီးျဖစ္ေနတာနဲ႔
ဘာဆိုင္လို႔တုန္း…တို႔ကိုကိုႀကီးက႐ူးေနတာေလဟယ္”

“အလတ္မရယ္…နင္ေျပာလိုက္မွပဲ
ငါ့အစ္ကို ကိုအ႐ူးဇာတ္သြင္းရတယ္လို႔”

“မဟုတ္လို႔လားမမႀကီးရယ္…”

“ေအး…ဟုတ္တာေတာ့ဟုတ္တာေပါ့ေအ…
ဒါေပမယ့္အဲ့သည္လိုလည္းမေျပာသင့္ဘူးဟဲ့…”

ျမၾကည္သည္သန္းၾကည္၏စကားေၾကာင့္
ႏႈတ္ဆိတ္သြားေတာ့သည္။

“အဲ့တာေလမမႀကီး…
က်ဳပ္တစ္ခါေလာက္ေတာ့ပင့္ခ်င္တယ္ဗ်ာ”

ေနာင္ေနာင္ကေျပာေလေတာ့ သန္းၾကည္စဥ္းစားေနသည္။
ခဏမွ်ၾကာေတာ့…

“ေအးေလ…မမႀကီးတို႔မွာေငြေၾကးက
ရွိေနၿပီးသားပဲမဟုတ္လား…
ဒီေတာ့ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိ…
ပင့္ၾကည့္ၾကတာေပါ့ေနာင္ေနာင္ရယ္”

မမႀကီးသန္းၾကည္၏စကားေၾကာင့္
ေနာင္ေနာင္ေပ်ာ္႐ႊင္သြားသည္။

“ဒီလိုဆိုရင္ေနာင္ေနာင္သြားပင့္ရမွာလားမမႀကီး”

“အိုကြယ္…မင္းက ဒီကပြဲ႐ုံအလုပ္ေတြကိုလည္း
ကိုကိုႀကီးရဲ႕ကိုယ္စားဦးေဆာင္ေနရတာမဟုတ္လား…
ဒီေတာ့မမႀကီးနဲ႔အလတ္မ ျမၾကည္ပဲသြားလိုက္ပါ့မယ္”

“ဒီလိုဆိုရင္က်ဳပ္လိပ္စာအျပည့္အစုံေသခ်ာ
ေမးလိုက္ပါဦးမယ္…
ၿပီးေတာ့မမႀကီးတို႔နဲ႔အတူ က်ဳပ္တပည့္ႏွစ္ေကာင္ကိုပါ
ေခၚသြားလိုက္ဗ်ာ…မဟုတ္ရင္
လမ္းခရီးမွာက်ဳပ္ကစိတ္မခ်ဘူးဗ်”

“ေအးပါကြယ္…”

သန္းၾကည္တို႔လည္း ေနာင္ေနာင္၏စကားကို
လက္ခံလိုက္ၾကသည္။
မိဘမ်ားမရွိသည့္ေနာက္ပိုင္း…ေမာင္ႏွမေလး​ေယာက္
တစ္ေယာက္အေပၚတစ္ေယာက္ေစာင့္ေရွာက္ရင္း
အတူေနထိုင္လာခဲ့ၾကသည္။
အိမ္၏စီးပြားေရးကို ဦးေဆာင္လုပ္က္ိုင္ေသာ
အႀကီးဆုံးသား ရန္ႀကီးေမာင္သည္ စီးပြားလုပ္ရာ၌
အလြန္ေလာဘႀကီး၏။
ေမာင္ႏွမမ်ားအေပၚအလြန္ခ်စ္ခင္တတ္သူျဖစ္ေပမယ့္
စီးပြားေရးေလာက၌ ရန္ႀကီးေမာင္အား…
ေငြဘီးလူးဟုပင္ ေခၚၾကသည္။
ထိုနာမည္ကိုလည္း သန္းၾကည္တို႔ေမာင္ႏွမမ်ားက
မႀကိဳက္ၾကေပမယ့္ ရန္ႀကီးေမာင္ကေတာ့
သေဘာက်ေနေပသည္။
ထိုသို႔ေနရင္းမည္သို႔အေၾကာင္းေၾကာင့္မသိ…
ရန္ႀကီးေမာင္တစ္​ေယာက္…အိပ္ခ်ိန္…စားခ်ိန္မ်ား
မႈမမွန္လာၿပီး …ေနာက္မၾကာပါ…
သြက္သြက္ခါေအာင္႐ူးေတာ့သည္။
ဆရာမ်ားရွာေဖြ၍ ကုသေပးပါေသာ္လည္း
ရန္ႀကီးေမာင္၏ေရာဂါကေပ်ာက္ကင္းသည္မရွိခဲ့။
ဒါ့အျပင္ရန္ႀကီးေမာင္သည္
တစ္ေန႔ထပ္တစ္ေန႔ပိုပိုဆိုးလာၿပီးေမာင္ႏွမမ်ားကိုပါ
မသိေတာ့သလ္ို…ရန္မူတတ္ေသာေၾကာင့္အခန္းထဲ၌
သံေျခက်င္းမ်ားပင္ ဝတ္ေပးထားရၿပီး
အခန္းကိုလည္းအျပင္မွေသာ့ခတ္ထားရေပသည္။
ထိုမွ်ေလာက္သြက္သြက္ခါေအာင္႐ူးေနေသာ
ရန္ႀကီးေမာင္အတြက္ သန္းၾကည္တို႔ေမာင္ႏွမသုံး​ေယာက္
ေသာင္ထြန္း႐ြာမွ ဘြားမယ္စိန္၏ အေၾကာင္းကို
သိရွိသြားၾကၿပီးေနာက္ ၿမိဳ႕၌သူတို႔ေနထိုင္ေသာ
လူခ်မ္းသာရပ္ကြက္ဆီသို႔ပင့္ေခၚဖို႔အေရး
ျပင္ဆင္ၾကေတာ့ေလသည္။

**************************

“အရီး…”

ေန႔ခင္းအခ်ိန္၌ ၿခံဝိုင္းထဲတြင္
ခရမ္းသီးနဲ႔မွ်စ္မ်ားကိုအေျခာက္လွမ္းဖို႔ျပင္ဆင္ေနေသာ
ေဒၚဝင္းအား ​ၿခံဝိုင္းအျပင္မွေမာင္တိုးေအာ္ေခၚလိုက္သည္။

“ဟဲ့…ေမာင္တိုး…ေနကပူပူနဲ႔ဘယ္ကိုတုန္း”

“ဘယ္ကိုမွမဟုတ္ပါဘူးဗ်ာ…ဒီမွာဧည့္သည္ေတြပါလာလို႔
လာပို႔တာပါအရီးရဲ႕”

“ေၾသာ္…ေအးဟယ္…ငါကလည္းမျမင္မိဘူး…
လာ…လာအထဲကိုေခၚခဲ့…ေနကပူပူနဲ႔ဟယ္”

“ဝင္ၾကပါခင္ဗ်…”

ဧည့္သည္အမ်ိဳးသမီးႏွစ္ဦးသည္ ေမာင္တိုးနဲ႔အတူ
ၿခံဝိုင္းထဲသို႔ဝင္လာၾကသည္။
ေဒၚဝင္းက အမ်ိဳးသမီးႏွစ္ဦး၏ဟန္ပန္ႏွင့္ဝတ္ဆင္ထားေသာ
အဝတ္အစားမ်ားကိုၾကည့္၍အကဲခတ္ေနခဲ့သည္။
အမ်ိဳးသမီးႏွစ္ဦးကိုကြပ္ပ်စ္၌ေနရာခ်ေပးၿပီးသည္ႏွင့္…

“အရီး…ဘြားကေရာအိမ္မွာမရွိဘူးလား…
ဘယ္ကိုအလည္ထြက္သြားတာလဲ”

“နင့္အဘြားလား…ၿခံေနာက္ေဖးမွာရွိတယ္…
ပူလို႔တဲ့ မာလကာပင္ေအာက္မွာထိုင္ေနေလရဲ႕…”

“ေၾသာ္…ဒါဆိုရင္လည္းက်ဳပ္သြားေခၚဦးမွပါဗ်ာ”

ေမာင္တိုးတစ္ေယာက္ေဒၚဝင္းကိုေျပာရင္းနဲ႔
ခ်က္ခ်င္းပင္ၿခံေနာက္ေဖးဆီသို႔သြားေလသည္။
ခဏၾကာေတာ့ ေမာင္တိုးနဲ႔အတူ ဘြားမယ္စိန္သည္
ႏွီးယက္ေတာင္ႀကီးကို လက္မွတဖ်ပ္ဖ်ပ္ခတ္ရင္း
လိုက္ပါလာခဲ့၏။
ကြပ္ပ်စ္ေပၚထိုင္ေနေသာ
အမ်ိဳးသမီးမ်ားကိုျမင္ေတာ့
တစ္ခ်က္ၾကည့္လိုက္ၿပီးကြပ္ပ်စ္ခင္း၌ဝင္ထိုင္လိုက္သည္။
ေမာင္တိုးနဲ႔ေဒၚဝင္းသည္က ဧည့္သည္တို႔အတြက္
ေရေႏြးၾကမ္း၊လက္ဖက္နဲ႔ ငွက္ေပ်ာသီးမ်ား
လင္ဗန္းတစ္ခ်ပ္ထဲ၌ျပင္ဆင္ကာ ခ်ေပးၾကသည္။

“ဒီက ဧည့္သည္မ်ားက
ဘြားဆီကိုဘာအ​ေၾကာင္းမ်ားရွိလို႔ေရာက္လာၾကတာလဲ…
ၿပီးေတာ့ဒီအနီးအနား႐ြာေတြဆီက
လာၾကတာေတာ့ဟုတ္မယ္မထင္ဘူး”

“ကြၽန္မတို႔က ၿမိဳ႕ေပၚကပါ…
ဘြားဆီကိုလာရတာကလည္း
အကူအညီေတာင္းစရာေလးရွိေနလို႔ပါရွင္”

“ဘယ္လိုအကူအညီမ်ိဳးလဲ”

“ကြၽန္မတို႔အကူအညီေတာင္းတဲ့အေၾကာင္းကို
မေျပာခင္အရင္မိတ္ဆက္ပါရေစဦးရွင္…
ကြၽန္မနာမည္က မသန္းၾကည္ပါ…
ဒါက ကြၽန္မညီမ မျမၾကည္လို႔ေခၚလို႔ပါတယ္။
ကြၽန္မရဲ႕အထက္မွာကိုရန္ႀကီးေမာင္လို႔ေခၚတဲ့
အစ္ကိုတစ္ေယာက္ရွိၿပီး…ဒီျမၾကည္ရဲ႕ေအာက္မွာေတာ့
ရန္ႀကီးေနာင္ဆိုတဲ့ေမာင္အငယ္ဆုံးေလး
တစ္ေယာက္ရွိပါတယ္”

“ဒါဆိုရင္ညည္းတို႔ကေမာင္ႏွမေလးေယာက္ေပါ့”

“ဟုတ္ပါတယ္ဘြား…အခုလာရတဲ့အေၾကာင္းရင္း
ကလည္းကြၽန္မတို႔ရဲ႕အစ္ကိုႀကီးရန္ႀကီးေမာင္အတြက္ပါပဲ…
အစ္ကိုႀကီးတစ္ေယာက္ေမာင္ႏွမေတြကိုမမွတ္မိဘဲ
သြက္သြက္ခါေအာင္႐ူးေနပါတယ္ရွင္…
ကြၽန္မတို႔လည္းဆရာေပါင္းစုံနဲ႔ကုၿပီးပါၿပီ…
ဒါေပမယ္လို႔ သူ႔ရဲအေျခအေနက
ေျပာင္းလဲမလာပါဘူးဘြားရယ္…”

“အင္း…ဒါဆိုရင္ေတာ့…
ညည္းတို႔ေတြ ဒီ႐ြာကို ေနရာမ်ား မွားၿပီးေတာ့မ်ား
ေရာက္လာၾကတာလားေအ”

“ရွင္…”

ဘြားမယ္စိန္၏စကားေၾကာင့္
သန္းၾကည္နဲ႔ျမၾကည္တို႔လည္းအံ့ၾသသင့္သြားၾကသည္။
ေျပာရဦးမည္ သန္းၾကည္နဲ႔ေဒၚဝင္းကအသက္
တ႐ြယ္ထဲျဖစ္ၿပီးျမၾကည္ကေတာ့ေဒၚဝင္းထက္ငယ္ပုံရ၏။

“ဟုတ္တယ္ေလေအ…ဘြားက ပေရာကပဲကုႏိုင္တာေအ့…
အခုလို စိတ္ေရာဂါေတြေတာ့
ဘြားကုေပးႏိုင္လိမ္မယ္လို႔မထင္ပါဘူးေလ”

“အဲ့သည္လိုေတာ့အဆုံးထိမေျပာလိုက္ပါနဲ႔ဘြားရယ္…
ကြၽန္မတို႔မွာအေဝးကေနမိန္းမသားေတြတန္မဲ့
အားကိုးတႀကီးေရာက္လာခဲ့ၾကရတာပါ…
ျဖစ္ႏိုင္ရင္ေတာ့ဘြားကိုလိုက္ၾကည့္ေပးပါလို႔
ေတာင္းဆိုပါရေစေတာ္”

သန္းၾကည္ကဘြားမယ္စိန္ကိုေျပာေလေတာ့
ဘြားမယ္စိန္စဥ္းစားေနသည္။
ျမၾကည္ကလည္း…

“ဟုတ္ပါတယ္ဘြားရယ္…
ကုႏိုင္တာ…မကုႏိုင္တာထက္ လိုက္ၾကည့္ေပးပါေတာ္…
ဘြားလိုက္ၾကည့္ေပးတယ္ဆိုရင္ျဖင့္ ကြၽန္မတို႔ေက်နပ္ပါၿပီ”

ထပ္မံကာေျပာေလေတာ့မွ ဘြားမယ္စိန္သည္
ေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး…

“ေကာင္းၿပီေလ…ဘြားလိုက္ခဲ့ပါ့မယ္…
ဒါေပမယ္လို႔…တစ္ခုေတာ့ရွိတယ္ေအ့…
အဲ့တာဘာလည္းဆိုေတာ့ ဘြားနဲ႔အတူဘြားသားတပည့္ႏွစ္ေယာက္ကိုပါအတူေခၚလာရလိမ့္မယ္ေနာ္…”

“ဟုတ္ကဲ့…ရပါတယ္ဘြား…ေခၚခဲ့လို႔ရပါတယ္”

သန္းၾကည္နဲ႔ျမၾကည္တို႔လည္းဘြားမယ္စိန္က
လိုက္ခဲ့မည္ဆို၍ဝမ္းသာသြားၾကေတာ့သည္။

*****************************
ဘြားမယ္စိန္တို႔လည္း ၿမိဳ႕ရွိသန္းၾကည္တို႔၏
ေနအိမ္ဆီကိုေရာက္ရွိလာခဲ့ၾကသည္။

“ဘြားတို႔လည္းခရီးပန္းလာၾကတာဆိုေတာ့
အနားယူၾကပါဦး…
ဟဲ့…မိမာ…
ဒီဆီကိုမုန္႔နဲ႔လက္ဖက္ရည္ေတြယူလာေပးဦးေလ”

အလတ္မ ျမၾကည္က အိမ္ေဖာ္ကိုေအာ္၍ေျပာလိုက္သည္။
ေမာင္တိုးနဲ႔ေမာင္အုန္းကေတာ့ ႏွစ္ထပ္အိမ္ႀကီး၏
ခန္းနားသစ္လြင္မႈကိုတစ္ခါမွမျမင္ဖူးသည့္အလား
ေငးေမာၾကည့္ေနၾက၏။

“ဘြား​အတြက္ေတာ့ ေရေအးေအးေလးတစ္ခြက္ပဲ
​ အရင္ေပးပါေအ…”

ဟု…ဘြားမယ္စိန္ကေျပာေလေတာ့
အိမ္ေဖာ္တစ္ေယာက္ကအျမန္သြားယူေပးသည္။
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔သည္ ခ်ေပးေသာအစားအေသာက္မ်ားကိုလက္ဖက္ရည္ျဖင့္ေမ်ာခ်ရင္း
အလြန္စားေကာင္းေနၾက၏။
ဘြားမယ္စိန္က ငွက္သီးတစ္လုံးကိုသာယူစားၿပီး
ေမာင္တိုးတို႔စားေနသည္ကိုၿပဳံးၿပဳံးႀကီးၾကည့္ေနေလသည္။
သူတို႔စားၿပီးေလမွ…

“သန္းၾကည္…ဘြားကိုလူနာဆီလိုက္ပို႔ေပးပါဦး”

“ဘြားရယ္…ခရီးကအခုမွေရာက္တာဆိုေတာ့
အရင္နားပါဦးလား”

“နားတာကၿပီးမွေအးေအးလူလူနားလို႔ရပါတယ္ေအ…
လူနာကိုအရင္ၾကည့္စမ္းပါရေစဦး”

ဘြားမယ္စိန္ကေျပာေလေတာ့ သန္းၾကည္နဲ႔ျမၾကည္က
အိမ္၏အေပၚထပ္အခန္းဆီကိုလိုက္ပို႔ေပးၾကသည္။

အခန္းတံခါးဝဆီသို႔ေရာက္ေတာ့…

“ေမာင္ငယ္ေလးေနာင္ေနာင္ကေတာ့အိမ္မွာမရွိေသးဘူးဘြား…
တစ္ခုခုဆိုရင္ ထိန္းလို႔ရေအာင္
ဟိုေမာင္ေလးတို႔ကအသင့္ျပင္ထားၾကပါဦးေနာ္”

သန္းၾကည္၏စကားကိုေမာင္တိုးတို႔ကေခါင္းညိတ္ျပၾကသည္။
ထို႔ေနာက္အခန္းတံခါးကိုဖြင့္ေလေတာ့ သူတို႔အားေက်ာေပးထိုင္ေနေသာ လူတစ္ေယာက္၏ေက်ာျပင္ကိုျမင္လိုက္ရသည္။
ဘြားမယ္စိန္သည္သံေျခက်င္းမ်ား…သံႀကိဳးမ်ားနဲ႔
အခန္းတစ္ခုလုံးအားေဝ့ဝိုက္၍ၾကည့္လိုက္သည္။
ၿပီးေလမွ…

“ေမာင္ရန္ႀကီးေမာင္…”

ဟုေခၚေလေတာ့ ေက်ာေပးထားေသာသူ၏ခႏၶာကိုယ္သည္
ဆတ္ခနဲတစ္ခ်က္တြန္႔သြားၿပီး
အေနာက္ဆီသို႔ေခါင္းလွည့္လာ၏။
ဘြားမယ္စိန္ကိုတစ္ခ်က္စိုက္ၾကည့္ၿပီးေနာက္
သူ၏ေဘးကိုျပန္ၾကည့္၍…

“သြား…ငါ့ဆီမလာနဲ႔…မလာၾကပါနဲ႔…
ငါ့ပစၥည္း…ငါ့ပစၥည္းေတြမယူၾကပါနဲ႔…….”

ဟု…စူးစူးဝါးဝါးထေအာ္ေလေတာ့သည္။

ဘြားမယ္စိန္က သန္းၾကည္အား…

“ဘြားတို႔ေအာက္ထပ္ကိုျပန္ဆင္းၾကတာေပါ့”

ဟုေျပာၿပီးအခန္းထဲမွထြက္သြားေလေတာ့သန္းၾကည္နဲ႔
ျမၾကည္လည္းအေနာက္မွလိုက္လာခဲ့ရသည္။
ေအာက္ထပ္ဆီသို႔ေရာက္ေတာ့ အိမ္ေဖာ္မ်ားကိုတစ္ခ်က္ၾကည့္ၿပီး…

“အခုဘြားေျပာမယ့္အေၾကာင္းအရာကို
ညည္းတို႔ကိုပဲၾကားေစခ်င္တယ္…”

ဟု…သန္းၾကည္ကိုေျပာေလေတာ့
ဘြားမယ္စိန္စကားရဲ႕ဆိုလိုရင္းကိုသိေသာသန္းၾကည္သည္…

“ေကာင္မေလးေတြ…
ညည္းတို႔အားလုံးၿခံထဲက
အလုပ္သမားတန္းလ်ားကိုျပန္လို႔ရၿပီ”

ဟု…ေျပာေလေတာ့အိမ္ေဖာ္မေလးမ်ားလည္း
ၿခံထဲသို႔ျပန္သြားၾကေတာ့သည္။
အိမ္ေဖာ္မေလးမ်ားမရွိေတာ့ေလမွ…

“ညည္းတို႔ရဲ႕ဒီအိမ္မွာညည္းတို႔အားလုံးကို
မေက်မနပ္နဲ႔ေစာင့္ၾကည့္ေနတဲ့ မကြၽတ္မလြတ္တဲ့
နာနာဘာဝေတြရွိေနတယ္…”

“ရွင္…”

“ဟင္…”

သန္းၾကည္နဲ႔ျမၾကည္တို႔အံၾသသင့္ယုံမက
ေၾကာက္လန္႔သြားၾကသည္။
ေမာင္တိုးနဲ႔ေမာင္အုန္းကေတာ့
တစ္​ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ေနၾက၏။

“ဟုတ္တယ္…ဟိုကေလးမ လာ…ဒီကို”

ဘြားမယ္စိန္သည္ သန္းၾကည္တို႔၏တျခားတစ္ဖက္ေနရာသို႔
ၾကည့္၍ေျပာလိုက္သည္။

“ညည္း…ဒီအိမ္နဲ႔ဘာအၿငိဳးေတြရွိေနတာလဲ”

ထပ္မံကာေမးျပန္သည္။

“အင္း…ဟုတ္ၿပီ…ေျပာ…ဘြားကိုေျပာ…
အင္း….ေၾသာ္…ဒီလိုကို…”

ဘြားမယ္စိန္ကို သန္းၾကည္တို႔အားလုံးစိတ္ဝင္တစားၾကည့္ေနၾကသည္။
သူတို႔အၾကည့္ကိုဘြားမယ္စိန္က ဂ႐ုမစိုက္။
ၿပီးေလမွသန္းၾကည္ကိုၾကည့္၍…

“ညည္းတို႔ေအ…လုပ္မွလုပ္ရက္ၾကတယ္…”

ဟု…စိတ္မေကာင္းဟန္ျဖင့္ေျပာလိုက္ေသာအခါ
သန္းၾကည္မွ…

“ဘြား…ဘာေတြေျပာေနတာလဲ…
ေနာက္ၿပီးဘယ္သူနဲ႔စကားေျပာေနတာလဲ”

“ဒီအိမ္…ဒီအိမ္ကညည္းတို႔အိမ္မဟုတ္ဘူး…
ညည္းတို႔အစ္ကိုကသာ ဒီအိမ္ကို
မတရားသိမ္းထားလို႔က်ိန္စာေတြမိေနတာ…”

“ရွင္…”

“ေသခ်ာလို႔လား ဘြားရယ္…”

သန္းၾကည္အံ့ၾသသြားခ်ိန္ ျမၾကည္မွ ထေမးေလသည္။

“ဒီကေလးမနာမည္က မေက်းႏု…သူ႔မိဘမ်ားနဲ႔သူက
ဒီအိမ္ရဲ႕အေပၚထပ္မွာပဲ ႀကိဳးဆြဲခ်ေသထားၾကတာ…
အဲ့တာေတာ့ညည္းတို႔သိၾကတယ္မဟုတ္လား…”

သန္းၾကည္နဲ႔ျမၾကည္မ်က္လုံးျပဴးသြားၾကသည္။
သူတို႔စကားမဆိုႏိုင္ခင္…

“ညည္းအစ္ကိုက မေတာ္ေလာဘနဲ႔
သူတို႔အိမ္ကိုသိမ္းလိုက္တာေလ…
သူတို႔ေတြ ညည္းအစ္ကိုကိုအတင္းေတာင္းပန္ၾကတယ္…
မရဘူး…သူ႔တပည့္ေတြနဲ႔ႏွိပ္စက္ခိုင္းတယ္….
ဒါ့အျပင္ပတ္ဝန္းက်င္မွာအရွက္ရေအာင္
နာမည္ဖ်က္ၾကတယ္…ကေလးမအေဖေပးစရာရွိတဲ့
အေႂကြးနဲ႔မတန္ေအာင္ကို ညည္းအစ္ကိုလုပ္ခဲ့တာ…
အခုသူျဖစ္ေနတာကလည္း ေသသူေတြရဲ႕က်ိန္စာစူးေနတာေအ့…
ဒီေတာ့က်ိန္စာစူးရင္ဘာနဲ႔
ကုကုမေပ်ာက္ႏိုင္ဘူးဆိုတာ
ညည္းတို႔သိထားၾကေပေတာ့ေအ…”

“ကြၽန္မတို႔…ကြၽန္မတို႔တကယ္မသိတာပါဘြားရယ္…
ကြၽန္မတို႔တကယ္မသိတာပါေတာ္…”

သန္းၾကည္နဲ႔မၾကည္တို႔လည္းစိတ္မေကာင္းစြာငိုေနၾကသည္။

“ကြၽန္မတို႔ဘာဆက္လုပ္ရမလဲေျပာပါဘြားရယ္…
ကိုကိုႀကီးအမွားေတြကိုဘယ္လိုျပင္ေပးလို႔ရဦးမလဲရွင္”

သန္းၾကည္၏အေမးေၾကာင့္ဘြားမယ္စိန္သည္…

“အခုခ်္ိန္လုပ္ေပးႏိုင္တာဆိုလို႔…သူတို႔ပစၥည္းေတြသူတို႔ျပန္ေပးဖို႔ပါပဲေအ…ဒါေပမယ့္ညည္းတို႔အစ္ကိုကေတာ့
သူကံပါသေလာက္ခံစားရဦးမွာပဲ…
က်ိန္စာဆိုတာကုမရဘူးေလ”

“သူတို႔ပစၥည္းျပန္ေပးတာကေတာ့ အေၾကာင္းမဟုတ္ပါဘူး…
ဒါေပမယ့္သူတို႔ကေသသြားၾကၿပီဆိုေတာ့
က်ဳပ္တို႔ဘယ္လိုလုပ္ေပးရင္အဆင္ေျပမွာလဲဲဆိုတာ
ေျပာျပေပးပါဦး ဘြားရယ္…”

“သူတို႔ပိုင္ဆိုင္ခဲ့တဲ့ဒီအိမ္နဲ႔ဒီၿခံကို
ညည္းတို႔ဘက္ကေနၿပီးေတာ့
ထိုက္သင့္တဲ့​တန္ေၾကးနဲ႔ ျပန္ဝယ္ပါတယ္လို႔
သူတို႔ကိုတိုင္တည္ေျပာရမယ္…။
ၿပီးရင္ဒီအိမ္နဲ႔ဒီၿခံရဲ႕တန္ေၾကးရတဲ့ေငြနဲ႔ပဲ
သူတို႔အတြက္ကုသိုလ္ျပဳ၊ အလႉအတန္းေလးလုပ္ေပးရမယ္…
ဒါမွလည္းသူတို႔မိသားစုေလး
ေကာင္းရာမြန္ရာကိုေရာက္ၾကမွာ …”

“စိတ္ခ်ပါဘြား….က်ဳပ္တို႔ေမာင္ႏွမေတြေသခ်ာဆုံးျဖတ္ၿပီး
ဘြားေျပာသလိုေလး လုပ္ေပးလိုက္ပါ့မယ္”

သန္းၾကည္၏စကားကိုဘြားမယ္စိန္ေခါင္းညိတ္လိုက္သည္။
ရန္ႀကီးေမာင္၏အ႐ူးေရာဂါမွာ…သမား႐ိုးက်မဟုတ္ဘဲ
သူ႔ေၾကာင့္ဘဝပ်က္၍ကိုယ့္ကိုကိုယ္သတ္ေသသြားၾကရေသာ
မိသားစု၏က်ိန္စာမိေနျခင္းပင္။
ထိုေၾကာင့္လည္းဘြားမယ္စိန္က ကုသေပးလို႔မရဟုေျပာၿပီး
ေနာက္တစ္ေန႔၌ ေသာင္ထြန္း႐ြာသို႔ျပန္လာခဲ့ၾကေတာ့သည္။

ၿပီးပါၿပီ။

ယဥ္မင္း(ကန္႔ဘလူ)