” အိမ်တိုင်မှာကပ်ပါလာတဲ့သရဲ ” (ဖြစ်ရပ်မှန်)(စ/ဆုံး)

Unicode Version

” အိမ်တိုင်မှာကပ်ပါလာတဲ့သရဲ ” (ဖြစ်ရပ်မှန်)(စ/ဆုံး)
————————————————-

တစ်ခုသော
ရာသီကာလအချိန်မှာ ကိုလူမော်နှင့်
မနှင်းမာတို့ အိမ်ခွဲဆောက်ရန် လုံးပမ်းနေကြပါသည်။ သို့သော် … အကြောင်းအမျိုးမျိုးကြောင့်

သစ်က ဝယ်၍မရ ဖြစ်နေပါသည်။
ကိုလူမော်မှာ အပေါင်းအသင်းကလည်း စုံလှသည်။ သူ့သူငယ်ချင်းများမှာ ရွာပေါင်းစုံ နယ်ပေါင်းစုံမှ ဖြစ်သည်။
ကိုလူမော်၏ သူငယ်ချင်းတစ်ယောက်က ရွာတစ်ရွာ မှာ အိမ်အိုကြီးတစ်လုံးရှိကြောင်း၊

ထိုအိမ်ကြီးမှာ လူမနေတော့ကြောင်း၊ အိမ်ရှင်တွေက မြို့မှာနေကြ၍ ငွေလိုသည်နှင့် ထိုအိမ်ကြီးကို ရောင်းချင်ကြောင်း ပြောသည်။
မိန်းမဖြစ်သူကို ပြောတော့ ချက်ချင်းပင် သဘောတူသဖြင့် သူငယ်ချင်းကိုခေါ်ကာ အိမ်ကိုဝယ်ယူလိုက် သည်။

အိမ်တိုင်များက ပျဉ်းကတိုးသားဖြစ်၍ အလွန်
ခိုင်ခံ့လှသည်။ အိမ်ဆောက်ပြီးတော့ သုံးယောက် အလွန်ပျော်ခဲ့ကြလေသည်။

သို့သော် သူတို့မိသားစု၏ … အပျော်လေးမှာ . ကြာရှည်မခံ။ နေ့လယ်နေ့ခင်းမှာတော့ ဘာမှမဖြစ်။ ညအချိန်မှာ တော့ အိပ်ရာဝင်ပြီး

အိပ်မောကျနေသည့် အချိန်မှာ

ခြေထောက်ကို ဆွဲမခံရသည်။
ကိုလူမော်တစ်ယောက်တည်း မဟုတ်၊ မနှင်းမာ လည်း ခြေထောက် ဆွဲခံရသည်။

ကံကောင်းသည်မှာ ကလေးတော့ ဘာမှမဖြစ်ပေ။
နောက်တစ်ည ဆွဲမခံရတော့ ကိုလူဟေင် နိုးသွား သည်။ မျက်လုံးဖွင့်ကြည့်တော့..အသက်နှစ်ဆယ်
အရွယ်ရှိမည်ဟု ထင်ရသည့် အမျိုးသမီးတစ်ယောက်။ ခုတင်၏ ခြေရင်းဘက် အိမ်တိုင်ကို

လက်ထောက် လျက် ရပ်ကြည့်နေသည်။
မနှင်းမာကို ကြောက်မည်စိုး၍ ဘာမှ မပြောဘဲ ဘုရားစာကိုသာ တွင်တွင်ရွတ်၍ အိပ်လိုက်သည်။

ခြေထောက်ဆွဲရုံမျှမက ညသန်းခေါင်ရောက်လျှင် လှေကားပေါ် တက်လိုက်, ဆင်းလိုက် အသံများကို လည်း ကြားရသည်။
တစ်ညမှာ ကိုလူမော်၏ (၄)နှစ်အရွယ် သမီးလေး က အပေါ့သွားချင်သည်ဟု ပြောသဖြင့်

မနှင်းမာ လိုက်ပို့ပေးသည်။ ကိစ္စပြီး၍ သားအမိနှစ်ယောက် အိမ်ထဲပြန်ဝင်လာတော့…
“ဟိုမှာ အေ.. ဟိုးတိုင်မှာ မိန်းမကြီးတစ်ယောက် မီးကို ရယ်ပြနေတယ်။

အဲဒါ ဘယ်သူလဲ မေ ဟု… ပီကလာပီကလာပြောတော့ မနှင်းမာမှာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။

“ဘယ်မှာလဲ…ဘာမှမရှိပါဘူး”
ဟု ကလေးကို မငေါက်စဖူးငေါက်ကာ ကလေးကို စွတ်ခနဲ ပွေ့ချပြီး အိမ်ပေါ်သို့ အပြေးတက်ခဲ့သည်။

ကိုလူမော်ကို အကျိုးအကြောင်း .. ပြောပြတော့ ကိုလူမော်လည်း အရမ်းစိုးရိမ်သွားသည်။ သူတို့ချည်းကပဲ..အကြောင်းမဟုတ်၊

ကလေးက ရှိသေးတာမို့ မနှင်းမာ မိဘအိမ်မှာ အကျိုးအကြောင်း ပြောပြီး မိသားစုလိုက် ပြောင်းခဲ့ကြရသည်။

နောက်နှစ်ရက်လောက်နေတော့… ကိုလူမော်၏
သူငယ်ချင်းတစ်ယောက် ရောက်လာသည်။ အကြောင်း စုံကို ရှင်းပြလိုက်တော့

စိတ်မြန်လက်မြန် ရှိလှသည့် ကိုလူမော်သူငယ်ချင်းက ထိုရွာသွားရအောင်ဟု ဆို၍ သူငယ်ချင်းနှစ်ယောက် ထိုရွာကို သွားခဲ့ကြသည်။

ထိုရွာကိုရောက်ပြီး ကိုလူမော်၏သူငယ်ချင်း၏ အသိအိမ်ကို ဝင်သည်။

ထိုအိမ်က ပြောပြသည်မှာ အစက မိသားစုငါးယောက်ရှိကြောင်း၊

ထိုအိမ်အိုကြီး၏ အငယ် ဆုံးမိန်းကလေးက ကင်ဆာရောဂါ ဖြစ်သဖြင့်

စိတ် ထိခိုက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ကြောင်း၊ ကျန်သည့် မိသားစုများလည်း

ရွာမှာမနေကြတော့ဘဲ မြို့ကို အပြီးပြောင်းသွားကြကြောင်း ပြောပြသည်။

ကိုလူမော်တို့လည်း ရွာသို့ ပြန်လာကြပြီး မကြာမီ ရက်အတွင်းမှာပဲ အိမ်ကိုဖျက်ကာ

ဇရပ်အဖြစ် လှူဒါန်း ဘုန်းကြီးငါးပါးပင့်ကာ ဆွမ်းသွတ်ပြီး အမျိုးသမီးလေးအား အမျှပေးဝေလိုက်သည်။

သာဓု ခေါ်သံအဆုံးမှာ အိမ်တစ်ဝန်းလုံး အမွှေးရနံ့များ မွေးပျံ့ ကြိုင်လှိုင်လာသည်ကို

ကိုလူမော် သတိပြုမိသည်။ ထိုအချိန်မှစ၍ အခြောက်အလှန့် မရှိတော့။
ထို့နောက် ကိုလူမော်လည်း အိမ်တိုင် ဝါးကပ်အသစ် များ ဝယ်ယူကာ

မကြာမီရက်အတွင်းမှာပဲ အိမ်အသစ် ပြန်ဆောက်ခဲ့ပါသည်။
နောင်ဘဝသံသရာ အဆက်ဆက်တိုင်း ထို မိန်းကလေး သံသရာဝဋ်ကြွေးမှ

လွတ်ကင်းပါစေဟု ကိုလူမော် ဆုတောင်းပေးနေမိပါတော့သည်။

Zawgyi Version

” အိမ္တိုင္မွာကပ္ပါလာတဲ့သရဲ ” (ျဖစ္ရပ္မွန္)(စ/ဆုံး)
————————————————-

တစ္ခုေသာ
ရာသီကာလအခ်ိန္မွာ ကိုလူေမာ္ႏွင့္
မႏွင္းမာတို႔ အိမ္ခြဲေဆာက္ရန္ လုံးပမ္းေနၾကပါသည္။ သို႔ေသာ္ … အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္

သစ္က ဝယ္၍မရ ျဖစ္ေနပါသည္။
ကိုလူေမာ္မွာ အေပါင္းအသင္းကလည္း စုံလွသည္။ သူ႔သူငယ္ခ်င္းမ်ားမွာ ႐ြာေပါင္းစုံ နယ္ေပါင္းစုံမွ ျဖစ္သည္။
ကိုလူေမာ္၏ သူငယ္ခ်င္းတစ္ေယာက္က ႐ြာတစ္႐ြာ မွာ အိမ္အိုႀကီးတစ္လုံးရွိေၾကာင္း၊

ထိုအိမ္ႀကီးမွာ လူမေနေတာ့ေၾကာင္း၊ အိမ္ရွင္ေတြက ၿမိဳ႕မွာေနၾက၍ ေငြလိုသည္ႏွင့္ ထိုအိမ္ႀကီးကို ေရာင္းခ်င္ေၾကာင္း ေျပာသည္။
မိန္းမျဖစ္သူကို ေျပာေတာ့ ခ်က္ခ်င္းပင္ သေဘာတူသျဖင့္ သူငယ္ခ်င္းကိုေခၚကာ အိမ္ကိုဝယ္ယူလိုက္ သည္။

အိမ္တိုင္မ်ားက ပ်ဥ္းကတိုးသားျဖစ္၍ အလြန္
ခိုင္ခံ့လွသည္။ အိမ္ေဆာက္ၿပီးေတာ့ သုံးေယာက္ အလြန္ေပ်ာ္ခဲ့ၾကေလသည္။

သို႔ေသာ္ သူတို႔မိသားစု၏ … အေပ်ာ္ေလးမွာ . ၾကာရွည္မခံ။ ေန႔လယ္ေန႔ခင္းမွာေတာ့ ဘာမွမျဖစ္။ ညအခ်ိန္မွာ ေတာ့ အိပ္ရာဝင္ၿပီး

အိပ္ေမာက်ေနသည့္ အခ်ိန္မွာ

ေျခေထာက္ကို ဆြဲမခံရသည္။
ကိုလူေမာ္တစ္ေယာက္တည္း မဟုတ္၊ မႏွင္းမာ လည္း ေျခေထာက္ ဆြဲခံရသည္။

ကံေကာင္းသည္မွာ ကေလးေတာ့ ဘာမွမျဖစ္ေပ။
ေနာက္တစ္ည ဆြဲမခံရေတာ့ ကိုလူေဟင္ ႏိုးသြား သည္။ မ်က္လုံးဖြင့္ၾကည့္ေတာ့..အသက္ႏွစ္ဆယ္
အ႐ြယ္ရွိမည္ဟု ထင္ရသည့္ အမ်ိဳးသမီးတစ္ေယာက္။ ခုတင္၏ ေျခရင္းဘက္ အိမ္တိုင္ကို

လက္ေထာက္ လ်က္ ရပ္ၾကည့္ေနသည္။
မႏွင္းမာကို ေၾကာက္မည္စိုး၍ ဘာမွ မေျပာဘဲ ဘုရားစာကိုသာ တြင္တြင္႐ြတ္၍ အိပ္လိုက္သည္။

ေျခေထာက္ဆြဲ႐ုံမွ်မက ညသန္းေခါင္ေရာက္လွ်င္ ေလွကားေပၚ တက္လိုက္, ဆင္းလိုက္ အသံမ်ားကို လည္း ၾကားရသည္။
တစ္ညမွာ ကိုလူေမာ္၏ (၄)ႏွစ္အ႐ြယ္ သမီးေလး က အေပါ့သြားခ်င္သည္ဟု ေျပာသျဖင့္

မႏွင္းမာ လိုက္ပို႔ေပးသည္။ ကိစၥၿပီး၍ သားအမိႏွစ္ေယာက္ အိမ္ထဲျပန္ဝင္လာေတာ့…
“ဟိုမွာ ေအ.. ဟိုးတိုင္မွာ မိန္းမႀကီးတစ္ေယာက္ မီးကို ရယ္ျပေနတယ္။

အဲဒါ ဘယ္သူလဲ ေမ ဟု… ပီကလာပီကလာေျပာေတာ့ မႏွင္းမာမွာ ၾကက္သီးတျဖန္းျဖန္း ထသြားသည္။

“ဘယ္မွာလဲ…ဘာမွမရွိပါဘူး”
ဟု ကေလးကို မေငါက္စဖူးေငါက္ကာ ကေလးကို စြတ္ခနဲ ေပြ႕ခ်ၿပီး အိမ္ေပၚသို႔ အေျပးတက္ခဲ့သည္။

ကိုလူေမာ္ကို အက်ိဳးအေၾကာင္း .. ေျပာျပေတာ့ ကိုလူေမာ္လည္း အရမ္းစိုးရိမ္သြားသည္။ သူတို႔ခ်ည္းကပဲ..အေၾကာင္းမဟုတ္၊

ကေလးက ရွိေသးတာမို႔ မႏွင္းမာ မိဘအိမ္မွာ အက်ိဳးအေၾကာင္း ေျပာၿပီး မိသားစုလိုက္ ေျပာင္းခဲ့ၾကရသည္။

ေနာက္ႏွစ္ရက္ေလာက္ေနေတာ့… ကိုလူေမာ္၏
သူငယ္ခ်င္းတစ္ေယာက္ ေရာက္လာသည္။ အေၾကာင္း စုံကို ရွင္းျပလိုက္ေတာ့

စိတ္ျမန္လက္ျမန္ ရွိလွသည့္ ကိုလူေမာ္သူငယ္ခ်င္းက ထို႐ြာသြားရေအာင္ဟု ဆို၍ သူငယ္ခ်င္းႏွစ္ေယာက္ ထို႐ြာကို သြားခဲ့ၾကသည္။

ထို႐ြာကိုေရာက္ၿပီး ကိုလူေမာ္၏သူငယ္ခ်င္း၏ အသိအိမ္ကို ဝင္သည္။

ထိုအိမ္က ေျပာျပသည္မွာ အစက မိသားစုငါးေယာက္ရွိေၾကာင္း၊

ထိုအိမ္အိုႀကီး၏ အငယ္ ဆုံးမိန္းကေလးက ကင္ဆာေရာဂါ ျဖစ္သျဖင့္

စိတ္ ထိခိုက္ကာ ကိုယ့္ကိုယ္ကို အဆုံးစီရင္လိုက္ေၾကာင္း၊ က်န္သည့္ မိသားစုမ်ားလည္း

႐ြာမွာမေနၾကေတာ့ဘဲ ၿမိဳ႕ကို အၿပီးေျပာင္းသြားၾကေၾကာင္း ေျပာျပသည္။

ကိုလူေမာ္တို႔လည္း ႐ြာသို႔ ျပန္လာၾကၿပီး မၾကာမီ ရက္အတြင္းမွာပဲ အိမ္ကိုဖ်က္ကာ

ဇရပ္အျဖစ္ လႉဒါန္း ဘုန္းႀကီးငါးပါးပင့္ကာ ဆြမ္းသြတ္ၿပီး အမ်ိဳးသမီးေလးအား အမွ်ေပးေဝလိုက္သည္။

သာဓု ေခၚသံအဆုံးမွာ အိမ္တစ္ဝန္းလုံး အေမႊးရနံ႔မ်ား ေမြးပ်ံ႕ ႀကိဳင္လႈိင္လာသည္ကို

ကိုလူေမာ္ သတိျပဳမိသည္။ ထိုအခ်ိန္မွစ၍ အေျခာက္အလွန႔္ မရွိေတာ့။
ထို႔ေနာက္ ကိုလူေမာ္လည္း အိမ္တိုင္ ဝါးကပ္အသစ္ မ်ား ဝယ္ယူကာ

မၾကာမီရက္အတြင္းမွာပဲ အိမ္အသစ္ ျပန္ေဆာက္ခဲ့ပါသည္။
ေနာင္ဘဝသံသရာ အဆက္ဆက္တိုင္း ထို မိန္းကေလး သံသရာဝဋ္ေႂကြးမွ

လြတ္ကင္းပါေစဟု ကိုလူေမာ္ ဆုေတာင္းေပးေနမိပါေတာ့သည္။