ကျိန်စာ{စ/ဆုံး}

ကျိန်စာ{စ/ဆုံး}

“” အား… စပ်တယ် အမေ့ မြန်မြန်သာ သေပါတော့ဗျာ””

ဝေဒနာကြောင့် ခံစားနေရသောလူတစ်ဦး၏ အော်ဟစ်
ငြီးငြူ သံသည် မိသားစုဝင်များကိုပါ မျက်ရည်ဝဲမတက်
ဝမ်းနည်းကြေကွဲစေသည်၊၊ ပင်မစံအိမ်ကြီး၏ တစ်ဦး
တည်းသော မျိူ းဆက်အမွေဆက်ခံသူ ခွန်သာလေးမှာ၊
တစ်ကိုယ်လုံးအရည်ရွဲစို ပြည်ဖုများကြောင့်၊ အိပ်ဆေး
တန်ခိုးနှင့်အိပ်ချိန်မှလွဲ၍၊ ဝေဒနာကိုအသက် ၂၀ ပြည့်
နောက်ပိုင်းတွင် ခံစားနေရပါတော့သည်‌၊၊

“” ရင်ထဲမကောင်းလိုက်တာ သားရယ်””

“” ဒါအမတို့ ပင်မစံအိမ်ကြီးရဲ့ ကျိန်စာ
ဆိုးကြီးကြောင့် ဖြစ်နေရတာ… တစ်ချိန်က မေမေရဲ့
အတ္တကြီးမူကြောင့် ခုတူလေးအထိခံစားနေရပြီ””

“”အမကျိန်စာက လက်ထပ်မှသက်ရောက်မှာ
မဟုတ်ဘူးလား။ ခုသားကရည်းစားတောင်မရှိတာ””

“” ယောင်းမကို သေချာပြန်ရှင်းပြပါမယ်””

ကျိန်စာဆိုးကြောင့် ချစ်ရသောခင်ပွန်းမှာလည်း စိတ်
ထောင်းကိုယ်ကြေ ဆုံးပါးသွားခဲ့ရပြီးပြီ၊၊ ယောက်ခမ
မှာလည်း သေခါနီးနောင်တရသွားပုံပင်၊၊ ခုကျိန်စာက
သားထံသို့ လက်ဆင့်ကမ်းခဲ့ပါတော့လား၊၊ ယောင်းမ
ဖြစ်သူရဲ့ ပြန်ပြောပြချက်များကို ဒေါ်မြရုံစိတ်ဝင်စားစွာ
နားထောင်နေတော့သည်၊၊

° ° ° ° ° ° ° ° ° ° ° °

“တစ်ချိန်က ပင်မစံအိမ်ကြီးစီသို့ ´´

“” နှင်း ကိုနှင်းစီပန်း ပန်ပေးမယ်နော်””

ဆံထုံးလေးမှာ ချစ်သူကိုအောင်ပန်ပေးသော နှင်းစီ
လေးကြောင့် ပိုမိုလှပနေတော့သည်၊၊ နီမြန်းသွားသော
မျက်နှာလေးဖြင့် ပျော်ရွှင်ကြည်နူးနေသော၊ ချစ်ရသူနဖူး
လေးကို ကိုအောင်ဖွဖွလေးနမ်းလိုက်လေ၏၊၊

“” ဟာ… ကိုအောင်ကလည်း ရှက်စရာကြီးကွာ””

“” အော် ရှက်တယ်ပေါ့… လာ ကိုရင်ခွင်ထဲကို””

“” သမီး… ဒီကိုခဏလာအုံး””

အဖေခေါ်သံကြောင့် ကိုအောင်ကိုအမြန်နှုတ်ဆက်၍
နှင်းမာလာ အဖေရှိရာသို့ အပြေးထွက်လာခဲ့သည်၊၊

“” အဟင့်… သမီးနားလည်ပါတယ် အဖေ””

“” အိမ်ကြီးရှင်တွေက စိတ်သဘောမတွေ့ရင် အဖေတို့
ပြေးစရာမရှိဘူး သမီး။ မောင်အောင်လတ်နဲ့ကြိုက်နေ
တာကိုသာ မမကြီးသိရင် အဖေတို့ကိုနှင်ချမှာ””

“” သမီးကို အချိန်ခဏပေးပါ… ဆက်မမိုက်တော့ပါဘူး””

“” စိတ်မကောင်းပါဘူး အဖေဒီစကားတွေပြောရတာ””

ကြေကွဲဝမ်းနည်းသော မျက်လုံးများဖြင့် ဆုံးမစကား
ဆိုနေသော အဖေကြောင့် နှင်းမာလာစိတ်ထိခိုက်
ဝမ်းနည်းရလေသည်၊၊ ဒီအခြေအနေတွေ အစကတည်း
က ကြိုခန့်မှန်းမိသားမို့၊ မြို့မှာကျောင်းတက်ပြီး ပင်မ
စံအိမ်၏ တစ်ဦးတည်းမျိူ းဆက် ကိုအောင်ပြန်လာ
ကတည်းက၊ နှင်းမာလာအား စိတ်ဝင်စားဟန်ပြသော
ကြောင့် ရှောင်ခဲ့ပါသည်၊၊ ရှောင်လေပိုငြိလေဆိုသလို
ကိုအောင်နဲ့နှင်းမာလာ ချစ်သူတွေဖြစ်ခဲ့ကြတော့သည်၊၊
အဖေဆုံးမစကားများက အမှန်မို့ပြသနာကြီးထွားမလာ
ခင်‌ နှင်‌းမာလာဆင်‌ခြင်‌ရပါမည်‌၊၊

° ° ° ° ° ° ° ° ° ° ° °

“” ဟဲ့… မိနှင်းပန်းကန်ဆေးတာ ဆီတွေကျန်နေပါလား””

“” ဟုတ် တောင်းပန်ပါတယ်
ကြီးကြီးကျွန်မပြန်ဆေးပါမယ်””

“” ပြန်ဆေးရတာတော့ ညည်းပြောမှလား… အခုတလော
ညည်‌းကိုငါကြည့်နေတာကြာပြီ။ ကြပ်ကြပ်သတိထား””

ခါးထောက်ကာ ထွက်သွားသောကိုအောင်အမေကြောင့်
မာလာဒူးများတုန်ကာကျန်ခဲ့ရသည်၊၊ သူသားနဲ့များ
ချစ်သူတွေဆိုတာသိလျှင် သတ်ပစ်မလားပင်မသိ၊၊
သိပ်မကြာခင်မှာပင် နှင်းမာလာရဲ့ခဏတာအမှားကြောင့်
ကိုအောင်အမေသိသွား‌လေသည်၊၊ အဖေကအဲ့နေ့က
ကြီးကြီးခိုင်းစေမူကြောင့် မြို့ကိုတက်သွားခဲ့သည်၊၊

“” နှင်း””

“” ကိုအောင် ဘယ်လိုလုပ်ဝင်လာတာလဲ””

ရုတ်တရက်ဝင်လာသော ကိုအောင်ကြောင့် စိုးရိမ်ထိတ်လန့်သွားရသည်၊၊ အတင်းဖက်နေသော
ကိုအောင်ကြောင့် နှင်းမာလာမရုန်းနိုင်၊၊အရက်နံ့က်
လည်‌းအခန်းထဲမှာ ပျံ့နှံ့နေ၏၊၊ နှင်းမာလာရှောင်‌နေသ
သဖြင်‌့ ကိုအောင်စိတ်တိုကာ အရက်များသောက်လာ၍
အခန်းထဲဝင်လာကာ အတင်းဖက်တော့သည်၊၊
အရက်ကြောင့် အထိန်းအကွပ် မရှိသည့် စိတ်ရိုင်းအောက်မှာ ပန်းကလေးတပွင့်
မလွန်‌ဆန်‌နိုင်‌စွာ ခူး‌ခြွေခံခဲ့ရ‌လေပြီ၊၊

° ° ° ° ° ° ° ° ° ° ° °

“” ဖြန်း””

“” ကျွန်မ တောင်းပန်ပါတယ် ကြီးကြီး””

“” တိတ်စမ်း… အနူလက်နဲ့ရွှေခွက်နှိုက်တဲ့ကောင်မ””

“” ကျွန်တော်အမှားပါ… သမီးကိုမဆုံးမမိတာကြောင့်
ဒီအိမ်ကြီးကနေထွက်သွားပေးပါမယ်””

“” နောက်ကျသွားပြီ။ နင်သမီးကရာရာစစပင်မစံအိမ်ရဲ့
မျိူ းဆက်ကိုများ ဗိုက်ထဲထည့်ထားဝံ့တယ်… ဟား ဟား
ကိုယ်ဝန်ဖျက်ချပြီးမှ နင်တို့ထွက်သွားကြ””

“” အို ကျွန်မကလေးကို မထိရဘူးအသက်နဲ့လဲပစ်မှာ””

“” အသံကောင်းဟစ်မနေနဲ့… ဟဲ့ စံပေါတို့ဒီကောင်မကို
အခန်းထဲထည့်ပြီးသော့ခတ်ပိတ်ထားလိုက်””

“” မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့””

နှင်းမာလာအော်ဟစ်၍ လူကြီးနှစ်ယောက်ဆွဲခေါ်ရာသို့
တရွတ်တိုက်ပါသွားရသည်၊၊ ဖခင်ကြီးမှာလက်သီးဆုပ်
ဒူးထောက်လျက် ဘာမှမကူပေးနိုင်၊၊ နှင်းမာလာအားကိုး
ရာကိုအောင်မှာတော့ မျက်နှာလွဲကာ အပေါ်ထပ်တက်
သွားလေသည်၊၊ အမေဖြစ်သူကို နည်းနည်းမှဝင်မတား
သောချစ်ရသူကြောင့် စိတ်ထိခိုက်ခံစားငိုကြွေးလေသည်။

“” မေမေမှာလည်း သမီးရှိသားနဲ့လုပ်ရက်လိုက်တာ””

“” မိန်းမခြင်းတူပေမယ့် အဆင်အတန်းလိုက် အခြေ
အနေကွဲပြားတယ်သမီး… ခုကိစ္စကိုမသိသလိုနေပါ””

“” မောင်လေး နင်လည်‌းမှားတယ်‌””

“” ဟာ မလတ်ကလည်း မိန်းမကအစားထိုးရတယ်
မောင်လေးကြောင့် မေမေတစ်ခုခုဖြစ်မှ””

ခရီးရောက်မဆိုက် ကြုံတွေ့ရသော အခြေအနေကြောင့်
ခင်လတ် မေမေနဲ့မောင်လေးကို အရမ်းစိတ်ပျက်နေ၏၊၊
သမီးချင်းကိုယ်ချင်းမစာ မောင်လေးနဲ့ရသောအိမ်အကူ
ကောင်မလေးရဲ့ကိုယ်ဝန်ကိုဖျက်ချလိုက်သည်၊၊ ခင်လတ်
သွားချောင်းကြည့်သောအခါ အခန်းထဲမှငိုကြွေးနေပုံပင်၊၊

° ° ° ° ° ° ° ° ° ° ° °

“” ကြီးကြီး ခြံစောင့်ကြီးအဆိပ်သောက်ပြီး သေပြီ””

“” ဘာ””

“” နှင်း က အဲ့ နှင်းမာလာကရော””

“” မိနှင်း အလောင်းနားမှာပါ””

သားအမိသုံးယောက် ခြံထဲမှာရှိသောနှင်းမာလာတို့
အိမ်သို့ ခြေလှမ်းသွက်သွက်ဖြင့်လျှောက်လာခဲ့ကြ၏၊၊

“” အောင်မယ်လေး အဖေရဲ့သမီးကိုထားခဲ့ပြီလား””

“” သေတဲ့လူက သေပြီးပြီ။ အသုဘချဖို့ပြင်တော့””

“” ကျူ ပ် အဖေသေရတာ ခင်များကြီးအတ္တကြောင့်””

“” မင်း ငါအမေကိုရိုင်းရိုင်းစိုင်းစိုင်းမပြောနဲ့””

“” ခွေးပါးစပ်က နတ်စကားထွက်နေပါလား
ရိုင်းစိုင်းယုတ်မာတာ ရှင်တို့သားအမိ””

“” ညီမ အမကြားထဲက တောင်းပန်ပါတယ်””

“” မလိုဘူး ကျွန်မကလေးနဲ့အဖေအတွက် ရှင်တို့စီက
ပြန်လိုချင်တာ ဝမ်းနည်းပူဆွေးမူ””

“” ဟားး ဟားး နင်သေတောင်မပြည့်ဘူး… ကောင်မ
လူပါးဝနေတာ အသုဘချပြီးတာနဲ့ထွက်သွား””

“” ထွက်သွားမှာပါ အယုတ်တမာမကြီး ကျွန်မတို့
အပေါ်လုပ်ထားသမျှ ပြန်ခံရပါစေ၊၊ အောင်‌လတ်
ရှင် မိန်းမတစ်ယောက်ကို လက်ထပ်ပြီးတာနဲ့ အနူ
တစ်ယောက်လို ဝေဒနာခံစားရပါစေ၊၊ ရှင်မှာသားသမီး
ရခဲ့လို ယောက်ကျားလေးဆို ၂၀ ပြည့်တာနဲ့ဒီကျိန်စာကို
လက်ဆင့်ကမ်းပါစေ ဟား ဟား ဟား “”

“” ညီမကျိန်စာတွေကို ပြန်ရုပ်သိမ်းပေးပါ””

“” ခင်လတ် အသာနေစမ်း ဒီကောင်မရူးနေပြီ””

“” ကျိန်စာဆိုတာ ပါးစပ်ကထွက်ပြီး ပြင်မရဘူး၊၊
ကျွန်မဘဝကိုဖျက်စီးခဲ့သူမှန်သမျှခံရမယ်… ကျိန်စာအဆုံး
သတ်ချင်ရင် ကျွန်မတို့မျိူ းရိုးနဲ့ရှင်တို့မျိူ းရိုးလက်ထပ်…
ခုမယုံတဲ့လူတွေ ခံကြပေတော့””

နှင်းမာလာတစ်ယောက် ဖခင်ကြီးအလောင်းအား
အငှားကားဖြင့် သယ်၍၊ နာကျည်းခြင်းများစွာဖြင့် ပင်မ
စံအိမ်ကြီးကို ကျောခိုင်းလာခဲ့တော့သည်၊၊

° ° ° ° ° ° ° ° ° ° ° °

ယောင်းမဖြစ်သူရဲ့ စကားအဆုံးမှာ ဒေါ်မြရုံသက်ပြင်း
ချလိုက်သည်၊၊ အတွေးတစ်ခုရသွားသဖြင့် ချက်ချင်း
မျက်နှာမှာအပြုံ းတို့ဖြင့် ဝေဆာလာသည်‌၊၊

“” အမ မနှင်းမာလာ အိမ်ထောင်ကျလို့ကလေးများ
ထက်မွေးခဲ့ရင် သမီးဆိုသားနဲ့လက်ဆက်ပေးရအောင်…
မဖြစ်ဘူး အမြန်စုံစမ်းမှ သားစိတ်ဓာတ်ကျပြီး သူကိုယ့်
သူတစ်ခုခုမလုပ်ခင်… သမီးဖြစ်ပါစေ အရှင်ဘုရား””

“” ညီမ ဆန္ဒပြည့်ပါတယ်… ရှာစရာမလိုဘူး နှင်းမာလာ
အိမ်ထောင်ကြပြီး သမီးတစ်ယောက်မွေးခဲ့တယ်…
သူအမေသေခါနီးပြောသွားတဲ့ ဆန္ဒကြောင့် သားကို
လက်ထပ်ဖို့ အိမ်ကိုရောက်လာတော့မှာ””

“” ကျေးဇူးတင်လိုက်တာ အမရယ်””

မကြာမှီမှာပင် လိမ်မာယဉ်ကျေးသိမ့်မွေ့သော မိန်းမ
ပျိူ လေး ပင်မစံအိမ်ကို ရောက်လာတော့သည်၊၊
အားလုံးရဲ့လမ်းညွန်မူကြောင့် ကျိန်စာတစ်ခုကြောင့်
ဝေဒနာခံစားနေရသော လူတစ်ယောက်အခန်းထဲသို့
ဟေမာခြေသံဖွဖွနင်း၍ ဝင်လာခဲ့၏၊၊ ကြည့်ပါအုံး
အိပ်နေတာတောင် မျက်နှာချောချောလေးကရှုံမဲ့နေသည်၊၊
အနာများကိုဖန်ရည်ဆေး၍ ဟေမာဆေးများဂရုတစိုက်
လိမ်းပေးနေလေသည်၊၊ ထွက်နေသော မန်းရည်များ
လည်းမထွက်တော့ ဟေမာကျေနပ်သွားသည်၊၊

“” မင်း ဘယ်သူလဲ””

“” နိုးလာပြီလား… ကျွန်မက ရှင်နဲ့လက်ထပ်မယ့်သူပါ””

“” အော် အမေနဲ့ဒေါ်လေး ပြောပြတဲ့မိန်းကလေးပေါ့…
ဒါပေမယ့် ကျိန်စာကြောင့်မင်းဘဝကို မသိမ်းပိုက်ချင်ဘူး
မင်းပြန်ပါတော့ ငါကမင်းနဲ့မတန်ဘူး””

“” ရှင်အဖေထက် စိတ်ရင်းကောင်းသားပဲ။ အတိတ်ကို
ထားပါ… ကျွန်မအမေမသေခင်ဆန္ဒဖြည့်ပေးချင်တာ
အပြင် ရှင်ကိုလည်း မြင်တာနဲ့သံယောဇဉ်ရှိတယ်””

“” တတယ်ပြောတာလား… ငါလည်းမင်းကိုမြင်မြင်ချင်း
စိတ်ဝင်စားပါတယ်… ငါတို့လက်ထပ်မယ်လေ၊၊ ပြန်မ
ကောင်းလာရင်တော့ မင်းငါကိုစွန့်ခွာသွားဖို့ကတိပေး””

“” ကတိထားစရာမလိုပါဘူး… ကျွန်မစေတနာကြောင့်
ရှင်ပြန်ကောင်းလာမှာပါ””

တံခါးပေါက်က ချောင်းကြည့်နေသော မိန်းမကြီးနှစ်ဦး
မှာ အပြုံးကိုယ်စီဖြင့် ကျေနပ်နေကြလေသည်၊၊

တစ်ပတ်လောက်အကြာတွင် ခွန်သာနဲ့ဟေမာတို့ရဲ့
လက်ထပ်ပွဲကို အကျဉ်းချူံ းပျော်ရွှင်စွာ ကျင်းပခဲ့သည်၊၊
ရက်မှလ လမှနှစ်တောင် ကူးတော့မည်၊၊ ဟေမာပြုစု
ပေးသောကြောင့် ခွန်သာအနာများမှာ အမာရွတ်ပါးပါး
သာ ကျန်တော့လေသည်၊၊ ဒီနေ့ ပင်မစံအိမ်ကြီးရဲ့
အေးချမ်းပျော်ရွှင်သောနေ့ ဟေမာမှာကိုယ်ဝန်ရှိတဲ့
အပြင် ဘုန်းဘုန်းငါးပါးကို ဆွမ်းကပ်၍ သေဆုံးသွား
သော မိသားစုဝင်များကို အမျှပေးဝေခဲ့လေသည်၊၊
အမျှဝေသံအဆုံးမှာ လိပ်ပြာသုံးကောင်သည် တစ်
ယောက်ချင်းစီရဲ့ ပုခုံးများပေါ်နား၍ နှုတ်ဆက်သွားသည်။
ကိုအောင်လတ်တို့သားအမိ မမာလာတို့မှာ မိသားစုတွေ
ပြုလုပ်ပေးသော ကုသိုလ်ကြောင့် အေးချမ်းစွာ ဘဝ
ကူးနိုင်ပါတော့မည်၊၊ အတ္တတွေကြောင့် ဖြစ်ပေါ်လာခဲ့
သည့် ကျိန်စာကြီးမှာလည်း ပြီးဆုံးသွားပါတော့သည်၊၊

(ပြီးပါပြီ)
စာဖတ်သူများအား လေးစားကျေးဇူးတင်လျက်,
Written by,👻 ဇူးဇူးငယ် (ဇင်ငြိမ်းမွန်)