ကျောက်ဖားညီနောင်

အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်

အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေရှိတတ်ကြတယ်။

အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေထွက်လာခဲ့တယ်။

ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ တုန်တုန်ရီရီဖြစ်နေတာမြင်တော့
“ ဒီမယ် ဒီမယ် ရွာမှာဘာအရေးကိစ္စများဖြစ်နေတာလဲ”

အောင်မြတ်သာစကားကြောင့် အပေါ်ပိုင်းဗလာကျင်းထားတဲ့လူက

“ ခင်ဗျားတို့က ခရီးသွားတွေထင်တယ်”

“ ဟုတ်ပါတယ် ကျုပ်တို့ကခရီးသွားတွေပါ၊ ဘာကိစ္စဖြစ်တာလဲပြောပေးပါဦး။ ကျုပ်တို့ကူညီနိုင်ရင် ကူညီပေးပါ့မယ်”

“ ဘာဖြစ်ရမလဲဗျာ ကျုပ်တို့ရွာက လူငယ်နှစ်ယောက်က အရှေ့တောင်ကြောမှာရှိတဲ့ကျောက်ဖားရုပ်နှစ်ရုပ်ကို နေရာရွေ့ခဲ့မိတယ်လေ”

“ ဆိုစမ်းပါဦး နေရာရွေ့တော့ဘာဖြစ်မှာလဲဗျ”

“ နေရာရွေ့လိုက်တော့ တောင်ပေါ်မှာရှိတဲ့ အစောင့်တွေက ကျုပ်တို့တစ်ရွာလုံးကို ရေမြုပ်အောင်လုပ်ကြတော့မယ်လေ။ ဒီလိုနေရာရွေ့ခဲ့လို့ ကျုပ်တို့ဘေးကရွာဆိုလဲ တစ်ရွာလုံး မြေကြီးအောက် ရောက်ကုန်တာ”

ရွာခံလူရဲ့စကားကြောင့် အောင်မြတ်သာတို့သုံးယောက်လုံး ပါးစပ်အဟောင်းသားဖြစ်ကာ အံ့ဩသွားပြီးမှ ဟန်မပျက်နေလိုက်ကြပြီး
“ ဒီရွာရဲ့ သူကြီးအိမ်ကဘယ်မှာလဲ ပြောပြပါလား”

“ သူကြီးလဲ အခုချိန်ဆိုရှိလောက်မယ်မထင်ဘူးဗျ၊ ရွာမျက်နှာဖုံးလူတွေက လှည်းတွေနွားတွေနဲ့မနေ့ထဲက ပြောင်းပြေးကြကုန်တာ၊ အခုဆို ကျုပ်တို့လို ဆင်းရဲသားနင်းပြားတွေပဲကျန်တော့တာ”

ရွာခံလူက စိတ်ပျက်စွာပြောဆိုပြီး လှည့်ထွက်ဖို့အလုပ်

“ ခင်ဗျားတို့အခုဘယ်ကိုသွားကြမလို့လဲ”

“ ဒီလိုပဲ ခြေဦးတည့်ရာသွားရတော့မှာပေါ့၊ ဖြစ်လာပြီပဲ မတတ်နိုင်တော့ပါဘူးဗျာ”

“ ဟာဗျာ ခင်ဗျားတို့က သွားစရာမရှိနေစရာမရှိနဲ့ ဒုက္ခရောက်တော့မှာပဲ။ ဒီလိုလုပ် အခုရွာမှာကျန်တဲ့သူတွေအားလုံး ဘယ်မှမသွားကြနဲ့။ ခင်ဗျားတို့ရွာဘာမှမဖြစ်အောင် ကျုပ်တို့အစွမ်းကုန်ကူညီပေးမယ်”

အောင်မြတ်သာစကားကြောင့် ရွာခံလူက မယုံတဲ့မျက်လုံးနဲ့ကြည့်ပြီး

“ မဖြစ်နိုင်တာဗျာ ၊ ဘယ်ကမှန်းမသိတဲ့လူရဲ့စကားကို ကျုပ်တို့နားမထောင်နိုင်ပါဘူး”

“ ဟင်း ခင်ဗျားတို့နဲ့တော့ခက်ပြီ၊ လွန်ခဲ့တဲ့နှစ်ရက်က ခင်ဗျားမိန်းမမွေးထားတဲ့ကြက် ခိုးရောင်းပြီး ရတဲ့ပိုက်ဆံကိုဖဲရိုက်လိုက်တယ်မဟုတ်လား”

“ ဟင် ဒီကိစ္စကို ခင်ဗျားတို့ဘယ်လိုသိတာလဲ”

“ နောက်ပြီး ဟိုဘက်ရွာမှာရှိတဲ့ မိန်းမပျက်လှခင်နဲ့ ခင်ဗျားနဲ့…”

“ ဟိုးထားဆရာ ဟိုးထား ဒီလောက်ဆို ကျုပ်ယုံပြီ၊ တကထဲ အနောက်ကနေများ လိုက်ကြည့်ထားသလားမှတ်ရတယ်”

“ ဒီစကားတွေ ခင်ဗျားမိန်းမမသိစေချင်ရင် အခုကျန်တဲ့သူတွေဘယ်မှမသွားဖို့ လိုက်အော်ပြောပေးပါ”

အောင်မြတ်သာစကားကြောင့် ရွာခံလူက ကုပ်ချောင်းချောင်းနဲ့ထွက်သွားပြီး လိုက်အော်ရာ မကြာခင် အောင်မြတ်သာတို့ရှိတဲ့ဘက်ကို ကျန်နေတဲ့သူတွေအားလုံးရောက်လာခဲ့တယ်။

ရွာခံလူတွေထဲမှာ အနည်းငယ်လူရည်လည်ဟန်ရှိတဲ့ လူတစ်ယောက်က
“ ခင်ဗျားတို့ကဘာသိလို့ ကျုပ်တို့ကိုမပြောင်းဖို့ပြောရတာလဲ၊ ခင်ဗျားစကားနားထောင်ပြီး ရွာကလူတွေအားလုံး ဒုက္ခရောက်ကုန်မယ်ဗျ”

“ အဲဒီအတွက် စိတ်မပူပါနဲ့ ကျုပ်တို့ဆရာတပည့်တွေ ဒီရွာကိုအစွမ်းကုန်ကူညီမယ်လို့ ကတိပေးပါတယ်”

“ တောင်စောင့်နတ်တွေထက် ခင်ဗျားတို့ကပိုအစွမ်းထက်တယ်လို့ပြောချင်နေတာလား ထွီ အလကားလူတွေ သက်သက်အချိန်ပုတ်တယ်”

ကန့်လန့်တိုက်ပြီးပြောလိုက်တဲ့ ရွာခံလူရဲ့စကားကြောင့် အောင်မြတ်သာ မချိပြုံးလေးကို မသိမသာပြုံးကာ ပစ္စည်းတွေပုံထားတဲ့ဘက်ကိုထွက်သွားပြီး ဓါးတစ်လက်နဲ့ ကြက်တစ်ကောင်ကို ဆွဲယူလာလိုက်တယ်။

“ဒီမှာ ဓါးတစ်လက်နဲ့ကြက်တစ်ကောင်ရှိတယ်၊ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ဒီကြက်လည်ပင်းကို ပြတ်အောင်လှီးနိုင်ရင် ဟောဒီငွေတွေကိုရမယ်”လို့ပြောပြီး လွယ်အိတ်ထဲကနေ ငွေစက္ကူအထပ်လိုက်ကိုထုတ်ယူကာပစ်ချပေးလိုက်တယ်။

အထပ်လိုက်ပုံကျသွားတဲ့ ငွေတွေကိုမြင်တော့ ရွာသားတွေအားလုံးရဲ့မျက်လုံးတွေဝင်းလက်သွားပြီး

“ ဒီကြက်လောက်ကို ကလေးတောင်လှီးလို့ရတယ်”

“ ဟုတ်ပီလေ ခင်ဗျားတို့ကြက်ရဲ့လည်ပင်းကို ပြတ်အောင်မလှီးနိုင်ရင် ကျုပ်ပြောတဲ့အတိုင်းလိုက်နာရမယ်၊ အကယ်လို့ပြတ်ခဲ့တယ်ဆိုရင် ဒီငွေကိုလဲရမယ်၊ ကျုပ်တို့လဲ ရွာကနေထွက်သွားမယ် …ဒါပေမယ့် သုံးခါပဲလှီးလို့ရမယ်နော် ဘယ်လိုလဲ”

“ ရတယ်လေ စိမ်လိုက်”

အောင်မြတ်သာက ပြောရင်းဆိုရင်း ကြက်ရဲ့လည်ပင်းထဲမှာ အင်းစမတစ်ရွက်ကိုကြိုးနဲ့ချည်ပြီး သတ်မယ့်သူရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။

သတ်မယ့်သူကလဲ ကြက်ရဲ့တောင်ပံနှစ်ခုကို ခြေထောက်နဲ့နင်းပြီး လည်ပင်းကိုဓါးနဲ့လှီးချလိုက်တယ်။

“ ဟင် ဘယ်လိုဖြစ်တာလဲ လည်ဆံမွှေးတစ်ပင်တောင် မပြတ်ပါလား”

ကြက်လည်ပင်းကိုလှီးတဲ့သူက ဓါးသွားကိုလက်ညိုးနဲ့ဖိပြီး ဆွဲကြည့်ရာ
“ ဓါးကလဲထက်နေရဲ့သားနဲ့ ဘာလို့မပြတ်ရတာလဲ”

တစ်ယောက်ထဲရေရွတ်ရင်း ဒုတိယအကြိမ်ဖြတ်ရာမပြတ်၊ တတိယအကြိမ်ဖြတ်တော့လဲ မပြတ်တာမြင်တော့ လူတွေအားလုံးအောင်မြတ်သာကို ယုံကြည်သွားခဲ့ပြီး

“ ဆရာကောင်း သမားကောင်းကို မယုံကြည်ဖြစ်ခဲ့တာ ကျူပ်တို့ကိုခွင့်လွှတ်ပေးပါ၊ အခုကစပြီး ဆရာပြောတဲ့အတိုင်းလိုက်နာပါ့မယ်” လို့ပြောခဲ့ကြတယ်။

ရွာမှာကျန်ခဲ့တဲ့သူတွေရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“ ဒီအချိန်ကစပြီး ကိစ္စမပြီးတဲ့အချိန်ထိရွာသူရွာသားတွေအားလုံး စုစုစည်းစည်းနေရမယ်၊ ရွာအပြင်ကိုထွက်မယ်ဆိုရင် ကျုပ်ကိုပြောပီးမှသွားပါ၊ မပြောပဲသွားလို့ တစ်ခုခုဖြစ်ခဲ့ရင်တော့ ကျုပ်လဲမတတ်နိုင်ဘူး၊ အခုကျုပ်တွေ့ချင်တဲ့သူက ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့ခဲ့တဲ့သူပဲ၊ သူတို့က ဒီလူအုပ်ထဲမှာရှိလား”

“ ရှိ ရှိပါတယ်ဆရာ … ဟို ငနာနှစ်ကောင် နင်တို့ကို ဆရာခေါ်နေတယ်လေ အမြန်သွားကြ”

လူအုပ်ထဲကနေပြောလိုက်တဲ့အသံကြောင့် အသက်၁၆နှစ်အရွယ်လူငယ်နှစ်ဦး အရှေ့ကိုထွက်လာခဲ့တယ်။

“ မင်းတို့က ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့ခဲ့တဲ့သူတွေလား”

အောင်မြတ်သာစကားကိုကြားတော့ လူငယ်နှစ်ယောက်ကက မျက်နှာသေလေးတွေနဲ့
“ ကျွန်တော်တို့က မှိုလိုက်ရှာရင်း အဲဒီတောင်ပေါ်ရောက်သွားတာ၊ မှိုတွေကလဲ အဲကျောက်တုံးဘေးပတ်ပတ်လည်မှာပေါက်နေတာနဲ့ တွန်းဖယ်လိုက်မိတာပါ၊ တမင်တကာရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး”

“ မင်းတို့ရည်ရွယ်ပြီးလုပ်တာ မဟုတ်မှန်းသိပါတယ်၊ ကဲကဲ ဒီနှစ်ယောက်ကိုတော့ ငါတို့နဲ့တူတူထားမှဖြစ်မယ်၊ သက်ခိုင် မင်းက သူတို့နှစ်ယောက်ကို မဆိုင်သူတွေမနှောက်ယှက်ရအောင် လိုအပ်တဲ့အစီအရင်တွေလုပ်ထားပေးလိုက်ကွာ၊ တောက်ရ ကတော့ ငါနဲ့လိုက်ခဲ့”

အောင်မြတ်သာက သက်ခိုင်ကို မှာစရာရှိတာမှာပြီး ရွာအပြင်ကိုထွက်သွားခဲ့တယ်။ ရွာအပြင်ကိုရောက်တော့ တောင်တွေရှိတဲ့ဘက်ကိုစူးစိုက်ကြည့်နေတဲ့အချိန် လက်ယာဘက်နံဘေးကနေ ပုဆိုးကိုမြောက်နေအောင်ကျိုက်ထားပြီး ပေါင်တစ်ခုလုံးထိုးကွင်းမှင်ကြောင်တွေအပြည့်နဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်။

ထိုလူကြီးကို အောင်မြတ်သာမြင်တော့

“ သင်က ဘယ်သူလဲ”

“ ကျုပ်က ဒီကွင်းကိုအပိုင်စားရထားတဲ့ ကွင်းပိုင်ကြီးမိုးမှောင်ပါ၊ ဆရာစိတ်ထဲကနေ ကျုပ်ကိုခေါ်နေလို့ အခုလို ကိုယ်ထင်ပြရခြင်းဖြစ်ပါတယ်”

“ သင်ကိုခေါ်ရတာက ဒီရွာရဲ့အခြေအနေကို မေးကြည့်ချင်လို့ပါ၊ သင်ရော ဘာတွေသိထားသေးလဲ”

“ တောင်ပေါ်မှာနေတဲ့ သိုက်စောင့်တွေက ဒီရွာကို အတော်ဒေါသထွက်နေကြတယ်၊ တစ်ရွာလုံးကိုလဲ ရေနှစ်သတ်မယ်လို့ ကြိမ်းဝါးနေတယ်ဆရာ”

“ သူတို့က ဘာကြောင့် ဒီလောက်ထိ ဒေါသထွက်နေကြရတာလဲ”

“ ဒီလိုပါဆရာ ရွာထဲက ကလေးတွေ နေရာရွေ့လိုက်မိတဲ့ ကျောက်ဖားနှစ်ကောင်က ဒီဒေသ တစ်ကြောမှာရှိတဲ့ သိုက်တွေ ပစ္စည်းတွေရွေ့ပြောင်းတဲ့အခါသုံးတဲ့ ခလုပ်တစ်ခုလို့သိရပါတယ်။ အခု ကျောက်ဖားတွေက နေရာရွေ့သွားတော့ အထဲမှာရှိတဲ့လမ်းကြောင်းတွေရော ရေစီးကြောင်းတွေပါပြောင်းသွားပြီး အချို့သိုက်ပိုင်ပစ္စည်းတွေဆိုရင် နတ်နဂါးတွေပိုင်တဲ့ ရေအောက်ကို ရွေ့ပြောင်းကုန်ပါတယ်။ ဒီအတွက်ကြောင့် ရွာကိုဒုက္ခပေးမယ်လို့ကြိမ်းဝါးနေတာပါ”

“ ဒီလောက်အရေးကြီးတဲ့အရာကို သာမန်လူတွေမြင်အောင်ထားမိတဲ့သူတို့အပြစ်ကိုရော ထည့်မပြောကြဘူးလား”

“ အဲ အဲဒါတော့ ကျုပ်လဲမသိဘူးဆရာ”

“ ဒီလောက်သိရတာပဲ သင့်ကိုကျေးဇူးတင်နေပါပြီ၊ သင်လဲ သွားလိုရာသွားနိုင်ပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ကွင်းပိုင်ကြီးက လက်အုပ်ချီကာ မြေကြီးထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

“ ဆရာ ဒီပုံအတိုင်းဆိုရင် ပြောင်းလဲနေတဲ့ လမ်းကြောင်းတွေတည့်အောင်လုပ်ပေးရမှာပေါ့”

“ ဒါကတော့ ငါတို့လဲလုပ််ပေးလို့မရနိုင်ဘူး၊ ကိုယ့်တာဝန်ကို မကျေပြွန်ပဲပေါ့ဆတဲ့ကိစ္စကို မသိနားမလည်တဲ့ရွာခံလူထုအပေါ်ပုံချတာတော့ လက်သင့်မခံနိုင်ဘူး”

“ ဒါဆိုရင် ကျွန်တော်တို့က ဒီရွာကနေပြီး သိုက်စောင့်တွေကို ရင်ဆိုင်ရမယ်လို့ပြောချင်တာလားဆရာ”

“ ဟုတ်တယ် တောက်ရ။ ဒီကောင်တွေက ရွာကိုငြိုးပြီး ဒုက္ခပေးကြတော့မယ်။ ဟော ပြောရင်းဆိုရင်း တောင်ဘက်မှာမိုးတွေညို့လာနေပြီ၊ ရွာထဲကိုအမြန်ပြန်ကြရအောင်”

အောင်မြတ်သာတို့ရွာထဲကိုရောက်တော့ သက်ခိုင်က ကြောက်လန့်နေကြတဲ့ ရွာခံလူထုတွေကို အားပေးစကားပြောရင်း လူငယ်နှစ်ယောက်ရဲ့ကျောပြင်မှာ တန်ပြန်စမအချို့ကိုရေးဆွဲပေးနေတာမြင်လိုက်ရတယ်။

“ အားလုံးမကြောက်ကြနဲ့ ဒီရွာဘာမှမဖြစ်အောင် ကျုပ်တို့ကာကွယ်ပေးပါ့မယ်”

အောင်မြတ်သာရဲ့ ဩဇာအပြည့်ပါတဲ့အသံကြောင့် ရွာသားတွေအားလုံး ကြောက်စိတ်တွေပပျောက်ကာ ငြိမ်သက်သွားခဲ့တယ်။

“ ဒီမိုးကိုတားဖို့အတွက် ရှစ်ကွက်အင်းဖိုခနောက်ဆိုင်အလယ်မှာ အင်းဖယောင်းတိုင်သုံးတိုင်ထွန်းရမယ်၊ ငါမိုးတားနေတဲ့အချိန် ရွာထဲမှာဘာသံပဲကြားကြား ထွက်မကြည့်ကြဖို့ မင်းကပဲတာဝန်ယူပေးကွာ”

“ စိတ်ချပါဆရာ ကျွန်တော်နည်း ကျွန်တော်ဟန်နဲ့ ဘယ်သူမှအပြင်မထွက်အောင်လုပ်လိုက်ပါမယ်”

အောင်မြတ်သာလဲ လူအုပ်အလယ်မှာထိုင်ပြီး ရှစ်ကွက်အင်းသုံးကွက်ကိုဖိုခနောက်ဆိုင်ဆွဲကာ ဖယောင်းတိုင်သုံးတိုင်ထောင်ပြီး မီးထွန်းလိုက်တဲ့အချိန် တောကြောတွေဘက်ကနေ ကျယ်လောင်တဲ့အသံနက်တွေ ထွက်ပေါ်လာခဲ့တယ်။

အင်းဖယောင်းတိုင်တွေကနေထွက်လာတဲ့ အလင်းတန်းတွေက အပေါ်ကိုတက်သွားပြီး တစ်ရွာလုံးကို စက်ဝိုင်းသဏ္ဍာန်ဖုံးအုပ်ကာ အကာအကွယ်ပေးထားတာကို သက်ခိုင်နဲ့ တောက်ရတို့မြင်လိုက်ကြရတယ်။

“ ခင်ဗျားတို့ ဘာမှမကြောက်နဲ့၊ ဘာအသံကြားကြား ထွက်မကြည့်နဲ့၊ ဒီလိုမျိုးလောက်ကတော့ ကျုပ်တို့ဆရာက ကျွမ်းကျွမ်းကျင်ကျင်ထိန်းလို့တတ်ပါတယ်”

တောက်ရက ရွာသားတွေမကြောက်အောင် အားပေးစကားပြောနေတဲ့အချိန် ကောင်းကင်တစ်ခုလုံး မိုးတွေအုံ့မှိုင်းလာပြီး နေ့ခင်းကြောင်တောင်ကနေ အလင်းရောင်မရှိတဲ့ညအချိန်လိုဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အောင်မြတ်သာထွန်းထားတဲ့ အင်းဖယောင်းတိုင်က ထွက်တဲ့အလင်းရောင်က ရွာသားတွေနေတဲ့ ဓမ္မာရုံကိုအလင်းဓါတ်အပြည့်အဝပေးထားနိုင်ခဲ့တယ်။

“ ဝုန်း ဝရော ဝရော “

မိုးစက်ပေါက်တွေမကျပေမယ့် အရှိန်အဟုန်နဲ့တိုက်ခတ်လာတဲ့လေပြင်းတွေကြောင့် သစ်ပင်ကြီးငယ်အချို့ ပြိုလဲကျတဲ့အသံကိုအထဲကနေ ကြားနေခဲ့ရတယ်”

ရွာသားတွေလဲ ကိုယ့်မိသားစုကိုတင်းနေအောင်ဖက်ထားရင်း ကြောက်စိတ်တွေကိုအာခံနေတဲ့အချိန် တံခါးပေါက်နားမှာနေတဲ့ မိန်းမတစ်ယောက်က ရုတ်တရက်ထငိုပြီး အပြင်ကိုထွက်ပြေးဖို့အလုပ် အခြေအနေကိုအကဲခတ်နေတဲ့ တောက်ရက လျင်မြန်စွာပြေးဖမ်းပြီး နဖူးကိုလက်ဝါးနဲ့ရိုက်ချလိုက်တော့မှ သတိပြန်ဝင်လာခဲ့တယ်။

“ မိငယ် ဟဲ့ မိငယ် နင်က ဘာထလုပ်တာလဲ”

လူအုပ်ထဲကနေလှမ်းပြောလိုက်တဲ့အသံကြောင့် မိငယ်ဆိုသူက

“ ဟို ဟို အပြင်မှာလေတွေတအားတိုက်နေပြီး သစ်ပင်တွေကျိုးကျနေတဲ့အသံကြားလို့ တံခါးပေါက်ကနေချောင်းကြည့်လိုက်တာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့မိန်းမ တစ်ယောက်က လက်ပြပြီးခေါ်တာ၊ အဲဒါကိုမြင်ပြီး ဘာမှမသိတော့ဘူး”

“ သိုက်စောင့်တွေက အမိတို့ကို သွေးဆောင်ဖျားယောင်းဖို့ကြံနေကြတာ၊ သတိလွတ်တာနဲ့ ဒုက္ခရောက်နိုင်တယ်ဆိုတာ မမေ့ကြနဲ့”

အောင်မြတ်သာစကားကိုကြားတော့ တစ်ရွာလုံးကြောက်ရွံံ့မှုတွေပြင်းစွာဖြစ်ပေါ်လာခဲ့တယ်။

“ သက်ခိုင်နဲ့တောက်ရ မင်းတို့နှစ်ယောက်က အင်းဖယောင်းမီးမငြိမ်းအောင် ဂရုစိုက်ပြီး ရွာခံလူတွေကို စောင့်ရှောက်ထားကြပါ”

“ မဟုတ်မှလွဲရော ဆရာ တစ်ယောက်ထဲ တောင်ပေါ်ကိုသွားမို့လား”

“ ဟုတ်တယ်သက်ခိုင် ဒီပြဿနာက ထိုင်ပြီးဖြေရှင်းနေလို့ ပြီးသွားမှာမဟုတ်ဘူး၊ ကျောက်ဖားနှစ်ကောင်ကို ရည်ရွယ်ချက်မရှိပဲ နေရာရွေ့ခဲ့တယ်ဆိုတာကို သက်သေပြဖို့ ငါ သွားရမယ်”

“ ဒီကောင်လေးနှစ်ယောက်ကိုရော ဘာလုပ်ရမလဲဆရာ”

“ သူတို့ကို ငါနဲ့အတူခေါ်သွားမယ်၊ မင်းတို့နှစ်ယောက် သတိထားရမှာက အင်းဖယောင်းတိုင်မငြိမ်းစေဖို့ပဲ”

အောင်မြတ်သာလဲ သက်ခိုင်တို့ကိုမှာကြားပြီး ပြဿနာစတည်ရာ လူငယ်နှစ်ယောက်ရဲ့လက်ကိုဆွဲကာ ရွာပြင်ကိုထွက်သွားခဲ့တယ်။

“ ဆရာ ဆရာ မိုးတွေက ကျွန်တော်တို့ရွာအပေါ်မှာပဲ ညို့နေတာနော်”

“ သူတို့က မင်းတို့ရွာကို ဒုက္ခရောက်အောင်လုပ်မှာဖြစ်တဲ့အတွက် အခုလိုဖြစ်နေတာပဲ၊ ဒါနဲ့ မင်းတို့နာမည်က ဘယ်လိုခေါ်လဲ”

“ ကျွန်တော်နာမည်က ရန်မခလို့ခေါ်ပါတယ်၊ သူ့နာမည်ကတော့ သူရလို့ခေါ်တယ်ဆရာ”

“ အေး မင်းတို့နှစ်ယောက်ကို အထူးမှာချင်တာက တောင်ပေါ်ရောက်တဲ့အခါ ငါ့ရဲ့ခါးမှာချည်ထားတဲ့ ယောဂီတဘက်ရဲ့အစွန်းနှစ်စကို မြဲနေအောင်ကိုင်ထားပါ၊ လက်ကနေလွတ်တာနဲ့ မင်းတို့အတွက်အန္တရာယ်ရှိတယ်၊ နောက်ပြီး အခုသွားမယ့်နေရာက မင်းတို့တစ်သက် တစ်ခါမှမမြင်ဖူးတဲ့အရာတွေကိုမြင်ရမှာလဲဖြစ်တယ်၊ ဘယ်လိုလဲ လိုက်ရဲရဲ့လား”

“ ဆရာရယ် ကျွန်တော်တို့နှစ်ယောက်က အဲလိုမျိုးတွေမကြောက်တတ်လို့ ဘယ်သူမှမသွားရဲတဲ့ တောင်ပေါ်ကိုတက်လာခဲ့တာ၊ သူနဲ့ကျွန်တော်နဲ့က စွန့်စားရတာဝါသနာပါတယ်ဗျ”

“ကောင်းတယ် မင်းတို့ရဲ့အတွင်းစိတ်က ရဲရင့်တယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ကဲ အခု တောင်ပေါ်ကိုဘယ်လမ်းက သွားရတယ်ဆိုတာ လမ်းပြပေတော့”

“ စိတ်ချဆရာ ဒီတောင်ပေါ်ကို သူနဲ့ကျွန်တော် သုံးကြိမ်ထက်မနည်းရောက်ဖူးတယ်၊ အဲ ပြောရဦးမယ်ဆရာ အရင်အခေါက်တွေလာတုန်းက အဲဒီကျောက်ဖားနှစ်ကောင်ကို မတွေ့မိဘူး”

“မင်းတို့လာတဲ့အချိန်နဲ့ ကျောက်ဖားနှစ်ကောင်ပေါ်တဲ့အချိန်တိုက်ဆိုင်သွားတာလဲဖြစ်နိုင်ပါတယ်”

အောင်မြတ်သာလဲ လူငယ်လေးနှစ်ယောက်နဲ့ စကားတွေပြောရင်းတက်လာခဲ့တာ ကျောက်ဖားနှစ်ကောင်ရှိတယ်ဆိုတဲ့ တောင်ရဲ့နယ်နမိတ်ထဲကိုဝင်လာခဲ့တယ်။

“ ဆရာ ဒီတောင်အစပ်က ကျွန်တော်တို့ပြောတဲ့တောင်ပဲ”

“ စကားတစ်ပြောပြောနဲ့လျောက်လာခဲ့တာ ရောက်မှန်းတောင်မသိလိုက်ဘူး။ကဲ အခုကစပြီး တဘက်ရဲ့အစနှစ်ဖက်ကိုမလွှတ်တမ်းကိုင်ထားပေတော့။ ဘာတွေ့တွေ့ ဘာမြင်မြင် လက်ကိုမလွှတ်မိစေနဲ့ဦး”

အောင်မြတ်သာစကားကိုလူငယ်နှစ်ဦးက ခေါင်းငြိမ့်ပြကာ တဘက်ရဲ့အစွန်းနှစ်စကိုဆုပ်ကိုင်ထားလိုက်တယ်။

“ မင်းတို့တွေ့ခဲ့တဲ့ ကျောက်ဖားနှစ်ကောင်က ဘယ်နားမှာလဲ”

“ ဆက်သွားရဦးမယ်ဆရာ။ အရှေ့တစ်ကွေ့ ကျောက်တောင်ကမူဘေးရောက်မှ တွေ့မှာဗျ”

အောင်မြတ်သာတို့လဲ ကျဉ်းမြောင်းတဲ့လူသွားလမ်းအတိုင်းလျောက်လာခဲ့တာ ကျောက်တောင်ပေါ်မှာ ထူးဆန်းစွာတည်ရှိနေတဲ့ မြေသားလမ်းတစ်ခုကိုတွေ့လိုက်ရတယ်။

“ ဒီမြေတွေပေါ်မှာ လက်တစ်ဝါးလောက်ရှိတဲ့ မှိုတွေပေါက်တာလေဆရာ။ အခုတောင် မှိုလက်ကျန်တွေရှိနေသေးတယ် တွေ့လားဆရာ”

ရန်မခရဲ့စကားကြောင့် အောင်မြတ်သာကြည့်လိုက်ရာ မြေနီလမ်းဘေးတစ်လျောက်မှာ ထိုးထွက်နေတဲ့ မှိုပွင့်ငယ်လေးတွေကိုမြင်လိုက်ရတယ်။

“ ဆရာ ဆရာ ကျောက်ဖားနှစ်ကောင် မရှိတော့ဘူးဗျ”

သူရ ရဲ့အလန့်တကြားအော်ပြောတဲ့အသံကြောင့် အောင်မြတ်သာက

“ မင်းတို့တွေ့ခဲ့တဲ့နေရာဆိုတာ သေချာရဲ့လား”

“ သေချာတာပေါ့ဆရာရယ် ဒီကျောက်ချပ်ကြီးဘေးမှာ ဖားပြုတ်နဲ့တူတဲ့ကျောက်တုံးနှစ်တုံး တစ်ဖက်တစ်ချပ်စီရှိနေတာ အဲဒီဘေးမှာလဲ မှိုတွေဖွေးသီနေတာပဲ၊ ရန်မခက အဲကျောက်ဖားကို တွန်းပြီး မှိုနှုတ်ခဲ့တာ”

သူရရဲ့စကားကြောင့် ရန်မခက ရယ်ကျဲကျဲလုပ်ပြီး
“ ကျွန်တော်လဲ အခုလိုဖြစ်မယ်မှန်းမသိလို့ တွန်းလိုက်တာ ကျောက်ဖားရုပ်လဲကျပြီး ခြေတစ်ဖက်ကျိုးသွားသေးတယ်။ အခုတော့ အစအနတောင်မရှိတော့ပါလား”

“ မင်းတို့နှစ်ယောက်တွေ့ခဲ့တဲ့ ကျောက်ဖားနှစ်ကောင်ကို သိုက်စောင့်တွေဖွက်ထားလိုက်ပြီထင်တယ်”

အောင်မြတ်သာက စကားပြောနေရင်း ပြောင်လက်ချောမွတ်နေတဲ့ ကျောက်နံရံပေါ်ကို အင်းချပ်တစ်ချပ်ကပ်ပြီး လက်ဝါးနဲ့ရိုက်ထည့်လိုက်ရာ ဘေးတစ်ဖက်တစ်ချပ်မှာရှိတဲ့ မြေသားတွေပွထလာပြီး အထဲကနေ ကျောက်ဖားနှစ်ကောင်တိုးထွက်လာခဲ့တယ်။

“ ဟာ … ဘယ်လိုဖြစ်လို့ ဒီနှစ်ကောင်က မြေကြီးအောက်ရောက်သွားခဲ့တာလဲ”

သူရက အံ့ဩစွာရေရွတ်လိုက်တဲ့အချိန် ကျောက်ဖားနှစ်ကောင်က အသက်ဝင်လာသလို လှုပ်ရှားလာခဲ့တယ်။

“ ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့တွေ့တုန်းကလဲ အဲလိုလှုပ်လာလို့ ထွက်ပြေးခဲ့ရတာ။ အခုလဲ ထပ်လှုပ်လာတယ်ဆရာ”

လှုပ်ရှားနေတဲ့ကျောက်ဖားနှစ်ကောင်ကိုမြင်တော့ အောင်မြတ်သာက အနောက်ကိုအနည်းငယ်ဆုတ်လိုက်ပြီး လက်ညိုးနဲ့စည်းတစ်ခုကိုတားကာ

“ သိုက်စောင့်ပုဂ္ဂိုလ်များအနေနဲ့ ကျုပ်တို့ကိုရန်သူလို့မသတ်မှတ်ဖို့ဦးစွာမေတ္တာရပ်ခံချင်ပါတယ်။ ကျုပ်အခုလာတာက ဒီကလေးနှစ်ယောက် မသိပဲလုပ်ခဲ့တဲ့အမှုကို ကျေအေးပေးဖို့ လာရောက်တောင်းပန်ခြင်းဖြစ်ပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ချောမွတ်နေတဲ့ ကျောက်ချပ်ကြီးက “ ဂျိမ်း” ဆိုတဲ့အသံနဲ့အတူ ထက်ခြမ်းပွင့်ထွက်သွားပြီး အထဲကနေ ကျောက်စိမ်းတောင်ဝှေးကိုင်ထားတဲ့ ဖိုးသူတော်တစ်ပါးထွက်လာခဲ့တယ်။

“ သင်ခေါ်လာတဲ့သူနှစ်ယောက်ကြောင့် ကျုပ်တို့စောင့်ကြပ်နေတဲ့ပစ္စည်းတွေ ဆုံးရှုံးကုန်တဲ့ကိစ္စ ဘယ်လိုပြန်လုပ်ပေးမလဲ”

မျက်နှာထားတင်းတင်းနဲ့မေးလိုက်တဲ့ ဖိုးသူတော်ရဲ့စကားကို အောင်မြတ်သာက အပြုံးမပျက်ပဲ
“ သင်တို့ကပစ္စည်းတွေက ဘယ်လိုဆုံးရှုံးသွားခဲ့တာလဲ”

“ ကျုပ်တို့သိုက်မှာရှိတဲ့ပစ္စည်းတွေ အခြားနေရာရွေ့ပြောင်းနေတဲ့အချိန် ဒီလက်ဆော့တဲ့ ကောင်တွေကြောင့် ပစ္စည်းရွေ့တဲ့လမ်းကြောင်းပြောင်းပြီး အခြားသိုက်တွေထဲရောက်သွားခဲ့လို့ ကျောက်သံပတ္တမြားအပြည့်ပါတဲ့ သေတ္တာ ၇၈လုံးဆုံးရှုံးခဲ့ရတယ်”

“ သူတို့ကလဲ တမင်တကာရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်တဲ့အပြင် လုပ်ခဲ့မိတာတွေကို တောင်းပန်ဖို့လာခဲ့ပြီပဲ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုရှေးရှုပြီး သည်းခံခွင့်လွှတ်ပေးလိုက်ပါဗျာ”

“ ဒီအတိုင်းတော့ ခွင့်မလွှတ်နိုင်ဘူး၊ သူတို့နှစ်ယောက်အနေနဲ့ ဒီသိုက်ကိုစောင့်မယ်ဆိုရင်တော့ ခွင့်လွှတ်ပေးမယ်”

“ ဒါတော့မဖြစ်နိုင်ဘူး … ရည်ရွယ်ချက်မရှိပဲလုပ်ခဲ့တဲ့ ကလေးတွေရဲ့ဝိဉာဉ်ကိုဒီမှာစောင့်ကြပ်ဖို့ ကျုပ်အနေနဲ့ လုံးဝခွင့်မပြုနိုင်ဘူး”

“ဟားဟား ဒါဖြင့်လဲ သင်တို့သုံးယောက်လုံး အတူတူစောင့်ပေတော့ဟေ့”

ဖိုးသူတော်က အသံနက်ကြီးနဲ့ကြိမ်းဝါးရင်း ကျောက်စိမ်းတောင်ဝှေးကို ကျောက်ဖျာပေါ်ဆောင့်ချလိုက်ရာ တောင်ရဲ့အမြင့်ပိုင်းကနေ ရေလှိုင်းလုံးတွေတဝေါဝေါနဲ့ဆင်းလာခဲ့တယ်။

ရေလှိုင်းလုံးတွေက အရှိန်နဲ့ဆင်းလာပြီး အောင်မြတ်သာတို့ကို တောင်ပေါ်ကနေလွင့်စင်ကျအောင်လုပ်ပေမယ့် တားထားတဲ့စည်းကိုထိုးဖောက်မရပဲဖြစ်နေခဲ့တယ်။

ဖိုးသူတော်လဲ အခြေအနေမဟန်မှန်းသိတော့ သိုက်ထဲကိုပြန်ဝင်ပြီးကျောက်တံခါးကိုပိတ်တဲ့ဂါထာကိုအဆက်မပြတ်ရွတ်ပါလေရော။

ဒါပေမယ့် အောင်မြတ်သာက စိတ်ထဲကနေ နှုတ်ကိုပိတ်ထားတဲ့အတွက် ဖိုးသူတော်ရဲ့ပါးစပ်ကနေ ဘာအသံမှထွက်မလာခဲ့ဘူး။

“ ဘယ်လိုလဲ သူတော် သင့်ဂါထာကို အသံထွက်အောင် ရွတ်ပါဦး”

ဖိုးသူတော်လဲ အဲဒီတော့မှ ကြောက်လန့်တကြား ဂူထဲကိုဝင်ပြေးပါလေရော။ အောင်မြတ်သာတို့လဲ ပွင့်နေတဲ့ဂူပေါက်ထဲကို ဝင်ကြည့်လိုက်တဲ့အချိန် ဟင်းလင်းပြင်ဖြစ်နေတဲ့ လှိုဏ်ဂူတစ်ခုကိုမြင်လိုက်ရတယ်။ လှိုဏ်ဂူထဲမှာတော့ နွမ်းခြောက်နေတဲ့ပန်းအချို့တွေအပြင် ဟောင်းနွမ်းနေတဲ့ သလွန်တစ်ခုကိုမြင်လိုက်ရတယ်။

“ ဒီပစ္စည်းတွေကို ဘယ်သူတွေသုံးခဲ့တာလဲ ဆရာ”

ရန်မခရဲ့စကားကြောင့် အောင်မြတ်သာက ပန်းခြောက်တစ်ခုကိုကောက်ယူကြည့်လိုက်ပြီး

“ သူတို့တွေ သိုက်ပြောင်းကုန်ကြပီကိုး…ဒါကြောင့် ဖိုးသူတော်က ငါတို့ကိုအချိန်တွေဆွဲနေခဲ့တာပဲ”

အောင်မြတ်သာက တစ်ယောက်ထဲရေရွတ်ရင်း တစ်ခုခုကို သတိရသွားဟန်နဲ့ အပြင်ကိုထွက်ကြည့်လိုက်ရာ ထုံးကျောက်ရွာဘက်မှာ လျှပ်စီးတဝင်းဝင်းလက်နေတဲ့အပြင် မိုးသားတွေလဲ ပိုပြီးမဲမှောင်နေတာကိုမြင်လိုက်ရတယ်။

“ ငါတို့အတွက်အချိန်သိပ်မရှိတော့ဘူး…သူတို့ပြောင်းတဲ့နေရာကိုအမှီလိုက်မှရမယ်၊ မင်းတို့နှစ်ယောက်လုံး တဘက်အစကိုမလွတ်စေနဲ့” လို့မှာပြီး ဂူထဲကိုဆက်ဝင်လာခဲ့ရာ ပန်းကနုတ်တွေနဲ့အလှဆင်ထားတဲ့ ဂူပေါက်ကိုးခုကိုမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ ချက်ချင်းဆိုသလို လွယ်အိတ်ထဲကနေ နီညိုရောင်သစ်ရွက်တစ်ရွက်ကိုထုတ်ပြီး လေပေါ်ပစ်တင်လိုက်တဲ့အချိန် သစ်ရွက်က အလယ်မှာရှိတဲ့ဂူပေါက်ထဲကို လှစ်ခနဲဝင်ရောက်သွားခဲ့တယ်။(သစ်ရွက်အမည်က သူယောင်ရှာဂမုန်းဖြစ်တယ်ဆိုတာ နောက်မှသိခဲ့ရပါတယ်)

“ ဒီဂူပေါက်က သူတို့သွားခဲ့တဲ့နေရာပဲ..”လို့ရေရွတ်ရင်း အထဲကိုလျောဆင်းလိုက်ရာ ပြောင်ချောနေတဲ့အထိအတွေ့နဲ့အတူ အောက်ကိုထိုးကျသွားခဲ့တယ်။

ရန်မခနဲ့သူရတို့လဲ ရင်ထဲဟာခနဲဖြစ်သွားတဲ့ခံစားချက်ကို မထိန်းထားနိုင်ပဲ အသံကုန်အော်ဟစ်ရင်း ဂူပေါက်ထဲလျောဝင်သွားခဲ့ကြတယ်။ သိပ်မကြာခင်အချိန်မှာပဲ လျောကျလာတဲ့အရှိန်ကလျော့လာပြီး မီးအလင်းရောင်အချို့ကို မြင်တွေ့လိုက်ရတယ်။

အလင်းရောင်နဲ့နီးကပ်လာလေလေ အရှိန်ကလျော့လေလေဖြစ်လာခဲ့တာ နောက်ဆုံးမှာလုံးဝရပ်တန့်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အရှိန်ကုန်သွားတဲ့ဂူပေါက်ထဲကနေ အပြင်ကိုထွက်လိုက်ရာ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။

“ ဟိုးအနောက်မှာရပ်နေတာ ဖိုးသူတော်မဟုတ်လား ဆရာ”

သူရက အောင်မြတ်သာ အနားကိုကပ်ပြီးပြောလိုက်တဲ့အချိန်

“ ဟိုသကောင့်သားနှစ်ယောက် နင်တို့က ငါတို့ပိုင်ပစ္စည်းတွေကိုဆုံးရှုံးအောင်လုပ်ခဲ့တဲ့အပြင် အခုလဲ သိုက်ဆရာက်ိုပါခေါ်လာခဲ့တာပေါ့လေ”

ဆံပင်ကိုဖားလျားချထားပြီး ရွှေအိုရောင်ထိုင်မသိမ်းဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက်ရဲ့စကားကြောင့် ဘေးမှာရပ်နေကြတဲ့သူတွေအားလုံး အံတကြိတ်ကြိတ် တောက်တခတ်ခတ်နဲ့ အောင်မြတ်သာတို့ကို စူးစိုက်ကြည့်နေခဲ့တယ်။

“ သင်တို့ ကျုပ်ကိုအထင်မှားနေကြပီ … ကျုပ်ကသိုက်ဆရာတစ်ယောက်မဟုတ်သလို ဒီကလေးနှစ်ယောက်ကလဲ သင်တို့ထိခိုက်အောင် ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး”

အောင်မြတ်သာစကားအဆုံးမှာ အနောက်မှာရပ်နေတဲ့ ဘိုးသူတော်က ဆံပင်ဖားလျားချထားတဲ့မိန်းမအနားကိုကပ်ပြီး တစ်စုံတစ်ခုကိုတီးတိုးပြောဆိုနေတာမြင်လိုက်ရတယ်။

“ တောက် ရာရာစစ ဒင်းတို့ကများ ငါတို့အပြစ်ပေးတဲ့ရွာကို ကာကွယ်ပေးတယ်တဲ့လား… လာကြစမ်း ဒီသုံးယောက်ကို သွေးစိမ်းရှင်ရှင်ကျအောင် အရေခွံဆုတ်ပြီး တံခါးဝမှာစောင့်ခိုင်းလိုက်”

ဆံပင်ဖားလျားချထားတဲ့မိန်းမရဲ့စကားအဆုံးမှာ အမှောင်ထုထဲကနေ ယောဂီလုံချည်အစုတ်ကိုဝတ်ထားပြီး ဇက်ကျိုးနေတဲ့ လူအပါအဝင် ကြောက်မက်ဖွယ်အဆင်းရှိတဲ့ နာနာဘာဝတွေထွက်လာခဲ့တယ်။

“ အောက်လမ်းဆရာဘသိန်းနဲ့အပေါင်းအပါများ ဒီသကောင့်သားတွေကို ဂုတ်ချိုးသတ်ပြီးသင်တို့နေရာတွင်အစောင့်အဖြစ်ထားရှိစေ” လို့အမိန့်ပေးလိုက်တာနဲ့ အောင်မြတ်သာတို့ဆီကို လက်ဆန့်တန်းကာပြေးဝင်လာခဲ့တယ်။

အောင်မြတ်သာကတော့ ပုံပျက်ပန်းပျက်အတ္တေဘောတွေကိုမြင်တွေ့နေကျမို့မကြောက်လန့်ပေမယ့် ရန်မခနဲ့ သူရကတော့ မျက်လုံးကိုစုံမှိတ်ကာ တဘက်ကိုတင်းကြပ်စွာ ကိုင်ထားခဲ့တယ်။

“ သင်တို့အားလုံးရဲ့စိတ်တွေကြမ်းတမ်းရိုင်းစိုင်းကုန်နေပါလား ကျွတ် ကျွတ်”

အောင်မြတ်သာက စိတ်မသက်သာဟန်နဲ့ စုတ်သပ်လိုက်ပြီး ပြေးဝင်လာကြတဲ့ နာနာဘာဝတွေကို ဘယ်လက်နဲ့ လက်ပြန်ရိုက်ထုတ်လိုက်ရာ အနောက်ကိုဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။

“ ကျုပ်ဒီကိုလာတာ ဘယ်သူကိုမှထိခိုက်နာကျင်အောင် လုပ်ဖို့မဟုတ်ဘူး။ ဒါကို သင်တို့က ဘာကြောင့်ရန်လိုချင်နေရတာလဲ”

အောင်မြတ်သာစကားကို ဆံပင်ဖားလျားချထားတဲ့မိန်းမက ဘာမှပြန်မပြောပဲ အံကိုကြိတ်ပြီး
“ နင်လာတာ အဲဒီရွာအတွက်မဟုတ်လား… သူတို့ကိုခွင့်လွှတ်စေချင်ရင် အခုခေါ်လာတဲ့နှစ်ယောက်ကို ငါ့ဆီအပ်ခဲ့”

“ သူတို့ကိုလဲ သင်တို့ဆီမအပ်နိုင်သလို ၊ ရွာကိုလဲ အထိခိုက်မခံနိုင်ဘူး။ ဒါကြောင့် ကျုပ်မေတ္တာထားပြောနေတဲ့အချိန် နောက်ဆုတ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် မိတ္တနဲ့စိတ္တဆိုတဲ့သူကြွယ်ညီနောင်ကို ပြန်အသက်သွင်းရလိမ့်မယ်”

မိတ္တနဲ့ စိတ္တဆိုတဲ့နာမည်ကိုကြားတော့ ရှိနေတဲ့သူတွေအားလုံး မျက်စိမျက်နှာပျက်သွားခဲ့ကြပြီးမှ ဟန်မပျက်ပြန်နေလိုက်ပြီး

“ သူတို့သေသွားတာ နှစ်ပေါင်းရာချီနေပြီ။ ဒါကို သင်ကဘယ်လိုသိနေတာလဲ…”

“ ကျုပ်ဘယ်လိုသိတယ်ဆိုတာထက် သင်တို့ကိုခေါင်းမဖော်ရဲအောင် ထိန်းချုပ်ခဲ့တဲ့ သူကြွယ်ညီနောင်ရဲ့ မျက်လုံးတွေကိုပြန်ခံစားကြည့်လိုက်စမ်း”လို့ပြောပြီး ရန်မခနဲ့ သူရတို့ရဲ့ဇက်ပိုးကို လက်နဲ့ဖိကိုင်လိုက်ရာ နှစ်ယောက်လုံး ဒူးထောက်ခွေကျသွားခဲ့တယ်။

“ ကိုးင်္သချိုင်းသံဓားနှစ်လက်ရဲ့အရှင်သခင်၊ ရွာကြီးလေးဆယ်ကိုအုပ်စိုးခဲ့တဲ့ သူကြွယ်ညီနောင်၊ မျက်လုံးချင်းစိုက်ကြည့်ရုံနဲ့ တစ်ဖက်လူသိမ်ငယ်သွားရတဲ့အထိဖြစ်ခဲ့တဲ့ ညို့မျက်လုံးပိုင်ရှင် နှစ်ယောက် ခေတ္တနိုးထလာစေသား” လို့ပြောပြီး ဇက်ကိုလွှတ်လိုက်ရာ ခေါင်းငိုက်စိုက်ကျနေတဲ့ ရန်မခနဲ့ သူရတို့နှစ်ယောက်လုံးခေါင်းထောင်လာပြီး အရှေ့မှာရပ်နေတဲ့သူတွေကို စူးစိုက်ကြည့်ပါလေရော။

“ မဖြစ်နိုင်ဘူး ဟအင်း ဘယ်လိုမှမဖြစ်နိုင်ဘူး ဒီအကြည့်တွေကိုပိုင်ဆိုင်တဲ့သူတွေက သေသွားတာ နှစ်ရာချီနေပြီမဟုတ်လား”

“ ဟုတ်တယ် သူတို့သေသွားတာ နှစ်ပေါင်းရာချီနေခဲ့ပေမယ့် သူတို့ရဲ့စိတ်ဝိဉာဉ်တွေက မသေဆုံးပဲ လေလွင့်နေခဲ့တယ်။ ဒီကလေးနှစ်ယောက်သာ သာမန်လူတွေဖြစ်ခဲ့ရင် ကွယ်ဝှက်ထားတဲ့ ကျောက်ဖားညီနောင်ကို မြင်တွေ့ရပါ့မလား”

အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားနဲ့မိန်းမက ဒူးထောက်ထိုင်ချလိုက်ပြီး

“ သခင်လေးတို့နှစ်ယောက်အပေါ် အပြစ်တွေအများကြီးလုပ်ခဲ့ပါတယ်။ ဆရာ သူတို့ကို ပြန်သတိရအောင်မလုပ်ပါနဲ့။ သူတို့သတိရရင် ကျွန်တော်မျိုးမတို့ကို သတ်လိမ့်မယ်”

“ အခုသင်တို့ ထုံးကျောက်ရွာပေါ်မှာပြုလုပ်ထားတဲ့ အစီအရင်တွေကိုဖယ်ရှားပေးရင် ကျုပ်အနေနဲ့ မှတ်ဉာဏ်အချို့ကိုဖျောက်ဖျက်ပေးပါ့မယ်”

အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖားလျားနဲ့မိန်းမက
“ ရွာကိုဘာဒုက္ခမှမပေးတော့ဘူးလို့ ကတိပေးပါတယ်”

“ ကောင်းပါပြီ နောက်ဆုံးတစ်ခု အနေနဲ့ ညီနောင်နှစ်ပါးအသုံးပြုခဲ့တဲ့ ကိုးင်္သချိုင်းဓါးနှစ်လက်ဘယ်မှာရှိတယ်ဆိုတာ သင်သိလိမ့်မယ်ထင်ပါတယ်”

“ သခင်လေးတို့သေတော့ သူတို့ကိုဓါးနှစ်လက်နဲ့အတူမြေမြုပ်ပေးခဲ့ပါတယ်။ အုတ်ဂူရဲ့ဘေးမှာတော့ မဉ္ဇူသကပန်းပင်တစ်ပင်စိုက်ထားပါတယ်”

“ သင်တို့ရဲ့ဆုံးရှုံးသွားတဲ့ပစ္စည်းတွေဟာ နောင်ပွင့်မယ့်ဘုရားကိုလှူမယ့်သိုက်ထဲရောက်သွားတာမို့ အလဟသမဖြစ်ခဲ့ဘူးဆိုတာသိထားပါ။ အခုတော့ သူတစ်ပါးဆီက အဓမ္မသိမ်းပိုက်ထားခဲ့တဲ့ပစ္စည်းတွေကို သံသရာအဆက်ဆက် စောင့်ကြပ်ပြီးနေရစ်ခဲ့ပေတော့”

အောင်မြတ်သာစကားကိုဆံပင်ဖားလျားနဲ့မိန်းမက ဘာမှပြန်မပြောနိုင်ပဲ ခေါင်းငိုက်စိုက်ကျကာ နားထောင်နေခဲ့တယ်။ အဲဒီအချိန် ရန်မခနဲ့ သူရတို့နှစ်ယောက်က “ ကျား”ဆိုတဲ့အသံနဲ့အတူ လက်ခမောင်းထခတ်ရင်း သတိလစ်မေ့မျောသွားခဲ့တယ်။

သတိပြန်ရလာတော့ ရွာကိုပြန်ရောက်နေပြီဖြစ်တဲ့အပြင် သူတို့ဘေးမှာဝိုင်းအုံနေတဲ့ ရွာခံလူအချို့ကိုမြင်လိုက်ရတယ်။

“ သတိရလာကြပြီလား နင်တို့နှစ်ယောက် သတိလစ်နေတာ သုံးရက်နဲ့သုံးညရှိပြီ”

“ ဆရာ ဆရာတို့ရော”

“ ဆရာတွေက အခြားကိစ္စရှိလို့ဆိုပြီး ရွာကထွက်သွားကြတယ်။ နင်တို့နိုးရင် ဒီစာလေးပေးလိုက်ပါဆိုပြီးမှာခဲ့တယ်”

ရန်မခနဲ့ သူရလဲ မိဘတွေလက်ထဲကစာကိုလုယူလိုက်တဲ့အချိန်

“ ဘာမှဖတ်မနေနဲ့ စာရွက်အလွတ်ကြီးပေးထားခဲ့တာ”

မိဘတွေဖတ်တဲ့အချိန် စာရွက်အလွတ်ဆိုပေမယ့် ရန်မခနဲ့ သူရတို့ဖတ်တဲ့အချိန်မှာတော့ စာရွက်ထဲမှာ စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ချို့ရေးထားတာကိုမြင်လိုက်ရတယ်။

ဒီကိစ္စတွေဖြစ်ပြီး နှစ်ရက်မြောက်နေ့မှာတော့ ရန်မခနဲ့ သူရတို့နှစ်ယောက်လုံး ရွာကနေ ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ကြတယ်။

++++++++++

လူကြီးငါးဖက်စာလောက်ရှိတဲ့ မဉ္ဇူသကပန်းပင်ကြီးအောက်မှာတော့ ယောဂီဝတ်စုံဝတ်ထားတဲ့လူသုံးယောက် ငြိမ်သက်စွာတရားထိုင်နေခဲ့ကြတယ်။

ပန်းပင်ကြီးဘေးမှာတော့ ရေညှိတွေအထပ်ထပ်တက်နေတဲ့ အုတ်ဂူနှစ်လုံး။

အုတ်ဂူနှစ်လုံးရဲ့ကမ္မည်းတိုင်မှာ အတွန့်အတက်တွေပါတဲ့ ရှေးဟောင်းမြန်မာစာအရေးအသားနဲ့ရေးထားတဲ့ နာမည်နှစ်ခု။
+++++++++++
ကဲ…
စာဖတ်ပရိတ်သတ်များအနေနဲ့ နောက်အပတ်မှာတော့ အောင်မြတ်သာနှင့်မိတ္တစိတ္တဆိုတဲ့ဝတ္တုကိုစောင့်မျှော်အားပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္သိုက္ေစာင့္ေက်ာက္ဖားညီေနာင္

ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ခရီးဆက္လာရင္း ထုံးေက်ာက္ေတာင္ေတြ ထူထပ္စြာတည္ရွိေနတဲ့ ထုံးေက်ာက္႐ြာဘက္ကို ေရာက္လာခဲ့တယ္။ ေတာင္ေတြက ႐ြာပတ္ပတ္လည္မွာေနရာယူထားတဲ့အတြက္ ထုံးေက်ာက္႐ြာက ဒယ္အိုးပုံစံလိုျဖစ္ေနၿပီး မိုးတြင္းကာလေတြဆိုရင္ ေရႀကီးမႈဒဏ္ကိုအၿမဲတမ္းလိုလိုခံခဲ့ၾကရတယ္။ ဒါေၾကာင့္ ႐ြာမွာရွိတဲ့အိမ္တိုင္းအိမ္တိုင္းမွာ လက္ေလွာ္ေလွေလးေတြရွိတတ္ၾကတယ္။

ေအာင္ျမတ္သာတို႔႐ြာကိုေရာက္တဲ့ေန႔မွာပဲ တစ္႐ြာလုံးလႈပ္လႈပ္ရွားရွားျဖစ္ေနၿပီး ပစၥည္းေတြကိုသယ္ယူေနၾကတာျမင္လိုက္ရတယ္။ လူေတြရဲ႕မ်က္ႏွာမွာ ေၾကာက္႐ြံ႕ထိတ္လန္႔မႈေတြေပၚလြင္ေနတဲ့အတြက္ ေအာင္ျမတ္သာက ဘာအေရးကိစၥမ်ားျဖစ္လဲဆိုၿပီး ေမးဖို႔အလုပ္ ႐ြာအေရွ႕ဘက္ ေတာင္ေၾကာကေန မိုးၿခိမ္းသံလိုအသံေတြထြက္လာခဲ့တယ္။

႐ြာခံလူေတြကလဲ အသံၾကားတာနဲ႔ ေၾကာက္လန္႔ကာ တုန္တုန္ရီရီျဖစ္ေနတာျမင္ေတာ့
“ ဒီမယ္ ဒီမယ္ ႐ြာမွာဘာအေရးကိစၥမ်ားျဖစ္ေနတာလဲ”

ေအာင္ျမတ္သာစကားေၾကာင့္ အေပၚပိုင္းဗလာက်င္းထားတဲ့လူက

“ ခင္ဗ်ားတို႔က ခရီးသြားေတြထင္တယ္”

“ ဟုတ္ပါတယ္ က်ဳပ္တို႔ကခရီးသြားေတြပါ၊ ဘာကိစၥျဖစ္တာလဲေျပာေပးပါဦး။ က်ဳပ္တို႔ကူညီႏိုင္ရင္ ကူညီေပးပါ့မယ္”

“ ဘာျဖစ္ရမလဲဗ်ာ က်ဳပ္တို႔႐ြာက လူငယ္ႏွစ္ေယာက္က အေရွ႕ေတာင္ေၾကာမွာရွိတဲ့ေက်ာက္ဖား႐ုပ္ႏွစ္႐ုပ္ကို ေနရာေ႐ြ႕ခဲ့မိတယ္ေလ”

“ ဆိုစမ္းပါဦး ေနရာေ႐ြ႕ေတာ့ဘာျဖစ္မွာလဲဗ်”

“ ေနရာေ႐ြ႕လိုက္ေတာ့ ေတာင္ေပၚမွာရွိတဲ့ အေစာင့္ေတြက က်ဳပ္တို႔တစ္႐ြာလုံးကို ေရျမဳပ္ေအာင္လုပ္ၾကေတာ့မယ္ေလ။ ဒီလိုေနရာေ႐ြ႕ခဲ့လို႔ က်ဳပ္တို႔ေဘးက႐ြာဆိုလဲ တစ္႐ြာလုံး ေျမႀကီးေအာက္ ေရာက္ကုန္တာ”

႐ြာခံလူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာတို႔သုံးေယာက္လုံး ပါးစပ္အေဟာင္းသားျဖစ္ကာ အံ့ဩသြားၿပီးမွ ဟန္မပ်က္ေနလိုက္ၾကၿပီး
“ ဒီ႐ြာရဲ႕ သူႀကီးအိမ္ကဘယ္မွာလဲ ေျပာျပပါလား”

“ သူႀကီးလဲ အခုခ်ိန္ဆိုရွိေလာက္မယ္မထင္ဘူးဗ်၊ ႐ြာမ်က္ႏွာဖုံးလူေတြက လွည္းေတြႏြားေတြနဲ႔မေန႔ထဲက ေျပာင္းေျပးၾကကုန္တာ၊ အခုဆို က်ဳပ္တို႔လို ဆင္းရဲသားနင္းျပားေတြပဲက်န္ေတာ့တာ”

႐ြာခံလူက စိတ္ပ်က္စြာေျပာဆိုၿပီး လွည့္ထြက္ဖို႔အလုပ္

“ ခင္ဗ်ားတို႔အခုဘယ္ကိုသြားၾကမလို႔လဲ”

“ ဒီလိုပဲ ေျခဦးတည့္ရာသြားရေတာ့မွာေပါ့၊ ျဖစ္လာၿပီပဲ မတတ္ႏိုင္ေတာ့ပါဘူးဗ်ာ”

“ ဟာဗ်ာ ခင္ဗ်ားတို႔က သြားစရာမရွိေနစရာမရွိနဲ႔ ဒုကၡေရာက္ေတာ့မွာပဲ။ ဒီလိုလုပ္ အခု႐ြာမွာက်န္တဲ့သူေတြအားလုံး ဘယ္မွမသြားၾကနဲ႔။ ခင္ဗ်ားတို႔႐ြာဘာမွမျဖစ္ေအာင္ က်ဳပ္တို႔အစြမ္းကုန္ကူညီေပးမယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ႐ြာခံလူက မယုံတဲ့မ်က္လုံးနဲ႔ၾကည့္ၿပီး

“ မျဖစ္ႏိုင္တာဗ်ာ ၊ ဘယ္ကမွန္းမသိတဲ့လူရဲ႕စကားကို က်ဳပ္တို႔နားမေထာင္ႏိုင္ပါဘူး”

“ ဟင္း ခင္ဗ်ားတို႔နဲ႔ေတာ့ခက္ၿပီ၊ လြန္ခဲ့တဲ့ႏွစ္ရက္က ခင္ဗ်ားမိန္းမေမြးထားတဲ့ၾကက္ ခိုးေရာင္းၿပီး ရတဲ့ပိုက္ဆံကိုဖဲ႐ိုက္လိုက္တယ္မဟုတ္လား”

“ ဟင္ ဒီကိစၥကို ခင္ဗ်ားတို႔ဘယ္လိုသိတာလဲ”

“ ေနာက္ၿပီး ဟိုဘက္႐ြာမွာရွိတဲ့ မိန္းမပ်က္လွခင္နဲ႔ ခင္ဗ်ားနဲ႔…”

“ ဟိုးထားဆရာ ဟိုးထား ဒီေလာက္ဆို က်ဳပ္ယုံၿပီ၊ တကထဲ အေနာက္ကေနမ်ား လိုက္ၾကည့္ထားသလားမွတ္ရတယ္”

“ ဒီစကားေတြ ခင္ဗ်ားမိန္းမမသိေစခ်င္ရင္ အခုက်န္တဲ့သူေတြဘယ္မွမသြားဖို႔ လိုက္ေအာ္ေျပာေပးပါ”

ေအာင္ျမတ္သာစကားေၾကာင့္ ႐ြာခံလူက ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ထြက္သြားၿပီး လိုက္ေအာ္ရာ မၾကာခင္ ေအာင္ျမတ္သာတို႔ရွိတဲ့ဘက္ကို က်န္ေနတဲ့သူေတြအားလုံးေရာက္လာခဲ့တယ္။

႐ြာခံလူေတြထဲမွာ အနည္းငယ္လူရည္လည္ဟန္ရွိတဲ့ လူတစ္ေယာက္က
“ ခင္ဗ်ားတို႔ကဘာသိလို႔ က်ဳပ္တို႔ကိုမေျပာင္းဖို႔ေျပာရတာလဲ၊ ခင္ဗ်ားစကားနားေထာင္ၿပီး ႐ြာကလူေတြအားလုံး ဒုကၡေရာက္ကုန္မယ္ဗ်”

“ အဲဒီအတြက္ စိတ္မပူပါနဲ႔ က်ဳပ္တို႔ဆရာတပည့္ေတြ ဒီ႐ြာကိုအစြမ္းကုန္ကူညီမယ္လို႔ ကတိေပးပါတယ္”

“ ေတာင္ေစာင့္နတ္ေတြထက္ ခင္ဗ်ားတို႔ကပိုအစြမ္းထက္တယ္လို႔ေျပာခ်င္ေနတာလား ထြီ အလကားလူေတြ သက္သက္အခ်ိန္ပုတ္တယ္”

ကန္႔လန္႔တိုက္ၿပီးေျပာလိုက္တဲ့ ႐ြာခံလူရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာ မခ်ိၿပဳံးေလးကို မသိမသာၿပဳံးကာ ပစၥည္းေတြပုံထားတဲ့ဘက္ကိုထြက္သြားၿပီး ဓါးတစ္လက္နဲ႔ ၾကက္တစ္ေကာင္ကို ဆြဲယူလာလိုက္တယ္။

“ဒီမွာ ဓါးတစ္လက္နဲ႔ၾကက္တစ္ေကာင္ရွိတယ္၊ ခင္ဗ်ားတို႔ထဲက တစ္ေယာက္ေယာက္က ဒီၾကက္လည္ပင္းကို ျပတ္ေအာင္လွီးႏိုင္ရင္ ေဟာဒီေငြေတြကိုရမယ္”လို႔ေျပာၿပီး လြယ္အိတ္ထဲကေန ေငြစကၠဴအထပ္လိုက္ကိုထုတ္ယူကာပစ္ခ်ေပးလိုက္တယ္။

အထပ္လိုက္ပုံက်သြားတဲ့ ေငြေတြကိုျမင္ေတာ့ ႐ြာသားေတြအားလုံးရဲ႕မ်က္လုံးေတြဝင္းလက္သြားၿပီး

“ ဒီၾကက္ေလာက္ကို ကေလးေတာင္လွီးလို႔ရတယ္”

“ ဟုတ္ပီေလ ခင္ဗ်ားတို႔ၾကက္ရဲ႕လည္ပင္းကို ျပတ္ေအာင္မလွီးႏိုင္ရင္ က်ဳပ္ေျပာတဲ့အတိုင္းလိုက္နာရမယ္၊ အကယ္လို႔ျပတ္ခဲ့တယ္ဆိုရင္ ဒီေငြကိုလဲရမယ္၊ က်ဳပ္တို႔လဲ ႐ြာကေနထြက္သြားမယ္ …ဒါေပမယ့္ သုံးခါပဲလွီးလို႔ရမယ္ေနာ္ ဘယ္လိုလဲ”

“ ရတယ္ေလ စိမ္လိုက္”

ေအာင္ျမတ္သာက ေျပာရင္းဆိုရင္း ၾကက္ရဲ႕လည္ပင္းထဲမွာ အင္းစမတစ္႐ြက္ကိုႀကိဳးနဲ႔ခ်ည္ၿပီး သတ္မယ့္သူရဲ႕လက္ထဲကိုထည့္ေပးလိုက္တယ္။

သတ္မယ့္သူကလဲ ၾကက္ရဲ႕ေတာင္ပံႏွစ္ခုကို ေျခေထာက္နဲ႔နင္းၿပီး လည္ပင္းကိုဓါးနဲ႔လွီးခ်လိုက္တယ္။

“ ဟင္ ဘယ္လိုျဖစ္တာလဲ လည္ဆံေမႊးတစ္ပင္ေတာင္ မျပတ္ပါလား”

ၾကက္လည္ပင္းကိုလွီးတဲ့သူက ဓါးသြားကိုလက္ညိဳးနဲ႔ဖိၿပီး ဆြဲၾကည့္ရာ
“ ဓါးကလဲထက္ေနရဲ႕သားနဲ႔ ဘာလို႔မျပတ္ရတာလဲ”

တစ္ေယာက္ထဲေရ႐ြတ္ရင္း ဒုတိယအႀကိမ္ျဖတ္ရာမျပတ္၊ တတိယအႀကိမ္ျဖတ္ေတာ့လဲ မျပတ္တာျမင္ေတာ့ လူေတြအားလုံးေအာင္ျမတ္သာကို ယုံၾကည္သြားခဲ့ၿပီး

“ ဆရာေကာင္း သမားေကာင္းကို မယုံၾကည္ျဖစ္ခဲ့တာ က်ဴပ္တို႔ကိုခြင့္လႊတ္ေပးပါ၊ အခုကစၿပီး ဆရာေျပာတဲ့အတိုင္းလိုက္နာပါ့မယ္” လို႔ေျပာခဲ့ၾကတယ္။

႐ြာမွာက်န္ခဲ့တဲ့သူေတြရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာက
“ ဒီအခ်ိန္ကစၿပီး ကိစၥမၿပီးတဲ့အခ်ိန္ထိ႐ြာသူ႐ြာသားေတြအားလုံး စုစုစည္းစည္းေနရမယ္၊ ႐ြာအျပင္ကိုထြက္မယ္ဆိုရင္ က်ဳပ္ကိုေျပာပီးမွသြားပါ၊ မေျပာပဲသြားလို႔ တစ္ခုခုျဖစ္ခဲ့ရင္ေတာ့ က်ဳပ္လဲမတတ္ႏိုင္ဘူး၊ အခုက်ဳပ္ေတြ႕ခ်င္တဲ့သူက ေက်ာက္ဖားႏွစ္ေကာင္ကို ေနရာေ႐ြ႕ခဲ့တဲ့သူပဲ၊ သူတို႔က ဒီလူအုပ္ထဲမွာရွိလား”

“ ရွိ ရွိပါတယ္ဆရာ … ဟို ငနာႏွစ္ေကာင္ နင္တို႔ကို ဆရာေခၚေနတယ္ေလ အျမန္သြားၾက”

လူအုပ္ထဲကေနေျပာလိုက္တဲ့အသံေၾကာင့္ အသက္၁၆ႏွစ္အ႐ြယ္လူငယ္ႏွစ္ဦး အေရွ႕ကိုထြက္လာခဲ့တယ္။

“ မင္းတို႔က ေက်ာက္ဖားႏွစ္ေကာင္ကို ေနရာေ႐ြ႕ခဲ့တဲ့သူေတြလား”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ လူငယ္ႏွစ္ေယာက္ကက မ်က္ႏွာေသေလးေတြနဲ႔
“ ကြၽန္ေတာ္တို႔က မႈိလိုက္ရွာရင္း အဲဒီေတာင္ေပၚေရာက္သြားတာ၊ မႈိေတြကလဲ အဲေက်ာက္တုံးေဘးပတ္ပတ္လည္မွာေပါက္ေနတာနဲ႔ တြန္းဖယ္လိုက္မိတာပါ၊ တမင္တကာရည္႐ြယ္ၿပီး လုပ္တာမဟုတ္ပါဘူး”

“ မင္းတို႔ရည္႐ြယ္ၿပီးလုပ္တာ မဟုတ္မွန္းသိပါတယ္၊ ကဲကဲ ဒီႏွစ္ေယာက္ကိုေတာ့ ငါတို႔နဲ႔တူတူထားမွျဖစ္မယ္၊ သက္ခိုင္ မင္းက သူတို႔ႏွစ္ေယာက္ကို မဆိုင္သူေတြမေႏွာက္ယွက္ရေအာင္ လိုအပ္တဲ့အစီအရင္ေတြလုပ္ထားေပးလိုက္ကြာ၊ ေတာက္ရ ကေတာ့ ငါနဲ႔လိုက္ခဲ့”

ေအာင္ျမတ္သာက သက္ခိုင္ကို မွာစရာရွိတာမွာၿပီး ႐ြာအျပင္ကိုထြက္သြားခဲ့တယ္။ ႐ြာအျပင္ကိုေရာက္ေတာ့ ေတာင္ေတြရွိတဲ့ဘက္ကိုစူးစိုက္ၾကည့္ေနတဲ့အခ်ိန္ လက္ယာဘက္နံေဘးကေန ပုဆိုးကိုေျမာက္ေနေအာင္က်ိဳက္ထားၿပီး ေပါင္တစ္ခုလုံးထိုးကြင္းမွင္ေၾကာင္ေတြအျပည့္နဲ႔လူတစ္ေယာက္ေပၚလာခဲ့တယ္။

ထိုလူႀကီးကို ေအာင္ျမတ္သာျမင္ေတာ့

“ သင္က ဘယ္သူလဲ”

“ က်ဳပ္က ဒီကြင္းကိုအပိုင္စားရထားတဲ့ ကြင္းပိုင္ႀကီးမိုးေမွာင္ပါ၊ ဆရာစိတ္ထဲကေန က်ဳပ္ကိုေခၚေနလို႔ အခုလို ကိုယ္ထင္ျပရျခင္းျဖစ္ပါတယ္”

“ သင္ကိုေခၚရတာက ဒီ႐ြာရဲ႕အေျခအေနကို ေမးၾကည့္ခ်င္လို႔ပါ၊ သင္ေရာ ဘာေတြသိထားေသးလဲ”

“ ေတာင္ေပၚမွာေနတဲ့ သိုက္ေစာင့္ေတြက ဒီ႐ြာကို အေတာ္ေဒါသထြက္ေနၾကတယ္၊ တစ္႐ြာလုံးကိုလဲ ေရႏွစ္သတ္မယ္လို႔ ႀကိမ္းဝါးေနတယ္ဆရာ”

“ သူတို႔က ဘာေၾကာင့္ ဒီေလာက္ထိ ေဒါသထြက္ေနၾကရတာလဲ”

“ ဒီလိုပါဆရာ ႐ြာထဲက ကေလးေတြ ေနရာေ႐ြ႕လိုက္မိတဲ့ ေက်ာက္ဖားႏွစ္ေကာင္က ဒီေဒသ တစ္ေၾကာမွာရွိတဲ့ သိုက္ေတြ ပစၥည္းေတြေ႐ြ႕ေျပာင္းတဲ့အခါသုံးတဲ့ ခလုပ္တစ္ခုလို႔သိရပါတယ္။ အခု ေက်ာက္ဖားေတြက ေနရာေ႐ြ႕သြားေတာ့ အထဲမွာရွိတဲ့လမ္းေၾကာင္းေတြေရာ ေရစီးေၾကာင္းေတြပါေျပာင္းသြားၿပီး အခ်ိဳ႕သိုက္ပိုင္ပစၥည္းေတြဆိုရင္ နတ္နဂါးေတြပိုင္တဲ့ ေရေအာက္ကို ေ႐ြ႕ေျပာင္းကုန္ပါတယ္။ ဒီအတြက္ေၾကာင့္ ႐ြာကိုဒုကၡေပးမယ္လို႔ႀကိမ္းဝါးေနတာပါ”

“ ဒီေလာက္အေရးႀကီးတဲ့အရာကို သာမန္လူေတြျမင္ေအာင္ထားမိတဲ့သူတို႔အျပစ္ကိုေရာ ထည့္မေျပာၾကဘူးလား”

“ အဲ အဲဒါေတာ့ က်ဳပ္လဲမသိဘူးဆရာ”

“ ဒီေလာက္သိရတာပဲ သင့္ကိုေက်းဇူးတင္ေနပါၿပီ၊ သင္လဲ သြားလိုရာသြားႏိုင္ပါတယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ကြင္းပိုင္ႀကီးက လက္အုပ္ခ်ီကာ ေျမႀကီးထဲကို တိုးဝင္ေပ်ာက္ကြယ္သြားခဲ့တယ္။

“ ဆရာ ဒီပုံအတိုင္းဆိုရင္ ေျပာင္းလဲေနတဲ့ လမ္းေၾကာင္းေတြတည့္ေအာင္လုပ္ေပးရမွာေပါ့”

“ ဒါကေတာ့ ငါတို႔လဲလုပ္္ေပးလို႔မရႏိုင္ဘူး၊ ကိုယ့္တာဝန္ကို မေက်ႁပြန္ပဲေပါ့ဆတဲ့ကိစၥကို မသိနားမလည္တဲ့႐ြာခံလူထုအေပၚပုံခ်တာေတာ့ လက္သင့္မခံႏိုင္ဘူး”

“ ဒါဆိုရင္ ကြၽန္ေတာ္တို႔က ဒီ႐ြာကေနၿပီး သိုက္ေစာင့္ေတြကို ရင္ဆိုင္ရမယ္လို႔ေျပာခ်င္တာလားဆရာ”

“ ဟုတ္တယ္ ေတာက္ရ။ ဒီေကာင္ေတြက ႐ြာကိုၿငိဳးၿပီး ဒုကၡေပးၾကေတာ့မယ္။ ေဟာ ေျပာရင္းဆိုရင္း ေတာင္ဘက္မွာမိုးေတြညိဳ႕လာေနၿပီ၊ ႐ြာထဲကိုအျမန္ျပန္ၾကရေအာင္”

ေအာင္ျမတ္သာတို႔႐ြာထဲကိုေရာက္ေတာ့ သက္ခိုင္က ေၾကာက္လန္႔ေနၾကတဲ့ ႐ြာခံလူထုေတြကို အားေပးစကားေျပာရင္း လူငယ္ႏွစ္ေယာက္ရဲ႕ေက်ာျပင္မွာ တန္ျပန္စမအခ်ိဳ႕ကိုေရးဆြဲေပးေနတာျမင္လိုက္ရတယ္။

“ အားလုံးမေၾကာက္ၾကနဲ႔ ဒီ႐ြာဘာမွမျဖစ္ေအာင္ က်ဳပ္တို႔ကာကြယ္ေပးပါ့မယ္”

ေအာင္ျမတ္သာရဲ႕ ဩဇာအျပည့္ပါတဲ့အသံေၾကာင့္ ႐ြာသားေတြအားလုံး ေၾကာက္စိတ္ေတြပေပ်ာက္ကာ ၿငိမ္သက္သြားခဲ့တယ္။

“ ဒီမိုးကိုတားဖို႔အတြက္ ရွစ္ကြက္အင္းဖိုခေနာက္ဆိုင္အလယ္မွာ အင္းဖေယာင္းတိုင္သုံးတိုင္ထြန္းရမယ္၊ ငါမိုးတားေနတဲ့အခ်ိန္ ႐ြာထဲမွာဘာသံပဲၾကားၾကား ထြက္မၾကည့္ၾကဖို႔ မင္းကပဲတာဝန္ယူေပးကြာ”

“ စိတ္ခ်ပါဆရာ ကြၽန္ေတာ္နည္း ကြၽန္ေတာ္ဟန္နဲ႔ ဘယ္သူမွအျပင္မထြက္ေအာင္လုပ္လိုက္ပါမယ္”

ေအာင္ျမတ္သာလဲ လူအုပ္အလယ္မွာထိုင္ၿပီး ရွစ္ကြက္အင္းသုံးကြက္ကိုဖိုခေနာက္ဆိုင္ဆြဲကာ ဖေယာင္းတိုင္သုံးတိုင္ေထာင္ၿပီး မီးထြန္းလိုက္တဲ့အခ်ိန္ ေတာေၾကာေတြဘက္ကေန က်ယ္ေလာင္တဲ့အသံနက္ေတြ ထြက္ေပၚလာခဲ့တယ္။

အင္းဖေယာင္းတိုင္ေတြကေနထြက္လာတဲ့ အလင္းတန္းေတြက အေပၚကိုတက္သြားၿပီး တစ္႐ြာလုံးကို စက္ဝိုင္းသ႑ာန္ဖုံးအုပ္ကာ အကာအကြယ္ေပးထားတာကို သက္ခိုင္နဲ႔ ေတာက္ရတို႔ျမင္လိုက္ၾကရတယ္။

“ ခင္ဗ်ားတို႔ ဘာမွမေၾကာက္နဲ႔၊ ဘာအသံၾကားၾကား ထြက္မၾကည့္နဲ႔၊ ဒီလိုမ်ိဳးေလာက္ကေတာ့ က်ဳပ္တို႔ဆရာက ကြၽမ္းကြၽမ္းက်င္က်င္ထိန္းလို႔တတ္ပါတယ္”

ေတာက္ရက ႐ြာသားေတြမေၾကာက္ေအာင္ အားေပးစကားေျပာေနတဲ့အခ်ိန္ ေကာင္းကင္တစ္ခုလုံး မိုးေတြအုံ႔မႈိင္းလာၿပီး ေန႔ခင္းေၾကာင္ေတာင္ကေန အလင္းေရာင္မရွိတဲ့ညအခ်ိန္လိုျဖစ္သြားခဲ့တယ္။ ဒါေပမယ့္ ေအာင္ျမတ္သာထြန္းထားတဲ့ အင္းဖေယာင္းတိုင္က ထြက္တဲ့အလင္းေရာင္က ႐ြာသားေတြေနတဲ့ ဓမၼာ႐ုံကိုအလင္းဓါတ္အျပည့္အဝေပးထားႏိုင္ခဲ့တယ္။

“ ဝုန္း ဝေရာ ဝေရာ “

မိုးစက္ေပါက္ေတြမက်ေပမယ့္ အရွိန္အဟုန္နဲ႔တိုက္ခတ္လာတဲ့ေလျပင္းေတြေၾကာင့္ သစ္ပင္ႀကီးငယ္အခ်ိဳ႕ ၿပိဳလဲက်တဲ့အသံကိုအထဲကေန ၾကားေနခဲ့ရတယ္”

႐ြာသားေတြလဲ ကိုယ့္မိသားစုကိုတင္းေနေအာင္ဖက္ထားရင္း ေၾကာက္စိတ္ေတြကိုအာခံေနတဲ့အခ်ိန္ တံခါးေပါက္နားမွာေနတဲ့ မိန္းမတစ္ေယာက္က ႐ုတ္တရက္ထငိုၿပီး အျပင္ကိုထြက္ေျပးဖို႔အလုပ္ အေျခအေနကိုအကဲခတ္ေနတဲ့ ေတာက္ရက လ်င္ျမန္စြာေျပးဖမ္းၿပီး နဖူးကိုလက္ဝါးနဲ႔႐ိုက္ခ်လိုက္ေတာ့မွ သတိျပန္ဝင္လာခဲ့တယ္။

“ မိငယ္ ဟဲ့ မိငယ္ နင္က ဘာထလုပ္တာလဲ”

လူအုပ္ထဲကေနလွမ္းေျပာလိုက္တဲ့အသံေၾကာင့္ မိငယ္ဆိုသူက

“ ဟို ဟို အျပင္မွာေလေတြတအားတိုက္ေနၿပီး သစ္ပင္ေတြက်ိဳးက်ေနတဲ့အသံၾကားလို႔ တံခါးေပါက္ကေနေခ်ာင္းၾကည့္လိုက္တာ ဝတ္ေကာင္းစားလွေတြဝတ္ထားတဲ့မိန္းမ တစ္ေယာက္က လက္ျပၿပီးေခၚတာ၊ အဲဒါကိုျမင္ၿပီး ဘာမွမသိေတာ့ဘူး”

“ သိုက္ေစာင့္ေတြက အမိတို႔ကို ေသြးေဆာင္ဖ်ားေယာင္းဖို႔ႀကံေနၾကတာ၊ သတိလြတ္တာနဲ႔ ဒုကၡေရာက္ႏိုင္တယ္ဆိုတာ မေမ့ၾကနဲ႔”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ တစ္႐ြာလုံးေၾကာက္႐ြံံ့မႈေတြျပင္းစြာျဖစ္ေပၚလာခဲ့တယ္။

“ သက္ခိုင္နဲ႔ေတာက္ရ မင္းတို႔ႏွစ္ေယာက္က အင္းဖေယာင္းမီးမၿငိမ္းေအာင္ ဂ႐ုစိုက္ၿပီး ႐ြာခံလူေတြကို ေစာင့္ေရွာက္ထားၾကပါ”

“ မဟုတ္မွလြဲေရာ ဆရာ တစ္ေယာက္ထဲ ေတာင္ေပၚကိုသြားမို႔လား”

“ ဟုတ္တယ္သက္ခိုင္ ဒီျပႆနာက ထိုင္ၿပီးေျဖရွင္းေနလို႔ ၿပီးသြားမွာမဟုတ္ဘူး၊ ေက်ာက္ဖားႏွစ္ေကာင္ကို ရည္႐ြယ္ခ်က္မရွိပဲ ေနရာေ႐ြ႕ခဲ့တယ္ဆိုတာကို သက္ေသျပဖို႔ ငါ သြားရမယ္”

“ ဒီေကာင္ေလးႏွစ္ေယာက္ကိုေရာ ဘာလုပ္ရမလဲဆရာ”

“ သူတို႔ကို ငါနဲ႔အတူေခၚသြားမယ္၊ မင္းတို႔ႏွစ္ေယာက္ သတိထားရမွာက အင္းဖေယာင္းတိုင္မၿငိမ္းေစဖို႔ပဲ”

ေအာင္ျမတ္သာလဲ သက္ခိုင္တို႔ကိုမွာၾကားၿပီး ျပႆနာစတည္ရာ လူငယ္ႏွစ္ေယာက္ရဲ႕လက္ကိုဆြဲကာ ႐ြာျပင္ကိုထြက္သြားခဲ့တယ္။

“ ဆရာ ဆရာ မိုးေတြက ကြၽန္ေတာ္တို႔႐ြာအေပၚမွာပဲ ညိဳ႕ေနတာေနာ္”

“ သူတို႔က မင္းတို႔႐ြာကို ဒုကၡေရာက္ေအာင္လုပ္မွာျဖစ္တဲ့အတြက္ အခုလိုျဖစ္ေနတာပဲ၊ ဒါနဲ႔ မင္းတို႔နာမည္က ဘယ္လိုေခၚလဲ”

“ ကြၽန္ေတာ္နာမည္က ရန္မခလို႔ေခၚပါတယ္၊ သူ႔နာမည္ကေတာ့ သူရလို႔ေခၚတယ္ဆရာ”

“ ေအး မင္းတို႔ႏွစ္ေယာက္ကို အထူးမွာခ်င္တာက ေတာင္ေပၚေရာက္တဲ့အခါ ငါ့ရဲ႕ခါးမွာခ်ည္ထားတဲ့ ေယာဂီတဘက္ရဲ႕အစြန္းႏွစ္စကို ၿမဲေနေအာင္ကိုင္ထားပါ၊ လက္ကေနလြတ္တာနဲ႔ မင္းတို႔အတြက္အႏၲရာယ္ရွိတယ္၊ ေနာက္ၿပီး အခုသြားမယ့္ေနရာက မင္းတို႔တစ္သက္ တစ္ခါမွမျမင္ဖူးတဲ့အရာေတြကိုျမင္ရမွာလဲျဖစ္တယ္၊ ဘယ္လိုလဲ လိုက္ရဲရဲ႕လား”

“ ဆရာရယ္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အဲလိုမ်ိဳးေတြမေၾကာက္တတ္လို႔ ဘယ္သူမွမသြားရဲတဲ့ ေတာင္ေပၚကိုတက္လာခဲ့တာ၊ သူနဲ႔ကြၽန္ေတာ္နဲ႔က စြန္႔စားရတာဝါသနာပါတယ္ဗ်”

“ေကာင္းတယ္ မင္းတို႔ရဲ႕အတြင္းစိတ္က ရဲရင့္တယ္ဆိုတာ ခန္႔မွန္းမိပါတယ္။ ကဲ အခု ေတာင္ေပၚကိုဘယ္လမ္းက သြားရတယ္ဆိုတာ လမ္းျပေပေတာ့”

“ စိတ္ခ်ဆရာ ဒီေတာင္ေပၚကို သူနဲ႔ကြၽန္ေတာ္ သုံးႀကိမ္ထက္မနည္းေရာက္ဖူးတယ္၊ အဲ ေျပာရဦးမယ္ဆရာ အရင္အေခါက္ေတြလာတုန္းက အဲဒီေက်ာက္ဖားႏွစ္ေကာင္ကို မေတြ႕မိဘူး”

“မင္းတို႔လာတဲ့အခ်ိန္နဲ႔ ေက်ာက္ဖားႏွစ္ေကာင္ေပၚတဲ့အခ်ိန္တိုက္ဆိုင္သြားတာလဲျဖစ္ႏိုင္ပါတယ္”

ေအာင္ျမတ္သာလဲ လူငယ္ေလးႏွစ္ေယာက္နဲ႔ စကားေတြေျပာရင္းတက္လာခဲ့တာ ေက်ာက္ဖားႏွစ္ေကာင္ရွိတယ္ဆိုတဲ့ ေတာင္ရဲ႕နယ္နမိတ္ထဲကိုဝင္လာခဲ့တယ္။

“ ဆရာ ဒီေတာင္အစပ္က ကြၽန္ေတာ္တို႔ေျပာတဲ့ေတာင္ပဲ”

“ စကားတစ္ေျပာေျပာနဲ႔ေလ်ာက္လာခဲ့တာ ေရာက္မွန္းေတာင္မသိလိုက္ဘူး။ကဲ အခုကစၿပီး တဘက္ရဲ႕အစႏွစ္ဖက္ကိုမလႊတ္တမ္းကိုင္ထားေပေတာ့။ ဘာေတြ႕ေတြ႕ ဘာျမင္ျမင္ လက္ကိုမလႊတ္မိေစနဲ႔ဦး”

ေအာင္ျမတ္သာစကားကိုလူငယ္ႏွစ္ဦးက ေခါင္းၿငိမ့္ျပကာ တဘက္ရဲ႕အစြန္းႏွစ္စကိုဆုပ္ကိုင္ထားလိုက္တယ္။

“ မင္းတို႔ေတြ႕ခဲ့တဲ့ ေက်ာက္ဖားႏွစ္ေကာင္က ဘယ္နားမွာလဲ”

“ ဆက္သြားရဦးမယ္ဆရာ။ အေရွ႕တစ္ေကြ႕ ေက်ာက္ေတာင္ကမူေဘးေရာက္မွ ေတြ႕မွာဗ်”

ေအာင္ျမတ္သာတို႔လဲ က်ဥ္းေျမာင္းတဲ့လူသြားလမ္းအတိုင္းေလ်ာက္လာခဲ့တာ ေက်ာက္ေတာင္ေပၚမွာ ထူးဆန္းစြာတည္ရွိေနတဲ့ ေျမသားလမ္းတစ္ခုကိုေတြ႕လိုက္ရတယ္။

“ ဒီေျမေတြေပၚမွာ လက္တစ္ဝါးေလာက္ရွိတဲ့ မႈိေတြေပါက္တာေလဆရာ။ အခုေတာင္ မႈိလက္က်န္ေတြရွိေနေသးတယ္ ေတြ႕လားဆရာ”

ရန္မခရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာၾကည့္လိုက္ရာ ေျမနီလမ္းေဘးတစ္ေလ်ာက္မွာ ထိုးထြက္ေနတဲ့ မႈိပြင့္ငယ္ေလးေတြကိုျမင္လိုက္ရတယ္။

“ ဆရာ ဆရာ ေက်ာက္ဖားႏွစ္ေကာင္ မရွိေတာ့ဘူးဗ်”

သူရ ရဲ႕အလန္႔တၾကားေအာ္ေျပာတဲ့အသံေၾကာင့္ ေအာင္ျမတ္သာက

“ မင္းတို႔ေတြ႕ခဲ့တဲ့ေနရာဆိုတာ ေသခ်ာရဲ႕လား”

“ ေသခ်ာတာေပါ့ဆရာရယ္ ဒီေက်ာက္ခ်ပ္ႀကီးေဘးမွာ ဖားျပဳတ္နဲ႔တူတဲ့ေက်ာက္တုံးႏွစ္တုံး တစ္ဖက္တစ္ခ်ပ္စီရွိေနတာ အဲဒီေဘးမွာလဲ မႈိေတြေဖြးသီေနတာပဲ၊ ရန္မခက အဲေက်ာက္ဖားကို တြန္းၿပီး မႈိႏႈတ္ခဲ့တာ”

သူရရဲ႕စကားေၾကာင့္ ရန္မခက ရယ္က်ဲက်ဲလုပ္ၿပီး
“ ကြၽန္ေတာ္လဲ အခုလိုျဖစ္မယ္မွန္းမသိလို႔ တြန္းလိုက္တာ ေက်ာက္ဖား႐ုပ္လဲက်ၿပီး ေျခတစ္ဖက္က်ိဳးသြားေသးတယ္။ အခုေတာ့ အစအနေတာင္မရွိေတာ့ပါလား”

“ မင္းတို႔ႏွစ္ေယာက္ေတြ႕ခဲ့တဲ့ ေက်ာက္ဖားႏွစ္ေကာင္ကို သိုက္ေစာင့္ေတြဖြက္ထားလိုက္ၿပီထင္တယ္”

ေအာင္ျမတ္သာက စကားေျပာေနရင္း ေျပာင္လက္ေခ်ာမြတ္ေနတဲ့ ေက်ာက္နံရံေပၚကို အင္းခ်ပ္တစ္ခ်ပ္ကပ္ၿပီး လက္ဝါးနဲ႔႐ိုက္ထည့္လိုက္ရာ ေဘးတစ္ဖက္တစ္ခ်ပ္မွာရွိတဲ့ ေျမသားေတြပြထလာၿပီး အထဲကေန ေက်ာက္ဖားႏွစ္ေကာင္တိုးထြက္လာခဲ့တယ္။

“ ဟာ … ဘယ္လိုျဖစ္လို႔ ဒီႏွစ္ေကာင္က ေျမႀကီးေအာက္ေရာက္သြားခဲ့တာလဲ”

သူရက အံ့ဩစြာေရ႐ြတ္လိုက္တဲ့အခ်ိန္ ေက်ာက္ဖားႏွစ္ေကာင္က အသက္ဝင္လာသလို လႈပ္ရွားလာခဲ့တယ္။

“ ဟုတ္တယ္ ဟုတ္တယ္ ကြၽန္ေတာ္တို႔ေတြ႕တုန္းကလဲ အဲလိုလႈပ္လာလို႔ ထြက္ေျပးခဲ့ရတာ။ အခုလဲ ထပ္လႈပ္လာတယ္ဆရာ”

လႈပ္ရွားေနတဲ့ေက်ာက္ဖားႏွစ္ေကာင္ကိုျမင္ေတာ့ ေအာင္ျမတ္သာက အေနာက္ကိုအနည္းငယ္ဆုတ္လိုက္ၿပီး လက္ညိဳးနဲ႔စည္းတစ္ခုကိုတားကာ

“ သိုက္ေစာင့္ပုဂၢိဳလ္မ်ားအေနနဲ႔ က်ဳပ္တို႔ကိုရန္သူလို႔မသတ္မွတ္ဖို႔ဦးစြာေမတၱာရပ္ခံခ်င္ပါတယ္။ က်ဳပ္အခုလာတာက ဒီကေလးႏွစ္ေယာက္ မသိပဲလုပ္ခဲ့တဲ့အမႈကို ေက်ေအးေပးဖို႔ လာေရာက္ေတာင္းပန္ျခင္းျဖစ္ပါတယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ေခ်ာမြတ္ေနတဲ့ ေက်ာက္ခ်ပ္ႀကီးက “ ဂ်ိမ္း” ဆိုတဲ့အသံနဲ႔အတူ ထက္ျခမ္းပြင့္ထြက္သြားၿပီး အထဲကေန ေက်ာက္စိမ္းေတာင္ေဝွးကိုင္ထားတဲ့ ဖိုးသူေတာ္တစ္ပါးထြက္လာခဲ့တယ္။

“ သင္ေခၚလာတဲ့သူႏွစ္ေယာက္ေၾကာင့္ က်ဳပ္တို႔ေစာင့္ၾကပ္ေနတဲ့ပစၥည္းေတြ ဆုံးရႈံးကုန္တဲ့ကိစၥ ဘယ္လိုျပန္လုပ္ေပးမလဲ”

မ်က္ႏွာထားတင္းတင္းနဲ႔ေမးလိုက္တဲ့ ဖိုးသူေတာ္ရဲ႕စကားကို ေအာင္ျမတ္သာက အၿပဳံးမပ်က္ပဲ
“ သင္တို႔ကပစၥည္းေတြက ဘယ္လိုဆုံးရႈံးသြားခဲ့တာလဲ”

“ က်ဳပ္တို႔သိုက္မွာရွိတဲ့ပစၥည္းေတြ အျခားေနရာေ႐ြ႕ေျပာင္းေနတဲ့အခ်ိန္ ဒီလက္ေဆာ့တဲ့ ေကာင္ေတြေၾကာင့္ ပစၥည္းေ႐ြ႕တဲ့လမ္းေၾကာင္းေျပာင္းၿပီး အျခားသိုက္ေတြထဲေရာက္သြားခဲ့လို႔ ေက်ာက္သံပတၱျမားအျပည့္ပါတဲ့ ေသတၱာ ၇၈လုံးဆုံးရႈံးခဲ့ရတယ္”

“ သူတို႔ကလဲ တမင္တကာရည္႐ြယ္ၿပီးလုပ္ခဲ့တာ မဟုတ္တဲ့အျပင္ လုပ္ခဲ့မိတာေတြကို ေတာင္းပန္ဖို႔လာခဲ့ၿပီပဲ ျမတ္ဗုဒၶရဲ႕အဆုံးအမေတြကိုေရွးရႈၿပီး သည္းခံခြင့္လႊတ္ေပးလိုက္ပါဗ်ာ”

“ ဒီအတိုင္းေတာ့ ခြင့္မလႊတ္ႏိုင္ဘူး၊ သူတို႔ႏွစ္ေယာက္အေနနဲ႔ ဒီသိုက္ကိုေစာင့္မယ္ဆိုရင္ေတာ့ ခြင့္လႊတ္ေပးမယ္”

“ ဒါေတာ့မျဖစ္ႏိုင္ဘူး … ရည္႐ြယ္ခ်က္မရွိပဲလုပ္ခဲ့တဲ့ ကေလးေတြရဲ႕ဝိဉာဥ္ကိုဒီမွာေစာင့္ၾကပ္ဖို႔ က်ဳပ္အေနနဲ႔ လုံးဝခြင့္မျပဳႏိုင္ဘူး”

“ဟားဟား ဒါျဖင့္လဲ သင္တို႔သုံးေယာက္လုံး အတူတူေစာင့္ေပေတာ့ေဟ့”

ဖိုးသူေတာ္က အသံနက္ႀကီးနဲ႔ႀကိမ္းဝါးရင္း ေက်ာက္စိမ္းေတာင္ေဝွးကို ေက်ာက္ဖ်ာေပၚေဆာင့္ခ်လိုက္ရာ ေတာင္ရဲ႕အျမင့္ပိုင္းကေန ေရလႈိင္းလုံးေတြတေဝါေဝါနဲ႔ဆင္းလာခဲ့တယ္။

ေရလႈိင္းလုံးေတြက အရွိန္နဲ႔ဆင္းလာၿပီး ေအာင္ျမတ္သာတို႔ကို ေတာင္ေပၚကေနလြင့္စင္က်ေအာင္လုပ္ေပမယ့္ တားထားတဲ့စည္းကိုထိုးေဖာက္မရပဲျဖစ္ေနခဲ့တယ္။

ဖိုးသူေတာ္လဲ အေျခအေနမဟန္မွန္းသိေတာ့ သိုက္ထဲကိုျပန္ဝင္ၿပီးေက်ာက္တံခါးကိုပိတ္တဲ့ဂါထာကိုအဆက္မျပတ္႐ြတ္ပါေလေရာ။

ဒါေပမယ့္ ေအာင္ျမတ္သာက စိတ္ထဲကေန ႏႈတ္ကိုပိတ္ထားတဲ့အတြက္ ဖိုးသူေတာ္ရဲ႕ပါးစပ္ကေန ဘာအသံမွထြက္မလာခဲ့ဘူး။

“ ဘယ္လိုလဲ သူေတာ္ သင့္ဂါထာကို အသံထြက္ေအာင္ ႐ြတ္ပါဦး”

ဖိုးသူေတာ္လဲ အဲဒီေတာ့မွ ေၾကာက္လန္႔တၾကား ဂူထဲကိုဝင္ေျပးပါေလေရာ။ ေအာင္ျမတ္သာတို႔လဲ ပြင့္ေနတဲ့ဂူေပါက္ထဲကို ဝင္ၾကည့္လိုက္တဲ့အခ်ိန္ ဟင္းလင္းျပင္ျဖစ္ေနတဲ့ လႈိဏ္ဂူတစ္ခုကိုျမင္လိုက္ရတယ္။ လႈိဏ္ဂူထဲမွာေတာ့ ႏြမ္းေျခာက္ေနတဲ့ပန္းအခ်ိဳ႕ေတြအျပင္ ေဟာင္းႏြမ္းေနတဲ့ သလြန္တစ္ခုကိုျမင္လိုက္ရတယ္။

“ ဒီပစၥည္းေတြကို ဘယ္သူေတြသုံးခဲ့တာလဲ ဆရာ”

ရန္မခရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက ပန္းေျခာက္တစ္ခုကိုေကာက္ယူၾကည့္လိုက္ၿပီး

“ သူတို႔ေတြ သိုက္ေျပာင္းကုန္ၾကပီကိုး…ဒါေၾကာင့္ ဖိုးသူေတာ္က ငါတို႔ကိုအခ်ိန္ေတြဆြဲေနခဲ့တာပဲ”

ေအာင္ျမတ္သာက တစ္ေယာက္ထဲေရ႐ြတ္ရင္း တစ္ခုခုကို သတိရသြားဟန္နဲ႔ အျပင္ကိုထြက္ၾကည့္လိုက္ရာ ထုံးေက်ာက္႐ြာဘက္မွာ လွ်ပ္စီးတဝင္းဝင္းလက္ေနတဲ့အျပင္ မိုးသားေတြလဲ ပိုၿပီးမဲေမွာင္ေနတာကိုျမင္လိုက္ရတယ္။

“ ငါတို႔အတြက္အခ်ိန္သိပ္မရွိေတာ့ဘူး…သူတို႔ေျပာင္းတဲ့ေနရာကိုအမွီလိုက္မွရမယ္၊ မင္းတို႔ႏွစ္ေယာက္လုံး တဘက္အစကိုမလြတ္ေစနဲ႔” လို႔မွာၿပီး ဂူထဲကိုဆက္ဝင္လာခဲ့ရာ ပန္းကႏုတ္ေတြနဲ႔အလွဆင္ထားတဲ့ ဂူေပါက္ကိုးခုကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာလဲ ခ်က္ခ်င္းဆိုသလို လြယ္အိတ္ထဲကေန နီညိဳေရာင္သစ္႐ြက္တစ္႐ြက္ကိုထုတ္ၿပီး ေလေပၚပစ္တင္လိုက္တဲ့အခ်ိန္ သစ္႐ြက္က အလယ္မွာရွိတဲ့ဂူေပါက္ထဲကို လွစ္ခနဲဝင္ေရာက္သြားခဲ့တယ္။(သစ္႐ြက္အမည္က သူေယာင္ရွာဂမုန္းျဖစ္တယ္ဆိုတာ ေနာက္မွသိခဲ့ရပါတယ္)

“ ဒီဂူေပါက္က သူတို႔သြားခဲ့တဲ့ေနရာပဲ..”လို႔ေရ႐ြတ္ရင္း အထဲကိုေလ်ာဆင္းလိုက္ရာ ေျပာင္ေခ်ာေနတဲ့အထိအေတြ႕နဲ႔အတူ ေအာက္ကိုထိုးက်သြားခဲ့တယ္။

ရန္မခနဲ႔သူရတို႔လဲ ရင္ထဲဟာခနဲျဖစ္သြားတဲ့ခံစားခ်က္ကို မထိန္းထားႏိုင္ပဲ အသံကုန္ေအာ္ဟစ္ရင္း ဂူေပါက္ထဲေလ်ာဝင္သြားခဲ့ၾကတယ္။ သိပ္မၾကာခင္အခ်ိန္မွာပဲ ေလ်ာက်လာတဲ့အရွိန္ကေလ်ာ့လာၿပီး မီးအလင္းေရာင္အခ်ိဳ႕ကို ျမင္ေတြ႕လိုက္ရတယ္။

အလင္းေရာင္နဲ႔နီးကပ္လာေလေလ အရွိန္ကေလ်ာ့ေလေလျဖစ္လာခဲ့တာ ေနာက္ဆုံးမွာလုံးဝရပ္တန္႔သြားခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ အရွိန္ကုန္သြားတဲ့ဂူေပါက္ထဲကေန အျပင္ကိုထြက္လိုက္ရာ မီးဝင္းဝင္းေတာက္ေနတဲ့ မ်က္လုံးေတြနဲ႔ စူးစိုက္ၾကည့္ေနၾကတဲ့ လူအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ ဟိုးအေနာက္မွာရပ္ေနတာ ဖိုးသူေတာ္မဟုတ္လား ဆရာ”

သူရက ေအာင္ျမတ္သာ အနားကိုကပ္ၿပီးေျပာလိုက္တဲ့အခ်ိန္

“ ဟိုသေကာင့္သားႏွစ္ေယာက္ နင္တို႔က ငါတို႔ပိုင္ပစၥည္းေတြကိုဆုံးရႈံးေအာင္လုပ္ခဲ့တဲ့အျပင္ အခုလဲ သိုက္ဆရာက္ိုပါေခၚလာခဲ့တာေပါ့ေလ”

ဆံပင္ကိုဖားလ်ားခ်ထားၿပီး ေ႐ႊအိုေရာင္ထိုင္မသိမ္းဝတ္စုံဝတ္ထားတဲ့ မိန္းမတစ္ေယာက္ရဲ႕စကားေၾကာင့္ ေဘးမွာရပ္ေနၾကတဲ့သူေတြအားလုံး အံတႀကိတ္ႀကိတ္ ေတာက္တခတ္ခတ္နဲ႔ ေအာင္ျမတ္သာတို႔ကို စူးစိုက္ၾကည့္ေနခဲ့တယ္။

“ သင္တို႔ က်ဳပ္ကိုအထင္မွားေနၾကပီ … က်ဳပ္ကသိုက္ဆရာတစ္ေယာက္မဟုတ္သလို ဒီကေလးႏွစ္ေယာက္ကလဲ သင္တို႔ထိခိုက္ေအာင္ ရည္႐ြယ္ၿပီးလုပ္ခဲ့တာမဟုတ္ပါဘူး”

ေအာင္ျမတ္သာစကားအဆုံးမွာ အေနာက္မွာရပ္ေနတဲ့ ဘိုးသူေတာ္က ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမအနားကိုကပ္ၿပီး တစ္စုံတစ္ခုကိုတီးတိုးေျပာဆိုေနတာျမင္လိုက္ရတယ္။

“ ေတာက္ ရာရာစစ ဒင္းတို႔ကမ်ား ငါတို႔အျပစ္ေပးတဲ့႐ြာကို ကာကြယ္ေပးတယ္တဲ့လား… လာၾကစမ္း ဒီသုံးေယာက္ကို ေသြးစိမ္းရွင္ရွင္က်ေအာင္ အေရခြံဆုတ္ၿပီး တံခါးဝမွာေစာင့္ခိုင္းလိုက္”

ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမရဲ႕စကားအဆုံးမွာ အေမွာင္ထုထဲကေန ေယာဂီလုံခ်ည္အစုတ္ကိုဝတ္ထားၿပီး ဇက္က်ိဳးေနတဲ့ လူအပါအဝင္ ေၾကာက္မက္ဖြယ္အဆင္းရွိတဲ့ နာနာဘာဝေတြထြက္လာခဲ့တယ္။

“ ေအာက္လမ္းဆရာဘသိန္းနဲ႔အေပါင္းအပါမ်ား ဒီသေကာင့္သားေတြကို ဂုတ္ခ်ိဳးသတ္ၿပီးသင္တို႔ေနရာတြင္အေစာင့္အျဖစ္ထားရွိေစ” လို႔အမိန္႔ေပးလိုက္တာနဲ႔ ေအာင္ျမတ္သာတို႔ဆီကို လက္ဆန္႔တန္းကာေျပးဝင္လာခဲ့တယ္။

ေအာင္ျမတ္သာကေတာ့ ပုံပ်က္ပန္းပ်က္အေတၱေဘာေတြကိုျမင္ေတြ႕ေနက်မို႔မေၾကာက္လန္႔ေပမယ့္ ရန္မခနဲ႔ သူရကေတာ့ မ်က္လုံးကိုစုံမွိတ္ကာ တဘက္ကိုတင္းၾကပ္စြာ ကိုင္ထားခဲ့တယ္။

“ သင္တို႔အားလုံးရဲ႕စိတ္ေတြၾကမ္းတမ္း႐ိုင္းစိုင္းကုန္ေနပါလား ကြၽတ္ ကြၽတ္”

ေအာင္ျမတ္သာက စိတ္မသက္သာဟန္နဲ႔ စုတ္သပ္လိုက္ၿပီး ေျပးဝင္လာၾကတဲ့ နာနာဘာဝေတြကို ဘယ္လက္နဲ႔ လက္ျပန္႐ိုက္ထုတ္လိုက္ရာ အေနာက္ကိုဆယ္ေပေလာက္လြင့္ထြက္သြားခဲ့တယ္။

“ က်ဳပ္ဒီကိုလာတာ ဘယ္သူကိုမွထိခိုက္နာက်င္ေအာင္ လုပ္ဖို႔မဟုတ္ဘူး။ ဒါကို သင္တို႔က ဘာေၾကာင့္ရန္လိုခ်င္ေနရတာလဲ”

ေအာင္ျမတ္သာစကားကို ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမက ဘာမွျပန္မေျပာပဲ အံကိုႀကိတ္ၿပီး
“ နင္လာတာ အဲဒီ႐ြာအတြက္မဟုတ္လား… သူတို႔ကိုခြင့္လႊတ္ေစခ်င္ရင္ အခုေခၚလာတဲ့ႏွစ္ေယာက္ကို ငါ့ဆီအပ္ခဲ့”

“ သူတို႔ကိုလဲ သင္တို႔ဆီမအပ္ႏိုင္သလို ၊ ႐ြာကိုလဲ အထိခိုက္မခံႏိုင္ဘူး။ ဒါေၾကာင့္ က်ဳပ္ေမတၱာထားေျပာေနတဲ့အခ်ိန္ ေနာက္ဆုတ္လိုက္ပါ။ ဒီလိုမွမဟုတ္ရင္ မိတၱနဲ႔စိတၱဆိုတဲ့သူႂကြယ္ညီေနာင္ကို ျပန္အသက္သြင္းရလိမ့္မယ္”

မိတၱနဲ႔ စိတၱဆိုတဲ့နာမည္ကိုၾကားေတာ့ ရွိေနတဲ့သူေတြအားလုံး မ်က္စိမ်က္ႏွာပ်က္သြားခဲ့ၾကၿပီးမွ ဟန္မပ်က္ျပန္ေနလိုက္ၿပီး

“ သူတို႔ေသသြားတာ ႏွစ္ေပါင္းရာခ်ီေနၿပီ။ ဒါကို သင္ကဘယ္လိုသိေနတာလဲ…”

“ က်ဳပ္ဘယ္လိုသိတယ္ဆိုတာထက္ သင္တို႔ကိုေခါင္းမေဖာ္ရဲေအာင္ ထိန္းခ်ဳပ္ခဲ့တဲ့ သူႂကြယ္ညီေနာင္ရဲ႕ မ်က္လုံးေတြကိုျပန္ခံစားၾကည့္လိုက္စမ္း”လို႔ေျပာၿပီး ရန္မခနဲ႔ သူရတို႔ရဲ႕ဇက္ပိုးကို လက္နဲ႔ဖိကိုင္လိုက္ရာ ႏွစ္ေယာက္လုံး ဒူးေထာက္ေခြက်သြားခဲ့တယ္။

“ ကိုးသၤခ်ိဳင္းသံဓားႏွစ္လက္ရဲ႕အရွင္သခင္၊ ႐ြာႀကီးေလးဆယ္ကိုအုပ္စိုးခဲ့တဲ့ သူႂကြယ္ညီေနာင္၊ မ်က္လုံးခ်င္းစိုက္ၾကည့္႐ုံနဲ႔ တစ္ဖက္လူသိမ္ငယ္သြားရတဲ့အထိျဖစ္ခဲ့တဲ့ ညိဳ႕မ်က္လုံးပိုင္ရွင္ ႏွစ္ေယာက္ ေခတၱႏိုးထလာေစသား” လို႔ေျပာၿပီး ဇက္ကိုလႊတ္လိုက္ရာ ေခါင္းငိုက္စိုက္က်ေနတဲ့ ရန္မခနဲ႔ သူရတို႔ႏွစ္ေယာက္လုံးေခါင္းေထာင္လာၿပီး အေရွ႕မွာရပ္ေနတဲ့သူေတြကို စူးစိုက္ၾကည့္ပါေလေရာ။

“ မျဖစ္ႏိုင္ဘူး ဟအင္း ဘယ္လိုမွမျဖစ္ႏိုင္ဘူး ဒီအၾကည့္ေတြကိုပိုင္ဆိုင္တဲ့သူေတြက ေသသြားတာ ႏွစ္ရာခ်ီေနၿပီမဟုတ္လား”

“ ဟုတ္တယ္ သူတို႔ေသသြားတာ ႏွစ္ေပါင္းရာခ်ီေနခဲ့ေပမယ့္ သူတို႔ရဲ႕စိတ္ဝိဉာဥ္ေတြက မေသဆုံးပဲ ေလလြင့္ေနခဲ့တယ္။ ဒီကေလးႏွစ္ေယာက္သာ သာမန္လူေတြျဖစ္ခဲ့ရင္ ကြယ္ဝွက္ထားတဲ့ ေက်ာက္ဖားညီေနာင္ကို ျမင္ေတြ႕ရပါ့မလား”

ေအာင္ျမတ္သာစကားအဆုံးမွာ ဆံပင္ဖားလ်ားနဲ႔မိန္းမက ဒူးေထာက္ထိုင္ခ်လိုက္ၿပီး

“ သခင္ေလးတို႔ႏွစ္ေယာက္အေပၚ အျပစ္ေတြအမ်ားႀကီးလုပ္ခဲ့ပါတယ္။ ဆရာ သူတို႔ကို ျပန္သတိရေအာင္မလုပ္ပါနဲ႔။ သူတို႔သတိရရင္ ကြၽန္ေတာ္မ်ိဳးမတို႔ကို သတ္လိမ့္မယ္”

“ အခုသင္တို႔ ထုံးေက်ာက္႐ြာေပၚမွာျပဳလုပ္ထားတဲ့ အစီအရင္ေတြကိုဖယ္ရွားေပးရင္ က်ဳပ္အေနနဲ႔ မွတ္ဉာဏ္အခ်ိဳ႕ကိုေဖ်ာက္ဖ်က္ေပးပါ့မယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ဆံပင္ဖားလ်ားနဲ႔မိန္းမက
“ ႐ြာကိုဘာဒုကၡမွမေပးေတာ့ဘူးလို႔ ကတိေပးပါတယ္”

“ ေကာင္းပါၿပီ ေနာက္ဆုံးတစ္ခု အေနနဲ႔ ညီေနာင္ႏွစ္ပါးအသုံးျပဳခဲ့တဲ့ ကိုးသၤခ်ိဳင္းဓါးႏွစ္လက္ဘယ္မွာရွိတယ္ဆိုတာ သင္သိလိမ့္မယ္ထင္ပါတယ္”

“ သခင္ေလးတို႔ေသေတာ့ သူတို႔ကိုဓါးႏွစ္လက္နဲ႔အတူေျမျမဳပ္ေပးခဲ့ပါတယ္။ အုတ္ဂူရဲ႕ေဘးမွာေတာ့ မၪၨဴသကပန္းပင္တစ္ပင္စိုက္ထားပါတယ္”

“ သင္တို႔ရဲ႕ဆုံးရႈံးသြားတဲ့ပစၥည္းေတြဟာ ေနာင္ပြင့္မယ့္ဘုရားကိုလႉမယ့္သိုက္ထဲေရာက္သြားတာမို႔ အလဟသမျဖစ္ခဲ့ဘူးဆိုတာသိထားပါ။ အခုေတာ့ သူတစ္ပါးဆီက အဓမၼသိမ္းပိုက္ထားခဲ့တဲ့ပစၥည္းေတြကို သံသရာအဆက္ဆက္ ေစာင့္ၾကပ္ၿပီးေနရစ္ခဲ့ေပေတာ့”

ေအာင္ျမတ္သာစကားကိုဆံပင္ဖားလ်ားနဲ႔မိန္းမက ဘာမွျပန္မေျပာႏိုင္ပဲ ေခါင္းငိုက္စိုက္က်ကာ နားေထာင္ေနခဲ့တယ္။ အဲဒီအခ်ိန္ ရန္မခနဲ႔ သူရတို႔ႏွစ္ေယာက္က “ က်ား”ဆိုတဲ့အသံနဲ႔အတူ လက္ခေမာင္းထခတ္ရင္း သတိလစ္ေမ့ေမ်ာသြားခဲ့တယ္။

သတိျပန္ရလာေတာ့ ႐ြာကိုျပန္ေရာက္ေနၿပီျဖစ္တဲ့အျပင္ သူတို႔ေဘးမွာဝိုင္းအုံေနတဲ့ ႐ြာခံလူအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ သတိရလာၾကၿပီလား နင္တို႔ႏွစ္ေယာက္ သတိလစ္ေနတာ သုံးရက္နဲ႔သုံးညရွိၿပီ”

“ ဆရာ ဆရာတို႔ေရာ”

“ ဆရာေတြက အျခားကိစၥရွိလို႔ဆိုၿပီး ႐ြာကထြက္သြားၾကတယ္။ နင္တို႔ႏိုးရင္ ဒီစာေလးေပးလိုက္ပါဆိုၿပီးမွာခဲ့တယ္”

ရန္မခနဲ႔ သူရလဲ မိဘေတြလက္ထဲကစာကိုလုယူလိုက္တဲ့အခ်ိန္

“ ဘာမွဖတ္မေနနဲ႔ စာ႐ြက္အလြတ္ႀကီးေပးထားခဲ့တာ”

မိဘေတြဖတ္တဲ့အခ်ိန္ စာ႐ြက္အလြတ္ဆိုေပမယ့္ ရန္မခနဲ႔ သူရတို႔ဖတ္တဲ့အခ်ိန္မွာေတာ့ စာ႐ြက္ထဲမွာ စိတ္ဝင္စားဖြယ္အေၾကာင္းအရာတစ္ခ်ိဳ႕ေရးထားတာကိုျမင္လိုက္ရတယ္။

ဒီကိစၥေတြျဖစ္ၿပီး ႏွစ္ရက္ေျမာက္ေန႔မွာေတာ့ ရန္မခနဲ႔ သူရတို႔ႏွစ္ေယာက္လုံး ႐ြာကေန ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားခဲ့ၾကတယ္။

++++++++++

လူႀကီးငါးဖက္စာေလာက္ရွိတဲ့ မၪၨဴသကပန္းပင္ႀကီးေအာက္မွာေတာ့ ေယာဂီဝတ္စုံဝတ္ထားတဲ့လူသုံးေယာက္ ၿငိမ္သက္စြာတရားထိုင္ေနခဲ့ၾကတယ္။

ပန္းပင္ႀကီးေဘးမွာေတာ့ ေရညႇိေတြအထပ္ထပ္တက္ေနတဲ့ အုတ္ဂူႏွစ္လုံး။

အုတ္ဂူႏွစ္လုံးရဲ႕ကမၼည္းတိုင္မွာ အတြန္႔အတက္ေတြပါတဲ့ ေရွးေဟာင္းျမန္မာစာအေရးအသားနဲ႔ေရးထားတဲ့ နာမည္ႏွစ္ခု။
+++++++++++
ကဲ…
စာဖတ္ပရိတ္သတ္မ်ားအေနနဲ႔ ေနာက္အပတ္မွာေတာ့ ေအာင္ျမတ္သာႏွင့္မိတၱစိတၱဆိုတဲ့ဝတၱဳကိုေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။

ေလးစားစြာျဖင့္
ေဇယန(ရာမည)