အင်းသရဲ(စ/ဆုံး)

အင်းသရဲ (စ/ဆုံး)
————————————-

ကိုပန်းဦးဆိုတာ ဘန့်ဘွေးကုန်းကဗျ။တာတေ့ကို လွှတ်ခင်တာ။
တာတေတို့တွေက ညီအစ်ကိုလိုနေတဲ့ သူတွေပေါ့
ဗျာ။ တာတေ့ရည်းစား လှယဉ်သေသွားတော့ ဘန့်ဘွေးကုန်းရွာသားတွေကတာတေ့ကို အားကြီးသနားကြတာဗျ။
လှယဉ်ဆုံးတော့ တာတေ တော်တော်စိတ်ထိခိုက်ခဲ့ရတာပေါ့ဗျာ။ ဘယ်မှကိုမသွားချင်တော့တာ။ သွားချင်စိတ်
လည်း မရှိဘူးဗျ။ အိမ်မှာပဲ ခွေနေတယ်။ အဘတော့ ယာထဲကို
အမြဲလိုက်တယ်။
အဘကလည်း ကျုပ်ကို သနားတော့
အိမ်မှာနေခဲ့လို့ ပြောပါတယ်။
အိမ်မှာထိုင်နေရင် ပိုဆိုးမှာပေါ့ဗျာ။ ဒါကြောင့်အလုပ်ကို ဖိလုပ်ပြီး
ခံသာအောင်နေခဲ့ရတာပေါ့။ တစ်ညတော့ ဝိုင်း
နောက်ဘက်မှာ တာတေ နွားစာစဉ်းနေတုန်း အိမ်ရှေ့
ကခေါ်သံကြားလိုက်ရတယ်။
“တာတေ၊ ဟေ့ တာတေ”
ဒီအသံကို ကျုပ်ကြားဖူးပါတယ်ဆိုပြီး
တွေးနေတာဗျ။
“အမေရေ ဝိုင်းဝက ကျုပ်ကို ခေါ်နေတာ
ဘယ်သူတုံး”
“အေး ငါလည်း အဲဒါ ကြည့်နေတာ၊
ဘယ်သူတုံး မသိဘူး၊ နင် သွားကြည့်
လိုက်စမ်း တာတေ”
ကျုပ် ဝိုင်းဝကို ခပ်သုတ်သုတ် ထွက်ခဲ့တယ်
ဝိုင်းဝမှာ ရပ်ပြီး ကျုပ်ခေါ်နေတဲ့သူ ထန်း
ပလက်ခမောက်ကလေး ဆောင်းလို့ဗျ။
“ဟာ ကိုပန်းဦးကြီးပါလား၊ လာလေဗျာ၊
ဘယ့်နှယ် ဝိုင်းဝမှာ မတ်တတ်ကြီးရပ်လို့
ဝင်ခဲ့လေဗျာ”
ကျုပ်က ကိုပန်းဦးကို လှမ်းခေါ်တယ်၊
သူ့ကိုတွေ့တော့ ကျုပ်လှယဉ်ကို သတိရမိပြန်ရောပေါ့ဗျာ။ လှယဉ် ရှိတုန်းကကျုပ်နဲ့ လှယဉ်နဲ့ ချိန်းရင် ကိုပန်းဦးကြီးက ချိန်းပေးရတာဗျ။
“လာ ကိုပန်းဦး အိမ်ပေါ်တက်ဗျ”
“ဟာ ပန်းဦး၊ မင်းအဖေ ကိုစံဖူး နေ
ကောင်းရဲ့လားဟေ့”
အဘက ကိုပန်းဦးကို ကုလားထိုင်မှာ ထိုင်ခိုင်းပြီး သူ့သူငယ်ချင်း
ဘိုးစံဖူးအကြောင်း မေးတယ်ဗျ။ နောက်ကထွက်လာတဲ့
အမေကလည်း…
“ဟဲ့ ပန်းဦးရယ်၊ နင့်ကို ဘယ်သူမှန်းကို
မသိတာဟေ့၊ မျက်စိတွေကလည်း မ
ကောင်းတော့ပါဘူးဟာ”
“အဘတို့ အရီးတို့ နေကောင်းကြတယ်
မို့လား”
ကိုပန်းဦးကလည်း အဘနဲ့ အမေကို
မာကြောင်း သာကြောင်း မေးတယ်။
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကို
မီးညှိပြီး ကိုပန်းဦးကို တည်တယ်။
ကိုပန်းဦးက သူဆောင်းလာတဲ့ ခမောက်
ကလေးကို ချွတ်ပြီး စားပွဲပေါ်တင်လိုက်တယ်ဗျ။ ပြီးတော့ နဂါးဆေးပေါ့
လိပ်ကို နှစ်ဖွာ သုံးဖွာ ဖွာလိုက်ပြီး အားရပါးရ ရှိုက်လိုက်တယ်။
ဘန့်ဘွေးကုန်းကနေ ကုန်းကြောင်းလျှောက်
လာတော့ ကျုပ်တို့ဝိုင်းလည်းရောက်ရော မောနေတော့တာပါဗျာ။
“တာတေ မင်းကို ငါပြောဖို့ လာတာကွ”
“ဗျာ၊ ဘာတုံး ကိုပန်းဦး”
“ငါ့အဘနဲ့ ငါနဲ့ အောက်ပြည်သွားကြမလို့ကွ၊ အဘရဲ့ညီမကို တွေ့ချင်လို့
ပြောတာနဲ့ ငါလိုက်ပို့ရမှာ၊ ငါ့အရီး နေတာက ရွာလေးပဲကွ၊ အင်မတန် သာယာတာ၊ အင်းကြီးလည်းရှိတယ်၊စစ်ပင်အင်းလို့ ခေါ်တယ်၊ ရွာကိုလည်းစစ်ပင်ရွာလို့ ခေါ်တာ။
အတော်ကလေး သာယာတဲ့ရွာကွ၊ မင်းလည်းလှယဉ်ကိစ္စနဲ့ စိတ်ထိခိုက်တာမို့လားစိတ်ပြေလက်ပျောက် လိုက်ခဲ့ပါလားလို့ ငါလာခေါ်တာ၊ အဘကလည်းတာတေပါတော့ ပိုကောင်းတာပေါ့လို့
ပြောနေတယ်ကွ”
“အေး ဟုတ်သားပဲ တာတေရဲ့၊ နင်အစ်ကိုနဲ့ အောက်ပြည်လိုက်လာချည်ပါလား၊ အမေတို့
စရိတ်အလုံအလောက် ပေးလိုက်မှာပေါ့”
စစ်ပင်အင်းရွာ ဆိုတာက စစ်ပင်ကြီးတစ်ပင်
ပေါက်နေတဲ့အင်းကို အစွဲပြုပြီး ခေါ်တာလား
ဒါမှမဟုတ် စစ်ပင်အင်းရွာကို အစွဲပြုပြီး စစ်
ပင်အင်းလို့ ခေါ်တာလားတော့ တာတေမသိဘူးဗျာ။
အင်းကြီး အကြီးကြီး တစ်ခု
ရှိနေတဲ့ရွာဆိုတာတော့ တာတေ သိတယ်
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမှာပဲဗျာ။
တာတေတို့ ရောက်တဲ့မနက်မှာပဲ တစ်ရွာ
လုံး ရုန်းရုန်း ရုန်းရုန်း ဖြစ်နေကြတာလား
ဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ …ရွာထဲက
ရွာသားတစ်ယောက် သေလို့တဲ့။ လူသေ
တာပဲ ဆန်းသလားလို့ တာတေ တွေးမိ
တယ်။ ရိုးရိုးသေတာ မဟုတ်ဘူးဗျ။
သရဲသတ်လို့ သေတာ။
“ဟာ သရဲသတ်တယ်ဆိုတာ ဘယ်လို
သိတာတုံး”
“အခုသေတဲ့ ကိုဆောင်း ဆိုတဲ့လူက
တစ်ရွာလုံးက ခင်တဲ့လူတဲ့ဗျ။ ရန်ငြိုးရန်
ဘက် ရှိတဲ့လူ မဟုတ်ဘူးဆိုပဲ”
“ဟင် ဒါဆိုရင် ဘယ်လိုသေတာတုံး”
“စစ်ပင်အင်းကြီးထဲမှာ ညက ငါးခိုးဖမ်း
တာတဲ့ဗျာ။ ကွန်လေးနဲ့ သွားပစ်တာဆိုပဲ၊
အဲဒါ အင်းစောင့်သရဲက လည်းပင်ကို
လိမ်ချိုးတာတဲ့ဗျို့”
ကိုဆောင်းအလောင်းက လည်ပင်းကြီး
ကျိုးပြီး မျက်နှာက ကျောကုန်းဘက်ကို
ရောက်နေတာဆိုပဲဗျာ။ ဆိုးလှချည်လား
လို့ တာတေ တွေးမိတယ်ဗျ။ ကိုဆောင်း
ရဲ့ အလောင်းဘေးမှာ ကွန်လေးတစ်ခုနဲ့
ငါးထည့်တဲ့ ပလိုင်းကလေးတစ်လုံး တွေ့
တယ်တဲ့ဗျာ။ ဟင်းစားကလေး ဘာလေး
လောက် ကွန်လာပစ်မိတာ ဒီလောက်ပဲ
လုပ်လိုက်ရသလားလို့ ကျုပ်တွေးပြီး
စိတ်မကောင်းဖြစ်မိတာပေါ့ဗျာ။
တာတေတို့ တည်းတဲ့အိမ်က ဘိုးစံဖူးရဲ့
ညီမအိမ်လေဗျာ။ သူတို့ကတော့ အင်း
မဟုတ်ဘူးဗျ။ လယ်လုပ်စားကြတာ။
ရွာထဲမှာ လယ်လုပ်တဲ့သူက နည်းသား
ကလား။ တော်တော်များများက စစ်
ပင်အင်းကြီးထဲမှာ အခြေခံအင်းသားနဲ့
အင်းကူလီတွေချည်းပဲတဲ့ဗျို့။
အင်းကူလီဆိုတာက အင်းထဲမှာ ငါးဖမ်း၊
ငါးခြောက်ခွဲ၊ ငါးပိလုပ်တဲ့ လုပ်သားတွေ
ပေါ့ဗျာ။ ငါးတွေလည်း ထမ်းရတာပေါ့။
ဘိုးစံဖူးရဲ့ ညီမနာမည်က အရီးမယ်ရွှေ
တဲ့ဗျို့။ ကိုပန်းဦးနဲ့ ကျုပ်ကို တွေ့တာနဲ့
လွှတ်ခင်တာဗျ။ သူတို့မလည်း အောက်
ပြည်အောက်ရွာသာ ရောက်နေတာဗျ။
အညာကိုတော့ လွမ်းနေတဲ့ပုံပဲ။
ကျုပ်တို့ အညာသားတွေကိုတွေ့တော့
အရီးမယ်ရွှေခမျာ ပျော်လိုက်တာလေ။
ကိုပန်းဦးနဲ့ ကျုပ်ကိုလည်း ပန်းဦးနဲ့ တာ
တေ ဆိုပြီး ပါးစပ်က မချတော့ဘူးဗျို့။
အရီးမယ်ရွှေရဲ့ ယောင်္ကျားကြီးကလည်း
လွှတ်သဘောကောင်းတဲ့လူကြီးဗျ။
ညနေစောင်းရင် ကဇော်ကလေးမူးပြီး
အေးအေးဆေးဆေးနေတော့တာဗျ။
နာမည်က ဦးမိုးသီတဲ့။ သျှောင်ထုံး
ကြီးနဲ့ဗျ။ ကိုပန်းဦးနဲ့ ကျုပ်ကိုရော၊
သူ့ယောက်ဖ ဘိုးစံဖူးကိုရော ဂရု
စိုက်လိုက်တာ လိုလေသေးမရှိ
အောင်ပါပဲဗျာ
“တာတေရေ၊ မင်းတို့ရောက်တဲ့နေ့မှာမှ
တိုက်တိုက်ဆိုက်ဆိုက်ကွာ၊ ဒီသရဲက
လူသတ်ရတယ်လို့၊ အင်းသရဲတဲ့၊ ဘာ
အင်းသရဲလဲ၊ မိုးသီးနဲ့ တွေ့လိုက်စမ်း
ချင်တယ်ကွာ၊ အင်းသရဲ နှင်းခဲ ဖြစ်
သွားမယ် ဟင်း”
အရီးမယ်ရွှေရဲ့ယောင်္ကျား ဦးမိုးသီးက
ညနေစောင်းကဇော်ကလေး မူးလာတော့
မူးမူးနဲ့ အင်းသရဲကို ကြိမ်းနေတာဗျ။
“ကိုမိုးသီး တော် ဒီလောက်သတ္တိရှိနေရင်
ဒီည အင်းထဲမှာ ကုန်သွားပစ်ကြည့်ပါလား”
လို့ အရီးမယ်ရွှေက ငေါ့ပြောတယ်ဗျ။
“ဟ မယ်ရွှေရ၊ ငါ ဘယ်တုန်းက အကုသိုလ်
အလုပ်တွေ လုပ်ဖူးလို့တုံး၊ နင် သိပါတယ်
မယ်ရွှေရာ၊ အပိုတွေ ပြောမနေပါနဲ့ ”
ဦးမိုးသီးက ကြောက်တာကို ကြောက်
တယ်လို့မပြောဘဲ ဝေ့ဝိုက်ပြောနေတာဗျ။
သူ့ယောက်ဖဘိုးစံဖူးကလည်း ဦးမိုးသီး
ပြောတာကို အသာကြိတ်ပြီး ရယ်နေ
တာဗျို့။ ဒီတော့ ကိုပန်းဦးက သူ့ဦး
လေးတော် ဦးမိုးသီးကို မေးတယ်ဗျ။
“ဦးလေး ဒီအင်းသရဲဆိုတဲ့ဟာကြီးက
ဦးလေးတို့ရွာမှာ အခုလိုပဲ လူတွေ
သတ်နေကျလားဗျ”
“ဟာ မဟုတ်ပါဘူး တူကြီးရာ၊ တစ်ခါမှ
မသတ်ဖူးပါဘူးကွာ၊ ရေနဲ့ပက်တာတို့
အသံပေးတာတို့ ရေကို ‘ဝုန်း ဝုန်း’
ဝုန်း ဝုန်း’လုပ်တာတို့လောက်ပဲ ရှိတာ
ပါ။ အဲဒီလောက် ခြောက်လိုက်လှန့်လိုက်
တယ်ဆိုရင်ပဲ ငါးခိုးတဲ့သူတွေက ပြေး
ကြတာပါပဲကွာ၊ ဒီတစ်ခါက လည်ပင်း
လိမ်ချိုးပြီး သတ်ပစ်တာကွာ၊ သရဲ
သတ်တာကော ဟုတ်ရဲ့လားကွာ၊
အင်းသူကြီး မွေးထားတဲ့ လူမိုက်တွေ
များ သတ်လိုက်တာလား”
“နို့ ကိုဆောင်းကို တစ်ရွာလုံးက
ခင်ကြတယ်ဆို”
လို့ ကျုပ်က ဝင်ပြီး ထောက်ပြတယ်ဗျ။
“အေးကွ မောင်တာတေရ၊ မင်းက
အင်မတန်အတွေးအခေါ်ကောင်းတဲ့
လူငယ်ပဲ၊ ဟုတ်ပါ့ကွာ၊ အင်းသူကြီး
မွေးထားတဲ့ လူမိုက် ဆိုတာကလည်း
တခြားကမှ မဟုတ်တာ၊ ဒီရွာသားတွေ
ပဲလေ၊ အားလုံး ငဆောင်းနဲ့ ရင်းနှီးတဲ့
ကောင်တွေပါပဲကွာ၊ ဒီကောင်တွေက
တော့ ငဆောင်းကို သတ်မှာမဟုတ်
ပါဘူးကြာ”
“ဒါဆိုရင်တော့ သရဲသတ်တာပဲ ဖြစ်မှာ
ပေါ့ ဦးလေးမိုးသီးရဲ့”
ကိုပန်းဦးက ဝင်ပြောတော့ ဦးမိုးသီး
တွေပြီးစဉ်းစားနေတယ်ဗျ။ ခဏနေ
တော့မှ…
“ဟုတ်လောက်တယ်ကွ၊ ပန်းဦးနဲ့ တာ
တေရ၊ လွန်ခဲ့တဲ့ သုံးညလောက်က ရွာ
အရှေ့ပိုင်းက စံမြတို့ညီအစ်ကို စစ်ပင်
အင်းမှာ ညဘက်သွားပြီး ငါးခိုးဖမ်းကြ
တယ်တဲ့ကွာ၊ အရပ်ကြီး ဆယ့်ငါးပေ
လောက်ရှိတဲ့ မည်းမည်းအကောင်ကြီး
တစ်ကောင် အင်းရေပြင်ပေါ်မှာ ပြေး
လာတာတွေ့လို့ ဟိုညီအစ်ကို နှစ်
ယောက် စွတ်ပြေးတာ အိမ်ရောက်
တော့ မနည်းကို နှာနှပ်ယူရတာ
ဆိုပဲကြ”
“ဟာ ကိုဆောင်းကို သတ်တာလည်း
အဲဒီကောင်ကြီးပဲ ဖြစ်မှာပေါ့ ဦးလေး
မိုးသီးရဲ့”
ကျုပ်က ဦးမိုးသီးကို ထောက်ပြလိုက်တယ်။
“အေးကွ၊ တာတေပြောတာ ဟုတ်နိုင်တယ်၊
အရပ်အရှည်ကြီးတဲ့ဗျာ၊ရေပေါ်မှာကို
ပြေးနိုင်တာဆိုပဲ”
“အဲဒါ ဦးလေးမိုးသီးတို့ပြောတဲ့ အင်းသရဲ
ဆိုတဲ့ အကောင်ကြီးဖြစ်မှာပေါ့ဗျ”
ကျုပ်ပြောလိုက်ပြီးတဲ့နောက် အားလုံး
ငြိမ်နေကြတယ်။ ပြီးမှ အရီးမယ်ရွှေက
ပြောတယ်။
“ဒီအင်းကြီးထဲမှာ ဘယ်သူမှ ငါးခိုးဝံ့
တော့မှာ မဟုတ်ပါဘူးလေ”
ကျုပ်တို့အားလုံး ငြိမ်ပြီး တွေးနေကြ
တယ်။ အဲဒီညက ကျုပ်တို့သုံးယောက်
ခရီးကလည်း ပန်းလာတော့ အိပ်လိုက်
ကြတာ မနက် နေတော်တော်မြင့်မှကို
နိုးတော့တာဗျ။
“နိုးပြီလားကွ၊ ပန်းဦးတို့ တာတေတို့”
ဦးမိုးသီးရဲ့အသံကို ကျုပ်ကြားလိုက်
တော့တာပဲ။ ကျုပ်တို့အိပ်ခန်းထဲမှာ
နေတောင်ထိုးနေပြီ။ ကိုပန်းဦးနဲ့ ကျုပ်
အိပ်ရာက ကပျာကယာ ထလိုက်ကြ
တယ်။ ကျုပ်တို့အညာမှာ အညာနွား
ရော၊ အညာသားရော ဝေလီဝေလင်း
အိပ်ရာထကြရတာဗျ။
အခုလိုသာ အိပ်နေရင် ကျုပ်အဘက
အားကြီးစိတ်ဆိုးတာ။ ကျုပ်ကို ခြေ
ထောက်နဲ့ကန်ပြီး နှိုးမှာ သေချာတာ
ပေါ့ဗျာ။ ကိုပန်းဦးနဲ့ ကျုပ်နဲ့ မနေ့ည
က ကျန်တဲ့ ကြက်သားဟင်းနဲ့ ထ
မင်းစားကြတယ်။ ထမင်းကြမ်း စား
နေတုန်းမှာ ဘိုးစံဖူးက ပြောတယ်ဗျ။
“မင်းတို့ကို စားရင်းသောက်ရင်းပဲ
ပြောရတော့မှာပဲကွာ၊ ညက ဒီရွာမှာ
လူတစ်ယောက်ထပ်ပြီး သေသွားသတဲ့”
“ဗျာ”
ကိုပန်းဦးရော ကျုပ်ရော အံ့သြ
သွားကြတာပေါ့ဗျာ။
“ဟာ ဟုတ်လား ဘိုးစံဖူး၊ အင်းနဲ့
ပတ်သက်တာလား”
ကျုပ်က ကျုပ်ဗီဇအတိုင်း စပ်စု
ကြည့်တာပေါ့ဗျာ။
“ပတ်သက်ပါပြီလား မောင်တာတေရယ်၊
ညက သေသွားတာ အင်းသူကြီး ဦးလှအေး
ကိုယ်တိုင်ပဲကွ”
“ဗျာ အင်းသူကြီး သေသွားတယ် ဟုတ်
လား ဦးလေးမိုးသီး”
ကိုပန်းဦးကလည်း အံ့သြပြီး မေးတာဗျ။
“ဘယ်လိုတွေများ ဖြစ်တာတုံးဗျာ”
ကျုပ်ကလည်း အံ့သြပြီး မေးတာပေါ့ဗျာ။
“ဒီလိုတဲ့ မောင်တာတေရေ၊ မနေ့က
ညက ငဆောင်းကို လည်လိမ်ချိုးပြီး
သတ်ပစ်လိုက်တာ အင်းသူကြီးမွေး
ထားတဲ့ အင်းစောင့်သရဲတဲ့ဟေ့၊ အင်း
သူကြီးက မွေးထားတဲ့ အင်းစောင့်ကို
တော်တော်စိတ်ဆိုးသတဲ့၊ သူမွေးတုန်း
က ငါးခိုးတဲ့လူတွေကို ကြောက်အောင်
လန့်အောင်လောက်ပဲ လုပ်ခိုင်းတာ
ဆိုပဲ။ အခုလို သတ်ပစ်တော့ အင်း
သူကြီး ဦးလှအေးက စိတ်ဆိုးပြီး
မနေ့က ညက သူမွေးထားတဲ့ အ
စောင့်သရဲကိုခေါ်ပြီး ဆူပူကြိမ်းမောင်း
သတဲ့ဗျာ။ ဒါပေမဲ့ အစောင့်သရဲက
လုံးဝအရိုင်းစိတ်ဝင်ပြီး အင်းသူကြီး
ကိုပါ လည်ပင်းလိမ်ချိုးပြီး သတ်
လိုက်ရောတဲ့ဟေ့”
“ဟာ ဖြစ်မှဖြစ်ရလေဗျာ၊ အင်းသူကြီးရဲ့
မိသားစု တော်တော်ကို ကြောက်ကြမှာပဲ”
ကိုပန်းဦးက ပြောတော့ အရီးမယ်ရွှေက
“အင်းသူကြီးသေတာ ငဆောင်းသေပုံနဲ့
တစ်ပုံစံတည်းပဲတဲ့ဟေ့၊ မျက်နှာကြီးက
နောက်ကျောဘက်ရောက်နေတာဆိုပဲ၊
လည်ပင်းကို လိမ်ပြီးချိုးလိုက်တာတဲ့”
“အခု သူ့မိသားစုကို ရွာသားတွေ
သွားပြီးစောင့်ရှောက်ကြရမှာပေါ့”
ကျုပ်ကလည်း ကျုပ်ထင်တာကို
မေးလိုက်မိတယ်ဗျ။
“မောင်တာတေရေ ကိုလှအေးရဲ့
မိသားစုကို ဘယ်သူမှ စောင့်ရှောက်ဖို့
မလိုတော့ဘူးကွဲ့”
အရီးမယ်ရွှေ ပြောလိုက်တော့ ကျုပ်
အံ့သြသွားတယ်ဗျာ။ ဘာကိုပြောချင်မှန်း
ကျုပ် တကယ်မသိတာဗျ။
“ဟင် ဘာဖြစ်လို့တုံးဗျ အရီးရဲ့”
“အဲဒီအင်းစောင့်သရဲဆိုတဲ့ လှအေး မွေး
ထားတဲ့ သရဲက လှအေးကို သတ်ပြီးတာ
နဲ့ အင်းထဲမှာ ဆောက်ထားတဲ့ သူတို့အိမ်
ကြီးကို တွန်းပြီးနှဲ့တော့တာတဲ့ဟဲ့၊ အိမ်
ကြီးဆိုတာ သစ်ပင်ယိမ်းသလိုကို ယိမ်း
နေတာတဲ့ဟေ့၊ လှအေးမိသားစုလည်း
လှအေးအလောင်းကြီးကို ဒီအတိုင်းထား
ပြီး ထွက်ပြေးရတာဆိုပဲ”
“ဟာ ဒါဆို ညကတည်းက ရွာထဲရောက်
နေကြတာပေါ့ ဟုတ်လား အရီး”
“အေး ဟုတ်တယ်ဟေ့ ပန်းဦးရေ၊
ဒီရွာအရှေ့ပိုင်းမှာ စစ်ပင်အင်း သူကြီး
လှအေးရဲ့ အိမ်ကြီးရှိတယ်လေ၊နည်း
တဲ့အိမ်ကြီးမဟုတ်ပါဘူးဟယ်၊ ပိုက်
ဆံရှိတော့လည်း ဆောက်နိုင်တာပေါ့
လေ၊ အင်း အခုတော့ စစ်ပင်အင်းသူ
ကြီးခမျာ အိမ်ကြီးကို ထားခဲ့ရပြီပေါ့လေ”
“နေပါဦး အရီးရဲ့၊ အင်းသူကြီးရဲ့ အ
လောင်းကြီးကို အင်းထဲမှာ ခုထိ ဒီ
အတိုင်း ထားတုန်းပဲလား”
ကိုပန်းဦးကလည်း သူသိချင်တာကို
မေးသဗျ။
“ကြံကြံဖန်ဖန် မောင်ပန်ဦးရာ၊ မနက်မိုး
လင်းတာနဲ့ မြို့က ရဲစခန်းကို အကြောင်း
ကြားပြီး ရဲတွေကို ခေါ်ရတာပေါ့ကွာ၊
မနက်ဝေလီဝေလင်းမှာ မြို့က ရဲတွေ
ရောက်လာပြီး အင်းသူကြီးရဲ့တဲကြီးကို
သွားကြတာပေါ့။ ဟိုရောက်တော့
အင်းသူကြီးရဲ့အလောင်းကို သရဲက
စားပစ်ထားတာတဲ့ဟေ့၊ အသားတောင်
သိပ်မကျန်တော့ဘူးဆိုပဲ”
“ဗျာ စားထားတယ် ဟုတ်လား
ဦးလေးမိုးသီး”
“အေး ဟုတ်ပါတယ်ဆိုကွာ
အဲဒီအရိုးစုသာသာရှိတဲ့ အလောင်းကို
ဒီမှာပဲ စစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုခဲ့လို့
ဒီနေ့လယ်မှာ အင်းသူကြီးလှအေးရဲ့
အသုဘကို သင်္ဂြိုဟ်ကြလိမ့်မယ်”
တော်တော်ကို ရိုင်းစိုင်းသွားတဲ့ အင်းသရဲ
ပါလားလို့ ကျုပ်တွေးလိုက်မိတယ်။ အိမ်
ကို ညကလှုပ်တာ သစ်ပင်တစ်ပင်လိုကို
ရမ်းခါနေတာဆိုပဲ။ ဒီတော့လည်း အင်း
သူကြီး မိသားစုက ညတွင်းချင်း ရွာကို
ပြန်ပြေးကြရတော့တာပေါ့ဗျာ။
ဒီသတင်းတွေ ကြားရတော့ ကျုပ်တော်
တော်ကို အံ့သြသွားမိတာဗျ။ဒါပေမဲ့
ကျုပ်က ဒီရွာမှာဧည့်သည်လေဗျာ။ဒီကိစ္စ
တွေကို ကျုပ်က ဘာလုပ်ပေးလို့ ရမှာတုံး။
ဒါပေမဲ့ ကျုပ်အတွေ့အကြုံအရ သိတာ
တစ်ခုတော့ရှိတယ်။ ဒီအင်းစောင့်သရဲကြီး
ဟာ ဒါလောက်နဲ့ရပ်သွားမှာ မဟုတ်ဘူး
ဆိုတာကိုပေါ့ဗျာ။
ကျုပ်ထင်တဲ့အတိုင်းပါပဲဗျာ။ ညနေနွားရိုင်း
သွင်းချိန်မှာ အင်းစောင့်ကြီးက ရေပေါ်
မှာ လျှောက်ပြေးနေတာကို ရွာသားတွေ
တွေ့ကြတယ်တဲ့။ ပြီးတော့ ငါးတွေကို
အစိမ်းလိုက် စားနေတာကို တွေ့တဲ့သူ
က တွေ့လို့တဲ့ဗျို့။ အင်းသူကြီးလည်း
သေပြီ။ အင်းသူကြီးမိသားစုလည်း ထွက်
ပြေးကြရပြီ။ ငါးခိုးဖမ်းဖို့ နေနေသာသာ
အင်းပိုင်ရှင်တွေတောင် ထွက်ပြေးနေ
ကွရတာ။

ချက်ချင်းကိုပဲ စစ်ပင်အင်းကြီးဟာ
ခြောက်သွေ့သွားတာပေါ့ဗျာ။ ရေတွေ
ပြည့်နေတဲ့ အင်းကြီးက ကျုပ်မျက်စိထဲ
မှာ အတော်ကို ပနံရတာဗျ။ အင်းရေပြင်
ပေါ်မှာ ငါးဖမ်းတဲ့ တံငါလှေကလေးတွေ
ကို ငေးပြီးကြည့်ရတာကိုက အတော်လှ
တာကလား။ အခုတော့ စစ်ပင်အင်းကြီး
က မလှတော့ဘူးပေါ့ဗျာ။
အင်းရေပြင်ကိုဖြတ်ပြီး ရေပေါ်မှာ ပြေး
သွားနေတဲ့ မည်းမည်းအရိပ်ကြီးတစ်ခု
ကို မြင်နေရတော့လည်း ဘယ်သူမှ
အင်းကြီးအနားကို မသွားရဲကြတော့
ဘူးပေါ့။ ကျုပ်တို့ စစ်ပင်အင်းရွာကို
ရောက်တော့ တတိယညပေါ့ဗျာ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ညသန်းခေါင်ကျော်လောက်မှာ စစ်ပင်
အင်းတစ်ရွာလုံး ကင်းသံချောင်းတွေ
ခေါက်ကြပါရောလား။
“ဟဲ့ ဘာဖြစ်လို့တုံး”
အရီးမယ်ရွှေလည်း လန့်သွားပြီး မေး
တယ်။ ဦးမိုးသီးက သူ့မိန်းမကို ပြန်
ပြောတယ်။
“ဘာဖြစ်တာလဲဆိုတာ ဘယ်သိမှာလဲ
မယ်ရွှေရာ၊ ငါတို့လည်း နားစွင့်နေတုန်းပဲဟ”
ဒီတုန်းမှာ ရွာထဲက လူငယ်တွေ ရွာလမ်း
ပေါ်ကို ပြေးထွက်လာကြတယ်ဗျ။
“ဟေ့ကောင် ငထွား၊ ဘာဖြစ်တာတုံး”
“မည်းမည်းကြီးဗျ၊ ရွာထဲကို ဝင်လာလို့
ကျုပ်တို့သံချောင်းခေါက်တာ”
“နို့ ဘယ်ဘက်ကို သွားတုံး ငထွားရဲ့”
ရွာအရှေ့ဘက်ကို သွားတာဗျ။ အင်း
သူကြီး ဦးလှအေးတို့ အိမ်ဘက်ကို
သွားတယ်။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟော ပြောနေတုန်းမှာပဲ ရွာရှေ့ပိုင်း
ကင်းတဲက သံချောင်းခေါက်သံတွေ
ထွက်လာတယ်ဗျ။
“ဟော ရွာရှေ့ပိုင်းက သံချောင်းတွေ
ခေါက်ပြီဟေ့”
ဦးမိုးသီးက ပြောတယ်ဗျ။ ဘိုးစံဖူးက
လည်း နားကလေးစွင့်နေတယ်ဗျို့။
“လိုက်ဟေ့၊ လိုက်ဟေ့၊ အင်းသူကြီး
ဝိုင်းထဲဝင်သွားတယ်ဟေ့၊ ဓါတ်မီးထိုး
ကြစမ်း၊ဓါတ်မီးထိုးကြစမ်း”
“ဟာ အိမ်ကြီးကို တွန်းနေပြီထင်တယ်ဟ၊
အိမ်ကြီး ရမ်းခါနေတာပဲဟ၊ တွန်းတယ်
ဟေ့၊တွန်းတယ်ဟ၊ ဟာ အိမ်ထဲက အင်း
သူကြီးမိသားစု ပြေးထွက်လာပြီဟေ့၊
ဟာ အိမ်ကြီးရမ်းခါနေတာဟေ့၊ တော်
တော်ကို ကြောက်စရာကောင်းတာကွ”
ရွာထဲက အသံတွေကို ကျုပ်တို့ အတိုင်း
သား ကြားနေရတာဗျ။
“ဟော အိမ်ကြီးတော့ ငြိမ်သွားပြီဟေ့
မတွန်းတော့ဘူး ထင်တယ်၊ ဟော ဟော
နားထောင်ကြစမ်းဟေ့၊ ဘာသံကြီးတုံး
ဟ၊ ဟာ ခြေသံကြီးဟ၊ ဒါ ခြေသံကြီးပဲ”
“ဘုန်း၊ ဘုန်း၊ ဘုန်း ဘုန်း”
“ပြေးဟေ့၊ ပြေးကြ၊ ရွာထဲကို ဝင်လာတဲ့
ခြေသံကြီးကွ၊ ပြေးကြဟေ့၊ ပြေးကြ”
တစ်ရွာလုံး ပွက်ပွက်ညံနေတော့တာဗျို့။
ဟုတ်ပါ့ဗျာ။ ခြေသံကြီးကို ကျုပ်တို့လည်း
ကြားနေတာဗျ။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း ”
ခြေသံကြီးက ရွာထဲကို ဖြတ်လျှောက်ပြီး
တဖြည်းဖြည်း ဝေးသွားတာဗျို့။ အင်းကြီး
ဆီကို ပြန်သွားတာဖြစ်မယ်ဗျ။ ဟော
လူသံတွေ တဖြည်းဖြည်း တိတ်သွားပြီ
ဗျို့။ စစ်ပင်အင်းရွာသားတွေတော့ ဒုက္ခ
အကြီးအကျယ် တွေ့ကြပြီပေါ့ဗျာ။
အင်းသူကြီးက သူ့အင်းကို ငါးခိုးမဖမ်းရဲ
အောင် ခြောက်ဖို့ လှန့်ဖို့လောက် ရည်
ရွယ်ပြီး မွေးခဲ့တဲ့ အင်းသရဲက သူ့ရဲ့
အကုသိုလ်တွေ များလွန်းတာနဲ့ အရိုင်း
စိတ်တွေ ဝင်လာပြီး လူတွေ သတ်တော့
တာဗျ။ အခုတော့ အသံပျောက်သွား
ပြီ။ ဒါပေမဲ့ ဒီအင်းသရဲကြီးဟာ ဒီအတိုင်း
ငြိမ်သွားမှာတော့ မဟုတ်ဘူး။
ဆက်ပြီးသွားလာနေဦးမှာ သေချာတာ
ပေါ့ဗျာ။ စစ်ပင်အင်းသရဲကြီးက သူ့ကို
ကျွေးမွေးထားတဲ့ အင်းသူကြီးကို သတ်
လိုက်ပြီး အားလုံးကို တော်လှန်လိုက်
တာပေါ့ဗျာ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ညရောက်လို့ ဆယ်နာရီကျော်တာနဲ့
တစ်ပြိုင်နက် စစ်ပင်အင်းရွာက ကင်း
သမားတွေ သံချောင်းခေါက်တော့တာ
ပေါ့ပဲဗျာ။
“အရှေ့ဘက်ကို သွားပြန်ပြီဟေ့၊ ပေ
နှစ်ဆယ်လောက်မြင့်တဲ့ မည်းမည်းကြီးကွ”
ရွာထဲက အော်သံတွေ ညဘက်ရောက်
တာနဲ့ပေါ်လာရောဗျာ၊ ဟာ အင်းသူကြီး
အိမ်ကြီးကို သွားပြီးတွန်းခါနေတော့တာဗျို့။
ငယ်သံပါအောင်အော်တဲ့ အသံတွေ
ကျုပ်တို့တည်းတဲ့ ဦးမိုးသီးနဲ့ အရီးမယ်ရွှေ
တို့အိမ်က အတိုင်းသား ကြားနေရတာဗျို့။
“ဟော ရွာထဲကို ပြန်လှည့်လာပြီဟေ့”
“ဒေါင် ဒေါင် ဒေါင် ဒေါင်”
ကာလသားတွေရဲ့ အော်သံဟစ်သံတွေ
သတိပေးသံတွေကို ကျုပ်တို့ အတိုင်းသား
ကြားနေရတာ တော်တော်တော့ ခြောက်
ခြားဖို့ ကောင်းတာဗျ။
“ဘာကွ၊ အင်းသူကြီးရဲ့သားကို သတ်ပစ်
ခဲ့တယ် ဟုတ်လား”
ရွာထဲက စကားပြောသံကြီးတစ်ခုကို ကျုပ်
ကြားလိုက်ရတယ်။
“နေပါဦး၊ အင်းသူကြီးသားဆိုတော့
အကြီးလား အငယ်လား”
“အကြီးတဲ့ကွ၊ စံအေး ၊ စံအေး သေတာ”
ရွာထဲက စကားပြောသံတွေက အရမ်း
စိုးရိမ် တုန်လှုပ်နေကြတဲ့အသံတွေနဲ့
ပေါ့ဗျာ။ ကျုပ်တို့လည်း အရီးမယ်ရွှေ
တို့အိမ်ထဲကပဲ နားထောင်နေရတာပေါ့
ဗျာ။ ကျုပ်က အညာကလာတဲ့ ဧည့်သည်
လေဗျာ။ ဒီရွာမှာ ကျုပ်တို့ ကိုပန်းဦးတို့ကို
ဘယ်သူမှ သိကြတာ မဟုတ်ဘူး။
သူတို့မှာ ထိတ်လန့်နေကြတဲ့ကြားက
လူစိမ်းသူစိမ်းတွေ့လို့ ပိုပြီးဆိုးနေမှာ
စိုးနေရသေးတာပေါ့ဗျာ။
ဦးလေး ဦးမိုးသီး ရွာထဲကို ထွက်သွားတယ်
ဓါတ်မီးကလေးတစ်လက်နဲ့ ဟိုထိုး သည်
ထိုးနဲ့ သွားတာပေါ့ဗျ။ ထမင်းတစ်အိုးချက်
လောက်ကျတော့ ဦးလေးပြန်ရောက်လာ
တယ်ဗျို့။
“အင်းသရဲဆိုတာ နည်းတဲ့အကောင်ကြီးမှ
မဟုတ်တာ၊ ပေနှစ်ဆယ်လောက်ကို ရှိ
တာတဲ့ကွ၊ အရိပ်ကြီးလို မည်းမည်းကြီး
တဲ့။ တစ်ရွာလုံးကို မြင်ကြရတာ၊ အင်း
သူကြီးလှအေးရဲ့ အိမ်ကြီးကို သွားပြီး
တွန်းနှဲ့နေတာတဲ့ဟေ့၊ အိမ်ထဲက လှ
အေးမိသားစုကတော့ ကြောက်လန့်
ပြီး ငယ်သံပါအောင် အော်ရောတဲ့။
ဒီမှာတင် လှအေးသား အကြီး စံအေး
က ငှက်ကြီးတောင်ဓါးကြီး ဆွဲပြီး ပြေး
ထွက်လာတာတဲ့ဟေ့၊ ပြီးတော့ အဲ
ဒီ မည်းမည်းကြီးကို ဓါးနဲ့ မနားတမ်း
ခုတ်တာတဲ့”
“ထိသွားရောလား ကိုမိုးသီးရဲ့”
အရီးမယ်ရွှေကလည်း အံ့သြပြီး
ဝင်မေးတာဗျ
“မယ်ရွှေရယ် ဟိုက သရဲပါဆိုမှ ဘယ်လာ
ထိမှာတုံး၊ လေကို ခုတ်သလိုနေမှာပေါ့
ဟ၊ နောက်တော့ သရဲက စံအေးကို
လည်လိမ်ချိုးလိုက်ရောတဲ့ဟေ့”
“ဟ ဒါဆိုရင် ငဆောင်း သေသလို
မျက်နှာကြီး ကျောကုန်းဘက် ရောက်
သွားရောလား”
အရီးက အထိတ်တလန့်နဲ့ မေးတာဗျို့။
“ဟုတ်ပါ့ မယ်ရွှေရာ၊ ငါရောက်သွားတော့
စံအေးအလောင်းကို စောင်ကြားကြီးနဲ့
အုပ်ထားသဟ၊ အလောင်းဘေးမှာ
ဘုန်းကြီးကျောင်းနားမှာနေတဲ့ ငသန်း
တို့ညီအစ်ကိုတွေ စောင့်နေတာလေ၊
ငါ့မြင်တော့ ဘိုးသီ ကြည့်မလားဆိုပြီး
စောင်ကြီး လှပ်ပြတာ မယ်ရွှေရေ၊ နင်
စောစောက ပြောသလိုပေါ့ဟာ၊ စံအေး
မျက်နှာကြီးက ကျောကုန်းဘက်ရောက်
ပြီး မှောက်ခုံကြီး သေနေတာဟေ့”
“အောင်မယ်လေး ဘုရား၊ ဘုရား”
အရီးမယ်ရွှေ တော်တော်ကို ကြောက်
သွားတာဗျို့။
“ဟဲ့ နားထောင်စမ်း၊ မယ်ရွှေ ဘာသံ
တွေတုံးဟ”
“စစ်ပင်အင်းရွာသူ ရွာသားများခင်ဗျာ၊
ကျုပ်တို့ရွာမှာ အန္တရာယ် ကျရောက်
နေပြီဖြစ်လို့ တစ်အိမ် တစ်ယောက်
တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်
ပြီး ကိုယ့်အိမ်ရှေ့မှာ ကင်းထွက်စောင့်
ကြရန် သူကြီးမှ နှိုးဆော်လိုက်ပါတယ်။
တကယ်လို့ ရွာထဲကို မကောင်းဆိုးဝါး
များ ဝင်လာပါက အိမ်တိုင်းရှိသမျှ
သံပုံးများကို တီးခေါက်ခြောက်လှန့်
ကြရမည်။စစ်ပင်အင်း ရွာသူကြီး အမိန့်”
ကာလသားတွေ ရွာထဲကို လှည့်ပြီး
လှုံ့ဆော်တာဗျ
“ကဲ ဒါဆို အဘတို့ အရီးတို့ အိပ်ကြ၊
ကျုပ်နဲ့ ကိုပန်းဦး ကင်းထွက်စောင့်မယ်”
ဦးလေးမိုးသီးက ကျုပ်တို့ကို ငှက်ကြီး
တောင်ဓါးတစ်ယောက် တစ်ချောင်းပေး
တယ်။ ပြီးတော့ လေးထောင့်သံစည်
ပုံးတစ်ပုံးလည်း ပေးတယ်။ ကျုပ်ကတော့
ကျုပ်မှာ အဆင်သင့်ပါလာတဲ့ မျက်ကွင်း
ဆေးတောင့်ကို ထုတ်လိုက်တယ်။အရီး
မယ်ရွှေရဲ့ ကျောက်ပျဉ်မှာ မသိမသာ
သွေးပြီး မျက်စိကို ကွင်းထားလိုက်တယ်
ဗျ။ အရီးမယ်ရွှေဝိုင်းထဲမှာ ဖျာကလေး
တစ်ချပ်ခင်းပြီး ကျုပ်နဲ့ ကိုပန်းဦး ကင်း
စောင့်ကြတာပေါ့ဗျာ။
အရီးမယ်ရွှေက ကျုပ်တို့စားဖို့ လက်
ဖက်သုတ်နဲ့ ရေနွေးကြမ်း ချပေးပါတယ်။
ညဉ့်နက်လာတော့ လူကြီးတွေ အိပ်ကြ
ပြီပေါ့ဗျာ။ တစ်ရွာလုံးငြိမ်ကျသွားတာဗျို့။
အင်း တော်တော်တော့ စိတ်မကောင်း
စရာပါပဲဗျာ။
နှစ်ညအတွင်းမှာ လူသုံးယောက် အသေ
ဆိုးနဲ့ သေခဲ့ရတာ။ ပြီးတော့ တစ်ရွာလုံး
တုန်လှုပ်ချောက်ချားသွားရတာ။ စစ်ပင်
အင်းကြီးက ရွာရဲ့အနောက်ဘက်မှာ
ရှိတာဗျ။ အင်းဘောင်ပေါ်ကနေ မြောက်
ဘက်ကိုကြည့်ရင် ပဲခူးရိုးမကြီးကို လှမ်း
မြင်နေရတာဗျ။
ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင် ”
ဟော ခေါက်ပြီဗျို့၊ ရွာအနောက်ဘက်
ကင်းကစပြီး ခေါက်တာဗျ။ အင်းကြီး
ရှိတဲ့ဘက်ပေါ့ဗျာ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟာ တခြားကင်းတဲတွေကပါ လိုက်ခေါက်
ပြီဗျို့။ တစ်ရွာလုံးသံချောင်းသံတွေ ဆူညံ
သွားတော့တာပေါ့ဗျာ။ လူသံတွေ ကြား
ရပြန်ပြီဗျို့။
“ရွာလယ်လမ်းအတိုင်း ဝင်လာလေရဲ့ဗျို့”
အရီးမယ်ရွှေတို့က ရွာလယ်လမ်းမှာနေ
တာလေဗျာ။ ကျုပ်ခြံစည်းရိုးနားကို
ပြေးကပ်လိုက်တယ်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း”
ဟာ ခြေသံကြီး ကြားနေရပါရောလား။
လာပြီဗျို့။ ကျုပ်တို့ဘက်ကို လာနေတာဗျ။
ဟော နီးလာပြီဗျို့။ ကျုပ် ခြံစည်းရိုးမှာ ကပ်
ပြီး အပေါက်ကနေအပြင်ကို ကြည့်နေ
တာဗျ။ ကိုပန်းဦးက ကျုပ်နောက်မှာကပ်
ပြီး ဓါးကိုကျစ်ကျစ်ပါအောင် ဆုပ်ထား
လို့ဗျ။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟာ လာပြီဗျို့။ လာပြီ။ အောင်မလေး
နည်းတဲ့အကောင်ကြီးမှ မဟုတ်တာ၊
ဟုတ်တာပေါ့ဗျာ၊ ရွာသားတွေ ပြော
သလိုပဲ ပေနှစ်ဆယ်လောက်ရှိမယ်။
တစ်ကိုယ်လုံးမှာ အမွေးမည်းမည်း
ကြီးတွေ ဖုံးနေတာဗျို့။ အောင်မ
လေး မျက်လုံးကြီးနှစ်လုံးက ရဲရဲ
တောက်နေတာပဲဗျာ။
တစ်လုံး တစ်လုံးကို ဟင်းရည်သောက်ပန်း
ကန်ကြီးလောက် ရှိတာဗျ။ ခေါင်းကြီးက ခွဲ
တောင်းကြီးလောက် ရှိမယ်ဗျို့။ ဘုရား
ဘုရား တာတေလို နာနာဘာဝမျိုးစုံမြင်ဖူး
တဲ့ကောင်တောင် ဘုရားတ,နေရတာဗျာ။
ဒီလောက်ကြီးမားပြီး ကြမ်းတမ်းတဲ့ သရဲ
သဘက်ကြီးကို အခုလို အနီးကပ် တစ်
ခါမှ မြင်ဖူးတာ မဟုတ်ဘူးဗျ။
“ဘုတ် ဘုတ် ဘုတ် ဘုတ်”
သွားပြန်ပြီဗျို့။ ရွာအရှေ့ဘက်ကို အင်း
သူကြီးအိမ်ကြီးကိုပဲ သွားတာဖြစ်မယ်ဗျ။
ကြည့်ရတာတော့ အင်းသူကြီးမိသားစုကို
အကုန်လုံး သတ်ပစ်မလို့နဲ့ တူတယ်ဗျ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဘုန်း၊ ဘုန်း၊
ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း”
ဟော ရွာထဲက သံပုံးတီးတဲ့အသံတွေ
ထွက်လာပြီဗျို့။ ကိုပန်းဦး ကျုပ်တို့လည်း
တီးကြရအောင်ဗျာ။
“ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း”
ကျုပ်တို့လည်း သံပုံးတွေ တီးရတာပေါ့ဗျာ။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟော အိမ်ပေါ်က အရီးမယ်ရွှေလည်း
နိုးလာပြီး သံပုံးတီးနေတယ်ဗျ။
“အီး၊ အား၊ ဝူး ၊ အီး”
ဟာ ဘာသံကြီးလဲဗျာ၊ နားကွဲထွက်မတတ်
ကို ကျယ်တာဗျို့။ အသံနက်ကြီးဗျာ၊ ဘယ်
လိုပြောရမှန်းကိုမသိတဲ့ အသံကြီးဗျာ။
“ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း”
သံပုံးတီးသံတွေကလည်း အဆက်မပြတ်
ကို ထွက်နေတာဗျို့။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟော အင်းသရဲကြီး လှည့်ပြန်သွားပြီဗျို့။
ကျုပ်တို့အိမ်ရှေ့ကဖြတ်ပြီး သွားပြီ။
“ပဲ၊ ပဲ၊ ဟဲ၊ ဟဲ”
ဟာ ဆိတ်အော်သံပါလား။ ဆိတ်ကလေး
တစ်ကောင် မချိမဆန့် အော်လိုက်တဲ့အသံ
ဗျ။ ကျုပ်တို့လည်း သံပုံးကို အဆက်မပြတ်
တီးရင်း နားစွင့်နေရတာပေါ့ဗျာ။ ခဏနေ
တော့ လူသံတွေ ကြွက်စီကြွက်စီနဲ့ ကြား
လာရပြီဗျာ။ လူတွေ ရွာထဲကို ထွက်လာပုံပဲ။
“အော်သံကြီး ကြားလိုက်လားဟေ့”
“ကြားတာပေါ့ ကိုတုတ်ရဲ့၊ ဘယ်လို
အသံမှန်းကို မသိပါဘူးဗျာ၊ ကျုပ်ဖြင့်
ကြက်သီးတွေ တဖြန်းဖြန်းထသွားတာ”
“ဟာ လေးလေးကိုစိန်က ကြက်သီးထရုံ
ထတာဗျ။ ကင်းစောင့်နေတဲ့ ငထွားရဲ့
ညီ အောင်ဘုဆိုရင် သေးတွေတောင်
ထွက်ကျကုန်တာဗျ”
“ဟေ့ ဒါထက် နေပါဦးကွ၊ စောစောက
ဆိတ်အော်သံ ကြားလိုက်ပါတယ်
ဘာဖြစ်တာတုံး”
“ဖိုးတောရဲ့ ဆိတ်လေ၊ သူ့မိန်းမ နို့မထွက်
လို့ဆိုပြီး မနေ့ကမှ ဆိတ်တစ်ကောင် သွား
ဝယ်လာတာ၊ အိမ်ရှေ့က ကနဖျင်းတိုင်းမှာ
ဆိတ်ကလေး ချည်ထားတာ၊ အင်းသရဲကြီး
က ဆောင့်ဆွဲလို့ ပါသွားတာတဲ့ဗျာ၊ ဆိတ်
ချည်ထားတဲ့ ကနဖျင်းလည်း ပြိုကျသွား
တယ်လေ”
“ဟာ ဆိတ်ပါသွားတယ် ဟုတ်လား၊
အင်း ဒီအတိုင်းဆိုရင်တော့ တော်တော်
ကို စိုးရိမ်စရာ ဖြစ်နေပြီဟေ့၊ ငါတို့ရွာ
တော့ ပျက်သွားမှာတောင် စိုးရိမ်နေရ
တယ်”
ကျုပ်နဲ့ ကိုပန်းဦးက ကျုပ်ပါလာတဲ့
နဂါးဆေးပေါ့လိပ်ကလေးကို သောက်ရင်း
ငြိမ်ပြီး နားထောင်နေကြတာပေါ့ဗျာ။
“ရဲစခန်းတော့ သွားပြီးအကြောင်းကြား
နေတယ်ဗျ”
“မင်းရဲကရော သရဲကို နိုင်မှာတဲ့လား
စံအိပ်ရဲ့”
“ဟာ ကိုစိန်ကလည်း ရဲက သရဲကို မနိုင်
မှန်းတော့ သိတာပေါ့ဗျ၊ ဒါပေမဲ့ စံအေး
သေတဲ့ကိစ္စက ရှိသေးတာကိုးဗျ”
“သြော် ဟုတ်သားပဲ၊ အင်း အင်း၊ ဟုတ်
တယ်၊ ဟုတ်တယ်”
ရွာသားတွေလည်း ပြန်ပြီးမအိပ်ကြတော့ပါ
ဘူးဗျာ၊ မနက်သုံးနာရီလောက်ကျတော့
ရွာထဲကို ရဲသားတွေ ဝင်လာတာဗျ။ ရာဇ
ဝတ်အုပ်တစ်ယောက်လည်း ပါလာတယ်
အင်းသူကြီးအိမ်ကို တန်းသွားတာပေါ့ဗျာ။
အဖြစ်အပျက်ကို သေသေချာချာမေးပြီး
စံအေးအလောင်းကို မြို့သယ်သွားတယ်။
ပြီးတော့ အင်းသူကြီး မိသားစုကိုလည်း
မြို့ကို ချက်ချင်းပြောင်းခိုင်းလို့ ညတွင်း
ချင်းပဲ ပြောင်းသွားကြရတယ် ဆိုတာ
တွေကိုတော့ မနက်မိုးလင်းမှ ကျုပ်တို့
သိရတာပေါ့ဗျာ။
စံအေးအလောင်းကိုလည်း ဆေးရုံမှာ
စစ်ဆေးပြီးရင် မြို့မှာပဲ သင်္ဂြိုဟ်မှာတဲ့ဗျ။
အင်းသူကြီးမိသားစုက မြို့မှာလည်း အိမ်
ဝယ်ထားကြတာဆိုတော့ မြို့ကို ချက်ချင်း
တက်သွားကြတာပေါ့လေ။ ဒါပေမဲ့ သူတို့
အဖေ အင်းသူကြီးလုပ်ခဲ့တဲ့ အင်းသရဲ
ကိစ္စကိုတော့ စစ်ပင်အင်းရွာသားတွေ
ဆက်ပြီးရှင်းရတော့မှာပေါ့လေ။
စစ်ပင်အင်းသူကြီးက ဦးထောင်တဲ့ဗျ
ကရင်လူမျိုးပဲ။ တော်တော်ကို ရိုးသား
မယ့် ပုံပါဗျာ။ သူကြီးဦးဆောင်ပြီး ဆရာ
ရှာသွားကြတယ်။ နေ့လယ်လောက်
ရောက်တော့ သျှောင်ထုံးကြီး ထုံး
ထားတဲ့ နှုတ်ခမ်းမွေးကားနဲ့ ဆရာကြီး
တစ်ယောက် ပါလာသဗျ။ ကျုပ်တို့
အိမ်ရှေ့ကနေ ဖြတ်ကျော်သွားတာ
ဆိုတော့ ကျုပ် သိလိုက်တာပေါ့ဗျာ။
ရွာထဲမှာ လုပ်ကိုင်နေတာတွေကို
ဦးမိုးသီးရဲ့မိတ်ဆွေဦးဘတူ ဆိုတဲ့
လူကြီးက ဦးမိုးသီးကို လာပြောတာ
ဗျ။ ဦးလေးဦးမိုးသီးကိုယ်တိုင်လည်း
ရွာထဲကိုသွားပြီး မေးမြန်းတာလည်း
ပါတာပေါ့ဗျာလေ။ ညနေ နေဝင်
ရီတရောမှာ သူကြီး ဦးဆောင်ပြီး
ရွာသားတစ်ချို့ ကြက်ကောင်လုံး
ကြော်တွေ၊ ထမင်းတွေနဲ့ ငါးကြော်
တွေပါ ယူပြီး အင်းကြီးထဲကို သွား
ကြတယ်။
စစ်ပင်အင်းသူကြီး ပင့်လာတဲ့ ဆရာ
ကြီးက အင်းသရဲကြီးကိုခေါ်ပြီး သေ
သေချာချာ ကျွေးမွေးတယ်။ ပြီးတော့
အင်းသူကြီးလည်း မရှိတော့တဲ့အ
ကြောင်း၊ သူ့မိသားစုလည်း ဒီရွာမှာ
မရှိတော့တဲ့အကြောင်းတွေကို အင်း
သရဲကို ပြောပြပြီး သွားလိုရာကို
သွားနိုင်ပြီဖြစ်တဲ့အကြောင်းကို
ပြောသတဲ့။
တင်မြှောက်ထားတဲ့ ကြက်တွေ၊ ငါးကြော်
တွေ၊ ထမင်းတွေ ဟာ မျက်စိအောက်မှာ
တင် ပျောက်သွားတာဆိုပဲ။
အဲဒီအင်းသရဲကျွေးတဲ့ လူစုထဲမှာ ဦး
ဘတူပါ ပါသွားတော့ ဦးဘတူ လာပြော
လို့ ကျုပ်တို့ သိရတာပေါ့ဗျာ။
“မိုးသီးရေ တော်တော်တော့ ကြောက်
စရာကောင်းသားဟေ့၊ ငါ့နားထဲမှာ ကြက်
ကြော်တွေ၊ ငါးကြော်တွေ ဝါးစားနေတဲ့
အသံကြီးကို ကြားနေရတယ်လို့ကို ထင်
တာကွ၊ အေး အားလုံးလည်း စားလို့
ကုန်သွားရော ဆရာကြီးက အင်းသရဲကို
ပြောတယ်ကွ၊ ရွာထဲမှာလည်း လူတွေ
အားလုံး ထိတ်လန့်ကုန်တဲ့အကြောင်း၊
လူသုံးယောက်လည်း သေသွားပြီဖြစ်
တဲ့အကြောင်း၊ နောက်နောင်ကို ဒီလို
မလုပ်ဖို့နဲ့ သူ့ကို မွေးထားတဲ့ အင်းသူ
ကြီး လှအေးလည်း သေသွားပြီဖြစ်လို့
ဒီအင်းကြီးကို စောင့်စရာမလိုတော့တဲ့
အကြောင်း၊ သွားလိုရာ သွားပေတော့
လို့ ဆရာကြီးက သွားခိုင်းရောဟေ့။

ဒီမှာတင် အင်းရေပြင်ထဲက ဝုန်းဆို အ
သံကြီး မြည်သွားပြီး အင်းသူကြီးလှအေး
ရဲ့ အင်းတဲကြီး ကိုင်လှုပ်တော့တာပဲကွာ။
တဲကြီးဆိုတာ သွက်သွက်ကိုခါနေတာဟေ့၊
ပြိုကျတော့မလိုကို ဖြစ်တော့တာကွ၊ သျှောင်
ကြီးဗွေဆရာက နောက်လှည့်ကြည့်ပြီး ပြေး
ကြတော့၊ မရတော့ဘူးလို့ အော်လိုက်တော့
သူကြီးရော၊ ငါတို့ရော ဘာပြောကောင်း
မလဲ တဲပေါ်က ဆင်းပြေးပြီး ရွာထဲရောက်
တဲ့အထိ မနားတမ်း ပြေးကြတာဟေ့”
“ဟာ ဒါဆိုရင် ကိုဘတူရဲ့၊ အဲဒီဆရာကြီး
ကျန်ခဲ့ရောလား”
“ဘယ်ကျန်လိမ့်မတုံး မိုးသီးရာ၊ သူက
ရှေ့ဆုံး ပြေးတာဟေ့”
“ဟား ဟား ဟား ဟား ”
ဘိုးစံဖူးရော၊ အရီးမယ်ရွှေရော၊ ကျုပ်တို့
ရောပေါ့ဗျာ။ ရယ်လိုက်ကြရတာ မပြော
ပါနဲ့တော့ဗျာ။ ဦးဘတူလည်း ခေါင်းကြီး
အောက်စိုက်ပြီး တွေးနေတယ်ဗျို့။ သူ
တို့ရွာသားတွေလည်း အကြံအိုက်ကုန်
ပြီပေါ့ဗျာ။ ဘာလုပ်လို့ လုပ်ရမှန်းကို
မသိတာဗျ။
ညမိုးချုပ်သွားမှာကို အရမ်းကြောက်နေကြ
တာ။ တစ်ချို့ဆိုရင် ဒီရွာက ပြောင်းရွှေ့သွား
ဖို့တောင် တွေးနေကြပြီလို့ ပြောတယ်။
“ကဲ မိုးသီးနဲ့ ကိုဘတူ မင်းတို့နှစ်ယောက်
သူကြီးဆီ သွားကြကွာ၊ ဟောဒီက ငါ့တူ
တာတေက အဲဒီကိစ္စတွေ ကျွမ်းကျင်တယ်
လို့ သွားပြောကွာ၊ ကဲ တာတေရေ ရောက်
တုံးရောက်ခိုက် ကူညီလိုက်ပါ လူလေးရာ”
ဘိုးစံဖူးက ရုတ်တရက်ကြီး ပြောလိုက်တော့
ကျုပ်တောင် ကြောင်သွားတာဗျ။
“ဟာ ဟုတ်လား ၊ ကိုကြီးစံဖူး ၊
စောစောက ပြောကြရောပေါ့ဗျာ”
လို့ ဦးလေးမိုးသီးက ပြောပြီး တစ်ခါတည်း
သူကြီးအိမ်တန်းသွားကြတာဗျာ။ ခဏနေ
တော့ သူကြီးက ဆယ်အိမ်ခေါင်းကို
လွှတ်ပြီး ကျုပ်ကို ခေါ်ခိုင်းရောဗျို့။
ကျုပ်နဲ့ ကိုပန်းဦး လိုက်သွားကြရတာပေါ့ဗျာ။
စစ်ပင်အင်းသူကြီးက တော်တော်ကို သဘော
ကောင်းတဲ့လူတစ်ယောက်ဗျ။ ကရင်လူမျိုးဗျ။
“မောင်တာတေဆိုတာ ဟောဒီသူငယ်ပဲ
သူကြီး”
ကျုပ်တို့ ထိုင်တယ်ဆိုတာနဲ့ ဦးလေးမိုးသီး
က ပြောတယ်ဗျ။
“အေး မောင်တာတေရေ၊ ငါတို့ရွာတော့
တော်တော်ကို ဒုက္ခဆိုက်နေပြီဟေ့၊ မင်း
တတ်နိုင်ရင် ငါတို့ကို ကူညီပါကွယ်၊ ဘာ
လိုအပ်လဲဆိုတာလည်း ပြောပါ မောင်
တာတေ”
ကျုပ်လည်း ရှောင်မရတဲ့အဆုံးတော့
ခေါင်းညိတ်လိုက်ရတော့တာပေါ့ဗျာ။
“သူကြီး ညလည်းမိုးချုပ်နေပြီ၊ ခပ်မြန်
မြန်လုပ်ကြမှ ဖြစ်မယ်ဗျ၊ ကြက်တစ်
ကောင် မြန်မြန်ချက်ဗျာ၊ ဆန်တစ်ပြည်
ထမင်းချက်၊ ပြီးရင် ငှက်ပျောဖက်ခုတ်ဗျို့”
“အေး ကောင်းပြီ မောင်တာတေ၊
ကျုပ်အခုချက်ချင်း စီစဉ်မယ်”
သူကြီးက ကရင်လိုပြောပြီး သူ့လူတွေကို
ခိုင်းတယ်ဗျ။ ကျုပ်နဲ့တော့ အင်းသူကြီး
တွေ အင်းတွေအကြောင်း ပြောတာပေါ့ဗျာ။
“မင်း စဉ်းစားသာကြည့်တော့ မောင်တာ
တေရေ၊ ဒီအင်းသူကြီးတွေဟာ တော်တော်
လောဘကြီးတာကွ၊ ဒီရွာသားတွေက တစ်ခါ
တစ်လေ ဟင်းစားလေး ဘာလေး ပြတ်လပ်
လို့ အင်းကြီးထဲမှာ ငါးသွားဖမ်းကြတာကို
သရဲမွေးထားပြီး ခြောက်လှန့်လွှတ်ကြ
တာကွဲ့၊ အခုတော့ ကိုယ်အတတ်ကိုယ်
စူးပြီး သေကုန်ကြပြီလေ”
သူကြီးက စကားရပ်လိုက်တဲ့အချိန်ကျမှ
ကျုပ်က သတိရတော့တာဗျို့။ ကျုပ်မှာ
လည်း ကျုပ်ချစ်သူ ဆုံးသွားကတည်းက
စိတ်ကယောင်ချောက်ချား ဖြစ်ချင်နေတာ
ဗျို့။ အခုလည်း မေ့နေတာ သတိရလို့
တော်သေးသပေါ့ဗျာ။
“သြော် သူကြီး ကျုပ်တစ်ခုပြောဖို့
လိုသေးတယ်ဗျ”
“ဟေ ဘာတုံးကွဲ့၊ မောင်တာတေရဲ့၊
လိုတာပြောပါ”
“ကျုပ်ကို နတ်ဝင်သည်တစ်ယောက်ပါ
ခေါ်ပေးပါ”
“ဟေ နတ်ဝင်သည် ဟုတ်လား၊ ရှိပါ့ဗျာ
မပူပါနဲ့ အဆင်သင့်ကိုရှိတာ၊ ဟေ့ စောပွင့်၊
နင် သွားပြီး အင်းအချခံလုပ်တဲ့ မြဝင်းရဲ့
မိန်းမ နော်ရေအေးကို ခေါ်ခဲ့၊ ငါ ခေါ်တာ
လို့ပြော”
“ဟုတ်ကဲ့ သူကြီး”
စောပွင့်ဆိုတဲ့သူလည်း နတ်ဝင်သည်
နော်ရေအေးကို ခေါ်ဖို့ ထွက်သွားလေရဲ့။
ည ၉ နာရီလောက်ရောက်တော့ လိုတာ
တွေ စုံပြီပေါ့ဗျာ။ ကျူပ်က ငှက်ပျောဖက်
ကြီး နှစ်ရွက်ကို ဆက်လိုက်ပြီး ထမင်း
ထုတ်တယ်။ ကြက်သားဟင်းကို ထမင်း
ပေါ်မှာ လောင်းချတာပေါ့ဗျာ။ ထမင်း
ထုပ်တောင်းကို စောပွင့်က ထမ်းလို့ဗျ။
သူကြီးပါ လိုက်တာဗျ။ အားလုံးခုနှစ်
ယောက် ရှစ်ယောက်တော့ ရှိမယ်ဗျ။
ကျုပ်နဲ့ ကိုပန်းဦးပါဆိုရင် ဆယ်ယောက်
ပေါ့ဗျာ။ စစ်ပင်အင်းရွာရဲ့ သင်္ချိုင်းကုန်းကို
ထွက်လာခဲ့ကြတယ်။ ဂူကြီးကြီး တစ်လုံး
ကို ရှာပြီး ကျုပ်က ထမ်းထုတ်ဖို့ ပြင်လိုက်
တယ်။ နတ်ဝင်သည်နော်ရေအေးကို
ဂူရှေ့မှာ ထိုင်ခိုင်းပြီး အသင့်ပြင်ခိုင်း
ထားတယ်။
“သင်္ချိုင်းများစွာကို ပိုင်စိုးပါတဲ့
သင်္ချိုင်းရှင်မကြီးဗျာ၊ အရှေ့နေထွက်
အနောက်နေဝင်၊ တောင်တံငါကွန်း
မြောက်ဓူဝံအတွင်း သခင်မ ရှိရာ
အရပ်က အမြန်ကြွခဲ့ပါ၊ ထနောင်း
ကုန်းက တာတေပါ သင်္ချိုင်းရှင်မ၊
စစ်ပင်အင်းမှာ ခဏရောက်နေတာ
ပါဗျာ၊ အခုချက်ချင်း ကြွခဲ့ပါခင်ဗျာ”
ကျုပ်က ဒီကိုမလာခင် မျက်ကွင်းဆေး
ကို ကွင်းလာခဲ့တာဗျ။ ဟော ကြွလာ
ပြီဗျို့။ ဂူတွေပေါ်က ဖြတ်ပြေးလာတဲ့
မဖဲဝါကို ကျုပ် တွေ့နေရတယ်။ အရပ်
ဆယ်ပေလောက်ရှိတဲ့ သင်္ချိုင်းရှင်မဖဲဝါ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး”
ဟာ သူ့ခွေးကြီးလည်း ပါလာတာပဲဗျ။
ဂူတွေကြားမှာ ပါလာတဲ့ကောင်ကြီးဗျ။
မျက်လုံးနီနီကြီးတွေနဲ့ ပါးစပ်ကြီးဖြဲပြီး
ပြေးလာတာဗျ။ နွားမတန်းတစ်ကောင်
လောက်ရှိတဲ့ ခွေးနက်ကြီးဗျ။
ပူးပြီ၊ ပူးပြီ။ နော်ရေအေးကိုယ်ထဲကို
ဝင်သွားတာဗျို့။ ဟော နော်ရေအေး
တစ်ကိုယ်လုံးတုန်ပြီး လက်ကြီးတွေ
ကွေးကွေးကောက်ကောက်လုပ်ပြီး
ထလာပြီဗျ။ ဟော ဂူပေါ်ကို ခုန်တက်
သွားပြီ။ ဟာ စားပြီဗျို့။ ကျုပ် စောင့်
နေတာ ဒီအချိန်ပေါ့ဗျာ။
“သင်္ချိုင်းရှင်မကြီးဗျာ စစ်ပင်အင်းက
အင်းသူကြီးမွေးထားတဲ့ သရဲကြီးဟာ
အရိုင်းစိတ်ဝင်သွားပြီး လူတွေ သတ်
နေပါတယ်၊ စစ်ပင်အင်းရွာထဲမှာလည်း
ဝင်ပြီး သောင်းကျန်းနေလို့ လူတွေ
မအိပ်ရဲ မနေရဲတွေ ဖြစ်နေပါပြီ
မဖဲဝါ အဲဒီသရဲကို…”
ကျုပ်တောင် စကားမဆုံးသေးပါဘူးဗျာ
“ဟဲ့ အဲဒါ သရဲမဟုတ်ဘူး၊သဘက်ကြီး၊
သဘက်ကြီး၊ သရဲကြီးတော့ သဘက်
ဖြစ်တယ်ဟဲ့၊ ဒီအကောင်ကို ငါလုပ်လို့
မရဘူး၊ ငါ့နယ်ကအကောင် မဟုတ်ဘူး၊
ငါ့အစ်ကို ကွင်းပိုင်ကြီးလုပ်မှ ရမှာ”
“ဟာ ဒါဖြင့်ရင် မဖဲဝါ ကူညီပါဗျာ”
“အေး ငါ့အစ်ကို ကွင်းပိုင်ကြီးကို
ငါ ပင့်ပေးမယ်၊ငါပြောပေးမယ်၊
ကိစ္စပြီးတာနဲ့ ငါ့အစ်ကိုကိုလည်း
နင် ကျွေးမွေးတင်မြှောက်ရမယ်
ကြားလား တာတေ”
“ဟုတ်၊ ဟုတ်ကဲ့ပါ သင်္ချိုင်းရှင်မကြီးဗျာ၊
ကဲ တစ်ယောက် နှစ်ယောက် ပြန်ပြီး
ကြက်နှစ်ကောင် ကြော်ဗျာ၊ အရက်
လည်း နှစ်လုံး သုံးလုံး ယူခဲ့ဗျို့၊ ကွင်း
ပိုင်ကြီးကို မြှောက်ဖို့လေ”
“အေး စောပွင့်၊ ကျော်အောင်ကိုခေါ်ပြီး
သွားကွာ၊ နှစ်နေရာခွဲပြီး ကြက်ကို မြန်မြန်
ကြော်ခဲ့၊ အရက်တော့ ရှိတယ်မို့လား”
“ရှိပါတယ် သူကြီး၊ ကျုပ်တို့ အခုချက်ချင်း
သွားလုပ်ခဲ့မယ်”
မဖဲဝါ စားသောက်ပြီးတော့ ဂူပေါ်မှာ
မတ်တတ်ရပ်ပြီး ခေါင်းကို အပေါ်မော့
ထားတယ်ဗျ။ မြင်နေရတာကတော့
နော်ရေအေးကြီးပေါ့ဗျာ။
“အီး၊ ဝူး၊ အီး”
မဖဲဝါက အသံစူးစူးဝါးဝါးနဲ့ အော်တယ်ဗျ။
ဟာ လာပြီဗျို့၊ ကွင်းပိုင်ကြီး လာပြီ အောင်
မလေး ကျုပ်ဖြင့် ကွင်းပိုင်ကြီးကို ဒီတစ်ခါ
ပဲ မြင်ဖူးတာဗျို့။ ဘုရား ဘုရား ကျုပ်ဖြင့်
ကြာကြာ မကြည့်ရဲလို့ မျက်နှာကို လွှဲပစ်
လိုက်ရတာဗျ။
အရပ်ကြီးက ပေနှစ်ဆယ်လောက်
ရှိမှာဗျ။ မဖဲဝါနဲ့ နှိုင်းကြည့်ရင် မဖဲဝါက
မပြောလောက်တော့ဘူးပေါ့ဗျာ။ ပုဆိုး
ကွက်တုံးကြီးဝတ်လို့ဗျ။ ဆံပင်ဖားလျား
ကြီးချလို့၊ မျက်နှာကိုပါ ဖုံးနေတာဗျို့။
ဆံပင်အောက်မှာ တစ်ချက် တစ်ချက်
မြင်လိုက်ရတဲ့ မျက်လုံးကြီးတွေက
ဟင်းပန်းကန်ကြီးလောက်ကို ရှိတာဗျို့။
နီရဲနေတာဗျ။ မျက်လုံးနီကြီးနဲ့ လူတွေကို
လိုက်ကြည့်တယ်။ စစ်ပင်အင်းက လူတွေ
ရော၊ ကိုပန်းဦးရော ကွင်းပိုင်ကြီးကို မမြင်
ကြလို့ပေါ့ဗျာ၊ မြင်များမြင်ရရင် နေရာ
မှာတင် အသက်ထွက်သွားနိုင်တယ်ဗျ။
ဟော မဖဲဝါက နော်ရေအေးကိုယ်ထဲက
ထွက်သွားပြီဗျို့။ နော်ရေအေး ဂူကြီးပေါ်
မှာ ခွေကနဲ လဲကျသွားတယ်။ ကိုပန်းဦး
ကို ကျုပ် လက်ပြလိုက်တော့ ကိုပန်းဦးနဲ့
ရွာသားတစ်ယောက် ပြေးသွားပြီး နော်
ရေအေးကို လှုပ်နိုးနေကြတယ်
ဟော နော်ရေအေးသတိရပြီ။ ကျုပ်
ကတော့ ကွင်းပိုင်ကြီးနဲ့ သူ့နှမ မဖဲဝါကို
မျက်ခြည်မပြတ် ကြည့်နေရတာပေါ့ဗျာ။
မဖဲဝါက သူ့အစ်ကိုကို ပြောပြနေတဲ့ပုံ
ပဲဗျ။ သူ့အစ်ကိုက ခေါင်းကြီးညိတ်ပြီး
အင်းဘက်ကို လှည့်ကြည့်တယ်။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး”
ဟော မဖဲဝါကြီး ပြန်သွားပြီဗျို့။ သူ့ခွေး
ကြီးလည်း လိုက်သွားပြီ။ ကွင်းပိုင်ကြီးက
အင်းဘက်ကို ခြေလှမ်းကြဲကြီးနဲ့ လျှောက်
ပြီး သွားနေပြီ။ ကျုပ်က အားလုံးကို စ
ကားမပြောကြဖို့ သတိပေးပြီး ခပ်လှမ်း
လှမ်းက လိုက်ခဲ့တယ်။
ဟိုလူတွေကတော့ ဘာမှလည်း မမြင်
ရတော့ဘုမသိ ဘမသိ လိုက်လာကြရ
တော့တာပေါ့ဗျာ၊ ကျုပ်နောက်မှာတော့
စစ်ပင်အင်းရွာသူကြီး ကပ်ပါလာတယ်ဗျ
ပြီးတော့ ကိုပန်းဦး။
“သူကြီး ကွင်းပိုင်မြှောက်မယ့်ပစ္စည်း
တွေကို စစ်ပင်အင်းကိုယူခဲ့ဖို့ တစ်ယောက်
လွှတ်ပြီး ပြောဗျာ၊ မြန်မြန်လည်း လုပ်ခိုင်းဗျ”
“အေး အေး ဟေ့ ငပြူး မင်းလိုက်သွား
မြန်မြန်လုပ်ပြီး အင်းထဲကို ယူခဲ့လို့
ပြောလိုက်၊ မင်းလည်း လိုတာကူ
လုပ်ပေးလိုက် ကြားလား”
“ဟုတ်ကဲ့ သူကြီး”
ငပြူးဆိုတဲ့လူ လိုက်သွားပြန်ပြီ။ ကွင်း
ပိုင်ကြီးရဲ့ အရပ်ကြီးက အိမ်တွေကျော်
ထွက်နေရုံတင် မကဘူးဗျ။ သစ်ပင်တွေ
ပါ ကျော်ထွက်နေတာ။
ရောက်ပြီဗျို့။ စစ်ပင်အင်းကို ရောက်ပြီ။
“အီး အီး အီး၊ ဝူး ဝူး”
ဟာ ကွင်းပိုင်ကြီးက သူရဲ့ ညာဘက်
လက်ကြီး ရှေ့ဘက်ကို ဆန့်ထုတ်ပြီး
အော်နေတာဗျို့။
ဟာ ဟိုမှာ ဟိုမှာ အင်းသရဲကြီး စစ်ပင်ကြီး
ပေါ်မှာ ထိုင်နေတာဗျို့။ ကွင်းပိုင်ကြီး
ခေါ်လိုက်တော့မှ စစ်ပင်ပေါ်ကနေ
အင်းထဲကို ခုန်ချတာဗျို့။
“ဝုန်း”
ဒီအသံကိုတော့ ကျုပ်တင်မကဘူး။
အားလုံး ကြားကြရာတာ။လန့်သွား
ကြတာပေါ့ဗျာ။ ဦးလေးမိုးသီးနဲ့ ဦး
ဘတူတို့ဆိုရင် မသိမသာ နောက်
ကို ဆုတ်သွားကြတာဗျ။ ဟာ အင်း
သရဲကြီး ပြေးပြီဗျို့။ ရေပေါ်မှာကို
ပြေးနိုင်တာပဲဗျာ။ အင်းရေပြင်ကြီး
ပေါ်မှာ ပြေးတာဗျ။ ဟာ လိုက်ပြီဗျို့။
ပုဆိုးကွက်တုံးကြီးနဲ့ ကွင်းပိုင်ကြီး
ရေပေါ်မှာ ပြေးပြီ၊ လိုက်ပြီ။ ဟာ
အင်းသရဲကြီး ပြေးတဲ့နှုန်းနဲ့ ကွင်း
ပိုင်ကြီး ပြေးတဲ့နှုန်းက တော်တော်
ကို ကွာတာဗျ။ ချက်ချင်းကို မိသွား
တာ။
“ဖြောင်း၊ ဝုန်း၊ ဘုန်း”
ရိုက်ပြီဗျို့၊ ဆက်တိုက်ကို ရိုက်တာဗျို့၊
“အီး အီး အီး”
အင်းသရဲကြီး မချိမဆန့်အော်တဲ့အသံဗျ။
ဟော ဆွဲခေါ်လာပြီဗျို့။ ကွင်းပိုင်ကြီး
က အင်းသရဲကြီးကို ဆံပင်ကနေ ဆွဲ
ခေါ်လာတာ။ အင်းကောပြီး ကျွန်းပေါ်
နေတဲ့နေရာကို ရောက်တော့ အင်းသ
ရဲကြီးက ကွင်းပိုင်ကြီးရှေ့မှာ ဒူးကြီး
ထောက်ပြီး ထိုင်နေတယ်ဗျ။ ခေါင်း
ကြီးလည်း ငုံ့ထားတယ်။
ကွင်းပိုင်ကြီးက အင်းသရဲကြီးကို ဘာတွေ
ပြောနေတယ် ဆိုတာတော့ မသိဘူးပေါ့
ဗျာ။ လကွေးကွေးကလေးက မှုန်မှုန်လေး
သာနေလို့သာ ကျုပ်တွေ့နေရတာ။ ဟော
အင်းသရဲကြီး ထပြီဗျို့၊ ထပြီ။ ကွင်းပိုင်ကြီး
အနောက်ဘက်ကို လက်ညှိုးကြီး ထိုးပြ
နေတယ်။ အင်းသရဲက ကွင်းပိုင်ကြီး
လက်ညှိုးထိုးပြတဲ့ ဘက်ကို လှည့်ကြည့်
တယ်။ ဟာ ပျောက်သွားပြီဗျို့။
တစ်ရွာလုံး တုန်လှုပ်ချောက်ချားအောင်
လုပ်တဲ့ အင်းသရဲကြီးတော့ သွားပြီဗျို့။
ကွင်းပိုင်ကြီးက ကျုပ်တို့ဘက်ကို တစ်
ချက်လှည့်ကြည့်တယ်ဗျ။ ဟာ အဲဒါမှ
ဒုက္ခပဲဗျို့။ သူ့ကို တင်ဖို့ မြှောက်ဖို့
တွေက အခုထိ ရောက်မလာသေးဘူး။ကျုပ် လန့်သွားတယ်။
ကွင်းပိုင်ကြီးကကျုပ်ကို ကြည့်နေတာဗျို့။ကျုပ်သိတယ်။ ဒီတုန်းမှာပဲ…
“ဟော စောပွင့်တို့ လာပြီ”
သူကြီး အော်လိုက်တဲ့ အသံကို
ကြားလိုက်တော့မှ ကျုပ်ရင်ထဲကအလုံးကြီး ကျသွားတော့တာဗျို့။
“လာဗျို့၊ စောပွင့် လာ လာ၊ ဟိုအင်း
သူကြီး ဦးလှအေးရဲ့ အင်းတဲကြီးထဲက ခုံတစ်လုံး တက်ယူဗျာ”
“ဟုတ်ပြီ၊ ဟုတ်ပြီ ကျုပ် သွားယူမယ်”
ငပြူးဆိုတဲ့ လူ ပြေးပြီး အင်းတဲကြီးပေါ်
ကို တက်သွားတယ်။ ပြီးတော့ စားပွဲခုံတစ်လုံး ယူလာတယ်ဗျ။
ကျုပ်လည်း စားပွဲသောက်ပွဲကိုချက်ချင်းပြင်လိုက်တယ်။ ကြက်ကောင်လုံးကြော် နှစ်ကောင်ကိုငှက်ပျောဖက်ခင်းပြီး ပြင်တယ်။ချက်အရက်က သုံးပုလင်းဗျာ။အားလုံးကို အဖုံးဖွင့်ထားလိုက်တယ်။ ပြီးတော့ အားလုံးကိုဝေးဝေးဆုတ်နေဖို့ပြောပြီး…
“သင်္ချိုင်းရှင်မကြီး မဖဲဝါရဲ့အစ်ကို
ကွင်းပိုင်ကြီးဗျာ သောက်ဖို့စားဖို့
ကြွခဲ့ပါခင်ဗျာ”
ကျုပ်က ကွင်းပိုင်ကြီးကို ပင့်လိုက်တယ်။
ဟာ ချက်ချင်းကို ရောက်လာတာဗျို့။
စားပြီဗျာ။ ကြက်တစ်ကောင်ကို အားရပါးရကို စားတော့တာဗျို့။
ဟော ပုလင်းတစ်လုံးဆွဲပြီး မော့ပြီဗျို့။ ဟာ ကြက်
ကောင်ကြီးကို ဝါးလိုက်၊ အရက်မော့
လိုက်နဲ့ ကြက်နှစ်ကောင်နဲ့ အရက်
ပုလင်းကုန်တော့မှ ကွင်းပိုင်ကြီးကို
ကျုပ်ကို တစ်ချက် စိုက်ကြည့်တယ်။
ပြီးတော့ နောက်ကို ချာခနဲ လှည့်လိုက်
တယ်။ဟာ ပျောက်သွားပြီဗျို့။
“ကဲ သူကြီး စစ်ပင်အင်းရွာကြီး အန္တရာယ်
ကင်းသွားပြီဗျို့။ အင်းသရဲကြီးကို ကွင်း
ပိုင်ကြီး မောင်းထုတ်လိုက်ပြီဗျ၊ သွားပြီ၊
ကျုပ်မျက်စိနဲ့ကို တပ်အပ်မြင်ရတာ”
“ဟာ မောင်တာတေ မင်းက အဲဒါတွေကို
မြင်နိုင်တဲ့ အစွမ်းရှိတယ် ဟုတ်လားကွဲ့”
သူကြီးက တအံ့တသြနဲ့ မေးတယ်။
ကျုပ်လည်း သူတို့ကို အသေးစိတ်ပြောမပြချင်တော့တာနဲ့ …
“ဟုတ်တယ် သူကြီး၊ ကျုပ် မြင်ရတယ်”
လို့ပဲ ပြောလိုက်တယ်။ ဒီတော့ သူနဲ့
ပါလာတဲ့ စစ်ပင်အင်း ရွာသားတွေက
ဝမ်းသာအားရနဲ့ ကျုပ်ကို ကြည့်ကြတာပေါ့ဗျာ။
ကျုပ်တို့ ရွာထဲကို ပြန်ရောက်တော့သန်းခေါင်ကျော်နေပြီ။
ရွာထဲမှာဒီသတင်းက ညတွင်းချင်း ပျံ့သွား
တော့မယ်ဆိုတာ ကျုပ် အတတ်သိပြီးသားပါဗျာ။

ပြီးပါပြီ