မောင်ရေခဲ နှင့် စိတ်၏အစွဲ(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် စိတ်၏အစွဲ(စ/ဆုံး)
—————————————–
” ဟင်….ငါ့….ငါ့အပင်လေးတွေ…ဘယ်သူလာဖျက်ဆီးသွားတာလဲ….”
” အမလေး…အဖွားရေကြည့်ပါအုံး သမီးတို့ကြက်သွန်ခင်းတွေ ဘာမှရစရာမရှိတော့ဘူး….”

အဝေးကနေပြန်အလာ ခြံဝန်းထဲဝင်လိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အမောပင်ဆို့သွားရသည်။ မိမိတို့မြေးအဖွားနှစ်ယောက် ပင်ပင်ပန်းပန်း တယုတယ စိုက်ပျိုးခဲ့သော စိုက်ခင်းများကို ယခုကဲ့သို့လာရောက်ဖျက်ဆီးသွားကြသောကြောင့် ဒေါ်အုံးမေစိတ်ထဲ ဒေါသထွက်သွားရသည်။ ငယ်ရွယ်သောမြေးမလေးကား မည်မျှပင်ဒေါသထွက်လိမ့်မည်ကိုကား ဆိုဖွယ်ရာပင်မရှိတော့ချေ။

” အမလေးအဖွားရေ…ခြံနောက်ဖေးကအခင်းတွေကပိုဆိုးတယ်…နင်းခြေရုံမကဘူး အပင်တွေပါနူတ်ပစ်ထားကြတယ်….မာလကာသီးတွေလည်းခူးစားထားရုံမကဘူး စားမရသေးတဲ့အသီးတွေပါ အကုန်လုံးချွေချပစ်ထားကြတယ်အဖွားရေ….လာကြည့်ပါအုံး….အဟီး…ဟင့်ဟင့်….”

မအေးနုကမိမိ၏စိုက်ခင်းများသုံးစားမရလောက်တော့သည်အထိ ဖျက်ဆီးခံထားရသဖြင့် ဒေါသကနေ မျက်ရည်များအဖြစ် ပြောင်းလဲသွားကာ ရှိုက်ကြီးတငင်ငိုကြွေးနေရှာတော့သည်။

အိမ်ရှေ့ရှိအပင်ကိုကြည့်ပြီးဒေါသထွက်နေသောဒေါ်အုံးမေတစ်ယောက် မြေးမဖြစ်သူ၏စကားကြောင့် အိမ်နောက်ဖေးစိုက်ခင်းရှိရာသို့ သွားကြည့်ပြန်သည်။

” အမလေး…လုပ်ရက်လိုက်ကြတာအေ…လုပ်ရက်လိုက်ကြတာ….ဒင်းတို့တွေငါ့အကြောင်း ကောင်းကောင်းသိစေရမယ်ဟေ့….တောက်!…”

သည်းမခံနိူင်တော့သည့်အဆုံး ဒေါ်အုံးမေတစ်ယောက် ထဘီအောက်စကိုပင့်ပြီး တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်တော့သည်။ ထို့နောက်မြေပြင်ပေါ်မှ ကျန်ရစ်ခဲ့သော ခြေရာများကို သုံးဆုပ်ခန့်ဆုပ်ယူလိုက်ပြီး အိမ်တံခါးသော့ကိုဖွင့်ကာ အခန်းထဲသို့ဝင်ရောက်သွားခဲ့တော့သည်။

နံနက်ဝေလီဝေလင်းအချိန်တွင်ကား လမ်းပေါ်၌လူများ ပျာယီးပျာယာလှုပ်ရှားနေကြသည်။ မိန်းမကြီးတို့၏ငိုယိုနေကြသည့်အသံများလည်း ဆူညံပွက်လောရိုက်နေကြသည်။ မနက်အိပ်ယာမှထလာသော မအေးနုကား ရွာထဲရှိလူများ ဘာဖြစ်နေမှန်းကိုမသိသောကြောင့် လမ်းမကြီးဘက်သို့ငေးကြည့်နေသည်။

” မခင်ပြုံးရဲ့သမီး ဒီမနက်မှာဘဲသွေးအန်ပြီးအသက်ပါ ပါသွားတယ်တဲ့အေ့….”

” ဟင်ဟုတ်လား…ဦးခင်ပျော်ရဲ့တူလည်း ညကတညလုံးမအိပ်ဘဲ ညည်းညူနေတာ ဒီမနက်ရောက်တော့ သွေးအန်ပြီးသေသွားတယ်တဲ့…”

” ဒီကလေးတွေဘာများစားမိကြတာပါ့လိမ့်…ငါတော့ကြောက်တယ်ဟေ့….ကလေးမိဘတွေတော့ဘယ်လိုခံစားရမယ်မသိ…”

လမ်းပေါ်မှ ခပ်မြန်မြန်သွားနေကြသော မိန်းမကြီးနှစ်ယောက်၏စကားကို မအေးနုတစွန်းတစကြားလိုက်မိသည်။

” ဟင်…ကလေးတွေဘာဖြစ်ကြတာပါလိမ့်..”

မအေးနုထိုသို့တွေးပြီး အိမ်ပေါ်သို့ပြန်တက်လာကာ အဖွားဖြစ်သူကိုမေးကြည့်လိုက်သည်။

” အဖွား…ရွာထဲမှာကလေးတွေ သွေးအန်ပြီးသေနေကြတယ်လို့ ပြောသံကြားတယ်…အဖွားရော သွားမကြည့်ဘူးလား…”

” အပြစ်ရှိသူကပြစ်ဒဏ်ခံစားရမှာဘဲ ငါ့မြေး…လုပ်စရာရှိတာလုပ် သူ့များအကြောင်းစိတ်မဝင်စားနဲ့…”

သူမကသာရွာထဲရှိသွေးအန်ပြီးသေသွားသော ကလေးများအကြောင်းကို စိတ်ဝင်စားနေသော်လည်း အဖွားဖြစ်သူမှာ တည်ငြိမ်လွန်းလှသည်။ အဖွားဖြစ်သူကို တစ်ရွာလုံးကရှောင်ကြဉ်ထားကြသည်။ မဆုံဖြစ်အောင် ရှောင်သွားကြသည်။ တစ်ရွာလုံးကအဖွားကို စုန်းမကြီးဟုသတ်မှတ်ထားကြသည်။ သို့သော်အဖွားသည် ရွာသူရွာသားတို့၏ စကားကိုအဖတ်မလုပ်ဘဲ မိမိလုပ်စရာရှိသည်ကိုသာတစိုက်မှတ်မှတ်လုပ်သည်။ တစ်ခါမအေးနုက အဖွားဖြစ်သူကို ရွာထဲကလူများပြောနေကြသည့်အတိုင်း တကယ့်ပညာသည်လားဟုမေးကြည့်ရာ အဖွားသည် တည်ငြိမ်စွာဖြင့်ပင်

” ဒီမယ်ငါ့မြေး….ပတ်ဝန်းကျင်စကားကိုနားယောင်မနေနဲ့…ကဲ့ရဲ့ခုနှစ်ရက် ချီးမွမ်းခုနှစ်ရက်တဲ့….အဖွားကသူများပစ္စည်းဥစ္စာခိုးယူနေတာမဟုတ်ဘူး…အပြစ်မရှိဘဲ အပြစ်မယူတတ်ဘူး….အင်းအပြစ်ရှိရင်တော့ အပြစ်ရှိသူကိုပြစ်ဒဏ်ပေးရမှာဘဲ…ဒါလောကရဲ့စည်းမျဉ်းဘဲ….ဒီတော့သူများတွေကိုယ့်ကိုဘယ်လိုဘဲမြင်နေပါစေ…ကိုယ့်ကိုကိုယ်ကောင်းအောင်နေဖို့ဘဲလိုတယ်…အဲဒါကိုမြဲမြဲမှတ်ထားငါ့မြေး…”

ဟုသာပြန်လည်ပြောဆိုတတ်သည်။ အဖွားသည် အသက်(၇၀)ကျော်ပြီဖြစ်သော်လည်း ခါးမကုန်းဘဲ ပေါ့ပါးစွာသွားလာလှုပ်ရှားနိူင်သည်။ ရင်ဖုံးအင်္ကျီကိုအမြဲလိုလိုဝတ်ဆင်ထားတတ်ပြီး သူ၏ကဖြူနေသောဆံပင်ကို အုန်းဆီလူးပြီး သပ်ရပ်နေအောင်ဖီးကာ ဘီးဖြင့်တပတ်လျှိုကာထုံးထားတတ်သည်။ အဖွားကသူမကိုချစ်သလို သူမကလည်းအဖွားကိုအလွန်ချစ်သည်။ တပါးသူကအဖွားကိုမည်မျှပင် မကောင်းပြောနေစေကာမူ အဖွားသည်ကားသူမအတွက် အကောင်းဆုံးသောမှီတွယ်ရာပင်။

ထိုနေ့၌တနေ့လုံး ရွာထဲရှိလူများ ဥဒဟိုသွားလာနေကြသည်။ ဟိုလူ့ကလေးသေ ဒီလူ့ကလေးသေဖြင့် သေသွားကြရာ ထိုတစ်နေ့တည်းမှာပင် ကလေး၅ယောက်သေသွားခဲ့သည်။ သေပုံသေနည်းမှာလည်း ငါးယောက်စလုံးအတူတူပင်ဖြစ်သည်။
အရှေ့အရပ်မှထွက်လာသောနေရောင်ခြည်နုနုလေးအောက်တွင် ပတ္တမြားရောင်လွှမ်းနေသော ဖန်ဆွတ်ရည်သင်္ဃန်းကို ဆင်မြန်းထားသည့် ဘုရားသားတော်တို့သည် ကျက်သရေရှိစွာဖြင့် မဟူရာရောင် သပိတ်ကိုယ်စီပိုက်ကာ ရွာထဲသို့စီတန်း၍လာနေသည်။ ဒေါ်အုံးမေသည် အဝေးမှကြေးစည်သံကိုကြားရသည်နှင့် ဆွမ်းလောင်းလှူဖို့ရန် ခူးခပ်နေသည်။

” ဟဲ့အဖွားကြီး…စုန်းမကြီး…အသက်ကြီးပြီး ကိုယ်ချင်းစာတရားမရှိတဲ့အဖွားကြီး…ခင်ဗျားအိမ်ထဲကနေထွက်လာခဲ့စမ်း…ခင်ဗျားကြောင့် ကျုပ်တို့ကလေးတွေအချိန်မတန်ဘဲသေသွားရတာ…ခင်ဗျားကိုလည်းအရှင်မထားဘူး…ထွက်လာခဲ့စမ်း…”

” ဟေ့စုန်းမကြီး…ညည်းထွက်လာခဲ့စမ်း…”

သဒ္ဒါစိတ်အပြည့်ဖြင့် ဆွမ်းဟင်းဆွမ်းထမင်းခူးခပ်နေသော ဒေါ်အုံးမေက အိမ်ရှေ့မှအော်သံကြောင့် ဇွန်းကိုချထားလိုက်ပြီး အိမ်ပြင်သို့ထွက်လာခဲ့သည်။

” ဟဲ့အဖွားကြီး…ညည်းကျုပ်သားကိုအပင်းထည့်လွှတ်လိုက်တာမလား…ညည်းကြောင့်ကျုပ်သား သွေးအန်ပြီးသေသွားပြီဟဲ့…”

” ဟာကွာပြောမနေနဲ့…ကြာတယ်…ဒီအဖွားကြီးကစုန်းပညာသည်မှန်း တစ်ရွာလုံးသိနေကြတာဘဲ…နောက်ကလေးတွေထပ်မသေအောင် ဒီအဖွားကြီးကိုတစ်ခါထဲ ခုတ်သတ်လိုက်တာကောင်းမယ်…”

ယောကျာ်း၊မိန်းမ ပေါင်းဆယ်ယောက်ခန့်ပါသည့်လူစုသည် ဒေါ်အုံးမေအား ဆဲရေးတိုင်းထွာရန်ရှာပြီး ယောကျာ်းသားများက ဓားဖြင့်ခုတ်ရန်တကဲကဲဖြစ်နေသည်။ ဒေါ်အုံးမေက တခွန်းတပါဒမျှ စကားပြန်မဆိုဘဲ ထိုလူတို့အားကြည့်နေသည်။ မအေးနုကမူ
အဖွားဖြစ်သူရှေ့၌ရပ်ကာ

” ရှင်တို့်တော်တော်လွန်လာပြီနော်…ကျုပ်အဖွားကိုဘာတွေမဟုတ်တန်းတရားလာစွပ်စွဲနေတာလဲ…”

” ကျုပ်တို့စွပ်စွဲနေတာမဟုတ်ဘူး….ညည်းအဖွားကကျုပ်တို့ကလေးတွေကိုအပင်းထည့်သတ်လိုက်တာ…”

” ငါ့အဖွားလုပ်တယ်ပြောရအောင် ဘာသက်သေရှိလို့လဲ…နင်တို့်ကလေးတွေဘာဖြစ်မှန်းမသိဘဲသေတာ ငါ့အဖွားနဲ့ဘာဆိုင်လို့လဲ…”

” နင့်အဖွားအပင်းထည့်လိုက်လို့သေတာ…နင်ကနင့်အဖွားဘက်ဘာလို့ပါနေရတာလဲ…ဘာလဲနင်လည်း နင့်အဖွားဆီကစုန်းပညာတွေဆက်ခံထားလို့လား…”

တစ်ဦးနှင့်တစ်ဦးဒေါသများဖြင့် အပြန်အလှန်ပြောဆိုနေကြသည်။ ထိုစဉ် ဆွမ်းခံကြွလာသော သံဃာတော်တို့က ဒေါ်အုံးမေ၏ခြံရှေ့သို့ရောက်လာပြီး ခြံထဲမှရန်ဖြစ်နေကြသည့် အသံကိုကြားလိုက်ရသည်။

ထိုအခါအရှေ့ဆုံးမှကြွနေသော ရွာဦးကျောင်းဆရာတော် ဥူးသုမနသည် ရန်ပွဲကိုစဲစေရန်အလို့ငှါ ခြံထဲသို့်ကြွလာသည်။

” အဘယ်အကြောင်းကြောင့် ခိုက်ရန်ဖြစ်ပွားနေကြတာလဲဒကာကြီး…ဒကာမကြီးတို့…”

” ဟာ…အရှင်ဘုရား…”

ဆရာတော်ထိုသို့မိန့်လိုက်မှ ရန်ဖြစ်နေုကြသောလူစုသည် ဆရာတော်ကိုမြင်သွားပြီး လက်နက်များပစ်ချကာ မြေပေါ်၌ထိုင်လိုက်ကြပြီး ဆရာတော်ကိုဂါရဝပြုလိုက်ကြသည်။ ဒေါ်အုံးမေက တရာတော်ထိုင်ဖို့ရန်ထိုင်ခုံတစ်လုံးကို အမြန်ယူလိုက်သည်။

” ကဲ…ဆိုစမ်းပါဦးဒကာမကြီးတို့…ဘာအတွက်ခိုက်ရန်ဖြစ်နေုကြတာလဲ…”

” ဒီစုန်းမကြီးက တပည့်တော်မတို့ရဲ့ကလေးတွေကို အပင်းထည့်လွှတ်လိုက်လို့ မကျေနပ်လို့ပါဘုရား…”

” မှန်ပါတယ်ဘုရား…တပည့်တော်ရဲ့သားလည်းသူအပင်းထည့်လိုက်လို့ သွေးအန်ပြီးသေရပါတယ်ဘုရား…”

လူစု၏လျှောက်တင်စကားကို ဆရာတော်ဘုရားကနားထောင်ပြီး

” ဒကာမကြီးက အပင်းထည့်လွှတ်လိုက်တယ်လို့ ဒီကဒကာကြီးတွေကဘာကြောင့်ပြောရတာလဲ…”

” တင်ပါ့ဘုရား…သေသွားတဲ့တပည့်တော်တို့ရဲ့ကလေးတစ်စုဟာ လွန်ခဲ့တဲ့ရက်တွေက ဒေါ်အုံးမေရဲ့ခြံထဲမှာ သွားဆော့ခဲ့ကြတယ်ပြောတယ်ဘုရား…အဲဒီကလေးတွေက ခြံထဲမှာရှိတဲ့မာလကာသီးတွေကိုလည်း ခူးစားခဲ့ကြတယ်လို့်ဆိုတယ်ဘုရား…”

” ဟုတ်တယ်ဘုရား…ဒါကြောင့် စုန်းမကြီးက မကျေနပ်လို့ ပြုစားလွှတ်လိုက်တာ တပည့်တော်တို့အတပ်သိပါတယ်ဘုရား…ဒါကြောင့် ကလေးတွေအတွက်တရားမျှတမှုရအောင် သူ့ကိုပြန်သတ်သင့်တယ်ဘုရား…”

” ဟုတ်ခဲ့ပါသည်ထားဦး… ဒီကိစ္စကိုဒကာတို့ဒီလိုဖြေရှင်းရင် မှားပေတော့မှာပေါ့…ကဲ…ဒီကဒကာမကြီးလည်း သူတို့ပြောသလို ကလေးတွေကိုအပင်းထည့်လွှတ်လိုက်သလား…”

ဆရာတော်ဘုရားက ဒေါ်အုံးမေကိုထိုသို့မေးလိုက်ရာ ဒေါ်အုံးမေကတုန်လှုပ်မှုကင်းသည့်ဟန်ဖြင့်

” ကလေးတွေက တပည့်တော်မတို့မြေးအဖွားအိမ်မှာမရှိခိုက် တပည့်တော်မတို့စိုက်ပျိုးထားတဲ့သီးပင်စားပင်တွေအကုန်လုံးကို နင်းခြေဖျက်ဆီးပစ်ပါတယ်ဘုရား…စားတတ်တဲ့အရာစားတာ တပည့်တော်မဘာမှမပြောလိုပေမဲ့ စိုက်ခင်းတွေကိုဖျက်ဆီးပစ်တာကိုတော့ တပည့်တော်မ သည်းမခံနိူင်ပါဘူးဘုရား…ဒါကြောင့်မို့ တပည့်တော်မပညာနဲ့လုပ်လိုက်တာပါ…”

ဒေါ်အေးမေထိုသို့လျှောက်တင်လိုက်ရာ ဆရာတော်ဘုရားက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး

” အင်း…ဒီကိစ္စဟာ နှစ်ဦးနှစ်ဖက်စလုံးမှားတဲ့အမှားဘဲ ကလေးတွေဟာလည်း ဒကာမကြီးစိုက်ပျိုးထားတဲ့ အပင်တွေကိုဖျက်ဆီးပစ်လိုက်ကြသလို ဒကာမကြီးဟာလည်း ကလေးတွေအပေါ် ဒေါသစိတ်ကြောင့် စိတ်လိုက်မာန်ပါလုပ်လိုက်မိတော့ မမှားသင့်မဖြစ်သင့်တာတွေဖြစ်ကုန်ပြီလေ…”

အကြောင်းစုံကိုသိလိုက်ရသောကြောင့် ကလေးမိဘများလည်း သူတို့ဘက်မှအမှားကိုသိလိုက်ကြသောကြောင့် အားလုံးနူတ်ဆိတ်ကုန်သည်။ ဆက်လက်၍ဆရာတော်ဘုရားက

” ကဲကဲ…ဒကာမကြီးလည်း မိမိအမှားကိုပြန်လည်ဆင်ခြင်သုံးသပ်ပါလေ…ဒီက ကလေးမိဘတွေဖြစ်တဲ့ဒကာဒကာမကြီးတွေလည်း ဒေါသကိုယ်စီချုပ်ထိန်းပြီး တစ်ဦးအပေါ်တစ်ဦးမေတ္တာထားကြပါလေ…”

” တင်ပါ့ဘုရား… ”

” တင်ပါ့ဘုရား… တပည့်တော်မ ဒေါသရဲ့အလိုကိုလိုက်ခဲ့မိလို့ အသက်တွေစတေးခဲ့ကြရပြီဘုရား…ဒီအတွက်တပည့်တော်မ အလွန်အပြစ်ကြီးသွားပါပြီ…ဒါကြောင့်မို့ အပြစ်တွေမြူမှုန်လောက်သာကြေရင်လည်း ကြေပါစေတော့လို့ စိတ်မှာတွေးမှတ်ပြီး ယခုတပည့်တော်မနေထိုင်တဲ့အိမ်ယာမြေကို ဘုရားဝတ္တကမြေအဖြစ် လှူဒါန်းလိုက်ပါရစေ…သနားဂရုဏာထားပြီး အလှူကိုလက်သင့်ခံပေးတော်မူပါဘုရား….”

ဒေါ်အုံးမေသည် ဆရာတော်ဘုရား၏ရှေ့တာ်မှောက်၌ ပြားပြားဝပ်ပြီး မိမိပိုင်ဆိုင်သောအိမ်ယာနှင့်မြေကို ဆရာတော်ဘုရားအား လှူဒါန်းလိုက်သည်။

” ဒကာမကြီးရဲ့အလှူကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်ဒကာမကြီး…ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် ဒကာမကြီးရဲ့ဖြစ်လေရာဘဝတိုင်းမှာ အနာရောဂါကင်းရှင်းပြီး မွန်မြတ်သောစိတ်ထားကိုပိုင်ဆိုင်သူဖြစ်ပါစေ…”

” ပေးတဲ့ဆုနဲ့ပြည့်ပါရလို၏ဘုရား…”

ဒေါ်အုံးမေနည်းတူမြေးမဖြစ်သူ မအေးနုလည်းဆရာတော်ဘုရားကိုဦးချ၏။ ဆရာတော်ကိုဦးချပြီးသည်နှင့် ဒေါ်အုံးမေသည် ကလေးမိဘများဘက်သို့လှည့်ပြီး

” တူကြီးတူမကြီးတို့ကို အဖွားတောင်းပန်ပါတယ်ကွယ်….အဖွားရဲ့ဒေါသကြောင့်မဖြစ်သင့်တာဖြစ်ခဲ့ရတယ်…အဖွားကိုခွင့်လွှတ်ပေးကြပါလို့တော့အဖွားမပြောတော့ပါဘူးကွယ်…”

ဆိုပြီးတောင်းပန်သော်လည်း သားသမီးများဆုံးရှုံးထားရသော လူစုကားဒေါ်အုံးမေကိုကျေနပ်ကြဟန်မတူပေ။

ဆရာတော်ကိုခြံမြေလူပြီးသည်နှင့် ဒေါ်အုံးမေတို့မြေးအဖွားနှစ်ယောက်စလုံး ရွာစွန်ရှိ မအေးနု၏မိဘပိုင်ရာအိမ်သို့ပြောင်းရွှေ့လာခဲ့ကြသည်။ ထိုသို့ပြောင်းရွှေ့ပြီး နှစ်လခန့်အကြာတွင် ဒေါ်အုံးမေကွယ်လွန်လေသည်။ ဒေါ်အုံးမေကွယ်လွန်သွားသဖြင့် ရွာသူရွာသားများ ပျော်ရွှင်နေကြသည်။

ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့သည် ဖုန်းအော်ပရေတာတစ်ခုအတွက် တာဝါတိုင်ဆောက်ရန် ပါခဲက်ရွာသို့ရောက်လာခဲ့ကြသည်။ ထိုဆောက်လုပ်ရေးအဖွဲ့တွင် စုစုပေါင်းအဖွဲ့သားများဆယ်ယောက်ခန့်ရှိသည်။ ထိုဆောက်လုပ်ရေးအဖွဲ့သားများက တာဝါတိုင်ဆောက်လုပ်နေစဉ်အတွင်း ပါခဲက်ရွာဘုန်းကြီးကျောင်း၌ တည်းနေကြသည်။

ထိုအဖွဲ့သားရောက်လာသည့်အချိန်၌ တိုက်တိုက်ဆိုင်ဆိုင်ရွာထဲမှ မင်္ဂလာပွဲတစ်ခုသည်လည်း ဘုန်းကြီးကျောင်း၌လာရောက်ကျင်းပမည်ဟုဆိုရာ အဖွဲ့သားများအဖို့ဒုက္ခရောက်တော့သည်။ အကြောင်းမှာ ထိုဆောက်လုပ်ရေးအဖွဲ့သားများတည်းနေသည့် ဆွမ်းစားဆောင်ကို မင်္ဂလာခန်းမအဖြစ်ပြောင်းလဲပြင်ဆင်မည်ဆိုသောကြောင့်ပင်။
အစီအစဉ်ကထိုသို့စလာသဖြင့် ဆောက်လုပ်ရေးအဖွဲ့သည် မိမိတို့၏ပစ္စည်းများကိုသယ်ယူပြီး တခြားအခန်းသို့ပြောင်းရွှေ့ခဲ့ရသည်။

ထိုသို့ပြောင်းရွှေ့လိုက်ရသဖြင့် ဆောက်လုပ်ရေးအဖွဲ့သားထဲမှစိတ်ခပ်ဆတ်ဆတ်ရှိသော လူတစ်ယောက်သည် ဘုန်းကြီးကျောင်းတွင်မတည်းတော့ဘဲ မိမိတို့တာဝါတိုင်ဆောက်လုပ်ရန်သတ်မှတ်ထားသည့် နေရာ၌ တဲထိုးပြီးနေမည်ဟုပြောသည်။ ထိုအခါအဖွဲ့ခေါင်းဆောင်က အဖွဲ့သားများကိုတစ်စုတစ်စည်းတည်း ရှိစေလိုသဖြင့် ထိုလူ၏ပြောင်းရွှေ့မည့်ကိစ္စကိုသဘောမတူချေ။
နောက်တစ်နေ့ရောက်သော် အဖွဲ့သားများအားလုံးက လိုအပ်မည့်ပစ္စည်းများယူပြီး တာဝါတိုင်ဆောက်မည့်နေရာသို့ရောက်လာခဲ့ကြသည်။ တာဝါတိုင်ဆောက်မည့်နေရာတွင်သစ်ပင်ကြီးငယ်များ အုပ်ဆိုင်းနေသည်။ လူသူအရောက်အပေါက်နည်းပါးသဖြင့် ခြုံထူထပ်သည်။ ထိုနေ့၌တစ်နေ့လုံး ခြုံရှင်း၊ပန္နက်ရိုက်သည်နှင့်တစ်နေ့တာကုန်သွားခဲ့သည်။

တာဝါတိုင်ဆောက်လုပ်မည့်နေရာအား ရှင်းလင်းလိုက်ရာ အတော်ပင်ကျယ်ဝန်းသည်ကိုတွေ့ရသည်။ ထိုနေရာကိုဆောက်လုပ်ရေးအဖွဲ့သားများ ရှင်းလင်းနေကြသည်ကို ရွာသူရွာသားများက ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး အချင်းချင်းတီးတိုးပြောဆိုနေကြသည်။ ထိုနေရာအားရှင်းလင်းပြီးသည်နှင့် စိတ်ဆတ်သောအဖွဲ့သားတစ်ယောက်သည် ပစ္စည်းပစ္စယများယူပြီး ထိုနေရာ၌တဲထိုးကာ နေလေတော့သည်။ အဖွဲ့ခေါင်းဆောင်ကမနေစေလိုသဖြင့် ထိုနေရာ၌သရဲခြောက်သည်ဟုပြောပြီး ပြန်ခေါ်သော်လည်း ထိုလူက

” ငါကဘုန်းကြီးလူထွက်ကွ…ဘာသရဲမှမကြောက်တတ်ဘူး….”

ဟုဆိုလေရာ အဖွဲ့ခေါင်းဆောင်လည်းတားမရသည့်အဆုံး လက်လျှော့လိုက်ရတော့သည်။

ညခုနှစ်ရာရီရှိပြီဖြစ်သောကြောင့် လူသံသူသံများတိတ်ဆိတ်နေသည်။ ဘုန်းကြီးကျောင်း၌တည်းနေကြသော ဆောက်လုပ်ရေးအဖွဲ့သားများက မီးဖိုကာ စကားဝိုင်းဖွဲ့ပြောနေကြသည်။ ထိုအချိန်လုပ်ကွက်၌ တဲထိုးပြီးနေနေသည့် ဘုန်းကြီးလူထွက်က အဖွဲ့သားများရှိရာဘုန်းကြီးကျောင်းသို့ရောက်လာသည်။ အဖွဲ့သားများကလည်း ထိုလူကိုမြင်၍ စနောက်ချင်သည်နှင့်

” ဘာလဲကိုဘအောင်…သရဲခြောက်လို့ပြန်ပြေးလာတာလားဗျ…ဟဲဟဲ…”

” တော်ကွာ…ဘယ်ကလာသရဲခြောက်လို့ပြန်ပြေးလာရမှာလဲ…လမ်းထိပ်ကိုအဖွားကြီးတစ်ယောက်ကလိုက်ပို့ပေးဆိုလို့ လိုက်ပို့ရင်း လမ်းကြုံလို့ ဖယောင်းတိုင်ဝင်ယူတာကွ…”

” အေးပါကွာ…ဂရုတော့စိုက်ဦးကိုဘအောင်…”

” အေးအေး…”

ကိုဘအောင်ကထိုသို့ပြောပြီး ဘုန်းကြီးကျောင်းပေါ်တက်ကာ ဆရာတော်ဘုရားထံမှဖယောင်းတိုင်အချို့တောင်းယူပြီး တဲထိုးထားသည့်နေရာသို့ပြန်လာခဲ့သည်။ ကိုဘအောင်ပြန်သွားပြီး သိပ်မကြာလိုက်ပေ။
ချွေးသီးချွေးပေါက်များဖြင့် ကိုအောင်က ဘုန်းကြီးကျောင်းသို့ပြန်ရောက်လာခဲ့သဖြင့် တစ်ဖွဲ့လုံးအံ့ဩသွားရသည်။

” ဟေ့ကောင်ဘအောင်…ဒီတစ်ခါဘာလာယူတာလဲကွ…မင်းကြည့်ရတာပြေးလာရတဲ့ပုံဘဲ….”

” အေးကွာ…စောစောနားကငါလမ်းထိပ်ကိုလိုက်ပို့ပေးတယ်ဆိုတဲ့အဖွားလေ…”

” အေး…အဲအဖွားသေသွားလို့လားကွ…”

” မဟုတ်ဘူး…ငါ့တဲဆီပြန်ရောက်နေလို့ကွ”

” ဟေ…မင်းဟာကဟုတ်မှဟုတ်ရဲ့လားကွာ…မင်းလိုက်ပို့ခဲ့တယ်ဆိုတဲ့လမ်းထိပ်က မင်းနေတဲ့နေရာနဲ့ဆိုအလွန်ဆုံးမဝေးဘူးဆိုရင်တောင် ၄၅မိနစ်၊ တစ်နာရီလောက်လျှောက်ရတာကွ…”

” အင်းလေ…ငါလည်းအဲအဖွားကြီးကိုပို့ပေးပြီးတာနဲ့ နင်တို့်ဆီခဏဝင်ပြီးတန်းပြန်တာဘဲ…ငါတဲဆီပြန်ရောက်တော့ အဖွားကြီးကငါ့တဲထဲမှာထိုင်နေတယ်ကွ…”

” ဟေ…မဟုတ်တော့ဘူးနော်…တစ်ခုခုတော့မှားနေပြီထင်တယ်ကွ…”

” နင်ပြန်ရောက်တော့ အဖွားကြီးကနင့်ကိုဘာပြောလဲကိုဘအောင်…”

” သူကို့လမ်းထိပ်ပြန်ပို့ပေးပါတဲ့…အဲဒါနဲ့ငါလည်း ဒီအဖွားကြီးကလူမဟုတ်ဘူးဆိုတာလည်းသိရော ဖြစ်ချင်ရာဖြစ် နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဘဲ လို့တွေးပြီး ဒီကိုပြေးလာတာဗျို့…အဖွားကြီးကတော့ကျုပ်ကိုကြည့်ပြီး သွားမဲကြီးတွေပေါ်တဲ့အထိပါးစပ်ဖြဲလို့ရယ်နေတာများကြောက်စရာကြီးဗျ….”

” ဟားဟား…ဖြစ်ရမယ်…မင်းကဘုန်းကြီးလူထွက် သရဲမကြောက်တတ်ဘူးဆိုကိုဘအောင်…ခုတော့ဘယ်နှယ့်လဲဗျ…တော်တော်မှဆိမ့်ရဲ့လား…ဟားဟားဟား…”

” နိုူ့…ဘုန်းကြီးလူထွက်လည်း လူဘဲကိုးဗျ…”

” ဟားဟားဟား….”

ကိုဘအောင်၏စကားကြောင့် ဆောက်လုပ်ရေးအဖွဲ့သားများလည်း ရယ်ပွဲကျသွားတော့သည်။

နောက်တစ်နေ့၌ အဖွဲ့သားများကတာဝါတိုင်ဆောက်လုပ်မည့်နေရာ၌သွားပြီး အလုပ်လုပ်ကြရာ အဆင်မပြေဘဲ ထိမိခိုက်မိဖြစ်ကြကုန်သဖြင့် အနာတရဖြစ်ကြကုန်သည်။ အလုပ်မှပြန်လာပြီး ညအိပ်လျှင်လည်း အဖွားကြီးလာခေါ်နေသည်ဆိုကာ ထိတ်လန့်ကြကုန်သည်။ တချို့မှာအဖွားကြီးကိုယ်ထင်ပြသဖြင့် လန့်ဖျားဖျားကြကုန်သည်။ ဤသို့ဖြင့်အချိန်ကြာမြင့်ပြီဖြစ်သော်လည်း မိမိတို့တာဝန်ယူထားသော တာဝါတိုင်ဆောက်လုပ်ရေးမှာ မပြီးမစီးဘဲရှိနေသည်။

မောင်ရေခဲတို့ဆရာတပည့်လည်း ကျောက်ကြားဘုရားကိုရှာဖွေရာမတွေ့သေးဘဲ ပါခဲက်ရွာသို့ရောက်ရှိလာသည်။ ခရီးဆက်ရင်းညမှောင်လာပြီဖြစ်သဖြင့် ပါခဲက်ဘုန်းကြီးကျောင်း၌တည်းခိုရန်ရောက်ရှိလာကြပြီး ဆရာတော်ဘုရားအားအခွင့်တောင်းရာ ခွင့်ပြုသဖြင့် တစ်ညတာတည်းခိုလိုက်သည်။

ညရှစ်နာရီရှိပြီဖြစ်သော်လည်း ဆရာတော်ဘုရားကမကျိန်းသေးဘဲ မောင်ရေခဲတို့နှင့် စကားပြောဆိုနေသည်။ ထိုစဉ်ဆောက်လုပ်ရေးအဖွဲ့သားများကဘုန်းကြီးကျောင်းပေါ်တက်လာပြီး ဆရာတော်ဘုရားကိုလာရောက်ဂါရဝပြုကြသည်။ ဆရာတော်ဘုရားက

” မအိပ်ကြသေးဘူးလားဒကာတို့…”

” တင်ပါ့…အိပ်မပျော်လို့ပါဘုရား…ဒါကြေင့်ဆရာတော်ဘုရားဆီတက်လာပြီး သိလိုတာလေးတွေမေးလျှောက်ရအောင်လို့ တက်လာခဲ့ကြတာပါဘုရား…”

” ဟုတ်လား…ဘာများလဲကွဲ့…သိလိုတာတွေမေးကြပါ…ဥူးဇင်းသိတာတွေဆိုဖြေပေးပါ့မယ်ဒကာတို့…”

” တင်ပါ့ဘုရား…တခြားတော့မဟုတ်ပါဘူး…ခုတပည့်တော်တို့တာဝါတိုင်ဆောက်လုပ်မဲ့မြေနေရာအကြောင်းသိချင်လို့ပါဘုရား…အဲဒီနေရာမှာအလုပ်လုပ်ရတာစိတ်ထဲမသန့်သလိုခံစားနေရလို့ပါဘုရား…”

” အင်း…ပြောရရင်တော့ တကာတို့အလုပ်လုပ်တဲ့နေရာက အရင်တုန်းကဒကာမကြီးနှင့်သူ့မြေးလေးနေခဲ့ဖူးတယ်ကွဲ့…ဒါပေမဲ့သူ့ရဲ့အမှားကြောင့်အပြစ်တွေကြေစေဖို့ အဲဒီမြေကို ဘုရားဝတ္တကမြေအဖြစ် ဥူးဇင်းကိုလှူခဲ့တာကွဲ့…ဥူးဇင်းလည်းအဲဒီနေရာကိုမရှင်းမလင်းဘဲထားတော့ တောရိုင်းတွေထလာတယ်…အဲဒီခြံထဲကအိမ်ကြီးလဲဆွေးမြေ့ပြိုပျက်သွားခဲ့တယ်ကွဲ့…ရွာသူရွာသားတွေပြောသံကြားတာတော့ အဲဒီမှာညညတွေဆို ဒကာမကြီးကိုမြင်နေရတယ်တဲ့…”

” ရွာသူရွာသားတွေပြောတာဟုတ်မယ်ထင်တယ်ဘုရား…တပည့်တော်ရဲ့အဖွဲ့သားတစ်ယောက်လည်း အဲဒီအဖွားကြီးခြောက်လွှတ်လိုက်သေးတယ်ဘုရား…”

” အေးကွယ်…နှစ်တွေကြာနေပြီဆိုပေမဲ့ ဒကာမကြီးကတော့မကျွတ်လွှတ်ရှာသေးဘူးထင်ပါ့…ဒါကြောင့်လူတွေကိုဒုက္ခပေးတာနေမှာပေါ့…”

” တင်ပါ့ဘုရား…ဒီအတိုင်းဆိုတပည့်တော်တို့လည်း လုပ်ငန်းဆောင်ရွက်ဖို့အခက်တွေ့နေပါတယ်ဘုရား…တပည့်တော်တို့ကိုကူညီလို့ရရင်ကူညီပေးပါဘုရား…”

” ဥူးဇင်းကတော့ လောကီကိစ္စတွေဝင်မပါချင်တော့ပါဘူးကွယ်…ဒါပေမဲ့ ဒကာတို့ကိုကူညီမဲ့လူတော့ရှိတယ်…ဟောဒီကခရီးသွားဒကာလေးနှစ်ယောက်ကတော့ ဒီကိစ္စမျိုးကိုကူညီဖြေရှင်းပေးနိူင်မယ်ထင်တယ်…”

ဆရာတော်က မောင်ရေခဲတို့ကိုမေးငေါ့ပြလိုက်ရာဆောက်လုပ်ရေးအဖွဲ့သားများ၏အကြည့်မှာ မောင်ရေခဲတို့ထံစုပြုံရောက်ရှိလာသည်။

” ဟုတ်လားဘုရား…တပည့်တော်တို့တော့ရေငတ်ချိန်ရေတွင်းထဲဆိုသလိုပါဘဲဘုရား….ဒီကညီလေးတို့ကအစ်ကိုတို့ကိုကူညီပေးနိူင်မလားဗျ…”

လုပ်ငန်းအဖွဲ့ခေါင်းဆောင်က မောင်ရေခဲတို့အားမေးရာ မောင်ရေခဲက

” ကူညီပေးနိူင်ပါတယ်အစ်ကိုတို့…ကျွန်တော်တို့လည်းကုသိုလ်ရတာပေါ့ဗျ…”

” ကဲကဲ..ဒီလိုဆိုရင်အားလုံးအဆင်ပြေသွားပြီမလားဒကာတို့…မနက်ဖြန်ဆောင်ရွက်စရာတွေရှိနေသေးတာမို့ စောစောအနားယူကြတော့…”

” တင်ပါ့ဘုရား… ”

ထိုနေ့၌အဖွဲ့သားအားလုံးသည် လိုအပ်သည်များယူပြီး ဆောက်လုပ်ရေးလုပ်ရာနေရာသို့လာခဲ့ကြသည်။ မောင်ရေခဲတို့လည်း လိုအပ်သည့်ပစ္စည်းများဝယ်ယူပြီး ကန်တော့ပွဲတစ်ခုကိုထိုးလိုက်သည်။ အားလုံးပြီးသွားသည်နှင့် ဆိုင်ရာကိုခွင့်တောင်းပြီး မကျွတ်မလွတ်ဖြစ်နေသည့်အဖွားကိုခေါ်လိုက်သည်။

” ဤနေရာ၌ ရှိနေသောဒေါ်အုံးမေခင်ဗျား…ကျွန်ုပ်သိလိုသည်ရှိသောကြောင့် မနှေးအမြန် ကျွန်ုပ်ရှေ့သို့ရောက်လာပေးပါခင်ဗျာ…”

မောင်ရေခဲကပတ်ဝန်းကျင်ကိုကြည့်ပြီး ထိုသို့ပြောလိုက်ရာ အလုပ်သမားအဖွဲ့တို့သည် ကြက်သီးဖြန်းဖြန်းထသွားကြပြီး ထိုအထဲမှဘုန်းကြီးလူထွက် ကိုဘအောင်သည် ရှေ့နောက်ယိမ်းထိုးကာ မောင်ရေခဲအနား၌လာရောက်ထိုင်နေသည်။

” ကိုဘအောင်…ဘာဖြစ်တာလဲဗျ…”

” ထိန်းထားကြ…သူ့ကိုထိန်းထားကြ…”

အဖွဲ့သားများက ကိုဘအောင်ကိုကြည့်ပြီးလန့်ကုန်ကြသဖြင့် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြစဉ် မောင်ရေခဲက လက်ကာပြလိုက်ပြီး

” တိတ်တိတ်နေပေးကြပါဗျ…ကဲ…ရောက်လာပြီလားအဖွား…”

ကိုဘအောင်ကခေါင်းညိတ်ပြသည်။ မောင်ရေခဲက အဖွားဒေါ်အုံးမေအားကြည့်လိုက်ရာ အမွေးအမြှင်များပေါက်နေသည့် သဘက်ကြီးတစ်ကောင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

” အဖွား…ဘာလို့ဆောက်လုပ်ရေးသမားတွေကိုနှောင့်ယှက်ရတာလဲဗျ…”

” နှောင့်ယှက်မှာဘဲ…သူတို့က ငါဆရာတော့်ကိုလှူလိုက်တဲ့မြေပေါ်မှာ ငါမကြိုက်တာလာလုပ်ကြတာကို…”

” ဒီလိုလုပ်တာကို ဆရာတော်ကိုယ်တိုင်ကခွင့်ပြုထားတာလေ…”

” ဆရာတော်ကခွင့်ပြုထားလို့ သူတို့လာလုပ်ကြတော့ ငါနေစရာမရှိတော့ဘူးလေ…ဒါကြောင့်သူတို့ကိုငါမောင်းထုတ်နေတာ…”

” ဒါဆိုအဖွားမကျွတ်မလွတ်ဖြစ်နေတာ ဒီမြေကိုစိတ်စွဲနေလို့လား…”

” မဟုတ်ဘူး…ငါဒီမြေကိုစိတ်သန့်သန့်နဲ့လှူခဲ့တာ….”

” ဒါဆို ဘာကြောင့်အဖွားမကျွတ်မလွတ်ဖြစ်နေတာလဲ အဖွားအတွက်ကုသိုလ်ကောင်းမှုတွေမလုပ်ပေးကြလို့လား…သာဓုခေါ်ခွင့်မရတာလား…”

” မဟုတ်ပါဘူး…အဖွားရဲ့ဒေါသကြောင့် မသေသင့်ဘဲသေခဲ့ရတဲ့ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရင်း သေတော့အဲဒီမစ္ဆရိယစိတ်ကြောင့်အဖွားမကျွတ်မလွတ်ဖြစ်နေရတာပါ…”

” ဪ…ဒေါသစိတ်ကအလွန်ကြောက်စရာကောင်းလှပါလား…ဒေါသစိတ်ကြောင့်တပါးသူတွေဒုက္ခရောက်ရသလို အဲဒီစိတ်ကြောင့်ဘဲ ကိုယ့်ကိုကိုယ်လည်း ဒုက္ခဖြစ်စေခဲ့ပြီ….ဒီတော့အဖွား အဲဒီစိတ်အစွဲကိုပယ်ဖျောက်ပြီး တပါးသောဘဝကိုကူးပြောင်းနိူင်ဖို့ ကျွန်တော်ကောင်းမှုကုသိုလ်လုပ်ပေးမယ်…အဖွားသာဓုခေါ်မလား…”

” အဖွားဒီလိုမျိုးမေးလာမဲ့သူကိုဘဲစောင့်နေတာပါ…အဖွားဒီဘဝကြီးကိုစက်ဆုပ်လှပါပြီ….အဖွားကိုယ်ထင်ပြခဲ့ပေမဲ့ တစ်ယောက်မှအဖွားအတွက်အမျှမဝေပေးခဲ့ကြဘူး…မြင်တာနဲ့ပြေးကြတာပါဘဲ…”

” ကျွန်တော်အဖွားအတွက် ဆရာတော်ဘုရားထံမှာအဖွားအတွက်ရည်စူးပြီး လှူဖွယ်ပစ္စည်းတွေလှူပေးမယ်…အဖွားသာဓုခေါ်ပါနော်….ပြီးတော့ဒီနေရာကိုလည်း အလုပ်တွေဆက်လုပ်ခွင့်ပေးလိုက်ပါ…”

” အဖွားမနှောင့်ယှက်တော့ဘူးသား…ဘဝသစ်ကိုသွားဖို့အဖွားစောင့်နေမယ်…အဖွားသွားပြီသား မနက်ဖြန်ကျရင် အဖွားအတွက်ရည်စူးပြီးကောင်းမှုပြုအမျှဝေပေးပါ…”

ဒေါ်အုံးမေထွက်သွားသည်နှင့် ကိုဘအောင်မှာဆတ်ခနဲတုန်သွားပြီး နံဘေးသို့လဲကျသွားသည်။

” ဟာလုပ်ကြဦး….ကိုဘအောင်ကြီးလဲကျသွားပြီဗျ…”

” စိတ်မပူကြပါနဲ့ဗျ…ဝင်ရောက်ပူးကပ်ခံရလို့ ခေတ္တမေ့မျောသွားတဲ့သဘောပါ…”

မောင်ရေခဲလည်း မေ့လဲနေသူအား ရေစင်ဖြင့်နိူးစေလိုက်ပြီး

” ကဲ…ဒီနေ့ကစပြီး ဒီလုပ်ကွက်ထဲမှာအန္တရာယ်ကင်းကင်း၊ အနှောင့်ယှက်ကင်းကင်းအလုပ်လုပ်နိူင်ပြီဗျ…မနက်ဖြန်ကျရင်အဖွားအတွက် ကောင်းမှုကုသိုလ်လုပ်ပြီး အမျှအတမ်းပေးဝေကြမယ်…”

” ကျေးဇူးတင်ပါတယ်ညီလေး…ကျွန်တော်တို့လည်းတတ်နိူင်သလောက်အဖွားအတွက်ကုသိုလ်လုပ်ပေးဖို့ပါဝင်ပါရစေ…”

အလုပ်သမားအဖွဲ့၏ထည့်ဝင်လှူဒါန်းသောငွေအချို့နှင့် သူ့ငွေအချို့ပေါင်းပြီး ဆရာတော်အဖို့ ဆွမ်းကပ်ပြီး ဒေါ်အုံးမေကောင်းမှုဟုကမည်းထိုးကာ ရေချမ်းစင်တစ်ခုကိုလည်း ရွာထိပ်၌ ဆောက်လုပ်လှူဒါန်းပေးခဲ့ကြသည်။ ပြုသမျှသောကောင်းမုှကုသိုလ်အစုစုကို ဒေါ်အုံးမေအားရည်စူးပြီး အမျှအတမ်းပေးဝေလိုက်ကြတော့သည်။ ဒေါ်အုံးမေလည်း မြင့်မြတ်သောဘုံဘဝသို့ ရောက်ရှိလိမ့်မည်ဟု ယုံကြည်ရင်း မောင်ရေခဲပြုံးနေမိတော့သည်။…..။

# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ စိတ္၏အစြဲ(စ/ဆုံး)
—————————————–
” ဟင္….ငါ့….ငါ့အပင္ေလးေတြ…ဘယ္သူလာဖ်က္ဆီးသြားတာလဲ….”
” အမေလး…အဖြားေရၾကည့္ပါအုံး သမီးတို႔ၾကက္သြန္ခင္းေတြ ဘာမွရစရာမရွိေတာ့ဘူး….”

အေဝးကေနျပန္အလာ ၿခံဝန္းထဲဝင္လိုက္သည္ႏွင့္ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ အေမာပင္ဆို႔သြားရသည္။ မိမိတို႔ေျမးအဖြားႏွစ္ေယာက္ ပင္ပင္ပန္းပန္း တယုတယ စိုက္ပ်ိဳးခဲ့ေသာ စိုက္ခင္းမ်ားကို ယခုကဲ့သို႔လာေရာက္ဖ်က္ဆီးသြားၾကေသာေၾကာင့္ ေဒၚအုံးေမစိတ္ထဲ ေဒါသထြက္သြားရသည္။ ငယ္႐ြယ္ေသာေျမးမေလးကား မည္မွ်ပင္ေဒါသထြက္လိမ့္မည္ကိုကား ဆိုဖြယ္ရာပင္မရွိေတာ့ေခ်။

” အမေလးအဖြားေရ…ၿခံေနာက္ေဖးကအခင္းေတြကပိုဆိုးတယ္…နင္းေျခ႐ုံမကဘူး အပင္ေတြပါႏူတ္ပစ္ထားၾကတယ္….မာလကာသီးေတြလည္းခူးစားထား႐ုံမကဘူး စားမရေသးတဲ့အသီးေတြပါ အကုန္လုံးေခြၽခ်ပစ္ထားၾကတယ္အဖြားေရ….လာၾကည့္ပါအုံး….အဟီး…ဟင့္ဟင့္….”

မေအးႏုကမိမိ၏စိုက္ခင္းမ်ားသုံးစားမရေလာက္ေတာ့သည္အထိ ဖ်က္ဆီးခံထားရသျဖင့္ ေဒါသကေန မ်က္ရည္မ်ားအျဖစ္ ေျပာင္းလဲသြားကာ ရႈိက္ႀကီးတငင္ငိုေႂကြးေနရွာေတာ့သည္။

အိမ္ေရွ႕ရွိအပင္ကိုၾကည့္ၿပီးေဒါသထြက္ေနေသာေဒၚအုံးေမတစ္ေယာက္ ေျမးမျဖစ္သူ၏စကားေၾကာင့္ အိမ္ေနာက္ေဖးစိုက္ခင္းရွိရာသို႔ သြားၾကည့္ျပန္သည္။

” အမေလး…လုပ္ရက္လိုက္ၾကတာေအ…လုပ္ရက္လိုက္ၾကတာ….ဒင္းတို႔ေတြငါ့အေၾကာင္း ေကာင္းေကာင္းသိေစရမယ္ေဟ့….ေတာက္!…”

သည္းမခံႏိူင္ေတာ့သည့္အဆုံး ေဒၚအုံးေမတစ္ေယာက္ ထဘီေအာက္စကိုပင့္ၿပီး ေတာက္တစ္ခ်က္ကို ခပ္ျပင္းျပင္းေခါက္လိုက္ေတာ့သည္။ ထို႔ေနာက္ေျမျပင္ေပၚမွ က်န္ရစ္ခဲ့ေသာ ေျခရာမ်ားကို သုံးဆုပ္ခန႔္ဆုပ္ယူလိုက္ၿပီး အိမ္တံခါးေသာ့ကိုဖြင့္ကာ အခန္းထဲသို႔ဝင္ေရာက္သြားခဲ့ေတာ့သည္။

နံနက္ေဝလီေဝလင္းအခ်ိန္တြင္ကား လမ္းေပၚ၌လူမ်ား ပ်ာယီးပ်ာယာလႈပ္ရွားေနၾကသည္။ မိန္းမႀကီးတို႔၏ငိုယိုေနၾကသည့္အသံမ်ားလည္း ဆူညံပြက္ေလာ႐ိုက္ေနၾကသည္။ မနက္အိပ္ယာမွထလာေသာ မေအးႏုကား ႐ြာထဲရွိလူမ်ား ဘာျဖစ္ေနမွန္းကိုမသိေသာေၾကာင့္ လမ္းမႀကီးဘက္သို႔ေငးၾကည့္ေနသည္။

” မခင္ၿပဳံးရဲ႕သမီး ဒီမနက္မွာဘဲေသြးအန္ၿပီးအသက္ပါ ပါသြားတယ္တဲ့ေအ့….”

” ဟင္ဟုတ္လား…ဦးခင္ေပ်ာ္ရဲ႕တူလည္း ညကတညလုံးမအိပ္ဘဲ ညည္းညဴေနတာ ဒီမနက္ေရာက္ေတာ့ ေသြးအန္ၿပီးေသသြားတယ္တဲ့…”

” ဒီကေလးေတြဘာမ်ားစားမိၾကတာပါ့လိမ့္…ငါေတာ့ေၾကာက္တယ္ေဟ့….ကေလးမိဘေတြေတာ့ဘယ္လိုခံစားရမယ္မသိ…”

လမ္းေပၚမွ ခပ္ျမန္ျမန္သြားေနၾကေသာ မိန္းမႀကီးႏွစ္ေယာက္၏စကားကို မေအးႏုတစြန္းတစၾကားလိုက္မိသည္။

” ဟင္…ကေလးေတြဘာျဖစ္ၾကတာပါလိမ့္..”

မေအးႏုထိုသို႔ေတြးၿပီး အိမ္ေပၚသို႔ျပန္တက္လာကာ အဖြားျဖစ္သူကိုေမးၾကည့္လိုက္သည္။

” အဖြား…႐ြာထဲမွာကေလးေတြ ေသြးအန္ၿပီးေသေနၾကတယ္လို႔ ေျပာသံၾကားတယ္…အဖြားေရာ သြားမၾကည့္ဘူးလား…”

” အျပစ္ရွိသူကျပစ္ဒဏ္ခံစားရမွာဘဲ ငါ့ေျမး…လုပ္စရာရွိတာလုပ္ သူ႔မ်ားအေၾကာင္းစိတ္မဝင္စားနဲ႔…”

သူမကသာ႐ြာထဲရွိေသြးအန္ၿပီးေသသြားေသာ ကေလးမ်ားအေၾကာင္းကို စိတ္ဝင္စားေနေသာ္လည္း အဖြားျဖစ္သူမွာ တည္ၿငိမ္လြန္းလွသည္။ အဖြားျဖစ္သူကို တစ္႐ြာလုံးကေရွာင္ၾကဥ္ထားၾကသည္။ မဆုံျဖစ္ေအာင္ ေရွာင္သြားၾကသည္။ တစ္႐ြာလုံးကအဖြားကို စုန္းမႀကီးဟုသတ္မွတ္ထားၾကသည္။ သို႔ေသာ္အဖြားသည္ ႐ြာသူ႐ြာသားတို႔၏ စကားကိုအဖတ္မလုပ္ဘဲ မိမိလုပ္စရာရွိသည္ကိုသာတစိုက္မွတ္မွတ္လုပ္သည္။ တစ္ခါမေအးႏုက အဖြားျဖစ္သူကို ႐ြာထဲကလူမ်ားေျပာေနၾကသည့္အတိုင္း တကယ့္ပညာသည္လားဟုေမးၾကည့္ရာ အဖြားသည္ တည္ၿငိမ္စြာျဖင့္ပင္

” ဒီမယ္ငါ့ေျမး….ပတ္ဝန္းက်င္စကားကိုနားေယာင္မေနနဲ႔…ကဲ့ရဲ႕ခုႏွစ္ရက္ ခ်ီးမြမ္းခုႏွစ္ရက္တဲ့….အဖြားကသူမ်ားပစၥည္းဥစၥာခိုးယူေနတာမဟုတ္ဘူး…အျပစ္မရွိဘဲ အျပစ္မယူတတ္ဘူး….အင္းအျပစ္ရွိရင္ေတာ့ အျပစ္ရွိသူကိုျပစ္ဒဏ္ေပးရမွာဘဲ…ဒါေလာကရဲ႕စည္းမ်ဥ္းဘဲ….ဒီေတာ့သူမ်ားေတြကိုယ့္ကိုဘယ္လိုဘဲျမင္ေနပါေစ…ကိုယ့္ကိုကိုယ္ေကာင္းေအာင္ေနဖို႔ဘဲလိုတယ္…အဲဒါကိုၿမဲၿမဲမွတ္ထားငါ့ေျမး…”

ဟုသာျပန္လည္ေျပာဆိုတတ္သည္။ အဖြားသည္ အသက္(၇၀)ေက်ာ္ၿပီျဖစ္ေသာ္လည္း ခါးမကုန္းဘဲ ေပါ့ပါးစြာသြားလာလႈပ္ရွားႏိူင္သည္။ ရင္ဖုံးအက်ႌကိုအၿမဲလိုလိုဝတ္ဆင္ထားတတ္ၿပီး သူ၏ကျဖဴေနေသာဆံပင္ကို အုန္းဆီလူးၿပီး သပ္ရပ္ေနေအာင္ဖီးကာ ဘီးျဖင့္တပတ္လွ်ိဳကာထုံးထားတတ္သည္။ အဖြားကသူမကိုခ်စ္သလို သူမကလည္းအဖြားကိုအလြန္ခ်စ္သည္။ တပါးသူကအဖြားကိုမည္မွ်ပင္ မေကာင္းေျပာေနေစကာမူ အဖြားသည္ကားသူမအတြက္ အေကာင္းဆုံးေသာမွီတြယ္ရာပင္။

ထိုေန႔၌တေန႔လုံး ႐ြာထဲရွိလူမ်ား ဥဒဟိုသြားလာေနၾကသည္။ ဟိုလူ႔ကေလးေသ ဒီလူ႔ကေလးေသျဖင့္ ေသသြားၾကရာ ထိုတစ္ေန႔တည္းမွာပင္ ကေလး၅ေယာက္ေသသြားခဲ့သည္။ ေသပုံေသနည္းမွာလည္း ငါးေယာက္စလုံးအတူတူပင္ျဖစ္သည္။
အေရွ႕အရပ္မွထြက္လာေသာေနေရာင္ျခည္ႏုႏုေလးေအာက္တြင္ ပတၱျမားေရာင္လႊမ္းေနေသာ ဖန္ဆြတ္ရည္သဃၤန္းကို ဆင္ျမန္းထားသည့္ ဘုရားသားေတာ္တို႔သည္ က်က္သေရရွိစြာျဖင့္ မဟူရာေရာင္ သပိတ္ကိုယ္စီပိုက္ကာ ႐ြာထဲသို႔စီတန္း၍လာေနသည္။ ေဒၚအုံးေမသည္ အေဝးမွေၾကးစည္သံကိုၾကားရသည္ႏွင့္ ဆြမ္းေလာင္းလႉဖို႔ရန္ ခူးခပ္ေနသည္။

” ဟဲ့အဖြားႀကီး…စုန္းမႀကီး…အသက္ႀကီးၿပီး ကိုယ္ခ်င္းစာတရားမရွိတဲ့အဖြားႀကီး…ခင္ဗ်ားအိမ္ထဲကေနထြက္လာခဲ့စမ္း…ခင္ဗ်ားေၾကာင့္ က်ဳပ္တို႔ကေလးေတြအခ်ိန္မတန္ဘဲေသသြားရတာ…ခင္ဗ်ားကိုလည္းအရွင္မထားဘူး…ထြက္လာခဲ့စမ္း…”

” ေဟ့စုန္းမႀကီး…ညည္းထြက္လာခဲ့စမ္း…”

သဒၵါစိတ္အျပည့္ျဖင့္ ဆြမ္းဟင္းဆြမ္းထမင္းခူးခပ္ေနေသာ ေဒၚအုံးေမက အိမ္ေရွ႕မွေအာ္သံေၾကာင့္ ဇြန္းကိုခ်ထားလိုက္ၿပီး အိမ္ျပင္သို႔ထြက္လာခဲ့သည္။

” ဟဲ့အဖြားႀကီး…ညည္းက်ဳပ္သားကိုအပင္းထည့္လႊတ္လိုက္တာမလား…ညည္းေၾကာင့္က်ဳပ္သား ေသြးအန္ၿပီးေသသြားၿပီဟဲ့…”

” ဟာကြာေျပာမေနနဲ႔…ၾကာတယ္…ဒီအဖြားႀကီးကစုန္းပညာသည္မွန္း တစ္႐ြာလုံးသိေနၾကတာဘဲ…ေနာက္ကေလးေတြထပ္မေသေအာင္ ဒီအဖြားႀကီးကိုတစ္ခါထဲ ခုတ္သတ္လိုက္တာေကာင္းမယ္…”

ေယာက်ာ္း၊မိန္းမ ေပါင္းဆယ္ေယာက္ခန႔္ပါသည့္လူစုသည္ ေဒၚအုံးေမအား ဆဲေရးတိုင္းထြာရန္ရွာၿပီး ေယာက်ာ္းသားမ်ားက ဓားျဖင့္ခုတ္ရန္တကဲကဲျဖစ္ေနသည္။ ေဒၚအုံးေမက တခြန္းတပါဒမွ် စကားျပန္မဆိုဘဲ ထိုလူတို႔အားၾကည့္ေနသည္။ မေအးႏုကမူ
အဖြားျဖစ္သူေရွ႕၌ရပ္ကာ

” ရွင္တို႔္ေတာ္ေတာ္လြန္လာၿပီေနာ္…က်ဳပ္အဖြားကိုဘာေတြမဟုတ္တန္းတရားလာစြပ္စြဲေနတာလဲ…”

” က်ဳပ္တို႔စြပ္စြဲေနတာမဟုတ္ဘူး….ညည္းအဖြားကက်ဳပ္တို႔ကေလးေတြကိုအပင္းထည့္သတ္လိုက္တာ…”

” ငါ့အဖြားလုပ္တယ္ေျပာရေအာင္ ဘာသက္ေသရွိလို႔လဲ…နင္တို႔္ကေလးေတြဘာျဖစ္မွန္းမသိဘဲေသတာ ငါ့အဖြားနဲ႔ဘာဆိုင္လို႔လဲ…”

” နင့္အဖြားအပင္းထည့္လိုက္လို႔ေသတာ…နင္ကနင့္အဖြားဘက္ဘာလို႔ပါေနရတာလဲ…ဘာလဲနင္လည္း နင့္အဖြားဆီကစုန္းပညာေတြဆက္ခံထားလို႔လား…”

တစ္ဦးႏွင့္တစ္ဦးေဒါသမ်ားျဖင့္ အျပန္အလွန္ေျပာဆိုေနၾကသည္။ ထိုစဥ္ ဆြမ္းခံႂကြလာေသာ သံဃာေတာ္တို႔က ေဒၚအုံးေမ၏ၿခံေရွ႕သို႔ေရာက္လာၿပီး ၿခံထဲမွရန္ျဖစ္ေနၾကသည့္ အသံကိုၾကားလိုက္ရသည္။

ထိုအခါအေရွ႕ဆုံးမွႂကြေနေသာ ႐ြာဦးေက်ာင္းဆရာေတာ္ ဥဴးသုမနသည္ ရန္ပြဲကိုစဲေစရန္အလို႔ငွါ ၿခံထဲသို႔္ႂကြလာသည္။

” အဘယ္အေၾကာင္းေၾကာင့္ ခိုက္ရန္ျဖစ္ပြားေနၾကတာလဲဒကာႀကီး…ဒကာမႀကီးတို႔…”

” ဟာ…အရွင္ဘုရား…”

ဆရာေတာ္ထိုသို႔မိန႔္လိုက္မွ ရန္ျဖစ္ေနုၾကေသာလူစုသည္ ဆရာေတာ္ကိုျမင္သြားၿပီး လက္နက္မ်ားပစ္ခ်ကာ ေျမေပၚ၌ထိုင္လိုက္ၾကၿပီး ဆရာေတာ္ကိုဂါရဝျပဳလိုက္ၾကသည္။ ေဒၚအုံးေမက တရာေတာ္ထိုင္ဖို႔ရန္ထိုင္ခုံတစ္လုံးကို အျမန္ယူလိုက္သည္။

” ကဲ…ဆိုစမ္းပါဦးဒကာမႀကီးတို႔…ဘာအတြက္ခိုက္ရန္ျဖစ္ေနုၾကတာလဲ…”

” ဒီစုန္းမႀကီးက တပည့္ေတာ္မတို႔ရဲ႕ကေလးေတြကို အပင္းထည့္လႊတ္လိုက္လို႔ မေက်နပ္လို႔ပါဘုရား…”

” မွန္ပါတယ္ဘုရား…တပည့္ေတာ္ရဲ႕သားလည္းသူအပင္းထည့္လိုက္လို႔ ေသြးအန္ၿပီးေသရပါတယ္ဘုရား…”

လူစု၏ေလွ်ာက္တင္စကားကို ဆရာေတာ္ဘုရားကနားေထာင္ၿပီး

” ဒကာမႀကီးက အပင္းထည့္လႊတ္လိုက္တယ္လို႔ ဒီကဒကာႀကီးေတြကဘာေၾကာင့္ေျပာရတာလဲ…”

” တင္ပါ့ဘုရား…ေသသြားတဲ့တပည့္ေတာ္တို႔ရဲ႕ကေလးတစ္စုဟာ လြန္ခဲ့တဲ့ရက္ေတြက ေဒၚအုံးေမရဲ႕ၿခံထဲမွာ သြားေဆာ့ခဲ့ၾကတယ္ေျပာတယ္ဘုရား…အဲဒီကေလးေတြက ၿခံထဲမွာရွိတဲ့မာလကာသီးေတြကိုလည္း ခူးစားခဲ့ၾကတယ္လို႔္ဆိုတယ္ဘုရား…”

” ဟုတ္တယ္ဘုရား…ဒါေၾကာင့္ စုန္းမႀကီးက မေက်နပ္လို႔ ျပဳစားလႊတ္လိုက္တာ တပည့္ေတာ္တို႔အတပ္သိပါတယ္ဘုရား…ဒါေၾကာင့္ ကေလးေတြအတြက္တရားမွ်တမႈရေအာင္ သူ႔ကိုျပန္သတ္သင့္တယ္ဘုရား…”

” ဟုတ္ခဲ့ပါသည္ထားဦး… ဒီကိစၥကိုဒကာတို႔ဒီလိုေျဖရွင္းရင္ မွားေပေတာ့မွာေပါ့…ကဲ…ဒီကဒကာမႀကီးလည္း သူတို႔ေျပာသလို ကေလးေတြကိုအပင္းထည့္လႊတ္လိုက္သလား…”

ဆရာေတာ္ဘုရားက ေဒၚအုံးေမကိုထိုသို႔ေမးလိုက္ရာ ေဒၚအုံးေမကတုန္လႈပ္မႈကင္းသည့္ဟန္ျဖင့္

” ကေလးေတြက တပည့္ေတာ္မတို႔ေျမးအဖြားအိမ္မွာမရွိခိုက္ တပည့္ေတာ္မတို႔စိုက္ပ်ိဳးထားတဲ့သီးပင္စားပင္ေတြအကုန္လုံးကို နင္းေျခဖ်က္ဆီးပစ္ပါတယ္ဘုရား…စားတတ္တဲ့အရာစားတာ တပည့္ေတာ္မဘာမွမေျပာလိုေပမဲ့ စိုက္ခင္းေတြကိုဖ်က္ဆီးပစ္တာကိုေတာ့ တပည့္ေတာ္မ သည္းမခံႏိူင္ပါဘူးဘုရား…ဒါေၾကာင့္မို႔ တပည့္ေတာ္မပညာနဲ႔လုပ္လိုက္တာပါ…”

ေဒၚေအးေမထိုသို႔ေလွ်ာက္တင္လိုက္ရာ ဆရာေတာ္ဘုရားက ေခါင္းတဆတ္ဆတ္ၿငိမ့္လိုက္ၿပီး

” အင္း…ဒီကိစၥဟာ ႏွစ္ဦးႏွစ္ဖက္စလုံးမွားတဲ့အမွားဘဲ ကေလးေတြဟာလည္း ဒကာမႀကီးစိုက္ပ်ိဳးထားတဲ့ အပင္ေတြကိုဖ်က္ဆီးပစ္လိုက္ၾကသလို ဒကာမႀကီးဟာလည္း ကေလးေတြအေပၚ ေဒါသစိတ္ေၾကာင့္ စိတ္လိုက္မာန္ပါလုပ္လိုက္မိေတာ့ မမွားသင့္မျဖစ္သင့္တာေတြျဖစ္ကုန္ၿပီေလ…”

အေၾကာင္းစုံကိုသိလိုက္ရေသာေၾကာင့္ ကေလးမိဘမ်ားလည္း သူတို႔ဘက္မွအမွားကိုသိလိုက္ၾကေသာေၾကာင့္ အားလုံးႏူတ္ဆိတ္ကုန္သည္။ ဆက္လက္၍ဆရာေတာ္ဘုရားက

” ကဲကဲ…ဒကာမႀကီးလည္း မိမိအမွားကိုျပန္လည္ဆင္ျခင္သုံးသပ္ပါေလ…ဒီက ကေလးမိဘေတြျဖစ္တဲ့ဒကာဒကာမႀကီးေတြလည္း ေဒါသကိုယ္စီခ်ဳပ္ထိန္းၿပီး တစ္ဦးအေပၚတစ္ဦးေမတၱာထားၾကပါေလ…”

” တင္ပါ့ဘုရား… ”

” တင္ပါ့ဘုရား… တပည့္ေတာ္မ ေဒါသရဲ႕အလိုကိုလိုက္ခဲ့မိလို႔ အသက္ေတြစေတးခဲ့ၾကရၿပီဘုရား…ဒီအတြက္တပည့္ေတာ္မ အလြန္အျပစ္ႀကီးသြားပါၿပီ…ဒါေၾကာင့္မို႔ အျပစ္ေတြျမဴမႈန္ေလာက္သာေၾကရင္လည္း ေၾကပါေစေတာ့လို႔ စိတ္မွာေတြးမွတ္ၿပီး ယခုတပည့္ေတာ္မေနထိုင္တဲ့အိမ္ယာေျမကို ဘုရားဝတၱကေျမအျဖစ္ လႉဒါန္းလိုက္ပါရေစ…သနားဂ႐ုဏာထားၿပီး အလႉကိုလက္သင့္ခံေပးေတာ္မူပါဘုရား….”

ေဒၚအုံးေမသည္ ဆရာေတာ္ဘုရား၏ေရွ႕တာ္ေမွာက္၌ ျပားျပားဝပ္ၿပီး မိမိပိုင္ဆိုင္ေသာအိမ္ယာႏွင့္ေျမကို ဆရာေတာ္ဘုရားအား လႉဒါန္းလိုက္သည္။

” ဒကာမႀကီးရဲ႕အလႉကို ဝမ္းေျမာက္ဝမ္းသာ လက္ခံပါတယ္ဒကာမႀကီး…ဤသို႔လႉဒါန္းရေသာအက်ိဳးအားေၾကာင့္ ဒကာမႀကီးရဲ႕ျဖစ္ေလရာဘဝတိုင္းမွာ အနာေရာဂါကင္းရွင္းၿပီး မြန္ျမတ္ေသာစိတ္ထားကိုပိုင္ဆိုင္သူျဖစ္ပါေစ…”

” ေပးတဲ့ဆုနဲ႔ျပည့္ပါရလို၏ဘုရား…”

ေဒၚအုံးေမနည္းတူေျမးမျဖစ္သူ မေအးႏုလည္းဆရာေတာ္ဘုရားကိုဦးခ်၏။ ဆရာေတာ္ကိုဦးခ်ၿပီးသည္ႏွင့္ ေဒၚအုံးေမသည္ ကေလးမိဘမ်ားဘက္သို႔လွည့္ၿပီး

” တူႀကီးတူမႀကီးတို႔ကို အဖြားေတာင္းပန္ပါတယ္ကြယ္….အဖြားရဲ႕ေဒါသေၾကာင့္မျဖစ္သင့္တာျဖစ္ခဲ့ရတယ္…အဖြားကိုခြင့္လႊတ္ေပးၾကပါလို႔ေတာ့အဖြားမေျပာေတာ့ပါဘူးကြယ္…”

ဆိုၿပီးေတာင္းပန္ေသာ္လည္း သားသမီးမ်ားဆုံးရႈံးထားရေသာ လူစုကားေဒၚအုံးေမကိုေက်နပ္ၾကဟန္မတူေပ။

ဆရာေတာ္ကိုၿခံေျမလူၿပီးသည္ႏွင့္ ေဒၚအုံးေမတို႔ေျမးအဖြားႏွစ္ေယာက္စလုံး ႐ြာစြန္ရွိ မေအးႏု၏မိဘပိုင္ရာအိမ္သို႔ေျပာင္းေ႐ႊ႕လာခဲ့ၾကသည္။ ထိုသို႔ေျပာင္းေ႐ႊ႕ၿပီး ႏွစ္လခန႔္အၾကာတြင္ ေဒၚအုံးေမကြယ္လြန္ေလသည္။ ေဒၚအုံးေမကြယ္လြန္သြားသျဖင့္ ႐ြာသူ႐ြာသားမ်ား ေပ်ာ္႐ႊင္ေနၾကသည္။

ေဆာက္လုပ္ေရးအဖြဲ႕တစ္ဖြဲ႕သည္ ဖုန္းေအာ္ပေရတာတစ္ခုအတြက္ တာဝါတိုင္ေဆာက္ရန္ ပါခဲက္႐ြာသို႔ေရာက္လာခဲ့ၾကသည္။ ထိုေဆာက္လုပ္ေရးအဖြဲ႕တြင္ စုစုေပါင္းအဖြဲ႕သားမ်ားဆယ္ေယာက္ခန႔္ရွိသည္။ ထိုေဆာက္လုပ္ေရးအဖြဲ႕သားမ်ားက တာဝါတိုင္ေဆာက္လုပ္ေနစဥ္အတြင္း ပါခဲက္႐ြာဘုန္းႀကီးေက်ာင္း၌ တည္းေနၾကသည္။

ထိုအဖြဲ႕သားေရာက္လာသည့္အခ်ိန္၌ တိုက္တိုက္ဆိုင္ဆိုင္႐ြာထဲမွ မဂၤလာပြဲတစ္ခုသည္လည္း ဘုန္းႀကီးေက်ာင္း၌လာေရာက္က်င္းပမည္ဟုဆိုရာ အဖြဲ႕သားမ်ားအဖို႔ဒုကၡေရာက္ေတာ့သည္။ အေၾကာင္းမွာ ထိုေဆာက္လုပ္ေရးအဖြဲ႕သားမ်ားတည္းေနသည့္ ဆြမ္းစားေဆာင္ကို မဂၤလာခန္းမအျဖစ္ေျပာင္းလဲျပင္ဆင္မည္ဆိုေသာေၾကာင့္ပင္။
အစီအစဥ္ကထိုသို႔စလာသျဖင့္ ေဆာက္လုပ္ေရးအဖြဲ႕သည္ မိမိတို႔၏ပစၥည္းမ်ားကိုသယ္ယူၿပီး တျခားအခန္းသို႔ေျပာင္းေ႐ႊ႕ခဲ့ရသည္။

ထိုသို႔ေျပာင္းေ႐ႊ႕လိုက္ရသျဖင့္ ေဆာက္လုပ္ေရးအဖြဲ႕သားထဲမွစိတ္ခပ္ဆတ္ဆတ္ရွိေသာ လူတစ္ေယာက္သည္ ဘုန္းႀကီးေက်ာင္းတြင္မတည္းေတာ့ဘဲ မိမိတို႔တာဝါတိုင္ေဆာက္လုပ္ရန္သတ္မွတ္ထားသည့္ ေနရာ၌ တဲထိုးၿပီးေနမည္ဟုေျပာသည္။ ထိုအခါအဖြဲ႕ေခါင္းေဆာင္က အဖြဲ႕သားမ်ားကိုတစ္စုတစ္စည္းတည္း ရွိေစလိုသျဖင့္ ထိုလူ၏ေျပာင္းေ႐ႊ႕မည့္ကိစၥကိုသေဘာမတူေခ်။
ေနာက္တစ္ေန႔ေရာက္ေသာ္ အဖြဲ႕သားမ်ားအားလုံးက လိုအပ္မည့္ပစၥည္းမ်ားယူၿပီး တာဝါတိုင္ေဆာက္မည့္ေနရာသို႔ေရာက္လာခဲ့ၾကသည္။ တာဝါတိုင္ေဆာက္မည့္ေနရာတြင္သစ္ပင္ႀကီးငယ္မ်ား အုပ္ဆိုင္းေနသည္။ လူသူအေရာက္အေပါက္နည္းပါးသျဖင့္ ၿခဳံထူထပ္သည္။ ထိုေန႔၌တစ္ေန႔လုံး ၿခဳံရွင္း၊ပႏၷက္႐ိုက္သည္ႏွင့္တစ္ေန႔တာကုန္သြားခဲ့သည္။

တာဝါတိုင္ေဆာက္လုပ္မည့္ေနရာအား ရွင္းလင္းလိုက္ရာ အေတာ္ပင္က်ယ္ဝန္းသည္ကိုေတြ႕ရသည္။ ထိုေနရာကိုေဆာက္လုပ္ေရးအဖြဲ႕သားမ်ား ရွင္းလင္းေနၾကသည္ကို ႐ြာသူ႐ြာသားမ်ားက ကြက္ၾကည့္ကြက္ၾကည့္လုပ္ၿပီး အခ်င္းခ်င္းတီးတိုးေျပာဆိုေနၾကသည္။ ထိုေနရာအားရွင္းလင္းၿပီးသည္ႏွင့္ စိတ္ဆတ္ေသာအဖြဲ႕သားတစ္ေယာက္သည္ ပစၥည္းပစၥယမ်ားယူၿပီး ထိုေနရာ၌တဲထိုးကာ ေနေလေတာ့သည္။ အဖြဲ႕ေခါင္းေဆာင္ကမေနေစလိုသျဖင့္ ထိုေနရာ၌သရဲေျခာက္သည္ဟုေျပာၿပီး ျပန္ေခၚေသာ္လည္း ထိုလူက

” ငါကဘုန္းႀကီးလူထြက္ကြ…ဘာသရဲမွမေၾကာက္တတ္ဘူး….”

ဟုဆိုေလရာ အဖြဲ႕ေခါင္းေဆာင္လည္းတားမရသည့္အဆုံး လက္ေလွ်ာ့လိုက္ရေတာ့သည္။

ညခုႏွစ္ရာရီရွိၿပီျဖစ္ေသာေၾကာင့္ လူသံသူသံမ်ားတိတ္ဆိတ္ေနသည္။ ဘုန္းႀကီးေက်ာင္း၌တည္းေနၾကေသာ ေဆာက္လုပ္ေရးအဖြဲ႕သားမ်ားက မီးဖိုကာ စကားဝိုင္းဖြဲ႕ေျပာေနၾကသည္။ ထိုအခ်ိန္လုပ္ကြက္၌ တဲထိုးၿပီးေနေနသည့္ ဘုန္းႀကီးလူထြက္က အဖြဲ႕သားမ်ားရွိရာဘုန္းႀကီးေက်ာင္းသို႔ေရာက္လာသည္။ အဖြဲ႕သားမ်ားကလည္း ထိုလူကိုျမင္၍ စေနာက္ခ်င္သည္ႏွင့္

” ဘာလဲကိုဘေအာင္…သရဲေျခာက္လို႔ျပန္ေျပးလာတာလားဗ်…ဟဲဟဲ…”

” ေတာ္ကြာ…ဘယ္ကလာသရဲေျခာက္လို႔ျပန္ေျပးလာရမွာလဲ…လမ္းထိပ္ကိုအဖြားႀကီးတစ္ေယာက္ကလိုက္ပို႔ေပးဆိုလို႔ လိုက္ပို႔ရင္း လမ္းႀကဳံလို႔ ဖေယာင္းတိုင္ဝင္ယူတာကြ…”

” ေအးပါကြာ…ဂ႐ုေတာ့စိုက္ဦးကိုဘေအာင္…”

” ေအးေအး…”

ကိုဘေအာင္ကထိုသို႔ေျပာၿပီး ဘုန္းႀကီးေက်ာင္းေပၚတက္ကာ ဆရာေတာ္ဘုရားထံမွဖေယာင္းတိုင္အခ်ိဳ႕ေတာင္းယူၿပီး တဲထိုးထားသည့္ေနရာသို႔ျပန္လာခဲ့သည္။ ကိုဘေအာင္ျပန္သြားၿပီး သိပ္မၾကာလိုက္ေပ။
ေခြၽးသီးေခြၽးေပါက္မ်ားျဖင့္ ကိုေအာင္က ဘုန္းႀကီးေက်ာင္းသို႔ျပန္ေရာက္လာခဲ့သျဖင့္ တစ္ဖြဲ႕လုံးအံ့ဩသြားရသည္။

” ေဟ့ေကာင္ဘေအာင္…ဒီတစ္ခါဘာလာယူတာလဲကြ…မင္းၾကည့္ရတာေျပးလာရတဲ့ပုံဘဲ….”

” ေအးကြာ…ေစာေစာနားကငါလမ္းထိပ္ကိုလိုက္ပို႔ေပးတယ္ဆိုတဲ့အဖြားေလ…”

” ေအး…အဲအဖြားေသသြားလို႔လားကြ…”

” မဟုတ္ဘူး…ငါ့တဲဆီျပန္ေရာက္ေနလို႔ကြ”

” ေဟ…မင္းဟာကဟုတ္မွဟုတ္ရဲ႕လားကြာ…မင္းလိုက္ပို႔ခဲ့တယ္ဆိုတဲ့လမ္းထိပ္က မင္းေနတဲ့ေနရာနဲ႔ဆိုအလြန္ဆုံးမေဝးဘူးဆိုရင္ေတာင္ ၄၅မိနစ္၊ တစ္နာရီေလာက္ေလွ်ာက္ရတာကြ…”

” အင္းေလ…ငါလည္းအဲအဖြားႀကီးကိုပို႔ေပးၿပီးတာနဲ႔ နင္တို႔္ဆီခဏဝင္ၿပီးတန္းျပန္တာဘဲ…ငါတဲဆီျပန္ေရာက္ေတာ့ အဖြားႀကီးကငါ့တဲထဲမွာထိုင္ေနတယ္ကြ…”

” ေဟ…မဟုတ္ေတာ့ဘူးေနာ္…တစ္ခုခုေတာ့မွားေနၿပီထင္တယ္ကြ…”

” နင္ျပန္ေရာက္ေတာ့ အဖြားႀကီးကနင့္ကိုဘာေျပာလဲကိုဘေအာင္…”

” သူကို႔လမ္းထိပ္ျပန္ပို႔ေပးပါတဲ့…အဲဒါနဲ႔ငါလည္း ဒီအဖြားႀကီးကလူမဟုတ္ဘူးဆိုတာလည္းသိေရာ ျဖစ္ခ်င္ရာျဖစ္ ေနာက္က်တဲ့ေျခေထာက္သစၥာေဖာက္ဘဲ လို႔ေတြးၿပီး ဒီကိုေျပးလာတာဗ်ိဳ႕…အဖြားႀကီးကေတာ့က်ဳပ္ကိုၾကည့္ၿပီး သြားမဲႀကီးေတြေပၚတဲ့အထိပါးစပ္ၿဖဲလို႔ရယ္ေနတာမ်ားေၾကာက္စရာႀကီးဗ်….”

” ဟားဟား…ျဖစ္ရမယ္…မင္းကဘုန္းႀကီးလူထြက္ သရဲမေၾကာက္တတ္ဘူးဆိုကိုဘေအာင္…ခုေတာ့ဘယ္ႏွယ့္လဲဗ်…ေတာ္ေတာ္မွဆိမ့္ရဲ႕လား…ဟားဟားဟား…”

” ႏိုူ႔…ဘုန္းႀကီးလူထြက္လည္း လူဘဲကိုးဗ်…”

” ဟားဟားဟား….”

ကိုဘေအာင္၏စကားေၾကာင့္ ေဆာက္လုပ္ေရးအဖြဲ႕သားမ်ားလည္း ရယ္ပြဲက်သြားေတာ့သည္။

ေနာက္တစ္ေန႔၌ အဖြဲ႕သားမ်ားကတာဝါတိုင္ေဆာက္လုပ္မည့္ေနရာ၌သြားၿပီး အလုပ္လုပ္ၾကရာ အဆင္မေျပဘဲ ထိမိခိုက္မိျဖစ္ၾကကုန္သျဖင့္ အနာတရျဖစ္ၾကကုန္သည္။ အလုပ္မွျပန္လာၿပီး ညအိပ္လွ်င္လည္း အဖြားႀကီးလာေခၚေနသည္ဆိုကာ ထိတ္လန႔္ၾကကုန္သည္။ တခ်ိဳ႕မွာအဖြားႀကီးကိုယ္ထင္ျပသျဖင့္ လန႔္ဖ်ားဖ်ားၾကကုန္သည္။ ဤသို႔ျဖင့္အခ်ိန္ၾကာျမင့္ၿပီျဖစ္ေသာ္လည္း မိမိတို႔တာဝန္ယူထားေသာ တာဝါတိုင္ေဆာက္လုပ္ေရးမွာ မၿပီးမစီးဘဲရွိေနသည္။

ေမာင္ေရခဲတို႔ဆရာတပည့္လည္း ေက်ာက္ၾကားဘုရားကိုရွာေဖြရာမေတြ႕ေသးဘဲ ပါခဲက္႐ြာသို႔ေရာက္ရွိလာသည္။ ခရီးဆက္ရင္းညေမွာင္လာၿပီျဖစ္သျဖင့္ ပါခဲက္ဘုန္းႀကီးေက်ာင္း၌တည္းခိုရန္ေရာက္ရွိလာၾကၿပီး ဆရာေတာ္ဘုရားအားအခြင့္ေတာင္းရာ ခြင့္ျပဳသျဖင့္ တစ္ညတာတည္းခိုလိုက္သည္။

ညရွစ္နာရီရွိၿပီျဖစ္ေသာ္လည္း ဆရာေတာ္ဘုရားကမက်ိန္းေသးဘဲ ေမာင္ေရခဲတို႔ႏွင့္ စကားေျပာဆိုေနသည္။ ထိုစဥ္ေဆာက္လုပ္ေရးအဖြဲ႕သားမ်ားကဘုန္းႀကီးေက်ာင္းေပၚတက္လာၿပီး ဆရာေတာ္ဘုရားကိုလာေရာက္ဂါရဝျပဳၾကသည္။ ဆရာေတာ္ဘုရားက

” မအိပ္ၾကေသးဘူးလားဒကာတို႔…”

” တင္ပါ့…အိပ္မေပ်ာ္လို႔ပါဘုရား…ဒါေၾကင့္ဆရာေတာ္ဘုရားဆီတက္လာၿပီး သိလိုတာေလးေတြေမးေလွ်ာက္ရေအာင္လို႔ တက္လာခဲ့ၾကတာပါဘုရား…”

” ဟုတ္လား…ဘာမ်ားလဲကြဲ႕…သိလိုတာေတြေမးၾကပါ…ဥဴးဇင္းသိတာေတြဆိုေျဖေပးပါ့မယ္ဒကာတို႔…”

” တင္ပါ့ဘုရား…တျခားေတာ့မဟုတ္ပါဘူး…ခုတပည့္ေတာ္တို႔တာဝါတိုင္ေဆာက္လုပ္မဲ့ေျမေနရာအေၾကာင္းသိခ်င္လို႔ပါဘုရား…အဲဒီေနရာမွာအလုပ္လုပ္ရတာစိတ္ထဲမသန႔္သလိုခံစားေနရလို႔ပါဘုရား…”

” အင္း…ေျပာရရင္ေတာ့ တကာတို႔အလုပ္လုပ္တဲ့ေနရာက အရင္တုန္းကဒကာမႀကီးႏွင့္သူ႔ေျမးေလးေနခဲ့ဖူးတယ္ကြဲ႕…ဒါေပမဲ့သူ႔ရဲ႕အမွားေၾကာင့္အျပစ္ေတြေၾကေစဖို႔ အဲဒီေျမကို ဘုရားဝတၱကေျမအျဖစ္ ဥဴးဇင္းကိုလႉခဲ့တာကြဲ႕…ဥဴးဇင္းလည္းအဲဒီေနရာကိုမရွင္းမလင္းဘဲထားေတာ့ ေတာ႐ိုင္းေတြထလာတယ္…အဲဒီၿခံထဲကအိမ္ႀကီးလဲေဆြးေျမ့ၿပိဳပ်က္သြားခဲ့တယ္ကြဲ႕…႐ြာသူ႐ြာသားေတြေျပာသံၾကားတာေတာ့ အဲဒီမွာညညေတြဆို ဒကာမႀကီးကိုျမင္ေနရတယ္တဲ့…”

” ႐ြာသူ႐ြာသားေတြေျပာတာဟုတ္မယ္ထင္တယ္ဘုရား…တပည့္ေတာ္ရဲ႕အဖြဲ႕သားတစ္ေယာက္လည္း အဲဒီအဖြားႀကီးေျခာက္လႊတ္လိုက္ေသးတယ္ဘုရား…”

” ေအးကြယ္…ႏွစ္ေတြၾကာေနၿပီဆိုေပမဲ့ ဒကာမႀကီးကေတာ့မကြၽတ္လႊတ္ရွာေသးဘူးထင္ပါ့…ဒါေၾကာင့္လူေတြကိုဒုကၡေပးတာေနမွာေပါ့…”

” တင္ပါ့ဘုရား…ဒီအတိုင္းဆိုတပည့္ေတာ္တို႔လည္း လုပ္ငန္းေဆာင္႐ြက္ဖို႔အခက္ေတြ႕ေနပါတယ္ဘုရား…တပည့္ေတာ္တို႔ကိုကူညီလို႔ရရင္ကူညီေပးပါဘုရား…”

” ဥဴးဇင္းကေတာ့ ေလာကီကိစၥေတြဝင္မပါခ်င္ေတာ့ပါဘူးကြယ္…ဒါေပမဲ့ ဒကာတို႔ကိုကူညီမဲ့လူေတာ့ရွိတယ္…ေဟာဒီကခရီးသြားဒကာေလးႏွစ္ေယာက္ကေတာ့ ဒီကိစၥမ်ိဳးကိုကူညီေျဖရွင္းေပးႏိူင္မယ္ထင္တယ္…”

ဆရာေတာ္က ေမာင္ေရခဲတို႔ကိုေမးေငါ့ျပလိုက္ရာေဆာက္လုပ္ေရးအဖြဲ႕သားမ်ား၏အၾကည့္မွာ ေမာင္ေရခဲတို႔ထံစုၿပဳံေရာက္ရွိလာသည္။

” ဟုတ္လားဘုရား…တပည့္ေတာ္တို႔ေတာ့ေရငတ္ခ်ိန္ေရတြင္းထဲဆိုသလိုပါဘဲဘုရား….ဒီကညီေလးတို႔ကအစ္ကိုတို႔ကိုကူညီေပးႏိူင္မလားဗ်…”

လုပ္ငန္းအဖြဲ႕ေခါင္းေဆာင္က ေမာင္ေရခဲတို႔အားေမးရာ ေမာင္ေရခဲက

” ကူညီေပးႏိူင္ပါတယ္အစ္ကိုတို႔…ကြၽန္ေတာ္တို႔လည္းကုသိုလ္ရတာေပါ့ဗ်…”

” ကဲကဲ..ဒီလိုဆိုရင္အားလုံးအဆင္ေျပသြားၿပီမလားဒကာတို႔…မနက္ျဖန္ေဆာင္႐ြက္စရာေတြရွိေနေသးတာမို႔ ေစာေစာအနားယူၾကေတာ့…”

” တင္ပါ့ဘုရား… ”

ထိုေန႔၌အဖြဲ႕သားအားလုံးသည္ လိုအပ္သည္မ်ားယူၿပီး ေဆာက္လုပ္ေရးလုပ္ရာေနရာသို႔လာခဲ့ၾကသည္။ ေမာင္ေရခဲတို႔လည္း လိုအပ္သည့္ပစၥည္းမ်ားဝယ္ယူၿပီး ကန္ေတာ့ပြဲတစ္ခုကိုထိုးလိုက္သည္။ အားလုံးၿပီးသြားသည္ႏွင့္ ဆိုင္ရာကိုခြင့္ေတာင္းၿပီး မကြၽတ္မလြတ္ျဖစ္ေနသည့္အဖြားကိုေခၚလိုက္သည္။

” ဤေနရာ၌ ရွိေနေသာေဒၚအုံးေမခင္ဗ်ား…ကြၽႏ္ုပ္သိလိုသည္ရွိေသာေၾကာင့္ မေႏွးအျမန္ ကြၽႏ္ုပ္ေရွ႕သို႔ေရာက္လာေပးပါခင္ဗ်ာ…”

ေမာင္ေရခဲကပတ္ဝန္းက်င္ကိုၾကည့္ၿပီး ထိုသို႔ေျပာလိုက္ရာ အလုပ္သမားအဖြဲ႕တို႔သည္ ၾကက္သီးျဖန္းျဖန္းထသြားၾကၿပီး ထိုအထဲမွဘုန္းႀကီးလူထြက္ ကိုဘေအာင္သည္ ေရွ႕ေနာက္ယိမ္းထိုးကာ ေမာင္ေရခဲအနား၌လာေရာက္ထိုင္ေနသည္။

” ကိုဘေအာင္…ဘာျဖစ္တာလဲဗ်…”

” ထိန္းထားၾက…သူ႔ကိုထိန္းထားၾက…”

အဖြဲ႕သားမ်ားက ကိုဘေအာင္ကိုၾကည့္ၿပီးလန႔္ကုန္ၾကသျဖင့္ တစ္ေယာက္တစ္ေပါက္ေျပာဆိုေနၾကစဥ္ ေမာင္ေရခဲက လက္ကာျပလိုက္ၿပီး

” တိတ္တိတ္ေနေပးၾကပါဗ်…ကဲ…ေရာက္လာၿပီလားအဖြား…”

ကိုဘေအာင္ကေခါင္းညိတ္ျပသည္။ ေမာင္ေရခဲက အဖြားေဒၚအုံးေမအားၾကည့္လိုက္ရာ အေမြးအျမႇင္မ်ားေပါက္ေနသည့္ သဘက္ႀကီးတစ္ေကာင္ထိုင္ေနသည္ကိုေတြ႕လိုက္ရသည္။

” အဖြား…ဘာလို႔ေဆာက္လုပ္ေရးသမားေတြကိုေႏွာင့္ယွက္ရတာလဲဗ်…”

” ေႏွာင့္ယွက္မွာဘဲ…သူတို႔က ငါဆရာေတာ့္ကိုလႉလိုက္တဲ့ေျမေပၚမွာ ငါမႀကိဳက္တာလာလုပ္ၾကတာကို…”

” ဒီလိုလုပ္တာကို ဆရာေတာ္ကိုယ္တိုင္ကခြင့္ျပဳထားတာေလ…”

” ဆရာေတာ္ကခြင့္ျပဳထားလို႔ သူတို႔လာလုပ္ၾကေတာ့ ငါေနစရာမရွိေတာ့ဘူးေလ…ဒါေၾကာင့္သူတို႔ကိုငါေမာင္းထုတ္ေနတာ…”

” ဒါဆိုအဖြားမကြၽတ္မလြတ္ျဖစ္ေနတာ ဒီေျမကိုစိတ္စြဲေနလို႔လား…”

” မဟုတ္ဘူး…ငါဒီေျမကိုစိတ္သန႔္သန႔္နဲ႔လႉခဲ့တာ….”

” ဒါဆို ဘာေၾကာင့္အဖြားမကြၽတ္မလြတ္ျဖစ္ေနတာလဲ အဖြားအတြက္ကုသိုလ္ေကာင္းမႈေတြမလုပ္ေပးၾကလို႔လား…သာဓုေခၚခြင့္မရတာလား…”

” မဟုတ္ပါဘူး…အဖြားရဲ႕ေဒါသေၾကာင့္ မေသသင့္ဘဲေသခဲ့ရတဲ့ကေလးေတြအတြက္ စိတ္မေကာင္းျဖစ္ရင္း ေသေတာ့အဲဒီမစၦရိယစိတ္ေၾကာင့္အဖြားမကြၽတ္မလြတ္ျဖစ္ေနရတာပါ…”

” ဪ…ေဒါသစိတ္ကအလြန္ေၾကာက္စရာေကာင္းလွပါလား…ေဒါသစိတ္ေၾကာင့္တပါးသူေတြဒုကၡေရာက္ရသလို အဲဒီစိတ္ေၾကာင့္ဘဲ ကိုယ့္ကိုကိုယ္လည္း ဒုကၡျဖစ္ေစခဲ့ၿပီ….ဒီေတာ့အဖြား အဲဒီစိတ္အစြဲကိုပယ္ေဖ်ာက္ၿပီး တပါးေသာဘဝကိုကူးေျပာင္းႏိူင္ဖို႔ ကြၽန္ေတာ္ေကာင္းမႈကုသိုလ္လုပ္ေပးမယ္…အဖြားသာဓုေခၚမလား…”

” အဖြားဒီလိုမ်ိဳးေမးလာမဲ့သူကိုဘဲေစာင့္ေနတာပါ…အဖြားဒီဘဝႀကီးကိုစက္ဆုပ္လွပါၿပီ….အဖြားကိုယ္ထင္ျပခဲ့ေပမဲ့ တစ္ေယာက္မွအဖြားအတြက္အမွ်မေဝေပးခဲ့ၾကဘူး…ျမင္တာနဲ႔ေျပးၾကတာပါဘဲ…”

” ကြၽန္ေတာ္အဖြားအတြက္ ဆရာေတာ္ဘုရားထံမွာအဖြားအတြက္ရည္စူးၿပီး လႉဖြယ္ပစၥည္းေတြလႉေပးမယ္…အဖြားသာဓုေခၚပါေနာ္….ၿပီးေတာ့ဒီေနရာကိုလည္း အလုပ္ေတြဆက္လုပ္ခြင့္ေပးလိုက္ပါ…”

” အဖြားမေႏွာင့္ယွက္ေတာ့ဘူးသား…ဘဝသစ္ကိုသြားဖို႔အဖြားေစာင့္ေနမယ္…အဖြားသြားၿပီသား မနက္ျဖန္က်ရင္ အဖြားအတြက္ရည္စူးၿပီးေကာင္းမႈျပဳအမွ်ေဝေပးပါ…”

ေဒၚအုံးေမထြက္သြားသည္ႏွင့္ ကိုဘေအာင္မွာဆတ္ခနဲတုန္သြားၿပီး နံေဘးသို႔လဲက်သြားသည္။

” ဟာလုပ္ၾကဦး….ကိုဘေအာင္ႀကီးလဲက်သြားၿပီဗ်…”

” စိတ္မပူၾကပါနဲ႔ဗ်…ဝင္ေရာက္ပူးကပ္ခံရလို႔ ေခတၱေမ့ေမ်ာသြားတဲ့သေဘာပါ…”

ေမာင္ေရခဲလည္း ေမ့လဲေနသူအား ေရစင္ျဖင့္ႏိူးေစလိုက္ၿပီး

” ကဲ…ဒီေန႔ကစၿပီး ဒီလုပ္ကြက္ထဲမွာအႏၲရာယ္ကင္းကင္း၊ အေႏွာင့္ယွက္ကင္းကင္းအလုပ္လုပ္ႏိူင္ၿပီဗ်…မနက္ျဖန္က်ရင္အဖြားအတြက္ ေကာင္းမႈကုသိုလ္လုပ္ၿပီး အမွ်အတမ္းေပးေဝၾကမယ္…”

” ေက်းဇူးတင္ပါတယ္ညီေလး…ကြၽန္ေတာ္တို႔လည္းတတ္ႏိူင္သေလာက္အဖြားအတြက္ကုသိုလ္လုပ္ေပးဖို႔ပါဝင္ပါရေစ…”

အလုပ္သမားအဖြဲ႕၏ထည့္ဝင္လႉဒါန္းေသာေငြအခ်ိဳ႕ႏွင့္ သူ႔ေငြအခ်ိဳ႕ေပါင္းၿပီး ဆရာေတာ္အဖို႔ ဆြမ္းကပ္ၿပီး ေဒၚအုံးေမေကာင္းမႈဟုကမည္းထိုးကာ ေရခ်မ္းစင္တစ္ခုကိုလည္း ႐ြာထိပ္၌ ေဆာက္လုပ္လႉဒါန္းေပးခဲ့ၾကသည္။ ျပဳသမွ်ေသာေကာင္းမုွကုသိုလ္အစုစုကို ေဒၚအုံးေမအားရည္စူးၿပီး အမွ်အတမ္းေပးေဝလိုက္ၾကေတာ့သည္။ ေဒၚအုံးေမလည္း ျမင့္ျမတ္ေသာဘုံဘဝသို႔ ေရာက္ရွိလိမ့္မည္ဟု ယုံၾကည္ရင္း ေမာင္ေရခဲၿပဳံးေနမိေတာ့သည္။…..။

# ၿပီး
# ခြန္း