ပါးပြင်ပေါ်ကမျက်ရည်စ(စ/ဆုံး)

Unicode Version

ပါးပြင်ပေါ်ကမျက်ရည်စ(စ/ဆုံး)
—————————————-
ဆရာမဒေါ်တင့်တင့်ထွန်းသည် အရပ်မြင့်ပြီး အသားညိုသူတစ်ဦးဖြစ်သည်။ ကျောင်းသား ကျောင်းသူများက ချစ်ခင်ကာ မိဘမျာက လေးစား သူတစ်ဦးဖြစ်သည်။ ဝါသနာ၊ စေတနာ၊ အနစ်နာ ဆိုသည့် နာသုံးနာသာမက ကရုဏာ၊ အကြင်နာ စသည်ဖြင့်နာများစွာကို လက်ဝယ် ပိုက်ထားသူ ဖြစ်သည်။ သူမ၏လုပ်သက်(၃၀) ကျော်တွင် တွေ့ ကြုံခဲ့ရသည့်အကြောင်းအရာများကား စာဖွဲ့၍ပင် ကုန်မည်မဟုတ်ပေ။
သူမသည် အလှအပကိုခုံမင်သူမဟုတ်သလို၊ အစားအသောက်ကိုလည်း မက်မက်မောမော ရှိသူ မဟုတ်။ အအိပ်ကတော့မက်သည်။ မဟုတ်မခံ ခွန်းတုံ့ပြန်တတ်သည်။
သူမသည် လှည်းကူးနယ်ထဲက ရွာကြီး တစ်ရွာတွင် မူလတန်းပြတာဝန်ထမ်းဆောင် လျက်ရှိသည်။ ထမင်းချိုင့်ဖြင့်ကျောင်းတက်သည်။ ထမင်းချိုင့်မထည့်ဘဲ ဆွေမျိုးတွေအိမ်မှာစားလျှင် ရပေသည်။ ဆွေမျိုးတွေက ရွာ၏သုံးပုံတစ်ပုံခန့် ရှိသည်။ သို့သော်လည်း လုပ်ဖော်ကိုင်ဖက်ဆရာ ဆရာမများနှင့်အတူ နေ့လယ်စာကျောင်းတွင်ပင် စားသည်။ ကျောင်းသားကျောင်းသူများက ဟင်းပို့ ပေးတတ်ကြသည်။ သူမသည် တစ်ခါတစ်ရံ ဟင်းကောင်း(အသားဟင်း)၊ တစ်ခါတစ်ရံ တောဟင်း များသာဖြစ်သည်။ သူမသည် ကလေးများယူလာသည့် ဟင်းကိုစားတိုင်း ဆရာမက သိပ်ကြိုက်တာ ဟူသည့် စကားအမြဲပြောလေ့ရှိသည်။ ဟင်း ကောင်းမပို့နိုင်သည့်ကလေးများ စိတ်အားငယ် မည်စိုး၍ဖြစ်သည်။
တစ်နေ့တွင် စိတ်ပါလက်ပါ စာသင်လျက် ရှိစဉ် သန္တာခိုင်၏စကားကြောင့် စိတ်မကောင်း ဖြစ်သွားသည်။
“ဆရာမ…ဆရာမစာသင်တာကို မဲလုံး ရပ်ကြည့်နေတယ် ဆရာမ”
“ဟဲ့ … သန္တာခိုင် ပေါက်ကရမပြောနဲ့၊ တခြားကလေးတွေ ကြောက်ကုန်ဦးမယ်”
“တကယ်ပါ ဆရာမ”
“ဟင်းနော်…ဟင်း”ဟုလေသံမာမာဖြင့် ပြောသဖြင့် သန္တာခိုင် ငြိမ်သွားသည်။ သူမလည်း စာကောင်းကောင်းဆက်သင်ဖြစ်သည်။
နေ့လယ်ရောက်တော့ သူမတို့အဖွဲ့ထမင်း စားဖို့ ပြင်ဆင်နေကြသည်။ မိန်းကလေးသုံး ယောက် ဟင်းလာပို့ကြသည်။ နန်းသူဇာက ပြော လာပြန်သည်။
“ဆရာမ…မဲလုံးလေ ကန်စွန်းရွက်တွေ ကိုင်ပြီး ကျောင်းပေါက်ဝမှာ ရပ်နေတာတွေ့ခဲ့ တယ်”
“နန်းသူဇာ…ညည်းလည်း သန္တာခိုင်လိုပဲ မဟုတ်တာပြောရော့မယ်”
“တကယ်ပါ ဆရာမရယ်”
“ဘယ်မှာလဲ…ငါ့ကို လိုက်ပြစမ်း …”ဆို တော့မှ ပါးစပ်ကလေးပိတ်သွားတော့သည်။
ညနေကျောင်းဆင်းတော့ … သူမသည် ကလေးတွေတစ်ယောက်မှမကျန်တော့မှ ထွက်လာ ခဲ့သည်။ ကျောင်းဝင်းထဲမှအပြင်ဘက်သို့အထွက် မှာ ရှေ့က မည်းမည်းအရိပ်တစ်ခုဖြတ်သွားသည် ကို တွေ့ရသည်။ အချိန်ကလည်း ညနေ ၃ နာရီကျော်ကျော်လေးမို့ သဲသဲကွဲကွဲမြင်ရမည်ဖြစ် သော်လည်း ဘာကြောင့်အရိပ်ကိုသာ မြင်ရသလဲ။ လမ်းလျှောက်ရင်း စဉ်းစားနေမိသည်။ နေ့ခင်းက သန္တာလှိုင်၊ နန်းသူဇာတို့ပြောသလို အရင်ရက်က လည်း ဟိုကလေးက မဲလုံးတွေ့လိုက်တယ်၊ ဒီ ကလေးက မဲလုံးကိုမြင်လိုက်တယ်လို့ ပြောနေကြ တာ။
ခက်တော့နေပြီ၊ မဲလုံးက ရေနစ်ပြီးသေတာ တစ်လတောင် မပြည့်သေးဘူး။ သူ့ရဲ့ဆရာမ၊ ကျောင်းကသူငယ်ချင်းတွေကို စွဲလမ်းပြီး လာနေ သေးတာလား မပြောတတ်တော့။ ပြောပြလို့ လည်း မဖြစ်သေးပေ။ ဒါမျိုးဆိုတာကလည်း ယုံ ကြည်သူရှိသလို၊ မယုံကြည်သူရဲ့ရှေ့ ပြောမိရင် ဟာသလုပ်နေဦးမှာ …။ ဒီကိစ္စကို ကျောင်းအုပ် ဆရာမကြီးကို ပြောပြရကောင်းနိုးနိုး ချင့်ချိန်နေ မိသည်။ ကျောင်းအုပ်ဆရာမကြီးကလည်း ဒါမျိုး သိပ်အယုံအကြည်မရှိ။ သွားပြောပြန်ရင်လည်း သူ သေတုန်းက ငါအမိန့်ပြန်ပြီးသားလို့ပြောမှာ။ မဲလုံး မြေချစဉ်က ဆရာမကြီးရဲ့အမိန့်ပြန်တမ်း ဖတ်ကြားတော့ တစ်ရွာလုံး ဝက်ဝက်ကွဲငိုလိုက်ကြတာ သူမ အသိပဲလေ။ ဒါကြောင့် ဆရာမကြီးကို ပြောပြဖို့ အစီအစဉ်ပြန်ရုပ်သိမ်းလိုက်တယ်။
သူငယ်ချင်းဆရာမသက်ထားဆွေနဲ့တိုင်ပင် ကြည့်တယ်။ သက်ထားဆွေကလည်း ငယ်သေးတော့ အကြံကောင်းဉာဏ်ကောင်းမပေးနိုင်။
ဒေါ်တင့်တင့်ထွန်း တစ်ညလုံးအိပ်မပျော်ဖြစ် နေသည်။ မိဘတွေကို မေးကြည့်ဖို့စဉ်းစားမိသော်လည်း အသက်ကြီးသူတွေကို ဒုက္ခမပေးလိုတော့ ၍ မမေးဖြစ်ပေ။ အိပ်မပျော်မယ့်အတူတူ အိမ်မှာ ရှိသမျှ စာအုပ်၊ စာစောင်များကို ဖတ်ဖြစ်သည်။ စာအုပ်များကိုဖတ်ရာမှ ဘာလုပ်သင့်သည်ကို သတိထားမိသည်။ စာတစ်ကြောင်း၊ စာတစ်ပုဒ် သည်ပင် တစ်ခါတစ်ရံ ဆရာသမားတစ်ဦးထက် ပို၍အရာရောက်ကြောင်း သဘောပေါက်မိသည်။
တစ်ညလုံး အိပ်မပျော်၍ နောက်ရက် ကျောင်းမတက်ဘဲ ခွင့်ယူဖို့ စဉ်းစားမိသေးသည်။ ဆရာ၊ ဆရာမနည်းသည့်အထဲ ဒေါ်ခင်အေးလှိုင် ဖောင်ကြီးသင်တန်းတက်နေပြီး ဒေါ်မိမိမူက မီး ဖွာခွင့်ယူထားသည်။ ခွင့်ယူ၍ မသင့်တော်မှန်းသိ သဖြင့် မသယ်ချင်သယ်ချင်ဖြင့် ကျောင်းသို့အရောက်လှမ်းခဲ့တော့သည်။ ကျောင်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးပင် လှည်းကူးသို့ အစည်း အဝေးတက်ရောက်ရန်သွားနေ၍ ကျောင်းတွင် မရှိပေ။ လာမိ၍ တော်သေးသည်။
နေ့လည်ထမင်းစားပြီး နားနေခန်းတွင် ခေတ္တဝင်အိပ်လိုက်သည်။ တစ်ညလုံးအိပ်ရေး ပျက်သည့်အတွက် တစ်ခဏအတွင်းမှာပင် အိပ် ပျောသွားတော့သည်။ အိပ်ပျော်သွားစဉ်မှာပင် အိပ်မက်မက်သည်။
“ဆရာမ သားက မဲလုံးပါ၊ သား ဆရာမ ကို အရမ်းချစ်သလို အရမ်းလည်း ကြောက်မိပါတယ်၊ ဆရာမကို ပြောစရာစကားလေးတွေရှိလို့ ကျောင်းကို ခဏခဏလာပါတယ်၊ ဆရာမက မတွေ့ဘဲ သူငယ်ချင်းတွေကသာ သားကို တွေ့ပြီး ဆရာမကို ပြောကြတယ်…၊ ဒါပေမဲ့ ဆရာမက မယုံဘူးဖြစ်နေတယ်၊ ညက ဆရာမ အိပ်ရင် အိပ်မက်ပေးမယ်ဆိုပြီးစောင့်နေတာ၊ ဆရာမက တစ်ညလုံးမအိပ်တော့ အိပ်မက် ပေးမရပြန်ဘူး၊ ခု ဆရာမအိပ်တုန်းလေးမှာ သား အိပ်မက်လာပေး တာပါ”
“မဲလုံး ဘာပြောစရာရှိလို့လဲ၊ ပြောလေ”
“ဆရာမ သားအတွက်ရည်စူးပြီး ဘုန်းကြီး ကျောင်းကို ဆွမ်းပို့ပြီး အလှူလေးလုပ်ပေးပါ၊ အမေအဖေတို့က အတော့်ကိုဆင်းရဲတော့ မပြော ရက်ဘူး…၊ ရက်လည်တုန်းက အလှူလုပ်ပေမယ့် သားက သာဓုမခေါ်နိုင်ခဲ့ဘူး၊ အခု အလှူလုပ်ရင် တော့…သာဓုခေါ်နိုင်မှာပါ၊ အလှူလုပ်ရင် သားရဲ့ မွေးနံဖြစ်တဲ့ ကြာသပတေးနေ့လုပ်ပေးနော်၊ သား နာမည်အရင်း မြင့်မြတ်မောင်လို့ ခေါ်ပြီး အမျှဝေ ပေးပါ ဆရာမ”
သူမလည်း အိပ်ရာမှ နိုးလာသည်။ အတော် ပဲ မနက်ဖြန်ဗုဒ္ဓဟူးနေ့၊ လိုအပ်တာတွေ ဝယ်ခြမ်း ပြီးမိုးလင်းတော့ ရွာဦးကျောင်းကိုဆွမ်းပို့လိုက်မယ်။ မြင့်မြတ်မောင်နှင့်တစ်တန်းတည်းအတူနေ ကျောင်း သား(၂၀)ကိုလည်း ထမင်းကျွေးဖြစ်သည်။ သူမ လည်း တီးတိုးရေရွတ်ကာ အမျှအတန်းပေးဝေဖြစ်သည်။
အဲဒီနောက်ပိုင်း မဲလုံး ခေါ် မြင့်မြတ်မောင်၏ အရိပ်အယောင်ကို မည်သူမျှမတွေ့ရတော့ပေ။
သူမ တီးတိုးရေရွတ်ခဲ့သည်ကား –
“မြင့်မြတ်မောင်ရေ၊ မင်း ခူးပြီး ဆရာမကို ကျွေးခဲ့တဲ့ ကန်စွန်းရွက်ကြော်လေးတစ်ခွက်က အလွန်ကောင်းခဲ့ပါတယ်…၊ ဆရာမက ကန်စွန်း ရွက်ကြော် သိပ်ကြိုက်တာပဲလို့ပြောခဲ့တုန်းက မင်း အပြုံးလေးကိုသာ ဆရာမ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ထားနိုင်ခဲ့ရင် ကမ္ဘာကျော်မှာ သေချာတယ်၊ နောက်ထပ် ဆရာမကို ကန်စွန်းရွက်ကြော်ကျွေး ချင်တဲ့ မင်းရဲ့စိတ်ကြောင့် မင်း …”
သူမ စကားကို ဆက်မပြောနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုချလိုက်မိသည်။ အနီးရှိ ဆွေမျိုး တစ်သိုက်လည်း ဘာပြောရမှန်းမသိ။ ခေတ္တအ ကြာမှာတော့ မျက်ရည်စတွေကို စိတ်ထဲက အမိန့်ပေးကာ ရပ်ခိုင်းလိုက်သည်။
နောက် ဆက်ပြီးရေရွတ်မိပြန်သည်။
“မြင့်မြတ်မောင်ရေ…၊ မင်းနဲ့ဆရာမတို့က ဘဝခြားသွားပြီ။ ကျောင်း၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူတွေဟာ မင်းနဲ့ဘာမှ မဆိုင်တော့လို့ လာပြီးမပတ်သက်ပါနဲ့တော့။ မင်း လိုရာခရီးကို သွားနိုင်ပြီတပည့်ရေ…အမျှ… အမျှ…အမျှ…”
ဆရာမရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စတွေဟာ အခုထိပူနွေးနေတုန်းပါ တပည့်ရယ်။
#ထီလာကျော်✍👸

Zawgyi Version

ပါးျပင္ေပၚကမ်က္ရည္စ(စ/ဆုံး)
—————————————-
ဆရာမေဒၚတင့္တင့္ထြန္းသည္ အရပ္ျမင့္ၿပီး အသားညိဳသူတစ္ဦးျဖစ္သည္။ ေက်ာင္းသား ေက်ာင္းသူမ်ားက ခ်စ္ခင္ကာ မိဘမ်ာက ေလးစား သူတစ္ဦးျဖစ္သည္။ ဝါသနာ၊ ေစတနာ၊ အနစ္နာ ဆိုသည့္ နာသုံးနာသာမက က႐ုဏာ၊ အၾကင္နာ စသည္ျဖင့္နာမ်ားစြာကို လက္ဝယ္ ပိုက္ထားသူ ျဖစ္သည္။ သူမ၏လုပ္သက္(၃၀) ေက်ာ္တြင္ ေတြ႕ ႀကဳံခဲ့ရသည့္အေၾကာင္းအရာမ်ားကား စာဖြဲ႕၍ပင္ ကုန္မည္မဟုတ္ေပ။
သူမသည္ အလွအပကိုခုံမင္သူမဟုတ္သလို၊ အစားအေသာက္ကိုလည္း မက္မက္ေမာေမာ ရွိသူ မဟုတ္။ အအိပ္ကေတာ့မက္သည္။ မဟုတ္မခံ ခြန္းတုံ႔ျပန္တတ္သည္။
သူမသည္ လွည္းကူးနယ္ထဲက ႐ြာႀကီး တစ္႐ြာတြင္ မူလတန္းျပတာဝန္ထမ္းေဆာင္ လ်က္ရွိသည္။ ထမင္းခ်ိဳင့္ျဖင့္ေက်ာင္းတက္သည္။ ထမင္းခ်ိဳင့္မထည့္ဘဲ ေဆြမ်ိဳးေတြအိမ္မွာစားလွ်င္ ရေပသည္။ ေဆြမ်ိဳးေတြက ႐ြာ၏သုံးပုံတစ္ပုံခန႔္ ရွိသည္။ သို႔ေသာ္လည္း လုပ္ေဖာ္ကိုင္ဖက္ဆရာ ဆရာမမ်ားႏွင့္အတူ ေန႔လယ္စာေက်ာင္းတြင္ပင္ စားသည္။ ေက်ာင္းသားေက်ာင္းသူမ်ားက ဟင္းပို႔ ေပးတတ္ၾကသည္။ သူမသည္ တစ္ခါတစ္ရံ ဟင္းေကာင္း(အသားဟင္း)၊ တစ္ခါတစ္ရံ ေတာဟင္း မ်ားသာျဖစ္သည္။ သူမသည္ ကေလးမ်ားယူလာသည့္ ဟင္းကိုစားတိုင္း ဆရာမက သိပ္ႀကိဳက္တာ ဟူသည့္ စကားအၿမဲေျပာေလ့ရွိသည္။ ဟင္း ေကာင္းမပို႔ႏိုင္သည့္ကေလးမ်ား စိတ္အားငယ္ မည္စိုး၍ျဖစ္သည္။
တစ္ေန႔တြင္ စိတ္ပါလက္ပါ စာသင္လ်က္ ရွိစဥ္ သႏၲာခိုင္၏စကားေၾကာင့္ စိတ္မေကာင္း ျဖစ္သြားသည္။
“ဆရာမ…ဆရာမစာသင္တာကို မဲလုံး ရပ္ၾကည့္ေနတယ္ ဆရာမ”
“ဟဲ့ … သႏၲာခိုင္ ေပါက္ကရမေျပာနဲ႔၊ တျခားကေလးေတြ ေၾကာက္ကုန္ဦးမယ္”
“တကယ္ပါ ဆရာမ”
“ဟင္းေနာ္…ဟင္း”ဟုေလသံမာမာျဖင့္ ေျပာသျဖင့္ သႏၲာခိုင္ ၿငိမ္သြားသည္။ သူမလည္း စာေကာင္းေကာင္းဆက္သင္ျဖစ္သည္။
ေန႔လယ္ေရာက္ေတာ့ သူမတို႔အဖြဲ႕ထမင္း စားဖို႔ ျပင္ဆင္ေနၾကသည္။ မိန္းကေလးသုံး ေယာက္ ဟင္းလာပို႔ၾကသည္။ နန္းသူဇာက ေျပာ လာျပန္သည္။
“ဆရာမ…မဲလုံးေလ ကန္စြန္း႐ြက္ေတြ ကိုင္ၿပီး ေက်ာင္းေပါက္ဝမွာ ရပ္ေနတာေတြ႕ခဲ့ တယ္”
“နန္းသူဇာ…ညည္းလည္း သႏၲာခိုင္လိုပဲ မဟုတ္တာေျပာေရာ့မယ္”
“တကယ္ပါ ဆရာမရယ္”
“ဘယ္မွာလဲ…ငါ့ကို လိုက္ျပစမ္း …”ဆို ေတာ့မွ ပါးစပ္ကေလးပိတ္သြားေတာ့သည္။
ညေနေက်ာင္းဆင္းေတာ့ … သူမသည္ ကေလးေတြတစ္ေယာက္မွမက်န္ေတာ့မွ ထြက္လာ ခဲ့သည္။ ေက်ာင္းဝင္းထဲမွအျပင္ဘက္သို႔အထြက္ မွာ ေရွ႕က မည္းမည္းအရိပ္တစ္ခုျဖတ္သြားသည္ ကို ေတြ႕ရသည္။ အခ်ိန္ကလည္း ညေန ၃ နာရီေက်ာ္ေက်ာ္ေလးမို႔ သဲသဲကြဲကြဲျမင္ရမည္ျဖစ္ ေသာ္လည္း ဘာေၾကာင့္အရိပ္ကိုသာ ျမင္ရသလဲ။ လမ္းေလွ်ာက္ရင္း စဥ္းစားေနမိသည္။ ေန႔ခင္းက သႏၲာလႈိင္၊ နန္းသူဇာတို႔ေျပာသလို အရင္ရက္က လည္း ဟိုကေလးက မဲလုံးေတြ႕လိုက္တယ္၊ ဒီ ကေလးက မဲလုံးကိုျမင္လိုက္တယ္လို႔ ေျပာေနၾက တာ။
ခက္ေတာ့ေနၿပီ၊ မဲလုံးက ေရနစ္ၿပီးေသတာ တစ္လေတာင္ မျပည့္ေသးဘူး။ သူ႔ရဲ႕ဆရာမ၊ ေက်ာင္းကသူငယ္ခ်င္းေတြကို စြဲလမ္းၿပီး လာေန ေသးတာလား မေျပာတတ္ေတာ့။ ေျပာျပလို႔ လည္း မျဖစ္ေသးေပ။ ဒါမ်ိဳးဆိုတာကလည္း ယုံ ၾကည္သူရွိသလို၊ မယုံၾကည္သူရဲ႕ေရွ႕ ေျပာမိရင္ ဟာသလုပ္ေနဦးမွာ …။ ဒီကိစၥကို ေက်ာင္းအုပ္ ဆရာမႀကီးကို ေျပာျပရေကာင္းႏိုးႏိုး ခ်င့္ခ်ိန္ေန မိသည္။ ေက်ာင္းအုပ္ဆရာမႀကီးကလည္း ဒါမ်ိဳး သိပ္အယုံအၾကည္မရွိ။ သြားေျပာျပန္ရင္လည္း သူ ေသတုန္းက ငါအမိန႔္ျပန္ၿပီးသားလို႔ေျပာမွာ။ မဲလုံး ေျမခ်စဥ္က ဆရာမႀကီးရဲ႕အမိန႔္ျပန္တမ္း ဖတ္ၾကားေတာ့ တစ္႐ြာလုံး ဝက္ဝက္ကြဲငိုလိုက္ၾကတာ သူမ အသိပဲေလ။ ဒါေၾကာင့္ ဆရာမႀကီးကို ေျပာျပဖို႔ အစီအစဥ္ျပန္႐ုပ္သိမ္းလိုက္တယ္။
သူငယ္ခ်င္းဆရာမသက္ထားေဆြနဲ႔တိုင္ပင္ ၾကည့္တယ္။ သက္ထားေဆြကလည္း ငယ္ေသးေတာ့ အႀကံေကာင္းဉာဏ္ေကာင္းမေပးႏိုင္။
ေဒၚတင့္တင့္ထြန္း တစ္ညလုံးအိပ္မေပ်ာ္ျဖစ္ ေနသည္။ မိဘေတြကို ေမးၾကည့္ဖို႔စဥ္းစားမိေသာ္လည္း အသက္ႀကီးသူေတြကို ဒုကၡမေပးလိုေတာ့ ၍ မေမးျဖစ္ေပ။ အိပ္မေပ်ာ္မယ့္အတူတူ အိမ္မွာ ရွိသမွ် စာအုပ္၊ စာေစာင္မ်ားကို ဖတ္ျဖစ္သည္။ စာအုပ္မ်ားကိုဖတ္ရာမွ ဘာလုပ္သင့္သည္ကို သတိထားမိသည္။ စာတစ္ေၾကာင္း၊ စာတစ္ပုဒ္ သည္ပင္ တစ္ခါတစ္ရံ ဆရာသမားတစ္ဦးထက္ ပို၍အရာေရာက္ေၾကာင္း သေဘာေပါက္မိသည္။
တစ္ညလုံး အိပ္မေပ်ာ္၍ ေနာက္ရက္ ေက်ာင္းမတက္ဘဲ ခြင့္ယူဖို႔ စဥ္းစားမိေသးသည္။ ဆရာ၊ ဆရာမနည္းသည့္အထဲ ေဒၚခင္ေအးလႈိင္ ေဖာင္ႀကီးသင္တန္းတက္ေနၿပီး ေဒၚမိမိမူက မီး ဖြာခြင့္ယူထားသည္။ ခြင့္ယူ၍ မသင့္ေတာ္မွန္းသိ သျဖင့္ မသယ္ခ်င္သယ္ခ်င္ျဖင့္ ေက်ာင္းသို႔အေရာက္လွမ္းခဲ့ေတာ့သည္။ ေက်ာင္းေရာက္ေတာ့ ေက်ာင္းအုပ္ဆရာမႀကီးပင္ လွည္းကူးသို႔ အစည္း အေဝးတက္ေရာက္ရန္သြားေန၍ ေက်ာင္းတြင္ မရွိေပ။ လာမိ၍ ေတာ္ေသးသည္။
ေန႔လည္ထမင္းစားၿပီး နားေနခန္းတြင္ ေခတၱဝင္အိပ္လိုက္သည္။ တစ္ညလုံးအိပ္ေရး ပ်က္သည့္အတြက္ တစ္ခဏအတြင္းမွာပင္ အိပ္ ေပ်ာသြားေတာ့သည္။ အိပ္ေပ်ာ္သြားစဥ္မွာပင္ အိပ္မက္မက္သည္။
“ဆရာမ သားက မဲလုံးပါ၊ သား ဆရာမ ကို အရမ္းခ်စ္သလို အရမ္းလည္း ေၾကာက္မိပါတယ္၊ ဆရာမကို ေျပာစရာစကားေလးေတြရွိလို႔ ေက်ာင္းကို ခဏခဏလာပါတယ္၊ ဆရာမက မေတြ႕ဘဲ သူငယ္ခ်င္းေတြကသာ သားကို ေတြ႕ၿပီး ဆရာမကို ေျပာၾကတယ္…၊ ဒါေပမဲ့ ဆရာမက မယုံဘူးျဖစ္ေနတယ္၊ ညက ဆရာမ အိပ္ရင္ အိပ္မက္ေပးမယ္ဆိုၿပီးေစာင့္ေနတာ၊ ဆရာမက တစ္ညလုံးမအိပ္ေတာ့ အိပ္မက္ ေပးမရျပန္ဘူး၊ ခု ဆရာမအိပ္တုန္းေလးမွာ သား အိပ္မက္လာေပး တာပါ”
“မဲလုံး ဘာေျပာစရာရွိလို႔လဲ၊ ေျပာေလ”
“ဆရာမ သားအတြက္ရည္စူးၿပီး ဘုန္းႀကီး ေက်ာင္းကို ဆြမ္းပို႔ၿပီး အလႉေလးလုပ္ေပးပါ၊ အေမအေဖတို႔က အေတာ့္ကိုဆင္းရဲေတာ့ မေျပာ ရက္ဘူး…၊ ရက္လည္တုန္းက အလႉလုပ္ေပမယ့္ သားက သာဓုမေခၚႏိုင္ခဲ့ဘူး၊ အခု အလႉလုပ္ရင္ ေတာ့…သာဓုေခၚႏိုင္မွာပါ၊ အလႉလုပ္ရင္ သားရဲ႕ ေမြးနံျဖစ္တဲ့ ၾကာသပေတးေန႔လုပ္ေပးေနာ္၊ သား နာမည္အရင္း ျမင့္ျမတ္ေမာင္လို႔ ေခၚၿပီး အမွ်ေဝ ေပးပါ ဆရာမ”
သူမလည္း အိပ္ရာမွ ႏိုးလာသည္။ အေတာ္ ပဲ မနက္ျဖန္ဗုဒၶဟူးေန႔၊ လိုအပ္တာေတြ ဝယ္ျခမ္း ၿပီးမိုးလင္းေတာ့ ႐ြာဦးေက်ာင္းကိုဆြမ္းပို႔လိုက္မယ္။ ျမင့္ျမတ္ေမာင္ႏွင့္တစ္တန္းတည္းအတူေန ေက်ာင္း သား(၂၀)ကိုလည္း ထမင္းေကြၽးျဖစ္သည္။ သူမ လည္း တီးတိုးေရ႐ြတ္ကာ အမွ်အတန္းေပးေဝျဖစ္သည္။
အဲဒီေနာက္ပိုင္း မဲလုံး ေခၚ ျမင့္ျမတ္ေမာင္၏ အရိပ္အေယာင္ကို မည္သူမွ်မေတြ႕ရေတာ့ေပ။
သူမ တီးတိုးေရ႐ြတ္ခဲ့သည္ကား –
“ျမင့္ျမတ္ေမာင္ေရ၊ မင္း ခူးၿပီး ဆရာမကို ေကြၽးခဲ့တဲ့ ကန္စြန္း႐ြက္ေၾကာ္ေလးတစ္ခြက္က အလြန္ေကာင္းခဲ့ပါတယ္…၊ ဆရာမက ကန္စြန္း ႐ြက္ေၾကာ္ သိပ္ႀကိဳက္တာပဲလို႔ေျပာခဲ့တုန္းက မင္း အၿပဳံးေလးကိုသာ ဆရာမ မွတ္တမ္းတင္ဓာတ္ပုံ ႐ိုက္ထားႏိုင္ခဲ့ရင္ ကမာၻေက်ာ္မွာ ေသခ်ာတယ္၊ ေနာက္ထပ္ ဆရာမကို ကန္စြန္း႐ြက္ေၾကာ္ေကြၽး ခ်င္တဲ့ မင္းရဲ႕စိတ္ေၾကာင့္ မင္း …”
သူမ စကားကို ဆက္မေျပာႏိုင္ေတာ့ဘဲ ရႈိက္ႀကီးတငင္ ငိုခ်လိုက္မိသည္။ အနီးရွိ ေဆြမ်ိဳး တစ္သိုက္လည္း ဘာေျပာရမွန္းမသိ။ ေခတၱအ ၾကာမွာေတာ့ မ်က္ရည္စေတြကို စိတ္ထဲက အမိန႔္ေပးကာ ရပ္ခိုင္းလိုက္သည္။
ေနာက္ ဆက္ၿပီးေရ႐ြတ္မိျပန္သည္။
“ျမင့္ျမတ္ေမာင္ေရ…၊ မင္းနဲ႔ဆရာမတို႔က ဘဝျခားသြားၿပီ။ ေက်ာင္း၊ ဆရာ၊ ဆရာမ၊ ေက်ာင္းသားေက်ာင္းသူေတြဟာ မင္းနဲ႔ဘာမွ မဆိုင္ေတာ့လို႔ လာၿပီးမပတ္သက္ပါနဲ႔ေတာ့။ မင္း လိုရာခရီးကို သြားႏိုင္ၿပီတပည့္ေရ…အမွ်… အမွ်…အမွ်…”
ဆရာမရဲ႕ပါးျပင္ေပၚမွာ မ်က္ရည္စေတြဟာ အခုထိပူေႏြးေနတုန္းပါ တပည့္ရယ္။
#ထီလာေက်ာ္✍👸