“ နာရေးအိမ်မှ အပြန် ”(စ-ဆုံး)

Unicode Version

“ နာရေးအိမ်မှ အပြန် ”(စ-ဆုံး)
————————————–
၁၉၈၀ ခုနှစ် ဝန်းကျင် ၊ ချမ်းအေးလှသည့်
ဒီဇင်ဘာလ ၊ ရန်ကုန်မြို့ ။
သူ့နာမည်မှာ “ မောင်မြင့် (ခေါ်)
မြင့်လွင် ” ဖြစ်သည် ။

‘ မြင့်လွင် ’ မှာ အသက် (၂၇) နှစ် ဖြစ်ပြီး
အိမ်ထောင်သည် ၊ ကလေး နှစ်ယောက် ၏
ဖခင်လည်း ဖြစ်သည် ။

အကြီးဆုံးကလေးမှာ အသက် (၄) နှစ် ၊
အငယ်မလေးမှာ အသက် ( ၁ ) နှစ်ရှိပြီး
မိခင်နို့ မပြတ်သေးသည့် အရွယ်ပင် ။

‘ မြင့်လွင် ’ မှာ အိမ်ထောင်သည်လည်းဖြစ်၊
ကလေး နှစ်ယောက် ဖခင် ပင် ဖြစ်လင့်ကစား
မိသားစု နှင့် အိမ်အတွက် ၊ အသုံးစရိတ် များကို
ရှာဖို့ရန် စိတ်မကူးချေ ။

အလုပ်အကိုင်ဟူရ အတည်တကျမရှိပဲ
မိန်းမဖြစ်သူမှ ရရာအလုပ်များကို ကြုံသလို
လုပ်ကိုင်ရင်း မိသားစုဝမ်းစာကို
ဖြည့်ဆည်းနေရလေသည် ။

ရန်ဖန်ရန်ခါ မိန်းမဖြစ်သူမှ
အသုံးစရိတ်အရမ်းလိုလာသောအခါတွင်မူ
‘ မြင့်လွင် ’ အား နားပူနားဆာ လုပ်သောအခါမှ
ဈေးထွက်ရောင်းတတ်သည် ။

‘ မြင့်လွင် ’ ဈေးရောင်းသည်မှာ
ဤ သို့ဖြစ်သည် ။

စတီးလင်ဗန်းကြီးတစ်ခုထဲတွင်
အိမ်သုံး ၊ လူသုံး ကိရိယာ အသေးစားများ
ဥပမာ – နဖာကလော် ၊ လက်သည်းညှပ် ၊
ကလစ် ၊ နားကြပ်တံ ၊ ကပ်ကြေး ၊
အစရှိသည်တို့ကို
လူစည်ကားသည့် ကားမှတ်တိုင်များ
ဈေးမှတ်တိုင်များ တွင် လှည့်လည် ရောင်းချ
ခြင်းဖြစ်သည် ။

‘ မြင့်လွင် ’ တို့မိသားစုမှာ
ဝင်ငွေနည်းပြီး မိသားစုများနေသဖြင့်
ကြပ်တည်းသည့် မိသားစုလေးဟု
ဆိုလျှင်လည်း မမှားနိုင် ။

သူတို့ မိသားစုလေးစုလေးသည်
ရန်ကုန်မြို့ ၊ ပုစွန်တောင်ဘူတာ ၏တောင်ဘက်ရှိ
ချစ်တီး ဘုရားရှင့်ခိုးကျောင်း နဘေးအပေါက်မှ
လမ်းအတိုင်း ဝင်သွားလျှင် ရောက်ရှိနိုင်မည့်
‘ ရေတွင်းကုန်း ရပ်ကွက် ’ ငယ်လေးတွင်
နေထိုင်ကြသည် ။

မျက်နာမွဲ တစ်ဦးလည်းဖြစ် ၊
ကိုယ်တိုင်လည်း စီးပွားမရှာ
အလုပ်မလုပ်ချင်ပေမယ့်
ဖြစ်ပေမယ့် မိဘ နှင့် ဇနီးသည်ထံမှ ရရှိလာသည့်
ငွေကြေးများကို စုဆောင်းကာ သူဝါသနာပါသည့်
ဖဲရိုက်ခြင်းကို မကြာမကြာ ပြုလုပ်တတ်သည် ၊
မှန်ပါသည် ‘ မြင့်လွင် ’ မှာ ဖဲရိုက်ခြင်းကိုသာလျှင်
အလုပ်တစ်ခုအဖြစ် မှတ်ယူထားသူ ဖြစ်သည် ။
အမှတ်စင်စစ် ထိုအလုပ်မှာ ဘုရားမကြိုက်သည့်
လောင်းကစားအလုပ်ဖြစ်ကြောင်းကို
အမှောင်ဖုံးနေသည့် ‘ မြင့်လွင် ’ မသိခဲ့ပေ ။

သူငယ်ချင်းများ စုံလျှင်လည်း
ဖဲရိုက်သည် ၊ ဘယ်နေရာမှာ ဘယ်နား
ဖဲဝိုင်းရှိမည်ဆိုသည့် သတင်းကို ‘ မြင့်လွင် ’
အမြဲလိုလို စောင့်မျှော်နားစွင့်နေတတ်သည် ။

အသုဘ အိမ်ရှိသည်ဟုသိရလျှင်လည်း
‘ မြင့်လွင် ’ တစ်ယောက် ထို အသုဘ အိမ်တွင်
အသုဘ ဖြစ်သည့် နေမှစ၍ ရက်လည်နေ့ထိ
တိုင်အောင် ညဘက်တိုင်း နေ့စဉ် မပျက်
သွားရောက်တတ်ပြီး ဖဲရိုက်လေသည် ။
ရှိုး ၊ တစ်ချက်မှောက် ၊ ကိုမီး ၊ ဘန်လပ်
စသဖြင့် ဖဲ ဆော့နည်းများစွာကို
သူအကုန် ကစားတတ်သည် ။

ဖဲဆော့သည့်အခါတွင်လည်း
‘ မြင့်လွင် ’ မကောင်းမှုနှင့် အကျိုးပေးသည်လော
မသိ ၊ များသောအားဖြင့် နိုင်ပြီး
ပြန်ရသည်ကများသည် ။

သူ ဖဲနိုင်လာသည့် ညများတွင်လည်း
အမြဲဆိုသလို အိမ်မှ မိန်းမနှင့် ကလေးအတွက်
စားစရာ မုန့်များ နှင့် ခေါက်ဆွဲကြော်ကို
ဝယ်လာတတ်ပြီး မိသားစုတစ်သိုက်
ပျော်ပျော်ရွှင်ရွှင် စားသောက်ကြလေ့ရှိသည် ။

ရန်ဖန်ရန်ခါ ဖဲ ရှုံးသည့် အခါတွင်မူ
သူ၏ အိပ်ထဲ ပိုက်ဆံလုံးဝမရှိသည့်အချိန်နှင့်
တိုက်ဆိုင်ပါက အိမ်တွင်းရှိ ပေါင်နှံ ရောင်းချစရာ
တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေ ခိုးယူပြီး
ပေါင်းနှံ ရောင်းချတတ်သည် ၊ နောက်ဆုံး
မည်သည့် ပစ္စည်းမျှမရှိပါက မိန်းမဖြစ်သူ၏
နားကပ်ကို အတင်းချွတ်၍ ရောင်းချကာ
ဖဲရိုက်တတ်သည် ။

ဤသို့လျှင် မကောင်းမှုကို
ကောင်းမှုအမှတ်ဖြင့် ပျော်ပါး
ဝါသနာထုံသည့် ‘ မြင့်လွင် ’ ပင် ။

တစ်နေ့ ‘ မြင့်လွင် ’ တို့နေရပ်အနီးရှိ
ပုစါန်တောင် စာတိုက် ‘ ဆောင်လုံးပြန်ရပ်ကွက် ’
တွင် နေထိုင်သည့် အဖွားအိုတစ်ဦး လူကြီးရောဂါဖြင့်
ဆုံးပါးသွားသည့် နာရေး သတင်းကို
သူငယ်ချင်းများထံမှကြားသိလိုက်ရသည် ။

“ ‘ မောင်မြင့် ’ ရေ ….
ဒီည (….) မှာ ဝိုင်းရှိတယ်နော်..
ငါတို့လူစုံရှိနေမှာ မင်းမလာပဲမနေနဲ့ ”

အိမ်ရှေ့မှ တကူးတက လာခေါ်သည့်
ဘော်ဒါများစကားကြောင့် ‘ မြင့်လွင် ’ လည်း

“ စိတ်မပူစမ်းပါနဲ့ငါကောင်တွေရာ
မင်းတို့မပြောလည်း ငါသတင်းကြားကတည်းက
လာဖို့ အဆင်သင့်ပဲ..ဟဲဟဲ
မင်းတို့ ငါ့အကြောင်းမသိတာလည်းမဟုတ်ဘူး .. ”

စသဖြင့် ပြန်ချေပလိုက်ပြီး
ညတွင် လာရန် ကတိပြုခဲ့လေသည် ။

သူငယ်ချင်းများမှာလည်း ‘ မြင့်လွင် ’
စကားကြောင့် နှုတ်ဆက်ပြီး
ပြန်သွားကြလေတော့သည် ။

ဒီလိုနှင့် ‘ မြင့်လွင် ’ တစ်ယောက်
အသုဘ အိမ်တွင် ညစဉ် ဖဲသွားရိုက်လေသည်
ရိုက်တိုင်းလည်း နိုင်သည်က ပိုများနေသည် ။

‘ မြင့်လွင် ’ တို့ ဖဲသွားရိုက်နေကျ
အသုဘအိမ်တွင် ၊ ကွယ်လွန်သူ
အလောင်းကောင်အား သဂြိ ၤုလ် ပြီး
သုံးရက်မြောက်နေ့ရောက်သောညတွင်မူ …..

“ မိန်းမရေ ..
ငါဒီည ဖဲသွားရိုက်ဖို့ ယောကျာ်းနိုင်မှာ
သိတယ်မို့လား ….
အြ့တော့ မိန်းမမှာရှိတဲ့ ပိုက်ဆံလေး
နည်းနည်း လောက် မဝပါဦး ”

မိန်းမဖြစ်သူမှာလည်း ချစ်၍
ကြိုက်၍ ယူထားသည့် ယောကျာ်းမို့

“ အေးပါတော်ရေ …
တော်ပြောလိုက်ရင် အမြဲနိုင်မယ်ဆိုတာချည်းပဲ
ဟင်း… ရောရော…ငါးရာ ယူ
ကျန်တာ နက်ဖြန် အိမ် စားစရိတ်လေး… ”

‘ မြင့်လွင် ’ လည်း ဇောတက
မတတ်တော့ပဲ မိန်းမပေးသည့်
ငွေငါးရာအပါအဝင် သူ့တွင်ရှိသော ငွေ နှစ်ရာ
ပေါင်း ခုနှစ်ရာအား အိပ်ထဲထည့်ပြီးနောက်
နာရေးအိမ်သို့ ခပ်သုတ်သုတ် ထွက်သွားခဲ့သည် ။

( မှတ်ချက် – ထိုခေတ်အခါက ငွေခုနှစ်ရာမှာ
အတော်ပင် များနေလေပြီ ၊ ခေတ် မှာ
ငါးကျပ် ၊ တစ်ဆယ် ခေတ် ၊ အကြွေ များ
အသုံးပြုနေကြသည့် ခေတ်ဖြစ်လေသည် ။ )

ည ( ၈ ) နာရီ တွင်
နာရေးအိမ်သို့ရောက်သည့်အခါ
‘ မြင့်လွင် ’ လည်း ကြေးကြီးကြီးများဖြင့်
ဆော့နေသည့် ဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး
ဖဲရိုက် နေလေတော့သည် ။

အစောပိုင်းတွင် ‘ မြင့်လွင် ’ နိုင်လိုက်
ရှုံးလိုက်ဖြစ်နေရာမှ
မိုးချုပ်လာသည့်နှင့်အမျှ
‘ မြင့်လွင် ’ တွင်ရှိသည့် ငွေများ တဖြည်းဖြည်း
ပါးလာလေတော့သည့် ၊ ပွဲတိုင်းလိုလို
ရှုံးရှုံးလာရင်းမှ နောက်ဆုံးတွင် ‘ မြင့်လွင် ’
လက်ထဲတွင် ချူးပါးတစ်ပြားပင်
မကျန်တော့သည့်အထိ ရှုံးသွားလေတော့သည် ။

အချိန်အားဖြင့် ည ( ၁ ) နာရီ ( 1 AM )
နာရေးအိမ်တွင် အိပ်လေ့အိပ်ထမရှိသည်က
တစ်ကြောင်း ၊ အိပ်ထဲတွင် ပါလာသမျှ ငွေ
အကုန် ဖဲရံှုးသွားသည်က တစ်ကြောင်းကြောင့်
‘ မြင့်လွင် ’ တစ်ယောက် ညစ်ညစ်ဖြင့်
အိမ်သို့ပြန်ခဲ့လေတော့သည် ။

သူ အိမ်မှ ထွက်လာစဉ်အခါက
ပြုံးရွှင်လျှက် အားတတ်သရော ဖြစ်လာသလောက်
အိမ်အပြန်လမ်းတွင်မူ ခေါင်းငိုက်စိုက်ရင်း
စိတ်ထဲတွင် ဒေါသဖြစ်ခြင်း ၊ မိမိကိုယ်ကို
မကျေမနပ်ဖြစ်ခြင်း ၊ ငွေများကို နှမြောခြင်းများဖြင့်
တွေးပေါင်းများစွာ ချာချာလည်နေလေသည် ။

ညသန်းခေါင်အချိန်ဖြစ်သည့်အတွက်
လမ်းတစ်လျှေက်တွင် လူသွားလူလာ လုံးဝ
မရှိတော့ချေ ၊ လမ်းမကြီးအလယ်တွင်
‘ မြင့်လွင် ’ တစ်ဦးတည်းသာ
စိတ်ပျက်လက်ပျက်ဖြင့် လမ်းလျှေက်လာရင်း
အမှတ်မထင် ပတ်ဝန်းကျင်ကို ဝေ့ကာဝိုက်ကာ
ကြည့်နေမိလေသည် ။

ဝန်းကျင်တစ်ခုလုံး မောင်မဲနေပြီး
ဒီဇင်ဘာလမို့ မြူခိုးများ ဝေနေသဖွယ် ပတ်ဝန်းကျင်မှာ မှုန်ဝါးလျှက်
တစ်ကိုယ်တည်းမို့ ခြောက်ခြားလာလေသည်
အအေးဓါတ်များသည် လည်း သူ၏
အရိုးများကို ခဲသွားအောင် ကြိုးစားနေသယောင်ပင်
ဆိုးရွားလာသည့် အအေးဒဏ်ကြောင့်
‘ မြင့်လွင် ’ လည်း သူဝတ်ထားသည့်
အနွေးထည်ကို ပို၍လုံစေရန် ပြင်ဆင်
လိုက်ပြီး လက်နှစ်ဖက်အား နွေးထည့်အတွင်း
ထည့်ကာ လက်ပိုက်ထားသည့် ဟန်မျိုးဖြင့်
ခပ်သွက်သွက်လေး အိမ်ပြန်လာခဲ့သည် ။

သို့နှင့် ‘ မြင့်လွင် ’ လည်း
ပုစွန်တောင် မီးရထား ဘူတာရုံပေါ်သို့
တက်လိုက်ပြီးနောက် ဘူတာရုံအပေါ်ဘက်
စင်္ကြန် လူသွားလမ်းနေရာသို့ ရောက်လာခဲ့သည် ။

ထိုနေရာသို့ရောက်လျှင်ရောက်ခြင်း
‘ မြင့်လွင် ’ ခံစားမိသည်က သူ၏ တစ်ကိုယ်လုံး
ယခင်ထက် ပို၍ ချမ်းအေးလာသလို
ခံစားလိုက်ရပြီး ထူးဆန်းစွာ ကြက်သီးများ
တစ်ချက်တစ်ချက် တဖြန်ဖြန် ထမိနေလေသည် ။

အကြောင်းမှာ ယခု ‘ မြင့်လွင် ’
ရောက်နေသည့် နေရာသည် နာမည်ကြီး
နေရာတစ်ခုဖြစ်သောကြောင့်ဖြစ်သည် ။

မည်သို့မည်ပုံနာမည်ကြီးသည်ဟု
ရှင်းပြရလျှင် ၊ နေရာအတော်အများရှိ
ရထားလမ်းတိုင်းလိုလိုပင် ‘ စီး ’ နေကြသည် ။

‘ စီး နေကြခြင်းဟူသည် ၊ ထိုနေရာများတွင်
မကောင်းဆိုးရွားများ အများအားဖြင့်
ဆိုးရွားသည့် မကောင်းဆိုးဝါးများ
ရှိနေတတ်ပြီး ရထားလမ်းတွင် ကံနိမ့်သည့်
လူများအား ခြောက်လန့်ခြင်း ၊ ရထားကြိတ်
သေအောင် ၊ ဒဏ်ရာရစေအောင်
နည်းအမျိုးမျိုးဖြင့် နှောက်ယှက် ဒုက္ခပေးခြင်းများ
ပြုနေကြခြင်းကိုဆိုလိုသည် ။ ’

( မှတ်ချက် – ထိုကြောင့် ရထားလမ်းမှ ဖြတ်တိုင်း
ဘုရားစာများ မပြတ်ဆိုခြင်း ၊ မေတ္တာပို့
အမျှအတန်းပေးဝေခြင်းများ ပြုသင့်သည် ။ )

ယခု ရထားလမ်း နေရာ
နာမည်ကြီးရခြင်းမှာ များမကြာမီက
မည်သည့်အရပ်မှ ကြွလာမှန်းမသိသည့်
‘ သက်တော် (၅၀) ခန့်ရှိသော
ဘုန်းတော်ကြီး (ဦးဇင်း) တစ်ပါး
ညနေ (၆) နာရီအချိန်တွင်
ကိုယ်တော် တစ်ပါးတည်း
ရထားသံလမ်းမှ ရထားလာသည့်ဘက်ကို
ကျောပေးလျှက် ကြွ(လျှောက်)လာချိန်တွင်
ဦးဇင်း ၏ အနောက်မှ
ရထားခုတ်မောင်းလာလေသည် ။

ရထားမောင်းသူမှာ
ရထားရှေ့ မလှမ်းမကမ်းတွင်ရှိသော
သံလမ်း ( ဇလီဖာတုံး ) ပေါ်မှ
ဦးဇင်းကို လှမ်းမြင်နေရသဖြင့်
အန္တရယ် အချက်ပေး ဥသြ ကို
အကြိမ်ကြိမ် ဆွဲပြီးနောက်
ရထားကို ရပ်ရန် ကြိုးစားနေလေသည် ။

ထိုနေရာတွင် ထူးခြားသည်က
ရထားကို ကျောပေး၍ လျှောက်(ကြွ) နေသည့်
ဦးဇင်းမှာ လွန်စွာ ကျယ်လောင်လှသည့်
ရထား ဥသြသံကို မကြားသည့်ဟန်ဖြင့်
သူ၏လမ်းကိုသာ ဆက်လျှောက်နေဆဲဖြစ်သည် ။

မည်သည် ကြောင့်နည်း… ။
ဦးဇင်း ကံနိမ့်နေသောကြောင့်လေလော ၊
သေကံပါ၍ အတိတ်ဘဝက
ပေးဆပ်ရမည့် အကြွေးကြောင့် ပေလော ၊
ရထားလမ်းမှ မကောင်းဆိုးဝါး
အမှောင်လောကသားများကြောင့်လေလောမသိ.. ။

ရထား ဥသြသံကို ထို ဦးဇင်းမှာ
လုံးဝမကြားပဲ နောက်ဆုံးတွင်
အရှိန်ပြင်းစွာ ခုတ်မောင်းလာသည့်
ရထားမှာ ဦးဇင်းကြီးကို တိုက်သွားသည့်အပြင်
ဦးဇင်း၏ ခန္တာကိုယ် တစ်ခုလုံးအား
အပိုင်းပိုင်းဖြစ်စေခဲ့လေသည် ..
ဦးဇင်း ပျံလွန်တော်မူ ပုံမှာ မလှပခဲ့ချေ ။

ရပ်ကွက်ထဲမှ ထိုသတင်းအား
ချဲ့ကားပြောဆိုခြင်းကြောင့်
ထိုနေရာ အရောက်တွင်
ထိုအကြောင်းများကို တွေးမိပြီး
အေးစက်လှသည့် ရာသီဥတုတွင်
ညအချိန်မတော်
တစ်ကိုယ်တည်းသမားဖြစ်သည့်
‘ မြင့်လွင် ’ လည်း ကြောက်စိတ်ဝင်မိသည်မှာအမှန်ပင် … ။

မရဲတရဲဖြင့်
‘ မြင့်လွင် ’ လည်း ဘုန်းကြီး
ပျံလွန်တော်မူသွားသည်ဟု အများပြောသည့်
ရထားလမ်းနေရာအား လှမ်းကြည့်မိလိုက်သည်
အမှောင်ထဲတွင် မြူခိုးများ
တွားသွားနေသည်မှ တစ်ပါး
မည်သည့်သက်ရှိမှ မတွေ့ခဲ့ချေ ၊
သို့သော် ‘ မြင့်လွင် ’ ကြောက်စိတ်များ
ကြီးသထက် ကြီးလာပြီးနောက်
ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို
ခံစားလိုက်ရသည် ။

ထိုစဉ် ….

တစ်ပြိုင်တည်း ဆိုသလိုပင်

‘ မြင့်လွင် ’ ၏ ရှေ့မှ
ခေါ်သံ တစ်ခုကြားလိုက်ရသဖြင့်
‘ မြင့်လွင် ’ တုန်တက်သွားလောက်အောင်
ကြောက်လန့်သွားလေသည် ။

“ ဒကာကြီး … ”

အသံကြီးများ အက်ကွဲကွဲဖြင့်
တုန်ရီနေသလိုပင် ။

“ မှန်ပါ့ ”

‘ မြင့်လွင် ’ လည်း
အကျင့်ပါပြီး ပြန်ထူးလိုက်ရင်း
နောက်မှ သတိဝင်ပြီး
အသံရှင်ကို ကြည့်မိလိုက်ရာ..

အသံရှင်မှာ သူထင်ထားသည့်အတိုင်း
ဘုန်းကြီးတစ်ပါးပင် ၊ ဆောင်းညအအေးဒဏ်
ကြောင့် သင်္ကန်းကို ခေါင်းမီးခြုံထားကာ
လူသေကောင်လို သူ၏ရှေ့တွင်
တောင့်တောင့်ကြီး ရပ်နေလေသည် ။

‘ မြင့်လွင် ’ ကြောက်စိတ်များ
တားမရအောင် ဝင်လာပြီးနောက်
ဒူးများပါတုန်ရင်လာတော့သည့် ၊
သို့ပေမယ့် မိမိဘာသာ ကြောက်စိတ်ကို
ပြန်ထိန်းရင်း စဉ်းစားမိလေသည် … ။

‘ ဒီအချိန်ကြီး ဘယ်က ဦးဇင်းက
ဘယ်ကိုကြွလာတာပါလိမ့်…. ။

` ခုနကငါကြည့်တုန်းက လမ်းမှာ
ဘယ်သူမှ မရှိပါဘူး… ။

သြော် မြူတွေနဲ့ဆိုတော့
ငါအကြည့်မှားတာနေမှာပါလေ ၊
သင်္ကန်းကြီးနဲ့.. ဦးဇင်း..
အာ…….
ငါဘာတွေလျှောက်တွေးနေမိပါလိမ့် ၊
ငါတော့ငရဲကြီးတော့မှာပဲ …. ’

စသဖြင့် စဉ်းစားခန်းဖွင့်ပြီး
နောက်ဆုံး အားတင်းထားပြီး
ဦးဇင်းကို မကြည့်ရဲသဖြင့်
ခေါင်းကို ငုံ့ထားရင်း
ဦးဇင်းကို ကျော်ကာ သွားပြီးနောက်
အိမ်သို့ ဦးတည်ရန် ခြေလှမ်းခဲ့သည် ၊
ထိုဦးဇင်း နှင့် ‘ မြင့်လွင် ’ ခြေလှမ်းနှစ်လှမ်းခန့်
အကွာအရောက်တွင် ‘ မြင့်လွင် ’
အနောက်မှ ဦးဇင်းက …

“ ဒကာ …
အခု ဘယ်နှစ်နာရီလောက်ရှိပြီလဲ ”

‘ မြင့်လွင် ’ လည်း
သွားမည်လုပ်ခါမှ ဦးဇင်းက လှမ်းမေး(မိန့်)သဖြင့်
သရဲမဟုတ်လောက်ဟု မှတ်ယူလိုက်ရင်း
ပြန်ဖြေ(လျှောက်တင်) လိုက်သည် ။

“ တင်ပါ့ တပည့်တော်အထင်
တစ်နာရီခွဲလောက်ရှိမယ် ဘုန်းဘုန်းဘုရား ”

တစ်ဆက်တည်းတွင်ပင်
‘ မြင့်လွင် ’ လည်း ဦးဇင်း၏ မျက်နာအား
မရတြရဲဖြင့် လှမ်းကြည့်လိုက်မိသည် .. ။

ဦးဇင်းကြီး၏ မျက်နာမှာ
လူသာမန်နှင့်လားလားမျှမတူပဲ
အလွန်အမင်း နီရဲနေလေသည် ၊
တနည်း အနောက်နိုင်ငံသား အသားဖြူများ
ငရုပ်သီးစားထားသောအခါ
နီရဲလာသည့် ပုံထက်ပို၍
နီရဲနေလေသည် ။

အမြင်အရဆိုရလျှင်
မျက်နာမှာ … မီးခဲရဲရဲကြီး
မီးဖိုပေါ်တင်ထားသည့်နယ်
နီရဲတောက်လောက်ကာ
အရောင်ထွက်နေလေသည် ။

ထိုအခြင်းအရာကို ပိုသေချာစေရန်
‘ မြင့်လွင် ’ လည်း ဦးဇင်းအား စေ့စေ့စပ်စပ်
သေချာကြည့်ရင်း …

“ ဘုန်းဘုန်း ..
ဘုန်းဘုန်း မျက်နာက နီရဲနေပါလား… ”

‘ မြင့်လွင် ’ ထိုသို့ပြော (လျှောက် )
လိုက်ရာ…

တစ်ဖက်မှ ဦးဇင်းကြီးက …

“ ဟုတ်တယ်လေ ဒကာရဲ့
နီဆို ဘုန်းကြီးကို ဒီနေ့ပဲ
မီးသဂြို ၤလ် လိုက်ကြလို့
မျက်နာက နီရဲသွားတာပါ ”

‘ မြင့်လွင် ’ လည်း ဘုန်းကြီးအား
သရဲကြီးမှန်းရိပ်စားမိကာ
ကြောက်စိတ်ကို မည်သို့မျှ
မထိန်းထားနိုင်တော့ပဲ ငယ်သံပါအောင်
အော်ဟစ်ရင်း နောက်ကို မလှည့်ကြည့်စတမ်း
တင်ပါးနင့် ဖဝါး တသားတည်းကျအောင်
ဘူတာရုံ ၏ တံတားအောက်သို့
ပြေးမိလေတော့သည် … ။

ထိုမှတစ်ဆင့် မရပ်မနားပဲ
သူ၏ အိမ်ရှိရာ သို့ ရှိသမျှအားကိုစုကာ
ပြေးလေတော့သည် ။

အိမ် တံခါးဝသို့ရောက်သည့်နှင့်
တစ်ပြိုင်တည်း မောနေပေမယ့်
ကြောက်စိတ်ဇောဖြင့် အသံကုန်အော်လိုက်သည် ။

“ မိန်းမ .. မြန်မြန် တံခါးလာဖွင့်..
ဟဲ့ မိန်းမရေ…. ”

မကြာမီပင် မိန်းမဖြစ်သူအလန့်တကြား
အိမ်တွင်းမှ ပြေးထွက်လာပြီးနောက်
‘ မြင့်လွင် ’ ကိုတံခါးဖွင့်ပေးရင်း …

“ ‘ ကိုမြင့်လွင် ’ ရှင်
ဘာဖြစ်လာတာလည်း… ”

‘ မြင့်လွင် ’ လည်း မိန်းမ၏
အမေးကို မဖြေနိုင်သေးပဲ ရေကိုသာ အသည်း
အသန် ပြေးသောက်ရင်း မောလွန်းသဖြင့်
ဘုရားစင်ရှေ့တွင် ပစ်လှဲချလိုက်လေသည် ။

အတန်ကြာသောအခါမှ..
ဖြစ်ကြောင်းကုန်စင်ကို ပြောနိုင်လေတော့သည် ။

‘ မြင့်လွင် ’ ၏ အဖြစ်ကြောင့်
ဇနီးသည်လည်း လန့်သွားပြီး
မအိပ်နိုင်တော့ပဲ တစ်အိမ်လုံးကို
ပရိတ်ရည်များ ဖြန်းခြင်း မိသားစုများအား
ပရိတ်ရည်များ တိုက်ခြင်း စသည်တို့ကို
ပြုပြီးနောက် တစ်ညလုံး မေတ္တာပို့ခြင်း
ဘုန်းကြီးသရဲနှင့် မြင်အပ် မမြင်အပ်များကို
အမျှအတန်းပေးဝေခြင်း ၊ ဘာဝနာများ
ပွားများခြင်းတို့ကို ပြုလုပ်ရင်း
မိုးလင်းစေခဲ့ သည် ။

ထိုကိစ္စများဖြစ်ပွားပြီးနောက်
‘ မြင့်လွင် ’ တစ်ယောက် နောင်တွင်
ဘယ်တော့မှ နာရေးအိမ်တွင် ဖဲရိုက်ခြင်း
ညဘက် အပြင်ထွက်ခြင်း မပြုရဲတော့ချေ ။

‘ မြင့်လွင် ’ အဖြစ်ကိုကြားသိရသူများမှာ

မြတ်ဗုဒ္ဓ ဟောကြားထားသည့်အတိုင်း
ဘုန်းကြီး ဖြစ်သော်လည်း…
သေခါနီးအစွဲကြောင့်
ပြိတ္တာဘဝရောက်နိုင်ကြောင်း
သိရှိနိုင်ပြီး ။ မကောင်းမှုနှင့် ပျော်ပါးသူ
‘ မြင့်လွင် ’ အား
ဘုန်းကြီးသရဲမှ ခြောက်လန့်ကာ
လမ်းမှန်ပို့ပေးလိုက်ခြင်းလော ၊
နာရေးအိမ်မှပြန်လာသူဖြစ်သောကြောင့်
ကံနိမ့်နေပြီး တိုက်ဆိုင်၍ သရဲခြောက်ခံရခြင်းလော ၊
သို့လော … သို့လော…
အတွေးပေါင်းများစွာ ဖြစ်စေသည် ။

မည်သို့ပင်ဆိုစေကာမူ
ထိုနေ့ညက ‘ မြင့်လွင် ’ ဖဲရှုံးသည်ကို
ကျေးဇူးတင်ရမည် ၊ အဘယ့်ကြောင့်ဆိုသော်
သူနိုင်လာပါက သူ၏ အိမ်အတွက်
မုန့်နှင့် ခေါက်ဆွဲကြော်များ
ဝယ်လာနိုင်ပြီး .. ထိုအခါမှ
ညဘက်တွင် ဆာလောင်နေသည့်
ပရလောကသားတို့၏
ဦးတည်ရာ မှာ ‘ မြင့်လွင် ’ ဖြစ်ကောင်း
ဖြစ်နိုင်ပေသည် ။

Zawgyi Version

“ နာေရးအိမ္မွ အျပန္ ”(စ-ဆံုး)
————————————–
၁၉၈၀ ခုနွစ္ ၀န္းက်င္ ၊ ခ်မ္းေအးလွသည့္
ဒီဇင္ဘာလ ၊ ရန္ကုန္ျမိဳ႕ ။
သူ႕နာမည္မွာ “ ေမာင္ျမင့္ (ေခၚ)
ျမင့္လြင္ ” ျဖစ္သည္ ။

‘ ျမင့္လြင္ ’ မွာ အသက္ (၂၇) ႏွစ္ ျဖစ္ျပီး
အိမ္ေထာင္သည္ ၊ ကေလး ႏွစ္ေယာက္ ၏
ဖခင္လည္း ျဖစ္သည္ ။

အၾကီးဆံုးကေလးမွာ အသက္ (၄) ႏွစ္ ၊
အငယ္မေလးမွာ အသက္ ( ၁ ) ႏွစ္ရွိျပီး
မိခင္နို႕ မျပတ္ေသးသည့္ အရြယ္ပင္ ။

‘ ျမင့္လြင္ ’ မွာ အိမ္ေထာင္သည္လည္းျဖစ္၊
ကေလး ႏွစ္ေယာက္ ဖခင္ ပင္ ျဖစ္လင့္ကစား
မိသားစု ႏွင့္ အိမ္အတြက္ ၊ အသံုးစရိတ္ မ်ားကို
ရွာဖို႕ရန္ စိတ္မကူးေခ် ။

အလုပ္အကိုင္ဟူရ အတည္တက်မရွိပဲ
မိန္းမျဖစ္သူမွ ရရာအလုပ္မ်ားကို ၾကံဳသလို
လုပ္ကိုင္ရင္း မိသားစု၀မ္းစာကို
ျဖည့္ဆည္းေနရေလသည္ ။

ရန္ဖန္ရန္ခါ မိန္းမျဖစ္သူမွ
အသံုးစရိတ္အရမ္းလိုလာေသာအခါတြင္မူ
‘ ျမင့္လြင္ ’ အား နားပူနားဆာ လုပ္ေသာအခါမွ
ေစ်းထြက္ေရာင္းတတ္သည္ ။

‘ ျမင့္လြင္ ’ ေစ်းေရာင္းသည္မွာ
ဤ သို႕ျဖစ္သည္ ။

စတီးလင္ဗန္းၾကီးတစ္ခုထဲတြင္
အိမ္သံုး ၊ လူသံုး ကိရိယာ အေသးစားမ်ား
ဥပမာ – နဖာကေလာ္ ၊ လက္သည္းညွပ္ ၊
ကလစ္ ၊ နားၾကပ္တံ ၊ ကပ္ေၾကး ၊
အစရွိသည္တို႕ကို
လူစည္ကားသည့္ ကားမွတ္တိုင္မ်ား
ေစ်းမွတ္တိုင္မ်ား တြင္ လွည့္လည္ ေရာင္းခ်
ျခင္းျဖစ္သည္ ။

‘ ျမင့္လြင္ ’ တို႕မိသားစုမွာ
၀င္ေငြနည္းျပီး မိသားစုမ်ားေနသျဖင့္
ၾကပ္တည္းသည့္ မိသားစုေလးဟု
ဆိုလွ်င္လည္း မမွားနိုင္ ။

သူတို႕ မိသားစုေလးစုေလးသည္
ရန္ကုန္ျမိဳ႕ ၊ ပုစြန္ေတာင္ဘူတာ ၏ေတာင္ဘက္ရွိ
ခ်စ္တီး ဘုရားရွင့္ခိုးေက်ာင္း နေဘးအေပါက္မွ
လမ္းအတိုင္း ၀င္သြားလွ်င္ ေရာက္ရွိနိုင္မည့္
‘ ေရတြင္းကုန္း ရပ္ကြက္ ’ ငယ္ေလးတြင္
ေနထိုင္ၾကသည္ ။

မ်က္နာမြဲ တစ္ဦးလည္းျဖစ္ ၊
ကိုယ္တိုင္လည္း စီးပြားမရွာ
အလုပ္မလုပ္ခ်င္ေပမယ့္
ျဖစ္ေပမယ့္ မိဘ ႏွင့္ ဇနီးသည္ထံမွ ရရွိလာသည့္
ေငြေၾကးမ်ားကို စုေဆာင္းကာ သူ၀ါသနာပါသည့္
ဖဲရိုက္ျခင္းကို မၾကာမၾကာ ျပဳလုပ္တတ္သည္ ၊
မွန္ပါသည္ ‘ ျမင့္လြင္ ’ မွာ ဖဲရိုက္ျခင္းကိုသာလွ်င္
အလုပ္တစ္ခုအျဖစ္ မွတ္ယူထားသူ ျဖစ္သည္ ။
အမွတ္စင္စစ္ ထိုအလုပ္မွာ ဘုရားမၾကိဳက္သည့္
ေလာင္းကစားအလုပ္ျဖစ္ေၾကာင္းကို
အေမွာင္ဖုံးေနသည့္ ‘ ျမင့္လြင္ ’ မသိခဲ့ေပ ။

သူငယ္ခ်င္းမ်ား စံုလွ်င္လည္း
ဖဲရိုက္သည္ ၊ ဘယ္ေနရာမွာ ဘယ္နား
ဖဲ၀ိုင္းရွိမည္ဆိုသည့္ သတင္းကို ‘ ျမင့္လြင္ ’
အျမဲလိုလို ေစာင့္ေမွ်ာ္နားစြင့္ေနတတ္သည္ ။

အသုဘ အိမ္ရွိသည္ဟုသိရလွ်င္လည္း
‘ ျမင့္လြင္ ’ တစ္ေယာက္ ထို အသုဘ အိမ္တြင္
အသုဘ ျဖစ္သည့္ ေနမွစ၍ ရက္လည္ေန႕ထိ
တိုင္ေအာင္ ညဘက္တိုင္း ေန႕စဥ္ မပ်က္
သြားေရာက္တတ္ျပီး ဖဲရိုက္ေလသည္ ။
ရွိုး ၊ တစ္ခ်က္ေမွာက္ ၊ ကိုမီး ၊ ဘန္လပ္
စသျဖင့္ ဖဲ ေဆာ့နည္းမ်ားစြာကို
သူအကုန္ ကစားတတ္သည္ ။

ဖဲေဆာ့သည့္အခါတြင္လည္း
‘ ျမင့္လြင္ ’ မေကာင္းမႈႏွင့္ အက်ိဳးေပးသည္ေလာ
မသိ ၊ မ်ားေသာအားျဖင့္ ႏိုင္ျပီး
ျပန္ရသည္ကမ်ားသည္ ။

သူ ဖဲႏိုင္လာသည့္ ညမ်ားတြင္လည္း
အျမဲဆိုသလို အိမ္မွ မိန္းမႏွင့္ ကေလးအတြက္
စားစရာ မုန္႕မ်ား ႏွင့္ ေခါက္ဆြဲေၾကာ္ကို
၀ယ္လာတတ္ျပီး မိသားစုတစ္သိုက္
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စားေသာက္ၾကေလ့ရွိသည္ ။

ရန္ဖန္ရန္ခါ ဖဲ ရွံုးသည့္ အခါတြင္မူ
သူ၏ အိပ္ထဲ ပိုက္ဆံလံုး၀မရွိသည့္အခ်ိန္ႏွင့္
တိုက္ဆိုင္ပါက အိမ္တြင္းရွိ ေပါင္ႏွံ ေရာင္းခ်စရာ
တန္ဖိုးၾကီးပစၥည္းမ်ားကို ရွာေဖြ ခိုးယူျပီး
ေပါင္းႏွံ ေရာင္းခ်တတ္သည္ ၊ ေနာက္ဆံုး
မည္သည့္ ပစၥည္းမွ်မရွိပါက မိန္းမျဖစ္သူ၏
နားကပ္ကို အတင္းခ်ြတ္၍ ေရာင္းခ်ကာ
ဖဲရိုက္တတ္သည္ ။

ဤသို႕လွ်င္ မေကာင္းမႈကို
ေကာင္းမႈအမွတ္ျဖင့္ ေပ်ာ္ပါး
၀ါသနာထံုသည့္ ‘ ျမင့္လြင္ ’ ပင္ ။

တစ္ေန႕ ‘ ျမင့္လြင္ ’ တို႕ေနရပ္အနီးရွိ
ပုစါန္ေတာင္ စာတိုက္ ‘ ေဆာင္လံုးျပန္ရပ္ကြက္ ’
တြင္ ေနထိုင္သည့္ အဖြားအိုတစ္ဦး လူၾကီးေရာဂါျဖင့္
ဆံုးပါးသြားသည့္ နာေရး သတင္းကို
သူငယ္ခ်င္းမ်ားထံမွၾကားသိလိုက္ရသည္ ။

“ ‘ ေမာင္ျမင့္ ’ ေရ ….
ဒီည (….) မွာ ၀ိုင္းရွိတယ္ေနာ္..
ငါတို႕လူစံုရွိေနမွာ မင္းမလာပဲမေနနဲ႕ ”

အိမ္ေရွ႕မွ တကူးတက လာေခၚသည့္
ေဘာ္ဒါမ်ားစကားေၾကာင့္ ‘ ျမင့္လြင္ ’ လည္း

“ စိတ္မပူစမ္းပါနဲ႕ငါေကာင္ေတြရာ
မင္းတို႕မေျပာလည္း ငါသတင္းၾကားကတည္းက
လာဖို႕ အဆင္သင့္ပဲ..ဟဲဟဲ
မင္းတို႕ ငါ့အေၾကာင္းမသိတာလည္းမဟုတ္ဘူး .. ”

စသျဖင့္ ျပန္ေခ်ပလိုက္ျပီး
ညတြင္ လာရန္ ကတိျပဳခဲ့ေလသည္ ။

သူငယ္ခ်င္းမ်ားမွာလည္း ‘ ျမင့္လြင္ ’
စကားေၾကာင့္ ႏႈတ္ဆက္ျပီး
ျပန္သြားၾကေလေတာ့သည္ ။

ဒီလိုႏွင့္ ‘ ျမင့္လြင္ ’ တစ္ေယာက္
အသုဘ အိမ္တြင္ ညစဥ္ ဖဲသြားရိုက္ေလသည္
ရိုက္တိုင္းလည္း ႏိုင္သည္က ပိုမ်ားေနသည္ ။

‘ ျမင့္လြင္ ’ တို႕ ဖဲသြားရိုက္ေနက်
အသုဘအိမ္တြင္ ၊ ကြယ္လြန္သူ
အေလာင္းေကာင္အား သျဂိ ၤဳလ္ ျပီး
သံုးရက္ေျမာက္ေန႕ေရာက္ေသာညတြင္မူ …..

“ မိန္းမေရ ..
ငါဒီည ဖဲသြားရိုက္ဖို႕ ေယာက်ာ္းႏိုင္မွာ
သိတယ္မို႕လား ….
အျ့ေတာ့ မိန္းမမွာရွိတဲ့ ပိုက္ဆံေလး
နည္းနည္း ေလာက္ မ၀ပါဦး ”

မိန္းမျဖစ္သူမွာလည္း ခ်စ္၍
ၾကိဳက္၍ ယူထားသည့္ ေယာက်ာ္းမို႕

“ ေအးပါေတာ္ေရ …
ေတာ္ေျပာလိုက္ရင္ အျမဲႏိုင္မယ္ဆိုတာခ်ည္းပဲ
ဟင္း… ေရာေရာ…ငါးရာ ယူ
က်န္တာ နက္ျဖန္ အိမ္ စားစရိတ္ေလး… ”

‘ ျမင့္လြင္ ’ လည္း ေဇာတက
မတတ္ေတာ့ပဲ မိန္းမေပးသည့္
ေငြငါးရာအပါအ၀င္ သူ႕တြင္ရွိေသာ ေငြ ႏွစ္ရာ
ေပါင္း ခုႏွစ္ရာအား အိပ္ထဲထည့္ျပီးေနာက္
နာေရးအိမ္သို႕ ခပ္သုတ္သုတ္ ထြက္သြားခဲ့သည္ ။

( မွတ္ခ်က္ – ထိုေခတ္အခါက ေငြခုႏွစ္ရာမွာ
အေတာ္ပင္ မ်ားေနေလျပီ ၊ ေခတ္ မွာ
ငါးက်ပ္ ၊ တစ္ဆယ္ ေခတ္ ၊ အေၾကြ မ်ား
အသံုးျပဳေနၾကသည့္ ေခတ္ျဖစ္ေလသည္ ။ )

ည ( ၈ ) နာရီ တြင္
နာေရးအိမ္သို႕ေရာက္သည့္အခါ
‘ ျမင့္လြင္ ’ လည္း ေၾကးၾကီးၾကီးမ်ားျဖင့္
ေဆာ့ေနသည့္ ၀ိုင္းတြင္ ၀င္ထိုင္လိုက္ျပီး
ဖဲရိုက္ ေနေလေတာ့သည္ ။

အေစာပိုင္းတြင္ ‘ ျမင့္လြင္ ’ ႏိုင္လိုက္
ရွံဳးလိုက္ျဖစ္ေနရာမွ
မိုးခ်ဳပ္လာသည့္ႏွင့္အမွ်
‘ ျမင့္လြင္ ’ တြင္ရွိသည့္ ေငြမ်ား တျဖည္းျဖည္း
ပါးလာေလေတာ့သည့္ ၊ ပြဲတိုင္းလိုလို
ရွံဳးရွံဳးလာရင္းမွ ေနာက္ဆံုးတြင္ ‘ ျမင့္လြင္ ’
လက္ထဲတြင္ ခ်ဴးပါးတစ္ျပားပင္
မက်န္ေတာ့သည့္အထိ ရွံုးသြားေလေတာ့သည္ ။

အခ်ိန္အားျဖင့္ ည ( ၁ ) နာရီ ( 1 AM )
နာေရးအိမ္တြင္ အိပ္ေလ့အိပ္ထမရွိသည္က
တစ္ေၾကာင္း ၊ အိပ္ထဲတြင္ ပါလာသမွ် ေငြ
အကုန္ ဖဲရံွုးသြားသည္က တစ္ေၾကာင္းေၾကာင့္
‘ ျမင့္လြင္ ’ တစ္ေယာက္ ညစ္ညစ္ျဖင့္
အိမ္သို႕ျပန္ခဲ့ေလေတာ့သည္ ။

သူ အိမ္မွ ထြက္လာစဥ္အခါက
ျပံဳးရႊင္လွ်က္ အားတတ္သေရာ ျဖစ္လာသေလာက္
အိမ္အျပန္လမ္းတြင္မူ ေခါင္းငိုက္စိုက္ရင္း
စိတ္ထဲတြင္ ေဒါသျဖစ္ျခင္း ၊ မိမိကိုယ္ကို
မေက်မနပ္ျဖစ္ျခင္း ၊ ေငြမ်ားကို ႏွေျမာျခင္းမ်ားျဖင့္
ေတြးေပါင္းမ်ားစြာ ခ်ာခ်ာလည္ေနေလသည္ ။

ညသန္းေခါင္အခ်ိန္ျဖစ္သည့္အတြက္
လမ္းတစ္ေလွ်က္တြင္ လူသြားလူလာ လံုး၀
မရွိေတာ့ေခ် ၊ လမ္းမၾကီးအလယ္တြင္
‘ ျမင့္လြင္ ’ တစ္ဦးတည္းသာ
စိတ္ပ်က္လက္ပ်က္ျဖင့္ လမ္းေလွ်က္လာရင္း
အမွတ္မထင္ ပတ္၀န္းက်င္ကို ေ၀့ကာ၀ိုက္ကာ
ၾကည့္ေနမိေလသည္ ။

၀န္းက်င္တစ္ခုလံုး ေမာင္မဲေနျပီး
ဒီဇင္ဘာလမို႕ ျမဴခိုးမ်ား ေ၀ေနသဖြယ္ ပတ္၀န္းက်င္မွာ မႈန္၀ါးလွ်က္
တစ္ကိုယ္တည္းမို႕ ေျခာက္ျခားလာေလသည္
အေအးဓါတ္မ်ားသည္ လည္း သူ၏
အရိုးမ်ားကို ခဲသြားေအာင္ ၾကိဳးစားေနသေယာင္ပင္
ဆိုးရြားလာသည့္ အေအးဒဏ္ေၾကာင့္
‘ ျမင့္လြင္ ’ လည္း သူ၀တ္ထားသည့္
အေႏြးထည္ကို ပို၍လံုေစရန္ ျပင္ဆင္
လိုက္ျပီး လက္ႏွစ္ဖက္အား ေႏြးထည့္အတြင္း
ထည့္ကာ လက္ပိုက္ထားသည့္ ဟန္မ်ိဳးျဖင့္
ခပ္သြက္သြက္ေလး အိမ္ျပန္လာခဲ့သည္ ။

သို႕ႏွင့္ ‘ ျမင့္လြင္ ’ လည္း
ပုစြန္ေတာင္ မီးရထား ဘူတာရံုေပၚသို႕
တက္လိုက္ျပီးေနာက္ ဘူတာရံုအေပၚဘက္
စၾကၤန္ လူသြားလမ္းေနရာသို႕ ေရာက္လာခဲ့သည္ ။

ထိုေနရာသို႕ေရာက္လွ်င္ေရာက္ျခင္း
‘ ျမင့္လြင္ ’ ခံစားမိသည္က သူ၏ တစ္ကိုယ္လံုး
ယခင္ထက္ ပို၍ ခ်မ္းေအးလာသလို
ခံစားလိုက္ရျပီး ထူးဆန္းစြာ ၾကက္သီးမ်ား
တစ္ခ်က္တစ္ခ်က္ တျဖန္ျဖန္ ထမိေနေလသည္ ။

အေၾကာင္းမွာ ယခု ‘ ျမင့္လြင္ ’
ေရာက္ေနသည့္ ေနရာသည္ နာမည္ၾကီး
ေနရာတစ္ခုျဖစ္ေသာေၾကာင့္ျဖစ္သည္ ။

မည္သုိ႕မည္ပံုနာမည္ၾကီးသည္ဟု
ရွင္းျပရလွ်င္ ၊ ေနရာအေတာ္အမ်ားရွိ
ရထားလမ္းတိုင္းလိုလိုပင္ ‘ စီး ’ ေနၾကသည္ ။

‘ စီး ေနၾကျခင္းဟူသည္ ၊ ထိုေနရာမ်ားတြင္
မေကာင္းဆိုးရြားမ်ား အမ်ားအားျဖင့္
ဆိုး၇ြားသည့္ မေကာင္းဆိုး၀ါးမ်ား
ရွိေနတတ္ျပီး ရထားလမ္းတြင္ ကံနိမ့္သည့္
လူမ်ားအား ေျခာက္လန္႕ျခင္း ၊ ရထားၾကိတ္
ေသေအာင္ ၊ ဒဏ္ရာရေစေအာင္
နည္းအမ်ိဳးမ်ိဳးျဖင့္ ေနွာက္ယွက္ ဒုကၡေပးျခင္းမ်ား
ျပဳေနၾကျခင္းကိုဆိုလိုသည္ ။ ’

( မွတ္ခ်က္ – ထိုေၾကာင့္ ရထားလမ္းမွ ျဖတ္တိုင္း
ဘုရားစာမ်ား မျပတ္ဆိုျခင္း ၊ ေမတၱာပို႕
အမွ်အတန္းေပးေ၀ျခင္းမ်ား ျပဳသင့္သည္ ။ )

ယခု ရထားလမ္း ေနရာ
နာမည္ၾကီးရျခင္းမွာ မ်ားမၾကာမီက
မည္သည့္အရပ္မွ ၾကြလာမွန္းမသိသည့္
‘ သက္ေတာ္ (၅၀) ခန္႕ရွိေသာ
ဘုန္းေတာ္ၾကီး (ဦးဇင္း) တစ္ပါး
ညေန (၆) နာရီအခ်ိန္တြင္
ကိုယ္ေတာ္ တစ္ပါးတည္း
ရထားသံလမ္းမွ ရထားလာသည့္ဘက္ကို
ေက်ာေပးလွ်က္ ၾကြ(ေလွ်ာက္)လာခ်ိန္တြင္
ဦးဇင္း ၏ အေနာက္မွ
ရထားခုတ္ေမာင္းလာေလသည္ ။

ရထားေမာင္းသူမွာ
ရထားေရွ႕ မလွမ္းမကမ္းတြင္ရွိေသာ
သံလမ္း ( ဇလီဖာတံုး ) ေပၚမွ
ဦးဇင္းကို လွမ္းျမင္ေနရသျဖင့္
အႏၱရယ္ အခ်က္ေပး ဥၾသ ကို
အၾကိမ္ၾကိမ္ ဆြဲျပီးေနာက္
ရထားကို ရပ္ရန္ ၾကိဳးစားေနေလသည္ ။

ထိုေနရာတြင္ ထူးျခားသည္က
ရထားကို ေက်ာေပး၍ ေလွ်ာက္(ၾကြ) ေနသည့္
ဦးဇင္းမွာ လြန္စြာ က်ယ္ေလာင္လွသည့္
ရထား ဥၾသသံကို မၾကားသည့္ဟန္ျဖင့္
သူ၏လမ္းကိုသာ ဆက္ေလွ်ာက္ေနဆဲျဖစ္သည္ ။

မည္သည္ ေၾကာင့္နည္း… ။
ဦးဇင္း ကံနိမ့္ေနေသာေၾကာင့္ေလေလာ ၊
ေသကံပါ၍ အတိတ္ဘ၀က
ေပးဆပ္ရမည့္ အေၾကြးေၾကာင့္ ေပေလာ ၊
ရထားလမ္းမွ မေကာင္းဆိုး၀ါး
အေမွာင္ေလာကသားမ်ားေၾကာင့္ေလေလာမသိ.. ။

ရထား ဥၾသသံကို ထို ဦးဇင္းမွာ
လံုး၀မၾကားပဲ ေနာက္ဆံုးတြင္
အရွိန္ျပင္းစြာ ခုတ္ေမာင္းလာသည့္
ရထားမွာ ဦးဇင္းၾကီးကို တိုက္သြားသည့္အျပင္
ဦးဇင္း၏ ခႏၱာကိုယ္ တစ္ခုလံုးအား
အပိုင္းပိုင္းျဖစ္ေစခဲ့ေလသည္ ..
ဦးဇင္း ပ်ံလြန္ေတာ္မူ ပံုမွာ မလွပခဲ့ေခ် ။

ရပ္ကြက္ထဲမွ ထိုသတင္းအား
ခ်ဲ႕ကားေျပာဆိုျခင္းေၾကာင့္
ထိုေနရာ အေရာက္တြင္
ထိုအေၾကာင္းမ်ားကို ေတြးမိျပီး
ေအးစက္လွသည့္ ရာသီဥတုတြင္
ညအခ်ိန္မေတာ္
တစ္ကိုယ္တည္းသမားျဖစ္သည့္
‘ ျမင့္လြင္ ’ လည္း ေၾကာက္စိတ္၀င္မိသည္မွာအမွန္ပင္ … ။

မရဲတရဲျဖင့္
‘ ျမင့္လြင္ ’ လည္း ဘုန္းၾကီး
ပ်ံလြန္ေတာ္မူသြားသည္ဟု အမ်ားေျပာသည့္
ရထားလမ္းေနရာအား လွမ္းၾကည့္မိလိုက္သည္
အေမွာင္ထဲတြင္ ျမဴခိုးမ်ား
တြားသြားေနသည္မွ တစ္ပါး
မည္သည့္သက္ရွိမွ မေတြ႕ခဲ့ေခ် ၊
သို႕ေသာ္ ‘ ျမင့္လြင္ ’ ေၾကာက္စိတ္မ်ား
ၾကီးသထက္ ၾကီးလာျပီးေနာက္
ေက်ာရိုးတစ္ေလွ်ာက္ ေအးစိမ့္သြားသလို
ခံစားလိုက္ရသည္ ။

ထိုစဥ္ ….

တစ္ျပိဳင္တည္း ဆိုသလိုပင္

‘ ျမင့္လြင္ ’ ၏ ေရွ႕မွ
ေခၚသံ တစ္ခုၾကားလိုက္ရသျဖင့္
‘ ျမင့္လြင္ ’ တုန္တက္သြားေလာက္ေအာင္
ေၾကာက္လန္႕သြားေလသည္ ။

“ ဒကာၾကီး … ”

အသံၾကီးမ်ား အက္ကြဲကြဲျဖင့္
တုန္ရီေနသလိုပင္ ။

“ မွန္ပါ့ ”

‘ ျမင့္လြင္ ’ လည္း
အက်င့္ပါျပီး ျပန္ထူးလိုက္ရင္း
ေနာက္မွ သတိ၀င္ျပီး
အသံရွင္ကို ၾကည့္မိလိုက္ရာ..

အသံရွင္မွာ သူထင္ထားသည့္အတိုင္း
ဘုန္းၾကီးတစ္ပါးပင္ ၊ ေဆာင္းညအေအးဒဏ္
ေၾကာင့္ သကၤန္းကို ေခါင္းမီးျခံဳထားကာ
လူေသေကာင္လို သူ၏ေရွ႕တြင္
ေတာင့္ေတာင့္ၾကီး ရပ္ေနေလသည္ ။

‘ ျမင့္လြင္ ’ ေၾကာက္စိတ္မ်ား
တားမရေအာင္ ၀င္လာျပီးေနာက္
ဒူးမ်ားပါတုန္ရင္လာေတာ့သည့္ ၊
သို႕ေပမယ့္ မိမိဘာသာ ေၾကာက္စိတ္ကို
ျပန္ထိန္းရင္း စဥ္းစားမိေလသည္ … ။

‘ ဒီအခ်ိန္ၾကီး ဘယ္က ဦးဇင္းက
ဘယ္ကိုၾကြလာတာပါလိမ့္…. ။

` ခုနကငါၾကည့္တုန္းက လမ္းမွာ
ဘယ္သူမွ မရွိပါဘူး… ။

ေၾသာ္ ျမဴေတြနဲ႕ဆိုေတာ့
ငါအၾကည့္မွားတာေနမွာပါေလ ၊
သကၤန္းၾကီးနဲ႕.. ဦးဇင္း..
အာ…….
ငါဘာေတြေလွ်ာက္ေတြးေနမိပါလိမ့္ ၊
ငါေတာ့ငရဲၾကီးေတာ့မွာပဲ …. ’

စသျဖင့္ စဥ္းစားခန္းဖြင့္ျပီး
ေနာက္ဆံုး အားတင္းထားျပီး
ဦးဇင္းကို မၾကည့္ရဲသျဖင့္
ေခါင္းကို ငံု႕ထားရင္း
ဦးဇင္းကို ေက်ာ္ကာ သြားျပီးေနာက္
အိမ္သို႕ ဦးတည္ရန္ ေျခလွမ္းခဲ့သည္ ၊
ထိုဦးဇင္း ႏွင့္ ‘ ျမင့္လြင္ ’ ေျခလွမ္းႏွစ္လွမ္းခန္႕
အကြာအေရာက္တြင္ ‘ ျမင့္လြင္ ’
အေနာက္မွ ဦးဇင္းက …

“ ဒကာ …
အခု ဘယ္ႏွစ္နာရီေလာက္ရွိျပီလဲ ”

‘ ျမင့္လြင္ ’ လည္း
သြားမည္လုပ္ခါမွ ဦးဇင္းက လွမ္းေမး(မိန္႕)သျဖင့္
သရဲမဟုတ္ေလာက္ဟု မွတ္ယူလိုက္ရင္း
ျပန္ေျဖ(ေလွ်ာက္တင္) လိုက္သည္ ။

“ တင္ပါ့ တပည့္ေတာ္အထင္
တစ္နာရီခြဲေလာက္ရွိမယ္ ဘုန္းဘုန္းဘုရား ”

တစ္ဆက္တည္းတြင္ပင္
‘ ျမင့္လြင္ ’ လည္း ဦးဇင္း၏ မ်က္နာအား
မရျတရဲျဖင့္ လွမ္းၾကည့္လိုက္မိသည္ .. ။

ဦးဇင္းၾကီး၏ မ်က္နာမွာ
လူသာမန္ႏွင့္လားလားမွ်မတူပဲ
အလြန္အမင္း နီရဲေနေလသည္ ၊
တနည္း အေနာက္ႏိုင္ငံသား အသားျဖဴမ်ား
ငရုပ္သီးစားထားေသာအခါ
နီရဲလာသည့္ ပံုထက္ပို၍
နီရဲေနေလသည္ ။

အျမင္အရဆိုရလွ်င္
မ်က္နာမွာ … မီးခဲရဲရဲၾကီး
မီးဖိုေပၚတင္ထားသည့္နယ္
နီရဲေတာက္ေလာက္ကာ
အေရာင္ထြက္ေနေလသည္ ။

ထိုအျခင္းအရာကို ပိုေသခ်ာေစရန္
‘ ျမင့္လြင္ ’ လည္း ဦးဇင္းအား ေစ့ေစ့စပ္စပ္
ေသခ်ာၾကည့္ရင္း …

“ ဘုန္းဘုန္း ..
ဘုန္းဘုန္း မ်က္နာက နီရဲေနပါလား… ”

‘ ျမင့္လြင္ ’ ထိုသို႕ေျပာ (ေလွ်ာက္ )
လိုက္ရာ…

တစ္ဖက္မွ ဦးဇင္းၾကီးက …

“ ဟုတ္တယ္ေလ ဒကာရဲ႕
နီဆို ဘုန္းၾကီးကို ဒီေန႕ပဲ
မီးသျဂိဳ ၤလ္ လိုက္ၾကလို႕
မ်က္နာက နီရဲသြားတာပါ ”

‘ ျမင့္လြင္ ’ လည္း ဘုန္းၾကီးအား
သရဲၾကီးမွန္းရိပ္စားမိကာ
ေၾကာက္စိတ္ကို မည္သို႕မွ်
မထိန္းထားႏိုင္ေတာ့ပဲ ငယ္သံပါေအာင္
ေအာ္ဟစ္ရင္း ေနာက္ကို မလွည့္ၾကည့္စတမ္း
တင္ပါးနင့္ ဖ၀ါး တသားတည္းက်ေအာင္
ဘူတာရံု ၏ တံတားေအာက္သို႕
ေျပးမိေလေတာ့သည္ … ။

ထိုမွတစ္ဆင့္ မရပ္မနားပဲ
သူ၏ အိမ္ရွိရာ သို႕ ရွိသမွ်အားကိုစုကာ
ေျပးေလေတာ့သည္ ။

အိမ္ တံခါး၀သို႕ေရာက္သည့္ႏွင့္
တစ္ျပိဳင္တည္း ေမာေနေပမယ့္
ေၾကာက္စိတ္ေဇာျဖင့္ အသံကုန္ေအာ္လိုက္သည္ ။

“ မိန္းမ .. ျမန္ျမန္ တံခါးလာဖြင့္..
ဟဲ့ မိန္းမေရ…. ”

မၾကာမီပင္ မိန္းမျဖစ္သူအလန္႕တၾကား
အိမ္တြင္းမွ ေျပးထြက္လာျပီးေနာက္
‘ ျမင့္လြင္ ’ ကိုတံခါးဖြင့္ေပးရင္း …

“ ‘ ကိုျမင့္လြင္ ’ ရွင္
ဘာျဖစ္လာတာလည္း… ”

‘ ျမင့္လြင္ ’ လည္း မိန္းမ၏
အေမးကို မေျဖႏိုင္ေသးပဲ ေရကိုသာ အသည္း
အသန္ ေျပးေသာက္ရင္း ေမာလြန္းသျဖင့္
ဘုရားစင္ေရွ႕တြင္ ပစ္လွဲခ်လိုက္ေလသည္ ။

အတန္ၾကာေသာအခါမွ..
ျဖစ္ေၾကာင္းကုန္စင္ကို ေျပာႏိုင္ေလေတာ့သည္ ။

‘ ျမင့္လြင္ ’ ၏ အျဖစ္ေၾကာင့္
ဇနီးသည္လည္း လန္႕သြားျပီး
မအိပ္ႏိုင္ေတာ့ပဲ တစ္အိမ္လံုးကို
ပရိတ္ရည္မ်ား ျဖန္းျခင္း မိသားစုမ်ားအား
ပရိတ္ရည္မ်ား တိုက္ျခင္း စသည္တို႕ကို
ျပဳျပီးေနာက္ တစ္ညလံုး ေမတၱာပို႕ျခင္း
ဘုန္းၾကီးသရဲႏွင့္ ျမင္အပ္ မျမင္အပ္မ်ားကို
အမွ်အတန္းေပးေ၀ျခင္း ၊ ဘာ၀နာမ်ား
ပြားမ်ားျခင္းတို႕ကို ျပဳလုပ္ရင္း
မိုးလင္းေစခဲ့ သည္ ။

ထိုကိစၥမ်ားျဖစ္ပြားျပီးေနာက္
‘ ျမင့္လြင္ ’ တစ္ေယာက္ ေနာင္တြင္
ဘယ္ေတာ့မွ နာေရးအိမ္တြင္ ဖဲရိုက္ျခင္း
ညဘက္ အျပင္ထြက္ျခင္း မျပဳရဲေတာ့ေခ် ။

‘ ျမင့္လြင္ ’ အျဖစ္ကိုၾကားသိရသူမ်ားမွာ

ျမတ္ဗုဒၶ ေဟာၾကားထားသည့္အတိုင္း
ဘုန္းၾကီး ျဖစ္ေသာ္လည္း…
ေသခါနီးအစဲြေၾကာင့္
ျပိတၱာဘ၀ေရာက္ႏိုင္ေၾကာင္း
သိရွိႏိုင္ျပီး ။ မေကာင္းမႈႏွင့္ ေပ်ာ္ပါးသူ
‘ ျမင့္လြင္ ’ အား
ဘုန္းၾကီးသရဲမွ ေျခာက္လန္႕ကာ
လမ္းမွန္ပို႕ေပးလိုက္ျခင္းေလာ ၊
နာေရးအိမ္မွျပန္လာသူျဖစ္ေသာေၾကာင့္
ကံနိမ့္ေနျပီး တိုက္ဆိုင္၍ သရဲေျခာက္ခံရျခင္းေလာ ၊
သို႕ေလာ … သို႕ေလာ…
အေတြးေပါင္းမ်ားစြာ ျဖစ္ေစသည္ ။

မည္သို႕ပင္ဆုိေစကာမူ
ထိုေန႕ညက ‘ ျမင့္လြင္ ’ ဖဲရံႈးသည္ကို
ေက်းဇူးတင္ရမည္ ၊ အဘယ့္ေၾကာင့္ဆိုေသာ္
သူႏိုင္လာပါက သူ၏ အိမ္အတြက္
မုန္႕ႏွင့္ ေခါက္ဆြဲေၾကာ္မ်ား
၀ယ္လာႏိုင္ျပီး .. ထိုအခါမွ
ညဘက္တြင္ ဆာေလာင္ေနသည့္
ပရေလာကသားတို႕၏
ဦးတည္ရာ မွာ ‘ ျမင့္လြင္ ’ ျဖစ္ေကာင္း
ျဖစ္ႏိုင္ေပသည္ ။