“အငှါးခန္ဓာရှာသူ”(စ/ဆုံး)

Unicode Version

“အငှါးခန္ဓာရှာသူ”(စ/ဆုံး)
—————————–
ညသည်ပိန်းပိတ်အောင်မှောင်မည်းနေပြီးလေနီကြမ်း၊မိုးကြမ်းတို့ကလည်း ကြမ်းတမ်းစွာတိုက်ခိုက်ရွာသွန်းနေသည်။ တန်ခူးလအကုန် ကဆုန်လအကူးမိုးဦးရာသီဖြစ်သောကြောင့် မိုးရွာတိုင်း မိုးကြိုးလျှပ်စီးတို့ကအုန်းခနဲဂျိမ်းခနဲဖြင့် ထင်တိုင်းကြဲနေတော့သည်။ ပိန်းပိတ်နေသောအမှောင်ထုမှာ လျှပ်စီးအရောင်တို့ကြောင့် တချက်တချက်ဝင်းခနဲဝင်းခနဲဖြစ်သွား၏။
ထိုအဖြစ်ကြောင့်လူသားတို့ကလည်းအိမ်တံခါးကိုတင်းကြပ်စွာပိတ်ကြကာ ဆီမီးအိမ်ကိုမှိတ်ပြီး အိပ်ယာဝင်ကြ၏။ လျှပ်စီးမိုးကြိုးသံကြောင့် ကလေးတို့လန့်ဖျတ်သွားကြပြီး တချက်တချက်ငိုယိုနေကြသည်။ ထိုကဲ့သို့မိုးသည်းလေသည်း သည့်ညတစ်ည၌ လူနှစ်ယောက်သည်မှိန်ပျပျလင်းနေသော မီးအိမ်ကိုလက်၌ဆွဲယူကာ ထိုမီးအိမ်၏အလင်းရောင်ကိုအားပြုပြီး မိုးသည်းလေသည်းထဲ၌သွားလာလှုပ်ရှားနေကြသည်။
ထိုကဲ့သို့သောည၌တခြားလူများအဖို့ အသည်းခိုက်အောင်ချမ်းနေသော်လည်း ထိုလူနှစ်ယောက်၌မူရင်ထဲရှိအပူလုံးကြီးကြောင့် အအေးဒဏ်ကိုမမှုနိူင်ချေ။ ခရီးပန်းတိုင်ရောက်ဖို့သာ စိတ်လောနေကြသည်။
” ဝေါ….ဝေါ…ဝေါ…”
” ဂျိန်း….ဒလိန်း…. ဂျိန်း…”
” ဟာ…ဒီမိုးကြမ်းလေကြမ်းကတမျိုးကွာ…ဒီမှာအမေ့ကိုစိတ်ပူနေရတဲ့ကြားထဲ…”
” မီးအိမ်ကိုရေမစိုစေနဲ့သာလှ….လာ..တို့တွေခပ်သွက်သွက်သွားကြရအောင်….ဒါမှအမေ့အသက်ကိုကယ်နိူင်မှာ….”
မိုးရေထဲ၌လူနှစ်ယောက်သည် မိုးသံလေသံကြား၌ထိုသို့စကားဆိုရင်း ခပ်သွက်သွက်လျှောက်လာခဲ့ကြသည်။ မိုးထဲရေထဲလမ်းလျှောက်ပြီးနောက်တစ်နာရီအကြာ၌ တဖက်ရွာထိပ်သို့ရောက်လာခဲ့သည်။
” ကိုကြီး…ဒီအချိန်ကြီးဆရာကြီးအိပ်ယာဝင်နေလောက်ပြီနော်….အဲလို့ဆိုဘယ်လိုလုပ်ကြမလဲ….”
” အချိန်ကအစောပိုင်းဘဲရှိလောက်ပါသေးတယ်…မိုးတွေလေတွေသည်းနေလို့သာ ပိုမှောင်တယ်ထင်ရတာ….”
စကားပြောဆိုကြရင်း ရွာထဲသို့ဝင်လာခဲ့ကြပြီး နှစ်ထပ်ခြေတံရှည်အိမ်ရှေ့သို့ရောက်လာလျှင်ရပ်လိုက်ကြသည်။
” ဒီအိမ်ဘဲ….အဘကသေချာမှာလိုက်တယ်ဆရာကိုရအောင်ပင့်ခေါ်ခဲ့တဲ့….”
” အေးပါကွာ…. လာငါတို့ခြံထဲဝင်ပြီးဆရာ့ကိုခေါ်နိူးကြမယ်….”
ထို့နောက်နှစ်ယောက်သား ခြံဝန်းကျယ်ကြီးထဲသို့ဝင်ပြီး အိမ်ရှင်ကိုခေါ်နိူးကြ၏။ မိုးသံလေသံတဝေါဝေါကြောင့် သူတို့၏ခေါ်နိူးသံမှာလေသံတို့နှင့်ရောယောင်၍ပျောက်သွားကုန်၏။
” ဗျို့…ဆရာထူး…ဆရာထူး….အိမ်ပြီလားခင်ဗျ….ကျွန်တော်တို့ဆရာ့ကိုလာပင့်ကြတာပါ….”
” ဗျို့…ဆရာထူးရေ…ဆရာထူး….ထပါဦးဗျ….”
” ဝုန်း….ဝေါ…ဝေါ….”
” ဂလုန်း…ဂလွမ်း….”
” ဂျိန်း….ဂျိန်း….ဂျိန်း… ”
လေနီကြမ်းကြီးတချက်အတိုက်တွင် အိမ်နံဘေးရှိရေတွင်းပေါ်မှ သောက်ရေခွက်သည် လေကြောင့်ဂလုန်းဂလွမ်းအသံမြည်ကာလွှင့်ထွက်သွား၏။ လျှပ်စီးမိုးကြိုးတို့ကလည်းတအုန်းအုန်းတဒိုင်းဒိုင်းဖြင့် မြည်နေတော့၏။
” ဗျို့…ဆရာထူးရေ…ဆရာထူး…ကျွန်တော်တို့ဆရာအပင့်လာတာပါဗျ….ထပါဦးဗျ….”
အတော်အတန်ကြာသည်အထိ ခေါ်နိူးမှအိမ်ထဲ၌ စကားပြောသံကြားရပြီး တဆက်တည်းမီးရောင်ဖျော့ဖျော့ကိုပါမြင်လိုက်ရသဖြင့် အိမ်ရှင်နိူးပြီဖြစ်မှန်းသိလိုက်၏။ ခဏ၌အိမ်အပေါ်ထပ်မှတံခါးပွင့်သွားပြီး မီးအိမ်ကိုင်ထားသောလူကြီးတစ်ယောက်ဆင်းလာခဲ့သည်။
” ညကြီးမင်းကြီး ကိစ္စရှိလို့လားငါ့တူတို့….”
” ကျွန်တော်တို့မိခင်ကြီးနေမကောင်းလို့ဆရာလာပင့်တာပါဗျ….”
” ဪအေးအေး….နှစ်ယောက်စလုံးမိုးရေတွေစိုရွဲှနေလို့ပါလား အထဲဝင်ပြီးအဝတ်ခြောက်အောင်လုပ်ကြအုံးပေါ့….”
” ရတယ်ဆရာမဝင်တော့ဘူး….အိမ်မှာမိခင်ကြီးအသည်းအသန်ဖြစ်နေလို့ဗျ….”
” အေးအေး…အဲဆိုခဏစောင့်ဆရာလိုအပ်တာသွားယူလိုက်ဦးမယ်….”
ဆရာဦးသာထူးကထိုသို့ပြောပြီး အိမ်အပေါ်ထပ်သို့ပြန်တက်သွားပြီး ခဏ၌လွယ်အိတ်တစ်လုံးနှင့်တောင်ဝှေးတစ်ချောင်းပါလာ၏။
” သွားရအောင်တူကြီးတို့….”
” ရှေ့ကကြွပါဆရာ….”
မိုးထဲလေထဲ၌သူတို့သုံးယောက်ရွာအပြန်ခရီးဆက်ကြပြန်သည်။ အချိန်အတော်ကြာသွားပြီးသည့်နောက်နေအိမ်သို့ပြန်လည်ရောက်ရှိလာ၏။ မိခင်ကြီးမှာအိပ်ယာထက်မှငြိမ်သက်စွာလှဲလျောင်းနေရာ ခဏ၌ထလာပြီး
” ကျုပ်အိမ်ကိုဘာလာလုပ်တာလဲအဖိုးကြီး….”
” ဟင်….”
” အမေ…ဆရာ့ကိုဘယ်လိုပြောလိုက်တာလဲဗျာ…အားနာစရာကြီး….”
ခရီးရောက်မဆိုက်ဒေါ်လှတင်၏စကားကြောင့် သားနှစ်ယောက်မှာဆရာထူးအား အားတုံ့အားနာဖြစ်သွားရသည်။ သို့သော်ဆရာကား အိဒ္နြေမပျက်ဘဲ အိမ်ထဲသို့တည်ငြိမ်စွာဝင်သွား၏။
” ဆရာ…ဒီဘက်ကြွပါဗျာ….ဒီအချိန်ကြီးနှောင့်ယှက်မိလို့အားနာပါရဲ့ဗျာ….”
လူနာ၏ခင်ပွန်းကဆရာထူးအား နေရာချပေး၏။ ဆရာထူးလည်းအိမ်ထဲသို့ဝင်သွားလိုင်၏။ လူနာကား ဆရာထူးကိုကြည့်ပြီး ရှူးရှူးရှဲရှဲဖြစ်နေ၏။ ဆရာထူးကအရှေ့ဘက်ကိုပြန်လှည့်လာရင်း
” ကိစ္စမရှိပါဘူးဗျာ….အရေးကြုံလို့လာပင့်တာဘဲ….”
” ကျေးဇူးတင်ပါတယ်ဗျာ….ကျုပ်ဇနီးကိုကုပေးပါဦး….တစ်ညလုံးဗိုက်အောင့်တယ်ဆိုပြီး လူးလွန့်နေတာဗျ…ကျုပ်လည်းတတ်သမျှမှတ်သမျှဆေးတွေတိုက်နေတာ သက်သာမလာဘူးဗျ….အဲဒါနဲ့ဘဲသားကြီးနှစ်ယောက်ကိုလွှတ်ပြီးဆရာ့ကိုပင့်ခိုင်းရတာပါဘဲ….”
” ဆရာ…ဆရာနဲ့.. ဘာဆရာလဲ…ဟားဟားဟား….ပညာလေးမတောက်တခေါက်နဲ့များ….”
” ဟင်…လှတင်….ဆရာ့ကိုမင်းဘယ်လိုပြောလိုက်တာလဲ…အားနာစရာဖြစ်နေပြီ….”
” ဘာမှအားနာစရာမလိုဘူး…သူ့ပညာအဆင့်လောက်နဲ့ငါ့ကိုနိုင်မယ်များထင်နေတာလား….”
” ဟာ….မင်း…မင်း….တောင်းပန်ပါတယ်ဆရာရယ်….တစ်ညလုံးဗိုက်အောင့်တယ်ပြောပြီးလူးလွန့်နေတာ…စောစောကမှအိပ်ပျော်သွားတာ….ခုမှနိုးလာတာဗျ….”
” ထားလိုက်တော့ကိုမုန်း… ဒါခင်ဗျားဇနီးပြောနေတာမဟုတ်ဘူးဗျ….တခြားတစ်ယောက်ကကျူပ်ကိုစိန်ခေါ်နေတာဗျ….မင်း….ပညာတွေအရမ်းထက်နေတယ်ဆိုရင် ငါ့ရှေ့မှာလာထိုင်ပြီးငါနဲ့ရင်ဆိုင်လိုက်စမ်း….”
” ဟားဟားဟား….ဟားဟားဟား…..နင်ခေါ်တိုင်းလာရအောင်ငါကနင့်မယားမဟုတ်ဘူးဟဲ့….”
ဒေါ်လှတင်ကထိုသို့ပြောပြီး ဆရာထူးကိုမျက်ထောင့်နီကြီးဖြင့်လှမ်းကြည့်နေ၏။
” ရတယ်လေ…နင်အဲဒီမှာဆက်ပြီးနေနိူင်သေးလားဆိုတာ ကြည့်ရသေးတာပေါ့….”
ဟုပြောပြီးဆရာထူးက နဂါးခေါင်းတောင်ဝှေးကိုဂါထာမန်းမုတ်ပြီး ကြမ်းပြင်အားသုံးချက်ရိုက်လိုက်၏။
” ဘုန်း…ဘုန်း….ဘုန်း….”
” ဟာ…နဂါးတွေ….နဂါးတွေ…သွားစမ်း….သွားကြစမ်းဟဲ့….”
ဆရာထူးကကြမ်းပြင်ကိုတောင်ဝှေးဖြင့်ရိုက်လိုက်သည်နှင့် အိမ်ယာထက်မှထိုင်နေသောဒေါ်လှတင်သည် အိမ်ယာခင်းနှင့်စောင်တို့်အားတခြားနေရာသို့လွှင့်ပစ်လိုက်၏။
” ဒီနေရာကိုလာမှာလားမလာဘူးလားပြော….မလာရင်နဂါးမီးနှင့် မီးလောင်တိုက်သွင်းပစ်လို့နေရာမှာဘဲပြာကျသွားမယ်မှတ်….”
” လုပ်ရဲရင်လုပ်ကြည့်လေ…နင့်နဂါးလောက်တော့ငါကမမှုဘူးဟေ့….ဟားဟားဟား….”
” ရတယ်လေ…သေစမ်း….ငါ့ကိုအာခံတဲ့ကောင်မ….”
ဆရာထူးကထိုသို့ပြောပြီး တောင်ဝှေးကိုကိုင်ကာ မန္တာန်တစ်ပုဒ်ထပ်မံရွတ်ဆိုပြန်၏။
” အား…ပူတယ်…ပူတယ်….”
” လာစမ်းဒီကို…ဒီထက်မနာချင်ရင်ဒီကိုလာခဲ့စမ်း….”
” ဟင်း….ဟင်း…ငါနင့်ကိုပါသတ်မယ်ဟဲ့အကောင်ရဲ့….”
” ဝုန်း…..”
ဒေါ်လှတင်ကပြောပြောဆိုဆိုဝုန်းခနဲ ထရပ်လိုက်၏။ သူမ၏ပုံစံမှာ အဝတ်အစားဖရိုဖရဲရှိလှပြီး ဆံပင်မှာလည်းဖားလျားဖြန့်ချထား၏။ ထို့နောက်ဆရာထူး၏ရှေ့သို့လာထိုင်ရန် ခြေကိုတဒုန်းဒုန်းဆောင့်လျက်နှေးကွေးစွာလာနေ၏။
” လာလေ….ဘာလုပ်နေတာလဲ…လာစမ်းအရှေ့ကို….”
” လာနေတယ်လေ…နင်မတွေ့ဘူးလား….”
” ဝုန်း….”
ဆရာထူး၏အရှေ့သို့မရောက်မှီလေးငါးလျမ်းအလိုတွင်ဝုန်းခနဲထိုင်ချလိုက်ပြန်၏။
” အဲဒီမှာထိုင်ခိုင်းတာမဟုတ်ဘူး….ရှေ့တိုးထိုင်စမ်း….”
” ငါ့ကိုခေါ်နိူင်တယ်ဆိုပြီး ဘဝင်မြင့်မနေနဲ့….ငါကြိုက်တဲ့နေရာငါထိုင်မယ်…ဘာဖြစ်လဲ…ဟင်းဟင်း….”
” ခေါင်းမာနေတယ်ပေါ့….တိုးထိုင်စမ်းအရှေ့ကို….”
” မထိုင်ဘူး….ငါကြိုက်တဲ့နေရာငါထိုင်မယ်….နင်ကြိုက်သလိုခေါ်စမ်း….”
” ကောင်မ… ငါ့ကိုများအာခံရဲရတယ်လို့…ကဲကွာ….ကဲကွာ….”
ဆိုပြီးဆရာထူးက သောက်တော်ရေခွက်ထဲမှရေစင်ဖြင့် ဒေါ်လှတင်အားတောက်လိုက်၏။
” အား….ပူတယ်အကောင်ရဲ့….နင့်ကိုယ်နင်ဟုတ်လှပြီထင်နေတာလား….ဆယ်နှစ်ကြိုးမယ်ခတဲ့ဟေ့… ”
” ဝုန်း….”
ဒေါ်လှတင်ကထိုသို့ပြောပြီးထခုန်လိုက်ရာ
ထဘီအမဲရောင်ကိုရင်လျားဝတ်ထားသောမိန်းမကြီးတစ်ယောက်ဖြစ်သွား၏။ ထိုမိန်းမကြီးသည်ခါးထောက်လျှက်
” ဘယ်လိုလဲမောင်ထူး….ငါ့နာမည်ငါ့ဂုဏ်သတင်းကိုနင်မကြားဖူးဘူးလားအေ့….နင့်အဆင့်လောက်နဲ့ငါ့ကိုလာမစိန်ခေါ်နဲ့ဟဲ့….နင့်ခန္ဓာနဲ့အသက်အိုးစားကွဲသွားမယ်….”
” ဒီမှာအဖွားကြီး…နင့်ဟာနင်ဘာကြီးဘဲဖြစ်နေဖြစ်နေ….လူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ဖို့ငါ့မှာတာဝန်ရှိတယ်….ခုချက်ချင်း နင်ပြုစားထားတဲ့လူနာကိုအကောင်းအတိုင်းပြန်လုပ်ပေးလိုက်စမ်း….”
” ဟင်း…ဟားဟားဟား….ငါ့အသက်တစ်ရာကျော်နေပြီ…. နင့်လိုပညာမတောက်တစ်ခေါက်နဲ့ငါ့ကိုအာခံရဲတာ ခုမှငါတွေ့ဖူးတော့တယ်….ကြိုက်တယ်ဟေ့…ဒီနယ်တကြောမှာမယ်ခကိုပြိုင်ရဲတဲ့ဆရာပေါ်လာပြီပေါ့… ”
ဆရာထူးမှာကြမ်းတမ်းသောပရောဂများကိုကုသဖူးသော်လည်း အောက်ခြေအဆင့်စုန်းများကိုသာတွေ့ဖူး၏။ ယခုပရောဂမူကား စုန်းတို့ထက်များစွာအဆင့်မြင့်သော ဆယ့်နှစ်ကြိုးကဝေဖြစ်နေသဖြင့် စိတ်ထဲ၌အနည်းငယ်လန့်မိ၏။ သို့သော်မိမိ၏ဂုဏ်သိက္ခာကိုလည်းအစော်ကားမခံနိူင်သဖြင့် ပညာကုန်သုံးရန်အားခဲထားလိုက်၏။
” ဒီမှာအဖွားကြီး …ကျုပ်အသာတကြည်ပြောနေတာလက်ခံလိုက်စမ်း….မဟုတ်လို့ကတော့နဂါးအာခံတွင်းမီးနဲ့မြိုက်ခိုင်းလိုက်လို့ပြာကျသွားမယ်….”
” ဟားဟားဟား….လုပ်လေ…လုပ်လိုက်စမ်းပါ…”
ထိုမိန်းမကြီးမှာခေါင်းမော့ရင်ကော့ပြီး တဟားဟားအော်ဟစ်ရယ်မောနေ၏။ ဆရာထူး၏စိတ်ထဲ၌လည်း တွေ့ကြသေးတာပေါ့ဟု တွေးကာ နဂါးတောင်ဝှေးကို ဂါထာဖြင့်ထပ်မံမန်းမှုတ်လိုက်ပြန်၏။ အဖွားကြီးလည်းမန္တာန်တစ်ပုဒ်ကိုတီးတိုးရွတ်ဆိုလိုက်၏။ ခဏ၌ ဆရာထူးနှင့် ကဝေမယ်ခတို့အပြင်းအထန်ရင်ဆိုင်ကြလေ၏။ သာမာန်လူတို့အမြင်မှာဆရာထူးသည် တောင်ဝှေးကြီးအားကိုင်ပြီး ဂါထာရွတ်နေသကဲ့သို့ ဒေါ်လှတင်မှာလည်း ခါးထောက်ပြီး ပါးစပ်၌လှုပ်စိလှုပ်စိ ဖြစ်နေသည်ကိုသာမြင်တွေ့ရ၏။
ဆရာထူးကနဂါးတောင်ဝှေးကိုကိုင်ပြီးဂါထာဖြင့်မန်းမှုတ်လိုက်ရာနဂါးတောင်ဝှေးထဲမှမီးတောက်မီးလျှံကြီးသည်ထွက်လာခဲ့၏။ ထိုမီးတောက်မီးလျှံတို့သည် ထဘီရက်လျားထားသောမိန်းမကြီးအနားသို့အရှိန်အဟုန်ဖြင့်ရောက်လာခဲ့၏။ ထိုမိန်းမကြီးလည်း လက်ကိုဆန့်တန်းလိုက်ရာ တံတိုင်းသဖွယ်ရှိသောအရာသည်မီးတောက်ကြီးကိုကာထားလိုက်၏။
” သင်အာခံမနေနဲ့ ခုချက်ချင်းလူနာရဲ့ခန္ဓာထဲကနေထွက်သွားစမ်း….”
” ငါ့ကိုနိူင်အောင်တိုက်စမ်းပါ….မင်းလိုအောက်လမ်းဆရာကောင်က မဖြစ်စလောက်ပညာလေးနဲ့ငါ့ကိုအာခံရတယ်လို့…နင့်အသက်ကိုတကယ်မနှမြောတတ်ဘူးဘဲ…ခုချက်ချင်းငါ့ကိုတောင်းပန်ရင်နင့်အသက်ကိုငါကယ်ပေးမယ်….”
” ဒီမှာအဖွားကြီး….ငါကအောက်လမ်းပညာသည်ဆိုပေမဲ့ငါ့ပညာကိုကောင်းတဲ့ဘက်မှာဘဲသုံးတာ….ခင်ဗျားလိုမျိုးလူတွေကိုမတရားမနှိပ်စက်ဘူးနားလည်လား….”
” ငါကပညာသည်အချင်းချင်းမို့စာနာထောက်ထားပေးပေမဲ့လည်း မင်းကငါ့ကိုအန်တုချင်တယ်ဆိုတော့လည်း နင့်ပညာကိုငါဖျက်ဆီးပစ်ရတာပေါ့ငထူးရာ….နင့်ပညာတွေအကုန်ပေးစမ်း….”
ဒေါ်ခကထိုသို့ပြောပြီး လက်တစ်ဖက်ဖြင့်ရမ်းလိုက်ရာ ဆရာထူး၏လက်မှကိုင်ထားသောနဂါးတောင်ဝှေးသည် ထက်ပိုင်းကျိုးသွားတော့၏။
” အော့….ဝေါ့….”
တောင်ဝှေးကျိုးသွားပြီးဆရာထူးမှာ ဒူးထောက်ထိုင်ချလျက် ရင်ဘတ်ကိုဖိကာ သွေးများတဝေါ့ဝေါ့ထိုးအန်နေ၏။
” ဆရာထူး….ဆရာထူး….သတိထားပါဦးဗျ….”
” ကို…ကိုမုန်း….ခင်…ခင်ဗျား…မိန်း….မိန်းမကို….ကျုပ်မကယ်ပေးနိူင်တာခွင့်လွှတ်ပါဗျာ….”
” ဟာ….မဟုတ်တာဆရာရယ်….ဆရာလည်းတတ်နိူင်သလောက်ကယ်ခဲ့တာဘဲ….”
” ခုချိန်ထိဒီအိမ်ထဲကနေထွက်မသွားသေးဘူးလား…အကောင်ရဲ့…ထွက်သွားစမ်း….”
ဒေါ်လှတင်က ခါးထောက်ပြီးပြောလိုက်ရာ ဆရာထူးမှာ ဆေးလွယ်အိတ်ကိုပင်မယူတော့ဘဲ အိမ်ပေါ်မှအမြန်ဆင်းလာခဲ့၏။ မိုးကြီးလေကြီးမှာအငြိုးဖြင့် တိုက်ခတ်ရွာသွန်းနေဆဲပင်။ ဆရာထူးဆင်းသွားပြီးနောက်ဒေါ်လှတင်သည် ခင်ပွန်းဖြစ်သူဘက်သို့လှည့်ပြီး
” ဒီမှာမောင်မုန်း….ငါ့ကိုနှင်ဖို့ဆိုပြီး ဆရာတွေခေါ်မလာခဲ့နဲ့….ဒီနယ်တကြောမှာငါကခေါင်ဘဲ….အေးနင့်မိန်းမကငါ့အပေါ်မတရားလုပ်လို့ငါဒဏ်ခတ်တာ…မသေချင်ရင်ဝင်မပါနဲ့….”
ထိုသို့ပြောပြီး ဒေါ်လှတင်မှာခြေဆောင့်ကာ အိပ်ယာထဲပြန်ဝင်သွား၏။
ဒေါ်လှတင်နေမကောင်းဖြစ်နေသည်မှာတစ်လပင်ကျော်ခဲ့ပေပြီ။ နာလန်ထူခြင်းမရှိသေးချေ။ ဗိုက်အောင့်သည်ပြောပြီး အမြဲလိုလိုညည်းညူနေရ၏။ ထို့အတူခေါင်းမှဆံပင်တို့မှာလည်းအထွေးလိုက်ကျွတ်နေ၏။
” အမေ….အမေ့ရောဂါကိုဆေးရုံခေါ်ပြကြည့်ရင်ကောင်းမယ်ထင်တယ်နော်….”
” နေပါစေသမီးရယ်….အမေဘာမှမဖြစ်ပါဘူး….အပိုငွေတွေကုန်ကျခံမနေပါနဲ့အေ….”
” ငွေကပြန်ရှာလို့ရတယ်အမေရဲ့…အသက်တစ်ချောင်းကပြန်ရှာလို့မရဘူးလေ…”
” အမေနေလို့ထိုင်လို့မကောင်းဘူးအေ…ရင်မှာတစ်ခုခုခံနေသလိုဘဲ….”
” အန်ချလိုက်ပါလားအမေ…သက်သာလိုသက်သာငြားပေါ့….”
” မထူးပါဘူးအေ….အမေ့ကိုခေါင်းတုံးပေးစမ်းပါ….ဒီဆံပင်ကလည်းကျွတ်နေလိုက်တာကျန်တောင်မကျန်တော့ဘူး…”
” နောက်တော့ပြန်ပေါက်လာမှာပါအမေရဲ့….လာ…အမေ့ကိုသမီးဆန်ပြုတ်တိုက်မယ်….”
” မစားချင်ပါဘူးအေ….ဘာမှကိုမစားချင်ဘူး…အမေ့မျက်စိထဲအစားအသောက်တွေက မသတီစရာတွေချည်းဖြစ်နေတယ်…”
” ဟင်….”
ဒေါ်လှတင်၏စကားကြောင့်သမီးဖြစ်သူ၏လက်မှကိုင်ထားသောဆန်ပြုတ်ပန်းကန်မှာ လွှတ်ကျသွားတော့သည်။
” အမေရယ်….အမေပြောမှသမီးတောင်အန်ချင်လာပြီ….”
” အမေတကယ်ပြောတာသမီးရဲ့….အမေဘာမှကိုမစားချင်ဘူး….ညညအိပ်ရက်လည်းအမေ့ဘေးမှာမဲမဲအကောင်တွေချည်းဘဲမြင်နေရတယ်…အမေဒီလိုတွေမမြင်ချင်တော့ဘူးကွယ်…အမေသေသာသေလိုက်ချင်တော့တယ်သမီးရယ်…”
” အမေ့ရောဂါကိုသမီးပျောက်အောင်ကုပေးမယ်အမေ….ဆရာတွေတစ်ယောက်ပြီးတစ်ယောက်ပင့်ပြီးအမေပြန်မကောင်းမချင်းကုပေးမယ်….”
” ဖျန်း…..”
” အာ့….အမေ….”
မေဖြူကဆရာပင့်မည်ပြောလိုက်သည်နှင့်ဒေါ်လှတင်၏လက်ဝါးသည် သူမ၏ပါးပြင်ပေါ်သို့ရောက်ချလာ၏။
” ညည်းတို့ကိုငါဘယ်လိုပြောထားလဲ…အသားမနာချင်ရင် ကိုယ့်ဘာသာကိုအေးဆေးနေကြစမ်း….”
” ဟင်…အမေ…အမေဘာတွေဖြစ်နေတာလဲ…အမေ့ကိုကောင်းစေချင်လို့သမီးပြောတာလေ….”
” မပြောနဲ့….ဘာမှမပြောနဲ့…ဒီကောင်မကသေလူဖြစ်နေပြီ….ဒီကောင်မကိုမှတ်လောက်သားလောက်အောင်ဆုံးမမှရမယ်….”
ဒေါ်လှတင်၏အမူအရာသည် စိတ်ဆိုးဒေါသထွက်နေသည့်အသွင်ပြောင်းသွား၏။
မေဖြူလည်း မထင်မှတ်ဘဲပါးရိုက်ခံလိုက်ရသောကြောင့်စိတ်ဆိုးကာ မိခင်၏အပါးမှထွက်သွားလိုက်၏။
” ဒေါ်ကြီးလှတင်ဆုံးသွားပြီတဲ့ဟေ့…”
” ဟေ…ဟုတ်လို့လားသာဒိုးရာ….မနေ့ညကတောင်ကျုပ်ဒေါ်ကြီးလှတင်အိမ်ကိုရောက်ခဲ့ပါသေးတယ်…”
” တကယ်ပြောတာကွ.. မနက်ကသူ့သားအကြီးကောင်ပြောတာကွ…”
” ဒေါ်ကြီးလှတင်သေတာမရိုးဘူးကွ…တစ်ခါကသူ့ကိုလာကုပေးတဲ့ပရောဂဆရာကသွေးအန်ပြီးပြန်ပြေးရတယ်ဆိုဘဲကွ…”
” အေးဟ…ဒေါ်ကြီးလှတင်တော့အပြုစားခံရပြီးသေသွားတာနေမယ်…”
ရွာထဲ၌ဒေါ်လှတင်သေဆုံးခြင်းကြောင့်တစ်ယောက်တစ်မျိုးထင်ကြေးပေးနေကြ၏။
ဒေါ်လှတင်သေဆုံးသည့်ည၌ ကျီးကန်းတစ်အုပ်သည်ဒေါ်လှတင်အိမ်အပေါ်၌ အသံပြုကာဟိုဟိုသည်သည်ဝဲပျံနေကြ၏။ အိပ်ယာထဲ၌အိပ်နေသောဒေါ်လှတင်မှာ ကျီးကန်းအသံကြားသည်နှင့်ကြောက်အားလန့်အားဖြင့် အော်ဟစ်ညည်းညူရင်း အသက်ပါသွားတော့၏။
ဒေါ်လှတင်သေဆုံးသွားပြီးနောက် မေဖြူမှာရင်ထဲ၌တစ်ခုခုခံသလိုဖြစ်ကာနေမထိထိုင်မသာဖြစ်လာသည်။
” ငါဘာဖြစ်နေတာလဲ….ရင်ထဲတစ်ခုခုခံနေသလိုဘဲနေလို့ထိုင်လို့မကောင်းဘူး…”
ထိုသို့ပြောရင်းအိပ်ယာထက်၌လှဲလျောင်းနေ၏။ မိခင်ကြီးကိုလည်းလွမ်းဆွတ်နေမိ၏။
” အင်း…ခုလောက်ဆိုအမေက ဘယ်ဘုံဘဝရောက်နေပြီလဲ….ငါတို့ကိုမေ့သွားလောက်ပြီထင်တယ်….”
ထိုသို့တွေးရင်းမျက်ရည်များဝဲတက်လာ၏။
” သမီး…မေဖြူ…ထမင်းစားမယ်ဟေ့…”
ဖခင်အော်သံကြားမှ မျက်ရည်ကိုသုတ်လိုက်ပြီး
” ဟုတ်…ဟုတ်အဖေရေ…လာပြီ…လာပြီ…”
ထိုသို့ပြန်ထူးလိုက်ရင်းအိပ်ယာမှထကာ ရှုပ်ပွနေသောဆံပင်ကိုစည်းနှောင်ရန်စုစည်းလိုက်၏။
” အို….ဘုရားဘုရား….ငါ…ငါ…ဘာဖြစ်နေတာလဲ…”
မေဖြူကသူ့လက်ထဲအထွေးလိုက်ပါလာသောဆံပင်ကျွတ်ကိုကြည့်ရင်း ဘုရားတမိ၏။
” ငါ…ငါ…အမေ့လိုဖြစ်နေတာလား…”
ထိုသို့တွေးပြီး မှန်ရှေ့၌ငေးငိုင်နေမိ၏။
” မေဖြူ…ညီမလေး….ထမင်းစားမယ်ဆင်းခဲ့လို့….”
အစ်ကိုဖြစ်သူ၏နောက်ထပ်ခေါ်သံကြားမှသတိဝင်လာပြီး ဆံပင်ကိုသိမ်းကာပြေးဆင်းလာခဲ့၏။
” ဘာတွေလုပ်နေတာလဲသမီးရဲ့…အကြာကြီးဘဲ….”
” ဟို…ဟို…ဘာမှလုပ်ပါဘူးအဖေရ….အိပ်ယာသိမ်းနေလို့ပါ…”
” မေဖြူ….နေမကောင်းဘူးလား….မျက်လုံးတွေနီရဲနေတာဘဲ….”
” နေကောင်းပါတယ်အစ်ကိုရ….”
ထိုသို့ပြန်ဖြေလိုက်ရင်း ထမင်းစားပွဲ၌ဝင်ထိုင်လိုက်၏။ အစ်ကိုဖြစ်သူက မေဖြူအတွက်အမဲသားဟင်းခပ်ထည့်ပေး၏။
” ဟင်…ကြွက်သေ…ကြွက်သေကြီးပါလား….”
” ဂလွမ်း…..”
မေဖြူကအစ်ကိုဖြစ်သူခပ်ထည့်ပေးသည့်အသားတုံးကိုကြည့်ပြီး ထိုသို့အော်ကာ ထမင်းပန်းကန်ကိုပုတ်ထုတ်လိုက်၏။
” ညီမလေး….ဘာတွေပြောနေတာလဲ…ဒါညီမလေးကြိုက်တဲ့အမဲသားကြော်ဆီပြန်ချက်လေ… ”
” ဟင့်အင်း…မဟုတ်ဘူး…မဟုတ်ဘူး…ကြွက်သေကြီး….”
” အော့…ဝေါ့….”
မေဖြူကထိုသို့ပြောရင်း ထိုးအန်၏။
” သမီးဘာဖြစ်နေတာလဲ….အဖေ့ကိုပြောစမ်း….”
” အဖေ…အဖေ…အဲဒါတွေမစားနဲ့ကြွက်သေပုပ်တွေချည်းဘဲ….”
” ဟာ…ဘာတွေပြောနေတာလဲသမီးရဲ့….ဒါသမီးကြိုက်တဲ့ဟင်းတွေလေ….ဘယ်ကလာကြွက်သေပုပ်ရမှာလည်း….”
” အဖေညာတယ်….အဖေညာတယ်….”
” ဝုန်း….”
” ဂလုန်း…ဂလွမ်း….”
ထိုသို့ပြောပြီး ထမင်းစားပွဲခုံကိုလှန်လှောပစ်လိုက်၏။
” ဟာ….မေဖြူ….မင်းဘာဖြစ်နေတာလဲပြောစမ်း….”
အစ်ကိုဖြစ်သူက စိတ်တိုတိုဖြင့်အော်ပြောလိုက်၏။ မေဖြူလည်း ထိုနေရာမှပြေးထွက်လာခဲ့ပြီး အိပ်ယာခန်းထဲသို့ဝင်သွားခဲ့၏။
” သားကြီး….မင်းညီမလေးကိုသွားကြည့်စမ်းဘာဖြစ်နေတာလဲလို့…”
” ဟုတ်အဖေ…”
ဦးမုန်းက ကြမ်းပြင်၌ပေပွနေသောထမင်းဟင်းပန်းကန်များကိုသိမ်းဆည်းရင်းသားအကြီးကိုပြောလိုက်၏။ သာအောင်လည်း ညီမရှိရာအခန်းသို့လာရင်း
” ညီမလေး….ညီမလေး…တံခါးဖွင့်စမ်း….နင်ဘာဖြစ်နေတာလဲ… ”
” မလာနဲ့….မလာနဲ့…သွား….ထွက်သွားကြ….”
” အား….မလာခဲ့နဲ့….ကြောက်ပါပြီ…ကြောက်ပါပြီ…အား….”
” ခွမ်း….”
မေဖြူတစ်ယောက်ထင်ယောင်ထင်မှားဖြစ်ပြီး ကြည့်မှန်ကိုသနပ်ခါးတုံးဖြင့် ပစ်ပေါက်ခွဲပစ်လိုက်၏။ မှန်ထဲကအဖွားကြီးသည်ကား ရက်စက်စွာပြုံးနေသည်ကို မေဖြူတစ်ယောက်မမြင်လိုက်ချေ။
” အား…သေပါပြီ…ဗိုက်အောင့်တယ်…ဗိုက်အောင့်တယ်….အဖေရေကယ်ပါဦး….”
” ညီမလေး….တံခါးဖွင့်စမ်း…နင်ဘာဖြစ်နေတာလဲ….”
သာအောင်ကညီမဖြစ်သူကို စိတ်ပူသွား၏။ အခန်းတံခါးကလည်း အထဲမှကန့်လန့်ထိုးထားသဖြင့် ဖွင့်မရ။ တံခါးဖွင့်မရသည့်အဆုံး တံခါးကိုဖျက်ပြီးအခန်းထဲသို့ဝင်လာခဲ့၏။
” မေဖြူ…ညီမလေး….ညီမလေး…ထပါအုံး….ညီမလေး….”
တံခါးဖျက်ပြီးဝင်လိုက်သည်နှင့် အိပ်ယာထက်၌အသားအရေမဲပြာကာ သတိလစ်နေသောမေဖြူကိုတွေ့လိုက်ရ၏။ ထို့နောက်ညီမငယ်ကိုပွေ့ချီပြီး ဖခင်တို့နှင့်အတူဆေးခန်းသို့်ပြေးလာကြ၏။
” လူနာက သွေးအားနည်းပြီးထင်ယောင်ထင်မှားပုံရိပ်တွေမြင်နေတာပါ…လူနာသက်သာလာရင် အစားအသောက်တွေပုံမှန်စားခိုင်းပြီးရင်ဆရာမပေးလိုက်တဲ့ဆေးကို ဆေးပတ်လည်အောင်တိုက်ပေးပါရှင့်….”
” ဟုတ်ကဲ့ပါဆရာမ…ဒါနဲ့ကျွန်တော့်သမီးလေးရဲ့အခြေအနေကမစိုးရိမ်ရပါဘူးနော်….”
” စိုးရိမ်စရာမရှိတော့ပါဘူး….စိတ်ဖိစီးတာရယ်…သွေးအားနည်းနေတာရယ်ကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်နေတာပါရှင့်….”
” ဟုတ်ကဲ့ပါဆရာမ…ကျေးဇူးလည်းတင်ပါတယ်ဗျာ….”
မကြာသေးခင်ကမ ဇနီးဖြစ်သူကိုဆုံးရှုံးထားရသဖြင့် သမီးလေးကိုနောက်ထပ်မဆုံးရှုံးခြင်တော့ပေ။
တပတ်လောက်အကြာ၌မေဖြူနေပြန်ကောင်းလာခဲ့သည်။ သို့သော် အရင်လိုလန်းဆန်းတက်ကြွမနေတော့ဘဲ မှိုင်တွေငေးမောနေသည်။ ဖခင်ဖြစ်သူဦးမုန်းကသမီးငယ်ကိုကြည့်ရင်း စိတ်မသက်မသာဖြစ်နေရှာသည်။
” သားတို့ရေ….အဖေတို့မိသားစုကိုအမှောင့်ပရောဂ ကဝင်ရောက်ဖျက်ဆီးနေပြီကွယ်….ဒီတိုင်းဆက်သွားရင် မင်းတို့အမေကိုဆုံးရှုံးရသလို မင်းတို့ညီမလေးကိုလည်းဆုံးရှုံးခံရတော့မယ်ထင်တယ်…”
” ဟာ…ဒီလိုတော့သားတို့အဖြစ်မခံနိူင်ဘူးအဖေ….ညီမလေးကိုရအောင်ကုမယ်….”
” ဆေးခန်းပြကြည့်တော့လည်းညီမလေးမှာ ဘာရောဂါမှမဖြစ်ဘူး….ဒီအတိုင်းဆိုညီမလေးကအမေ့လိုမျိုးဖြစ်နေပြီလားမသိဘူးနော်အဖေ. ..အထက်ဆရာတွေခေါ်ပြီးပြကြည့်ရင်မကောင်းဘူးလားဗျ….”
” ယုံလို့ရပါ့မလားငါ့သားရာ….မင်းတို့အမေတုန်းကလည်းကြည့်လေ….ပြုစားကုစားအသပြာဆရာတွေပါ…”
” ဆရာတိုင်းသူ့အစွမ်းနဲ့သူရှိကြမှာဘဲအဖေရ…ငွေကပြန်ရှာလို့ရတယ်….လူ့အသက်တစ်ချောင်းကပြန်ရှာလို့မရဘူးဗျ….”
” သားတို့ပြောတာလည်းမှန်တယ်…ဒါဆိုအဖေတို့်ဘယ်ကဆရာကိုသွားပင့်ကြမလဲ….”
” ညောင်သဖန်းရွာမှာ ဘိုးတော်လိုလိုလူနှစ်ယောက် ရောက်နေတယ်ပြောတယ်အဖေ….ခုနှစ်ရက်သားသမီးတွေကိုအခမဲ့ကယ်တင်ပေးနေတယ်လို့လဲသိရတယ်….သားတို့သွားပင့်ကြည့်ရင်ကောင်းမလား….”
” မင်းကိုဘယ်သူပြောတာလဲသားငယ်ရ….တော်ကြာအယောင်ဆောင်ဘိုးတော်တွေဖြစ်နေမှဟုတ်ပေ့ဖြစ်နေမယ်….”
” ငွေကြေးကုန်ကျတာမှမဟုတ်ဘဲဗျာ….ကျွန်တော်တို့အတွက်အရှုံးမရှိပါဘူးလေ….”
” သားတို့သဘောဘဲလေ…ရေနစ်နေသူကမြက်ပင်လေးတစ်ပင်တောင်သူ့အတွက်အားကိုးရာဘဲမလား….”
သားအဖသုံးယောက်တိတ်တဆိတ်တိုင်ပင်ပြီး သာလှကိုညောင်သဖန်းရွာသို့ မြင်းလှည်းဖြင့်လွှတ်လိုက်၏။ ညောင်သဖန်းရွာသို့ရောက်သည်နှင့် လူစိမ်းနှစ်ယောက်တည်းသည့် သူကြီးအိမ်ကိုလာခဲ့၏။
” ဗျို့…ဦးကြီးရေ…ဦးကြီး….”
” ဟေ….ဘယ်သူတုံးကွဲ့…ဝင်ခဲ့ဟေ့….”
ခြံဝရှိအသံကိုကြားလျှင်သူကြီးဦးသာမှိုင်းသည် ဖတ်လက်စစာအုပ်ထူကြီးကိုပိတ်လိုက်ပြီး မျက်မှန်ကြီးကိုပင့်တင်ကာ ခြံဝသို့လှမ်းကြည့်ရင်းအသံပြုလိုက်၏။ ထို့နောက် မြင်းလှည်းတစ်စီးသည် ခြံထဲသို့ဝင်လာခဲ့၏။
မြင်းလှည်းပေါ်မှလူတစ်ယောက်ဆင်းလာပြီး ကွပ်ပျစ်ရှိရာသို့လာထိုင်၏။
” ဘာကိစ္စရှိလို့လဲတူကြီး….”
” ကျွန်တော်ကဟိုဘက်ရွာကပါ….ဦးကြီးတို့အိမ်မှာဘိုးတော်လိုလို…ဘာလိုလို လူနှစ်ယောက်တည်းနေတယ်ဆိုလို့ ကျွန်တော်လာတွေ့တာဗျ….”
” ဪ….ငါ့တူကဝတ်ဖြူဝင်ကြယ်ဝတ်တဲ့လူငယ်လေးနှစ်ယောက်ကိုပြောတာထင်တယ်…ဟုတ်သလားကွဲ့… ”
” ဟုတ်…ဟုတ်ပါတယ်ဦးကြီးရယ်….သူတို့ကောဟင်…သူတို့ကော….”
” သူတို့ကဒီမနက်ကဘဲ ခုနှစ်ရက်သားသမီးကိုကယ်တင်ပေးဖို့ဆိုပြီး ထွက်သွားကြပြီငါ့တူကြီးရ….”
” ဟာဗျာ….”
သူကြီး၏စကားကြောင့် သာလှကစိတ်ပျက်စွာ ညည်းညူလိုက်မိ၏။
” ငါ့တူကြီးကသူတို့ကိုသိလို့်လားကွဲ့….”
” မသိပါဘူးဦးကြီးရာ….သူတို့ရဲ့ပညာဂုဏ်သတင်းကြားလို့ အကူအညီတောင်းဖို့ရောက်လာခဲ့တာပါဗျာ…ခုတော့လွဲသွားပြီလေ….ဒါနဲ့သူတို့ဘယ်ကိုသွားမယ်လို့များ ပြောသွားသေးလားဗျ….”
” ဘာတဲ့သူတို့ပြောတာက ဝိဇ္ဇာတို့မည်သည် ဦးတည်ရာမရှိတဲ့ငါ့တူကြီးရ….”
” သွားပါပြီဗျာ….ခဲလေသမျှသဲရေကျပြီပေါ့….”
” အရှေ့ဖက်ရွာတကြောမှာလိုက်ရှာကြည့်ပါလားငါ့တူရ….ကံစပ်ရင်တော့သူတို့နဲ့တွေ့နိူင်ကောင်းပါရဲ့… ”
” အဲဆိုရင်လည်းကျွန်တော်လိုက်ရှာကြည့်ဦးမယ်ဗျာ….ကျွန်တော့ကိုခွင့်ပြုပါဦးဗျ…”
” အေးအေးငါ့တူကြီး…”
ကိုသာလှလည်းညောင်သဖန်းရွာသူကြီးကိုနူတ်ဆက်ပြီး အရှေ့ဖက်ရွာတစ်ကြောကိုသွားကာ ဘိုးတော်နှစ်ယောက်အားလိုက်ရှာနေမိသည်။ ကိုယ်တိုင်မမြင်ဖူးသောလူကိုရှာရသည်မှာ အမှိုက်ပုံကြီးထဲ အပ်တစ်ချောင်းရှာနေရသည်နှင့်ပင်တူနေပေတော့သည်။ ညောင်သဖန်းရွာသူကြီးပြောပြသော လူစိမ်းနှစ်ယောက်၏ပုံစံကို အရှေ့ဘက်တကြောရှိရွာသားများအား မေးကြည့်သော်လည်း မတွေ့မိကြောင်းသာတွင်တွက်ပြောဆိုနေကြသဖြင့် ကိုသာလှစိတ်ပျက်အားလျှော့ကာ မြင်းလှည်းကိုနှင်ပြီး မိမိ၏ရွာသို့သာ ပြန်လာခဲ့တော့သည်။
” ဂွီ…ဂွီ…ဂွီ….”
” ဟ….ဗိုက်တောင်အော်နေပြီဘဲ…မနက်အိမ်ကထွက်ခါရင်းငါဘာမှမစားလာခဲ့မိဘဲကိုး….ခုဆိုညနေ၃နာရီတောင်ကျော်နေပြီဘဲ…အဖေတို့ငါ့ကိုစိတ်ပူနေလောက်ပြီ…အမြန်ပြန်မှဖြစ်မယ်…..”
ထိုသို့တွေးပြီးမြင်းကိုအသော့နှင်၏။ မိုးစက်မိုးပေါက်တို့မှာ လှည်းပေါင်းမိုးပေါ်သို့တဖွဲဖွဲကျလာခဲ့သည်။
” နောင်ကြီး….ဗျို့…နောက်ကြီးရေ….လှည်းလမ်းကြုံလိုက်ချင်လို့ဗျ….”
ဟူသောအသံကြားမှ လူနှစ်ယောက်ကသူ၏မြင်းလှည်းကိုတားနေမှန်းသိလိုက်ရသဖြင့် ဇက်ကြိုးကိုဆွဲကာရပ်လိုက်ပြီး
” မိတ်ဆွေတို့ကဘယ်ကိုသွားကြမလို့လဲဗျ…”
” အနောက်ရွာတကြောကိုသွားမလို့ဗျ…ဒါနဲ့နောင်ကြီးကရောအဲဒီဘက်ကိုသွားမှာမလားဗျ….”
” ဟုတ်တယ်ဗျို့….ဒါဆိုလမ်းသင့်တာဘဲ…တက်ဗျ…မကြာခင်မိုးရွာတော့မယ်…”
လူငယ်နှစ်ယောက်လည်း မြင်းလှည်းပေါ်သို့တက်လာခဲ့ကြပြီး စကားတခွန်းမှမဆိုဘဲတိတ်တဆိတ်လိုက်လာခဲ့ကြ၏။ ကိုသာလှလည်း မိမိ၏လှည်းပေါ်ပါလာသောလူနှစ်ယောက်ကိုသတိမထားမိချေ။
ခရီးဆက်ပြီးအတော်အတန်ကြာမှကိုသာလှ၏အတွေးထဲ၌ညောင်သဖန်းရွာသူကြီးပြောသည့် ဝတ်ဖြူစင်ကြယ်ဝတ် လူငယ်နှစ်ယောက်ဟူသောအသံကိုပြန်ကြားယောင်မိသည်။
” ဟင်…ဒါ…ဒါဆို…ဒီလူနှစ်ယောက်က ငါတွေ့ချင်လို့အသည်းအသန်လိုက်ရှာနေတဲ့လူတွေပေါ့….”
သာလှထိုသို့တွေးပြီး အနောက်သို့ပြန်လှည့်ကြည့်ရာ လူငယ်နှစ်ယောက်မှာ တိတ်ဆိတ်စွာလိုက်ပါနေဆဲဖြစ်သည်ကိုတွေ့လိုက်ရသဖြင့် ဝမ်းသာသွား၏။
သို့ကြောင့် လှည်းကိုရပ်လိုက်ပြီး
” ဒီကမိတ်ဆွေတွေက….ခုနှစ်ရက်သားသမီးတွေကိုလိုက်ပြီးကယ်တင်ပေးတဲ့ဘိုးတော်တွေဆိုတာလားဗျ….”
ကိုသာလှ၏အမေးကြောင့် မောင်ရေခဲတို့ဆရာတပည့်နှစ်ယာက်ပြုံးမိသွားသည်။ တဆက်တည်းမှာပင် ကိုသာလှက
” သူများတွေက ဘိုးတော်ဘိုးတော်ဆိုလို့ အသက်ကြီးကြီး ဆံပင်ဖြူဖြူနှင့် တောင်ဝှေးကိုအားပြုနေရပြီလို့မှတ်နေတာ လက်စသတ်တော့ ငယ်ရွယ်နုပျိုနေတဲ့လူငယ်လေးနှစ်ယောက်ပါလားဗျ….”
” လူတစ်ယောက်နှင့်တစ်ယောက်အမြင်မတူကြလို့နေမှာပါဗျ…”
” ကျွန်တော်ကံကောင်းတယ်လို့ပြောရမလားဘဲ….ဒီကမိတ်ဆွေနှစ်ယောက်ကို ကျွန်တော်မနက်ကရင်းတစ်ရွာဝင်တစ်ရွာထွက်လိုက်ရှာနေတာဗျ….မတွေ့လို့စိတ်ပျက်ပြီးပြန်လာတာ…”
” တွေ့ရမဲ့ကံပါလာတော့လည်းတွေ့ချိန်တန်တွေ့ရတာပေါ့ဗျာ….ကဲဆိုစမ်းပါဦး… နောင်ကြီးရဲ့အကြောင်းကိစ္စ….”
ကိုသာလှကလှည်းကိုဆက်မောင်းလိုက်ပြီး
မိခင်၏အဖြစ်အပျက်နှင့်ညီမဖြစ်သူကြုံတွေ့ရသည့်အဖြစ်ကိုအကုန်ပြောပြလိုက်၏။
” ဒါဆိုရင်တော့ တစ်ခုခုအမှားလုပ်မိပြီထင်တယ်….”
” ကျွန်တော်လည်းမပြောတတ်ဘူးမိတ်ဆွေတို့ရာ…ညီမလေးကနေရင်းထိုင်ရင်းအဲလို့ကိုဖြစ်သွားတာဗျာ….”
စကားပြောဆိုလာကြရင်း ညောင်ညိုရွာထိပ်သို့ရောက်လာခဲ့ကြ၏။
” အာ့…အာ့….အာ့….”
” အာ့…အာ့….အာ့….”
ရွာထိပ်ရောက်လာသည်နှင့် ရွာထိပ်ညောင်ပင်ပေါ်မှကျီးကန်းမဲမဲကြီးနှစ်ကောင်သည်
တောင်ပံတဖျတ်ဖျတ်ခတ်ပြီး အသံပြုကာထပျံသွား၏။
” သတိထားထင်ပေါ်….ငါတို့လာတာကိုအစောင့်တွေသိသွားပြီး သတင်းပေးလိုက်ကြပြီ….”
” ဟုတ်ကဲ့ဆရာ….”
ထိုစကားကိုမောင်ရေခဲက မနောဖြင့်သာပြောလိုက်ခြင်းဖြစ်၍ ကိုသာလှမကြားလိုက်ချေ။ မြင်းလှည်းကိုသာအသော့နှင်ကာ အိမ်ရောက်ဖို့အရေးစိတ်လောနေရှာလေသည်။ ကွမ်းတစ်ယာညှက်ခန့်ကြာသည့်နောက် မြင်းလှည်းသည် အိမ်တစ်အိမ်ရှေ့၌ရပ်လိုက်၏။
” ကျုပ်အိမ်ရောက်ပြီမိတ်ဆွေတို့….အထဲကိုကြွကြပါဗျ….အဖေရေအဖေ….ကျုပ်ပြန်ရောက်ပြီဗျ….”
သာလှကထိုသို့ပြောပြီးမြင်းလှည်းကိုခြံရှေ့၌ရပ်လိုက်၏။ မောင်ရေခဲ ကြည့်လိုက်သော်ခြံပတ်ပတ်လည်၌ စက်ကြိုးအထပ်ထပ်ချထားသည်ကိုတွေ့လိုက်ရ၏။ သို့ကြောင့် ခြံပေါက်ဝ၌ရပ်ကာ
” စက်ကြိုးတွေအကုန်ပြတ်စေ….”
ဟုပြောပြီးမှခြံထဲသို့ဝင်လာခဲ့ကြ၏။
” အာ့….အာ့….အာ့….”
” အာ့…အာ့….အာ့….”
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် ခြံထဲဝင်လာသည်နှင့်ကျီးကန်းနှစ်ကောင်သည် အလစ်တိုက်ဝင်လာပြီး မောင်ရေခဲတို့အားရန်ပြု၏။ သို့သော်အနားမရောက်မှီမှာပင် တစ်ခုခုကို ဝင်တိုက်မိပြီး မြေပေါ်သို့ကျကုန်၏။
” တောက်!….ဒင်းတို့ကငါ့စက်တွေအကုန်လုံးကိုဖြတ်ပစ်ကြတယ်ပေါ့….”
အိပ်ခန်းထဲရှိနေသောမေဖြူသည် ပြတင်းပေါက်မှန်၌ချောင်းကြည့်ပြီး ဒေါသထွက်နေ၏။ အိမ်ရှင်ဦးမုန်းမှာ ပျာပျာသလဲဖြင့်မောင်ရေခဲတို့အား
” လာကြဆရာလေးတို့လာကြ….မနက်ကရင်းဆရာလေးတို့ကိုမျှော်နေတာ….”
မောင်ရေခဲတို့လည်းအပေါ်ထပ်သို့တက်သွားပြီး ဘုရားကိုဝတ်ပြုကြ၏။ ညနေမှောင်နေပြီဖြစ်သဖြင့် ထမင်းစားသောက်ပြီး တရားထိုင်နေလိုက်၏။ ထိုညတစ်ညလုံးမေဖြူမှာတစက်မှမအိပ်ဘဲ ဝုန်းဒိုင်းကျဲနေ၏။ မောင်ရေခဲကထိုသူအား အာရုံပင်မထားဘဲစိတ်တည်ငြိမ်စွာတရားထိုင်နေ၏။
မောင်ထင်ပေါ်က အိမ်ပတ်ပတ်လည်ကိုစည်းအထပ်ထပ်တားထားလိုက်၏။ ကျီးကန်းများမှာတစ်ညလုံးအိမ်ပတ်ပတ်လည်၌ ဝဲပျံနေကြပြီး အိမ်ထဲသို့အတင်းတိုးဝင်လာကြ၏။ သို့သော်အကြောင်းမလှဘဲ မြေပေါ်သို့တဘုတ်ဘုတ်ကျကာသေဆုံးကုန်၏။
” တုန်….. တုန်…တုန်….တုန်တုန်တုန်….”
” အောက်အီးအီးအွတ်….အောက်အီးအီးအွတ်….”
မနက်အာရုဏ်တက်ချိန်၌ ရွာဦးကျောင်းမှကုလားတက်ခေါက်သံနှင့် ရွာထဲမှကြက်တွန်သံတို့မှာ လိုက်လျောညီထွေစွာထွက်ပေါ်လာကြ၏။ မောင်ရေခဲလည်းထပြီး ကိုယ်လက်သန့်စင်ကာ ဘုရားဝတ်ပြုခြင်းအမှုကိုပြု၏။ အိမ်ရှင်လည်း ဆွမ်းထချက်၏။
ချက်ပြုတ်ပြီးစီးသည်နှင့်ဘုရားဆွမ်းကပ်၊ဆွမ်းလောင်းပြီးသော် မနက်စာစားရန်လုပ်ကြ၏။ ထိုအခါအပေါ်ထပ်မှ မေဖြူမှာ မြန်မာဝတ်စုံဝမ်းဆက်ကိုလှပကျော့ရှင်းစွာဝတ်ဆင်လာပြီး မီးဖိုဆောင်သို့ဝင်သွား၏။
” ဟာညီမလေး….ဒီကိုဘာလာလုပ်တာလဲ…နေသိပ်ကောင်းတာမဟုတ်ဘူး….”
” နေကောင်းပါပြီအစ်ကိုရဲ့…အိမ်မှာဧည့်သည်တွေရောက်နေတော့ ညီမကအိပ်နေပြီး အစ်ကိုတို့ကချက်ပြုတ်နေရတာ မသင့်တော်ဘူးလေ….”
မေဖြူကထိုသို့ပြောပြီး ဝင်ရောက်ကူညီပေး၏။ သာအောင်မှာသဘောရိုးထင်ပြီး ငါ့ညီမတယ်သိတတ်ပါလား ဟူ၍တွေးမိပြီးဝမ်းသာကျေနပ်နေ၏။ ထမင်းပွဲပြင်ဆင်ပြီးသည့်နောက် မောင်ရေခဲတို့ဆရာတပည့်ကိုထမင်းစားရန်ခေါ်လိုက်၏။ မောင်ရေခဲတို့လည်းအပေါ်ထပ်မှဆင်းလာပြီး ထမင်းစားပွဲ၌အကျအနထိုင်ကာ ထမင်းစားသောက်ရန်ပြင်၏။ ထမင်စားပွဲ၌အသားဟင်း၊ငါးဟင်း၊ပဲဟင်းအစုံရှိသော်လည်း သက်သတ်လွှတ်စားကြသူများဖြစ်သဖြင့် အသားဟင်းပန်းကန်ကိုယောင်မျှပင်မနှိုက်မိကြ။
မေဖြူကယပ်တောင်တစ်ချောင်းဖြင့် မောင်ရေခဲတို့ကိုယပ်ခပ်ပေးနေ၏။ ထိုစဉ်ငါးဟင်းပန်းကန်ထဲမှ ငါးတစ်ကောင်သည်အသက်ဝင်လာပြီး အိုင်ထွန်းနေသောဆီများကိုတဖျတ်ဖျတ်ကူးခတ်နေ၏။
” အဟွတ်….အဟွတ်….အဟွတ်….”
ထိုမြင်ကွင်းကြောင့် မောင်ထင်ပေါ်မှာစားလျက်စထမင်းပင်သီးသွားရ၏။ မေဖြူကပြုံးလိုက်ပြီး
” အဟင်း….ကောင်းကောင်းစားလေဆရာလေးရဲ့….”
ဟုမထိတထိပြောလိုက်၏။ မောင်ရေခဲကစားလျက်စထမင်းကိုရပ်လိုက်ပြီးစိတ်ထဲမှနေ၍ ငါးဟင်းပန်းကန်အားစိုက်ကြည့်ကာ
” မူလပြန်စမ်း…. ”
ဟုအမိန့်ပေးလိုက်ရာ လွန့်လူးနေသောငါးကလေးတို့မှာ မူလငါးဟင်းအတိုင်းပြန်ဖြစ်သွားတော့၏။ ထိုအခါ မေဖြူ၏မျက်နှာမျာ ပျက်ယွင်းသွားပြီး မောင်ရေခဲကိုစူးစိုက်ကြည့်လိုက်၏။ ကိုသာအောင်က ထမင်းကိုခူးယူပြီး မောင်ရေခဲ၏ပန်းကန်ထဲသို့ထည့်မည်အပြု
” တော်ပြီနောင်ကြီး….ကျုပ်ဒီလောက်ဘဲစားနိူင်တယ်ဗျ….နောင်ကြီးလက်ရာကအရမ်းစားကောင်းတာဘဲ”
” ညီတော့လုပ်ပြီ…စားကောင်းတယ်လည်းပြောသေး….အသားငါးဟင်းပန်းကန်ကိုယောင်လို့တောင်မနှိုက်ကြတော့ ဒီကစားစေချင်လို့ချက်ထားတဲ့လူက အားငယ်တာပေါ့ဗျ….”
” အားမငယ်ပါနဲ့ဗျာ….ကျုပ်တို့ကသက်သတ်လွှတ်စားသမားမို့ပါဗျ….”
” ကျုပ်ကကြိုမမေးဘဲ ချက်လိုက်မိတော့အားနာစရာတွေဖြစ်ကုန်ပြီဗျာ….”
” ဘာမှမဖြစ်ပါဘူး…ကျုပ်တို့သာနောင်ကြီးကိုအားနာရမှာဗျ….ဒါနဲ့ဒီနေ့ကိုးနာရိထိုးရင် ပွဲစကုမှာမို့လိုအပ်တာတွေကြိုဝယ်ထားပေးဗျ….”
” ဟုတ်ညီ…လိုအပ်တာတွေစာရွက်လေးနဲ့ရေးပေးဗျ…ကျုပ်ခုဘဲအမြန်သွားဝယ်လိုက်မယ်….”
မောင်ရေခဲလည်း လိုအပ်သည်များကိုရေးပေးလိုက်ပြီးသွားဝယ်ခိုင်းလိုက်၏။ မေဖြူကားတမနက်လုံး နေမထိထိုင်မသာဖြစ်နေပြီး အလွန်ပူသည်ဆိုကာ နာရီဝက်ခန့်ရေချိုးနေ၏။ အမှန်မှာသူမကအိမ်မှထွက်ပြေးချင်နေသည်။ သို့သော် အိမ်ပတ်ပတ်လည်တွင်မောင်ထင်ပေါ်တားထားသောစည်းကို ထိုးမဖောက်နိူင်သဖြင့် ငြိမ်နေရခြင်းဖြစ်၏။
သတ်မှတ်ထားသောအချိန်ရောက်သည်နှင့် ကန်တော့ပွဲကိုပိတ်ဖြူပိတ်နီခံပြီး ပြင်ဆင်လိုက်၏။ ထိုအတောအတွင်းမေဖြူမှာ အိပ်ခန်းထဲမှအပြင်ကိုထွက်မလာတော့ချေ။ တံခါးကိုလည်းကန့်လန့်ထိုးထားသေးသည်။ အားလုံးပြင်ဆင်ပြီးသွားသည်နှင့်မောင်ရေခဲက မြတ်စွာဘုရားကိုအလင်းတိုင်ပူဇော်ပြီး ဦးစွာရှိခိုးလိုက်၏။ ဘုရားရှိခိုးပြီးသည်နှင့် အထက်ဝိဇ္ဇာဆရာကြီးများ၊ဆရာသခင်များကိုရှိခိုးတိုင်တည်ပြီး စတင်ကုသရန်ပြင်ဆင်လိုက်၏။
” ကြာသပတေးသမီးကို ကျုပ်အရှေ့ခေါ်လာခဲ့ပါနောင်ကြီး….”
” ဟုတ်ပြီညီ….”
ကိုသာအောင်က မေဖြူ၏အခန်းရှေ့သွားပြီး ညီမဖြစ်သူကိုခေါ်၏။ သို့သော် အချိန်ကုန်ရုံသာအဖတ်တင်သည်။ မေဖြူကားထွက်မလာ။ ပညာသည်ကမောင်ရေခဲကိုတမင်စိန်ခေါ်နေခြင်းပင်။ ခေါ်မရသည့်အဆုံး ကိုသာအောင်လည်းမျက်နှာငယ်လေးဖြင့် ဖခင်၏ဘေးသို့ပြန်လာထိုင်၏။
” မင်းညီမကောသားကြီး….”
” ထွက်မလာဘူးအဖေ….ဘယ်လိုမှခေါ်မရဘူး….”
” တယ်….ဒီကောင်မလေး….ဘာလို့ခေါင်းမာနေရတာလဲ…ငါကိုယ်တိုင်သွားခေါ်လာခဲ့မယ်….”
ထိုစဉ်မောင်ရေခဲက ဦးမုန်းကိုလက်ကာပြလိုက်ပြီး
” နေနေဦးလေး….ကျုပ်ကိုယ်တိုင်ခေါ်လိုက်မယ်….”
ထိုသို့ပြောပြီး မျက်လုံးကိုစုံမှိတ်ကာ
” သွား…အသင်နတ်မင်း….ခေါင်းမာနေတဲ့မိစ္ဆာကိုဆံပင်ကနေဆွဲထွက်လာခဲ့ချေ….”
ထိုသို့ပြောလိုက်သည်နှင့််ချင်ချင်းပင် မေဖြူ၏အခန်းတံခါးသည် တစ်ယောက်ယောက်ကအားဖြင့်တွန်းဖွင့်လိုက်သည့်နှယ် ဝုန်းခနဲမြည်သွားပြီးတဆက်တည်းပင် မိန်းကလေးတစ်ယောက်၏မချိမဆန့်အော်သံကိုပါကြားလိုက်ရ၏။
” အား….နာတယ်ဟဲ့…လွှတ်….ငါ့ကိုလွှတ်လိုက်စမ်း….”
ထိုအသံနှင့်အတူ မေဖြူမှာ မမြင်ရသောပုဂ္ဂိုလ်၏ဒရွတ်တိုက်ဆွဲထွက်လာခြင်းကိုခံလိုက်ရပြီး မကြာမီပင် မောင်ရေခဲရှေ့သို့ထိုးကျသွား၏။ ဦးမုန်းကသမီးကိုကြည့်ပြီး မောင်ရေခဲဘက်လှည့်ကာ
” ဆရာ…လူကလေး….အကြမ်းပတမ်းနည်းနဲ့မဟုတ်ဘဲညင်ညင်သာသာကုလို့ရလားဟင်….သမီးလေးကိုသနားလွန်းလို့ပါ….”
” ဦးလေး….ခုဦးလေးတို့သာမန်မျက်စိနဲ့မြင်နေရတဲ့အရာတွေက ဦးလေးသမီးမဟုတ်ဘူး….ဦးလေးသမီးကိုစွမ်းအားထက်တဲ့ပညာသည်က မှောင်ပိုင်စီးထားလိုက်ပြီ….”
” အလို!…”
မောင်ရေခဲ၏စကားကြောင့် ဦးမုန်းမှာ အံ့ဩထိတ်လန့်သွား၏။ မောင်ရေခဲလည်း မေဖြူဘက်ပြန်လှည့်လာပြီး
” ပုံစံပြောင်းထိုင်စမ်း….ဒါဇရပ်မဟုတ်ဘူးအိမ်….အိမ်မှာဘုရားကျောင်းဆောင်ရှိတယ်….ယဉ်ယဉ်ကျေးကျေးထိုင်ပြီး ဘုရားကိုဦးချလိုက်….”
ထိုသို့ပြောရာ မေဖြူက ခေါင်းငိုက်စိုက် ချနေရာမှမျက်ထောင့်နီကြီးဖြင့် ခေါင်းထောင်ထလာပြီး
” တောက်! ကလေးကလားကောင်ကများကျုပ်ကို အမိန့်လာပေးရတယ်လို့အေ…ကြားမကြားဖူးပေါင်တော်….”
” ကျုပ်ပြောနေတာမကြားဘူးလား…ကျုပ်အကြမ်းနည်းမသုံးချင်ဘူး….”
” ညည်းဘယ်လောက်ထိစွမ်းနေနိူင်မှာမို့လဲအေ့….ကျုပ်ဘာသာထိုင်ချင်သလိုထိုင်မယ်…”
” ရတယ်လေ…နဂ္ဃဘီလူးမင်း…ဒီမိစ္ဆာမကိုပုံစံပြောင်းထိုင်ခိုင်းလိုက်စမ်း….”
” အား…အမလေး….ဆိုးလိုက်တဲ့ရုပ်ကြီး…အစွယ်တစ်ချောင်းကိုငှက်ပျောဖူးလောက်ရှိတယ်….”
မေဖြူကထိုသို့ပြောပြီး မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားလိုက်၏။ နံဘေးမှကြည့်နေသူများမှာ ဘာမှန်းမသိကြသဖြင့် မျက်လုံးပေကလယ်ဖြင့်သာကြည့်နေကြရ၏။
” နေရာပြောင်းထိုင်လိုက်စမ်း….မဟုတ်ရင်ဒီဘီလူးကြီးရဲ့နောက်ထပ်အစာက သင်ဖြစ်သွားလိုက်မယ်….”
” ကြောက်ပါတယ်ရှင့်…ကြောက်ပါတယ်…. ပြောင်းထိုင်ဆို ထိုင်ပါ့မယ်ရှင့်…”
ထိုသို့ပြောပြီး မျက်နှာကို လက်နှစ်ဖက်အုက်လျှက်သားဖြင့်ပင် ဒူးပဆစ်တုတ်ထိုင်လိုက်၏။
” မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရည်မှန်းပြီး ဦးချကန်တော့လိုက်….”
” မလုပ်ပါနဲ့….ဒီလက်တွေဖယ်လိုက်ရင်ကြောက်စရာကောင်းတဲ့ဘီလူးကြီးက ကျုပ်မျက်နှာရှေ့မှာပေါ်လာပြီး ကျုပ်ကိုစားမတတ်ဝါးမတတ်ကြည့်နေမှာ…ကျုပ်ကြောက်တယ်တော့…”
” သင့်တာဝန်ကျေပြီနတ်ဘီလူးမင်းကြီး…”
” သင်လည်းမျက်နှာကိုအုပ်ထားတဲ့လက်ကိုဖယ်ပြီးဘုရားရှိခိုးလို့ရပြီ….”
မောင်ရေခဲကထိုသို့ပြောလိုက်မှ မေဖြူလည်းမျက်နှာကိုအုပ်ထားသောလက်ကိုဖြည်းညင်းစွာဖွင့်ကြည့်လိုက်ပြီး ဘေးဘီယာကိုအသေအချာကြည့်လိုက်၏။ ပြီးမှ ဘုရားကိုဦးချလိုက်၏။ ဘုရားကိုရှိခိုးပြီးသည်နှင့်မောင်ရေခဲကမေဖြူကိုစိုက်ကြည့်ပြီး
” သင်က သင့်ဝိဉာဉ်နှင့်ဒီကောင်မလေးရဲ့ခန္ဓာကိုယ်ကိုတသားတည်းကျအောင်လုပ်နေတာဘဲ….”
” ညည်းရဲ့ပညာကလည်းအထင်သေးလို့မရဘူးကိုး….အေးလေ…ငါကလည်းငါနဲ့ပညာချင်းတူတဲ့သူကိုလိုက်ရှာနေတာ…ငါကအာယုကိုလိုသလိုဆွဲဆန့်လို့ရပေမဲ့ဇရာကိုတော့ ဆွဲဆန့်လို့မရဘူးလေ…ဒီတော့အိုမင်းနေတဲ့ရုပ်ခန္ဓာကိုပစ်ပြီး နုငယ်ပျိုမျှစ်တဲ့ရုပ်ခန္ဓာကိုရှာရတာပေါ့….ငါရှာထားတဲ့ခန္ဓာကိုယ်ကိုသူတို့ကဖျက်ဆီးပစ်ကြတာလေ….ဒီတော့သူတို့ပြန်ပေးဆပ်ရတာပေါ့…”
” အင်မတန်ယုတ်ညံ့လှတဲ့အလုပ်ဘဲ…ကျုပ်တော့ဒါကိုခွင့်မပြုနိူင်ဘူး….ဘာလို့ဒီလိုလုပ်ရတာလဲ….”
” ဟင်း….ဟင်း…သူတို့ကငါ့လမ်းစဉ်ကိုဖျက်ဆီးနှောင့်ယှက်ကြတာလေ…ငါ့ဘာသာငါအဖွားကြီးရုပ်နဲ့ဝမ်းရေးရှာနေတာ သူတို့ကငါ့ပစ္စည်းကို ဈေးနှိမ်ဝယ်ကြတာ…ဒီတော့ငါလည်းမကျေနပ်လို့အပင်းထည့်လိုက်တာပေါ့….ဟားဟားဟား….”
” ဒီလိုလုပ်လို့မရဘူး….မကျေနပ်ရင်ပြန်တောင်းပန်ခိုင်းလို့ရတယ်…ဒီအထိလုပ်စရာမလိုဘူးလေ….”
” တောင်းပန်လို့မရဘူး…ငါရောင်းတဲ့သရက်သီးကသူများတွေထက်လည်းဈေးချိုတယ်…ဒါကိုသူတို့သားအမိကလာပြီး အမြတ်မပြောနဲ့အရင်းတောင်မရှိတဲ့ဈေးနဲ့လာဝယ်ကြတာ….ကျုပ်ကမရနိူင်လို့ပါတူမကြီးရယ် ဒီသရက်သီးတွေရောင်းရတဲ့ငွေနဲ့မြေးအဖွားနှစ်ယောက်အသက်ဆက်ကြရမှာလို့ပြောတာတောင်သူက အလကားရတဲ့သရက်သီးကိုများဒီလောက်ထိဈေးတင်ထားရလားတဲ့….ဒါနဲ့ကျုပ်လည်းအေးဒါဆိုလည်းယူသွားပြီးပျော်ပျော်စားကြလေလို့ပြောလိုက်တာ…ခုတော့အဲကောင်မက ဘယ်ဘုံဘယ်ဘဝရောက်နေမှန်းတောင်မသိတော့ဘူး….ဟားဟားဟား….”
” ဖြစ်ခဲ့တာလည်းဖြစ်ပြီးပြီ…အသက်တစ်ချောင်းလည်းဆုံးရှုံးရပြီ…သင်ကျေနပ်လိုက်တော့….ခုဒီကြာသပတေးသမီးကိုပြုစားထားတာတွေအကုန်ပြန်ယူသွား….”
” ကျုပ်ကသူတို့တစ်မိသားစုလုံးကိုသတ်မှာအေ့….သူတို့တွေကံမြင့်နေသေးလို့အသက်ရှင်ခွင့်ပေးထားတာ…ဟင်းဟင်း…. ”
” ကျုပ်ရှိနေသ၍တော့ သင့်ရဲ့အကြံအောင်မြင်မြင်မှာမဟုတ်ဘူး….သင်လုပ်ထားတာတွေပြန်ယူစမ်း….”
” မယူတော့ဘာဖြစ်လဲ….ညည်းကျုပ်ကိုသတ်ချင်သတ်…ကြိုက်သလိုလုပ်… ကျုပ်တော့ဒီမိသားစုကိုသတ်ရမှကျေနပ်မယ်အေ့….သူတို့ကြောင့်ကျုပ်ရှာထားတဲ့ခန္ဓာကအာဟာရမပြည့်ဘဲသေဆုံးခဲ့ရတာ…ဒီအတွက်ဒီကောင်မလေးပြန်ပေးဆပ်ရမယ်….”
” ကျုပ်အကြမ်းနည်းမသုံးချင်ဘူး….သင်လုပ်ထားတာတွေခုချက်ချင်းပြန်ထုတ်စမ်း….”
” မထုတ်ဘူး….လုံးဝဘဲ…”
” ရတယ်လေ…ကဲဆိုင်ရာတွေ…သူ့ပညာတွေပြန်ယူချင်အောင်လုပ်လိုက်ကြစမ်း….”
” ဘုန်း….”
” ဝေါ့…”
မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ဘုန်းဟူသောအသံတချက်ကြားလိုက်ရပြီး မေဖြူမှာအရှေ့သို့ယိမ်းထိုးသွားပြီး သွေးများထိုးအန်လိုက်၏။
” ကဲ…ဒါကအစဘဲရှိသေးတယ်….ပြောကိုယ်လုပ်ထားတာတွေပြန်ယူမှာလားပြန်မယူဘူးလား….”
” ငါပြောထားတယ်ငါ့ကိုသတ်ချင်ရင်သတ်လိုက်….ငါဘယ်တော့မှပြန်မယူနိူင်ဘူး….မယ်ခတဲ့ဟေ့…ပြောပြီးရင်ပြန်မပြင်တတ်ဘူး….”
” ဒီလောက်အာခံနေပုံထောက်ရင် သင့်ကသင့်ရဲ့အသက်ဗူးကိုတနေရာမှာဝှက်ထားခဲ့ပုံရတယ်…သွားယူလာခဲ့ကြစမ်းဆိုင်ရာတွေ…”
” ဘာအသက်ဗူးလဲ….ငါ့မှာဘာအသက်ဗူးမှမရှိဘူး….”
မောင်ရေခဲ၏စကားကြောင့် မေဖြူမှာပျာပျာသလဲဖြစ်သွားပြီးထိုသို့ပြန်ပြော၏။
ထိုစဉ်နတ်မင်းတစ်ပါးသည် မောင်ရေခဲရှေ့ဘွားခနဲပေါ်လာပြီး သူ့လက်ထဲမှဝင်းဖန့်သောအရာတစ်ခုကို မောင်ရေခဲအားကမ်းပေးလိုက်၏။
” ရွှေအပ်လေးပါလား….သင်ကသင့်ရဲ့အသက်ကိုဒီရွှေအပ်ထဲထည့်ထားတာဘဲ…ဒါကြောင့် ကျုပ်ကိုအာခံရဲတာပေါ့….ကဲပြော…လုပ်ထားတာတွေပြန်ယူမလား….အသက်ဗူးကိုဖျက်ဆီးပစ်လိုက်ရမလား….”
” မလုပ်ပါနဲ့ရှင်…မလုပ်ပါနဲ့….ပြန်ယူဆိုပန်ယူပါ့မယ်….အသက်ဗူးကိုတော့မဖျက်ဆီးပစ်လိုက်ပါနဲ့….”
” ဒါဆို ခုချက်ချင်းသွင်းထားတဲ့အပင်းပြန်ထုတ်စမ်း….”
” ဟုတ်….ဟုတ်….”
” အော့…ဝေါ့….”
” ဟာ….”
” ဟင်….”
မေဖြူကပြောပြောဆိုဆိုလက်ချောင်းဖြင့် လည်ချောင်းထဲကိုထိုးပြီးအန်လိုက်ရာ သရက်သီးအလုံးလိုက်လေးငါးလုံးခန့်ထွက်ကျလာ၏။ ထိုအဖြစ်ကြောင့် ဖခင်နှင့် အစ်ကိုဖြစ်သူတို့မှာအံ့ဩတုန်လှုပ်သွားကြ၏။
သရက်သီးလေးငါးလုံးခန့်အန်ချပြီးနောက် ရပ်လိုက်၏။ နဖူးမှလည်းချွေးဒီးဒီးကျနေလေ၏။
” ကုန်ပြီလား….သင်အပင်းသွင်းထားတာတွေ…”
” ကုန်…ကုန်ပါပြီ….ကျုပ်အသက်ဗူးပြန်ပေးပါ….”
” ကျုပ်ကိုမညာနဲ့….ကြာသပတေးသမီးရဲ့အူမကြီးထဲမှာအပင်းတွေကျန်နေသေးတာကျုပ်သိတယ်…ထုတ်စမ်း…အကုန်ထုတ်….”
” ဟင်း…နည်းနည်းလေးမှလိမ်ညာလို့မရပါလားအေ….ထုတ်မယ်ဟေ့ထုတ်မယ်….”
” အော့….ဝေါ့….”
ထမ်မံထိုးအန်လိုက်ရာ မဲညိုညစ်နေသောချွဲကျိကျိအရည်နှင့်သရက်သီးနှစ်လုံးကိုထပ်မံအန်ချပြန်၏။
” ကဲ…ကုန်ပြီဟဲ့…ပေးစမ်းငါ့အသက်ဗူး….”
” ဒီတိုင်းပေးလို့တော့မရဘူး…သင့်ကိုကျုပ်မယုံဘူးဒီတော့ ဒီပညာတွေနဲ့လူသားတွေကိုဒုက္ခမပေးတော့ပါဘူးလို့ သစ္စာဆိုဂတိပေးပြီးမှ သင့်အသက်ဗူးကိုကျုပ်ပြန်ပေးမယ်…”
မောင်ရေခဲကထိုသို့ဆိုလိုက်ရာမေဖြူမှာ ခဏမျှငြိမ်သက်သွား၏။ အတန်ငယ်စဉ်းစားပြီးမှ
” အေးကျုပ်သဘောတူတယ်အေ့….”
” ဒါဆိုလည်း ကျုပ်အနောက်လိုက်ဆိုချေ…”
ဟုပြောပြီး မောင်ရေခဲကသစ္စာတိုင်ပေးလိုက်ပြီး သစ္စာရေတစ်ခွက်တိုက်လိုက်၏။
” သစ္စာလည်းလိုက်ဆိုပြီးပြီ…သစ္စာရေလည်းသောက်ပြီးပြီဆိုတော့ ကျုပ်ရဲ့အသက်ဗူးကိုပြန်ပေးတော့လေ….ကျုပ်အကြာကြီးလူလုပ်ရဦးမှာအေ့….”
” ဟုတ်ပြီကျုပ်ဂတိအတိုင်းပြန်ပေးတယ်…သင်လည်းကြာသပတေးသမီးရဲ့ခန္ဓာပေါ်က ဒဏ်ရာအနာတရတွေအကုန်ယူပြီးဘုရားဦးချ ပြီးရင်ထွက်သွားတော့….”
” ဟုတ်ပါပြီအေ….”
ဒေါ်မယ်ခကထိုသို့ပြောပြီးဘုရားကိုဦးချကာ မေဖြူ၏ခန္ဓာထဲမှထွက်သွားတော့၏။ မေဖြူမှာဘေးသို့ပုံပုံလေးလဲကျသွားတော့၏။
” ဟာ….ကျွန်တော်သမီးဘာဖြစ်သွားတာလဲဆရာ….”
” ဘာမှမဖြစ်တော့ဘူးဗျ….သူပင်ပန်းလို့သတိလစ်သွားတာပါ….ခဏဆိုသတိပြန်လည်လာလိမ့်မယ်…”
ထိုသို့ပြောပြီးမောင်ရေခဲက ရေစင်ဖြင့်မေဖြူ၏ခေါင်းကိုတောက်ပေးလိုက်၏။
” ပြောမယုံကြုံဖူးမှသိဆိုသလိုဘဲညီရေ….ကျုပ်တော့ညီကုတာကိုကြည့်ပြီး လန့်တောင်လန့်တယ်ဗျာ….ဒါနဲ့ကျုပ်ညီမလေးကဘာဖြစ်တာတုန်းဗျ….”
” သူတစ်ပါးဈေးရောင်းတာကိုမတန်တဆဈေးဆစ်မိလို့ဟိုကမကျေနပ်တော့ပြန်လုပ်တာဗျ….ဒီလိုဘဲလူ့ဘောင်လောကမှာလူအမျိုးမျိုးစိတ်အထွေထွေတဲ့….ကိုယ်ကဘာမှမဖြစ်စလောက်လေးဘဲဈေးဆစ်လိုက်တယ်ဆိုပေမဲ့ ဟိုဘက်ကလည်းဝမ်းရေးအခက်ခဲရှိတယ်လေ…ဒါကိုနားလည်ပေးနိူင်ရမယ်ဗျ….”
” ကျုပ်တော့သင်ခန်းစာတစ်ခုရလိုက်ပြီဗျာ…ဘာမှအဖိုးမတန်တဲ့သရက်သီးကြောင့် အသက်တွေပေးဆပ်လိုက်ရတာအင်မတန်နှမြောဖို့ကောင်းတယ်ဗျာ….”
” အဟွတ်…အဟွတ်…ရေ…ရေပေးပါ…”
” ဟော…သမီးလေးသတိရလာပြီ…သားငယ်…ညီမလေးကိုရေခပ်ပေးလိုက်ကွ…”
မေဖြူမှာဖြစ်ပျက်ခဲ့သမျှဘာမှမမှတ်မိသည့်ပုံစံဖြင့်အူတူတူကြည့်နေရှာသည်။ ဦးမုန်းက
” ကျုပ်သမီးလေးအသက်ကိုကယ်ပေးခဲ့လို့တကယ်ကိုကျေးဇူးတင်ပါတယ်ဆရာရယ်….ပြောပြမတတ်အောင်ကျေးဇူးတင်ပါတယ်ဗျာ…ဒါလေးကနည်းသည်များသည်မဆိုဘဲ ဆေးကုသငွေကန်တော့တာလေးကိုလက်ခံပေးပါဗျာ…”
” မလိုပါဘူးဦးလေးရယ်….ငွေဆိုတာကျွန်တော်တို့အတွက်မလိုအပ်ပါဘူး…ဒီငွေတွေကို ကွယ်လွန်လေသူဦးလေးရဲ့ဇနီးအတွက် ရည်စူးကုသိုလ်တွေပြုလုပ်ပေးလိုက်ပါဗျာ…”
ဘယ်လိုမှပြော၍မရတော့သည့်အဆုံး ဦးမုန်းက သမီးဖြစ်သူအား မောင်ရေခဲကိုကန်တော့ခိုင်းလိုက်၏။
” မှတ်ထားညီမငယ်….တပါးသူရဲ့ပစ္စည်းကိုဘာတစ်ခုမှအလကားမလိုချင်ပါနဲ့ ….ခုဖြစ်သွားတာကိုသင်ခန်းစာယူပါ…”
” ဟုတ်ကဲ့ပါရှင်…ညီမမှတ်သွားပါပြီ….နောက်ထပ်သူများပစ္စည်းကိုအချောင်မလိုချင်တော့ဘူး….”
” ဟုတ်ပါပြီဗျာ…ကဲ…ဘေးကင်းသွားကြပြီဆိုတော့ ကျွန်တော်တို့လည်းခရီးဆက်တော့မယ်….ခွင့်ပြုကြပါဦးဗျ…”
” ဟာ…ချက်ချင်းကြီးပါလားဆရာတို့ရာ…ဒီမှာတစ်ရက်နှစ်ရက်လောက်နေပါဦးလားဗျ….”
” နေချင်တာပေါ့ဗျာ…ဒါပေမဲ့ကျွန်တော်တို့ကတစ်နေရာထဲအကြာကြီးနေလို့မရဘူးဗျ…”
” ဟုတ်ပါပြီဗျာ…လမ်းခရီးသာယာပါစေနော်….”
ဦးမုန်းကမြင်းလှည်းဖြင့်သူကိုယ်တိုင်ရွာထိပ်ထိလိုက်ပို့ပေးလိုက်၏။ မောင်ရေခဲတို့လည်း ထိုရွာမှထွက်လာခဲ့ကြပြီး ဦးတည်ရာမရှိဆက်လက်ခရီးဆက်ခဲ့ကြတော့သည်။….။
( အားပေးဖတ်ရှုသူအပေါင်း ဘေးရန်ကင်းကွာပြီး စီးပွားလာဘ်လာဘများ ကြီးပွားတိုးတက်ကြပါစေသောဝ်)
# ပြီး

Zawgyi Version

“အငွါးခႏၶာ႐ွာသူ”(စ/ဆံုး)
—————————–
ညသည္ပိန္းပိတ္ေအာင္ေမွာင္မည္းေနၿပီးေလနီၾကမ္း၊မိုးၾကမ္းတို႔ကလည္း ၾကမ္းတမ္းစြာတိုက္ခိုက္ရြာသြန္းေနသည္။ တန္ခူးလအကုန္ ကဆုန္လအကူးမိုးဦးရာသီျဖစ္ေသာေၾကာင့္ မိုးရြာတိုင္း မိုးႀကိဳးလွ်ပ္စီးတို႔ကအုန္းခနဲဂ်ိမ္းခနဲျဖင့္ ထင္တိုင္းၾကဲေနေတာ့သည္။ ပိန္းပိတ္ေနေသာအေမွာင္ထုမွာ လွ်ပ္စီးအေရာင္တို႔ေၾကာင့္ တခ်က္တခ်က္ဝင္းခနဲဝင္းခနဲျဖစ္သြား၏။
ထိုအျဖစ္ေၾကာင့္လူသားတို႔ကလည္းအိမ္တံခါးကိုတင္းၾကပ္စြာပိတ္ၾကကာ ဆီမီးအိမ္ကိုမွိတ္ၿပီး အိပ္ယာဝင္ၾက၏။ လွ်ပ္စီးမိုးႀကိဳးသံေၾကာင့္ ကေလးတို႔လန္႔ဖ်တ္သြားၾကၿပီး တခ်က္တခ်က္ငိုယိုေနၾကသည္။ ထိုကဲ့သို႔မိုးသည္းေလသည္း သည့္ညတစ္ည၌ လူႏွစ္ေယာက္သည္မိွန္ပ်ပ်လင္းေနေသာ မိီးအိမ္ကိုလက္၌ဆဲြယူကာ ထိုမီးအိမ္၏အလင္းေရာင္ကိုအားျပဳၿပီး မိုးသည္းေလသည္းထဲ၌သြားလာလႈပ္႐ွားေနၾကသည္။
ထိုကဲ့သို႔ေသာည၌တျခားလူမ်ားအဖို႔ အသည္းခိုက္ေအာင္ခ်မ္း​ေနေသာ္လည္း ထိုလူႏွစ္ေယာက္၌မူရင္ထဲ႐ွိအပူလံုးႀကီးေၾကာင့္ အေအးဒဏ္ကိုမမႈႏိူင္ေခ်။ ခရီးပန္းတိုင္ေရာက္ဖို႔သာ စိတ္ေလာေနၾကသည္။
” ေဝါ….ေဝါ…ေဝါ…”
” ဂ်ိန္း….ဒလိန္း…. ဂ်ိန္း…”
” ဟာ…ဒီမိုးၾကမ္းေလၾကမ္းကတမ်ိဳးကြာ…ဒီမွာအေမ့ကိုစိတ္ပူေနရတဲ့ၾကားထဲ…”
” မီးအိမ္ကိုေရမစိုေစနဲ႔သာလွ….လာ..တို႔ေတြခပ္သြက္သြက္သြားၾကရေအာင္….ဒါမွအေမ့အသက္ကိုကယ္ႏိူင္မွာ….”
မိုးေရထဲ၌လူႏွစ္ေယာက္သည္ မိုးသံေလသံၾကား၌ထိုသို႔စကားဆိုရင္း ခပ္သြက္သြက္ေလ်ွာက္လာခဲ့ၾကသည္။ မိုးထဲေရထဲလမ္းေလ်ွာက္ၿပီးေနာက္တစ္နာရီအၾကာ၌ တဖက္ရြာထိပ္သို႔ေရာက္လာခဲ့သည္။
” ကိုႀကီး…ဒီအခ်ိန္ႀကီးဆရာႀကီးအိပ္ယာဝင္ေနေလာက္ၿပီေနာ္….အဲလို႔ဆိုဘယ္လိုလုပ္ၾကမလဲ….”
” အခ်ိန္ကအေစာပိုင္းဘဲ႐ွိေလာက္ပါေသးတယ္…မိုးေတြေလေတြသည္းေနလို႔သာ ပိုေမွာင္တယ္ထင္ရတာ….”
စကားေျပာဆိုၾကရင္း ရြာထဲသို႔ဝင္လာခဲ့ၾကၿပီး ႏွစ္ထပ္ေျခတံ႐ွည္အိမ္ေ႐ွ႕သို႔ေရာက္လာလ်ွင္ရပ္လိုက္ၾကသည္။
” ဒီအိမ္ဘဲ….အဘကေသခ်ာမွာလိုက္တယ္ဆရာကိုရေအာင္ပင့္ေခၚခဲ့တဲ့….”
” ေအးပါကြာ…. လာငါတို႔ျခံထဲဝင္ၿပီးဆရာ့ကိုေခၚႏိူးၾကမယ္….”
ထို႔ေနာက္ႏွစ္ေယာက္သား ျခံဝန္းက်ယ္ႀကီးထဲသို႔ဝင္ၿပီး အိမ္႐ွင္ကိုေခၚႏိူးၾက၏။ မိုးသံေလသံတေဝါေဝါေၾကာင့္ သူတို႔၏ေခၚႏိူးသံမွာ​ေလသံတို႔ႏွင့္ေရာေယာင္၍ေပ်ာက္သြားကုန္၏။
” ဗိ်ိဳ႕…ဆရာထူး…ဆရာထူး….အိမ္ၿပီလားခင္ဗ်….ကြၽန္ေတာ္တို႔ဆရာ့ကိုလာပင့္ၾကတာပါ….”
” ဗ်ိဳ႕…ဆရာထူးေရ…ဆရာထူး….ထပါဦးဗ်….”
” ဝုန္း….ေဝါ…ေဝါ….”
” ဂလုန္း…ဂလြမ္း….”
” ဂ်ိန္း….ဂ်ိန္း….ဂ်ိန္း… ”
ေလနီၾကမ္းႀကီးတခ်က္အတိုက္တြင္ အိမ္နံေဘး႐ွိေရတြင္းေပၚမွ ေသာက္ေရခြက္သည္ ေလေၾကာင့္ဂလုန္းဂလြမ္းအသံျမည္ကာလႊင့္ထြက္သြား၏။ လ်ွပ္စီးမိုးႀကိဳးတို႔ကလည္းတအုန္းအုန္းတဒိုင္းဒိုင္းျဖင့္ ျမည္ေနေတာ့၏။
” ဗ်ိဳ႕…ဆရာထူး​ေရ…ဆရာထူး…ကြၽန္ေတာ္တို႔ဆရာအပင့္လာတာပါဗ်….ထပါဦးဗ်….”
အေတာ္အတန္ၾကာသည္အထိ ေခၚႏိူးမွအိမ္ထဲ၌ စကားေျပာသံၾကားရၿပီး တဆက္တည္းမီးေရာင္ေဖ်ာ့ေဖ်ာ့ကိုပါျမင္လိုက္ရသျဖင့္ အိမ္႐ွင္ႏိူးၿပီျဖစ္မွန္းသိလိုက္၏။ ခဏ၌အိမ္အေပၚထပ္မွတံခါးပြင့္သြားၿပီး မီးအိမ္ကိုင္ထားေသာလူႀကီးတစ္ေယာက္ဆင္းလာခဲ့သည္။
” ညႀကီးမင္းႀကီး ကိစၥ႐ွိလို႔လားငါ့တူတို႔….”
” ကြၽန္ေတာ္တို႔မိခင္ႀကီးေနမေကာင္းလို႔ဆရာလာပင့္တာပါဗ်….”
” ဪေအးေအး….ႏွစ္ေယာက္စလံုးမိုးေရေတြစိုရဲႊေနလို႔ပါလား အထဲဝင္ၿပီးအဝတ္ေျခာက္ေအာင္လုပ္ၾကအံုးေပါ့….”
” ရတယ္ဆရာမဝင္ေတာ့ဘူး….အိမ္မွာမိခင္ႀကီးအသည္းအသန္ျဖစ္ေနလို႔ဗ်….”
” ေအးေအး…အဲဆိုခဏေစာင့္ဆရာလိုအပ္တာသြားယူလိုက္ဦးမယ္….”
ဆရာဦးသာထူးကထိုသို႔ေျပာၿပီး အိမ္အေပၚထပ္သို႔ျပန္တက္သြားၿပီး ခဏ၌လြယ္အိတ္တစ္လံုးႏွင့္ေတာင္ေဝွးတစ္ေခ်ာင္းပါလာ၏။
” သြားရေအာင္တူႀကီးတို႔….”
” ေ႐ွ႕ကႂကြပါဆရာ….”
မိုးထဲေလထဲ၌သူတို႔သံုးေယာက္ရြာအျပန္ခရီးဆက္ၾကျပန္သည္။ အခ်ိန္အေတာ္ၾကာသြားၿပီးသည့္ေနာက္ေနအိမ္သို႔ျပန္လည္ေရာက္႐ွိလာ၏။ မိခင္ႀကီးမွာအိပ္ယာထက္မွၿငိမ္သက္စြာလွဲေလ်ာင္းေနရာ ခဏ၌ထလာၿပီး
” က်ဳပ္အိမ္ကိုဘာလာလုပ္တာလဲအဖိုးႀကီး….”
” ဟင္….”
” အေမ…ဆရာ့ကိုဘယ္လိုေျပာလိုက္တာလဲဗ်ာ…အားနာစရာႀကီး….”
ခရီးေရာက္မဆိုက္ေဒၚလွတင္၏စကားေၾကာင့္ သားႏွစ္ေယာက္မွာဆရာထူးအား အားတံု႔အားနာျဖစ္သြားရသည္။ သို႔ေသာ္ဆရာကား အိေျဒၷမပ်က္ဘဲ အိမ္ထဲသို႔တည္ၿငိမ္စြာဝင္သြား၏။
” ဆရာ…ဒီဘက္ႂကြပါဗ်ာ….ဒီအခ်ိန္ႀကီးေႏွာင့္ယွက္မိလို႔အားနာပါရဲ႕ဗ်ာ….”
လူနာ၏ခင္ပြန္းကဆရာထူးအား ေနရာခ်ေပး၏။ ဆရာထူးလည္းအိမ္ထဲသို႔ဝင္သြားလိုင္၏။ လူနာကား ဆရာထူးကိုၾကည့္ၿပီး ႐ွဴး႐ွဴး႐ွဲ႐ွဲျဖစ္ေန၏။ ဆရာထူးကအေ႐ွ႕ဘက္ကိုျပန္လွည့္လာရင္း
” ကိစၥမ႐ွိပါဘူးဗ်ာ….အေရးၾကံဳလို႔လာပင့္တာဘဲ….”
” ေက်းဇူးတင္ပါတယ္ဗ်ာ….က်ဳပ္ဇနီးကိုကုေပးပါဦး….တစ္ညလံုးဗိုက္ေအာင့္တယ္ဆိုၿပီး လူးလြန္႔ေနတာဗ်…က်ဳပ္လည္းတတ္သမ်ွမွတ္သမ်ွေဆးေတြတိုက္ေနတာ သက္သာမလာဘူးဗ်….အဲဒါနဲ႔ဘဲသားႀကီးႏွစ္ေယာက္ကိုလႊတ္ၿပီးဆရာ့ကိုပင့္ခိုင္းရတာပါဘဲ….”
” ဆရာ…ဆရာနဲ႔.. ဘာဆရာလဲ…ဟားဟားဟား….ပညာေလးမေတာက္တေခါက္နဲ႔မ်ား….”
” ဟင္…လွတင္….ဆရာ့ကိုမင္းဘယ္လိုေျပာလိုက္တာလဲ…အားနာစရာျဖစ္ေနၿပီ….”
” ဘာမွအားနာစရာမလိုဘူး…သူ႔ပညာအဆင့္ေလာက္နဲ႔ငါ့ကိုႏိုင္မယ္မ်ားထင္ေနတာလား….”
” ဟာ….မင္း…မင္း….ေတာင္းပန္ပါတယ္ဆရာရယ္….တစ္ညလံုးဗိုက္ေအာင့္တယ္ေျပာၿပီးလူးလြန္႔ေနတာ…ေစာေစာကမွအိပ္ေပ်ာ္သြားတာ….ခုမွႏိုးလာတာဗ်….”
” ထားလိုက္ေတာ့ကိုမုန္း… ဒါခင္ဗ်ားဇနီးေျပာေနတာမဟုတ္ဘူးဗ်….တျခားတစ္ေယာက္ကက်ဴပ္ကိုစိန္​ေခၚ​ေနတာဗ်….မင္း….ပညာေတြအရမ္းထက္ေနတယ္ဆိုရင္ ငါ့ေ႐ွ႕မွာလာထိုင္ၿပီးငါနဲ႔ရင္ဆိုင္လိုက္စမ္း….”
” ဟားဟားဟား….ဟားဟားဟား…..နင္ေခၚတိုင္းလာရေအာင္ငါကနင့္မယားမဟုတ္ဘူးဟဲ့….”
ေဒၚလွတင္ကထိုသို႔ေျပာၿပီး ဆရာထူးကိုမ်က္ေထာင့္နီႀကီးျဖင့္လွမ္းၾကည့္ေန၏။
” ရတယ္ေလ…နင္အဲဒီမွာဆက္ၿပီးေနႏိူင္ေသးလားဆိုတာ ၾကည့္ရေသးတာေပါ့….”
ဟုေျပာၿပီးဆရာထူးက နဂါးေခါင္းေတာင္ေဝွးကိုဂါထာမန္းမုတ္ၿပီး ၾကမ္းျပင္အားသံုးခ်က္႐ိုက္လိုက္၏။
” ဘုန္း…ဘုန္း….ဘုန္း….”
” ဟာ…နဂါးေတြ….နဂါးေတြ…သြားစမ္း….သြားၾကစမ္းဟဲ့….”
ဆရာထူးကၾကမ္းျပင္ကိုေတာင္ေဝွးျဖင့္႐ိုက္လိုက္သည္ႏွင့္ အိမ္ယာထက္မွထိုင္ေနေသာေဒၚလွတင္သည္ အိမ္ယာခင္းႏွင့္ေစာင္တို္႔အားတျခားေနရာသို႔လႊင့္ပစ္လိုက္၏။
” ဒီေနရာကိုလာမွာလားမလာဘူးလားေျပာ….မလာရင္နဂါးမီးႏွင့္ မီး​ေလာင္တိုက္သြင္းပစ္လို႔​ေနရာမွာဘဲျပာက်သြားမယ္မွတ္….”
” လုပ္ရဲရင္လုပ္ၾကည့္ေလ…နင့္နဂါးေလာက္ေတာ့ငါကမမႈဘူးေဟ့….ဟားဟားဟား….”
” ရတယ္ေလ…ေသစမ္း….ငါ့ကိုအာခံတဲ့​ေကာင္မ….”
ဆရာထူးကထိုသို႔ေျပာၿပီး ေတာင္ေဝွးကိုကိုင္ကာ မႏၱာန္တစ္ပုဒ္ထပ္မံရြတ္ဆိုျပန္၏။
” အား…ပူတယ္…ပူတယ္….”
” လာစမ္းဒီကို…ဒီထက္မနာခ်င္ရင္ဒီကိုလာခဲ့စမ္း….”
” ဟင္း….ဟင္း…ငါနင့္ကိုပါသတ္မယ္ဟဲ့အေကာင္ရဲ႕….”
” ဝုန္း…..”
ေဒၚလွတင္ကေျပာေျပာဆိုဆိုဝုန္းခနဲ ထရပ္လိုက္၏။ သူမ၏ပံုစံမွာ အဝတ္အစားဖ႐ိုဖရဲ႐ွိလွၿပီး ဆံပင္မွာလည္းဖားလ်ားျဖန္႔ခ်ထား၏။ ထို႔ေနာက္ဆရာထူး၏ေ႐ွ႕သို႔လာထိုင္ရန္ ေျခကိုတဒုန္းဒုန္းေဆာင့္လ်က္ေႏွးေကြးစြာလာေန၏။
” လာေလ….ဘာလုပ္ေနတာလဲ…လာစမ္းအေ႐ွ႕ကို….”
” လာေနတယ္ေလ…နင္မေတြ႔ဘူးလား….”
” ဝုန္း….”
ဆရာထူး၏အေ႐ွ႕သို႔မေရာက္မွီေလးငါးလ်မ္းအလိုတြင္ဝုန္းခနဲထိုင္ခ်လိုက္ျပန္၏။
” အဲဒီမွာထိုင္ခိုင္းတာမဟုတ္ဘူး….ေ႐ွ႕တိုးထိုင္စမ္း….”
” ငါ့ကိုေခၚႏိူင္တယ္ဆိုၿပီး ဘဝင္ျမင့္မေနနဲ႔….ငါႀကိဳက္တဲ့ေနရာငါထိုင္မယ္…ဘာျဖစ္လဲ…ဟင္းဟင္း….”
” ေခါင္းမာေနတယ္ေပါ့….တိုးထိုင္စမ္းအေ႐ွ႕ကို….”
” မထိုင္ဘူး….ငါႀကိဳက္တဲ့ေနရာငါထိုင္မယ္….နင္ႀကိဳက္သလိုေခၚစမ္း….”
” ေကာင္မ… ငါ့ကိုမ်ားအာခံရဲရတယ္လို႔…ကဲကြာ….ကဲကြာ….”
ဆိုၿပီးဆရာထူးက ေသာက္ေတာ္ေရခြက္ထဲမွေရစင္ျဖင့္ ေဒၚလွတင္အားေတာက္လိုက္၏။
” အား….ပူတယ္အေကာင္ရဲ႕….နင့္ကိုယ္နင္ဟုတ္လွၿပီထင္ေနတာလား….ဆယ္ႏွစ္ႀကိဳးမယ္ခတဲ့ေဟ့… ”
” ဝုန္း….”
ေဒၚလွတင္ကထိုသို႔ေျပာၿပီးထခုန္လိုက္ရာ
ထဘီအမဲေရာင္ကိုရင္လ်ားဝတ္ထားေသာမိန္းမႀကီးတစ္ေယာက္ျဖစ္သြား၏။ ထိုမိန္းမႀကီးသည္ခါးေထာက္လ်ွက္
” ဘယ္လိုလဲေမာင္ထူး….ငါ့နာမည္ငါ့ဂုဏ္သတင္းကိုနင္မၾကားဖူးဘူးလားေအ့….နင့္အဆင့္ေလာက္နဲ႔ငါ့ကိုလာမစိန္ေခၚနဲ႔ဟဲ့….နင့္ခႏၶာနဲ႔အသက္အိုးစားကဲြသြားမယ္….”
” ဒီမွာအဖြားႀကီး…နင့္ဟာနင္ဘာႀကီးဘဲျဖစ္ေနျဖစ္ေန….လူတစ္ေယာက္ရဲ႕အသက္ကိုကယ္တင္ဖို႔ငါ့မွာတာဝန္႐ွိတယ္….ခုခ်က္ခ်င္း နင္ျပဳစားထားတဲ့လူနာကိုအေကာင္းအတိုင္းျပန္လုပ္ေပးလိုက္စမ္း….”
” ဟင္း…ဟားဟားဟား….ငါ့အသက္တစ္ရာေက်ာ္ေနၿပီ…. နင့္လိုပညာမေတာက္တစ္ေခါက္နဲ႔ငါ့ကိုအာခံရဲတာ ခုမွငါေတြ႔ဖူးေတာ့တယ္….ႀကိဳက္တယ္ေဟ့…ဒီနယ္တေၾကာမွာမယ္ခကိုၿပိဳင္ရဲတဲ့ဆရာေပၚလာၿပီေပါ့… ”
ဆရာထူးမွာၾကမ္းတမ္းေသာပေရာဂမ်ားကိုကုသဖူးေသာ္လည္း ေအာက္ေျခအဆင့္စုန္းမ်ားကိုသာေတြ႔ဖူး၏။ ယခုပေရာဂမူကား စုန္းတို႔ထက္မ်ားစြာအဆင့္ျမင့္ေသာ ဆယ့္ႏွစ္ႀကိဳးကေဝျဖစ္ေနသျဖင့္ စိတ္ထဲ၌အနည္းငယ္လန္႔မိ၏။ သို႔ေသာ္မိမိ၏ဂုဏ္သိကၡာကိုလည္းအ​ေစာ္ကားမခံႏိူင္သျဖင့္ ပညာကုန္သံုးရန္အားခဲထားလိုက္၏။
” ဒီမွာအဖြားႀကီး …က်ဳပ္အသာတၾကည္ေျပာေနတာလက္ခံလိုက္စမ္း….မဟုတ္လို႔ကေတာ့နဂါးအာခံတြင္းမီးနဲ႔ၿမိဳက္ခိုင္းလိုက္လို႔ျပာက်သြားမယ္….”
” ဟားဟားဟား….လုပ္​ေလ…လုပ္လိုက္စမ္းပါ…”
ထိုမိန္းမၿကီးမွာေခါင္းေမာ့ရင္ေကာ့ၿပီး တဟားဟားေအာ္ဟစ္ရယ္ေမာေန၏။ ဆရာထူး၏စိတ္ထဲ၌လည္း ေတြ႔ၾကေသးတာေပါ့ဟု ေတြးကာ နဂါးေတာင္ေဝွးကို ဂါထာျဖင့္ထပ္မံမန္းမႈတ္လိုက္ျပန္၏။ အဖြားႀကီးလည္းမႏၱာန္တစ္ပုဒ္ကိုတီးတိုးရြတ္ဆိုလိုက္၏။ ခဏ၌ ဆရာထူးႏွင့္ ကေဝမယ္ခတို႔အျပင္းအထန္ရင္ဆိုင္ၾကေလ၏။ သာမာန္လူတို႔အျမင္မွာဆရာထူးသည္ ေတာင္ေဝွးႀကီးအားကိုင္ၿပီး ဂါထာရြတ္ေနသကဲ့သို႔ ေဒၚလွတင္မွာလည္း ခါးေထာက္ၿပီး ပါးစပ္၌လႈပ္စိလႈပ္စိ ျဖစ္ေနသည္ကိုသာျမင္ေတြ႔ရ၏။
ဆရာထူးကနဂါးေတာင္ေဝွးကိုကိုင္ၿပီးဂါထာျဖင့္မန္းမႈတ္လိုက္ရာနဂါးေတာင္ေဝွးထဲမွမီးေတာက္မီးလ်ွံႀကီးသည္ထြက္လာခဲ့၏။ ထိုမီးေတာက္မီးလ်ွံတို႔သည္ ထဘီရက္လ်ားထားေသာမိန္းမႀကီးအနားသို႔အ႐ွိန္အဟုန္ျဖင့္ေရာက္လာခဲ့၏။ ထိုမိန္းမႀကီးလည္း လက္ကိုဆန္႔တန္းလိုက္ရာ တံတိုင္းသဖြယ္႐ွိေသာအရာသည္မီးေတာက္ႀကီးကိုကာထားလိုက္၏။
” သင္အာခံမေနနဲ႔ ခုခ်က္ခ်င္းလူနာရဲ႕ခႏၶာထဲက​ေနထြက္သြားစမ္း….”
” ငါ့ကိုႏိူင္ေအာင္တိုက္စမ္းပါ….မင္းလိုေအာက္လမ္းဆရာေကာင္က မျဖစ္စေလာက္ပညာေလးနဲ႔ငါ့ကိုအာခံရတယ္လို႔…နင့္အသက္ကိုတကယ္မႏွေျမာတတ္ဘူးဘဲ…ခုခ်က္ခ်င္းငါ့ကိုေတာင္းပန္ရင္နင့္အသက္ကိုငါကယ္ေပးမယ္….”
” ဒီမွာအဖြားႀကီး….ငါကေအာက္လမ္းပညာသည္ဆိုေပမဲ့ငါ့ပညာကိုေကာင္းတဲ့ဘက္မွာဘဲသံုးတာ….ခင္ဗ်ားလိုမ်ိဳးလူေတြကိုမတရားမႏွိပ္စက္ဘူးနားလည္လား….”
” ငါကပညာသည္အခ်င္းခ်င္းမို႔စာနာေထာက္ထားေပးေပမဲ့လည္း မင္းကငါ့ကိုအန္တုခ်င္တယ္ဆိုေတာ့လည္း နင့္ပညာကိုငါဖ်က္ဆီးပစ္ရတာေပါ့ငထူးရာ….နင့္ပညာေတြအကုန္ေပးစမ္း….”
ေဒၚခကထိုသို႔ေျပာၿပီး လက္တစ္ဖက္ျဖင့္ရမ္းလိုက္ရာ ဆရာထူး၏လက္မွကိုင္ထားေသာနဂါးေတာင္ေဝွးသည္ ထက္ပိုင္းက်ိဳးသြားေတာ့၏။
” ေအာ့….ေဝါ့….”
ေတာင္ေဝွးက်ိဳးသြားၿပီးဆရာထူးမွာ ဒူးေထာက္ထိုင္ခ်လ်က္ ရင္ဘတ္ကိုဖိကာ ေသြးမ်ားတေဝါ့ေဝါ့ထိုးအန္ေန၏။
” ဆရာထူး….ဆရာထူး….သတိထားပါဦးဗ်….”
” ကို…ကိုမုန္း….ခင္…ခင္ဗ်ား…မိန္း….မိန္းမကို….က်ဳပ္မကယ္ေပးႏိူင္တာခြင့္လႊတ္ပါဗ်ာ….”
” ဟာ….မဟုတ္တာဆရာရယ္….ဆရာလည္းတတ္ႏိူင္သေလာက္ကယ္ခဲ့တာဘဲ….”
” ခုခ်ိန္ထိဒီအိမ္ထဲကေနထြက္မသြားေသးဘူးလား…အေကာင္ရဲ႕…ထြက္သြားစမ္း….”
ေဒၚလွတင္က ခါးေထာက္ၿပီးေျပာလိုက္ရာ ဆရာထူးမွာ ေဆးလြယ္အိတ္ကိုပင္မယူေတာ့ဘဲ အိမ္ေပၚမွအျမန္ဆင္းလာခဲ့၏။ မိုးႀကီးေလႀကီးမွာအၿငိဳးျဖင့္ တိုက္ခတ္ရြာသြန္းေနဆဲပင္။ ဆရာထူးဆင္းသြားၿပီးေနာက္ေဒၚလွတင္သည္ ခင္ပြန္းျဖစ္သူဘက္သို႔လွည့္ၿပီး
” ဒီမွာေမာင္မုန္း….ငါ့ကိုႏွင္ဖို႔ဆိုၿပီး ဆရာေတြေခၚမလာခဲ့နဲ႔….ဒီနယ္တေၾကာမွာငါကေခါင္ဘဲ….ေအးနင့္မိန္းမကငါ့အေပၚမတရားလုပ္လို႔ငါဒဏ္ခတ္တာ…မေသခ်င္ရင္ဝင္မပါနဲ႔….”
ထိုသို႔​ေျပာၿပီး ေဒၚလွတင္မွာေျခေဆာင့္ကာ အိပ္ယာထဲျပန္ဝင္သြား၏။
ေဒၚလွတင္ေနမေကာင္းျဖစ္ေနသည္မွာတစ္လပင္ေက်ာ္ခဲ့ေပၿပီ။ နာလန္ထူျခင္းမ႐ွိေသးေခ်။ ဗိုက္ေအာင့္သည္ေျပာၿပီး အျမဲလိုလိုညည္းညဴ​ေနရ၏။ ထို႔အတူေခါင္းမွဆံပင္တို႔မွာလည္းအေထြးလိုက္ကြၽတ္ေန၏။
” အေမ….အေမ့ေရာဂါကိုေဆးရံုေခၚျပၾကည့္ရင္ေကာင္းမယ္ထင္တယ္ေနာ္….”
” ေနပါေစသမီးရယ္….အေမဘာမွမျဖစ္ပါဘူး….အပိုေငြေတြကုန္က်ခံမေနပါနဲ႔ေအ….”
” ေငြကျပန္႐ွာလို႔ရတယ္အေမရဲ႕…အသက္တစ္ေခ်ာင္းကျပန္႐ွာလို႔မရဘူး​ေလ…”
” အေမေနလို႔ထိုင္လို႔မေကာင္းဘူးေအ…ရင္မွာတစ္ခုခုခံေနသလိုဘဲ….”
” အန္ခ်လိုက္ပါလားအေမ…သက္သာလိုသက္သာျငားေပါ့….”
” မထူးပါဘူးေအ….အေမ့ကိုေခါင္းတံုးေပးစမ္းပါ….ဒီဆံပင္ကလည္းကြၽတ္ေနလိုက္တာက်န္ေတာင္မက်န္ေတာ့ဘူး…”
” ေနာက္ေတာ့ျပန္ေပါက္လာမွာပါအေမရဲ႕….လာ…အေမ့ကိုသမီးဆန္ျပဳတ္တိုက္မယ္….”
” မစားခ်င္ပါဘူးေအ….ဘာမွကိုမစားခ်င္ဘူး…အေမ့မ်က္စိထဲအစားအေသာက္ေတြက မသတီစရာေတြခ်ည္းျဖစ္ေနတယ္…”
” ဟင္….”
ေဒၚလွတင္၏စကားေၾကာင့္သမီးျဖစ္သူ၏လက္မွကိုင္ထားေသာဆန္ျပဳတ္ပန္းကန္မွာ လႊတ္က်သြားေတာ့သည္။
” အေမရယ္….အေမေျပာမွသမီးေတာင္အန္ခ်င္လာၿပီ….”
” အေမတကယ္ေျပာတာသမီးရဲ႕….အေမဘာမွကိုမစားခ်င္ဘူး….ညညအိပ္ရက္လည္းအေမ့ေဘးမွာမဲမဲအေကာင္ေတြခ်ည္းဘဲျမင္ေနရတယ္…အေမဒီလိုေတြမျမင္ခ်င္ေတာ့ဘူးကြယ္…အေမေသသာေသလိုက္ခ်င္ေတာ့တယ္သမီးရယ္…”
” အေမ့ေရာဂါကိုသမီးေပ်ာက္ေအာင္ကုေပးမယ္အေမ….ဆရာေတြတစ္ေယာက္ၿပီးတစ္ေယာက္ပင့္ၿပီးအေမျပန္မေကာင္းမခ်င္းကုေပးမယ္….”
” ဖ်န္း…..”
” အာ့….အေမ….”
ေမျဖဴကဆရာပင့္မည္ေျပာလိုက္သည္ႏွင့္ေဒၚလွတင္၏လက္ဝါးသည္ သူမ၏ပါးျပင္ေပၚသို႔ေရာက္ခ်လာ၏။
” ညည္းတို႔ကိုငါဘယ္လိုေျပာထားလဲ…အသားမနာခ်င္ရင္ ကိုယ့္ဘာသာကိုေအးေဆးေနၾကစမ္း….”
” ဟင္…အေမ…အေမဘာေတြျဖစ္ေနတာလဲ…အေမ့ကိုေကာင္းေစခ်င္လို႔သမီးေျပာတာေလ….”
” မေျပာနဲ႔….ဘာမွမေျပာနဲ႔…ဒီေကာင္မကေသလူျဖစ္ေနၿပီ….ဒီေကာင္မကိုမွတ္ေလာက္သားေလာက္ေအာင္ဆံုးမမွရမယ္….”
ေဒၚလွတင္၏အမူအရာသည္ စိတ္ဆိုးေဒါသထြက္ေနသည့္အသြင္ေျပာင္းသြား၏။
ေမျဖဴလည္း မထင္မွတ္ဘဲပါး႐ိုက္ခံလိုက္ရေသာေၾကာင့္စိတ္ဆိုးကာ မိခင္၏အပါးမွထြက္သြားလိုက္၏။
” ေဒၚႀကီးလွတင္ဆံုးသြားၿပီတဲ့ေဟ့…”
” ေဟ…ဟုတ္လို႔လားသာဒိုးရာ….မေန႔ညကေတာင္က်ဳပ္ေဒၚႀကီးလွတင္အိမ္ကိုေရာက္ခဲ့ပါေသးတယ္…”
” တကယ္ေျပာတာကြ.. မနက္ကသူ႔သားအႀကီးေကာင္​ေျပာတာကြ…”
” ေဒၚႀကီးလွတင္ေသတာမ႐ိုးဘူးကြ…တစ္ခါကသူ႔ကိုလာကုေပးတဲ့ပေရာဂဆရာကေသြးအန္ၿပီးျပန္ေျပးရတယ္ဆိုဘဲကြ…”
” ေအးဟ…ေဒၚႀကီးလွတင္ေတာ့အျပဳစားခံရၿပီးေသသြားတာေနမယ္…”
ရြာထဲ၌ေဒၚလွတင္ေသဆံုးျခင္းေၾကာင့္တစ္ေယာက္တစ္မ်ိဳးထင္ေၾကးေပးေနၾက၏။
ေဒၚလွတင္ေသဆံုးသည့္ည၌ က်ီးကန္းတစ္အုပ္သည္ေဒၚလွတင္အိမ္အေပၚ၌ အသံျပဳကာဟိုဟိုသည္သည္ဝဲပ်ံေနၾက၏။ အိပ္ယာထဲ၌အိပ္ေနေသာေဒၚလွတင္မွာ က်ီးကန္းအသံၾကားသည္ႏွင့္ေၾကာက္အားလန္႔အားျဖင့္ ေအာ္ဟစ္ညည္းညဴရင္း အသက္ပါသြားေတာ့၏။
ေဒၚလွတင္ေသဆံုးသြားၿပီးေနာက္ ေမျဖဴမွာရင္ထဲ၌တစ္ခုခုခံသလိုျဖစ္ကာေနမထိထိုင္မသာျဖစ္လာသည္။
” ငါဘာျဖစ္ေနတာလဲ….ရင္ထဲတစ္ခုခုခံေနသလိုဘဲေနလို႔ထိုင္လို႔မေကာင္းဘူး…”
ထိုသို႔ေျပာရင္းအိပ္ယာထက္၌လွဲေလ်ာင္းေန၏။ မိခင္ႀကီးကိုလည္းလြမ္းဆြတ္ေနမိ၏။
” အင္း…ခုေလာက္ဆိုအေမက ဘယ္ဘံုဘဝေရာက္ေနၿပီလဲ….ငါတို႔ကိုေမ့သြားေလာက္ၿပီထင္တယ္….”
ထိုသို႔ေတြးရင္းမ်က္ရည္မ်ားဝဲတက္လာ၏။
” သမီး…ေမျဖဴ…ထမင္းစားမယ္ေဟ့…”
ဖခင္ေအာ္သံၾကားမွ မ်က္ရည္ကိုသုတ္လိုက္ၿပီး
” ဟုတ္…ဟုတ္အေဖေရ…လာၿပီ…လာၿပီ…”
ထိုသို႔ျပန္ထူးလိုက္ရင္းအိပ္ယာမွထကာ ႐ႈပ္ပြေနေသာဆံပင္ကိုစည္းေႏွာင္ရန္စုစည္းလိုက္၏။
” အို….ဘုရားဘုရား….ငါ…ငါ…ဘာျဖစ္ေနတာလဲ…”
ေမျဖဴကသူ႔လက္ထဲအေထြးလိုက္ပါလာေသာဆံပင္ကြၽတ္ကိုၾကည့္ရင္း ဘုရားတမိ၏။
” ငါ…ငါ…အေမ့လိုျဖစ္ေနတာလား…”
ထိုသို႔ေတြးၿပီး မွန္ေ႐ွ႕၌ေငးငိုင္ေနမိ၏။
” ေမျဖဴ…ညီမေလး….ထမင္းစားမယ္ဆင္းခဲ့လို႔….”
အစ္ကိုျဖစ္သူ၏ေနာက္ထပ္ေခၚသံၾကားမွသတိဝင္လာၿပီး ဆံပင္ကိုသိမ္းကာေျပးဆင္းလာခဲ့၏။
” ဘာေတြလုပ္ေနတာလဲသမီးရဲ႕…အၾကာႀကီးဘဲ….”
” ဟို…ဟို…ဘာမွလုပ္ပါဘူးအ​ေဖရ….အိပ္ယာသိမ္းေနလို႔ပါ…”
” ေမျဖဴ….ေနမေကာင္းဘူးလား….မ်က္လံုးေတြနီရဲေနတာဘဲ….”
” ေနေကာင္းပါတယ္အစ္ကိုရ….”
ထိုသို႔ျပန္ေျဖလိုက္ရင္း ထမင္းစားပဲြ၌ဝင္ထိုင္လိုက္၏။ အစ္ကိုျဖစ္သူက ေမျဖဴအတြက္အမဲသားဟင္းခပ္ထည့္ေပး၏။
” ဟင္…ႂကြက္ေသ…ႂကြက္ေသႀကီးပါလား….”
” ဂလြမ္း…..”
ေမျဖဴကအစ္ကိုျဖစ္သူခပ္ထည့္ေပးသည့္အသားတံုးကိုၾကည့္ၿပီး ထိုသို႔ေအာ္ကာ ထမင္းပန္းကန္ကိုပုတ္ထုတ္လိုက္၏။
” ညီမေလး….ဘာေတြေျပာေနတာလဲ…ဒါညီမေလးႀကိဳက္တဲ့အမဲသားေၾကာ္ဆီျပန္ခ်က္ေလ… ”
” ဟင့္အင္း…မဟုတ္ဘူး…မဟုတ္ဘူး…ႂကြက္ေသႀကီး….”
” ေအာ့…ေဝါ့….”
ေမျဖဴကထိုသို႔ေျပာရင္း ထိုးအန္၏။
” သမီးဘာျဖစ္ေနတာလဲ….အေဖ့ကိုေျပာစမ္း….”
” အေဖ…အေဖ…အဲဒါေတြမစားနဲ႔ႂကြက္ေသပုပ္​ေတြခ်ည္းဘဲ….”
” ဟာ…ဘာေတြေျပာေနတာလဲသမီးရဲ႕….ဒါသမီးႀကိဳက္တဲ့ဟင္းေတြေလ….ဘယ္ကလာႂကြက္ေသပုပ္ရမွာလည္း….”
” အေဖညာတယ္….အေဖညာတယ္….”
” ဝုန္း….”
” ဂလုန္း…ဂလြမ္း….”
ထိုသို႔ေျပာၿပီး ထမင္းစားပဲြခံုကိုလွန္ေလွာပစ္လိုက္၏။
” ဟာ….ေမျဖဴ….မင္းဘာျဖစ္ေနတာလဲေျပာစမ္း….”
အစ္ကိုျဖစ္သူက စိတ္တိုတိုျဖင့္ေအာ္​ေျပာလိုက္၏။ ေမျဖဴလည္း ထိုေနရာမွေျပးထြက္လာခဲ့ၿပီး အိပ္ယာခန္းထဲသို႔ဝင္သြားခဲ့၏။
” သားႀကီး….မင္းညီမေလးကိုသြားၾကည့္စမ္းဘာျဖစ္ေနတာလဲလို႔…”
” ဟုတ္အေဖ…”
ဦးမုန္းက ျကမ္းျပင္၌ေပပြေနေသာထမင္းဟင္းပန္းကန္မ်ားကိုသိမ္းဆည္းရင္းသားအႀကီးကိုေျပာလိုက္၏။ သာေအာင္လည္း ညီမ႐ွိရာအခန္းသို႔လာရင္း
” ညီမေလး….ညီမေလး…တံခါးဖြင့္စမ္း….နင္ဘာျဖစ္ေနတာလဲ… ”
” မလာနဲ႔….မလာနဲ႔…သြား….ထြက္သြားၾက….”
” အား….မလာခဲ့နဲ႔….ေၾကာက္ပါၿပီ…ေၾကာက္ပါၿပီ…အား….”
” ခြမ္း….”
ေမျဖဴတစ္ေယာက္ထင္ေယာင္ထင္မွားျဖစ္ၿပီး ၾကည့္မွန္ကိုသနပ္ခါးတုံုးျဖင့္ ပစ္ေပါက္ခဲြပစ္လိုက္၏။ မွန္ထဲကအဖြားႀကီးသည္ကား ရက္စက္စြာျပံဳးေနသည္ကို ေမျဖဴတစ္ေယာက္မျမင္လိုက္ေခ်။
” အား…ေသပါၿပီ…ဗိုက္ေအာင့္တယ္…ဗိုက္ေအာင့္တယ္….အေဖေရကယ္ပါဦး….”
” ညီမေလး….တံခါးဖြင့္စမ္း…နင္ဘာျဖစ္ေနတာလဲ….”
သာေအာင္ကညီမျဖစ္သူကို စိတ္ပူသြား၏။ အခန္းတံခါးကလည္း အထဲမွကန္႔လန္႔ထိုးထားသျဖင့္ ဖြင့္မရ။ တံခါးဖြင့္မရသည့္အဆံုး တံခါးကိုဖ်က္ၿပီးအခန္းထဲသို႔ဝင္လာခဲ့၏။
” ေမျဖဴ…ညီမေလး….ညီမေလး…ထပါအံုး….ညီမေလး….”
တံခါးဖ်က္ၿပီးဝင္လိုက္သည္ႏွင့္ အိပ္ယာထက္၌အသားအေရမဲျပာကာ သတိလစ္ေနေသာေမျဖဴကိုေတြ႔လိုက္ရ၏။ ထို႔ေနာက္ညီမငယ္ကိုေပြ႔ခ်ီၿပီး ဖခင္တို႔ႏွင့္အတူေဆးခန္းသို္႔ေျပးလာၾက၏။
” လူနာက ေသြးအားနည္းၿပီးထင္​​ေယာင္ထင္မွားပံုရိပ္​ေတြျမင္​ေနတာပါ…လူနာသက္သာလာရင္ အစားအေသာက္ေတြပံုမွန္စားခိုင္းၿပီးရင္ဆရာ​မ​ေပးလိုက္တဲ့​ေဆးကို ေဆးပတ္လည္ေအာင္တိုက္ေပးပါ႐ွင့္….”
” ဟုတ္ကဲ့ပါဆရာမ…ဒါနဲ႔ကြၽန္ေတာ့္သမီး​ေလးရဲ႕အ​ေျခအ​ေနကမစိုးရိမ္ရပါဘူး​ေနာ္….”
” စိုးရိမ္စရာမ႐ွိေတာ့ပါဘူး….စိတ္ဖိစီးတာရယ္…ေသြးအားနည္းေနတာရယ္ေၾကာင့္ စိတ္ထင္ေယာင္ထင္မွားျဖစ္ေနတာပါ႐ွင့္….”
” ဟုတ္ကဲ့ပါဆရာမ…ေက်းဇူးလည္းတင္ပါတယ္ဗ်ာ….”
မၾကာေသးခင္ကမ ဇနီးျဖစ္သူကိုဆံုး႐ွံုးထားရသျဖင့္ သမီးေလးကိုေနာက္ထပ္မဆံုး႐ွံုးျခင္ေတာ့ေပ။
တပတ္ေလာက္အၾကာ၌ေမျဖဴေနျပန္ေကာင္းလာခဲ့သည္။ သို႔ေသာ္ အရင္လိုလန္းဆန္းတက္ႂကြမေနေတာ့ဘဲ မိႈင္ေတြေငးေမာေနသည္။ ဖခင္ျဖစ္သူဦးမုန္းကသမီးငယ္ကိုၾကည့္ရင္း စိတ္မသက္မသာျဖစ္ေန႐ွာသည္။
” သားတို႔ေရ….အေဖတို႔မိသားစုကိုအေမွာင့္ပေရာဂ ကဝင္ေရာက္ဖ်က္ဆီးေနၿပီကြယ္….ဒီတိုင္းဆက္သြားရင္ မင္းတို႔အေမကိုဆံုး႐ွံုးရသလို မင္းတို႔ညီမေလးကိုလည္းဆံုး႐ွံုးခံရေတာ့မယ္ထင္တယ္…”
” ဟာ…ဒီလိုေတာ့သားတို႔အျဖစ္မခံႏိူင္ဘူးအေဖ….ညီမေလးကိုရေအာင္ကုမယ္….”
” ေဆးခန္းျပၾကည့္ေတာ့လည္းညီမေလးမွာ ဘာေရာဂါမွမျဖစ္ဘူး….ဒီအတိုင္းဆိုညီမေလးကအေမ့လိုမ်ိဳးျဖစ္ေနၿပီလားမသိဘူးေနာ္အေဖ. ..အထက္ဆရာေတြေခၚၿပီးျပၾကည့္ရင္မေကာင္းဘူးလားဗ်….”
” ယံုလို႔ရပါ့မလားငါ့သားရာ….မင္းတို႔အေမတုန္းကလည္းၾကည့္ေလ….ျပဳစားကုစားအသျပာဆရာေတြပါ…”
” ဆရာတိုင္းသူ႔အစြမ္းနဲ႔သူ႐ွိၾကမွာဘဲအေဖရ…ေငြကျပန္႐ွာလို႔ရတယ္….လူ႔အသက္တစ္ေခ်ာင္းကျပန္႐ွာလို႔မရဘူးဗ်….”
” သားတို႔ေျပာတာလည္းမွန္တယ္…ဒါဆိုအ​ေဖတို္႔ဘယ္ကဆရာကိုသြားပင့္ၾကမလဲ….”
” ေညာင္သဖန္းရြာမွာ ဘိုးေတာ္လိုလိုလူႏွစ္ေယာက္ ေရာက္ေနတယ္ေျပာတယ္အေဖ….ခုႏွစ္ရက္သားသမီးေတြကိုအခမဲ့ကယ္တင္ေပးေနတယ္လို႔လဲသိရတယ္….သားတို႔သြားပင့္ၾကည့္ရင္ေကာင္းမလား….”
” မင္းကိုဘယ္သူေျပာတာလဲသားငယ္ရ….ေတာ္ၾကာအေယာင္ေဆာင္ဘိုးေတာ္ေတြျဖစ္ေနမွဟုတ္ေပ့ျဖစ္ေနမယ္….”
” ေငြေၾကးကုန္က်တာမွမဟုတ္ဘဲဗ်ာ….ကြၽန္ေတာ္တို႔အတြက္အ႐ွံုးမ႐ွိပါဘူးေလ….”
” သားတို႔သေဘာဘဲေလ…ေရနစ္ေနသူကျမက္ပင္ေလးတစ္ပင္ေတာင္သူ႔အတြက္အားကိုးရာဘဲမလား….”
သားအဖသံုးေယာက္တိတ္တဆိတ္တိုင္ပင္ၿပီး သာလွကိုေညာင္သဖန္းရြာသို႔ ျမင္းလွည္းျဖင့္လႊတ္လိုက္၏။ ေညာင္သဖန္းရြာသို႔ေရာက္သည္ႏွင့္ လူစိမ္းႏွစ္ေယာက္တည္းသည့္ သူႀကီးအိမ္ကိုလာခဲ့၏။
” ဗ်ိဳ႕…ဦးႀကီးေရ…ဦးႀကီး….”
” ေဟ….ဘယ္သူတုံုးကဲြ႔…ဝင္ခဲ့ေဟ့….”
ျခံဝ႐ွိအသံကိုၾကားလ်ွင္သူႀကီးဦးသာမိႈင္းသည္ ဖတ္လက္စစာအုပ္ထူႀကီးကိုပိတ္လိုက္ၿပီး မ်က္မွန္ႀကီးကိုပင့္တင္ကာ ျခံဝသို႔လွမ္းၾကည့္ရင္းအသံျပဳလိုက္၏။ ထို႔ေနာက္ ျမင္းလွည္းတစ္စီးသည္ ျခံထဲသို႔ဝင္လာခဲ့၏။
ျမင္းလွည္းေပၚမွလူတစ္ေယာက္ဆင္းလာၿပီး ကြပ္ပ်စ္႐ွိရာသို႔လာထိုင္၏။
” ဘာကိစၥ႐ွိလို႔လဲတူႀကီး….”
” ကြၽန္ေတာ္ကဟိုဘက္ရြာကပါ….ဦးႀကီးတို႔အိမ္မွာဘိုးေတာ္လိုလို…ဘာလိုလို လူႏွစ္ေယာက္တည္းေနတယ္ဆိုလို႔ ကြၽန္ေတာ္လာေတြ႔တာဗ်….”
” ဪ….ငါ့တူကဝတ္ျဖဴဝင္ၾကယ္ဝတ္တဲ့လူငယ္ေလးႏွစ္ေယာက္ကိုေျပာတာထင္တယ္…ဟုတ္သလားကဲြ႔… ”
” ဟုတ္…ဟုတ္ပါတယ္ဦးႀကီးရယ္….သူတို႔ေကာဟင္…သူတို႔ေကာ….”
” သူတို႔ကဒီမနက္ကဘဲ ခုႏွစ္ရက္သားသမီးကိုကယ္တင္ေပးဖို႔ဆိုၿပီး ထြက္သြားၾကၿပီငါ့တူႀကီးရ….”
” ဟာဗ်ာ….”
သူႀကီး၏စကားေၾကာင့္ သာလွကစိတ္ပ်က္စြာ ညည္းညဴလိုက္မိ၏။
” ငါ့တူႀကီးကသူတို႔ကိုသိလို္႔လားကဲြ႔….”
” မသိပါဘူးဦးႀကီးရာ….သူတို႔ရဲ႕ပညာဂုဏ္သတင္းၾကားလို႔ အကူအညီေတာင္းဖို႔ေရာက္လာခဲ့တာပါဗ်ာ…ခုေတာ့လဲြသြားၿပီေလ….ဒါနဲ႔သူတို႔ဘယ္ကိုသြားမယ္လို႔မ်ား ေျပာသြားေသးလားဗ်….”
” ဘာတဲ့သူတို႔ေျပာတာက ဝိဇၨာတို႔မည္သည္ ဦးတည္ရာမ႐ွိတဲ့ငါ့တူႀကီးရ….”
” သြားပါၿပီဗ်ာ….ခဲေလသမ်ွသဲေရက်ၿပီေပါ့….”
” အေ႐ွ႕ဖက္ရြာတေၾကာမွာလိုက္႐ွာၾကည့္ပါလားငါ့တူရ….ကံစပ္ရင္ေတာ့သူတို႔နဲ႔ေတြ႔ႏိူင္ေကာင္းပါရဲ႕… ”
” အဲဆိုရင္လည္းကြၽန္ေတာ္လိုက္႐ွာၾကည့္ဦးမယ္ဗ်ာ….ကြၽန္ေတာ့ကိုခြင့္ျပဳပါဦးဗ်…”
” ေအးေအးငါ့တူႀကီး…”
ကိုသာလွလည္းေညာင္သဖန္းရြာသူႀကီးကိုႏူတ္ဆက္ၿပီး အေ႐ွ႕ဖက္ရြာတစ္ေၾကာကိုသြားကာ ဘိုးေတာ္ႏွစ္​ေယာက္အားလိုက္႐ွာ​ေနမိသည္။ ကိုယ္တိုင္မျမင္ဖူးေသာလူကို႐ွာရသည္မွာ အမိႈက္ပံုႀကီးထဲ အပ္တစ္ေခ်ာင္း႐ွာေနရသည္ႏွင့္ပင္တူေနေပေတာ့သည္။ ေညာင္သဖန္းရြာသူႀကီးေျပာျပေသာ လူစိမ္းႏွစ္ေယာက္၏ပံုစံကို အေ႐ွ႕ဘက္တေၾကာ႐ွိရြာသားမ်ားအား ေမးၾကည့္ေသာ္လည္း မေတြ႔မိေၾကာင္းသာတြင္တြက္ေျပာဆိုေနၾကသျဖင့္ ကိုသာလွစိတ္ပ်က္အားေလ်ွာ့ကာ ျမင္းလွည္းကိုႏွင္ၿပီး မိမိ၏ရြာသို႔သာ ျပန္လာခဲ့ေတာ့သည္။
” ဂြီ…ဂြီ…ဂြီ….”
” ဟ….ဗိုက္ေတာင္ေအာ္ေနၿပီဘဲ…မနက္အိမ္ကထြက္ခါရင္းငါဘာမွမစားလာခဲ့မိဘဲကိုး….ခုဆိုညေန၃နာရီေတာင္ေက်ာ္ေနၿပီဘဲ…အေဖတို႔ငါ့ကိုစိတ္ပူေနေလာက္ၿပီ…အျမန္ျပန္မွျဖစ္မယ္…..”
ထိုသို႔ေတြးၿပီးျမင္းကိုအေသာ့ႏွင္၏။ မိုးစက္မိုးေပါက္တို႔မွာ လွည္းေပါင္းမိုးေပၚသို႔တဖဲြဖဲြက်လာခဲ့သည္။
” ေနာင္ႀကီး….ဗ်ိဳ႕…ေနာက္ႀကီးေရ….လွည္းလမ္းၾကံဳလိုက္ခ်င္လို႔ဗ်….”
ဟူေသာအသံၾကားမွ လူႏွစ္ေယာက္ကသူ၏ျမင္းလွည္းကိုတား​ေနမွန္းသိလိုက္ရသျဖင့္ ဇက္ႀကိဳးကိုဆဲြကာရပ္လိုက္ၿပီး
” မိတ္ေဆြတို႔ကဘယ္ကိုသြားၾကမလို႔လဲဗ်…”
” အေနာက္ရြာတေၾကာကိုသြားမလို႔ဗ်…ဒါနဲ႔ေနာင္ႀကီးကေရာအဲဒီဘက္ကိုသြားမွာမလားဗ်….”
” ဟုတ္တယ္ဗ်ိဳ႕….ဒါဆိုလမ္းသင့္တာဘဲ…တက္ဗ်…မၾကာခင္မိုးရြာေတာ့မယ္…”
လူငယ္ႏွစ္ေယာက္လည္း ျမင္းလွည္းေပၚသို႔တက္လာခဲ့ၾကၿပီး စကားတခြန္းမွမဆိုဘဲတိတ္တဆိတ္လိုက္လာခဲ့ၾက၏။ ကိုသာလွလည္း မိမိ၏လွည္း​ေပၚပါလာေသာလူႏွစ္ေယာက္ကိုသတိမထားမိေခ်။
ခရီးဆက္ၿပီးအေတာ္အတန္ၾကာမွကိုသာလွ၏အေတြးထဲ၌ေညာင္သဖန္းရြာသူႀကီးေျပာသည့္ ဝတ္ျဖဴစင္ၾကယ္ဝတ္ လူငယ္ႏွစ္ေယာက္ဟူေသာအသံကိုျပန္ၾကားေယာင္မိသည္။
” ဟင္…ဒါ…ဒါဆို…ဒီလူႏွစ္ေယာက္က ငါေတြ႔ခ်င္လို႔အသည္းအသန္လိုက္႐ွာေနတဲ့လူေတြေပါ့….”
သာလွထိုသို႔ေတြးၿပီး အေနာက္သို႔ျပန္လွည့္ၾကည့္ရာ လူငယ္ႏွစ္ေယာက္မွာ တိတ္ဆိတ္စြာလိုက္ပါေနဆဲျဖစ္သည္ကို​ေတြ႕လိုက္ရသျဖင့္ ဝမ္းသာသြား၏။
သို႔ေၾကာင့္ လွည္းကိုရပ္လိုက္ၿပီး
” ဒီကမိတ္ေဆြေတြက….ခုႏွစ္ရက္သားသမီးေတြကိုလိုက္ၿပီးကယ္တင္ေပးတဲ့ဘိုးေတာ္ေတြဆိုတာလားဗ်….”
ကိုသာလွ၏အေမးေၾကာင့္ ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ယာက္ျပံဳးမိသြားသည္။ တဆက္တည္းမွာပင္ ကိုသာလွက
” သူမ်ားေတြက ဘိုးေတာ္ဘိုးေတာ္ဆိုလို႔ အသက္ႀကီးႀကီး ဆံပင္ျဖဴျဖဴႏွင့္ ေတာင္​ေဝွးကိုအားျပဳေနရၿပီလို႔မွတ္ေနတာ လက္စသတ္ေတာ့ ငယ္ရြယ္ႏုပ်ိဳေနတဲ့လူငယ္ေလးႏွစ္ေယာက္ပါလားဗ်….”
” လူတစ္ေယာက္ႏွင့္တစ္ေယာက္အျမင္မတူၾကလို႔ေနမွာပါဗ်…”
” ကြၽန္ေတာ္ကံေကာင္းတယ္လို႔ေျပာရမလားဘဲ….ဒီကမိတ္ေဆြႏွစ္ေယာက္ကို ကြၽန္ေတာ္မနက္ကရင္းတစ္ရြာဝင္တစ္ရြာထြက္လိုက္႐ွာေနတာဗ်….မေတြ႔လို႔စိတ္ပ်က္ၿပီးျပန္လာတာ…”
” ေတြ႔ရမဲ့ကံပါလာေတာ့လည္းေတြ႔ခ်ိန္တန္ေတြ႔ရတာေပါ့ဗ်ာ….ကဲဆိုစမ္းပါဦး… ေနာင္ႀကီးရဲ႕အေၾကာင္းကိစၥ….”
ကိုသာလွကလွည္းကိုဆက္ေမာင္းလိုက္ၿပီး
မိခင္၏အျဖစ္အပ်က္ႏွင့္ညီမျဖစ္သူၾကံဳေတြ႔ရသည့္အျဖစ္ကိုအကုန္ေျပာျပလိုက္၏။
” ဒါဆိုရင္ေတာ့ တစ္ခုခုအမွားလုပ္မိၿပီထင္တယ္….”
” ကြၽန္ေတာ္လည္းမေျပာတတ္ဘူးမိတ္ေဆြတို႔ရာ…ညီမေလးကေနရင္းထိုင္ရင္းအဲလို႔ကိုျဖစ္သြားတာဗ်ာ….”
စကားေျပာဆိုလာၾကရင္း ေညာင္ညိဳရြာထိပ္သို႔ေရာက္လာခဲ့ၾက၏။
” အာ့…အာ့….အာ့….”
” အာ့…အာ့….အာ့….”
ရြာထိပ္ေရာက္လာသည္ႏွင့္ ရြာထိပ္ေညာင္ပင္ေပၚမွက်ီးကန္းမဲမဲႀကီးႏွစ္ေကာင္သည္
ေတာင္ပံတဖ်တ္ဖ်တ္ခတ္ၿပီး အသံျပဳကာထပ်ံသြား၏။
” သတိထားထင္ေပၚ….ငါတို႔လာတာကိုအေစာင့္ေတြသိသြားၿပီး သတင္းေပးလိုက္ၾကၿပီ….”
” ဟုတ္ကဲ့ဆရာ….”
ထိုစကားကိုေမာင္ေရခဲက မေနာျဖင့္သာေျပာလိုက္ျခင္းျဖစ္၍ ကိုသာလွမၾကားလိုက္ေခ်။ ျမင္းလွည္းကိုသာအေသာ့ႏွင္ကာ အိမ္ေရာက္ဖို႔အေရးစိတ္ေလာေန႐ွာေလသည္။ ကြမ္းတစ္ယာညႇက္ခန္႔ၾကာသည့္ေနာက္ ျမင္းလွည္းသည္ အိမ္တစ္အိမ္ေ႐ွ႕၌ရပ္လိုက္၏။
” က်ဳပ္အိမ္ေရာက္ၿပီမိတ္ေဆြတို႔….အထဲကိုႂကြၾကပါဗ်….အေဖေရအေဖ….က်ဳပ္ျပန္ေရာက္ၿပီဗ်….”
သာလွကထိုသို႔ေျပာၿပီးျမင္းလွည္းကိုျခံေ႐ွ႕၌ရပ္လိုက္၏။ ေမာင္ေရခဲ ၾကည့္လိုက္ေသာ္ျခံပတ္ပတ္လည္၌ စက္ႀကိဳးအထပ္ထပ္ခ်ထားသည္ကိုေတြ႔လိုက္ရ၏။ သို႔ေၾကာင့္ ျခံေပါက္ဝ၌ရပ္ကာ
” စက္ႀကိဳးေတြအကုန္ျပတ္ေစ….”
ဟုေျပာၿပီးမွျခံထဲသို႔ဝင္လာခဲ့ၾက၏။
” အာ့….အာ့….အာ့….”
” အာ့…အာ့….အာ့….”
ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္ ျခံထဲဝင္လာသည္ႏွင့္က်ီးကန္းႏွစ္ေကာင္သည္ အလစ္တိုက္ဝင္လာၿပီး ေမာင္ေရခဲတို႔အားရန္ျပဳ၏။ သို႔ေသာ္အနားမေရာက္မွီမွာပင္ တစ္ခုခုကို ဝင္တိုက္မိၿပီး ေျမေပၚသို႔က်ကုန္၏။
” ေတာက္!….ဒင္းတို႔ကငါ့စက္ေတြအကုန္လံုးကိုျဖတ္ပစ္ၾကတယ္ေပါ့….”
အိပ္ခန္းထဲ႐ွိေနေသာေမျဖဴသည္ ျပတင္းေပါက္မွန္၌ေခ်ာင္းၾကည့္ၿပီး ေဒါသထြက္ေန၏။ အိမ္႐ွင္ဦးမုန္းမွာ ပ်ာပ်ာသလဲျဖင့္ေမာင္ေရခဲတို႔အား
” လာၾကဆရာေလးတို႔လာၾက….မနက္ကရင္းဆရာေလးတို႔ကိုေမ်ွာ္ေနတာ….”
ေမာင္ေရခဲတို႔လည္းအေပၚထပ္သို႔တက္သြားၿပီး ဘုရားကိုဝတ္ျပဳၾက၏။ ညေနေမွာင္ေနၿပီျဖစ္သျဖင့္ ထမင္းစားေသာက္ၿပီး တရားထိုင္ေနလိုက္၏။ ထိုညတစ္ညလံုးေမျဖဴမွာတစက္မွမအိပ္ဘဲ ဝုန္းဒိုင္းက်ဲေန၏။ ေမာင္ေရခဲကထိုသူအား အာရံုပင္မထားဘဲစိတ္တည္ၿငိမ္စြာတရားထိုင္​ေန၏။
ေမာင္ထင္ေပၚက အိမ္ပတ္ပတ္လည္ကိုစည္းအထပ္ထပ္တားထားလိုက္၏။ က်ီးကန္းမ်ားမွာတစ္ညလံုးအိမ္ပတ္ပတ္လည္၌ ဝဲပ်ံေနၾကၿပီး အိမ္ထဲသို႔အတင္းတိုးဝင္လာၾက၏။ သို႔ေသာ္အေၾကာင္းမလွဘဲ ေျမေပၚသို႔တဘုတ္ဘုတ္က်ကာေသဆံုးကုန္၏။
” တုန္….. တုန္…တုန္….တုန္တုန္တုန္….”
” ေအာက္အီးအီးအြတ္….ေအာက္အီးအီးအြတ္….”
မနက္အာ႐ုဏ္တက္ခ်ိန္၌ ရြာဦးေက်ာင္းမွကုလားတက္ေခါက္သံႏွင့္ ရြာထဲမွၾကက္တြန္သံတို႔မွာ လိုက္ေလ်ာညီေထြစြာထြက္ေပၚလာၾက၏။ ေမာင္ေရခဲလည္းထၿပီး ကိုယ္လက္သန္႔စင္ကာ ဘုရားဝတ္ျပဳျခင္းအမႈကိုျပဳ၏။ အိမ္႐ွင္လည္း ဆြမ္းထခ်က္၏။
ခ်က္ျပဳတ္ၿပီးစီးသည္ႏွင့္ဘုရားဆြမ္းကပ္၊ဆြမ္းေလာင္းၿပီးေသာ္ မနက္စာစားရန္လုပ္ၾက၏။ ထိုအခါအေပၚထပ္မွ​ ေမျဖဴမွာ ျမန္မာဝတ္စံုဝမ္းဆက္ကိုလွပေက်ာ့႐ွင္းစြာဝတ္ဆင္လာၿပီး မီးဖိုေဆာင္သို႔ဝင္သြား၏။
” ဟာညီမေလး….ဒီကိုဘာလာလုပ္တာလဲ…ေနသိပ္ေကာင္းတာမဟုတ္ဘူး….”
” ေနေကာင္းပါၿပီအစ္ကိုရဲ႕…အိမ္မွာဧည့္သည္ေတြေရာက္ေနေတာ့ ညီမကအိပ္​ေနၿပီး အစ္ကိုတို႔ကခ်က္ျပဳတ္​ေနရတာ မသင့္ေတာ္ဘူးေလ….”
ေမျဖဴကထိုသို႔ေျပာၿပီး ဝင္ေရာက္ကူညီေပး၏။ သာေအာင္မွာသေဘာ႐ိုးထင္ၿပီး ငါ့ညီမတယ္သိတတ္ပါလား ဟူ၍ေတြးမိၿပီးဝမ္းသာေက်နပ္ေန၏။ ထမင္းပဲြျပင္ဆင္ၿပီးသည့္ေနာက္ ေမာင္ေရခဲတို႔ဆရာတပည့္ကိုထမင္းစားရန္ေခၚလိုက္၏။ ေမာင္ေရခဲတို႔လည္းအေပၚထပ္မွဆင္းလာၿပီး ထမင္းစားပဲြ၌အက်အနထိုင္ကာ ထမင္းစားေသာက္ရန္ျပင္၏။ ထမင္စားပဲြ၌အသားဟင္း၊ငါးဟင္း၊ပဲဟင္းအစံု႐ွိေသာ္လည္း သက္သတ္လႊတ္စားၾကသူမ်ားျဖစ္သျဖင့္ အသားဟင္းပန္းကန္ကိုေယာင္မ်ွပင္မႏိႈက္မိၾက။
ေမျဖဴကယပ္ေတာင္တစ္ေခ်ာင္းျဖင့္ ေမာင္ေရခဲတို႔ကိုယပ္ခပ္ေပးေန၏။ ထိုစဥ္ငါးဟင္းပန္းကန္ထဲမွ ငါးတစ္ေကာင္သည္အသက္ဝင္လာၿပီး အိုင္ထြန္းေနေသာဆီမ်ားကိုတဖ်တ္ဖ်တ္ကူးခတ္ေန၏။
” အဟြတ္….အဟြတ္….အဟြတ္….”
ထိုျမင္ကြင္းေၾကာင့္ ေမာင္ထင္ေပၚမွာစားလ်က္စထမင္းပင္သီးသြားရ၏။ ေမျဖဴကျပံဳးလိုက္ၿပီး
” အဟင္း….ေကာင္းေကာင္းစားေလဆရာေလးရဲ႕….”
ဟုမထိတထိေျပာလိုက္၏။ ေမာင္ေရခဲကစားလ်က္စထမင္းကိုရပ္လိုက္ၿပီးစိတ္ထဲမွေန၍ ငါးဟင္းပန္းကန္အားစိုက္ၾကည့္ကာ
” မူလျပန္စမ္း…. ”
ဟုအမိန္႔ေပးလိုက္ရာ လြန္႔လူးေနေသာငါးကေလးတို႔မွာ မူလငါးဟင္းအတိုင္းျပန္ျဖစ္သြားေတာ့၏။ ထိုအခါ ေမျဖဴ၏မ်က္ႏွာမ်ာ ပ်က္ယြင္းသြားၿပီး ေမာင္ေရခဲကိုစူးစိုက္ၾကည့္လိုက္၏။ ကိုသာေအာင္က ထမင္းကိုခူးယူၿပီး ေမာင္ေရခဲ၏ပန္းကန္ထဲသို႔ထည့္မည္အျပဳ
” ေတာ္ၿပီေနာင္ႀကီး….က်ဳပ္ဒီေလာက္ဘဲစားႏိူင္တယ္ဗ်….ေနာင္ႀကီးလက္ရာကအရမ္းစားေကာင္းတာဘဲ”
” ညီေတာ့လုပ္ၿပီ…စားေကာင္းတယ္လည္းေျပာေသး….အသားငါးဟင္းပန္းကန္ကိုေယာင္လို႔ေတာင္မႏိႈက္ၾကေတာ့ ဒီကစားေစခ်င္လို႔ခ်က္ထားတဲ့လူက အားငယ္တာေပါ့ဗ်….”
” အားမငယ္ပါနဲ႔ဗ်ာ….က်ဳပ္တို႔ကသက္သတ္လႊတ္စားသမားမို႔ပါဗ်….”
” က်ဳပ္ကႀကိဳမေမးဘဲ ခ်က္လိုက္မိေတာ့အားနာစရာေတြျဖစ္ကုန္ၿပီဗ်ာ….”
” ဘာမွမျဖစ္ပါဘူး…က်ဳပ္တို႔သာေနာင္ႀကီးကိုအားနာရမွာဗ်….ဒါနဲ႔ဒီေန႔ကိုးနာရိထိုးရင္ ပဲြစကုမွာမို႔လိုအပ္တာေ​တြႀကိဳဝယ္​ထား​ေပးဗ်….”
” ဟုတ္ညီ…လိုအပ္တာေတြစာရြက္ေလးနဲ႔ေရးေပးဗ်…က်ဳပ္ခုဘဲအျမန္သြားဝယ္လိုက္မယ္….”
ေမာင္ေရခဲလည္း လိုအပ္သည္မ်ားကိုေရးေပးလိုက္ၿပီးသြားဝယ္ခိုင္းလိုက္၏။ ေမျဖဴကားတမနက္လံုး ေနမထိထိုင္မသာျဖစ္ေနၿပီး အလြန္ပူသည္ဆိုကာ နာရီဝက္ခန္႔ေရခ်ိဳးေန၏။ အမွန္မွာသူမကအိမ္မွထြက္ေျပးခ်င္ေနသည္။ သို႔ေသာ္ အိမ္ပတ္ပတ္လည္တြင္​ေမာင္ထင္​ေပၚတားထား​ေသာစည္းကို ထိုးမေဖာက္ႏိူင္သျဖင့္ ၿငိမ္ေနရျခင္းျဖစ္၏။
သတ္မွတ္ထားေသာအခ်ိန္ေရာက္သည္ႏွင့္ ကန္ေတာ့ပဲြကိုပိတ္ျဖဴပိတ္နီခံၿပီး ျပင္ဆင္လိုက္၏။ ထိုအေတာအတြင္းေမျဖဴမွာ အိပ္ခန္းထဲမွအျပင္ကိုထြက္မလာေတာ့ေခ်။ တံခါးကိုလည္းကန္႔လန္႔ထိုးထားေသးသည္။ အားလံုးျပင္ဆင္ၿပီးသြားသည္ႏွင့္​ေမာင္​ေရခဲက ျမတ္စြာဘုရားကိုအလင္းတိုင္ပူေဇာ္ၿပီး ဦးစြာ႐ွိခိုးလိုက္၏။ ဘုရား႐ွိခိုးၿပီးသည္ႏွင့္ အထက္ဝိဇၨာဆရာႀကီးမ်ား၊ဆရာသခင္မ်ားကို႐ွိခိုးတိုင္တည္ၿပီး စတင္ကုသရန္ျပင္ဆင္လိုက္၏။
” ၾကာသပေတးသမီးကို က်ဳပ္အေ႐ွ႕ေခၚလာခဲ့ပါေနာင္ႀကီး….”
” ဟုတ္ၿပီညီ….”
ကိုသာေအာင္က ေမျဖဴ၏အခန္းေ႐ွ႕သြားၿပီး ညီမျဖစ္သူကိုေခၚ၏။ သို႔ေသာ္ အခ်ိန္ကုန္ရံုသာအဖတ္တင္သည္။ ေမျဖဴကားထြက္မလာ။ ပညာသည္ကေမာင္ေရခဲကိုတမင္စိန္ေခၚေနျခင္းပင္။ ေခၚမရသည့္အဆံုး ကိုသာေအာင္လည္းမ်က္ႏွာငယ္ေလးျဖင့္ ဖခင္၏ေဘးသို႔ျပန္လာထိုင္၏။
” မင္းညီမေကာသားႀကီး….”
” ထြက္မလာဘူးအေဖ….ဘယ္လိုမွေခၚမရဘူး….”
” တယ္….ဒီေကာင္မေလး….ဘာလို႔ေခါင္းမာေနရတာလဲ…ငါကိုယ္တိုင္သြားေခၚလာခဲ့မယ္….”
ထိုစဥ္ေမာင္ေရခဲက ဦးမုန္းကိုလက္ကာျပလိုက္ၿပီး
” ေနေနဦးေလး….က်ဳပ္ကိုယ္တိုင္ေခၚလိုက္မယ္….”
ထိုသို႔ေျပာၿပီး မ်က္လံုးကိုစံုမွိတ္ကာ
” သြား…အသင္နတ္မင္း….ေခါင္းမာေနတဲ့မိစၦာကိုဆံပင္ကေနဆဲြထြက္လာခဲ့​ေခ်….”
ထိုသို႔ေျပာလိုက္သည္ႏွင့္္ခ်င္ခ်င္းပင္ ေမျဖဴ၏အခန္းတံခါးသည္ တစ္ေယာက္ေယာက္ကအားျဖင့္တြန္းဖြင့္လိုက္သည့္ႏွယ္ ဝုန္းခနဲျမည္သြားၿပီးတဆက္တည္းပင္ မိန္းကေလးတစ္ေယာက္၏မခ်ိမဆန္႔ေအာ္သံကိုပါၾကားလိုက္ရ၏။
” အား….နာတယ္ဟဲ့…လႊတ္….ငါ့ကိုလႊတ္လိုက္စမ္း….”
ထိုအသံႏွင့္အတူ ေမျဖဴမွာ မျမင္ရေသာပုဂၢိဳလ္၏ဒရြတ္တိုက္ဆဲြထြက္လာျခင္းကိုခံလိုက္ရၿပီး မၾကာမီပင္ ေမာင္ေရခဲေ႐ွ႕သို႔ထိုးက်သြား၏။ ဦးမုန္းကသမီးကိုၾကည့္ၿပီး ေမာင္ေရခဲဘက္လွည့္ကာ
” ဆရာ…လူကေလး….အၾကမ္းပတမ္းနည္းနဲ႔မဟုတ္ဘဲညင္ညင္သာသာကုလို႔ရလားဟင္….သမီးေလးကိုသနားလြန္းလို႔ပါ….”
” ဦးေလး….ခုဦးေလးတို႔သာမန္မ်က္စိနဲ႔ျမင္ေနရတဲ့အရာေတြက ဦးေလးသမီးမဟုတ္ဘူး….ဦးေလးသမီးကိုစြမ္းအားထက္တဲ့ပညာသည္က ေမွာင္ပိုင္စီးထားလိုက္ၿပီ….”
” အလို!…”
ေမာင္ေရခဲ၏စကားေၾကာင့္ ဦးမုန္းမွာ အံ့ဩထိတ္လန္႔သြား၏။ ေမာင္ေရခဲလည္း ေမျဖဴဘက္ျပန္လွည့္လာၿပီး
” ပံုစံေျပာင္းထိုင္စမ္း….ဒါဇရပ္မဟုတ္ဘူးအိမ္….အိမ္မွာဘုရားေက်ာင္းေဆာင္႐ွိတယ္….ယဥ္ယဥ္ေက်းေက်းထိုင္ၿပီး ဘုရားကိုဦးခ်လိုက္….”
ထိုသို႔ေျပာရာ ေမျဖဴက ေခါင္းငိုက္စိုက္ ခ်ေနရာမွမ်က္ေထာင့္နီႀကီးျဖင့္ ေခါင္းေထာင္ထလာၿပီး
” ေတာက္! ကေလးကလားေကာင္ကမ်ားက်ဳပ္ကို အမိန္႔လာေပးရတယ္လို႔ေအ…ၾကားမၾကားဖူးေပါင္ေတာ္….”
” က်ဳပ္ေျပာေနတာမၾကားဘူးလား…က်ဳပ္အၾကမ္းနည္းမသံုးခ်င္ဘူး….”
” ညည္းဘယ္ေလာက္ထိစြမ္းေနႏိူင္မွာမို႔လဲ​ေအ့….က်ဳပ္ဘာသာထိုင္ခ်င္သလိုထိုင္မယ္…”
” ရတယ္ေလ…နဂၣဘီလူးမင္း…ဒီမိစၦာမကိုပံုစံေျပာင္းထိုင္ခိုင္းလိုက္စမ္း….”
” အား…အမေလး….ဆိုးလိုက္တဲ့႐ုပ္ႀကီး…အစြယ္တစ္ေခ်ာင္းကိုငွက္ေပ်ာဖူးေလာက္႐ွိတယ္….”
ေမျဖဴကထိုသို႔ေျပာၿပီး မ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္အုပ္ထားလိုက္၏။ နံေဘးမွၾကည့္ေနသူမ်ားမွာ ဘာမွန္းမသိၾကသျဖင့္ မ်က္လံုးေပကလယ္ျဖင့္သာၾကည့္ေနၾကရ၏။
” ေနရာေျပာင္းထိုင္လိုက္စမ္း….မဟုတ္ရင္ဒီဘီလူးႀကီးရဲ႕ေနာက္ထပ္အစာက သင္ျဖစ္သြားလိုက္မယ္….”
” ေၾကာက္ပါတယ္႐ွင့္…ေၾကာက္ပါတယ္…. ေျပာင္းထိုင္ဆို ထိုင္ပါ့မယ္႐ွင့္…”
ထိုသို႔ေျပာၿပီး မ်က္ႏွာကို လက္ႏွစ္ဖက္အုက္လ်ွက္သားျဖင့္ပင္ ဒူးပဆစ္တုတ္ထိုင္လိုက္၏။
” ျမတ္စြာဘုရားရဲ႕ဂုဏ္​ေတာ္​ေတြကိုရည္မွန္းၿပီး ဦးခ်ကန္ေတာ့လိုက္….”
” မလုပ္ပါနဲ႔….ဒီလက္ေတြဖယ္လိုက္ရင္ေၾကာက္စရာေကာင္းတဲ့ဘီလူးႀကီးက က်ဳပ္မ်က္ႏွာေ႐ွ႕မွာေပၚလာၿပီး က်ဳပ္ကိုစားမတတ္ဝါးမတတ္ၾကည့္ေနမွာ…က်ဳပ္ေၾကာက္တယ္ေတာ့…”
” သင့္တာဝန္ေက်ၿပီနတ္ဘီလူးမင္းႀကီး…”
” သင္လည္းမ်က္ႏွာကိုအုပ္ထားတဲ့လက္ကိုဖယ္ၿပီးဘုရား႐ွိခိုးလို႔ရၿပီ….”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္မွ ေမျဖဴလည္းမ်က္ႏွာကိုအုပ္ထားေသာလက္ကိုျဖည္းညင္းစြာဖြင့္ၾကည့္လိုက္ၿပီး ေဘးဘီယာကိုအေသအခ်ာၾကည့္လိုက္၏။ ၿပီးမွ ဘုရားကိုဦးခ်လိုက္၏။ ဘုရားကို႐ွိခိုးၿပီးသည္ႏွင့္ေမာင္ေရခဲကေမျဖဴကိုစိုက္ၾကည့္ၿပီး
” သင္က သင့္ဝိဥာဥ္ႏွင့္ဒီေကာင္မေလးရဲ႕ခႏၶာကိုယ္ကိုတသားတည္းက်ေအာင္လုပ္ေနတာဘဲ….”
” ညည္းရဲ႕ပညာကလည္းအထင္ေသးလို႔မရဘူးကိုး….ေအးေလ…ငါကလည္းငါနဲ႔ပညာခ်င္းတူတဲ့သူကိုလိုက္႐ွာေနတာ…ငါကအာယုကိုလိုသလိုဆဲြဆန္႔လို႔ရေပမဲ့ဇရာကိုေတာ့ ဆဲြဆန္႔လို႔မရဘူးေလ…ဒီေတာ့အိုမင္းေနတဲ့႐ုပ္ခႏၶာကိုပစ္ၿပီး ႏုငယ္ပ်ိဳမ်ွစ္တဲ့႐ုပ္ခႏၶာကို႐ွာရတာေပါ့….ငါ႐ွာထားတဲ့ခႏၶာကိုယ္ကိုသူတို႔ကဖ်က္ဆီးပစ္ၾကတာ​ေလ….ဒီေတာ့သူတို႔ျပန္ေပးဆပ္ရတာေပါ့…”
” အင္မတန္ယုတ္ညံ့လွတဲ့အလုပ္ဘဲ…က်ဳပ္ေတာ့ဒါကိုခြင့္မျပဳႏိူင္ဘူး….ဘာလို႔ဒီလုိလုပ္ရတာလဲ….”
” ဟင္း….ဟင္း…သူတို႔ကငါ့လမ္းစဥ္ကိုဖ်က္ဆီးေႏွာင့္ယွက္ၾကတာေလ…ငါ့ဘာသာငါအဖြားႀကီး႐ုပ္နဲ႔ဝမ္းေရး႐ွာေနတာ သူတို႔ကငါ့ပစၥည္းကို ေစ်းႏွိမ္ဝယ္ၾကတာ…ဒီေတာ့ငါလည္းမေက်နပ္လို႔အပင္းထည့္လိုက္တာေပါ့….ဟားဟားဟား….”
” ဒီလိုလုပ္လို႔မရဘူး….မေက်နပ္ရင္ျပန္ေတာင္းပန္ခိုင္းလို႔ရတယ္…ဒီအထိလုပ္စရာမလိုဘူးေလ….”
” ေတာင္းပန္လို႔မရဘူး…ငါေရာင္းတဲ့သရက္သီးကသူမ်ားေတြထက္လည္းေစ်းခ်ိဳတယ္…ဒါကိုသူတို႔သားအမိကလာၿပီး အျမတ္မေျပာနဲ႔အရင္းေတာင္မ႐ွိတဲ့ေစ်းနဲ႔လာဝယ္ၾကတာ….က်ဳပ္ကမရႏိူင္လို႔ပါတူမႀကီးရယ္ ဒီသရက္သီး​ေတြ​ေရာင္းရတဲ့​ေငြနဲ႔​ေျမးအဖြားႏွစ္​ေယာက္အသက္ဆက္ၾကရမွာလို႔ေျပာတာေတာင္သူက အလကားရတဲ့သရက္သီးကိုမ်ားဒီ​ေလာက္ထိ​ေစ်းတင္ထားရလားတဲ့….ဒါနဲ႔က်ဳပ္လည္းေအးဒါဆိုလည္းယူသြားၿပီးေပ်ာ္ေပ်ာ္စားၾက​ေလလို႔​ေျပာလိုက္တာ…ခုေတာ့အဲေကာင္မက ဘယ္ဘံုဘယ္ဘဝေရာက္ေနမွန္းေတာင္မသိေတာ့ဘူး….ဟားဟားဟား….”
” ျဖစ္ခဲ့တာလည္းျဖစ္ၿပီးၿပီ…အသက္တစ္ေခ်ာင္းလည္းဆံုး႐ွံုးရၿပီ…သင္ေက်နပ္လိုက္ေတာ့….ခုဒီၾကာသပေတးသမီးကိုျပဳစားထားတာေတြအကုန္ျပန္ယူသြား….”
” က်ဳပ္ကသူတို႔တစ္မိသားစုလံုးကိုသတ္မွာေအ့….သူတို႔ေတြကံျမင့္ေနေသးလို႔အသက္႐ွင္ခြင့္ေပးထားတာ…ဟင္းဟင္း…. ”
” က်ဳပ္႐ွိေနသ၍ေတာ့ သင့္ရဲ႕အၾကံေအာင္ျမင္ျမင္မွာမဟုတ္ဘူး….သင္လုပ္ထားတာေတြျပန္ယူစမ္း….”
” မယူေတာ့ဘာျဖစ္လဲ….ညည္းက်ဳပ္ကိုသတ္ခ်င္သတ္…ႀကိဳက္သလိုလုပ္… က်ဳပ္ေတာ့ဒီမိသားစုကိုသတ္ရမွေက်နပ္မယ္ေအ့….သူတို႔ေၾကာင့္က်ဳပ္႐ွာထားတဲ့ခႏၶာကအာဟာရမျပည့္ဘဲေသဆံုးခဲ့ရတာ…ဒီအတြက္ဒီေကာင္မေလးျပန္ေပးဆပ္ရမယ္….”
” က်ဳပ္အၾကမ္းနည္းမသံုးခ်င္ဘူး….သင္လုပ္ထားတာေတြခုခ်က္ခ်င္းျပန္ထုတ္စမ္း….”
” မထုတ္ဘူး….လံုးဝဘဲ…”
” ရတယ္ေလ…ကဲဆိုင္ရာေတြ…သူ႔ပညာေတြျပန္ယူခ်င္ေအာင္လုပ္လိုက္ၾကစမ္း….”
” ဘုန္း….”
” ေဝါ့…”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္သည္ႏွင့္ ဘုန္းဟူေသာအသံတခ်က္ၾကားလိုက္ရၿပီး ေမျဖဴမွာအေ႐ွ႕သို႔ယိမ္းထိုးသြားၿပီး ေသြးမ်ားထိုးအန္လိုက္၏။
” ကဲ…ဒါကအစဘဲ႐ွိေသးတယ္….ေျပာကိုယ္လုပ္ထားတာေတြျပန္ယူမွာလားျပန္မယူဘူးလား….”
” ငါေျပာထားတယ္ငါ့ကိုသတ္ခ်င္ရင္သတ္လိုက္….ငါဘယ္ေတာ့မွျပန္မယူႏိူင္ဘူး….မယ္ခတဲ့ေဟ့…ေျပာၿပီးရင္ျပန္မျပင္တတ္ဘူး….”
” ဒီေလာက္အာခံေနပံုေထာက္ရင္ သင့္ကသင့္ရဲ႕အသက္ဗူးကိုတေနရာမွာဝွက္ထားခဲ့ပံုရတယ္…သြားယူလာခဲ့ၾကစမ္းဆိုင္ရာ​ေတြ…”
” ဘာအသက္ဗူးလဲ….ငါ့မွာဘာအသက္ဗူးမွမ႐ွိဘူး….”
ေမာင္ေရခဲ၏စကားေၾကာင့္ ေမျဖဴမွာပ်ာပ်ာသလဲျဖစ္သြားၿပီးထိုသို႔ျပန္ေျပာ၏။
ထိုစဥ္နတ္မင္းတစ္ပါးသည္ ေမာင္ေရခဲ​ေ႐ွ႕ဘြားခနဲ​ေပၚလာႁပီး သူ႔လက္ထဲမွဝင္းဖန္႔ေသာအရာတစ္ခုကို ေမာင္ေရခဲအားကမ္း​ေပးလိုက္၏။
” ေရႊအပ္ေလးပါလား….သင္ကသင့္ရဲ႕အသက္ကိုဒီ​ေရႊအပ္ထဲထည့္ထားတာဘဲ…ဒါေၾကာင့္ က်ဳပ္ကိုအာခံရဲတာေပါ့….ကဲေျပာ…လုပ္ထားတာေတြျပန္ယူမလား….အသက္ဗူးကိုဖ်က္ဆီးပစ္လိုက္ရမလား….”
” မလုပ္ပါနဲ႔႐ွင္…မလုပ္ပါနဲ႔….ျပန္ယူဆိုုပန္ယူပါ့မယ္….အသက္ဗူးကိုေတာ့မဖ်က္ဆီးပစ္လိုက္ပါနဲ႔….”
” ဒါဆို ခုခ်က္ခ်င္းသြင္းထားတဲ့အပင္းျပန္ထုတ္စမ္း….”
” ဟုတ္….ဟုတ္….”
” ေအာ့…ေဝါ့….”
” ဟာ….”
” ဟင္….”
ေမျဖဴကေျပာေျပာဆိုဆိုလက္ေခ်ာင္းျဖင့္ လည္ေခ်ာင္းထဲကိုထိုးၿပီးအန္လိုက္ရာ သရက္သီးအလံုးလိုက္​ေလးငါးလံုးခန္႔ထြက္က်လာ၏။ ထိုအျဖစ္ေၾကာင့္ ဖခင္ႏွင့္ အစ္ကိုျဖစ္သူတို႔မွာအံ့ဩတုန္လႈပ္သြားၾက၏။
သရက္သီးေလးငါးလံုးခန္႔အန္ခ်ၿပီးေနာက္ ရပ္လိုက္၏။ နဖူးမွလည္းေခြၽးဒီးဒီးက်ေနေလ၏။
” ကုန္ၿပီလား….သင္အပင္းသြင္းထားတာေတြ…”
” ကုန္…ကုန္ပါၿပီ….က်ဳပ္အသက္ဗူးျပန္ေပးပါ….”
” က်ဳပ္ကိုမညာနဲ႔….ၾကာသပေတးသမီးရဲ႕အူမႀကီးထဲမွာအပင္းေတြက်န္ေနေသးတာက်ဳပ္သိတယ္…ထုတ္စမ္း…အကုန္ထုတ္….”
” ဟင္း…နည္းနည္းေလးမွလိမ္ညာလို႔မရပါလားေအ….ထုတ္မယ္ေဟ့ထုတ္မယ္….”
” ေအာ့….ေဝါ့….”
ထမ္မံထိုးအန္လိုက္ရာ မဲညိဳညစ္ေနေသာခ်ဲြက်ိက်ိအရည္ႏွင့္သရက္သီးႏွစ္လံုးကိုထပ္မံအန္ခ်ျပန္၏။
” ကဲ…ကုန္ၿပီဟဲ့…ေပးစမ္းငါ့အသက္ဗူး….”
” ဒီတိုင္းေပးလို႔ေတာ့မရဘူး…သင့္ကိုက်ဳပ္မယံုဘူးဒီေတာ့ ဒီပညာေတြနဲ႔လူသားေတြကိုဒုကၡမေပးေတာ့ပါဘူးလို႔ သစၥာဆိုဂတိေပးၿပီးမွ သင့္အသက္ဗူးကိုက်ဳပ္ျပန္ေပးမယ္…”
ေမာင္ေရခဲကထိုသို႔ဆိုလိုက္ရာေမျဖဴမွာ ခဏမ်ွၿငိမ္သက္သြား၏။ အတန္ငယ္စဥ္းစားၿပီးမွ
” ေအးက်ဳပ္သေဘာတူတယ္ေအ့….”
” ဒါဆိုလည္း က်ဳပ္အေနာက္လိုက္ဆို​ေခ်…”
ဟုေျပာၿပီး ေမာင္ေရခဲကသစၥာတိုင္​ေပးလိုက္ၿပီး သစၥာေရတစ္ခြက္တိုက္လိုက္၏။
” သစၥာလည္းလိုက္ဆိုၿပီးၿပီ…သစၥာေရလည္းေသာက္ၿပီးၿပီဆိုေတာ့ က်ဳပ္ရဲ႕အသက္ဗူးကိုျပန္ေပးေတာ့ေလ….က်ဳပ္အၾကာႀကီးလူလုပ္ရဦးမွာေအ့….”
” ဟုတ္ၿပီက်ဳပ္ဂတိအတိုင္းျပန္ေပးတယ္…သင္လည္းၾကာသပေတးသမီးရဲ႕ခႏၶာ​ေပၚက ဒဏ္ရာအနာတရေတြအကုန္ယူၿပီးဘုရားဦးခ် ၿပီးရင္ထြက္သြားေတာ့….”
” ဟုတ္ပါၿပီေအ….”
ေဒၚမယ္ခကထိုသို႔ေျပာၿပီးဘုရားကိုဦးခ်ကာ ေမျဖဴ၏ခႏၶာထဲမွထြက္သြားေတာ့၏။ ေမျဖဴမွာေဘးသို႔ပံုပံုေလးလဲက်သြားေတာ့၏။
” ဟာ….ကြၽန္ေတာ္သမီးဘာျဖစ္သြားတာလဲဆရာ….”
” ဘာမွမျဖစ္ေတာ့ဘူးဗ်….သူပင္ပန္းလို႔သတိလစ္သြားတာပါ….ခဏဆိုသတိျပန္လည္လာလိမ့္မယ္…”
ထိုသို႔ေျပာၿပီးေမာင္ေရခဲက ေရစင္ျဖင့္ေမျဖဴ၏​ေခါင္းကို​ေတာက္​ေပးလိုက္၏။
” ေျပာမယံုၾကံဳဖူးမွသိဆိုသလိုဘဲညီေရ….က်ဳပ္ေတာ့ညီကုတာကိုၾကည့္ၿပီး လန္႔ေတာင္လန္႔တယ္ဗ်ာ….ဒါနဲ႔က်ဳပ္ညီမေလးကဘာျဖစ္တာတုန္းဗ်….”
” သူတစ္ပါးေစ်းေရာင္းတာကိုမတန္တဆေစ်းဆစ္မိလို႔ဟိုကမ​ေက်နပ္​ေတာ့ျပန္လုပ္တာဗ်….ဒီလိုဘဲလူ႔ေဘာင္ေလာကမွာလူအမ်ိဳးမ်ိဳးစိတ္အေထြေထြတဲ့….ကိုယ္ကဘာမွမျဖစ္စေလာက္ေလးဘဲေစ်းဆစ္လိုက္တယ္ဆိုေပမဲ့ ဟိုဘက္ကလည္းဝမ္းေရးအခက္ခဲ႐ွိတယ္ေလ…ဒါကိုနားလည္ေပးႏိူင္ရမယ္ဗ်….”
” က်ဳပ္ေတာ့သင္ခန္းစာတစ္ခုရလိုက္ၿပီဗ်ာ…ဘာမွအဖိုးမတန္တဲ့သရက္သီးေၾကာင့္ အသက္ေတြေပးဆပ္လိုက္ရတာအင္မတန္ႏွေျမာဖို႔ေကာင္းတယ္ဗ်ာ….”
” အဟြတ္…အဟြတ္…ေရ…ေရေပးပါ…”
” ေဟာ…သမီးေလးသတိရလာၿပီ…သားငယ္…ညီမေလးကိုေရခပ္ေပးလိုက္ကြ…”
ေမျဖဴမွာျဖစ္ပ်က္ခဲ့သမ်ွဘာမွမမွတ္မိသည့္ပံုစံျဖင့္အူတူတူၾကည့္ေန႐ွာသည္။ ဦးမုန္းက
” က်ဳပ္သမီးေလးအသက္ကို္ကယ္ေပးခဲ့လို႔တကယ္ကိုေက်းဇူးတင္ပါတယ္ဆရာရယ္….ေျပာျပမတတ္ေအာင္​ေက်းဇူးတင္ပါတယ္ဗ်ာ…ဒါေလးကနည္းသည္မ်ားသည္မဆိုဘဲ ေဆးကုသေငြကန္ေတာ့တာေလးကိုလက္ခံေပးပါဗ်ာ…”
” မလိုပါဘူးဦးေလးရယ္….ေငြဆိုတာကြၽန္​ေတာ္တို႔အတြက္မလိုအပ္ပါဘူး…ဒီေငြေတြကို ကြယ္လြန္ေလသူဦးေလးရဲ႕ဇနီးအတြက္ ရည္စူးကုသိုလ္ေတြျပဳလုပ္ေပးလိုက္ပါဗ်ာ…”
ဘယ္လိုမွေျပာ၍မရေတာ့သည့္အဆံုး ဦးမုန္းက သမီးျဖစ္သူအား ေမာင္ေရခဲကိုကန္ေတာ့ခိုင္းလိုက္၏။
” မွတ္ထားညီမငယ္….တပါးသူရဲ႕ပစၥည္းကိုဘာတစ္ခုမွအလကားမလိုခ်င္ပါနဲ႔ ….ခုျဖစ္သြားတာကိုသင္ခန္းစာယူပါ…”
” ဟုတ္ကဲ့ပါ႐ွင္…ညီမမွတ္သြားပါၿပီ….ေနာက္ထပ္သူမ်ားပစၥည္းကိုအေခ်ာင္မလိုခ်င္ေတာ့ဘူး….”
” ဟုတ္ပါၿပီဗ်ာ…ကဲ…ေဘးကင္းသြားၾကၿပီဆိုေတာ့ ကြၽန္​ေတာ္တို႔လည္းခရီးဆက္​ေတာ့မယ္….ခြင့္ျပဳၾကပါဦးဗ်…”
” ဟာ…ခ်က္ခ်င္းႀကီးပါလားဆရာတို႔ရာ…ဒီမွာတစ္ရက္ႏွစ္ရက္ေလာက္ေနပါဦးလားဗ်….”
” ေနခ်င္တာေပါ့ဗ်ာ…ဒါေပမဲ့ကြၽန္ေတာ္တို႔ကတစ္ေနရာထဲအၾကာႀကီးေနလို႔မရဘူးဗ်…”
” ဟုတ္ပါၿပီဗ်ာ…လမ္းခရီးသာယာပါေစေနာ္….”
ဦးမုန္းကျမင္းလွည္းျဖင့္သူကိုယ္တိုင္ရြာထိပ္ထိလိုက္ပို႔ေပးလိုက္၏။ ေမာင္ေရခဲတို႔လည္း ထိုရြာမွထြက္လာခဲ့ၾကၿပီး ဦးတည္ရာမ႐ွိဆက္လက္ခရီးဆက္ခဲ့ၾကေတာ့သည္။….။
( အားေပးဖတ္႐ႈသူအေပါင္း ေဘးရန္ကင္းကြာၿပီး စီးပြားလာဘ္လာဘမ်ား ႀကီးပြားတိုးတက္ၾကပါေစေသာဝ္)
# ၿပီး