“ကွင်းပိုင် သဘက်ကြီး”(စ-ဆုံး)

Unicode Version

“ကွင်းပိုင် သဘက်ကြီး”(စ-ဆုံး)
————————————-
တစ်ခေတ်တစ်ခါတုန်းက အောက်မြန်မာပြည်ဘက် အရပ်ဒေသ ကျေးလက်တောရွာတစ်ရွာတွင် လယ်ပိုင်ယာပိုင် သူဋ္ဌေးကြီး ဦးဘောဂဆိုသည့်လူ ရှိခဲ့ဖူး၏။ ၎င်းဦးဘောဂမှာ သူပိုင်ဆိုင်ရာ လယ်ယာဧက အတော်များများအား ပြန်လည်အငှားချလေ့ရှိပြီး ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့သော အဆိုပါလယ်ရှင်ယာရှင် လုပ်ငန်းကိုသာ ဆက်လက်ထိန်းသိမ်း လုပ်ကိုင်လာခဲ့သူတစ်ဦးလည်း ဖြစ်သည်။ လယ်ယာဧကများစွာ ပိုင်ဆိုင်သော ဦးဘောဂ၏ လယ်ကွင်းလယ်ကွက်များမှာ ပြန်အငှားလုပ်သူများ၏ ကောက်ပဲသီးနှံ စားပင်သောက်ပင် စိုက်ပျိုးခင်းများဖြင့် စိမ်းစိုသာယာ လှပနေပြီး ကျေးလက်တောရွာဓလေ့တို့၏ ဂုဏ်ကျက်သရေများစွာဖြင့် ပနံသင့်လှပေ၏။

တစ်ရက်သောအခါ ဦးဘောဂတို့ ရွာကို ဆင်းရဲ နွမ်းပါးပုံရသည့် တစ်နယ်တစ်ကျေးမှ အဖေတစ်ခုသမီးတစ်ခုဖြစ်သော သားအမိသားအဖနှစ်ဦး ပြောင်းရွှေ့လာခဲ့သည်။ ဖခင်ဖြစ်သူအမည်မှာ ဦးရဲနိုင်ဖြစ်ပြီး အသက် ငါးဆယ်ဝန်းကျင်အရွယ်ခန့် ရှိကာ သမီးဖြစ်သူ၏ နာမည်မှာတော့ မသင်ဇာဖြစ်၍ အသက် နှစ်ဆယ်ဝန်းကျင်အရွယ်ခန့် ရှိလေ၏။ အဆိုပါသားအဖနှစ်ဦးမှာ လယ်ယာများရှင် ဦးဘောဂထံသို့ လာရောက်ကြပြီး ငှားရမ်းနှုန်းခ လွန်စွာသက်သာလှသော လယ်ယာမြေကွက်ကို မေးမြန်း စုံစမ်းလေရာ ဦးဘောဂမှာ သူ့အပိုင် လယ်ယာဧက ကွက်အလွတ်အချို့ကို လိုက်လံပြသပေးလေသည်။

ထိုသို့ လိုက်လံ ပြသရာမှ တစ်နေရာအရောက် အကွက်အကွင်း ကောင်းသော်လည်း နှစ်ပေါင်းများစွာ စွန့်ပစ်ထားသည့် ဒဏ်ကြောင့် လူသူလေးပါး ခြောက်ကပ် တိတ်ဆိတ်လျှက် မြေလွတ်ရိုင်းကြီး ဖြစ်နေရသည့် ကွင်းပြင်ကျယ်ကြီး တစ်ခုအား ဦးဘောဂက ဖာသိဖာသာ ကျော်ဖြတ်လာခဲ့ပြီး ဘာမျှမပြောဘဲ ရှိနေ၍ ဦးရဲနိုင်က ယင်းလယ်ကွင်းကျယ်၏ အဖိုးနှုန်းထား မေးမြန်းလေရာ ၎င်းကွင်းပြင်ကျယ်ကြီးအား မည်သူမျှ အငှားမလုပ်ရဲကြဟု ဆို၏။ အကြောင်းမှာ ယင်း ကွင်းပြင်ကြီးတွင် ဖြေရှင်းမရသော အထူးအဆန်း ရာဇဝင် ရှိ၍ ဦးဘောဂအနေဖြင့် အငှားချမရ သည်အတိုင်း ပစ်ထားရသည် ဟူ၏။

ထိုရာဇဝင်မှာကား ကွင်းပြင်သည် မည်သို့သော အကြောင်းကြောင့်မှန်း မသိ၊ လယ်ယာ လာလုပ်သူမှန်သမျှ ခဏခဏ သေကြေကြရခြင်းဖြစ်ပြီး သာ၍ ထူးခြားသည်က အငှားလာလုပ်သူများမှာ စိုက်ချိန် ပျိုးချိန်၌ စဉ်ဆက်တလျှောက် ဘာမျှ မဖြစ်ပါဘဲ ရိတ်ချိန် သိမ်းချိန်တန်မှ ပိုးထိခြင်း၊ ဖျားနာခြင်း၊ နှလုံးသွေးရပ်ခြင်း စသော အကြောင်းအမျိုးမျိုးဖြင့် သေဆုံးကြရခြင်း ဖြစ်သည်ဟု ဦးဘောဂမှ ရှင်းလင်း ပြောပြ၏။

ဦးဘောဂတစ်သက်နှင့် ဘိုးဘွားစဉ်ဆက်တလျှောက် အထက်ပါ ဖြစ်ရင်းအင်းများဖြင့် နာမည်ကြီးလျက်ရှိသော ဤကွင်းပြင်ကြီးအား တချို့ကလည်း အယုံအကြည် မရှိ၍သော်လည်းကောင်း၊ အချို့မှာလည်း ငှားရမ်းနှုန်းခ လွန်စွာ သက်သာလွန်း၍သော်လည်းကောင်း စသဖြင့် လူ့သဘောမနောအရ စမ်းသပ်မှု ပြုကြသောအခါ ထိုသူများမှာ အဆုံး၌ ဇာတ်သိမ်းမလှ ဖြစ်ကြရပြီး ထိုသို့သော ပြဿနာ ကိစ္စရပ်များကြောင့် ထိုကွင်းပြင်ကြီးမှာ လယ်ငှား လာလုပ်သူများ လက်ရှောင်လာသောကြောင့် ကာလအတန် ကြာသောအခါ မြေလွတ်ရိုင်းကြီး ဖြစ်နေလေတော့သည်ဟု ဦးဘောဂက ဆို၏။

ထိုအခါ ဦးရဲနိုင်က မယုံကြည်ခြင်း အလျဉ်းမဟုတ်သော်လည်း ကြပ်တည်း ခက်ခဲလှသည့် မိမိတို့ သားအဖ တတ်နိုင်သည့် ဈေးထက် အဆမတန် သက်သာလွန်းနေသည်က တစ်ကြောင်း၊ ဖြစ်ကာမှ ဖြစ်ရော မသကာ မိမိတို့ အလှည့်ကျမှ ကံကောင်းထောက်မစွာဖြင့် ဘေးမကျနိုင်လောက်ပါဟု မျှော်လင့်မိသည်က တစ်ကြောင်း စသည့် အကြောင်းများကြောင့် ထိုလယ်ကွင်းကြီးအား ငှားလုပ်လိုကြောင်း ပြောလေတော့ရာ အမှုမပတ်လိုသော ဦးဘောဂမှာ ကြောက်လန့်တကြား ငြင်းဆန် ပယ်ချကာ မငှားလိုကြောင်း ပြောဆို တားမြစ်လေ၏။

သို့ပါသော်လည်း အကြိမ်ကြိမ် တောင်းဆို ကမ်းလှမ်းနေသည့် ဦးရဲနိုင်၏ ဇွဲနဘဲကြောင့် တားမြစ်နိုင်စွမ်း မရှိတော့သူ ဦးဘောဂလည်း နောက်ဆုံး၌ တစ်စုံတစ်ခုသော ဆိုးကျိုးဥပါဒ် ဖြစ်ပေါ်လာပါက မိမိတွင် တာဝန်မရှိကြောင်း အတိအလင်း ပြောဆို ဖွင့်ဟကာ စပါးတစ်ရာလျှင် သုံးဆယ်စားပေး အဖိုးအခဖြင့် ခွင့်ပြု ငှားရမ်းလိုက်တော့၏။

ထိုနေ့အပြီး နောက်ရက်များတွင် လူစွန့်စား သားအဖနှစ်ဦးဟုပင် ဆိုရမည့် ဦးရဲနိုင်နှင့် မသင်ဇာတို့မှာ မြေရိုင်းကွင်းကြီးအား အလုပ်သမား မငှားနိုင်သည် ဖြစ်၍ ကိုယ်တိုင်ကိုယ်ကျ ခုတ်ထွင် ရှင်းလင်းကြရလေသည်။ နှစ်ပေါင်းများစွာ ဖယ်ကြဉ်ခံထားရခြင်း၊ စွန့်ပယ် ပစ်ထားကြခြင်းတို့ကြောင့် ယင်းလယ်ကွင်းကြီးမှာ ချုံနွယ်ပိတ်ပေါင်းနှင့် မြက်ရိုင်းတောတို့ဖြင့် ပြည့်သိပ်နေလေရာ ဦးရဲနိုင်တို့ သားအဖခမျာ အားသွန်ခွန်စိုက် ပြုကာ ရက်အတန်ကြာ ရှင်းလင်းနေကြရ၏။

ထိုသို့ ရှင်းလင်းရာ၌ ကွင်းပြင်စပ်၏ အနားစွန်း ကန်သင်းရိုးပေါ်ရှိ ဇောင်ချမ်းပင်ကြီး တစ်ပင်နံဘေး ကပ်ရပ်တွင် တောင်မို့သဏ္ဌာန် မြေကမုတစ်ခုကို ဦးရဲနိုင်က တွေ့ရှိရ၍ မလှမ်းမကမ်းက သမီးဖြစ်သူအား ခေါ်ပြီးနောက်…

“သင်ဇာ သမီးလေးရေ၊ ဟော ဟိုနားက မြေကမုလေးတစ်ခု သမီးတွေ့လား။ အဖေတို့က လယ်ကို ရေသွင်းတဲ့အခါကျ အဲဒီကမုလေးဟာ ရေမရောက်နိုင်တဲ့ နေရာဆိုတော့ကာ ငါ့သမီးလေးက အဲဒီမှာ သီးပင်စားပင်တွေ စိုက်ပျိုးဖို့အတွက် မြေသွားညှိချေ၊ ဟုတ်ပလား။ ကျန်တဲ့အလုပ်တွေ အဖေလုပ်ထားလိုက်မယ်” ဟု ဆိုကာ အခိုင်းလိုက်လေ၏။

ဖခင်ဖြစ်သူ ညွှန်းဆို စေခိုင်းမှုကြောင့် မသင်ဇာတစ်ယောက် ပေါက်ပြားတစ်လက်ဖြင့် ကန်သင်းရိုးထက်က တောင်မို့ကို တဖြည်းဖြည်းချင်း ညှိလာနေရင်း သုံးလေးရက်မျှ ကြာသောအခါ တစ်ခုသော နေ့လည်နေ့ခင်း၌ အလုပ်လုပ်နေစဉ် မိမိနံဘေး မတ်တတ် လာရပ်နေသည့် ခြေအစုံတစ်ခုအား သတိထားမိ၍ မော့ကြည့်ရာ မိန်းမကြီးတစ်ဦး ဖြစ်နေကြောင်းကို တွေ့ရှိရ၏။

အဆိုပါ မိန်းမကြီးမှာ ခက်ထန်သော အသွင်သဏ္ဌာန် ရှိကာ ခါးကို ထောက်၍ သူ့အား စေ့စေ့ကြည့်လျက် ရှိနေပြီး ပါးစပ်က…

“ညည်းတို့က ကိုယ့်မြေကိုယ့်ယာ မဟုတ်ဘဲ ဒီနေရာမှာ ကိုယ်ထင်ရာ လာစိုင်းနေကြပါလား” ဟု ခပ်တင်းတင်း ဆိုရင်း ဆောင့်ကြီးအောင့်ကြီးဖြင့် အနီးရှိ ဇောင်ချမ်းပင်ကြီးဘက်သို့ လျှောက်လှမ်းသွားပြီးနောက် ထိုအပင်ကြီးအောက် ရောက်သောအခါ မသင်ဇာ့မျက်စိရှေ့မှောက်မှာတင် ရုတ်တရက်ပင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေတော့သည်။

ယင်းအခြင်းအရာအား မြင်တွေ့လိုက်ရသော မသင်ဇာခမျာ ကြောက်လန့်သွားပြီး တစ်နေရာတွင် ခုတ်ထွင် ရှင်းလင်းလျက် ရှိသည့် ဖခင်ဖြစ်သူ ဦးရဲနိုင်ထံ အမောတကော ပြေးချသွားကာ စောနက ကြုံတွေ့ခဲ့ရသမျှ အကျိုးအကြောင်း ပြောပြလိုက်၏။ သမီးဖြစ်သူ၏ ပြောစကားကို အသေအချာ နားထောင်ပြီးနောက် ဦးရဲနိုင်က…

“ဒီမယ် ငါ့သမီး… ခဏနေကျ ရွာထဲကို သွားပြီး ကြက်တစ်ကောင် ဝယ်။ ပြီးရင် တဲဆီ ပြန်ပြီး အဲဒီကြက်ရော ထမင်းတစ်အိုးပါ အကျအန ချက်ပြုတ် ကြော်လှော်ပြီးတော့ ဒီကို ယူလာချေ” ဟု ခိုင်းလိုက်လေသည်။

နာရီအနည်းငယ်မျှ ကြာမြင့်သောအခါ သမီးဖြစ်သူမှာ ဖခင်၏ ဆိုစကားအတိုင်း ကြက်သားဟင်းအိုးရော ထမင်းအိုးကောပါ တောင်းတစ်ခုထဲ ထည့်ရွက်၍ လယ်ထဲ ပြန်လာခဲ့၏။ ထိုနောက်မှာတော့ သူစိမ်းမိန်းမကြီး ပျောက်ကွယ်သွားသည့် နေရာ ဇောင်ချမ်းပင်နားတစ်ဝိုက် သန့်ရှင်းရေး ပြုလုပ်နေနှင့်သော ဦးရဲနိုင်က ထမင်းအိုး ဟင်းအိုးများကို ထုတ်ယူ လှန်လှောကာ တောင်းအတွင်း၌ အသင့်ပါလာသော ခပ်ကြီးကြီး ဇလုံတစ်ခုထဲ ထမင်းဟင်းများ အလျှံအပယ် ခူးခပ်ထည့်လိုက်ပြီး ပင်စည်ခြေရင်းနား ဖက်ရွက်ကြီးတစ်ရွက် ဖြန့်ခင်းလျက် ၎င်းအပေါ်မှ ဇလုံကို တင်ကာ သူ၏ နှုတ်မှနေ၍…

“ဤကွင်းပြင်အား အပိုင်စားရသော ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာ… ဆင်းရဲနုံချာ မပြေလည်ရှာသော ကျွန်ုပ် ဦးရဲနိုင်နှင့် သမီးဖြစ်သူ မသင်ဇာတို့အနေနဲ့ ဒီနေရာမှာ အမှားအယွင်းများ ကျူးလွန်ခဲ့သည်ရှိသော် ခွင့်လွှတ်ကြပါရန် ဤထမင်းဦး ဟင်းဦးများဖြင့် အနူးအညွှတ် တောင်းပန်အပ်ပါသည်ခင်ဗျာ။ ထို့အပြင်ကို သင်တို့ ဤကွင်းပြင်၌ မရှိဆင်းရဲသား ကျွန်ုပ်တို့ သားအဖအား လယ်ယာစိုက်ပျိုးခွင့်များ ပေးသနားပါရန်လည်း ထပ်မံ တောင်းဆိုအပ်ပါသည်” ဟု ဆိုကာ ပသလိုက်ပြီးနောက် သမီးဖြစ်သူကိုပါ ဆက်လက်တောင်းပန်ခိုင်းလေ၏။

ထိုတစ်နေ့ အလုပ်သိမ်း အိမ်ပြန်ပြီး နောက်တစ်နေ့ လယ်အတွင်း ပြန်လာကြသောအခါ ဇောင်ချမ်းပင်အောက်က ဖက်ရွက်ခင်း ဇလုံကြီးထဲ ထမင်းဟင်းများ လုံးဝမကျန်တော့ဘဲ တစ်စုံတစ်ဦးမှ ဆေးကြော၍ သုတ်သင်ပေးထားပုံဖြင့် ပြောင်ချော သန့်ရှင်းကာ နေရာတွင်ပင် ပုံစံမပျက် ရှိနေလေ၏။

ထိုအခါမှ ဦးရဲနိုင်တို့ သားအဖလည်း လိပ်ပြာသန့်သန့်နှင့် နောက်ဆန်မတင်းစွာ ခုတ်ထွင် ရှင်းလင်းခြင်းများအား ဆက်လက်လုပ်ကိုင်ရဲကြသည်။ ထိုနေ့ ညနေစောင်းလောက် အရောက်တွင် လယ်ကန်သင်းရိုးပေါ်မှ လူတစ်ယောက် မိမိတို့ ရှိရာ လမ်းလျှောက်လာနေသည်ကို ဦးရဲနိုင် တွေ့ရှိလိုက်ရ၏။ ထိုသူမှာ သူ့ထက် အသက်အရွယ် အနည်းငယ် ကြီးပုံရသော အသားညိုညို၊ အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန် ကိုယ်ဟန်သဏ္ဌာန် ရှိသည့် ယောက်ျားကြီးတစ်ဦး ဖြစ်ပြီး ဖျင်ကြမ်းတိုက်ပုံအား ရင်ဘက်ဟောင်းလောင်းဖွင့်၍ ဝတ်ဆင်ထားပေသည်။

ယင်းလူကြီးမှာ ခပ်လှမ်းလှမ်း တစ်နေရာတွင် ခါးထောက်၍ ရပ်လိုက်ပြီး…

“ဒီလာပါဦးဗျ” ဟု လှမ်းခေါ်လာ၏။

စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေသော ဦးရဲနိုင်မှာ သမီးလုပ်သူအား သတိဖြင့် နေခဲ့ရန် လက်တို့ မှာကြားပြီး လူကြီး လှမ်းခေါ်ရာ နေရာသို့ မဆိုင်းမတွ သွားရောက်လိုက်၏။ သူစိမ်းလူကြီးအနား ရောက်သောအခါ ထိုလူကြီးမှာ မျက်တွင်းများက ချိုင့်ဝင်လျှက် ရှိပြီး၊ ပြုံးယောင်သန်း၍ ပြဲလှန်နေဟန် ရှိသော ပါးစပ်ပေါက်၊ ကျယ်ပြန့်စွာ ကားထွက်လျှက် ရှိသော နားရွက်နှစ်ဖက်တို့မှာ အချိုးအစား မမျှပဲ သာမန်ထက် ကြီးမားသယောင် ရှိနေသည်ကို တွေ့မြင်ရလေသည်။

“ဘာကိစ္စရှိလို့ပါလိမ့်ဗျာ”

“သြော်… မနေ့က ခင်ဗျားတို့ သားအဖ ချက်ပြုတ် ကျွေးမွေးတဲ့ ထမင်းဟင်းတွေ ကျုပ်တို့ စားရတဲ့အကြောင်း လာပြောပြတာပါဗျ။ ဒီလို စားကောင်းသောက်ကောင်းတွေနဲ့ တည်ခင်း ကျွေးမွေးခဲ့တဲ့အတွက် အရမ်းလည်း ကျေးဇူးတင်ထိုက်တယ်လို့ ထင်မြင်မိတယ်လေ”

“ဟာ… ရ ရပါတယ်ဗျ။ ဘာ ဘာမှ အပန်းမကြီးပါဘူး။ ကျုပ်တို့ သားအဖနှစ်ယောက် မှားခဲ့တာ ရှိရင်သာ ခွင့်လွှတ်ဗျို့”

“ကောင်းပြီလေ… ခင်ဗျားပြောတဲ့အတိုင်း ခွင့်လွှတ်ပေးပါပြီရဲ့၊ ကျုပ် တောင်းဆိုချင်တာလေးတွေကိုရော လုပ်ပေးနိုင်ပါ့မလား”

“ဟာ… လုပ် လုပ်ပေးနိုင်လိမ့်မယ် ထင်ပါတယ်ဗျ။ ဘာများလဲ ပြောစမ်းကြည့်ပါဦး”

“နောက်တစ်ခေါက်ကျ အမဲသား တစ်ပိဿာလောက် ဝယ်ခြမ်းပြီး မကျက်တကျက် ချက်ကျွေးစမ်းပါဗျာ။ ထမင်း လေးလုံးချက်လည်း ပါပစေပေါ့။ တစ်လကိုမှ တစ်ကြိမ်လောက်ပါပဲ”

“ဟုတ်… ဟုတ်ကဲ့။ ရတော့ ရပါရဲ့၊ ဒါပေမယ့်လေ၊ ဒီအရပ်မှာ အမဲသားက အဝယ်ရခက်ပြီး ကျုပ်တို့ သားအဖမှာလည်း ငွေရေးကြေးရေးက ချို့တဲ့လေတော့ ကြက်သားလောက်နဲ့ပဲ အဆင်မပြေဘူးလားခင်ဗျာ”

“အဿပြာအတွက်တော့ မပူပါနဲ့ဗျာ။ ကိုင်း… ရော့၊ ဟောဒီမှာ။ ဒါနဲ့ ဝယ်ချက်၊ ဟုတ်ပြီလား”

ပြောရင်းဆိုရင်းဖြင့် သူစိမ်းလူကြီးမှာ ရင်ဟ ဝတ်ထားသော တိုက်ပုံဖျင်ကြမ်း ဘေးအိတ်ကပ်မှ တစ်စုံတစ်ရာအား ထုတ်ယူကာ ဦးရဲနိုင်ထံ ကမ်းပေးလိုက်လေသည်။

လက်ထဲ ရောက်လာသော အရာများကို ကြည့်လိုက်တော့မှ ဦးရဲနိုင်တစ်ယောက် အထူးအဆန်း မှင်တက် အံ့သြမိနေတော့၏။ အကြောင်းသည်ကား အဆိုပါ အရာများမှာ မြိတ်ထုံးရွှေဒင်္ဂါး နှစ်ပြား ဖြစ်၍ ဟူ၏။

“ဟောဗျာ… ဒီလောက်ကြီးလည်း မလိုပါဘူး နောင်ကြီးရာ။ တစ်ပြားတောင်မှ အတော့်ကို လွန်လှပါပြီ”

“သြော်… ယူသာထားလိုက်ပါဗျာ။ ပိုသမျှ ခင်ဗျားလိုတာ သုံးပေါ့။ ကုန်ရင်လည်း ပြော၊ ကျုပ် ထပ်ပေးမယ်။ ကိုင်း… ခင်ဗျားအလုပ်တွေလည်း ရှိသေးရဲ့ မဟုတ်လား။ ကျုပ်လည်း ပြန်လိုက်ဦးမယ်ဗျာ။ ကျုပ်တောင်းဆိုတာလေးတွေ လုပ်ပေးရင် ကျုပ်ကလည်း တစ်ပြန် ခင်ဗျားတို့ သားအဖကို ကြည့်ရှု စောင့်ရှောက်မှာပါ”

“နေပါဦးခင်ဗျာ၊ နောင်ကြီးက ဘယ်သူများလဲ ပြောပြခဲ့ပါဦး”

“အဲဗျာ… အဟုတ်သား၊ မိတ်ဆက်ဖို့ကို မေ့နေလိုက်တာများ။ မှတ်ထားဦးဗျ… ကျုပ်နာမည်က သဘက်ကြီး ဦးရန်အောင်တဲ့။ ဟောဒီက ခင်ဗျားတို့ ခုတ်ထွင် ရှင်းလင်းနေတဲ့ ကွင်းပြင်ကြီးကို အပိုင်စားရတဲ့ ကွင်းပိုင်ကြီးပေါ့ဗျာ။ ကဲ၊ ပြန်ပြီဗျို့”

ကျန်ရစ်ခဲ့သူ သားအဖမှာ အတွေးပေါင်းများစွာဖြင့် ဝေခွဲမရ ကိုယ်စီ ရှိနေဆဲတွင် ထွက်ခွာသွားသော အဆိုပါ ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်ဆိုသည့် လူကြီး၏ ကိုယ်ခန္ဓာမှာ ခပ်လှမ်းလှမ်း တစ်နေရာသို့ ရောက်သောအခါ၌ ထိတ်လန့်ဖွယ်ရာ တစ်စတစ်စ ကြီးမား ထွားကြိုင်းလာခဲ့ပြီး နားရွက်ကြီး နှစ်ဖက်က ဆင်နားရွက်များပမာ တစ်စတစ်စ ရှည်ထွက်လာပြီးနောက် များမကြာမီတွင် မျက်စိရှေ့မှောက် ရုတ်တရက် ပျောက်ကွယ်သွားလေတော့၏။

ထိုနေ့မှ စ၍ တစ်လတင်းတင်း မပြည့်မီ ရက်တွင် ဦးရဲနိုင်မှာ မိမိတို့နှင့် ကွင်းပိုင်ကြီးအကြောင်း လူသိမခံလိုသည်နှင့် အညီ သမီးဖြစ်သူအား အမဲသားများကို ရွာထဲ၌ မဝယ်စေဘဲ အိမ်နီးချင်း အခြားရွာများဆီ တိတ်တဆိတ် သွားရောက် ဝယ်ယူစေပြီး မကျက်တကျက် ချက်ပြုတ်ကြော်လှော်စေကာ ဇောင်ချမ်းပင်ကြီးအောက်မှာ ကွင်းပိုင် သဘက်ကြီးအား တလျက် ထမင်းဟင်းပွဲ တည်ပေးရလေ၏။ ဤသို့ လစဉ်လတိုင်း ဝတ္တရားမပြတ် ကျွေးမွေး ပြုစုပြီးပါက နောက်ရက်များတွင် သဘက်ကြီး ဦးရန်အောင် ရောက်ရောက်လာတတ်ပြီး ဦးရဲနိုင်တို့ သားအဖအား ကျေးဇူးတင်စကား ပြောကြားလေ့ ရှိ၏။

မည်သူကမျှ ယူမလုပ်ရဲခဲ့ကြသော မိမိတို့ ကွင်းပြင်ကြီးမှာတော့ နှစ်ပေါင်းများစွာ စွန့်ပယ်ပစ်ထား ခံရသည့်အတွက် ယခုအခါ မြေဆီမြေနှစ် အလွန်တရာ ကောင်းမွန်နေပြီး ဘာစိုက်စိုက် ဘာပျိုးပျိုး ဖြစ်ထွန်းမည့်ဟန် ကြင်အင်လက္ခဏာ ရှိသောကြောင့် ဦးရဲနိုင်သည် အမဲသားဝယ်ရင်း ပိုလျှံသမျှ အဖိုးအခများကို မျိုးကောင်းသည့် စပါးများ ဝယ်ယူ စိုက်ပျိုးလိုက်၏။ ထိုကဲ့သို့ စိုက်ပျိုးလာရာမှ ကာလအတန် ကြာသောအခါ ရင့်မှည့်ချိန်နား ရောက်သည်နှင့် အမျှ စပါးခင်းကြီးမှာ အဆံအပြည့်အဝများဖြင့် ကိုင်းကျကာ အထွက်တိုးမည့်ဟန် တကဲကဲ စိုင်းပြင်းနေလေတော့သတည်း။

စပါးခင်းကြီးအား ကြည့်၍ ဦးရဲနိုင်တို့ သားအဖမှာ ရွှင်လန်း ဝမ်းသာနေကြသလောက်၊ မြေယာပိုင်ရှင် ဦးဘောဂနှင့် အတူ တစ်ရွာစလုံးကတော့ ရင်တထိတ်ထိတ်ဖြင့် ဖြစ်နေကြပေပြီ။ ယခင်က ရာဇဝင်များအရ ဆိုလျှင် စပါးသိမ်းချိန် တန်သည်နှင့် တပြိုင်နက် စိုက်ယူ ပျိုးနှံသူများ သေဆုံးကြရမည် မဟုတ်သလော။ ထို့အတွက်ကြောင့် ရွာသူရွာသားအပေါင်းနှင့် လယ်သူဋ္ဌေး ဦးဘောဂတို့က စိုးရိမ်တကြီး သတိပေးကြလျှင် ဦးရဲနိုင်တို့ကလည်း သူတို့၏ လျှို့ဝှက်ချက်နှင့် သူတို့ ဖြစ်သဖြင့် အေးအေးလူလူပင် မိမိတို့ လုပ်စရာ ကိုင်စရာ ရှိသည်များကိုသာ ဆက်လက် လုပ်ကိုင်နေကြမြဲ ဖြစ်လေသည်။ ယင်းကဲ့သို့ သားအဖနှစ်ယောက်၏ အပြုအမှုကြောင့် လူများမှာ စုတ်တသပ်သပ် ဖြစ်နေကြပြီး၊ ဦးဘောဂမှာတော့ သူ၏ ဝတ္တရားအတိုင်း အကယ်၍ ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်ပျက်လာပါက မိမိနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ထပ်မံ သတိပေးပြီး များမကြာမီ ပေါ်ပေါက်လာမည့်အရေးကို တင်ကြိုတွေးလျက် စိတ်မကောင်းကြီးစွာဖြင့် ခေါင်းပင် တတွင်တွင်ခါလျက် ရှိတော့သည်။

စပါးရိတ်သိမ်းချိန် တန်လေပြီ။ တစ်ရွာစလုံး စိတ်ဝင်တစားနှင့် ဦးရဲနိုင်တို့ သားအဖနှစ်ယောက်ထဲက ဘယ်သူများ အရင်ဦးစွာ ကံဆိုးမိုးမှောင် ကျလေမလဲဟူသည့် ဆင်တူညီသော အတွေးကိုယ်စီဖြင့် အဆိုးသတင်းစကား နားစွင့်လျက် ရှိစဉ် နောက်ရက်များတွင်၌ ဦးရဲနိုင်တို့ သားအဖမှာ တပြုံးတရွှင်ဖြင့် လယ်သူဋ္ဌေး ဦးဘောဂထံ ရောက်ရှိလာကာ နဂိုက သူတို့ သဘောတူညီမှု ရှိခဲ့သည့်အတိုင်း အဖိုးအခများအား အပိုအလိုမရှိ ပေးချေလိုက်လေရာ တစ်ရွာစလုံးမှာ အံ့သြတကြီး ဖြစ်ကြရတော့၏။

“အေးဗျာ… ခင်ဗျားနဲ့ ကံစပ်တဲ့အတွက် အလဟသဖြစ်နေတဲ့ ကျုပ်ရဲ့ မြေကြီးဟာ အခုတော့ တန်ဖိုးရှိသွားတာပေါ့ ဦးရဲနိုင်။ နောက်နှစ်လည်း ခင်ဗျားပဲ ဒီမြေကြီးကို ဆက်ယူနိုင်ပါတယ်ဗျာ။ သူများတွေများ တစ်ဧက ငါးဆယ်လောက် ထွက်အောင်ကို မနည်းစိုက်ပျိုးကြရတာ ခင်ဗျားကျမှ ကံဆိုးလှပါချည်ရဲ့ ဆိုတဲ့ ဘယ်သူမှ အငှားမလုပ်ရဲတဲ့ ဒီမြေကြီးနဲ့ကိုမှ တစ်ဧက ရှစ်ဆယ်တောင်မှ အထွက်တိုးကြမ်းအောင် စိုက်ပျိုးပြမှတော့ ဒီကွင်းပြင်ကြီးက ခင်ဗျားတို့ သားအဖနဲ့ ကံစပ်လို့ပဲပေါ့ဗျာ”

ဝမ်းမြောက်ဝမ်းသာ ကမ်းလှမ်းလာသော ဦးဘောဂ၏ စကားကို အမှီပြု၍ ဦးရဲနိုင်မှာ ဇောင်ချမ်းပင်ကြီးအောက်၌ အမဲဟင်းနှင့် ထမင်းများ တည်ခင်းပြီးသည့် နောက်တစ်နေ့တွင် လာရောက် စကားပြောသည့် သဘက်ကြီးအား နောက်တစ်နှစ် ထပ်မံပြီး မိမိတို့ သားအဖအား ဆက်လက်လုပ်ပိုင်ခွင့် ပြုပါမည်လောဟု မေးမြန်းလေရာ သဘက်ကြီးက…

“ဒီမြေကို နောက်တစ်နှစ် ထပ်စိုက်လို့ ရမယ့် အဖိုးအခနဲ့ ခင်ဗျား အပိုင်ဝယ်ဖို့ ပြင်တော့ဗျာ။ အဲဒီအခါကျ အဿပြာ မလောက်ရင် ပြော၊ လိုအပ်သမျှ ကျုပ်စိုက်ပေးမယ်” ဟူ၍ ခွင့်ပြုရုံတင်မက အကြံဉာဏ်ကောင်းပါ ပေးလိုက်လေသည်။

ကွင်းပိုင် သဘက်ကြီး၏ ညွှန်းဆိုမှုအတိုင်း ဦးရန်နိုင်မှာ ဦးဘောဂထံ နောက်တစ်နှစ် ကောက်ရိတ်ချိန်ကျလျှင် ဤမြေကြီးကို ရောင်းပါမည်လောဟု မေးမြန်းရာ ဦးဘောဂမှာ မိမိအပိုင် ထားပါက ဒီတစ်နှစ် ကံဆိုးမိုးမှောင် မကျ၊ နောက်တစ်နှစ်နှစ်၌ ကျပါက ဝယ်ယူ ငှားရမ်းမည့်သူ နောက်တစ်ဦးတစ်ယောက် ထပ်မပေါ်နိုင်သည်မို့ ငှားရုံတင်မက အပိုင်ဝယ်ယူမည့် စကား ဆိုလာသောအခါ အတိုင်းထက်အလွန် ဝမ်းပန်းတသာ ဖြစ်ကာ ကာလပေါက်ဈေးထက် အဆများစွာ လျှော့ချ၍ ရောင်းဖို့ရန်ကို လှိုက်လှိုက်လှဲလှဲပင် သဘောတူညီလိုက်ပေသည်။

နောက်တစ်နှစ်တာမျှ ပြည့်မြောက်သောအခါတွင် ဦးရဲနိုင်တို့ သားအဖမှာ မည်သည့် ဘေးဥပါဒ်မှ မကျရောက်ပဲ စပါးပင်နှင့်တကွ စိုက်ပျိုးသီးနှံများ ထပ်မံ အောင်မြင်ပြန်ရကား ရိတ်သိမ်း ရောင်းချ ရသည့် အဖိုးအခများအပြင် အမဲသားဖိုးအဖြစ် လစဉ်လတိုင်း စွန့်ကြဲ ပေးကမ်းလေ့ ရှိသည့် သဘက်ကြီး၏ မြိတ်ထုံးရွှေဒင်္ဂါးပြားများမှ ပိုလျှံသမျှများကို အတော်အတန် စုမိစောင်းမိခဲ့ပြီ ဖြစ်သောကြောင့် ဤလယ်ယာမြေကြီးအား ဦးဘောဂထံမှ ဝယ်ယူလိုက်ချေ၏။ ထိုနောက်များတွင် သဘက်ကြီးက သူတို့ သားအဖအား ရွာအတွင်း မနေစေဘဲ ဤလယ်ယာရှိ လယ်စောင့်တဲနေရာ၌ ပျဉ်ထောင်အိမ်တစ်လုံးကို အစားထိုး ဆောက်လုပ် နေထိုင်စေခဲ့ပြန်သဖြင့် ဦးရဲနိုင်နှင့် သင်ဇာတို့မှာလည်း ရွာအတွင်းမှ လယ်ယာတောသို့ ပြောင်းရွှေ့ခဲ့ကြလေသည်။

နဂိုကတည်းကမှ အလုပ်ကြိုးစားသည့် သားအဖများ ဖြစ်သည့်အပြင် ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်၏ ကြည့်ရှု စောင့်ရှောက်မှုအောက်ရှိ လယ်ယာမြေကြီးကလည်း ဆထက်ပိုး အကျိုးက ပေးပြန်သေးတော့ တစ်ချိန်က ဆင်းရဲနုံချာခဲ့သော သူတို့ ဘဝမှာ ယခုအခါ တင့်တောင်းတင့်တယ် သာယာလှပလာချေပြီ။ ထို့နောက်တွင် ဦးရဲနိုင်တို့ သားအဖမှာ ရွာအတွင်းရှိ ဆင်းရဲနွမ်းပါးသူများ၏ သားသမီးများကို ရှင်ပြု ရဟန်းခံ အလှူအတန်းများ ရက်ရက်ရောရော ပြုလုပ်ပေးခြင်း၊ ထိုအလှူအတန်းများမှ ရသော ကောင်းမှူကုသိုလ် အမျှအတန်းများအား သဘက်ကြီး ဦးရန်အောင်ထံသို့ စိတ်မှ ရည်စူးပေးဝေခြင်းတို့ဖြင့် ကျေးဇူးပြန်ဆပ်၏။

ဤသို့ဖြင့် ရာသီအလီလီ ကူးလူးပြောင်းလဲကာ ကာလအတန်တန် ကြာညောင်းလာသောအခါ ဦးရဲနိုင်၏ သမီးမသင်ဇာသည်ပင် ရွာထဲမှ ကာလသားတစ်ဦးနှင့် ချစ်ကြိုက် စုံမက်ပြီး လက်ထက်မင်္ဂလာဆောင်သည့် အချိန်အထိ ရောက်ရှိလာခဲ့၏။ ထိုကဲ့သို့ အိမ်ထောင်ကျပြီးသောအခါ မသင်ဇာ၏ ယောက်ျား၊ ဦးရဲနိုင်၏ သမက်မှာ ယာထဲရှိ အိမ်၌ ရွှေ့ပြောင်း နေထိုင်လာသောအခါ ဦးရဲနိုင်တို့ သားအဖက ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်အကြောင်းအား အတိအလင်းရှင်းပြ၍ ထားပြီး အဆိုပါ လူကလည်း အကြောက်အလန့် မရှိသူမို့ သူတို့ ဤမိသားစုဝင် သုံးဦးမှာ များစွာ အဆင်ပြေလှတော့၏။

ထို့နောက် လေးငါးနှစ်မျှ ကြာလာသောအခါ တစ်ရက်သော နေ့တစ်နေ့၏ ညနေပိုင်းအချိန်တစ်ခု၌ ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်မှာ ရေးကြီးတခွင် ပုံစံဖြင့် ပေါက်ချလာပြီးနောက်…

“ကျုပ်တို့ ဒီအရပ်ကနေ ပြောင်းရွှေ့ကြရတော့မယ် ဦးရဲနိုင်ရေ။ အခုည ဆယ့်နှစ်နာရီတိတိမှာ ပြောင်းကြရတော့မှာ။ ဆိုတော့ကာ ဒီည ခင်ဗျားနဲ့ ခင်ဗျားရဲ့ သမက်က တစ်ယောက် ဓါးတစ်လက်စီ ကိုင်ပြီး ခင်ဗျားတို့ အိမ်ရှေ့လမ်းကနေ စောင့်နေကြဗျာ။ ပြီးရင် အဲဒီလမ်းကနေ ဘာတွေပဲ ဖြတ်လာဖြတ်လာ မြင်တွေ့ရသမျှ ဓါးတွေနဲ့သာ ဝိုင်းခုတ်ကြဗျို့။ ရဲရဲသာ ခုတ်၊ ပြတ်အောင်လည်း ခုတ်” ဟု ပြောကြားကာ ကြောက်ရွံ့ထိတ်လန့်စရာ သူ၏ သဘက်ရုပ်သွင်အမှန်အား နောက်ဆုံးအကြိမ်ဖြင့် အထင်အရှား ပြောင်းလဲပြပြီးနောက် ဦးရဲနိုင်၏ မျက်စိရှေ့မှောက် ပျောက်ကွယ်သွားလေသည်။

ထိုည ညဉ့်နက်သန်းခေါင်ယံ ဆယ့်နှစ်နာရီထိုး၌ သဘက်ကြီး မှာကြားခဲ့သည့်အတိုင်း ဦးရဲနိုင်နှင့် သမက်ဖြစ်သူတို့မှာ ငှက်ကြီးတောင် ဓါးတစ်လက်စီ ကိုင်ဆွဲကာ အိမ်ရှေ့ လမ်းတွင် ဖြတ်သန်းလာကြမည့် အမျိုးအမည်မသိ အရာများအား ရင်တမမဖြင့် စောင့်ဆိုင်းလျှက် ရှိနေကြ၏။ ယင်းအချိန်တွင်ပင် လူသံ,လှည်းသံများကို တစ်စွန်းတစ်စ ကြားလာကြရပြီး များမကြာမီမှာ လှည်းဆယ်စီတန်းကြီးမှာ ဟိုမှာဘက် ခပ်လှမ်းလှမ်းရှိ ဇောင်ချမ်းပင်အောက်မှ ထွက်ပေါ်လာတော့၏။ ထိုနွားလှည်းများပေါ်၌ အရွယ်အမယ်စုံ ယောက်ျား,မိန်းမများ၊ အဘိုးအို,အဘွားအိုများအပြင် နို့စို့ကလေးအရွယ်များပါ မကျန် စုပေါင်း၍ လိုက်ပါလာကြပြီး အချို့သူများမှာ သီချင်းများပင် တကြော်ကြော် သီဆိုလျက် ရှိကြသည်ဟူ၏။

ဤအခြင်းအရာများအား ကြည့်၍ ဦးရဲနိုင်နှင့် သမက်တို့မှာ တအံ့တသြ အမူအယာဖြင့် ကြက်သေ,သေလျက် ရှိကြတော့သည်။ ထိုစဉ် သမက်ဖြစ်သူမှာ သတိပြန်ဝင်လာပြီး…

“အဖေ အဖေ… ကျွန်တော်တို့ ခုတ်ရမှာ ဒါကြီးတွေကိုလား” ဟု ဆိုရင်း လက်မှ ဓါးကြီးအား ဆပြီး ယောက္ခမလုပ်သူအား လှမ်းမေးလာ၏။

“နေစမ်းပါဦးကွာ။ တော်ကြာ တောမှောက်သလို ဖြစ်ပြီး တကယ့်လူအစစ်တွေ ခုတ်မိနေမှဖြင့် တို့ အမှုပတ်နေလိမ့်မယ်။ စောင့်ကြည့်စမ်းပါဦး”

ဦးရဲနိုင်က သမက်ဖြစ်သူကို လှမ်းတားရင်း သတိပေးလိုက်စဉ် သူတို့ အရှေ့မှ နီးကပ်စွာ ဖြတ်သန်းသွားကြသည့် တစ်စီးပြီး တစ်စီးသော လှည်းများပေါ်မှ လူအများမှာ ငှက်ကြီးတောင်များ ကိုင်ဆောင်ထားသည့် မိမိတို့အား ရှိသည့်ဟန်ပင် မထင်ဘဲ အေးအေးလူလူပင် ရှိနေကြပေ၏။

ထိုသို့ဖြင့် တရုန်းရုန်းသော လှည်းတန်းကြီးသာ ပြီးဆုံးသွားပြီး ဦးရဲနိုင်နှင့် သမက်တို့မှာ ဘာမှ မခုတ်ရဲကြဘဲ ရှိနေစဉ် လှည်းတန်းများ နောက်က ကပ်လျက် လိုက်ပါလာကုန်သော အရွယ်အစားမျိုးစုံ မြွေသတ္တဝါများအား တွေ့ရှိကြရတော့၏။ တချို့မြွေများကား ပေါင်လုံးခန့်အထိ ကြီးပြီး၊ အချို့မြွေများမှာတော့ လက်သန်းလုံးခန့်အထိ သေးသည်ဟူ၏။

လှည်းပေါ်မှ လူများအား မခုတ်ရဲခဲ့သည့် ဦးရဲနိုင်နှင့် သမက်မှာ မြွေများကို တွေ့မြင်လိုက်ရချိန်မှာတော့ ဝမ်းသာအားရ ဖြစ်သွားကြပြီး နဂိုကမှ မြွေဆိုလျှင် မုန်းသည့် ဓါတ်အခံကြောင့် ဓါးများဖြင့် ဝိုင်းခုတ်ကြတော့သည်။ ထိုအခါ ဓါးချက် မိသွားသော မြွေများမှာ ခန္ဓာထက်ပိုင်း ပြတ်ထွက်ကုန်ကြသော်လည်း အထက်ပိုင်းများက ရှေ့သို့ ဆက်သွားနေပြီး၊ တချို့ ခေါင်းချည်း ကျန်တော့သည့် မြွေများမှာလည်း ဘာမှ မဖြစ်သလိုပင် ခေါင်းပြတ်နှင့် ရှေ့သို့ ဆက်သွားနေကြလေလျှင် ဦးရဲနိုင်တို့မှာ ခုတ်ပိုင်းနေရင်းက တအံ့တသြ ရှိလေကြတော့၏။

ထိုကဲ့သို့ ခုတ်ပိုင်းဖြတ်အပြီး မြွေတန်းကြီးပါ လှည်းတန်းကြီးနှင့် အတူ ထပ်ကြပ်မခွာ လိုက်ပါ ပျောက်ကွယ်သွားပြီးနောက်မှာတော့ ဦးရဲနိုင်နှင့် သမက်တို့လည်း ခပ်မောမော ရှိနေကြပြီး အရာရာသည် စောနကနှင့် မတူ ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားလေ၏။ ထို့နောက် ခဏအကြာ၌ ဦးရဲနိုင်တို့မှာ အိမ်ပေါ် တက်၍ မသင်ဇာကို နှိုးယူပြီး မီးတုတ်တစ်ချောင်းကို မီးထွန်းညှိလျက် လှည်းလမ်းအထက် ပြန်လာကြည့်ကြသောအခါ မြွေအပြတ်များမှာ ရွှေတုံးရွှေခဲများအဖြစ် ပြောင်းလဲနေကြောင်း အထူးအဆန်းပင် တွေ့ရှိလိုက်ကြရပါတော့သည်။

ဤသို့ဖြင့် ဦးရဲနိုင်တို့ မိသားစုမှာ လူချမ်းသာစာရင်း ဝင်လာခဲ့ပြီး ထိုရွာဝန်းကျင်တဝိုက်၌လည်း အလှူအတန်း အရက်ရောဆုံး ပုဂ္ဂိုလ်များအဖြစ် ထင်ရှားခဲ့လေတော့သတည်း။ ဦးရဲနိုင်တို့ မိသားစုမှာ တစ်ချိန်က ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်အား ရည်စူးကာ အလှူအတန်းအမျိုးမျိုးလည်း ပြုလုပ်ပေးကြပြီး နောင်ဘယ်သောအခါမှ ပြန်ဆုံမတွေ့ကြရတော့သည့် မိမိတို့၏ ကျေးဇူးရှင် သဘက်ကြီးအား သူတို့၏ မိသားစု အစဉ်အဆက်တလျှောက် အောက်မေ့သတိရ လွမ်းဆွတ်တမ်းတလျက် ရှိနေကြ၏။

(ယခု တင်ပြခဲ့သည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို တစ်ဆင့်ပြန်လည် ပြောပြခဲ့သူ အရှင်သိရီဓမ္မအားအား အထူးပင် ကျေးဇူးတင်ရှိပါသည်။)

ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်

Zawgyi Version

“ကြင္းပိုင္ သဘက္ႀကီး”(စ-ဆုံး)
————————————-
တစ္ေခတ္တစ္ခါတုန္းက ေအာက္ျမန္မာျပည္ဘက္ အရပ္ေဒသ ေက်းလက္ေတာ႐ြာတစ္႐ြာတြင္ လယ္ပိုင္ယာပိုင္ သူေ႒းႀကီး ဦးေဘာဂဆိုသည့္လူ ရွိခဲ့ဖူး၏။ ၎ဦးေဘာဂမွာ သူပိုင္ဆိုင္ရာ လယ္ယာဧက အေတာ္မ်ားမ်ားအား ျပန္လည္အငွားခ်ေလ့ရွိၿပီး ဘိုးစဥ္ေဘာင္ဆက္ လုပ္ကိုင္လာခဲ့ေသာ အဆိုပါလယ္ရွင္ယာရွင္ လုပ္ငန္းကိုသာ ဆက္လက္ထိန္းသိမ္း လုပ္ကိုင္လာခဲ့သူတစ္ဦးလည္း ျဖစ္သည္။ လယ္ယာဧကမ်ားစြာ ပိုင္ဆိုင္ေသာ ဦးေဘာဂ၏ လယ္ကြင္းလယ္ကြက္မ်ားမွာ ျပန္အငွားလုပ္သူမ်ား၏ ေကာက္ပဲသီးႏွံ စားပင္ေသာက္ပင္ စိုက္ပ်ိဳးခင္းမ်ားျဖင့္ စိမ္းစိုသာယာ လွပေနၿပီး ေက်းလက္ေတာ႐ြာဓေလ့တို႔၏ ဂုဏ္က်က္သေရမ်ားစြာျဖင့္ ပနံသင့္လွေပ၏။

တစ္ရက္ေသာအခါ ဦးေဘာဂတို႔ ႐ြာကို ဆင္းရဲ ႏြမ္းပါးပုံရသည့္ တစ္နယ္တစ္ေက်းမွ အေဖတစ္ခုသမီးတစ္ခုျဖစ္ေသာ သားအမိသားအဖႏွစ္ဦး ေျပာင္းေ႐ႊ႕လာခဲ့သည္။ ဖခင္ျဖစ္သူအမည္မွာ ဦးရဲႏိုင္ျဖစ္ၿပီး အသက္ ငါးဆယ္ဝန္းက်င္အ႐ြယ္ခန္႔ ရွိကာ သမီးျဖစ္သူ၏ နာမည္မွာေတာ့ မသင္ဇာျဖစ္၍ အသက္ ႏွစ္ဆယ္ဝန္းက်င္အ႐ြယ္ခန္႔ ရွိေလ၏။ အဆိုပါသားအဖႏွစ္ဦးမွာ လယ္ယာမ်ားရွင္ ဦးေဘာဂထံသို႔ လာေရာက္ၾကၿပီး ငွားရမ္းႏႈန္းခ လြန္စြာသက္သာလွေသာ လယ္ယာေျမကြက္ကို ေမးျမန္း စုံစမ္းေလရာ ဦးေဘာဂမွာ သူ႔အပိုင္ လယ္ယာဧက ကြက္အလြတ္အခ်ိဳ႕ကို လိုက္လံျပသေပးေလသည္။

ထိုသို႔ လိုက္လံ ျပသရာမွ တစ္ေနရာအေရာက္ အကြက္အကြင္း ေကာင္းေသာ္လည္း ႏွစ္ေပါင္းမ်ားစြာ စြန္႔ပစ္ထားသည့္ ဒဏ္ေၾကာင့္ လူသူေလးပါး ေျခာက္ကပ္ တိတ္ဆိတ္လွ်က္ ေျမလြတ္႐ိုင္းႀကီး ျဖစ္ေနရသည့္ ကြင္းျပင္က်ယ္ႀကီး တစ္ခုအား ဦးေဘာဂက ဖာသိဖာသာ ေက်ာ္ျဖတ္လာခဲ့ၿပီး ဘာမွ်မေျပာဘဲ ရွိေန၍ ဦးရဲႏိုင္က ယင္းလယ္ကြင္းက်ယ္၏ အဖိုးႏႈန္းထား ေမးျမန္းေလရာ ၎ကြင္းျပင္က်ယ္ႀကီးအား မည္သူမွ် အငွားမလုပ္ရဲၾကဟု ဆို၏။ အေၾကာင္းမွာ ယင္း ကြင္းျပင္ႀကီးတြင္ ေျဖရွင္းမရေသာ အထူးအဆန္း ရာဇဝင္ ရွိ၍ ဦးေဘာဂအေနျဖင့္ အငွားခ်မရ သည္အတိုင္း ပစ္ထားရသည္ ဟူ၏။

ထိုရာဇဝင္မွာကား ကြင္းျပင္သည္ မည္သို႔ေသာ အေၾကာင္းေၾကာင့္မွန္း မသိ၊ လယ္ယာ လာလုပ္သူမွန္သမွ် ခဏခဏ ေသေၾကၾကရျခင္းျဖစ္ၿပီး သာ၍ ထူးျခားသည္က အငွားလာလုပ္သူမ်ားမွာ စိုက္ခ်ိန္ ပ်ိဳးခ်ိန္၌ စဥ္ဆက္တေလွ်ာက္ ဘာမွ် မျဖစ္ပါဘဲ ရိတ္ခ်ိန္ သိမ္းခ်ိန္တန္မွ ပိုးထိျခင္း၊ ဖ်ားနာျခင္း၊ ႏွလုံးေသြးရပ္ျခင္း စေသာ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေသဆုံးၾကရျခင္း ျဖစ္သည္ဟု ဦးေဘာဂမွ ရွင္းလင္း ေျပာျပ၏။

ဦးေဘာဂတစ္သက္ႏွင့္ ဘိုးဘြားစဥ္ဆက္တေလွ်ာက္ အထက္ပါ ျဖစ္ရင္းအင္းမ်ားျဖင့္ နာမည္ႀကီးလ်က္ရွိေသာ ဤကြင္းျပင္ႀကီးအား တခ်ိဳ႕ကလည္း အယုံအၾကည္ မရွိ၍ေသာ္လည္းေကာင္း၊ အခ်ိဳ႕မွာလည္း ငွားရမ္းႏႈန္းခ လြန္စြာ သက္သာလြန္း၍ေသာ္လည္းေကာင္း စသျဖင့္ လူ႔သေဘာမေနာအရ စမ္းသပ္မႈ ျပဳၾကေသာအခါ ထိုသူမ်ားမွာ အဆုံး၌ ဇာတ္သိမ္းမလွ ျဖစ္ၾကရၿပီး ထိုသို႔ေသာ ျပႆနာ ကိစၥရပ္မ်ားေၾကာင့္ ထိုကြင္းျပင္ႀကီးမွာ လယ္ငွား လာလုပ္သူမ်ား လက္ေရွာင္လာေသာေၾကာင့္ ကာလအတန္ ၾကာေသာအခါ ေျမလြတ္႐ိုင္းႀကီး ျဖစ္ေနေလေတာ့သည္ဟု ဦးေဘာဂက ဆို၏။

ထိုအခါ ဦးရဲႏိုင္က မယုံၾကည္ျခင္း အလ်ဥ္းမဟုတ္ေသာ္လည္း ၾကပ္တည္း ခက္ခဲလွသည့္ မိမိတို႔ သားအဖ တတ္ႏိုင္သည့္ ေစ်းထက္ အဆမတန္ သက္သာလြန္းေနသည္က တစ္ေၾကာင္း၊ ျဖစ္ကာမွ ျဖစ္ေရာ မသကာ မိမိတို႔ အလွည့္က်မွ ကံေကာင္းေထာက္မစြာျဖင့္ ေဘးမက်ႏိုင္ေလာက္ပါဟု ေမွ်ာ္လင့္မိသည္က တစ္ေၾကာင္း စသည့္ အေၾကာင္းမ်ားေၾကာင့္ ထိုလယ္ကြင္းႀကီးအား ငွားလုပ္လိုေၾကာင္း ေျပာေလေတာ့ရာ အမႈမပတ္လိုေသာ ဦးေဘာဂမွာ ေၾကာက္လန္႔တၾကား ျငင္းဆန္ ပယ္ခ်ကာ မငွားလိုေၾကာင္း ေျပာဆို တားျမစ္ေလ၏။

သို႔ပါေသာ္လည္း အႀကိမ္ႀကိမ္ ေတာင္းဆို ကမ္းလွမ္းေနသည့္ ဦးရဲႏိုင္၏ ဇြဲနဘဲေၾကာင့္ တားျမစ္ႏိုင္စြမ္း မရွိေတာ့သူ ဦးေဘာဂလည္း ေနာက္ဆုံး၌ တစ္စုံတစ္ခုေသာ ဆိုးက်ိဳးဥပါဒ္ ျဖစ္ေပၚလာပါက မိမိတြင္ တာဝန္မရွိေၾကာင္း အတိအလင္း ေျပာဆို ဖြင့္ဟကာ စပါးတစ္ရာလွ်င္ သုံးဆယ္စားေပး အဖိုးအချဖင့္ ခြင့္ျပဳ ငွားရမ္းလိုက္ေတာ့၏။

ထိုေန႔အၿပီး ေနာက္ရက္မ်ားတြင္ လူစြန္႔စား သားအဖႏွစ္ဦးဟုပင္ ဆိုရမည့္ ဦးရဲႏိုင္ႏွင့္ မသင္ဇာတို႔မွာ ေျမ႐ိုင္းကြင္းႀကီးအား အလုပ္သမား မငွားႏိုင္သည္ ျဖစ္၍ ကိုယ္တိုင္ကိုယ္က် ခုတ္ထြင္ ရွင္းလင္းၾကရေလသည္။ ႏွစ္ေပါင္းမ်ားစြာ ဖယ္ၾကဥ္ခံထားရျခင္း၊ စြန္႔ပယ္ ပစ္ထားၾကျခင္းတို႔ေၾကာင့္ ယင္းလယ္ကြင္းႀကီးမွာ ခ်ဳံႏြယ္ပိတ္ေပါင္းႏွင့္ ျမက္႐ိုင္းေတာတို႔ျဖင့္ ျပည့္သိပ္ေနေလရာ ဦးရဲႏိုင္တို႔ သားအဖခမ်ာ အားသြန္ခြန္စိုက္ ျပဳကာ ရက္အတန္ၾကာ ရွင္းလင္းေနၾကရ၏။

ထိုသို႔ ရွင္းလင္းရာ၌ ကြင္းျပင္စပ္၏ အနားစြန္း ကန္သင္း႐ိုးေပၚရွိ ေဇာင္ခ်မ္းပင္ႀကီး တစ္ပင္နံေဘး ကပ္ရပ္တြင္ ေတာင္မို႔သဏၭာန္ ေျမကမုတစ္ခုကို ဦးရဲႏိုင္က ေတြ႕ရွိရ၍ မလွမ္းမကမ္းက သမီးျဖစ္သူအား ေခၚၿပီးေနာက္…

“သင္ဇာ သမီးေလးေရ၊ ေဟာ ဟိုနားက ေျမကမုေလးတစ္ခု သမီးေတြ႕လား။ အေဖတို႔က လယ္ကို ေရသြင္းတဲ့အခါက် အဲဒီကမုေလးဟာ ေရမေရာက္ႏိုင္တဲ့ ေနရာဆိုေတာ့ကာ ငါ့သမီးေလးက အဲဒီမွာ သီးပင္စားပင္ေတြ စိုက္ပ်ိဳးဖို႔အတြက္ ေျမသြားညႇိေခ်၊ ဟုတ္ပလား။ က်န္တဲ့အလုပ္ေတြ အေဖလုပ္ထားလိုက္မယ္” ဟု ဆိုကာ အခိုင္းလိုက္ေလ၏။

ဖခင္ျဖစ္သူ ၫႊန္းဆို ေစခိုင္းမႈေၾကာင့္ မသင္ဇာတစ္ေယာက္ ေပါက္ျပားတစ္လက္ျဖင့္ ကန္သင္း႐ိုးထက္က ေတာင္မို႔ကို တျဖည္းျဖည္းခ်င္း ညႇိလာေနရင္း သုံးေလးရက္မွ် ၾကာေသာအခါ တစ္ခုေသာ ေန႔လည္ေန႔ခင္း၌ အလုပ္လုပ္ေနစဥ္ မိမိနံေဘး မတ္တတ္ လာရပ္ေနသည့္ ေျခအစုံတစ္ခုအား သတိထားမိ၍ ေမာ့ၾကည့္ရာ မိန္းမႀကီးတစ္ဦး ျဖစ္ေနေၾကာင္းကို ေတြ႕ရွိရ၏။

အဆိုပါ မိန္းမႀကီးမွာ ခက္ထန္ေသာ အသြင္သဏၭာန္ ရွိကာ ခါးကို ေထာက္၍ သူ႔အား ေစ့ေစ့ၾကည့္လ်က္ ရွိေနၿပီး ပါးစပ္က…

“ညည္းတို႔က ကိုယ့္ေျမကိုယ့္ယာ မဟုတ္ဘဲ ဒီေနရာမွာ ကိုယ္ထင္ရာ လာစိုင္းေနၾကပါလား” ဟု ခပ္တင္းတင္း ဆိုရင္း ေဆာင့္ႀကီးေအာင့္ႀကီးျဖင့္ အနီးရွိ ေဇာင္ခ်မ္းပင္ႀကီးဘက္သို႔ ေလွ်ာက္လွမ္းသြားၿပီးေနာက္ ထိုအပင္ႀကီးေအာက္ ေရာက္ေသာအခါ မသင္ဇာ့မ်က္စိေရွ႕ေမွာက္မွာတင္ ႐ုတ္တရက္ပင္ ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္သြားေလေတာ့သည္။

ယင္းအျခင္းအရာအား ျမင္ေတြ႕လိုက္ရေသာ မသင္ဇာခမ်ာ ေၾကာက္လန္႔သြားၿပီး တစ္ေနရာတြင္ ခုတ္ထြင္ ရွင္းလင္းလ်က္ ရွိသည့္ ဖခင္ျဖစ္သူ ဦးရဲႏိုင္ထံ အေမာတေကာ ေျပးခ်သြားကာ ေစာနက ႀကဳံေတြ႕ခဲ့ရသမွ် အက်ိဳးအေၾကာင္း ေျပာျပလိုက္၏။ သမီးျဖစ္သူ၏ ေျပာစကားကို အေသအခ်ာ နားေထာင္ၿပီးေနာက္ ဦးရဲႏိုင္က…

“ဒီမယ္ ငါ့သမီး… ခဏေနက် ႐ြာထဲကို သြားၿပီး ၾကက္တစ္ေကာင္ ဝယ္။ ၿပီးရင္ တဲဆီ ျပန္ၿပီး အဲဒီၾကက္ေရာ ထမင္းတစ္အိုးပါ အက်အန ခ်က္ျပဳတ္ ေၾကာ္ေလွာ္ၿပီးေတာ့ ဒီကို ယူလာေခ်” ဟု ခိုင္းလိုက္ေလသည္။

နာရီအနည္းငယ္မွ် ၾကာျမင့္ေသာအခါ သမီးျဖစ္သူမွာ ဖခင္၏ ဆိုစကားအတိုင္း ၾကက္သားဟင္းအိုးေရာ ထမင္းအိုးေကာပါ ေတာင္းတစ္ခုထဲ ထည့္႐ြက္၍ လယ္ထဲ ျပန္လာခဲ့၏။ ထိုေနာက္မွာေတာ့ သူစိမ္းမိန္းမႀကီး ေပ်ာက္ကြယ္သြားသည့္ ေနရာ ေဇာင္ခ်မ္းပင္နားတစ္ဝိုက္ သန္႔ရွင္းေရး ျပဳလုပ္ေနႏွင့္ေသာ ဦးရဲႏိုင္က ထမင္းအိုး ဟင္းအိုးမ်ားကို ထုတ္ယူ လွန္ေလွာကာ ေတာင္းအတြင္း၌ အသင့္ပါလာေသာ ခပ္ႀကီးႀကီး ဇလုံတစ္ခုထဲ ထမင္းဟင္းမ်ား အလွ်ံအပယ္ ခူးခပ္ထည့္လိုက္ၿပီး ပင္စည္ေျခရင္းနား ဖက္႐ြက္ႀကီးတစ္႐ြက္ ျဖန္႔ခင္းလ်က္ ၎အေပၚမွ ဇလုံကို တင္ကာ သူ၏ ႏႈတ္မွေန၍…

“ဤကြင္းျပင္အား အပိုင္စားရေသာ ပုဂၢိဳလ္အေပါင္းတို႔ခင္ဗ်ာ… ဆင္းရဲႏုံခ်ာ မေျပလည္ရွာေသာ ကြၽႏ္ုပ္ ဦးရဲႏိုင္ႏွင့္ သမီးျဖစ္သူ မသင္ဇာတို႔အေနနဲ႔ ဒီေနရာမွာ အမွားအယြင္းမ်ား က်ဴးလြန္ခဲ့သည္ရွိေသာ္ ခြင့္လႊတ္ၾကပါရန္ ဤထမင္းဦး ဟင္းဦးမ်ားျဖင့္ အႏူးအၫႊတ္ ေတာင္းပန္အပ္ပါသည္ခင္ဗ်ာ။ ထို႔အျပင္ကို သင္တို႔ ဤကြင္းျပင္၌ မရွိဆင္းရဲသား ကြၽႏ္ုပ္တို႔ သားအဖအား လယ္ယာစိုက္ပ်ိဳးခြင့္မ်ား ေပးသနားပါရန္လည္း ထပ္မံ ေတာင္းဆိုအပ္ပါသည္” ဟု ဆိုကာ ပသလိုက္ၿပီးေနာက္ သမီးျဖစ္သူကိုပါ ဆက္လက္ေတာင္းပန္ခိုင္းေလ၏။

ထိုတစ္ေန႔ အလုပ္သိမ္း အိမ္ျပန္ၿပီး ေနာက္တစ္ေန႔ လယ္အတြင္း ျပန္လာၾကေသာအခါ ေဇာင္ခ်မ္းပင္ေအာက္က ဖက္႐ြက္ခင္း ဇလုံႀကီးထဲ ထမင္းဟင္းမ်ား လုံးဝမက်န္ေတာ့ဘဲ တစ္စုံတစ္ဦးမွ ေဆးေၾကာ၍ သုတ္သင္ေပးထားပုံျဖင့္ ေျပာင္ေခ်ာ သန္႔ရွင္းကာ ေနရာတြင္ပင္ ပုံစံမပ်က္ ရွိေနေလ၏။

ထိုအခါမွ ဦးရဲႏိုင္တို႔ သားအဖလည္း လိပ္ျပာသန္႔သန္႔ႏွင့္ ေနာက္ဆန္မတင္းစြာ ခုတ္ထြင္ ရွင္းလင္းျခင္းမ်ားအား ဆက္လက္လုပ္ကိုင္ရဲၾကသည္။ ထိုေန႔ ညေနေစာင္းေလာက္ အေရာက္တြင္ လယ္ကန္သင္း႐ိုးေပၚမွ လူတစ္ေယာက္ မိမိတို႔ ရွိရာ လမ္းေလွ်ာက္လာေနသည္ကို ဦးရဲႏိုင္ ေတြ႕ရွိလိုက္ရ၏။ ထိုသူမွာ သူ႔ထက္ အသက္အ႐ြယ္ အနည္းငယ္ ႀကီးပုံရေသာ အသားညိဳညိဳ၊ အရပ္ရွည္ရွည္၊ ခပ္ပိန္ပိန္ ကိုယ္ဟန္သဏၭာန္ ရွိသည့္ ေယာက္်ားႀကီးတစ္ဦး ျဖစ္ၿပီး ဖ်င္ၾကမ္းတိုက္ပုံအား ရင္ဘက္ေဟာင္းေလာင္းဖြင့္၍ ဝတ္ဆင္ထားေပသည္။

ယင္းလူႀကီးမွာ ခပ္လွမ္းလွမ္း တစ္ေနရာတြင္ ခါးေထာက္၍ ရပ္လိုက္ၿပီး…

“ဒီလာပါဦးဗ်” ဟု လွမ္းေခၚလာ၏။

စိတ္ထဲ တစ္မ်ိဳးႀကီး ျဖစ္ေနေသာ ဦးရဲႏိုင္မွာ သမီးလုပ္သူအား သတိျဖင့္ ေနခဲ့ရန္ လက္တို႔ မွာၾကားၿပီး လူႀကီး လွမ္းေခၚရာ ေနရာသို႔ မဆိုင္းမတြ သြားေရာက္လိုက္၏။ သူစိမ္းလူႀကီးအနား ေရာက္ေသာအခါ ထိုလူႀကီးမွာ မ်က္တြင္းမ်ားက ခ်ိဳင့္ဝင္လွ်က္ ရွိၿပီး၊ ၿပဳံးေယာင္သန္း၍ ၿပဲလွန္ေနဟန္ ရွိေသာ ပါးစပ္ေပါက္၊ က်ယ္ျပန္႔စြာ ကားထြက္လွ်က္ ရွိေသာ နား႐ြက္ႏွစ္ဖက္တို႔မွာ အခ်ိဳးအစား မမွ်ပဲ သာမန္ထက္ ႀကီးမားသေယာင္ ရွိေနသည္ကို ေတြ႕ျမင္ရေလသည္။

“ဘာကိစၥရွိလို႔ပါလိမ့္ဗ်ာ”

“ေၾသာ္… မေန႔က ခင္ဗ်ားတို႔ သားအဖ ခ်က္ျပဳတ္ ေကြၽးေမြးတဲ့ ထမင္းဟင္းေတြ က်ဳပ္တို႔ စားရတဲ့အေၾကာင္း လာေျပာျပတာပါဗ်။ ဒီလို စားေကာင္းေသာက္ေကာင္းေတြနဲ႔ တည္ခင္း ေကြၽးေမြးခဲ့တဲ့အတြက္ အရမ္းလည္း ေက်းဇူးတင္ထိုက္တယ္လို႔ ထင္ျမင္မိတယ္ေလ”

“ဟာ… ရ ရပါတယ္ဗ်။ ဘာ ဘာမွ အပန္းမႀကီးပါဘူး။ က်ဳပ္တို႔ သားအဖႏွစ္ေယာက္ မွားခဲ့တာ ရွိရင္သာ ခြင့္လႊတ္ဗ်ိဳ႕”

“ေကာင္းၿပီေလ… ခင္ဗ်ားေျပာတဲ့အတိုင္း ခြင့္လႊတ္ေပးပါၿပီရဲ႕၊ က်ဳပ္ ေတာင္းဆိုခ်င္တာေလးေတြကိုေရာ လုပ္ေပးႏိုင္ပါ့မလား”

“ဟာ… လုပ္ လုပ္ေပးႏိုင္လိမ့္မယ္ ထင္ပါတယ္ဗ်။ ဘာမ်ားလဲ ေျပာစမ္းၾကည့္ပါဦး”

“ေနာက္တစ္ေခါက္က် အမဲသား တစ္ပိႆာေလာက္ ဝယ္ျခမ္းၿပီး မက်က္တက်က္ ခ်က္ေကြၽးစမ္းပါဗ်ာ။ ထမင္း ေလးလုံးခ်က္လည္း ပါပေစေပါ့။ တစ္လကိုမွ တစ္ႀကိမ္ေလာက္ပါပဲ”

“ဟုတ္… ဟုတ္ကဲ့။ ရေတာ့ ရပါရဲ႕၊ ဒါေပမယ့္ေလ၊ ဒီအရပ္မွာ အမဲသားက အဝယ္ရခက္ၿပီး က်ဳပ္တို႔ သားအဖမွာလည္း ေငြေရးေၾကးေရးက ခ်ိဳ႕တဲ့ေလေတာ့ ၾကက္သားေလာက္နဲ႔ပဲ အဆင္မေျပဘူးလားခင္ဗ်ာ”

“အႆျပာအတြက္ေတာ့ မပူပါနဲ႔ဗ်ာ။ ကိုင္း… ေရာ့၊ ေဟာဒီမွာ။ ဒါနဲ႔ ဝယ္ခ်က္၊ ဟုတ္ၿပီလား”

ေျပာရင္းဆိုရင္းျဖင့္ သူစိမ္းလူႀကီးမွာ ရင္ဟ ဝတ္ထားေသာ တိုက္ပုံဖ်င္ၾကမ္း ေဘးအိတ္ကပ္မွ တစ္စုံတစ္ရာအား ထုတ္ယူကာ ဦးရဲႏိုင္ထံ ကမ္းေပးလိုက္ေလသည္။

လက္ထဲ ေရာက္လာေသာ အရာမ်ားကို ၾကည့္လိုက္ေတာ့မွ ဦးရဲႏိုင္တစ္ေယာက္ အထူးအဆန္း မွင္တက္ အံ့ၾသမိေနေတာ့၏။ အေၾကာင္းသည္ကား အဆိုပါ အရာမ်ားမွာ ၿမိတ္ထုံးေ႐ႊဒဂၤါး ႏွစ္ျပား ျဖစ္၍ ဟူ၏။

“ေဟာဗ်ာ… ဒီေလာက္ႀကီးလည္း မလိုပါဘူး ေနာင္ႀကီးရာ။ တစ္ျပားေတာင္မွ အေတာ့္ကို လြန္လွပါၿပီ”

“ေၾသာ္… ယူသာထားလိုက္ပါဗ်ာ။ ပိုသမွ် ခင္ဗ်ားလိုတာ သုံးေပါ့။ ကုန္ရင္လည္း ေျပာ၊ က်ဳပ္ ထပ္ေပးမယ္။ ကိုင္း… ခင္ဗ်ားအလုပ္ေတြလည္း ရွိေသးရဲ႕ မဟုတ္လား။ က်ဳပ္လည္း ျပန္လိုက္ဦးမယ္ဗ်ာ။ က်ဳပ္ေတာင္းဆိုတာေလးေတြ လုပ္ေပးရင္ က်ဳပ္ကလည္း တစ္ျပန္ ခင္ဗ်ားတို႔ သားအဖကို ၾကည့္ရႈ ေစာင့္ေရွာက္မွာပါ”

“ေနပါဦးခင္ဗ်ာ၊ ေနာင္ႀကီးက ဘယ္သူမ်ားလဲ ေျပာျပခဲ့ပါဦး”

“အဲဗ်ာ… အဟုတ္သား၊ မိတ္ဆက္ဖို႔ကို ေမ့ေနလိုက္တာမ်ား။ မွတ္ထားဦးဗ်… က်ဳပ္နာမည္က သဘက္ႀကီး ဦးရန္ေအာင္တဲ့။ ေဟာဒီက ခင္ဗ်ားတို႔ ခုတ္ထြင္ ရွင္းလင္းေနတဲ့ ကြင္းျပင္ႀကီးကို အပိုင္စားရတဲ့ ကြင္းပိုင္ႀကီးေပါ့ဗ်ာ။ ကဲ၊ ျပန္ၿပီဗ်ိဳ႕”

က်န္ရစ္ခဲ့သူ သားအဖမွာ အေတြးေပါင္းမ်ားစြာျဖင့္ ေဝခြဲမရ ကိုယ္စီ ရွိေနဆဲတြင္ ထြက္ခြာသြားေသာ အဆိုပါ ကြင္းပိုင္ သဘက္ႀကီး ဦးရန္ေအာင္ဆိုသည့္ လူႀကီး၏ ကိုယ္ခႏၶာမွာ ခပ္လွမ္းလွမ္း တစ္ေနရာသို႔ ေရာက္ေသာအခါ၌ ထိတ္လန္႔ဖြယ္ရာ တစ္စတစ္စ ႀကီးမား ထြားႀကိဳင္းလာခဲ့ၿပီး နား႐ြက္ႀကီး ႏွစ္ဖက္က ဆင္နား႐ြက္မ်ားပမာ တစ္စတစ္စ ရွည္ထြက္လာၿပီးေနာက္ မ်ားမၾကာမီတြင္ မ်က္စိေရွ႕ေမွာက္ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားေလေတာ့၏။

ထိုေန႔မွ စ၍ တစ္လတင္းတင္း မျပည့္မီ ရက္တြင္ ဦးရဲႏိုင္မွာ မိမိတို႔ႏွင့္ ကြင္းပိုင္ႀကီးအေၾကာင္း လူသိမခံလိုသည္ႏွင့္ အညီ သမီးျဖစ္သူအား အမဲသားမ်ားကို ႐ြာထဲ၌ မဝယ္ေစဘဲ အိမ္နီးခ်င္း အျခား႐ြာမ်ားဆီ တိတ္တဆိတ္ သြားေရာက္ ဝယ္ယူေစၿပီး မက်က္တက်က္ ခ်က္ျပဳတ္ေၾကာ္ေလွာ္ေစကာ ေဇာင္ခ်မ္းပင္ႀကီးေအာက္မွာ ကြင္းပိုင္ သဘက္ႀကီးအား တလ်က္ ထမင္းဟင္းပြဲ တည္ေပးရေလ၏။ ဤသို႔ လစဥ္လတိုင္း ဝတၱရားမျပတ္ ေကြၽးေမြး ျပဳစုၿပီးပါက ေနာက္ရက္မ်ားတြင္ သဘက္ႀကီး ဦးရန္ေအာင္ ေရာက္ေရာက္လာတတ္ၿပီး ဦးရဲႏိုင္တို႔ သားအဖအား ေက်းဇူးတင္စကား ေျပာၾကားေလ့ ရွိ၏။

မည္သူကမွ် ယူမလုပ္ရဲခဲ့ၾကေသာ မိမိတို႔ ကြင္းျပင္ႀကီးမွာေတာ့ ႏွစ္ေပါင္းမ်ားစြာ စြန္႔ပယ္ပစ္ထား ခံရသည့္အတြက္ ယခုအခါ ေျမဆီေျမႏွစ္ အလြန္တရာ ေကာင္းမြန္ေနၿပီး ဘာစိုက္စိုက္ ဘာပ်ိဳးပ်ိဳး ျဖစ္ထြန္းမည့္ဟန္ ၾကင္အင္လကၡဏာ ရွိေသာေၾကာင့္ ဦးရဲႏိုင္သည္ အမဲသားဝယ္ရင္း ပိုလွ်ံသမွ် အဖိုးအခမ်ားကို မ်ိဳးေကာင္းသည့္ စပါးမ်ား ဝယ္ယူ စိုက္ပ်ိဳးလိုက္၏။ ထိုကဲ့သို႔ စိုက္ပ်ိဳးလာရာမွ ကာလအတန္ ၾကာေသာအခါ ရင့္မွည့္ခ်ိန္နား ေရာက္သည္ႏွင့္ အမွ် စပါးခင္းႀကီးမွာ အဆံအျပည့္အဝမ်ားျဖင့္ ကိုင္းက်ကာ အထြက္တိုးမည့္ဟန္ တကဲကဲ စိုင္းျပင္းေနေလေတာ့သတည္း။

စပါးခင္းႀကီးအား ၾကည့္၍ ဦးရဲႏိုင္တို႔ သားအဖမွာ ႐ႊင္လန္း ဝမ္းသာေနၾကသေလာက္၊ ေျမယာပိုင္ရွင္ ဦးေဘာဂႏွင့္ အတူ တစ္႐ြာစလုံးကေတာ့ ရင္တထိတ္ထိတ္ျဖင့္ ျဖစ္ေနၾကေပၿပီ။ ယခင္က ရာဇဝင္မ်ားအရ ဆိုလွ်င္ စပါးသိမ္းခ်ိန္ တန္သည္ႏွင့္ တၿပိဳင္နက္ စိုက္ယူ ပ်ိဳးႏွံသူမ်ား ေသဆုံးၾကရမည္ မဟုတ္သေလာ။ ထို႔အတြက္ေၾကာင့္ ႐ြာသူ႐ြာသားအေပါင္းႏွင့္ လယ္သူေ႒း ဦးေဘာဂတို႔က စိုးရိမ္တႀကီး သတိေပးၾကလွ်င္ ဦးရဲႏိုင္တို႔ကလည္း သူတို႔၏ လွ်ိဳ႕ဝွက္ခ်က္ႏွင့္ သူတို႔ ျဖစ္သျဖင့္ ေအးေအးလူလူပင္ မိမိတို႔ လုပ္စရာ ကိုင္စရာ ရွိသည္မ်ားကိုသာ ဆက္လက္ လုပ္ကိုင္ေနၾကၿမဲ ျဖစ္ေလသည္။ ယင္းကဲ့သို႔ သားအဖႏွစ္ေယာက္၏ အျပဳအမႈေၾကာင့္ လူမ်ားမွာ စုတ္တသပ္သပ္ ျဖစ္ေနၾကၿပီး၊ ဦးေဘာဂမွာေတာ့ သူ၏ ဝတၱရားအတိုင္း အကယ္၍ ဆိုးဆိုး႐ြား႐ြား တစ္ခုခု ျဖစ္ပ်က္လာပါက မိမိႏွင့္ လုံးဝသက္ဆိုင္ျခင္း မရွိေၾကာင္း ထပ္မံ သတိေပးၿပီး မ်ားမၾကာမီ ေပၚေပါက္လာမည့္အေရးကို တင္ႀကိဳေတြးလ်က္ စိတ္မေကာင္းႀကီးစြာျဖင့္ ေခါင္းပင္ တတြင္တြင္ခါလ်က္ ရွိေတာ့သည္။

စပါးရိတ္သိမ္းခ်ိန္ တန္ေလၿပီ။ တစ္႐ြာစလုံး စိတ္ဝင္တစားႏွင့္ ဦးရဲႏိုင္တို႔ သားအဖႏွစ္ေယာက္ထဲက ဘယ္သူမ်ား အရင္ဦးစြာ ကံဆိုးမိုးေမွာင္ က်ေလမလဲဟူသည့္ ဆင္တူညီေသာ အေတြးကိုယ္စီျဖင့္ အဆိုးသတင္းစကား နားစြင့္လ်က္ ရွိစဥ္ ေနာက္ရက္မ်ားတြင္၌ ဦးရဲႏိုင္တို႔ သားအဖမွာ တၿပဳံးတ႐ႊင္ျဖင့္ လယ္သူေ႒း ဦးေဘာဂထံ ေရာက္ရွိလာကာ နဂိုက သူတို႔ သေဘာတူညီမႈ ရွိခဲ့သည့္အတိုင္း အဖိုးအခမ်ားအား အပိုအလိုမရွိ ေပးေခ်လိုက္ေလရာ တစ္႐ြာစလုံးမွာ အံ့ၾသတႀကီး ျဖစ္ၾကရေတာ့၏။

“ေအးဗ်ာ… ခင္ဗ်ားနဲ႔ ကံစပ္တဲ့အတြက္ အလဟသျဖစ္ေနတဲ့ က်ဳပ္ရဲ႕ ေျမႀကီးဟာ အခုေတာ့ တန္ဖိုးရွိသြားတာေပါ့ ဦးရဲႏိုင္။ ေနာက္ႏွစ္လည္း ခင္ဗ်ားပဲ ဒီေျမႀကီးကို ဆက္ယူႏိုင္ပါတယ္ဗ်ာ။ သူမ်ားေတြမ်ား တစ္ဧက ငါးဆယ္ေလာက္ ထြက္ေအာင္ကို မနည္းစိုက္ပ်ိဳးၾကရတာ ခင္ဗ်ားက်မွ ကံဆိုးလွပါခ်ည္ရဲ႕ ဆိုတဲ့ ဘယ္သူမွ အငွားမလုပ္ရဲတဲ့ ဒီေျမႀကီးနဲ႔ကိုမွ တစ္ဧက ရွစ္ဆယ္ေတာင္မွ အထြက္တိုးၾကမ္းေအာင္ စိုက္ပ်ိဳးျပမွေတာ့ ဒီကြင္းျပင္ႀကီးက ခင္ဗ်ားတို႔ သားအဖနဲ႔ ကံစပ္လို႔ပဲေပါ့ဗ်ာ”

ဝမ္းေျမာက္ဝမ္းသာ ကမ္းလွမ္းလာေသာ ဦးေဘာဂ၏ စကားကို အမွီျပဳ၍ ဦးရဲႏိုင္မွာ ေဇာင္ခ်မ္းပင္ႀကီးေအာက္၌ အမဲဟင္းႏွင့္ ထမင္းမ်ား တည္ခင္းၿပီးသည့္ ေနာက္တစ္ေန႔တြင္ လာေရာက္ စကားေျပာသည့္ သဘက္ႀကီးအား ေနာက္တစ္ႏွစ္ ထပ္မံၿပီး မိမိတို႔ သားအဖအား ဆက္လက္လုပ္ပိုင္ခြင့္ ျပဳပါမည္ေလာဟု ေမးျမန္းေလရာ သဘက္ႀကီးက…

“ဒီေျမကို ေနာက္တစ္ႏွစ္ ထပ္စိုက္လို႔ ရမယ့္ အဖိုးအခနဲ႔ ခင္ဗ်ား အပိုင္ဝယ္ဖို႔ ျပင္ေတာ့ဗ်ာ။ အဲဒီအခါက် အႆျပာ မေလာက္ရင္ ေျပာ၊ လိုအပ္သမွ် က်ဳပ္စိုက္ေပးမယ္” ဟူ၍ ခြင့္ျပဳ႐ုံတင္မက အႀကံဉာဏ္ေကာင္းပါ ေပးလိုက္ေလသည္။

ကြင္းပိုင္ သဘက္ႀကီး၏ ၫႊန္းဆိုမႈအတိုင္း ဦးရန္ႏိုင္မွာ ဦးေဘာဂထံ ေနာက္တစ္ႏွစ္ ေကာက္ရိတ္ခ်ိန္က်လွ်င္ ဤေျမႀကီးကို ေရာင္းပါမည္ေလာဟု ေမးျမန္းရာ ဦးေဘာဂမွာ မိမိအပိုင္ ထားပါက ဒီတစ္ႏွစ္ ကံဆိုးမိုးေမွာင္ မက်၊ ေနာက္တစ္ႏွစ္ႏွစ္၌ က်ပါက ဝယ္ယူ ငွားရမ္းမည့္သူ ေနာက္တစ္ဦးတစ္ေယာက္ ထပ္မေပၚႏိုင္သည္မို႔ ငွား႐ုံတင္မက အပိုင္ဝယ္ယူမည့္ စကား ဆိုလာေသာအခါ အတိုင္းထက္အလြန္ ဝမ္းပန္းတသာ ျဖစ္ကာ ကာလေပါက္ေစ်းထက္ အဆမ်ားစြာ ေလွ်ာ့ခ်၍ ေရာင္းဖို႔ရန္ကို လႈိက္လႈိက္လွဲလွဲပင္ သေဘာတူညီလိုက္ေပသည္။

ေနာက္တစ္ႏွစ္တာမွ် ျပည့္ေျမာက္ေသာအခါတြင္ ဦးရဲႏိုင္တို႔ သားအဖမွာ မည္သည့္ ေဘးဥပါဒ္မွ မက်ေရာက္ပဲ စပါးပင္ႏွင့္တကြ စိုက္ပ်ိဳးသီးႏွံမ်ား ထပ္မံ ေအာင္ျမင္ျပန္ရကား ရိတ္သိမ္း ေရာင္းခ် ရသည့္ အဖိုးအခမ်ားအျပင္ အမဲသားဖိုးအျဖစ္ လစဥ္လတိုင္း စြန္႔ႀကဲ ေပးကမ္းေလ့ ရွိသည့္ သဘက္ႀကီး၏ ၿမိတ္ထုံးေ႐ႊဒဂၤါးျပားမ်ားမွ ပိုလွ်ံသမွ်မ်ားကို အေတာ္အတန္ စုမိေစာင္းမိခဲ့ၿပီ ျဖစ္ေသာေၾကာင့္ ဤလယ္ယာေျမႀကီးအား ဦးေဘာဂထံမွ ဝယ္ယူလိုက္ေခ်၏။ ထိုေနာက္မ်ားတြင္ သဘက္ႀကီးက သူတို႔ သားအဖအား ႐ြာအတြင္း မေနေစဘဲ ဤလယ္ယာရွိ လယ္ေစာင့္တဲေနရာ၌ ပ်ဥ္ေထာင္အိမ္တစ္လုံးကို အစားထိုး ေဆာက္လုပ္ ေနထိုင္ေစခဲ့ျပန္သျဖင့္ ဦးရဲႏိုင္ႏွင့္ သင္ဇာတို႔မွာလည္း ႐ြာအတြင္းမွ လယ္ယာေတာသို႔ ေျပာင္းေ႐ႊ႕ခဲ့ၾကေလသည္။

နဂိုကတည္းကမွ အလုပ္ႀကိဳးစားသည့္ သားအဖမ်ား ျဖစ္သည့္အျပင္ ကြင္းပိုင္ သဘက္ႀကီး ဦးရန္ေအာင္၏ ၾကည့္ရႈ ေစာင့္ေရွာက္မႈေအာက္ရွိ လယ္ယာေျမႀကီးကလည္း ဆထက္ပိုး အက်ိဳးက ေပးျပန္ေသးေတာ့ တစ္ခ်ိန္က ဆင္းရဲႏုံခ်ာခဲ့ေသာ သူတို႔ ဘဝမွာ ယခုအခါ တင့္ေတာင္းတင့္တယ္ သာယာလွပလာေခ်ၿပီ။ ထို႔ေနာက္တြင္ ဦးရဲႏိုင္တို႔ သားအဖမွာ ႐ြာအတြင္းရွိ ဆင္းရဲႏြမ္းပါးသူမ်ား၏ သားသမီးမ်ားကို ရွင္ျပဳ ရဟန္းခံ အလႉအတန္းမ်ား ရက္ရက္ေရာေရာ ျပဳလုပ္ေပးျခင္း၊ ထိုအလႉအတန္းမ်ားမွ ရေသာ ေကာင္းမႉကုသိုလ္ အမွ်အတန္းမ်ားအား သဘက္ႀကီး ဦးရန္ေအာင္ထံသို႔ စိတ္မွ ရည္စူးေပးေဝျခင္းတို႔ျဖင့္ ေက်းဇူးျပန္ဆပ္၏။

ဤသို႔ျဖင့္ ရာသီအလီလီ ကူးလူးေျပာင္းလဲကာ ကာလအတန္တန္ ၾကာေညာင္းလာေသာအခါ ဦးရဲႏိုင္၏ သမီးမသင္ဇာသည္ပင္ ႐ြာထဲမွ ကာလသားတစ္ဦးႏွင့္ ခ်စ္ႀကိဳက္ စုံမက္ၿပီး လက္ထက္မဂၤလာေဆာင္သည့္ အခ်ိန္အထိ ေရာက္ရွိလာခဲ့၏။ ထိုကဲ့သို႔ အိမ္ေထာင္က်ၿပီးေသာအခါ မသင္ဇာ၏ ေယာက္်ား၊ ဦးရဲႏိုင္၏ သမက္မွာ ယာထဲရွိ အိမ္၌ ေ႐ႊ႕ေျပာင္း ေနထိုင္လာေသာအခါ ဦးရဲႏိုင္တို႔ သားအဖက ကြင္းပိုင္ သဘက္ႀကီး ဦးရန္ေအာင္အေၾကာင္းအား အတိအလင္းရွင္းျပ၍ ထားၿပီး အဆိုပါ လူကလည္း အေၾကာက္အလန္႔ မရွိသူမို႔ သူတို႔ ဤမိသားစုဝင္ သုံးဦးမွာ မ်ားစြာ အဆင္ေျပလွေတာ့၏။

ထို႔ေနာက္ ေလးငါးႏွစ္မွ် ၾကာလာေသာအခါ တစ္ရက္ေသာ ေန႔တစ္ေန႔၏ ညေနပိုင္းအခ်ိန္တစ္ခု၌ ကြင္းပိုင္ သဘက္ႀကီး ဦးရန္ေအာင္မွာ ေရးႀကီးတခြင္ ပုံစံျဖင့္ ေပါက္ခ်လာၿပီးေနာက္…

“က်ဳပ္တို႔ ဒီအရပ္ကေန ေျပာင္းေ႐ႊ႕ၾကရေတာ့မယ္ ဦးရဲႏိုင္ေရ။ အခုည ဆယ့္ႏွစ္နာရီတိတိမွာ ေျပာင္းၾကရေတာ့မွာ။ ဆိုေတာ့ကာ ဒီည ခင္ဗ်ားနဲ႔ ခင္ဗ်ားရဲ႕ သမက္က တစ္ေယာက္ ဓါးတစ္လက္စီ ကိုင္ၿပီး ခင္ဗ်ားတို႔ အိမ္ေရွ႕လမ္းကေန ေစာင့္ေနၾကဗ်ာ။ ၿပီးရင္ အဲဒီလမ္းကေန ဘာေတြပဲ ျဖတ္လာျဖတ္လာ ျမင္ေတြ႕ရသမွ် ဓါးေတြနဲ႔သာ ဝိုင္းခုတ္ၾကဗ်ိဳ႕။ ရဲရဲသာ ခုတ္၊ ျပတ္ေအာင္လည္း ခုတ္” ဟု ေျပာၾကားကာ ေၾကာက္႐ြံ႕ထိတ္လန္႔စရာ သူ၏ သဘက္႐ုပ္သြင္အမွန္အား ေနာက္ဆုံးအႀကိမ္ျဖင့္ အထင္အရွား ေျပာင္းလဲျပၿပီးေနာက္ ဦးရဲႏိုင္၏ မ်က္စိေရွ႕ေမွာက္ ေပ်ာက္ကြယ္သြားေလသည္။

ထိုည ညဥ့္နက္သန္းေခါင္ယံ ဆယ့္ႏွစ္နာရီထိုး၌ သဘက္ႀကီး မွာၾကားခဲ့သည့္အတိုင္း ဦးရဲႏိုင္ႏွင့္ သမက္ျဖစ္သူတို႔မွာ ငွက္ႀကီးေတာင္ ဓါးတစ္လက္စီ ကိုင္ဆြဲကာ အိမ္ေရွ႕ လမ္းတြင္ ျဖတ္သန္းလာၾကမည့္ အမ်ိဳးအမည္မသိ အရာမ်ားအား ရင္တမမျဖင့္ ေစာင့္ဆိုင္းလွ်က္ ရွိေနၾက၏။ ယင္းအခ်ိန္တြင္ပင္ လူသံ,လွည္းသံမ်ားကို တစ္စြန္းတစ္စ ၾကားလာၾကရၿပီး မ်ားမၾကာမီမွာ လွည္းဆယ္စီတန္းႀကီးမွာ ဟိုမွာဘက္ ခပ္လွမ္းလွမ္းရွိ ေဇာင္ခ်မ္းပင္ေအာက္မွ ထြက္ေပၚလာေတာ့၏။ ထိုႏြားလွည္းမ်ားေပၚ၌ အ႐ြယ္အမယ္စုံ ေယာက္်ား,မိန္းမမ်ား၊ အဘိုးအို,အဘြားအိုမ်ားအျပင္ ႏို႔စို႔ကေလးအ႐ြယ္မ်ားပါ မက်န္ စုေပါင္း၍ လိုက္ပါလာၾကၿပီး အခ်ိဳ႕သူမ်ားမွာ သီခ်င္းမ်ားပင္ တေၾကာ္ေၾကာ္ သီဆိုလ်က္ ရွိၾကသည္ဟူ၏။

ဤအျခင္းအရာမ်ားအား ၾကည့္၍ ဦးရဲႏိုင္ႏွင့္ သမက္တို႔မွာ တအံ့တၾသ အမူအယာျဖင့္ ၾကက္ေသ,ေသလ်က္ ရွိၾကေတာ့သည္။ ထိုစဥ္ သမက္ျဖစ္သူမွာ သတိျပန္ဝင္လာၿပီး…

“အေဖ အေဖ… ကြၽန္ေတာ္တို႔ ခုတ္ရမွာ ဒါႀကီးေတြကိုလား” ဟု ဆိုရင္း လက္မွ ဓါးႀကီးအား ဆၿပီး ေယာကၡမလုပ္သူအား လွမ္းေမးလာ၏။

“ေနစမ္းပါဦးကြာ။ ေတာ္ၾကာ ေတာေမွာက္သလို ျဖစ္ၿပီး တကယ့္လူအစစ္ေတြ ခုတ္မိေနမွျဖင့္ တို႔ အမႈပတ္ေနလိမ့္မယ္။ ေစာင့္ၾကည့္စမ္းပါဦး”

ဦးရဲႏိုင္က သမက္ျဖစ္သူကို လွမ္းတားရင္း သတိေပးလိုက္စဥ္ သူတို႔ အေရွ႕မွ နီးကပ္စြာ ျဖတ္သန္းသြားၾကသည့္ တစ္စီးၿပီး တစ္စီးေသာ လွည္းမ်ားေပၚမွ လူအမ်ားမွာ ငွက္ႀကီးေတာင္မ်ား ကိုင္ေဆာင္ထားသည့္ မိမိတို႔အား ရွိသည့္ဟန္ပင္ မထင္ဘဲ ေအးေအးလူလူပင္ ရွိေနၾကေပ၏။

ထိုသို႔ျဖင့္ တ႐ုန္း႐ုန္းေသာ လွည္းတန္းႀကီးသာ ၿပီးဆုံးသြားၿပီး ဦးရဲႏိုင္ႏွင့္ သမက္တို႔မွာ ဘာမွ မခုတ္ရဲၾကဘဲ ရွိေနစဥ္ လွည္းတန္းမ်ား ေနာက္က ကပ္လ်က္ လိုက္ပါလာကုန္ေသာ အ႐ြယ္အစားမ်ိဳးစုံ ေႁမြသတၱဝါမ်ားအား ေတြ႕ရွိၾကရေတာ့၏။ တခ်ိဳ႕ေႁမြမ်ားကား ေပါင္လုံးခန္႔အထိ ႀကီးၿပီး၊ အခ်ိဳ႕ေႁမြမ်ားမွာေတာ့ လက္သန္းလုံးခန္႔အထိ ေသးသည္ဟူ၏။

လွည္းေပၚမွ လူမ်ားအား မခုတ္ရဲခဲ့သည့္ ဦးရဲႏိုင္ႏွင့္ သမက္မွာ ေႁမြမ်ားကို ေတြ႕ျမင္လိုက္ရခ်ိန္မွာေတာ့ ဝမ္းသာအားရ ျဖစ္သြားၾကၿပီး နဂိုကမွ ေႁမြဆိုလွ်င္ မုန္းသည့္ ဓါတ္အခံေၾကာင့္ ဓါးမ်ားျဖင့္ ဝိုင္းခုတ္ၾကေတာ့သည္။ ထိုအခါ ဓါးခ်က္ မိသြားေသာ ေႁမြမ်ားမွာ ခႏၶာထက္ပိုင္း ျပတ္ထြက္ကုန္ၾကေသာ္လည္း အထက္ပိုင္းမ်ားက ေရွ႕သို႔ ဆက္သြားေနၿပီး၊ တခ်ိဳ႕ ေခါင္းခ်ည္း က်န္ေတာ့သည့္ ေႁမြမ်ားမွာလည္း ဘာမွ မျဖစ္သလိုပင္ ေခါင္းျပတ္ႏွင့္ ေရွ႕သို႔ ဆက္သြားေနၾကေလလွ်င္ ဦးရဲႏိုင္တို႔မွာ ခုတ္ပိုင္းေနရင္းက တအံ့တၾသ ရွိေလၾကေတာ့၏။

ထိုကဲ့သို႔ ခုတ္ပိုင္းျဖတ္အၿပီး ေႁမြတန္းႀကီးပါ လွည္းတန္းႀကီးႏွင့္ အတူ ထပ္ၾကပ္မခြာ လိုက္ပါ ေပ်ာက္ကြယ္သြားၿပီးေနာက္မွာေတာ့ ဦးရဲႏိုင္ႏွင့္ သမက္တို႔လည္း ခပ္ေမာေမာ ရွိေနၾကၿပီး အရာရာသည္ ေစာနကႏွင့္ မတူ ျပန္လည္ တိတ္ဆိတ္ ၿငိမ္သက္သြားေလ၏။ ထို႔ေနာက္ ခဏအၾကာ၌ ဦးရဲႏိုင္တို႔မွာ အိမ္ေပၚ တက္၍ မသင္ဇာကို ႏႈိးယူၿပီး မီးတုတ္တစ္ေခ်ာင္းကို မီးထြန္းညႇိလ်က္ လွည္းလမ္းအထက္ ျပန္လာၾကည့္ၾကေသာအခါ ေႁမြအျပတ္မ်ားမွာ ေ႐ႊတုံးေ႐ႊခဲမ်ားအျဖစ္ ေျပာင္းလဲေနေၾကာင္း အထူးအဆန္းပင္ ေတြ႕ရွိလိုက္ၾကရပါေတာ့သည္။

ဤသို႔ျဖင့္ ဦးရဲႏိုင္တို႔ မိသားစုမွာ လူခ်မ္းသာစာရင္း ဝင္လာခဲ့ၿပီး ထို႐ြာဝန္းက်င္တဝိုက္၌လည္း အလႉအတန္း အရက္ေရာဆုံး ပုဂၢိဳလ္မ်ားအျဖစ္ ထင္ရွားခဲ့ေလေတာ့သတည္း။ ဦးရဲႏိုင္တို႔ မိသားစုမွာ တစ္ခ်ိန္က ကြင္းပိုင္ သဘက္ႀကီး ဦးရန္ေအာင္အား ရည္စူးကာ အလႉအတန္းအမ်ိဳးမ်ိဳးလည္း ျပဳလုပ္ေပးၾကၿပီး ေနာင္ဘယ္ေသာအခါမွ ျပန္ဆုံမေတြ႕ၾကရေတာ့သည့္ မိမိတို႔၏ ေက်းဇူးရွင္ သဘက္ႀကီးအား သူတို႔၏ မိသားစု အစဥ္အဆက္တေလွ်ာက္ ေအာက္ေမ့သတိရ လြမ္းဆြတ္တမ္းတလ်က္ ရွိေနၾက၏။

(ယခု တင္ျပခဲ့သည့္ ျဖစ္ရပ္မွန္ဇာတ္လမ္းကို တစ္ဆင့္ျပန္လည္ ေျပာျပခဲ့သူ အရွင္သိရီဓမၼအားအား အထူးပင္ ေက်းဇူးတင္ရွိပါသည္။)

ေဇာ္မင္းေအာင္ (နက္ရႈိင္းထက္)
ေဖေဖာ္ဝါရီလ၊ ၂၄ ရက္၊ ၂၀၂၂ ခုႏွစ္