အပျော်လွန်၍သေဆုံးကြသူများ

#အပျော်လွန်၍သေဆုံးကြရသူများ*📖📖📖

 

************************************

(စ/ဆုံး)

 

သထုံမြို့ရှိကျေးရွာတော်တော်များများသည်လယ်ယာလုပ်ငန်းများဖြင့်အသက်မွေး၀မ်းကျောင်းပြုသူများဖြစ်သည်..မိုးတွင်းအခါသမယ စပါးများစိုက်ပျိုးချိန်တွင် လယ်အသီးသီးမှာကောက်စိုက်သမများ ပျိုးနှုတ်သူများနှင့်စည်ကားနေပေသည်..ထိုသို့စပါးများစိုက်ပျိုးရာတွင် မိမိတို့ကျေးရွာအတွင်းရှိကောက်စိုက်အဖွဲ့များသာမက တခြားနယ်များမှကောက်စိုက်အဖွဲ့များလဲလာရောက်စိုက်ပျိုးကြသည်။

ဦးထွန်း၏လယ်တွင်လဲတခြားလယ်များနည်းတူစပါးစိုက်ပျိုးနေလေသည်..ရွာရှိကောက်စိုက်အဖွဲ့ကိုငှါးမရသည့်အတွက် တခြားနယ်မှကောက်စိုက်အဖွဲ့ကိုခေါ်ယူကာစိုက်ပျိုးခြင်းဖြစ်သည်။

ယနေ့စပါးစိုက်ပျိုးပြီးစီးပြီဖြစ်သောကြောင့် ဦးထွန်းလဲ ထိုအဖွဲ့အားအောင်ပွဲကျွေးရန်ပြင်ဆင်နေလေသည်..အောင်ပွဲဆိုတာက ကောက်စိုက်ပြီးစီးချိန်တွင် အလုပ်သမားများကို ကြက်၊၀က်များချက်ကာကျွေးမွေးသည်..အရက်သောက်လိုသည့်သူများကိုလဲအရက် စီစဉ်ပေးရသည်။

ထိုသို့စီစဉ်ပြီးသည်နှင့်ဦးထွန်းက

 

“ငါ့တူတို့ပျော်ရအောင်ဦးကစီစဉ်ပေးတာ အလွန်အကျွံတော့မသောက်ကြနဲ့ပေါ့ ညနေပြန်ရမှာဆိုတော့”

 

“ဟုတ်ကဲ့ပါဦးလေး”

 

ထိုအဖွဲ့မှာအယောက်၃၀ကျော်ရှိသည်..သူတို့လဲသောက်ရင်းနှင့်အရှိန်ရလာကာအားလုံးမူးရူးပျော်ရွှင်နေကြသည် သီချင်းဖွင့်ပြီး ကသူက က လက်ခုပ်တီးသူတီးနှင့်ဆူညံလို့နေပေသည်..အခုခေတ်တွင်အရက်ကိုယောက်ျားလေးများသာမကမိန်းခလေးတော်တော်များများပါသောက်နေကြပြီမဟုတ်လား။

ည၇နာရီပင်ထိုးတော့မည် ထိုသူတို့မူးလို့ပျော်လို့ကောင်းတုန်းပြန်ရမည်ကိုပင်မေ့နေပြီလားမသိ..

ထိုအခါကျမှအဖွဲ့ခေါင်းဆောင်ဆိုသူကနာရီကြည့်ပြီး

 

“ဟာ..၇နာရီတောင်ရှိပြီ ပြန်ကြမယ်ဟေ့ အထုတ်ပြင်”

 

ထိုအခါ ဦးထွန်းက

 

“ငါ့တူတို့ ညနေပြန်မယ်ဆိုလို့စက်လှေငှါးထားပြီးပြီ ဒါပေမဲ့အခုကမိုးချုပ်နေပြီလေ မနက်မှပြန်တော့ပေါ့”

 

“မရဘူး ဦးလေးရ မနက်ဖြန်တခြားလယ်ကိုသွားဖို့ချိန်းထားပြီးပြီ ဒီညပြန်မှဖြစ်မှာ”

 

“အန္တရာယ်များလို့ပြောတာပါ ငါ့တူတို့လဲမူးနေကြပြီဆိုတော့ ဦးကစိတ်ပူလို့ပါ”

 

“ရပါတယ်ဦးလေးရ ကျွန်တော်တို့သွားနေကြပါ စိတ်မပူပါနဲ့”

 

ဦးထွန်းလဲတားမရတဲ့အဆုံးပေးပြန်လိုက်ရသည်။

စက်လှေမောင်းသူနှင့်ထိုသူတို့အဖွဲ့သည် စက်လှေရှိရာကမ်းနားလို့ထွက်လာကြသည်..ရောက်သည်နှင့် ပစ္စည်းများတင်ကာအားလုံးလှေပေါ်တက်ပြီးသည်နှင့်စက်လှေမှာစတင်မောင်းထွက်သွားလေသည်..လူအယောက်၃၀ကျော်သာမက ပစ္စည်းများပါတင်ထားသောကြောင့့်စက်လှေမှာရေထဲမမြှုပ်ရုံတမယ်ရှိနေတော့သည်။

ထိုသူများကလဲစောစောကပျော်နေသည့်အရှိန်ကမကုန်သေး စက်လှေပေါ်တွင်လဲပါလာသည့်ကက်စက်နှင့်သီချင်းများကျယ်လောင်စွာဖွင့်ကာ လက်ခုပ်တီးရင်းလိုက်ဆိုသူကဆို ကသူက ကနှင့် ဆူညံလို့နေပေသည်…ထိုသူတို့သည်မကြာခင်မိမိတို့သေဆုံးကြရမည်ကိုသိခဲ့ပါလျှင်ထိုသို့ပျော်ရွှင်နိုင်မည်လော…။

တိတ်ဆိတ်နေသောည၏ချောင်းရိုးတလျှောက်တွင် စက်လှေ၏စက်သံ သီချင်းသံ ထိုသူတို့၏ရယ်မောပျော်ရွှင်သံများဖြင့်ပွက်လောရိုက်နေလေသည်..အားလုံးလဲမူးနေကြသောကြောင့်မိမိတို့အသက်အန္တရာယ်ရှိသည်ကိုပင်သတိမပြုမိကြတော့ပေ..ထိုအခါမူးနေသူတစ်ယောက်မှာထိုင်၍ကနေသည်ကိုအားမရ၍ရုတ်တရက်မတ်တပ်ရပ်လိုက်လေရာ လှေပေါ်တွင်ဖြစ်နေသည်ကတကြောင်း မူးနေသည်ကတကြောင်းကြောင့် ယိုင်သွားပြီး လှေ၏ဘေးနခမ်းအားနင်းမိသွားကာ နဂိုမှလှေမှာမမြှုပ်ရုံတမယ်ဖြစ်နေသောကြောင့် “ဝုန်းး”ဆိုသောအသံထွက်ပေါ်လာကာရေအောက်သို့နစ်မြှုပ်ပျောက်ကွယ်သွားလေသည်..ထိုအခါမှစောစောကစက်လှေစက်သံ ရယ်သံ သီချင်းသံများဖြင့်ဆူညံနေသောချောင်းရိုးတလျှောက်သည် ဘာမှမဖြစ်ခဲ့သည့်အလား နဂိုအတိုင်းပြန်လည်တိတ်ဆိတ်လို့သွားလေတော့သည်..။

အောင်စိုးသည်လယ်ထဲတွင်နေကာ ချောင်းထဲမှငါးများကိုကျားပိုက်ဖြင့်ထောင်ပြီးရလျှင်ရွာသို့ပြန်တက်ရောင်းသည့်အလုပ်ကိုလုပ်ကိုင်နေလေသည်..ယခုလဲညကမိမိထောင်ထားသောကျားပိုက်ကိုဖော်ရန်အတွက် မနက်စောစောပင်ချောင်းသို့ထွက်လာခဲ့သည်။

ချောင်းသို့ရောက်သည်နှင့် ပိုက်ဖေါ်ရန်ရေထဲသို့ဆင်းသွားလေသည်..ချောင်း၏အကျယ်မှာခန့်မှန်းခြေအားဖြင့် ၂၅ပေမျှ ရှိမည် အနက်မှာမိုးတွင်းအခါဖြစ်သောကြောင့် လူ၂ရပ်စာခန့့်ရှိသည်..ထိုချောင်းထဲတွင်အောင်စိုးသည်ညအခါတွင်ကျားပိုက်အကြီးကြီးကို ချောင်းနှင့့်အပြည့်ချထားသည်..ကျားပိုက်ထဲတွင်မည်သည့်အရာ၀င်ရောက်ရောက် ထွက်လမ်းမရှိ ထို့ကြောင့်ညအခါများတွင်သာထိုပိုက်ကိုထောင်ကြရသည်..။

ရေငုံ့ပြီးပိုက်သိမ်းရန်ပြင်နေသော အောင်စိုးတယောက်ပိုက်ထဲတွင်မြင်လိုက်ရသည်ကား ငါးများမဟုတ် လူသေအများကြီးမိမိပိုက်ထဲတွင်မိနေသောကြောင့်လန့်ဖြန့်သွားကာ အပေါ်သို့အမြန်ပြန်တက်လာခဲ့သည်

 

“ဘယ်လိုလုပ်လူသေတွေအများကြီးရှိနေရတာလဲ ဦးမြမောင်ကိုအကြောင်းကြားမှ” ဟုဆိုကာ လယ်နီးချင်းဦးမြမောင်ဆီအပြေးသွားလေသည်..။

ရောက်သည်နှင့်ဦးမြမောင်ကိုအကျိုးကြောင်းပြောပြလိုက်သည်..

 

“ဟုတ်လားကွ ဒါဆို မင်း ရွာကိုပြန်ပြီးရွာကလူကြီးတွေနဲ့ရဲကို ခေါ်လာခဲ့ ငါကဒီကလူတွေစုထားလိုက်မယ်”

 

“ဟုတ်ကဲ့” ဟုဆိုကာအောင်စိုးလဲကြုံရာလှေစီးကာရွာသို့အမြန်ပြန်ရတော့သည်..ဒီကိစ္စကပေါ့လို့မဖြစ်ဘူးမဟုတ်လား တော်ကြာသူပါအမှုပတ်သွားနိုင်တယ်လေ..။

အောင်စိုးလဲရဲနှင့်ရွာရှိလူကြီးများကိုခေါ်ပြီးလယ်ထဲသို့ပြန်ရောက်လာသည်..ထိုအခါကျမှရေထဲသို့ငုံ့ပြီး အလောင်းဆယ်ယူမှုစရတော့

သည်..ဆယ်ယူပြီးစီးသွားသောအခါ

ဦးမြမောင်မှ “ဒါ ကောက်စိုက်အဖွဲ့ပဲဖြစ်ရမယ် ဒီလူတွေကိုတခါမှမမြင်ဖူးဘူး တခြားနယ်ကဖြစ်မယ်” ဟုပြောလိုက်လေသည်

 

ရွာလူကြီးက “ဒါဆိုရင်စုံစမ်းကြည့်လေ ဘယ်လယ်ကစိုက်တဲ့အဖွဲ့လဲဆိုတာ”

 

အောင်စိုးမှ “ဟုတ်ကဲ့ ကျွန်တော်စုံစမ်းလိုက်ပါ့မယ်”

 

ထိုသို့ပြောပြီးအောင်စိုးလဲဆက်စုံစမ်းရပြန်သည် ဘယ်လယ်ကအဖွဲ့လဲဆိုတာ..ဒီနေ့အောင်စိုးအဖို့ ငါးမရတဲ့အပြင် ပြေးလိုက်သွားလိုက်ဖြင့်အလုပ်ရှုပ်နေတော့သည်..။

အောင်စိုး၏ပိုက်တွင်မိနေသောသူများသည် ဦးထွန်းလယ်တွင်ကောက်စိုက်သူများအဖွဲ့ဖြစ်သည်..ညကစက်လှေမှောက်ပြီး ရေစီးနှင့်အတူမျောသွားကာ အောင်စိုးထောင်ထားသောကျားပိုက်တွင် အားလုံး၀င်ရောက်သေဆုံးနေခြင်းပင်ဖြစ်သည်..။

အောင်စိုးလဲ ဦးထွန်းလယ်ကကောက်စိုက်အဖွဲ့ဟု စုံစမ်းသိရှိပြီးသည်နှင့် ဦးထွန်းပါခေါ်ထိုနေရာသို့ခေါ်ဆောင်လာခဲ့သည်..ရောက်သည်နှင့်ဦးထွန်းက

 

“သူတို့မူးနေလို့ညကမပြန်ဖို့တားပါသေးတယ် မရတဲ့အဆုံးပေးပြန်လိုက်ရတာ ဒီလိုဖြစ်မယ်မှန်းသိရင်ရအောင်တားပါတယ်”

 

“ဖြစ်သွားပြီပဲဗျာ ဘာတတ်နိုင်မှာလဲ ခင်ဗျားသူတို့နေတဲ့နေရာသိတယ်မဟုတ်လား အကြောင်းကြားပေးပါသူတို့ရဲ့မိသားစုတွေကို”

 

ဦးထွန်းလဲသူတို့ရဲ့မိသားစုတွေကိုအကြောင်းကြားခေါ်ရတော့သည်..သူတို့၏မိသားစုများလဲလိုက်လာကြသည်.. ၀မ်းနည်းလို့မဆုံးကြအဖြစ်ဆိုးဖြင့်သေခဲ့ရသောကြောင့်ပင်ဖြစ်သည်။

 

ထိုသူတို့သေဆုံးပြီးသည့်ညမှစ၍ သူတို့၏ရွာတွင်ညအခါ ခွေးများအူသံနှင့်အတူ ငိုညည်းသံများကိုညတိုင်းလိုလိုကျယ်လောင်စွာကြားနေရသည်ဟုသိရသည်..။

ထိုသူတို့လှေမှောက်သေဆုံးခဲ့သည့်နေရာတွင်တော့ ထိုအသံများကိုမကြားရပါ..သိုပေမဲ့ တစ်နှစ်တခါဆိုသလို လယ်ကောက်စိုက်အပြီး အောင်ပွဲစားချိန်(ထိုသူတို့သေဆုံးချိန်)မှာတော့ ချောင်းရိုးတလျှောက်တွင် မြူ းမြူ းကြွကြွတေးသံတစ်ခုကို ညသန်းခေါင်ကျော်တွင်အမြဲလိုလိုကြားနေရသည်..ထိုသူတို့သည်မကျွတ်လွတ်ကြပဲဝိဥာဉ်ဘဝြဖင့်ဆက်လက်ပျော်ရွှင်နေကြသည်လော..။

ပျော်ရွှင်သောကြောင့်အရက်သေစာများသောက်စားကြသည် အရက်သေစာသောက်စားသည့့်အတွက် အသိစိတ်ပျောက်ကာမိမိအသက်အန္တရာယ်ရှိသည်ကိုပင် သတိမပြုမိသည့့်အတွက်အခုလိုသေဆုံးကြရသည်..မိမိ၏ပျော်ရွှင်မှုသည်တစ်ခါတစ်ရံမှာမိမိ၏အသက်ကိုပင်နှုတ်ယူသွားတတ်သည်မဟုတ်ပါလား….။

 

(ကျွန်တော်တို့ဆီမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုရေးသား ထားတာပါ မည်သူ့ကိုမှမထိခိုက်လိုသည့့်အတွက် သေဆုံးသွားသူတွေရဲ့မြို့ရွာနာမည်ကိုမရေးသားခြင်းဖြစ်သည်)

 

ပြီးပါပြီ

 

(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျှက်)

 

#PageကိုLike&Shareလေးလုပ်ပေးသွားပါအုံး