သံသရာအကြွေးဆပ်သူ(စ/ဆုံး)

Unicode Version

သံသရာအကြွေးဆပ်သူ(စ/ဆုံး)
————————————-
“အမေ.ဒေါ်လှရီဆုံးသွားပြီ”
“ဟင်”
ဈေးဝယ်ရာမှပြန်ရောက်ရောက်ချင်း.သမီးဖြစ်သူသီသီစိုးကဆီးကြိုပြီးပြောလိုက်သည့်စကားကြောင့်ဒေါ်နုယဉ်မှာအံ့အားသင့်သွားရသည်။
ထို့နောက် ဆွဲခြင်းကိုဈေးဆိုင်ပေါ်သို့တင်လိုက်ရင်း
“ဟဲ့.ဟုတ်လို့လား ။မနက်ကတောင်သူဈေးဝယ်လာသေးတယ်။”
“ဟုတ်တယ်အမေရဲ့၊နေ့လည်တုန်းကနေပူကြီးထဲအဝတ်လျှော်ရင်းဦးနှောက်သွေးကြောပြတ်သွားတာတဲ့”
“သြော်”ဖြစ်ရလေဟယ်”
ဒေါ်နုယဉ်စိတ်မကောင်းစွာဖြင့်ရေရွတ်မိသည်။
ထိုအခါသီသီစိုးက
“အမေ့။အဲဒါအရေးမကြီးဘူး။သမီးတို့အကြွေးကိုဘယ်လိုတောင်းရတော့မတုန်း။သူ့ယောင်္ကျားကလည်းအချိန်တိုင်းမူးနေတာ”
“သြော်.ဒါဆိုလည်းတောင်းမနေပါနဲ့တော့အေ။ကိုမြင့်ဇော်ကသူ့ဟာသူရေချိန်ကိုက်ဖို့တောင်အနိုင်နိုင်ရယ်”
“အဲဒါကြောင့်အမေ့ကိုပြောတာပေါ့.အကြွေးတွေကိုတတ်နိုင်သလောက်ရအောင်တောင်းပါဆို.အခုတော့ဆုံးပြီ။သမီးတောင်းတုန်းကတော့အမေကကန့့်လန့်ဝင်ပါတယ်”
ထိုအခါဒေါ်နုရီက
“ဟဲ့.ပါရမှာပေါ့။နင်ကနှုတ်ကြမ်းလျှာကြမ်းရယ်။ဒီတော့ငါ့မှာမျက်နှာပျက်စရာတွေဖြစ်ကုန်ရော”
ယင်းသို့ဆိုပြီးနောက်
“ကဲ.နင်ဒီမုန့်တွေကိုချိတ်ထားလိုက်ဦး။ငါဟိုဘက်ရပ်ကွက်ကဒေါ်တုတ်ဆီအကြွေးသွားတောင်းလိုက်ဦးမယ်”
ထိုအခါသီသီစိုးက
“နေနေ.အမေ။သမီးပဲသွားတောင်းလိုက်မယ်။အဲဒီဒေါ်တုတ်ကဟိုနေ့ပေးမယ်၊ဒီနေ့ပေးမယ်နဲ့ပလာတာရိုက်နေတာ။အမေတောင်းရင်ရမှာမဟုတ်ဘူး”
ပြောရင်းဆိုရင်းဖြင့်သီသီစိုးကဆိုင်ပေါ်မှဆင်းလိုက်သည်။
ပြီးနောက်ခြံဝန်းထဲမှထွက်လာတော့ဒေါ်နုယဉ်ကလှမ်းမှာလိုက်သည်။
“သမီး.ချိုချိုသာသာပဲပြောပြီးတောင်းနော်”
“ဟုတ်ကဲ့ပါအမေရဲ့”
ဤသို့ဖြင့်ဒေါ်တုတ်၏အိမ်သို့ရောက်တော့မိခင်ဖြစ်သူမှာသည့်အတိုင်းချိုချိုသာသာပြောပြီးတောင်းသည်။
ဒေါ်တုတ်က
“ညနေမှလာပါလားကလေးရယ်။အဒေါ်အဆင်မပြေသေးလို့ပါ။တကယ်လို့ကလေးမလာဖြစ်ရင်အဒေါ်ကိုယ်တိုင်လာပေးပါ့မယ်”
“သေချာတယ်နော်ဒေါ်တုတ်။ညနေမှရောက်မလာရင်ကျွန်မအဆိုးမဆိုနဲ့”
ပြောပြီးသည့်နောက်သီသီစိုးလှည့်ထွက်လာခဲ့သည်။
သူမအလုပ်ကဤကဲ့သို့ဖြစ်သည်။
အိမ်ဆိုင်ကလေးဖွင့်ထားသော်လည်းသိပ်အဆင်မပြေလှသည်မို့ယခုကဲ့သို့ငွေတိုးချေးစားရသည်။
ယင်းလည်းသိပ်တွက်ချေမကိုက်လှချေ။
အဘယ်ကြောင့် ဆိုသော် သူမ၏မိခင်ဒေါ်နုယဉ်သည်အလွန်အားနာတတ်သောကြောင့်ဖြစ်သည်။
အချို့ကတော့ယူထားသည့်ငွေနှင့်အတိုးကိုကြေအောင်ဆပ်ကြပေမင့်အချို့ကျတော့ပေတေတေလုပ်နေတတ်ကြသည်။
ထိုအခါမျိုးကျတော့သူမနှင့်ထိပ်တိုက်တွေ့ရတော့သည်။
သူမသည်အသက်နှစ်ဆယ်ကျော်သာရှိသေးပေမင့်အလွန်စိတ်ထက်သူဖြစ်သည်။
ပြောစရာရှိလျှင်လည်း.ကြီးသည်ငယ်သည်သိပ်အရေးမထားဘဲဒိုးဒိုးဒေါက်ဒေါက်ပြောပစ်တတ်သည်။
ဒီတော့သူမကိုတော်ရုံအကြွေးယူထားသူတွေကလန့်ကြသည်။
ယင်းလည်းသူမကသိပ်ဂရုစိုက်လှသည်မဟုတ်ချေ။
‘ငွေရေးကြေးရေး နှင့်ပတ်သက်လျှင်မည်သူ့ကိုမှအားမနာနိုင်’ဟုအမြဲတွေးနေတတ်သူဖြစ်သည်။
အိမ်သို့ပြန်ရောက်တော့ဒေါ်နုယဉ်က
“ဘယ်လိုလဲသမီး..ရခဲ့ရဲ့လား”
“မရဘူးအမေ။ဒါပေမယ့် ညနေရောက်ရင်လာဆပ်မယ်လို့တော့ပြောတယ်”
“ဟုတ်လား. ဒါဆိုလည်းပြီးတာပဲအေ”
ဒေါ်နုယဉ်အိမ်ပေါ်သို့တက်သွားသည်။
ညနေအချိန်သို့ရောက်တော့ဒေါ်တုတ်သည်မြင်းလှည်းပေါ်၌ဝက်မဒန်းမ.တစ်ကောင်တင်ပြီးဒေါ်နုယဉ်၏အိမ်ရှေ့သို့ရောက်လာသည်။
ပြီးနောက်
“မနုရယ်..ကျွန်မမှာပိုက်ဆံမရှိသေးတာမို့ဒီဝက်မလေးပဲအကြွေးနဲ့နှိမ်ပြီးယူထားလိုက်ပါ.ကျန်တဲ့ပိုက်ဆံကိုတော့လ.ကုန်ရင်လာပေးပါ့မယ်”
ထိုအခါဒေါ်နုရီမှာထုံးစံအတိုင်းအားနာပြီးမျက်နှာမထားတတ်အောင်ဖြစ်သွားရသည်။
ယင်းအခြေအနေကိုရိပ်မိတော့သီသီစိုးကကြားဖြတ်ပြီးဝင်ပြောသည်။
“ကောင်းပြီလေ.ကျွန်မတို့ယူထားလိုက်ပါမယ်။အဒေါ်ပြောတဲ့အတိုင်းကျန်တဲ့ငွေကိုတော့လကုန်ရင်လာဆပ်ဖြစ်အောင်ဆပ်လှည့်ပါ”
“စိတ်ချပါ ကွယ်”ယင်းသို့ဆိုပြီးနောက် ဒေါ်တုတ်ကမြင်းလှည်းဆရာကိုအကူအညီလှမ်းတောင်းသည်။
“ငါ့တူ.အဲ့ဒီ ဝက်မလေးကိုအိမ်အောက်ပို့ပေးလိုက်ပါကွယ်”
“ဟုတ်ကဲ့အဒေါ်”
မြင်းလှည်းဆရာလည်းဝက်ဒန်းလေးကိုအောက်ချပြီးအိမ်အောက်သို့ဆွဲခေါ်လာခဲ့သည်။
ပြီးနောက်လည်ပင်းမှကြိုးဖြင့်တိုင်တစ်တိုင်တွင်ချည်ပေးထားလိုက်သည်။
ထို့နောက် ဒေါ်တုတ်က
“ကဲ.အိမ်မှာကလေးတွေချည်းကျန်ခဲ့လို့..ပြန်လိုက်ပါဦးမယ်”
“ဟုတ်ကဲ့”
ဒေါ်တုတ်နှင့်မြင်းလှည်းဆရာပြန်ထွက်သွားသည်။
ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးကိုမေးလေသည်။
“သမီး.နေ့လည်တုန်းကဒေါ်တုတ်ကိုဘယ်လိုပြောပြီးအကြွေးတောင်းတာတုံး”
“ဒီညနေလာဆပ်ဖြစ်အောင်ဆပ်လို့..မဆပ်ရင်အဆိုးမဆိုနဲ့လို့.ပြောပြီးတောင်းလိုက်တာ”..
ဒေါ်နုယဉ်သက်ပြင်းချမိသည်။
“ညည်းနှယ့်အေ..ကောင်းကောင်းမွန်မွန်ပြောပြီးတောင်းပါဆို.ခုတော့မျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ”
ထိုအခါသီသီစိုးက
“လုပ်ပြန်ပြီ။အမေအဲ့ဒါ ကြောင့်အမေ့အကြွေးတွေဆုံးတာ။ရစရာရှိတာတော့ဒဲ့ပြောပြီးတောင်းရမှာပဲ”
ပြောပြီးသည့်နောက်သီသီစိုးသည်ဝက်ခြံရိုက်ရန်အတွက်ရပ်ကွက်ထဲမှဝါးဆိုင်သို့ထွက်သွားလေသည်။
တကယ်တေ့ာမရ.ရတာယူမည်ဆိုသည့်သဘောဖြင့်ဝက်မဒန်းမလေးကိုယူထားလိုက်သည်ဆိုပေမင့်သီသီစိုးအတွက်အလွန်အလုပ်ရှုပ်ရသည်။
မနက်ရောက်ပြီဆိုလျှင်ဝက်ခြံကိုသ့န်ရှင်းရေုးလုပ်ရသလို၊ဝက်စာကိုလည်းကြိုချက်ရသည်။..
ဒီကြားထဲမိခင်ဖြစ်သူနေမကောင်းပြန်လျှင်လည်းခြေဆုပ်လက်နယ်ပြုစုးပေးရပြန်သည်။
ဤသို့ြဖ်င့်ခြောက်လခန့်ကြာတော့ဝက်မဒန်းမလေးသည် သားငါးကောင်ပေါက်လေသည်။
ထို့နောက် ယင်းဝက်ပေါက်ငါးကောင်ကိုဝက်မကြီးနှ့င်အတူလေးဆယ့်ငါးရက်ခန့်အထိထားပြီး..ဝက်ဝယ်သူကိုခေါ်ပြီးရောင်းလေသည်။
ဒါကတော့ဤရပ်ကွက်သာမဟုတ်၊အနီးအနားရှိရပ်ကွက်တကာတို့၏ထုံးစံလိုလိုဖြစ်သည်။
ဝက်တွေအတွက်အလုပ်ရှုပ်မခံချင်တာလည်းပါမည်။
ဒေါ်နုယဉ်အိမ်မှဝက်ပေါက်ကလေးတွေကိုအသေအချာကြည့်ပြီးသည့်နောက်ဝယ်သူက
“လေးကောင်ကိုတော့သဘောကျတယ်ဗျာ။ဒီဝက်မလေးကတော့ညှက်လွန်းတယ်။အားမရဘူး”
ထိုအခါသီသီစိုးက..
“ဒါဆိုလည်းထားခဲ့လေ။ဝယ်ချင်တဲ့လူကိုပဲရောင်းတော့မယ်”
“ဟုတ်”
ထို့နောက် ဝယ်သူလည်းဝက်လေးကောင်အတွက်ငွေရှင်းပြီးမြင်းလှည်းဖြင့်တင်သွားလေသည်။
ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးဘက်လှည့်ပြီး
“ကဲသမီး.ဒီဝက်မလေးကတော့အခြားလူတွေကိုရောင်းလည်းဈေးကောင်းရမှာမဟုတ်ဘူး.ဒီမှာ ပဲဆက်မွေးထားကြရအောင်”
“အမေးမွချင်တယ်ဆိုမွေးလေ”
ဤသဖြင့်ဝက်မလေးကိုမိခင်ဝက်မကြီးနှင့်အတူဆက်မွေးထားလိုက်သည။်
ပြီတော့ထိုဝက်မလေးကိုအကောင်ညှက်လွန်းသဖြင့်’မိညှက်’ဟုလည်းအမည်ပေးထားလိုက်သည်။
မိညှက်သုံးလသားအရွယ်ရောက်တော့မိခင်ဝက်မကြီးသည်အစာတရှောင်ရှောင်ဖြစ်လာသလို.မကြာခဏလည်းအဖျားဝင်လာတတ်လေသည်။..
ထိုအခါဒေါ်နုယဉ်နှင့်သီသီစိုးလည်းအချင်းချင်းတိုင်ပင်ပြီး
ထိုဝက်မကြီးကိုရောင်းပစ်လိုက်ကြတော့သည်။
ဒီတော့ မိညှက်တစ်ကောင်သာကျန်လေတော့သည်။
ယင်းမိညှက်ကိုတောဒေါ်နုယဉ်ရောသီသီစိုးကပါဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ထားလေသည်။
မိညှက်ကလည်းအလွန်ထူးခြားသည့်ဝက်မလေးဖြစ်သည်။
မည်သည့်အချိန်တွင်မဆိုငြိမ်ကုပ်၍သာနေပြီး.ဆူညံစွာအသံပေးပြီးတော့လည်းအစာမတောင်းတတ်ချေ။
စားကျင်းထဲသို့အစာလာထည့်ပေးမှစားလေသည်။
ဤသို့ဖြင့် ရှစ်လခန့်ကြာသောအခါ၌မိညှက်သည်သားပေါက်လေသည်။
စုစုပေါင်း ခုနစ်ကောင်ဖြစ်သည်။
ဒေါ်နုယဉ်နှင့်သီသီစိုးလည်းယင်းဝက်ပေါက်ခုနှစ်ကောင်ကိုမိညှက်နှင့်အတူနှစ်လခန့်ထားလိုက်သေးသည်။
ပြီးနောက်.ခုနှစ်ကောင်စလုံးကိုဝယ်သူထံသို့ရောင်းပစ်လိုက်ပြန်သည်။
လက်ထဲသို့ငွေရောက်လာသည့်နောက်ဒေါ်နုယဉ်က
“ကဲ.သမီးရေ. အခုရတဲ့ငွေတွေကိုတော့အမေတို့အကုန်သုံးပစ်လို့မသင့်ဘူး။အလှူအတန်းလေးတော့လုပ်ဦးမှ.ဒါမှဝက်ကလေးတွေလည်းကုသိုလ်ရမှာ”
ဟုတ်လည်းဟုတ်သည်။ဒေါ်နုယဉ်တို့ကအလုပ်ရှုပ်မခံလိုသဖြင့်ဝက်ပေါက်လေးတွေကိုရောင်းလိုက်သည်ဆိုပေမင့်ဝယ်သည့်လူကဝက်သားအရောင်းဆိုင်ကဖြစ်သည်မို့ထိုဝက်ပေါက်ကလေးများအားကျွေးမွေးစောင့်ရှောက်ပြီးအကောင်ထွားလာလျှင်ပေါ်ပစ်မှာတော့အမှန်ပင်ဖြစ်သည်။
ဒါတွေကိုဒေါ်နုယဉ်ကစိတ်မကောင်းခြင်းဖြစ်နေခြင်းပင်။
ထို့ကြောင့် ဝက်ပေါက်တွေရောင်းရသည့်ငွေဖြင့်တတ်စွမ်းသလောက်အလှူအတန်းပြုလုပ်နေလေတော့သည်။
ဤသို့ဖြင့်ခုနှစ်လခန့်ကြာမြင့်လာခဲ့ရာမိညှက်သည်ဒုတိယသုတ်အဖြစ်သားပေါက်ပြန်လေသည်။
ဒီတစ်ခါတော့ဆယ်ကောင်ဖြစ်သည်။
သို့သော်သားပေါက်ပြီးသုံးရက်ခန့်အကြာ၌ဝက်ပေါက်ကလေးတစ်ကောင်သည်မိညှက်၏ကိုယ်လုံးဖြင့်ဖိမိပြီးသေလေတော့သည်။
ထိုအခါဒေါ်နုယဉ်က မိညှက်ကိုအစာကျွေးရင်းပြောလိုက်သည်။
“မိညှက်ရေ.ဒီတစ်ခါတော့နင်သားထိန်းတာညံ့သွားပြီ.ပထမအသုတ်တုန်းကလို ကလေးတွေကိုလည်းဂရုမစိုက်တော့ဘူး။ဒီလကုန်ရင်.ကလေးတွေရောနင့်ကိုပါငါရောင်းပစ်တော့မှာ”
ယင်းသို့ပြောပြီးနောက်ဝက်စာပုံးကိုယူကာခြံထဲမှပြန်ထွက်သွားလေသည်။
+++++++++++++++++++++++++
‘ဒေါက်ဒေါက်’
တံခါးခေါက်သံကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှနိုးလာခဲ့သည်။
“ဟဲ့.ဘယ်သူလဲ ”
“ကျွန်မလှရီပါ.မနုယဉ်”
“ဟဲ့.တစ်နာရီပဲထိုးနေပြီ.ဘာကိစ္စလဲ”
“ကျွန်မအရေးကြီးတဲ့ကိစ္စပြောစရာရှိလို့ပါ”
“အေးအေး.ခဏနေဦး ”
ဒေါ်နုယဉ်တံခါးကိုဖွင့်ပေးလိုက်သည်။
ပြီးနောက် ဒေါ်လှရီကိုမြင်တော့စိတ်ထဲဇဝေဇဝါဖြစ်သွားသည်။
‘ဟင်.မလှရီကကွယ်လွန်သွားပါပြီ.ဘယ်လိုလုပ်ရောက်လာတာပါလိမ့်”
ယင်းသို့တွေးနေခိုက်တွင်ဒေါ်လှရီက
“အစ်မ ကျွန်မကိုတော့မရောင်းလိုက်ပါနဲ့နော်.ကျွန်မကအစ်မတို့ကိုအကြွေးလာဆပ်နေတာပါ”
ထိုစကားကြောင့်ဒေါ်နုယဉ်မျက်မှောင်ကြုတ်သွားမိသည်။
“ဟင်.မလှရီကကျွန်မကိုဘယ်မှာအကြွေးဆပ်နေလို့တုံး”
ယင်းသို့မေးတော့ဒေါ်လှရီက
“အစ်မအိမ်မှာမွေးထားတဲ့မိညှက်ဆိုတဲ့ဝက်မလေ.အဲဒါကျွန်မပါပဲအစ်မရယ်”
“ဟင်”
ဒေါ်နုယဉ်အံ့အားသင့်သွားသည်။
ပြီးနောက် မယုံနိုင်စွာဖြင့်ထပ်မေးသည်။
“ဟုတ်လို့လား မလှရီရယ်”
“ဟုတ်ပါတယ်အစ်မ…လူ့ဘဝတုန်းကအစ်မဆီကချေးထားတဲ့ငွေတွေကိုပြန်မဆပ်လိုက်ရဘဲဆုံးသွားတဲ့အတွက်ကြောင့်အခုဝက်ဘဝနဲ့အစ်မဆီမှာအကြွေးလာဆပ်နေရတာပါ၊တကယ်လို့အစ်မကသာကျွန်မကိုရောင်းပစ်မယ်ဆိုရင်အကြွေးမကျေသေးတဲ့အတွက်ကြောင့်အခြားဘဝတစ်မျိုးနဲ့လာဆပ်ရဦးမှာပါ။အဲဒီဒုက္ခတွေကိုကျွန်မမခံချင်တော့ပါဘူး။ဒါကြောင့်ကြုံတဲ့အခိုက်လေးမှာအစ်မရဲ့အကြွေးကိုတစ်ခါတည်းကျေအောင်ဆပ်သွားပါရစေ။ကျွန်မကိုမရောင်းလိုက်ပါနဲ့”
ဒေါ်လှရီကမျက်နှာညှိုးနွမ်းစွာဖြင့်တောင်းပန်လေတော့ဒေါ်နုယဉ်လည်းစိတ်မကောင်းစွာဖြင့်သက်ပြင်းချမိလေသည်။
ပြီးနောက်
“အေးပါဟယ်.ငါမရောင်းပါဘူး။နေ့လည်တုန်းကပြောမိတာကလည်းငါစိတ်တိုပြီးအမှတ်တမဲ့ပြောလိုက်မိတာပါ။စိတ်ချပါ။ငါမရောင်းပါဘူး”
“ဟုတ်ကဲ့၊ ကျေးဇူးပါ အစ်မရယ်’
ဒေါ်လှရီအိမ်ပေါ်မှဆင်းသွားသည်။
ယင်းအခိုက်မှာပင်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှဖျတ်ခနဲလန့်နိုးလာခဲ့သည်။
ပြီးနောက် သူမ မက်ခဲ့သည်အိပ်မက်ကိုပြန်တွေးပြီး.ဒေါ်လှရီအတွက်အလွန်အမင်းစိတ်မကောင်းဖြစ်မိလေတော့သည်။
မနက်ရောက်တော့ဒေါ်နုယဉ်သည်ညတုန်းကအိပ်မက်အား.သီသီစိုးပြန်ပြောပြလိုက်သည်။
ထိုအခါသီသီစိုးလည်းပါးစပ်အဟောင်းသားဖြင့်နားထောင်ရင်းသက်ပြင်းချလေသည်။
“လူ့ဘဝကယူထားတဲ့အကြွေးကိုဝက်ဘဝနဲ့ပြန်လာဆပ်ရတယ်လို့.ကြားရတာစိတ်မချမ်းသာလိုက်တာအမေရယ်”
“ဘယ်တတ်နိုင်မလဲသမီးရယ်။သူ့ကံနဲ့သူဖြစ်လာတာကိုး။ဒီတော့အမေတို့လုပ်ပေးနိုင်တာကတော့သူ့ကိုအရင်ကထက်ပိုပြီးဂရုတစိုက်နဲ့ကျွေးမွေးစောင့်ရှောက်ဖို့ပဲမဟုတ်လား-”
ယင်းသို့ဆိုပြီးနောက် ဒေါ်နုယဉ်သည်ဆွဲခြင်းနှင့်ပိုက်ဆံအိတ်ကိုယူပြီး.ဈေးဝယ်ရန်အတွက်အိမ်ပေါ်မှဆင်းလာခဲ့လေသည်။
++++++++++++++++++++
ည။
နှင်းစက်တို့သည်ခေါင်မိုးပေါ်သို့တဖျောက်ဖျောက်နှင့်ကျလျက်ရှိနေသည်။
ခါတိုင်းရက်တွေထက်ပိုမိုချမ်းစိမ့်သည့်ညဖြစ်သည်မို့ဒေါ်နုယဉ်နှင့်သီသီစိုးသည်ခပ်စောစောပင်အိပ်ရာဝင်ဖြစ်ကြလေသည်။
“ဒေါက်ဒေါက်”
နှစ်ယောက်သားနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြခိုက်တံခါးခေါက်သံသည်နားထဲသို့တိုးဝင်လာသောကြောင့်အလွန်အအိပ်ဆတ်သည့်ဒေါ်နုယဉ်၏မျက်လုံးအစုံလည်းဖျတ်ခနဲပွင့်လာသည်။
“ဟဲ့.ဘယ်သူလဲ ”
“ကျွန်..ကျွန်မလှရီပါ ”
“ဟုတ်လား.ခဏစောင့်မလှရီ”
ဒေါ်နုယဉ်လည်းအိပ်ရာမှထပြီးတံခါးဖွင့်ပေးလိုက်လေရာအပေါက်ဝတွင်ရပ်နေသည့်ဒေါ်လှရီကိုတွေ့ရလေသည်။
“မလှရီ.ဘာပြောချင်လို့တုံး”
“ကျွန်မလေ ကလေးတွေကြောင့်အခုထိမအိပ်ရသေးပါဘူး။ကလေးတွေကမတ်တပ်ရပ်ရင်းနို့စို့နေကြလို့ကျွန်မမှာသူတို့လေးတွေပိမှာစိုးရိမ်လို့ဒီအတိုင်းပဲမတ်တပ်ရပ်နေရပါတယ်။ဒါကြောင့်အောက်ကိုဆင်းပြီးကူညီပေးပါဦးအစ်မရယ်”
“သြော်.အေးအေး.ငါလာပြီးကူညီပေးပါမယ်”
ယင်းသို့ပြောပြီးခိုက်မှာပင်ဒေါ်နုယဉ်သည်အိပ်ပျော်နေရာမှလန့်နိုးလာခဲ့သည်။
ထို့နောက်
“သြော်.မလှရီ မှာ.ကလေးတွေကြောင့်အိပ်မရတာကိုအိပ်မက်လာပေးရှာတာပဲ”
ယင်းသို့တွေးပြီးနောက်.ဒေါ်နုယဉ်သည်လက်နှိပ်ဓာတ်မီးတစ်လက်ယူပြီးတံခါးကိုဖွင့်လိုက်သည်။
ပြီးနောက်အိမ်အောက်ရှိဝက်ခြံထဲသို့ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာမတ်တပ်ရပ်ရင်းကလေးတွေကိုနို့တိုက်နေရသည့်မိညှက်ကိုတွေ့လေသည်။
ထို့နောက် ဒေါ်နုယဉ်လည်းဝက်ခြံ
ထဲသို့ဝင်ပြီးဝက်ကလေးတွေကိုဖယ်ပေးလိုက်သည်။
ဒီတော့မှမိညှက်လည်းမြေကြီးပေါ်လှဲချပြီးကောင်းစွာအိပ်စက်နိုင်လေတော့သည်။
ဒေါ်နုယဉ်လည်းဝက်ပေါက်ကလေးတွေကိုမိညှက်အနားသို့ပြန်ရွေ့ပေးပြီးအိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။
ထို့နောက် မနက်မိုးလင်းသည့်အချိန်ထိမိညှက်သည်အိပ်မက်ထဲသို့ဝင်မလာပါတော့ချေ။
+++++++++++++++++++++++++++++
ဤသို့ဖြင့်ခြောက်နှစ်ခန့်ကြာလာခဲ့သည်။
ယင်းသို့ကြာလာသည်နှင့်အမျှမိညှက်သည်လည်းတဖြည်းဖြည်းအိုမင်းလာပြီးမကြာခဏဆိုသလို
အဖျားဝင်လေတော့သည်။
သာမန်အားဖြင့်ဆိုလျှင်ဤကဲ့သို့အိုမင်းဖျားနာသည့်ဝက်မျိုးကိုမည်သူမှဒုက္ခခံပြီးကျွေးမွေးစောင့်ရှောက်ခြင်းမပြုတော့ဘဲဝက်ပေါ်သည့်လူဆီကိုသာရောင်းပစ်တတ်ကြသည်။
သို့သော်ဒေါ်နုယဉ်နှင့်သီသီစိုးသည်မိညှက်ကိုဤသို့မပြုရက်ပါချေ။
ထို့အပြင်မိညှက်ကိုဆေးကုရန်အတွက်တိရိစ္ဆာန်ဆေးကုဆရာဝန်အားသွားပင့်လေသည်။
ထိုအခါဆရာဝန်ကလည်းမနက်ဖြန်လာပါမည်ဟုပြောပြီးပြန်လွှတ်လိုက်သည်။
ဤသို့ဖြင့်ညအချိန်ရောက်လာခဲ့သ ည်။
ဒေါ်နုယဉ်သည်သီသီစိုးနှင့်အတူအိပ်ပျော်နေခိုက်တွင်အိပ်ခန်းထဲသို့အမျိုးသမီးကြီးတစ်ဦးရောက်လာလေသည်။
ထိုအမျိုးသမီးကြီးသည်ဒေါ်လှရီဖြစ်နေသည်။
ထိုအခါဒေါ်နုယဉ်က
“မလှရီ. အသံလည်းမပေး.ဘာမပေးနဲ့.ပြောပါဦး.ဘာကိစ္စ”
ယင်းသို့မေးတော့ဒေါ်လှရီက
“အစ်မ ကျွန်မလူ့ဘဝတုန်းကယူထားမိတဲ့အကြွေးကိုအခုဝက်ဘဝနဲ့ပြန်လာဆပ်တာကျေလောက်ပါပြီနော်”
ထိုအမေးကြောင့်ဒေါ်နုယဉ်လည်းအလွန်စိတ်မကောင်းဖြစ်သွားရလေသည်။
“သြော် ကျေပါပြီမလှရီရယ်။ကျေတဲ့အပြင်ပိုတောင်ပိုနေပါသေးတယ်”
“ဒါဆိုကျွန်မကိုခွင့်ပြုပါတော့နော်။ကျွန်မသွားတော့မယ်”
“ဟင် မလှရီကဘယ်ကိုသွားမှာမို့တုံး”
“နောက်ဘဝတစ်ခုကိုပါ။ကောင်းလားဆိုးလားတော့ကျွန်မလည်းမပြောတတ်သေးပါဘူး”
ပြောပြီးသည့်နောက်ဒေါ်လှရီ.အိပ်ခန်း ထဲမှထွက်သွားသည်။
ဒေါ်နုယဉ်လည်းဒေါ်လှရီ၏ကျောပြင်ကိုသာကြည့်ရင်းကျန်ခဲ့လေသည်။
“အမေ အမေ”
ရုတ်တရက် အတင်းလှုပ်နှိုးခံရသောကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှလန့်နိုးလာခဲ့သည်။
“သမီး..ဘာဖြစ်လို့တုံး”
ယင်းသို့မေးရင်းဖြင့်ဒေါ်နုယဉ်သည်နေမြင့်နေပြီကိုသတိပြုမိလေသည်။
ထို့ကြောင့် အိပ်ရာမှ.ကမန်းကတန်းထခိုက်တွင် သီသီစိုးက
“အမေ မိညှက်တော့သေသွားပြီ”
“ဟင်”
ဒေါ်နုယဉ်အံ့အားသင့်ပြီးမျက်လုံးပါပြူးသွားသည်။
“ဟဲ့.ဟုတ်လို့လား ”
“ဟုတ်တယ်အမေရဲ့ မနက်ကသမီးအစာကျွေးဖို့ခြံထဲဝင်လိုက်တော့သူကသေနေပြီ”
“သြော်”
ဒေါ်နုယဉ်ဆက်မပြောတော့ချေ။ညတုန်းကမက်ခဲ့သည့်အိပ်မက်ကိုပြန်လည်သတိရမိလိုက်သောကြောင့်ဖြစ်သည်။
ထို့နောက်
“ကဲကဲ သမီး။မိညှက်ကိုမြေမြုပ်ဖို့စီစဉ်ရအောင်”ဟုသာပြောလိုက်လေတော့သည်။
++++++++++++++++++++++
မနက်အချိန်ခါဖြစ်သည်မို့ဈေးထဲတွင်ကြက်ပျံမကျစည်ကားလျက်ရှိနေသည်။
ဒေါ်နုယဉ်လည်းလိုအပ်တာတွေဝယ်ပြီးပြီမို့ဆွဲခြင်းကိုဆွဲကာဈေးထဲမှပြန်ထွက်မည်ပြုစဉ်
“ဟဲ့.ဈေးဦးတောင်မပေါက်သေးဘူး။ဘယ့်နှယ့်အကြွေးလာယူနေရတာတုံး”
ထိုစကားသံကြောင့်ဒေါ်နုယဉ်၏ခြေလှမ်းတွေတုန့်ခနဲရပ်သွားပြီးအသံလာရာဘက်သို့လှည့်ကြည့်လိုက်ရာကြက်ဥသည်နှင့်ဈေးဝယ်သူတို့စကားပြောနေသည်ကိုတွေ့လိုက်ရလေသည်။
ဈေးဝယ်သူက
“အစ်မရယ် ဝယ်နေကျဖောက်သည်တွေပဲဥစ္စာ။ခါတိုင်းဈေးဝယ်ရင်ကျွန်တော်ပိုက်ဆံကိုလုံလုံလောက်လောက်ထည့်လာတာပဲ။ဒီနေ့ကျမှဝယ်တာများသွားလို့ကြက်ဥဝယ်ဖို့မကျန်ဘဲဖြစ်သွားတာပါ။မနက်ဖြန်ဒီကိုလာရင်ပေးပါ့မယ်ဗျာ”
ဒေါ်နုယဉ်ဆက်လက်နားမထောင်ဖြစ်တော့ဘဲလှည့်ထွက်လာခဲ့သည်။
ပြီးတာ့ ဈေးဝယ်သူပြောသည့်’မနက်ဖြန် ဒီကိုလာလျှင်ပေးပါမည်’ဆိုသည့်စကားကလည်းစိတ်ထဲတွင်စွဲထင်နေလျက်ရှိသည်။
မနက်ဖြန်…။လူတွေအများဆုံးသုံးသည့်စကားဖြစ်သည်။
မနက်ဖြန် လုပ်မည်။မနက်ဖြန်ပေးမည်။မနက်ဖြန်သုံးမည်စသည်စသည်ဖြင့်တကယ်တော့မနက်ဖြန်ဆိုတာယနေ့လောက်မသေချာချေ။
ယနေ့ဆိုတာကလည်းနောင်ဘဝနှင့်ကျောချင်းကပ်လျက်ရှိနေသည်။
ဤကဲ့သို့မရေရာလှသောလူ့ဘဝတွင်အကြွေးတွေဖြင့်သာလူတွေရှင်သန်ကြရသည်။
အကြွေး တွေဖြင့်သာဘဝကိုနိဂုံးချုပ်ကြရသည်။
အချို့ လုပ်လက်စအလုပ်တွေတန်းလန်းကြီးဖြင့်ကွယ်လွန်သွားကြသည်။
အချို့ လည်းသူတစ်ပါးဆီမှယူထားသည့်အကြွေးကိုပြန်မဆပ်နိုင်မီကွယ်လွန်သွားကြသည်။
ဒီတော့ တမလွန် ဘဝ၌မဖြစ်ဖြစ်သည့်နည်းဖြင့်ပြန်လာကာအကြွေးဆပ်ကြရသည်။
သို့သော်ဒါတွေကလည်းအထူးအဆန်းမဟုတ်တော့ချေ။
အကျိုးတရားဖြစ်ဖို့အတွက်အကြောင်းတရားတွေရှိခဲ့ကြသည်မဟုတ်လား။
မည်သို့ပင်ဆိုစေ။ယူထားသည့်အကြွေးကိုဆပ်ဖို့မကြုံခဲ့လျှင်တောင်.ကြုံသည့်အချိန်တွင်ပြန်ဆပ်ရမှာတော့ဧကန်မုချဖြစ်ပါတေ့ာသည်။
အားလုံးအေးချမ်းပါစေ.. ။
ဆရာဆွေ(တောင်တွင်း)
မှတ်ချက်။ ။၂၀၁၇တွင်ဤဝတ္ထုအား’လှိုင်ဦး’ကလောင်အမည်ဖြ့င်ဆဌမအာရုံမဂ္ဂဇင်းတွင်ဖော်ပြခံရပြီးဖြစ်ပါသည်။
ယခုဆရာဆွေ(တောင်တွင်း)ကလောင်အမည်ကိုပြောင်းလဲအသုံးပြုပီးပြန်လည်ရေးသားတင်ပြခြင်းဖြစ်ပါသည်။

Unicode Version

သံသရာအေႂကြးဆပ္သူ(စ/ဆံုး)
————————————-
“အေမ.ေဒၚလွရီဆုံးသြားၿပီ”
“ဟင္”
ေဈးဝယ္ရာမွျပန္ေရာက္ေရာက္ခ်င္း.သမီးျဖစ္သူသီသီစိုးကဆီးႀကိဳၿပီးေျပာလိုက္သည့္စကားေၾကာင့္ေဒၚႏုယဥ္မွာအံ့အားသင့္သြားရသည္။
ထို႔ေနာက္ ဆြဲျခင္းကိုေစ်းဆိုင္ေပၚသို႔တင္လိုက္ရင္း
“ဟဲ့.ဟုတ္လို႔လား ။မနက္ကေတာင္သူေစ်းဝယ္လာေသးတယ္။”
“ဟုတ္တယ္အေမရဲ႕၊ေန႔လည္တုန္းကေနပူႀကီးထဲအဝတ္ေလွ်ာ္ရင္းဦးေႏွာက္ေသြးေၾကာျပတ္သြားတာတဲ့”
“ေၾသာ္”ျဖစ္ရေလဟယ္”
ေဒၚႏုယဥ္စိတ္မေကာင္းစြာျဖင့္ေရ႐ြတ္မိသည္။
ထိုအခါသီသီစိုးက
“အေမ့။အဲဒါအေရးမႀကီးဘူး။သမီးတို႔အေႂကြးကိုဘယ္လိုေတာင္းရေတာ့မတုန္း။သူ႔ေယာက်ၤားကလည္းအခ်ိန္တိုင္းမူးေနတာ”
“ေၾသာ္.ဒါဆိုလည္းေတာင္းမေနပါနဲ႔ေတာ့ေအ။ကိုျမင့္ေဇာ္ကသူ႔ဟာသူေရခ်ိန္ကိုက္ဖို႔ေတာင္အႏိုင္ႏိုင္ရယ္”
“အဲဒါေၾကာင့္အေမ့ကိုေျပာတာေပါ့.အေႂကြးေတြကိုတတ္ႏိုင္သေလာက္ရေအာင္ေတာင္းပါဆို.အခုေတာ့ဆုံးၿပီ။သမီးေတာင္းတုန္းကေတာ့အေမကကန္႔့လန္႔ဝင္ပါတယ္”
ထိုအခါေဒၚႏုရီက
“ဟဲ့.ပါရမွာေပါ့။နင္ကႏႈတ္ၾကမ္းလွ်ာၾကမ္းရယ္။ဒီေတာ့ငါ့မွာမ်က္ႏွာပ်က္စရာေတြျဖစ္ကုန္ေရာ”
ယင္းသို႔ဆိုၿပီးေနာက္
“ကဲ.နင္ဒီမုန္႔ေတြကိုခ်ိတ္ထားလိုက္ဦး။ငါဟိုဘက္ရပ္ကြက္ကေဒၚတုတ္ဆီအေႂကြးသြားေတာင္းလိုက္ဦးမယ္”
ထိုအခါသီသီစိုးက
“ေနေန.အေမ။သမီးပဲသြားေတာင္းလိုက္မယ္။အဲဒီေဒၚတုတ္ကဟိုေန႔ေပးမယ္၊ဒီေန႔ေပးမယ္နဲ႔ပလာတာ႐ိုက္ေနတာ။အေမေတာင္းရင္ရမွာမဟုတ္ဘူး”
ေျပာရင္းဆိုရင္းျဖင့္သီသီစိုးကဆိုင္ေပၚမွဆင္းလိုက္သည္။
ၿပီးေနာက္ၿခံဝန္းထဲမွထြက္လာေတာ့ေဒၚႏုယဥ္ကလွမ္းမွာလိုက္သည္။
“သမီး.ခ်ိဳခ်ိဳသာသာပဲေျပာၿပီးေတာင္းေနာ္”
“ဟုတ္ကဲ့ပါအေမရဲ႕”
ဤသို႔ျဖင့္ေဒၚတုတ္၏အိမ္သို႔ေရာက္ေတာ့မိခင္ျဖစ္သူမွာသည့္အတိုင္းခ်ိဳခ်ိဳသာသာေျပာၿပီးေတာင္းသည္။
ေဒၚတုတ္က
“ညေနမွလာပါလားကေလးရယ္။အေဒၚအဆင္မေျပေသးလို႔ပါ။တကယ္လို႔ကေလးမလာျဖစ္ရင္အေဒၚကိုယ္တိုင္လာေပးပါ့မယ္”
“ေသခ်ာတယ္ေနာ္ေဒၚတုတ္။ညေနမွေရာက္မလာရင္ကြၽန္မအဆိုးမဆိုနဲ႔”
ေျပာၿပီးသည့္ေနာက္သီသီစိုးလွည့္ထြက္လာခဲ့သည္။
သူမအလုပ္ကဤကဲ့သို႔ျဖစ္သည္။
အိမ္ဆိုင္ကေလးဖြင့္ထားေသာ္လည္းသိပ္အဆင္မေျပလွသည္မို႔ယခုကဲ့သို႔ေငြတိုးေခ်းစားရသည္။
ယင္းလည္းသိပ္တြက္ေခ်မကိုက္လွေခ်။
အဘယ္ေၾကာင့္ ဆိုေသာ္ သူမ၏မိခင္ေဒၚႏုယဥ္သည္အလြန္အားနာတတ္ေသာေၾကာင့္ျဖစ္သည္။
အခ်ိဳ႕ကေတာ့ယူထားသည့္ေငြႏွင့္အတိုးကိုေၾကေအာင္ဆပ္ၾကေပမင့္အခ်ိဳ႕က်ေတာ့ေပေတေတလုပ္ေနတတ္ၾကသည္။
ထိုအခါမ်ိဳးက်ေတာ့သူမႏွင့္ထိပ္တိုက္ေတြ႕ရေတာ့သည္။
သူမသည္အသက္ႏွစ္ဆယ္ေက်ာ္သာရွိေသးေပမင့္အလြန္စိတ္ထက္သူျဖစ္သည္။
ေျပာစရာရွိလွ်င္လည္း.ႀကီးသည္ငယ္သည္သိပ္အေရးမထားဘဲဒိုးဒိုးေဒါက္ေဒါက္ေျပာပစ္တတ္သည္။
ဒီေတာ့သူမကိုေတာ္႐ုံအေႂကြးယူထားသူေတြကလန္႔ၾကသည္။
ယင္းလည္းသူမကသိပ္ဂ႐ုစိုက္လွသည္မဟုတ္ေခ်။
‘ေငြေရးေၾကးေရး ႏွင့္ပတ္သက္လွ်င္မည္သူ႔ကိုမွအားမနာႏိုင္’ဟုအၿမဲေတြးေနတတ္သူျဖစ္သည္။
အိမ္သို႔ျပန္ေရာက္ေတာ့ေဒၚႏုယဥ္က
“ဘယ္လိုလဲသမီး..ရခဲ့ရဲ႕လား”
“မရဘူးအေမ။ဒါေပမယ့္ ညေနေရာက္ရင္လာဆပ္မယ္လို႔ေတာ့ေျပာတယ္”
“ဟုတ္လား. ဒါဆိုလည္းၿပီးတာပဲေအ”
ေဒၚႏုယဥ္အိမ္ေပၚသို႔တက္သြားသည္။
ညေနအခ်ိန္သို႔ေရာက္ေတာ့ေဒၚတုတ္သည္ျမင္းလွည္းေပၚ၌ဝက္မဒန္းမ.တစ္ေကာင္တင္ၿပီးေဒၚႏုယဥ္၏အိမ္ေရွ႕သို႔ေရာက္လာသည္။
ၿပီးေနာက္
“မႏုရယ္..ကြၽန္မမွာပိုက္ဆံမရွိေသးတာမို႔ဒီဝက္မေလးပဲအေႂကြးနဲ႔ႏွိမ္ၿပီးယူထားလိုက္ပါ.က်န္တဲ့ပိုက္ဆံကိုေတာ့လ.ကုန္ရင္လာေပးပါ့မယ္”
ထိုအခါေဒၚႏုရီမွာထုံးစံအတိုင္းအားနာၿပီးမ်က္ႏွာမထားတတ္ေအာင္ျဖစ္သြားရသည္။
ယင္းအေျခအေနကိုရိပ္မိေတာ့သီသီစိုးကၾကားျဖတ္ၿပီးဝင္ေျပာသည္။
“ေကာင္းၿပီေလ.ကြၽန္မတို႔ယူထားလိုက္ပါမယ္။အေဒၚေျပာတဲ့အတိုင္းက်န္တဲ့ေငြကိုေတာ့လကုန္ရင္လာဆပ္ျဖစ္ေအာင္ဆပ္လွည့္ပါ”
“စိတ္ခ်ပါ ကြယ္”ယင္းသို႔ဆိုၿပီးေနာက္ ေဒၚတုတ္ကျမင္းလွည္းဆရာကိုအကူအညီလွမ္းေတာင္းသည္။
“ငါ့တူ.အဲ့ဒီ ဝက္မေလးကိုအိမ္ေအာက္ပို႔ေပးလိုက္ပါကြယ္”
“ဟုတ္ကဲ့အေဒၚ”
ျမင္းလွည္းဆရာလည္းဝက္ဒန္းေလးကိုေအာက္ခ်ၿပီးအိမ္ေအာက္သို႔ဆြဲေခၚလာခဲ့သည္။
ၿပီးေနာက္လည္ပင္းမွႀကိဳးျဖင့္တိုင္တစ္တိုင္တြင္ခ်ည္ေပးထားလိုက္သည္။
ထို႔ေနာက္ ေဒၚတုတ္က
“ကဲ.အိမ္မွာကေလးေတြခ်ည္းက်န္ခဲ့လို႔..ျပန္လိုက္ပါဦးမယ္”
“ဟုတ္ကဲ့”
ေဒၚတုတ္ႏွင့္ျမင္းလွည္းဆရာျပန္ထြက္သြားသည္။
ထိုအခါမွေဒၚႏုယဥ္ကသီသီစိုးကိုေမးေလသည္။
“သမီး.ေန႔လည္တုန္းကေဒၚတုတ္ကိုဘယ္လိုေျပာၿပီးအေႂကြးေတာင္းတာတုံး”
“ဒီညေနလာဆပ္ျဖစ္ေအာင္ဆပ္လို႔..မဆပ္ရင္အဆိုးမဆိုနဲ႔လို႔.ေျပာၿပီးေတာင္းလိုက္တာ”..
ေဒၚႏုယဥ္သက္ျပင္းခ်မိသည္။
“ညည္းႏွယ့္ေအ..ေကာင္းေကာင္းမြန္မြန္ေျပာၿပီးေတာင္းပါဆို.ခုေတာ့မ်က္ႏွာပ်က္စရာေတြျဖစ္ကုန္ၿပီ”
ထိုအခါသီသီစိုးက
“လုပ္ျပန္ၿပီ။အေမအဲ့ဒါ ေၾကာင့္အေမ့အေႂကြးေတြဆုံးတာ။ရစရာရွိတာေတာ့ဒဲ့ေျပာၿပီးေတာင္းရမွာပဲ”
ေျပာၿပီးသည့္ေနာက္သီသီစိုးသည္ဝက္ၿခံ႐ိုက္ရန္အတြက္ရပ္ကြက္ထဲမွဝါးဆိုင္သို႔ထြက္သြားေလသည္။
တကယ္ေတ့ာမရ.ရတာယူမည္ဆိုသည့္သေဘာျဖင့္ဝက္မဒန္းမေလးကိုယူထားလိုက္သည္ဆိုေပမင့္သီသီစိုးအတြက္အလြန္အလုပ္ရႈပ္ရသည္။
မနက္ေရာက္ၿပီဆိုလွ်င္ဝက္ၿခံကိုသ့န္ရွင္းေရုးလုပ္ရသလို၊ဝက္စာကိုလည္းႀကိဳခ်က္ရသည္။..
ဒီၾကားထဲမိခင္ျဖစ္သူေနမေကာင္းျပန္လွ်င္လည္းေျခဆုပ္လက္နယ္ျပဳစုးေပးရျပန္သည္။
ဤသို႔ျဖ္င့္ေျခာက္လခန္႔ၾကာေတာ့ဝက္မဒန္းမေလးသည္ သားငါးေကာင္ေပါက္ေလသည္။
ထို႔ေနာက္ ယင္းဝက္ေပါက္ငါးေကာင္ကိုဝက္မႀကီးႏွ႔င္အတူေလးဆယ့္ငါးရက္ခန္႔အထိထားၿပီး..ဝက္ဝယ္သူကိုေခၚၿပီးေရာင္းေလသည္။
ဒါကေတာ့ဤရပ္ကြက္သာမဟုတ္၊အနီးအနားရွိရပ္ကြက္တကာတို႔၏ထုံးစံလိုလိုျဖစ္သည္။
ဝက္ေတြအတြက္အလုပ္ရႈပ္မခံခ်င္တာလည္းပါမည္။
ေဒၚႏုယဥ္အိမ္မွဝက္ေပါက္ကေလးေတြကိုအေသအခ်ာၾကည့္ၿပီးသည့္ေနာက္ဝယ္သူက
“ေလးေကာင္ကိုေတာ့သေဘာက်တယ္ဗ်ာ။ဒီဝက္မေလးကေတာ့ညႇက္လြန္းတယ္။အားမရဘူး”
ထိုအခါသီသီစိုးက..
“ဒါဆိုလည္းထားခဲ့ေလ။ဝယ္ခ်င္တဲ့လူကိုပဲေရာင္းေတာ့မယ္”
“ဟုတ္”
ထို႔ေနာက္ ဝယ္သူလည္းဝက္ေလးေကာင္အတြက္ေငြရွင္းၿပီးျမင္းလွည္းျဖင့္တင္သြားေလသည္။
ထိုအခါမွေဒၚႏုယဥ္ကသီသီစိုးဘက္လွည့္ၿပီး
“ကဲသမီး.ဒီဝက္မေလးကေတာ့အျခားလူေတြကိုေရာင္းလည္းေစ်းေကာင္းရမွာမဟုတ္ဘူး.ဒီမွာ ပဲဆက္ေမြးထားၾကရေအာင္”
“အေမးမြခ်င္တယ္ဆိုေမြးေလ”
ဤသျဖင့္ဝက္မေလးကိုမိခင္ဝက္မႀကီးႏွင့္အတူဆက္ေမြးထားလိုက္သည။္
ၿပီေတာ့ထိုဝက္မေလးကိုအေကာင္ညႇက္လြန္းသျဖင့္’မိညႇက္’ဟုလည္းအမည္ေပးထားလိုက္သည္။
မိညႇက္သုံးလသားအ႐ြယ္ေရာက္ေတာ့မိခင္ဝက္မႀကီးသည္အစာတေရွာင္ေရွာင္ျဖစ္လာသလို.မၾကာခဏလည္းအဖ်ားဝင္လာတတ္ေလသည္။..
ထိုအခါေဒၚႏုယဥ္ႏွင့္သီသီစိုးလည္းအခ်င္းခ်င္းတိုင္ပင္ၿပီး
ထိုဝက္မႀကီးကိုေရာင္းပစ္လိုက္ၾကေတာ့သည္။
ဒီေတာ့ မိညႇက္တစ္ေကာင္သာက်န္ေလေတာ့သည္။
ယင္းမိညႇက္ကိုေတာေဒၚႏုယဥ္ေရာသီသီစိုးကပါဂ႐ုတစိုက္ေကြၽးေမြးေစာင့္ေရွာက္ထားေလသည္။
မိညႇက္ကလည္းအလြန္ထူးျခားသည့္ဝက္မေလးျဖစ္သည္။
မည္သည့္အခ်ိန္တြင္မဆိုၿငိမ္ကုပ္၍သာေနၿပီး.ဆူညံစြာအသံေပးၿပီးေတာ့လည္းအစာမေတာင္းတတ္ေခ်။
စားက်င္းထဲသို႔အစာလာထည့္ေပးမွစားေလသည္။
ဤသို႔ျဖင့္ ရွစ္လခန္႔ၾကာေသာအခါ၌မိညႇက္သည္သားေပါက္ေလသည္။
စုစုေပါင္း ခုနစ္ေကာင္ျဖစ္သည္။
ေဒၚႏုယဥ္ႏွင့္သီသီစိုးလည္းယင္းဝက္ေပါက္ခုႏွစ္ေကာင္ကိုမိညႇက္ႏွင့္အတူႏွစ္လခန္႔ထားလိုက္ေသးသည္။
ၿပီးေနာက္.ခုႏွစ္ေကာင္စလုံးကိုဝယ္သူထံသို႔ေရာင္းပစ္လိုက္ျပန္သည္။
လက္ထဲသို႔ေငြေရာက္လာသည့္ေနာက္ေဒၚႏုယဥ္က
“ကဲ.သမီးေရ. အခုရတဲ့ေငြေတြကိုေတာ့အေမတို႔အကုန္သုံးပစ္လို႔မသင့္ဘူး။အလႉအတန္းေလးေတာ့လုပ္ဦးမွ.ဒါမွဝက္ကေလးေတြလည္းကုသိုလ္ရမွာ”
ဟုတ္လည္းဟုတ္သည္။ေဒၚႏုယဥ္တို႔ကအလုပ္ရႈပ္မခံလိုသျဖင့္ဝက္ေပါက္ေလးေတြကိုေရာင္းလိုက္သည္ဆိုေပမင့္ဝယ္သည့္လူကဝက္သားအေရာင္းဆိုင္ကျဖစ္သည္မို႔ထိုဝက္ေပါက္ကေလးမ်ားအားေကြၽးေမြးေစာင့္ေရွာက္ၿပီးအေကာင္ထြားလာလွ်င္ေပၚပစ္မွာေတာ့အမွန္ပင္ျဖစ္သည္။
ဒါေတြကိုေဒၚႏုယဥ္ကစိတ္မေကာင္းျခင္းျဖစ္ေနျခင္းပင္။
ထို႔ေၾကာင့္ ဝက္ေပါက္ေတြေရာင္းရသည့္ေငြျဖင့္တတ္စြမ္းသေလာက္အလႉအတန္းျပဳလုပ္ေနေလေတာ့သည္။
ဤသို႔ျဖင့္ခုႏွစ္လခန္႔ၾကာျမင့္လာခဲ့ရာမိညႇက္သည္ဒုတိယသုတ္အျဖစ္သားေပါက္ျပန္ေလသည္။
ဒီတစ္ခါေတာ့ဆယ္ေကာင္ျဖစ္သည္။
သို႔ေသာ္သားေပါက္ၿပီးသုံးရက္ခန္႔အၾကာ၌ဝက္ေပါက္ကေလးတစ္ေကာင္သည္မိညႇက္၏ကိုယ္လုံးျဖင့္ဖိမိၿပီးေသေလေတာ့သည္။
ထိုအခါေဒၚႏုယဥ္က မိညႇက္ကိုအစာေကြၽးရင္းေျပာလိုက္သည္။
“မိညႇက္ေရ.ဒီတစ္ခါေတာ့နင္သားထိန္းတာညံ့သြားၿပီ.ပထမအသုတ္တုန္းကလို ကေလးေတြကိုလည္းဂ႐ုမစိုက္ေတာ့ဘူး။ဒီလကုန္ရင္.ကေလးေတြေရာနင့္ကိုပါငါေရာင္းပစ္ေတာ့မွာ”
ယင္းသို႔ေျပာၿပီးေနာက္ဝက္စာပုံးကိုယူကာၿခံထဲမွျပန္ထြက္သြားေလသည္။
+++++++++++++++++++++++++
‘ေဒါက္ေဒါက္’
တံခါးေခါက္သံေၾကာင့္ေဒၚႏုယဥ္လည္းအိပ္ေပ်ာ္ေနရာမွႏိုးလာခဲ့သည္။
“ဟဲ့.ဘယ္သူလဲ ”
“ကြၽန္မလွရီပါ.မႏုယဥ္”
“ဟဲ့.တစ္နာရီပဲထိုးေနၿပီ.ဘာကိစၥလဲ”
“ကြၽန္မအေရးႀကီးတဲ့ကိစၥေျပာစရာရွိလို႔ပါ”
“ေအးေအး.ခဏေနဦး ”
ေဒၚႏုယဥ္တံခါးကိုဖြင့္ေပးလိုက္သည္။
ၿပီးေနာက္ ေဒၚလွရီကိုျမင္ေတာ့စိတ္ထဲဇေဝဇဝါျဖစ္သြားသည္။
‘ဟင္.မလွရီကကြယ္လြန္သြားပါၿပီ.ဘယ္လိုလုပ္ေရာက္လာတာပါလိမ့္”
ယင္းသို႔ေတြးေနခိုက္တြင္ေဒၚလွရီက
“အစ္မ ကြၽန္မကိုေတာ့မေရာင္းလိုက္ပါနဲ႔ေနာ္.ကြၽန္မကအစ္မတို႔ကိုအေႂကြးလာဆပ္ေနတာပါ”
ထိုစကားေၾကာင့္ေဒၚႏုယဥ္မ်က္ေမွာင္ၾကဳတ္သြားမိသည္။
“ဟင္.မလွရီကကြၽန္မကိုဘယ္မွာအေႂကြးဆပ္ေနလို႔တုံး”
ယင္းသို႔ေမးေတာ့ေဒၚလွရီက
“အစ္မအိမ္မွာေမြးထားတဲ့မိညႇက္ဆိုတဲ့ဝက္မေလ.အဲဒါကြၽန္မပါပဲအစ္မရယ္”
“ဟင္”
ေဒၚႏုယဥ္အံ့အားသင့္သြားသည္။
ၿပီးေနာက္ မယုံႏိုင္စြာျဖင့္ထပ္ေမးသည္။
“ဟုတ္လို႔လား မလွရီရယ္”
“ဟုတ္ပါတယ္အစ္မ…လူ႔ဘဝတုန္းကအစ္မဆီကေခ်းထားတဲ့ေငြေတြကိုျပန္မဆပ္လိုက္ရဘဲဆုံးသြားတဲ့အတြက္ေၾကာင့္အခုဝက္ဘဝနဲ႔အစ္မဆီမွာအေႂကြးလာဆပ္ေနရတာပါ၊တကယ္လို႔အစ္မကသာကြၽန္မကိုေရာင္းပစ္မယ္ဆိုရင္အေႂကြးမေက်ေသးတဲ့အတြက္ေၾကာင့္အျခားဘဝတစ္မ်ိဳးနဲ႔လာဆပ္ရဦးမွာပါ။အဲဒီဒုကၡေတြကိုကြၽန္မမခံခ်င္ေတာ့ပါဘူး။ဒါေၾကာင့္ႀကဳံတဲ့အခိုက္ေလးမွာအစ္မရဲ႕အေႂကြးကိုတစ္ခါတည္းေက်ေအာင္ဆပ္သြားပါရေစ။ကြၽန္မကိုမေရာင္းလိုက္ပါနဲ႔”
ေဒၚလွရီကမ်က္ႏွာညႇိဳးႏြမ္းစြာျဖင့္ေတာင္းပန္ေလေတာ့ေဒၚႏုယဥ္လည္းစိတ္မေကာင္းစြာျဖင့္သက္ျပင္းခ်မိေလသည္။
ၿပီးေနာက္
“ေအးပါဟယ္.ငါမေရာင္းပါဘူး။ေန႔လည္တုန္းကေျပာမိတာကလည္းငါစိတ္တိုၿပီးအမွတ္တမဲ့ေျပာလိုက္မိတာပါ။စိတ္ခ်ပါ။ငါမေရာင္းပါဘူး”
“ဟုတ္ကဲ့၊ ေက်းဇူးပါ အစ္မရယ္’
ေဒၚလွရီအိမ္ေပၚမွဆင္းသြားသည္။
ယင္းအခိုက္မွာပင္ေဒၚႏုယဥ္လည္းအိပ္ေပ်ာ္ေနရာမွဖ်တ္ခနဲလန္႔ႏိုးလာခဲ့သည္။
ၿပီးေနာက္ သူမ မက္ခဲ့သည္အိပ္မက္ကိုျပန္ေတြးၿပီး.ေဒၚလွရီအတြက္အလြန္အမင္းစိတ္မေကာင္းျဖစ္မိေလေတာ့သည္။
မနက္ေရာက္ေတာ့ေဒၚႏုယဥ္သည္ညတုန္းကအိပ္မက္အား.သီသီစိုးျပန္ေျပာျပလိုက္သည္။
ထိုအခါသီသီစိုးလည္းပါးစပ္အေဟာင္းသားျဖင့္နားေထာင္ရင္းသက္ျပင္းခ်ေလသည္။
“လူ႔ဘဝကယူထားတဲ့အေႂကြးကိုဝက္ဘဝနဲ႔ျပန္လာဆပ္ရတယ္လို႔.ၾကားရတာစိတ္မခ်မ္းသာလိုက္တာအေမရယ္”
“ဘယ္တတ္ႏိုင္မလဲသမီးရယ္။သူ႔ကံနဲ႔သူျဖစ္လာတာကိုး။ဒီေတာ့အေမတို႔လုပ္ေပးႏိုင္တာကေတာ့သူ႔ကိုအရင္ကထက္ပိုၿပီးဂ႐ုတစိုက္နဲ႔ေကြၽးေမြးေစာင့္ေရွာက္ဖို႔ပဲမဟုတ္လား-”
ယင္းသို႔ဆိုၿပီးေနာက္ ေဒၚႏုယဥ္သည္ဆြဲျခင္းႏွင့္ပိုက္ဆံအိတ္ကိုယူၿပီး.ေစ်းဝယ္ရန္အတြက္အိမ္ေပၚမွဆင္းလာခဲ့ေလသည္။
++++++++++++++++++++
ည။
ႏွင္းစက္တို႔သည္ေခါင္မိုးေပၚသို႔တေဖ်ာက္ေဖ်ာက္ႏွင့္က်လ်က္ရွိေနသည္။
ခါတိုင္းရက္ေတြထက္ပိုမိုခ်မ္းစိမ့္သည့္ညျဖစ္သည္မို႔ေဒၚႏုယဥ္ႏွင့္သီသီစိုးသည္ခပ္ေစာေစာပင္အိပ္ရာဝင္ျဖစ္ၾကေလသည္။
“ေဒါက္ေဒါက္”
ႏွစ္ေယာက္သားႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနၾကခိုက္တံခါးေခါက္သံသည္နားထဲသို႔တိုးဝင္လာေသာေၾကာင့္အလြန္အအိပ္ဆတ္သည့္ေဒၚႏုယဥ္၏မ်က္လုံးအစုံလည္းဖ်တ္ခနဲပြင့္လာသည္။
“ဟဲ့.ဘယ္သူလဲ ”
“ကြၽန္..ကြၽန္မလွရီပါ ”
“ဟုတ္လား.ခဏေစာင့္မလွရီ”
ေဒၚႏုယဥ္လည္းအိပ္ရာမွထၿပီးတံခါးဖြင့္ေပးလိုက္ေလရာအေပါက္ဝတြင္ရပ္ေနသည့္ေဒၚလွရီကိုေတြ႕ရေလသည္။
“မလွရီ.ဘာေျပာခ်င္လို႔တုံး”
“ကြၽန္မေလ ကေလးေတြေၾကာင့္အခုထိမအိပ္ရေသးပါဘူး။ကေလးေတြကမတ္တပ္ရပ္ရင္းႏို႔စို႔ေနၾကလို႔ကြၽန္မမွာသူတို႔ေလးေတြပိမွာစိုးရိမ္လို႔ဒီအတိုင္းပဲမတ္တပ္ရပ္ေနရပါတယ္။ဒါေၾကာင့္ေအာက္ကိုဆင္းၿပီးကူညီေပးပါဦးအစ္မရယ္”
“ေၾသာ္.ေအးေအး.ငါလာၿပီးကူညီေပးပါမယ္”
ယင္းသို႔ေျပာၿပီးခိုက္မွာပင္ေဒၚႏုယဥ္သည္အိပ္ေပ်ာ္ေနရာမွလန္႔ႏိုးလာခဲ့သည္။
ထို႔ေနာက္
“ေၾသာ္.မလွရီ မွာ.ကေလးေတြေၾကာင့္အိပ္မရတာကိုအိပ္မက္လာေပးရွာတာပဲ”
ယင္းသို႔ေတြးၿပီးေနာက္.ေဒၚႏုယဥ္သည္လက္ႏွိပ္ဓာတ္မီးတစ္လက္ယူၿပီးတံခါးကိုဖြင့္လိုက္သည္။
ၿပီးေနာက္အိမ္ေအာက္ရွိဝက္ၿခံထဲသို႔ဓာတ္မီးျဖင့္ထိုးၾကည့္လိုက္ရာမတ္တပ္ရပ္ရင္းကေလးေတြကိုႏို႔တိုက္ေနရသည့္မိညႇက္ကိုေတြ႕ေလသည္။
ထို႔ေနာက္ ေဒၚႏုယဥ္လည္းဝက္ၿခံ
ထဲသို႔ဝင္ၿပီးဝက္ကေလးေတြကိုဖယ္ေပးလိုက္သည္။
ဒီေတာ့မွမိညႇက္လည္းေျမႀကီးေပၚလွဲခ်ၿပီးေကာင္းစြာအိပ္စက္ႏိုင္ေလေတာ့သည္။
ေဒၚႏုယဥ္လည္းဝက္ေပါက္ကေလးေတြကိုမိညႇက္အနားသို႔ျပန္ေ႐ြ႕ေပးၿပီးအိမ္ေပၚသို႔ျပန္တက္လာခဲ့သည္။
ထို႔ေနာက္ မနက္မိုးလင္းသည့္အခ်ိန္ထိမိညႇက္သည္အိပ္မက္ထဲသို႔ဝင္မလာပါေတာ့ေခ်။
+++++++++++++++++++++++++++++
ဤသို႔ျဖင့္ေျခာက္ႏွစ္ခန္႔ၾကာလာခဲ့သည္။
ယင္းသို႔ၾကာလာသည္ႏွင့္အမွ်မိညႇက္သည္လည္းတျဖည္းျဖည္းအိုမင္းလာၿပီးမၾကာခဏဆိုသလို
အဖ်ားဝင္ေလေတာ့သည္။
သာမန္အားျဖင့္ဆိုလွ်င္ဤကဲ့သို႔အိုမင္းဖ်ားနာသည့္ဝက္မ်ိဳးကိုမည္သူမွဒုကၡခံၿပီးေကြၽးေမြးေစာင့္ေရွာက္ျခင္းမျပဳေတာ့ဘဲဝက္ေပၚသည့္လူဆီကိုသာေရာင္းပစ္တတ္ၾကသည္။
သို႔ေသာ္ေဒၚႏုယဥ္ႏွင့္သီသီစိုးသည္မိညႇက္ကိုဤသို႔မျပဳရက္ပါေခ်။
ထို႔အျပင္မိညႇက္ကိုေဆးကုရန္အတြက္တိရိစာၦန္ေဆးကုဆရာဝန္အားသြားပင့္ေလသည္။
ထိုအခါဆရာဝန္ကလည္းမနက္ျဖန္လာပါမည္ဟုေျပာၿပီးျပန္လႊတ္လိုက္သည္။
ဤသို႔ျဖင့္ညအခ်ိန္ေရာက္လာခဲ့သ ည္။
ေဒၚႏုယဥ္သည္သီသီစိုးႏွင့္အတူအိပ္ေပ်ာ္ေနခိုက္တြင္အိပ္ခန္းထဲသို႔အမ်ိဳးသမီးႀကီးတစ္ဦးေရာက္လာေလသည္။
ထိုအမ်ိဳးသမီးႀကီးသည္ေဒၚလွရီျဖစ္ေနသည္။
ထိုအခါေဒၚႏုယဥ္က
“မလွရီ. အသံလည္းမေပး.ဘာမေပးနဲ႔.ေျပာပါဦး.ဘာကိစၥ”
ယင္းသို႔ေမးေတာ့ေဒၚလွရီက
“အစ္မ ကြၽန္မလူ႔ဘဝတုန္းကယူထားမိတဲ့အေႂကြးကိုအခုဝက္ဘဝနဲ႔ျပန္လာဆပ္တာေက်ေလာက္ပါၿပီေနာ္”
ထိုအေမးေၾကာင့္ေဒၚႏုယဥ္လည္းအလြန္စိတ္မေကာင္းျဖစ္သြားရေလသည္။
“ေၾသာ္ ေက်ပါၿပီမလွရီရယ္။ေက်တဲ့အျပင္ပိုေတာင္ပိုေနပါေသးတယ္”
“ဒါဆိုကြၽန္မကိုခြင့္ျပဳပါေတာ့ေနာ္။ကြၽန္မသြားေတာ့မယ္”
“ဟင္ မလွရီကဘယ္ကိုသြားမွာမို႔တုံး”
“ေနာက္ဘဝတစ္ခုကိုပါ။ေကာင္းလားဆိုးလားေတာ့ကြၽန္မလည္းမေျပာတတ္ေသးပါဘူး”
ေျပာၿပီးသည့္ေနာက္ေဒၚလွရီ.အိပ္ခန္း ထဲမွထြက္သြားသည္။
ေဒၚႏုယဥ္လည္းေဒၚလွရီ၏ေက်ာျပင္ကိုသာၾကည့္ရင္းက်န္ခဲ့ေလသည္။
“အေမ အေမ”
႐ုတ္တရက္ အတင္းလႈပ္ႏႈိးခံရေသာေၾကာင့္ေဒၚႏုယဥ္လည္းအိပ္ေပ်ာ္ေနရာမွလန္႔ႏိုးလာခဲ့သည္။
“သမီး..ဘာျဖစ္လို႔တုံး”
ယင္းသို႔ေမးရင္းျဖင့္ေဒၚႏုယဥ္သည္ေနျမင့္ေနၿပီကိုသတိျပဳမိေလသည္။
ထို႔ေၾကာင့္ အိပ္ရာမွ.ကမန္းကတန္းထခိုက္တြင္ သီသီစိုးက
“အေမ မိညႇက္ေတာ့ေသသြားၿပီ”
“ဟင္”
ေဒၚႏုယဥ္အံ့အားသင့္ၿပီးမ်က္လုံးပါျပဴးသြားသည္။
“ဟဲ့.ဟုတ္လို႔လား ”
“ဟုတ္တယ္အေမရဲ႕ မနက္ကသမီးအစာေကြၽးဖို႔ၿခံထဲဝင္လိုက္ေတာ့သူကေသေနၿပီ”
“ေၾသာ္”
ေဒၚႏုယဥ္ဆက္မေျပာေတာ့ေခ်။ညတုန္းကမက္ခဲ့သည့္အိပ္မက္ကိုျပန္လည္သတိရမိလိုက္ေသာေၾကာင့္ျဖစ္သည္။
ထို႔ေနာက္
“ကဲကဲ သမီး။မိညႇက္ကိုေျမျမဳပ္ဖို႔စီစဥ္ရေအာင္”ဟုသာေျပာလိုက္ေလေတာ့သည္။
++++++++++++++++++++++
မနက္အခ်ိန္ခါျဖစ္သည္မို႔ေဈးထဲတြင္ၾကက္ပ်ံမက်စည္ကားလ်က္ရွိေနသည္။
ေဒၚႏုယဥ္လည္းလိုအပ္တာေတြဝယ္ၿပီးၿပီမို႔ဆြဲျခင္းကိုဆြဲကာေဈးထဲမွျပန္ထြက္မည္ျပဳစဥ္
“ဟဲ့.ေဈးဦးေတာင္မေပါက္ေသးဘူး။ဘယ့္ႏွယ့္အေႂကြးလာယူေနရတာတုံး”
ထိုစကားသံေၾကာင့္ေဒၚႏုယဥ္၏ေျခလွမ္းေတြတုန္႔ခနဲရပ္သြားၿပီးအသံလာရာဘက္သို႔လွည့္ၾကည့္လိုက္ရာၾကက္ဥသည္ႏွင့္ေဈးဝယ္သူတို႔စကားေျပာေနသည္ကိုေတြ႕လိုက္ရေလသည္။
ေဈးဝယ္သူက
“အစ္မရယ္ ဝယ္ေနက်ေဖာက္သည္ေတြပဲဥစၥာ။ခါတိုင္းေဈးဝယ္ရင္ကြၽန္ေတာ္ပိုက္ဆံကိုလုံလုံေလာက္ေလာက္ထည့္လာတာပဲ။ဒီေန႔က်မွဝယ္တာမ်ားသြားလို႔ၾကက္ဥဝယ္ဖို႔မက်န္ဘဲျဖစ္သြားတာပါ။မနက္ျဖန္ဒီကိုလာရင္ေပးပါ့မယ္ဗ်ာ”
ေဒၚႏုယဥ္ဆက္လက္နားမေထာင္ျဖစ္ေတာ့ဘဲလွည့္ထြက္လာခဲ့သည္။
ၿပီးတာ့ ေဈးဝယ္သူေျပာသည့္’မနက္ျဖန္ ဒီကိုလာလွ်င္ေပးပါမည္’ဆိုသည့္စကားကလည္းစိတ္ထဲတြင္စြဲထင္ေနလ်က္ရွိသည္။
မနက္ျဖန္…။လူေတြအမ်ားဆုံးသုံးသည့္စကားျဖစ္သည္။
မနက္ျဖန္ လုပ္မည္။မနက္ျဖန္ေပးမည္။မနက္ျဖန္သုံးမည္စသည္စသည္ျဖင့္တကယ္ေတာ့မနက္ျဖန္ဆိုတာယေန႔ေလာက္မေသခ်ာေခ်။
ယေန႔ဆိုတာကလည္းေနာင္ဘဝႏွင့္ေက်ာခ်င္းကပ္လ်က္ရွိေနသည္။
ဤကဲ့သို႔မေရရာလွေသာလူ႔ဘဝတြင္အေႂကြးေတြျဖင့္သာလူေတြရွင္သန္ၾကရသည္။
အေႂကြး ေတြျဖင့္သာဘဝကိုနိဂုံးခ်ဳပ္ၾကရသည္။
အခ်ိဳ႕ လုပ္လက္စအလုပ္ေတြတန္းလန္းႀကီးျဖင့္ကြယ္လြန္သြားၾကသည္။
အခ်ိဳ႕ လည္းသူတစ္ပါးဆီမွယူထားသည့္အေႂကြးကိုျပန္မဆပ္ႏိုင္မီကြယ္လြန္သြားၾကသည္။
ဒီေတာ့ တမလြန္ ဘဝ၌မျဖစ္ျဖစ္သည့္နည္းျဖင့္ျပန္လာကာအေႂကြးဆပ္ၾကရသည္။
သို႔ေသာ္ဒါေတြကလည္းအထူးအဆန္းမဟုတ္ေတာ့ေခ်။
အက်ိဳးတရားျဖစ္ဖို႔အတြက္အေၾကာင္းတရားေတြရွိခဲ့ၾကသည္မဟုတ္လား။
မည္သို႔ပင္ဆိုေစ။ယူထားသည့္အေႂကြးကိုဆပ္ဖို႔မႀကဳံခဲ့လွ်င္ေတာင္.ႀကဳံသည့္အခ်ိန္တြင္ျပန္ဆပ္ရမွာေတာ့ဧကန္မုခ်ျဖစ္ပါေတ့ာသည္။
အားလုံးေအးခ်မ္းပါေစ.. ။
ဆရာေဆြ(ေတာင္တြင္း)
မွတ္ခ်က္။ ။၂၀၁၇တြင္ဤဝတၳဳအား’လႈိင္ဦး’ကေလာင္အမည္ျဖ့င္ဆဌမအာ႐ုံမဂၢဇင္းတြင္ေဖာ္ျပခံရၿပီးျဖစ္ပါသည္။
ယခုဆရာေဆြ(ေတာင္တြင္း)ကေလာင္အမည္ကိုေျပာင္းလဲအသုံးျပဳပီးျပန္လည္ေရးသားတင္ျပျခင္းျဖစ္ပါသည္။