” ခရီးသွား နာနာဘာဝများ”(စ/ဆုံး)

Unicode Version

” ခရီးသွား နာနာဘာဝများ”(စ/ဆုံး)
——————————————
လောကမှာ မမြင်အပ်တဲ့အရာတွေ နာနာဘာဝတွေတကယ်ရှိနေတယ်ဆိုတာ မယုံကြည်သူတွေအတွက်တော့ ပြောမယုံ ကြုံမှသိဆိုသလို ကိုယ်တိုင်လက်တွေ့ကြုံလိုက်ရမှ သိကြပါလိမ့်မယ်။ ကျွန်မကတော့ အလုပ်ကိစ္စနဲ့ ခရီးတွေထွက်ရင်း ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ လက်တွေ့ကြုံခဲ့ရတဲ့ အဖြစ်တွေကအများကြီးရယ် ။ဟိုင်းဝေးလမ်းတွေပေါ်က ပရလောကသားတွေပေါ့ရှင်။ ပထမဆုံးကြုံခဲ့ရတဲ့ အဖြစ်ကတော့ …

အဲ့ဒီနေ့က အလုပ်ကိစ္စနဲ့ လားရှိုးဘက်ကိုသွားစရာရှိတာကြောင့် လင်မယားနှစ်ယောက် အိမ်က ကားလေးနဲ့ပဲတစ်ယောက်တစ်လှည့်စီ မောင်းမယ်ဆိုပြီး ထွက်လာခဲ့ကြတယ်လေ။ ကျွန်မတို့အိမ်ကနေ စထွက်ကြတော့ကို ည7နာရီ။ နေ့ခင်းဘက်ဆို အရမ်းပူတာကြောင့် လူသက်သာအောင်ဆိုပြီး တမင်တကာ ညဘက်မောင်းသွားကြဖို့ဆုံးဖြတ်ခဲ့ကြတာပေါ့။ ကျွန်မတို့ပြင်ဦးလွင်စတက်တဲ့ အချိန်မှာပဲ မိုးလေးက တဖြောက်ဖြောက်ရွာလာတယ်။

21မိုင်ရောက်တော့ မိုးကအရမ်းသည်းလာတာနဲ့ မိုးနည်းနည်းစဲသွားဖို့လည်းစောင့်ရင်း ကားခနနားရင်း စားကြသောက်ကြပေါ့။ မိုးလေးနည်းနည်းစဲသွားတော့ ကျွန်မတို့လည်း ခရီးဆက်မယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ 21မိုင်ဈေးဆိုင်တန်းတွေအကျော်လောက်ရောက်တော့ အသက် လေး ငါးနှစ်လောက်ရှိမယ့် ဂါဝန်နဲ့ကလေးမလေးတစ်ယောက်ကို လက်တွဲထားတဲ့ အမျိုးသမီးတစ်ယောက် သစ်ပင်တစ်ပင်အောက်ကနေပြီး ကားကိုလက်ပြတားနေတာကို တွေ့လိုက်ရတယ်။

” နွယ်ရေ ဟိုရှေ့မှာကြည့်ပါဦး မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက် ကားတားနေပါလား ”

” ဟုတ်ပါရဲ့ ! မိုးရွာထဲမှာ ကလေးလေးနဲ့ ရပ်ပေးလိုက်ပါ ကိုကိုရယ် …ကူညီစရာရှိလည်း ကူညီလို့ရအောင် ”

” ကျွီ ”
”ဘာအကူအညီပေးရမလဲ အမ ”

” ကျွန်မတို့စီးလာတဲ့ကားပျက်သွားလို့ပါရှင်… မိုးကလည်းချုပ်နေပြီဆိုတော့ လိုင်းကားတွေကလည်းမရှိတော့လို့ပါ…ကျွန်မတို့သားအမိအရေးကြီး ကိစ္စလေးရှိလို့ နောင်ချိုကိုအချိန်မှီရောက်မှဖြစ်မှာမို့လို့ပါ … ဖြစ်နိုင်မယ်ဆိုရင် လမ်းကြုံရင် လိုက်ခဲ့လို့ရမလားရှင် ”

ကားတားစီးတဲ့အမကြီးရဲ့စကားအဆုံး ခင်ပွန်းဖြစ်သူက ဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ ကျွန်မဘက်ကိုလှည့်ကြည့်လာတယ် ။ သူတို့သားအမိကို ကျွန်မအကဲခတ်ကြည့်မိတော့ ကျွန်မဆီကအဖြေကို မျက်နှာငယ်လေးတွေနဲ့ အားကိုးတကြီးစောင့်စားနေကြလေရဲ့။ မိုးမိထားလို့ထင်တယ် သားအမိနှစ်ယောက်စလုံး မျက်နှာလေးတွေကို ဖြူဖတ်ဖြူလျော်ဖြစ်လို့။

” ကူညီလိုက်ပါ ကိုကိုရယ် နွယ်တို့လည်း လမ်းသင့်တာပဲဟာ …လာ လာ အမ …တက်ကြ ”

” ကျေးဇူးတင်ပါတယ် ငါ့မောင်နဲ့ ညီမရယ် …”

” ဟုတ်ကဲ့ ရပါတယ် အမ ”

နွယ်တို့ဆီကခွင့်ပြုချက်ရတာနဲ့ သူတို့သားအမိ
ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်ကြတယ်။ ထူးဆန်းတာက သူတို့သားအမိဝင်ထိုင်လိုက်တာနဲ့ တပြိုင်နက်ပဲ ကျွန်မရော ကျွန်မအမျိုးသားပါ ဖြန်းးခနဲ ကြက်သီးတွေထသွားကြတာပါပဲ။ ဒါပေမယ့်လည်း ရာသီဥတုအခြေအနေကြောင့်ရော ကားအဲကွန်းဖွင့်ထားရောကြောင့်ပါ ဖြစ်မှာပါဆိုပြီးအမှတ်တမဲ့ပဲ နေလိုက်ကြတယ်။

လမ်းတလျောက်လုံးလည်း ပုတ်အဲ့အဲ့အနံ့မျိုးရလိုက် ကြက်သီးထလိုက်နဲ့။ နောက်ခန်းကသားအမိကို မသိမသာကြည့်မိပြန်တော့လည်း ဘာအနံ့မှမရသလို ဘာမှမခံစားရသလိုမျိုး ။ ကားပေါ်စတက်လာခါစက စကားတခွန်းစ နှစ်ခွန်းစပြောဖြစ်ကြသေးပေမယ့် နောက်ပိုင်းမှာတော့ ကျွန်မတို့ကိုယ်တိုင်ကိုက စကားနည်းတာရော အဲ့အမျိုးသမီးပုံကြည့်ရတာ တခုခုကိုပူပင်သောကရောက်နေသလိုပုံစံဖြစ်နေတာရောကြောင့်ပါ စကားဆက်မပြောဖြစ်ကြတော့ဘူး။တချက် တချက်အကဲခတ်သလို သူတို့သားအမိကို လှည့်ကြည့်မိတိုင်းမှာလည်း အမျိုးသမီးက ကားပြတင်းပေါက်ကနေအပြင်ကိုငေးနေပြီး ကလေးမလေးကတော့ အမေ့ရင်ခွင်ထဲမှာခေါင်းမှီပြီး အိပ်နေလေရဲ့။

နောင်ချိုရောက်တော့ သူတို့ကားရပ်ခိုင်းတဲ့နေရာမှာပဲ ရပ်ပေးလိုက်တယ်။ ကျေးဇူးတင်စကားအကြိမ်ကြိမ်ဆိုပြီး ထွက်သွားတဲ့သူတို့သားအမိကိုကြည့်ရင်း ကျွန်မရင်ထဲမှာတော့ အမည်မသိတဲ့ခံစားချက်တစ်ခုကို လှိုက်ခနဲခံစားလိုက်ရတယ်။ အဲ့ဒီ နောင်ချိုက ဆိုင်လေးတစ်ဆိုင်မှာပဲ မနက်စာစားရင်း သူတို့သားအမိကိုကြည့်ရတာ တမျိုးဖြစ်နေတဲ့အကြောင်း ကျွန်မ အမျိုးသားနဲ့ ပြောဖြစ်တော့ ကျွန်မတို့ပြောနေတဲ့စကားတွေကို ကြားသွားဟန်ရှိတဲ့ ဆိုင်ရှင် အမကြီးက အနားရောက်လာပြီး……

” မဟုတ်မှလွဲရော ဒီကညီမတို့ပြောတဲ့သားအမိဆိုတာ မိန်းမက အသားဖြူဖြူ အသက်သုံးဆယ်ကျော်လောက်နဲ့ကလေးလေးက အသက်ငါးနှစ်အရွယ်လောက် ကလေးမလေးမလား”

” ရှင် ! ဟုတ် ဟုတ်ပါတယ် ဒါနဲ့အမက ဘယ်လိုသိတာလဲ”

” အမလေးးး သိတာပေါ့ ညီမရယ် ညီမတို့တော့ တကယ့်ဟာတွေနဲ့တွေ့ခဲ့တာပဲ ။ ညီမတို့ပြောတဲ့သားအမိက အရင်ကဒီနောင်ချိုကပဲ။ နောက်ပိုင်း သူ့အမျိုးသားအလုပ်ကိစ္စနဲ့ပြင်ဦးလွင်မှာသွားနေရတော့ သူတို့သားအမိပါ လိုက်နေကြတယ်။ ကောင်မလေးမိဘတွေကတော့ ဒီနောင်ချိုမှာပဲ ကျန်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ တစ်လလောက်က သူ့အမေ နေမကောင်းလို့ဆိုပြီး ကလေးမလေးက သူ့သမီးလေးနဲ့အတူ မိဘတွေအိမ်ပြန်လာတယ်လေ။ ကလေးမလေးတို့ သားအမိကိုက ကံဆိုးရှာပါတယ်။ တစ်ရက် နေမကောင်းတဲ့သူ့အမေအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေထွက်အဝယ် လမ်းကူးရင်း ခရီးသည်တင် vanကားတစ်စီးနဲ့တိုက်မိကြတယ်လေ။ ကားကလည်းအရှိန်များတော့ သူတို့သားအမိ ခမျာနေရာမှာတင်ပွဲချင်းပြီးပါပဲ။ အေးး သူတို့ခမျာ သံယောဇဉ်တွေမပြတ်နိုင်ရှာဘူး ထင်ပါတယ် မိသားစုတွေက အမျှဝေပေးကြပေမယ့် ခုထိမကျွတ်နိုင်ကြရှာသေးဘူးလေ။ ရက်ခြားဆိုသလို နောင်ချိုနဲ့ ပြင်ဦးလွင်ကို ကားတွေတားပြီး လမ်းကြုံလိုက်လေ့ရှိတယ်။ ဘာမှတော့ အန္တရာယ်မပြုကြရှာပါဘူး။သိတဲ့သူတွေကတော့ ဘယ်ရပ်ပေးရဲမလဲလေ မောင်းပြေးကြတာပေါ့။ ငါ့ညီမတို့ကို မသိသေးတဲ့သူတွေကတော့ မကြာခနဆိုသလို ခုလိုကြုံရတတ်တယ်ကွဲ့ ”

” ဗျာ ”
”ရှင် ဒါ ဒါဆို သူတို့ကသရဲ သရဲတွေပေါ့ ”

” အင်းး အဲ့လိုလည်းပြောလို့ရတာပေါ့ ညီမရယ် မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေပေါ့လေ ”

” အမလေးးး ဘုရားး ဘုရားးး ”

ဆိုင်ရှင်အမကြီးပြောတဲ့အကြောင်းကို ကြားလိုက်ရတဲ့နောက် ကျွန်မတို့လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်နှာအပျက်ပျက်နဲ့ကြည့်ရင်း ဘုရားတလိုက်မိကြတယ်။ ပရလောကသားတွေနဲ့ တစ်ညလုံးကားအတူတူစီးလာခဲ့ရတဲ့ အဖြစ်ကိုပြန်တွေးမိရင်း ကြက်သီးတွေထပြီး ခေါင်းတွေပါကြီးလာသလိုပါပဲ။ နောက်ရက်ကျ ကျွန်မ အကြောက်လွန်ပြီး သုံးလေးရက်လောက် ဖျားယူရတာကတော့ တကယ့်အမှတ်ရစရာပါပဲ။

အဲ့နောက်ပိုင်းမှာလည်း ညဘက်ခရီးတွေသွားရတိုင်းမှာ ပရလောကသားတွေကို ပုံစံအမျိုးမျိုးနဲ့ ကြုံရလေ့ရှိတယ်။ ကြာတော့ သိပ်တောင်မကြောက်တတ်တော့သလိုပါပဲ။ နောက်ပိုင်း ကျွန်မကြုံခဲ့ရတဲ့ ပရလောကသားတွေအကြောင်းကိုတော့ အလျင်းသင့်သလို ပြောပြပေးသွားပါ့မယ်ရှင်………

အမ်နိုင်း(oasis)’

Zawgyi Version

” ခရီးသြား နာနာဘာဝမ်ား”(စ/ဆံုး)
——————————————
ေလာကမွာ မျမင္အပ္တ့ဲအရာေတြ နာနာဘာဝေတြတကယ္ရွိေနတယ္ဆိုတာ မယုံၾကည္သူေတြအတြက္ေတာ့ ေျပာမယုံ ၾကံဳမွသိဆိုသလို ကိုယ္တိုင္လက္ေတြ႔ၾကံဳလိုက္ရမွ သိၾကပါလိမ့္မယ္။ ကြ်န္မကေတာ့ အလုပ္ကိစၥနဲ႕ ခရီးေတြထြက္ရင္း ကိုယ္တိုင္ နဖူးေတြ႔ ဒူးေတြ႔ လက္ေတြ႔ၾကံဳခ့ဲရတ့ဲ အျဖစ္ေတြကအမ်ားၾကီးရယ္ ။ဟိုင္းေဝးလမ္းေတြေပၚက ပရေလာကသားေတြေပါ့ရွင္။ ပထမဆုံးၾကံဳခ့ဲရတ့ဲ အျဖစ္ကေတာ့ …

အ့ဲဒီေန႔က အလုပ္ကိစၥနဲ႕ လားရႈိးဘက္ကိုသြားစရာရွိတာေၾကာင့္ လင္မယားႏွစ္ေယာက္ အိမ္က ကားေလးနဲ႕ပဲတစ္ေယာက္တစ္လွည့္စီ ေမာင္းမယ္ဆိုျပီး ထြက္လာခ့ဲၾကတယ္ေလ။ ကြ်န္မတို႔အိမ္ကေန စထြက္ၾကေတာ့ကို ည7နာရီ။ ေန႔ခင္းဘက္ဆို အရမ္းပူတာေၾကာင့္ လူသက္သာေအာင္ဆိုျပီး တမင္တကာ ညဘက္ေမာင္းသြားၾကဖို႔ဆုံးျဖတ္ခ့ဲၾကတာေပါ့။ ကြ်န္မတို႔ျပင္ဦးလြင္စတက္တ့ဲ အခ်ိန္မွာပဲ မိုးေလးက တေျဖာက္ေျဖာက္ရြာလာတယ္။

21မိုင္ေရာက္ေတာ့ မိုးကအရမ္းသည္းလာတာနဲ႕ မိုးနည္းနည္းစဲသြားဖို႔လည္းေစာင့္ရင္း ကားခနနားရင္း စားၾကေသာက္ၾကေပါ့။ မိုးေလးနည္းနည္းစဲသြားေတာ့ ကြ်န္မတို႔လည္း ခရီးဆက္မယ္ဆိုျပီး ထြက္ခ့ဲၾကတယ္။ 21မိုင္ေစ်းဆိုင္တန္းေတြအေက်ာ္ေလာက္ေရာက္ေတာ့ အသက္ ေလး ငါးႏွစ္ေလာက္ရွိမယ့္ ဂါဝန္နဲ႕ကေလးမေလးတစ္ေယာက္ကို လက္တြဲထားတ့ဲ အမ်ိဳးသမီးတစ္ေယာက္ သစ္ပင္တစ္ပင္ေအာက္ကေနျပိီး ကားကိုလက္ျပတားေနတာကို ေတြ႔လိုက္ရတယ္။

” ႏြယ္ေရ ဟိုေရွ႕မွာၾကည့္ပါဦး မိန္းမတစ္ေယာက္နဲ႕ ကေလးတစ္ေယာက္ ကားတားေနပါလား ”

” ဟုတ္ပါရဲ႕ ! မိုးရြာထဲမွာ ကေလးေလးနဲ႕ ရပ္ေပးလိုက္ပါ ကိုကိုရယ္ …ကူညီစရာရွိလည္း ကူညီလို႔ရေအာင္ ”

” က်ီြ ”
”ဘာအကူအညီေပးရမလဲ အမ ”

” ကြ်န္မတို႔စီးလာတ့ဲကားပ်က္သြားလို႔ပါရွင္… မိုးကလည္းခ်ဳပ္ေနျပီဆိုေတာ့ လိုင္းကားေတြကလည္းမရွိေတာ့လို႔ပါ…ကြ်န္မတို႔သားအမိအေရးၾကီး ကိစၥေလးရွိလို႔ ေနာင္ခ်ိဳကိုအခ်ိန္မွီေရာက္မွျဖစ္မွာမို႔လို႔ပါ … ျဖစ္ႏိုင္မယ္ဆိုရင္ လမ္းၾကံဳရင္ လိုက္ခ့ဲလို႔ရမလားရွင္ ”

ကားတားစီးတဲ႕အမၾကီးရဲ႕စကားအဆုံး ခင္ပြန္းျဖစ္သူက ဘယ္လိုလဲဆိုတ့ဲအၾကည့္နဲ႕ ကြ်န္မဘက္ကိုလွည့္ၾကည့္လာတယ္ ။ သူတို႔သားအမိကို ကြ်န္မအကဲခတ္ၾကည့္မိေတာ့ ကြ်န္မဆီကအေျဖကို မ်က္ႏွာငယ္ေလးေတြနဲ႕ အားကိုးတၾကိီးေစာင့္စားေနၾကေလရဲ႕။ မိုးမိထားလို႔ထင္တယ္ သားအမိႏွစ္ေယာက္စလုံး မ်က္ႏွာေလးေတြကို ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္လို႔။

” ကူညီလိုက္ပါ ကိုကိုရယ္ ႏြယ္တို႔လည္း လမ္းသင့္တာပဲဟာ …လာ လာ အမ …တက္ၾက ”

” ေက်းဇူးတင္ပါတယ္ ငါ့ေမာင္နဲ႕ ညီမရယ္ …”

” ဟုတ္က့ဲ ရပါတယ္ အမ ”

ႏြယ္တို႔ဆီကခြင့္ျပဳခ်က္ရတာနဲ႕ သူတို႔သားအမိ
ကားေနာက္ခန္းတံခါးကိုဖြင့္ျပီး ဝင္ထိုင္လိုက္ၾကတယ္။ ထူးဆန္းတာက သူတို႔သားအမိဝင္ထိုင္လိုက္တာနဲ႕ တျပိဳင္နက္ပဲ ကြ်န္မေရာ ကြ်န္မအမ်ိဳးသားပါ ျဖန္းးခနဲ ၾကက္သီးေတြထသြားၾကတာပါပဲ။ ဒါေပမယ့္လည္း ရာသီဥတုအေျခအေနေၾကာင့္ေရာ ကားအဲကြန္းဖြင့္ထားေရာေၾကာင့္ပါ ျဖစ္မွာပါဆိုျပီးအမွတ္တမ့ဲပဲ ေနလိုက္ၾကတယ္။

လမ္းတေလ်ာက္လုံးလည္း ပုတ္အ့ဲအ့ဲအနံ႕မ်ိဳးရလိုက္ ၾကက္သီးထလိုက္နဲ႕။ ေနာက္ခန္းကသားအမိကို မသိမသာၾကည့္မိျပန္ေတာ့လည္း ဘာအနံ႕မွမရသလို ဘာမွမခံစားရသလိုမ်ိဳး ။ ကားေပၚစတက္လာခါစက စကားတခြန္းစ ႏွစ္ခြန္းစေျပာျဖစ္ၾကေသးေပမယ့္ ေနာက္ပိုင္းမွာေတာ့ ကြ်န္မတို႔ကိုယ္တိုင္ကိုက စကားနည္းတာေရာ အ့ဲအမ်ိဳးသမီးပုံၾကည့္ရတာ တခုခုကိုပူပင္ေသာကေရာက္ေနသလိုပုံစံျဖစ္ေနတာေရာေၾကာင့္ပါ စကားဆက္မေျပာျဖစ္ၾကေတာ့ဘူး။တခ်က္ တခ်က္အကဲခတ္သလို သူတို႔သားအမိကို လွည့္ၾကည့္မိတိုင္းမွာလည္း အမ်ိဳးသမီးက ကားျပတင္းေပါက္ကေနအျပင္ကိုေငးေနျပီး ကေလးမေလးကေတာ့ အေမ့ရင္ခြင္ထဲမွာေခါင္းမွီျပီး အိပ္ေနေလရဲ႕။

ေနာင္ခ်ိဳေရာက္ေတာ့ သူတို႔ကားရပ္ခိုင္းတ့ဲေနရာမွာပဲ ရပ္ေပးလိုက္တယ္။ ေက်းဇူးတင္စကားအၾကိမ္ၾကိမ္ဆိုျပီး ထြက္သြားတ့ဲသူတို႔သားအမိကိုၾကည့္ရင္း ကြ်န္မရင္ထဲမွာေတာ့ အမည္မသိတ့ဲခံစားခ်က္တစ္ခုကို လိႈက္ခနဲခံစားလိုက္ရတယ္။ အ့ဲဒီ ေနာင္ခ်ိဳက ဆိုင္ေလးတစ္ဆိုင္မွာပဲ မနက္စာစားရင္း သူတို႔သားအမိကိုၾကည့္ရတာ တမ်ိဳးျဖစ္ေနတ့ဲအေၾကာင္း ကြ်န္မ အမ်ိဳးသားနဲ႕ ေျပာျဖစ္ေတာ့ ကြ်န္မတို႔ေျပာေနတ့ဲစကားေတြကို ၾကားသြားဟန္ရွိတ့ဲ ဆိုင္ရွင္ အမၾကီးက အနားေရာက္လာျပီး……

” မဟုတ္မွလြဲေရာ ဒီကညီမတို႔ေျပာတ့ဲသားအမိဆိုတာ မိန္းမက အသားျဖဴျဖဴ အသက္သုံးဆယ္ေက်ာ္ေလာက္နဲ႕ကေလးေလးက အသက္ငါးႏွစ္အရြယ္ေလာက္ ကေလးမေလးမလား”

” ရွင္ ! ဟုတ္ ဟုတ္ပါတယ္ ဒါနဲ႕အမက ဘယ္လိုသိတာလဲ”

” အမေလးးး သိတာေပါ့ ညီမရယ္ ညီမတို႔ေတာ့ တကယ့္ဟာေတြနဲ႕ေတြ႔ခ့ဲတာပဲ ။ ညီမတို႔ေျပာတ့ဲသားအမိက အရင္ကဒီေနာင္ခ်ိဳကပဲ။ ေနာက္ပိုင္း သူ႔အမ်ိဳးသားအလုပ္ကိစၥနဲ႕ျပင္ဦးလြင္မွာသြားေနရေတာ့ သူတို႔သားအမိပါ လိုက္ေနၾကတယ္။ ေကာင္မေလးမိဘေတြကေတာ့ ဒီေနာင္ခ်ိဳမွာပဲ က်န္ခဲ႔တာေပါ့။ လြန္ခ့့ဲတ့ဲ တစ္လေလာက္က သူ႔အေမ ေနမေကာင္းလို႔ဆိုျပီး ကေလးမေလးက သူ႔သမီးေလးနဲ႕အတူ မိဘေတြအိမ္ျပန္လာတယ္ေလ။ ကေလးမေလးတို႔ သားအမိကိုက ကံဆိုးရွာပါတယ္။ တစ္ရက္ ေနမေကာင္းတ့ဲသူ႔အေမအတြက္ လိုအပ္တ့ဲပစၥည္းေလးေတြထြက္အဝယ္ လမ္းကူးရငး္ ခရီးသည္တင္ vanကားတစ္စီးနဲ႕တိုက္မိၾကတယ္ေလ။ ကားကလည္းအရွိန္မ်ားေတာ့ သူတို႔သားအမိ ခမ်ာေနရာမွာတင္ပြဲခ်င္းျပီးပါပဲ။ ေအးး သူတို႔ခမ်ာ သံေယာဇဥ္ေတြမျပတ္ႏိုင္ရွာဘူး ထင္ပါတယ္ မိသားစုေတြက အမ်ွေဝေပးၾကေပမယ့္ ခုထိမကြ်တ္ႏိုင္ၾကရွာေသးဘူးေလ။ ရက္ျခားဆိုသလို ေနာင္ခ်ိဳနဲ႕ ျပင္ဦးလြင္ကို ကားေတြတားျပီး လမ္းၾကံဳလိုက္ေလ့ရွိတယ္။ ဘာမွေတာ့ အႏၱရာယ္မျပဳၾကရွာပါဘူး။သိတ့ဲသူေတြကေတာ့ ဘယ္ရပ္ေပးရဲမလဲေလ ေမာင္းေျပးၾကတာေပါ့။ ငါ့ညီမတို႔ကို မသိေသးတ့ဲသူေတြကေတာ့ မၾကာခနဆိုသလို ခုလိုၾကံဳရတတ္တယ္ကြဲ႕ ”

” ဗ်ာ ”
”ရွင္ ဒါ ဒါဆို သူတို႔ကသရဲ သရဲေတြေပါ့ ”

” အင္းး အ့ဲလိုလည္းေျပာလို႔ရတာေပါ့ ညီမရယ္ မကြ်တ္လြတ္ေသးတ့ဲ ပရေလာကသားေတြေပါ့ေလ ”

” အမေလးးး ဘုရားး ဘုရားးး ”

ဆိုင္ရွင္အမၾကီးေျပာတ့ဲအေၾကာင္းကို ၾကားလိုက္ရတ့ဲေနာက္ ကြ်န္မတို႔လင္မယားႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ႏွာအပ်က္ပ်က္နဲ႕ၾကည့္ရင္း ဘုရားတလိုက္မိၾကတယ္။ ပရေလာကသားေတြနဲ႕ တစ္ညလုံးကားအတူတူစီးလာခ့ဲရတ့ဲ အျဖစ္ကိုျပန္ေတြးမိရင္း ၾကက္သီးေတြထျပီး ေခါင္းေတြပါၾကီးလာသလိုပါပဲ။ ေနာက္ရက္က် ကြ်န္မ အေၾကာက္လြန္ျပီး သုံးေလးရက္ေလာက္ ဖ်ားယူရတာကေတာ့ တကယ့္အမွတ္ရစရာပါပဲ။

အ့ဲေနာက္ပိုင္းမွာလည္း ညဘက္ခရီးေတြသြားရတိုင္းမွာ ပရေလာကသားေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႕ ၾကံဳရေလ့ရွိတယ္။ ၾကာေတာ့ သိပ္ေတာင္မေၾကာက္တတ္ေတာ့သလိုပါပဲ။ ေနာက္ပိုင္း ကြ်န္မၾကံဳခ့ဲရတ့ဲ ပရေလာကသားေတြအေၾကာင္းကိုေတာ့ အလ်င္းသင့္သလို ေျပာျပေပးသြားပါ့မယ္ရွင္………

အမ္ႏိုင္း(oasis)’