အကြွေးလာဆပ်တာပါ(စ/ဆုံး)

Unicode Version

အကြွေးလာဆပ်တာပါ(စ/ဆုံး)
————————————-
ဆောင်းနှောင်းနှင်းစက်တွေ ဝေနေပြီ သမီး . ..
ကြွေလွင့်နှင်းမှုန်တွေကြားမှာ လမ်းလျှောက်နေရင်းက သမီးကို တမ်းတမ်းတတ သတိရလိုက်မိသည်။
သည်လို နှင်းမှုန်ကြွေလွင့် ဆောင်းမနက်ခင်းတွေမှာ သမီးနဲ့အတူ လမ်းလျှောက်ခဲ့ရတာကို အမေ ဘယ်မေ့နိုင်ပါ့မလဲ . . .၊ အခုတော့ အမေတစ်ယောက် တည်းပေါ့ သမီးရယ်၊ အမေနဲ့မဆုံနိုင်တော့တဲ့ ဟိုးအဝေးဆီကို သမီးထွက်သွားခဲ့ပြီ မဟုတ်လား။
ခန္ဓာကိုယ်တစ်နေရာမှာ အနာတရဖြစ်ခဲ့ဖူးသူ တစ်ယောက်ဟာ အခုလို အအေးကဲ ရာသီကာလ မျိုးမှာ နာကျင်ကိုက်ခဲ ဝေဒနာကို ပိုပြီးခံစားရသလိုပါပဲ သမီး။
ဆောင်းနဲ့ဆက်စပ်ပတ်သက် နှင်းမှုန်နှင်းစက်တို့ ဖျန်းပက်တဲ့မနက်ခင်းများမှာ အသက်ပြင်းပြင်း ရှူရှိုက် ခဲ့သမျှ သမီးနဲ့အမေ နှစ်ယောက်တစ်ဘဝလိုဖြစ်ခဲ့ရာက အခုတော့ တစ်ယောက်တစ်ဌာန တစ်ယောက်တစ်ဘဝစီ လို ကွာဟခဲ့ရပါပကော သမီးရယ် . . .။
စိတ်ထဲတွင် ပေါ်လာသော အတွေးပုံရိပ်တွေကို ရှုမှတ်ပစ်လိုက်ရသည်။ သမုဒယသစ္စာ နယ်ပယ်မှ သံယောဇဉ်မီးသည် ယခုအချိန်ထိ မငြိမ်းနိုင်သေးပါ။
ငါ့သမီးဟူသော သက္ကာယဒိဋ္ဌိနှင့်ယှဉ်သော အတွေး ကြောင့်ပင် ငြိမ်းလုဆဲမီးတို့သည် အစွယ်တငေါငေါနှင့် လောင်မီးထဟန် ပြင်လာကြပြန်သည်။ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ စသည့် မီးစဉ်မီးတန်း ကြီးများက လှမ်းလင့်စောင့်ကြိုနေဟန်ရှိသည်။
“သတိ”
သတိရခြင်းဟူသည် သစ္စာလေးပါးအတွက်သာ ဖြစ်သင့်သည်။ သောက ပရိဒေဝ ဒုက္ခ စသည်တို့ အတွက် အစပျိုးယမ်းမဖြစ်စေရ။
အစပျိုးယမ်း တောက်လောင်လျှင် ထိခိုက်ပျက်စီးမှု ပိုများတော့မည်။ ထိုအခါ ကြိုးစားတည်ဆောက်ထားခဲ့သမျှ သတိ သမ္ပဇဉ်တို့သည် အမွှာမွှာ အစိတ်စိတ် ပျံ့ကြဲ လွင့်စင် ကုန်တော့မည်။ စုစည်းထားသမျှ သတိ၊ သမာဓိအား တွေသည် ပညာဉာဏ်ဘက်ဆီသို့သာ ဦးတည်ရမည် ဖြစ်သည်။
သောကပုံရိပ်နှင့်ယှဉ်သော အတွေးကို “စိတ်မှန်”ရှေ့၌ ပေါ်လာသော အရိပ်တစ်ခုလို သဘောထားရမည်။ “စိတ်မှန်”သို့မဟုတ်”စိတ်ကြေးမုံ” ရှေ့၌ ပေါ်လာသော အတွေးသည် အရိပ်တစ်ခုမျှသာ . . . ပေါ်လာမှန်းသိသည်နှင့် ထိုအရိပ်သည် ရပ်တည် နားနေခွင့်မရတော့၊ လွင့်ပြယ် ဖယ်ခွာသွားရတော့ သည်သာ။
သို့မဟုတ်ပါက ထို သောကပုံရိပ်နောက်မှ အုံနှင့်ကျင်းနှင့် တပ်ဖွဲ့ချီတက်လာကြသော ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ စသည်တို့သည် မျက်ရည်စက်များကို ဖြစ်ပေါ်စေတော့မည်။ စိတ်နှလုံးအိမ်ကို ညှိုးချုံးညစ်နွမ်း စေတော့မည်။ ကိုယ်ရောစိတ်ပါ နွမ်းနယ်ကြေမွသွားစေ တော့မည်။
သမုဒယသံယောဇဉ်ဘက်မှ လှမ်းကြည့်သောအခါ သည်သတိ၊ သည်သမာဓိ၊ သည်ပညာတို့သည် ရက်စက်သယောင် ထင်ရပေမည်။ သို့သော် ကံç ကံ၏အကျိုး၊ ကုသိုလ်၊ အကုသိုလ်တို့၏ သဘောတို့ကို သံသရာအမြင်နှင့် ဖြန့်ကျက်ကြည့်လေသောအခါ ရက်စက်သည်ဟု မထင်ရတော့။
လူတိုင်းလူတိုင်း ကိုယ့် အကျိုးပေး ကိုယ်သယ်ဆောင်၍ လောကကြီးထဲသို့ ဧည့်သည်အဖြစ် ရောက်လာရခြင်း မဟုတ်လား။ ကိုယ့် အထုပ်ကိုယ်ဖြည်၍ နေထိုင်စားသောက် အသက်ရှင် သန်ခဲ့ရခြင်း မဟုတ်လား။
သည်လိုနားလည် ရှုမြင်ဆင်ခြင်နိုင်ဖို့၊ သည်လို သတိရဲ့တန်ဖိုးကို သိမြင်နိုင်ဖို့အတွက် ဟောပြော သွန်သင်ဆုံးမလမ်းညွှန်ခဲ့သူ ကျေးဇူးတော်ရှင် မဟာ ကမ္မဋ္ဌာနစရိယ ရွှေမင်းဝံဆရာတော်ဘုရား၏ ကျေးဇူး တရားများကား ဆပ်၍မကုန်နိုင်အောင် ရှိတော့သည်။
ဪသာ် . . .မမေ့ကောင်းတဲ့ ကျေးဇူးတရားတစ်ခု ကိုလည်း အမေ ဖော်ထုတ်ချင်ပါတယ်သမီး။ ရွှေမင်းဝံ သာသနာ့ရိပ်သာကို အမေရောက်ဖြစ်သွားရတာကလည်း သမီးရဲ့ကျေးဇူးကြောင့်ပဲလို့ အမေဆိုချင်ပါတယ်သမီး။
(၂)
“သမီး ရိပ်သာဝင်ချင်တယ် အမေ”
“သမီး ငယ်ပါသေးတယ်လေ၊ ဒါတွေ နောက် လုပ်ရင် ရပါတယ်၊ သမီးကျောင်းတက်ဖို့တွေက ရှိ နေသေးတာ”
“ကျောင်းဖွင့်ရင်တော့ ကျောင်းတက်မှာပေါ့ အမေ၊ အခုဟာက ကျောင်းပိတ်တုန်း စာမေးပွဲ အောင်စာရင်း ကလည်း မထွက်သေးတော့ သမီး သူငယ်ချင်းတွေနဲ့ အတူတူဝင်ကြည့်ချင်တာပါ အမေ”
“အေးလေ ဝင်တာပေါ့၊ ဒါပေမဲ့ သမီးအဖေ ရုံးခွင့်ရက်ရတုန်း အမေတို့ အညာဘုရားဖူးခရီးထွက် ကြမလို့ အဲ့ဒီခရီးကပြန်မှ ရိပ်သာဝင်တာပေါ့နော်”
“အမေ တကယ်ပြောတာနော်”
“တကယ်ပေါ့ သမီးရယ်”
တကယ့်တကယ်မှာတော့ သမီးအဖေကြီးနဲ့တောင် အမေ မတိုင်ပင်ရသေးဘူးသမီး . . .၊ တရားထိုင်တဲ့ ဘက်ကို သမီးအာရုံရောက်သွားမှာစိုးလို့သာ အမေ ပရိယာယ်ဆင်ပြီး လမ်းလွှဲလိုက်ရတာ။
သမီးက ငယ် သေးတယ်၊ ပြီးတော့ ဉာဏ်ထက်မြက်တယ်၊ ရုပ်ရည် ရှိတယ်၊ ရှေ့အလားအလာတွေ အများကြီး ရှိနေတယ်။ ဒီလိုအချိန်မှာ တရားဘက်ကို သိပ်စိတ်ဝင်စားသွားရင် သမီးအောင်မြင်မှုတွေ အကုန်ဆုံးရှုံးသွားလိမ့်မယ်။ သမီးပညာအရှိန်နဲ့ရလာမယ့် လောကီစည်းစိမ်တွေ လက်လွှတ်ဆုံးရှုံးသွားရလိမ့်မယ်။
ပြီးတော့ ပိုက်ဆံရှိတဲ့ အရာရှိကြီးကြီးရဲ့ သားတစ်ယောက်နဲ့ အိမ်ထောင်ကျ ဖြစ်သွားရင် မေမေတို့ မော်ြွကားနိုင်ပြီပေါ့။ လောကီ စည်းစိမ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ သမီးကို အမေမြင်ချင် နေသေးတယ်သမီး။
တရားဘက်ကို သမီးစိတ်ဝင်စား သွားရင် သမီးဆီမှာထားတဲ့ အမေတို့မျှော်လင့်ချက်တွေ ဆုံးရှုံးကုန်မယ်သမီး။ အဲဒါကြောင့် အမေဥပါယ်တံမျဉ်နဲ့ အညာ ဘုရားဖူးခရီးစဉ်ကို ရေးဆွဲလိုက်ရတာ။ သမီး အဖေက အကုန်လုံးသဘောတူပါတယ်။ ရုံးမှာခွင့်တင် တယ်။ ခွင့်ရတယ်။ ကားငှားတယ်။
ပြီးတော့ မိသားစု တစ်တွေ ပျော်ပျော်ပါးပါး ဘုရားဖူးခရီးထွက်ခဲ့ကြတယ် ပေါ့။ ဒါဆိုရင် သမီးလည်း ရိပ်သာဝင်ဖို့ စိတ်ကူးမရတော့ဘူး။ ဘုရားဖူးတယ်ဆိုတာလည်း ဘာသာတရား အရိပ်ခိုတာပဲ မဟုတ်လား။ ကုသိုလ်ပဲပေါ့သမီးရယ်။ အရေးအကြီးဆုံးက သမီးစိတ်ပြောင်းသွားဖို့ပဲလေ …။
ဒါပေမဲ့ မြန်မာပြည်တစ်ပတ်သာ ဘုရားဖူးခရီးစဉ် ပြီးသွားတယ်၊ သမီးကတော့ စိတ်မပြောင်းခဲ့ပါဘူး။ အိမ်ပြန်ရောက်တာနဲ့ သမီးဘက်က တောင်းဆိုချက် တွေ ထွက်လာတော့တာပါပဲ။
“အမေ-အမေတို့ဆန္ဒအတိုင်း မိသားစုပျော်ပျော် ပါးပါး ဘုရားဖူးခရီးထွက်ခဲ့ကြပြီးပြီနော်။ သမီး ဆန္ဒအတိုင်း ရိပ်သာဝင်ခွင့်ပြုတော့နော် အမေ”
အမေအကြံအိုက်နေတယ်သမီး၊ ဒါပေမဲ့ သမီးတို့ စာမေးပွဲ အောင်စာရင်းထွက်မယ့်ရက် နီးနေတာကို အမေဖြတ်ခနဲသတိရလိုက်မိတယ်။
“ဪ အေး . . .အေး . . .ရိပ်သာဝင်တာ လည်းဝင်တာပေါ့ သမီးရယ်၊ အခု သမီးတို့ အောင်စာရင်း တွေ ထွက်ဖို့က သုံးရက်လောက်ပဲ လိုတော့တာပဲ၊ စာမေးပွဲအောင်စာရင်းထွက်ပြီးမှ ပျော်ပျော်ပါးပါး ဝင်တာပေါ့ မဟုတ်လား”
“အမေ ဒီတစ်ခါ တကယ်နော်”
“အေးပါ သမီးရယ် အမေတကယ်ပြောတာပါ”
“ဒါဆိုရင် သမီးသူငယ်ချင်းတစ်ယောက်စီ သွား လိုက်ဦးမယ်၊ သူလည်းရိပ်သာဝင်မယ် ပြောတယ်၊
အဲ့ဒါသွားပြီး တိုင်ပင်လိုက်ဦးမယ် အမေ”
“အေး ..အေး သွားသွား သမီး”
အမေ့အတွက် အသက်ရှူပေါက်တစ်ခု ရခဲ့ပြန်ပြီလို့ ထင်ခဲ့တယ် သမီး။ ဒါပေမဲ့ နာရီပိုင်းအတွင်းမှာ အသက်ရှူမွန်းကြပ်စေမယ့် သတင်းဆိုးကို အမေ ကြားရလိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့မိပါဘူး သမီးရယ်။
“ကလင် ကလင် ကလင်”
“ဒေါ် ….ရှိပါသလား”
“ဟုတ်ကဲ့ ကျွန်မ ဒေါ် ….ပါ”
“ဪသာ် ကျွန်တော်တို့ ယာဉ်မှုခင်းဌာနကပါ”
“ရှင်”
“အဒေါ်ရဲ့သမီးက မ …..ပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ရှင် . . .သမီး . . .ဘာများဖြစ်လို့ပါလဲ”
“ဪ ပြောရမှာတော့ စိတ်မကောင်းပါဘူး ခင်ဗျာ၊ အဒေါ့်သမီးကို လိုင်းကားအမှတ် ( ) က ဝင်တိုက် သွားလို့ နေရာမှာတင် ပွဲခြင်းပြီးသေဆုံးသွားပါတယ်၊ အဲဒါအခု ကျွန်တော်တို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေပါတယ်၊ နေရာက ….”
နောက်ပိုင်းစကားသံတွေ အမေမကြားတော့ဘူး သမီး။ အမေသိတာက အမေ့နားထဲကို သံရည်ပူကြီး လောင်းချခံလိုက်ရသလို ဖြစ်ပြီး၊ အဲဒီသံရည်ပူ စီးကြောင်းကြီးဟာ အမေ့ရင်ထဲထိစီးဆင်းလို့ အမေ့နှလုံး အိမ်ကို လောင်ကျွမ်းပြာကျသွားစေသလိုပါပဲသမီး …။
တယ်လီဖုန်းနားထောင်ရင်း ပုံလျက်ကလေး ခွေလဲ နေတဲ့အမေ့ကို ဝိုင်းထူပွေ့မကြတာတွေ၊ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ သမီးရဲ့အလောင်းကို အမေ့ကို ဖွင့်မပြတော့ တာတွေ၊ သမီးသူငယ်ချင်းအိမ်နားမှာ သမီးကားတိုက် ခံရလို့ သမီးသူငယ်ချင်းကိုယ်တိုင် ထွက်ကြည့်ရာက သမီးဖြစ်နေမှန်းသိတော့ သမီးသူငယ်ချင်း အကြောင်း မကြားနိုင်လောက်အောင် တုန်လှုပ်ကြေကွဲနေလို့ ယာဉ်ထိန်းရဲကို အကြောင်းကြား ခိုင်းခဲ့တာတွေ၊ ဘေးက လူတွေရဲ့ အားပေးသံတွေဟာ အမေ့သောကကို ပိုတိုး စေတာတွေ၊ သမီးရက်လည် ဆွမ်းသွတ်တဲ့အထိ အမေ့ မျက်ရည်မတိတ်နိုင်တာတွေ ပြောရရင်မကုန်နိုင်အောင် ပါပဲ သမီးရယ်။
အမေ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ သွေးတွေဟာ မျက်ရည်တွေပဲ ဖြစ်စေခဲ့သလားလို့တောင် အမေထင်ခဲ့မိပါတယ်သမီး . . ….။
သမီးကိုဆုံးရှုံးခဲ့ရလို ကြေမွပူဆွေးတဲ့စိတ်နဲ့ အိပ်ရာထဲပုံလဲခဲ့ရတဲ့ အမေ့စိတ်ထဲမှာ သမီးရဲ့ဆန္ဒ တစ်ခုကို အမေ မဖြည့်ပေးနိုင်ပါလားဆိုတာ နောင်တ ရမိတယ်သမီး။
နောင်တဆိုတာ နောင်မှတလို့ ရစကောင်းပေမဲ့ လက်တွေ့မှာတော့ အမေ့အတွက် သမီး ကလေးတစ်ယောက် ဆုံးရှုံးခဲ့ရပြီမဟုတ်လား။ ဒီနောင်တ ထဲမှာ ယူကျုံးမရဖြစ်စေတာတစ်ခုကို အမေသွားမြင် တယ်။ အကယ်၍သာ သမီးကို တရားရိပ်သာ မဝင်နိုင် အောင် အမေတို့ဥပါယ်တံမျဉ်မလုပ်ခဲ့မိရင် သမီး ဒီလို အသက်ဆုံးရှုံးရမယ် မဟုတ်ဘူးဆိုတာကိုပါ . . .။
(ဒါကတော့ အဲဒီအချိန်တုန်းက အတွေးပေါ့၊ အကြောင်း အကျိုးသဘောသဘာဝ နားမလည်ခင် အချိန်တုန်းက အတွေးပေါ့၊ သမီးရဲ့ ဘဝကံအကြောင်း သတ္တဝါတစ်ခု ကံတစ်ခုဆိုတဲ့ သဘာဝကို နားမလည်သေးခင် အချိန်ကပေါ့)
အဲဒီတော့ အမေ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့် သလဲ။ ဒီလိုပဲ အမေတစ်သက်လုံး ငိုသွားရတော့ မှာလား။ အမေ အလေးအနက် စဉ်းစားကြည့်မိတယ်။ ကွယ်လွန်သွားသူတွေရဲ့ဆန္ဒကို ကျန်ရစ်ခဲ့သူတွေအနေနဲ့ ဖြည့်ဆည်းပေးသင့်တယ်။ လုပ်ကိုလုပ်ပေးသင့်တယ်လို့ အမေနားလည်လာမိတယ်။
အမေ့အနေနဲ့ သမီးအပေါ်မှာ အကြွေးတင်ခဲ့ သလိုဖြစ်ခဲ့တာက သမီးအားထုတ်ချင်တဲ့ သတိပဋ္ဌာန် အကျင့်မြတ်တရားကို သမီးအားမထုတ်ဖြစ်အောင် အမေတားခဲ့သလို ဖြစ်မိခဲ့တာ။ အဲဒီအြွေကးကို အမေ ပြန်ဆပ်ရမယ်သမီး။ ဒါဟာ သမီးဘဝနဲ့လဲပြီး၊ သမီး အသက်နဲ့လဲပြီး အမေ့ကို ရိပ်သာတွန်းပို့လိုက်တာပဲ လို့ အမေခံစားမိတယ် သမီး . . .။
တရားအားထုတ်ဖို့ ဝါသနာမပါခဲ့တဲ့ အမေဟာ သမီးအပေါ်တင်နေတဲ့အြွေကးကို ကျေအောင်ဆပ် ချင်စိတ်နဲ့ ရိပ်သာကို ဝင်ဖြစ်ခဲ့ပါတယ် သမီး။ အဲဒီ စိတ်ဟာ အမေ့ကို သတိပဋ္ဌာန်တရားရဲ့ အေးမြတဲ့ ရင်ခွင်ထဲကို အရောက်ပို့ပေးစေနိုင်ခဲ့တယ် သမီး . . .။
(၃)
“သောကဆိုတဲ့ ပရိဒေဝတရားတွေက လွန်မြောက် ချင်ရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဧကာယန မဂ္ဂတဲ့၊ ဒီသတိပဋ္ဌာန်တစ်လမ်းပဲ ရှိတယ်တဲ့။
ဒီ သတိပဋ္ဌာန်လမ်းပေါ်မှာ လျှောက်လှမ်းပြီးတော့ သွား မယ်ဆိုပါရင် အဲဒီပူဆွေးမှုဆိုတဲ့ သောကတရားတွေက လွန်မြောက်နိုင်ပါတယ်။ ဒီသောကတရားဆိုတာက ပုထုဇဉ်ပုဂ္ဂိုလ်တွေ မှန်သမျှဟာ သားကြောင့်ပဲဖြစ်စေ၊ သမီးကြောင့်ပဲဖြစ်စေ၊ ပစ္စည်းကြောင့်ပဲဖြစ်စေ၊ စီးပွား ဥစ္စာကြောင့်ပဲဖြစ်စေ၊ ရာထူးအာဏာကြောင့်ပဲဖြစ်စေ၊
ဒီပူဆွေးမှုဆိုတဲ့ သောကတရားတွေဝင်လာရင် အဲဒီ သောကတရားတွေက လွန်မြောက်နိုင်တဲ့တရားဟာ အခုယောဂီများ အားထုတ်နေတဲ့ သတိပဋ္ဌာန်တရားပဲ ရှိတယ်။ ဒီသတိပဋ္ဌာန်တရားကို ရိုရိုသေသေ ရှုမှတ် ပွားများလိုက်မယ်ဆိုပါရင် အဲဒီသောကဆိုတဲ့တရားတွေ တစ်ချက်မှတ်ရင် တစ်ချက်ငြိမ်းတယ်၊ နှစ်ချက်မှတ်ရင် နှစ်ချက်ငြိမ်းတယ်၊ တစ်နာရီမှတ်ရင် တစ်နာရီ ငြိမ်း တယ်၊ မှတ်တိုင်းမှတ်တိုင်း အဲ့ဒီသောကတရားတွေ မငြိမ်းနိုင်ပေဘူးလား။”
“တကယ်လို့ မိမိမှာ ပါရမီထူးရှိလို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဆိုတဲ့ အရိယာနွယ်ဝင်တွေ ဖြစ်သွားမယ်ဆိုရင် အဲဒီသောကတရားတွေ အမြစ် ပြတ်ငြိမ်းမသွားနိုင်ပေဘူးလား။
လုံးဝကိုငြိမ်းသွားနိုင် တယ်။ အရိယမှတ်ဉာဏ်ကို မရနိုင်ဘူးဆိုရင်တောင်မှ အရှုခံအာရုံအပေါ်မှာ ရှုမှတ်စိတ်ကလေး စွဲစွဲမြဲမြဲ တည်နေပြီဆိုရင် သား၊ သမီး၊ ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ စည်းစိမ်ဆိုတဲ့ ပူဆွေးမှုတရားတွေ ဝင်ခွင့်ရပါဦးမလား ဗျာ”
“မရပါ အရှင်ဘုရား”
ရွှေမင်းဝံဆရာတော်ဘုရား၏ ငြိမ်သက်တည်ကြည် သော အသံတော်သည် စိတ်နှလုံးအိမ်ကို လွှမ်းမိုး ချုပ်ကိုင်လိုက်သည်သို့ ရှိသည်။
မေတ္တာဓာတ်ပါသော တရားရေစီးသံသည် မီးလောင်ပြင်လိုဖြစ်နေသော ရင်ခွင်ကို အေးမြခြင်းဘက်ဆီသို့ ပို့ပေးနိုင်လေသည်။
ဆရာတော် လမ်းညွှန်သည့်အတိုင်း သတိပဋ္ဌာန်တရားကို နှစ်လနီးပါး ရိုရိုသေသေ ရှုမှတ် အားထုတ်ပစ်လိုက်သည်။ အသေးစိတ်အမူအရာတွေကို မြင်အောင်ကြည့်သည်။ ရုပ်နာမ်နှစ်ဖြာ ကြောင်းကျိုးဆက်စပ်ပုံတွေသည် အချိန် ကြာလေ သိမြင်လာလေဖြစ်၏။
သောကအခြေခံဖြင့် ရိပ်သာ ဝင်ခဲ့ရသော စိတ်သန္တာန်၌ နောက်ထပ်သောက တွေ ဝင်မလာစေဖို့ အမှတ်စိပ်စိပ် သတိတရားဖြင့် တရစပ်ပိတ်ကာလိုက်၏။ “ငါ” မရှိမှန်းရိပ်မိလာ သောအခါ ငါကိုအခြေပြု၍ ငါ့သား၊ ငါ့သမီး၊ ငါ့စည်းစိမ်၊ ငါ့ရာထူး၊ ငါ့မျှော်လင့်ချက် စသည့် ငါ့ကိုယ်ပွားများ ဝင်မလာနိုင်တော့ …။
သိပ်ကိုမှန်ကန်တဲ့ သတိပဋ္ဌာန်တရားပါလား။ ဤမျှ ငြိမ်းအေးချမ်းသာမှုကို ပေးစွမ်းနိုင်သည့် သတိပဋ္ဌာန် တရားကို သမီးအားမထုတ်ဖြစ်သွားခဲ့ခြင်းအတွက် တစ်ခါတစ်ခါ ဝမ်းနည်းစိတ်ကလေးများ ဝင်ချင်သေး၏။
သတိဖြင့်ပင် ပေါ်လာသောစိတ်ကလေးကို ရှုမှတ် ပစ်လိုက်ရသည်။ ယခုတော့ မျက်ရည်တို့ဖြင့် မို့မောက် ခဲ့သော မျက်ဝန်းတွေလည်း ပုံမှန်အတိုင်း ဖြစ်ခဲ့ရပြီ။ မရပ်မနားနိုင်သော မျက်ရည်တို့၏ လားရာကိုလည်း သတိပဋ္ဌာန်တရား၏ သတ္တိကြောင့် ထွက်ပေါ်လာသော ဉာဏ်စွမ်းအားဖြင့် ငုံ့ကြည့်သလို မြင်လာရသည်။
လက်ရင်းကို ကပ်ကြည့်သောအခါ သောကမွေးဖွားရာ အရပ်ကို တွေ့ခဲ့ရပြီ။ “တဏှာ၊ ဥပါဒါန်” သူတို့ဖြစ် အောင် ဝေဒနာဟူသော ခံစားမှုက ပံ့ပိုးပေး၏။ ဝေဒနာ ဖြစ်ဖို့ ဖဿဟူသော အထိအတွေ့ကလာသည်။ ဖဿ ပေါ်နေခြင်းသည် သဠာယတနဟူသော မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တံခါးခြောက်ပေါက် ရှိနေလို့ . . .။
လည်ခဲ့လေသော သံသရာအကြောင်း၊ လည်နေဆဲ သံသရာအကြောင်း၊ လည်ဦးမည့်သံသရာအကြောင်းတို့ ကို သတိပဋ္ဌာန်မှ ဖြစ်ပေါ်လာသော ဉာဏ်စွမ်းအား ဖြင့် ရှုမြင်သုံးသပ်လာနိုင်ခဲ့ပြီ။
ရက်ပါင်း(၆၀)နီးပါး သတိပဋ္ဌာန်တရားအရိပ်၌ ရိုရိုသေသေ ယုံယုံကြည်ကြည် (ကြာလေ ယုံကြည်လာလေ) ဖြစ်၏။ ကြိုးစားရှုမှတ် လိုက်သောအခါ မျက်ရည်တို့သည်ပင် သွေ့ခြောက်ကုန် တော့သည်။ ရက်စေ့၍ ရိပ်သာမှထွက်ရန် ဆရာတော်ထံ သွားလျှောက်သောအခါ ဆရာတော်က –
“စပ်စုတယ်လို့ မထင်နဲ့နော်၊ ဒကာမကြီးကို ဘုန်းကြီးတစ်ခု မေးချင်တယ်၊ ဒကာမကြီးတရားကို စနစ်တကျနဲ့ ရိုရိုသေသေ အားထုတ်သွားတာကို ဘုန်းကြီးတို့ မှတ်တမ်းတင်ပါတယ်။
ဒကာမကြီးကိုလည်း လေးစားပါတယ်။ တရားကိုရိုသေတဲ့ ဒကာမကြီးကို လည်း ဘုန်းကြီးတို့ ရိပ်သာက ဆရာလေးတွေ၊ ဝေယျာဝစ္စအဖွဲ့တွေကတောင် တလေးတစားနဲ့ ကြည်ညို ကြပါတယ်။ ဘုန်းကြီးအနေနဲ့လည်း အားရပါတယ်။
ဒါပေမဲ့ ဒါက နောက်ပိုင်းပေါ့လေ။ ပထမပိုင်းရက် (၂၀)လောက်မှာ ဒကာမကြီးရိပ်သာ ရောက်ခါစက ဘုန်းကြီးသတိထားမိတယ်။ တရားထိုင်တဲ့ အချိန်တိုင်းမှာ ဒကာမကြီး မျက်ရည်တွေ အမြဲစီးကျနေတယ်၊ တရား နာတဲ့ အချိန်တွေမှာလည်း မျက်ရည်တွေ သုတ်နေတာ သတိထားမိတယ်။ အဲဒီအကြောင်းလေးကို ဘုန်းကြီးကို ပြောမပြနိုင်ဘူးလား”
သတိပဋ္ဌာန်တရားရေစင်ဖြင့် သောကတွေ ငြှိမ်းသတ် နိုင်ခဲ့ပြီမို့ ဆရာတော် သိလိုသည်ကို ပုံမှန်စိတ်ဖြင့် လျှောက်ထားလိုက်နိုင်သည်။ ဖြစ်စဉ်ကို တင်ပြပြီးသော အခါ ရိပ်သာဝင်ခါစ ရက်(၂၀) အတွင်း ကျခဲ့သော မျက်ရည်တို့၏ နောက်ကွယ်မှ အဖြေကို ဆရာတော် ဘုရား သိရှိသွားပေပြီ။
“တပည့်တော်မမှာ အဲဒီအချိန်က သမီးနဲ့ရွယ်တူ မိန်းကလေးတွေကို ယောဂီတွေထဲမှာ တွေ့ရလေတိုင်း ငါ့သမီးလေး ဒီမှာတွေ့ရတဲ့ယောဂီတွေလို တရား အားမထုတ်ဖြစ်သွားခဲ့ရဘူးဆိုပြီး မျက်ရည်ကျခဲ့ရတာပါ။
သမီးအားထုတ်ချင်တဲ့ သတိပဋ္ဌာန်တရားကို သမီး ကိုယ်စား တပည့်တော်မ လာအားထုတ်ရင်း သမီးနဲ့ ပတ်သက်ခဲ့ရတဲ့ တပည့်တော်မရဲ့ သောကတွေလည်း ငြိမ်းခဲ့ရပါတယ် အရှင်ဘုရား။ တကယ်တော့ တပည့်တော်မ ဒီရိပ်သာဝင်ဖြစ်ခြင်း အဓိက ရည်ရွယ် ချက်ကတော့ သမီးအတွက် တပည့်တော်မ အြွေကး လာဆပ်တာပါ အရှင်ဘုရား”
(၄)
သမီးကြုံခဲ့ရတဲ့အဖြစ်ဆိုး၊ အမေခံစားခဲ့ရတဲ့ သောကမျိုး ဘယ်မိဘ၊ ဘယ်သားသမီးမှ မကြုံကြရ၊ မခံစားကြရပါစေနဲ့လို့လည်း အမေ လေးလေးနက်နက် ဆုတောင်းမေတ္တာပို့သနေမိပါတယ် သမီးရယ် . . .။
သမီးအပေါ် တင်နေတဲ့အကြွေးကို သတိပဋ္ဌာန် အကျင့်မြတ်တရားနဲ့ တစ်ပိုင်တစ်နိုင် ဆပ်နိုင်ခဲ့ပြီမို့ ရောက်ရာအရပ်က သာဓုခေါ်ပါတော့ သမီးရယ် . ..။
အမေ့ဘဝ နောက်ဆုံးထွက်သက်အချိန်ထိ သတိပဋ္ဌာန် အကျင့်မြတ်တရားကို ရိုရိုသေသေ၊ လေးလေးစားစား၊ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး အားထုတ်သွားပါဦးမယ်လို့ သမီးကို အမေ ကတိပေး လိုက်ပါတယ် . . .။
မြသန်းစံ
၁၅-၁-၂၀ဝ၂

Zawgyi Version

အေႂကြးလာဆပ္တာပါ(စ/ဆုံး)
————————————-
ေဆာင္းေႏွာင္းႏွင္းစက္ေတြ ေဝေနၿပီ သမီး . ..
ေႂကြလြင့္ႏွင္းမႈန္ေတြၾကားမွာ လမ္းေလွ်ာက္ေနရင္းက သမီးကို တမ္းတမ္းတတ သတိရလိုက္မိသည္။
သည္လို ႏွင္းမႈန္ေႂကြလြင့္ ေဆာင္းမနက္ခင္းေတြမွာ သမီးနဲ႔အတူ လမ္းေလွ်ာက္ခဲ့ရတာကို အေမ ဘယ္ေမ့ႏိုင္ပါ့မလဲ . . .၊ အခုေတာ့ အေမတစ္ေယာက္ တည္းေပါ့ သမီးရယ္၊ အေမနဲ႔မဆုံႏိုင္ေတာ့တဲ့ ဟိုးအေဝးဆီကို သမီးထြက္သြားခဲ့ၿပီ မဟုတ္လား။
ခႏၶာကိုယ္တစ္ေနရာမွာ အနာတရျဖစ္ခဲ့ဖူးသူ တစ္ေယာက္ဟာ အခုလို အေအးကဲ ရာသီကာလ မ်ိဳးမွာ နာက်င္ကိုက္ခဲ ေဝဒနာကို ပိုၿပီးခံစားရသလိုပါပဲ သမီး။
ေဆာင္းနဲ႔ဆက္စပ္ပတ္သက္ ႏွင္းမႈန္ႏွင္းစက္တို႔ ဖ်န္းပက္တဲ့မနက္ခင္းမ်ားမွာ အသက္ျပင္းျပင္း ရႉရႈိက္ ခဲ့သမွ် သမီးနဲ႔အေမ ႏွစ္ေယာက္တစ္ဘဝလိုျဖစ္ခဲ့ရာက အခုေတာ့ တစ္ေယာက္တစ္ဌာန တစ္ေယာက္တစ္ဘဝစီ လို ကြာဟခဲ့ရပါပေကာ သမီးရယ္ . . .။
စိတ္ထဲတြင္ ေပၚလာေသာ အေတြးပုံရိပ္ေတြကို ရႈမွတ္ပစ္လိုက္ရသည္။ သမုဒယသစၥာ နယ္ပယ္မွ သံေယာဇဥ္မီးသည္ ယခုအခ်ိန္ထိ မၿငိမ္းႏိုင္ေသးပါ။
ငါ့သမီးဟူေသာ သကၠာယဒိ႒ိႏွင့္ယွဥ္ေသာ အေတြး ေၾကာင့္ပင္ ၿငိမ္းလုဆဲမီးတို႔သည္ အစြယ္တေငါေငါႏွင့္ ေလာင္မီးထဟန္ ျပင္လာၾကျပန္သည္။ ေသာက၊ ပရိေဒဝ၊ ဒုကၡ၊ ေဒါမနႆ စသည့္ မီးစဥ္မီးတန္း ႀကီးမ်ားက လွမ္းလင့္ေစာင့္ႀကိဳေနဟန္ရွိသည္။
“သတိ”
သတိရျခင္းဟူသည္ သစၥာေလးပါးအတြက္သာ ျဖစ္သင့္သည္။ ေသာက ပရိေဒဝ ဒုကၡ စသည္တို႔ အတြက္ အစပ်ိဳးယမ္းမျဖစ္ေစရ။
အစပ်ိဳးယမ္း ေတာက္ေလာင္လွ်င္ ထိခိုက္ပ်က္စီးမႈ ပိုမ်ားေတာ့မည္။ ထိုအခါ ႀကိဳးစားတည္ေဆာက္ထားခဲ့သမွ် သတိ သမၸဇဥ္တို႔သည္ အမႊာမႊာ အစိတ္စိတ္ ပ်ံ႕ႀကဲ လြင့္စင္ ကုန္ေတာ့မည္။ စုစည္းထားသမွ် သတိ၊ သမာဓိအား ေတြသည္ ပညာဉာဏ္ဘက္ဆီသို႔သာ ဦးတည္ရမည္ ျဖစ္သည္။
ေသာကပုံရိပ္ႏွင့္ယွဥ္ေသာ အေတြးကို “စိတ္မွန္”ေရွ႕၌ ေပၚလာေသာ အရိပ္တစ္ခုလို သေဘာထားရမည္။ “စိတ္မွန္”သို႔မဟုတ္”စိတ္ေၾကးမုံ” ေရွ႕၌ ေပၚလာေသာ အေတြးသည္ အရိပ္တစ္ခုမွ်သာ . . . ေပၚလာမွန္းသိသည္ႏွင့္ ထိုအရိပ္သည္ ရပ္တည္ နားေနခြင့္မရေတာ့၊ လြင့္ျပယ္ ဖယ္ခြာသြားရေတာ့ သည္သာ။
သို႔မဟုတ္ပါက ထို ေသာကပုံရိပ္ေနာက္မွ အုံႏွင့္က်င္းႏွင့္ တပ္ဖြဲ႕ခ်ီတက္လာၾကေသာ ပရိေဒဝ၊ ဒုကၡ၊ ေဒါမနႆ စသည္တို႔သည္ မ်က္ရည္စက္မ်ားကို ျဖစ္ေပၚေစေတာ့မည္။ စိတ္ႏွလုံးအိမ္ကို ညႇိဳးခ်ဳံးညစ္ႏြမ္း ေစေတာ့မည္။ ကိုယ္ေရာစိတ္ပါ ႏြမ္းနယ္ေၾကမြသြားေစ ေတာ့မည္။
သမုဒယသံေယာဇဥ္ဘက္မွ လွမ္းၾကည့္ေသာအခါ သည္သတိ၊ သည္သမာဓိ၊ သည္ပညာတို႔သည္ ရက္စက္သေယာင္ ထင္ရေပမည္။ သို႔ေသာ္ ကံç ကံ၏အက်ိဳး၊ ကုသိုလ္၊ အကုသိုလ္တို႔၏ သေဘာတို႔ကို သံသရာအျမင္ႏွင့္ ျဖန႔္က်က္ၾကည့္ေလေသာအခါ ရက္စက္သည္ဟု မထင္ရေတာ့။
လူတိုင္းလူတိုင္း ကိုယ့္ အက်ိဳးေပး ကိုယ္သယ္ေဆာင္၍ ေလာကႀကီးထဲသို႔ ဧည့္သည္အျဖစ္ ေရာက္လာရျခင္း မဟုတ္လား။ ကိုယ့္ အထုပ္ကိုယ္ျဖည္၍ ေနထိုင္စားေသာက္ အသက္ရွင္ သန္ခဲ့ရျခင္း မဟုတ္လား။
သည္လိုနားလည္ ရႈျမင္ဆင္ျခင္ႏိုင္ဖို႔၊ သည္လို သတိရဲ႕တန္ဖိုးကို သိျမင္ႏိုင္ဖို႔အတြက္ ေဟာေျပာ သြန္သင္ဆုံးမလမ္းၫႊန္ခဲ့သူ ေက်းဇူးေတာ္ရွင္ မဟာ ကမၼ႒ာနစရိယ ေ႐ႊမင္းဝံဆရာေတာ္ဘုရား၏ ေက်းဇူး တရားမ်ားကား ဆပ္၍မကုန္ႏိုင္ေအာင္ ရွိေတာ့သည္။
ဪသာ္ . . .မေမ့ေကာင္းတဲ့ ေက်းဇူးတရားတစ္ခု ကိုလည္း အေမ ေဖာ္ထုတ္ခ်င္ပါတယ္သမီး။ ေ႐ႊမင္းဝံ သာသနာ့ရိပ္သာကို အေမေရာက္ျဖစ္သြားရတာကလည္း သမီးရဲ႕ေက်းဇူးေၾကာင့္ပဲလို႔ အေမဆိုခ်င္ပါတယ္သမီး။
(၂)
“သမီး ရိပ္သာဝင္ခ်င္တယ္ အေမ”
“သမီး ငယ္ပါေသးတယ္ေလ၊ ဒါေတြ ေနာက္ လုပ္ရင္ ရပါတယ္၊ သမီးေက်ာင္းတက္ဖို႔ေတြက ရွိ ေနေသးတာ”
“ေက်ာင္းဖြင့္ရင္ေတာ့ ေက်ာင္းတက္မွာေပါ့ အေမ၊ အခုဟာက ေက်ာင္းပိတ္တုန္း စာေမးပြဲ ေအာင္စာရင္း ကလည္း မထြက္ေသးေတာ့ သမီး သူငယ္ခ်င္းေတြနဲ႔ အတူတူဝင္ၾကည့္ခ်င္တာပါ အေမ”
“ေအးေလ ဝင္တာေပါ့၊ ဒါေပမဲ့ သမီးအေဖ ႐ုံးခြင့္ရက္ရတုန္း အေမတို႔ အညာဘုရားဖူးခရီးထြက္ ၾကမလို႔ အဲ့ဒီခရီးကျပန္မွ ရိပ္သာဝင္တာေပါ့ေနာ္”
“အေမ တကယ္ေျပာတာေနာ္”
“တကယ္ေပါ့ သမီးရယ္”
တကယ့္တကယ္မွာေတာ့ သမီးအေဖႀကီးနဲ႔ေတာင္ အေမ မတိုင္ပင္ရေသးဘူးသမီး . . .၊ တရားထိုင္တဲ့ ဘက္ကို သမီးအာ႐ုံေရာက္သြားမွာစိုးလို႔သာ အေမ ပရိယာယ္ဆင္ၿပီး လမ္းလႊဲလိုက္ရတာ။
သမီးက ငယ္ ေသးတယ္၊ ၿပီးေတာ့ ဉာဏ္ထက္ျမက္တယ္၊ ႐ုပ္ရည္ ရွိတယ္၊ ေရွ႕အလားအလာေတြ အမ်ားႀကီး ရွိေနတယ္။ ဒီလိုအခ်ိန္မွာ တရားဘက္ကို သိပ္စိတ္ဝင္စားသြားရင္ သမီးေအာင္ျမင္မႈေတြ အကုန္ဆုံးရႈံးသြားလိမ့္မယ္။ သမီးပညာအရွိန္နဲ႔ရလာမယ့္ ေလာကီစည္းစိမ္ေတြ လက္လႊတ္ဆုံးရႈံးသြားရလိမ့္မယ္။
ၿပီးေတာ့ ပိုက္ဆံရွိတဲ့ အရာရွိႀကီးႀကီးရဲ႕ သားတစ္ေယာက္နဲ႔ အိမ္ေထာင္က် ျဖစ္သြားရင္ ေမေမတို႔ ေမာ္ျြကားႏိုင္ၿပီေပါ့။ ေလာကီ စည္းစိမ္ေတြ တစ္ေပြ႕တစ္ပိုက္နဲ႔ သမီးကို အေမျမင္ခ်င္ ေနေသးတယ္သမီး။
တရားဘက္ကို သမီးစိတ္ဝင္စား သြားရင္ သမီးဆီမွာထားတဲ့ အေမတို႔ေမွ်ာ္လင့္ခ်က္ေတြ ဆုံးရႈံးကုန္မယ္သမီး။ အဲဒါေၾကာင့္ အေမဥပါယ္တံမ်ဥ္နဲ႔ အညာ ဘုရားဖူးခရီးစဥ္ကို ေရးဆြဲလိုက္ရတာ။ သမီး အေဖက အကုန္လုံးသေဘာတူပါတယ္။ ႐ုံးမွာခြင့္တင္ တယ္။ ခြင့္ရတယ္။ ကားငွားတယ္။
ၿပီးေတာ့ မိသားစု တစ္ေတြ ေပ်ာ္ေပ်ာ္ပါးပါး ဘုရားဖူးခရီးထြက္ခဲ့ၾကတယ္ ေပါ့။ ဒါဆိုရင္ သမီးလည္း ရိပ္သာဝင္ဖို႔ စိတ္ကူးမရေတာ့ဘူး။ ဘုရားဖူးတယ္ဆိုတာလည္း ဘာသာတရား အရိပ္ခိုတာပဲ မဟုတ္လား။ ကုသိုလ္ပဲေပါ့သမီးရယ္။ အေရးအႀကီးဆုံးက သမီးစိတ္ေျပာင္းသြားဖို႔ပဲေလ …။
ဒါေပမဲ့ ျမန္မာျပည္တစ္ပတ္သာ ဘုရားဖူးခရီးစဥ္ ၿပီးသြားတယ္၊ သမီးကေတာ့ စိတ္မေျပာင္းခဲ့ပါဘူး။ အိမ္ျပန္ေရာက္တာနဲ႔ သမီးဘက္က ေတာင္းဆိုခ်က္ ေတြ ထြက္လာေတာ့တာပါပဲ။
“အေမ-အေမတို႔ဆႏၵအတိုင္း မိသားစုေပ်ာ္ေပ်ာ္ ပါးပါး ဘုရားဖူးခရီးထြက္ခဲ့ၾကၿပီးၿပီေနာ္။ သမီး ဆႏၵအတိုင္း ရိပ္သာဝင္ခြင့္ျပဳေတာ့ေနာ္ အေမ”
အေမအႀကံအိုက္ေနတယ္သမီး၊ ဒါေပမဲ့ သမီးတို႔ စာေမးပြဲ ေအာင္စာရင္းထြက္မယ့္ရက္ နီးေနတာကို အေမျဖတ္ခနဲသတိရလိုက္မိတယ္။
“ဪ ေအး . . .ေအး . . .ရိပ္သာဝင္တာ လည္းဝင္တာေပါ့ သမီးရယ္၊ အခု သမီးတို႔ ေအာင္စာရင္း ေတြ ထြက္ဖို႔က သုံးရက္ေလာက္ပဲ လိုေတာ့တာပဲ၊ စာေမးပြဲေအာင္စာရင္းထြက္ၿပီးမွ ေပ်ာ္ေပ်ာ္ပါးပါး ဝင္တာေပါ့ မဟုတ္လား”
“အေမ ဒီတစ္ခါ တကယ္ေနာ္”
“ေအးပါ သမီးရယ္ အေမတကယ္ေျပာတာပါ”
“ဒါဆိုရင္ သမီးသူငယ္ခ်င္းတစ္ေယာက္စီ သြား လိုက္ဦးမယ္၊ သူလည္းရိပ္သာဝင္မယ္ ေျပာတယ္၊
အဲ့ဒါသြားၿပီး တိုင္ပင္လိုက္ဦးမယ္ အေမ”
“ေအး ..ေအး သြားသြား သမီး”
အေမ့အတြက္ အသက္ရႉေပါက္တစ္ခု ရခဲ့ျပန္ၿပီလို႔ ထင္ခဲ့တယ္ သမီး။ ဒါေပမဲ့ နာရီပိုင္းအတြင္းမွာ အသက္ရႉမြန္းၾကပ္ေစမယ့္ သတင္းဆိုးကို အေမ ၾကားရလိမ့္မယ္လို႔ လုံးဝမေမွ်ာ္လင့္ခဲ့မိပါဘူး သမီးရယ္။
“ကလင္ ကလင္ ကလင္”
“ေဒၚ ….ရွိပါသလား”
“ဟုတ္ကဲ့ ကြၽန္မ ေဒၚ ….ပါ”
“ဪသာ္ ကြၽန္ေတာ္တို႔ ယာဥ္မႈခင္းဌာနကပါ”
“ရွင္”
“အေဒၚရဲ႕သမီးက မ …..ပါလား ခင္ဗ်ာ”
“ဟုတ္ပါတယ္ရွင္ . . .သမီး . . .ဘာမ်ားျဖစ္လို႔ပါလဲ”
“ဪ ေျပာရမွာေတာ့ စိတ္မေကာင္းပါဘူး ခင္ဗ်ာ၊ အေဒၚ့သမီးကို လိုင္းကားအမွတ္ ( ) က ဝင္တိုက္ သြားလို႔ ေနရာမွာတင္ ပြဲျခင္းၿပီးေသဆုံးသြားပါတယ္၊ အဲဒါအခု ကြၽန္ေတာ္တို႔ အခင္းျဖစ္ပြားတဲ့ေနရာမွာ ရွိေနပါတယ္၊ ေနရာက ….”
ေနာက္ပိုင္းစကားသံေတြ အေမမၾကားေတာ့ဘူး သမီး။ အေမသိတာက အေမ့နားထဲကို သံရည္ပူႀကီး ေလာင္းခ်ခံလိုက္ရသလို ျဖစ္ၿပီး၊ အဲဒီသံရည္ပူ စီးေၾကာင္းႀကီးဟာ အေမ့ရင္ထဲထိစီးဆင္းလို႔ အေမ့ႏွလုံး အိမ္ကို ေလာင္ကြၽမ္းျပာက်သြားေစသလိုပါပဲသမီး …။
တယ္လီဖုန္းနားေထာင္ရင္း ပုံလ်က္ကေလး ေခြလဲ ေနတဲ့အေမ့ကို ဝိုင္းထူေပြ႕မၾကတာေတြ၊ ပုံပ်က္ပန္းပ်က္ ျဖစ္ေနတဲ့ သမီးရဲ႕အေလာင္းကို အေမ့ကို ဖြင့္မျပေတာ့ တာေတြ၊ သမီးသူငယ္ခ်င္းအိမ္နားမွာ သမီးကားတိုက္ ခံရလို႔ သမီးသူငယ္ခ်င္းကိုယ္တိုင္ ထြက္ၾကည့္ရာက သမီးျဖစ္ေနမွန္းသိေတာ့ သမီးသူငယ္ခ်င္း အေၾကာင္း မၾကားႏိုင္ေလာက္ေအာင္ တုန္လႈပ္ေၾကကြဲေနလို႔ ယာဥ္ထိန္းရဲကို အေၾကာင္းၾကား ခိုင္းခဲ့တာေတြ၊ ေဘးက လူေတြရဲ႕ အားေပးသံေတြဟာ အေမ့ေသာကကို ပိုတိုး ေစတာေတြ၊ သမီးရက္လည္ ဆြမ္းသြတ္တဲ့အထိ အေမ့ မ်က္ရည္မတိတ္ႏိုင္တာေတြ ေျပာရရင္မကုန္ႏိုင္ေအာင္ ပါပဲ သမီးရယ္။
အေမ့ခႏၶာကိုယ္တစ္ခုလုံးမွာရွိေနတဲ့ ေသြးေတြဟာ မ်က္ရည္ေတြပဲ ျဖစ္ေစခဲ့သလားလို႔ေတာင္ အေမထင္ခဲ့မိပါတယ္သမီး . . ….။
သမီးကိုဆုံးရႈံးခဲ့ရလို ေၾကမြပူေဆြးတဲ့စိတ္နဲ႔ အိပ္ရာထဲပုံလဲခဲ့ရတဲ့ အေမ့စိတ္ထဲမွာ သမီးရဲ႕ဆႏၵ တစ္ခုကို အေမ မျဖည့္ေပးႏိုင္ပါလားဆိုတာ ေနာင္တ ရမိတယ္သမီး။
ေနာင္တဆိုတာ ေနာင္မွတလို႔ ရစေကာင္းေပမဲ့ လက္ေတြ႕မွာေတာ့ အေမ့အတြက္ သမီး ကေလးတစ္ေယာက္ ဆုံးရႈံးခဲ့ရၿပီမဟုတ္လား။ ဒီေနာင္တ ထဲမွာ ယူက်ဳံးမရျဖစ္ေစတာတစ္ခုကို အေမသြားျမင္ တယ္။ အကယ္၍သာ သမီးကို တရားရိပ္သာ မဝင္ႏိုင္ ေအာင္ အေမတို႔ဥပါယ္တံမ်ဥ္မလုပ္ခဲ့မိရင္ သမီး ဒီလို အသက္ဆုံးရႈံးရမယ္ မဟုတ္ဘူးဆိုတာကိုပါ . . .။
(ဒါကေတာ့ အဲဒီအခ်ိန္တုန္းက အေတြးေပါ့၊ အေၾကာင္း အက်ိဳးသေဘာသဘာဝ နားမလည္ခင္ အခ်ိန္တုန္းက အေတြးေပါ့၊ သမီးရဲ႕ ဘဝကံအေၾကာင္း သတၱဝါတစ္ခု ကံတစ္ခုဆိုတဲ့ သဘာဝကို နားမလည္ေသးခင္ အခ်ိန္ကေပါ့)
အဲဒီေတာ့ အေမ ဘာလုပ္ရမလဲ၊ ဘာလုပ္သင့္ သလဲ။ ဒီလိုပဲ အေမတစ္သက္လုံး ငိုသြားရေတာ့ မွာလား။ အေမ အေလးအနက္ စဥ္းစားၾကည့္မိတယ္။ ကြယ္လြန္သြားသူေတြရဲ႕ဆႏၵကို က်န္ရစ္ခဲ့သူေတြအေနနဲ႔ ျဖည့္ဆည္းေပးသင့္တယ္။ လုပ္ကိုလုပ္ေပးသင့္တယ္လို႔ အေမနားလည္လာမိတယ္။
အေမ့အေနနဲ႔ သမီးအေပၚမွာ အေႂကြးတင္ခဲ့ သလိုျဖစ္ခဲ့တာက သမီးအားထုတ္ခ်င္တဲ့ သတိပ႒ာန္ အက်င့္ျမတ္တရားကို သမီးအားမထုတ္ျဖစ္ေအာင္ အေမတားခဲ့သလို ျဖစ္မိခဲ့တာ။ အဲဒီေႁအြကးကို အေမ ျပန္ဆပ္ရမယ္သမီး။ ဒါဟာ သမီးဘဝနဲ႔လဲၿပီး၊ သမီး အသက္နဲ႔လဲၿပီး အေမ့ကို ရိပ္သာတြန္းပို႔လိုက္တာပဲ လို႔ အေမခံစားမိတယ္ သမီး . . .။
တရားအားထုတ္ဖို႔ ဝါသနာမပါခဲ့တဲ့ အေမဟာ သမီးအေပၚတင္ေနတဲ့ေႁအြကးကို ေက်ေအာင္ဆပ္ ခ်င္စိတ္နဲ႔ ရိပ္သာကို ဝင္ျဖစ္ခဲ့ပါတယ္ သမီး။ အဲဒီ စိတ္ဟာ အေမ့ကို သတိပ႒ာန္တရားရဲ႕ ေအးျမတဲ့ ရင္ခြင္ထဲကို အေရာက္ပို႔ေပးေစႏိုင္ခဲ့တယ္ သမီး . . .။
(၃)
“ေသာကဆိုတဲ့ ပရိေဒဝတရားေတြက လြန္ေျမာက္ ခ်င္ရင္ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးက ဧကာယန မဂၢတဲ့၊ ဒီသတိပ႒ာန္တစ္လမ္းပဲ ရွိတယ္တဲ့။
ဒီ သတိပ႒ာန္လမ္းေပၚမွာ ေလွ်ာက္လွမ္းၿပီးေတာ့ သြား မယ္ဆိုပါရင္ အဲဒီပူေဆြးမႈဆိုတဲ့ ေသာကတရားေတြက လြန္ေျမာက္ႏိုင္ပါတယ္။ ဒီေသာကတရားဆိုတာက ပုထုဇဥ္ပုဂၢိဳလ္ေတြ မွန္သမွ်ဟာ သားေၾကာင့္ပဲျဖစ္ေစ၊ သမီးေၾကာင့္ပဲျဖစ္ေစ၊ ပစၥည္းေၾကာင့္ပဲျဖစ္ေစ၊ စီးပြား ဥစၥာေၾကာင့္ပဲျဖစ္ေစ၊ ရာထူးအာဏာေၾကာင့္ပဲျဖစ္ေစ၊
ဒီပူေဆြးမႈဆိုတဲ့ ေသာကတရားေတြဝင္လာရင္ အဲဒီ ေသာကတရားေတြက လြန္ေျမာက္ႏိုင္တဲ့တရားဟာ အခုေယာဂီမ်ား အားထုတ္ေနတဲ့ သတိပ႒ာန္တရားပဲ ရွိတယ္။ ဒီသတိပ႒ာန္တရားကို ႐ို႐ိုေသေသ ရႈမွတ္ ပြားမ်ားလိုက္မယ္ဆိုပါရင္ အဲဒီေသာကဆိုတဲ့တရားေတြ တစ္ခ်က္မွတ္ရင္ တစ္ခ်က္ၿငိမ္းတယ္၊ ႏွစ္ခ်က္မွတ္ရင္ ႏွစ္ခ်က္ၿငိမ္းတယ္၊ တစ္နာရီမွတ္ရင္ တစ္နာရီ ၿငိမ္း တယ္၊ မွတ္တိုင္းမွတ္တိုင္း အဲ့ဒီေသာကတရားေတြ မၿငိမ္းႏိုင္ေပဘူးလား။”
“တကယ္လို႔ မိမိမွာ ပါရမီထူးရွိလို႔ ေသာတာပန္၊ သကဒါဂါမ္၊ အနာဂါမ္ဆိုတဲ့ အရိယာႏြယ္ဝင္ေတြ ျဖစ္သြားမယ္ဆိုရင္ အဲဒီေသာကတရားေတြ အျမစ္ ျပတ္ၿငိမ္းမသြားႏိုင္ေပဘူးလား။
လုံးဝကိုၿငိမ္းသြားႏိုင္ တယ္။ အရိယမွတ္ဉာဏ္ကို မရႏိုင္ဘူးဆိုရင္ေတာင္မွ အရႈခံအာ႐ုံအေပၚမွာ ရႈမွတ္စိတ္ကေလး စြဲစြဲၿမဲၿမဲ တည္ေနၿပီဆိုရင္ သား၊ သမီး၊ ပစၥည္း၊ ဥစၥာ၊ ရာထူး၊ စည္းစိမ္ဆိုတဲ့ ပူေဆြးမႈတရားေတြ ဝင္ခြင့္ရပါဦးမလား ဗ်ာ”
“မရပါ အရွင္ဘုရား”
ေ႐ႊမင္းဝံဆရာေတာ္ဘုရား၏ ၿငိမ္သက္တည္ၾကည္ ေသာ အသံေတာ္သည္ စိတ္ႏွလုံးအိမ္ကို လႊမ္းမိုး ခ်ဳပ္ကိုင္လိုက္သည္သို႔ ရွိသည္။
ေမတၱာဓာတ္ပါေသာ တရားေရစီးသံသည္ မီးေလာင္ျပင္လိုျဖစ္ေနေသာ ရင္ခြင္ကို ေအးျမျခင္းဘက္ဆီသို႔ ပို႔ေပးႏိုင္ေလသည္။
ဆရာေတာ္ လမ္းၫႊန္သည့္အတိုင္း သတိပ႒ာန္တရားကို ႏွစ္လနီးပါး ႐ို႐ိုေသေသ ရႈမွတ္ အားထုတ္ပစ္လိုက္သည္။ အေသးစိတ္အမူအရာေတြကို ျမင္ေအာင္ၾကည့္သည္။ ႐ုပ္နာမ္ႏွစ္ျဖာ ေၾကာင္းက်ိဳးဆက္စပ္ပုံေတြသည္ အခ်ိန္ ၾကာေလ သိျမင္လာေလျဖစ္၏။
ေသာကအေျခခံျဖင့္ ရိပ္သာ ဝင္ခဲ့ရေသာ စိတ္သႏၲာန္၌ ေနာက္ထပ္ေသာက ေတြ ဝင္မလာေစဖို႔ အမွတ္စိပ္စိပ္ သတိတရားျဖင့္ တရစပ္ပိတ္ကာလိုက္၏။ “ငါ” မရွိမွန္းရိပ္မိလာ ေသာအခါ ငါကိုအေျချပဳ၍ ငါ့သား၊ ငါ့သမီး၊ ငါ့စည္းစိမ္၊ ငါ့ရာထူး၊ ငါ့ေမွ်ာ္လင့္ခ်က္ စသည့္ ငါ့ကိုယ္ပြားမ်ား ဝင္မလာႏိုင္ေတာ့ …။
သိပ္ကိုမွန္ကန္တဲ့ သတိပ႒ာန္တရားပါလား။ ဤမွ် ၿငိမ္းေအးခ်မ္းသာမႈကို ေပးစြမ္းႏိုင္သည့္ သတိပ႒ာန္ တရားကို သမီးအားမထုတ္ျဖစ္သြားခဲ့ျခင္းအတြက္ တစ္ခါတစ္ခါ ဝမ္းနည္းစိတ္ကေလးမ်ား ဝင္ခ်င္ေသး၏။
သတိျဖင့္ပင္ ေပၚလာေသာစိတ္ကေလးကို ရႈမွတ္ ပစ္လိုက္ရသည္။ ယခုေတာ့ မ်က္ရည္တို႔ျဖင့္ မို႔ေမာက္ ခဲ့ေသာ မ်က္ဝန္းေတြလည္း ပုံမွန္အတိုင္း ျဖစ္ခဲ့ရၿပီ။ မရပ္မနားႏိုင္ေသာ မ်က္ရည္တို႔၏ လားရာကိုလည္း သတိပ႒ာန္တရား၏ သတၱိေၾကာင့္ ထြက္ေပၚလာေသာ ဉာဏ္စြမ္းအားျဖင့္ ငုံ႔ၾကည့္သလို ျမင္လာရသည္။
လက္ရင္းကို ကပ္ၾကည့္ေသာအခါ ေသာကေမြးဖြားရာ အရပ္ကို ေတြ႕ခဲ့ရၿပီ။ “တဏွာ၊ ဥပါဒါန္” သူတို႔ျဖစ္ ေအာင္ ေဝဒနာဟူေသာ ခံစားမႈက ပံ့ပိုးေပး၏။ ေဝဒနာ ျဖစ္ဖို႔ ဖႆဟူေသာ အထိအေတြ႕ကလာသည္။ ဖႆ ေပၚေနျခင္းသည္ သဠာယတနဟူေသာ မ်က္စိ၊ နား၊ ႏွာေခါင္း၊ လွ်ာ၊ ကိုယ္၊ စိတ္ တံခါးေျခာက္ေပါက္ ရွိေနလို႔ . . .။
လည္ခဲ့ေလေသာ သံသရာအေၾကာင္း၊ လည္ေနဆဲ သံသရာအေၾကာင္း၊ လည္ဦးမည့္သံသရာအေၾကာင္းတို႔ ကို သတိပ႒ာန္မွ ျဖစ္ေပၚလာေသာ ဉာဏ္စြမ္းအား ျဖင့္ ရႈျမင္သုံးသပ္လာႏိုင္ခဲ့ၿပီ။
ရက္ပါင္း(၆၀)နီးပါး သတိပ႒ာန္တရားအရိပ္၌ ႐ို႐ိုေသေသ ယုံယုံၾကည္ၾကည္ (ၾကာေလ ယုံၾကည္လာေလ) ျဖစ္၏။ ႀကိဳးစားရႈမွတ္ လိုက္ေသာအခါ မ်က္ရည္တို႔သည္ပင္ ေသြ႕ေျခာက္ကုန္ ေတာ့သည္။ ရက္ေစ့၍ ရိပ္သာမွထြက္ရန္ ဆရာေတာ္ထံ သြားေလွ်ာက္ေသာအခါ ဆရာေတာ္က –
“စပ္စုတယ္လို႔ မထင္နဲ႔ေနာ္၊ ဒကာမႀကီးကို ဘုန္းႀကီးတစ္ခု ေမးခ်င္တယ္၊ ဒကာမႀကီးတရားကို စနစ္တက်နဲ႔ ႐ို႐ိုေသေသ အားထုတ္သြားတာကို ဘုန္းႀကီးတို႔ မွတ္တမ္းတင္ပါတယ္။
ဒကာမႀကီးကိုလည္း ေလးစားပါတယ္။ တရားကို႐ိုေသတဲ့ ဒကာမႀကီးကို လည္း ဘုန္းႀကီးတို႔ ရိပ္သာက ဆရာေလးေတြ၊ ေဝယ်ာဝစၥအဖြဲ႕ေတြကေတာင္ တေလးတစားနဲ႔ ၾကည္ညိဳ ၾကပါတယ္။ ဘုန္းႀကီးအေနနဲ႔လည္း အားရပါတယ္။
ဒါေပမဲ့ ဒါက ေနာက္ပိုင္းေပါ့ေလ။ ပထမပိုင္းရက္ (၂၀)ေလာက္မွာ ဒကာမႀကီးရိပ္သာ ေရာက္ခါစက ဘုန္းႀကီးသတိထားမိတယ္။ တရားထိုင္တဲ့ အခ်ိန္တိုင္းမွာ ဒကာမႀကီး မ်က္ရည္ေတြ အၿမဲစီးက်ေနတယ္၊ တရား နာတဲ့ အခ်ိန္ေတြမွာလည္း မ်က္ရည္ေတြ သုတ္ေနတာ သတိထားမိတယ္။ အဲဒီအေၾကာင္းေလးကို ဘုန္းႀကီးကို ေျပာမျပႏိုင္ဘူးလား”
သတိပ႒ာန္တရားေရစင္ျဖင့္ ေသာကေတြ ျငႇိမ္းသတ္ ႏိုင္ခဲ့ၿပီမို႔ ဆရာေတာ္ သိလိုသည္ကို ပုံမွန္စိတ္ျဖင့္ ေလွ်ာက္ထားလိုက္ႏိုင္သည္။ ျဖစ္စဥ္ကို တင္ျပၿပီးေသာ အခါ ရိပ္သာဝင္ခါစ ရက္(၂၀) အတြင္း က်ခဲ့ေသာ မ်က္ရည္တို႔၏ ေနာက္ကြယ္မွ အေျဖကို ဆရာေတာ္ ဘုရား သိရွိသြားေပၿပီ။
“တပည့္ေတာ္မမွာ အဲဒီအခ်ိန္က သမီးနဲ႔႐ြယ္တူ မိန္းကေလးေတြကို ေယာဂီေတြထဲမွာ ေတြ႕ရေလတိုင္း ငါ့သမီးေလး ဒီမွာေတြ႕ရတဲ့ေယာဂီေတြလို တရား အားမထုတ္ျဖစ္သြားခဲ့ရဘူးဆိုၿပီး မ်က္ရည္က်ခဲ့ရတာပါ။
သမီးအားထုတ္ခ်င္တဲ့ သတိပ႒ာန္တရားကို သမီး ကိုယ္စား တပည့္ေတာ္မ လာအားထုတ္ရင္း သမီးနဲ႔ ပတ္သက္ခဲ့ရတဲ့ တပည့္ေတာ္မရဲ႕ ေသာကေတြလည္း ၿငိမ္းခဲ့ရပါတယ္ အရွင္ဘုရား။ တကယ္ေတာ့ တပည့္ေတာ္မ ဒီရိပ္သာဝင္ျဖစ္ျခင္း အဓိက ရည္႐ြယ္ ခ်က္ကေတာ့ သမီးအတြက္ တပည့္ေတာ္မ ေႁအြကး လာဆပ္တာပါ အရွင္ဘုရား”
(၄)
သမီးႀကဳံခဲ့ရတဲ့အျဖစ္ဆိုး၊ အေမခံစားခဲ့ရတဲ့ ေသာကမ်ိဳး ဘယ္မိဘ၊ ဘယ္သားသမီးမွ မႀကဳံၾကရ၊ မခံစားၾကရပါေစနဲ႔လို႔လည္း အေမ ေလးေလးနက္နက္ ဆုေတာင္းေမတၱာပို႔သေနမိပါတယ္ သမီးရယ္ . . .။
သမီးအေပၚ တင္ေနတဲ့အေႂကြးကို သတိပ႒ာန္ အက်င့္ျမတ္တရားနဲ႔ တစ္ပိုင္တစ္ႏိုင္ ဆပ္ႏိုင္ခဲ့ၿပီမို႔ ေရာက္ရာအရပ္က သာဓုေခၚပါေတာ့ သမီးရယ္ . ..။
အေမ့ဘဝ ေနာက္ဆုံးထြက္သက္အခ်ိန္ထိ သတိပ႒ာန္ အက်င့္ျမတ္တရားကို ႐ို႐ိုေသေသ၊ ေလးေလးစားစား၊ ယုံယုံၾကည္ၾကည္နဲ႔ ဆက္ၿပီး အားထုတ္သြားပါဦးမယ္လို႔ သမီးကို အေမ ကတိေပး လိုက္ပါတယ္ . . .။
ျမသန္းစံ
၁၅-၁-၂၀ဝ၂