ကိုယ်ချင်းစာစိတ်(စ/ဆုံး)

Unicode Version

ကိုယ်ချင်းစာစိတ်(စ/ဆုံး)
——————————
စံစံကြီးကအိမ်ယာဝင်းတစ်ခုထဲမှာနေထိုင်ပါတယ်
သူမတို့အိမ်ကနှစ်ထပ်အိမ်ပါအိမ်ယာဝင်းဆိုတော့ခြံနဲ့ဝင်းနဲ့နေကြတာပေါ့
တစ်နေ့တော့စံစံကြီးတို့အိမ်နောက်ကခြံမှာသုံးထပ်တိုက်လာဆောက်တယ်အချိန်ကမိုးတွင်းကာလကြီးပေါ့
အလုပ်သမားတွေကညနေငါးနားရီလောက်ဆိုအလုပ်သိမ်းသွားကြတယ်
တစ်ရက်တော့ညနေငါးနာရီခွဲလောက်မှာနောက်ဖေးခြံထဲကခွေးတစ်ကောင်အူလိုက်ဟောင်လိုက်နဲ့အတောမသတ်နိုင်ဘူး
ဒါနဲ့ဘာများဖြစ်နေသလဲသူခိုးများဝင်နေသလားဆိုပြီးထင်မိတယ်မိုးကလည်းရွာနေတာဆိုတော့ပျင်းပျင်းနဲ့ထမကြည့်ဖြစ်ဘူး
၆နာရီကျော်လောက်အထိခွေးကဟောင်လိုက်ရပ်လိုက်နဲ့တဖြေးဖြေးခွေးအသံကအားမရှိတော့သလိုဖျော့တော့ပြီးတိုးတိုးလာတယ်
၆နာရီခွဲကျော်အထိခွေးအသံကအူသလိုလိုငြီးသလိုလိုနဲ့အစပိုင်းကလိုအဆက်မပြတ်အသံမထွက်တော့ဘူး
နားလိုက်ဟောင်လိုက်နဲ့ကြားနေရတာကြောင့်စံစံကြီးလည်းအဖြစ်မှန်သိရအောင်အိမ်ပေါ်ထပ်တက်ကြည့်တယ်
အပြင်မှာမှောင်နေပြီမိုးကလည်းတဖွဲဖွဲနဲ့ရွာကောင်းဆဲဆိုတော့အပေါ်ထပ်နောက်ဖေးပြတင်းပေါက်ကနေခြံထဲလှမ်းကြည့်တော့ဘာမှမမြင်ရဘူးခွေးအသံကလည်းကြားနေရတုံး
ဒါနဲ့ဓတ်မီးနဲ့သေသေချာချာထိုးကြည့်တဲ့အခါမှာတော့သူတို့မိလ္လာကန်လုပ်ဖို့တူးထားတဲ့တွင်းထဲခွေးတစ်ကောင်ကျနေတာမြင်လိုက်ရတယ်
ခွေးကမီးရောင်ထိုးတဲ့အပေါ်မော့ကြည့်ပြီးအသနားခံတဲ့မျက်လုံးနဲ့အော်နေတာ
ကန်ထဲကရေကလည်းခွေးလည်ပင်းထိရောက်နေပြီမိုးကလည်းစွေနေတယ်ခွေးခဗျာတစ်နာရီကျော်လောက်ရေထဲစိမ်ပြီအော်နေရလို့အသံတောင်တုန်နေရှာပြီ
ဒါနဲ့စံစံကြီးလည်းခွေးကိုဘယ်လိုကယ်ရမလဲလို့စဉ်းစားတယ်အိမ်မှာကလည်းယောင်္ကျားလေးတွေမရှိဘူးအလုပ်ကပြန်မရောက်ကြသေးဘူး
အိမ်ရှေ့ထွက်လိုက်မျှော်လိုက်နဲ့ခွေးအော်သံလည်းစိတ်မချမ်းသာစွာကြားနေရတယ်
နောက်ဆုံးမနေနိုင်တော့ဘူးကြာရင်ခွေးကရေနစ်ပြီးသေတော့မယ်ဆိုတော့ထးီတစ်ချောင်းဆောင်းပြီးအနောက်ဖက်လမ်းထဲခပ်သွက်သွက်လျှောက်သွားလိုက်တယ်
ခွေးကျနေတဲ့ဘေးအိမ်ကိုအကူအညီတောင်းဖို့ကလည်းလူမရှိဘူးအဲဒီအချိန်မှာလမ်းထဲပစ္စည်းလာပို့ကားတစ်စီးကိုတားလိုက်တယ်
ကားမောင်းတဲ့ကောင်လေးကိုအကျိုးအကြောင်းပြောပြီးခွေးကိုကယ်ဖို့အကူအညီတောင်းလိုက်တယ်
ကားသမားလေးကလည်းသဘောကောင်းရှာတယ်ခွေးကိုတွင်းထဲဆင်းပြီးကယ်ပေးတယ်
အပြင်ရောက်တော့ခွေးကအသားတွေတဆတ်ဆတ်တုန်နေရှာတယ်ခြေထောက်တစ်ဖက်ကလည်းမသန်ရှာဘူ
းမျက်လုံးတစ်ဖက်ကလည်းသိပ်ကောင်းပုံမရဘူး
ကြည့်ရတာအစာရှာရင်းတွင်းထဲခြေချော်ကျသွားတယ်ထင်တာပဲခွေးကတော်တော်နဲ့မသွားနိုင်ရှာဘူးရေတွင်းထဲနှစ်နာရီနီးပါးလောက်ကျနေတာဆိုတော့တုန်တုန်ချိချိဖြစ်နေရှာတယ်
ဒါပေမဲ့သူ့ကိုကယ်ပေးတဲ့သူတွေကိုတော့ကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအူပြရှာတယ်
စံစံကြီးကတော့အချိန်မှီကလေးခွေးအသက်ကိုကယ်လိုက်နိုင်လို့ဝမ်းသာပီတိဖြစ်နေမိတယ်
အဲဒီကုသိုလ်လေးကစံစံကြီးအတွက်မမေ့နိုင်စရာဖြစ်ခဲ့တယ်စံစံကြီးဘဝမှာလည်းခွေးအသက်ကယ်ခဲ့လို့လားမသိအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်
ဘယ်အရာမဆိုစိတ်စေတနာကောင်းပြီးကိုယ်ချင်းစာစိတ်ကကိုယ့်ကိုအကျိုးပေးပါတယ်
တိမ်လွှာမိုး

Zawgyi Version

ကိုယ္ခ်င္းစာစိတ္(စ/ဆုံး)
——————————
စံစံႀကီးကအိမ္ယာဝင္းတစ္ခုထဲမွာေနထိုင္ပါတယ္
သူမတို႔အိမ္ကႏွစ္ထပ္အိမ္ပါအိမ္ယာဝင္းဆိုေတာ့ၿခံနဲ႔ဝင္းနဲ႔ေနၾကတာေပါ့
တစ္ေန႔ေတာ့စံစံႀကီးတို႔အိမ္ေနာက္ကၿခံမွာသုံးထပ္တိုက္လာေဆာက္တယ္အခ်ိန္ကမိုးတြင္းကာလႀကီးေပါ့
အလုပ္သမားေတြကညေနငါးနားရီေလာက္ဆိုအလုပ္သိမ္းသြားၾကတယ္
တစ္ရက္ေတာ့ညေနငါးနာရီခြဲေလာက္မွာေနာက္ေဖးၿခံထဲကေခြးတစ္ေကာင္အူလိုက္ေဟာင္လိုက္နဲ႔အေတာမသတ္ႏိုင္ဘူး
ဒါနဲ႔ဘာမ်ားျဖစ္ေနသလဲသူခိုးမ်ားဝင္ေနသလားဆိုၿပီးထင္မိတယ္မိုးကလည္း႐ြာေနတာဆိုေတာ့ပ်င္းပ်င္းနဲ႔ထမၾကည့္ျဖစ္ဘူး
၆နာရီေက်ာ္ေလာက္အထိေခြးကေဟာင္လိုက္ရပ္လိုက္နဲ႔တေျဖးေျဖးေခြးအသံကအားမရွိေတာ့သလိုေဖ်ာ့ေတာ့ၿပီးတိုးတိုးလာတယ္
၆နာရီခြဲေက်ာ္အထိေခြးအသံကအူသလိုလိုၿငီးသလိုလိုနဲ႔အစပိုင္းကလိုအဆက္မျပတ္အသံမထြက္ေတာ့ဘူး
နားလိုက္ေဟာင္လိုက္နဲ႔ၾကားေနရတာေၾကာင့္စံစံႀကီးလည္းအျဖစ္မွန္သိရေအာင္အိမ္ေပၚထပ္တက္ၾကည့္တယ္
အျပင္မွာေမွာင္ေနၿပီမိုးကလည္းတဖြဲဖြဲနဲ႔႐ြာေကာင္းဆဲဆိုေတာ့အေပၚထပ္ေနာက္ေဖးျပတင္းေပါက္ကေနၿခံထဲလွမ္းၾကည့္ေတာ့ဘာမွမျမင္ရဘူးေခြးအသံကလည္းၾကားေနရတုံး
ဒါနဲ႔ဓတ္မီးနဲ႔ေသေသခ်ာခ်ာထိုးၾကည့္တဲ့အခါမွာေတာ့သူတို႔မိလႅာကန္လုပ္ဖို႔တူးထားတဲ့တြင္းထဲေခြးတစ္ေကာင္က်ေနတာျမင္လိုက္ရတယ္
ေခြးကမီးေရာင္ထိုးတဲ့အေပၚေမာ့ၾကည့္ၿပီးအသနားခံတဲ့မ်က္လုံးနဲ႔ေအာ္ေနတာ
ကန္ထဲကေရကလည္းေခြးလည္ပင္းထိေရာက္ေနၿပီမိုးကလည္းေစြေနတယ္ေခြးခဗ်ာတစ္နာရီေက်ာ္ေလာက္ေရထဲစိမ္ၿပီေအာ္ေနရလို႔အသံေတာင္တုန္ေနရွာၿပီ
ဒါနဲ႔စံစံႀကီးလည္းေခြးကိုဘယ္လိုကယ္ရမလဲလို႔စဥ္းစားတယ္အိမ္မွာကလည္းေယာက်ၤားေလးေတြမရွိဘူးအလုပ္ကျပန္မေရာက္ၾကေသးဘူး
အိမ္ေရွ႕ထြက္လိုက္ေမွ်ာ္လိုက္နဲ႔ေခြးေအာ္သံလည္းစိတ္မခ်မ္းသာစြာၾကားေနရတယ္
ေနာက္ဆုံးမေနႏိုင္ေတာ့ဘူးၾကာရင္ေခြးကေရနစ္ၿပီးေသေတာ့မယ္ဆိုေတာ့ထးီတစ္ေခ်ာင္းေဆာင္းၿပီးအေနာက္ဖက္လမ္းထဲခပ္သြက္သြက္ေလွ်ာက္သြားလိုက္တယ္
ေခြးက်ေနတဲ့ေဘးအိမ္ကိုအကူအညီေတာင္းဖို႔ကလည္းလူမရွိဘူးအဲဒီအခ်ိန္မွာလမ္းထဲပစၥည္းလာပို႔ကားတစ္စီးကိုတားလိုက္တယ္
ကားေမာင္းတဲ့ေကာင္ေလးကိုအက်ိဳးအေၾကာင္းေျပာၿပီးေခြးကိုကယ္ဖို႔အကူအညီေတာင္းလိုက္တယ္
ကားသမားေလးကလည္းသေဘာေကာင္းရွာတယ္ေခြးကိုတြင္းထဲဆင္းၿပီးကယ္ေပးတယ္
အျပင္ေရာက္ေတာ့ေခြးကအသားေတြတဆတ္ဆတ္တုန္ေနရွာတယ္ေျခေထာက္တစ္ဖက္ကလည္းမသန္ရွာဘူ
းမ်က္လုံးတစ္ဖက္ကလည္းသိပ္ေကာင္းပုံမရဘူး
ၾကည့္ရတာအစာရွာရင္းတြင္းထဲေျခေခ်ာ္က်သြားတယ္ထင္တာပဲေခြးကေတာ္ေတာ္နဲ႔မသြားႏိုင္ရွာဘူးေရတြင္းထဲႏွစ္နာရီနီးပါးေလာက္က်ေနတာဆိုေတာ့တုန္တုန္ခ်ိခ်ိျဖစ္ေနရွာတယ္
ဒါေပမဲ့သူ႔ကိုကယ္ေပးတဲ့သူေတြကိုေတာ့ေက်းဇူးတင္တဲ့မ်က္လုံးေတြနဲ႔ၾကည့္ၿပီးအူျပရွာတယ္
စံစံႀကီးကေတာ့အခ်ိန္မွီကေလးေခြးအသက္ကိုကယ္လိုက္ႏိုင္လို႔ဝမ္းသာပီတိျဖစ္ေနမိတယ္
အဲဒီကုသိုလ္ေလးကစံစံႀကီးအတြက္မေမ့ႏိုင္စရာျဖစ္ခဲ့တယ္စံစံႀကီးဘဝမွာလည္းေခြးအသက္ကယ္ခဲ့လို႔လားမသိအသက္ေဘးကလြတ္ေျမာက္ခဲ့ပါတယ္
ဘယ္အရာမဆိုစိတ္ေစတနာေကာင္းၿပီးကိုယ္ခ်င္းစာစိတ္ကကိုယ့္ကိုအက်ိဳးေပးပါတယ္
တိမ္လႊာမိုး