“လူကဖြစ်သောမျောက်”(စ/ဆုံး)

Unicode Version

“လူကဖြစ်သောမျောက်”(စ/ဆုံး)

ဝါမွေတောင်တန်းကြီးကို ရစ်ပတ်စီးဆင်းလာခဲ့သောနန်းပန်ဝါချောင်း ကြီးကလည်း အိန္ဒိယ-မြန်မာ နယ်ခြားရာအဖြစ် အထင်အရှား သတ်မှတ် ထားပေသည်။
ရှမ်း-မြန်မာအခေါ် လက်ခပ်တောင်ရိုးနှင့် ဝါမွေတောင်တန်းကြီးကို ရစ်ပတ်၍ စီးဆင်းနေသော နန်းပန်ဝါချောင်း၏ လက်ဝဲဘက်ကမ်းသည် မြန်မာပိုင်နယ်မြေအဖြစ် ထင်ရှားပေါ်ပေါက်နေ၏။
ထိုအရပ်ဒေသတွင် ခေါင်ဆယ် ချင်းလူမျိုး အများအပြား နေထိုင်လျက် ရှိရာ ဟော်မွန်အမည်ရှိ ခေါင်ဆယ်ချင်းရွာကလေးမှာ မြန်မာနယ်မြေအဖြစ် ထင်ရှားအောင် သရုပ်ဆောင်လျက်ရှိ၏။
ဟော်မွန်းရွာကလေးမှာ နန်းပန်ဝါချောင်း၏ လက်ဝဲဘက်ကမ်းတွင် တည်ရှိလေရာ ဝါမွေတောင်တန်းနှင့် (၁ဝ)မိုင်ခန့် ကွာဝေးလေသည်။
ဟော်မွန်းရွာသားတို့မှာအများအားဖြင့်တောင်သူယာခုတ်ဆင်းရဲ
သားများ ဖြစ်ကြ၏။ ချင်းလူမျိုး ကိုထော်ရိုက်နှင့် မသဲမွန်တို့ လင်မယားမှာ ဝါမွေတောင်ခြေရိုးတစ်လျှောက်တွင် ကိုယ်ပိုင်လှည်းနွားကလေးဖြင့် ထင်း ခုတ်၍ထင်းရောင်းသောအလုပ်ဖြင့် အသက်မွေးကြသူများ ဖြစ်လေသည်။ သားသမီးမရှိ၊ လင်ကိုယ်မယားနှစ်ယောက် တစ်နွေနှင့် တစ်ဆောင်း တွင်းလုံး ဝါမွေတောင်ခြေရိုးတစ်လျှောက်မှ တောထင်းရိုင်းများကို ခုတ်၍ ဖြတ်တောက်ကာ ပြုပြင်ပြီး အလှမ်းကွာသောမြို့ပေါ်သို့တက်၍ ရောင်းချ လေ့ရှိ၏။ တောင်ခြေမှ ရသမျှ တောထင်းရိုင်းများကို အိမ်တွင် အသင့်ဖြတ် တောက် စုဆောင်း၍လည်းထားရသေး၏။ နွေအကုန် မိုးကျသောအခါများ တွင် ထင်းဈေးမှာ ပို၍ကောင်းတတ်သဖြင့် တစ်နွေတစ်ဆောင်း သိုလှောင်

စုဆောင်းထားသော ထင်းများမှာ ကိုထော်ရိုက်တို့လင်မယားအား တစ်မိုး တွင်းလုံး အေးအေးဆေးဆေးထိုင်စားနိုင်၏။
မသဲမွန်တွင် (၂)လကျော်နေပြီဖြစ်သော ကိုယ်ဝန်မှာ ယခုအကြိမ်ပါ ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်၍ယခင်ကနှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန် ရှိ၍ကလေးနှစ်ယောက်မွေးဖွားခဲ့ဖူးသော်လည်းအဖတ်မတင်ခဲ့ပေ။
ဒါကြောင့်ပင် ကိုထော်ရိုက်ရော မသဲမွန်ပါ သားသမီး အဖတ်မတင်ခဲ့ဘူး သဖြင့် ယခုအကြိမ် မသဲမွန်၏ ကိုယ်ဝန်အား လင်မယားနှစ်ယောက်လုံး အရိပ်တကြည့်ကြည့်ရှိခဲ့ပေသည်။
ပို၍ကဲသည်မှာ ကိုထော်ရိုက်ပင် ဖြစ်၏။ ကိုထော်ရိုက်သည် ကလေး
အလွန်လိုချင်နေသူဖြစ်သောကြောင့်မသဲမွန်၏တတိယအကြိမ်မြောက် မွေးဖွားမည့်ကလေးအတွက် ကြိုတင်၍ ဆေးဝါးများ မှာပြီး မီးတွင်းသုံးရန် အသုံးအဆောင်ပါမကျန် ရှာဖွေစုဆောင်း၍ မသဲမွန်၏ဗိုက်ကို မျက်ခြည် ပြတ်မခံအောင် ဂရုစိုက်လေ၏။
မမြင်ရသေးသော ကလေးငယ်အတွက် လင်မယားနှစ်ယောက် စိတ် ကူးဖြင့်လည်း ကြည်နူး၍ ရူးခဲ့ကြသေး၏။
မိုးဦးကျခါနီးပြီဖြစ်၍ ကိုထော်ရိုက်သည် တောင်ခြေမှ ထင်းကလေးရ သမျှတစ်ခေါက်နှစ်ခေါက်တိုက်ထားရန် ပြင်ဆင်ရပေသည်။
မသဲမွန်ကလည်း ကိုယ်ဝန်ကြီးနှင့်ဖြစ်လင့်ကစား နံနက်စောစော ထင်း ခုတ်သွားရာတွင် လိုအပ်သည်တို့ကို ကူညီလုပ်ကိုင်ပေးနေရုံမက ကိုထော် ရိုက်နှင့် ထင်းခုတ်ထင်းတိုက်ရာတွင် လိုက်ပါကူညီရန်လည်း အသင့်ပြင်ရ သေး၏။
ကိုထော်ရိုက်သည် နွားစာစင်းပြီး၍ ထင်းခုတ်ဓားမကြီးနှစ်ချောင်းကို သွေးရင်း မသဲမွန်၏ကိုယ်ဝန်အကြောင်းကိုတွေးနေ၏။

(၂)လဆိုသည်မှာ မွေးဖွားရန် ဝေးကွာသေးသော်လည်း မိုးအကျနှင့် မွေးဖွားမည့်အချိန်တိုက်ဆိုင်ကြုံကြိုက်၍လည်းဝမ်းသာရသေး၏။
မသဲမွန်မီးဖွားရေးအတွက် သက်သက်မဲ့ အလုပ်နားရန်မလိုတော့ပေ။ မိုးတွင်းဆိုလျှင် သူတို့အလုပ်ကနားရမြဲဖြစ်၏။
ထန်းရွက်တဲအတွင်းမှ အသင့်ဖြတ်ပြီး ထင်းပုံကြီးကိုကြည့်၍လည်း
ပီတိဖြစ်မိ၏။
ကိုထော်ရိုက်သည် သွေးထားသောဓားမနှစ်ချောင်းကို လှည်းဦးဓားမ ချပ်တွင် စိုက်လိုက်၏။ စင်းထားပြီးသော နွားစာများကို နွားစားကျင်းတွင် ထည့်၍ ဖွဲနုပက်ပြီး နယ်၍ကျွေးလိုက်၏။
ကြိုးခွေကြီးနှစ်ခုနှင့် ပေါက်တူးတစ်လက်ကို ကောက်ရိုးများ တင်ထား သောလှည်းကပ်ပေါ်သို့ပစ်တင်လိုက်သည်။
မသဲမွန်မှာလည်း ညစာအတွက် ချက်ပြုတ်ပြီး နံနက်စောစော တောင် ခြေသို့ယူရန် ဆတ်သားခြောက်ဟင်းအိုးကို မီးကြီးရဲရဲနှင့် နှပ်ထားလိုက်
၏။
ကိုထော်ရိုက် အလုပ်ပြီးလာသည်နှင့် အသင့်ခူးခပ်ထားသော ညစာ ထမင်းကိုလင်မယားနှစ်ယောက်မြိန်ရှက်စွာစားသောက်ကြလေ၏။
လင်းခါနီးအချိန်သည်အမှောင်ဆုံးဟုဆိုသည့်အတိုင်းအရုဏ်မတက်
မီအမှောင်ထုသည်တစ်ရွာလုံးအားလွှမ်းခြုံထား၏။
ကိုထော်ရိုက်သည် ရေနံဆီမီးခွက်ကို မုန့်သေတ္တာဘူးခွံတွင်ထည့်၍ နွားတင်းကုတ်ဆီသို့ ထွက်လာခဲ့၏။ ကိုထော်ရိုက်၏ နွားနီကြီးတစ်ရှဉ်း

သည် မှောင်နှင့်မည်းမည်းတွင် ညနေက စားခဲ့သောအစာများကို စမြုံ့ပြန် နေကြသည်။
သူတို့၏သခင် ကိုထော်ရိုက်ဝင်လာသည်နှင့် နွားနီကြီးတစ်ရှဉ်းမှာ ဝပ် နေရာမှ ခေါင်းထောင်ပြီး မတ်တတ်ရပ်လိုက်ကြသည်။ ကိုထော်ရိုက်က လည်း သူ၏ စီးပွားဘက် နွားနီကြီးတစ်ရှဉ်းကို ယုယကြင်နာစွာ ကျောကို သပ်၍ ညကစင်းထားသော ပြောင်းရိုးများကို စားကျင်းသို့ ဖြည့်ပေးပြီး၊ လှည်းအိမ်ကိုထမ်းပိုးတုံးမှထုတ်ကာအိမ်ရှေ့သို့ရွှေ့လိုက်သည်။လှည်းအိမ် ကိုလှည်းဦးမှလှည်းဒေါက်ခွဖြင့် ထောက်ထားလိုက်၏။
ကိုထော်ရိုက်ကောင်းကင်သို့ မော့ကြည့်လိုက်သောအချိန်တွင် အ မှောင်ထုမှာ ခပ်ပါးပါးသာ ကျန်တော့၍ အရုဏ်တက်စပြုပေပြီ။ သို့သော် စနေထောင့်ဆီမှအလိပ်လိပ်တက်လာနေသောမိုးသားတို့မှာအလင်းရောင်
ခပ်ပါးပါးကို ဖုံးလွှမ်းစပြုပြီဖြစ်၏။
မီးဖိုထဲမှ မသဲမွန်သည်လည်း နှပ်ပြီးသား ထမင်းအိုးကို ဇလုံထဲသို့ ယောက်မနှင့်ယက်၍အားလုံးသတ်ချလိုက်၏။ ဆတ်သားခြောက်ငရုတ်သီး စပ်စပ် ချက်ထားသောဟင်းကို ပန်းကန်လုံးထဲသို့ အကုန်ခပ်၍ ဇလုံထဲမှ ထမင်းများအလယ်တွင်ဖိ၍မြှုပ်လိုက်၏။
ခရမ်းချဉ်သီး လေးငါးလုံးကို ပြာပူတွင် အုံးထားရာမှ ဆယ်လိုက်ပြီး ငရုတ်ဆုံထဲထည့်၍ငရုတ်သီးနှင့်ခပ်ဖွဖွထောင်းလိုက်ပြီးဇလုံဘေးမှထမင်း
များကိုယက်၍မြှုပ်လိုက်ပြန်၏။
မို့မောက်ကြွတက်နေသော ထမင်းဇလုံပေါ်သို့ ဇလုံတစ်လုံးမှောက်၍ ဖုံးလိုက်ပြီး ထမင်းထုပ်သည့် ဖျဉ်စဖြင့် အဝတ်လေးဖက်စကို တင်းနေ အောင်ဆွဲ၍ချည်လိုက်သည်။

ဆက်လက်၍ ရေဘူးတွင် ရေဖြည့်ပြီး ထမင်းထုပ်နှင့် ရေဘူးကိုယူ၍ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။
ကိုထော်ရိုက်သည်မသဲမွန်ကိုလှမ်းကြည့်ပြီး –
“ခပ်သုတ်သုတ်လုပ်ဟေ့၊ မိုးက စိတ်မချရဘူး၊ တောင်အတက် မိုးနဲ့
တွေ့နေမယ်”သည်။
ဟုအော်ပြောလိုက်သည်။ မသဲမွန်ကလည်း –
“ပြီးပါပြီတော်၊ လှည်းသာ ကောက်ပါတော့”
ဟု ပြန်ပြောရင်း ထမင်းထုပ်ကို လှည်းပေါ်သို့ လှမ်းတင်လိုက်လေ
“မိုးနဲ့လေနဲ့မင်းကလည်း မပေါ့မပါးနဲ့၊ မလိုက်စေချင်ဘူးကွာ” ကိုထော်ရိုက်သည် နွားနှစ်ကောင်ကို ဆွဲလာရင်း မသဲမွန်ကို မလိုက် စေလိုသောဆန္ဒဖြင့် ကန့်ကွက်လိုက်၏။
ပြီး-
မသဲမွန်က ရေဖြည့်ထားသောရေဘူးကို ဓားမချပ်တွင် ချိတ်လိုက်
“အို-ကိုထော်ရိုက်နှယ်၊ လင်သွား မယားပါပေါ့တော့ – မပေါ့မပါးနဲ့ လည်းဘာဖြစ်လဲ၊ ဒီလို လူတကာတွေလည်းလုပ်ကိုင်စားနေကြတာပဲ…” “ဒါတော့ – ဒါပေါ့…မိုးမရွာရင် ကိစ္စမရှိဘူး၊ မတော်လို့ မိုးရွာလာရင် တောင်တက်တောင်ဆင်းမှာလှည်းကဆောင့်ပါဘိနဲ့မို့ပါဟ…” “ကိစ္စမရှိပါဘူးတော်၊ မနက်မိုး ရေဘူးဆောင်တဲ့၊ အဆိုတောင် ရှိသေး တယ်၊ မနက်စောစော ရွာတဲ့မိုးဟာတစ်နေ့လုံးနေပူတတ်သတဲ့….” “ကိုင်း – ဒါဖြင့်လည်း တက်တက် … နေမြင့်နေမယ်၊ သွားကြစို့” ဟုပြောပြီး .. ကိုထော်ရိုက်သည် .. နွားစားကြိုးကိုလျှော့၍ နှင်တံကို မြှောက်လိုက်လျှင် နွားနီကြီးတစ်ရှဉ်းသည် အချက်ကျကျဆွဲသွားလေ တော့သည်။

မြင့်မားမတ်စောက်သော ဝါမွေတောင်တန်း၏ ဆင်ခြေလျှော တောင် ခြေတစ်ဝိုက်တွင် ခုတ်မကုန်သော သစ်ရာ၊ အင်ကြင်း၊ ပျဉ်းကတိုးနှင့် သန်း၊ ဒဟတ်ပင်တို့ ထူထပ်စွာပေါက်ရောက်လျက်ရှိပေသည်။
ထင်းပင်ပေါသော တောင်ခြေတစ်နေရာတွင် လှည်းကိုချွတ်၍ သစ်ရာ ပင်ကြီးအောက်တွင် ကိုထော်ရိုက်တို့ စ,တည်းချကြလေ၏။
လှည်းချွတ်၍ နွားများကို မြေညီသော သစ်ပင်ရိပ်တွင် လှန်ထားပြီး လှည်းပေါ်မှ ကောက်ရိုးများကိုချ၍ကျွေးလိုက်၏။
မသဲမွန်က ထုံးစံအတိုင်း သစ်ပင်ရိပ်တွင် မီးမွှေး၍ ရေနွေးအိုးတည်ရန် ပြင်ဆင်ရလေ၏။
“ဟောတော့ – ကိုထော်ရိုက်တို့ … လုပ်လိုက်မှဖြင့်လေ – အရေးတကြီး ချည့်ပဲ…”
“ဘာများလဲဟ – သဲမွန် …”
“ဘာရမလဲတော့ – တော် – အရေးတကြီးလုပ်တာနဲ့ ရေနွေးအိုးမေ့ ထားခဲ့ပြီ…”
တော့”
“မေ့ထားလည်း ရေဘူးပါသားပဲဟာ၊ နေပေ့စေ-ရေနွေး မတည်နဲ့
ဟုပြောပြီး ကိုထော်ရိုက်သည် ဓားမတစ်ချောင်းဖြင့် တောစပ်သို့ဝင်၍ ထင်းခုတ် စ,လေ၏။
မသဲမွန်ကလည်းကိုထော်ရိုက် ခုတ်၍ရသမျှ ထင်းတို့ကိုရွက်၍ လှည်း ဆီသို့ သယ်ပေးရ၏။ ပြီးတန်သမျှပြီးအောင် လှည်းပေါ်သို့ တင်နိုင်သရွေ့ လည်းတင်ပေးထား၏။
နေအတော်မြင့်သောအခါ ခေတ္တနား၍လင်မယားနှစ်ယောက်ထမင်း ထုပ်ကိုဖြေ၍စားကြလေ၏။

အိမ်က မထွက်မီက မသဲမွန်ပြောသကဲ့သို့ နံနက်မိုး ရေဘူးဆောင်ဆို သည့်အတိုင်း တစ်နေ့လုံး နေပူ၍ နံနက်က မိုးသားမိုးရိပ်တို့မှာ ဘယ်ဆီ လွင့်သွားလေသည်မသိတော့ပေ။
နေ့လယ်ပိုင်း ခေတ္တအနားယူပြီး ကိုထော်ရိုက် တောတစ်ခါပြန်ဝင် သောအခါတွင်မူ ရုတ်တရက် နေလုံးပျောက်၍ နံနက်ကလောက် မများ သော်လည်း မိုးသားကလေး ခပ်ပါးပါးတက်လာသဖြင့် မိုးအုံ့အုံ့နှင့် ကိုထော် ရိုက်မှာ အလုပ်ပို၍ တွင်နေ၏။ မိုးအုံ့နေသည်ကတစ်ကြောင်း၊ လောဘ ဇောကတစ်ကြောင်းဖြင့် ကိုထော်ရိုက်မှာ ထင်းများကို သဲသဲမဲမဲ လိုက်ခုတ် နေလေရာ ပြန်ချိန်ကိုပင် ခန့်မှန်း၍မရလိုက်ချေ။
ကိုထော်ရိုက်ထင်းခုတ်ပြီးစီး၍ခုတ်ပြီးထင်းများကိုလှည်းဆီသို့ သယ်
ယူနေသောအခါမိုးသားများဖုံး၍နေလုံးပင် ဝင်သွားပေပြီ။
“ဟာ ..မိုးတွေကလည်း တက်-နေလုံးလည်း ပျောက်သွားပြီ၊ ဟေ့ – တို့တော့ အတော်နောက်ကျနေပြီ၊ လုပ်ဟေ့…လုပ်- သဲမွန်၊ အမှောင်မများ ခင် တို့များ မြေပြင်ရောက်မှဖြစ်မယ်၊ အခုနေ မိုးရွာလိုက်ရင် ဒုက္ခဟ” “ဒါကြောင့် ကျုပ်က သတိပေးနေသားပဲ၊ တော်က လောဘကြီးပြီး တောထဲဇွတ်ဝင်နေတာကိုး၊ မိုးတွေကပြောရင်းဆိုရင်းတက်လာပြီ…” “အေးပါဟ… မြန်မြန်တင် မြန်မြန်ကြိုးချည်… သွားကြစို့… လင်မယားနှစ်ယောက်ခုတ်ပြီးထင်းများကို လှည်းပေါ်တင်၍ ကပျာ ကရာ ကြိုးချည်နေစဉ်မိုးသက်လေရှေ့တော်ပြေးသည်အေးခနဲလာ၍ နှုတ် ဆက်လိုက်၏။
“မိုးသက်လေတော့ လာပြီဟေ့..တောင်ခြေမှာမိုးစ.ရွာပြီထင်တယ်”

“ဟာ…”
ကိုထော်ရိုက်သည်ပြောရင်းဆိုရင်းစနေထောင့်၊ရာဟုဒေါင့်များဆီမှအလုံး
အခဲနှင့် တက်လာသောလေနှင့်မိုးကိုကြည့်ပြီး လန့်သွားလေ၏။
“တို့တော့ မိုးကို ပြေးမလွတ်တော့ဘူး၊ ဟေ့- မိုးချည်းဆို ကိစ္စမရှိဘူး၊ လေပါ,ပါတယ်၊ နွားတွေ မြဲမြဲချည်မှ သဲမွန်ရေ…”
ကိုထော်ရိုက်သည် နွားများကို အပြေးကလေးသွား၍ ချည်နေစဉ် ရုတ်တရက် သည်းထန်စွာ ရွာချလိုက်သောမိုးကြောင့် ကိုထော်ရိုက်သည် နွားချည်နေရာမှ သဲမွန်ဆီသို့ အပြေးကလေးရောက်လာပြီး သစ်ရာပင်ခြေ ရင်းတွင် လင်မယားနှစ်ယောက် ပါလာသော လုံချည်ဟောင်းကလေးများ ခြုံ၍မိုးခိုကြရလေ၏။
မိုးသည်းထန်စွာရွာနေသည့်ကြားမှ ရာဟုလေကအရှိန်ပြင်းပြင်းဝင်၍ တိုက်လေရာ တစ်တောလုံး မှောင်၍ တဝုန်းဝုန်းမြည်ကာ လေသံမိုးသံဖြင့် ဆူညံနေသည်။
ကိုထော်ရိုက်တို့ခိုနေသော သစ်ရာပင်ကြီးမှာ လေဒဏ်ကြောင့် တကျွိကျွိ မြည်၍ ဘယ်ညာယိမ်းထိုးနေပြန်သဖြင့် လင်မယားနှစ်ယောက် မိုးစိုသည် ထက် သစ်ပင်ပိမည်ကို စိုးရိမ်နေကြရပြန်သည်။
မိုးက သည်းထန်စွာ ရွာသလောက် လေကလည်း ပြင်းပြင်းထန်ထန် တိုက်ရင်း တစ်စတစ်စ မိုးအမှောင်မှသည် ညအမှောင်သို့ ပြောင်း၍လာ လေ၏။
ကိုထော်ရိုက်သည် လေဒဏ်မှ ကာကွယ်နိုင်ရန် တောင်ခြေကျောက် ချိုင့်များ၊ကျောက်ခေါင်းများကိုသတိရလာသည်နှင့်လင်မယားနှစ်ယောက် မိုးသည်းသည်းမှောင်နှင့်မည်းမည်းတွင်တောင်ခြေအရောက်မှန်း၍ပြေးကြရ
ပြန်၏။

တစ်ချက်တစ်ချက် ဝင်းခနဲ လက်လိုက်သော လျှပ်စီးရောင်ဖြင့် တစ်
ဆင့်တစ်ဆင့်နား၍ပြေးလာခဲ့ရင်းလင်မယားနှစ်ယောက်စာခိုသာရုံရှိသော
ကျောက်ကမ်းပါးအပဲ့လိုဏ်ခေါင်းကလေးတစ်ခုကို တွေ့ကြသည်နှင့်တောင် ကမ်းပါးယံကိုကျောနှင့်ပြားနေအောင် ကပ်၍ ခိုနေကြလေ၏။
တောင်ကမ်းပါးယံ ကျောက်ခေါင်းကလေးရောက်ပြီး အတော်ကြာမှ လေရောမိုးရောငြိမ်သက်သွားလေရာကိုထော်ရိုက်မှာထိုအချိန်မှဟင်းခနဲ
သက်ပြင်းချနိုင်ပေတော့သည်။
သို့သော်… (၂)ယောက်စလုံးပင် ရွဲရွဲစို၍ ခိုက်ခိုက်တုန်နေပြန်၏။ “သဲမွန် – မင်းအိတ်ထဲမှာ ဓာတ်မီးခြစ်ကလေးပါသေးရဲ့လား” မသဲမွန်သည် ချွေးခံအင်္ကျီအိတ်ထဲမှ ဓာတ်မီးခြစ်ကို နှိုက်၍ ကိုထော် ရိုက်အား လှမ်းပေးလိုက်သည်။

“အေး…တော်သေးရဲ့မီးတော့ပွင့်တယ်။ ရေမဝင်သေးဘူး။အေးနေလို့
ခြစ်မရတာ။ နေဦး – မိုးလွတ်တဲ့
ကျောက်ခေါင်းထဲကထင်းခြောက်ကလေး
တွေကောက်ဦးမယ်။ မင်းက မီးတောက်အောင် ခြစ်ထားနှင့်”ဟု ပြောပြီး ကိုထော်ရိုက်က ထင်းခြောက် နှိုက်နေစဉ် မသဲမွန်က ဓာတ်မီးခြစ်ကို မီးတောက်အောင် ခြစ်၍ရလေ၏။
ခဏအကြာတွင်သူတို့ မိုးခိုနေသောကျောက်ခေါင်းထက်ပို၍
ကြီးသောလိုဏ်ခေါင်းတစ်ခုကိုကိုထော်ရိုက်ကတွေ့ရှိလာသဖြင့်ပြောင်း၍ နှစ်ယောက်သား ထင်းခြောက်ကလေးများဖြင့် မီးဖိုကလေးဖို၍ ရသွားလေ
၏။
နှစ်ယောက်သားအဝတ်အစားများကိုမီးကင်ရင်းထင်းကိုင်းအစိုကလေး များကိုပင်တဖြည်းဖြည်းခြောက်အောင်မီးကင်ယင်းမီးဖိုဘေးတွင်အအေး
ဒဏ်မှကာကွယ်ရလေသည်။
“သဲမွန်ရေ.. ငါတော့ အခုမှ ဆာလာသကွာ”
ကိုထော်ရိုက်က စိုနေသော ထင်းချောင်းများကို မီးကင်ယင်း လှမ်း၍ ပြောလိုက်၏။
“အင်း … တော်မို့ ဆာအားတယ်။ ကျုပ်ဖြင့် ထမင်းဆာရဖို့ နေနေသာ သာအခုမှ အသက်ရှူနိုင်တော့တယ်”
“နွားတွေလည်း ဘယ်လိုနေသလည်း မသိဘူး။ ဒို့တော့ ကနေ့ညမှာ ပဲ မိုးလင်းရလိမ့်မယ်။ ပြန်လို့မရတော့ဘူး”
“ဒါပေါ့တော် … ဖြစ်သမျှကပဲ ကနေ့တစ်ညတော့ ထမင်းငတ်ကြ
ရောပေါ့”ပြန်၏။“တစ်နပ်တလေဘဲကွာ”
ကိုထော်ရိုက်သည် ဝမ်းထဲမှ ဆာနေလျက်နှင့် မသဲမွန်အား အားပေးရ

ထိုအခိုက် ကျောက်ကမ်းပါးယံအထက်ပိုင်းဆီမှ ကွဲ … ကွိဆိုသော မြည်သံနှင့်အတူ “ဗုန်းခနဲ”မည်းမည်းအရာဝတ္ထုကြီးတစ်ခု ၎င်းတို့ မီးဖိုနား သို့ကျလာပြီးမသဲမွန်၏“အမယ်လေး” ဟုလန့်၍အော်လိုက်သောအသံမှာ တစ်တောလုံး ဟိန်းသွားလေတော့သည်။
ကိုထော်ရိုက်မှာ ရုတ်တရက်ဖြစ်၍ အံ့ဩပြီး ကြောင်သွား၏။ ၎င်းတို့ အနီးသို့ ကျလာသော မည်းမည်းသဏ္ဌာန်မှာ မျောက်ကြီးတစ်ကောင်ဖြစ်၍ ၎င်း၏ကိုယ်မှာလည်း ကိုထော်ရိုက်တို့ကဲ့သို့ ရွဲရွဲစိုလျက် မီးဖိုနားသို့ တိုးဝှေ့ ၍ငုတ်တုတ်ဝင်ထိုင်လေ၏။
ပင်ကိုကပင် မွဲခြောက်ခြောက်နှင့် ကြောက်စရာကောင်းသော မျောက်ကြီး မှာ မိုးစိုထားသဖြင့် ပို၍ပင် ကြောက်စရာကောင်းနေပေသည်။
မသဲမွန်မှာ အကြောက်လွန်ပြီး နောက်သို့ ပက်လက်လန်သွားသဖြင့် ကိုထော်ရိုက်သည် မီးဖိုနားသို့ တိုးဝှေ့နေသော မျောက်ကြီးကို အတင်း တွန်းခြောက်၍ ပြေးစေသော်လည်း မျောက်ကြီးမှာ မပြေးရုံမက မသဲမွန် အနီးသို့ပင် ပို၍တိုးပြန်လေ၏။
ကိုထော်ရိုက်က မျောက်ကြီးကို တွန်းလွှတ်လိုက် မျောက်ကြီးက သွား ကြီးပြီး၍ တဦးဦးဖြင့် မီးဖိုနား တိုးလိုက်ဖြစ်နေရာ မသဲမွန်မှာ နောက်သို့ လည်း ဆုတ်ပြေးစရာ နေရာမရှိဘဲ ကြောက်အားကြီး၍ တဆတ်ဆတ်တုန် ပြီးမျက်စေ့ကို စုံမှိတ်ထားသည်။
ကိုထော်ရိုက်မှာလည်း အမျိုးမျိုး ခြောက်လှန့် မောင်းထုတ်နေသော် လည်း မျောက်ကြီးက မသွားဘဲ မသဲမွန်နှင့် နီးရာမီးဖိုနားဆီသို့သာ ထပ်

တလဲလဲ တိုးဝှေ့နေသဖြင့် နောက်ဆုံးစိတ်မရှည်နိုင်သော ကိုထော်ရိုက်မှာ အနီးရှိတံတောင်ခန့် ထင်းကိုင်းအကျိုးဖြင့် လှမ်း၍ ရိုက်လိုက်၏။
မျောက်ကြီးမှာ ဘာကြောင့် ဒါလောက် တိုးခွေ့နေသည်မသိ တုတ်နှင့် ရိုက်လိုက်မှပို၍ပင်ရှေ့သို့တိုးလာနေပြန်သဖြင့်ကိုထော်ရိုက်သည်လက်ထဲ မှတုတ်ကိုလက်နှစ်ဖက်ဖြင့် ကိုင်၍တအားလွှဲပြီး ရိုက်ချလိုက်လေ၏။
မျောက်ကြီး၏ ဦးခေါင်း တည့်တည့်သို့ ကိုထော်ရိုက်၏ တုတ်ကျသွား သည်နှင့် ချက်ကောင်းကို ထိသွားလေရာ မျောက်ကြီးမှာ သွားကြီးများဖြဲ၍ တဦးဦးဖြင့် ပက်လက်လန်သွားလေ၏။
ဆန့်ငင် – ဆန့်ငင်ဖြင့် ပက်လက်လန်သွားသော မျောက်ကြီးမှာ မထ နိုင်တော့သည့်အထည်းကပင် မီးဖိုဘက်သို့လှိမ့်၍ ချလိုက်ပြန်ရာ ကို ထော်ရိုက်သည် စိတ်တိုလွန်းသဖြင့် လက်ထဲမှ တုတ်နှင့်ပင် ဆက်၍ ဆက်၍ ရိုက်လိုက်စဉ် မသဲမွန်က “အမယ်လေး ကိုထော်ရိုက် – ကိုထော်ရိုက်-သေအောင် မရိုက်ပါနဲ့၊ သေအောင်မရိုက်ပါနဲ့၊ သေအောင် မရိုက်ပါနဲ့”ဟုပြောနေသည်ကိုပင် နားမထောင်တော့ပေ။

မျောက်ကြီး၏ ဦးခေါင်းမှ သွေးတို့သည် ပြန့်ကျဲ၍ ကိုထော်ရိုက် တစ် ကိုယ်လုံး နီရဲနေသည့်ပြင် မသဲမွန်၏ တစ်ကိုယ်လုံးပါ မျောက်သွေးတို့ဖြင့် နီရဲကုန်လေတော့သည်။
မသဲမွန်သည် အကြောက်လွန်၍ ချွေးသီးချွေးပေါက်များပင်ကျ၍မော နေလေ၏။
“ကိုထော်ရိုက် ကျုပ်ကို ရေ-ရေ-ရေတစ်ခွက်လောက် ရှာပေးပါ” ဟု
ကျောက်ကမ်းပါးယံကိုမှီယင်းညည်းတွားနေလေရာကိုထော်ရိုက်မှာ လှည်းတွင် ကျန်ခဲ့သော ရေဘူးကို သတိရ၍ “အေး … မသဲမွန် ငါရေဘူး သွားယူမယ်။ နင်နေရဲ့ရဲ့လားဟုလှမ်း၍မေးလိုက်၏။

“ဒါကြီး…ဖယ်လိုက်ပါ… ဒါကြီး – ကျုပ်မကြည့်ရဲဘူး”ဟုမီးဖိုဘေးတွင်
ပက်လန်လှန်နေသော မျောက်သေကြီးအား လက်ညှိုးထိုးပြနေသဖြင့် အေး-အေးဟုဆိုကာ ကိုထော်ရိုက်သည်မျောက်သေကြီးအား ခြေနှစ်ချောင်း မှဆွဲ၍လွှင့်ပစ်လိုက်လေ၏။
“ကိုင်း..ငါရေဘူးသွားယူဦးမယ်။ နေရဲတယ်မဟုတ်လား”ဟုမသဲမွန် အား လှမ်းမေးရာ မသဲမွန်က ခေါင်းညိတ်၍ ပြလိုက်သဖြင့် ကိုထော်ရိုက်မှာ လှည်းဆီသို့ထွက်သွားလေ၏။
ကိုထော်ရိုက်သည် သစ်ရာပင်အောက်တွင် ချွတ်ထားသော လှည်းမှ ရေဘူးနှင့်တကွ ဓားမထမင်းဇလုံတို့ကို ယူဆောင်၍ နွားများကို အစိုများ ကျွေးထားခဲ့ပြီး မသဲမွန်ရှိရာသို့ ခပ်သုတ်သုတ် ပြန်လာခဲ့လေ၏။ ကိုထော်ရိုက်သည် တဖြည်းဖြည်း ဗိုက်ထဲမှ ဆာလွန်းလာသဖြင့် လမ်း တစ်လျှောက်လုံး မျောက်သေကြီးကို သတိရလာခဲ့သည်။ ကိုထော်ရိုက်တို့ချင်းလူမျိုးတောင်ပေါ်တွင်ထင်းခုတ်နေသူများအဖို့ မျောက်သားစားခြင်းသည် အဆန်းမဟုတ်တော့ပေ။
ကျောက်ဂူဝသို့ ပြန်ရောက်သောအခါ မသဲမွန်မှာတခေါခေါဖြင့် အိပ် မောကျနေပေပြီ။
ကိုထော်ရိုက်သည် အိပ်ပျော်နေသောမသဲမွန်အားမနှိုးသေးဘဲမီးဖိုကို ဖြည့်ယင်း မျောက်သားကို သတိရလာသည်နှင့် ကျောက်ဂူ အပြင်သို့ ထွက် ၍မျောက်သေကြီးကိုရှာကြည့်လေ၏။
အဆင်သင့်ပင် ဂူနှင့်မလှမ်းမကမ်းတွင်မျောက်သေကြီးကိုတွေ့၍အသင့် ပါလာသော ထင်းခုတ် ဓားမဖြင့် မျောက်သေကြီးအား ခုတ်လှီးဖျက်၍ အသားတုံးတို့ကိုဂူထဲသို့ယူလာပြီးမီးရောင်အောက်တွင်ဝါးလုံးတိုတစ်ခုကို တစို့လုပ်ပြီး မျောက်သားတုံးတို့ကိုကင်လေ၏။

မီးအားကောင်းသဖြင့် သိပ်မကြာလှဘဲ မျောက်သားအစိုမှာ အဆီ
တဝင်းဝင်းဖြင့် ကျက်လေရာ ကိုထော်ရိုက်မှာ နဂိုက ဆာလောင်နေသူ ဖြစ် သည့်အတိုင်း အနံ့တသင်းသင်း မွှေးနေသော မျောက်သားကင်ကို ဖဲ့၍ ဖဲ့၍ စားလိုက်လေ၏။
ဆီမပါ၊ ဆားမပါ ဗလာသာဖြစ်သော်လည်း သူ့အဆီနှင့်သူ နီရဲ၍ မွှေးကြိုင်နေသော မျောက်သားကင်မှာ ကိုထော်ရိုက်အဖို့ ညစာအတွက် ဆာနေသောဗိုက်ကိုအာသာပြေစေ၏။
ကိုထော်ရိုက် စား၍ဝသောအခါ တံစို့တွင် ကျန်နေသော မျောက်သား နှစ်တုံးကို မသဲမွန်အတွက် ချန်၍ ဘူးထဲမှရေကို အဝသောက်လိုက်၏။ “ကိုထော်ရိုက်-ကိုထော်ရိုက်- ရေယူခဲ့ပြီလား”
မသဲမွန်သည် အိပ်ရာမှ နိုးလာသည်နှင့် ကိုထော်ရိုက်အား ရေတောင်း လိုက်သည်။
“ဟေ့..မသဲမွန်နိုးပြီလား-ရေရပြီလေ -ရော့-ရော့”ကိုထော်ရိုက်က ရေဘူးကိုလှမ်းပေးလိုက်ပြီး “နင်-အိပ်ပျော်သွားတာ တော်တော်ကြာ တယ်။ ငါပြန်ရောက်နေတာ ကြာလှပြီ”
မသဲမွန်သည် ဘူးထဲမှရေကိုမော့၍ သောက်လိုက်ပြီး “ကိုထော်ရိုက် ရယ်… ကျုပ်ဖြင့် ဆာလိုက်တာ” ဟု ညည်းလိုက်လေ၏။
“အေး … ငါလည်း နင် – နိုးရင် စားဖို့ အသားကင် ချန်ထားတယ်။ ရော့
ရော့ – စားလိုက်”
“ဟင် .. ဘာသားလည်းကိုထော်ရိုက်မွှေးလို့ပါလား”
မသဲမွန်က မျောက်သားကင်ကို ကိုင်၍ နမ်းကြည့်ပြီး မသင်္ကာသလို မျက်နှာထားနှင့်မေးလိုက်၏။
“စားသာစားပါဟ… မျောက်သားပေါ့”

“ဟင်… ဟိုမျောက်ကြီးလားတော်ပြီ-တော်ပြီကျုပ်- မစားဝံ့ဘူး”
“အို-ဘာဖြစ်လဲ- ငါတောထဲက
ကတော့ နင်စားသားပဲ”
ယူလာတဲ့မျောက်သားတွေတုန်း
“ဟင့် .. အင်း … မျောက်သားစားချင်ရင် မျောက်မျက်နှာမကြည့်နဲ့တဲ့
ကျုပ်ဖြင့် ဟိုမျောက်ကြီးမျက်နှာ မြင်ပြီး မစားဝံ့ဘူး”
မသဲမွန်ကမျောက်သားကင်ကို ပြန်ပေးလိုက်၏။
“အို- သဲမွန်ရယ် – မိုက်ပါဘိ-တောထဲတောင်ထဲမှာ နင်လည်း ဆာနေ ရက်နဲ့ စားသာ စားလိုက်ပါ မစားကောင်းတဲ့အသားမှ မဟုတ်ပဲ…” မသဲမွန်အနေနှင့်လည်း ငြင်းသာငြင်းရသည် ဗိုက်ထဲက ဆာနေ သဖြင့် “ကဲ – ဒါဖြင့်လည်း စားမယ်တော်”ဟု ပြောကာ မျောက်သားကင်ကို ဖဲ့၍ဝါးစားလိုက်သည်။နှစ်တုံးလုံးကုန်ခါမှရေအဝသောက်လိုက်ရာ မသဲမွန်
နေသောထိုင်သာရှိသွားသည်။
သို့သော် မသဲမွန်၏မျက်စေ့ဝယ် မိမိရှေ့မှောက်မှ တဦးဦးနှင့် သွားကြီး
ဖြဲ၍နေသောမျောက်ကြီး၏မျက်နှာကိုသာမြင်ယောင်နေပေတော့သည်။
ကနေ့ပါဆိုလျှင် ကိုထော်ရိုက်တို့ လင်မယား တောင်ခြေမှ ပြန်ရောက် သည်မှာ တစ်ပတ်ကျော်ခဲ့ပေပြီ။ မိုးဦးကျစော၍ မိုးမပြတ်သဖြင့် နောက် တစ်ခေါက်လည်း မသွားနိုင်ကြတော့ပေ။
မသဲမွန်မှာလည်း မွေးဖွားရန် တစ်နေ့ထက်တစ်နေ့ နီးကပ်လာပြီ ဖြစ် ၍ ကိုထော်ရိုက် မြို့ပေါ်သို့ ထင်းရောင်း၍သွားသော အခါများတွင်လည်း အိမ်မှာပင်နေရစ်၍အိမ်မှုကိစ္စများဖြင့် မအားလပ်ရှာပေ။

မသဲမွန်အဖို့ တောင်ခြေမှ မိုးမိ၍ ပြန်လာပြီးကတည်းက စွဲကပ်လာ သော ရောဂါတစ်ခုမှာ မိမိရှေ့တွင် တဦးဦးနှင့် သွားကြီးပြီး၍ သေဆုံးသွား သောမျောက်ကြီး၏မျက်နှာကို မျက်စိအောက်မှ ဖျောက်၍မရနိုင်ခြင်း ဖြစ်
၏။
မျောက်ကြီး၏မျက်နှာကိုမြင်ယောင်လာတိုင်းလည်းငတ်ငတ်နှင့်
စားခဲ့မိသော မျောက်ကြီး၏အသားမှာ လည်ချောင်းတွင်ပျို့၍ ပျို့၍ တက် လာတက်ပေသည်။
မသဲမွန်၏စွဲလမ်းမှုရောဂါကြီးသည်တစ်ပတ်လည်းမပျောက်၊တစ်လ လည်းမပျောက်။ ဘာလိုလိုနှင့် မွေးဖွားရန် ရက်ပိုင်းသာလိုပေတော့သည်။

တစ်ခါတစ်ရံ ကိုထော်ရိုက်အား မသဲမွန်က “ကိုထော်ရိုက်ရယ် ကျုပ်
မျက်စိထဲမှာ သေသွားတဲ့ မျောက်ကြီးကို ဖျောက်လို့ မရဘူး။ အဲဒီ မျောက် ကြီးကိုမြင်လာတိုင်းလည်း သူ့အသားကိုစားမိတဲ့အတွက်ပျို့- ပျို့လာတာ” ပဲ”ဟုပြောပြရှာ၏။
ထိုအခါမျိုးတွင် ကိုထော်ရိုက်က “သဲမွန်ရယ်- နင့်နှယ်မျောက်သား စားတာများ အဆန်းလိုက်လို့”ဟုဖျောင်းဖျလေ့ရှိ၏။
မီးတွင်းထဲမှ မသဲမွန်၏ ညည်းညူသံကြောင့် ကိုထော်ရိုက်မှာ အပြင်မှ
ဖင်ချထိုင်၍ပင် မရပေ။
“ယောက်ျားကလေး … မွေးပါစေဗျာ”
ကိုထော်ရိုက်သည် ပါးစပ်မှာလည်း ယောက်ျားကလေးမွေးရန်ဆုတောင်း
ရသေး၏။
“အူဝဲ အူဝဲ”
“ဟယ်…ယောက်ျားကလေးဟဲ့”
အိပ်ခန်းထဲမှ လက်သည်မကြီးဒေါ်အဲလုံ၏ အော်သံနှင့် ကလေးငိုသံ ကြောင့်ကိုထော်ရိုက်မှာ အပြင်မှ ဝမ်းသာလွန်း၍ ခုန်လိုက်၏။
“မောင်ထော်ရိုက် … မောင်ထော်ရိုက် ဟဲ့- ကလေးကို လာကြည့်ပါ ဦး”ဟု အပြင်မှ ဝမ်းသာလွန်း၍ ခုန်လိုက်၏။
“မောင်ထော်ရိုက် … မောင်ထော်ရိုက် … ဟဲ့-ကလေးကို လာကြည့် ပါဦး”ဟု ဒေါ်အဲလုံ၏အသံကြောင့် ကိုထော်ရိုက်သည်အခန်းထဲသို့ ပြေးဝင် သွား၏။
ဒေါ်အဲလုံ၏ လက်မှ ကလေးငယ်ကို မြင်လိုက်ရသောအခါ ကိုတော် ရိုက်မှာ ရုတ်တရက် “ဟာ” ဆိုသောအာမေဍိတ်သံနှင့် ငိုင်၍သွား၏။

မသဲမွန်က မှိန်းနေရာမှ ကိုထော်ရိုက်၏ “ဟာ”ဆိုသောအသံကြောင့်
“ကိုထော်ရိုက်ဘာလဲဟု”ဟုပက်လက်နေရာမှကလေးငယ်ကိုလှမ်းကြည့်
လိုက်ပြီး “အမယ်လေး” ဟု စူးစူးဝါးဝါး အော်ဟစ်ပြီး မသဲမွန် အသံပျောက် သွားလေ၏။
ထိုအခါမှ ကိုထော်ရိုက်မှာ ကလေးကို မကြည့်တော့ဘဲ “သဲမွန် … သဲမွန်” ဟု ခေါ်ယင်း သတိမေ့နေသော မသဲမွန်အား ကြည့်ပြီး ပျာယာခတ် နေ၏။
ဒေါ်အဲလုံမှာလည်းကလေးကိုချ၍မသဲမွန်အား ဘဝင်ဖိ၍အတက်ကျ အောင် နှိပ်ကြ ပြုစုကြသော်လည်း မသဲမွန်မှာ ပြန်၍ မလည်လာတော့ဘဲ မွေးခါစ သားငယ်နှင့် ကိုထော်ရိုက်တို့အား စွန့်ခွာ သွားလေတော့၏။
ဒေါ်အဲလုံမှာလည်းကလေးကိုချ၍မသဲမွန်အား ဘဝင်ဖိ၍အတက်ကျ အောင် နှိပ်ကြ၊ ပြုစုကြသော်လည်း မသဲမွန်မှာ ပြန်၍ မလည်လာတော့ဘဲ မွေးခါစသားငယ်နှင့် ကိုထော်ရိုက်တို့အားစွန့်ခွာ သွားလေတော့၏။
ကိုထော်ရိုက်သည်မသဲမွန်၏အလောင်းကိုပွေ့ထားရာမှခေါင်းအုံးပေါ်
သို့ ချလိုက်ပြီး ခြေရင်းတွင် သိပ်ထားသော ကလေးကို မျက်တောင် မခတ် ဘဲစိုက်ကြည့်နေမိ၏။
ကလေးငယ်မှာ ခြေဆန်လက်ဆန်များ ရှည်၍ ခေါင်းကလေးရှည်၍ အဖျားချွန်ကာ ဆံပင်ကလေးများမှာ နီကျင်ကျင်ဖြစ်၏။
မျက်နှာမှာမူ မေးရိုးရှည်၍ ချွန်ပြီး နှာခေါင်းနားတွင် ချိုင့်၍ မျက်လုံး ကလေးမှာ ကလယ်ကလယ်နှင့် ရှိနေ၏။
ခြေချောင်းလက်ချောင်းကလေးများမှာ အတော်ပင်ရှည်၍ လက်သည်း အရှည်ကလေးများ ပါနေ၏။

ကိုထော်ရိုက်သည် ပါးစပ်မှ အလန့်တကြား“မျောက်ကလေး မျောက် ကလေး”ဟု အော်ပြီး မသဲမွန် အလောင်းပေါ်သို့ မျက်နှာမှောက်၍ ငို လိုက်သည်။
“သဲမွန် … သဲမွန် ကံဆိုးလှချည့်သဲမွန်ရယ် .. နင်မွေးခဲ့တဲ့သားကို နင် ပြန်ကြည့်ပါဦး ..”
ကိုထော်ရိုက်သည် မျှော်လင့်တောင့်တခဲ့သော သားကိုတော့ရပေပြီ။ သို့သော်ကိုထော်ရိုက်ရသော သားသည်လူသားမဟုတ်၊ မျောက်သားငယ်
ပါတကား။
ကိုထော်ရိုက်သည် ရှိုက်၍ရှိုက်၍ငိုနေသော်လည်း မသဲမွန်ကမူ သူ၏ မျောက်သားငယ်ကို ပြန်မကြည့်နိုင်ရှာတော့ပေ။
ရင်သွေးဟူက ချစ်မဝဆိုသည့်အတိုင်းကိုထော်ရိုက်မှာ သဲမွန်က စွန့်ပစ် ခဲ့သော်လည်း သားငယ်ကလေးကို မပစ်ရက် မစွန့်ရက်ဘဲ ကြီးပြင်း အောင် ကျွေးမွေးခဲ့ရှာ၏။
ကလေးငယ်သည်တစ်လထက်တစ်လတစ်နှစ်ထက်တစ်နှစ်ကြီးပြင်း လာသည်နှင့် အနေအထိုင် အစားအသောက် အပြုအမူများမှာ လူကလေး တစ်ယောက်၏ သဘာဝနှင့် ကွာခြား၍လာလေ၏။
ထမင်းနှင့်ဟင်းကို မနှစ်သက်သော သားအတွက် ကိုထော်ရိုက်သည် ငှက်ပျော်သီးကလေးမှအစ အသီးအနှံကလေးများဖြင့် မွေးခဲ့ရ၏။ ကလေးငယ်အချင်းချင်းရောနှောနေထိုင်မကစားတတ်သောသူ့သား
ငယ်သည် တစ်ကိုယ်ထီးတည်း သစ်ပင်ခွကြားတွင်သာ အချိန်ကုန်တတ်၏။
အဝတ်အစား အင်္ကျီ ဘောင်းဘီကလေးများ ဆင်ပေးလျှင် ကိုက်ဆွဲ ဆုတ်ဖြတ်၍ သဘာဝကိုယ်လုံးကလေးဖြင့် နေရသည်ကိုပင် နှစ်သက်ရှာ ၏။

အထူးခြားဆုံးမှာ (၆)နှစ်သားအထိ စကားမပြောခြင်းပင် ဖြစ်၏။ စကားမပြောရုံမက နံနက်မိုးလင်းမှ ရွာအပြင် တောင်ကြို တောင်ကြားသို့ သွား၍ခုန်ပေါက်ပြေးလွှားကစားနေသည်မှာ နေဝင်မှ ပြန်လာတတ်၏။
တစ်ခါတစ်ရံညမှောင်သည်ထိပြန်မလာဘဲနေတတ်ရာကိုထော်ရိုက်မှာ
စိုးရိမ်စိတ်ဖြင့် လိုက်လံ ရှာဖွေခေါ်ဆောင်ခဲ့ရသည်။
ကြိမ်ဖန်များလာသောအခါ ကိုထော်ရိုက်လည်း လိုက်၍ မခေါ်တော့ ပေ။ ရံဖန်ရံခါ (၄-၅)ရက်ကြာမှ အိမ်ပြန်လာတတ်သည်။ ဘယ်သွား၍ ဘာစားနေမှန်းလည်းမသိ။
ကိုထော်ရိုက်အဖို့ သဘာဝချင်းမတူသော သားဖြစ်၍လည်း စိတ်ပျက် စပြုခဲ့၏။ သို့သော်ရင်သွေးဖြစ်၍လည်းမစွန့်ပစ်ရက်ရှာပေ။ မသဲမွန်ဆုံးခဲ့သည်မှာ(၆)နှစ်ကျော်ပြီဖြစ်ရာကိုထော်ရိုက်မှာ မသဲမွန် မွေးခဲ့သော လူလိုလို၊ မျောက်လိုလို သားငယ်အား လုပ်ကိုင် ကျွေးမွေး ပြုစု ယင်းနောက်အိမ်ထောင်ပင်မပြုခဲ့ပေ။
အသက် (၃၅)နှစ်မျှ ကျန်းမာသန်စွမ်း၍ ရှာနိုင်ဖွေနိုင်ပြီး ရိုးသားသော ကိုထော်ရိုက်အား တစ်ရွာတည်းသား မိန်းမများက စုံမက်ကြသော်လည်း ဤ မျောက်သားငယ်၏ မျက်နှာကို ထောက်ထား၍ အိမ်ထောင်သစ်ထူရန် အကြံပြုတိုင်း နောက်ဆုံးတွင် ရင်သွေးကလေးအတွက် အားလျှော့တတ် ပေသည်။
ရင်သွေးအစစ်ဖြစ်သော သားငယ်မှာလည်း ကိုထော်ရိုက်ကသာ သံ ယောဇဉ်ငြိတွယ်၍ချစ်နေရသည်။
ကလေးငယ်ကမူ“အဖေ”ဟူ၍လည်းမခေါ်။ ရင်းရင်းနှီးနှီးလည်းမနေ။ သူ့ဘာသာသဘာဝ တောထဲ၌သာ ပျော်နေတတ်သောကြောင့်ကိုထော် ရိုက်မှာ သားငယ်အတွက် ရင်ထုမနာ ဖြစ်ရပြန်သည်။

မမျှော်လင့်သောတစ်နေ့တွင် ကိုထော်ရိုက်မှာ နဖူးစာ ရွာလည်ဆိုသည့် အတိုင်းထင်းရောင်းရင်း အလှမ်းကွာသောရွာကြီးတစ်ရွာမှ အမျိုးသမီး တစ်ဦးနှင့်မေတ္တာမျှလေ၏။
အကယ်၍သာ သားငယ်သည် လူ့သဘာဝအတိုင်း အဖေနှင့်ဒိုးတူ ပေါင်ဖက် လုပ်ကိုင်စားသောက်နေထိုင်သူ ဖြစ်လာပါမူ ကိုထော်ရိုက်အဖို့ အိမ်ထောင်ပြုရန် ဆန္ဒရှိမည်မဟုတ်ပေ။
ယခုမူ ကိုထော်ရိုက်သည် သားကလေး ကျန်ရစ်သည်ဟု ဆိုသော် လည်း တစ်ကိုယ်တည်း နေရသကဲ့သို့ ငြီးငွေ့ခြောက်ကပ်လှသော သူ့ဘဝ အတွက် စိုပြေအောင် ဖန်တီးရခြင်းဖြစ်သည်။
ကိုထော်ရိုက်မှာ ဆုံးဖြတ်မရသော ပြဿနာသည် ဦးခေါင်း၌ ချာချာ လည်၍စဉ်းစားမရဖြစ်နေ၏။
တစ်ရွာသူမိန်းမနှင့် အိမ်ထောင်ပြုပါမူ ဤသားငယ်ကို စွန့်ပစ်ရပေ
တော့မည်။
သည်လို လူရာမဝင်နိုင်သော သားငယ်အတွက်လည်း ကိုထော်ရိုက် အဖို့ တစ်ရွာတစ်ကျေးတွင် မျက်နှာပန်းလှမည် မဟုတ်။
သားကို သံယောဇဉ်စိတ်နှင့် လှည့်၍ ကြည့်ပြန်သော်လည်း သားဆို သောသားသည် သားနှင့်လည်းမတူပါချေ။
နောက်ဆုံးတွင် ကိုထော်ရိုက်သည် မျက်စိမှိတ်၍ ဆုံးဖြတ်ချက်ကို ချ လိုက်၏။
ကိုထော်ရိုက်သည် အိပ်ရာမှ လူးလဲထကာ အဝတ်အစားများကို အ ထုပ်ဖြင့် ထုပ်လိုက်၏။ သင့်တင့်သော အိမ်ထောင်မှုပစ္စည်းများကို လှည်း ပေါ်သို့တင်၍အိမ်တံခါးကိုသော့ခတ်၍ပိတ်လိုက်၏။
နောက်ဆုံးကိုထော်ရိုက်သည် သားငယ်သွားလေ့ရှိသော ရွာမြောက် ဘက် တောင်တန်းဆီသို့ မျှော်ကြည့်လိုက်၏။

မပြန်လာသည်မှာ (၄-၅)ရက်ပင် ရှိပြီဖြစ်သော သားငယ်အား မှန်းဆ ၍နောက်ဆုံးမျှော်ကြည့်လိုက်ခြင်းဖြစ်၏။
အချိန်မှာ အရုဏ်တက်စဖြစ်၍ ဝါမွေတောင်တန်းကြီးကို ခပ်ဝါးဝါး
သာမြင်ရသည်။မိုးသားမည်းမည်းတို့သည်ဝါမွေတောင်တန်းအားလွှမ်းခြုံလျက်
ရှိသဖြင့် ကိုထော်ရိုက်သည် မသဲမွန်ကို မြင်ယောင်လာ၍ မျက်ရည်ဝဲလာ သဖြင့် ဝါမွေတောင်တန်းကြီးကို ကျောခိုင်း၍ အသင့်ပြင်ထားသော လှည်း နှင့် နွားကိုကောက်လိုက်သည်။
အရှေ့ဆီမှအလင်းရောင်တန်းကြီးပေါ်လာသောအချိန်တွင်ကိုထော်ရိုက်
သည် သားငယ်နှင့်ဟော်မွန်းရွာကိုကျောပေး၍ နွားနီတစ်ရှဉ်းကို ခပ်သွက် သွက်မောင်း၍ထွက်သွားလေတော့သည်။
ကိုထော်ရိုက်လှည်းထွက်သွား၍ဟော်မွန်းရွာနှင့်ကိုက်တစ်ရာ
သာသာခန့် အရောက်တွင် ကိုထော်ရိုက်၏မျောက်သားငယ်ကလေးသည်
ဘယ်ဆီကပေါက်လာသည်မသိအိမ်ရှေ့သို့ရောက်လာလေ၏။ မျောက်သားငယ်ကလေးသည်ပိတ်ထားသောတံခါးမှသော့ခလောက်
ကို တဒေါက်ဒေါက်ဆွဲခေါက်လိုက်၏။ အတန်ကြာသောါ အိမ်ဘေးမှ လှည့် ၍ပွင့်နေသောပြတင်းပေါက်တစ်ခုမှ လွှားခနဲ ခုန်၍တက်လိုက်၏။
အိမ်ထဲသို့အရောက်တွင်ဟာလာဟင်းလင်းရှင်းနေသောအိမ်ငယ်ကို
လှည့်ပတ်ကြည့်ပြီး အတန်ကြာ ငိုင်သွားလေ၏။
၎င်းနောက် ဝင်လာသော ပြတင်းပေါက်မှ လွှားခနဲ ခုန်ချပြီး အိမ်ပတ် လည်တစ်ပတ်လျှောက်ကြည့်လိုက်သေး၏။

နောက်ဆုံးမျှော်လင့်ချက်ကုန်ဆုံးသည့်ပမာ မျောက်သားငယ်ကလေး သည် အိမ်ကိုနောက်ပြန် လှည့်ကြည့် လှည့်ကြည့်နှင့် ရွာပေါက်ဆီသို့ ထွက် သွားလေ၏။
သို့သော် ယခင်က သွားနေကျ ရွာမြောက်ဘက် တောဆီသို့ မသွား တော့ဘဲ မှုန်ဝါးဝါးမြင်နေရသော ဝါမွေတောင်တန်းကြီးဆီသို့ ခုန်ဆွ ခုန်ဆွ နှင့် တရွေ့ရွေ့သွားရင်းမှုန်ဝါး ပျောက်ကွယ်သွားလေတော့သတည်း။
မင်းသူရိန်

Zawgyi Version

“လူကျဖစ္ေသာေမ်ာက္”(စ/ဆုံး)

ဝါေမြေတာင္တန္းႀကီးကို ရစ္ပတ္စီးဆင္းလာခဲ့ေသာနန္းပန္ဝါေခ်ာင္း ႀကီးကလည္း အိႏၵိယ-ျမန္မာ နယ္ျခားရာအျဖစ္ အထင္အရွား သတ္မွတ္ ထားေပသည္။
ရွမ္း-ျမန္မာအေခၚ လက္ခပ္ေတာင္႐ိုးႏွင့္ ဝါေမြေတာင္တန္းႀကီးကို ရစ္ပတ္၍ စီးဆင္းေနေသာ နန္းပန္ဝါေခ်ာင္း၏ လက္ဝဲဘက္ကမ္းသည္ ျမန္မာပိုင္နယ္ေျမအျဖစ္ ထင္ရွားေပၚေပါက္ေန၏။
ထိုအရပ္ေဒသတြင္ ေခါင္ဆယ္ ခ်င္းလူမ်ိဳး အမ်ားအျပား ေနထိုင္လ်က္ ရွိရာ ေဟာ္မြန္အမည္ရွိ ေခါင္ဆယ္ခ်င္း႐ြာကေလးမွာ ျမန္မာနယ္ေျမအျဖစ္ ထင္ရွားေအာင္ သ႐ုပ္ေဆာင္လ်က္ရွိ၏။
ေဟာ္မြန္း႐ြာကေလးမွာ နန္းပန္ဝါေခ်ာင္း၏ လက္ဝဲဘက္ကမ္းတြင္ တည္ရွိေလရာ ဝါေမြေတာင္တန္းႏွင့္ (၁ဝ)မိုင္ခန႔္ ကြာေဝးေလသည္။
ေဟာ္မြန္း႐ြာသားတို႔မွာအမ်ားအားျဖင့္ေတာင္သူယာခုတ္ဆင္းရဲ
သားမ်ား ျဖစ္ၾက၏။ ခ်င္းလူမ်ိဳး ကိုေထာ္႐ိုက္ႏွင့္ မသဲမြန္တို႔ လင္မယားမွာ ဝါေမြေတာင္ေျခ႐ိုးတစ္ေလွ်ာက္တြင္ ကိုယ္ပိုင္လွည္းႏြားကေလးျဖင့္ ထင္း ခုတ္၍ထင္းေရာင္းေသာအလုပ္ျဖင့္ အသက္ေမြးၾကသူမ်ား ျဖစ္ေလသည္။ သားသမီးမရွိ၊ လင္ကိုယ္မယားႏွစ္ေယာက္ တစ္ေႏြႏွင့္ တစ္ေဆာင္း တြင္းလုံး ဝါေမြေတာင္ေျခ႐ိုးတစ္ေလွ်ာက္မွ ေတာထင္း႐ိုင္းမ်ားကို ခုတ္၍ ျဖတ္ေတာက္ကာ ျပဳျပင္ၿပီး အလွမ္းကြာေသာၿမိဳ႕ေပၚသို႔တက္၍ ေရာင္းခ် ေလ့ရွိ၏။ ေတာင္ေျခမွ ရသမွ် ေတာထင္း႐ိုင္းမ်ားကို အိမ္တြင္ အသင့္ျဖတ္ ေတာက္ စုေဆာင္း၍လည္းထားရေသး၏။ ေႏြအကုန္ မိုးက်ေသာအခါမ်ား တြင္ ထင္းေဈးမွာ ပို၍ေကာင္းတတ္သျဖင့္ တစ္ေႏြတစ္ေဆာင္း သိုေလွာင္

စုေဆာင္းထားေသာ ထင္းမ်ားမွာ ကိုေထာ္႐ိုက္တို႔လင္မယားအား တစ္မိုး တြင္းလုံး ေအးေအးေဆးေဆးထိုင္စားႏိုင္၏။
မသဲမြန္တြင္ (၂)လေက်ာ္ေနၿပီျဖစ္ေသာ ကိုယ္ဝန္မွာ ယခုအႀကိမ္ပါ ဆိုလွ်င္ တတိယအႀကိမ္ေျမာက္ျဖစ္၍ယခင္ကႏွစ္ႀကိမ္တိုင္တိုင္ ကိုယ္ဝန္ ရွိ၍ကေလးႏွစ္ေယာက္ေမြးဖြားခဲ့ဖူးေသာ္လည္းအဖတ္မတင္ခဲ့ေပ။
ဒါေၾကာင့္ပင္ ကိုေထာ္႐ိုက္ေရာ မသဲမြန္ပါ သားသမီး အဖတ္မတင္ခဲ့ဘူး သျဖင့္ ယခုအႀကိမ္ မသဲမြန္၏ ကိုယ္ဝန္အား လင္မယားႏွစ္ေယာက္လုံး အရိပ္တၾကည့္ၾကည့္ရွိခဲ့ေပသည္။
ပို၍ကဲသည္မွာ ကိုေထာ္႐ိုက္ပင္ ျဖစ္၏။ ကိုေထာ္႐ိုက္သည္ ကေလး
အလြန္လိုခ်င္ေနသူျဖစ္ေသာေၾကာင့္မသဲမြန္၏တတိယအႀကိမ္ေျမာက္ ေမြးဖြားမည့္ကေလးအတြက္ ႀကိဳတင္၍ ေဆးဝါးမ်ား မွာၿပီး မီးတြင္းသုံးရန္ အသုံးအေဆာင္ပါမက်န္ ရွာေဖြစုေဆာင္း၍ မသဲမြန္၏ဗိုက္ကို မ်က္ျခည္ ျပတ္မခံေအာင္ ဂ႐ုစိုက္ေလ၏။
မျမင္ရေသးေသာ ကေလးငယ္အတြက္ လင္မယားႏွစ္ေယာက္ စိတ္ ကူးျဖင့္လည္း ၾကည္ႏူး၍ ႐ူးခဲ့ၾကေသး၏။
မိုးဦးက်ခါနီးၿပီျဖစ္၍ ကိုေထာ္႐ိုက္သည္ ေတာင္ေျခမွ ထင္းကေလးရ သမွ်တစ္ေခါက္ႏွစ္ေခါက္တိုက္ထားရန္ ျပင္ဆင္ရေပသည္။
မသဲမြန္ကလည္း ကိုယ္ဝန္ႀကီးႏွင့္ျဖစ္လင့္ကစား နံနက္ေစာေစာ ထင္း ခုတ္သြားရာတြင္ လိုအပ္သည္တို႔ကို ကူညီလုပ္ကိုင္ေပးေန႐ုံမက ကိုေထာ္ ႐ိုက္ႏွင့္ ထင္းခုတ္ထင္းတိုက္ရာတြင္ လိုက္ပါကူညီရန္လည္း အသင့္ျပင္ရ ေသး၏။
ကိုေထာ္႐ိုက္သည္ ႏြားစာစင္းၿပီး၍ ထင္းခုတ္ဓားမႀကီးႏွစ္ေခ်ာင္းကို ေသြးရင္း မသဲမြန္၏ကိုယ္ဝန္အေၾကာင္းကိုေတြးေန၏။

(၂)လဆိုသည္မွာ ေမြးဖြားရန္ ေဝးကြာေသးေသာ္လည္း မိုးအက်ႏွင့္ ေမြးဖြားမည့္အခ်ိန္တိုက္ဆိုင္ႀကဳံႀကိဳက္၍လည္းဝမ္းသာရေသး၏။
မသဲမြန္မီးဖြားေရးအတြက္ သက္သက္မဲ့ အလုပ္နားရန္မလိုေတာ့ေပ။ မိုးတြင္းဆိုလွ်င္ သူတို႔အလုပ္ကနားရၿမဲျဖစ္၏။
ထန္း႐ြက္တဲအတြင္းမွ အသင့္ျဖတ္ၿပီး ထင္းပုံႀကီးကိုၾကည့္၍လည္း
ပီတိျဖစ္မိ၏။
ကိုေထာ္႐ိုက္သည္ ေသြးထားေသာဓားမႏွစ္ေခ်ာင္းကို လွည္းဦးဓားမ ခ်ပ္တြင္ စိုက္လိုက္၏။ စင္းထားၿပီးေသာ ႏြားစာမ်ားကို ႏြားစားက်င္းတြင္ ထည့္၍ ဖြဲႏုပက္ၿပီး နယ္၍ေကြၽးလိုက္၏။
ႀကိဳးေခြႀကီးႏွစ္ခုႏွင့္ ေပါက္တူးတစ္လက္ကို ေကာက္႐ိုးမ်ား တင္ထား ေသာလွည္းကပ္ေပၚသို႔ပစ္တင္လိုက္သည္။
မသဲမြန္မွာလည္း ညစာအတြက္ ခ်က္ျပဳတ္ၿပီး နံနက္ေစာေစာ ေတာင္ ေျခသို႔ယူရန္ ဆတ္သားေျခာက္ဟင္းအိုးကို မီးႀကီးရဲရဲႏွင့္ ႏွပ္ထားလိုက္
၏။
ကိုေထာ္႐ိုက္ အလုပ္ၿပီးလာသည္ႏွင့္ အသင့္ခူးခပ္ထားေသာ ညစာ ထမင္းကိုလင္မယားႏွစ္ေယာက္ၿမိန္ရွက္စြာစားေသာက္ၾကေလ၏။
လင္းခါနီးအခ်ိန္သည္အေမွာင္ဆုံးဟုဆိုသည့္အတိုင္းအ႐ုဏ္မတက္
မီအေမွာင္ထုသည္တစ္႐ြာလုံးအားလႊမ္းၿခဳံထား၏။
ကိုေထာ္႐ိုက္သည္ ေရနံဆီမီးခြက္ကို မုန႔္ေသတၱာဘူးခြံတြင္ထည့္၍ ႏြားတင္းကုတ္ဆီသို႔ ထြက္လာခဲ့၏။ ကိုေထာ္႐ိုက္၏ ႏြားနီႀကီးတစ္ရွဥ္း

သည္ ေမွာင္ႏွင့္မည္းမည္းတြင္ ညေနက စားခဲ့ေသာအစာမ်ားကို စၿမဳံ႕ျပန္ ေနၾကသည္။
သူတို႔၏သခင္ ကိုေထာ္႐ိုက္ဝင္လာသည္ႏွင့္ ႏြားနီႀကီးတစ္ရွဥ္းမွာ ဝပ္ ေနရာမွ ေခါင္းေထာင္ၿပီး မတ္တတ္ရပ္လိုက္ၾကသည္။ ကိုေထာ္႐ိုက္က လည္း သူ၏ စီးပြားဘက္ ႏြားနီႀကီးတစ္ရွဥ္းကို ယုယၾကင္နာစြာ ေက်ာကို သပ္၍ ညကစင္းထားေသာ ေျပာင္း႐ိုးမ်ားကို စားက်င္းသို႔ ျဖည့္ေပးၿပီး၊ လွည္းအိမ္ကိုထမ္းပိုးတုံးမွထုတ္ကာအိမ္ေရွ႕သို႔ေ႐ႊ႕လိုက္သည္။လွည္းအိမ္ ကိုလွည္းဦးမွလွည္းေဒါက္ခြျဖင့္ ေထာက္ထားလိုက္၏။
ကိုေထာ္႐ိုက္ေကာင္းကင္သို႔ ေမာ့ၾကည့္လိုက္ေသာအခ်ိန္တြင္ အ ေမွာင္ထုမွာ ခပ္ပါးပါးသာ က်န္ေတာ့၍ အ႐ုဏ္တက္စျပဳေပၿပီ။ သို႔ေသာ္ စေနေထာင့္ဆီမွအလိပ္လိပ္တက္လာေနေသာမိုးသားတို႔မွာအလင္းေရာင္
ခပ္ပါးပါးကို ဖုံးလႊမ္းစျပဳၿပီျဖစ္၏။
မီးဖိုထဲမွ မသဲမြန္သည္လည္း ႏွပ္ၿပီးသား ထမင္းအိုးကို ဇလုံထဲသို႔ ေယာက္မႏွင့္ယက္၍အားလုံးသတ္ခ်လိုက္၏။ ဆတ္သားေျခာက္င႐ုတ္သီး စပ္စပ္ ခ်က္ထားေသာဟင္းကို ပန္းကန္လုံးထဲသို႔ အကုန္ခပ္၍ ဇလုံထဲမွ ထမင္းမ်ားအလယ္တြင္ဖိ၍ျမႇဳပ္လိုက္၏။
ခရမ္းခ်ဥ္သီး ေလးငါးလုံးကို ျပာပူတြင္ အုံးထားရာမွ ဆယ္လိုက္ၿပီး င႐ုတ္ဆုံထဲထည့္၍င႐ုတ္သီးႏွင့္ခပ္ဖြဖြေထာင္းလိုက္ၿပီးဇလုံေဘးမွထမင္း
မ်ားကိုယက္၍ျမႇဳပ္လိုက္ျပန္၏။
မို႔ေမာက္ႂကြတက္ေနေသာ ထမင္းဇလုံေပၚသို႔ ဇလုံတစ္လုံးေမွာက္၍ ဖုံးလိုက္ၿပီး ထမင္းထုပ္သည့္ ဖ်ဥ္စျဖင့္ အဝတ္ေလးဖက္စကို တင္းေန ေအာင္ဆြဲ၍ခ်ည္လိုက္သည္။

ဆက္လက္၍ ေရဘူးတြင္ ေရျဖည့္ၿပီး ထမင္းထုပ္ႏွင့္ ေရဘူးကိုယူ၍ အိမ္ေရွ႕သို႔ ထြက္လာခဲ့သည္။
ကိုေထာ္႐ိုက္သည္မသဲမြန္ကိုလွမ္းၾကည့္ၿပီး –
“ခပ္သုတ္သုတ္လုပ္ေဟ့၊ မိုးက စိတ္မခ်ရဘူး၊ ေတာင္အတက္ မိုးနဲ႔
ေတြ႕ေနမယ္”သည္။
ဟုေအာ္ေျပာလိုက္သည္။ မသဲမြန္ကလည္း –
“ၿပီးပါၿပီေတာ္၊ လွည္းသာ ေကာက္ပါေတာ့”
ဟု ျပန္ေျပာရင္း ထမင္းထုပ္ကို လွည္းေပၚသို႔ လွမ္းတင္လိုက္ေလ
“မိုးနဲ႔ေလနဲ႔မင္းကလည္း မေပါ့မပါးနဲ႔၊ မလိုက္ေစခ်င္ဘူးကြာ” ကိုေထာ္႐ိုက္သည္ ႏြားႏွစ္ေကာင္ကို ဆြဲလာရင္း မသဲမြန္ကို မလိုက္ ေစလိုေသာဆႏၵျဖင့္ ကန႔္ကြက္လိုက္၏။
ၿပီး-
မသဲမြန္က ေရျဖည့္ထားေသာေရဘူးကို ဓားမခ်ပ္တြင္ ခ်ိတ္လိုက္
“အို-ကိုေထာ္႐ိုက္ႏွယ္၊ လင္သြား မယားပါေပါ့ေတာ့ – မေပါ့မပါးနဲ႔ လည္းဘာျဖစ္လဲ၊ ဒီလို လူတကာေတြလည္းလုပ္ကိုင္စားေနၾကတာပဲ…” “ဒါေတာ့ – ဒါေပါ့…မိုးမ႐ြာရင္ ကိစၥမရွိဘူး၊ မေတာ္လို႔ မိုး႐ြာလာရင္ ေတာင္တက္ေတာင္ဆင္းမွာလွည္းကေဆာင့္ပါဘိနဲ႔မို႔ပါဟ…” “ကိစၥမရွိပါဘူးေတာ္၊ မနက္မိုး ေရဘူးေဆာင္တဲ့၊ အဆိုေတာင္ ရွိေသး တယ္၊ မနက္ေစာေစာ ႐ြာတဲ့မိုးဟာတစ္ေန႔လုံးေနပူတတ္သတဲ့….” “ကိုင္း – ဒါျဖင့္လည္း တက္တက္ … ေနျမင့္ေနမယ္၊ သြားၾကစို႔” ဟုေျပာၿပီး .. ကိုေထာ္႐ိုက္သည္ .. ႏြားစားႀကိဳးကိုေလွ်ာ့၍ ႏွင္တံကို ေျမႇာက္လိုက္လွ်င္ ႏြားနီႀကီးတစ္ရွဥ္းသည္ အခ်က္က်က်ဆြဲသြားေလ ေတာ့သည္။

ျမင့္မားမတ္ေစာက္ေသာ ဝါေမြေတာင္တန္း၏ ဆင္ေျခေလွ်ာ ေတာင္ ေျခတစ္ဝိုက္တြင္ ခုတ္မကုန္ေသာ သစ္ရာ၊ အင္ၾကင္း၊ ပ်ဥ္းကတိုးႏွင့္ သန္း၊ ဒဟတ္ပင္တို႔ ထူထပ္စြာေပါက္ေရာက္လ်က္ရွိေပသည္။
ထင္းပင္ေပါေသာ ေတာင္ေျခတစ္ေနရာတြင္ လွည္းကိုခြၽတ္၍ သစ္ရာ ပင္ႀကီးေအာက္တြင္ ကိုေထာ္႐ိုက္တို႔ စ,တည္းခ်ၾကေလ၏။
လွည္းခြၽတ္၍ ႏြားမ်ားကို ေျမညီေသာ သစ္ပင္ရိပ္တြင္ လွန္ထားၿပီး လွည္းေပၚမွ ေကာက္႐ိုးမ်ားကိုခ်၍ေကြၽးလိုက္၏။
မသဲမြန္က ထုံးစံအတိုင္း သစ္ပင္ရိပ္တြင္ မီးေမႊး၍ ေရေႏြးအိုးတည္ရန္ ျပင္ဆင္ရေလ၏။
“ေဟာေတာ့ – ကိုေထာ္႐ိုက္တို႔ … လုပ္လိုက္မွျဖင့္ေလ – အေရးတႀကီး ခ်ည့္ပဲ…”
“ဘာမ်ားလဲဟ – သဲမြန္ …”
“ဘာရမလဲေတာ့ – ေတာ္ – အေရးတႀကီးလုပ္တာနဲ႔ ေရေႏြးအိုးေမ့ ထားခဲ့ၿပီ…”
ေတာ့”
“ေမ့ထားလည္း ေရဘူးပါသားပဲဟာ၊ ေနေပ့ေစ-ေရေႏြး မတည္နဲ႔
ဟုေျပာၿပီး ကိုေထာ္႐ိုက္သည္ ဓားမတစ္ေခ်ာင္းျဖင့္ ေတာစပ္သို႔ဝင္၍ ထင္းခုတ္ စ,ေလ၏။
မသဲမြန္ကလည္းကိုေထာ္႐ိုက္ ခုတ္၍ရသမွ် ထင္းတို႔ကို႐ြက္၍ လွည္း ဆီသို႔ သယ္ေပးရ၏။ ၿပီးတန္သမွ်ၿပီးေအာင္ လွည္းေပၚသို႔ တင္ႏိုင္သေ႐ြ႕ လည္းတင္ေပးထား၏။
ေနအေတာ္ျမင့္ေသာအခါ ေခတၱနား၍လင္မယားႏွစ္ေယာက္ထမင္း ထုပ္ကိုေျဖ၍စားၾကေလ၏။

အိမ္က မထြက္မီက မသဲမြန္ေျပာသကဲ့သို႔ နံနက္မိုး ေရဘူးေဆာင္ဆို သည့္အတိုင္း တစ္ေန႔လုံး ေနပူ၍ နံနက္က မိုးသားမိုးရိပ္တို႔မွာ ဘယ္ဆီ လြင့္သြားေလသည္မသိေတာ့ေပ။
ေန႔လယ္ပိုင္း ေခတၱအနားယူၿပီး ကိုေထာ္႐ိုက္ ေတာတစ္ခါျပန္ဝင္ ေသာအခါတြင္မူ ႐ုတ္တရက္ ေနလုံးေပ်ာက္၍ နံနက္ကေလာက္ မမ်ား ေသာ္လည္း မိုးသားကေလး ခပ္ပါးပါးတက္လာသျဖင့္ မိုးအုံ႔အုံ႔ႏွင့္ ကိုေထာ္ ႐ိုက္မွာ အလုပ္ပို၍ တြင္ေန၏။ မိုးအုံ႔ေနသည္ကတစ္ေၾကာင္း၊ ေလာဘ ေဇာကတစ္ေၾကာင္းျဖင့္ ကိုေထာ္႐ိုက္မွာ ထင္းမ်ားကို သဲသဲမဲမဲ လိုက္ခုတ္ ေနေလရာ ျပန္ခ်ိန္ကိုပင္ ခန႔္မွန္း၍မရလိုက္ေခ်။
ကိုေထာ္႐ိုက္ထင္းခုတ္ၿပီးစီး၍ခုတ္ၿပီးထင္းမ်ားကိုလွည္းဆီသို႔ သယ္
ယူေနေသာအခါမိုးသားမ်ားဖုံး၍ေနလုံးပင္ ဝင္သြားေပၿပီ။
“ဟာ ..မိုးေတြကလည္း တက္-ေနလုံးလည္း ေပ်ာက္သြားၿပီ၊ ေဟ့ – တို႔ေတာ့ အေတာ္ေနာက္က်ေနၿပီ၊ လုပ္ေဟ့…လုပ္- သဲမြန္၊ အေမွာင္မမ်ား ခင္ တို႔မ်ား ေျမျပင္ေရာက္မွျဖစ္မယ္၊ အခုေန မိုး႐ြာလိုက္ရင္ ဒုကၡဟ” “ဒါေၾကာင့္ က်ဳပ္က သတိေပးေနသားပဲ၊ ေတာ္က ေလာဘႀကီးၿပီး ေတာထဲဇြတ္ဝင္ေနတာကိုး၊ မိုးေတြကေျပာရင္းဆိုရင္းတက္လာၿပီ…” “ေအးပါဟ… ျမန္ျမန္တင္ ျမန္ျမန္ႀကိဳးခ်ည္… သြားၾကစို႔… လင္မယားႏွစ္ေယာက္ခုတ္ၿပီးထင္းမ်ားကို လွည္းေပၚတင္၍ ကပ်ာ ကရာ ႀကိဳးခ်ည္ေနစဥ္မိုးသက္ေလေရွ႕ေတာ္ေျပးသည္ေအးခနဲလာ၍ ႏႈတ္ ဆက္လိုက္၏။
“မိုးသက္ေလေတာ့ လာၿပီေဟ့..ေတာင္ေျခမွာမိုးစ.႐ြာၿပီထင္တယ္”

“ဟာ…”
ကိုေထာ္႐ိုက္သည္ေျပာရင္းဆိုရင္းစေနေထာင့္၊ရာဟုေဒါင့္မ်ားဆီမွအလုံး
အခဲႏွင့္ တက္လာေသာေလႏွင့္မိုးကိုၾကည့္ၿပီး လန႔္သြားေလ၏။
“တို႔ေတာ့ မိုးကို ေျပးမလြတ္ေတာ့ဘူး၊ ေဟ့- မိုးခ်ည္းဆို ကိစၥမရွိဘူး၊ ေလပါ,ပါတယ္၊ ႏြားေတြ ၿမဲၿမဲခ်ည္မွ သဲမြန္ေရ…”
ကိုေထာ္႐ိုက္သည္ ႏြားမ်ားကို အေျပးကေလးသြား၍ ခ်ည္ေနစဥ္ ႐ုတ္တရက္ သည္းထန္စြာ ႐ြာခ်လိုက္ေသာမိုးေၾကာင့္ ကိုေထာ္႐ိုက္သည္ ႏြားခ်ည္ေနရာမွ သဲမြန္ဆီသို႔ အေျပးကေလးေရာက္လာၿပီး သစ္ရာပင္ေျခ ရင္းတြင္ လင္မယားႏွစ္ေယာက္ ပါလာေသာ လုံခ်ည္ေဟာင္းကေလးမ်ား ၿခဳံ၍မိုးခိုၾကရေလ၏။
မိုးသည္းထန္စြာ႐ြာေနသည့္ၾကားမွ ရာဟုေလကအရွိန္ျပင္းျပင္းဝင္၍ တိုက္ေလရာ တစ္ေတာလုံး ေမွာင္၍ တဝုန္းဝုန္းျမည္ကာ ေလသံမိုးသံျဖင့္ ဆူညံေနသည္။
ကိုေထာ္႐ိုက္တို႔ခိုေနေသာ သစ္ရာပင္ႀကီးမွာ ေလဒဏ္ေၾကာင့္ တကြၽိကြၽိ ျမည္၍ ဘယ္ညာယိမ္းထိုးေနျပန္သျဖင့္ လင္မယားႏွစ္ေယာက္ မိုးစိုသည္ ထက္ သစ္ပင္ပိမည္ကို စိုးရိမ္ေနၾကရျပန္သည္။
မိုးက သည္းထန္စြာ ႐ြာသေလာက္ ေလကလည္း ျပင္းျပင္းထန္ထန္ တိုက္ရင္း တစ္စတစ္စ မိုးအေမွာင္မွသည္ ညအေမွာင္သို႔ ေျပာင္း၍လာ ေလ၏။
ကိုေထာ္႐ိုက္သည္ ေလဒဏ္မွ ကာကြယ္ႏိုင္ရန္ ေတာင္ေျခေက်ာက္ ခ်ိဳင့္မ်ား၊ေက်ာက္ေခါင္းမ်ားကိုသတိရလာသည္ႏွင့္လင္မယားႏွစ္ေယာက္ မိုးသည္းသည္းေမွာင္ႏွင့္မည္းမည္းတြင္ေတာင္ေျခအေရာက္မွန္း၍ေျပးၾကရ
ျပန္၏။

တစ္ခ်က္တစ္ခ်က္ ဝင္းခနဲ လက္လိုက္ေသာ လွ်ပ္စီးေရာင္ျဖင့္ တစ္
ဆင့္တစ္ဆင့္နား၍ေျပးလာခဲ့ရင္းလင္မယားႏွစ္ေယာက္စာခိုသာ႐ုံရွိေသာ
ေက်ာက္ကမ္းပါးအပဲ့လိုဏ္ေခါင္းကေလးတစ္ခုကို ေတြ႕ၾကသည္ႏွင့္ေတာင္ ကမ္းပါးယံကိုေက်ာႏွင့္ျပားေနေအာင္ ကပ္၍ ခိုေနၾကေလ၏။
ေတာင္ကမ္းပါးယံ ေက်ာက္ေခါင္းကေလးေရာက္ၿပီး အေတာ္ၾကာမွ ေလေရာမိုးေရာၿငိမ္သက္သြားေလရာကိုေထာ္႐ိုက္မွာထိုအခ်ိန္မွဟင္းခနဲ
သက္ျပင္းခ်ႏိုင္ေပေတာ့သည္။
သို႔ေသာ္… (၂)ေယာက္စလုံးပင္ ႐ြဲ႐ြဲစို၍ ခိုက္ခိုက္တုန္ေနျပန္၏။ “သဲမြန္ – မင္းအိတ္ထဲမွာ ဓာတ္မီးျခစ္ကေလးပါေသးရဲ႕လား” မသဲမြန္သည္ ေခြၽးခံအက်ႌအိတ္ထဲမွ ဓာတ္မီးျခစ္ကို ႏႈိက္၍ ကိုေထာ္ ႐ိုက္အား လွမ္းေပးလိုက္သည္။

“ေအး…ေတာ္ေသးရဲ႕မီးေတာ့ပြင့္တယ္။ ေရမဝင္ေသးဘူး။ေအးေနလို႔
ျခစ္မရတာ။ ေနဦး – မိုးလြတ္တဲ့
ေက်ာက္ေခါင္းထဲကထင္းေျခာက္ကေလး
ေတြေကာက္ဦးမယ္။ မင္းက မီးေတာက္ေအာင္ ျခစ္ထားႏွင့္”ဟု ေျပာၿပီး ကိုေထာ္႐ိုက္က ထင္းေျခာက္ ႏႈိက္ေနစဥ္ မသဲမြန္က ဓာတ္မီးျခစ္ကို မီးေတာက္ေအာင္ ျခစ္၍ရေလ၏။
ခဏအၾကာတြင္သူတို႔ မိုးခိုေနေသာေက်ာက္ေခါင္းထက္ပို၍
ႀကီးေသာလိုဏ္ေခါင္းတစ္ခုကိုကိုေထာ္႐ိုက္ကေတြ႕ရွိလာသျဖင့္ေျပာင္း၍ ႏွစ္ေယာက္သား ထင္းေျခာက္ကေလးမ်ားျဖင့္ မီးဖိုကေလးဖို၍ ရသြားေလ
၏။
ႏွစ္ေယာက္သားအဝတ္အစားမ်ားကိုမီးကင္ရင္းထင္းကိုင္းအစိုကေလး မ်ားကိုပင္တျဖည္းျဖည္းေျခာက္ေအာင္မီးကင္ယင္းမီးဖိုေဘးတြင္အေအး
ဒဏ္မွကာကြယ္ရေလသည္။
“သဲမြန္ေရ.. ငါေတာ့ အခုမွ ဆာလာသကြာ”
ကိုေထာ္႐ိုက္က စိုေနေသာ ထင္းေခ်ာင္းမ်ားကို မီးကင္ယင္း လွမ္း၍ ေျပာလိုက္၏။
“အင္း … ေတာ္မို႔ ဆာအားတယ္။ က်ဳပ္ျဖင့္ ထမင္းဆာရဖို႔ ေနေနသာ သာအခုမွ အသက္ရႉႏိုင္ေတာ့တယ္”
“ႏြားေတြလည္း ဘယ္လိုေနသလည္း မသိဘူး။ ဒို႔ေတာ့ ကေန႔ညမွာ ပဲ မိုးလင္းရလိမ့္မယ္။ ျပန္လို႔မရေတာ့ဘူး”
“ဒါေပါ့ေတာ္ … ျဖစ္သမွ်ကပဲ ကေန႔တစ္ညေတာ့ ထမင္းငတ္ၾက
ေရာေပါ့”ျပန္၏။“တစ္နပ္တေလဘဲကြာ”
ကိုေထာ္႐ိုက္သည္ ဝမ္းထဲမွ ဆာေနလ်က္ႏွင့္ မသဲမြန္အား အားေပးရ

ထိုအခိုက္ ေက်ာက္ကမ္းပါးယံအထက္ပိုင္းဆီမွ ကြဲ … ကြိဆိုေသာ ျမည္သံႏွင့္အတူ “ဗုန္းခနဲ”မည္းမည္းအရာဝတၳဳႀကီးတစ္ခု ၎တို႔ မီးဖိုနား သို႔က်လာၿပီးမသဲမြန္၏“အမယ္ေလး” ဟုလန႔္၍ေအာ္လိုက္ေသာအသံမွာ တစ္ေတာလုံး ဟိန္းသြားေလေတာ့သည္။
ကိုေထာ္႐ိုက္မွာ ႐ုတ္တရက္ျဖစ္၍ အံ့ဩၿပီး ေၾကာင္သြား၏။ ၎တို႔ အနီးသို႔ က်လာေသာ မည္းမည္းသဏၭာန္မွာ ေမ်ာက္ႀကီးတစ္ေကာင္ျဖစ္၍ ၎၏ကိုယ္မွာလည္း ကိုေထာ္႐ိုက္တို႔ကဲ့သို႔ ႐ြဲ႐ြဲစိုလ်က္ မီးဖိုနားသို႔ တိုးေဝွ႔ ၍ငုတ္တုတ္ဝင္ထိုင္ေလ၏။
ပင္ကိုကပင္ မြဲေျခာက္ေျခာက္ႏွင့္ ေၾကာက္စရာေကာင္းေသာ ေမ်ာက္ႀကီး မွာ မိုးစိုထားသျဖင့္ ပို၍ပင္ ေၾကာက္စရာေကာင္းေနေပသည္။
မသဲမြန္မွာ အေၾကာက္လြန္ၿပီး ေနာက္သို႔ ပက္လက္လန္သြားသျဖင့္ ကိုေထာ္႐ိုက္သည္ မီးဖိုနားသို႔ တိုးေဝွ႔ေနေသာ ေမ်ာက္ႀကီးကို အတင္း တြန္းေျခာက္၍ ေျပးေစေသာ္လည္း ေမ်ာက္ႀကီးမွာ မေျပး႐ုံမက မသဲမြန္ အနီးသို႔ပင္ ပို၍တိုးျပန္ေလ၏။
ကိုေထာ္႐ိုက္က ေမ်ာက္ႀကီးကို တြန္းလႊတ္လိုက္ ေမ်ာက္ႀကီးက သြား ႀကီးၿပီး၍ တဦးဦးျဖင့္ မီးဖိုနား တိုးလိုက္ျဖစ္ေနရာ မသဲမြန္မွာ ေနာက္သို႔ လည္း ဆုတ္ေျပးစရာ ေနရာမရွိဘဲ ေၾကာက္အားႀကီး၍ တဆတ္ဆတ္တုန္ ၿပီးမ်က္ေစ့ကို စုံမွိတ္ထားသည္။
ကိုေထာ္႐ိုက္မွာလည္း အမ်ိဳးမ်ိဳး ေျခာက္လွန႔္ ေမာင္းထုတ္ေနေသာ္ လည္း ေမ်ာက္ႀကီးက မသြားဘဲ မသဲမြန္ႏွင့္ နီးရာမီးဖိုနားဆီသို႔သာ ထပ္

တလဲလဲ တိုးေဝွ႔ေနသျဖင့္ ေနာက္ဆုံးစိတ္မရွည္ႏိုင္ေသာ ကိုေထာ္႐ိုက္မွာ အနီးရွိတံေတာင္ခန႔္ ထင္းကိုင္းအက်ိဳးျဖင့္ လွမ္း၍ ႐ိုက္လိုက္၏။
ေမ်ာက္ႀကီးမွာ ဘာေၾကာင့္ ဒါေလာက္ တိုးေခြ႕ေနသည္မသိ တုတ္ႏွင့္ ႐ိုက္လိုက္မွပို၍ပင္ေရွ႕သို႔တိုးလာေနျပန္သျဖင့္ကိုေထာ္႐ိုက္သည္လက္ထဲ မွတုတ္ကိုလက္ႏွစ္ဖက္ျဖင့္ ကိုင္၍တအားလႊဲၿပီး ႐ိုက္ခ်လိုက္ေလ၏။
ေမ်ာက္ႀကီး၏ ဦးေခါင္း တည့္တည့္သို႔ ကိုေထာ္႐ိုက္၏ တုတ္က်သြား သည္ႏွင့္ ခ်က္ေကာင္းကို ထိသြားေလရာ ေမ်ာက္ႀကီးမွာ သြားႀကီးမ်ားၿဖဲ၍ တဦးဦးျဖင့္ ပက္လက္လန္သြားေလ၏။
ဆန႔္ငင္ – ဆန႔္ငင္ျဖင့္ ပက္လက္လန္သြားေသာ ေမ်ာက္ႀကီးမွာ မထ ႏိုင္ေတာ့သည့္အထည္းကပင္ မီးဖိုဘက္သို႔လွိမ့္၍ ခ်လိုက္ျပန္ရာ ကို ေထာ္႐ိုက္သည္ စိတ္တိုလြန္းသျဖင့္ လက္ထဲမွ တုတ္ႏွင့္ပင္ ဆက္၍ ဆက္၍ ႐ိုက္လိုက္စဥ္ မသဲမြန္က “အမယ္ေလး ကိုေထာ္႐ိုက္ – ကိုေထာ္႐ိုက္-ေသေအာင္ မ႐ိုက္ပါနဲ႔၊ ေသေအာင္မ႐ိုက္ပါနဲ႔၊ ေသေအာင္ မ႐ိုက္ပါနဲ႔”ဟုေျပာေနသည္ကိုပင္ နားမေထာင္ေတာ့ေပ။

ေမ်ာက္ႀကီး၏ ဦးေခါင္းမွ ေသြးတို႔သည္ ျပန႔္က်ဲ၍ ကိုေထာ္႐ိုက္ တစ္ ကိုယ္လုံး နီရဲေနသည့္ျပင္ မသဲမြန္၏ တစ္ကိုယ္လုံးပါ ေမ်ာက္ေသြးတို႔ျဖင့္ နီရဲကုန္ေလေတာ့သည္။
မသဲမြန္သည္ အေၾကာက္လြန္၍ ေခြၽးသီးေခြၽးေပါက္မ်ားပင္က်၍ေမာ ေနေလ၏။
“ကိုေထာ္႐ိုက္ က်ဳပ္ကို ေရ-ေရ-ေရတစ္ခြက္ေလာက္ ရွာေပးပါ” ဟု
ေက်ာက္ကမ္းပါးယံကိုမွီယင္းညည္းတြားေနေလရာကိုေထာ္႐ိုက္မွာ လွည္းတြင္ က်န္ခဲ့ေသာ ေရဘူးကို သတိရ၍ “ေအး … မသဲမြန္ ငါေရဘူး သြားယူမယ္။ နင္ေနရဲ႕ရဲ႕လားဟုလွမ္း၍ေမးလိုက္၏။

“ဒါႀကီး…ဖယ္လိုက္ပါ… ဒါႀကီး – က်ဳပ္မၾကည့္ရဲဘူး”ဟုမီးဖိုေဘးတြင္
ပက္လန္လွန္ေနေသာ ေမ်ာက္ေသႀကီးအား လက္ညႇိဳးထိုးျပေနသျဖင့္ ေအး-ေအးဟုဆိုကာ ကိုေထာ္႐ိုက္သည္ေမ်ာက္ေသႀကီးအား ေျခႏွစ္ေခ်ာင္း မွဆြဲ၍လႊင့္ပစ္လိုက္ေလ၏။
“ကိုင္း..ငါေရဘူးသြားယူဦးမယ္။ ေနရဲတယ္မဟုတ္လား”ဟုမသဲမြန္ အား လွမ္းေမးရာ မသဲမြန္က ေခါင္းညိတ္၍ ျပလိုက္သျဖင့္ ကိုေထာ္႐ိုက္မွာ လွည္းဆီသို႔ထြက္သြားေလ၏။
ကိုေထာ္႐ိုက္သည္ သစ္ရာပင္ေအာက္တြင္ ခြၽတ္ထားေသာ လွည္းမွ ေရဘူးႏွင့္တကြ ဓားမထမင္းဇလုံတို႔ကို ယူေဆာင္၍ ႏြားမ်ားကို အစိုမ်ား ေကြၽးထားခဲ့ၿပီး မသဲမြန္ရွိရာသို႔ ခပ္သုတ္သုတ္ ျပန္လာခဲ့ေလ၏။ ကိုေထာ္႐ိုက္သည္ တျဖည္းျဖည္း ဗိုက္ထဲမွ ဆာလြန္းလာသျဖင့္ လမ္း တစ္ေလွ်ာက္လုံး ေမ်ာက္ေသႀကီးကို သတိရလာခဲ့သည္။ ကိုေထာ္႐ိုက္တို႔ခ်င္းလူမ်ိဳးေတာင္ေပၚတြင္ထင္းခုတ္ေနသူမ်ားအဖို႔ ေမ်ာက္သားစားျခင္းသည္ အဆန္းမဟုတ္ေတာ့ေပ။
ေက်ာက္ဂူဝသို႔ ျပန္ေရာက္ေသာအခါ မသဲမြန္မွာတေခါေခါျဖင့္ အိပ္ ေမာက်ေနေပၿပီ။
ကိုေထာ္႐ိုက္သည္ အိပ္ေပ်ာ္ေနေသာမသဲမြန္အားမႏႈိးေသးဘဲမီးဖိုကို ျဖည့္ယင္း ေမ်ာက္သားကို သတိရလာသည္ႏွင့္ ေက်ာက္ဂူ အျပင္သို႔ ထြက္ ၍ေမ်ာက္ေသႀကီးကိုရွာၾကည့္ေလ၏။
အဆင္သင့္ပင္ ဂူႏွင့္မလွမ္းမကမ္းတြင္ေမ်ာက္ေသႀကီးကိုေတြ႕၍အသင့္ ပါလာေသာ ထင္းခုတ္ ဓားမျဖင့္ ေမ်ာက္ေသႀကီးအား ခုတ္လွီးဖ်က္၍ အသားတုံးတို႔ကိုဂူထဲသို႔ယူလာၿပီးမီးေရာင္ေအာက္တြင္ဝါးလုံးတိုတစ္ခုကို တစို႔လုပ္ၿပီး ေမ်ာက္သားတုံးတို႔ကိုကင္ေလ၏။

မီးအားေကာင္းသျဖင့္ သိပ္မၾကာလွဘဲ ေမ်ာက္သားအစိုမွာ အဆီ
တဝင္းဝင္းျဖင့္ က်က္ေလရာ ကိုေထာ္႐ိုက္မွာ နဂိုက ဆာေလာင္ေနသူ ျဖစ္ သည့္အတိုင္း အနံ႔တသင္းသင္း ေမႊးေနေသာ ေမ်ာက္သားကင္ကို ဖဲ့၍ ဖဲ့၍ စားလိုက္ေလ၏။
ဆီမပါ၊ ဆားမပါ ဗလာသာျဖစ္ေသာ္လည္း သူ႔အဆီႏွင့္သူ နီရဲ၍ ေမႊးႀကိဳင္ေနေသာ ေမ်ာက္သားကင္မွာ ကိုေထာ္႐ိုက္အဖို႔ ညစာအတြက္ ဆာေနေသာဗိုက္ကိုအာသာေျပေစ၏။
ကိုေထာ္႐ိုက္ စား၍ဝေသာအခါ တံစို႔တြင္ က်န္ေနေသာ ေမ်ာက္သား ႏွစ္တုံးကို မသဲမြန္အတြက္ ခ်န္၍ ဘူးထဲမွေရကို အဝေသာက္လိုက္၏။ “ကိုေထာ္႐ိုက္-ကိုေထာ္႐ိုက္- ေရယူခဲ့ၿပီလား”
မသဲမြန္သည္ အိပ္ရာမွ ႏိုးလာသည္ႏွင့္ ကိုေထာ္႐ိုက္အား ေရေတာင္း လိုက္သည္။
“ေဟ့..မသဲမြန္ႏိုးၿပီလား-ေရရၿပီေလ -ေရာ့-ေရာ့”ကိုေထာ္႐ိုက္က ေရဘူးကိုလွမ္းေပးလိုက္ၿပီး “နင္-အိပ္ေပ်ာ္သြားတာ ေတာ္ေတာ္ၾကာ တယ္။ ငါျပန္ေရာက္ေနတာ ၾကာလွၿပီ”
မသဲမြန္သည္ ဘူးထဲမွေရကိုေမာ့၍ ေသာက္လိုက္ၿပီး “ကိုေထာ္႐ိုက္ ရယ္… က်ဳပ္ျဖင့္ ဆာလိုက္တာ” ဟု ညည္းလိုက္ေလ၏။
“ေအး … ငါလည္း နင္ – ႏိုးရင္ စားဖို႔ အသားကင္ ခ်န္ထားတယ္။ ေရာ့
ေရာ့ – စားလိုက္”
“ဟင္ .. ဘာသားလည္းကိုေထာ္႐ိုက္ေမႊးလို႔ပါလား”
မသဲမြန္က ေမ်ာက္သားကင္ကို ကိုင္၍ နမ္းၾကည့္ၿပီး မသကၤာသလို မ်က္ႏွာထားႏွင့္ေမးလိုက္၏။
“စားသာစားပါဟ… ေမ်ာက္သားေပါ့”

“ဟင္… ဟိုေမ်ာက္ႀကီးလားေတာ္ၿပီ-ေတာ္ၿပီက်ဳပ္- မစားဝံ့ဘူး”
“အို-ဘာျဖစ္လဲ- ငါေတာထဲက
ကေတာ့ နင္စားသားပဲ”
ယူလာတဲ့ေမ်ာက္သားေတြတုန္း
“ဟင့္ .. အင္း … ေမ်ာက္သားစားခ်င္ရင္ ေမ်ာက္မ်က္ႏွာမၾကည့္နဲ႔တဲ့
က်ဳပ္ျဖင့္ ဟိုေမ်ာက္ႀကီးမ်က္ႏွာ ျမင္ၿပီး မစားဝံ့ဘူး”
မသဲမြန္ကေမ်ာက္သားကင္ကို ျပန္ေပးလိုက္၏။
“အို- သဲမြန္ရယ္ – မိုက္ပါဘိ-ေတာထဲေတာင္ထဲမွာ နင္လည္း ဆာေန ရက္နဲ႔ စားသာ စားလိုက္ပါ မစားေကာင္းတဲ့အသားမွ မဟုတ္ပဲ…” မသဲမြန္အေနႏွင့္လည္း ျငင္းသာျငင္းရသည္ ဗိုက္ထဲက ဆာေန သျဖင့္ “ကဲ – ဒါျဖင့္လည္း စားမယ္ေတာ္”ဟု ေျပာကာ ေမ်ာက္သားကင္ကို ဖဲ့၍ဝါးစားလိုက္သည္။ႏွစ္တုံးလုံးကုန္ခါမွေရအဝေသာက္လိုက္ရာ မသဲမြန္
ေနေသာထိုင္သာရွိသြားသည္။
သို႔ေသာ္ မသဲမြန္၏မ်က္ေစ့ဝယ္ မိမိေရွ႕ေမွာက္မွ တဦးဦးႏွင့္ သြားႀကီး
ၿဖဲ၍ေနေသာေမ်ာက္ႀကီး၏မ်က္ႏွာကိုသာျမင္ေယာင္ေနေပေတာ့သည္။
ကေန႔ပါဆိုလွ်င္ ကိုေထာ္႐ိုက္တို႔ လင္မယား ေတာင္ေျခမွ ျပန္ေရာက္ သည္မွာ တစ္ပတ္ေက်ာ္ခဲ့ေပၿပီ။ မိုးဦးက်ေစာ၍ မိုးမျပတ္သျဖင့္ ေနာက္ တစ္ေခါက္လည္း မသြားႏိုင္ၾကေတာ့ေပ။
မသဲမြန္မွာလည္း ေမြးဖြားရန္ တစ္ေန႔ထက္တစ္ေန႔ နီးကပ္လာၿပီ ျဖစ္ ၍ ကိုေထာ္႐ိုက္ ၿမိဳ႕ေပၚသို႔ ထင္းေရာင္း၍သြားေသာ အခါမ်ားတြင္လည္း အိမ္မွာပင္ေနရစ္၍အိမ္မႈကိစၥမ်ားျဖင့္ မအားလပ္ရွာေပ။

မသဲမြန္အဖို႔ ေတာင္ေျခမွ မိုးမိ၍ ျပန္လာၿပီးကတည္းက စြဲကပ္လာ ေသာ ေရာဂါတစ္ခုမွာ မိမိေရွ႕တြင္ တဦးဦးႏွင့္ သြားႀကီးၿပီး၍ ေသဆုံးသြား ေသာေမ်ာက္ႀကီး၏မ်က္ႏွာကို မ်က္စိေအာက္မွ ေဖ်ာက္၍မရႏိုင္ျခင္း ျဖစ္
၏။
ေမ်ာက္ႀကီး၏မ်က္ႏွာကိုျမင္ေယာင္လာတိုင္းလည္းငတ္ငတ္ႏွင့္
စားခဲ့မိေသာ ေမ်ာက္ႀကီး၏အသားမွာ လည္ေခ်ာင္းတြင္ပ်ိဳ႕၍ ပ်ိဳ႕၍ တက္ လာတက္ေပသည္။
မသဲမြန္၏စြဲလမ္းမႈေရာဂါႀကီးသည္တစ္ပတ္လည္းမေပ်ာက္၊တစ္လ လည္းမေပ်ာက္။ ဘာလိုလိုႏွင့္ ေမြးဖြားရန္ ရက္ပိုင္းသာလိုေပေတာ့သည္။

တစ္ခါတစ္ရံ ကိုေထာ္႐ိုက္အား မသဲမြန္က “ကိုေထာ္႐ိုက္ရယ္ က်ဳပ္
မ်က္စိထဲမွာ ေသသြားတဲ့ ေမ်ာက္ႀကီးကို ေဖ်ာက္လို႔ မရဘူး။ အဲဒီ ေမ်ာက္ ႀကီးကိုျမင္လာတိုင္းလည္း သူ႔အသားကိုစားမိတဲ့အတြက္ပ်ိဳ႕- ပ်ိဳ႕လာတာ” ပဲ”ဟုေျပာျပရွာ၏။
ထိုအခါမ်ိဳးတြင္ ကိုေထာ္႐ိုက္က “သဲမြန္ရယ္- နင့္ႏွယ္ေမ်ာက္သား စားတာမ်ား အဆန္းလိုက္လို႔”ဟုေဖ်ာင္းဖ်ေလ့ရွိ၏။
မီးတြင္းထဲမွ မသဲမြန္၏ ညည္းညဴသံေၾကာင့္ ကိုေထာ္႐ိုက္မွာ အျပင္မွ
ဖင္ခ်ထိုင္၍ပင္ မရေပ။
“ေယာက္်ားကေလး … ေမြးပါေစဗ်ာ”
ကိုေထာ္႐ိုက္သည္ ပါးစပ္မွာလည္း ေယာက္်ားကေလးေမြးရန္ဆုေတာင္း
ရေသး၏။
“အူဝဲ အူဝဲ”
“ဟယ္…ေယာက္်ားကေလးဟဲ့”
အိပ္ခန္းထဲမွ လက္သည္မႀကီးေဒၚအဲလုံ၏ ေအာ္သံႏွင့္ ကေလးငိုသံ ေၾကာင့္ကိုေထာ္႐ိုက္မွာ အျပင္မွ ဝမ္းသာလြန္း၍ ခုန္လိုက္၏။
“ေမာင္ေထာ္႐ိုက္ … ေမာင္ေထာ္႐ိုက္ ဟဲ့- ကေလးကို လာၾကည့္ပါ ဦး”ဟု အျပင္မွ ဝမ္းသာလြန္း၍ ခုန္လိုက္၏။
“ေမာင္ေထာ္႐ိုက္ … ေမာင္ေထာ္႐ိုက္ … ဟဲ့-ကေလးကို လာၾကည့္ ပါဦး”ဟု ေဒၚအဲလုံ၏အသံေၾကာင့္ ကိုေထာ္႐ိုက္သည္အခန္းထဲသို႔ ေျပးဝင္ သြား၏။
ေဒၚအဲလုံ၏ လက္မွ ကေလးငယ္ကို ျမင္လိုက္ရေသာအခါ ကိုေတာ္ ႐ိုက္မွာ ႐ုတ္တရက္ “ဟာ” ဆိုေသာအာေမဍိတ္သံႏွင့္ ငိုင္၍သြား၏။

မသဲမြန္က မွိန္းေနရာမွ ကိုေထာ္႐ိုက္၏ “ဟာ”ဆိုေသာအသံေၾကာင့္
“ကိုေထာ္႐ိုက္ဘာလဲဟု”ဟုပက္လက္ေနရာမွကေလးငယ္ကိုလွမ္းၾကည့္
လိုက္ၿပီး “အမယ္ေလး” ဟု စူးစူးဝါးဝါး ေအာ္ဟစ္ၿပီး မသဲမြန္ အသံေပ်ာက္ သြားေလ၏။
ထိုအခါမွ ကိုေထာ္႐ိုက္မွာ ကေလးကို မၾကည့္ေတာ့ဘဲ “သဲမြန္ … သဲမြန္” ဟု ေခၚယင္း သတိေမ့ေနေသာ မသဲမြန္အား ၾကည့္ၿပီး ပ်ာယာခတ္ ေန၏။
ေဒၚအဲလုံမွာလည္းကေလးကိုခ်၍မသဲမြန္အား ဘဝင္ဖိ၍အတက္က် ေအာင္ ႏွိပ္ၾက ျပဳစုၾကေသာ္လည္း မသဲမြန္မွာ ျပန္၍ မလည္လာေတာ့ဘဲ ေမြးခါစ သားငယ္ႏွင့္ ကိုေထာ္႐ိုက္တို႔အား စြန႔္ခြာ သြားေလေတာ့၏။
ေဒၚအဲလုံမွာလည္းကေလးကိုခ်၍မသဲမြန္အား ဘဝင္ဖိ၍အတက္က် ေအာင္ ႏွိပ္ၾက၊ ျပဳစုၾကေသာ္လည္း မသဲမြန္မွာ ျပန္၍ မလည္လာေတာ့ဘဲ ေမြးခါစသားငယ္ႏွင့္ ကိုေထာ္႐ိုက္တို႔အားစြန႔္ခြာ သြားေလေတာ့၏။
ကိုေထာ္႐ိုက္သည္မသဲမြန္၏အေလာင္းကိုေပြ႕ထားရာမွေခါင္းအုံးေပၚ
သို႔ ခ်လိုက္ၿပီး ေျခရင္းတြင္ သိပ္ထားေသာ ကေလးကို မ်က္ေတာင္ မခတ္ ဘဲစိုက္ၾကည့္ေနမိ၏။
ကေလးငယ္မွာ ေျခဆန္လက္ဆန္မ်ား ရွည္၍ ေခါင္းကေလးရွည္၍ အဖ်ားခြၽန္ကာ ဆံပင္ကေလးမ်ားမွာ နီက်င္က်င္ျဖစ္၏။
မ်က္ႏွာမွာမူ ေမး႐ိုးရွည္၍ ခြၽန္ၿပီး ႏွာေခါင္းနားတြင္ ခ်ိဳင့္၍ မ်က္လုံး ကေလးမွာ ကလယ္ကလယ္ႏွင့္ ရွိေန၏။
ေျခေခ်ာင္းလက္ေခ်ာင္းကေလးမ်ားမွာ အေတာ္ပင္ရွည္၍ လက္သည္း အရွည္ကေလးမ်ား ပါေန၏။

ကိုေထာ္႐ိုက္သည္ ပါးစပ္မွ အလန႔္တၾကား“ေမ်ာက္ကေလး ေမ်ာက္ ကေလး”ဟု ေအာ္ၿပီး မသဲမြန္ အေလာင္းေပၚသို႔ မ်က္ႏွာေမွာက္၍ ငို လိုက္သည္။
“သဲမြန္ … သဲမြန္ ကံဆိုးလွခ်ည့္သဲမြန္ရယ္ .. နင္ေမြးခဲ့တဲ့သားကို နင္ ျပန္ၾကည့္ပါဦး ..”
ကိုေထာ္႐ိုက္သည္ ေမွ်ာ္လင့္ေတာင့္တခဲ့ေသာ သားကိုေတာ့ရေပၿပီ။ သို႔ေသာ္ကိုေထာ္႐ိုက္ရေသာ သားသည္လူသားမဟုတ္၊ ေမ်ာက္သားငယ္
ပါတကား။
ကိုေထာ္႐ိုက္သည္ ရႈိက္၍ရႈိက္၍ငိုေနေသာ္လည္း မသဲမြန္ကမူ သူ၏ ေမ်ာက္သားငယ္ကို ျပန္မၾကည့္ႏိုင္ရွာေတာ့ေပ။
ရင္ေသြးဟူက ခ်စ္မဝဆိုသည့္အတိုင္းကိုေထာ္႐ိုက္မွာ သဲမြန္က စြန႔္ပစ္ ခဲ့ေသာ္လည္း သားငယ္ကေလးကို မပစ္ရက္ မစြန႔္ရက္ဘဲ ႀကီးျပင္း ေအာင္ ေကြၽးေမြးခဲ့ရွာ၏။
ကေလးငယ္သည္တစ္လထက္တစ္လတစ္ႏွစ္ထက္တစ္ႏွစ္ႀကီးျပင္း လာသည္ႏွင့္ အေနအထိုင္ အစားအေသာက္ အျပဳအမူမ်ားမွာ လူကေလး တစ္ေယာက္၏ သဘာဝႏွင့္ ကြာျခား၍လာေလ၏။
ထမင္းႏွင့္ဟင္းကို မႏွစ္သက္ေသာ သားအတြက္ ကိုေထာ္႐ိုက္သည္ ငွက္ေပ်ာ္သီးကေလးမွအစ အသီးအႏွံကေလးမ်ားျဖင့္ ေမြးခဲ့ရ၏။ ကေလးငယ္အခ်င္းခ်င္းေရာေႏွာေနထိုင္မကစားတတ္ေသာသူ႔သား
ငယ္သည္ တစ္ကိုယ္ထီးတည္း သစ္ပင္ခြၾကားတြင္သာ အခ်ိန္ကုန္တတ္၏။
အဝတ္အစား အက်ႌ ေဘာင္းဘီကေလးမ်ား ဆင္ေပးလွ်င္ ကိုက္ဆြဲ ဆုတ္ျဖတ္၍ သဘာဝကိုယ္လုံးကေလးျဖင့္ ေနရသည္ကိုပင္ ႏွစ္သက္ရွာ ၏။

အထူးျခားဆုံးမွာ (၆)ႏွစ္သားအထိ စကားမေျပာျခင္းပင္ ျဖစ္၏။ စကားမေျပာ႐ုံမက နံနက္မိုးလင္းမွ ႐ြာအျပင္ ေတာင္ႀကိဳ ေတာင္ၾကားသို႔ သြား၍ခုန္ေပါက္ေျပးလႊားကစားေနသည္မွာ ေနဝင္မွ ျပန္လာတတ္၏။
တစ္ခါတစ္ရံညေမွာင္သည္ထိျပန္မလာဘဲေနတတ္ရာကိုေထာ္႐ိုက္မွာ
စိုးရိမ္စိတ္ျဖင့္ လိုက္လံ ရွာေဖြေခၚေဆာင္ခဲ့ရသည္။
ႀကိမ္ဖန္မ်ားလာေသာအခါ ကိုေထာ္႐ိုက္လည္း လိုက္၍ မေခၚေတာ့ ေပ။ ရံဖန္ရံခါ (၄-၅)ရက္ၾကာမွ အိမ္ျပန္လာတတ္သည္။ ဘယ္သြား၍ ဘာစားေနမွန္းလည္းမသိ။
ကိုေထာ္႐ိုက္အဖို႔ သဘာဝခ်င္းမတူေသာ သားျဖစ္၍လည္း စိတ္ပ်က္ စျပဳခဲ့၏။ သို႔ေသာ္ရင္ေသြးျဖစ္၍လည္းမစြန႔္ပစ္ရက္ရွာေပ။ မသဲမြန္ဆုံးခဲ့သည္မွာ(၆)ႏွစ္ေက်ာ္ၿပီျဖစ္ရာကိုေထာ္႐ိုက္မွာ မသဲမြန္ ေမြးခဲ့ေသာ လူလိုလို၊ ေမ်ာက္လိုလို သားငယ္အား လုပ္ကိုင္ ေကြၽးေမြး ျပဳစု ယင္းေနာက္အိမ္ေထာင္ပင္မျပဳခဲ့ေပ။
အသက္ (၃၅)ႏွစ္မွ် က်န္းမာသန္စြမ္း၍ ရွာႏိုင္ေဖြႏိုင္ၿပီး ႐ိုးသားေသာ ကိုေထာ္႐ိုက္အား တစ္႐ြာတည္းသား မိန္းမမ်ားက စုံမက္ၾကေသာ္လည္း ဤ ေမ်ာက္သားငယ္၏ မ်က္ႏွာကို ေထာက္ထား၍ အိမ္ေထာင္သစ္ထူရန္ အႀကံျပဳတိုင္း ေနာက္ဆုံးတြင္ ရင္ေသြးကေလးအတြက္ အားေလွ်ာ့တတ္ ေပသည္။
ရင္ေသြးအစစ္ျဖစ္ေသာ သားငယ္မွာလည္း ကိုေထာ္႐ိုက္ကသာ သံ ေယာဇဥ္ၿငိတြယ္၍ခ်စ္ေနရသည္။
ကေလးငယ္ကမူ“အေဖ”ဟူ၍လည္းမေခၚ။ ရင္းရင္းႏွီးႏွီးလည္းမေန။ သူ႔ဘာသာသဘာဝ ေတာထဲ၌သာ ေပ်ာ္ေနတတ္ေသာေၾကာင့္ကိုေထာ္ ႐ိုက္မွာ သားငယ္အတြက္ ရင္ထုမနာ ျဖစ္ရျပန္သည္။

မေမွ်ာ္လင့္ေသာတစ္ေန႔တြင္ ကိုေထာ္႐ိုက္မွာ နဖူးစာ ႐ြာလည္ဆိုသည့္ အတိုင္းထင္းေရာင္းရင္း အလွမ္းကြာေသာ႐ြာႀကီးတစ္႐ြာမွ အမ်ိဳးသမီး တစ္ဦးႏွင့္ေမတၱာမွ်ေလ၏။
အကယ္၍သာ သားငယ္သည္ လူ႔သဘာဝအတိုင္း အေဖႏွင့္ဒိုးတူ ေပါင္ဖက္ လုပ္ကိုင္စားေသာက္ေနထိုင္သူ ျဖစ္လာပါမူ ကိုေထာ္႐ိုက္အဖို႔ အိမ္ေထာင္ျပဳရန္ ဆႏၵရွိမည္မဟုတ္ေပ။
ယခုမူ ကိုေထာ္႐ိုက္သည္ သားကေလး က်န္ရစ္သည္ဟု ဆိုေသာ္ လည္း တစ္ကိုယ္တည္း ေနရသကဲ့သို႔ ၿငီးေငြ႕ေျခာက္ကပ္လွေသာ သူ႔ဘဝ အတြက္ စိုေျပေအာင္ ဖန္တီးရျခင္းျဖစ္သည္။
ကိုေထာ္႐ိုက္မွာ ဆုံးျဖတ္မရေသာ ျပႆနာသည္ ဦးေခါင္း၌ ခ်ာခ်ာ လည္၍စဥ္းစားမရျဖစ္ေန၏။
တစ္႐ြာသူမိန္းမႏွင့္ အိမ္ေထာင္ျပဳပါမူ ဤသားငယ္ကို စြန႔္ပစ္ရေပ
ေတာ့မည္။
သည္လို လူရာမဝင္ႏိုင္ေသာ သားငယ္အတြက္လည္း ကိုေထာ္႐ိုက္ အဖို႔ တစ္႐ြာတစ္ေက်းတြင္ မ်က္ႏွာပန္းလွမည္ မဟုတ္။
သားကို သံေယာဇဥ္စိတ္ႏွင့္ လွည့္၍ ၾကည့္ျပန္ေသာ္လည္း သားဆို ေသာသားသည္ သားႏွင့္လည္းမတူပါေခ်။
ေနာက္ဆုံးတြင္ ကိုေထာ္႐ိုက္သည္ မ်က္စိမွိတ္၍ ဆုံးျဖတ္ခ်က္ကို ခ် လိုက္၏။
ကိုေထာ္႐ိုက္သည္ အိပ္ရာမွ လူးလဲထကာ အဝတ္အစားမ်ားကို အ ထုပ္ျဖင့္ ထုပ္လိုက္၏။ သင့္တင့္ေသာ အိမ္ေထာင္မႈပစၥည္းမ်ားကို လွည္း ေပၚသို႔တင္၍အိမ္တံခါးကိုေသာ့ခတ္၍ပိတ္လိုက္၏။
ေနာက္ဆုံးကိုေထာ္႐ိုက္သည္ သားငယ္သြားေလ့ရွိေသာ ႐ြာေျမာက္ ဘက္ ေတာင္တန္းဆီသို႔ ေမွ်ာ္ၾကည့္လိုက္၏။

မျပန္လာသည္မွာ (၄-၅)ရက္ပင္ ရွိၿပီျဖစ္ေသာ သားငယ္အား မွန္းဆ ၍ေနာက္ဆုံးေမွ်ာ္ၾကည့္လိုက္ျခင္းျဖစ္၏။
အခ်ိန္မွာ အ႐ုဏ္တက္စျဖစ္၍ ဝါေမြေတာင္တန္းႀကီးကို ခပ္ဝါးဝါး
သာျမင္ရသည္။မိုးသားမည္းမည္းတို႔သည္ဝါေမြေတာင္တန္းအားလႊမ္းၿခဳံလ်က္
ရွိသျဖင့္ ကိုေထာ္႐ိုက္သည္ မသဲမြန္ကို ျမင္ေယာင္လာ၍ မ်က္ရည္ဝဲလာ သျဖင့္ ဝါေမြေတာင္တန္းႀကီးကို ေက်ာခိုင္း၍ အသင့္ျပင္ထားေသာ လွည္း ႏွင့္ ႏြားကိုေကာက္လိုက္သည္။
အေရွ႕ဆီမွအလင္းေရာင္တန္းႀကီးေပၚလာေသာအခ်ိန္တြင္ကိုေထာ္႐ိုက္
သည္ သားငယ္ႏွင့္ေဟာ္မြန္း႐ြာကိုေက်ာေပး၍ ႏြားနီတစ္ရွဥ္းကို ခပ္သြက္ သြက္ေမာင္း၍ထြက္သြားေလေတာ့သည္။
ကိုေထာ္႐ိုက္လွည္းထြက္သြား၍ေဟာ္မြန္း႐ြာႏွင့္ကိုက္တစ္ရာ
သာသာခန႔္ အေရာက္တြင္ ကိုေထာ္႐ိုက္၏ေမ်ာက္သားငယ္ကေလးသည္
ဘယ္ဆီကေပါက္လာသည္မသိအိမ္ေရွ႕သို႔ေရာက္လာေလ၏။ ေမ်ာက္သားငယ္ကေလးသည္ပိတ္ထားေသာတံခါးမွေသာ့ခေလာက္
ကို တေဒါက္ေဒါက္ဆြဲေခါက္လိုက္၏။ အတန္ၾကာေသာါ အိမ္ေဘးမွ လွည့္ ၍ပြင့္ေနေသာျပတင္းေပါက္တစ္ခုမွ လႊားခနဲ ခုန္၍တက္လိုက္၏။
အိမ္ထဲသို႔အေရာက္တြင္ဟာလာဟင္းလင္းရွင္းေနေသာအိမ္ငယ္ကို
လွည့္ပတ္ၾကည့္ၿပီး အတန္ၾကာ ငိုင္သြားေလ၏။
၎ေနာက္ ဝင္လာေသာ ျပတင္းေပါက္မွ လႊားခနဲ ခုန္ခ်ၿပီး အိမ္ပတ္ လည္တစ္ပတ္ေလွ်ာက္ၾကည့္လိုက္ေသး၏။

ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ကုန္ဆုံးသည့္ပမာ ေမ်ာက္သားငယ္ကေလး သည္ အိမ္ကိုေနာက္ျပန္ လွည့္ၾကည့္ လွည့္ၾကည့္ႏွင့္ ႐ြာေပါက္ဆီသို႔ ထြက္ သြားေလ၏။
သို႔ေသာ္ ယခင္က သြားေနက် ႐ြာေျမာက္ဘက္ ေတာဆီသို႔ မသြား ေတာ့ဘဲ မႈန္ဝါးဝါးျမင္ေနရေသာ ဝါေမြေတာင္တန္းႀကီးဆီသို႔ ခုန္ဆြ ခုန္ဆြ ႏွင့္ တေ႐ြ႕ေ႐ြ႕သြားရင္းမႈန္ဝါး ေပ်ာက္ကြယ္သြားေလေတာ့သတည္း။
မင္းသူရိန္