လမ်းဘေးခွေး(စ/ဆုံး)

Unicode Version

လမ်းဘေးခွေး(စ/ဆုံး)
—————————
လမ်းမကြီးပေါ်၌ လူများ၊ကားများ၊
စက်ဘီးဆိုင်ကယ်များဖြင့်ရှုပ်ထွေး
နေကြလေသည်။
ရောင်စုံကားများကတစ်စီးပြီးတစ်စီး
မောင်းနှင်သွားကြလေသည်။
အဖြူအစိမ်းဝတ်ထားသည့်
ကျောင်းသူကျောင်းသားလေးများ
ကလည်းစက်ဘီးကိုယ်စီဖြင့်
ကျောင်းတက်ရန်ကျောင်းရှိရာသို့
စက်ဘီးနင်းသွားကြလေသည်။
လမ်းနံဘေး၌ရောင်းနေသော
ဈေးသည်များကိုလည်းမြင်တွေ့
ရလေသည်။
ထိုအချိန်ဇိမ်ခံကားကြီးတစ်စင်းက
စားသောက်ဆိုင်ကြီးတစ်ခုရှေ့သို့
ထိုးရပ်သွားလေသည်။
ကားထဲမှအသက်၃၀ကျော်ခန့်
အမျိုးသမီးတစ်ဦးကကားပေါ်မှ
ဆင်းလာသည်ကိုမြင်လိုက်ရလေသည်။
ကားနောက်ခန်းတွင်တော့
ပြတင်းပေါက်အားမေးတင်၍
အပြင်သို့ကြည့်နေသော
အမွှေးပွပွခွေးလေးတစ်ကောင်ကို
လည်းမြင်ရလေသည်။
ထိုအမျိုးသမီးက စားသောက်ဆိုင်
ကြီးထဲသို့ဝင်သွားလေသည်။
အမျိုးသမီးကစားသောက်ဆိုင်ထဲမှ
စားပွဲထိုးလေးတစ်ယောက်အား
အသံပေး၍လှမ်းခေါ်လိုက်လေသည်။
“ဟိတ် စားပွဲထိုး ချူး ချူး”
စားပွဲထိုးကောင်လေးလည်း
ထိုအမျိုးသမီးဆီသို့ အပြေးလေး
ရောက်လာပြီး……
“အမဘာမှာချင်လို့လဲ ခင်ဗျ”
“မင်းတို့ဆိုင်မှာ အမဲသားတို့
ဘာတို့ရလား”
“ဟုတ်အစုံရပါတယ်ခင်ဗျ
အမဲခြောက်ဖုတ်၊အမဲနံရိုး၊အမဲစွတ်ပြုတ်
အမဲသားချက်၊အမဲနှပ်အစုံရှိပါတယ်
ခင်ဗျ”
“ဒါဖြင့်ရင် အစ်မကို
အမဲသားချက်၅၀၀၀ဖိုးပေး”
“အစ်မစားဖို့လားခင်ဗျ”
“ဟယ် တော်တော်စကားများတဲ့
ကလေးပဲ၊ငါစားဖို့မဟုတ်ဘူး
ငါ့အိမ်ကခွေးစားဖို့ဟေ့ သိပြီလား
လျာကိုရှည်တယ် သွားမြန်မြန်
အကြာကြီးမစောင့်နိုင်ဘူး…”
ထိုအမျိုးသမီးအော်သံကြောင့်
ဆိုင်ထဲမှာထိုင်နေသောလူများက
ဝိုင်းပြီးကြည့်နေကြလေသည်။
စားပွဲထိုးကောင်လေးလည်း
ရှက်ကိုးရှက်ကန်းဖြစ်သွားရလေသည်။
“ဟုတ် ဟုတ်အစ်မ
ခဏလေးစောင့်ပေးပါနော်
မြန်မြန်ယူလာခဲ့ပါ့မယ်ဗျ……”
ထိုအမျိုးသမီးက ငေါက်လိုက်မှ
စားပွဲထိုးကောင်လေးလည်း
အတွင်းထဲသို့ဝင်သွားလေသည်။
ထိုအမျိုးသမီးက
သူ့အိမ်မှာမွေးထားသည့်
ခွေးစားဖို့အတွက်ပိုက်ဆံထောင်ချီ
သောင်းချီ
အကုန်ကျခံနေသည်ကိုကြည့်ခြင်း
အားဖြင့်သူ့ခွေးလေးအတွက်
အတော်ကလေးအကြင်နာတရား
ရှိပုံရသည်။
မကြာမီစားပွဲထိုးကောင်လေးလည်း
အမဲသားချက်ထုပ်အားကိုင်ကာ
ထိုအမျိုးထံသို့ရောက်လာလေသည်။
“အစ်မမှာထားတဲ့ဟင်းလေး
ရပါပြီခင်ဗျ”
“ပေး”
“ရော့ ဒီမှာ၅၀၀၀”
စားပွဲထိုးကောင်လေးဆီမှ
အမဲသားချက်ထုပ်အားစိတ်မရှည်ဟန်
ဖြင့်ဆွဲစောင့်ကာယူလိုက်ပြီး
ဆိုင်အပြင်သို့ထွက်သွားလေသည်။
“ဟွန်း တလောကလုံး
သူ့လုပ်စာထိုင်စားနေတယ်လို့
မှတ်နေသလားမသိဘူး။
ပြောပုံဆိုပုံကိုက ”
စားပွဲထိုးကောင်လေးလည်း
ထိုအမျိုးသမီးအားကြည့်ကာ
ပွစိပွစိပြောရင်းကျန်နေခဲ့သည်။
ထိုအမျိုးသမီးလည်း ဆိုင်အပြင်၌
ရပ်ထားသောကားရှေ့သို့ အရောက်
သူ့နံဘေးသို့ ခွေးလေးတစ်ကောင်က
အမြှီးနှံ့ပြီးရောက်လာလေသည်။
ခွေးလေးကြည့်ရသည်မှာ
ဆာလောင်မွတ်သိပ်နေပုံရသည်။
ထိုအမျိုးသမီးထံမှ အမဲသားဟင်းထုပ်
ကိုကြည့်ကာအမြှီးလေးတနှံ့နှံ့ရမ်း
နေလေသည်။
“ဟဲ့ ခွေး သွားစမ်း
ရွံစရာကောင်းလိုက်တာ၊ဘယ်က
ကလေကဝလမ်းဘေးခွေးတွေလည်း
မသိဘူး သွားစမ်း”
“တောက်”
ထိုအမျိုးသမီးကခွေးအား
ငေါက်ကာကားပေါ်သို့ တက်သွားလေ
သည်။
“ဝူး ဝူး ”
ထိုအမျိုးသမီးကားမောင်းထွက်သွား
သည်နှင့် လမ်းဘေးခွေးလေးလည်း
ရပ်ကျန်နေခဲ့လေသည်။
ထိုအချိန် လမ်းဘေးခွေးလေး
အနီးသို့ အမှိုက်ကောက်သည့်
အဘွားအိုတစ်ဦးရောက်လာလေသည်။
ထိုအဘွားအိုကအသက်၆၅
နှစ်ခန့်ရှိမည်ဖြစ်သည်။
တခေါင်းလုံးဖွေးနေသောဆံပင်ဖြူများ
ကိုလည်းအတိုင်းသားမြင်နေရသည်။
လက်ထဲတွင်လည်းသူကောက်၍
ရလာသည့်ဘူးခွံပုလင်းခွံများကို
လည်းအိတ်ကြီးတစ်အိတ်ဖြင့်
ကိုင်ဆွဲထားလေသည်။
ထိုအဘွားအိုကစားသောက်ဆိုင်မှ
စွန့်ပစ်သည့်ဘီယာခွံပုလင်းခွံရေသန့်
ဗူးခွံများအားအမြဲလာရောက်
ကောက်သူဖြစ်လေသည်။
ထိုအဘွားအိုကလမ်းဘေးခွေး
လေးအားကြည့်ကာစကားပြော
လေသည်။
“ဟဲ့ ခွေးလေး မင်းအရမ်းဆာနေသလား”
“အုဝူ အုအု”
ခွေးလေးကအဘွားအို၏
စကားအားနားလည်သည့်ဟန်ဖြင့်
အသံပေးနေလေသည်။
“အေးအေး ဒါဖြင့်ရင်
ခဏစောင့်နေနော်၊ငါဘူးခွံတွေသွားပြီး
ရောင်းလိုက်အုံးမယ်။
အပြန်ခါကြမှမင်းစားဖို့ ထမင်းဝယ်ကျွေးမယ် မင်းဒီနားကနေပဲစောင့် ဟုတ်ပြီလား”
“အု အု ဝူ ”
အဘွားအိုကခွေးလေး၏
ခေါင်းအားပွတ်သပ်ကာထွက်သွား
လေသည်။
လမ်းဘေးခွေးလေးလည်း
အဘွားအိုအလာကိုပလပ်ဖောင်းပေါ်
အိပ်၍စောင့်နေရှာလေသည်။
မကြာမီအဘွားအိုပြန်၍
ရောက်လာလေသည်။
လမ်းဘေးခွေးလေးက အဘွားအိုအား
မြင်တော့ခေါင်းလေးထောင်ပြီး
ကြည့်လေသည်။
အဘွားအိုကိုမြင်သည့်နှင့်
အမြှီးလေးနှံ့ကာကြိုနေလေသည်။
“မင်းစောင့်လိုက်ရတာကြာနေပြီလား
ခဏနေဦး ငါမင်းအတွက်
စားစရာတစ်ခုခုဝယ်လိုက်အုံးမယ်”
အဘွားအိုလည်း စားသောက်ဆိုင်၏
နောက်ဖေးပေါက်မှ စားပွဲထိုးလေး
တစ်ယောက်အားလှမ်းခေါ်လိုက်
လေသည်။
“မြေးလေး မြေးလေး ခဏ”
စားပွဲထိုးလေးလည်း ဆိုင်နောက်ဖေး၌ပန်းကန်များ
ဆေးနေရင်းအဘွားအို၏
ခေါ်သံအားကြားရလေသည်။
“အဘွား ဘာပြောချင်လို့လဲဗျ”
“မြေးလေး အဘွားကိုလေ
ထမင်းဖြူ လေးနဲ့ ကြက်သားတစ်တုံး
လောက်ရောင်းပါကွယ်။
အဘွားမှာပိုက်ဆံပါပါတယ်”
အဘွားအိုကသူ့လက်ထဲမှ
ပိုက်ဆံအနည်းငယ်အားစားပွဲထိုးလေ
မြင်အောင်ပြလိုက်လေသည်။
“ဟေ့ကောင် ငပိန်
အဲ့မှာဘာရပ်လုပ်နေတာလဲ”
ဆိုင်ရှင်အမျိုးသားက
မြင်ကာလှမ်းအော်လိုက်ခြင်းဖြစ်သည်။
“အာစရိ အဘွားက
ထမင်းဖြူ နဲ့ကြက်သားတစ်တုံး
မှာနေလို့ စကားပြောနေတာပါဗျ”
“ဒါဖြင့်ရင်လည်း လုပ်ပေးလိုက်လေကွာမြန်မြန်”
“ဟုတ်အာစရိ”
စားပွဲထိုးကောင်လေးလည်း
ဆိုင်၏မီးဖိုချောင်ထဲသို့ဝင်သွား
လေသည်။
“ဟေ့ကောင် ငပိန် ”
“ဗျာ အာစရိ”
“အဲ့ဒီအဘွားက တို့ဆိုင်နားမှာ
အမြဲတမ်းပုလင်းခွံလာလာကောက်
တဲ့အဘွားကြီးမလား”
“ဟုတ်တယ်လေ အာစရိရဲ့
ဘာဖြစ်လို့လဲ”
“သူ့ကိုထမင်းများများသာထည့်ပေး
လိုက်ပါကွာ၊ပြီးတော့ဟင်းအရည်လေးလည်း
ပိုထည့်ပေးလိုက်”
“ဟုတ်ကဲ့အာစရိ”
စားပွဲထိုးလေးလည်း ဆိုင်ပိုင်ရှင်
ခိုင်းသည့်အတိုင်းလုပ်ပေးလိုက်သည်။
“အဘွားရပါပြီဗျ”
“ရော့ရော့ မြေးလေး ဒီမှာပိုက်ဆံ”
“ဟုတ်ကဲ့ အဘွား
ကျွန်တော့်အာစရိက အဘွားစားဖို့
ထမင်းတွေအများကြီး
ထည့်ပေးလိုက်တယ်ဗျ”
“ကျေးဇူးပါကွယ်
ဒီလိုဆိုတော့ ခွေးလေးနဲ့အဘွားလည်း
ဝဝစားရတာပေါ့ကွယ်
သာဓုပါ သာဓုပါ”
အဘွားအိုအားထမင်းနှင့်
ဟင်းထုပ်ပေးပြီးစားပွဲထိုးကောင်လေး
လည်း ဆိုင်ထဲသို့ ပြန်ဝင်သွား
လေသည်။
“အာစရိ ဒီမှာပိုက်ဆံ”
“ဟင်…”အနုတ်တွေပါလား
ဒါအဘွားကြီးပေးသွားတဲ့ ပိုက်ဆံလား”
“ဟုတ်တယ်လေ အာစရိရဲ့
သူကအာစရိကိုကျေးဇူးတွေတင်ပြီး
သာဓုတွေပါခေါ်နေတာဗျ”
“ဘယ်လို ဘာဖြစ်လို့လဲကွ”
“အာစရိက သူ့ကိုထမင်းတွေဟင်းတွေပိုထည့်
ပေးလိုက်လို့ သူနဲ့ခွေးလေးလည်း
ဝဝစားလို့ရပြီလို့ပြောပြီး
သာဓုတွေခေါ်နေတာပဲဗျ”
“ဟုတ်လား အဲ့ဒီအဘွားက
ခွေးမွေးထားတာလား”
“မမွေးဘူးအာစရိရဲ့
စောနက ဆိုင်ရှေ့ကခွေးလေးကို
မြူနေတာတော့တွေ့တာပဲ
အဲ့ဒီခွေးကျွေးဖို့နေမှာပေါ့”
“ဟုတ်လား ဒါဆိုငါသွားကြည့်
လိုက်အုံးမယ်”
ဆိုင်ပိုင်ရှင်လည်း ဆိုင်ရှေ့သို့
ထွက်လာခဲ့သည်။
ဆိုင်နံဘေးရှိပလပ်ဖောင်းပေါ်၌
အမှိုက်ကောက်သည့်အဘွားကြီးက
လမ်းဘေးခွေးလေးအား
ထမင်းများချကျွေးနေသည်ကို
မြင်လိုက်ရလေသည်။
ထိုမြင်ကွင်းကိုမြင်ပြီး
ဆိုင်ပိုင်ရှင်၏စိတ်ထဲအတွေးများစွာ
ပေါ်လာခဲ့လေသည်။
“အင်း…လူသာဆင်းရဲပေမယ့်
စေတနာမဆင်းရဲတဲ့အဘွားပါလား
သူ့မှာတောင်အနိုင်နိုင်ရှာဖွေ
စားသောက်နေရပေမယ့် သူတစ်ပါး
ဝမ်းစာရေးကိုပါ ထည့်တွေးစဉ်းစား
တတ်တဲ့အဘွားပါလား။
တချို့ တွေများကြတော့
လမ်းဘေးကခွေးကိုခွေးလိုမထင်
သနားကြင်နာမှုမရှိ သိန်းချီပေးဝယ်ရတဲ့
ခွေးကိုမှခွေးလို့ထင်နေတဲ့
လူတွေလည်းရှိနေပါလား။
ဆိုင်ပိုင်ရှင်လည်း ထိုမြင်ကွင်း
ကိုကြည့်ပြီးဆိုင်ထဲပြန်ဝင်လာခဲ့
လေသည်။
“ငပိန်ရေ ခဏလာအုံး”
“ဗျာ အာစရိ”
“ရော့ ဒီမှာခုနကအဘွားပေးသွားတဲ့ပိုက်ဆံ
ပြန်ပေးလိုက်ပါ၊ပြီးတော့ အဘွားစားဖို့
ထမင်းနဲ့ဟင်းတွေဖွယ်ဖွယ်ရာရာ
တစ်ခါတည်းပေးလိုက် ငပိန်”
“ဘာဖြစ်လို့လဲ အာစရိ
ထူးထူးဆန်းဆန်းပါလား”
“ထူးဆန်းမှာပေါ့ ကွ
ထူးဆန်းတဲ့လူတွေကြောင့်ကိုး။
ဒီလိုလူပီသတဲ့အဘွားကို
ငါကလည်းပြန်ပြီးလူပီသချင်
လို့ပေါ့ကွာ……”
စားပွဲထိုးလေးလည်း
အမှိုက်ကောက်သည့်အဘွားအိုအား
ပိုက်ဆံနှင့်စားစရာများပါ
ပေးလိုက်လေသည်။
အဘွားအို၏သာဓုခေါ်သံက
ထပ်မံ၍လွင့်ပျံလာလေတော့သည်။
လမ်းဘေးကခွေးလေးတို့
သည်လည်းတိုက်ထဲမှခွေးများကဲ့သို့
ဆာလောင်တတ်ကြလေသည်။
လမ်းဘေးကခွေးလေးသည်လည်း
ဇိမ်ခံကားကြီးထဲမှခွေးကဲ့သို့
လိမ္မာတတ်ပါသည်။
လမ်းဘေးမှခွေးသည်လည်း
သိန်းဆယ်ချီပေးရသည့်ခွေးကဲ့သို့
သခင့်အပေါ်သစ္စာရှိကြပါသည်။
ထိုအရာကို
လမ်းဘေးခွေးဟုခေါ်ကြသည်။
တိလေးများအပေါ် သနားကြင်နာမှု
ရှိကြပါစေ။
#အောင်ဓူဝံ

Zawgyi Version

လမ္းေဘးေခြး(စ/ဆံုး)
—————————
လမ္းမျကီးေပၚ၌ လူမ်ား၊ကားမ်ား၊
စက္ဘီးဆိုင္ကယ္မ်ားျဖင့္ရႈပ္ေထြး
ေနျကေလသည္။
ေရာင္စံုကားမ်ားကတစ္စီးျပီးတစ္စီး
ေမာင္းႏွင္သြားျကေလသည္။
အျဖူအစိမ္းဝတ္ထားသည့္
ေက်ာင္းသူေက်ာင္းသားေလးမ်ား
ကလည္းစက္ဘီးကိုယ္စီျဖင့္
ေက်ာင္းတက္ရန္ေက်ာင္းရွိရာသို့
စက္ဘီးနင္းသြားျကေလသည္။
လမ္းနံေဘး၌ေရာင္းေနေသာ
ေစ်းသည္မ်ားကိုလည္းျမင္ေတြ့
ရေလသည္။
ထိုအခ်ိန္ဇိမ္ခံကားျကီးတစ္စင္းက
စားေသာက္ဆိုင္ျကီးတစ္ခုေရွ့သို့
ထိုးရပ္သြားေလသည္။
ကားထဲမွအသက္၃၀ေက်ာ္ခန့္
အမ်ိုးသမီးတစ္ဦးကကားေပၚမွ
ဆင္းလာသည္ကိုျမင္လိုက္ရေလသည္။
ကားေနာက္ခန္းတြင္ေတာ့
ျပတင္းေပါက္အားေမးတင္၍
အျပင္သို့ျကည့္ေနေသာ
အေမႊးပြပြေခြးေလးတစ္ေကာင္ကို
လည္းျမင္ရေလသည္။
ထိုအမ်ိုးသမီးက စားေသာက္ဆိုင္
ျကီးထဲသို့ဝင္သြားေလသည္။
အမ်ိုးသမီးကစားေသာက္ဆိုင္ထဲမွ
စားပြဲထိုးေလးတစ္ေယာက္အား
အသံေပး၍လွမ္းေခၚလိုက္ေလသည္။
“ဟိတ္ စားပြဲထိုး ခ်ူး ခ်ူး”
စားပြဲထိုးေကာင္ေလးလည္း
ထိုအမ်ိုးသမီးဆီသို့ အေျပးေလး
ေရာက္လာျပီး……
“အမဘာမွာခ်င္လို့လဲ ခင္ဗ်”
“မင္းတို့ဆိုင္မွာ အမဲသားတို့
ဘာတို့ရလား”
“ဟုတ္အစံုရပါတယ္ခင္ဗ်
အမဲေျခာက္ဖုတ္၊အမဲနံရိုး၊အမဲစြတ္ျပုတ္
အမဲသားခ်က္၊အမဲႏွပ္အစံုရွိပါတယ္
ခင္ဗ်”
“ဒါျဖင့္ရင္ အစ္မကို
အမဲသားခ်က္၅၀၀၀ဖိုးေပး”
“အစ္မစားဖို့လားခင္ဗ်”
“ဟယ္ ေတာ္ေတာ္စကားမ်ားတဲ့
ကေလးပဲ၊ငါစားဖို့မဟုတ္ဘူး
ငါ့အိမ္ကေခြးစားဖို့ေဟ့ သိျပီလား
လ်ာကိုရွည္တယ္ သြားျမန္ျမန္
အျကာျကီးမေစာင့္နိုင္ဘူး…”
ထိုအမ်ိုးသမီးေအာ္သံေျကာင့္
ဆိုင္ထဲမွာထိုင္ေနေသာလူမ်ားက
ဝိုင္းျပီးျကည့္ေနျကေလသည္။
စားပြဲထိုးေကာင္ေလးလည္း
ရွက္ကိုးရွက္ကန္းျဖစ္သြားရေလသည္။
“ဟုတ္ ဟုတ္အစ္မ
ခဏေလးေစာင့္ေပးပါေနာ္
ျမန္ျမန္ယူလာခဲ့ပါ့မယ္ဗ်……”
ထိုအမ်ိုးသမီးက ေငါက္လိုက္မွ
စားပြဲထိုးေကာင္ေလးလည္း
အတြင္းထဲသို့ဝင္သြားေလသည္။
ထိုအမ်ိုးသမီးက
သူ့အိမ္မွာေမြးထားသည့္
ေခြးစားဖို့အတြက္ပိုက္ဆံေထာင္ခ်ီ
ေသာင္းခ်ီ
အကုန္က်ခံေနသည္ကိုျကည့္ျခင္း
အားျဖင့္သူ့ေခြးေလးအတြက္
အေတာ္ကေလးအျကင္နာတရား
ရွိပံုရသည္။
မျကာမီစားပြဲထိုးေကာင္ေလးလည္း
အမဲသားခ်က္ထုပ္အားကိုင္ကာ
ထိုအမ်ိုးထံသို့ေရာက္လာေလသည္။
“အစ္မမွာထားတဲ့ဟင္းေလး
ရပါျပီခင္ဗ်”
“ေပး”
“ေရာ့ ဒီမွာ၅၀၀၀”
စားပြဲထိုးေကာင္ေလးဆီမွ
အမဲသားခ်က္ထုပ္အားစိတ္မရွည္ဟန္
ျဖင့္ဆြဲေစာင့္ကာယူလိုက္ျပီး
ဆိုင္အျပင္သို့ထြက္သြားေလသည္။
“ဟြန္း တေလာကလံုး
သူ့လုပ္စာထိုင္စားေနတယ္လို့
မွတ္ေနသလားမသိဘူး။
ေျပာပံုဆိုပံုကိုက ”
စားပြဲထိုးေကာင္ေလးလည္း
ထိုအမ်ိုးသမီးအားျကည့္ကာ
ပြစိပြစိေျပာရင္းက်န္ေနခဲ့သည္။
ထိုအမ်ိုးသမီးလည္း ဆိုင္အျပင္၌
ရပ္ထားေသာကားေရွ့သို့ အေရာက္
သူ့နံေဘးသို့ ေခြးေလးတစ္ေကာင္က
အျမွီးႏွံ႔ျပီးေရာက္လာေလသည္။
ေခြးေလးျကည့္ရသည္မွာ
ဆာေလာင္မြတ္သိပ္ေနပံုရသည္။
ထိုအမ်ိုးသမီးထံမွ အမဲသားဟင္းထုပ္
ကိုျကည့္ကာအျမွီးေလးတႏွံ႔ႏွံ႔ရမ္း
ေနေလသည္။
“ဟဲ့ ေခြး သြားစမ္း
ရံြစရာေကာင္းလိုက္တာ၊ဘယ္က
ကေလကဝလမ္းေဘးေခြးေတြလည္း
မသိဘူး သြားစမ္း”
“ေတာက္”
ထိုအမ်ိုးသမီးကေခြးအား
ေငါက္ကာကားေပၚသို့ တက္သြားေလ
သည္။
“ဝူး ဝူး ”
ထိုအမ်ိုးသမီးကားေမာင္းထြက္သြား
သည္ႏွင့္ လမ္းေဘးေခြးေလးလည္း
ရပ္က်န္ေနခဲ့ေလသည္။
ထိုအခ်ိန္ လမ္းေဘးေခြးေလး
အနီးသို့ အမိႈက္ေကာက္သည့္
အဘြားအိုတစ္ဦးေရာက္လာေလသည္။
ထိုအဘြားအိုကအသက္၆၅
ႏွစ္ခန့္ရွိမည္ျဖစ္သည္။
တေခါင္းလံုးေဖြးေနေသာဆံပင္ျဖူမ်ား
ကိုလည္းအတိုင္းသားျမင္ေနရသည္။
လက္ထဲတြင္လည္းသူေကာက္၍
ရလာသည့္ဘူးခြံပုလင္းခြံမ်ားကို
လည္းအိတ္ျကီးတစ္အိတ္ျဖင့္
ကိုင္ဆြဲထားေလသည္။
ထိုအဘြားအိုကစားေသာက္ဆိုင္မွ
စြန့္ပစ္သည့္ဘီယာခြံပုလင္းခြံေရသန့္
ဗူးခြံမ်ားအားအျမဲလာေရာက္
ေကာက္သူျဖစ္ေလသည္။
ထိုအဘြားအိုကလမ္းေဘးေခြး
ေလးအားျကည့္ကာစကားေျပာ
ေလသည္။
“ဟဲ့ ေခြးေလး မင္းအရမ္းဆာေနသလား”
“အုဝူ အုအု”
ေခြးေလးကအဘြားအို၏
စကားအားနားလည္သည့္ဟန္ျဖင့္
အသံေပးေနေလသည္။
“ေအးေအး ဒါျဖင့္ရင္
ခဏေစာင့္ေနေနာ္၊ငါဘူးခြံေတြသြားျပီး
ေရာင္းလိုက္အံုးမယ္။
အျပန္ခါျကမွမင္းစားဖို့ ထမင္းဝယ္ေက်ြးမယ္ မင္းဒီနားကေနပဲေစာင့္ ဟုတ္ျပီလား”
“အု အု ဝူ ”
အဘြားအိုကေခြးေလး၏
ေခါင္းအားပြတ္သပ္ကာထြက္သြား
ေလသည္။
လမ္းေဘးေခြးေလးလည္း
အဘြားအိုအလာကိုပလပ္ေဖာင္းေပၚ
အိပ္၍ေစာင့္ေနရွာေလသည္။
မျကာမီအဘြားအိုျပန္၍
ေရာက္လာေလသည္။
လမ္းေဘးေခြးေလးက အဘြားအိုအား
ျမင္ေတာ့ေခါင္းေလးေထာင္ျပီး
ျကည့္ေလသည္။
အဘြားအိုကိုျမင္သည့္ႏွင့္
အျမွီးေလးႏွံ႕ကာျကိုေနေလသည္။
“မင္းေစာင့္လိုက္ရတာျကာေနျပီလား
ခဏေနဦး ငါမင္းအတြက္
စားစရာတစ္ခုခုဝယ္လိုက္အံုးမယ္”
အဘြားအိုလည္း စားေသာက္ဆိုင္၏
ေနာက္ေဖးေပါက္မွ စားပြဲထိုးေလး
တစ္ေယာက္အားလွမ္းေခၚလိုက္
ေလသည္။
“ေျမးေလး ေျမးေလး ခဏ”
စားပြဲထိုးေလးလည္း ဆိုင္ေနာက္ေဖး၌ပန္းကန္မ်ား
ေဆးေနရင္းအဘြားအို၏
ေခၚသံအားျကားရေလသည္။
“အဘြား ဘာေျပာခ်င္လို့လဲဗ်”
“ေျမးေလး အဘြားကိုေလ
ထမင္းျဖူ ေလးနဲ႔ ျကက္သားတစ္တံုး
ေလာက္ေရာင္းပါကြယ္။
အဘြားမွာပိုက္ဆံပါပါတယ္”
အဘြားအိုကသူ့လက္ထဲမွ
ပိုက္ဆံအနည္းငယ္အားစားပြဲထိုးေလ
ျမင္ေအာင္ျပလိုက္ေလသည္။
“ေဟ့ေကာင္ ငပိန္
အဲ့မွာဘာရပ္လုပ္ေနတာလဲ”
ဆိုင္ရွင္အမ်ိုးသားက
ျမင္ကာလွမ္းေအာ္လိုက္ျခင္းျဖစ္သည္။
“အာစရိ အဘြားက
ထမင္းျဖူ နဲ႔ျကက္သားတစ္တံုး
မွာေနလို့ စကားေျပာေနတာပါဗ်”
“ဒါျဖင့္ရင္လည္း လုပ္ေပးလိုက္ေလကြာျမန္ျမန္”
“ဟုတ္အာစရိ”
စားပြဲထိုးေကာင္ေလးလည္း
ဆိုင္၏မီးဖိုေခ်ာင္ထဲသို့ဝင္သြား
ေလသည္။
“ေဟ့ေကာင္ ငပိန္ ”
“ဗ်ာ အာစရိ”
“အဲ့ဒီအဘြားက တို့ဆိုင္နားမွာ
အျမဲတမ္းပုလင္းခြံလာလာေကာက္
တဲ့အဘြားျကီးမလား”
“ဟုတ္တယ္ေလ အာစရိရဲ့
ဘာျဖစ္လို့လဲ”
“သူ့ကိုထမင္းမ်ားမ်ားသာထည့္ေပး
လိုက္ပါကြာ၊ျပီးေတာ့ဟင္းအရည္ေလးလည္း
ပိုထည့္ေပးလိုက္”
“ဟုတ္ကဲ့အာစရိ”
စားပြဲထိုးေလးလည္း ဆိုင္ပိုင္ရွင္
ခိုင္းသည့္အတိုင္းလုပ္ေပးလိုက္သည္။
“အဘြားရပါျပီဗ်”
“ေရာ့ေရာ့ ေျမးေလး ဒီမွာပိုက္ဆံ”
“ဟုတ္ကဲ့ အဘြား
က်ြန္ေတာ့္အာစရိက အဘြားစားဖို့
ထမင္းေတြအမ်ားျကီး
ထည့္ေပးလိုက္တယ္ဗ်”
“ေက်းဇူးပါကြယ္
ဒီလိုဆိုေတာ့ ေခြးေလးနဲ႔အဘြားလည္း
ဝဝစားရတာေပါ့ကြယ္
သာဓုပါ သာဓုပါ”
အဘြားအိုအားထမင္းနွင့္
ဟင္းထုပ္ေပးျပီးစားပြဲထိုးေကာင္ေလး
လည္း ဆိုင္ထဲသို့ ျပန္ဝင္သြား
ေလသည္။
“အာစရိ ဒီမွာပိုက္ဆံ”
“ဟင္…”အႏုတ္ေတြပါလား
ဒါအဘြားျကီးေပးသြားတဲ့ ပိုက္ဆံလား”
“ဟုတ္တယ္ေလ အာစရိရဲဲ့
သူကအာစရိကိုေက်းဇူးေတြတင္ျပီး
သာဓုေတြပါေခၚေနတာဗ်”
“ဘယ္လို ဘာျဖစ္လို့လဲကြ”
“အာစရိက သူ့ကိုထမင္းေတြဟင္းေတြပိုထည့္
ေပးလိုက္လို့ သူနဲ့ေခြးေလးလည္း
ဝဝစားလို့ရျပီလို့ေျပာျပီး
သာဓုေတြေခၚေနတာပဲဗ်”
“ဟုတ္လား အဲ့ဒီအဘြားက
ေခြးေမြးထားတာလား”
“မေမြးဘူးအာစရိရဲ႕
ေစာနက ဆိုင္ေရွ့ကေခြးေလးကို
ျမူေနတာေတာ့ေတြ့တာပဲ
အဲ့ဒီေခြးေက်ြးဖို့ေနမွာေပါ့”
“ဟုတ္လား ဒါဆိုငါသြားျကည့္
လိုက္အံုးမယ္”
ဆိုင္ပိုင္ရွင္လည္း ဆိုင္ေရွ့သို့
ထြက္လာခဲ့သည္။
ဆိုင္နံေဘးရွိပလပ္ေဖာင္းေပၚ၌
အမိႈက္ေကာက္သည့္အဘြားျကီးက
လမ္းေဘးေခြးေလးအား
ထမင္းမ်ားခ်ေက်ြးေနသည္ကို
ျမင္လိုက္ရေလသည္။
ထိုျမင္ကြင္းကိုျမင္ျပီး
ဆိုင္ပိုင္ရွင္၏စိတ္ထဲအေတြးမ်ားစြာ
ေပၚလာခဲ့ေလသည္။
“အင္း…လူသာဆင္းရဲေပမယ့္
ေစတနာမဆင္းရဲတဲ့အဘြားပါလား
သူ့မွာေတာင္အနိုင္နိုင္ရွာေဖြ
စားေသာက္ေနရေပမယ့္ သူတစ္ပါး
ဝမ္းစာေရးကိုပါ ထည့္ေတြးစဥ္းစား
တတ္တဲ့အဘြားပါလား။
တခ်ို့ ေတြမ်ားျကေတာ့
လမ္းေဘးကေခြးကိုေခြးလိုမထင္
သနားျကင္နာမႈမရွိ သိန္းခ်ီေပးဝယ္ရတဲ့
ေခြးကိုမွေခြးလို့ထင္ေနတဲ့
လူေတြလည္းရွိေနပါလား။
ဆိုင္ပိုင္ရွင္လည္း ထိုျမင္ကြင္း
ကိုျကည့္ျပီးဆိုင္ထဲျပန္ဝင္လာခဲ့
ေလသည္။
“ငပိန္ေရ ခဏလာအံုး”
“ဗ်ာ အာစရိ”
“ေရာ့ ဒီမွာခုနကအဘြားေပးသြားတဲ့ပိုက္ဆံ
ျပန္ေပးလိုက္ပါ၊ျပီးေတာ့ အဘြားစားဖို့
ထမင္းနဲ႔ဟင္းေတြဖြယ္ဖြယ္ရာရာ
တစ္ခါတည္းေပးလိုက္ ငပိန္”
“ဘာျဖစ္လို့လဲ အာစရိ
ထူးထူးဆန္းဆန္းပါလား”
“ထူးဆန္းမွာေပါ့ ကြ
ထူးဆန္းတဲ့လူေတြေျကာင့္ကိုး။
ဒီလိုလူပီသတဲ့အဘြားကို
ငါကလည္းျပန္ျပီးလူပီသခ်င္
လို့ေပါ့ကြာ……”
စားပြဲထိုးေလးလည္း
အမိႈက္ေကာက္သည့္အဘြားအိုအား
ပိုက္ဆံႏွင့္စားစရာမ်ားပါ
ေပးလိုက္ေလသည္။
အဘြားအို၏သာဓုေခၚသံက
ထပ္မံ၍လြင့္ပ်ံလာေလေတာ့သည္။
လမ္းေဘးကေခြးေလးတို့
သည္လည္းတိုက္ထဲမွေခြးမ်ားကဲ့သို့
ဆာေလာင္တတ္ျကေလသည္။
လမ္းေဘးကေခြးေလးသည္လည္း
ဇိမ္ခံကားျကီးထဲမွေခြးကဲ့သို့
လိမၼာတတ္ပါသည္။
လမ္းေဘးမွေခြးသည္လည္း
သိန္းဆယ္ခ်ီေပးရသည့္ေခြးကဲ့သို့
သခင့္အေပၚသစၥာရွိျကပါသည္။
ထိုအရာကို
လမ္းေဘးေခြးဟုေခၚျကသည္။
တိေလးမ်ားအေပၚ သနားျကင္နာမႈ
ရွိျကပါေစ။
#ေအာင္ဓူဝံ