တမလွန်မှတောင်းသောထီးတစ်ချောင်း(စ/ဆုံး)

Unicode Version

တမလွန်မှတောင်းသောထီးတစ်ချောင်း(စ/ဆုံး)
——————————————————–
ဦးထွန်းလှအောင်သည် မနက်ဖြန် ခရီးထွက်ရမည်ဖြစ်၍ ရုံးဆင်းချိန် လွန်
သော်လည်းအိမ်သို့မပြန်နိုင်သေးပဲမပြီး
ပြတ်သေးသောအလုပ်များကို ဆက်၍
လုပ်နေခဲ့သည်။ ရုံးအုပ်ကြီးဖြစ်၍ မိမိ
တာဝန်ယူထားရသော အလုပ်များ
အကြွေးမကျန်စေရန် အားကြိုးမာန်
တက်လုပ်နေရသဖြင့် အချိန်ကုန်မှန်း
ပင်မသိလိုက်ပါ။
သတိရ၍ နာရီကြည့်လိုက်သော

အခါ (၈)နာရီကျော်နေကြောင်း တွေ့ လိုက်ရသည်။ အလွန်နောက်ကျပါက
ဘတ်စ်ကားမရတတ်၍ အလုပ်များကို
ဖြတ်လိုက်ပြီးအိမ်ပြန်ရန်ပြင်ဆင်ရတော့
သည်။ ည(၈)နာရီကျော်သဖြင့် ရုံးပေါ်
တွင် ညတာဝန်ကျဝန်ထမ်းများမှလွဲ၍
ရှိမနေတော့ပါ။ ရုံးခန်းတံခါးကို သော့
ခတ်နေစဉ် အပြင်လောကတွင် မိုးပြင်း
ပြင်းထန်ထန် ရွာနေသည်ကို သိလိုက်
ရသည်။ မိုးရွာသည်ကိုမြင်ရမှ ထီးကိုည

တာဝန်ကျမောင်မောင် ယူသွားသည် ကို သတိရသည်။ မောင်မောင်သည်
အောက်ထပ်တာဝန်မှူးရုံးခန်းတွင် ရှိ
မည်ဖြစ်၍သော့အပ်ရင်းထီးတောင်းယူ
ရမည်ဖြစ်သည်။ဦးထွန်းလှအောင်သည်
အခန်းသော့ကို တာဝန်မှူးကြီးထံ အပ်
လိုက်ပြီး မောင်မောင်ကို မမြင်၍ ပေး
လိုက်သည်။
“တာဝန်မှူးမောင်မောင်ရေ…”
“မောင်မောင် – လက်ဖက်ရည်ဆိုင်
သွားတယ်”
“ဘယ်ဆိုင်လဲ – မြစံပယ်လား”
“ဟုတ်ပါတယ်”
မြစံပယ်သည် ရုံးရှေ့တွင် ရှိသဖြင့်
ရုံးနှင့်နီးသည်။ ရုံးနှင့်နီးသော်လည်း မိုး
ရောလေပါထန်နေသဖြင့် သွားရန်ခက်
နေသည်။ တာဝန်မှူးအခန်းတွင်လည်း
ထီးမမြင်သဖြင့် ရုံးပေါက်ဝသို့ ထွက်
လိုက်သည်။ ရုံးအဝင် တံခါးပေါက်အနီး
သံဆန်ခါတွင် ထီးအပြာတစ်ချောင်းကို
ချိတ်လျက်တွေ့ရသည်။ ထိုထီးကလေး
ကို ခဏယူသွားလျှင် အဆင်ပြေမည်။
ထိုထီးကိုငေးကြည့်နေစဉ်တာဝန်မှူးက

နောက်က ရောက်လာသည်။
“အဲဒီထီးကို ညနေကတည်းက တွေ့နေတာ။ ပိုင်ရှင် မေ့ကျန်ခဲ့တာ ဖြစ်
မယ်။ ဒီညတော့ – ပြန်လာယူမှာမဟုတ် ပါဘူး။ အဲဒီထီးကို ယူသွားပေါ့” “ဟုတ်ကဲ့ – ကျေးဇူးတင်ပါတယ်။ ဒီထီးကို မောင်မောင်နဲ့ ပြန်ပေးလိုက်
ပါမယ်”
ဦးထွန်းလှအောင်ထိုထီးကိုဆောင်း
ပြီး ရုံးရှေ့သို့ ထွက်ခဲ့သည်။ ထီးမှာ ဂျပန်
ထီးအကောင်းစားဖြစ်သည်။ထီးရိုးတွင် K.M.Z ဟု အတိုကောက် စာသုံးလုံး ကို တွေ့ရသည်။ မိုးရွာထဲမှ ဖြတ်ကူး၍
မြစံပယ်လက်ဖက်ရည်ဆိုင်အတွင်းသို့
ဝင်ခဲ့သည်။ ဆိုင်တွင် လူရှင်းနေပြီးစားပွဲ သုံးဝိုင်းတွင်သာ လူရှိပါသည်။ မောင်
မောင်ကိုလုံးဝမတွေ့ရပါ။
မောင်မောင်ကိုမတွေ့ရသဖြင့်ဆိုင်
ထဲကထွက်ခဲ့ပြီးပတ်ဝန်းကျင်လက်ဖက်
ရည်ဆိုင်များသို့ လှည့်ပတ်ကြည့်ပါ
သည်။ တစ်ဆိုင်ပြီးတစ်ဆိုင် ရှာသော် လည်း မောင်မောင်ကို မတွေ့ပါ။ လမ်းမ ကြီးပေါ်ပြန်ရောက်လာပြီး မည်သည့်

နေရာကို ဆက်လက်ရှာဖွေရမည်ကို
မစဉ်းစားတတ်အောင် ရှိနေစဉ် တက္ကစီ
ကားတစ်စီးက အနီးတွင် ရပ်လာသည်။
သေချာကြည့်မှ တူတော်မောင် ဘလှ
ဖြစ်နေကြောင်း သိရသည်။
“ဦးလေး- အိမ်ပြန်မှာမဟုတ်လား။
လာလေ – ကားပေါ်တက်၊ မိုးသိပ်ရွာနေ
တယ်”
“ဟာ- ဘလှပါလား။ လိုက်တော့
လိုက်ချင်တယ်။ ဒါပေမဲ့ – ရုံးခဏ ပြန်
ချင်သေးတယ်။ ဒီထီးကိုပြန်ပို့ရဦးမယ်”
“အရေးမကြီးရင် နောက်မှပေးပါ-
ဦးလေးရယ်။ မိုးတွေ သိပ်ရွာနေတော့
သိပ်ချမ်းနေပြီ။ အိမ်ကို မြန်မြန်ရောက်မှ
ဖြစ်မယ်”
ဦးထွန်းလှအောင်သည် စဉ်းစား မနေတော့ပဲကားပေါ်အမြန်တက်လိုက်
သည်။ မိုးက သည်းနေသဖြင့် ဘလှနှင့် တွေ့ ၍သာ အိမ်သို့ စောစောရောက် သည်။ထီးအကြောင်းစဉ်းစားမနေတော့
ပဲ နောက်နေ့ခရီးထွက်ရန်ကိစ္စသာ စဉ်း စားရသည်။ အိမ်ရောက်သည်နှင့် ပြင် ဆင်စရာများကိုပြင်ဆင်ပြီးအိပ်ရာဝင်ခဲ့

သည်။ နံနက်ရုံးကားက (၅)နာရီတွင်
လာခေါ်မည်ဖြစ်၍ စောစောနိုးရန်သတိ
ထား၍အိပ်ရသည်။ ရုတ်တရက် အိပ် မပျော်သဖြင့်ကြိုးစား၍အိပ်ပျော်အောင်
အိပ်လိုက်ရသည်။ “ဟေ့လူ-ထ-ထ”
တစ်စုံတစ်ယောက်က လာနှိုး
သဖြင့် အိပ်ရာက လူးလဲထလိုက်သည်။
“ကျုပ်ထီး ပြန်ပေးလေ”
အသားဖြူဖြူပိန်ပိန်သွယ်သွယ်လူ
ရွယ်တစ်ဦးထီးပြန်ပေးပါဟုတောင်းနေ
ပါသည်။
“ရုံးတံခါးမှာချိတ်ထားတဲ့ကျုပ်ထီး
ကို ခင်ဗျားယူသွားတယ်လေ”
လူရွယ်က ထပ်ပြောမှ ရုံးက ယူမိ
ခဲ့သောထီးကို သတိရမိသည်။
“ဟုတ်ကဲ့ – ပေးပါ့မယ်။ ဟိုနံရံမှာ
ချိတ်ထားပါတယ် – ယူသွားလိုက်ပါ”
“ခင်ဗျားယူလာတဲ့ မူလနေရာမှာ
ပြန်ထားပေးပါ – ဒါပဲ။ ကျုပ်သွားပြီ”
“ဟေ့လူ-ဟေ့လူ”
ဦးထွန်းလှအောင်ကအော်ခေါ်ရင်း
ရုတ်တရက်အိပ်ရာနိုးသွားသည်။ထီးကို

ကြည့်လိုက်ရာ နံရံမှာရှိနေကြောင်း မြင် ရမှအိပ်မက်မှန်း သိရသည်။ ထီးကိုစိတ်
စွဲ၍ အိပ်မက်မက်ခြင်းဖြစ်သည်ဟု ထင်
မိသည်။နာရီကိုကြည့်လိုက်ရာလေးနာရီ ကျော်နေပြီဖြစ်၍ပြန်မအိပ်တော့ပဲ အိပ် ရာကထလိုက်ပါသည်။
C
နံနက်(၅)နာရီတိတိတွင် အိမ်ရှေ့ သို့ရုံးကားရောက်လာသဖြင့်ပစ္စည်းများ ယူကာကားပေါ်တက်လိုက်သည်။ အဖွဲ့
ဝင်များ စုံလင်စွာတွေ့ရပြီး အဖွဲ့ခေါင်း
ဆောင်မန်နေဂျာကို ရှစ်မိုင်တွင် ဝင်ခေါ်
ရန်သာကျန်တော့သည်။ ရှစ်မိုင်ရောက်
သည့်အခါ မန်နေဂျာက အသင့်စောင့်
နေသဖြင့်မန်နေဂျာကားပေါ်တက်သည်
နှင့် ပြည်မြို့သို့ ဦးတည်ကာ ကားထွက်
ခဲ့ပါသည်။ ကားပေါ်ပါလာသူများမှာ မိုးမလင်းသေးသဖြင့် အိပ်ငိုက်နေကြ
သည်။
ဦးထွန်းလှအောင်သာအိပ်ချင်စိတ် မရှိပဲထူးဆန်းသောအိပ်မက်ကို သတိရ

နေသည်။အိပ်မက်ထဲကလူရွယ်မှာထီး
ပိုင်ရှင်ဖြစ်နိုင်ပြီး သူ၏ထီးမိမိထံရောက်
နေသည်ကို မည်သို့သိရှိနေသည်ကို
စဉ်းစားမရအောင် ရှိပါသည်။ ထိုထို
အကြောင်းတွေးရင်း ကြက်သီးထလာ
သလို ခံစားရသည်။ ထိုထီးကို တစ်
စက္ကန့်ပင် မထားလိုပဲ မူလနေရာသို့ ပြန်
ပို့လိုသော်လည်းတာဝန်အရ ခရီးထွက်
နေရသဖြင့် ပြန်ရောက်မှပို့ပေးနိုင်တော့
မည်။ လက်ပံတန်းသို့ရောက်သည့်အခါ
နေ့လယ်စာစားပြီး ခရီးဆက်၍ ထွက်ခဲ့
ရာ နေ့လယ်တွင် ပြည်မြို့သို့ ရောက်ပါ
သည်။
ပြည်ရုံးမှ စာရင်းဇယားများ စစ်
ဆေးရမည်ဖြစ်ရာရုံးသို့ရောက်သည်နှင့်
စစ်ဆေးရမည့် စာရင်းများကိုအဖွဲ့ခေါင်း ဆောင်က ခွဲဝေပေးပါသည်။ မိမိတာဝန်
ယူရသည့်အပိုင်းကို မှန်ကန်တိကျ အောင် စစ်ဆေးရသည်။ တစ်နေကုန် စာရင်းများကိုစစ်ဆေးပြီးညနေရုံးဆင်း ချိန်မှရပ်နားကြရသည်။ ညတွင်ရုံးအပေါ် ထပ်တွင် အစီအရီ အိပ်ကြရသည်။ ဦးထွန်းလှအောင်မှာညအိပ်ရာမဝင်ခင်

ဘုရားရှိခိုး၊ ထီးပိုင်ရှင်ကို မေတ္တာပို့ပြီးမှ
အိပ်ရာဝင်ခဲ့သည်။နေရာပြောင်း၊အိပ်ရာ
ပြောင်းဖြစ်၍ရုတ်တရက်အိပ်မပျော်ပါ။
အတူလာသော ဝန်ထမ်းများအားလုံး
အိပ်မောကျနေကြပြီဖြစ်၍ အိပ်ပျော် အောင် ကြိုးစားအိပ်လိုက်ရသည်။ “cury-00-00”
တစ်စုံတစ်ယောက်က နှိုးလိုက်၍
လန့်နိုးသွားပါသည်။
“ကျုပ်ထီးကို မူလနေရာ ပြန်ပို့ဖို့
မမေ့နဲ့နော်”
ယမန်နေ့ကလာသော လူရွယ်ဖြစ်
ထွက်သွားပါသည်။ ထီးပိုင်ရှင်ယခုတစ်
သည်။လူရွယ်ကိုပြန်မပြောနိုင်ခင်သူက
ခေါက်လာခြင်းမှာထီးကိုတောင်းခံခြင်း
မဟုတ်ပဲ သတိပေးရန် ရောက်လာခြင်း သာ ဖြစ်သည်။ ရန်ကုန်နှင့် မိုင်နှစ်ရာ နီးပါး ဝေးကွာသည့် ပြည်အထိလိုက် လာခြင်းမှာ ထူးဆန်းလှပေသည်။ အိပ် မက်တွင် ထိုလူရွယ်ကို တွေ့လိုက်တိုင်း ရင်ခုန်ရပါသည်။ အားလုံးအိပ်မောကျ နေချိန်ဖြစ်၍သူလည်းပြန်အိပ်နေလိုက် သည်။ အားလုံး အိပ်မောကျနေသဖြင့်

သူ့အဖြစ်ကို သတိထားမိပုံ မရပါ။ ပြန်၍ အိပ်ပါက နောက်ထပ်အိပ်မက် မက်နေ
မည်စိုး၍မအိပ်ရဲတော့ပါ။ နှုတ်ကဘုရား
စာများကိုရွတ်ဖတ်ရင်းအိပ်ပျော်သွားပါ
သည်။
C
နောက်နေ့တွင် လုပ်ငန်းများကို
ပြီးစီးအောင်လုပ်ကြသည်။ မပြီးစီးသေး
သူများကိုပြီးသူများက ဝိုင်းကူ၍ဆောင်
ရွက်ကြရာ မနက်ပိုင်းတွင် စာရင်းအား
လုံး စစ်ဆေးပြီးစီးပါသည်။ အဖွဲ့ခေါင်း
ဆောင်က ပြီးစီးသော စာရင်းများကို
အသေးစိတ်စစ်ဆေးပြီးလုပ်ငန်းကိုရပ်
နားလိုက်ကြသည်။
နေ့လယ်စာစားပြီးလျှင် ရန်ကုန်သို့
ပြန်ကြရတော့မည်ဖြစ်၍ အားလုံးပျော်
ရွှင်နေကြပါသည်။ အထူးသဖြင့် ဦးထွန်း
လှအောင်မှာ အပျော်ဆုံးဖြစ်သည်။
ရန်ကုန်သို့ မြန်မြန်ရောက်မှ သူ့ထီးကို
မူလနေရာသို့ ပြန်ပို့နိုင်မည်ဖြစ်သည်။
နေမဝင်မီသာ ရန်ကုန်သို့ ရောက်ပါက

ချက်ချင်းပြန်ပို့ရန်စိတ်ကူးထားပါသည်။
အချိန်မတော်မှ ရန်ကုန်သို့ရောက်ပါက
ထီးကို နေ့ချင်းပြန်ပို့ရန် မလွယ်ပါ။ တစ်
ရက်အချိန်ပိုကြာပါကထီးပိုင်ရှင်ရောက်
လာမည်ကို ရင်မဆိုင်ဝံ့တော့ပါ။ ထီးပိုင်
ရှင်သည် သွားလေရာကိုလိုက်၍ သတိ
ပေးနေခြင်းဖြစ်၍ လူသားတော့ မဖြစ်
နိုင်ပါ။ တန်ခိုးရှင်တစ်ဦးသာ ဖြစ်နိုင်ပါ
သည်။
ဝိညာဉ်တစ်ကောင်သာဖြစ်ပါက
မိမိကို ဒုက္ခပေးနိုင်သဖြင့် ကြောက်စရာ ကောင်းပါသည်။ ဝိညာဉ်ကောင်ကို ကိုယ်တိုင်တွေ့ရန်မဆိုထားနှင့်အိပ်မက်
တွင်ပင် ထပ်မံမတွေ့လိုပါ။ ဝိညာဉ်
ကောင်ကမိမိကိုအန္တရာယ်မပြုမီထီးကို
မူလနေရာသို့ ပြန်ပို့ချင်နေပါသည်။
ရန်ကုန်သို့ရောက်ပါက အချိန်မဆိုင်းပဲ
ပို့ရန်သာ စိတ်ကူးမိပါသည်။ ဦးထွန်းလှအောင်က ရန်ကုန်သို့ အမြန်ရောက်ချင်သော်လည်း ပြည်မှ ညနေမှ ထွက်ဖြစ်သည်။ စာရင်းဇယား များ ပြန်လည်ညှိနှိုင်းနေရသဖြင့် အချိန် ကြာခဲ့ရသည်။အချိန်ပြောင်းသွားသည့်

အတွက် ထီးပို့ရန် ခက်သွားပြန်သည်။
ညဦးပိုင်းသာရောက်ပါက
ချက်ချင်းပို့ရန်
ဖြစ်သော်လည်း ညဉ့်နက်ပိုင်းမှ ရန်ကုန် သို့ရောက်ပါကနောက်နေ့မှပို့နိုင်တော့
မည်။ တစ်ညထီးကိုလက်ခံထားရပါက
တစ်ညအတွက်တာဝန်ကြီးလှပါသည်။
နောက်ဆုံးညအဖြစ်လက်ခံထားရပါက
အိပ်မက်တွင် ထီးပိုင်ရှင်နှင့် တွေ့ရမည်
ကို ကြောက်လန့်နေမိသည်။ အိမ်သို့
အမြန်ရောက်ချင်သဖြင့် ကားကို နှေး
လွန်းသည်ဟု ထင်နေပါသည်။ ကားက
ပုံမှန်သွားနေသဖြင့် မိမိ ဘာမှမတတ်
နိုင်ပဲ စိတ်လှုပ်ရှားနေရသည်။ နောက်
ဆုံးစိတ်လျှော့လိုက်ရသည်။ရောက်ချင်
သည့်အချိန်ရောက်၊ ဖြစ်ချင်တာဖြစ်ရှင်း
တော့မည်ဟုဆုံးဖြတ်လိုက်မှစိတ်သက်
သာရာရပါသည်။ ည(၉)နာရီ ကျော်မှ
ရန်ကုန်သို့ဝင်နိုင်ခဲ့သည်။ အိမ်သို့ (၁၀)
နာရီကျော်မှရောက်ပါသည်။
ထီးကို ရဲရဲပင် မကြည့်ဝံ့ပဲ အိပ်ခန်း သို့တန်းဝင်ခဲ့သည်။ ယနေ့ညလည်းထီး ပိုင်ရှင်မှာ ရန်ကုန်မြို့တွင်ဖြစ်၍ အနည်း ဆုံး သတိပေးရန် ရောက်လာချေတော့ မည်။နောက်ဆုံးညဖြစ်၍သိပ်မကြောက်

ရန် အားတင်းထားရသည်။ နောက်နေ့
တွင် ထီးပြန်ပို့နိုင်ပြီဖြစ်၍ ထီးပိုင်ရှင်ကို
ရဲရဲရင်ဆိုင်ရန် အားတင်းလိုက်ရသည်။ နာနာဘာဝနှင့် တွေ့ရမည်ဖြစ်၍ စိုးရိမ် စိတ်ရှိပြီး ရင်ခုန်နေပါသည်။ ခရီးပန်းလာသဖြင့် စောစောအိပ် ပျော်သွားခဲ့သည်။ ထုံးစံအတိုင်း အိပ်
မက်တွင် ထီးပိုင်ရှင် ရောက်လာသည်။
မနက်ဖြန် ပို့နိုင်ပြီဖြစ်၍ ပိုင်ရှင်က သတိ
ပေးစကား မစနိုင်ခင် မိမိက ဦးအောင်
ပြောလိုက်သည်။
“ခင်ဗျားထီးကို မိုးလင်းတာနဲ့ ပြန် ပို့ ဖို့အသင့်ပဲ။ နောက်ထပ် ခင်ဗျား လာ
စရာ အကြောင်းမရှိတော့ဘူး” ဦးထွန်းလှအောင်က အပြတ်ပြော ချလိုက်သည်။မနက်ဖြန်တွင်ထီးပို့နိုင်ပြီ ဖြစ်၍ကြောက်စရာမလိုတော့ပါ။ ဦးထွန်း လှအောင်က ပိုင်ပိုင်နိုင်နိုင် ပြောလိုက်
သဖြင့် ထီးပိုင်ရှင်မှာ ဘာမှတုံ့ပြန်မပြော
တော့ပဲ လေသံနှိမ့်၍ အသံတိုးတိုးဖြင့်
ပြောပါသည်။
“ထီးကိုသာ မူလနေရာကို ပြန်ပို့
ပေးမယ်ဆိုရင် ပြောစရာ မရှိတော့ပါ
ဘူး”

လေသံပျော့ပျော့နှင့်ပြောပြီး ချက် ချင်းပျောက်သွားပါသည်။နောက်ဆုံးည
တွင် မိမိက အသာစီးယူပြီး ပြောလိုက်
ရသဖြင့် ကျေနပ်မိပါသည်။ မိုးမလင်း
သေးသဖြင့် ပြန်အိပ်နေလိုက်သည်။ မိုးလင်းသည်နှင့် အိပ်ရာမှထကာ
ထီးပို့ရန် ပြင်ဆင်ရသည်။ တနင်္ဂနွေနေ့
ဖြစ်၍ ရုံးပိတ်သော်လည်း ထီးပို့ရန်
အရေးကြီးသဖြင့် ထီးကိုယူကာ ရုံးသို့
လာခဲ့ပါသည်။ (၉)နာရီမထိုးမီ ရုံးသို့
ရောက်သည်။ ရုံးပိတ်ရက်ဖြစ်၍ ရုံးတွင်
လူရှင်းနေပါသည်။ တာဝန်မှူးကိုကြည့်
လိုက်ရာ မြင့်ဆွေဆိုသူဖြစ်ကြောင်း သိ
ရ၍ တာဝန်မှူးအခန်းသို့ သွားလိုက်
သည်။
“မြင့်ဆွေ – ဒီနေ့မင်းကတာဝန်မှူး
လား”
“ဟုတ်ပါတယ် – ထွန်းလှအောင်”
“ဒါဆို – အဆင်ပြေတယ်။ ဟိုလွန် ခဲ့တဲ့နှစ်ရက်ကသံဆန်ခါမှာချိတ်ထားတဲ့
ထီးကို ငါယူသွားခဲ့တာ။ ခရီးထွက်နေ
ရလို့အခုမှပြန်ပို့ရတာ။ဒီထီးကိုသူ့နေရာ ပြန်ထားခဲ့မယ်။ ပိုင်ရှင်လာယူရင် မင်း

ပြောပြလိုက်ပါ”
မြင့်ဆွေမှာ ထီးကိုကြည့်၍ ပျာပျာ သလဲပြောပါသည်။
“ဟေး- နေဦး။ဒါ- ခင်မောင်ဇော်ရဲ့
ထီးမဟုတ်လား”
“ဘယ်သူ့ထီးဆိုတာ မသိပါဘူး
ကွာ။ ညဘက် ဒီနေရာမှာ တွေ့တာနဲ့
ခဏယူဆောင်းရင်းပြန်မပို့ဖြစ်လို့အခုမှ
လာပို့ရတာ”
မြင့်ဆွေကိုရှင်းပြရင်း တစ်စုံတစ်ခု ကို သတိရမိသည်။ ထီးတွင် K.M.Z ဟူ သော အင်္ဂလိပ်စာသုံးလုံးပါသည်ကို
ချက်ချင်းမြင်ယောင်လာသည်။
“မြင့်ဆွေ- နေဦးကွ။ထီးမှာနာမည် အတိုကောက်စာသုံးလုံး ပါတယ်။ မင်း ပြောတဲ့ ခင်မောင်ဇော်ဆိုတာ ဖြစ်နိုင် တယ်။ ခင်မောင်ဇော်ဆိုတာဘယ်သူလဲ
ကွ
“အေး – ခင်မောင်ဇော်ကို မင်း ဒါ လောက်စိတ်ဝင်စားရင်ဒီထီးအကြောင်း
က အလွန်ထူးဆန်းနေလို့ မင်း ပိုပြီးစိတ် ဝင်စားမှာပေါ့ – နေပါဦးကွ။ ဒီထီးယူသွား တော့ မင်း ဘယ်လိုခံစားရသလဲ။ အိပ်

မက်တွေ ဘာတွေမက်သေးသလား သိ ချင်လို့ပါ”
“ဘာ – အိပ်မက် – ဟုတ်လား။ ငါ
အိပ်မက်မက်တာ မင်း ဘယ်လိုသိ
သလဲ”
“ဒီထီးကို ယူသွားတဲ့လူတိုင်း အိပ်
မက်မက်ကြတာချည်းပဲ။ အိပ်မက်ထဲမှာ ထီးပြန်တောင်းတဲ့သူက ခင်မောင်ဇော်
ပဲ”
လား”
“ဟို – ဖြူဖြူသွယ်သွယ် ပိန်ပိန်လူ
“အေး – ဟုတ်တယ်။ အဲဒါ- ခင်
မောင်ဇော်ပဲ”
“သူက အိပ်မက်ပေးနိုင်ရအောင် ဘာအစွမ်းတွေ၊ ဘာတန်ခိုးတွေ ရှိလို့
လဲ”
“ခင်မောင်ဇော်က သေပြီလေ။
မနက်ဖြန် ရက်လည်ပြီ”
“ဘာ”
“ဘာတွေ၊ ညာတွေ လုပ်မနေနဲ့။ လက်ဖက်ရည် သွားသောက်ကြမယ်။ ကျန်တဲ့အပိုင်းတော့လက်ဖက်ရည်ဆိုင် ရောက်မှ ဆက်ပြောကြတာပေါ့”

“အေးပါ- သွားကြတာပေါ့။ အဲဒီ ခင်မောင်ဇော်အကြောင်းစိတ်ဝင်စားနေ
ပြီ- ဆက်ပြောပါဦး။ ငါ- လက်ဖက်ရည်
တိုက်ပါ့မယ်”
မြင့်ဆွေကမြစံပယ်လက်ဖက်ရည်
ဆိုင်သို့ ခေါ်သွားသဖြင့် လိုက်ခဲ့ရသည်။
တနင်္ဂနွေနေ့ဖြစ်၍ ဆိုင်တွင် လူရှင်းနေ
ပါသည်။ လက်ဖက်ရည် မှာလိုက်ကြ
သည်။
“ကဲ-ထီးအကြောင်း ဆက်ပါဦး”
“တို့ရုံးစီမံရေးရာက နီနီကို မင်း သိ
သလား”
“ဟိုအနီရောင်အမြဲဝတ်တဲ့ ဖြူဖြူ
ချောချောကောင်မလေးလား”
“ဟုတ်တယ်- အဲဒီကောင်မလေးရဲ့ ချစ်သူကခင်မောင်ဇော်ပဲ။ ခင်မောင်ဇော်
က ချမ်းသာတယ်။ ဘာအလုပ်မှ မလုပ် ဘူး။ ညနေရုံးဆင်းချိန်ဆို သူက ကားနဲ့
ရောက်လာပြီးကြိုလေ့ရှိတယ်။ တစ်နေ့
သူ့ကားနဲ့ ရုံးဆင်းချိန်ရောက်လာတယ်။
တို့ရုံးရှေ့မှာလည်း မန်နေဂျာတွေစီးတဲ့
မာဇဒါဂျစ်ကားတွေနဲ့ ပြည့်နေလို့ ကား
ရပ်စရာနေရာမရှိလို့ တစ်ဖက်တစ်ချက်

မှာ သူ့ကားလေးကို ရပ်ထားရတယ်။ သူက လမ်းလျှောက်လာတယ်။ အဲဒီ
အချိန်က မိုးရွာနေလို့ ထီးဆောင်းလာ
တယ်။ ထီးမှာ ရေတွေစိုနေလို့ ထီးကို
အထဲမယူဘဲ အဝင်ဝက သံဆန်ခါမှာ
ချိတ်ပြီး နီနီရှိရာ အခန်းထဲကို ဝင်သွား
တယ်။
နီနီကို ခေါ်ပြီးပြန်ထွက်လာတော့
အပြင်မှာမိုးမရွာတော့ထီးကိုမေ့ပြီးကား
မောင်းပြီး ပြန်သွားကြတယ်။ နောက်မှ
သိရတာက ဒီထီးက နီနီက အမှတ်တရ
ပေးထားတဲ့ ထီးဆိုတော့ ပျောက်လို့
မဖြစ်ဘူး။ နီနီကိုအိမ်ပို့ပြီးမှထီးကိုသတိ
ရပြီးပြန်လာယူတာ။အလာတုန်းကလိုပဲ
လမ်းတစ်ဖက်မှာ ကားရပ်ပြီး ဆင်းလာ
တာ။ မိုးက ရွာနေတော့ လမ်းရှင်းတယ်
ထင်ပြီး ဖြတ်အပြေးမှာ ဒိုင်နာကားကြီး က တိုက်လိုက်တာ။ ဆေးရုံမရောက်မီ
ကွယ်လွန်သွားတာပဲ”
“ဪ- ဟိုတစ်ညကကားတိုက်မှု
ဖြစ်တယ်ဆိုတာ အဲဒီလူလား”
“အေး- ဟုတ်တယ်။ ည(၈)နာရီ
လောက်မှာဖြစ်တာ။ လူက ကွယ်လွန်

သွားပေမယ့် ထီးကို စွဲလမ်းပြီး သူ့ထီးကို သူများယူသွားမှာ စိတ်မချနိုင်အောင်
ရှိနေတဲ့ပုံပဲ”
မြင့်ဆွေက စကားကို ရပ်လိုက်ပြီး
လက်ဖက်ရည်ကို သောက်နေသည်။
ထို့နောက် မြင့်ဆွေက စကားကို ဆက်
ပြောပြန်သည်။
“အဲဒါနဲ့ – ပြောရဦးမယ်။ ဟိုတစ်
ရက်က ရုံးဆင်းချိန်ပဲ။ ဦးထွန်းသိန်းတစ်
ယောက် ထီးမပါလို့ ပိုင်ရှင်မဲ့ ဒီထီးကို
အိမ်ယူသွားတယ်။ နောက်နေ့ အစော
ကြီး ရောက်လာပြီး သူယူခဲ့တဲ့နေရာမှာ
ပြန်ထားသွားတယ်။ တာဝန်ကျတွေကို ပဲပြောသွားသေးတယ်”
“ဒီထီးယူသွားမိတာ။ညမှအိပ်မက်
ထဲမှာ ခင်မောင်ဇော်က သူ့ထီးကို သူ့
နေရာပြန်ပို့ပါပြောလို့အမြန်လာပို့တာ”
လို့ပြောသွားတယ်။အဲဒီနေ့ကစပြီးဒီထီး
ဟာ နာမည်ကြီးသွားတယ်။ ဘယ်သူမှ
ယူမဆောင်းရဲကြတော့ဘူး။ တာဝန်ကျ
တဲ့လူတွေကထီးမပါတဲ့လူတွေ့ရင်ဒီထီး
ယူသွားပါလားလို့ နောက်နေကြတယ်။
ထီးကိုယူဖို့နေနေသာသာအချို့ကဒီထီး

ကိုရဲရဲတောင်မကြည့်ဝံ့အောင်ကြောက်
နေကြတယ်”
မြင့်ဆွေ၏စကားကို အစအဆုံး နားထောင်လိုက်ရမှ ထိုထီး၏ သမိုင်း ကြောင်းကို သိလိုက်ရသည်။ “ဒါဆို-ဒီထီးကိုဘာဆက်လုပ်ကြ
မှာလဲ”
“နီနီလည်း အဲဒီနေ့ကစပြီး ရုံး မတက်ဘူး။ နီနီ ရုံးတက်တဲ့နေ့မှ ဒီထီး ကို ပြန်ပေးရတော့မှာပေါ့။ မနက်ဖြန် ခင်မောင်ဇော်ရဲ့ ရက်လည်ဆွမ်းကျွေး ကိုငါသွားမှာပဲ။နီနီကိုအကျိုးအကြောင်း

ပြောပြခဲ့မယ်လေ”
ခင်မောင်ဇော်ထီး၏အဖြစ်အပျက် မှာထိုမျှသာဖြစ်ပါသည်။နောက်နေ့နီနီ
ရောက်လာပြီး သူကိုယ်တိုင် ထိုထီးကို
ယူသွားပါသည်။ထိုထီးထိုနေရာမှပျောက်
ကွယ်သွားမှ အသက်ဝင်နေသော ထီး
တစ်ချောင်း၏ ဇာတ်လမ်းပြီးဆုံးခြင်း
သို့ရောက်ပါတော့သည်။တမလွန်မှထီး
ပြန်တောင်းသူလည်း ပေါ်မလာတော့
သဖြင့် ဇာတ်လမ်းမှာ နိဂုံးချုပ်သွားပါ
တော့သည်။

Zawgyi Version

တမလြန္မွေတာင္းေသာထီးတစ္ေခ်ာင္း(စ/ဆံုး)
——————————————————–
ဦးထြန္းလွေအာင္သည္ မနက္ျဖန္ ခရီးထြက္ရမည္ျဖစ္၍ ႐ုံးဆင္းခ်ိန္ လြန္
ေသာ္လည္းအိမ္သို႔မျပန္ႏိုင္ေသးပဲမၿပီး
ျပတ္ေသးေသာအလုပ္မ်ားကို ဆက္၍
လုပ္ေနခဲ့သည္။ ႐ုံးအုပ္ႀကီးျဖစ္၍ မိမိ
တာဝန္ယူထားရေသာ အလုပ္မ်ား
အေႂကြးမက်န္ေစရန္ အားႀကိဳးမာန္
တက္လုပ္ေနရသျဖင့္ အခ်ိန္ကုန္မွန္း
ပင္မသိလိုက္ပါ။
သတိရ၍ နာရီၾကည့္လိုက္ေသာ

အခါ (၈)နာရီေက်ာ္ေနေၾကာင္း ေတြ႕ လိုက္ရသည္။ အလြန္ေနာက္က်ပါက
ဘတ္စ္ကားမရတတ္၍ အလုပ္မ်ားကို
ျဖတ္လိုက္ၿပီးအိမ္ျပန္ရန္ျပင္ဆင္ရေတာ့
သည္။ ည(၈)နာရီေက်ာ္သျဖင့္ ႐ုံးေပၚ
တြင္ ညတာဝန္က်ဝန္ထမ္းမ်ားမွလြဲ၍
ရွိမေနေတာ့ပါ။ ႐ုံးခန္းတံခါးကို ေသာ့
ခတ္ေနစဥ္ အျပင္ေလာကတြင္ မိုးျပင္း
ျပင္းထန္ထန္ ႐ြာေနသည္ကို သိလိုက္
ရသည္။ မိုး႐ြာသည္ကိုျမင္ရမွ ထီးကိုည

တာဝန္က်ေမာင္ေမာင္ ယူသြားသည္ ကို သတိရသည္။ ေမာင္ေမာင္သည္
ေအာက္ထပ္တာဝန္မႉး႐ုံးခန္းတြင္ ရွိ
မည္ျဖစ္၍ေသာ့အပ္ရင္းထီးေတာင္းယူ
ရမည္ျဖစ္သည္။ဦးထြန္းလွေအာင္သည္
အခန္းေသာ့ကို တာဝန္မႉးႀကီးထံ အပ္
လိုက္ၿပီး ေမာင္ေမာင္ကို မျမင္၍ ေပး
လိုက္သည္။
“တာဝန္မႉးေမာင္ေမာင္ေရ…”
“ေမာင္ေမာင္ – လက္ဖက္ရည္ဆိုင္
သြားတယ္”
“ဘယ္ဆိုင္လဲ – ျမစံပယ္လား”
“ဟုတ္ပါတယ္”
ျမစံပယ္သည္ ႐ုံးေရွ႕တြင္ ရွိသျဖင့္
႐ုံးႏွင့္နီးသည္။ ႐ုံးႏွင့္နီးေသာ္လည္း မိုး
ေရာေလပါထန္ေနသျဖင့္ သြားရန္ခက္
ေနသည္။ တာဝန္မႉးအခန္းတြင္လည္း
ထီးမျမင္သျဖင့္ ႐ုံးေပါက္ဝသို႔ ထြက္
လိုက္သည္။ ႐ုံးအဝင္ တံခါးေပါက္အနီး
သံဆန္ခါတြင္ ထီးအျပာတစ္ေခ်ာင္းကို
ခ်ိတ္လ်က္ေတြ႕ရသည္။ ထိုထီးကေလး
ကို ခဏယူသြားလွ်င္ အဆင္ေျပမည္။
ထိုထီးကိုေငးၾကည့္ေနစဥ္တာဝန္မႉးက

ေနာက္က ေရာက္လာသည္။
“အဲဒီထီးကို ညေနကတည္းက ေတြ႕ေနတာ။ ပိုင္ရွင္ ေမ့က်န္ခဲ့တာ ျဖစ္
မယ္။ ဒီညေတာ့ – ျပန္လာယူမွာမဟုတ္ ပါဘူး။ အဲဒီထီးကို ယူသြားေပါ့” “ဟုတ္ကဲ့ – ေက်းဇူးတင္ပါတယ္။ ဒီထီးကို ေမာင္ေမာင္နဲ႔ ျပန္ေပးလိုက္
ပါမယ္”
ဦးထြန္းလွေအာင္ထိုထီးကိုေဆာင္း
ၿပီး ႐ုံးေရွ႕သို႔ ထြက္ခဲ့သည္။ ထီးမွာ ဂ်ပန္
ထီးအေကာင္းစားျဖစ္သည္။ထီး႐ိုးတြင္ K.M.Z ဟု အတိုေကာက္ စာသုံးလုံး ကို ေတြ႕ရသည္။ မိုး႐ြာထဲမွ ျဖတ္ကူး၍
ျမစံပယ္လက္ဖက္ရည္ဆိုင္အတြင္းသို႔
ဝင္ခဲ့သည္။ ဆိုင္တြင္ လူရွင္းေနၿပီးစားပြဲ သုံးဝိုင္းတြင္သာ လူရွိပါသည္။ ေမာင္
ေမာင္ကိုလုံးဝမေတြ႕ရပါ။
ေမာင္ေမာင္ကိုမေတြ႕ရသျဖင့္ဆိုင္
ထဲကထြက္ခဲ့ၿပီးပတ္ဝန္းက်င္လက္ဖက္
ရည္ဆိုင္မ်ားသို႔ လွည့္ပတ္ၾကည့္ပါ
သည္။ တစ္ဆိုင္ၿပီးတစ္ဆိုင္ ရွာေသာ္ လည္း ေမာင္ေမာင္ကို မေတြ႕ပါ။ လမ္းမ ႀကီးေပၚျပန္ေရာက္လာၿပီး မည္သည့္

ေနရာကို ဆက္လက္ရွာေဖြရမည္ကို
မစဥ္းစားတတ္ေအာင္ ရွိေနစဥ္ တကၠစီ
ကားတစ္စီးက အနီးတြင္ ရပ္လာသည္။
ေသခ်ာၾကည့္မွ တူေတာ္ေမာင္ ဘလွ
ျဖစ္ေနေၾကာင္း သိရသည္။
“ဦးေလး- အိမ္ျပန္မွာမဟုတ္လား။
လာေလ – ကားေပၚတက္၊ မိုးသိပ္႐ြာေန
တယ္”
“ဟာ- ဘလွပါလား။ လိုက္ေတာ့
လိုက္ခ်င္တယ္။ ဒါေပမဲ့ – ႐ုံးခဏ ျပန္
ခ်င္ေသးတယ္။ ဒီထီးကိုျပန္ပို႔ရဦးမယ္”
“အေရးမႀကီးရင္ ေနာက္မွေပးပါ-
ဦးေလးရယ္။ မိုးေတြ သိပ္႐ြာေနေတာ့
သိပ္ခ်မ္းေနၿပီ။ အိမ္ကို ျမန္ျမန္ေရာက္မွ
ျဖစ္မယ္”
ဦးထြန္းလွေအာင္သည္ စဥ္းစား မေနေတာ့ပဲကားေပၚအျမန္တက္လိုက္
သည္။ မိုးက သည္းေနသျဖင့္ ဘလွႏွင့္ ေတြ႕ ၍သာ အိမ္သို႔ ေစာေစာေရာက္ သည္။ထီးအေၾကာင္းစဥ္းစားမေနေတာ့
ပဲ ေနာက္ေန႔ခရီးထြက္ရန္ကိစၥသာ စဥ္း စားရသည္။ အိမ္ေရာက္သည္ႏွင့္ ျပင္ ဆင္စရာမ်ားကိုျပင္ဆင္ၿပီးအိပ္ရာဝင္ခဲ့

သည္။ နံနက္႐ုံးကားက (၅)နာရီတြင္
လာေခၚမည္ျဖစ္၍ ေစာေစာႏိုးရန္သတိ
ထား၍အိပ္ရသည္။ ႐ုတ္တရက္ အိပ္ မေပ်ာ္သျဖင့္ႀကိဳးစား၍အိပ္ေပ်ာ္ေအာင္
အိပ္လိုက္ရသည္။ “ေဟ့လူ-ထ-ထ”
တစ္စုံတစ္ေယာက္က လာႏႈိး
သျဖင့္ အိပ္ရာက လူးလဲထလိုက္သည္။
“က်ဳပ္ထီး ျပန္ေပးေလ”
အသားျဖဴျဖဴပိန္ပိန္သြယ္သြယ္လူ
႐ြယ္တစ္ဦးထီးျပန္ေပးပါဟုေတာင္းေန
ပါသည္။
“႐ုံးတံခါးမွာခ်ိတ္ထားတဲ့က်ဳပ္ထီး
ကို ခင္ဗ်ားယူသြားတယ္ေလ”
လူ႐ြယ္က ထပ္ေျပာမွ ႐ုံးက ယူမိ
ခဲ့ေသာထီးကို သတိရမိသည္။
“ဟုတ္ကဲ့ – ေပးပါ့မယ္။ ဟိုနံရံမွာ
ခ်ိတ္ထားပါတယ္ – ယူသြားလိုက္ပါ”
“ခင္ဗ်ားယူလာတဲ့ မူလေနရာမွာ
ျပန္ထားေပးပါ – ဒါပဲ။ က်ဳပ္သြားၿပီ”
“ေဟ့လူ-ေဟ့လူ”
ဦးထြန္းလွေအာင္ကေအာ္ေခၚရင္း
႐ုတ္တရက္အိပ္ရာႏိုးသြားသည္။ထီးကို

ၾကည့္လိုက္ရာ နံရံမွာရွိေနေၾကာင္း ျမင္ ရမွအိပ္မက္မွန္း သိရသည္။ ထီးကိုစိတ္
စြဲ၍ အိပ္မက္မက္ျခင္းျဖစ္သည္ဟု ထင္
မိသည္။နာရီကိုၾကည့္လိုက္ရာေလးနာရီ ေက်ာ္ေနၿပီျဖစ္၍ျပန္မအိပ္ေတာ့ပဲ အိပ္ ရာကထလိုက္ပါသည္။
C
နံနက္(၅)နာရီတိတိတြင္ အိမ္ေရွ႕ သို႔႐ုံးကားေရာက္လာသျဖင့္ပစၥည္းမ်ား ယူကာကားေပၚတက္လိုက္သည္။ အဖြဲ႕
ဝင္မ်ား စုံလင္စြာေတြ႕ရၿပီး အဖြဲ႕ေခါင္း
ေဆာင္မန္ေနဂ်ာကို ရွစ္မိုင္တြင္ ဝင္ေခၚ
ရန္သာက်န္ေတာ့သည္။ ရွစ္မိုင္ေရာက္
သည့္အခါ မန္ေနဂ်ာက အသင့္ေစာင့္
ေနသျဖင့္မန္ေနဂ်ာကားေပၚတက္သည္
ႏွင့္ ျပည္ၿမိဳ႕သို႔ ဦးတည္ကာ ကားထြက္
ခဲ့ပါသည္။ ကားေပၚပါလာသူမ်ားမွာ မိုးမလင္းေသးသျဖင့္ အိပ္ငိုက္ေနၾက
သည္။
ဦးထြန္းလွေအာင္သာအိပ္ခ်င္စိတ္ မရွိပဲထူးဆန္းေသာအိပ္မက္ကို သတိရ

ေနသည္။အိပ္မက္ထဲကလူ႐ြယ္မွာထီး
ပိုင္ရွင္ျဖစ္ႏိုင္ၿပီး သူ၏ထီးမိမိထံေရာက္
ေနသည္ကို မည္သို႔သိရွိေနသည္ကို
စဥ္းစားမရေအာင္ ရွိပါသည္။ ထိုထို
အေၾကာင္းေတြးရင္း ၾကက္သီးထလာ
သလို ခံစားရသည္။ ထိုထီးကို တစ္
စကၠန႔္ပင္ မထားလိုပဲ မူလေနရာသို႔ ျပန္
ပို႔လိုေသာ္လည္းတာဝန္အရ ခရီးထြက္
ေနရသျဖင့္ ျပန္ေရာက္မွပို႔ေပးႏိုင္ေတာ့
မည္။ လက္ပံတန္းသို႔ေရာက္သည့္အခါ
ေန႔လယ္စာစားၿပီး ခရီးဆက္၍ ထြက္ခဲ့
ရာ ေန႔လယ္တြင္ ျပည္ၿမိဳ႕သို႔ ေရာက္ပါ
သည္။
ျပည္႐ုံးမွ စာရင္းဇယားမ်ား စစ္
ေဆးရမည္ျဖစ္ရာ႐ုံးသို႔ေရာက္သည္ႏွင့္
စစ္ေဆးရမည့္ စာရင္းမ်ားကိုအဖြဲ႕ေခါင္း ေဆာင္က ခြဲေဝေပးပါသည္။ မိမိတာဝန္
ယူရသည့္အပိုင္းကို မွန္ကန္တိက် ေအာင္ စစ္ေဆးရသည္။ တစ္ေနကုန္ စာရင္းမ်ားကိုစစ္ေဆးၿပီးညေန႐ုံးဆင္း ခ်ိန္မွရပ္နားၾကရသည္။ ညတြင္႐ုံးအေပၚ ထပ္တြင္ အစီအရီ အိပ္ၾကရသည္။ ဦးထြန္းလွေအာင္မွာညအိပ္ရာမဝင္ခင္

ဘုရားရွိခိုး၊ ထီးပိုင္ရွင္ကို ေမတၱာပို႔ၿပီးမွ
အိပ္ရာဝင္ခဲ့သည္။ေနရာေျပာင္း၊အိပ္ရာ
ေျပာင္းျဖစ္၍႐ုတ္တရက္အိပ္မေပ်ာ္ပါ။
အတူလာေသာ ဝန္ထမ္းမ်ားအားလုံး
အိပ္ေမာက်ေနၾကၿပီျဖစ္၍ အိပ္ေပ်ာ္ ေအာင္ ႀကိဳးစားအိပ္လိုက္ရသည္။ “cury-00-00”
တစ္စုံတစ္ေယာက္က ႏႈိးလိုက္၍
လန႔္ႏိုးသြားပါသည္။
“က်ဳပ္ထီးကို မူလေနရာ ျပန္ပို႔ဖို႔
မေမ့နဲ႔ေနာ္”
ယမန္ေန႔ကလာေသာ လူ႐ြယ္ျဖစ္
ထြက္သြားပါသည္။ ထီးပိုင္ရွင္ယခုတစ္
သည္။လူ႐ြယ္ကိုျပန္မေျပာႏိုင္ခင္သူက
ေခါက္လာျခင္းမွာထီးကိုေတာင္းခံျခင္း
မဟုတ္ပဲ သတိေပးရန္ ေရာက္လာျခင္း သာ ျဖစ္သည္။ ရန္ကုန္ႏွင့္ မိုင္ႏွစ္ရာ နီးပါး ေဝးကြာသည့္ ျပည္အထိလိုက္ လာျခင္းမွာ ထူးဆန္းလွေပသည္။ အိပ္ မက္တြင္ ထိုလူ႐ြယ္ကို ေတြ႕လိုက္တိုင္း ရင္ခုန္ရပါသည္။ အားလုံးအိပ္ေမာက် ေနခ်ိန္ျဖစ္၍သူလည္းျပန္အိပ္ေနလိုက္ သည္။ အားလုံး အိပ္ေမာက်ေနသျဖင့္

သူ႔အျဖစ္ကို သတိထားမိပုံ မရပါ။ ျပန္၍ အိပ္ပါက ေနာက္ထပ္အိပ္မက္ မက္ေန
မည္စိုး၍မအိပ္ရဲေတာ့ပါ။ ႏႈတ္ကဘုရား
စာမ်ားကို႐ြတ္ဖတ္ရင္းအိပ္ေပ်ာ္သြားပါ
သည္။
C
ေနာက္ေန႔တြင္ လုပ္ငန္းမ်ားကို
ၿပီးစီးေအာင္လုပ္ၾကသည္။ မၿပီးစီးေသး
သူမ်ားကိုၿပီးသူမ်ားက ဝိုင္းကူ၍ေဆာင္
႐ြက္ၾကရာ မနက္ပိုင္းတြင္ စာရင္းအား
လုံး စစ္ေဆးၿပီးစီးပါသည္။ အဖြဲ႕ေခါင္း
ေဆာင္က ၿပီးစီးေသာ စာရင္းမ်ားကို
အေသးစိတ္စစ္ေဆးၿပီးလုပ္ငန္းကိုရပ္
နားလိုက္ၾကသည္။
ေန႔လယ္စာစားၿပီးလွ်င္ ရန္ကုန္သို႔
ျပန္ၾကရေတာ့မည္ျဖစ္၍ အားလုံးေပ်ာ္
႐ႊင္ေနၾကပါသည္။ အထူးသျဖင့္ ဦးထြန္း
လွေအာင္မွာ အေပ်ာ္ဆုံးျဖစ္သည္။
ရန္ကုန္သို႔ ျမန္ျမန္ေရာက္မွ သူ႔ထီးကို
မူလေနရာသို႔ ျပန္ပို႔ႏိုင္မည္ျဖစ္သည္။
ေနမဝင္မီသာ ရန္ကုန္သို႔ ေရာက္ပါက

ခ်က္ခ်င္းျပန္ပို႔ရန္စိတ္ကူးထားပါသည္။
အခ်ိန္မေတာ္မွ ရန္ကုန္သို႔ေရာက္ပါက
ထီးကို ေန႔ခ်င္းျပန္ပို႔ရန္ မလြယ္ပါ။ တစ္
ရက္အခ်ိန္ပိုၾကာပါကထီးပိုင္ရွင္ေရာက္
လာမည္ကို ရင္မဆိုင္ဝံ့ေတာ့ပါ။ ထီးပိုင္
ရွင္သည္ သြားေလရာကိုလိုက္၍ သတိ
ေပးေနျခင္းျဖစ္၍ လူသားေတာ့ မျဖစ္
ႏိုင္ပါ။ တန္ခိုးရွင္တစ္ဦးသာ ျဖစ္ႏိုင္ပါ
သည္။
ဝိညာဥ္တစ္ေကာင္သာျဖစ္ပါက
မိမိကို ဒုကၡေပးႏိုင္သျဖင့္ ေၾကာက္စရာ ေကာင္းပါသည္။ ဝိညာဥ္ေကာင္ကို ကိုယ္တိုင္ေတြ႕ရန္မဆိုထားႏွင့္အိပ္မက္
တြင္ပင္ ထပ္မံမေတြ႕လိုပါ။ ဝိညာဥ္
ေကာင္ကမိမိကိုအႏၲရာယ္မျပဳမီထီးကို
မူလေနရာသို႔ ျပန္ပို႔ခ်င္ေနပါသည္။
ရန္ကုန္သို႔ေရာက္ပါက အခ်ိန္မဆိုင္းပဲ
ပို႔ရန္သာ စိတ္ကူးမိပါသည္။ ဦးထြန္းလွေအာင္က ရန္ကုန္သို႔ အျမန္ေရာက္ခ်င္ေသာ္လည္း ျပည္မွ ညေနမွ ထြက္ျဖစ္သည္။ စာရင္းဇယား မ်ား ျပန္လည္ညႇိႏႈိင္းေနရသျဖင့္ အခ်ိန္ ၾကာခဲ့ရသည္။အခ်ိန္ေျပာင္းသြားသည့္

အတြက္ ထီးပို႔ရန္ ခက္သြားျပန္သည္။
ညဦးပိုင္းသာေရာက္ပါက
ခ်က္ခ်င္းပို႔ရန္
ျဖစ္ေသာ္လည္း ညဥ့္နက္ပိုင္းမွ ရန္ကုန္ သို႔ေရာက္ပါကေနာက္ေန႔မွပို႔ႏိုင္ေတာ့
မည္။ တစ္ညထီးကိုလက္ခံထားရပါက
တစ္ညအတြက္တာဝန္ႀကီးလွပါသည္။
ေနာက္ဆုံးညအျဖစ္လက္ခံထားရပါက
အိပ္မက္တြင္ ထီးပိုင္ရွင္ႏွင့္ ေတြ႕ရမည္
ကို ေၾကာက္လန႔္ေနမိသည္။ အိမ္သို႔
အျမန္ေရာက္ခ်င္သျဖင့္ ကားကို ေႏွး
လြန္းသည္ဟု ထင္ေနပါသည္။ ကားက
ပုံမွန္သြားေနသျဖင့္ မိမိ ဘာမွမတတ္
ႏိုင္ပဲ စိတ္လႈပ္ရွားေနရသည္။ ေနာက္
ဆုံးစိတ္ေလွ်ာ့လိုက္ရသည္။ေရာက္ခ်င္
သည့္အခ်ိန္ေရာက္၊ ျဖစ္ခ်င္တာျဖစ္ရွင္း
ေတာ့မည္ဟုဆုံးျဖတ္လိုက္မွစိတ္သက္
သာရာရပါသည္။ ည(၉)နာရီ ေက်ာ္မွ
ရန္ကုန္သို႔ဝင္ႏိုင္ခဲ့သည္။ အိမ္သို႔ (၁၀)
နာရီေက်ာ္မွေရာက္ပါသည္။
ထီးကို ရဲရဲပင္ မၾကည့္ဝံ့ပဲ အိပ္ခန္း သို႔တန္းဝင္ခဲ့သည္။ ယေန႔ညလည္းထီး ပိုင္ရွင္မွာ ရန္ကုန္ၿမိဳ႕တြင္ျဖစ္၍ အနည္း ဆုံး သတိေပးရန္ ေရာက္လာေခ်ေတာ့ မည္။ေနာက္ဆုံးညျဖစ္၍သိပ္မေၾကာက္

ရန္ အားတင္းထားရသည္။ ေနာက္ေန႔
တြင္ ထီးျပန္ပို႔ႏိုင္ၿပီျဖစ္၍ ထီးပိုင္ရွင္ကို
ရဲရဲရင္ဆိုင္ရန္ အားတင္းလိုက္ရသည္။ နာနာဘာဝႏွင့္ ေတြ႕ရမည္ျဖစ္၍ စိုးရိမ္ စိတ္ရွိၿပီး ရင္ခုန္ေနပါသည္။ ခရီးပန္းလာသျဖင့္ ေစာေစာအိပ္ ေပ်ာ္သြားခဲ့သည္။ ထုံးစံအတိုင္း အိပ္
မက္တြင္ ထီးပိုင္ရွင္ ေရာက္လာသည္။
မနက္ျဖန္ ပို႔ႏိုင္ၿပီျဖစ္၍ ပိုင္ရွင္က သတိ
ေပးစကား မစႏိုင္ခင္ မိမိက ဦးေအာင္
ေျပာလိုက္သည္။
“ခင္ဗ်ားထီးကို မိုးလင္းတာနဲ႔ ျပန္ ပို႔ ဖို႔အသင့္ပဲ။ ေနာက္ထပ္ ခင္ဗ်ား လာ
စရာ အေၾကာင္းမရွိေတာ့ဘူး” ဦးထြန္းလွေအာင္က အျပတ္ေျပာ ခ်လိုက္သည္။မနက္ျဖန္တြင္ထီးပို႔ႏိုင္ၿပီ ျဖစ္၍ေၾကာက္စရာမလိုေတာ့ပါ။ ဦးထြန္း လွေအာင္က ပိုင္ပိုင္ႏိုင္ႏိုင္ ေျပာလိုက္
သျဖင့္ ထီးပိုင္ရွင္မွာ ဘာမွတုံ႔ျပန္မေျပာ
ေတာ့ပဲ ေလသံႏွိမ့္၍ အသံတိုးတိုးျဖင့္
ေျပာပါသည္။
“ထီးကိုသာ မူလေနရာကို ျပန္ပို႔
ေပးမယ္ဆိုရင္ ေျပာစရာ မရွိေတာ့ပါ
ဘူး”

ေလသံေပ်ာ့ေပ်ာ့ႏွင့္ေျပာၿပီး ခ်က္ ခ်င္းေပ်ာက္သြားပါသည္။ေနာက္ဆုံးည
တြင္ မိမိက အသာစီးယူၿပီး ေျပာလိုက္
ရသျဖင့္ ေက်နပ္မိပါသည္။ မိုးမလင္း
ေသးသျဖင့္ ျပန္အိပ္ေနလိုက္သည္။ မိုးလင္းသည္ႏွင့္ အိပ္ရာမွထကာ
ထီးပို႔ရန္ ျပင္ဆင္ရသည္။ တနဂၤေႏြေန႔
ျဖစ္၍ ႐ုံးပိတ္ေသာ္လည္း ထီးပို႔ရန္
အေရးႀကီးသျဖင့္ ထီးကိုယူကာ ႐ုံးသို႔
လာခဲ့ပါသည္။ (၉)နာရီမထိုးမီ ႐ုံးသို႔
ေရာက္သည္။ ႐ုံးပိတ္ရက္ျဖစ္၍ ႐ုံးတြင္
လူရွင္းေနပါသည္။ တာဝန္မႉးကိုၾကည့္
လိုက္ရာ ျမင့္ေဆြဆိုသူျဖစ္ေၾကာင္း သိ
ရ၍ တာဝန္မႉးအခန္းသို႔ သြားလိုက္
သည္။
“ျမင့္ေဆြ – ဒီေန႔မင္းကတာဝန္မႉး
လား”
“ဟုတ္ပါတယ္ – ထြန္းလွေအာင္”
“ဒါဆို – အဆင္ေျပတယ္။ ဟိုလြန္ ခဲ့တဲ့ႏွစ္ရက္ကသံဆန္ခါမွာခ်ိတ္ထားတဲ့
ထီးကို ငါယူသြားခဲ့တာ။ ခရီးထြက္ေန
ရလို႔အခုမွျပန္ပို႔ရတာ။ဒီထီးကိုသူ႔ေနရာ ျပန္ထားခဲ့မယ္။ ပိုင္ရွင္လာယူရင္ မင္း

ေျပာျပလိုက္ပါ”
ျမင့္ေဆြမွာ ထီးကိုၾကည့္၍ ပ်ာပ်ာ သလဲေျပာပါသည္။
“ေဟး- ေနဦး။ဒါ- ခင္ေမာင္ေဇာ္ရဲ႕
ထီးမဟုတ္လား”
“ဘယ္သူ႔ထီးဆိုတာ မသိပါဘူး
ကြာ။ ညဘက္ ဒီေနရာမွာ ေတြ႕တာနဲ႔
ခဏယူေဆာင္းရင္းျပန္မပို႔ျဖစ္လို႔အခုမွ
လာပို႔ရတာ”
ျမင့္ေဆြကိုရွင္းျပရင္း တစ္စုံတစ္ခု ကို သတိရမိသည္။ ထီးတြင္ K.M.Z ဟူ ေသာ အဂၤလိပ္စာသုံးလုံးပါသည္ကို
ခ်က္ခ်င္းျမင္ေယာင္လာသည္။
“ျမင့္ေဆြ- ေနဦးကြ။ထီးမွာနာမည္ အတိုေကာက္စာသုံးလုံး ပါတယ္။ မင္း ေျပာတဲ့ ခင္ေမာင္ေဇာ္ဆိုတာ ျဖစ္ႏိုင္ တယ္။ ခင္ေမာင္ေဇာ္ဆိုတာဘယ္သူလဲ
ကြ
“ေအး – ခင္ေမာင္ေဇာ္ကို မင္း ဒါ ေလာက္စိတ္ဝင္စားရင္ဒီထီးအေၾကာင္း
က အလြန္ထူးဆန္းေနလို႔ မင္း ပိုၿပီးစိတ္ ဝင္စားမွာေပါ့ – ေနပါဦးကြ။ ဒီထီးယူသြား ေတာ့ မင္း ဘယ္လိုခံစားရသလဲ။ အိပ္

မက္ေတြ ဘာေတြမက္ေသးသလား သိ ခ်င္လို႔ပါ”
“ဘာ – အိပ္မက္ – ဟုတ္လား။ ငါ
အိပ္မက္မက္တာ မင္း ဘယ္လိုသိ
သလဲ”
“ဒီထီးကို ယူသြားတဲ့လူတိုင္း အိပ္
မက္မက္ၾကတာခ်ည္းပဲ။ အိပ္မက္ထဲမွာ ထီးျပန္ေတာင္းတဲ့သူက ခင္ေမာင္ေဇာ္
ပဲ”
လား”
“ဟို – ျဖဴျဖဴသြယ္သြယ္ ပိန္ပိန္လူ
“ေအး – ဟုတ္တယ္။ အဲဒါ- ခင္
ေမာင္ေဇာ္ပဲ”
“သူက အိပ္မက္ေပးႏိုင္ရေအာင္ ဘာအစြမ္းေတြ၊ ဘာတန္ခိုးေတြ ရွိလို႔
လဲ”
“ခင္ေမာင္ေဇာ္က ေသၿပီေလ။
မနက္ျဖန္ ရက္လည္ၿပီ”
“ဘာ”
“ဘာေတြ၊ ညာေတြ လုပ္မေနနဲ႔။ လက္ဖက္ရည္ သြားေသာက္ၾကမယ္။ က်န္တဲ့အပိုင္းေတာ့လက္ဖက္ရည္ဆိုင္ ေရာက္မွ ဆက္ေျပာၾကတာေပါ့”

“ေအးပါ- သြားၾကတာေပါ့။ အဲဒီ ခင္ေမာင္ေဇာ္အေၾကာင္းစိတ္ဝင္စားေန
ၿပီ- ဆက္ေျပာပါဦး။ ငါ- လက္ဖက္ရည္
တိုက္ပါ့မယ္”
ျမင့္ေဆြကျမစံပယ္လက္ဖက္ရည္
ဆိုင္သို႔ ေခၚသြားသျဖင့္ လိုက္ခဲ့ရသည္။
တနဂၤေႏြေန႔ျဖစ္၍ ဆိုင္တြင္ လူရွင္းေန
ပါသည္။ လက္ဖက္ရည္ မွာလိုက္ၾက
သည္။
“ကဲ-ထီးအေၾကာင္း ဆက္ပါဦး”
“တို႔႐ုံးစီမံေရးရာက နီနီကို မင္း သိ
သလား”
“ဟိုအနီေရာင္အၿမဲဝတ္တဲ့ ျဖဴျဖဴ
ေခ်ာေခ်ာေကာင္မေလးလား”
“ဟုတ္တယ္- အဲဒီေကာင္မေလးရဲ႕ ခ်စ္သူကခင္ေမာင္ေဇာ္ပဲ။ ခင္ေမာင္ေဇာ္
က ခ်မ္းသာတယ္။ ဘာအလုပ္မွ မလုပ္ ဘူး။ ညေန႐ုံးဆင္းခ်ိန္ဆို သူက ကားနဲ႔
ေရာက္လာၿပီးႀကိဳေလ့ရွိတယ္။ တစ္ေန႔
သူ႔ကားနဲ႔ ႐ုံးဆင္းခ်ိန္ေရာက္လာတယ္။
တို႔႐ုံးေရွ႕မွာလည္း မန္ေနဂ်ာေတြစီးတဲ့
မာဇဒါဂ်စ္ကားေတြနဲ႔ ျပည့္ေနလို႔ ကား
ရပ္စရာေနရာမရွိလို႔ တစ္ဖက္တစ္ခ်က္

မွာ သူ႔ကားေလးကို ရပ္ထားရတယ္။ သူက လမ္းေလွ်ာက္လာတယ္။ အဲဒီ
အခ်ိန္က မိုး႐ြာေနလို႔ ထီးေဆာင္းလာ
တယ္။ ထီးမွာ ေရေတြစိုေနလို႔ ထီးကို
အထဲမယူဘဲ အဝင္ဝက သံဆန္ခါမွာ
ခ်ိတ္ၿပီး နီနီရွိရာ အခန္းထဲကို ဝင္သြား
တယ္။
နီနီကို ေခၚၿပီးျပန္ထြက္လာေတာ့
အျပင္မွာမိုးမ႐ြာေတာ့ထီးကိုေမ့ၿပီးကား
ေမာင္းၿပီး ျပန္သြားၾကတယ္။ ေနာက္မွ
သိရတာက ဒီထီးက နီနီက အမွတ္တရ
ေပးထားတဲ့ ထီးဆိုေတာ့ ေပ်ာက္လို႔
မျဖစ္ဘူး။ နီနီကိုအိမ္ပို႔ၿပီးမွထီးကိုသတိ
ရၿပီးျပန္လာယူတာ။အလာတုန္းကလိုပဲ
လမ္းတစ္ဖက္မွာ ကားရပ္ၿပီး ဆင္းလာ
တာ။ မိုးက ႐ြာေနေတာ့ လမ္းရွင္းတယ္
ထင္ၿပီး ျဖတ္အေျပးမွာ ဒိုင္နာကားႀကီး က တိုက္လိုက္တာ။ ေဆး႐ုံမေရာက္မီ
ကြယ္လြန္သြားတာပဲ”
“ဪ- ဟိုတစ္ညကကားတိုက္မႈ
ျဖစ္တယ္ဆိုတာ အဲဒီလူလား”
“ေအး- ဟုတ္တယ္။ ည(၈)နာရီ
ေလာက္မွာျဖစ္တာ။ လူက ကြယ္လြန္

သြားေပမယ့္ ထီးကို စြဲလမ္းၿပီး သူ႔ထီးကို သူမ်ားယူသြားမွာ စိတ္မခ်ႏိုင္ေအာင္
ရွိေနတဲ့ပုံပဲ”
ျမင့္ေဆြက စကားကို ရပ္လိုက္ၿပီး
လက္ဖက္ရည္ကို ေသာက္ေနသည္။
ထို႔ေနာက္ ျမင့္ေဆြက စကားကို ဆက္
ေျပာျပန္သည္။
“အဲဒါနဲ႔ – ေျပာရဦးမယ္။ ဟိုတစ္
ရက္က ႐ုံးဆင္းခ်ိန္ပဲ။ ဦးထြန္းသိန္းတစ္
ေယာက္ ထီးမပါလို႔ ပိုင္ရွင္မဲ့ ဒီထီးကို
အိမ္ယူသြားတယ္။ ေနာက္ေန႔ အေစာ
ႀကီး ေရာက္လာၿပီး သူယူခဲ့တဲ့ေနရာမွာ
ျပန္ထားသြားတယ္။ တာဝန္က်ေတြကို ပဲေျပာသြားေသးတယ္”
“ဒီထီးယူသြားမိတာ။ညမွအိပ္မက္
ထဲမွာ ခင္ေမာင္ေဇာ္က သူ႔ထီးကို သူ႔
ေနရာျပန္ပို႔ပါေျပာလို႔အျမန္လာပို႔တာ”
လို႔ေျပာသြားတယ္။အဲဒီေန႔ကစၿပီးဒီထီး
ဟာ နာမည္ႀကီးသြားတယ္။ ဘယ္သူမွ
ယူမေဆာင္းရဲၾကေတာ့ဘူး။ တာဝန္က်
တဲ့လူေတြကထီးမပါတဲ့လူေတြ႕ရင္ဒီထီး
ယူသြားပါလားလို႔ ေနာက္ေနၾကတယ္။
ထီးကိုယူဖို႔ေနေနသာသာအခ်ိဳ႕ကဒီထီး

ကိုရဲရဲေတာင္မၾကည့္ဝံ့ေအာင္ေၾကာက္
ေနၾကတယ္”
ျမင့္ေဆြ၏စကားကို အစအဆုံး နားေထာင္လိုက္ရမွ ထိုထီး၏ သမိုင္း ေၾကာင္းကို သိလိုက္ရသည္။ “ဒါဆို-ဒီထီးကိုဘာဆက္လုပ္ၾက
မွာလဲ”
“နီနီလည္း အဲဒီေန႔ကစၿပီး ႐ုံး မတက္ဘူး။ နီနီ ႐ုံးတက္တဲ့ေန႔မွ ဒီထီး ကို ျပန္ေပးရေတာ့မွာေပါ့။ မနက္ျဖန္ ခင္ေမာင္ေဇာ္ရဲ႕ ရက္လည္ဆြမ္းေကြၽး ကိုငါသြားမွာပဲ။နီနီကိုအက်ိဳးအေၾကာင္း

ေျပာျပခဲ့မယ္ေလ”
ခင္ေမာင္ေဇာ္ထီး၏အျဖစ္အပ်က္ မွာထိုမွ်သာျဖစ္ပါသည္။ေနာက္ေန႔နီနီ
ေရာက္လာၿပီး သူကိုယ္တိုင္ ထိုထီးကို
ယူသြားပါသည္။ထိုထီးထိုေနရာမွေပ်ာက္
ကြယ္သြားမွ အသက္ဝင္ေနေသာ ထီး
တစ္ေခ်ာင္း၏ ဇာတ္လမ္းၿပီးဆုံးျခင္း
သို႔ေရာက္ပါေတာ့သည္။တမလြန္မွထီး
ျပန္ေတာင္းသူလည္း ေပၚမလာေတာ့
သျဖင့္ ဇာတ္လမ္းမွာ နိဂုံးခ်ဳပ္သြားပါ
ေတာ့သည္။