” စနေမ “(စ/ဆုံး)

Unicode Version

” စနေမ “(စ/ဆုံး)
———————
ကျွန်မသည် ဇူလိုင်လကျောင်းဖွင့်ပြီး တစ္လေက်္မာွ တာဝန်ကျသောကျေးရွာလေးသို့ရောက်လာခဲ့ရသည်။ လမ်းပန်းဆက်သွယ်ရေးမကောင်းသောကြောင့်တစ်ကြောင်း၊ရာသီဥတုဆိုးဝါးမှုတစ်ကြောင်းကြောင့် နောက်ကျနေရခြင်းဖြစ်သည်။
ထိုကျေးရွာသို့ရောက်ရောက်ချင်း ပစ္စည်းပစ္စယများကိုချကာ ဆောက်ထားပေးသောဝန်ထမ်းအိမ်ရာ၌ နေသည်။ ဝန်ထမ်းအိမ်ရာတွင် ကျွန်မနှင့် ကျောင်းအုပ်ဆရာမကြီးတစ်ဦးသာရှိသည်။ ဝန်ထမ်းအိမ်ယာဆိုသော်ငြားလည်း တိုက်ခံအိမ်ယာမဟုတ်။ ပျဉ်ထောင်အိမ်လေးတစ်လုံးသာဖြစ်သည်။ ထိုပျဉ်ထောင်အိမ်လေးတွင်အခန်းနှစ်ခန်းရှိပြီး မီးဖိုခန်းသေးသေးလေးကိုပါ တစ်ခါတည်းအဖီဆွယ်ထားပေးသည်။
ထိုရွာလေးရောက်ရောက်ချင်းစိတ်ညစ်သွားရသည်။ ထိုဒေသခံများမှာ မြန်မာမဟုတ် တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်သည်။ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ထိုဒေသသို့ တခြားနယ်မှလုများသိပ်မသိကြ။ သို့ကြောင့် ထိုဒေသရှိလူများသည် မြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ကြပေ။
ကျောင်းဖွင့်သည့်နေ့၌ကျွန်မသည် အဖြူအစိမ်းဝတ်စုံကိုစောစီးစွာလဲပြီး ကျောင်းသို့စောစီးစွာသွားခဲ့သည်။ နေရာအသစ်နှင့်ကျောင်းသားကသစ်များကို တွေ့ချင်၍စိတ်ကစောနေခြင်းဖြစ်သည်။ ကျွန်မကျောင်းကိုရောက်သည်နှင့် ရုံးခန်းထဲရှိနေရာအလွတ်၌ ထမင်းချိုင့်ကိုချလိုက်သည်။ ရုံးခန်းထဲထဲမျက်စိဝေ့ကစားရင်း ဆရာ၊ဆရာမအင်အားနှင့်ကျောင်းသူကျောင်းသား အင်အား မည်မျှရှိသည်ကို ပြထားသောနံရံရှိသင်ပုန်းပေါ်ကိုကြည့်မိသည်။ ကျွန်မအပါအဝင် ဆရာ၊ဆရာမ သုံးယောက်သာရှိပြီး ကျောင်းသူကျောင်းသားအားလုံးပေါင်းမှ ၂၅ယောက်သာရှိသည်။
ကျောင်းတက်ခေါင်းလောင်းထိုးပြီး အတန်းစီချိန်၌ ကျောင်းအုပ်ဆရာမကြီးက ကျွန်မ၏နာမည်ကိုကျောင်းသူကျောင်းသားများအား မိတ်ဆက်ပေး၏။ ကျောင်းအုပ်ဆရာမကြီး၏စကားကို ဒေသခံဆရာမတစ်ယောက်က ကျောင်းသူကျောင်းသားများနားလည်စေရန် သူတို့၏ဘာသာစကားဖြင့်ပြန်လည်ပြောပြပေး၏။
” ကဲ…ကလေးတို့အားလုံး ဒီအသစ်ရောက်လာတဲ့ဆရာမရဲ့ နာမည်က ဒေါ်အေးချမ်းမိုးဖြစ်တယ်….ဒီဆရာမက ကလေးတို့အားလုံးကိုစာသင်ပေးမှာဖြစ်လို့ ရိုရိုသေသေလေးလေးစားစား ဆက်ဆံရမယ်ကြားလားကလေးတို့….”
” ဟုတ်ကဲ့ပါဆရာမ…”
ကလေးများကပြိုင်တူဖြေလိုက်ကြ၏။ ခုမှသေချာကြည့်မိသည်။ ကလေးများအားလုံး အဖြူအစိမ်းဝတ်စုံကို စေ့ပေါက်အောင်မဝတ်ကြချေ။ သေးကွက်များ အကွက်လိုက်ထနေသည့် အိမ်နေဝတ်စုံကိုသာ ဝတ်လာကြသည်။ မျက်နှာလည်း သနပ်ခါးပါသူကပါ၊မပါသူလည်း သည်အတိုင်းပင်။ ခေါင်းလည်းသေချာဖီးခဲ့ကြပုံမပေါ် ဆံပင်များစုတ်ဖွားနေသည်။ ဆရာမကြီးက ကျွန်မ၏အတွေးကိုသိပုံရသည်။
” ညီမေလး…ဒီရွာက ကလေးတွေကဒီလိုဘဲ….ယောက်တိုင်းစေ့ကျောင်းဝတ်စုံမရှိကြဘူးလေ….သန့်ရှင်းရေးကိုလည်း မိဘတွေကလုပ်ပေးမဲ့ပုံမပေါ်ပါဘူး….ဒီရွာကလမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ ကျောင်းစာအုပ်ဖိုးလည်းခက်ခဲကြတယ်လေ…”
” ဟုတ်ကဲ့ပါဆရာမကြီး…”
” ညီမေလးက ဒုတိယတန်း အတန်းပိုင်တာဝန်ယူပြီး ကလေးတွေကိုစာသင်ကြားပေးပေါ့…အခက်ခဲရှိရင် အစ်မကိုတိုင်ပင်လို့ရတယ်နော်….”
” ဟုတ်ကဲ့ရှင့်…”
” ကဲကလေးတို့အားလုံး…ဒီနေ့ပြောဖို့မရှိတော့ဘူးဆိုတော့ ငြိမ်သက်စွာရပ်ပြီး နိူင်ငံတော်အလံကိုအလေးပြုကြကွယ်….”
ဆရာမကြီး၏စကားကြောင့် ကျောင်းသူကျောင်းသားများအားလုံး နိူင်ငံတော်အလံကိုရိုသေစွာအလေးပြုကြ၏။
တန်းစီ၍ပြီးချိန်၌ ကလေးများအားလုံးအတန်းကိုယ်စီဝင်ကြ၏။ ကျွန်မလည်းဒုတိယတန်းသင်ရိုးကိုကိုင်ကာ ဒုတိယတန်းထဲသို့ဝင်လိုက်၏။ အခန်းထဲသို့ဝင်ဝင်ချင်း ကလေးထံမှသေးနံ့က ဆီးကြိုနေသဖြင့် ကျွန်မပြုံးမိသွား၏။
” မင်္ဂလာပါ ခ်ရာမ…”
ကျွန်မအခန်းထဲသို့ရောက်သည်နှင့်ခလေးများကခုံပေါ်ရပ်ကာ နုတ်ဆက်ကြ၏။
” မင်္ဂလာပါကလေးတို့…ထိုင်ကြ…ထိုင်ကြ…”
ဟုကျွန်မပြောလိုက်ရာ ကလေးများကမိမိနေရာ၌ငြိမ်သက်သွာထိုင်လိုက်ကြ၏။
” ကဲကလေးတို့ ဆရာမနာမည်ကိုမှတ်မိကြလား…”
” မှတ်မိဝူးချာမ…”
” အဲဆိုဆရာမသေချာပြန်ပြောပြမယ်…မှတ်ထားကြနော်….”
ကျွန်မက မြေဖြူခဲကိုယူပြီး သင်ပုန်းပေါ်၌ကျွန်မ၏နာမည်ကိုရေးပြပြီး ဖတ်ပြလိုက်၏။ ထိုရွာလေးသည်ခေါင်ကျသောကြောင့် whiteboard များမသုံးနိုင်သေးချေ။
” ဆရာမနာမည်က ဒေါ်အေးချမ်းမိုး…”
” ဒေါ်အေခမ်းမိုလား ခ်ရာမ…”
ကလေးတစ်ယောက်ကထမေး၏။
” မဟုတ်ဘူးသားရဲ့ ဒေါ်အေးချမ်းမိုး….”
” ဪသားသိပြီ…ဒေါ်အေးစန်းမိုး…”
” ဟမ်….မဟုတ်ဘူးသားရဲ့ သေဝထိုး ဒဒွေးရေးချ ရှေ့ထိုး ဒေါ်၊ သဝေထိုးအဝစ္စနှစ်လုံးပေါင်းရင်အေး၊ ခခွေးယပင့်မသတ်ဝစ္စနှစ်လုံးပေါင်း ချမ်း၊ မလုံးကြီးတင် တစ်ချောင်းငင်မိုး ဒေါ်အေးချမ်းမိုး….”
” ဪသားဖတ်တတ်ပြီ ခ်ရာမနာမယ္က ဒေါ်အေးချမ်းမိုး….ဟုတ္လားခ်ရာမ…”
” ဟုတ်တာပေါ့သားရဲ့…ကဲဆရာမနာမည်ကိုသိပြီဆိုတော့ သားတို့သမီးတို့ရဲ့နာမည်ကို တစ်ယောက်ချင်းစီပြောပြကြ…ထိပ်ဆုံးတန်းကသားလေးနာမည်ဘယ်လိုခေါ်လဲ…”
” သားနာမည်က ငေလြး…”
” သားနာမည်က စူးပေ…”
” သားနာမည်က ဘုန်းမြတ်…”
” သမီးနာမည်က လေးညိုပါချရာမ…”
ကေလး လေးယောက်ကသူတို့၏နာမည်များကို မိတ်ဆက်ကြ၏။ နောက်ဆုံးကျန်သည့်ကလေးတစ်ယောက်က ကျွန်မပြောနေသည်ကိုစိတ်ဝင်စားသည့်ပုံမပေါ်။ သူ၏လက်ပေါ်မှသရေပင်တစ်ကွင်းကိုယူကာ ဆော့နေ၏။
” ကဲသမီးလေး…သမီးလေးတစ်ယောက်ဘဲကျန်တယ်… သမီးလေးနာမည်ကဘာတဲ့လဲ…”
ထိုကလေးကကျွန်မကိုမော့၍ပင်မကြည့်။
” သူ့နာမယ် စနေမလို့ခေါ်တယ်ချရာမ…”
ရှေ့ဆုံးတန်းမှ အမြဲသွက်သွက်လက်လက်ရှိသော ကလေးတစ်ယောက်ကဝင်ပြော၏။
” သမီးလေး…ဆရာမမေးတာကြားလား…”
ကျွန်မက ထိုကလေးနားသွားပြီး မေးလိုက်၏။
” အမေလး…ဗုဒ္ဓေါ…”
ထိုကေလးက ကျွန်မအားသူကိုင်ထားသော သရေပင်နဲ့ပစ်ရန်ချိန်ရွယ်ထားသဖြင့် ကျွန်မလန့်သွား၏။ မလန့်၍မရ။ ကလေးကိုင်ထားသောနှစ်ထပ်သရေပင်သည် မတော်၍မျက်လုံးကို ထိမိပါကမကန်းဘူးဟုနဆိုနိူင်ချေ။
” သမီးလေး…ဆရာမကိုအဲလို့မရွယ်ရဘူးလေနော်…ပြန်သိမ်းလိုက်သမီးလေး….”
” နင်ငါ့ကို ရိုက်မှာလား…”
ထိုကေလးက ကျွန်မကိုအသံဝဲဝဲဖြင့်မေးရှာ၏။
” မရိုက်ပါဘူးသမီးရဲ့…ဆရာမကိုသမီးကိုဘာလို့ရိုက်မှာလဲ….”
ကျွန်မထိုသို့ပြောမှ ကလေးကသရေပင်ကိုလက်ကောက်ဝတ်၌ ပြန်ဝတ်ထားလိုက်၏။ ကျွန်မလည်း ဘာစကားမှမဆိုတော့ဘဲ ကျောင်းသင်ခန်းစာကိုသေချာစွာသင်ပြပေးလိုက်၏။ ကျောင်းချိန်ပြီးသည်နှင့် ကျွန်မသည်ထိုကလေးအကြောင်းကိုစိတ်ဝင်စားသည်နှင့် ဆရာမကြီးကိုမေးလိုက်၏။
” ညီမလေးသိချင်တဲ့ကလေးရဲ့နာမည်က စနေမတဲ့လေ…ဒီကလေးကအမေမရှိတော့ဘူး အဖေဘဲရှိတော့တာ…”
” ဪ…ဒီကလေးကနည်းနည်းတော့ဆိုးချင်ချင်ဖြစ်နေတယ်နော်ဆရာမ…”
” ဟုတ်တယ်ညီမလေးရဲ့ သူ့အဖေစရိုက်ရတာနေမှာပေါ့…သူ့အဖေကကြမ်းတမ်းတဲ့မုဆိုးကြီးလေ စနေမမှာအစ်ကိုတစ်ယောက်လည်းရှိသေးတယ် အသက်က၁၇နှစ်လောက်ရှိမှာပေါ့ သူလည်းဖအေလိုမုဆိုးအလုပ်ကိုလုပ်တာဘဲ…ဒီတော့စနေမလည်း အဖေနှင့်အစ်ကိုဆီကနေ ကြမ်းတမ်းတဲ့စရိုက်တွေကူးလာတာပေါ့…”
” ဟုတ်မယ်ဆရာမ…”
” ဒါနဲ့ညီမလေး စာသင်ရတာအဆင်ပြေလား ကလေးတွေရောလိုက်နာရဲ့လား…”
” ကလေးတွေကတော်ကြပါတယ်ဆရာမ…သူတို့ကတိုင်းရင်းသားကလေးတွေဖြစ်တော့ သူတို့နားလည်သဘောပေါက်အောင်ရှင်းပြရတာပေါ့…”
” ဟုတ်တယ်ကွဲ့…ညီမလေးစိတ်ရှည်ရှည်ထားပြီး ဒီကလေးတွေကိုမြေတောင်မြှောက်ပေးပေါ့ကွယ်…ကလေးပြောတာကိုနားမလည်တာရှိရင် ဒီရွာခံညီမလေးကိုမေးလို့ရတယ်သူက စေတနာဝန်ထမ်းမလေးပေါ့ သူ့နာမည်ကပြည့်ခင်တဲ့လေ…”
” ဟုတ်ကဲ့ပါဆရာမ…”
ထိုည၌ကျွန်မသည်စနေမ အကြောင်းကိုသာတွေးနေမိ၏။
ထိုရွာကိုရောက်ပြီးလအနည်းငယ်အကြာ၌ကျွန်မသည် ကေလးမ်ားကိုသာမက ရွာသူရွာသားများနှင့်ပါ ရင်းနှီးလာ၏။ ကျောင်းပိတ်ရက်များ၌ ကလေးမိဘများသည် ကျွန်မကိုအိမ်ခေါ်ပြီး ဒေသစာများကိုကျွေးတတ်၏။
စနေမနှင့်လည်းကျွန်မသည်ရင်းနီးလာ၏။ အမှန်တကယ်ထိုကလေးသည်ကျောင်းစာ၌တော်သလို သူငယ်ချင်းများအပေါ်လည်း အနွံတာခံ၏။ ကျွန်မတွေးနေစဉ်စနေမက ကျွန်မအနားသို့ရောက်လာ၏။
” ခ်ရာမ ငါ့အဖေကချရာမကိုဒါပေးခိုင်းလိြက်တယ်…”
ဟူသောအသံနှင့်အတူ ဝင်လာသည်က စေနမ။
” သမီး အဖေကဆရာမကိုပေးခိုင်းတာလား….”
” ဟုတ္တယ္ခ်ရာမ ပြီးတော့အစ်ကိုကလည်းပြောခိုင်းသေးတယ် ချရာမကိုချေ့တယ်တဲ့…”
” သမီးရယ် ဘာတွေလျှောက်ပြောနေတာတုံး…လာလာသမီးကိုဆရာမမုန့်ပေးမယ်…”
စနေမ၏စကားကြောင့် ကျွန်မရှက်သွေးဖျာသွားသည်။
” သမီးရော့မုန့်လာယူ…ကဲသမီးလေးကိုဆရာမပြောစရာရှိတယ်…ကိုယ့်ထက်ကြီးတဲ့လူနဲ့စကားပြောရင် ငါလိုမသုံးရဘူး…ကျွန်မ၊သမီး၊မီးမီးလို့သုံးရတယ်နော်…ကဲသမီးလေးပြောကြည့်…”
” ဟာ…ငါမပြောတတ်ဘူးချရာမ…”
” မပြောတတ်လို့်မရဘူးသမီးရဲ့…သမီးသင်ဖူးတယ်မလား ပထမတန်းဖတ်စာထဲမှာပါတဲ့ စကားချိုချိုပြောရအောင်ဆိုတာလေ…စကားကိုချိုချိုသာသာပြောတဲ့ကလေးကိုဦးလေးကြီးက ငှက်ပျောသီးတစ်ဖီးလုံးပေးလိုက်တဲ့ပုံပြင်လေးလေ…”
” ခ်ရာမ အဖေကပြောခိုင်းသေးတယ် ညကျရင်ချရာမကိုအိမ်မှာထမင်းကျွေးချင်လို့လာခဲ့ပါတဲ့… ”
” ဟုတ်ပါပြီရှင့် ဆရာမလာခဲ့မယ် ….”
ကျောင်းပိတ်ရက်လေးဖြစ်နေသဖြင့် ကျွန်မသည်စနေမယူလာပေးသော အသားကိုချက်ပြီးဆရာမကြီးနှင့်အတူထမင်းလက်ဆုံစားကြ၏။
” ကလေးတွေက ညီမလေးကိုအတော်ချစ်ကြတာဘဲ…အစ်မဒီမှာတာဝန်ကျတာကြာပြီ ဘယ်သူမှဘာမှလာမပို့ပေးဖူးဘူး…”
” ဟုတ္လားအစ္မ…ဒီအသားကေတာ့စေနမေလးက သူ့အဖေလာပို့ခိုင်းတာလို့ပြောသွားတယ်….. ညနေကျရင်လည်း သူတို့အိမ်ကိုထမင်းစားသွားဖို့ဖိတ်ခဲ့ပါသေးရဲ့….”
” ရွာသူရွာသားတွေတော့ရိုးသားဖော်ရွေကြတာအမှန်ဘဲညီမရေ…သူတို့တွေကြောင့်မို့လဲ ဒီမှာတာဝန်ကျတာမပျင်းရတော့ဘူးပေါ့….”
” ဟုတ္တယ်ဆရာမ…ညီမဒီရောက်စတုန်းကတော့ ပျော်စရာမကောင်းဘူးထင်ခဲ့တာ…”
” ညီမကိုအစ်မတစ်ခုပြောထားရဦးမယ်…ဒီရွာမှာရိုးသားတဲ့လူတွေရှိသလို လူရမ်းကားတွေလဲရှိတယ်…အဲတစ်ခုတော့ညီမသတိထားနော်….”
” ဟုတ်ကဲ့အစ်မ….”
ထမင်းစားပြီးနောက် သိမ်းစရာရှိသည်များကိုသိမ်းလိုက်သည်။ ပြီးနောက် စာစစ်စရာများရှိသည်ကိုစစ်ပြီး အချိန်ဖြုန်းနေမိသည်။ ညနေ၄နာရီခွဲခန့်တွင် စနေမရောက်လာပြီး
” ခ်ရာမ…ခ်ရာမ…ငါ…ဟုတ်ပါဘူး…မီးမီးချရာမကိုလာခေါ်တာ…”
” ဪအေးအေးသမီး… ဆရာမလိုက်ခဲ့မယ်….”
” အဖေကပြောတယ်…မီးမီးနဲ့အတူတစ်ခါထဲလိုက်ခဲ့ပါတဲ့…”
” ဪအဲဆိုခဏစောင့်…ဆရာမ ထီးယူလိုက်ဦးမယ်….”
ကျွန်မလည်းထီးယူပြီး စနေမနှင့်အတူသူမ၏အိမ်သို့လာခဲ့ကြသည်။ အိမ်မရောက်မှီမှာပင် မိုးများရွာချလာသဖြင့် စနေမကိုပခုံးပွေ့ကာထီးအမိုးထဲသို့ခေါ်လိုက်၏။
” ခ်ရာမ…”
” အင်း…ပြောလေသမီး….”
” ခ်ရာမက မီးမီးအစ်ကို့ကိုချစ်ဘူးလား…”
” အို…ဘာတွေပြောနေတာလဲဒီကလေး…”
” တွေ့လားချရာမ ရှက်နေတယ်ဟီးဟီး….”
” ဟာ..ဟဲ့ဟဲ့သမီးလေး…မိုးတွေစိုကုန်မယ်လေ….”
စေနမက ကျွန်မကိုစနောက်ပြီး သူ့ပခုံးကိုပွေ့ထားသောကျွန်မလက်ကို ဖယ်ကာမိုးရေထဲပြေးသွားလိုက်၏။ အပူအပင်ကင်းမဲ့နေသော ကလေးမလေးတစ်ယောက်သည် မိုးရေထဲ၌ပျော်ရွှင်စွာကခုန်နေ၏။ တစ်အောင့်အကြာ၌ ရွာအစွန်ရှိစနေမ၏အိမ်သို့ရောက်လာ၏။
” ဖေဖေ…ဖေဖေ…ချရာမရောက်လာပြီ…”
” ဟေ…ဆရာမတောင်ရောက်လာပြီမှကိုး…လာလာဆရာမ…အိမ်ပေါ်ကိုကြွပါခင်ဗျ… ”
” ဟုတ်ကဲ့ရှင့်ဦးလေး….ကလေးကိုအဝတ်စားလဲခိုင်းလိုက်ပါဦး မိုးရေထဲဆော့နေလို့ သူ့မယ်စိုရွဲှနေရှာတာ….”
” ကျွန်တော့်သမီးက အဲလို့ဘဲဆရာမရေ….လာလာဆရာမ…အိမ်မှာကမိန်းမသားတွေမရှိတော့ သိမ်းမဲ့ဆည်းမဲ့လူမရှိလို့ညစ်ပတ်နေတာဗျ…”
” အို…ရပါတယ်ရှင့်…”
ကျွန်မက စနေမ၏အိမ်ထဲသို့ဝင်လိုက်၏။ အမိုးအကာမလုံ့တလုံအိမ်ထဲတွင် မီးဖိုကြီးတစ်ဖို ဖိုထား၏။ စေနမ၏အစ္ကိုက ကျွန်မစားဖို့ရန်ထမင်းဟင်းခူးခပ်နေ၏။
” လာဆရာမေလး…ထမင်းစားရအောင်…ဟင်းတွေကအကောင်းစားတွေမဟုတ်ပေမဲ့ ကျွန်တော်နှင့်အဖေက စေတနာအပြည့်ထည့်ချက်ထားလို့ စားကောင်းမှာပါဗျ… ”
ထိုကောင်လေးက ကျွန်မကိုကြည့်ပြီး ထိုသို့ပြော၏။ ကျွန်မလည်းစားပွဲခုံ၌ထိုင်ကာ
” ဦးလေးနှင့်မောင်လေးရောတစ်ခါထဲလာစားလေ…သမီးလေးကိုပါခေါ်လိုက်ပေါ့…”
” ဟာနေပါစေဆရာမရေ…ကျွန်တော်တို့ကတောသူတောင်သားတွေဆိုတော့ ထမင်းကိုပလုတ်ပလောင်းဘဲစားတတ်တာ…တော်ကြာဆရာမ မစားရဲဘဲနေပါ့မယ်…”
” ဪမဟုတ်တာရှင့်…လာပါတစ်ခါထဲစားကြစို့…”
ကျွန်မ၏စကားကြောင့် စနေမ၏ဖခင်နှင့်အစ်ကိုလည်းတစ်ခါတည်း ဝင်စားလိုက်၏။ စနေမကိုပါတစ်ခါတည်းစား၏။
” ရော့စားဆရာမ…ဒီချေသားက မနက္ကမွရလာတာ လတ်လတ်ဆတ်ဆတ်ဘဲအရမ်းစားကောင်းတယ်….”
ဆိုပြီး အသားတုံးကြီးခူးခပ်ကာ ကျွန်မ၏ပန်းကန်ထဲသို့ခူးခပ်ထဲ့ပေးနေ၏။
” ခ်ရာမ…မီးမီးအစ်ကိုရဲ့လက်ရာစားကောင်းလား….”
” မီးမီးအစ္ကိုခ်က္တာလား….”
” ဟုတ်တယ်ဆရာမရဲ့ ကျွန်တော့မိန်းမ မရှိတော့ထဲက ကျွန်တော့်သားကဘဲချက်ကျွေးနေတာဗျို့….”
ဦးလေး၏စကားကြောင့် ထိုကလေးကိုကျွန်မအကဲခတ်နေမိသည်။ အသက်ငယ်သေးသော်လည်း ဗလတောင့်တောင့်နှင့်ဆူဖြိုးသောခန္ဓာကိုယ်ရှိ၏။ အချက်အပြုတ်ကောင်း၏။
” စနေမရဲ့အစ်ကိုက ဟင်းချက်တော်နေရောဘဲ စားလို့အရမ်းကောင်း…”
” တကယ္လားခ်ရာမ… ဒါဆိုမီးမီးအစ်ကို့ကိုယူလိုက်လေ…ဟီးဟီး….”
” ဟာညီမေလးကလဲ…”
” ဘာညီမေလးလဲ…ဟိုနေ့ကသူဘဲချရာမကိုပြောခိုင်းပြီးတော့….”
စနေမ၏စကားကြောင့် ကျွန်မကော ကောင်လေးပါမျက်နှာရဲတွတ်သွားကြ၏။ အခြေအနေကိုရိပ်မိသော ဦးလေးက
” ကျွန်တော့သမီးကအဲလို့ဘဲဆရာမရေ…စိတ်မဆိုးနဲ့ဗျို့….”
ဟုဝင်ပြော၏။
” သမီးလေးက ဆရာမကြောင်းနေ့တိုင်းပြန်ပြောတာ…ဆရာမလေးကချစ်စရာကောင်းတယ်၊ကလေးတွေကိုလည်းမုန့်ကျွေးတယ်၊ရိုက်လဲမရိုက်ဘူးတဲ့…ဆရာမလေးကိုသူချစ်တယ်တဲ့….ဆရာမလေးကိုအိမ်မှာခေါ်ထားပေးပါလားတဲ့…”
မုဆိုးကြီး၏စကားကြောင့်ကျွန်မသည် မနေတတ်လောက်အောင်ဖြစ်သွား၏။
ကျောင်းပိတ်ရက်ရှည်များ၌ကျွန်မသည်နေရပ်သို့ပြန်ပြီး ရသည့်လစာဖြင့် ကလေးများအတွက်အဝတ်အစားနှင့် မုန့်များကိုဝယ်ပေး၏။ အိမ်၌ရှိသောအစ်မကလည်း သူ့ကလေးနဲ့မတော်တော့သည့်အဝတ်များကိုပါ ကလေးများအတွက်ထည့်ပေး၏။ ကျွန်မ၏ပြောပြချက်ကြောင့် အလှူရှင်အချို့လည်း ကလေးများအတွက်စာရေးကရိယာများလှူဒါန်းကြ၏။
ကျွန်မသည်ကလေးများအတွက်အဝတ်အစားဝယ်ပေးရင်း ဆိုင်ထဲ၌ချိတ်ထားသောအနီရောင်ဝတ်စုံလေးကိုမြင်ပြီး စနေမကိုပြေးမြင်မိ၏။
” ဒါလေးကစနေမလေးနဲ့အရမ်းလိုက်မှာဘဲ…”
ဟူ၍လည်းတွေးနေမိ၏။ သို့ကြောင့်ထိုအနီရောင်ဝမ်းဆက်လေးအားစနေမအတွက်ဝယ်ပေးမိ၏။ ကျောင်းပြန်ဖွင့်သည့်နေ့၌ကျွန်မသည် ပစ္စည်းပစ္စယများသည်ပြီး
တာဝန်ကျရာရွာလေးသို့ပြန်လာခဲ့၏။
ကျောင်းဖွင့်သည့်နေ့၌ကျွန်မသည် ကလေးများအတွက်ဝယ်လာသော အဝတ်အထည်နှင့်မုန့်များကိုဝေပေးလိုက်၏။ ကလေးများသည် ကျွန်မဝေပေးသောအဝတ်အထည်နှင့်မုန့်များကြောင့် အလွန်ပျော်ရွှင်သွားကြ၏။ စနေမလေးလည်း ဝတ်စုံအနီလေးကိုဝတ်ကာ ကျေနပ်နေ၏။
” ခ်ရာမ…ရော့ချရာမအတွက်… ”
စနေမကပန်းကလေးတစ်ပွင့်ကို ကျွန်မထံသို့လှမ်းပေးလိုက်၏။ ထိုပန်းသည် ကျွန်မမြင်ဖူးသော သစ်ခွပန်းအမျိုးအစားဖြစ်နေ၏။
” အဲဒီပန်းကိုဖေဖေတို့က တောထဲကနေယူလာတာချရာမရဲ့…အဲဒါမီးမီးကချရာမကိုပေးချင်လို့ ယူလာခဲ့တာ…”
” ဟုတ်ပါပြီကွယ်….”
ဤသို့ဖြင့်ကျွန်မသည်ထိုခေါင်ကျသောရွာလေး၌ နေလာသည်မှာ၅လထဲရောက်လာချေပြီ။ ကလေးများကိုလည်း တတ်နိူင်သမျှထောက်ပံ့ပေးနိူင်ခဲ့သည်။ တပည့်မရှား၊တပြားမရှိ ဆိုသလိုကျွန်မသည်သူဋ္ဌေးသူကြွယ်မဟုတ်သော်ငြား ကလေးများအတွက်တတ်နိူင်သမျှလေး ထောက်ပံ့ပေးနိူင်သောကြောင့် ပီတိဖြစ်မိသည်။
ကျွန်မသည်စာသင်နေရင်း ကလေးတစ်ယောက်လျော့နေသည်ကိုသတိပြုမိသည်။ နာမည်မခေါ်သေးဘဲစာအရင်သင်လိုက်သောကြောင့် ကျွန်မသတိမထားမိခြင်းသာ။
.” သမီးလေးညို….သမီးဘေးကစနေမ နေမကောင်းလို့လားကွဲ့… ”
” သိဘူးခ်ရာမ…”
” ဒီကလေးခွင့်လည်းမတိုင်ဘူး…ဘာများဖြစ်နေလို့ပါလိမ့်….”
တစ်နေကုန်စာသင်နေရသော်လည်း ကျွန်မ၏စိတ်သည် ကလေးမလေးစနေမထံသို့သာရောက်နေ၏။ ဘာရယ်ကြောင့်မသိကျွန်မ၏စိတ်များလေးလံနေမိသည်။ ကျောင်းချိန်ပြီး၍ ကျွန်မလည်းအိမ်သို့ပြန်လာကာစာစစ်စရာ ရှိသည်များကိုစစ်နေသဖြင့်အချိန်ကိုပင်မေ့နေသည်။
” ဆရာမ…ဆရာမရှိလားဗျို့….”
ဟူသောအသံနှင့်အတူ အထဲဝင်လာသူကစနေမ၏အစ်ကိုဖြစ်သူပင်။
” ဪမောင်လေးလာလေ…ကျွန်မလည်းမေးဖို့ရှိတာနဲ့အတော်ဘဲ…စနေမကျောင်းမလာဘူး နေမကောင်းလို့များလားရှင့်….”
” မဟုတ်ပါဘူးဆရာမ…စေနမ မနက်တုန်းကကျောင်းကိုသွားခဲ့တယ်လေ…ဆရာမအတွက်ဆိုပြီး သစ်ခွပန်းလေးတောင်ယူသွားသေးတာ…”
” ဟင်…ဒီနေ့စနေမလေးကျောင်းမှာမရှိပါဘူး…”
” ဒီကလေးဘယ်သွားနေပါလိမ့်…ခုထိအိမ်ပြန်ရောက်မလာလို့ ဆရာမအိမ်နားရှိမလားဆိုပြီးလာရှာတာဗျ….”
ထိုစကားကြောင့် ကျွန်မရင်ထဲထိတ်ခနဲဖြစ်သွား၏။
” အိမ်မှာလည်းမရှိ..ကျောင်းလည်းရောက်မလာဆိုတော့ ဒီကလေးဘယ်သွားနေတာလဲ…ညနေငါးနာရီတောင်ရှိပြီ…”
ကျွန်မကလက်မှပတ်ထားသောနာရီကိုငုံ့ကြည့်ပြီးပြော၏။
” မျဖစ္ဘူး…မျဖစ္ဘူး…စနေမကိုသွားရှာမှဖြစ်မယ်…ဘုရားဘုရား….ကျွန်မရဲ့တပည့်လေးဘာမှမဖြစ်ပါစေနဲ့….”
ကျွန်မ၏အတွေးထဲတွင်စနေမတစ်ခုခုများဖြစ်နေပြီလားဟုချက်ချင်းတွေးမိ၏။
” ဆရာမ….ညီမလေးကိုဘယ်မှာသွားရှာုကမလဲ…. ”
” စနေမသွားတတ်တဲ့နေရာတွေများရှိလား….”
” အဲလို့တော့ကျွန်တော်လည်းမသိဘူးဆရာမ တကယ်တော့ကျွန်တော်တို့သားအဖက တောထဲသွားနေရတာနဲ့ညီမလေးကိုသေချာမစောင့်ရှောက်မိဘူး…”
ကျွန်မတို့ပူထူပြီး ရွာထဲသွားကာစနေမကိုရှာနေမိ၏။ မတွေ့သည့်အဆုံး ကျေးရွာသူကြီးကိုပါ အကြောင်းကြားပြီးကူရှာခိုင်းရ၏။ ညရှစ်နာရီအထိရှာသော်လည်း စနေမကိုမတွေ့။ ကျွန်မရင်တစ်ခုလုံးဗြောင်းဆန်နေ၏။
” ကဲ့ညရှစ်နာရီလည်းထိုးနေပြီ…ဆရာမလေးလည်းပင်ပန်းနေရောပေါ့….ပြန်ပြီးနားလိုက်….ဦးကြီးတို့ဘဲဆက်ပြီးရှာလိုက်မယ်…တွေ့မှဆရာမလေးကိုအကြောင်းကြားလိုက်မယ်လေ….”
” ရပါတယ်ရှင့်…ကျွန်မဘယ်လိုစိတ်နဲ့ ပြန်နားနိူင်မလဲ….ကျေးဇူးပြုပြီးကျွန်မကိုလိုက်ရှာခွင့်ပေးပါနော်… ”
ကျွန်မ၏တောင်းဆိုချက်ကြောင့် နောက်ဆုံး၌သူကြီးလည်း လိုက်လျောခဲ့ရသည်။ ထိုည၌စနေမကိုရှာသော်လည်းမတွေ့ကြရ။ ညည့်နက်နေသဖြင့်ကျွန်မလည်း သူကြီးအိမ်မှာပင်အိပ်လိုက်သည်။ ကျွန်မ၏ခြေထောက်၌ညှောင့်စူးထားသောကြောင့် တဆစ်ဆစ်ကိုက်ခဲနေသည်။ သို့သော် ကျွန်မရင်ထဲ၏အပူမီးကြောင့်ဒဏ်ရာကိုဂရုမစိုက်အားဘဲ စနေမလေးအတွက် ဆုတောင်းနေမိသည်။
ကျွန်မမည်မျှအိပ်ပျော်သွားသည်မသိ။ ကျွန်မ၏ခြေထောက်ကိုအေးစက်သောအရာတစ်ခုလာထိသဖြင့် ကျွန်မလန့်နိူးသွားသည်။
” ဟင်…သမီး…စေနမ…ဘယ်သွားနေတာလဲ….တစ်ကိုယ်လုံးလဲရေတွေရွဲှဲနေလို့ပါလား…”
ကျွန်မ၏ခြေရင်း၌ရပ်နေသောစနေမလေးကိုကြည့်ပြီးစိတ်ပူနေမိ၏။ စနေမသည်ကျွန်မကိုစိုက်ကြည့်ပြီး တစ်ခုခုကိုပြောချင်နေဟန်ရှိသည်။
” သမီး…လာဆရာမအဝတ်လဲပေးမယ်…မဟုတ်ရင်သမီးဖျားလိမ့်မယ်ကွဲ့…”
ကျွန်မကိုထိုသို့ပြောပြီးစနေမ၏လက်ကိုဆွဲလိုက်၏။
” ဟင်…အေးစက်နေပါလား…သမီး…သမီး…ထွက်မပြေးနဲ့လေ…သမီး….”
စနေမသည်ကျွန်မကိုဘာတစ်ခုမှပြန်မပြောဘဲ ကျွန်မဆီမှအတင်းရုန်းကန်ကာ ထွက်ပြေးနေ၏။
” ဆရာမ.. ဆရာမ…ဘာဖြစ်တာလဲ…”
သူကြီးကတော်ကကျွန်မကို ကိုင်လှုပ်ပြီးနိူးမှကျွန်မနိူးလာ၏။ အမှန်တကယ် စနေမကိုကျွန်မအိပ်မက်မက်နေခြင်းသာ။
” ဆရာမယောင်ပြီးအော်နေလို့ အဒေါ်လာနိူးတာကွဲ့….အိပ်မက်ဆိုးမက်လို့လားဆရာမ….”
” ကျွန်မတပည်မလေးကိုမက်လို့ပါဒေါ်ဒေါ်….သူကျွန်မကိုတစ်ခုခုပြောချင်နေဟန်ရှိတယ်….မျဖစ္ဘူး…သူ့ကိုသွားရှာမှဖြစ်မယ်….”
ကျွန်မသည် ကလေးကိုစိတ်ပူနေသည့်ဇောဖြင့် မျက်နှာကိုပင်သစ်ဖို့မေ့နေသည်။ ကျွန်မအိမ်အောက်သို့ဆင်းလာရာ အောက်တွင်သူကြီးတို့လူစုနေသည်ကိုတွေ့ရ၏။
” နိူးလာပြီလားဆရာမလေး…ဒဏ်ရာကဘယ်လိုနေသေးလဲ…”
သူကြီးကကျွန်မကိုတွေ့တွေ့ချင်း မေးလိုက်၏။ ကျွန်မမှာခြေထောက်ကအနာကိုပင်သတိမရချေ။
” ရပါတယ်ဦးကြီး…ကျွန်မ တပည့်မလေးကိုဘဲရှာပေးကြပါ….ကျွန်မအထင်ရေစပ်မှာရှိနိုင်လောက်တယ်….”
” ဟင်…ဆရာမေလးကဘယ္လိုသိ…”
မုဆိုးကြီးကကျွန်မကိုမသင်္ကာသလိုပြန်မေး၏။
” မနေ့ညကစနေမကို ကျွန်မအိပ်မက်မက်တယ်…သူ့တစ်ကိုယ်လုံးရေတွေရွဲှရွဲှစိုနေတောဘဲ….”
” ဒါဆိုလူစုခွဲပြီးသွားရှာကြရအောင်…ချောင်းဘေးကန်လေးအဓိကဦးစားပေးရှာကြဟေ့….”
ကျွန်မနှင့်သူကြီးအုပ်စုကတစ်စုခွဲထွက်ပြီး ကျန်တစ်ရွာသူရွာသားများကတစ်စုဖြစ်၏။
ကျွန်မခြေထောက်၏အနာသည်ခြေဖနှောင့်နားတွင်ဖြစ်နေ၍ လမ်းသွားတိုင်းဖိနင်းမိသလိုဖြစ်နေသဖြင့် သွေးများစီးထွက်လာ၏။ သို့သော့ကျွန်မဂရုမစိုက်အား။ ချောင်းဘေးကန်ဘေးမှန်သမျှလိုက်ရှာ၏။ သို့သော် စနေမကိုမတွေ့။ တစ်ခုသော နေရာအရောက်တွင် ကလေးတစ်ယောက်ချုံပုတ်ထဲပြေးဝင်သွားသည်ကို ကျွန်မတွေ့လိုက်သည်။
အနီရောင်ဝတ်စုံကိုဝတ်ထားသဖြင့် စနေမဖြစ်မှန်းကျွန်မသိလိုက်သည်။
” သမီး…ဟဲ့…သမီးမပြေးနဲ့လေ….”.
သို့ကြောင့်ကျွန်မထိုသို့အော်ပြီး ထိုခြုံပုတ်ရှိရာသို့ပြေးလိုက်၏။ အနောက်မှသူကြီးတို့အုပ်စုလည်း ကျွန်မနောက်သို့ပြေးလိုက်လာကြ၏။ ခြံပုတ်နားရောက်သော် လူရိပ်လူယောင်မျှပင်မတွေ့။
” ဆရာမ အမြင်မှားတာနေမှာပါ….”
” မဟုတ္ဘူး…ကျွန်မတကယ်မြင်တာ…စနေမဒီနားရှိကိုရှိရမယ်….”
” သမီး…သမီးလေးရ….စေနမ….အဖေခေါ်နေတယ်လေ…”
မုဆိုးကြီးကသူတို့၏ဘာသာစကားဖြင့်သမီးဖြစ်သူကိုခေါ်၏။ ကျွန်မလည်းစနေမ ထိုခြုံပုတ်နားတွင်ရှိသည်ကို ကျွန်မစိတ်က တထစ်ယုံကြည်နေသဖြင့် ထိုခြုံပုတ်ထဲသို့မရမကတိုးဝင်လိုက်သည်။ ထိုခြုံပုတ်၏အလွန်၌ ချောင်းကလေးတစ်ခုကရှိနေပြန်သည်။ ထိုချောင်း၏အစပ်၌ကြည့်လိုက်ရာ ဝမ်းလျားမှောက်လဲနေသောကလေးတစ်ယောက်။ အင်္ကျီကိုကြည့်လိုက်သည်နှင့် ကျွန်မတပည့်စနေမမှန်း သိလိုက်သည်နှင့်ကျွန်မ၏ ခေါင်းတစ်ခုလုံးသည် ချာချာလည်ပြီးမှောင်အတိကျသွားတော့သည်။
သူကြီးတို့အုပ်စုလည်း ဆရာမလေးဝင်ရာနောက်သို့လိုက်ဝင်ခဲ့ကြသည်။ ထိုခြုံပုတ်အလွန်ချောင်းစပ်တွင်ကား ဝမ်းလျားမှောက်သေဆုံးနေသောစနေမ။ ဆရာမလေးသည် တပည့်ဖြစ်သူ၏အဖြစ်ဆိုးကိုကြည့်ပြီးဒူးများညွှတ်ခွေကျကာ လဲကျသွားတော့သည်။ မုဆိုးကြီးသားအဖသည် ချောင်းစပ်တွင်သေဆုံးနေသောသမီးလေးဆီ ပြေးသွားပြီးကုန်းပေါ်သို့ချီလိုက်သည်။ သမီးလေး၏ခန္ဓာကိုယ်မှာအေးစက်တောင့်တင်းနေပြီး လည်ပင်း၌ညိုမဲရာစွဲနေသည်။ ခြေထောက်မှစီးကျနေသောသွေးကြောင့် စေနမေလးမွာ လူ့ဘီလူးကြီး၏အဓမ္မပြုကျင့်ခံထားရမှန်း သိသာသည်။
” သမီးလေးရယ်….ထပါဦးကြာ…သမီးလေးရဲ့ဆရာမက သမီးကိုလာရှာပြီလေကွာ…သမီးလေး ထကြည့်ပါအုံးလား….”
မုဆိုးကြီးသည်သမီးငယ်၏အဖြစ်ဆိုးကိုကြည့်ပြီးဆို့နင့်စွာငိုနေ၏။ မုဆိုးကြီး၏သားဖြစ်သူလည်း ညီမငယ်၏အဖြစ်ကိုကြည့်ရင်း အံတင်းတင်းကြိတ်ကာ
” တောက်! ဘယ်ခွေးမသားက ငါ့ညီမကိုရက်ရက်စက်စက်သတ်ပစ်ရတာလဲကွာ…ဘယ်ကောင်ကဒီလောက်လူမဆန်ရတာလဲ….ဟင့်ဟင့်….”
ခြုံပုတ်ဘေးတစ်နေရာတွင်ကား စနေမ၏လွယ်အိတ်လေးတစ်လုံး။ လွယ်အိတ်လေးထဲတွင် စာအုပ်အချို့နှင့် ဆရာမလေးအတွက်ဆိုပြီး တယုတယထည့်ထားသော သစ်ခွပန်းလေးတစ်ပွင့်။ စနေမလေးသည် ဆရာမလေးကိုအလွန်ချစ်သည်မို့ ဆရာမလေးပေးသောအနီရောင်ဝတ်စုံကိုဝတ်ကာ ဆရာမလေးအတွက်ပန်းကလေးကိုခူးပြီး ကျောင်းသွားခဲ့ဟန်တူသည်။ ဤတွင်လူ့တရိစ္ဆာန်ကစနေမလေးကို ဤနေရာသို့ဖမ်းခေါ်လာပြီး ဆန္ဒဖြည့်ကာ လည်ပင်းညစ်သတ်ထားဟန်တူသည်။ သူကြီးသည် လူသတ်သမား၏ခြေရာ၊လက်ရာများမပျောက်ပျက်စေရန် ထိုနေရာကိုမည်သူမှမသွားရန်ပြောထားလိုက်သည်။
ကျွန်မသတိပြန်ရချိန်၌ တောထဲမှာမဟုတ်တော့ဘဲ ဆေးရုံရောက်နေသည်။
” သမီး…သမီးလေးသတိရလာပြီလား…”
ဆိုသောအသံကြောင့်ကျွန်မကြည့်မိရာ ကျွန်မအမေပင်ဖြစ်နေ၏။ ထိုနည်းတူကျွန်မ၏ဘေးတဖက်တွင်ကား မျက်နှာညိုးငယ်နေသော မုဆိုးကြီးတို့၏သားအဖ။
” အေမ…ဒီကိုဘယ်လိုရောက်လာတာလဲ….”
” သမီးတာဝန်ကျတဲ့ရွာရဲ့သူကြီးကလှမ်းအကြောင်းကြားလိုက်တာသမီးရဲ့…”
” ဟင်…သမီးရဲ့တပည့်မလေးကော….သူ့ကိုသမီးတွေ့ချင်တယ်…သူ့ဆီခေါ်သွားပေးပါ….”
” သ…သမီးလေး…မရှိတော့ဘူးဆရာမ….ကျွန်တော့သမီးလေး ဆရာမရဲ့တပည့်မလေး ကျွန်တော်တို့ကိုခွဲသွားပြီဆရာမလေးရယ်…ဟင့်ဟင့်….”
မုဆိုးကြီး၏စကားကြောင့် ကျွန်မခေါင်းကိုခါယမ်းလိုက်သည်။
” သမီးလေးဘယ်လိုဖြစ်ရတာလဲဟင်….”
” လူယုတ်မာတွေက ညီမလေးကိုအဓမ္မပြုကျင့်သွားကြတာဆရာမလေးရယ်….”
စနေမ၏အစ်ကိုစကားကြောင့် ကျွန်မဘာစကားမှမဆိုနိူင်တော့ချေ။ ဘာတစ်ခုမှနားမလည်သေးသောကလေးငယ်အား အဓမ္မပြုကျင့်သွားသည်ဆိုပါလား။ မည်မျှပင် လူစိတ်မရှိလိုက်လေခြင်း။
ထိုဝေးလံခေါင်သီလှသောဒေသလေး၌အမှုတစ်ခုပေါ်ပေါက်ရန်မလွယ်ကူလှချေ။ ငွေကြေးအကြပ်အတည်းကြောင့်တစ်ကြောင်း၊ဒေသခံတို့၏အသိပညာနည်းပါးခြင်းကြောင့် တစ်ကြောင်း ဤသို့သောအကြောင်းများကြောင့် ကလေးသူငယ်များမည်မျှပင်ရေတိမ်နစ်နေရပြီနည်း။ ကျွန်မသည်ထိုသို့တွေးမိပြီး လူ့မိစ္ဆာကြီးကိုမရမနေဖမ်းဆီးအရေးယူပေးရန် စိတ်အားလူအားထက်သန်စွာပါဝင်ပေး၏။ ကုန်ကျသောငွေကြေးများကိုကျွန်မကပင် ထုတ်ပေး၏။ သို့ကြောင့်ပင်မကြာမီအချိန်ကာလ၌ လူ့မိစ္ဆာကြီးကိုဖမ်းဆီးနိူင်ခဲ့ပြီး ထိုက်သင့်သောပစ်ဒဏ်ကိုသက်ဆိုင်ရာကအမိန့်ချမှတ်ခဲ့၏။
တစ်ခုသောညနေခင်း၌ကျွန်မသည် ထမင်းဟင်းချက်နေရင်း စနေမအကြောင်းကိုတွေးနေမိ၏။ ထိုအချိန်ကဆရာမကြီးလည်း ကျောင်းတွင်အချိန်ပိုခေါ်ပေးနေသဖြင့် ဝန်ထမ်းအိမ်ယာတွင်ကျွန်မတစ်ယောက်တည်းရှိနေချိန်ဖြစ်၏။
” ခ်ရာမ….ခ်ရာမ…”
ကျွန်မ၏နားထဲသို့ ထိုအသံသည်မပီဝိုးတဝါးဝင်လာ၏။ သို့သော်မည်သည့်ကလေးတစ်ယောက်တစ်လေမျှပင်ကျွန်မမတွေ့မိ။ ထိုအချိန်ကျွန်မ၏ စာစစ်စားပွဲခုံပုလေးရှိ စာအုပ်သည်တဖျတ်ဖျတ်လှန်နေ၏။
ဆရာမကြီးလည်းမရှိခိုက်ဖြစ်သဖြင့် ကျွန်မကြောက်မိသည်ကားအမှန်ပင်ဖြစ်သည်။ ကျွန်မသည်ဟင်းချက်နေရာမှထလာပြီး စာပွဲခုံဆီသို့လာကာ တဖျတ်ဖျတ်လှန်နေသော စာအုပ်ကိုယူပြီးတခြားစာအုပ်နှင့်ထပ်ဆင့်ထားလိုက်သည်။
” ရှပ်…ရှပ်…ရှပ်….”
ထိုစဉ်ကျွန်မ၏နောက်ကျောဘက်မှ လမ်းလျှောက်သံကြားနေရသဖြင့် လှည့်ကြည့်လိုက်ရာ ခြေရာကဲ့သို့ရေကွက်သည်စို၍စို၍သွား၏။ ကျွန်မတပည့်လေးမှန်းသိသော်လည်း ဘဝခြားနေပြီဖြစ်သဖြင့် ကျွန်မကြောက်နေမိသည်မှာအမှန်ပင်ဖြစ်သည်။
” ခ်…ရာ…မ…”
တပည့်မလေးသည် အက်ကွဲစူးရှလှသောအသံဖြင့် ကျွန်မအားတစ်လုံးခြင်းခေါ်နေ၏။ ကျွန်မလည်းတပည့်မလေးကို ကြောက်လည်းကြောက်သကဲ့သို့သနားလည်းသနားနေမိသည်။ သို့ကြောင့် ကြောက်စိတ်ကိုဘေးဖယ်လိုက်ပြီး
” သ…သမီးလေး…စေနမ….ဆရာမနဲ့သမီးလေးဟာ ဘဝခြားချင်းခြားနေပြီကွဲ့…ဒါကြောင့်မို့ သမီးလေးလည်းဆရာမဆီမလာနဲ့တော့နော်…သမီးလေးလွတ်ရာကျွတ်ရာသွားပါတော့လို့ ဆရာမရင်နာနာနဲ့ဘဲဆိုလိုက်ပါရစေကွယ်….”
” ဝုန်း….”
ကျွန်မထိုသို့ပြောလိုက်ရာ စာကြည့်စားပွဲခုံသည်တစ်ယောက်ယောက်၏ဆွဲလှန်ခြင်းကိုခံလိုက်ရပြီး စာအုပ်နှင့်ဘောပင်များ ကြမ်းပေါ်သို့ပြန့်ကျဲကုန်သည်။ ကျွန်မ၏စကားကြောင့် တပည့်မလေးစိတ်တိုသွား၍လားမသိချေ။ ကျွန်မလည်းအလွန်လန့်သွားပြီး ဆရာမကြီးမြန်မြန်ပြန်လာရန်ဆုတောင်းနေမိတော့သည်။
ကျောင်းတက်ခေါင်းလောင်းထိုးချိန်၌ကလေးများသည်ငြိမ်သက်စွာရပ်ကာနိုင်ငံတော်အလံကိုအလေးပြုပြီးနောက်နိုင်ငံတော်သီချင်းကိုသံပြိုင်သီဆိုကြသည်။ ကျွန်မသည်ထိုကလေးများကိုကြည့်ရင်း ဒုတယတန်းကျောင်းသားများ၏အနောက်မှ ငြိမ်သက်စွာရပ်နေသော ကလေးတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုကလေးသည်တခြားသူမဟုတ် ကျွန်မ၏ချစ်လှစွာသောတပည့်မလေး စနေမပင်ဖြစ်သည်။ စနေမသည်ကျွန်မကိုမကျေနပ်ဟန်ဖြင့် စူးစိုက်ကြည့်နေသည်။ သူ့တစ်ကိုယ်လုံးလည်းရေများရွဲှရွဲှစိုနေသည်။
ကျွန်မသည်ဒုတိယတန်းထဲသို့ဝင်ရန်ခြေထောက်များလေးကန်နေသည်။ မဝင်၍လည်းမဖြစ်။ သို့ကြောင့်အားတင်းကာအခန်းထဲသို့ဝင်လာခဲ့သည်။ ထူးဆန်းစွာပင် ဆရာ့စားပွဲပေါ်၌ ရှိနေသော သစ်ခွပန်းလေးတစ်ပွင့်။ ကလေးများကိုကျွန်မ မမေးဘဲပန်းကလေးကိုဘယ်သူထားထားမှန်းကျွန်မသိလိုက်သညိ။ ကျွန်မသည်ထိုပန်းကလေးကိုယူပြီးခေါင်း၌ပန်လိုက်သည်။
“ခ်ရာမ…သားတို့ကြောက်တယ်….”
ရှေ့ဆုံးတန်းရှိကလေးကတုန်ရီစွာထပြော၏။
” ဘာကြောက်စရာရှိလို့လဲသားရဲ့…”
ဘာကိုကြောက်နေမှန်းသိနေရက် ကျွန်မတမင်မေးခြင်းဖြစ်သည်။
” စ…စေနမ…”
” ဘယ္လိုသား….စေနမဟုတ္လား…စေနမက တခြားဘုံကူးသွားခဲ့ပြီလေသားရဲ့…”
” သူရှိနေတယ်ချရာမ…သူကချရာမဝယ်ပေးတဲ့ အဝတ်အနီကိုဝတ်ထားတယ်…သားတို့အိမ်သာတက်တော့သူကအိမ်သာထဲမှာထိုင်နေတယ်ချရာမရဲ့…”
ကလေး၏စကားကြောင့် ကျွန်မလန့်သွားသော်လည်း ကလေးများကြောက်မည်စိုး၍ကျွန်မဟန်ဆောင်ကာ
” သားတို့အမြင်မှားတာနေမှာပါကွယ်…သားတို့ရဲ့သူငယ်ချင်းစနေမလေးက ခုဆိုနတ်သမီးဖြစ်နေလောက်ပြီကွဲ့…”
ကျွန်မပြောသာပြောရသည်။ ကျွန်မ၏အုကည့်က နောက်ဆုံးတန်း၌ထိုင်နေသော ကလေးမထံသို့သာ။ ထိုကလေးမလည်း ကျွန်မကိုပြုံး၍ပြန်ကြည့်နေခဲ့သည်။
ကလေးများအားလုံးအိမ်ပြန်ပြီးချိန်၌ကျွန်မသည် ကျောင်းတံခါးပေါက်အားပိတ်ရန်ကျန်ရစ်ခဲ့၏။ အကူဆရာမနှင့်ဆရာမကြီးမှာလည်း အိမ်သို့ကိုယ်စီပြန်သွားကြသည်။ ကျွန်မသည်သော့တွဲကြီးကိုကိုင်ရင်း ပြတင်းပေါက်နှင့်တံခါးပေါက်များကိုသေချာလိုက်ပိတ်နေသည်။
” ဒေါက်….ဒေါက်….ဒေါက်…”
ထိုစဉ်ကျွန်မ၏နားထဲ၌တံခါးခေါက်သံကဲ့သို့သောအသံကိုကြားလိုက်ရသဖြင့် အခန်းထဲတွင်ကလေးများပိတ်မိနေသေး၍လားဟုတွေးနေမိ၏။ သို့ကြောင့် အခန်းတံခါးကိုပြန်ဖွင့်ကာ ရှာဖွေနေမိသည်။
” ခ်ရာမ….ခ်ရာမ…”
ဟူသောအသံသည် စာသင်ခုံအောက်မှထွက်ပေါ်လာခဲ့သည်။ ကျွန်မလည်းကလေးရှိနေသည်ထင်ကာ ခုံအောက်အားငုံ့ကြည့်စဉ် အေးစက်နေသောလက်တစ်စုံသည်ကျွန်မ၏လည်ပင်းအားဖက်တွယ်ထားလေ၏။
” အား……”
ကျွန်မလည်းလန့်သွားသဖြင့်အသံကုန်အော်နေမိသည်။
” ခ်ရာမ…မီးမီးနဲ့လိုက်ခဲ့…မီးမီးတစ်ယောက်ထဲပျင်းတယ်…”
ကလေးသည်ထိုသို့ပြောပြီး ကျွန်မကိုရယ်ပြ၏။
” အစ္မ…အစ္မ…ဘာဖြစ်တာလဲ…”
ထိုအသံနှင့်အတူဝင်လာသူက အကူဆရာမလေးပင်။ ကျွန်မလည်းထိုအချိန်မှကြောက်လန့်စိတ်နည်းနည်းပြေသွားကာ
” ညီ..ညီမေလး…ဘာလို့ပြန်လာတာလဲ..”
” ထမင်းချိုင့်ကျန်ခဲ့လို့်ပြန်လာယူတာအစ်မရဲ့…အဲဒါအစ်မအော်သံကြားလို့ပြေးလာတာ…အစ်မနဲ့အတူဘယ်ကလေးကျန်နေခဲ့တာလဲ…စောစောကကလေးတစ်ယောက်အိမ်သာဘက်သွားတာတွေ့လိုက်လို့…”
” ရှင့်!…ဘယ်ကလေးမှမကျန်ခဲ့ပါဘူးညီမလေး…”
” ဟင်…ဒါဆိုအိမ်သာဘက်သြားတဲ့ကေလးက…”
အကူဆရာမလေးသည် အင်္ကျီအနီရောင်ဝတ်ထားသောကလေးကိုဘယ်သူဖြစ်မှန်းခန့်မှန်းမိ၍ထင်သည်။ ကျွန်မကိုဆွဲထူပြီး ကျောင်းတံခါးကိုအမြန်ပိတ်ကာ ထိုကျောင်းမှအမြန်ပြန်ခဲ့ကြတော့သည်။ ကျွန်မလည်းစာသင်ချိန်ပျက်ရသည်အထိ သွေးလေချောက်ချားဖြစ်နေခဲ့သည်။ ကျွန်မတစ်ယောက်ထဲသာ ကွက်ပြီးမြင်နေရသဖြင့် ကျွန်မကိုကျွန်မရူးနေပြီလားဟုပင်တွေးမိလိုက်သေးသည်။ ကျွန်မ ငေးငိုင်နေစဉ်ဆရာမကြီးက ကျွန်မအနားရောက်လာပြီး
” ညီမေလး…”
” ရှင့်အစ်မ…”
” ဒီတစ်လောညီမလေးအရမ်းပိန်ကျသွားတယ်…ဒီကိစ္စ ကိုဒီလိုမျိုးဆက်ထားလို့မဖြစ်ဘူးထင်တယ်…”
” ဟင်…ဘာကိုလဲအစ္မ…”
” စနေမလေးကိစ္စလေ…”
” ဟင်…အစ်မလည်းကြုံရတာဘဲလား…”
” အင်း…ကြုံရတယ်ဆိုပေမဲ့ ညီမလေးလောက်တော့မဟုတ်ဘူး…သူကလူ့ဘဝတုန်းကလည်းအစ်မကိုကြောက်တယ်လေ…တစ်ခါတစ်လေရိပ်ခနဲလောက်ဘဲမြင်တာ…ဒါပေမဲ့ ညကညီမရဲ့ဘေးမှာခလေးမ တစ်ညလုံးထိုင်နေတာအစ်မတွေ့လိုက်တယ်….”
” ရှင့်…ကျွန်မနားမှာဟုတ်လားအစ်မ…”
” ဟုတ္တယ္ကေလးမေလးက ညီမကိုအရမ်းခင်တွယ်တဲ့ပုံဘဲ…ဒါကြောင့်သူစွဲလမ်းပြီး မကျွတ်မလွတ်ဖြစ်နေတာ…ကလေးမကမိခင်ဖခင်မေတ္တာကိုသိပ်မရတော့ သူ့အပေါ်သနားဂရုဏာထားတဲ့ညီမလေးအပေါ်အရမ်းတွယ်တာသွားရှာတာ….”
” ဟုတ်မယ်အစ်မရယ်…သူ့ခမျာသနားစနာလေးပါ…ညီမလည်းတတ်နိုင်သလောက်သူ့အတွင်ကုသိုလ်ကောင်းမှုတွေလုပ်ပေးဦးမယ်…သူအကျွတ်မလွတ်မချင်းပေါ့…”
” ညီမေလးကိုအစ္မ အလေးအနက်ပြောချင်တာတစ်ခုရှိတယ်…”
” ဟုတ်ကဲ့ပြောပါအစ်မ…”
” ခုဆိုကျောင်းမှာစနေမလေးရဲ့အကြောင်းကဂယက်ထနေတော့ ကလေးသူငယ်တွေ ကျောင်းမလာရဲတော့ဘူး…ဒီတော့ညီမလေးကိုယ်တိုင် စနေမကိုကျောင်းနဲ့မသက်ဆိုင်တော့တဲ့အကြောင်းအမိန့်စာဖတ်မှရတော့မယ်…”
” ရှင်! ဒါ…ဒါက…ကျောင်းအုပ်ကြီးဖြစ်တဲ့အစ်ကိုယ်တိုင်ဖတ်ရမှာမဟုတ်ဘူးလား…”
” အမှန်ကအစ်မဖတ်ရမှာပါ…ဒါပေမဲ့စနေမလေးဟာ ညီမလေးကိုခင်တွယ်နေတဲ့အတွက် အစ်မစကားကိုနားထောင်မှာမဟုတ်ဘူး…ဒါပေမဲ့ညီမလေးပြောရင်တော့ရမှာပါ…”
ဆရာမကြီးကထိုသို့ပြောတော့ ကျွန်မရင်ထဲဆစ်ခနဲနာကျင်သွားရသည်။ ကျွန်မကိုခင်တွယ်သော ကလေးမလေးကိုကျွန်မကိုယ်တိုင်အဝေးသို့ နှင်ထုတ်ရမည်ဆိုပါလား။ ကျွန်မ၏မျက်ရည်စများ ဝဲလာပြီးဆက်တွေးမိသည်။ အကယ်၍ကျွန်မ မလုပ်ခဲ့လျှင် ကျွန်မ၏အချစ်သည် ချစ်ရာမရောက်ဘဲ နှစ်ရာရောက်ပေလိမ့်မည်။ ရှေးဘဝရေစက်ကြောင့်ထိုကလေးမကို ကျွန်မသနားချစ်ခင်မိသည်မှာအမှန်ပင်။ သို့သော် ကျွန်မမဖြစ်မနေလုပ်ရပေလိမ့်မည်။
တနင်္လာနေ့မနက်၏ ကျောင်းတက်ခေါင်းလောင်းထိုးချိန်၌ ကျောင်းသူကျောင်းသားများသာမက ကျွန်မတို့ဆရာမများအားလုံးလည်း စာသင်ခန်းထဲ၌ငြိမ်သက်စွာထိုင်နေကြသည်။ ကျွန်မတို့၏ရှေ့၌ တည်ငြိမ်စွာထိုင်နေသောဆရာတော်ဘုရားကြီး။
ယနေ့ကားကျွန်မတို့ဆရာမများနှင့် ကျောင်းသူကျောင်းသားများစုပေါင်း၍ သွားလေသူစနေမလေးအတွက် ရည်စူးကုသိုလ်ပြုလုပ်ပေးသည့်နေ့ဖြစ်သည်။
ဆရာတော်ဘုရားက စနေမလေးအတွက်အကျွတ်တရားဟောကြားပြီး သာဓုခေါ်ဆိုနိူင်ရန်အမျှပေးဝေ၏။ သို့သော်ခေါင်းမာသောဤကလေးသည် တရားတော်များကိုလည်း နာလည်နိုင်ဦးမည်မဟုတ်။ ကျွန်မအတွေးလွန်နေစဉ်ဆရာမကြီးသည် ၂၀၂ဝရက်စွဲပါသော အမိန့်စာပြန်တန်းတစ်ခုကို ကျွန်မ၏လက်သို့အပ်ကာ စနေမလေးအတွက်အမိန့်စာပြန်ရန်ပြော၏။
ကျွန်မလည်းထိုအမိန့်စာပြန်တမ်းကိုလက်၌တုန်ရီစွာကိုင်ပြီး
” ဒုန်ရင်ကျေးရွာ အ.မ.က ဒုန်ရင်မူလတန်းကျောင်းမှ ပညာသင်ကြားနေသော ဦးဗေထောင်း၏ သမီးဖြစ်သူ မစေနမအား ယနေ့ရက်စွဲ ၁၂.၆.၂၀၂ဝမွစ၍ နောက်နောင်ဤကျောင်းနှင့်လုံးဝ(လုံးဝ)မသက်ဆိုင်တော့ကြောင်း အမိန့်စာပြန်လိုက်သည်။ သို့ကြောင့် ယခင်ကဤကျောင်း၌ပညာသင်ခဲ့ဖူးသောမစနေမသည် ယနေ့မှစ၍ လွတ်ရာကျွတ်ရာသို့ သွားနိုင်ပြီဖြစ်ကြောင်း အမိန့်ပြန်လိုက်သည်…..”
ကျွန်မအမိန့်စာပြန်တမ်းကိုတုန်ရီစွာဖတ်ပြီးနောက် ပါးပြင်ပေါ်မှမျက်ရည်စတို့သည် အမိန့်စာပြန်တမ်းစာရွက်ပေါ်သို့အထိန်းအကွပ်မရှိ ကျဆင်းနေတော့သည်။ ကျွန်မအမိန့်စာဖတ်ပြီးနောက် အကူဆရာမေလးက
သူတို့၏ဘာသာစကားဖြင့် စနေမလေးနားလည်စေရန်ထပ်ပြီးအမိန့်ပြန်လိုက်သည်။ ထိုနေ့၌ ကျွန်မတစ်နေ့လုံးစိတ်ထဲလွန်စွာဝမ်းနည်းနေမိသည်။
ညနေကျောင်းဆင်းပြီးကျွန်မလည်း နေအိမ်သို့ပြန်လာခဲ့သည်။ ယခင်က ကျွန်မ၏နေအိမ်သို့လာပြီး ထမင်းစားလာခေါ်တတ်သောကလေးမသည် ကျွန်မကိုယ်တိုင်အမိန့်စာပြန်ပြီး မောင်းထုတ်လိုက်သဖြင့် ကျွန်မကိုနာကျဉ်းမုန်းတီးနေပြီလား ဟူသောအတွေးကဝင်လာပြန်၏။
ကျွန်မအိမ်ထဲဝင်လိုက်သည်နှင့် ရေစက်အချို့သည် အိမ်အဝင်ပေါက်မှနေ၍ ကျွန်မ၏စာကြည့်စားပွဲဆီတစ်လျှောက် ကျနေ၏။ ကျွန်မလည်းထိုရေစက်တစ်လျှောက်လိုက်သွားလိုက်ရာ စာကြည့်စားပွဲပေါ်၌တင်ထားသောသစ်ခွပန်းလေးတစ်ပွင့်။
ကျွန်မထိုပန်းလေးကိုကြည်ပြီး စနေမကိုတွေ့လိုတွေ့ငြား ရှာကြည့်မိသေးသည်။ သို့သော်ဘယ်မှာမှမတွေ့ချေ။
” ခ်ရာမ….ခ်ရာမ…”
ကျွန်မကိုခေါ်သောအသံကိုကြားလိုက်သဖြင့် အိမ်ရှေ့သို့အပြေးထွက်ကြည့်မိသည်။
ထိုအချိန်ခြံစည်းရိုးဘက်၌ ခေါင်းငိုက်စိုက်ကျကာ ထွက်သွားနေသော အနီရောင်ဝတ်စုံဝတ်ထားသော ကလေးမတစ်ယောက်။ ထိုကလေးသည် ဘယ်သူဖြစ်မှန်းကျွန်မသိနေသည်။
” သမီးရယ်…ဆရာမကိုမုန်းနေပြီလား….ဆရာမလည်းမဖြစ်မနေလို့ လုပ်ရတာပါကွယ်….နောက်နောင်ဘဝတွေများရှိခဲ့ရင် သမီးလေးနဲ့ပြန်တွေ့ချင်ပါသေးတယ်ကွယ်….ခုတော့သမီးလေးတခြားဘုံဝကိုကူးပြောင်းလိုက်ပါဦးကွယ်….”
ထိုကလေးသည်ကျွန်မဘက်ကိုပြန်လှည့်မကြည့်ဘဲ ကျွန်မနဲ့အဝေးဆုံးသို့တဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားလေတော့သည်။ ကျွန်မသည်လက်ထဲမှ သစ်ခွပန်းလေးကိုနောက်ဆုံးအနေဖြင့် တရှိုက်မက်မက်နမ်းရှိုက်လိုက်ပြီး ဆံထုံးထက်သို့ ဝင့်ကြွားစွာပန်လိုက်တော့သည်။ ကျွန်မ၏ချစ်လှစွာသောတပည့်မလေး စနေမလေးသည် ကျွန်မအားလာရောက်နူတ်ဆက်ကာ အနှောင်အတွယ်ကင်းမဲ့စွာ ထွက်သွားနိူင်ခဲ့ပြီတကား။…..။
( စိတ်ကူးသက်သက်သာဖြစ်သည်။ အားပေးဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါသည်)
# ပြီး
# ခွန်း

Zawgyi Version

” စေနမ “(စ/ဆံုး)
———————
ကြၽန္မသည္ ဇူလိုင္လေက်ာင္းဖြင့္ၿပီး တေစႅက္ၼာြ တာဝန္က်ေသာေက်း႐ြာေလးသို႔ေရာက္လာခဲ့ရသည္။ လမ္းပန္းဆက္သြယ္ေရးမေကာင္းေသာေၾကာင့္တစ္ေၾကာင္း၊ရာသီဥတုဆိုးဝါးမႈတစ္ေၾကာင္းေၾကာင့္ ေနာက္က်ေနရျခင္းျဖစ္သည္။
ထိုေက်း႐ြာသို႔ေရာက္ေရာက္ခ်င္း ပစၥည္းပစၥယမ်ားကိုခ်ကာ ေဆာက္ထားေပးေသာဝန္ထမ္းအိမ္ရာ၌ ေနသည္။ ဝန္ထမ္းအိမ္ရာတြင္ ကြၽန္မႏွင့္ ေက်ာင္းအုပ္ဆရာမႀကီးတစ္ဦးသာရွိသည္။ ဝန္ထမ္းအိမ္ယာဆိုေသာ္ျငားလည္း တိုက္ခံအိမ္ယာမဟုတ္။ ပ်ဥ္ေထာင္အိမ္ေလးတစ္လုံးသာျဖစ္သည္။ ထိုပ်ဥ္ေထာင္အိမ္ေလးတြင္အခန္းႏွစ္ခန္းရွိၿပီး မီးဖိုခန္းေသးေသးေလးကိုပါ တစ္ခါတည္းအဖီဆြယ္ထားေပးသည္။
ထို႐ြာေလးေရာက္ေရာက္ခ်င္းစိတ္ညစ္သြားရသည္။ ထိုေဒသခံမ်ားမွာ ျမန္မာမဟုတ္ တိုင္းရင္းသားလူမ်ိဳးစုတစ္ခုျဖစ္သည္။ ေဝးလံေခါင္သီၿပီး လမ္းပန္းဆက္သြယ္ေရးခက္ခဲေသာေၾကာင့္ ထိုေဒသသို႔ တျခားနယ္မွလုမ်ားသိပ္မသိၾက။ သို႔ေၾကာင့္ ထိုေဒသရွိလူမ်ားသည္ ျမန္မာစကားကိုကြၽမ္းကြၽမ္းက်င္က်င္မေျပာတတ္ၾကေပ။
ေက်ာင္းဖြင့္သည့္ေန႔၌ကြၽန္မသည္ အျဖဴအစိမ္းဝတ္စုံကိုေစာစီးစြာလဲၿပီး ေက်ာင္းသို႔ေစာစီးစြာသြားခဲ့သည္။ ေနရာအသစ္ႏွင့္ေက်ာင္းသားကသစ္မ်ားကို ေတြ႕ခ်င္၍စိတ္ကေစာေနျခင္းျဖစ္သည္။ ကြၽန္မေက်ာင္းကိုေရာက္သည္ႏွင့္ ႐ုံးခန္းထဲရွိေနရာအလြတ္၌ ထမင္းခ်ိဳင့္ကိုခ်လိုက္သည္။ ႐ုံးခန္းထဲထဲမ်က္စိေဝ့ကစားရင္း ဆရာ၊ဆရာမအင္အားႏွင့္ေက်ာင္းသူေက်ာင္းသား အင္အား မည္မွ်ရွိသည္ကို ျပထားေသာနံရံရွိသင္ပုန္းေပၚကိုၾကည့္မိသည္။ ကြၽန္မအပါအဝင္ ဆရာ၊ဆရာမ သုံးေယာက္သာရွိၿပီး ေက်ာင္းသူေက်ာင္းသားအားလုံးေပါင္းမွ ၂၅ေယာက္သာရွိသည္။
ေက်ာင္းတက္ေခါင္းေလာင္းထိုးၿပီး အတန္းစီခ်ိန္၌ ေက်ာင္းအုပ္ဆရာမႀကီးက ကြၽန္မ၏နာမည္ကိုေက်ာင္းသူေက်ာင္းသားမ်ားအား မိတ္ဆက္ေပး၏။ ေက်ာင္းအုပ္ဆရာမႀကီး၏စကားကို ေဒသခံဆရာမတစ္ေယာက္က ေက်ာင္းသူေက်ာင္းသားမ်ားနားလည္ေစရန္ သူတို႔၏ဘာသာစကားျဖင့္ျပန္လည္ေျပာျပေပး၏။
” ကဲ…ကေလးတို႔အားလုံး ဒီအသစ္ေရာက္လာတဲ့ဆရာမရဲ႕ နာမည္က ေဒၚေအးခ်မ္းမိုးျဖစ္တယ္….ဒီဆရာမက ကေလးတို႔အားလုံးကိုစာသင္ေပးမွာျဖစ္လို႔ ႐ို႐ိုေသေသေလးေလးစားစား ဆက္ဆံရမယ္ၾကားလားကေလးတို႔….”
” ဟုတ္ကဲ့ပါဆရာမ…”
ကေလးမ်ားကၿပိဳင္တူေျဖလိုက္ၾက၏။ ခုမွေသခ်ာၾကည့္မိသည္။ ကေလးမ်ားအားလုံး အျဖဴအစိမ္းဝတ္စုံကို ေစ့ေပါက္ေအာင္မဝတ္ၾကေခ်။ ေသးကြက္မ်ား အကြက္လိုက္ထေနသည့္ အိမ္ေနဝတ္စုံကိုသာ ဝတ္လာၾကသည္။ မ်က္ႏွာလည္း သနပ္ခါးပါသူကပါ၊မပါသူလည္း သည္အတိုင္းပင္။ ေခါင္းလည္းေသခ်ာဖီးခဲ့ၾကပုံမေပၚ ဆံပင္မ်ားစုတ္ဖြားေနသည္။ ဆရာမႀကီးက ကြၽန္မ၏အေတြးကိုသိပုံရသည္။
” ညီေမလး…ဒီ႐ြာက ကေလးေတြကဒီလိုဘဲ….ေယာက္တိုင္းေစ့ေက်ာင္းဝတ္စုံမရွိၾကဘူးေလ….သန႔္ရွင္းေရးကိုလည္း မိဘေတြကလုပ္ေပးမဲ့ပုံမေပၚပါဘူး….ဒီ႐ြာကလမ္းပန္းဆက္သြယ္ေရးခက္ခဲေတာ့ ေက်ာင္းစာအုပ္ဖိုးလည္းခက္ခဲၾကတယ္ေလ…”
” ဟုတ္ကဲ့ပါဆရာမႀကီး…”
” ညီေမလးက ဒုတိယတန္း အတန္းပိုင္တာဝန္ယူၿပီး ကေလးေတြကိုစာသင္ၾကားေပးေပါ့…အခက္ခဲရွိရင္ အစ္မကိုတိုင္ပင္လို႔ရတယ္ေနာ္….”
” ဟုတ္ကဲ့ရွင့္…”
” ကဲကေလးတို႔အားလုံး…ဒီေန႔ေျပာဖို႔မရွိေတာ့ဘူးဆိုေတာ့ ၿငိမ္သက္စြာရပ္ၿပီး ႏိူင္ငံေတာ္အလံကိုအေလးျပဳၾကကြယ္….”
ဆရာမႀကီး၏စကားေၾကာင့္ ေက်ာင္းသူေက်ာင္းသားမ်ားအားလုံး ႏိူင္ငံေတာ္အလံကို႐ိုေသစြာအေလးျပဳၾက၏။
တန္းစီ၍ၿပီးခ်ိန္၌ ကေလးမ်ားအားလုံးအတန္းကိုယ္စီဝင္ၾက၏။ ကြၽန္မလည္းဒုတိယတန္းသင္႐ိုးကိုကိုင္ကာ ဒုတိယတန္းထဲသို႔ဝင္လိုက္၏။ အခန္းထဲသို႔ဝင္ဝင္ခ်င္း ကေလးထံမွေသးနံ႔က ဆီးႀကိဳေနသျဖင့္ ကြၽန္မၿပဳံးမိသြား၏။
” မဂၤလာပါ ခ္ရာမ…”
ကြၽန္မအခန္းထဲသို႔ေရာက္သည္ႏွင့္ခေလးမ်ားကခုံေပၚရပ္ကာ ႏုတ္ဆက္ၾက၏။
” မဂၤလာပါကေလးတို႔…ထိုင္ၾက…ထိုင္ၾက…”
ဟုကြၽန္မေျပာလိုက္ရာ ကေလးမ်ားကမိမိေနရာ၌ၿငိမ္သက္သြာထိုင္လိုက္ၾက၏။
” ကဲကေလးတို႔ ဆရာမနာမည္ကိုမွတ္မိၾကလား…”
” မွတ္မိဝူးခ်ာမ…”
” အဲဆိုဆရာမေသခ်ာျပန္ေျပာျပမယ္…မွတ္ထားၾကေနာ္….”
ကြၽန္မက ေျမျဖဴခဲကိုယူၿပီး သင္ပုန္းေပၚ၌ကြၽန္မ၏နာမည္ကိုေရးျပၿပီး ဖတ္ျပလိုက္၏။ ထို႐ြာေလးသည္ေခါင္က်ေသာေၾကာင့္ whiteboard မ်ားမသုံးႏိုင္ေသးေခ်။
” ဆရာမနာမည္က ေဒၚေအးခ်မ္းမိုး…”
” ေဒၚေအခမ္းမိုလား ခ္ရာမ…”
ကေလးတစ္ေယာက္ကထေမး၏။
” မဟုတ္ဘူးသားရဲ႕ ေဒၚေအးခ်မ္းမိုး….”
” ဪသားသိၿပီ…ေဒၚေအးစန္းမိုး…”
” ဟမ္….မဟုတ္ဘူးသားရဲ႕ ေသဝထိုး ဒေဒြးေရးခ် ေရွ႕ထိုး ေဒၚ၊ သေဝထိုးအဝစၥႏွစ္လုံးေပါင္းရင္ေအး၊ ခေခြးယပင့္မသတ္ဝစၥႏွစ္လုံးေပါင္း ခ်မ္း၊ မလုံးႀကီးတင္ တစ္ေခ်ာင္းငင္မိုး ေဒၚေအးခ်မ္းမိုး….”
” ဪသားဖတ္တတ္ၿပီ ခ္ရာမနာမယၠ ေဒၚေအးခ်မ္းမိုး….ဟုတႅားခ္ရာမ…”
” ဟုတ္တာေပါ့သားရဲ႕…ကဲဆရာမနာမည္ကိုသိၿပီဆိုေတာ့ သားတို႔သမီးတို႔ရဲ႕နာမည္ကို တစ္ေယာက္ခ်င္းစီေျပာျပၾက…ထိပ္ဆုံးတန္းကသားေလးနာမည္ဘယ္လိုေခၚလဲ…”
” သားနာမည္က ေငၾလး…”
” သားနာမည္က စူးေပ…”
” သားနာမည္က ဘုန္းျမတ္…”
” သမီးနာမည္က ေလးညိဳပါခ်ရာမ…”
ေကလး ေလးေယာက္ကသူတို႔၏နာမည္မ်ားကို မိတ္ဆက္ၾက၏။ ေနာက္ဆုံးက်န္သည့္ကေလးတစ္ေယာက္က ကြၽန္မေျပာေနသည္ကိုစိတ္ဝင္စားသည့္ပုံမေပၚ။ သူ၏လက္ေပၚမွသေရပင္တစ္ကြင္းကိုယူကာ ေဆာ့ေန၏။
” ကဲသမီးေလး…သမီးေလးတစ္ေယာက္ဘဲက်န္တယ္… သမီးေလးနာမည္ကဘာတဲ့လဲ…”
ထိုကေလးကကြၽန္မကိုေမာ့၍ပင္မၾကည့္။
” သူ႔နာမယ္ စေနမလို႔ေခၚတယ္ခ်ရာမ…”
ေရွ႕ဆုံးတန္းမွ အၿမဲသြက္သြက္လက္လက္ရွိေသာ ကေလးတစ္ေယာက္ကဝင္ေျပာ၏။
” သမီးေလး…ဆရာမေမးတာၾကားလား…”
ကြၽန္မက ထိုကေလးနားသြားၿပီး ေမးလိုက္၏။
” အေမလး…ဗုေဒၶါ…”
ထိုေကလးက ကြၽန္မအားသူကိုင္ထားေသာ သေရပင္နဲ႔ပစ္ရန္ခ်ိန္႐ြယ္ထားသျဖင့္ ကြၽန္မလန႔္သြား၏။ မလန႔္၍မရ။ ကေလးကိုင္ထားေသာႏွစ္ထပ္သေရပင္သည္ မေတာ္၍မ်က္လုံးကို ထိမိပါကမကန္းဘူးဟုနဆိုႏိူင္ေခ်။
” သမီးေလး…ဆရာမကိုအဲလို႔မ႐ြယ္ရဘူးေလေနာ္…ျပန္သိမ္းလိုက္သမီးေလး….”
” နင္ငါ့ကို ႐ိုက္မွာလား…”
ထိုေကလးက ကြၽန္မကိုအသံဝဲဝဲျဖင့္ေမးရွာ၏။
” မ႐ိုက္ပါဘူးသမီးရဲ႕…ဆရာမကိုသမီးကိုဘာလို႔႐ိုက္မွာလဲ….”
ကြၽန္မထိုသို႔ေျပာမွ ကေလးကသေရပင္ကိုလက္ေကာက္ဝတ္၌ ျပန္ဝတ္ထားလိုက္၏။ ကြၽန္မလည္း ဘာစကားမွမဆိုေတာ့ဘဲ ေက်ာင္းသင္ခန္းစာကိုေသခ်ာစြာသင္ျပေပးလိုက္၏။ ေက်ာင္းခ်ိန္ၿပီးသည္ႏွင့္ ကြၽန္မသည္ထိုကေလးအေၾကာင္းကိုစိတ္ဝင္စားသည္ႏွင့္ ဆရာမႀကီးကိုေမးလိုက္၏။
” ညီမေလးသိခ်င္တဲ့ကေလးရဲ႕နာမည္က စေနမတဲ့ေလ…ဒီကေလးကအေမမရွိေတာ့ဘူး အေဖဘဲရွိေတာ့တာ…”
” ဪ…ဒီကေလးကနည္းနည္းေတာ့ဆိုးခ်င္ခ်င္ျဖစ္ေနတယ္ေနာ္ဆရာမ…”
” ဟုတ္တယ္ညီမေလးရဲ႕ သူ႔အေဖစ႐ိုက္ရတာေနမွာေပါ့…သူ႔အေဖကၾကမ္းတမ္းတဲ့မုဆိုးႀကီးေလ စေနမမွာအစ္ကိုတစ္ေယာက္လည္းရွိေသးတယ္ အသက္က၁၇ႏွစ္ေလာက္ရွိမွာေပါ့ သူလည္းဖေအလိုမုဆိုးအလုပ္ကိုလုပ္တာဘဲ…ဒီေတာ့စေနမလည္း အေဖႏွင့္အစ္ကိုဆီကေန ၾကမ္းတမ္းတဲ့စ႐ိုက္ေတြကူးလာတာေပါ့…”
” ဟုတ္မယ္ဆရာမ…”
” ဒါနဲ႔ညီမေလး စာသင္ရတာအဆင္ေျပလား ကေလးေတြေရာလိုက္နာရဲ႕လား…”
” ကေလးေတြကေတာ္ၾကပါတယ္ဆရာမ…သူတို႔ကတိုင္းရင္းသားကေလးေတြျဖစ္ေတာ့ သူတို႔နားလည္သေဘာေပါက္ေအာင္ရွင္းျပရတာေပါ့…”
” ဟုတ္တယ္ကြဲ႕…ညီမေလးစိတ္ရွည္ရွည္ထားၿပီး ဒီကေလးေတြကိုေျမေတာင္ေျမႇာက္ေပးေပါ့ကြယ္…ကေလးေျပာတာကိုနားမလည္တာရွိရင္ ဒီ႐ြာခံညီမေလးကိုေမးလို႔ရတယ္သူက ေစတနာဝန္ထမ္းမေလးေပါ့ သူ႔နာမည္ကျပည့္ခင္တဲ့ေလ…”
” ဟုတ္ကဲ့ပါဆရာမ…”
ထိုည၌ကြၽန္မသည္စေနမ အေၾကာင္းကိုသာေတြးေနမိ၏။
ထို႐ြာကိုေရာက္ၿပီးလအနည္းငယ္အၾကာ၌ကြၽန္မသည္ ေကလးမ္ားကိုသာမက ႐ြာသူ႐ြာသားမ်ားႏွင့္ပါ ရင္းႏွီးလာ၏။ ေက်ာင္းပိတ္ရက္မ်ား၌ ကေလးမိဘမ်ားသည္ ကြၽန္မကိုအိမ္ေခၚၿပီး ေဒသစာမ်ားကိုေကြၽးတတ္၏။
စေနမႏွင့္လည္းကြၽန္မသည္ရင္းနီးလာ၏။ အမွန္တကယ္ထိုကေလးသည္ေက်ာင္းစာ၌ေတာ္သလို သူငယ္ခ်င္းမ်ားအေပၚလည္း အႏြံတာခံ၏။ ကြၽန္မေတြးေနစဥ္စေနမက ကြၽန္မအနားသို႔ေရာက္လာ၏။
” ခ္ရာမ ငါ့အေဖကခ်ရာမကိုဒါေပးခိုင္းလိၾက္တယ္…”
ဟူေသာအသံႏွင့္အတူ ဝင္လာသည္က ေစနမ။
” သမီး အေဖကဆရာမကိုေပးခိုင္းတာလား….”
” ဟုတၱယၡ္ရာမ ၿပီးေတာ့အစ္ကိုကလည္းေျပာခိုင္းေသးတယ္ ခ်ရာမကိုေခ်႕တယ္တဲ့…”
” သမီးရယ္ ဘာေတြေလွ်ာက္ေျပာေနတာတုံး…လာလာသမီးကိုဆရာမမုန႔္ေပးမယ္…”
စေနမ၏စကားေၾကာင့္ ကြၽန္မရွက္ေသြးဖ်ာသြားသည္။
” သမီးေရာ့မုန႔္လာယူ…ကဲသမီးေလးကိုဆရာမေျပာစရာရွိတယ္…ကိုယ့္ထက္ႀကီးတဲ့လူနဲ႔စကားေျပာရင္ ငါလိုမသုံးရဘူး…ကြၽန္မ၊သမီး၊မီးမီးလို႔သုံးရတယ္ေနာ္…ကဲသမီးေလးေျပာၾကည့္…”
” ဟာ…ငါမေျပာတတ္ဘူးခ်ရာမ…”
” မေျပာတတ္လို႔္မရဘူးသမီးရဲ႕…သမီးသင္ဖူးတယ္မလား ပထမတန္းဖတ္စာထဲမွာပါတဲ့ စကားခ်ိဳခ်ိဳေျပာရေအာင္ဆိုတာေလ…စကားကိုခ်ိဳခ်ိဳသာသာေျပာတဲ့ကေလးကိုဦးေလးႀကီးက ငွက္ေပ်ာသီးတစ္ဖီးလုံးေပးလိုက္တဲ့ပုံျပင္ေလးေလ…”
” ခ္ရာမ အေဖကေျပာခိုင္းေသးတယ္ ညက်ရင္ခ်ရာမကိုအိမ္မွာထမင္းေကြၽးခ်င္လို႔လာခဲ့ပါတဲ့… ”
” ဟုတ္ပါၿပီရွင့္ ဆရာမလာခဲ့မယ္ ….”
ေက်ာင္းပိတ္ရက္ေလးျဖစ္ေနသျဖင့္ ကြၽန္မသည္စေနမယူလာေပးေသာ အသားကိုခ်က္ၿပီးဆရာမႀကီးႏွင့္အတူထမင္းလက္ဆုံစားၾက၏။
” ကေလးေတြက ညီမေလးကိုအေတာ္ခ်စ္ၾကတာဘဲ…အစ္မဒီမွာတာဝန္က်တာၾကာၿပီ ဘယ္သူမွဘာမွလာမပို႔ေပးဖူးဘူး…”
” ဟုတႅားအစၼ…ဒီအသားေကတာ့ေစနေမလးက သူ႔အေဖလာပို႔ခိုင္းတာလို႔ေျပာသြားတယ္….. ညေနက်ရင္လည္း သူတို႔အိမ္ကိုထမင္းစားသြားဖို႔ဖိတ္ခဲ့ပါေသးရဲ႕….”
” ႐ြာသူ႐ြာသားေတြေတာ့႐ိုးသားေဖာ္ေ႐ြၾကတာအမွန္ဘဲညီမေရ…သူတို႔ေတြေၾကာင့္မို႔လဲ ဒီမွာတာဝန္က်တာမပ်င္းရေတာ့ဘူးေပါ့….”
” ဟုတၱယ္ဆရာမ…ညီမဒီေရာက္စတုန္းကေတာ့ ေပ်ာ္စရာမေကာင္းဘူးထင္ခဲ့တာ…”
” ညီမကိုအစ္မတစ္ခုေျပာထားရဦးမယ္…ဒီ႐ြာမွာ႐ိုးသားတဲ့လူေတြရွိသလို လူရမ္းကားေတြလဲရွိတယ္…အဲတစ္ခုေတာ့ညီမသတိထားေနာ္….”
” ဟုတ္ကဲ့အစ္မ….”
ထမင္းစားၿပီးေနာက္ သိမ္းစရာရွိသည္မ်ားကိုသိမ္းလိုက္သည္။ ၿပီးေနာက္ စာစစ္စရာမ်ားရွိသည္ကိုစစ္ၿပီး အခ်ိန္ျဖဳန္းေနမိသည္။ ညေန၄နာရီခြဲခန႔္တြင္ စေနမေရာက္လာၿပီး
” ခ္ရာမ…ခ္ရာမ…ငါ…ဟုတ္ပါဘူး…မီးမီးခ်ရာမကိုလာေခၚတာ…”
” ဪေအးေအးသမီး… ဆရာမလိုက္ခဲ့မယ္….”
” အေဖကေျပာတယ္…မီးမီးနဲ႔အတူတစ္ခါထဲလိုက္ခဲ့ပါတဲ့…”
” ဪအဲဆိုခဏေစာင့္…ဆရာမ ထီးယူလိုက္ဦးမယ္….”
ကြၽန္မလည္းထီးယူၿပီး စေနမႏွင့္အတူသူမ၏အိမ္သို႔လာခဲ့ၾကသည္။ အိမ္မေရာက္မွီမွာပင္ မိုးမ်ား႐ြာခ်လာသျဖင့္ စေနမကိုပခုံးေပြ႕ကာထီးအမိုးထဲသို႔ေခၚလိုက္၏။
” ခ္ရာမ…”
” အင္း…ေျပာေလသမီး….”
” ခ္ရာမက မီးမီးအစ္ကို႔ကိုခ်စ္ဘူးလား…”
” အို…ဘာေတြေျပာေနတာလဲဒီကေလး…”
” ေတြ႕လားခ်ရာမ ရွက္ေနတယ္ဟီးဟီး….”
” ဟာ..ဟဲ့ဟဲ့သမီးေလး…မိုးေတြစိုကုန္မယ္ေလ….”
ေစနမက ကြၽန္မကိုစေနာက္ၿပီး သူ႔ပခုံးကိုေပြ႕ထားေသာကြၽန္မလက္ကို ဖယ္ကာမိုးေရထဲေျပးသြားလိုက္၏။ အပူအပင္ကင္းမဲ့ေနေသာ ကေလးမေလးတစ္ေယာက္သည္ မိုးေရထဲ၌ေပ်ာ္႐ႊင္စြာကခုန္ေန၏။ တစ္ေအာင့္အၾကာ၌ ႐ြာအစြန္ရွိစေနမ၏အိမ္သို႔ေရာက္လာ၏။
” ေဖေဖ…ေဖေဖ…ခ်ရာမေရာက္လာၿပီ…”
” ေဟ…ဆရာမေတာင္ေရာက္လာၿပီမွကိုး…လာလာဆရာမ…အိမ္ေပၚကိုႂကြပါခင္ဗ်… ”
” ဟုတ္ကဲ့ရွင့္ဦးေလး….ကေလးကိုအဝတ္စားလဲခိုင္းလိုက္ပါဦး မိုးေရထဲေဆာ့ေနလို႔ သူ႔မယ္စို႐ြဲွေနရွာတာ….”
” ကြၽန္ေတာ့္သမီးက အဲလို႔ဘဲဆရာမေရ….လာလာဆရာမ…အိမ္မွာကမိန္းမသားေတြမရွိေတာ့ သိမ္းမဲ့ဆည္းမဲ့လူမရွိလို႔ညစ္ပတ္ေနတာဗ်…”
” အို…ရပါတယ္ရွင့္…”
ကြၽန္မက စေနမ၏အိမ္ထဲသို႔ဝင္လိုက္၏။ အမိုးအကာမလုံ႔တလုံအိမ္ထဲတြင္ မီးဖိုႀကီးတစ္ဖို ဖိုထား၏။ ေစနမ၏အစၠိဳက ကြၽန္မစားဖို႔ရန္ထမင္းဟင္းခူးခပ္ေန၏။
” လာဆရာေမလး…ထမင္းစားရေအာင္…ဟင္းေတြကအေကာင္းစားေတြမဟုတ္ေပမဲ့ ကြၽန္ေတာ္ႏွင့္အေဖက ေစတနာအျပည့္ထည့္ခ်က္ထားလို႔ စားေကာင္းမွာပါဗ်… ”
ထိုေကာင္ေလးက ကြၽန္မကိုၾကည့္ၿပီး ထိုသို႔ေျပာ၏။ ကြၽန္မလည္းစားပြဲခုံ၌ထိုင္ကာ
” ဦးေလးႏွင့္ေမာင္ေလးေရာတစ္ခါထဲလာစားေလ…သမီးေလးကိုပါေခၚလိုက္ေပါ့…”
” ဟာေနပါေစဆရာမေရ…ကြၽန္ေတာ္တို႔ကေတာသူေတာင္သားေတြဆိုေတာ့ ထမင္းကိုပလုတ္ပေလာင္းဘဲစားတတ္တာ…ေတာ္ၾကာဆရာမ မစားရဲဘဲေနပါ့မယ္…”
” ဪမဟုတ္တာရွင့္…လာပါတစ္ခါထဲစားၾကစို႔…”
ကြၽန္မ၏စကားေၾကာင့္ စေနမ၏ဖခင္ႏွင့္အစ္ကိုလည္းတစ္ခါတည္း ဝင္စားလိုက္၏။ စေနမကိုပါတစ္ခါတည္းစား၏။
” ေရာ့စားဆရာမ…ဒီေခ်သားက မနကၠမြရလာတာ လတ္လတ္ဆတ္ဆတ္ဘဲအရမ္းစားေကာင္းတယ္….”
ဆိုၿပီး အသားတုံးႀကီးခူးခပ္ကာ ကြၽန္မ၏ပန္းကန္ထဲသို႔ခူးခပ္ထဲ့ေပးေန၏။
” ခ္ရာမ…မီးမီးအစ္ကိုရဲ႕လက္ရာစားေကာင္းလား….”
” မီးမီးအစၠိဳခ္ကၱာလား….”
” ဟုတ္တယ္ဆရာမရဲ႕ ကြၽန္ေတာ့မိန္းမ မရွိေတာ့ထဲက ကြၽန္ေတာ့္သားကဘဲခ်က္ေကြၽးေနတာဗ်ိဳ႕….”
ဦးေလး၏စကားေၾကာင့္ ထိုကေလးကိုကြၽန္မအကဲခတ္ေနမိသည္။ အသက္ငယ္ေသးေသာ္လည္း ဗလေတာင့္ေတာင့္ႏွင့္ဆူၿဖိဳးေသာခႏၶာကိုယ္ရွိ၏။ အခ်က္အျပဳတ္ေကာင္း၏။
” စေနမရဲ႕အစ္ကိုက ဟင္းခ်က္ေတာ္ေနေရာဘဲ စားလို႔အရမ္းေကာင္း…”
” တကယႅားခ္ရာမ… ဒါဆိုမီးမီးအစ္ကို႔ကိုယူလိုက္ေလ…ဟီးဟီး….”
” ဟာညီေမလးကလဲ…”
” ဘာညီေမလးလဲ…ဟိုေန႔ကသူဘဲခ်ရာမကိုေျပာခိုင္းၿပီးေတာ့….”
စေနမ၏စကားေၾကာင့္ ကြၽန္မေကာ ေကာင္ေလးပါမ်က္ႏွာရဲတြတ္သြားၾက၏။ အေျခအေနကိုရိပ္မိေသာ ဦးေလးက
” ကြၽန္ေတာ့သမီးကအဲလို႔ဘဲဆရာမေရ…စိတ္မဆိုးနဲ႔ဗ်ိဳ႕….”
ဟုဝင္ေျပာ၏။
” သမီးေလးက ဆရာမေၾကာင္းေန႔တိုင္းျပန္ေျပာတာ…ဆရာမေလးကခ်စ္စရာေကာင္းတယ္၊ကေလးေတြကိုလည္းမုန႔္ေကြၽးတယ္၊႐ိုက္လဲမ႐ိုက္ဘူးတဲ့…ဆရာမေလးကိုသူခ်စ္တယ္တဲ့….ဆရာမေလးကိုအိမ္မွာေခၚထားေပးပါလားတဲ့…”
မုဆိုးႀကီး၏စကားေၾကာင့္ကြၽန္မသည္ မေနတတ္ေလာက္ေအာင္ျဖစ္သြား၏။
ေက်ာင္းပိတ္ရက္ရွည္မ်ား၌ကြၽန္မသည္ေနရပ္သို႔ျပန္ၿပီး ရသည့္လစာျဖင့္ ကေလးမ်ားအတြက္အဝတ္အစားႏွင့္ မုန႔္မ်ားကိုဝယ္ေပး၏။ အိမ္၌ရွိေသာအစ္မကလည္း သူ႔ကေလးနဲ႔မေတာ္ေတာ့သည့္အဝတ္မ်ားကိုပါ ကေလးမ်ားအတြက္ထည့္ေပး၏။ ကြၽန္မ၏ေျပာျပခ်က္ေၾကာင့္ အလႉရွင္အခ်ိဳ႕လည္း ကေလးမ်ားအတြက္စာေရးကရိယာမ်ားလႉဒါန္းၾက၏။
ကြၽန္မသည္ကေလးမ်ားအတြက္အဝတ္အစားဝယ္ေပးရင္း ဆိုင္ထဲ၌ခ်ိတ္ထားေသာအနီေရာင္ဝတ္စုံေလးကိုျမင္ၿပီး စေနမကိုေျပးျမင္မိ၏။
” ဒါေလးကစေနမေလးနဲ႔အရမ္းလိုက္မွာဘဲ…”
ဟူ၍လည္းေတြးေနမိ၏။ သို႔ေၾကာင့္ထိုအနီေရာင္ဝမ္းဆက္ေလးအားစေနမအတြက္ဝယ္ေပးမိ၏။ ေက်ာင္းျပန္ဖြင့္သည့္ေန႔၌ကြၽန္မသည္ ပစၥည္းပစၥယမ်ားသည္ၿပီး
တာဝန္က်ရာ႐ြာေလးသို႔ျပန္လာခဲ့၏။
ေက်ာင္းဖြင့္သည့္ေန႔၌ကြၽန္မသည္ ကေလးမ်ားအတြက္ဝယ္လာေသာ အဝတ္အထည္ႏွင့္မုန႔္မ်ားကိုေဝေပးလိုက္၏။ ကေလးမ်ားသည္ ကြၽန္မေဝေပးေသာအဝတ္အထည္ႏွင့္မုန႔္မ်ားေၾကာင့္ အလြန္ေပ်ာ္႐ႊင္သြားၾက၏။ စေနမေလးလည္း ဝတ္စုံအနီေလးကိုဝတ္ကာ ေက်နပ္ေန၏။
” ခ္ရာမ…ေရာ့ခ်ရာမအတြက္… ”
စေနမကပန္းကေလးတစ္ပြင့္ကို ကြၽန္မထံသို႔လွမ္းေပးလိုက္၏။ ထိုပန္းသည္ ကြၽန္မျမင္ဖူးေသာ သစ္ခြပန္းအမ်ိဳးအစားျဖစ္ေန၏။
” အဲဒီပန္းကိုေဖေဖတို႔က ေတာထဲကေနယူလာတာခ်ရာမရဲ႕…အဲဒါမီးမီးကခ်ရာမကိုေပးခ်င္လို႔ ယူလာခဲ့တာ…”
” ဟုတ္ပါၿပီကြယ္….”
ဤသို႔ျဖင့္ကြၽန္မသည္ထိုေခါင္က်ေသာ႐ြာေလး၌ ေနလာသည္မွာ၅လထဲေရာက္လာေခ်ၿပီ။ ကေလးမ်ားကိုလည္း တတ္ႏိူင္သမွ်ေထာက္ပံ့ေပးႏိူင္ခဲ့သည္။ တပည့္မရွား၊တျပားမရွိ ဆိုသလိုကြၽန္မသည္သူေ႒းသူႂကြယ္မဟုတ္ေသာ္ျငား ကေလးမ်ားအတြက္တတ္ႏိူင္သမွ်ေလး ေထာက္ပံ့ေပးႏိူင္ေသာေၾကာင့္ ပီတိျဖစ္မိသည္။
ကြၽန္မသည္စာသင္ေနရင္း ကေလးတစ္ေယာက္ေလ်ာ့ေနသည္ကိုသတိျပဳမိသည္။ နာမည္မေခၚေသးဘဲစာအရင္သင္လိုက္ေသာေၾကာင့္ ကြၽန္မသတိမထားမိျခင္းသာ။
.” သမီးေလးညိဳ….သမီးေဘးကစေနမ ေနမေကာင္းလို႔လားကြဲ႕… ”
” သိဘူးခ္ရာမ…”
” ဒီကေလးခြင့္လည္းမတိုင္ဘူး…ဘာမ်ားျဖစ္ေနလို႔ပါလိမ့္….”
တစ္ေနကုန္စာသင္ေနရေသာ္လည္း ကြၽန္မ၏စိတ္သည္ ကေလးမေလးစေနမထံသို႔သာေရာက္ေန၏။ ဘာရယ္ေၾကာင့္မသိကြၽန္မ၏စိတ္မ်ားေလးလံေနမိသည္။ ေက်ာင္းခ်ိန္ၿပီး၍ ကြၽန္မလည္းအိမ္သို႔ျပန္လာကာစာစစ္စရာ ရွိသည္မ်ားကိုစစ္ေနသျဖင့္အခ်ိန္ကိုပင္ေမ့ေနသည္။
” ဆရာမ…ဆရာမရွိလားဗ်ိဳ႕….”
ဟူေသာအသံႏွင့္အတူ အထဲဝင္လာသူကစေနမ၏အစ္ကိုျဖစ္သူပင္။
” ဪေမာင္ေလးလာေလ…ကြၽန္မလည္းေမးဖို႔ရွိတာနဲ႔အေတာ္ဘဲ…စေနမေက်ာင္းမလာဘူး ေနမေကာင္းလို႔မ်ားလားရွင့္….”
” မဟုတ္ပါဘူးဆရာမ…ေစနမ မနက္တုန္းကေက်ာင္းကိုသြားခဲ့တယ္ေလ…ဆရာမအတြက္ဆိုၿပီး သစ္ခြပန္းေလးေတာင္ယူသြားေသးတာ…”
” ဟင္…ဒီေန႔စေနမေလးေက်ာင္းမွာမရွိပါဘူး…”
” ဒီကေလးဘယ္သြားေနပါလိမ့္…ခုထိအိမ္ျပန္ေရာက္မလာလို႔ ဆရာမအိမ္နားရွိမလားဆိုၿပီးလာရွာတာဗ်….”
ထိုစကားေၾကာင့္ ကြၽန္မရင္ထဲထိတ္ခနဲျဖစ္သြား၏။
” အိမ္မွာလည္းမရွိ..ေက်ာင္းလည္းေရာက္မလာဆိုေတာ့ ဒီကေလးဘယ္သြားေနတာလဲ…ညေနငါးနာရီေတာင္ရွိၿပီ…”
ကြၽန္မကလက္မွပတ္ထားေသာနာရီကိုငုံ႔ၾကည့္ၿပီးေျပာ၏။
” မ်ဖစၻဴး…မ်ဖစၻဴး…စေနမကိုသြားရွာမွျဖစ္မယ္…ဘုရားဘုရား….ကြၽန္မရဲ႕တပည့္ေလးဘာမွမျဖစ္ပါေစနဲ႔….”
ကြၽန္မ၏အေတြးထဲတြင္စေနမတစ္ခုခုမ်ားျဖစ္ေနၿပီလားဟုခ်က္ခ်င္းေတြးမိ၏။
” ဆရာမ….ညီမေလးကိုဘယ္မွာသြားရွာုကမလဲ…. ”
” စေနမသြားတတ္တဲ့ေနရာေတြမ်ားရွိလား….”
” အဲလို႔ေတာ့ကြၽန္ေတာ္လည္းမသိဘူးဆရာမ တကယ္ေတာ့ကြၽန္ေတာ္တို႔သားအဖက ေတာထဲသြားေနရတာနဲ႔ညီမေလးကိုေသခ်ာမေစာင့္ေရွာက္မိဘူး…”
ကြၽန္မတို႔ပူထူၿပီး ႐ြာထဲသြားကာစေနမကိုရွာေနမိ၏။ မေတြ႕သည့္အဆုံး ေက်း႐ြာသူႀကီးကိုပါ အေၾကာင္းၾကားၿပီးကူရွာခိုင္းရ၏။ ညရွစ္နာရီအထိရွာေသာ္လည္း စေနမကိုမေတြ႕။ ကြၽန္မရင္တစ္ခုလုံးေျဗာင္းဆန္ေန၏။
” ကဲ့ညရွစ္နာရီလည္းထိုးေနၿပီ…ဆရာမေလးလည္းပင္ပန္းေနေရာေပါ့….ျပန္ၿပီးနားလိုက္….ဦးႀကီးတို႔ဘဲဆက္ၿပီးရွာလိုက္မယ္…ေတြ႕မွဆရာမေလးကိုအေၾကာင္းၾကားလိုက္မယ္ေလ….”
” ရပါတယ္ရွင့္…ကြၽန္မဘယ္လိုစိတ္နဲ႔ ျပန္နားႏိူင္မလဲ….ေက်းဇူးျပဳၿပီးကြၽန္မကိုလိုက္ရွာခြင့္ေပးပါေနာ္… ”
ကြၽန္မ၏ေတာင္းဆိုခ်က္ေၾကာင့္ ေနာက္ဆုံး၌သူႀကီးလည္း လိုက္ေလ်ာခဲ့ရသည္။ ထိုည၌စေနမကိုရွာေသာ္လည္းမေတြ႕ၾကရ။ ညည့္နက္ေနသျဖင့္ကြၽန္မလည္း သူႀကီးအိမ္မွာပင္အိပ္လိုက္သည္။ ကြၽန္မ၏ေျခေထာက္၌ေညႇာင့္စူးထားေသာေၾကာင့္ တဆစ္ဆစ္ကိုက္ခဲေနသည္။ သို႔ေသာ္ ကြၽန္မရင္ထဲ၏အပူမီးေၾကာင့္ဒဏ္ရာကိုဂ႐ုမစိုက္အားဘဲ စေနမေလးအတြက္ ဆုေတာင္းေနမိသည္။
ကြၽန္မမည္မွ်အိပ္ေပ်ာ္သြားသည္မသိ။ ကြၽန္မ၏ေျခေထာက္ကိုေအးစက္ေသာအရာတစ္ခုလာထိသျဖင့္ ကြၽန္မလန႔္ႏိူးသြားသည္။
” ဟင္…သမီး…ေစနမ…ဘယ္သြားေနတာလဲ….တစ္ကိုယ္လုံးလဲေရေတြ႐ြဲွဲေနလို႔ပါလား…”
ကြၽန္မ၏ေျခရင္း၌ရပ္ေနေသာစေနမေလးကိုၾကည့္ၿပီးစိတ္ပူေနမိ၏။ စေနမသည္ကြၽန္မကိုစိုက္ၾကည့္ၿပီး တစ္ခုခုကိုေျပာခ်င္ေနဟန္ရွိသည္။
” သမီး…လာဆရာမအဝတ္လဲေပးမယ္…မဟုတ္ရင္သမီးဖ်ားလိမ့္မယ္ကြဲ႕…”
ကြၽန္မကိုထိုသို႔ေျပာၿပီးစေနမ၏လက္ကိုဆြဲလိုက္၏။
” ဟင္…ေအးစက္ေနပါလား…သမီး…သမီး…ထြက္မေျပးနဲ႔ေလ…သမီး….”
စေနမသည္ကြၽန္မကိုဘာတစ္ခုမွျပန္မေျပာဘဲ ကြၽန္မဆီမွအတင္း႐ုန္းကန္ကာ ထြက္ေျပးေန၏။
” ဆရာမ.. ဆရာမ…ဘာျဖစ္တာလဲ…”
သူႀကီးကေတာ္ကကြၽန္မကို ကိုင္လႈပ္ၿပီးႏိူးမွကြၽန္မႏိူးလာ၏။ အမွန္တကယ္ စေနမကိုကြၽန္မအိပ္မက္မက္ေနျခင္းသာ။
” ဆရာမေယာင္ၿပီးေအာ္ေနလို႔ အေဒၚလာႏိူးတာကြဲ႕….အိပ္မက္ဆိုးမက္လို႔လားဆရာမ….”
” ကြၽန္မတပည္မေလးကိုမက္လို႔ပါေဒၚေဒၚ….သူကြၽန္မကိုတစ္ခုခုေျပာခ်င္ေနဟန္ရွိတယ္….မ်ဖစၻဴး…သူ႔ကိုသြားရွာမွျဖစ္မယ္….”
ကြၽန္မသည္ ကေလးကိုစိတ္ပူေနသည့္ေဇာျဖင့္ မ်က္ႏွာကိုပင္သစ္ဖို႔ေမ့ေနသည္။ ကြၽန္မအိမ္ေအာက္သို႔ဆင္းလာရာ ေအာက္တြင္သူႀကီးတို႔လူစုေနသည္ကိုေတြ႕ရ၏။
” ႏိူးလာၿပီလားဆရာမေလး…ဒဏ္ရာကဘယ္လိုေနေသးလဲ…”
သူႀကီးကကြၽန္မကိုေတြ႕ေတြ႕ခ်င္း ေမးလိုက္၏။ ကြၽန္မမွာေျခေထာက္ကအနာကိုပင္သတိမရေခ်။
” ရပါတယ္ဦးႀကီး…ကြၽန္မ တပည့္မေလးကိုဘဲရွာေပးၾကပါ….ကြၽန္မအထင္ေရစပ္မွာရွိႏိုင္ေလာက္တယ္….”
” ဟင္…ဆရာေမလးကဘယႅိဳသိ…”
မုဆိုးႀကီးကကြၽန္မကိုမသကၤာသလိုျပန္ေမး၏။
” မေန႔ညကစေနမကို ကြၽန္မအိပ္မက္မက္တယ္…သူ႔တစ္ကိုယ္လုံးေရေတြ႐ြဲွ႐ြဲွစိုေနေတာဘဲ….”
” ဒါဆိုလူစုခြဲၿပီးသြားရွာၾကရေအာင္…ေခ်ာင္းေဘးကန္ေလးအဓိကဦးစားေပးရွာၾကေဟ့….”
ကြၽန္မႏွင့္သူႀကီးအုပ္စုကတစ္စုခြဲထြက္ၿပီး က်န္တစ္႐ြာသူ႐ြာသားမ်ားကတစ္စုျဖစ္၏။
ကြၽန္မေျခေထာက္၏အနာသည္ေျခဖေႏွာင့္နားတြင္ျဖစ္ေန၍ လမ္းသြားတိုင္းဖိနင္းမိသလိုျဖစ္ေနသျဖင့္ ေသြးမ်ားစီးထြက္လာ၏။ သို႔ေသာ့ကြၽန္မဂ႐ုမစိုက္အား။ ေခ်ာင္းေဘးကန္ေဘးမွန္သမွ်လိုက္ရွာ၏။ သို႔ေသာ္ စေနမကိုမေတြ႕။ တစ္ခုေသာ ေနရာအေရာက္တြင္ ကေလးတစ္ေယာက္ခ်ဳံပုတ္ထဲေျပးဝင္သြားသည္ကို ကြၽန္မေတြ႕လိုက္သည္။
အနီေရာင္ဝတ္စုံကိုဝတ္ထားသျဖင့္ စေနမျဖစ္မွန္းကြၽန္မသိလိုက္သည္။
” သမီး…ဟဲ့…သမီးမေျပးနဲ႔ေလ….”.
သို႔ေၾကာင့္ကြၽန္မထိုသို႔ေအာ္ၿပီး ထိုၿခဳံပုတ္ရွိရာသို႔ေျပးလိုက္၏။ အေနာက္မွသူႀကီးတို႔အုပ္စုလည္း ကြၽန္မေနာက္သို႔ေျပးလိုက္လာၾက၏။ ၿခံပုတ္နားေရာက္ေသာ္ လူရိပ္လူေယာင္မွ်ပင္မေတြ႕။
” ဆရာမ အျမင္မွားတာေနမွာပါ….”
” မဟုတၻဴး…ကြၽန္မတကယ္ျမင္တာ…စေနမဒီနားရွိကိုရွိရမယ္….”
” သမီး…သမီးေလးရ….ေစနမ….အေဖေခၚေနတယ္ေလ…”
မုဆိုးႀကီးကသူတို႔၏ဘာသာစကားျဖင့္သမီးျဖစ္သူကိုေခၚ၏။ ကြၽန္မလည္းစေနမ ထိုၿခဳံပုတ္နားတြင္ရွိသည္ကို ကြၽန္မစိတ္က တထစ္ယုံၾကည္ေနသျဖင့္ ထိုၿခဳံပုတ္ထဲသို႔မရမကတိုးဝင္လိုက္သည္။ ထိုၿခဳံပုတ္၏အလြန္၌ ေခ်ာင္းကေလးတစ္ခုကရွိေနျပန္သည္။ ထိုေခ်ာင္း၏အစပ္၌ၾကည့္လိုက္ရာ ဝမ္းလ်ားေမွာက္လဲေနေသာကေလးတစ္ေယာက္။ အက်ႌကိုၾကည့္လိုက္သည္ႏွင့္ ကြၽန္မတပည့္စေနမမွန္း သိလိုက္သည္ႏွင့္ကြၽန္မ၏ ေခါင္းတစ္ခုလုံးသည္ ခ်ာခ်ာလည္ၿပီးေမွာင္အတိက်သြားေတာ့သည္။
သူႀကီးတို႔အုပ္စုလည္း ဆရာမေလးဝင္ရာေနာက္သို႔လိုက္ဝင္ခဲ့ၾကသည္။ ထိုၿခဳံပုတ္အလြန္ေခ်ာင္းစပ္တြင္ကား ဝမ္းလ်ားေမွာက္ေသဆုံးေနေသာစေနမ။ ဆရာမေလးသည္ တပည့္ျဖစ္သူ၏အျဖစ္ဆိုးကိုၾကည့္ၿပီးဒူးမ်ားၫႊတ္ေခြက်ကာ လဲက်သြားေတာ့သည္။ မုဆိုးႀကီးသားအဖသည္ ေခ်ာင္းစပ္တြင္ေသဆုံးေနေသာသမီးေလးဆီ ေျပးသြားၿပီးကုန္းေပၚသို႔ခ်ီလိုက္သည္။ သမီးေလး၏ခႏၶာကိုယ္မွာေအးစက္ေတာင့္တင္းေနၿပီး လည္ပင္း၌ညိဳမဲရာစြဲေနသည္။ ေျခေထာက္မွစီးက်ေနေသာေသြးေၾကာင့္ ေစနေမလးမြာ လူ႔ဘီလူးႀကီး၏အဓမၼျပဳက်င့္ခံထားရမွန္း သိသာသည္။
” သမီးေလးရယ္….ထပါဦးၾကာ…သမီးေလးရဲ႕ဆရာမက သမီးကိုလာရွာၿပီေလကြာ…သမီးေလး ထၾကည့္ပါအုံးလား….”
မုဆိုးႀကီးသည္သမီးငယ္၏အျဖစ္ဆိုးကိုၾကည့္ၿပီးဆို႔နင့္စြာငိုေန၏။ မုဆိုးႀကီး၏သားျဖစ္သူလည္း ညီမငယ္၏အျဖစ္ကိုၾကည့္ရင္း အံတင္းတင္းႀကိတ္ကာ
” ေတာက္! ဘယ္ေခြးမသားက ငါ့ညီမကိုရက္ရက္စက္စက္သတ္ပစ္ရတာလဲကြာ…ဘယ္ေကာင္ကဒီေလာက္လူမဆန္ရတာလဲ….ဟင့္ဟင့္….”
ၿခဳံပုတ္ေဘးတစ္ေနရာတြင္ကား စေနမ၏လြယ္အိတ္ေလးတစ္လုံး။ လြယ္အိတ္ေလးထဲတြင္ စာအုပ္အခ်ိဳ႕ႏွင့္ ဆရာမေလးအတြက္ဆိုၿပီး တယုတယထည့္ထားေသာ သစ္ခြပန္းေလးတစ္ပြင့္။ စေနမေလးသည္ ဆရာမေလးကိုအလြန္ခ်စ္သည္မို႔ ဆရာမေလးေပးေသာအနီေရာင္ဝတ္စုံကိုဝတ္ကာ ဆရာမေလးအတြက္ပန္းကေလးကိုခူးၿပီး ေက်ာင္းသြားခဲ့ဟန္တူသည္။ ဤတြင္လူ႔တရိစာၦန္ကစေနမေလးကို ဤေနရာသို႔ဖမ္းေခၚလာၿပီး ဆႏၵျဖည့္ကာ လည္ပင္းညစ္သတ္ထားဟန္တူသည္။ သူႀကီးသည္ လူသတ္သမား၏ေျခရာ၊လက္ရာမ်ားမေပ်ာက္ပ်က္ေစရန္ ထိုေနရာကိုမည္သူမွမသြားရန္ေျပာထားလိုက္သည္။
ကြၽန္မသတိျပန္ရခ်ိန္၌ ေတာထဲမွာမဟုတ္ေတာ့ဘဲ ေဆး႐ုံေရာက္ေနသည္။
” သမီး…သမီးေလးသတိရလာၿပီလား…”
ဆိုေသာအသံေၾကာင့္ကြၽန္မၾကည့္မိရာ ကြၽန္မအေမပင္ျဖစ္ေန၏။ ထိုနည္းတူကြၽန္မ၏ေဘးတဖက္တြင္ကား မ်က္ႏွာညိဳးငယ္ေနေသာ မုဆိုးႀကီးတို႔၏သားအဖ။
” ေအမ…ဒီကိုဘယ္လိုေရာက္လာတာလဲ….”
” သမီးတာဝန္က်တဲ့႐ြာရဲ႕သူႀကီးကလွမ္းအေၾကာင္းၾကားလိုက္တာသမီးရဲ႕…”
” ဟင္…သမီးရဲ႕တပည့္မေလးေကာ….သူ႔ကိုသမီးေတြ႕ခ်င္တယ္…သူ႔ဆီေခၚသြားေပးပါ….”
” သ…သမီးေလး…မရွိေတာ့ဘူးဆရာမ….ကြၽန္ေတာ့သမီးေလး ဆရာမရဲ႕တပည့္မေလး ကြၽန္ေတာ္တို႔ကိုခြဲသြားၿပီဆရာမေလးရယ္…ဟင့္ဟင့္….”
မုဆိုးႀကီး၏စကားေၾကာင့္ ကြၽန္မေခါင္းကိုခါယမ္းလိုက္သည္။
” သမီးေလးဘယ္လိုျဖစ္ရတာလဲဟင္….”
” လူယုတ္မာေတြက ညီမေလးကိုအဓမၼျပဳက်င့္သြားၾကတာဆရာမေလးရယ္….”
စေနမ၏အစ္ကိုစကားေၾကာင့္ ကြၽန္မဘာစကားမွမဆိုႏိူင္ေတာ့ေခ်။ ဘာတစ္ခုမွနားမလည္ေသးေသာကေလးငယ္အား အဓမၼျပဳက်င့္သြားသည္ဆိုပါလား။ မည္မွ်ပင္ လူစိတ္မရွိလိုက္ေလျခင္း။
ထိုေဝးလံေခါင္သီလွေသာေဒသေလး၌အမႈတစ္ခုေပၚေပါက္ရန္မလြယ္ကူလွေခ်။ ေငြေၾကးအၾကပ္အတည္းေၾကာင့္တစ္ေၾကာင္း၊ေဒသခံတို႔၏အသိပညာနည္းပါးျခင္းေၾကာင့္ တစ္ေၾကာင္း ဤသို႔ေသာအေၾကာင္းမ်ားေၾကာင့္ ကေလးသူငယ္မ်ားမည္မွ်ပင္ေရတိမ္နစ္ေနရၿပီနည္း။ ကြၽန္မသည္ထိုသို႔ေတြးမိၿပီး လူ႔မိစာၦႀကီးကိုမရမေနဖမ္းဆီးအေရးယူေပးရန္ စိတ္အားလူအားထက္သန္စြာပါဝင္ေပး၏။ ကုန္က်ေသာေငြေၾကးမ်ားကိုကြၽန္မကပင္ ထုတ္ေပး၏။ သို႔ေၾကာင့္ပင္မၾကာမီအခ်ိန္ကာလ၌ လူ႔မိစာၦႀကီးကိုဖမ္းဆီးႏိူင္ခဲ့ၿပီး ထိုက္သင့္ေသာပစ္ဒဏ္ကိုသက္ဆိုင္ရာကအမိန႔္ခ်မွတ္ခဲ့၏။
တစ္ခုေသာညေနခင္း၌ကြၽန္မသည္ ထမင္းဟင္းခ်က္ေနရင္း စေနမအေၾကာင္းကိုေတြးေနမိ၏။ ထိုအခ်ိန္ကဆရာမႀကီးလည္း ေက်ာင္းတြင္အခ်ိန္ပိုေခၚေပးေနသျဖင့္ ဝန္ထမ္းအိမ္ယာတြင္ကြၽန္မတစ္ေယာက္တည္းရွိေနခ်ိန္ျဖစ္၏။
” ခ္ရာမ….ခ္ရာမ…”
ကြၽန္မ၏နားထဲသို႔ ထိုအသံသည္မပီဝိုးတဝါးဝင္လာ၏။ သို႔ေသာ္မည္သည့္ကေလးတစ္ေယာက္တစ္ေလမွ်ပင္ကြၽန္မမေတြ႕မိ။ ထိုအခ်ိန္ကြၽန္မ၏ စာစစ္စားပြဲခုံပုေလးရွိ စာအုပ္သည္တဖ်တ္ဖ်တ္လွန္ေန၏။
ဆရာမႀကီးလည္းမရွိခိုက္ျဖစ္သျဖင့္ ကြၽန္မေၾကာက္မိသည္ကားအမွန္ပင္ျဖစ္သည္။ ကြၽန္မသည္ဟင္းခ်က္ေနရာမွထလာၿပီး စာပြဲခုံဆီသို႔လာကာ တဖ်တ္ဖ်တ္လွန္ေနေသာ စာအုပ္ကိုယူၿပီးတျခားစာအုပ္ႏွင့္ထပ္ဆင့္ထားလိုက္သည္။
” ရွပ္…ရွပ္…ရွပ္….”
ထိုစဥ္ကြၽန္မ၏ေနာက္ေက်ာဘက္မွ လမ္းေလွ်ာက္သံၾကားေနရသျဖင့္ လွည့္ၾကည့္လိုက္ရာ ေျခရာကဲ့သို႔ေရကြက္သည္စို၍စို၍သြား၏။ ကြၽန္မတပည့္ေလးမွန္းသိေသာ္လည္း ဘဝျခားေနၿပီျဖစ္သျဖင့္ ကြၽန္မေၾကာက္ေနမိသည္မွာအမွန္ပင္ျဖစ္သည္။
” ခ္…ရာ…မ…”
တပည့္မေလးသည္ အက္ကြဲစူးရွလွေသာအသံျဖင့္ ကြၽန္မအားတစ္လုံးျခင္းေခၚေန၏။ ကြၽန္မလည္းတပည့္မေလးကို ေၾကာက္လည္းေၾကာက္သကဲ့သို႔သနားလည္းသနားေနမိသည္။ သို႔ေၾကာင့္ ေၾကာက္စိတ္ကိုေဘးဖယ္လိုက္ၿပီး
” သ…သမီးေလး…ေစနမ….ဆရာမနဲ႔သမီးေလးဟာ ဘဝျခားခ်င္းျခားေနၿပီကြဲ႕…ဒါေၾကာင့္မို႔ သမီးေလးလည္းဆရာမဆီမလာနဲ႔ေတာ့ေနာ္…သမီးေလးလြတ္ရာကြၽတ္ရာသြားပါေတာ့လို႔ ဆရာမရင္နာနာနဲ႔ဘဲဆိုလိုက္ပါရေစကြယ္….”
” ဝုန္း….”
ကြၽန္မထိုသို႔ေျပာလိုက္ရာ စာၾကည့္စားပြဲခုံသည္တစ္ေယာက္ေယာက္၏ဆြဲလွန္ျခင္းကိုခံလိုက္ရၿပီး စာအုပ္ႏွင့္ေဘာပင္မ်ား ၾကမ္းေပၚသို႔ျပန႔္က်ဲကုန္သည္။ ကြၽန္မ၏စကားေၾကာင့္ တပည့္မေလးစိတ္တိုသြား၍လားမသိေခ်။ ကြၽန္မလည္းအလြန္လန႔္သြားၿပီး ဆရာမႀကီးျမန္ျမန္ျပန္လာရန္ဆုေတာင္းေနမိေတာ့သည္။
ေက်ာင္းတက္ေခါင္းေလာင္းထိုးခ်ိန္၌ကေလးမ်ားသည္ၿငိမ္သက္စြာရပ္ကာႏိုင္ငံေတာ္အလံကိုအေလးျပဳၿပီးေနာက္ႏိုင္ငံေတာ္သီခ်င္းကိုသံၿပိဳင္သီဆိုၾကသည္။ ကြၽန္မသည္ထိုကေလးမ်ားကိုၾကည့္ရင္း ဒုတယတန္းေက်ာင္းသားမ်ား၏အေနာက္မွ ၿငိမ္သက္စြာရပ္ေနေသာ ကေလးတစ္ဦးကိုေတြ႕လိုက္ရသည္။ ထိုကေလးသည္တျခားသူမဟုတ္ ကြၽန္မ၏ခ်စ္လွစြာေသာတပည့္မေလး စေနမပင္ျဖစ္သည္။ စေနမသည္ကြၽန္မကိုမေက်နပ္ဟန္ျဖင့္ စူးစိုက္ၾကည့္ေနသည္။ သူ႔တစ္ကိုယ္လုံးလည္းေရမ်ား႐ြဲွ႐ြဲွစိုေနသည္။
ကြၽန္မသည္ဒုတိယတန္းထဲသို႔ဝင္ရန္ေျခေထာက္မ်ားေလးကန္ေနသည္။ မဝင္၍လည္းမျဖစ္။ သို႔ေၾကာင့္အားတင္းကာအခန္းထဲသို႔ဝင္လာခဲ့သည္။ ထူးဆန္းစြာပင္ ဆရာ့စားပြဲေပၚ၌ ရွိေနေသာ သစ္ခြပန္းေလးတစ္ပြင့္။ ကေလးမ်ားကိုကြၽန္မ မေမးဘဲပန္းကေလးကိုဘယ္သူထားထားမွန္းကြၽန္မသိလိုက္သညိ။ ကြၽန္မသည္ထိုပန္းကေလးကိုယူၿပီးေခါင္း၌ပန္လိုက္သည္။
“ခ္ရာမ…သားတို႔ေၾကာက္တယ္….”
ေရွ႕ဆုံးတန္းရွိကေလးကတုန္ရီစြာထေျပာ၏။
” ဘာေၾကာက္စရာရွိလို႔လဲသားရဲ႕…”
ဘာကိုေၾကာက္ေနမွန္းသိေနရက္ ကြၽန္မတမင္ေမးျခင္းျဖစ္သည္။
” စ…ေစနမ…”
” ဘယႅိဳသား….ေစနမဟုတႅား…ေစနမက တျခားဘုံကူးသြားခဲ့ၿပီေလသားရဲ႕…”
” သူရွိေနတယ္ခ်ရာမ…သူကခ်ရာမဝယ္ေပးတဲ့ အဝတ္အနီကိုဝတ္ထားတယ္…သားတို႔အိမ္သာတက္ေတာ့သူကအိမ္သာထဲမွာထိုင္ေနတယ္ခ်ရာမရဲ႕…”
ကေလး၏စကားေၾကာင့္ ကြၽန္မလန႔္သြားေသာ္လည္း ကေလးမ်ားေၾကာက္မည္စိုး၍ကြၽန္မဟန္ေဆာင္ကာ
” သားတို႔အျမင္မွားတာေနမွာပါကြယ္…သားတို႔ရဲ႕သူငယ္ခ်င္းစေနမေလးက ခုဆိုနတ္သမီးျဖစ္ေနေလာက္ၿပီကြဲ႕…”
ကြၽန္မေျပာသာေျပာရသည္။ ကြၽန္မ၏အုကည့္က ေနာက္ဆုံးတန္း၌ထိုင္ေနေသာ ကေလးမထံသို႔သာ။ ထိုကေလးမလည္း ကြၽန္မကိုၿပဳံး၍ျပန္ၾကည့္ေနခဲ့သည္။
ကေလးမ်ားအားလုံးအိမ္ျပန္ၿပီးခ်ိန္၌ကြၽန္မသည္ ေက်ာင္းတံခါးေပါက္အားပိတ္ရန္က်န္ရစ္ခဲ့၏။ အကူဆရာမႏွင့္ဆရာမႀကီးမွာလည္း အိမ္သို႔ကိုယ္စီျပန္သြားၾကသည္။ ကြၽန္မသည္ေသာ့တြဲႀကီးကိုကိုင္ရင္း ျပတင္းေပါက္ႏွင့္တံခါးေပါက္မ်ားကိုေသခ်ာလိုက္ပိတ္ေနသည္။
” ေဒါက္….ေဒါက္….ေဒါက္…”
ထိုစဥ္ကြၽန္မ၏နားထဲ၌တံခါးေခါက္သံကဲ့သို႔ေသာအသံကိုၾကားလိုက္ရသျဖင့္ အခန္းထဲတြင္ကေလးမ်ားပိတ္မိေနေသး၍လားဟုေတြးေနမိ၏။ သို႔ေၾကာင့္ အခန္းတံခါးကိုျပန္ဖြင့္ကာ ရွာေဖြေနမိသည္။
” ခ္ရာမ….ခ္ရာမ…”
ဟူေသာအသံသည္ စာသင္ခုံေအာက္မွထြက္ေပၚလာခဲ့သည္။ ကြၽန္မလည္းကေလးရွိေနသည္ထင္ကာ ခုံေအာက္အားငုံ႔ၾကည့္စဥ္ ေအးစက္ေနေသာလက္တစ္စုံသည္ကြၽန္မ၏လည္ပင္းအားဖက္တြယ္ထားေလ၏။
” အား……”
ကြၽန္မလည္းလန႔္သြားသျဖင့္အသံကုန္ေအာ္ေနမိသည္။
” ခ္ရာမ…မီးမီးနဲ႔လိုက္ခဲ့…မီးမီးတစ္ေယာက္ထဲပ်င္းတယ္…”
ကေလးသည္ထိုသို႔ေျပာၿပီး ကြၽန္မကိုရယ္ျပ၏။
” အစၼ…အစၼ…ဘာျဖစ္တာလဲ…”
ထိုအသံႏွင့္အတူဝင္လာသူက အကူဆရာမေလးပင္။ ကြၽန္မလည္းထိုအခ်ိန္မွေၾကာက္လန႔္စိတ္နည္းနည္းေျပသြားကာ
” ညီ..ညီေမလး…ဘာလို႔ျပန္လာတာလဲ..”
” ထမင္းခ်ိဳင့္က်န္ခဲ့လို႔္ျပန္လာယူတာအစ္မရဲ႕…အဲဒါအစ္မေအာ္သံၾကားလို႔ေျပးလာတာ…အစ္မနဲ႔အတူဘယ္ကေလးက်န္ေနခဲ့တာလဲ…ေစာေစာကကေလးတစ္ေယာက္အိမ္သာဘက္သြားတာေတြ႕လိုက္လို႔…”
” ရွင့္!…ဘယ္ကေလးမွမက်န္ခဲ့ပါဘူးညီမေလး…”
” ဟင္…ဒါဆိုအိမ္သာဘက္ၾသားတဲ့ေကလးက…”
အကူဆရာမေလးသည္ အက်ႌအနီေရာင္ဝတ္ထားေသာကေလးကိုဘယ္သူျဖစ္မွန္းခန႔္မွန္းမိ၍ထင္သည္။ ကြၽန္မကိုဆြဲထူၿပီး ေက်ာင္းတံခါးကိုအျမန္ပိတ္ကာ ထိုေက်ာင္းမွအျမန္ျပန္ခဲ့ၾကေတာ့သည္။ ကြၽန္မလည္းစာသင္ခ်ိန္ပ်က္ရသည္အထိ ေသြးေလေခ်ာက္ခ်ားျဖစ္ေနခဲ့သည္။ ကြၽန္မတစ္ေယာက္ထဲသာ ကြက္ၿပီးျမင္ေနရသျဖင့္ ကြၽန္မကိုကြၽန္မ႐ူးေနၿပီလားဟုပင္ေတြးမိလိုက္ေသးသည္။ ကြၽန္မ ေငးငိုင္ေနစဥ္ဆရာမႀကီးက ကြၽန္မအနားေရာက္လာၿပီး
” ညီေမလး…”
” ရွင့္အစ္မ…”
” ဒီတစ္ေလာညီမေလးအရမ္းပိန္က်သြားတယ္…ဒီကိစၥ ကိုဒီလိုမ်ိဳးဆက္ထားလို႔မျဖစ္ဘူးထင္တယ္…”
” ဟင္…ဘာကိုလဲအစၼ…”
” စေနမေလးကိစၥေလ…”
” ဟင္…အစ္မလည္းႀကဳံရတာဘဲလား…”
” အင္း…ႀကဳံရတယ္ဆိုေပမဲ့ ညီမေလးေလာက္ေတာ့မဟုတ္ဘူး…သူကလူ႔ဘဝတုန္းကလည္းအစ္မကိုေၾကာက္တယ္ေလ…တစ္ခါတစ္ေလရိပ္ခနဲေလာက္ဘဲျမင္တာ…ဒါေပမဲ့ ညကညီမရဲ႕ေဘးမွာခေလးမ တစ္ညလုံးထိုင္ေနတာအစ္မေတြ႕လိုက္တယ္….”
” ရွင့္…ကြၽန္မနားမွာဟုတ္လားအစ္မ…”
” ဟုတၱေယၠလးေမလးက ညီမကိုအရမ္းခင္တြယ္တဲ့ပုံဘဲ…ဒါေၾကာင့္သူစြဲလမ္းၿပီး မကြၽတ္မလြတ္ျဖစ္ေနတာ…ကေလးမကမိခင္ဖခင္ေမတၱာကိုသိပ္မရေတာ့ သူ႔အေပၚသနားဂ႐ုဏာထားတဲ့ညီမေလးအေပၚအရမ္းတြယ္တာသြားရွာတာ….”
” ဟုတ္မယ္အစ္မရယ္…သူ႔ခမ်ာသနားစနာေလးပါ…ညီမလည္းတတ္ႏိုင္သေလာက္သူ႔အတြင္ကုသိုလ္ေကာင္းမႈေတြလုပ္ေပးဦးမယ္…သူအကြၽတ္မလြတ္မခ်င္းေပါ့…”
” ညီေမလးကိုအစၼ အေလးအနက္ေျပာခ်င္တာတစ္ခုရွိတယ္…”
” ဟုတ္ကဲ့ေျပာပါအစ္မ…”
” ခုဆိုေက်ာင္းမွာစေနမေလးရဲ႕အေၾကာင္းကဂယက္ထေနေတာ့ ကေလးသူငယ္ေတြ ေက်ာင္းမလာရဲေတာ့ဘူး…ဒီေတာ့ညီမေလးကိုယ္တိုင္ စေနမကိုေက်ာင္းနဲ႔မသက္ဆိုင္ေတာ့တဲ့အေၾကာင္းအမိန႔္စာဖတ္မွရေတာ့မယ္…”
” ရွင္! ဒါ…ဒါက…ေက်ာင္းအုပ္ႀကီးျဖစ္တဲ့အစ္ကိုယ္တိုင္ဖတ္ရမွာမဟုတ္ဘူးလား…”
” အမွန္ကအစ္မဖတ္ရမွာပါ…ဒါေပမဲ့စေနမေလးဟာ ညီမေလးကိုခင္တြယ္ေနတဲ့အတြက္ အစ္မစကားကိုနားေထာင္မွာမဟုတ္ဘူး…ဒါေပမဲ့ညီမေလးေျပာရင္ေတာ့ရမွာပါ…”
ဆရာမႀကီးကထိုသို႔ေျပာေတာ့ ကြၽန္မရင္ထဲဆစ္ခနဲနာက်င္သြားရသည္။ ကြၽန္မကိုခင္တြယ္ေသာ ကေလးမေလးကိုကြၽန္မကိုယ္တိုင္အေဝးသို႔ ႏွင္ထုတ္ရမည္ဆိုပါလား။ ကြၽန္မ၏မ်က္ရည္စမ်ား ဝဲလာၿပီးဆက္ေတြးမိသည္။ အကယ္၍ကြၽန္မ မလုပ္ခဲ့လွ်င္ ကြၽန္မ၏အခ်စ္သည္ ခ်စ္ရာမေရာက္ဘဲ ႏွစ္ရာေရာက္ေပလိမ့္မည္။ ေရွးဘဝေရစက္ေၾကာင့္ထိုကေလးမကို ကြၽန္မသနားခ်စ္ခင္မိသည္မွာအမွန္ပင္။ သို႔ေသာ္ ကြၽန္မမျဖစ္မေနလုပ္ရေပလိမ့္မည္။
တနလၤာေန႔မနက္၏ ေက်ာင္းတက္ေခါင္းေလာင္းထိုးခ်ိန္၌ ေက်ာင္းသူေက်ာင္းသားမ်ားသာမက ကြၽန္မတို႔ဆရာမမ်ားအားလုံးလည္း စာသင္ခန္းထဲ၌ၿငိမ္သက္စြာထိုင္ေနၾကသည္။ ကြၽန္မတို႔၏ေရွ႕၌ တည္ၿငိမ္စြာထိုင္ေနေသာဆရာေတာ္ဘုရားႀကီး။
ယေန႔ကားကြၽန္မတို႔ဆရာမမ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားစုေပါင္း၍ သြားေလသူစေနမေလးအတြက္ ရည္စူးကုသိုလ္ျပဳလုပ္ေပးသည့္ေန႔ျဖစ္သည္။
ဆရာေတာ္ဘုရားက စေနမေလးအတြက္အကြၽတ္တရားေဟာၾကားၿပီး သာဓုေခၚဆိုႏိူင္ရန္အမွ်ေပးေဝ၏။ သို႔ေသာ္ေခါင္းမာေသာဤကေလးသည္ တရားေတာ္မ်ားကိုလည္း နာလည္ႏိုင္ဦးမည္မဟုတ္။ ကြၽန္မအေတြးလြန္ေနစဥ္ဆရာမႀကီးသည္ ၂၀၂ဝရက္စြဲပါေသာ အမိန႔္စာျပန္တန္းတစ္ခုကို ကြၽန္မ၏လက္သို႔အပ္ကာ စေနမေလးအတြက္အမိန႔္စာျပန္ရန္ေျပာ၏။
ကြၽန္မလည္းထိုအမိန႔္စာျပန္တမ္းကိုလက္၌တုန္ရီစြာကိုင္ၿပီး
” ဒုန္ရင္ေက်း႐ြာ အ.မ.က ဒုန္ရင္မူလတန္းေက်ာင္းမွ ပညာသင္ၾကားေနေသာ ဦးေဗေထာင္း၏ သမီးျဖစ္သူ မေစနမအား ယေန႔ရက္စြဲ ၁၂.၆.၂၀၂ဝမြစ၍ ေနာက္ေနာင္ဤေက်ာင္းႏွင့္လုံးဝ(လုံးဝ)မသက္ဆိုင္ေတာ့ေၾကာင္း အမိန႔္စာျပန္လိုက္သည္။ သို႔ေၾကာင့္ ယခင္ကဤေက်ာင္း၌ပညာသင္ခဲ့ဖူးေသာမစေနမသည္ ယေန႔မွစ၍ လြတ္ရာကြၽတ္ရာသို႔ သြားႏိုင္ၿပီျဖစ္ေၾကာင္း အမိန႔္ျပန္လိုက္သည္…..”
ကြၽန္မအမိန႔္စာျပန္တမ္းကိုတုန္ရီစြာဖတ္ၿပီးေနာက္ ပါးျပင္ေပၚမွမ်က္ရည္စတို႔သည္ အမိန႔္စာျပန္တမ္းစာ႐ြက္ေပၚသို႔အထိန္းအကြပ္မရွိ က်ဆင္းေနေတာ့သည္။ ကြၽန္မအမိန႔္စာဖတ္ၿပီးေနာက္ အကူဆရာေမလးက
သူတို႔၏ဘာသာစကားျဖင့္ စေနမေလးနားလည္ေစရန္ထပ္ၿပီးအမိန႔္ျပန္လိုက္သည္။ ထိုေန႔၌ ကြၽန္မတစ္ေန႔လုံးစိတ္ထဲလြန္စြာဝမ္းနည္းေနမိသည္။
ညေနေက်ာင္းဆင္းၿပီးကြၽန္မလည္း ေနအိမ္သို႔ျပန္လာခဲ့သည္။ ယခင္က ကြၽန္မ၏ေနအိမ္သို႔လာၿပီး ထမင္းစားလာေခၚတတ္ေသာကေလးမသည္ ကြၽန္မကိုယ္တိုင္အမိန႔္စာျပန္ၿပီး ေမာင္းထုတ္လိုက္သျဖင့္ ကြၽန္မကိုနာက်ဥ္းမုန္းတီးေနၿပီလား ဟူေသာအေတြးကဝင္လာျပန္၏။
ကြၽန္မအိမ္ထဲဝင္လိုက္သည္ႏွင့္ ေရစက္အခ်ိဳ႕သည္ အိမ္အဝင္ေပါက္မွေန၍ ကြၽန္မ၏စာၾကည့္စားပြဲဆီတစ္ေလွ်ာက္ က်ေန၏။ ကြၽန္မလည္းထိုေရစက္တစ္ေလွ်ာက္လိုက္သြားလိုက္ရာ စာၾကည့္စားပြဲေပၚ၌တင္ထားေသာသစ္ခြပန္းေလးတစ္ပြင့္။
ကြၽန္မထိုပန္းေလးကိုၾကည္ၿပီး စေနမကိုေတြ႕လိုေတြ႕ျငား ရွာၾကည့္မိေသးသည္။ သို႔ေသာ္ဘယ္မွာမွမေတြ႕ေခ်။
” ခ္ရာမ….ခ္ရာမ…”
ကြၽန္မကိုေခၚေသာအသံကိုၾကားလိုက္သျဖင့္ အိမ္ေရွ႕သို႔အေျပးထြက္ၾကည့္မိသည္။
ထိုအခ်ိန္ၿခံစည္း႐ိုးဘက္၌ ေခါင္းငိုက္စိုက္က်ကာ ထြက္သြားေနေသာ အနီေရာင္ဝတ္စုံဝတ္ထားေသာ ကေလးမတစ္ေယာက္။ ထိုကေလးသည္ ဘယ္သူျဖစ္မွန္းကြၽန္မသိေနသည္။
” သမီးရယ္…ဆရာမကိုမုန္းေနၿပီလား….ဆရာမလည္းမျဖစ္မေနလို႔ လုပ္ရတာပါကြယ္….ေနာက္ေနာင္ဘဝေတြမ်ားရွိခဲ့ရင္ သမီးေလးနဲ႔ျပန္ေတြ႕ခ်င္ပါေသးတယ္ကြယ္….ခုေတာ့သမီးေလးတျခားဘုံဝကိုကူးေျပာင္းလိုက္ပါဦးကြယ္….”
ထိုကေလးသည္ကြၽန္မဘက္ကိုျပန္လွည့္မၾကည့္ဘဲ ကြၽန္မနဲ႔အေဝးဆုံးသို႔တျဖည္းျဖည္းေဝဝါးေပ်ာက္ကြယ္သြားေလေတာ့သည္။ ကြၽန္မသည္လက္ထဲမွ သစ္ခြပန္းေလးကိုေနာက္ဆုံးအေနျဖင့္ တရႈိက္မက္မက္နမ္းရႈိက္လိုက္ၿပီး ဆံထုံးထက္သို႔ ဝင့္ႂကြားစြာပန္လိုက္ေတာ့သည္။ ကြၽန္မ၏ခ်စ္လွစြာေသာတပည့္မေလး စေနမေလးသည္ ကြၽန္မအားလာေရာက္ႏူတ္ဆက္ကာ အေႏွာင္အတြယ္ကင္းမဲ့စြာ ထြက္သြားႏိူင္ခဲ့ၿပီတကား။…..။
( စိတ္ကူးသက္သက္သာျဖစ္သည္။ အားေပးဖတ္ရႈသူတစ္ဦးတစ္ေယာက္ခ်င္းစီကို အထူးေက်းဇူးတင္ပါသည္)
# ၿပီး
# ခြန္း