ကြောက်စရာရက်ချိန်း

ကြောက်စရာရက်ချိန်း(စ/ဆုံး)

————————————-

တန်ဆောင်မုန်းလပြည့်ကျော်(၈)

ရက်နေ့ ဝေလီဝေလင်းအချိန်ဖြစ်၍ ဆီး

နှင်းများ ထူထပ်စွာ ကျလျက်ရှိရာ ရွာ

ကလေးနှင့်တကွ

ပတ်ဝန်းကျင်သည်

သင်္ချိုင်းမြေပုံကဲ့သို့ပင်တိတ်ဆိတ်လျက်

ရှိလေသည်။

ထိုသူ၏ ဝိုင်းစက်သောမျက်နှာမှာ

ဖြူဖပ်ဖြူရော်ရှိနေလျက်ဂနာမငြိမ်သော မျက်လုံးများသည်လည်း ပုစွန်မျက်လုံး

များကဲ့သို့ ရှေ့သို့ ပြူးထွက်လျက်ရှိ၏။

သူသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်တစ်

ခုကို မျှော်လင့်နေသကဲ့သို့ မကြာခဏ

နောက်သို့လည်းကောင်း၊ဘေးသို့လည်း

ကောင်း ကြည့်ရှုလျက်ရှိ၏။ သို့သော် မည်သည့်အရာကိုမျှ မမြင်ရချေ၊ သူ၏ နောက် မနီးမဝေးတွင်ကား ပြိုကျနေ သော သင်္ချိုင်းအုတ်ပုံတစ်ခု၊ အသုံးမပြု

သော ရေတွင်းပျက်မှ ပိုက်လုံးအကြီး

အငယ်များကိုချ၍ထားသော အပုံတစ်ခု

အရောင်အဆင်းပျက်၍နေသော ဂုန်

အိတ်စုတ်တစ်လုံးမှတစ်ပါး မည်သည့်

အရာမျှမရှိချေ။သူသည်မည်သည့်အရာ

ကိုကြောက်ရွံ့၍နေသနည်း။ မည်သည့်

အရာကိုမျှော်လင့်၍နေလေသနည်း။

ယိုးဒယားနှင်းဆီပင်ကလေးများ ဝိုင်းရံစိုက်ထားသောသင်္ချိုင်းရာကလေး

 

မှာအပေါ်မှအုတ်ချပ်များဖြင့်သမံတလင်း

ကိုင်ထားသော်လည်း အချို့နေရာတွင်

ကွဲအက်နေပြီဖြစ်၍လည်းကောင်း ရွက်

၍နေသောအပိုင်းများတွင် ရေညှိများ

တက်၍နေသည်ကို ထောက်သဖြင့်

သင်္ချိုင်းဟောင်းတစ်ခုဖြစ်တန်ရာ၏။

ဆယ်အိမ်ခေါင်း ဦးဘိုးလုံးသည်

ထိုနေ့ကမြို့သို့သွားရန် ကိစ္စရှိသဖြင့် ရွာ

သင်္ချိုင်းဖြတ်လမ်းမှလျှောက်၍လာခဲ့ရာ

သင်္ချိုင်းပျက်အုတ်ပုံကြီးအနီးသို့ရောက်

သောအခါ ထိုသူကို ရိပ်ခနဲ မြင်လိုက်ရ

သဖြင့် ကိုယ်ရှိန်သတ်ကာ အုတ်ပုံကို ကွယ်လိုက်ပြီးနောက် ထိုသူ၏ အရိပ် အကဲကိုကြည့်၍နေလေသည်။

သင်္ချိုင်းဟောင်းတစ်ခုကို ယင်းကဲ့

သို့ နံနက်ဝေလီဝေလင်းအချိန်၌ အမှိုက် သရိုက်များကို ဖယ်ရှားလျက် ပန်းပင်

ကလေးများကိုပြုပြင်၍နေခြင်းကားထူး

ဆန်းလှ၏။ ဦးဘိုးလုံးသည် ထိုသူအား

မျက်တောင်မခတ်ဘဲ စိုက်၍ကြည့်နေ

လေသည်။ဦးဘိုးလုံးမှာထိုရွာသားဇာတိ

ဖြစ်သဖြင့် ရွာရှိ လူအားလုံးကို သိသည့်

အတိုင်း ထိုသူ၏မျက်နှာကို ဆီးနှင်းထု

အတွင်းမှဖြတ်၍ကောင်းစွာမမြင်ရသေး သော်လည်းထိုသူ၏ ပုံပန်းသဏ္ဌာန်အား

ဖြင့်ပင်သူစိမ်းတစ်ယောက်ဖြစ်ကြောင်း

ကောင်းစွာသိရှိလေပြီ။

 

ဦးဘိုးလုံးသည်ရှေ့သို့အနည်းငယ်

တိုး၍သွားရာထိုသူစိမ်းသည် ဦးဘိုးလုံး

၏ခြေသံများကို ကြားသဖြင့် ဖျပ်ခနဲ

လှည့်၍ကြည့်လိုက်၏။ ထိုအခါမှ သူ၏

မျက်နှာမှာ ပို၍ဖြူသွားပြီးလျှင် မျက်လုံး

များသည် ပို၍ ပြု၊ကြောင်ကြောင် ဖြစ်

သွားလေသည်။

လုံး။ ၊ဒီမှာမောင်ရင်- သေတဲ့လူ က မောင်ရင်ရဲ့ ဆွေမျိုးလား၊ မိတ်ဆွေ

လား”

“မဟုတ်ပါဘူး ခင်ဗျား” သူစိမ်းသည် ဦးဘိုးလုံး၏အမေး

ကြောင့် ဖျတ်ခနဲလန့်သွား၏။ လုံး။ ။ သိလို့လား” “မသိပါဘူး”

သူစိမ်း၏မျက်လုံးများမှာကြောက် ရွံ့ခြင်း၏အဓိပ္ပာယ်ကိုအစွမ်းကုန်ဆောင်

လျက်ရှိရာညိုသောမျက်ရစ်များနှင့်ချိုင့်

ဝင်လျက်ရှိသော မျက်လုံးအိမ်များမှာ

ရက်ပေါင်းအတော်ကြာမျှ အအိပ်အနေ

မှန်သည့်အဖြစ်ကိုလည်းကောင်း၊ စိတ် သောကရောက်ခြင်းလက္ခဏာကိုလည်း

 

ကောင်း ဖော်ပြလျက်ရှိလေသည်။

ထိုအခါ ဦးဘိုးလုံးက သူစိမ်းအား-

“ထိုင်ပါဦးလေ”ဟုပြောလိုက်သဖြင့် ထိုသူသည် ဦးဘိုးလုံး၏စကားကိုလိုက်

 

နာကာနံဘေးရှိအခြားသင်္ချိုင်းရာအုတ် ပုံပျက်တစ်ခုပေါ်တွင် ထိုင်ချလိုက်လေ

သည်။ ဦးဘိုးလုံးကလည်း သူနှင့် မနီး

မဝေးတွင် ထိုင်လိုက်၏။

(သူစိမ်း)ဦးတော်ဟာ သိပ်ပြီးလူ တစ်ဖက်သားကိုကြင်နာတတ်ပုံရတယ်”

ပါပဲ”

လုံး။ ။ အင်း- မောင်ရင်ထင်သလို

သူစိမ်း။ ။“ဒီလိုဆိုရင်-ကျွန်တော်

ပြောချင်တယ် ခင်ဗျာ။ ပြောချင်တယ်၊ ပြောချင်တယ်။ ရင်လေးလွန်းလို့ ပါ ခင်ဗျာ

သူစိမ်းသည် ဤနေရာတွင် စကာ၊ ကို ရပ်လိုက်၏။ သူပြောမည့်စကားများ မှာ စိတ်မချမ်းမြေ့ဖွယ်စကားများဖြစ် မည်ကို သိသော်လည်း ဦးဘိုးလုံးသည် လွှဲရှောင်၍ မရနိုင်တော့ဘဲ နားထောင် ရမည်ဖြစ်၏။ထိုသူပြောမည်ကိုတားဆီး

၍လည်း ရမည်မဟုတ်ချေ၊

“အခုလို ဖွင့်ပြောရမယ့် လူတစ် ယောက် အခန့်သင့် လာတွေ့ရတာ ကံ ကောင်းတာပဲ”

သူစိမ်းသည်လက်မှမြေမှုန့်များကို

ခါချလိုက်ပြီးလျှင် စိတ်ကို ထိန်းထားရ သည့်မာနဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်

သပ်လျက်ရှိလေသည်။

 

ကျွန်တော့်ရာဇဝင်က လွန်ခဲ့တဲ့

(၃-၄)နှစ်လောက်က ပဲခူးရွှေမော်ဓော

ဘုရားကို ဘုရားဖူးသွားရင်းက စခဲ့ပါ

တယ်ခင်ဗျာ၊အဲဒီနေ့ဟာကျွန်တော့်တစ်

သက်မှာကံအဆိုးဆုံးနေ့ပါပဲ။ကျွန်တော်

နဲ့ကျွန်တော့်ရည်းစားခင်ဒေါင်းနွယ်ဟာ

တစ်နေ့လုံး လျှောက်လည်၊ ဘုရားတွေ

လည်ဖူး။နောက်ဆုံးရွှေမော်ဓောဘုရား

စောင်းတန်းက ဆင်းလာတော့ မြင်း

လှည်းစောင့်နေတုန်း မိုးကလေးက

တဖြောက်ဖြောက်ကျလာတာနဲ့ သစ်ပင်

ရိပ်တစ်ခုအောက်မှာ ခိုရင်း ကျွန်တော့်

ရည်းစားကလမ်းဘေးတစ်ဖက်ကအိမ်

ပေါက်မှာဆွဲထားတဲ့ဆိုင်းဘုတ်ကလေး

တစ်ခုသွားမြင်တာကိုခင်ဗျ။ ဆိုင်းဘုတ်

က “ဒေါ်ပြသွ၊ လက္ခဏာဆရာမကြီး

နတ်ဗေဒင်ဟောသည်”တဲ့။

ဒါနဲ့ သူက အစ်ကိုကြီး၊ ကျွန်မတို့ မိုးလည်းခိုရင်း အပျင်းပြေ ဝင်ပြီးဗေဒင် မေးရအောင်လို့ပြောတာကိုခင်ဗျ၊ ပိုးက

လည်းသူပြောမှနည်းနည်းပိုပြီး သဲလာ၊

ကျွန်တော်တို့မှာ ထီးလည်းမပါတော့

ကျွန်တော်လည်းပထမသဘောမတူပေ

မယ့် မိုးလည်းခိုရအောင်ဆိုပြီး သဘော တူလိုက်ပါတယ် ခင်ဗျာ။ ဒါနဲ့ ကျွန်တော် တို့လည်းအဲဒီအိမ်ကိုဝင်ကြတယ်ခင်ဗျ။

 

အိမ်ဆိုပေမယ့်တန်းလျားရှည်တစ်ခုက

အခန်းကလေးတစ်ခုပါပဲ၊ နံဘေးက

အခန်းတွေမှာတော့ ကုလားကုန်စုံဆိုင်

တွေ၊ လက်ဖက်ရည်ဆိုင်ကလေးတွေ

ပေါ့ခင်ဗျာ၊

အခန်းကလေးက ကျဉ်းကျဉ်းပါပဲ။

(၁၅)ပေလောက်ပဲ ကျယ်ပါလိမ့်မယ်။

အိမ်ရှေ့ဖိနပ်ချွတ်မှာ ပုံတန်းလျားတစ်ခု၊

ကုလားထိုင် ခပ်ဟောင်းဟောင်း (၉၂)

လုံးရှိတယ်ခင်ဗျ။အတွင်းဘက်ကိုတော့

အဖြူတစ်တန့် အနီတစ်တန့် သရက်

ထည်ကန့်လန့်ကာတစ်ခု ကာထား

တယ်။ အနေအထိုင်မြင်ရတာ အတော်

ဆင်းဆင်းရဲရဲပါပဲ။ အိမ်ရှေ့က ကုလား

ထိုင်ပေါ်မှာ အသက်ငါးဆယ်ကျော်

ခြောက်ဆယ်လောက်ရှိမယ့် မိန်းမကြီး

တစ်ယောက် ထိုင်နေတာ တွေ့ရတယ်။

 

ဒါနဲ့ -ကျွန်တော့်ရည်းစားက လက္ခဏာ ဆရာမ ဒေါ်မြသွေးနဲ့ တွေ့လိုကြောင်း၊

ဗေဒင်မေးလိုကြောင်းပြောတော့အမယ်

ကြီးလည်း လောကွတ်ပျူငှာနဲ့ ကျွန် တော်တို့ကို အပြင်ခုံတန်းလျားမှာပဲ နေ

ရာထိုင်ခင်းပေးပြီးအိမ်ထဲခဏဝင်သွာ။

တစ်ခါပြန်ထွက်လာပြီးကျွန်တော်တို့ကို အိမ်အတွင်းဘက်ဝင်ဖို့ ခေါ်တာကို၊

ခင်ဗျ။ ဒီတော့ ကျွန်တော်တို့လဲ အိမ်ထဲ

 

ဝင်လိုက်သွားရတယ်။ ကန့်လန့်ကာ

နောက်မှာတော့သင်ဖြူးတစ်ချပ်၊ နှစ်ချပ်

ခင်းထားပြီးအတွင်းဘက်မှာဇာခန်းဆီး

တပ်ထားတဲ့အခန်းကလေးတစ်ခု တွေ့

ရပြန်ပါတယ်၊ အဲဒီအခန်းကလေးထဲမှာ

ဗေဒင်တို့၊ လက္ခဏာတို့ ကြည့်ရတာကို

ခင်ဗျ၊

ခဏကြာတော့မိန်းမတစ်ယောက်

ထဘီအနီကိုဝတ်ပြီးအခန်းထဲကထွက်

လာတယ်။ဆံပင်ကိုဖားလျားချပြီးခေါင်း

မှာလည်း နှင်းဆီအနီပွင့်တစ်ပွင့်ပန်ထား

တယ်။အင်္ကျီအဖြူလက်ရှည်ဝတ်ပြီးပိုးစ

အနီတစ်ခုကိုလည်း လည်ပင်းမှာ စည်း

ထားတယ်။အသက်ကတော့ကျွန်တော့်

စိတ်ထင်(၄၀)ကျော်(၅ဝ)တွင်းလောက်

ပါပဲ။ မျက်နှာက အင်မတန် ဣန္ဒြေရပြီး

အထူးသဖြင့် သူ့မျက်လုံးတွေဟာ

တောက်ပတဲ့အရောင်တွေ ထွက်နေ

သလို အောက်မေ့ရတယ်။ ကျွန်တော့်

ရည်းစားကိုပထမကြည့်ပြီးကျွန်တော့်ကို

ကြည့်လိုက်တာကျွန်တော်တောင် သူ့ကို

ကြောက်သလိုလို၊ ကျောထဲက စိမ့်လာ သလိုလို အောက်မေ့လိုက်မိတယ်။ သူ့

မျက်လုံးတန်ခိုးနဲ့ပဲတူပါတယ်။အခန်းထဲ

အဝင်ခိုင်းတဲ့အခါ ခင်ဒေါင်းနွယ်ဟာ အခန်းထဲဝင်ဖို့ကြောက်နေသလိုပဲ၊ ဒါနဲ့

 

ကျွန်တော်က ဝင်လိုက်မယ်လုပ်တော့

“တစ်ယောက်တည်း ဝင်ခွင့်ရှိတယ်။ နှစ်

ယောက်မဝင် ရဘူး” ခပ်ပြတ်ပြတ် ပြော

လိုက်တယ်။ ဒါနဲ့ ကျွန်တော်ဟာအပြင်မှ

စောင့်နေရစ်ရတယ် ခင်ဗျ။

ခင်ဒေါင်းနွယ်ကိုသူဘာတွေဟော လိုက်မလဲ၊မိန်းမဆိုတာဘာပဲပြောပြော အင်မတန် ယုံကြည်တတ်တာကလား ဆိုပြီး ကျွန်တော် စိတ်ပူမိတယ်၊ ဒါနဲ့

ကျွန်တော်လည်း အထဲမှာ ဗေဒင်ဟော

နေတုန်းအပြင်ကထိုင်စောင့်နေရတာကို

ခင်ဗျ၊ အဲဒီလိုစောင့်နေတဲ့အခါ အပြင်

စားပွဲကလေးပေါ်မှာ စာရင်းစာအုပ်လို

စာအုပ်ကြီးတစ်အုပ် တင်ထားတာနဲ့ ဆွဲ

ပြီးကြည့်မိတယ်။ ဒီစာအုပ်ကြီးက သူ

ဟောလိုက်တဲ့လူတွေဆီကပေးလိုက်တဲ့

စာတွေကို မူလအတိုင်း စက္ကူအထူပေါ်

မှာကပ်ပြီး ဓာတ်ပုံ “အယ်(လ)ဘမ်”လို

လုပ်ထားတဲ့စာအုပ်ကို ခင်ဗျ။ အမြို့မြို့ အရွာရွာက ပေးလိုက်တဲ့ စာတွေပါပဲ ခင်ဗျာ။ သူဟောလိုက်တဲ့အတိုင်း မှန်

ကန်တဲ့အကြောင်းတွေ ရေးထားတယ်၊

တချို့လဲ သူဟောလိုက်တဲ့အတိုင်း အိမ်

ထောင်ဖက်တွေ့တဲ့အကြောင်းတွေ၊ချစ် သူနဲ့ကွဲတဲ့အကြောင်းတွေ၊ သားသမီးမရ တဲ့အကြောင်းတွေ၊ ဥစ္စာပျောက်ကို ပြန်

 

ရတဲ့အကြောင်းတွေ၊ လင်ဆုံးသွားတဲ့

အကြောင်းတွေ၊ မယားဖောက်ပြန်သွား

တဲ့အကြောင်းတွေ၊ စုံနေတာပါပဲခင်ဗျား

တချို့လည်း မတော်တဆ ထိခိုက်နာ

ကျင်မှုတွေ တွေ့ရတဲ့အကြောင်း ပါရဲ့။

ကောင်းတာရော၊ မကောင်းတာရော စုံ

နေတာပဲ။စိတ်ဝင်စားစရာတော့အတော်

ကောင်းပါတယ်။ အထဲမှာ ကျွန်တော့်

ရည်းစားကိုဟောနေတာတွေ့တော့သေ

သေချာချာ မကြားရပါဘူး။ နားစွန်နား

ဖျားလောက်သာ ကြားရပါတယ်။ ဒါနဲ့

(၁၅)မိနစ်လောက်ကြာတော့ကျွန်တော့်

ရည်းစားလည်း အခန်းထဲက ထွက်လာ

တယ်။ နောင်နှစ်ခါလက်ထပ်ရလိမ့်မယ်

ဆိုတဲ့အကြောင်းပြောလိုက်သတဲ့ခင်ဗျာ၊

ဘယ်သူဘယ်ဝါနဲ့လက်ထပ်ရလိမ့်မည်

ဆိုတာတော့မပြောလိုက်ဘူးတဲ့။ နို့ပေမဲ့

ကျွန်တော်နဲ့လက်ထပ်ရလိမ့်မယ်ဆိုတာ

တော့ သူ ယုံကြည်ပါတယ်လို့ ပြောတာ

ကိုခင်ဗျ။ဒါနဲ့သူထွက်လာပြီးကျွန်တော့်

ကို “ကိုင်း – ကိုဘစိုး၊ သွားပြီး လက္ခဏာ

ကြည့်ချေလေ။ကိုဘစိုးအလှည့်ပဲ ကျန်

တော့တယ်”လို့ပြောတာကိုခင်ဗျ။ ကျွန်

တော်ဟာ ဗေဒင်တွေ၊ လက္ခဏာတွေ

မယုံကြည်ပါဘူး ခင်ဗျာ။ ပေးဖို့လည်း

ဝါသနာမပါပါဘူး။ နို့ပေမဲ့ -ကျွန်တော့်

 

ရည်းစားကအတန်တန်တိုက်တွန်းလေ တော့အခန်းထဲ ဝင်သွားမိတယ်။ အခန်းကလေးကအတွင်းဘက်မှာ

မှောင်လို့ခင်ဗျ။ခေါင်းရင်းဘက်မှာရေနံ ဆီစားပွဲတင် မှန်အိမ် အိမ်ကလေးတစ် လုံးထွန်းထားတယ်။ အလင်းရောင်ဆို

လို့ အဲဒီအလင်၊ရောင်ကလေးတစ်ခုပဲ

ရှိတယ်။ အဲဒီ့မှန်နားမှာ ဆရာမထိုင်နေ

တာကိုမှန်အိမ်မီးရောင်နဲ့ သူ့မျက်နှာကို

မြင်ရတာ ကျွန်တော့်ဖြင့် ကြက်သီးမွေး

ညင်း ထမိတယ် ခင်ဗျာ။ မိန်းမရဲ့ ရုပ်က

သနားကမားပေမယ့် သူ့ခေါင်းမှာ ပန်

ထားတဲ့ ပန်းပွင့်အနီရောင်နဲ့ လည်ပင်း

မှာစည်းထားတဲ့ ပိုးစအနီရောင်နဲ့ဟာ

တစ်ခါတည်း ရောစပ်ပြီး သူ့အသား

ခပ်

ဖြူဖြူပေါ်မှာ သွေးရောင်တွေ လျှမ်းနေ

သလိုပဲ၊ မျက်လုံးနှစ်လုံးကလည်း

အမှောင်ထဲမှာကြောင်မျက်စိကအလင်း

ရောင်တွေထွက်နေသလိုပဲ။ကျွန်တော် ဝင်လာတာမြင်တော့ ကုလားထိုင်တစ်

လုံးကို လက်ညှိုးထိုးပြလိုက်လို့ ကျွန်

တော်ထိုင်ရတယ်။ပြီးတော့အိမ်ခန်းထဲ

ဝင်သွားတဲ့အခါ အတွင်းဘက်က

ဆီချက်သလိုလို၊ ညှော်ကြော်သလိုလို

ဘာနံ့ကြီးမှန်းမသိပါဘူး ခင်ဗျာ။ နံလိုက်

 

တာလည်းလွန်ပါရော၊ကျွန်တော်လည်း

မကြာမကြာ နှာခေါင်းပိတ်မိတယ်၊ ကျွန်တော့်ကို စိုက်ပြီးကြည့်လိုက် တာ သူ့အမြင်ဟာ ကျွန်တော့်ကိုယ်ကို

ဖောက်ထွင်းပြီးမြင်သလိုပါပဲ။လက္ခဏာ

ကြည့်ရုံဆိုရင် (၅ိ/- )တစ်သက်လုံး

အတွက် ဟောစာတမ်းလုပ်ပြီး ဟောရ

မယ်ဆိုရင် (၁ဝိ/-)လို့ပြောတော့ကျွန်

တော်လည်း တစ်ယောက်ကြည့်ပြီးမှ

မထူးပါဘူး။ပိုက်ဆံအပိုကုန်တာပဲဆိုပြီး

လက္ခဏာရိုးရိုးပဲကြည့်ပါတော့ခင်ဗျာလို့

ပြောလိုက်တယ်။အခန်းထဲ ဝင်မိလို့သာ

ပြောလိုက်ရတယ်။ စိတ်ကတော့မပါလှ

ပါဘူး။ဒါနဲ့ကျွန်တော့်ကိုသူ့အနားလက်

ယပ်ခေါ်ပြီးကျွန်တော့်ရဲ့ညာဘက်လက်

ဖဝါးကို ဖြန့်ပြီး (၁)မိနစ်လောက် ကြည့်

နေတယ်။

ဒီနောက်ကျွန်တော့်နေရာပြန်ထိုင်

တဲ့အခါ သူက“ရည်းစားနဲ့ တွေ့ရတယ် ဆိုတဲ့လူဟာ ဗေဒင်မေးဖို့တောင်မလို ဘူး။ အင်မတန်စိတ်အေးနေတာပဲ၊ ဒါပေမဲ့- အေးချည်တစ်ခါ ပူချည်တစ် လှည့်ဆိုတာလိုပေါ့၊အပူလာတဲ့အခါလဲ လာဦးမှာပဲ” အဲဒီလိုပြောလိုက်တာဟာ ကျွန်တော့်ကို ပြောနေတာထက် သူ့

 

ကိုယ်သူ ပြောနေတယ်လို့ ထင်ရတယ်

ခင်ဗျ၊ ဒီနောက် ကျွန်တော် နောက်က

ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေတစ်ခုစီ

တစ်ခုစီပြောလိုက်တာ ခင်ဗျာ။လွန်ခဲ့တဲ့

သုံးလေးနှစ်က အဖြစ်အပျက်ရော၊ငယ်

ငယ်တုန်းကအဖြစ်အပျက်တွေရောမှန်

လိုက်တာလဲ မပြောပါနဲ့တော့၊ ဘယ်

လောက်ထိအောင် အသေးစိတ်မှန်

သလဲဆိုရင်လွန်ခဲ့တဲ့(၆)လလောက်က

ဖြစ်ခဲ့တဲ့ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာ

ကိစ္စကလေးကိုတောင် သူသိတယ်၊

အဲဒီလို ကျွန်တော့်ရဲ့နောက်ဖြစ်တွေကို

လျှောက်ပြီးဟောလိုက်တာ ခင်ဗျာ …

တစ်သီကြီးပါပဲ၊

ဒါနဲ့ကျွန်တော်က”ဆရာမကြီးရယ်၊ ကျွန်တော့်ရဲ့နောက်ဖြစ်တွေဟောလိုက် တာတော်လောက်ပါပြီ။ ရှေ့ဖြစ်မယ့်ရှေ့ ဖြစ်ကိုလဲ ဟောဦးမှပေါ့”လို့ ရယ်သလို၊ မောသလိုနဲ့ပြောလိုက်တယ်ခင်ဗျ။အဲဒီ လို ပြောလိုက်တာက သူဟောတာတွေ

ကျွန်တော် သိပ်ပြီးအယုံအကြည် မရှိလှ

ဘူးဆိုတဲ့အကြောင်းလဲ သူသိအောင်

ပြောလိုက်တာပဲ။ နို့ပေမဲ့ – သူက နည်း

နည်းကလေးမှ ပြန်ပြီးမပြီးဘူး သူ့မျက်

လုံးနှစ်လုံးဟာ ကြောင်တစ်ကောင်ရဲ့

မျက်လုံးကို နည်းနည်းကျဉ်းသွားသလို

 

ထင်လိုက်ရတယ်။ နှုတ်ခမ်းဟာလဲ ပိပိ ရှိရှိဖြစ်ပြီး ဣန္ဒြေနည်းနည်းမှမပျက်ဘူး။ ဒီနောက် သူက ကျွန်တော်မျက်နှာ ကို စေ့စေ့ကြည့်ပြီး“ရှင့်ရဲ့ အနာဂတ်ကို ကျွန်မဖတ်လို့မရဘူးရှင့်၊ သဘောမကျ

လို့၊ ရှင်ပေးထားတဲ့ငွေကိုပြန်လိုချင်ရင်

ပြန်ပေးပါ့မယ်”လို့ ပြောတာကို ခင်ဗျ။

ဒီတော့ – ကျွန်တော်လည်း စိတ်ထဲမှာ

ထောင်းခနဲ ဖြစ်သွားပြီး “မဟုတ်ပါဘူး

ခင်ဗျာ။ လက္ခဏာဆရာတစ်ယောက်

လုပ်နေပြီး အနာဂတ်ကို မဟောဘူးဆို

တာ ဥပမာ..ချစ်ရေးကြိုက်ရေးကိစ္စ၊

စီးပွားရေးကိစ္စ၊ကျန်းမာရေ၊ကိစ္စ၊အဲဒီလို

တစ်ခုနှစ်ခု ဟောလိုက်ရင် ပြီးတာပါပဲ၊

ငွေကိုလဲကျွန်တော်ပြန်မလိုချင်ပါဘူး” လို့ ပြန်ပြောလိုက်တယ်။

ဒီတော့ – ဆရာမကြီးလည်း ကျွန် တော့်ကိုတစ်ခါခေါ်ပြီးကျွန်တော့်ရဲ့လက် ကို မီးရောင်နားကပ်ပြီး မှန်ဘီလူးနဲ့တစ် ခါကြည့်ပြန်တယ်၊ ဒီတစ်ခါတော့ မလှုပ်

မယှက် စိုက်ကြည့်နေတာ (၂)မိနစ်

လောက်ကြာတယ်။ ဟော-ဟော-မြင်

ရပြီ၊မြင်ရပြီ။ သေချာပါတယ်၊ ဂဏန်းက

(၈)ဂဏန်း။ ဒီဘက်က တန်ဆောင်မုန်း လပဲ။ လပြည့် နေပုံထောက်တော့

လပြည့်ကျော်ပဲ။တန်ဆောင်မုန်းလပြည့်

 

ကျော် (၈)ရက်နေ့။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ခုနစ်တော့ မပါဘူး။

ကျွန်တော်က“ဪ-တန်ဆောင်

မုန်းလပြည့်ကျော် (၈)ရက်နေ့လို့ မြင်ရ

လား”

“ဟုတ်တယ်… အဲဒီအတိုင်း မြင်ရ

တယ်”

“ရက်နဲ့ လကတော့ ဟုတ်ပါပြီ…

ဆရာမကြီးရယ်၊ ခုနစ်ကကော…”

“ခုနှစ်ကတော့မသေချာဘူး မထင်

ရှားဘူး”

“ကောင်းပါပြီ ခင်ဗျာ။ ကျေးဇူးတင်

ပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့မှာ ကျွန်တော် လက်ထပ်ဖို့ မြင်တယ်ဆိုပါတော့”

“မဟုတ်ဘူးရှင့်။ ကျွန်မ ဆိုလိုတာ ကရှင်သေမယ့်နေ့ရက်ကိုပြောတာ”

“အလို၊ ဒီလိုပဲဟောရသလားဗျာ”

“လက်ပေါ်မှာ ထင်နေတဲ့အတိုင်း

ဟောရတာကို ရှင့်”

အဲဒီလိုကျွန်တော့်တို့အပြန်အလှန်

ပြောနေကြပါတယ် ခင်ဗျာ။ ဒီလိုဟော

လိုက်တော့ဗေဒင်ကိုမယုံဘူးဆိုပေမယ့်

ကျွန်တော့်စိတ်ကိုအတော်ထိခိုက်သွား

ပါတယ်။

 

ဤနေရာသို့ရောက်လျှင် မောင် ဘစိုးဆိုသူထူးဆန်းသောသူစိမ်း၏အမှု

အရာမှာတကယ်ပင်ကြောက်ရွံ့တုန်လှုပ်

သွားကြောင်း၊ ဦးဘိုးလုံး သတိပြု၏။ ထို့ နောက် မောင်ဘစိုးက ဆက်လက်၍-

“ဒါနဲ့ – ကျွန်တော်ကလည်း မေး

လက်စရှိမှမထူးတော့ပါဘူးဆိုပြီး“ဒီလို

ဆိုရင် ဆရာမဆိုလိုတာက ခုနှစ်

သက္ကရာဇ်သာ အမှန်မပြောနိုင်တာ၊

နို့ပေမဲ့-တန်ဆောင်မုန်းလပြည့်ကျော်

(၈)ရက်နေ့တစ်နေ့မှာ ကျွန်တော် သေ

6

လိမ့်မယ်ဆိုပါတော့”

“ဟုတ်တယ်”

“ဒါဖြင့် – အသက်အရွယ်ကြီးလို့

သေမှာလား”

 

“မဟုတ်ဘူး- ရှင်ဟာ သေခြင်း တရားကို ပြင်းပြင်းထန်ထန်ကြီး တွေ့ရ လိမ့်မယ်၊ လူသူအမတန်ရှင်းလင်းပြီး ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာ တွေ့ရလိမ့် မယ်၊ အခန်းထဲ ရှင်ဝင်လာကတည်းက ဒီဟာတွေ ကျွန်မ မြင်တယ်။ ဒါကြောင့် မပြောချင်လို့ ကျွန်မဟာ ရှင့်အနာဂတ် ကို မမြင်ရဘူးလို့ပြောနေတာ” ဒါနဲ့က သူ့စကားနည်းနည်းလွန်သွား တာသိလို့ ထင်ပါရဲ့ ခင်ဗျာ၊ လက္ခဏာ

ဆရာမကြီးကဆက်ပြီး“ဒါပေမဲ့-တစ်ခု

တော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ်၊ အခွင့်

အရေးဆိုတာ ရှိစမြဲပဲ။ အဆိုးရှိရင်

အကောင်းလဲရှိရမယ် မဟုတ်လား။

ကျွန်မ ဆိုလိုတာက ကံကြမ္မာလို့ ထင်ရ

ပေမယ့် ကံကြမ္မာမဟုတ်ဘဲ သတိထား

ပြီး ရှောင်ကြဉ်ရမယ့် အချက်လောက်

သာ

ာ ဖြစ်ချင်ဖြစ်တတ်တယ်”

“အဲဒီလိုပြောလိုက်တော့ ကျွန် တော်ဟာ စိတ်အတော် သက်သာရာရ

သွားတယ် ခင်ဗျ”

“ရှောင်ကြဉ်ရမယ့်အချက်ဆိုတာ

က ဘာလဲ၊ ဒီဟာက သေသေချာချာ

မသိရရင် အခက်သားကလား ခင်ဗျာ၊

တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်

နေ့မှာ ကျွန်တော် ဘာကို သတိထားပြီး နေရမှာလဲ၊ ဘာကိုရှောင်ကြဉ်ရမှာလဲ

ဆရာမကြီးရဲ့”

“အဲဒီလို မေးလိုက်တော့ သူလဲ

အတော်စိတ်ရှုပ်သွားတဲ့လက္ခဏာနဲ့

ကျွန်တော့်လက်ကို တစ်ခါဖြန့်ပြီး စိုက်

ကြည့်နေလိုက်တာ။ကျွန်တော့်စိတ်ထင်

(၅)မိနစ်လောက်ကြာလိမ့်မလားမပြော

တတ်ဘူး။ နဖူးမှာ ချွေးတွေ စို့လာတာ

တောင် မြင်ရတယ်၊ ဒီအထိ အာရုံစိုက် ပြီး သူ့ပညာစွမ်းကို အားထုတ်နေတာနဲ့

 

တူပါတယ်ခင်ဗျာ။ပြီးတော့မှအင်မတန်

အင်အားကြီးမားတဲ့ တန်ခိုးတစ်ခုဟာ

အဲဒီနေ့မှာရှင့်ကို အုပ်စိုးနေတယ်။ အဲဒါ

ဟာ

> ရှင့်ရဲ့ရန်သူပဲ၊ နေပါဦး၊ ကျွန်မမြင်ရ သလောက်ပြောရမယ်ဆိုရင် ပြောင်းတံ

လိုလို အခေါင်းပေါက်နဲ့ အရာဝတ္ထုတစ် ခုပဲရှင့်။ အင်း- ဟုတ်တယ်။ နို့ပေမဲ့၊ ဘာ

ရယ်လို့တော့ကျွန်မ အတိအကျ မပြော

နိုင်ဘူး။ ပြောင်းလိုလို ဝိုင်းဝိုင်းအခေါင်း ပေါက်နဲ့ ဝတ္ထုပစ္စည်းများ ရှင် နေ့တိုင်း

လုပ်နေတဲ့အလုပ်မှာ ရှိသလား”

“မရှိပါဘူး ခင်ဗျား။ ကျွန်တော်က ငွေစာရင်းဘက်က ရုံးအုပ်စာရေးကြီး အလုပ်လုပ်တာပဲ၊ဂဏန်းထွက်ရတယ်။ အမှုတွဲတွေ ထိန်းရတယ်၊ ခင်ဗျားပြော တဲ့ ခေါင်းပေါက်လိုလို ပြောင်းတံလိုလို ဆိုတာနဲ့ ဘာမှမပတ်သက်ပါဘူး” “အေးလေ-မပတ်သက်ရင်လဲ ပြီး

တာပါပဲ။ နို့ပေမဲ့ -ကျွန်မမြင်သမျှတော့ ဒါပါပဲ။ အဲဒီနေ့မှာသာ သတိဝီရိယထား

နေရုံပေါ့”

“စကားလက်စလဲ ဖြတ်လိုက်ရော ကျွန်တော်လဲ အပြင်ကို ချက်ချင်းထွက် လာခဲ့တာပဲ။ အပြင်ဘက်ရောက်မှ အဲဒီ ငြီးစီစီအနံ့ကြီးဟာလဲပျောက်သွားတော့

တယ်”

 

“ဒီနောက်ကျွန်တော်တို့နှစ်ယောက်

ထွက်လာခဲ့ပြီးမြင်းလှည်းကလေးရတာ

နဲ့ ဘူတာရုံကို တစ်ခါတည်း တန်းလာခဲ့ ကြပါတယ် ခင်ဗျာ”

“ဒီနောက် ကျွန်တော်နဲ့ ခင်ဒေါင်၊ နွယ်တို့လဲတဖြည်းဖြည်းတစ်ယောက်နဲ့ တစ်ယောက် သဘောချင်း မတိုက်ဆိုင် တာ သိလာပြီး ကွဲကြပါတယ် ခင်ဗျာ။

လက္ခဏာဆရာ ဟောလိုက်တဲ့အတိုင်း

နောင်တစ်နှစ်လောက်အကြာမှာ

သင်္ဘောစာရေးတစ် ယောက် နဲ့ အကြောင်းပါသွားတယ်။ ကျွန်တော် တော့ဒီအတိုင်းပဲအိမ်ထောင်မပြုဘဲနေ

ခဲ့တယ်”

“ဒါနဲ့- ကျွန်တော်လဲအဲဒီနေ့ကစပြီး သူ ဟောလိုက်တာ သတိရတိုင်း စိတ် မချမ်းသာဖြစ်မိတယ် ခင်ဗျာ။ ဗေဒင်ကို

အယုံအကြည်မရှိဘူးဆိုပေမယ့်သူဒီလို

ပြောလိုက်တာစိတ်ထဲမှာအစွဲတစ်ခုဖြစ်

ပြီး ငါမေ့လို့ပဲ လက္ခဏာကြည့်မိတယ်၊

မကြည့်ဘဲနေရရင် တော်လေသားလို့ အောက်မေ့မိတယ်၊နို့ပေမဲ့-လွန်ပြီးကိစ္စ

ကို မတတ်နိုင်တော့ဘူး။ နို့ပေမဲ့- အခု တော့ဖြစ်ပြီးပါပြီလေ၊ ကြောက်စရာမရှိ တော့ပါဘူး။ ကျွန်တော့်အသက်ကိုလဲ

စိုးရိမ်ဖို့မလိုတော့ပါဘူး”

သူစိမ်းဖြစ်သူ မောင်ဘစိုးသည် ဦးဘိုးလုံး၏နားနားသို့ကပ်ကာရင်းနှီးစွာ ပြောလိုက်ဘိသကဲ့သို့ပြောလိုက်၏။ သို့

သော် သူ၏ ပြူးကြောင်သောမျက်လုံး

များတွင်ကြောက်ရွံ့လျက်ရှိသောအသွင်

အပြင်ကား လျော့ပါးသွားဟန် မရှိသေး

ချ။ထို့နောက်ဆက်လက်၍ပြောပြန်လေ

သည်။

“အဲဒီတော့-ကျွန်တော့်အဖြစ်ကို

စဉ်းစားပဲ ကြည့်ပါတော့ ခင်ဗျာ၊ တန်

ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့

ဆိုတာရယ်၊ ပြောင်းတံလိုလို ဝိုင်းဝိုင်း

အခေါင်းပေါက်နဲ့ ကိရိယာတစ်ခုကိုလဲ

သတိပြုရမယ်ဆိုတဲ့စကားတွေကိုအစဉ်

အမြဲ သတိရနေတယ်၊ ပြောင်းတံလိုလို

အခေါင်းပေါက်နဲ့ လက်နက်ဆိုတော့

သေနတ်ပြောင်းကလွဲပြီး ဘာမှမရှိဘူး။

နို့ပေမဲ့– ဘာပဲဖြစ်ဖြစ်၊ကျွန်တော်တော့

တန်ဆောင်မုန်းလပြည့်လောက်ကျလာ

ရင် ဘယ်မှမသွားဘဲအိမ်ထဲမှာကုပ်နေ

တော့တာပဲ။အနည်းဆုံးခွင့်(၃-၄)ရက်

တော့ ယူတယ်၊ တစ်ခါတလေလဲ တစ် ပတ်လောက်ခွင့်ယူပြီး အိမ်ထဲမှာချည်း ကုပ်နေမိတယ်။ ဒီဟာတောင် ကိုယ့် စိတ်ကိုယ် မလုံနိုင်ဘူး ခင်ဗျ၊ ဟိုနေရာ က ချွတ်ခနဲကြား ထကြည့်၊ ဒီနေရာကချွတ်ခနဲကြား ထကြည့်မိတယ် ခင်ဗျာ။

သေနတ်နဲ့တိတ်တိတ်ပုန်း ရောင်းပစ်တဲ့

အမှုတွေ သတင်းစာတွေထဲမှာ ဖတ်ဖူး

လေတော့ ဒီဟာတွေပဲ တွေးပြီးနေမိ

တယ်။ ဇူလိုင်လ(၁၉)ရက်နေ့မှာ ဗိုလ်

ချုပ်နဲ့ ဝန်ကြီးတွေကိုအတင်းတရကြမ်း

ဝင်ပြီးပစ်လို့မရှုမလှကျဆုံးရတဲ့ကိစ္စကြီး

ပြန်ပြီးသတိရမိတယ်။ မမျှော်လင့်ဘဲ

ဖြစ်ရတဲ့သေနတ်ပစ်မှုတွေအများကြီးပါ

ခင်ဗျာ၊ ဒီဟာတွေပဲ တစိမ့်စိမ့် တွေးနေ

မိတယ်။

ဒီလိုနဲ့ တစ်နေ့လုံး အချိန်ကုန်ခဲ့ပြီး ညတိုင်းအိပ်လို့တောင်မပျော်ဘူး။နောက်

လပြည့်ကျော်(၉)ရက်နေ့ပိုးလင်းလာမှ

ပဲ စိတ်နှလုံးကို တုံးတုံးချလိုက်မိတော့

တယ်။ဒီလောက်တောင်စိတ်ဒုက္ခရောက်

ရပါတယ် ခင်ဗျာ၊ဗြုန်းခနဲသေသွားတာ

မကြောက်လှပါဘူး။လူဆိုတာသေရမှာ

ချည်းပါပဲ။ နို့ပေမဲ့ – သေမင်းက ရက်ချိန်း

ပေးပြီးကိုယ့်ဆီ လာနေတာကိုတော့

မကြောက်ဘဲ မနေနိုင်ဘူး ခင်ဗျ။ အဲဒီ

တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်

နေ့ ရောက်လာပြီလားဆိုရင် အသက်

အန္တရာယ်ဟာ တောင်က လာနိုးနိုး၊

မြောက်ကလာနိုးနိုး။ဟိုနေရာကလာနိုး

နို။ဒီနေရာကလာနိုးနိုးနဲ့တခြားလူအနေ

 

နဲ့ကြည့်ရင် ကျွန်တော်ဟာ အရူးတစ် ယောက်ပါပဲခင်ဗျာ”

“ဒါကြောင့် အဲဒီနေ့ မတိုင်ခင် တစ်

နည်းနည်းနဲ့ ကြံဖန်ပြီး အလုပ်က အခွင့်

ယူအိမ်မှာနေလို့ မလုံခြုံဘူးထင်တဲ့အခါ

မှာလုံခြုံမယ်ထင်တဲ့နေရာသွားပြီးနေရ

တော့တာပါပဲ ခင်ဗျာ။ တစ်ခါတလေလဲ

ငါဟာဘာမဟုတ်တဲ့နတ်ကတော်နတ်

ရူးတစ်ယောက်က ပြောလိုက်တဲ့စကား

အဟုတ်ကြီးမှတ်နေမိတာ။ငါအသုံးမကျ

လို့ပဲလို့ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါ

တယ်။

(၃)နှစ်လောက် ကြာသွားတော့ ကြောက်စိတ်နည်းနည်းပြေသွားပြီး အစွဲ အလမ်းတွေဟာ လျော့ပါးသွားခဲ့တယ်။ ဒါနဲ့ တစ်နေ့အိမ်ရှေ့ပြတင်းပေါက်ထွက်

ပြီး မှန်ကလေးတစ်ချပ်နဲ့ မှတ်ဆိတ်ရိတ်

နေတုန်းလက္ခဏာဖတ်လိုက်တဲ့အတိုင်း

ကျွန်တော့်ရဲ့ သေမင်းကို သွားမြင်မိတာ

ကိုခင်ဗျ၊လက်စသတ်တော့ကျွန်တော့်

ရဲ့သေမင်းဟာကျွန်တော်နဲ့မဝေးလှဘူး။

ကျွန်တော်တို့အိမ်နဲ့ ကပ်နေတဲ့စက်ရုံ

ကြီးကခေါင်းတိုင်ကြီးက ကျွန်တော်နေ

တဲ့အိမ်ဘက်ကိုယိုင်ပြီးအပေါ်ကမိုးနေ

လိုက်တာနေ့ပြိုမလား။ညပြိုမလားမသိ

ဘူး။ ဒါဟာဧကန္တ”ကျွန်တော့်ရဲ့သေမင်း

 

ပဲလို့ တွေးမိတာကို ခင်ဗျာ။ ဒီဟာကြီးရဲ့

အန္တရာယ်ကိုလည်း တန်ဆောင်မုန်၊

လပြည့်ကျော်(၈)ရက်နေ့ဆိုရင်ရှောင်မှ

ဖြစ်မယ်၊ ဒါကြောင့် ကျွန်တော့်ဖြင့်

တန်ဆောင်မုန်းလပြည့် ရုံးပိတ်ရက်

လောက်ကစပြီး အနည်းဆုံး (၁၀)ရက်၊

(၁၂)ရက်လောက်တော့အခွင့်ယူလိုက်

တာပဲ။ မတတ်သာလို့ ရိုးရိုးခွင့်မရရင်

တစ်နည်းနည်းနဲ့ အကြောင်းပြပြီးလစာ

မဲ့ခွင့်ဖြစ်ဖြစ်ယူလိုက်တယ်။ကိစ္စကသေ

ရေးရှင်ရေးဆိုတော့ လုပ်ရတော့တာပဲ

ခင်ဗျ

သူစိမ်းမောင်ဘစိုးသည် ဦးဘိုးလုံး

အားမိမိစကားကိုထောက်ခံစေလိုသည့်

သဘောဖြင့် ကြည့်လိုက်၏။ သို့သော်

ဦးဘိုးလုံးသည်တစ်စုံတစ်ရာ ထောက်ခံ

ခြင်းမပြုဘဲမောင်ဘစိုး၏မျက်နှာကိုသာ

စိုက်၍ကြည့်ရှုလျက်ရှိလေသည်။ဆီးနှင်း

များလည်း ကျလျက်ပင် ရှိသေး၏။

ကိုဘစိုးက ဆက်လက်၍-

“ကျွန်တော်ဟာအရင်ကဒီလောက်

အစွဲလမ်းကြီးတဲ့လူတစ်ယောက်မဟုတ်

အသက်နဲ့ပတ်သက်လို့ ဟောလိုက်တဲ့

ပါဘူးခင်ဗျာ။ နို့ပေမဲ့-အဲဒီလိုကျွန်တော့်

နေ့ကစပြီးဘယ်လောက်ပဲအမှတ်မဲ့နေ တယ်ဆိုဆိုတန်ဆောင်မုန်းလဆန်းလာ

 

ရင်ပဲ ဒီဟာကို သတိရလာပြီ၊ အိမ်မှာ

မနေချင်တော့ဘဲ ထွက်ပြေးချင်တဲ့စိတ်

တွေပေါ်လာတော့တာပဲခင်ဗျ။ ဒါနဲ့တစ်

နေ့တော့ စိတ်ကူးပေါက်ပြီး ကျွန်တော်

သွားချင်တဲ့နေရာကျွန်တော်သွားချင်တဲ့

အချိန် သွားရအောင် မော်တော်ကား

တစ်ပတ်ရစ်ကလေးတစ်ခု ဝယ်လိုက်

တယ်။ အဖိုးလည်း သိပ်မများလှပါဘူး။

ငွေပေးတဲ့ နေရာမှာလည်း လွယ်ကူ

အောင်လစဉ်အရစ်ကျနဲ့ ပေးရပါတယ်။

အဲဒီကားကလေးရကတည်းက တန်

ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊(၂)

ရက်ကျရင်ပဲကျွန်တော့်ရဲ့ပစ္စည်းကလေး

တွေရှိစုမဲ့စုယူစားရေရိက္ခာကလေးဘာ

ကလေးလုံလောက်အောင်တင်ပြီး ခရီး

ထွက်တော့တာပါပဲ ခင်ဗျာ။

အဲဒီလို ကားကလေးနဲ့ ခရီးထွက် တာဒီတစ်ခါတော့ပြည်ဘက်ကို မသွား

ဘဲ တောင်ငူဘက်ကို သွားဦးမှပဲဆိုပြီး ထွက်ခဲ့တာကို ခင်ဗျ၊ ကားနဲ့ သွားတယ် ဆိုပေမယ့် ကျွန်တော်က မြို့ကြီးပြကြီး တွေမဝင်ဘူး။အင်မတန်မလွှဲမကင်းသာ

မှ ဝင်တယ်။ လူစည်ကားတဲ့နေရာတွေ တတ်နိုင်သမျှ ရှောင်ခဲ့တယ်။ ဘုန်းကြီး ကျောင်းတစ်ကျောင်း ကျောင်းတွေ့လို့ စခန်းချချင် ချနေတာပဲ။ ဒါနဲ့ – အဲဒီအခါ

 

တုန်းက တန်ဆောင်မုန်းလပြည့်ကျော်

(၄)ရက်နေ့ကတည်းက အိမ်က ထွက်

လာပြီး ထောက်ကြံ့မှာတစ်ညအိပ်၊ ပဲခူး

နားက ရွှေလှေမှာ တစ်ညအိပ်၊ ညောင်

လေးပင်တစ်ညအိပ်၊ ပြွန်တန်ဆာမှာ

တစ်ညအိပ်ပြီး လပြည့်ကျော်(၇)ရက်

နေ့ညနေမှာ ထွက်လာခဲ့တာ ကညွတ်

ကွင်းကို ည(၁၀)နာရီကျော်ကျော်

လောက်မှ ရောက်လာတယ်။ ဆောင်းဦးပေါက်လည်းဖြစ်ပြန်၊ရွာ ကလေးကလည်းငယ်ပြန်ဆိုတော့တစ်

ရွာလုံး တိတ်ဆိတ်နေတာပဲ၊ ဘူတာရုံ

ဘက်မှာသာ မီးမြင်တာနဲ့လာခဲ့တော့

ဘူတာရုံက ထမင်းဆိုင်ကလေး မပိတ်

သေးဘူး။ ဒါနဲ့- ထမင်းစားကညွတ်ကွင်း

မှာ အိပ်ချင်တဲ့စိတ် မရှိလေတော့… ဖြူး

ရောက်အောင်ပဲ မောင်းမယ်ဆိုပြီး လာ

ခဲ့တာကိုခင်ဗျ။ ကျွန်တော်ကပေတစ်ရာ

လမ်းကြီးအတိုင်း မလာဘဲ ကြိုးဝိုင်းနား

ကပ်ပြီး ဖောက်ထားတဲ့လမ်းကလေးက

မောင်းလာတယ် ခင်ဗျ။ ဒီလမ်းကလေး

ဟာ “ဇဟား”ရွာကဖြတ်ပြီး ဖြူးအရှေ့

ဘက်ကမြို့ထဲကိုတစ်ခါတည်း ဖြတ်ဝင် နိုင်တယ်။ဖြူးမှာစစ်မဖြစ်ခင်(၄-၅)နှစ် လောက်က ကျွန်တော် နေခဲ့ဖူးလို့ သိ တယ်၊ အဲဒီလမ်းကလေးအတိုင်းမောင်း

 

လာခဲ့တာ၊ တစ်မိုင်လောက် ရှိသေး။

အင်ဂျင်ဒုက္ခပေးတာပါပဲ ခင်ဗျာ။ နို့ပေမဲ့

ကိုယ်သွားချင်တဲ့နေရာ ရောက်ချင်တဲ့

ဇောနဲ့ ပြင်လိုက်တာ (၂)နာရီထိုးပြီး

လောက်မှ ကောင်းသွားတော့တယ်၊

အတော်အေးလာတဲ့ရာသီမှာ ချွေးဒီးဒီး

ကျအောင်ပြင်ရတာပါပဲ။ဒါပေမဲ့- မောရ

ကောင်းမှန်းမသိဘူ။ ခင်ဗျ။ ဒါနဲ့ကြိုးဝိုင်း

ဘေးက လမ်းကလေးအတိုင်း မောင်း

သွားလိုက်တာ (၁)နာရီကျော်ကျော်

လောက် မောင်းမိတော့ လမ်းကလေး

ဟာ အရင်ကအတိုင်း မဟုတ်တော့ဘဲ

တဖြည်းဖြည်း ကျဉ်းမြောင်းလာတယ်။

ချိုင့်တွေ၊ ဖုန်ဆိုးမြေတွင်းတွေလဲ အရင်

ကထက် ပိုများလာတာ တွေ့ရတယ်။

ဒီတော့မှငါလက်ယာဘက်ကိုမလိုက်မိ

ဘဲရွာနားကပ်နေတဲ့လက်ဝဲဘက်လမ်း

လိုက်မိတာ လမ်းများ မှားသလားဆိုပြီး

သံသယဖြစ်မိတယ်။ နို့ပေမဲ့ – ခရီးက

အတော်လွန်လာပြီ။ လမ်းကလည်းအင်

မတန်ကျဉ်းဆိုတော့နောက်ပြန်လို့မဖြစ်

တော့ဘူး။ ဒါနဲ့ – ဇွတ်မှိတ်ပြီး လမ်းကြမ်း လျက်သားနဲ့ ရှေ့ကိုတိုးမောင်းလာတာ၊ (၂)ဖာလုံလောက်ရောက်တော့ လမ်း ဟာ ကျွန်တော့်ကား ကလေးတစ်စီး မောင်းရရုံလောက်ပဲ ရှိတော့တယ်၊

 

မှောင်လိုက်တာ ပိန်းလို့ ၊ နင်းတွေက လည်းကျလိုက်တာမပြောနဲ့တော့။ချမ်း

လိုက်တာလဲလွန်ပါရော။အင်း- ငါ့တော့

မှားပြီ။ ကိုယ့်အိမ်ကိုယ့်ရာမှာ စိတ်အေး

လက်အေး နေနိုင်လျက်သားနဲ့ ဘာ

မဟုတ်တဲ့ စုန်းရှုးနတ်ရူးမှော်ရူး မိန်းမ

တစ်ယောက်ရဲ့ စကားကို ယုံကြည်ပြီး

ထွက်လာခဲ့တာ ငါ့လောက် ပိုက်တဲ့လူ ဘယ်မှာရှိမလဲလို့တွေးမိပါတယ်ခင်ဗျာ။

မိုးသောက်ဘက်နီးလေလေ၊ နင်း တွေကလည်းကျလာလေလေနှင်၊ပိတ် ပြီးလမ်းစကိုလဲမမြင်ရတော့ဘူး။လက်

ဝဲဘက်က နည်းနည်းတောရှင်းပြီး ချုံ

ပုတ်တွေ မြင်ရတယ် ခင်ဗျ၊ လက်ယာ

ဘက်မှာတော့ ကြိုးဝိုင်းတောအုပ်ကြီးပဲ

ရှိတယ်။ဒါနဲ့ – ဟယ် – ခုမှဖြင့်မထူးတော့

ပါဘူး။ ငါလည်းပင်ပန်းလှပြီ၊တစ်မှေးမှ

လည်းမအိပ်ရသေးဘူး။ရောက်တဲ့နေရာ

တစ်မှေးလောက်ပဲ မွေးရ မှေးရ ဆိုပြီး

စက်ကိုတစ်ခါတည်းရပ်ပစ်လိုက်တယ်။

ရှေ့ကိုဆက်ပြီးမမောင်းနိုင်မယ့်အတူတူ

ဒီနေရာမှာပဲ စခန်းချတော့မယ်ဆိုပြီး

စိတ်ကိုသန္နိဋ္ဌာန်ချလိုက်တယ်။ဒီနောက်

ကားပေါ်တက်၊ အပေါ်ကုတ်အင်္ကျီထပ် ဝတ် ပုလင်းထဲက“ရမ်”ကလေးတစ် ကျိုက် လောက်မော့၊ သက္ကလတ်စောင်

 

ကြီးခြုံပြီး ကားနောက်ပိုင်းမှာ အသာ ကလေး လှဲနေလိုက်တယ် ခင်ဗျ။ ချမ်း လိုက်တာလဲ ခိုက်ခိုက်တုန်နေတာပဲ။

စောင်နဲ့ကွေးပြီးမျက်စိကိုမှေးလိုက် ရုံရှိသေး။အင်း- ငါသေရမယ့်ရက်တန် ဆောင်မုန်းလပြည့်ကျော်(၈)ရက်နေ့

တော့ မိုးလင်းလာပြီဆိုတဲ့ဟာ သွားပြီ

သတိရလိုက်မိတယ်။ နို့ပေမဲ့ – ဒီမိန်းမ

ကြီးပြောလိုက်တာကဒီနေ့မှာအင်မတန်

အင်အားကြီးမားတဲ့ တန်ခိုးသတ္တိတစ်ခု

ဟာကိုယ့်အပေါ်မှာအုပ်စိုးနေလိမ့်မယ်။

အင်မတန် ဆိတ်ငြိမ်တဲ့နေရာမှာ သေ

ခြင်းတရားကို တွေ့ရလိမ့်မယ်လို့သာ

ပြောလိုက်တာ၊ ငါသေလိမ့်မယ်လို့ တိ

တိကျကျပြောတာမဟုတ်ဘူး။ အဲဒါကို

ရှောင်ကြဉ်ဖို့သတိထားဖို့သာပြောလိုက်

တာပဲ။ ပြီးတော့ ဆိတ်ငြိမ်တဲ့နေရာဆို

တာလဲဒီနေရာထက်ဆိတ်ငြိမ်တဲ့နေရာ

တွေ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်

ကိုယ်ကိုယ်အားပေးရတာကိုခင်ဗျ၊ ဒီလို

စိတ်ကိုတင်းပေမယ့်အချိန်ကလဲ မနက်

(၃)နာရီ၊ (၄)နာရီရောက်နေတဲ့နေရာ

ကလဲသစ်တောကြိုးဝိုင်းကြီးနားမှာလူစ

လူနလည်း မတွေ့၊ ရွာကလည်း အဝေး ကြီးဆိုတော့ ငြိမ်လိုက်တဲ့အမျိုး ဆိုတာ လဲ သစ်ရွက်တစ်ရွက် လေတိုက်သံ

 

တောင် မကြားဘူး။ ဒီတော့- အတော်ပဲ စိတ်အားငယ်မိပါတယ်ခင်ဗျာ။ အိမ်ပေါ် ကိုပြိုကျမတတ်မိုးနေတဲ့စက်ခေါင်းတိုင်

ကြီးကြောက်တာနဲ့ထွက်ပြေးလာခဲ့တာ

အခု တောကြီးထဲမှာမှ ဒုက္ခများ ရောက်

မှာလားလို့ကြံပြီး တွေ့၊မိပြန်ပါတယ်။

ပြီးတော့- အဲဒီ့အချိန်မှာကျွန်တော်

တစ်ခုစဉ်းစားမိတာကဒီနေရာဟာဆိတ်

ငြိမ်ပြီးနေပေမယ့် ကျွန်တော်ထင်တဲ့

အတိုင်းသက်ရှိသတ္တဝါကင်းမဲ့တဲ့နေရာ

မဟုတ်ဘူး။ အနီးပတ်ဝန်းကျင်မှာ သက်

ရှိသတ္တဝါတစ်ကောင်ကောင်ရှိနေသလို

လို၊ ဘာလိုလို ကိုယ့်လိပ်ပြာကိုယ် မလုံ

ဖြစ်မိတယ် ခင်ဗျ။ နတ်များ နှိုးဆော်

သလားတော့ မပြောတတ်ဘူး။ နာရီ

ကြည့်လိုက်တော့(၃)နာရီ၊(၃၅)မိနစ်ပဲ

ရှိသေးတယ်၊ လကလေးကလည်း ဝင်

လုဝင်ခင်ရွှေဝါရောင်တောက်ပြီးလျှံတွေ

နောက်ကို တဖြည်းဖြည်းဝင်နေတယ်။

စိတ်ချမ်းသာတဲ့လူတွေအတွက်တော့

လွမ်းဆွတ်ကြည်နူးစရာကောင်းတဲ့

အချိန်ကလေးလို့လဲ ခေါ်နိုင်တာပဲ ခင်ဗျ၊

“အဲဒီလိုနေတုန်း.. ဗြုန်းခနဲ ကျွန် တော့်ရဲ့ ရှေ့လက်ဝဲဘက် ချုံပုတ်ခပ်မြင့် မြင့်ဆီက“ဝါး”ခနဲ အော်လိုက်တဲ့အသံ

 

တစ်သံကြားလိုက်ရတာကို ခင်ဗျ။ အို- ကျွန်တော့်ရိုးတွင်းချဉ်ဆီထဲ စိမ့်ဝင်သွား

သလို အောက်မေ့လိုက်ရတယ်။ လူပဲ

လား၊ တောရိုင်းတိရစ္ဆာန်တစ်ကောင်

ကောင်ရဲ့အသံပဲလားမပြောတတ်ပါဘူး

ခင်ဗျား ကြက်သီ၊ဓမ္မ၊ညင်းတွေထပြီး

ကျွန်တော့်ခေါင်းဟာ ပုတ်လောက် ကြီး

သွားတယ် ထင်ရတယ်” “အို…ဒီနေရာမှာလူတော့ မဟုတ် နိုင်ပါဘူ။ တိရစ္ဆာန်တစ်ကောင်ပဲ ဖြစ်ရ မယ်၊ ကြိုးဝိုင်းဆိုတော့ ခွေ၊အတို့၊ ကျား

သစ်တို့ ရှိတာပေါ့လို့ ကိုယ့်ကိုယ်ကိုယ်

အားပေးသလို စိတ်ထဲက ရေရွတ်လိုက်

မိတယ်။ နို့ပေမဲ့- အသံတစ်သံက “ဒါပဲ၊

ဒါပဲ-ဒါဟာ နှင့်သေမင်းပဲ။ နင်ပြေးလို့

မလွတ်ဘူး”လို့ ပြောနေသလိုပဲ။ ကျွန်

တော့်တစ်ကိုယ်လုံးဟာ တဆတ်ဆတ်

တုန်ပြီး နဖူးက ချွေးတွေလဲ ရွှဲနေတာပဲ။

အပေါက်ကနေပြီး အသံကြားတဲ့ဘက်

ကို ကြည် ဖို့ တောင် ခွက်တစ်ဆယ်

အလေးကိုမ,ရသလိုအတော်အားယူပြီး

ကြည့်ရတယ်။ ကြည့်တော့ ဘာမှမမြင်

ပါဘူးခင်ဗျာ၊ အဝါရင့်ရောင်သန်းနေတဲ့

အလင်းရောင် ခပ်မှုန်မှုန်ကို နောက်ခံ

ထားပြီး ပေါ်နေတဲ့ချုံပုတ်ကြီးပဲ မြင်ရ

 

တယ်၊ ဒါနဲ့ “ဧကန္တ-လူတော့ မဟုတ် ဘူး။လရောင်ကိုကြည့်ပြီးငွေးအများဟာ

အူတတ်သတဲ့။ဪ-တစ်ခုလဲရှိသေး

တယ်။ အရူးများဟာ ဒီလိုလရောင်ကို

မြင်ရတဲ့အခါ အရူးထတတ်တယ်ဆိုပဲ၊

နို့ပေမဲ့-ရွာက ဝေးလို့ အရူးလဲ မဟုတ်

နိုင်ပါဘူးလို့ တစ်ခါ စဉ်းစားမိပြန်တယ်။

အသံကတော့အင်မတန် ကြောက်စရာ

ကောင်းတဲ့အသံမျိုးလို့ ထင်လိုက်တာပဲ

ခင်ဗျ”

ဒီအချိန်လရောင်ကလေးကလည်း

ဝင်းလာ၊နင်းကလေးကလည်းအတော်

ကွဲသွားတော့ ရှေ့သွားရမယ့်လမ်း

ကလေးကို နည်းနည်းမြင်ရလာတယ်

ခင်ဗျ။ ဒါနဲ့ ကျွန်တော်လည်းဒီနေရာမှာ

နေရတာတော့ ကားမောင်းပြီး သွားနေ တာက တော်လိမ့်ဦးမယ်ဆိုပြီးကားကို

ကပျာကယာ စက်နှိုးထွက်ပါလေရော

ခင်ဗျာ။အဲဒီလိုလည်းထွက်ရော ချုံပုတ်

နောက်က လူတစ်ယောက်ရဲ့အရိပ်ဟာ

မားခနဲထလာပြီး ဒီလူဟာ ချုံထဲကလမ်း ပေါ်ကို ပြေးထွက်လာတာ မြင်ရတာကို

ခင်ဗျ၊လက်တစ်ဖက်ကိုမြှောက်ပြီးကျွန်

တော့်ကို ဘာပြောမှန်း မသိဘူး။ ပြော လိုက်တယ်၊ ဘောင်းဘီတိုနဲ့ ဂျာကင် အင်္ကျီအညိုရောင်နဲ့ အဝတ်အစားက

 

ခပ်စုတ်စုတ်ပါပဲ။ဒါပေမဲ့- သူ့လက်ထဲမှာ

သေနတ်ကြီးနဲ့ ခင်ဗျ။ သေနတ်က ကျွန်

တော့်ဘက်ကိုတော့ ချိန်မထားပါဘူး။

နို့ပေမဲ့- ဘယ်အခါမဆို ချိန်နိုင်တာကို

သည်တော့မှ ကျွန်တော့်စိတ်ထဲ လက္ခ

ဏာဆရာမကြီးဟောလိုက်တဲ့“ပြောင်း

လိုလို ဝိုင်းဝိုင်းအခေါင်းပေါက်နဲ့ လက်

နက်”ဆိုတာ ဒါပါကလား။ ဒီကနေ့ဟာ

လည်း တန်ဆောင်မုန်းလပြည့်ကျော်

(၈)ရက်၊ နေရာကလည်း အင်မတန်

ဆိတ်ငြိမ်တဲ့နေရာ၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊

သူဟာငါ့သေမင်းပဲ၊လက်စသတ်တော့

သေခြင်းနဲ့ရင်ဆိုင်တွေ့လိမ့်မယ်ဆိုတာ

ဒီဟာပဲကို။ကိုင်း- ဒီတော့- သူ့မပစ်ခင်

ငါကလက်ဦးအောင် ကြိတ်လိုက်မှပဲဆို

ပြီးဂီယာကိုဆောင့်နင်းလိုက်တော့ကား

ဟာ

က အရှိန်နဲ့ တိုးသွားလိုက်တာ၊ ဒီလူ

လည်းကားလက်ဝဲဘက်ဘီးအောက်ဝင်

သွားပြီး“အင့် ခနဲတစ်ချက်တည်းအော်

လိုက်တဲ့အသံကလွဲလို့ကျွန်တော်လည်း

မွှန်ထူသွားပြီးဘာသံမှမကြားရတော့ပါ

ဘူးခင်ဗျာ၊

ရှေ့ကိုက်(၅၀)လောက်မှာလမ်း

ကလေးဟာ တစ်ဖက်ကို တစ်ပေ လောက် စောင်းပြီး ကျဉ်းလိုက်တာက လည်း ကျွန်တော် ကားဘီးလွတ်ရုံ

 

ကလေးပဲ ရှိတယ်။ တစ်ဖက်တစ်ချက် မှာလဲ(၁၀)ပေလောက်နက်တဲ့ ချောက်

ကြီး ခင်ဗျ။ဟိုဘက်ရောက်မှကျွန်တော်

သတိပြုမိတယ်။ ဒီလောက်လမ်းကျဉ်း

ကလေးကိုကားဘာမှမဖြစ်ဘဲဖြတ်လာ

နိုင်တာကျွန်တော်ဖြင့်အံ့ဩလို့မဆုံးဘူး။

ကြောက်စိတ်ကတိုက်တွန်းနေတော့

ရှေ့မှာရှိတဲ့အန္တရာယ်ကိုမပြင်နိုင်ဘူးပေါ့

ခင်ဗျာ၊မျက်စိမှိတ်ပြီးဆင်ကန်းတောတိုး

ဇွတ်မောင်းခဲ့တာပဲ။

အလင်းရောင်ကလေးကလည်း ပေါ်လာပြီး နည်းနည်း ခေါင်းအေးသွား

တော့မှကျွန်တော်စဉ်းစားမိတယ်၊ ဒီလူ

ဟာ ငါနဲ့ ငြိုးသူရန်ဘက်လည်းမဟုတ်၊

သူ့ကိုလည်းငါကဘာမှမလုပ်ဘဲနဲ့လက်

တစ်ဖက်ကို သူ မြှောက်ပြီးအော်လိုက်

တာဟာ ရှေ့မှာ ကားသွားလို့မရဘူး။

လမ်းပျက်နေတယ်ဆိုတဲ့အကြောင်း

ငါ့ကို သတိပေးမလို့ ထွက်လာတာများ

လား။ငါလည်းသေနတ်ပြောင်းကိုမြင်ရုံ

နဲ့ အကြောက်ကြီးပြီး ဘာမှမဆင်ခြင်ဘဲ

တရကြမ်း ကားနဲ့ တိုက်ပြီးသတ်ခဲ့တာ ငါမှားပြီ။ ဒီလူဟာ လူဆိုးသူဆိုးတွေပစ် ဖို့ပဲ ချောင်းနေသလား။ ဒါမှမဟုတ်ရင် လည်းတောကောင်တစ်ကောင်ကောင် ပစ်ဖို့ချောင်းနေသလားမပြောတတ်ဘူး။

 

အကျိုးအကြောင်းသိရအောင်ဆိုပြီး ကျွန်တော်နောက်လှည့်ပြန်ဦးမယ် စိတ်

ကူးမိသေးတယ် ခင်ဗျ။

နို့ပေမဲ့- နောက်ကျနေရောပေါ့။ပြီး

တော့လဲ- ငါဟာ ကြောက်ကြောက်ရွံ့ရွံ့

နဲ့ကိုယ့်အသက်ကိုကာကွယ်ဖို့ဒီလိုလုပ်

မိပါတယ် ပြောရင်လည်း ဘယ်သူကမှ

ယုံမှာမဟုတ်ဘူး။ ဘယ်တရားသူကြီး

ကမှ ကင်းလွတ်ချက်ပေးနိုင်မှာ မဟုတ်

ဘူး။ ဟယ် – သူ့ထိုက်နဲ့ သူ့ကံနေပေစေ

တော့ ဆိုပြီး နောက်ကိုတောင် လှည့်

မကြည့်တော့ဘဲတစ်ခါတည်းသုတ်ခြေ

တင်ပြီးတွင်တွင်ကြီးဟင်းလာခဲ့တာကို

ခင်ဗျ။ ဒီနောက် -မိုးလင်းလာပြီး ကျွန်

တော့်လက်ယာဘက် တစ်မိုင်ကွာ

လောက်မှာ ရွာကလေးတစ်ရွာ မြင်ရ

တယ်၊ လက်ယာဘက်ယွန်းယွန်း ရှေ့

တည့်တည့်(၂)မိုင်ကွာလောက်မှာ သစ် ပင်အုပ်ကြီးတွေနဲ့ မှိုင်းမှိုင်းကြီး မြင်ရ

တော့မှ “ဖြူ၊မြို့ ဖြစ်တဲ့အကြောင်း သိ

ရတယ်။ဖြူကို ခဏဝင်ဖို့ညကကြံရွယ်

ထားပေမယ့်မဝင်တော့ပါဘူး။ မီးရထား

ခုံးကျော်ကလေး ဖြတ်၊ ပြည် – ရန်ကုန်

လမ်းမကြီးပေါ်တက်၊ဒီအတိုင်းမောင်းခဲ့

တာ တောင်ငူကို (၉)နာရီခွဲလောက်

ရောက်လာတာပါပဲ။

 

တောင်ငူရောက်တော့မှ ရွှေဆံ တော်ဘုရားကြီး ပထမဝင်ဖူးပြီး ကိုယ့် စိတ်ကိုယ်ငြိမ်အောင်မနည်းထိန်းပြီးတဲ့ နောက်မှအုတ်ကြွပ်တန်းမှာရှိတဲ့သူငယ်

ချင်းတစ်ယောက်အိမ် သွားတည်းရ

တယ်။ အဲဒီအိမ်မှာ တစ်နေ့လုံ၊ တစ်ည

လုံးစိတ်ချလက်ချအိပ်လိုက်တာနောက်

တစ်နေ့ တန်ဆောင်မုန်းလဆန်း (၉)

ရက်နေ့ မနက်မိုးလင်းခါမှ “ဟင်း”ခနဲ

သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်

ခင်ဗျာ။ အင်း -ငါတော့ ပြောင်းဝက

လည်းလွတ်လာပြီ။လူသတ်မှုကလည်း

လွတ်လာပြီ။ ဘယ်သူမှ ငါ့ကားနဲ့ တိုက်

သတ်တာ မြင်တာလည်း မဟုတ်ဘူး။

ငါ့နောက်ကိုလည်း ဘယ်သူမှ ခြေရာခံ

လိုက်နိုင်မှာ မဟုတ်ဘူးဆိုပြီး ဒီအခါမှ

စိတ်နှလုံးကို တုံးတုံးချလိုက်ရတာကို

ခင်ဗျ။ထူးဆန်းတာက ဒီမိန်းမကြီးဟော

လိုက်တာ မမှန်ဘူးလည်း မဆိုနိုင်ဘူး။

အင်မတန် ဆိတ်ငြိမ်တဲ့နေရာမှာ သေ

ခြင်းတရားနဲ့ ရင်ဆိုင်တွေ့လိမ့်မယ်ဆို

တာသူဟောတဲ့တန်ဆောင်မုန်းလပြည့်

ကျော်(၈)ရက်ဆိုတာလည်း ကိုက်နေ

တာပဲ။ ပြောင်းတံလိုလိုအခေါင်းပေါက်နဲ့ ဝိုင်းဝိုင်းလက်နက်တစ်ခုဆိုတာလဲဟိုလူ့ လက်ထဲမှာ ကိုင်လာတဲ့သေနတ်ကို ဆို

 

လိုတာပဲ။ တစ်ခု – သူ ဟောလိုက်တာ

ကလဲ၊ကံကြမ္မာဆိုတာဘယ်လိုပဲကိုယ့်

ဆီကို လာနေပစေ၊ ကာကွယ်ဖို့ လွတ်

မြောက်ဖို့ အခွင့်အရေးတစ်ခုခုတော့

ရှိတာပဲဆိုတဲ့အဓိပ္ပာယ်ပါတယ် ခင်ဗျ။

အခုကိစ္စမှာ ကြည့် ပါလား။ ကျွန်တော်

ကာကွယ်လိုက်လို့ ကျွန်တော့်အသက်

ရှင်လွတ်မြောက်ပြီးသူသေသွားရတယ်၊

လုပ်ရတော့တာပဲ ခင်ဗျ။ ကိုယ့်အသက်

ထက်သူများအသက်တော့ပိုပြီးမခင်နိုင်

တော့ဘူး။

တစ်ခုဝမ်းနည်းစရာကောင်းတာ

က လပြည့်ကျော်(၁၀)ရက်နေ့ ရန်ကုန်

ပြန်ရောက်လို့ နောက်တစ်နေ့ သတင်း

စာတွေထဲမှာ မြင်ရတော့မှ သာပြီး စိတ်

မကောင်းဖြစ်မိတာကို ခင်ဗျ။ သူငယ်က

ညောင်ပင်သာရွာက သူငယ်ဆိုပဲ၊ အဲဒီ

နေ့ညက ကြိုးဝိုင်းစပ်မှာ ကျားသစ်တစ်

ကောင်ဟာ သောင်းကျန်းပြီး ရွာထဲလာ

ကြက်တွေဆွဲ၊ ဘဲတွေဆွဲ၊ ဆွဲလေတော့

ဒီကျားသစ်ကိုပစ်ရအောင် ချောင်းနေတဲ့

သူငယ်ဆိုပဲ။ သနားစရာကောင်းလိုက်

လေ ခင်ဗျာ။ ကျွန်တော့်ရဲ့ အစွဲအလမ်း

ကြောင့်ခမျာသက်သက်မဲ့သေသွားရရှာ

တယ်။

 

ဒီကတဲကစပြီး ကျွန်တော်လည်း နှစ်စဉ်နစ်တိုင်း တန်ဆောင်မုန်းလပြည့်

ကျော်(၈)ရက်နေ့ကျရင် သူ့သင်္ချိုင်း

ကလေးရှိတဲ့နေရာ ရောက်အောင်လာ

ပြီး သူ့သင်္ချိုင်းမြေပုံပေါ်မှာ ပန်းခွေတစ်

ရွှေဖြစ်ဖြစ်မတတ်သာတဲ့အဆုံးပန်းပွင့်

ကလေးတစ်ပွင့်ဖြစ်ဖြစ် လာပြီးချထား

တယ် ခင်ဗျ၊ ဒါဟာ ကျွန်တော့်ရဲ့ဒဏ်ကို ဝင်ပြီးခံသွားရှာတာကို ခင်ဗျ၊

ပုလိပ်ကို တိုင်ချင်လည်း တိုင်ပါ

တော့ ခင်ဗျာ။ ဒီဟာ ကျွန်တော့်အဖြစ်

အပျက်ပါပဲ။

“မတိုင်ပါဘူး-ကျုပ်က ဘာဖြစ်လို့

တိုင်ရမှာလဲ”

ဦးဘိုးလုံးသည်နေရာမှအတန်ငယ်

ထ၍သွားကာ ပိုက်လုံးဟောင်းများ စုပုံ

ထားသည့်အပုံထဲမှာတံတောင်သာသာ

ခန့်ရှိပိုက်လုံးတပ်လုံးကိုဆွဲယူလိုက်လေ

သည်၊

ထို့နောက် ကျားနာတစ်ကောင်ကဲ့ သို့ မောင်ဘစိုးအား ခုန်၍ အုပ်ပြီးလျှင် ဦးခေါင်းကို ပိုက်လုံးဖြင့်တစ်ရက်တည်း

တအားရိုက်ချလိုက်ရာ သေဘေးကို

ပြေး၍မလွတ်ရှာသောမောင်ဘစိုးသည်

သင်္ချိုင်းမြေပုံပေါ်သို့ကန့်လန့်ဖြတ်လဲကျ

သွားရှာလေ၏။

 

“ငါသား သတ်တဲ့အကောင်- အခု မှပဲလက်စားချေရတော့တယ်ကွယ်”ဟု ရေရွတ်ကာ ဦးဘို၊လုံးသည် ဘူတာရုံ ဘက်သို့ထွက်သွားလေသည်။

ဒဂုန်ရွှေများ