အပါယ်လားမည့်လူ့ငနွား(စ/ဆုံး)

Unicode Version

အပါယ်လားမည့်လူ့ငနွား(စ/ဆုံး)
—————————————-
” ဟဲ့ လမင်းရေ မပြီးသေးဘူးလား ငါတောင်ပြီးနေပြီ ”
” ပြီးပါပြီ သီတာရဲ့ ဒီမှာ တောမြှောက်ဖို့ လက်ဖက်ကလေးထည့်နေလို့ပါ ”
” ဒါဆိုလည်း သွားကြရအောင်လေ နေမြင့်ရင် မှိုတွေမျှစ်တွေ သူများတွေ တူးသွားတာနဲ့မရပဲနေမယ် ဟင်းရွက်ဟင်းသီးလည်း ရှာကြတာပေါ့ အေ ”

တောရွာဘက်တွေမှာ မိုးတွင်းဆို မှိုရှာ မျှစ်ချိုးလုပ်ကြပြီး မှိုကို အိမ်စားဖို့ချန်ထားပြီး ပြန်ရောင်း။ မျှစ်ကို မျှစ်ချဉ်တည်ပြီး ငပိရည်ကျိုနဲ့အတို့မြုပ်လုပ်စားကြတာပင်။ တောထဲဝင်ပြီဆို အမဲလိုက်သူများက အမဲရဖို့ တောမြှောက်ကြသလို မှိုရှာ မျှစ်ချိုးတဲ့သူတွေကလည်း အန္တရာယ်ကင်းဖို့ တောမြှောက်ကြသည်။ အခုလည်း လမင်းနှင့်သီတာတို့သူငယ်ချင်းနှစ်ယောက် နံနက်စောစောထကာ တောဝင်ဖို့ပြင်ဆင်ပြီး တောစပ်ရောက်တော့ ပလိုင်းထဲမှ လက်ဖက်နှင့်ထမင်းဖြူထုပ်ကို ဖြေပြီး
” တောပိုင် တောင်ပိုင်များကို လက်ဖက် ထမင်းများနှင့်တင်မြှောက်ပသပါတယ် အန္တာရယ်ကင်းအောင် စောင်မကြည့်ရှူပေးကြပါ ”
” ကဲသွားရအောင် သီတာရေ ”

သီတာနှင့်လမင်းက သူငယ်ချင်းမျာဖြစ်ကြသလို ရွာ၏အချောအလှ စာရင်းဝင်များဖြစ်ကြလေသည်။ မိုးတွင်းမို့ မှိုများ မျှစ်များ ဟင်းရွက်ဟင်းသီးများ အလျှံပယ်ပေါများနေကြရာ သူငယ်ချင်းနှစ်ယောက် ပလိုင်းအပြည့်ရရှိခဲ့ကြလေသည်။ နေ့လည်စာ စားချိန်ရောက်တော့ သူငယ်ချင်းနှစ်ယောက် ထမင်းနှင့် ငခြောက်ဖုတ် ငပိထောင်းများဖြင့်စားကြလေသည်။

” သီတာ ရေကုန်နေပြီလား ငါ့ရေလည်းကုန်သွားပြီ ”

” အေးဟုတ်တယ် လမင်း နေနေ ငါဟိုနားက ချောင်းမှာ သွားခပ်လိုက်မယ် ”

ပြောပြောဆိုဆိုနှင့် ရေဘူး နှစ်ဘူးလုံးယူကာ ထသွားလေသည်။ ခပ်လှမ်းလှမ်းရှိ စမ်းချောင်းတွင် ရေခပ်နေရင်း

” ဝေါင်းးးးးး ”

သီတာရော လမင်းပါ ကျားဟိန်းသံကြားလိုက်ရာ သီတာလည်း ရေဆက်မခပ်တော့ပဲ ဘေးမှ ဝါးရုံထဲဝင်ပုန်းနေလိုက်သည်။ လမင်းက ခပ်လှမ်းလှမ်းမှ ခြုံထဲပြေးဝင်သွားလေဆော့သည်။ အတန်ကြာ ပုန်းခိုပြီးနောက် သီတာလည်း ဝါးရုံထဲမှ ပြန်ထွက်လာပြီး ရေဘူးများကို ယူပြီး လမင်းရှိရာသို့ ပြန်လာခဲ့လေသည်။

” ဟယ် လမင်း ဘယ်ရောက်သွားပါလိမ့် ပလိုင်းတွေလည်း ပွစိနေပါလား ဟယ် ကျားခြေရာတွေရော အများကြီးပါလား ”

သီတာလည်း လမင်းအား အချိန်အတော်ကြာလိုက်လံရှာဖွေပြီးနောက်

” သွားပါပြီ ငါ့သူငယ်ချင်းတော့ ကိုယ်ကျိုးနည်းပြီထင်ပါရဲ့ ငါ ..ငါ ဘယ်လိုပြောရမလဲ သူ့မိဘတွေကို ဟင့်ဟင့်ဟင့်ဟင့် ”

သီတာလည်း ဝမ်းနည်းစွာငိုကာ လမ်းအတိုင်းပြန်လာခဲ့ရင်း

” ဟယ် လမ်းပျောက်နေပြန်ပြီ လမ်းမှားလာပြန်ပြီ တောက ကျွမ်းတာမဟုတ်ဘူး ဒုက္ခပါပဲ ”

သီတာ တစ်ယောက်တည်း လမ်းပျောက်နေကာ တောမှာ နက်သည်ထက်နက်လာလေသည်။

” ဟဲ့ သီတာ မိုးချုပ်နေပြီ နင်မပြန်သေးဘူးလား ”

အနောက်မှ လှမ်းပြောသံကြောင့် သီတာ နောက်ပြန်လှည့်ကြည့်လိုက်ရာ မုဆိုးဘထင်။ မုဆိုးဘထင်ဆိုတာ ရွာမှာ သိပ်ပြီးနေသူမဟုတ် တောထဲမှာ တဲထိုးပြီး အမဲလိုက်နေသူဖြစ်သူ။ မုဆိုးဆိုတောကြောင့် တောကျွမ်းလေရာ သီတာ ဝမ်းသာသွားသည်။

” ဟိုလေ သီတာ လမ်းပျောက်နေလို့ပါ ပြီးတော့ လမင်းကို ကျားဆွဲသွားတာလားမသိဘူး ”

” ဘယ်လို ဖြစ်ရတာလဲသီတာ ပြောစမ်းပါဦး ”

သီတာလည်း အစအဆုံး အကြောင်းစုံကို ရှင်းပြလိုက်ရာ မုဆိုးဘထင်လည်း

” အင်း နင်ပြောပုံအရဆို ကျားဆွဲသွားတာနေမယ် လာ ငါရွာကို လိုက်ပို့မယ် ”

” ဟုတ် ဦးဘထင် ”

သီတာနဲ့မုဆိုးဘထင်လည်း ရွာသို့ပြန်လာခဲ့ရင်း နေ့လည်က ထမင်းစားခဲ့သောနေရာ ရောက်သောအခါ

” ဒီနေရာပဲ ဦးဘထင် နေ့လည်က သီတာတို့ ထမင်းစားခဲ့ကြတာ ”

” အေ ဟုတ်သားပဲ ကျားခြေရာတွေ နည်းနည်းနောနောမှမဟုတ်တာ သေချာပါတယ် ကျားဆွဲသွားတာ ”

သီတာတို့လည်း ရွာသို့အရောက်ပြန်ခဲ့ကြလေရာ ရွာထိပ်တွင် မီးတုတ်များ လက်နက်များဖြင့် လူတစ်စုအားတွေ့ရလေသည်။ လမင်း အဖေနှင့်သီတာ အဖေက အပါအဝင် လူဆယ်ယောက်ခန့်ရှိလေသည်။

” သမီး သီတာ မသေကောင်းမပျောက်ကောင်းသမီးရယ် ဖေဖေစိတ်ပူလိုက်ရတာ ဒါနဲ့သမီးလမင်းရော ”

သီတာလည်း အကြောင်းစုံရှင်းပြလိုက်ပြီးနောက် ဝမ်းနည်းစွာ ငိုချမိလေပြန်သည်။ ရွာသားများလည်း စိတ်မကောင်းဖြစ်ကြရလေသည်။ တချို့က တောနင်းပြီး အလောင်းရှာကြသလို တစ်ချို့က လမင်းအသုဘ ရက်လည်အတွက်ပြင်ကြရပြန်သည်။ အလောင်းပြန်ရလိုရညားသွားရှာပြန်သော်လည်း အလောင်းပြန်မတွေ့ခဲ့ပေ။

” အကို ရွာကိုတန်းမပြန်ပဲ ဘာလို့ နယ်လှည့်ချင်တာလဲ ”

ခင်လွှမ်းအမေးကြောင့် တေဇက အရှေ့မှ ခြေလှမ်းများကို ရပ်တန့်ပြီးနောက်

” အကို့ အရုံထဲမှာ မိန်းကလေးတစ်ယောက်အကူညီတောင်းနေတယ် ဒါကြောင့် ခြေဆန့်ကြည့်တာ ”

” ဒါဆို ဒီအတိုင်းသွားနေမဲ့အတူ တစ်ယောက်ယောက်ကို ခေါ်မေးကြည့်ရအောင်လေ ”

” ဟုတ်သားပဲ မေ့နေလိုက်တာ ကဲ သုနန္ဒတေဇရေ အလိုတော်ရှိလို့ ရောက်ရှိပါဦး ”

တေဇရဲ့ ရယ်ကျဲကျဲပုံစံကြောင့် ခင်လွှမ်းလည်း ရယ်ချလိုက်လေသည်။ သုနန္ဒတေဇလည်း ရောက်ရှိလာပြီး

” ခေါ်တော်ရှိလို့ ရောက်ရှိပါပြီ အရှင် ”

” သင့်ကိုမေးစရာရှိလို့ ဒီရက်ပိုင်း ငါ့အရုံထဲမှာ မိန်းကလေးတစ်ယောက်အကူညီတောင်းနေလို့ အဲ့ဒါ သင်ပြော ကြည့်ပါဦး ဘယ်လိုလဲဆိုတာ ”

” ဒါက အရုံရနေတာထက် အမှန်တကယ် အကူညီတောင်းနေတာပါ ”

” ဟုတ်လား ဘယ်လိုကူညီရမလဲ လမ်းစလေးပြခဲ့ပါဦး ”

” ဒီလိုပါ ဒီကနေ နှစ်ရွာကျော်မှာရှိတဲ့ ရွာကလမင်းဆိုတဲ့ မိန်းခလေးတစ်ယောက်ရဲ့ဝိဉာဉ်က သခင့်ကို အကူညီတောင်းနေတာတာပါ သခင်က သူ့ကိုဆင့်ခေါ်ပြီး ဖြစ်ပျက်သမျှကို မေးပြီး မီးစင်ကြည့်ကရမှာပါ ”

” ဟုတ်ပြီ သင်ပြန်နိုင်ပြီ သုနန္ဒတေဇ ”

တေဇတို့လည်း နှစ်ရွာကျော်အထိ သွားပြီးနောက် ရွာထိပ် ဇရပ်ရောက်သောအခါတွင် မှောင်စပျိုးနေလေပြီ။ တေဇနှင့်ခင်လွှမ်းလည်း ခဏနားပြီးနောက် အင်းတစ်ချက်ကို လက်ဝါးပေါ်တင်ကာ

” ကျုပ် အရုံထဲမှာ အကူညီတောင်းနေတဲ့ လမင်းဆိုတဲ့ ဝိဉာဉ် မဆိုင်းမတွ ငါ့အရှေ့ရောက်စေ အတားအဆီးမရှိစေရ ”

တေဇလည်း အမိန့်ပြန်ပြီး အင်းချပ်ကို လက်နှင့်ပုတ်ချလိုက်လေသည်။

” ဖလပ်ဖလပ် အားးးးးး ဖျတ်ဖျတ်ဖျတ်… ”

ဘေးမှ သစ်ပင်များမှ ငှက်များ ကျီးများ ထပြေးပြီး သစ်ရွက်များ လေမတိုက်ပဲ လှုပ်ခါနေလေသည်။ အပုပ်နံ့များ လှိုင်တက်လာလေသည်။

” ကျုပ်အရှေ့တည့်တည့်လာပါအမိ ကျုပ်က မကြောက်တတ်လို့ သင့်မူလရုပ်အတိုင်းလာခဲ့ပါ ကျုပ်ကူညီပါ့မယ် ”

တေဇအဲ့လိုပြောလိုက်မှ တေဇအရှေ့တည့်တည့်တွင် ပြတ်ကျလုနည်းပါးဖြစ်နေသော လည်ပင်းမှသွေးများ ဒရဟောစီးကျနေသည့် မိန်းကလေးတစ်ယောက်ပေါ်လာခဲ့သည်။ ထိုအခါတေဇက

” ကျုပ်က အမိ အိမ်မက်ထဲကနေ အကူညီတောင်းနေတဲ့သူပဲ အခု အမိ အခက်အခဲကို ကျုပ်ကိုပြောပါ ကျုပ်ကူညီပါ့မယ် ”

လမင်းလည်း ဒူးထောက်ပြီး ငိုချကာ အဖြစ်အပျက်များအား ပြန်လည်ပြောပြလေတော့သည်။

” ကျွန်မ နာမည်က လမင်းပါ ကျွန်မသူငယ်ချင်း သီတာနဲ့ တောတက်ရင်း သီတာရေသွားခပ်နေတုန်း ကျားဟိန်းသံကြားလို့ ဘေးက ချုံထဲဝင်ပုန်းနေတုန်း …… မုဆိုးဘထင်ရောက်လာပြီး ကျွန်မကို အဟင့်……… ”

မုဆိုးဘထင်လည်း ကျားဟိန်းသံကြားလို့ အနီးအနားရှိခြုံထဲဝင်ပုန်းနေရင်း မိန်းခလေးတစ်ယောက်၏ နောက်ပိုင်းကောက်ကြောင်းကိုမြင်တွေ့လိုက်ရာ သွေးသားများထကြွလာပြီး ကောင်မလေးအနားသို တဖြေးဖြေးချဉ်းကပ်လာသည်။

” အမလေးတော့ ဟင် မုဆိုးဦးဘထင် ”

မုဆိုးဘထင်လည်း စိတ်ဆန္ဒကို ချုပ်တည်းမရနိုင်တော့ပဲ လမင်းအား အတင်းဆွဲဖက်လေတော့သည်။ လမင်းလည်း အတင်းရုန်းကန်နေပေမဲ့ သန်မာလှသော ဘထင်ရဲ့အားကို မရုန်းနိုင်တော့ပဲ………။
မုဆိုးဘထင်လည်း မိမိဆန္ဒပြည့်ဝပြီးနောက် လမင်းလည်ပင်းအား ဓားနဲ့မွှန်းချလိုက်ပြီး အလောင်းဖျောက်ဖျက်ပြစ်လိုက်လေသည်။ ထို့နောက် မိမိတတ်ထားသော အောက်လမ်းပညာဖြင့် လမင်း၏ ဝိဉာဉ်အားချုပ်ထားလေသည်။ ဘထင်ရဲ့ရည်ရွယ်ချက်က သူ့ကို လမင်းက တရားစွဲမှာကြောက်ပြီး သတ်ပစ်ခဲ့ပေမဲ့ ဝိဉာဉ်ကပါ ဟိုပူးဒီပူးနဲ့ ဇယားတွေရှုပ်မည်ဆိုးသဖြင့် ကြိုတင်ရှင်းထားခြင်းဖြစ်လေသည်။

” ဪ ဒီလိုကိုး ဒါဆို မုဆိုးဘထင်က အောက်လမ်းပညာနဲ့အမိကို ချုပ်ထားတာပေါ့ ”

” ဟုတ်ပါတယ် အစက သူ့ကို မုဆိုးလို့ပဲ သိထားတာပါ ကျွန်မသေပြီးသွားမှ သူ့ခန္ဓာကိုယ်က အခိုးအငွေ့တွေထွက်နေတာမြင်လို့ အောက်လမ်းပညာတတ်မှန်းသိတာပါ သူက ကျွန်မကို မကြာခဏကြိမ်လုံးနဲ့ရိုက်ပါတယ် ဆရာ သူ့ကိုတရားဥပဒေအရ အရေးယူပေးလို့ရအောင် ကူညီပေးပါ ”

” ဒါက မင်းလုပ်ရမဲ့အပိုင်းပါ ရွာထဲဝင်ဖို့ ရွာစောင့်နတ်ကို ကျုပ်ပြောထားမယ် ကျန်တာတွေ ကျုပ်ဆက်လုပ်မယ် အမိလုပ်ရမှာက အောက်လမ်းကောင် မုဆိုးဘထင်က တရားခံပါဆိုတာကိုပဲ ”

” ဟုတ်ကဲ့နားလည်ပါပြီ အခုသူ ရွာထဲမှာ ရှိနေပါတယ် ကျွန်မကို သူထပ်ပြီး မချုပ်နိုင်အောင်တော့လုပ်ပေးပါ ”

” စိတ်ချ သူမင်းကို ဘာမှလုပ်လို့ မရစေရဘူး မင်းလုပ်စရာရှိတာ မင်းလုပ်ပါ ”

တေဇလည်း မှာစရာရှိတာမှာပြီး လမင်းအား ရွာထဲဝင်ဖို့ ကူညီပေးလိုက်လေသည်။

” ဝူးအူးးးးးးးးးးးးးး ”

ဆွဲဆွဲငင်ငင်အူနေသည့် ခွေးအူသံကြောင့် သီတာ လန့်နိုးလာလေသည်။ ပြီးတော့ သောက်ရေအိုးဆီလှမ်းလာကာ ရေတစ်ခွက်ခပ်သောက်ပြီး အိမ်ရှေ့သို့ အမှတ်မထင်ကြည့်မိလိုက်ရာ

” ဟင် အိမ်ရှေ့က ဘယ်သူပါလိမ့် ”

သီတာလည်း စိတ်ညို့ခံရသူပမာ အိမ်အောက်သို့ တစ်လှမ်းချင်း ဆင်းသွားလေသည်။ မိန်းကလေး တစ်ယောက်မှ သီတာအား ကျောပေးပြီ ရပ်နေလေရာ

” ဘယ်သူလဲ ဒီအချိန်ကြီး သူများအိမ်အရှေ့မှာ ဘာရပ်လုပ်နေတာလဲ ”

သီတာလည်း အဲ့လိုမေးလိုက်ရာ ရပ်နေသူက

” သူငယ်ချင်း ငါ့ကို မကြောက်ပါနဲ့ ငါလမင်းလေဟာ ငါ့ကို မုဆိုး ဘထင်သတ်တာ ”

အဲ့လိုပြောပြီး သီတာဘက်သို့ မျက်နှာကြီး လှည့်လာရာ

” သ…သရဲ… အမေရေ …သရဲ သ…သ….သရဲ ”

သီတာလည်း အကြောက်လွန်ကာ သတိမေ့သွားလေသည်။ သီတာ့ အော်သံကြောင့် မိဘများ နိုးလာကြပြီး ဝိုင်းထဲဆင်းလာရာ မေ့မြောနေသော သီတာအား ပွေ့ချီပြီး နှာနှပ်ပြုစုကြလေသည်။ ဘေးအိမ်မှ လူများလည်း ဝိုင်းဝန်းပြုစုကြလေသည်။ နောက်တနေ့တွင် သီတာအား ရွာဦးကျောင်းသို့ခေါ်သွားပြီး ဆရာတော်အား အကျိုးအကြောင်းပြောပြလေရာ

” ဒါဆို ဒကာမလေး လမင်းက မကျွတ်မလွတ်ပဲရှိနေတာပေါ့ ”

” မှန်ပါ့ ဘုရား တပည့်တော်မ မျက်စိနဲ့တပ်အပ်မြင်ခဲ့တာပါ ”

” မဖြစ်နိုင်ဘူး ကျုပ်သမီးက ဘာအကုသိုလ်မှ လုပ်ထားတာ မရှိဘူး ခင်ဗျားတို့ လိမ်နေကြတာ ”

လမင်းအဖေက ထပြီး ပြောဆိုလေရာ စကားဝိုင်းမှာ ဆူညံလာလေတော့သည်။ ဆရာတော်က

” တိတ်ကြစမ်း ဒကာတို့ ”

ဆရာတော်လည်း စကားဝိုင်းကို တိတ်ဆိတ်စေကာ အပါယ်လေးဘုံရှိကြောင်း အပါယ်လေးဘုံတွင် ငရဲ၊တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရာကယ်ဆိုပြီး ခွဲခြားပြပြီး ပြိတ္တာဘုံတွင် သရဲ၊ဖုတ်၊တစ္ဆေ၊ဘီလူး၊သူယောင်၊ဝိဉာဉ် မှင်စာ ဆိုပြီး ခွဲခြားပြလေသည်။ လမင်းအဖေက

” ဆရာတော်ဘုရား တပည့်တော် လျှောက်တင်စရာရှိပါတယ် တကယ်လို့ တပည့်တော်သမီး မကျွတ်မလွတ်ပဲရှိနေတာဆိုရင် အရှင်ဘုရား ဘယ်လို သက်သေပြနိုင်မလဲ ”

လမင်း အဖေ၏ ဘုကန့်လန့်စကားကြောင့် ဆရာတော်အပါအဝင် အားလုံး တိတ်ဆိတ်သွားကြလေသည်။ ထိုအခိုက်

” ကျုပ်ပြနိုင်တယ် ဒါပေမဲ့ ရွာထဲက လူအကုန်ခေါ်ထားပေးပြီး သက်ဆိုင်ရာကို အကြောင်းကြားပေးထားဖို့လိုပါတယ် ”

အသံနှင့်အတူ လူငယ်ယောက်ျားတစ်ယောက်နှင့် မိန်းခလေးတစ်ဦး။

” ဒကာတော်က ဘယ်လို သက်သေပြမှာလဲ ”

” လွယ်ပါတယ် အရှင်ဘုရား သေဆုံးသွားသူ လမင်းရဲ့ ဝိဉာဉ်ကို ခေါ်လိုက်ရုံပါပဲ ”

” ကောင်းပြီလေ မင်း ငါ့သမီး မကျွတ်မလွတ်တာကို ငါ့မျက်စိနဲ့မြင်အောင်ပြ ဒါဆို ငါယုံမယ်ကွာ ”

လမင်း အဖေရဲ့စကားကြောင့် တေဇက ခပ်မဲ့မဲ့ပြုံးပြီး

” ရတယ် ကျုပ်က သက်သေပြနိုင်ပါတယ် ဒါပေမဲ့ ညအထိစောင့်ဖို့လိုလိမ့်မယ် ”

အားလုံးလည်း သဘောတူလိုက်ရာ တေဇတို့လည်း လိုအပ်သည်များပြင်ဆင်ဖို့ ရွာအပြင်သို့ပြန်ထွက်သွားလေသည်။ ညရောက်တော့ ခင်လွှမ်းကို ထားခဲ့ပြီး လမင်းတို့အိမ်သို့ သွားပြီး

” သီတာဆိုတဲ့ ညီမလေး အရှေ့ကိုတိုးခဲ့ပါ ”

တေဇက အဲ့လိုခေါ်လိုက်ရာ သီတာက အရှေ့သို့တိုးလာပြီး

” သီတာဆိုတာ ညီမပါ ဘာဖြစ်လို့လဲမသိဘူး ”

” အမိ ဘာမှကြောက်စရာမလိုဘူးနော် အမိပြောမဲ့ဟာတွေအမှန်ဆိုတာ ကျုပ်ယုံတယ် အခုကျုပ်မေးတာ တစ်ခုချင်းဆီကို ဖြေပေးပါ ”

” ဟုတ် သီတာ သိတာမှန်သမျှဖြေပါမယ် မေးပါ အကို ”

” မနေ့ညက အမိ သူငယ်ချင်း လမင်းက ဆံပင်ဖျားလျားချထားတယ် မျက်နှာက ပုပ်ပွနေတယ် လည်ပင်းက ပြတ်ကျခါနီးဖြစ်နေတယ် ဟုတ်လား ”

” ဟုတ်ပါတယ် အစ်ကို…အစ်ကိုက ဒါကို ဘယ်လိုသိတာလဲ ”

” ဒါက အရေးမကြီးပါဘူး မနေ့ညက ကိစ္စကို ပြန်တွေးကြည့် စိတ်ကိုလွှတ်ချပြီး ”

သီတာလည်း စိတ်ကို လွှတ်ချပြီး ပြန်တွေးကြည့်လိုက်ရာ လူက လေပေါ်သို့ လွင့်တက်သွားသည်ယောင်။ ထို့နောက်ဘာမှ မသိတော့ပေ။

” ဟင်းဟင်းဟင်း မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး ”

” ကဲ စိတ်လျှော့ပြီး သင်ဘယ်သူလဲဆိုတာ အားလုံးမြင်အောင်ပြလိုက်စမ်းပါဦး ”

” အမလေး ဟာ…. သရဲ…..ကြောက်စရာကြီးဟယ် အမလေး..”

သီတာ့မျက်နှာပျောက်ပြီး ပုပ်ပွကာ မျက်လုံးများ အမည်းစက်မရှိပဲ အဖြူဆန်ကြီးသာရှိသည့် မိန်းကလေးအသွင်ပြောင်းသွားသဖြင့် အားလုံးထိတ်လန့်နေကြသည်။ လမင်းအဖေက

” သမီးလေး ဘယ်လိုဖြစ်ရတာလဲ ဖေဖေ့ကို ပြောစမ်း ”

” ဖေဖေ သမီးကို မုဆိုးဘထင်မတရားကျင့်ပြီး သတ်လိုက်တာပါ သမီးအလောင်းကို တောထဲက အင်ပင်ကြီးအောက်မှာမြုပ်ထားပါတယ် သမီးကို သူချုပ်ထားတာ အခု ဒီဆရာကူညီလို့ ပြန်လွတ်လာတာပါ အီးဟီးးးးးးဟီး…..”

” ကဲ ဆိုင်ရာလူကြီးများက မုဆိုးဘထင်ကို သွားခေါ်ပေးကြပါ ကဲ အမိက ပြောစရာရှိတာတွေပြောပြီး ဒီခန္ဓာကထွက်ပါ ”

” ဖေဖေ သမီးရဲ့လက်ဝတ်လက်စားတွေကို ဘထင်က သူ့အိမ်က သေတ္တာထဲမှာထည့်ထားပါတယ် သူ့ကို အရေးယူပေးပါ ”

အဲ့လိုပြောပြီး လမင်းလည်း သီတာ့ ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။ လမင်းအဖေက

” သတ်မယ် အဲ့ကောင်ကို ငါ့လက်နဲ့သတ်ရမှကျေနပ်မယ် ”

ထရံမှ ငှက်ကြီးတောင်ဓားကိုဆွဲပြီး အိမ်ပေါ်မှပြေးဆင်းသွားလေသည်။ သီတာလည်း သတိပြန်ရလာပြီး

” စောစောက ဘာဖြစ်သွားတာလဲ ညီမဘာဖြစ်သွားတာလဲ အစ်ကို ”

” ဘေးက လူတွေကို မေးကြည်ပါ ကျန်တဲ့မိသားစုဝင်တွေက လမင်းအတွက် ကုသိုလ်ကောင်းမှု ပြုပေးကြပါ ”

အဲ့လိုပြောပြီး အိမ်ပေါ်မှဆင်းလာခဲ့လေသည်။ မုဆိုးဘထင်လည်း အကြောင်းစုံကို ထောက်လှမ်းသိပြီးနောက် ရွာမှ ထွက်ပြေးလေတော့သည်။ ရွာထိပ်အရောက်တွင်

” မိန်းခလေး တစ်ယောက်ကို စော်ကားပြီး သတ်ခဲ့တဲ့အပြစ်ကနေ လွတ်မယ်ထင်လား ဘထင် ”

ခင်လွှမ်းလည်း အဲ့လိုပြောပြီး အရှေ့ကနေ ပိတ်ရပ်နေလိုက်သည်။ ဘထင်က

” ဪ မဆိုင်တဲ့ကိစ္စကိုဝင်ရှုပ်ကြတာကိုး နင့်ပညာမဖြစ်စလောက်နဲ့ ငါ့ကို တားနိုင်မယ်ထင်နေလား အသက်မသေချင်ရင် အရှေ့ကနေဖယ်စမ်း ”

” သွားလို့ရမယ်ထင်ရင် ရှေ့ကို ခြေတစ်လှမ်းလှမ်းကြည့်ပါလား ”

ဘထင်လည်း ခေသူမဟုတ်။ ခြေတစ်လှမ်းချလိုက်ရာ မီးများ ဝုန်းခနဲထတောက်လာပြီး ပြန်ငြိမ်းသွားလေသည်။

” ငါ့ကိုနိုင်မှ နင်လွတ်မယ်မှတ် ဘထင် ”

” ဒါဆိုလည်း တွေ့ကြတာပေါ့ ကဲရော့ဟယ် ”

အဲ့လိုပြောပြီး အင်းတစ်ချပ်ဖြင့် ခင်လွှမ်းအားပြစ်လေသည်။ ခင်လွှမ်းက ထိုအင်းကို လက်နှင့်ပုတ်ချလိုက်ရာ ဝုန်း ခနဲမီးထတောက်ပြီး အနောက်သို့ လေးငါလှမ်းဆုတ်သွားသည်။ ဘထင်က

” ဟားဟားဟား မဖြစ်စလောက်လေးနဲ့များ ငါ့ကိုတားချင်နေသေးတယ် အခုချိန်နောက်ဆုတ်ရင် အချိန်မှီသေးတယ်နော် ”

” အပြောကြီးမနေနဲ့ နင့်စက်တွေထုတ်လိုက်စမ်း အမြန်ထုတ် ”

ဘထင်လည်း မှော်စက်ရှင်ကိုထုတ်ပြီး ခင်လွှမ်းအားပြစ်လေသည်။ ခင်လွှမ်းက ဘယ်လက်တစ်ဖက်တည်းဖြင့်ကာလိုက်ရာ စက်များ ရပ်တန့်ပြီး ပေါက်ကွဲကုန်လေသည်။

” ဪ နင်ကလည်း ကဝေမပဲကို ဘယ်ဆိုးလို့လဲ နောက်တစ်ဆင့်ကို ခံနိုင်အောင်ခံစမ်း ”

အဲ့လိုပြောကာ နီရဲပြီး တဖျတ်ဖျတ်နှင့်အသံများထွက်နေသော စက်ကြိုးထုတ်ကာ ခင်လွှမ်းအား ပစ်လေသည်။ ခင်လွှမ်းလည်း အပြာရောင်စက်ကို ထုတ်ပြီး ပြန်ကာထားလေသည်။ တဖြည်းဖြည်း ဘထင်စက်များ အရောင်မှိန်ကာ

” ဝုနျးးးးး အားးးး ”

ဘထင် စက်ကြိုးပြတ်ပြီး အနောက်သို့ လဲကျသွားရာ ပြန်ထပြီး ပါးစပ်မှ သွေးများသုတ်ကာ

” အင်းဘီလူး လာစမ်း ဒီကောင်မကို အသေလာသတ်စမ်း ”

အဲ့လိုပြောပြီး ဖနှောင့်ပေါက်ချလိုက်ရာ မြေကြီးထဲမှ အင်း ဘီလူးတစ်ကောင်ထွက်လာပြီး ခင်လွှမ်းရှိရာသို့ပြေးဝင်လာပြီး ခင်လွှမ်းအား လက်ကြမ်းဖြင့် လွှဲအရိုက်

” ဝူးးးး ဝူးးးး ဂရားးးးးးး ”

မြေကြီးထဲမှ အမွှေစုတ်ဖွားနှင့် သဘက်ကြီးငါးကောင်ထွက်လာပြီး ဘီလူးကြီးအား ဝိုင်းပြီး တိုက်ခိုက်ဆွဲရမ်းကြလေသည်။ တခဏအတွင်းမှာပင် ဘီလူးကြီး တစ်စစီ ဖြစ်သွားလေသည်။

” ဘယ်လိုလဲ ဘထင် နင့်ပညာကုန်ပြီလား ”

” ဟားဟားဟား ဘထင်တဲ့ကွ ငါ့ပညာကို ကုန်အောင် နင်တိုက်ကြည့်စမ်းပါ ”

” ဒါဆိုလည်း နင့်ပညာကို အကုန်ထုတ်လေ ကလေးသာသာ လုပ်မနေနဲ့ ”

ခင်လွှမ်းစကားကြောင့် ဘထင်လည်း ဒေါသထွက်သွားပြီး မီးစုန်းကို ထုတ်ပြီး

” ငါ့ရဲ့မီးစုန်းကို ခံနိုင်လား စမ်းကြည့်ရသေးတာပေါ့ ဟားဟားဟား ”

အဲ့လိုပြောပြီး ခင်လွှမ်းအား မီးစုန်းနှင့် ပြစ်လေရာ ခင်လွှမ်းလည်း မီးစုန်းကို မကာပဲ စူးစိုက်ကြည့်နေရင်း တစ်တောင်အကွာသို့ရောက်သောအခါ

” ဟာ ဟိုကဝေမ ဘယ်ပျောက်သွားတာလဲ သတ္တိရှိ ကိုယ်မဖျောက်နဲ့ လူလုံးပြန်ပြစမ်း ”

” ဟားဟားဟား ကိုယ်ဖျောက်ပညာကိုတောင် မြင်အောင်မကြည့်နိုင်ပဲနဲ့ ကဲဟာ ”

” ဘုန်း….အင့်…… ”

ဘထင်အနောက်မှ ပေါ်လာပြီး ဘထင်အား ခြေထောက်ဖြင့် ဆောင့်ကန်လိုက်လေရာ ဘထင် ရှေ့သို့ ခေါင်းဂျွမ်းစိုက်ပြီးကျသွားလေသည်။

” ပြန်ထပြီး ငါ့ကိုနိုင်အောင်တိုက်စမ်းပါ ဘထင်ရဲ့… ထ အခု ”

ဘထင်လည်း စိတ်မရှည်တော့ပဲ မှော်တစ်ထောင်စက်ဖြင့် ခင်လွှမ်းအား ပစ်လေတော့သည်။ အနက်ရောင် စက်ခိုးငွေ့များကို ခင်လွှမ်း သတိကြီးစွာကာနေရင်း

” ကဲရော့ ငါ့ရဲ့ငရဲမီးစက် ”

ခင်လွှမ်းလည်း ငရဲမီးစက်ထုတ်ပြီး မှော်စက်အား ကာထားလေသည်။ စက်နှစ်ခု အားပြိုင်နေရင်း

” ဝုန်း ဖျောက်ဖျောက်….. ”

ဘထင်စက်ကြိုးပြတ်ပြီး အနောက်သို့လွှင့်သွားလေသည်။ ငရဲမီးစက်အရှိန်ကြောင့် မြက်ခင်း တစ်ခုလုံး မီးထတောက်လေသည်။ ထိုစဉ် တေဇရောက်လာပြီး

” ဘထင် မင်းလည်းခေသူမဟုတ်ဘူးဆိုတာ ငါသိတယ် အဲ့တော့ မင်းရဲ့နောက်ဆုံးပညာကိုထုတ်စမ်း ”

” ဘထင်တဲ့ကွ ဘယ်တော့မှ မရှုံးဘူး အသက်ပဲအသေခံလိုက်မယ် ”

အဲ့လိုပြောပြီး မီးတောက်နေသောစက်ဖြင့် တေဇအား ပြစ်လေရာ တေဇလည်း ငရဲမီးတောက်စက်ဖြင့် ပြန်ကာထားလေသည်။ ဘထင်ရဲ့စက်များမှာ အားပြင်းပြီး တေဇ စက်ကြိုးကို ထိုးဖောက်သွားလေသည်။ တေဇလည်း စက်ကြိုးပျက်ပြီး အနောက် ခြေနှစ်လှမ်းခန့်ဆုတ်သွားရင်း ဘထင်ရဲ့စက်ကို ရိုက်ချလိုက်လေရာ

” ဝုန်း အားးးး ”

တေဇရော ဘထင်ပါ အနောက်လွင့်သွားကြသည်။ နှစ်ယောက်လုံး ပြန်ထလာပြီး

” မင်းနဲ့ငါ ပညာကုန်သုံးပြီးတိုက်ကြမယ် သူသေကိုယ်သေ ”

” ရတယ်လေ ငါကတော့မင်းကို အသေမသတ်ပါဘူး မင်းမှာ လူ့ကျင့်ဝတ်အရ ပြစ်ဒဏ်တွေ ခံရဦးမယ် ဘထင် ”

တေဇ စကားကြောင့် ဘထင်လည်း တောက် တစ်ချက်ခေါက်လိုက်ပြီး သက်တန့်ရောင်စက်ကိုထုတ်ပြီး တေဇ ရှိရာသို့ တွန်းပို့လေသည်။ တေဇလည်း မန္တန်တစ်ပုဒ်ရွတ်ပြီး လက်နှစ်ဖက်မှ အခိုးအငွေ့များထွက်နေသော စက်ကြိုးကို ထုတ်ပြီး ပြန်ပစ်လေသည်။ စက်နှစ်ခု ထိပ်တိုက်တွေ့ပြီး

” ဝုနျးးးးးး အားးးးးး အော့ဝေါ့ ”

ဘထင်စက်ကြိုးပျက်သွားကာ ဒူးထောက်လျှက်သား လဲကျသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။ တေဇက ဘထင်အနားကပ်ပြီး

” ဘထင် မင်းကိုငါ တစ်ခါတည်းသတ်လို့ရတယ် ဒါပေမဲ့ မင်း အပြစ်တွေ မင်းခံယူရဦးမယ် အဲ့တော့ မင်းပညာတွေအကုန် ငါနှုတ်မယ် ”

တေဇလည်း အဲ့လိုပြောပြီး ဘထင်နဖူးအား လက်ဖြင့်ကိုင်ပြီး

” ပညာသည် အပေါင်းကို အုပ်ချူပ်ဆုံးမတော်မူသော အမေရေယာဉ်အား သားတော်ပင့်ဖိတ်ပါတယ် မြန်မကြွာ ကြွလှမ်းပေးပါ ”

ဘေးမှ သစ်ပင်များ လေမတိုက်ပဲလှုပ်ရမ်းလာပြီး အပေါ်အောက် အနက်ရောင်ဝတ်ထားသော အမေရေယာဉ်မှ သစ်ပင်ပေါ်မှ မတ်တပ်ရပ် ကြွရောက်လာသည်။

” အမေ့ကို ပင့်ဖိတ်လိုက်တာ ဒီဘထင်ဆိုတဲ့ကောင်ရဲ့ပညာကိုသိမ်းပေးဖို့ပါ ဒီကောင်က မိန်းကလေးတစ်ယောက်ကို စော်ကားသတ်ဖြတ်ပြီး ဝိဉာဉ်ကိုချုပ်ပြီးနှိပ်စက်ပါသေးတယ် ဒါ့ကြောင့် အမေ သူ့ကို ပညာနှုတ်ပေးပြီး ဆုံးမပေးပါ ”

” ဘထင် ငမိုက်သား နင့်ကို ပညာတွေပြန်သိမ်းပြီး အရူးဘဝနဲ့ဘဝဆုံးစေရမယ် ”

အမေရေယာဉ်လည်း ပြောပြောဆိုဆို ဓားနှစ်လက်ဖြင့် ဝေ့ရမ်းနေလေသည်။ ဘထင်ကိုယ်ထဲမှ ပညာစက်များ အခိုးအငွေ့များထွက်လာပြီး အမေရေယာဉ်ထံသို့ လွင့်မြောသွားလေသည်။ ဘထင်လည်း လဲကျသတိမေ့သွားလေသည်။ အမေရေယာဉ်က

” ငါ့သားနဲ့ငါ့သမီးကို တာဝန်တစ်ခုပေးစရာရှိတယ် ”

တေဇနှင့်ခင်လွှမ်းလည်း အမေရေယာဉ်ရှေ့သို့ ဒူးထောက်လိုက်ပြီး

” ဘာတာဝန်များလဲ အမေ သားတို့ တာဝန်ယူဖို့အသင့်ပါ ”

” ဒီလိုကွဲ့ငါ့သားတို့က အဖြူရောင်ပညာသည်တွေဖြစ်လို့ ဆရာတော်တစ်ပါးကို ကူညီရမယ် ဒီကနေ မြောက်စူးစူးကိုသွားလိုက် သဲကုန်းဆိုတဲ့ရွာမှာ အကောင်ထည်ဖော်ပေတော့ ”

ဟုဆိုကာ ပျောက်ကွယ်သွားလေတော့သည်။ နောက်နေ့များတွင် ရူးချင်ယောင်ဆောင်နေသည်ဟုဆိုကာ ဘထင်အား ရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာသို့အပ်လိုက်လေပြီး မကြာမီ ထောင်တွင်း နှိပ်စက်မှုများကြောင့် သေဆုံးသွားရလေသည်။ နောက်အပိုင်းမှာ တေဇနှင့်ခင်လွှမ်း ဆရာတော်ကို ဘယ်လို ကူညီကြမလဲ စောင့်မျှော်ပေးပါဦးဗျ။

စာရေးသူ – လင်းတေဇ

Zawgyi Version

အပါယ္လားမည့္လူ႔ငႏြား(စ/ဆံုး)
—————————————-
” ဟဲ့ လမင္းေရ မၿပီးေသးဘူးလား ငါေတာင္ၿပီးေနၿပီ ”
” ၿပီးပါၿပီ သီတာရဲ့ ဒီမွာ ေတာေျမႇာက္ဖို့ လက္ဖက္ကေလးထည့္ေနလို့ပါ ”
” ဒါဆိုလည္း သြားၾကရေအာင္ေလ ေနျမင့္ရင္ မွိုေတြမၽွစ္ေတြ သူမ်ားေတြ တူးသြားတာနဲ႔မရပဲေနမယ္ ဟင္းရြက္ဟင္းသီးလည္း ရွာၾကတာေပါ့ ေအ ”

ေတာရြာဘက္ေတြမွာ မိုးတြင္းဆို မွိုရွာ မၽွစ္ခ်ိဳးလုပ္ၾကၿပီး မွိုကို အိမ္စားဖို့ခ်န္ထားၿပီး ျပန္ေရာင္း။ မၽွစ္ကို မၽွစ္ခ်ဥ္တည္ၿပီး ငပိရည္က်ိဳနဲ႔အတို့ျမဳပ္လုပ္စားၾကတာပင္။ ေတာထဲဝင္ၿပီဆို အမဲလိုက္သူမ်ားက အမဲရဖို့ ေတာေျမႇာက္ၾကသလို မွိုရွာ မၽွစ္ခ်ိဳးတဲ့သူေတြကလည္း အႏၲရာယ္ကင္းဖို့ ေတာေျမႇာက္ၾကသည္။ အခုလည္း လမင္းႏွင့္သီတာတို့သူငယ္ခ်င္းႏွစ္ေယာက္ နံနက္ေစာေစာထကာ ေတာဝင္ဖို့ျပင္ဆင္ၿပီး ေတာစပ္ေရာက္ေတာ့ ပလိုင္းထဲမွ လက္ဖက္ႏွင့္ထမင္းျဖဴထုပ္ကို ေျဖၿပီး
” ေတာပိုင္ ေတာင္ပိုင္မ်ားကို လက္ဖက္ ထမင္းမ်ားႏွင့္တင္ေျမႇာက္ပသပါတယ္ အႏၲာရယ္ကင္းေအာင္ ေစာင္မၾကည့္ရွူေပးၾကပါ ”
” ကဲသြားရေအာင္ သီတာေရ ”

သီတာႏွင့္လမင္းက သူငယ္ခ်င္းမ်ာျဖစ္ၾကသလို ရြာ၏အေခ်ာအလွ စာရင္းဝင္မ်ားျဖစ္ၾကေလသည္။ မိုးတြင္းမို့ မွိုမ်ား မၽွစ္မ်ား ဟင္းရြက္ဟင္းသီးမ်ား အလၽွံပယ္ေပါမ်ားေနၾကရာ သူငယ္ခ်င္းႏွစ္ေယာက္ ပလိုင္းအျပည့္ရရွိခဲ့ၾကေလသည္။ ေန႔လည္စာ စားခ်ိန္ေရာက္ေတာ့ သူငယ္ခ်င္းႏွစ္ေယာက္ ထမင္းႏွင့္ ငေျခာက္ဖုတ္ ငပိေထာင္းမ်ားျဖင့္စားၾကေလသည္။

” သီတာ ေရကုန္ေနၿပီလား ငါ့ေရလည္းကုန္သြားၿပီ ”

” ေအးဟုတ္တယ္ လမင္း ေနေန ငါဟိုနားက ေခ်ာင္းမွာ သြားခပ္လိုက္မယ္ ”

ေျပာေျပာဆိုဆိုႏွင့္ ေရဘူး ႏွစ္ဘူးလုံးယူကာ ထသြားေလသည္။ ခပ္လွမ္းလွမ္းရွိ စမ္းေခ်ာင္းတြင္ ေရခပ္ေနရင္း

” ေဝါင္းးးးးး ”

သီတာေရာ လမင္းပါ က်ားဟိန္းသံၾကားလိုက္ရာ သီတာလည္း ေရဆက္မခပ္ေတာ့ပဲ ေဘးမွ ဝါး႐ုံထဲဝင္ပုန္းေနလိုက္သည္။ လမင္းက ခပ္လွမ္းလွမ္းမွ ျခဳံထဲေျပးဝင္သြားေလေဆာ့သည္။ အတန္ၾကာ ပုန္းခိုၿပီးေနာက္ သီတာလည္း ဝါး႐ုံထဲမွ ျပန္ထြက္လာၿပီး ေရဘူးမ်ားကို ယူၿပီး လမင္းရွိရာသို့ ျပန္လာခဲ့ေလသည္။

” ဟယ္ လမင္း ဘယ္ေရာက္သြားပါလိမ့္ ပလိုင္းေတြလည္း ပြစိေနပါလား ဟယ္ က်ားေျခရာေတြေရာ အမ်ားႀကီးပါလား ”

သီတာလည္း လမင္းအား အခ်ိန္အေတာ္ၾကာလိုက္လံရွာေဖြၿပီးေနာက္

” သြားပါၿပီ ငါ့သူငယ္ခ်င္းေတာ့ ကိုယ္က်ိဳးနည္းၿပီထင္ပါရဲ့ ငါ ..ငါ ဘယ္လိုေျပာရမလဲ သူ႔မိဘေတြကို ဟင့္ဟင့္ဟင့္ဟင့္ ”

သီတာလည္း ဝမ္းနည္းစြာငိုကာ လမ္းအတိုင္းျပန္လာခဲ့ရင္း

” ဟယ္ လမ္းေပ်ာက္ေနျပန္ၿပီ လမ္းမွားလာျပန္ၿပီ ေတာက ကၽြမ္းတာမဟုတ္ဘူး ဒုကၡပါပဲ ”

သီတာ တစ္ေယာက္တည္း လမ္းေပ်ာက္ေနကာ ေတာမွာ နက္သည္ထက္နက္လာေလသည္။

” ဟဲ့ သီတာ မိုးခ်ဳပ္ေနၿပီ နင္မျပန္ေသးဘူးလား ”

အေနာက္မွ လွမ္းေျပာသံေၾကာင့္ သီတာ ေနာက္ျပန္လွည့္ၾကည့္လိုက္ရာ မုဆိုးဘထင္။ မုဆိုးဘထင္ဆိုတာ ရြာမွာ သိပ္ၿပီးေနသူမဟုတ္ ေတာထဲမွာ တဲထိုးၿပီး အမဲလိုက္ေနသူျဖစ္သူ။ မုဆိုးဆိုေတာေၾကာင့္ ေတာကၽြမ္းေလရာ သီတာ ဝမ္းသာသြားသည္။

” ဟိုေလ သီတာ လမ္းေပ်ာက္ေနလို့ပါ ၿပီးေတာ့ လမင္းကို က်ားဆြဲသြားတာလားမသိဘူး ”

” ဘယ္လို ျဖစ္ရတာလဲသီတာ ေျပာစမ္းပါဦး ”

သီတာလည္း အစအဆုံး အေၾကာင္းစုံကို ရွင္းျပလိုက္ရာ မုဆိုးဘထင္လည္း

” အင္း နင္ေျပာပုံအရဆို က်ားဆြဲသြားတာေနမယ္ လာ ငါရြာကို လိုက္ပို့မယ္ ”

” ဟုတ္ ဦးဘထင္ ”

သီတာနဲ႔မုဆိုးဘထင္လည္း ရြာသို့ျပန္လာခဲ့ရင္း ေန႔လည္က ထမင္းစားခဲ့ေသာေနရာ ေရာက္ေသာအခါ

” ဒီေနရာပဲ ဦးဘထင္ ေန႔လည္က သီတာတို့ ထမင္းစားခဲ့ၾကတာ ”

” ေအ ဟုတ္သားပဲ က်ားေျခရာေတြ နည္းနည္းေနာေနာမွမဟုတ္တာ ေသခ်ာပါတယ္ က်ားဆြဲသြားတာ ”

သီတာတို့လည္း ရြာသို့အေရာက္ျပန္ခဲ့ၾကေလရာ ရြာထိပ္တြင္ မီးတုတ္မ်ား လက္နက္မ်ားျဖင့္ လူတစ္စုအားေတြ႕ရေလသည္။ လမင္း အေဖႏွင့္သီတာ အေဖက အပါအဝင္ လူဆယ္ေယာက္ခန္႔ရွိေလသည္။

” သမီး သီတာ မေသေကာင္းမေပ်ာက္ေကာင္းသမီးရယ္ ေဖေဖစိတ္ပူလိုက္ရတာ ဒါနဲ႔သမီးလမင္းေရာ ”

သီတာလည္း အေၾကာင္းစုံရွင္းျပလိုက္ၿပီးေနာက္ ဝမ္းနည္းစြာ ငိုခ်မိေလျပန္သည္။ ရြာသားမ်ားလည္း စိတ္မေကာင္းျဖစ္ၾကရေလသည္။ တခ်ိဳ့က ေတာနင္းၿပီး အေလာင္းရွာၾကသလို တစ္ခ်ိဳ့က လမင္းအသုဘ ရက္လည္အတြက္ျပင္ၾကရျပန္သည္။ အေလာင္းျပန္ရလိုရညားသြားရွာျပန္ေသာ္လည္း အေလာင္းျပန္မေတြ႕ခဲ့ေပ။

” အကို ရြာကိုတန္းမျပန္ပဲ ဘာလို့ နယ္လွည့္ခ်င္တာလဲ ”

ခင္လႊမ္းအေမးေၾကာင့္ ေတဇက အေရွ႕မွ ေျခလွမ္းမ်ားကို ရပ္တန္႔ၿပီးေနာက္

” အကို့ အ႐ုံထဲမွာ မိန္းကေလးတစ္ေယာက္အကူညီေတာင္းေနတယ္ ဒါေၾကာင့္ ေျခဆန္႔ၾကည့္တာ ”

” ဒါဆို ဒီအတိုင္းသြားေနမဲ့အတူ တစ္ေယာက္ေယာက္ကို ေခၚေမးၾကည့္ရေအာင္ေလ ”

” ဟုတ္သားပဲ ေမ့ေနလိုက္တာ ကဲ သုနႏၵေတဇေရ အလိုေတာ္ရွိလို့ ေရာက္ရွိပါဦး ”

ေတဇရဲ့ ရယ္က်ဲက်ဲပုံစံေၾကာင့္ ခင္လႊမ္းလည္း ရယ္ခ်လိုက္ေလသည္။ သုနႏၵေတဇလည္း ေရာက္ရွိလာၿပီး

” ေခၚေတာ္ရွိလို့ ေရာက္ရွိပါၿပီ အရွင္ ”

” သင့္ကိုေမးစရာရွိလို့ ဒီရက္ပိုင္း ငါ့အ႐ုံထဲမွာ မိန္းကေလးတစ္ေယာက္အကူညီေတာင္းေနလို့ အဲ့ဒါ သင္ေျပာ ၾကည့္ပါဦး ဘယ္လိုလဲဆိုတာ ”

” ဒါက အ႐ုံရေနတာထက္ အမွန္တကယ္ အကူညီေတာင္းေနတာပါ ”

” ဟုတ္လား ဘယ္လိုကူညီရမလဲ လမ္းစေလးျပခဲ့ပါဦး ”

” ဒီလိုပါ ​ဒီကေန ႏွစ္ရြာေက်ာ္မွာရွိတဲ့ ရြာကလမင္းဆိုတဲ့ မိန္းခေလးတစ္ေယာက္ရဲ့ဝိဉာဥ္က သခင့္ကို အကူညီေတာင္းေနတာတာပါ သခင္က သူ႔ကိုဆင့္ေခၚၿပီး ျဖစ္ပ်က္သမၽွကို ေမးၿပီး မီးစင္ၾကည့္ကရမွာပါ ”

” ဟုတ္ၿပီ သင္ျပန္နိုင္ၿပီ သုနႏၵေတဇ ”

ေတဇတို့လည္း ႏွစ္ရြာေက်ာ္အထိ သြားၿပီးေနာက္ ရြာထိပ္ ဇရပ္ေရာက္ေသာအခါတြင္ ​ေမွာင္စပ်ိဳးေနေလၿပီ။ ေတဇႏွင့္ခင္လႊမ္းလည္း ခဏနားၿပီးေနာက္ အင္းတစ္ခ်က္ကို လက္ဝါးေပၚတင္ကာ

” က်ဳပ္ အ႐ုံထဲမွာ အကူညီေတာင္းေနတဲ့ လမင္းဆိုတဲ့ ဝိဉာဥ္ မဆိုင္းမတြ ငါ့အေရွ႕ေရာက္ေစ အတားအဆီးမရွိေစရ ”

ေတဇလည္း အမိန္႔ျပန္ၿပီး အင္းခ်ပ္ကို လက္ႏွင့္ပုတ္ခ်လိုက္ေလသည္။

” ဖလပ္ဖလပ္ အားးးးးး ဖ်တ္ဖ်တ္ဖ်တ္… ”

ေဘးမွ သစ္ပင္မ်ားမွ ငွက္မ်ား က်ီးမ်ား ထေျပးၿပီး သစ္ရြက္မ်ား ေလမတိုက္ပဲ လွုပ္ခါေနေလသည္။ အပုပ္နံ့မ်ား လွိုင္တက္လာေလသည္။

” က်ဳပ္အေရွ႕တည့္တည့္လာပါအမိ က်ဳပ္က မေၾကာက္တတ္လို့ သင့္မူလ႐ုပ္အတိုင္းလာခဲ့ပါ က်ဳပ္ကူညီပါ့မယ္ ”

ေတဇအဲ့လိုေျပာလိုက္မွ ေတဇအေရွ႕တည့္တည့္တြင္ ျပတ္က်လုနည္းပါးျဖစ္ေနေသာ လည္ပင္းမွေသြးမ်ား ဒရေဟာစီးက်ေနသည့္ မိန္းက​ေလးတစ္​ေယာက္​ေပၚလာခဲ့သည္။ ထိုအခါ​ေတဇက

” က်ဳပ္က အမိ အိမ္မက္ထဲကေန အကူညီေတာင္းေနတဲ့သူပဲ အခု အမိ အခက္အခဲကို က်ဳပ္ကိုေျပာပါ က်ဳပ္ကူညီပါ့မယ္ ”

လမင္းလည္း ဒူးေထာက္ၿပီး ငိုခ်ကာ အျဖစ္အပ်က္မ်ားအား ျပန္လည္ေျပာျပေလေတာ့သည္။

” ကၽြန္မ နာမည္က လမင္းပါ ကၽြန္မသူငယ္ခ်င္း သီတာနဲ႔ ေတာတက္ရင္း သီတာေရသြားခပ္ေနတုန္း က်ားဟိန္းသံၾကားလို့ ေဘးက ခ်ဳံထဲဝင္ပုန္းေနတုန္း …… မုဆိုးဘထင္ေရာက္လာၿပီး ကၽြန္မကို အဟင့္……… ”

မုဆိုးဘထင္လည္း က်ားဟိန္းသံၾကားလို့ အနီးအနားရွိျခဳံထဲဝင္ပုန္းေနရင္း မိန္းခေလးတစ္ေယာက္၏ ေနာက္ပိုင္းေကာက္ေၾကာင္းကိုျမင္ေတြ႕လိုက္ရာ ေသြးသားမ်ားထႂကြလာၿပီး ေကာင္မေလးအနားသို တေျဖးေျဖးခ်ဥ္းကပ္လာသည္။

” အမေလးေတာ့ ဟင္ မုဆိုးဦးဘထင္ ”

မုဆိုးဘထင္လည္း စိတ္ဆႏၵကို ခ်ဳပ္တည္းမရနိုင္ေတာ့ပဲ လမင္းအား အတင္းဆြဲဖက္ေလေတာ့သည္။ လမင္းလည္း အတင္း႐ုန္းကန္ေနေပမဲ့ သန္မာလွေသာ ဘထင္ရဲ့အားကို မ႐ုန္းနိုင္ေတာ့ပဲ………။
မုဆိုးဘထင္လည္း မိမိဆႏၵျပည့္ဝၿပီးေနာက္ လမင္းလည္ပင္းအား ဓားနဲ႔မႊန္းခ်လိုက္ၿပီး အေလာင္းေဖ်ာက္ဖ်က္ျပစ္လိုက္ေလသည္။ ထို့ေနာက္ မိမိတတ္ထားေသာ ေအာက္လမ္းပညာျဖင့္ လမင္း၏ ဝိဉာဥ္အားခ်ဳပ္ထားေလသည္။ ဘထင္ရဲ့ရည္ရြယ္ခ်က္က သူ႔ကို လမင္းက တရားစြဲမွာေၾကာက္ၿပီး သတ္ပစ္ခဲ့ေပမဲ့ ဝိဉာဥ္ကပါ ဟိုပူးဒီပူးနဲ႔ ဇယားေတြရွုပ္မည္ဆိုးသျဖင့္ ႀကိဳတင္ရွင္းထားျခင္းျဖစ္ေလသည္။

” ဪ ဒီလိုကိုး ဒါဆို မုဆိုးဘထင္က ေအာက္လမ္းပညာနဲ႔အမိကို ခ်ဳပ္ထားတာေပါ့ ”

” ဟုတ္ပါတယ္ အစက သူ႔ကို မုဆိုးလို့ပဲ သိထားတာပါ ကၽြန္မေသၿပီးသြားမွ သူ႔ခႏၶာကိုယ္က အခိုးအေငြ႕ေတြထြက္ေနတာျမင္လို့ ေအာက္လမ္းပညာတတ္မွန္းသိတာပါ သူက ကၽြန္မကို မၾကာခဏႀကိမ္လုံးနဲ႔ရိုက္ပါတယ္ ဆရာ သူ႔ကိုတရားဥပေဒအရ အေရးယူေပးလို့ရေအာင္ ကူညီေပးပါ ”

” ဒါက မင္းလုပ္ရမဲ့အပိုင္းပါ ရြာထဲဝင္ဖို့ ရြာေစာင့္နတ္ကို က်ဳပ္ေျပာထားမယ္ က်န္တာေတြ က်ဳပ္ဆက္လုပ္မယ္ အမိလုပ္ရမွာက ေအာက္လမ္းေကာင္ မုဆိုးဘထင္က တရားခံပါဆိုတာကိုပဲ ”

” ဟုတ္ကဲ့နားလည္ပါၿပီ အခုသူ ရြာထဲမွာ ရွိေနပါတယ္ ကၽြန္မကို သူထပ္ၿပီး မခ်ဳပ္နိုင္ေအာင္ေတာ့လုပ္ေပးပါ ”

” စိတ္ခ် သူမင္းကို ဘာမွလုပ္လို့ မရေစရဘူး မင္းလုပ္စရာရွိတာ မင္းလုပ္ပါ ”

ေတဇလည္း မွာစရာရွိတာမွာၿပီး လမင္းအား ရြာထဲဝင္ဖို့ ကူညီေပးလိုက္ေလသည္။

” ဝူးအူးးးးးးးးးးးးးး ”

ဆြဲဆြဲငင္ငင္အူေနသည့္ ေခြးအူသံေၾကာင့္ သီတာ လန္႔နိုးလာေလသည္။ ၿပီးေတာ့ ေသာက္ေရအိုးဆီလွမ္းလာကာ ေရတစ္ခြက္ခပ္ေသာက္ၿပီး အိမ္ေရွ႕သို့ အမွတ္မထင္ၾကည့္မိလိုက္ရာ

” ဟင္ အိမ္ေရွ႕က ဘယ္သူပါလိမ့္ ”

သီတာလည္း စိတ္ညိဳ့ခံရသူပမာ အိမ္ေအာက္သို့ တစ္လွမ္းခ်င္း ဆင္းသြားေလသည္။ မိန္းက​ေလး တစ္ေယာက္မွ သီတာအား ေက်ာေပးၿပီ ရပ္ေနေလရာ

” ဘယ္သူလဲ ဒီအခ်ိန္ႀကီး သူမ်ားအိမ္အေရွ႕မွာ ဘာရပ္လုပ္ေနတာလဲ ”

သီတာလည္း အဲ့လိုေမးလိုက္ရာ ရပ္ေနသူက

” သူငယ္ခ်င္း ငါ့ကို မေၾကာက္ပါနဲ႔ ငါလမင္းေလဟာ ငါ့ကို မုဆိုး ဘထင္သတ္တာ ”

အဲ့လိုေျပာၿပီး သီတာဘက္သို့ မ်က္ႏွာႀကီး လွည့္လာရာ

” သ…သရဲ… အေမေရ …သရဲ သ…သ….သရဲ ”

သီတာလည္း အေၾကာက္လြန္ကာ သတိေမ့သြားေလသည္။ သီတာ့ ေအာ္သံေၾကာင့္ မိဘမ်ား နိုးလာၾကၿပီး ဝိုင္းထဲဆင္းလာရာ ေမ့ေျမာေနေသာ သီတာအား ေပြ႕ခ်ီၿပီး ႏွာႏွပ္ျပဳစုၾကေလသည္။ ေဘးအိမ္မွ လူမ်ားလည္း ဝိုင္းဝန္းျပဳစုၾကေလသည္။ ေနာက္တေန႔တြင္ သီတာအား ရြာဦးေက်ာင္းသို့ေခၚသြားၿပီး ဆရာေတာ္အား အက်ိဳးအေၾကာင္းေျပာျပေလရာ

” ဒါဆို ဒကာမေလး လမင္းက မကၽြတ္မလြတ္ပဲရွိေနတာေပါ့ ”

” မွန္ပါ့ ဘုရား တပည့္ေတာ္မ မ်က္စိနဲ႔တပ္အပ္ျမင္ခဲ့တာပါ ”

” မျဖစ္နိုင္ဘူး က်ဳပ္သမီးက ဘာအကုသိုလ္မွ လုပ္ထားတာ မရွိဘူး ခင္ဗ်ားတို့ လိမ္ေနၾကတာ ”

လမင္းအေဖက ထၿပီး ေျပာဆိုေလရာ စကားဝိုင္းမွာ ဆူညံလာေလေတာ့သည္။ ဆရာ​ေတာ္က

” တိတ္ၾကစမ္း ဒကာတို့ ”

ဆရာေတာ္လည္း စကားဝိုင္းကို တိတ္ဆိတ္ေစကာ အပါယ္ေလးဘုံရွိေၾကာင္း အပါယ္ေလးဘုံတြင္ ငရဲ၊တရိစၧာန္၊ ၿပိတၱာ၊ အသူရာကယ္ဆိုၿပီး ခြဲျခားျပၿပီး ၿပိတၱာဘုံတြင္ သရဲ၊ဖုတ္၊တေစၧ၊ဘီလူး၊သူေယာင္၊ဝိဉာဥ္ မွင္စာ ဆိုၿပီး ခြဲျခားျပေလသည္။ လမင္းအေဖက

” ဆရာေတာ္ဘုရား တပည့္ေတာ္ ေလၽွာက္တင္စရာရွိပါတယ္ တကယ္လို့ တပည့္ေတာ္သမီး မကၽြတ္မလြတ္ပဲရွိေနတာဆိုရင္ အရွင္ဘုရား ဘယ္လို သက္ေသျပနိုင္မလဲ ”

လမင္း အေဖ၏ ဘုကန္႔လန္႔စကားေၾကာင့္ ဆရာေတာ္အပါအဝင္ အားလုံး တိတ္ဆိတ္သြားၾကေလသည္။ ထိုအခိုက္

” က်ဳပ္ျပနိုင္တယ္ ဒါေပမဲ့ ရြာထဲက လူအကုန္ေခၚထားေပးၿပီး သက္ဆိုင္ရာကို အေၾကာင္းၾကားေပးထားဖို့လိုပါတယ္ ”

အသံႏွင့္အတူ လူငယ္ေယာက္်ားတစ္ေယာက္ႏွင့္ မိန္းခေလးတစ္ဦး။

” ဒကာေတာ္က ဘယ္လို သက္ေသျပမွာလဲ ”

” လြယ္ပါတယ္ အရွင္ဘုရား ေသဆုံးသြားသူ လမင္းရဲ့ ဝိဉာဥ္ကို ေခၚလိုက္႐ုံပါပဲ ”

” ေကာင္းၿပီေလ မင္း ငါ့သမီး မကၽြတ္မလြတ္တာကို ငါ့မ်က္စိနဲ႔ျမင္ေအာင္ျပ ဒါဆို ငါယုံမယ္ကြာ ”

လမင္း အေဖရဲ့စကားေၾကာင့္ ေတဇက ခပ္မဲ့မဲ့ျပဳံးၿပီး

” ရတယ္ က်ဳပ္က သက္ေသျပနိုင္ပါတယ္ ဒါေပမဲ့ ညအထိေစာင့္ဖို့လိုလိမ့္မယ္ ”

အားလုံးလည္း သေဘာတူလိုက္ရာ ေတဇတို့လည္း လိုအပ္သည္မ်ားျပင္ဆင္ဖို့ ရြာအျပင္သို့ျပန္ထြက္သြားေလသည္။ ညေရာက္ေတာ့ ခင္လႊမ္းကို ထားခဲ့ၿပီး လမင္းတို့အိမ္သို့ သြားၿပီး

” သီတာဆိုတဲ့ ညီမေလး အေရွ႕ကိုတိုးခဲ့ပါ ”

ေတဇက အဲ့လိုေခၚလိုက္ရာ သီတာက အေရွ႕သို့တိုးလာၿပီး

” သီတာဆိုတာ ညီမပါ ဘာျဖစ္လို့လဲမသိဘူး ”

” အမိ ဘာမွေၾကာက္စရာမလိုဘူးေနာ္ အမိေျပာမဲ့ဟာေတြအမွန္ဆိုတာ က်ဳပ္ယုံတယ္ အခုက်ဳပ္ေမးတာ တစ္ခုခ်င္းဆီကို ေျဖေပးပါ ”

” ဟုတ္ သီတာ သိတာမွန္သမၽွေျဖပါမယ္ ေမးပါ အကို ”

” မေန႔ညက အမိ သူငယ္ခ်င္း လမင္းက ဆံပင္ဖ်ားလ်ားခ်ထားတယ္ မ်က္ႏွာက ပုပ္ပြေနတယ္ လည္ပင္းက ျပတ္က်ခါနီးျဖစ္ေနတယ္ ဟုတ္လား ”

” ဟုတ္ပါတယ္ အစ္ကို…အစ္ကိုက ဒါကို ဘယ္လိုသိတာလဲ ”

” ဒါက အေရးမႀကီးပါဘူး မေန႔ညက ကိစၥကို ျပန္ေတြးၾကည့္ စိတ္ကိုလႊတ္ခ်ၿပီး ”

သီတာလည္း စိတ္ကို လႊတ္ခ်ၿပီး ျပန္ေတြးၾကည့္လိုက္ရာ လူက ေလေပၚသို့ လြင့္တက္သြားသည္ေယာင္။ ထို့ေနာက္ဘာမွ မသိေတာ့ေပ။

” ဟင္းဟင္းဟင္း မေက်နပ္ဘူး လုံးဝမေက်နပ္ဘူး ”

” ကဲ စိတ္ေလၽွာ့ၿပီး သင္ဘယ္သူလဲဆိုတာ အားလုံးျမင္ေအာင္ျပလိုက္စမ္းပါဦး ”

” အမေလး ဟာ…. သရဲ…..ေၾကာက္စရာႀကီးဟယ္ အမေလး..”

သီတာ့မ်က္ႏွာေပ်ာက္ၿပီး ပုပ္ပြကာ မ်က္လုံးမ်ား အမည္းစက္မရွိပဲ အျဖဴဆန္ႀကီးသာရွိသည့္ မိန္းက​ေလးအသြင္​ေျပာင္းသြားသျဖင့္ အားလုံးထိတ္လန္႔ေနၾကသည္။ လမင္းအေဖက

” သမီးေလး ဘယ္လိုျဖစ္ရတာလဲ ေဖေဖ့ကို ေျပာစမ္း ”

” ေဖေဖ သမီးကို မုဆိုးဘထင္မတရားက်င့္ၿပီး သတ္လိုက္တာပါ သမီးအေလာင္းကို ေတာထဲက အင္ပင္ႀကီးေအာက္မွာျမဳပ္ထားပါတယ္ သမီးကို သူခ်ဳပ္ထားတာ အခု ဒီဆရာကူညီလို့ ျပန္လြတ္လာတာပါ အီးဟီးးးးးးဟီး…..”

” ကဲ ဆိုင္ရာလူႀကီးမ်ားက မုဆိုးဘထင္ကို သြားေခၚေပးၾကပါ ကဲ အမိက ေျပာစရာရွိတာေတြေျပာၿပီး ဒီခႏၶာကထြက္ပါ ”

” ေဖေဖ သမီးရဲ့လက္ဝတ္လက္စားေတြကို ဘထင္က သူ႔အိမ္က ေသတၱာထဲမွာထည့္ထားပါတယ္ သူ႔ကို အေရးယူေပးပါ ”

အဲ့လိုေျပာၿပီး လမင္းလည္း သီတာ့ ခႏၶာကိုယ္မွ ထြက္ခြာသြားေလသည္။ လမင္းအေဖက

” သတ္မယ္ အဲ့ေကာင္ကို ငါ့လက္နဲ႔သတ္ရမွေက်နပ္မယ္ ”

ထရံမွ ငွက္ႀကီးေတာင္ဓားကိုဆြဲၿပီး အိမ္ေပၚမွေျပးဆင္းသြားေလသည္။ သီတာလည္း သတိျပန္ရလာၿပီး

” ေစာေစာက ဘာျဖစ္သြားတာလဲ ညီမဘာျဖစ္သြားတာလဲ အစ္ကို ”

” ေဘးက လူေတြကို ေမးၾကည္ပါ က်န္တဲ့မိသားစုဝင္ေတြက လမင္းအတြက္ ကုသိုလ္ေကာင္းမွု ျပဳေပးၾကပါ ”

အဲ့လိုေျပာၿပီး အိမ္ေပၚမွဆင္းလာခဲ့ေလသည္။ မုဆိုးဘထင္လည္း အေၾကာင္းစုံကို ေထာက္လွမ္းသိၿပီးေနာက္ ရြာမွ ထြက္ေျပး​ေလေတာ့သည္။ ရြာထိပ္အေရာက္တြင္

” မိန္းခေလး တစ္ေယာက္ကို ေစာ္ကားၿပီး သတ္ခဲ့တဲ့အျပစ္ကေန လြတ္မယ္ထင္လား ဘထင္ ”

ခင္လႊမ္းလည္း အဲ့လိုေျပာၿပီး အေရွ႕ကေန ပိတ္ရပ္ေနလိုက္သည္။ ဘထင္က

” ဪ မဆိုင္တဲ့ကိစၥကိုဝင္ရွုပ္ၾကတာကိုး နင့္ပညာမျဖစ္စေလာက္နဲ႔ ငါ့ကို တားနိုင္မယ္ထင္ေနလား အသက္မေသခ်င္ရင္ အေရွ႕ကေနဖယ္စမ္း ”

” သြားလို့ရမယ္ထင္ရင္ ​ေရွ႕ကို ေျခတစ္လွမ္းလွမ္းၾကည့္ပါလား ”

ဘထင္လည္း ေခသူမဟုတ္။ ေျခတစ္လွမ္းခ်လိုက္ရာ မီးမ်ား ဝုန္းခနဲထေတာက္လာၿပီး ျပန္ၿငိမ္းသြားေလသည္။

” ငါ့ကိုနိုင္မွ နင္လြတ္မယ္မွတ္ ဘထင္ ”

” ဒါဆိုလည္း ေတြ႕ၾကတာေပါ့ ကဲေရာ့ဟယ္ ”

အဲ့လိုေျပာၿပီး အင္းတစ္ခ်ပ္ျဖင့္ ခင္လႊမ္းအားျပစ္ေလသည္။ ခင္လႊမ္းက ထိုအင္းကို လက္ႏွင့္ပုတ္ခ်လိုက္ရာ ဝုန္း ခနဲမီးထေတာက္ၿပီး အေနာက္သို့ ေလးငါလွမ္းဆုတ္သြားသည္။ ဘထင္က

” ဟားဟားဟား မျဖစ္စေလာက္ေလးနဲ႔မ်ား ငါ့ကိုတားခ်င္ေနေသးတယ္ အခုခ်ိန္ေနာက္ဆုတ္ရင္ အခ်ိန္မွီေသးတယ္ေနာ္ ”

” အေျပာႀကီးမေနနဲ႔ နင့္စက္ေတြထုတ္လိုက္စမ္း အျမန္ထုတ္ ”

ဘထင္လည္း ​ေမွာ္စက္ရွင္ကိုထုတ္ၿပီး ခင္လႊမ္းအားျပစ္ေလသည္။ ခင္လႊမ္းက ဘယ္လက္တစ္ဖက္တည္းျဖင့္ကာလိုက္ရာ စက္မ်ား ရပ္တန္႔ၿပီး ေပါက္ကြဲကုန္ေလသည္။

” ဪ နင္ကလည္း ကေဝမပဲကို ဘယ္ဆိုးလို့လဲ ေနာက္တစ္ဆင့္ကို ခံနိုင္ေအာင္ခံစမ္း ”

အဲ့လိုေျပာကာ နီရဲၿပီး တဖ်တ္ဖ်တ္ႏွင့္အသံမ်ားထြက္ေနေသာ စက္ႀကိဳးထုတ္ကာ ခင္လႊမ္းအား ပစ္ေလသည္။ ခင္လႊမ္းလည္း အျပာေရာင္စက္ကို ထုတ္ၿပီး ျပန္ကာထားေလသည္။ တျဖည္းျဖည္း ဘထင္စက္မ်ား အေရာင္မွိန္ကာ

” ဝုန်းးးးး အားးးး ”

ဘထင္ စက္ႀကိဳးျပတ္ၿပီး အေနာက္သို့ လဲက်သြားရာ ျပန္ထၿပီး ပါးစပ္မွ ေသြးမ်ားသုတ္ကာ

” အင္းဘီလူး လာစမ္း ဒီေကာင္မကို အေသလာသတ္စမ္း ”

အဲ့လိုေျပာၿပီး ဖေႏွာင့္ေပါက္ခ်လိုက္ရာ ေျမႀကီးထဲမွ အင္း ဘီလူးတစ္ေကာင္ထြက္လာၿပီး ခင္လႊမ္းရွိရာသို့ေျပးဝင္လာၿပီး ခင္လႊမ္းအား လက္ၾကမ္းျဖင့္ လႊဲအရိုက္

” ဝူးးးး ဝူးးးး ဂရားးးးးးး ”

ေျမႀကီးထဲမွ အေမႊစုတ္ဖြားႏွင့္ သဘက္ႀကီးငါးေကာင္ထြက္လာၿပီး ဘီလူးႀကီးအား ဝိုင္းၿပီး တိုက္ခိုက္ဆြဲရမ္းၾကေလသည္။ တခဏအတြင္းမွာပင္ ဘီလူးႀကီး တစ္စစီ ျဖစ္သြားေလသည္။

” ဘယ္လိုလဲ ဘထင္ နင့္ပညာကုန္ၿပီလား ”

” ဟားဟားဟား ဘထင္တဲ့ကြ ငါ့ပညာကို ကုန္ေအာင္ နင္တိုက္ၾကည့္စမ္းပါ ”

” ဒါဆိုလည္း နင့္ပညာကို အကုန္ထုတ္ေလ ကေလးသာသာ လုပ္မေနနဲ႔ ”

ခင္လႊမ္းစကားေၾကာင့္ ဘထင္လည္း ေဒါသထြက္သြားၿပီး မီးစုန္းကို ထုတ္ၿပီး

” ငါ့ရဲ့မီးစုန္းကို ခံနိုင္လား စမ္းၾကည့္ရေသးတာေပါ့ ဟားဟားဟား ”

အဲ့လိုေျပာၿပီး ခင္လႊမ္းအား မီးစုန္းႏွင့္ ျပစ္ေလရာ ခင္လႊမ္းလည္း မီးစုန္းကို မကာပဲ စူးစိုက္ၾကည့္ေနရင္း တစ္ေတာင္အကြာသို့ေရာက္ေသာအခါ

” ဟာ ဟိုကေဝမ ဘယ္ေပ်ာက္သြားတာလဲ သတၱိရွိ ကိုယ္မေဖ်ာက္နဲ႔ ​လူလုံးျပန္ျပစမ္း ”

” ဟားဟားဟား ကိုယ္ေဖ်ာက္ပညာကိုေတာင္ ျမင္ေအာင္မၾကည့္နိုင္ပဲနဲ႔ ကဲဟာ ”

” ဘုန္း….အင့္…… ”

ဘထင္အေနာက္မွ ေပၚလာၿပီး ဘထင္အား ေျခေထာက္ျဖင့္ ေဆာင့္ကန္လိုက္ေလရာ ဘထင္ ​ေရွ႕သို့ ေခါင္းဂၽြမ္းစိုက္ၿပီးက်သြားေလသည္။

” ျပန္ထၿပီး ငါ့ကိုနိုင္ေအာင္တိုက္စမ္းပါ ဘထင္ရဲ့… ထ အခု ”

ဘထင္လည္း စိတ္မရွည္ေတာ့ပဲ ​ေမွာ္တစ္ေထာင္စက္ျဖင့္ ခင္လႊမ္းအား ပစ္ေလေတာ့သည္။ အနက္ေရာင္ စက္ခိုးေငြ႕မ်ားကို ခင္လႊမ္း သတိႀကီးစြာကာေနရင္း

” ကဲေရာ့ ငါ့ရဲ့ငရဲမီးစက္ ”

ခင္လႊမ္းလည္း ငရဲမီးစက္ထုတ္ၿပီး ေမွာ္စက္အား ကာထားေလသည္။ စက္ႏွစ္ခု အားၿပိဳင္ေနရင္း

” ဝုန္း ေဖ်ာက္ေဖ်ာက္….. ”

ဘထင္စက္ႀကိဳးျပတ္ၿပီး အေနာက္သို့လႊင့္သြားေလသည္။ ငရဲမီးစက္အရွိန္ေၾကာင့္ ျမက္ခင္း တစ္ခုလုံး မီးထေတာက္ေလသည္။ ထိုစဥ္ ေတဇေရာက္လာၿပီး

” ဘထင္ မင္းလည္းေခသူမဟုတ္ဘူးဆိုတာ ငါသိတယ္ အဲ့ေတာ့ မင္းရဲ့ေနာက္ဆုံးပညာကိုထုတ္စမ္း ”

” ဘထင္တဲ့ကြ ဘယ္ေတာ့မွ မရွုံးဘူး အသက္ပဲအေသခံလိုက္မယ္ ”

အဲ့လိုေျပာၿပီး မီးေတာက္ေနေသာစက္ျဖင့္ ေတဇအား ျပစ္ေလရာ ေတဇလည္း ငရဲမီးေတာက္စက္ျဖင့္ ျပန္ကာထားေလသည္။ ဘထင္ရဲ့စက္မ်ားမွာ အားျပင္းၿပီး ေတဇ စက္ႀကိဳးကို ထိုးေဖာက္သြားေလသည္။ ေတဇလည္း စက္ႀကိဳးပ်က္ၿပီး အေနာက္ ေျခႏွစ္လွမ္းခန္႔ဆုတ္သြားရင္း ဘထင္ရဲ့စက္ကို ရိုက္ခ်လိုက္ေလရာ

” ဝုန္း အားးးး ”

ေတဇေရာ ဘထင္ပါ အေနာက္လြင့္သြားၾကသည္။ ႏွစ္ေယာက္လုံး ျပန္ထလာၿပီး

” မင္းနဲ႔ငါ ပညာကုန္သုံးၿပီးတိုက္ၾကမယ္ သူေသကိုယ္ေသ ”

” ရတယ္ေလ ငါကေတာ့မင္းကို အေသမသတ္ပါဘူး မင္းမွာ လူ႔က်င့္ဝတ္အရ ျပစ္ဒဏ္ေတြ ခံရဦးမယ္ ဘထင္ ”

ေတဇ စကားေၾကာင့္ ဘထင္လည္း ေတာက္ တစ္ခ်က္ေခါက္လိုက္ၿပီး သက္တန္႔ေရာင္စက္ကိုထုတ္ၿပီး ေတဇ ရွိရာသို့ တြန္းပို့ေလသည္။ ေတဇလည္း မႏၲန္တစ္ပုဒ္ရြတ္ၿပီး လက္ႏွစ္ဖက္မွ အခိုးအေငြ႕မ်ားထြက္ေနေသာ စက္ႀကိဳးကို ထုတ္ၿပီး ျပန္ပစ္ေလသည္။ စက္ႏွစ္ခု ထိပ္တိုက္ေတြ႕ၿပီး

” ဝုန်းးးးးး အားးးးးး ေအာ့ဝေါ့ ”

ဘထင္စက္ႀကိဳးပ်က္သြားကာ ဒူးေထာက္လၽွက္သား လဲက်သြားၿပီး ပါးစပ္မွ ေသြးမ်ား အန္ထြက္လာေလသည္။ ေတဇက ဘထင္အနားကပ္ၿပီး

” ဘထင္ မင္းကိုငါ တစ္ခါတည္းသတ္လို့ရတယ္ ဒါေပမဲ့ မင္း အျပစ္ေတြ မင္းခံယူရဦးမယ္ အဲ့ေတာ့ မင္းပညာေတြအကုန္ ငါႏွုတ္မယ္ ”

ေတဇလည္း အဲ့လိုေျပာၿပီး ဘထင္နဖူးအား လက္ျဖင့္ကိုင္ၿပီး

” ပညာသည္ အေပါင္းကို အုပ္ခ်ဴပ္ဆုံးမေတာ္မူေသာ အေမေရယာဥ္အား သားေတာ္ပင့္ဖိတ္ပါတယ္ ျမန္မႂကြာ ႂကြလွမ္းေပးပါ ”

ေဘးမွ သစ္ပင္မ်ား ေလမတိုက္ပဲလွုပ္ရမ္းလာၿပီး အေပၚေအာက္ အနက္ေရာင္ဝတ္ထားေသာ အေမေရယာဥ္မွ သစ္ပင္ေပၚမွ မတ္တပ္ရပ္ ႂကြေရာက္လာသည္။

” အေမ့ကို ပင့္ဖိတ္လိုက္တာ ဒီဘထင္ဆိုတဲ့ေကာင္ရဲ့ပညာကိုသိမ္းေပးဖို့ပါ ဒီေကာင္က မိန္းကေလးတစ္ေယာက္ကို ေစာ္ကားသတ္ျဖတ္ၿပီး ဝိဉာဥ္ကိုခ်ဳပ္ၿပီးႏွိပ္စက္ပါေသးတယ္ ဒါ့ေၾကာင့္ အေမ သူ႔ကို ပညာႏွုတ္ေပးၿပီး ဆုံးမေပးပါ ”

” ဘထင္ ငမိုက္သား နင့္ကို ပညာေတြျပန္သိမ္းၿပီး အ႐ူးဘဝနဲ႔ဘဝဆုံးေစရမယ္ ”

အေမေရယာဥ္လည္း ေျပာေျပာဆိုဆို ဓားႏွစ္လက္ျဖင့္ ေဝ့ရမ္းေနေလသည္။ ဘထင္ကိုယ္ထဲမွ ပညာစက္မ်ား အခိုးအေငြ႕မ်ားထြက္လာၿပိီး အေမေရယာဥ္ထံသို့ လြင့္ေျမာသြားေလသည္။ ဘထင္လည္း လဲက်သတိေမ့သြားေလသည္။ အေမေရယာဥ္က

” ငါ့သားနဲ႔ငါ့သမီးကို တာဝန္တစ္ခုေပးစရာရွိတယ္ ”

ေတဇႏွင့္ခင္လႊမ္းလည္း အေမေရယာဥ္ေရွ႕သို့ ဒူးေထာက္လိုက္ၿပီး

” ဘာတာဝန္မ်ားလဲ အေမ သားတို့ တာဝန္ယူဖို့အသင့္ပါ ”

” ဒီလိုကြဲ႕ငါ့သားတို့က အျဖဴေရာင္ပညာသည္ေတြျဖစ္လို့ ဆရာေတာ္တစ္ပါးကို ကူညီရမယ္ ဒီကေန ေျမာက္စူးစူးကိုသြားလိုက္ သဲကုန္းဆိုတဲ့ရြာမွာ အေကာင္ထည္ေဖာ္ေပေတာ့ ”

ဟုဆိုကာ ေပ်ာက္ကြယ္သြားေလေတာ့သည္။ ေနာက္ေန႔မ်ားတြင္ ႐ူးခ်င္ေယာင္ေဆာင္ေနသည္ဟုဆိုကာ ဘထင္အား ရြာသားမ်ားက ဝိုင္းဝန္းဖမ္းဆီးကာ သက္ဆိုင္ရာသို့အပ္လိုက္ေလၿပီး မၾကာမီ ေထာင္တြင္း ႏွိပ္စက္မွုမ်ားေၾကာင့္ ေသဆုံးသြားရေလသည္။ ေနာက္အပိုင္းမွာ ေတဇႏွင့္ခင္လႊမ္း ဆရာေတာ္ကို ဘယ္လို ကူညီၾကမလဲ ေစာင့္ေမၽွာ္ေပးပါဦးဗ်။

စာေရးသူ – လင္းေတဇ