“ရေဆင်ရှာပုံတော်”(စ/ဆုံး)

Unicode Version

“ရေဆင်ရှာပုံတော်”(စ/ဆုံး)
———————————–
လက်ထောက်မန်နေဂျာ ဖေသန်းမောင်၏
ရုံးခန်းထဲသို့ ဦးဆုံးရောက်လာသူမှာ သစ်ရာပင်ဆင်ဝိုင်းမှ ငထီးလှ ဖြစ်သည်။
ဖေသေန်းမောင်က သူ့ကို တစ်ချက်ကြည့်ပြီး
” လာ ၊ သူငယ်ချင်းထိုင်” ဟု မျက်နှာစပ်ဖြီး ဖြီးနှင့် ပြောလိုက်သောအခါ ငထီးလှမှာ ပို၍
အနေရအထိုင်ရ ခက်သွားသည်။ ထို့ကြောင့်
လက်ထောက်မန်နေဂျာ
ဖေသန်းမောင်က
“လာ .. သူငယ်ချင်းထိုင်”ဟု ဆိုသော်လည်ရုတ်တရက်
မထိုင်ဝံ့သေးဘဲ ဖေသန်း
မောင်၏ မျက်နှာကိုသာ ခပ်ကြောင်ကြောင်ကြည့်နေသည်။

ဤလက်ထောက် မန်နေဂျာသည် ကိန်း ကြီး ခန်းကြီးမရှိ၊ ဆင်သမား အားလုံးကို
လည်းသူငယ်ချင်းပေါင်းပေါင်းသည်ဟုသော
စကားများကိုတော့ဆင်သမားများအချင်းချင်းဆီက
ကြားထားဖူးသည်။သို့သော် ယခု ငထီးလှမှာ ဤမန်နေဂျာငယ်
နှင့် တစ်ခါမှ စကား ပြောဖူးကြခြင်း မရှိသလို၊
မျက်နှာသိလည်း မဟုတ်သဖြင့် ကြောင်အမ်းအမ်းဖြစ်ကာ … ဖေသန်းမောင်
မျက်နှာကိုသာ ငေးကြည့်နေတုန်း။
ရုံးအဖွဲ့သားများကမူ ဆင်သမားများနှင့် ဖေသန်းမောင်၏ ဆက်ဆံရေးကို သိပြီးသား
ဖြစ်နေကြသဖြင့် မည်သူကမျှ အလေးမမူ ကြ။ မိမိအလုပ်ကိုသာ ဆက်လုပ်နေကြ
သည်။
” သူငယ်ချင်းက ဘာကိစ္စပါလိမ့်” ကျွန်တော် … သစ်ရာပင် … ဆင်ဝိုင်းကပါ

ဝန်ထောက်မင်း၊ ဆင်းခေါင်း ဦးထွန်းခ ရေ ဆင်နှင့် ပတ်သက်လို့ ဝန်ထောက်မင်းဆီ
သွားရမယ်ဆိုလို့ လာပါတယ်
“ဟော ဟုဖေသန်းမောင်ပါးစပ်က
အသံထွက်သွားပြီး၊သူရေးနေသော
ဖောင်တိန်ကို ပစ်ချကာ ချက်ချင်း ငထီးလှဆီရောက်လာသည်။
“ဟုတ်တယ် သူငယ်ချင်း၊ ထိုင် ထိုင်”
ပခုံးကို လှမ်းဖက်၍၊ ငထီးလှကို ချက်ချင်း ပြန်ထိုင်ခိုင်းသည်။
“ကဲ…. သူငယ်ချင်း မြင်ဖူးတဲ့ ရေဆင်း အကြောင်း ပြောပြစမ်းပါဦး၊ မနေ့က ငွေမိုး ကို ရေဆင် ကိုက်လိုက်လို့ သေတယ်ဆိုတာ တော့ ခင်ဗျား ကြားပြီးပါပြီနော် ”
“ဟုတ်ကဲ့ ခင်ဗျား၊ ကြားပြီးပါပြီ”
“ဟုတ်ပြီ၊ အဲဒါဆို ခင်ဗျားမြင်ဖူးတဲ့ ရေ

ဆင်အကြောင်း ပြောပြစမ်းဗျာ၊ ခင်ဗျား ရေ ဆင်ကို ဘယ်အရပ်မှာ မြင်ဖူးတယ်၊ ဘယ်လို
ရဖူးတယ် ဆိုတာတွေ”
“ကျွန်တော် ရေဆင်ကို မမြင်ဖူးပါဘူး ခင်ဗျား”
“ဗျာ .. ခင်ဗျား ရေဆင်ကို မမြင်ဖူးဘူး”
“ဟုတ်ကဲ့ပါ ဝန်ထောက်မင်း၊ ကျွန်တော် ရေဆင်ကို မမြင်ဖူးပါဘူး”
“ဟောဗျာ၊ ဒါနဲ့များ ဦးထွန်းခက ခင်ဗျား ကို ကျုပ်ဆီ ဘာလို့ လွှတ်လိုက်ပါလိမ့်”

ဒီလိုပါခင်ဗျာ၊ ကျွန်တော်က ရေဆင်ကို မမြင်ဖူးပေမဲ့ ရေဆင်ရှိနေလို့ တောဆင်ရိုင်း ကွေ ချောင်းကို ဖြတ်မကူးရဲဘဲ အော်ပြီး ပြန် ပြေးကြတာတော့ ကိုယ်တိုင် တွေ့ဖူးတယ် ဆို
လို့ ဦးထွန်းခက လွှတ်လိုက်တာပါ””ဟေ ဟုတ်လား”

“ဟုတ်ပါတယ် ခင်ဗျား
“ကဲဗျာ၊ အဲဒါဆို ဘယ်တုန်းကလဲ၊ ဘယ် မှာလဲ ပြောစမ်းပါ”
“လွန်ခဲ့တဲ့ တစ်နှစ်ကပါပဲ၊ ကျွန်တော်တို့ ရိုးမထဲမှာ ဆင်ဖမ်းကြတော့ ဆင်တွေကို
မောင်းလာလို့ကျုံးရောက်ခါနီး ရေပြာရေ
ချောင်း ဖြတ်အမောင်းမှာ တောဆင်ရိုင်းတွေ ရေပြာချောင်းကို တစ်ကောင်မှ ဖြတ်မကူးဝံ့
ကြဘဲ အားလုံး အော်ဟစ်ပြေးကြပါတယ်။
လူတွေလည်း အနာတရ ဖြစ်ခဲ့ကြပါတယ်။
အဲဒီလို ဖြစ်ရတာဟာ ရေပြာချောင်းထဲ ရေ
ဆင်ရှိနေလို့လို့ သောင်ဆရာကြီးက ပြောပါတယ်ခင်ဗျား”
“ဟင် … ရေပြာချောင်း ဟုတ်လား”
” ဟုတ်ကဲ့ ”
ဖေသန်းမောင်သည်ချက်ချင်းသူ့
နောက်ကျောရှိ သစ်ကွက်၊ ချောင်းကွက်များ
မြေပုံကို ပြေးကြည့်သည်။ ပြီး .. သူ့နဖူး သူ.. လက်နှင့် ရိုက်လိုက်ပြီးပြော၏။
“ဟာ ဟုတ်ပြီဗျိုးသေချာပြီ၊
အေး ခင်သန်း
သန်းရေ.. ရေဆင်ဆိုတာ
တစ်ယောက်ယောက် ခေါ်
စောထယ်ရီကို ခိုင်းလိုက်စမ်းကွာ”
“ကဲနောက်
ခင်ဗျားတို့ အဲဒီ တွေ့ကြုံခဲ့ကြပြီး
ဟော့ လာ သူငယ်ချင်း လာလာ
ခဏနော်၊ ဟုတ်ပြီဗျို့ … ကဲ … နောက်တော့ အဲဒီ ရေပြာချောင်းထဲက ရေဆင်ကို ခင်ဗျား
တို့ ဘယ်လို ဖမ်းခဲ့ကြလဲ၊ ဘယ်လို လုပ်ခဲ့ကြ
လဲ ပြောပါဦး”ငထီးလှကို မေးနေချိန်တွင် ဆင်သမား
တစ်ယောက် ရုံခန်းထဲနောက်ထပ်
ရောက်လာသဖြင့် ဖေသေန်းမောင်က ထိုင် ခိုင်းထားပြီး ငထီးလှကို ဆက်မေး၏။
“ရေထဲမှာနေတဲ့ ရေဆင်ကို ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။ လူတွေလည်း ဆင်တိုး၊ ဆင်တိုက်သွားလို့ အနာတရဖြစ်ကြ တော့ အဲဒီနှစ်က ကျုံးစောစောပိတ်ပြီး ရွာ ပြန်ခဲ့ကြရတာပါပဲ ခင်ဗျား”
“ဪ .. အဲဒါဆို ခင်ဗျား သိတာ ဒါပဲပေါ့”
“ဟုတ်ကဲ့ ခင်ဗျား”

“ကောင်းပြီ၊ ကျေးဇူးပဲ .. ဒါဆို ခင်ဗျားပြန် နိုင်ပြီ”
“ကဲ.. ဒီသူငယ်ချင်းကကော ဘယ်ဆင်ဝိုင်း ကလဲ၊ မောင်ရင်ကိုတော့ ကျုပ် မြင်ဖူးသလို

ဒုတိယရောက်လာသူကို ဖေသန်းမောင်က
ဆက်မေးပြန်၏။
ကျွန်တော် ကျောက်ချောင်း ဆင်နာရုံကပါ ခင်ဗျား၊ ဆင်ဆရာဝန်ကြီးနဲ့ ဝန်ထောက်မင်း တို့ ကျွန်တော်တို့ စခန်းကို ခဏခဏ ဆင် လာစစ်နေကျပါ”
“အေး … အဲဒါကြောင့် ခင်ဗျားကို မြင်ဖူးပါ တယ်လို့ မှတ်နေတာ။ ကဲ ပြောပါဦး။ ခင်ဗျား
ရေဆင်ကို မြင်ဖူးလား”
“ကျွန်တော်တော့ မမြင်ဖူးပါဘူး
ဝန်ထောက်မင်း၊ ရေဆင်ကို မြင်ဖူးတာက
ကျွန်တော့်အဘိုးပါ”

သူငယ်ချင်းအဘိုးက ဘာလုပ်လဲ”
“ဟို .. အင်္ဂလိပ် လက်ထက်ကပင် ဆင်အုပ် ကြီးပါ။ ကျွန်တော့် အဖေဆိုလည်း ဆင် ခေါင်းပါ ခင်ဗျား ”
“ခင်ဗျား အဘိုးနဲ့ ကျုပ်တွေ့ချင်တယ်ဗျာ”
ကျွန်တော် အဘိုး ဆုံးသွားတာ ငါးနှစ် ကျော်လောက် ရှိသွားပါပြီ ခင်ဗျား”
ဖေသန်းမောင်က ခေါင်းကို တဗြင်းဗြင်း ကုတ်ပစ်လိုက်၏။
“အင်း.. ဒါဆိုလည်း ခင်ဗျား အဘိုးပြောပြ ဖူးတဲ့ ရေဆင်အကြောင်း ပြောပြစမ်းပါဦး။ ခင်ဗျား အဘိုး ရေဆင်ကိုတွေ့တာ ဘယ်မှာလဲ”
“ချောင်းကောက်မှာလို့ ပြောပါတယ်”
“ချောင်းကောက် ဟုတ်လား၊ ခဏနော်”
ဖေသန်းမောင်က သူ့နောက်ကျောကို
မြေပုံကြီးထဲတွင် ချောင်းကောက်ကို လိုက်ရှာ နေပြန်သည်။
“ချောင်းကောက် ဆိုတာ ဘယ်နယ်ဘက် ကလဲ။ ကျုပ်အကွက်ထဲတော့ ရှာမတွေ့ဘူး
သူငယ်ချင်း”
“မအီဘက်ပါဝန်ထောက်မင်း

“ဒါဆို ကျုပ်တို့ လုပ်ကွက်နဲ့ အဝေးကြီးပဲ။ မြင်မတိမ်ကြော ဖြစ်မယ်ထင်တယ် ”
“ဟုတ် … ဟုတ်ပါတယ် ”
“အဲဒီဘက်က ချောင်းတွေက ဒီကညင် ချောင်းဘက်ကို မစီးဘူးဗျို့”
“ဟုတ်ကဲ့ ”
“ကဲ… ခင်ဗျားအဘိုး ဆက်ပါဦး၊ ရေဆင် အရွယ်အစားက ဘယ်လောက်ရှိတယ် ပြောလဲ။
“ကလေးတွေ လုပ်ကစားကြတဲ့ ရွှံ့ရုပ်ဆင်

လောက် ရှိတယ်လို့ ပြောဖူးပါတယ်”
“ကလေးတွေ လုပ်ကစားကြတဲ့ ရွှံ့ဆင်ရုပ် ဆိုတာ ကျုပ်မမြင်ဖူးလို့ပါ။ ဘယ်လောက်ရှိ
လဲ၊ လက်သီးဆုပ်လောက်လား၊ ပန်းကန်ပြားကြီး”
” ဒီလောက်ပါ ဝန်ထောက်မင်း”
ဆင်သမားက အရွယ်အစားကို
လက်နှင့်လုပ်သော ဖေသန်းမောင်က
သေသေချာချာ မှတ်စုစာအုပ်နှင့် ရေးမှတ်
နေသည်။ “အမြင့်ကကောဗျာ”
“အမြင့်က ဒီလောက်မြင့်တယ် ပြောပါတယ် ”

“အေး ဟုတ်ပြီ၊ ရေဆင်က ရေထဲမှာပဲ နေလား၊ သောင်ကမ်း၊ တောင်ပေါ်တွေကော
မတက်ဘူးလား”
“ညညဆို သောင်ပြင်ကိုတက်ပြီး မြူးထူး တတ်တယ် လို့တော့ အဘိုးကပြောပါတယ်”
ဆင်သမားပြောသည်ကို
မှတ်စုစာအုပ်
တစ်အုပ်နှင့် လိုက်မှတ်နေသော ဖေသန်း မောင်က စောထယ်ရီရုံးခန်းထဲ ဝင်လာသည် ကို မြင်သဖြင့်
“လာ သူငယ်ချင်း၊ ဒီကညင်ချောင်းထဲမှာ ရေဆင်ရှိတယ် ဆိုတာတော့ သေချာသွားပြီ ပျို့” ဟု ပြောလိုက်၏။
“ဟင် .. ဟုတ်လား၊ ဘယ်လိုသေချာလဲ ပြောစမ်းပါဦး သူငယ်ချင်း စောထယ်ရီက ဝမ်းသာအားရ ပြန်မေး၏။
“ဒီလိုဗျ။ စောစောက ဆင်သမားတစ် ယောက် ရောက်လာတယ်။ နေဦး..နေ နေ ဦး.. ဆင်ဝိုင်းနဲ့ သူ့နာမည်ကို မှတ်စုတ်ထဲ
ကြည့်လိုက်ဦးမယ်” ပြောပြောဆိုဆိုနှင့်
ဖေသန်းမောင်က မှတ်စုစာရွက်တွေကို လှန်နေ၏။

“ဒီမှာ .. ဒီမှာ တွေ့ပြီး သစ်ရာဆင်ဝိုင်းက ထီးလှတဲ့။ သူကပြောတယ် လွန်ခဲ့တဲ့ တစ်နှစ် လောက်က သူတို့ရေပြာချောင်းမှာ ရေဆင်ရှိ နေလို့ တောဆင်ရိုင်းတွေတောင် ကျုံးဝင်ခါ နီး အော်ပြေးသွားကြတယ်တဲ့။ ရေပြာချောင်း ကို လုံးဝ ဖြတ်မကူးရဲကြဘူးတဲ့။ ဒီမှာကြည့် .. အဲဒီရေပြာချောင်းဆိုတာ ဒီကညင်ချောင်း ဖျားက လက်တက်ချောင်းငယ် တစ်ခုပဲ။ ရေ ပြာချောင်းက ဒီကညင်ချောင်းကို စီးဆင်း တယ်။ ခု ဒီက သူငယ်ချင်းကလည်း ရေဆင် ကို သူ့အဘိုး သေသေချာချာ မြင်ဖူးတဲ့ အကြောင်း ပြောပြနေတယ် သူငယ်ချင်း”
ဖေသန်းမောင်က မြေပုံကို ထောက်ပြ၍
စောထယ်ရီကို ရှင်းပြနေ၏။ စောထယ်ရီက
လည်း မြေပုံကို အနီးကပ်ကြည့်ပြီး ခေါင်းတ
ညိတ်ညိတ် လုပ်နေသည်။

ကဲ.. ဒီမန်နေဂျာတော့ သူငယ်ချင်း သိပါ တယ်နော်”
….
ရေဆင်ရဲ့
“ဟုတ်ကဲ့ … သိပါတယ် ဝန်ထောက်မင်း” “သူက ကျုပ်နဲ့အတူတူ ရေဆင်ရှာမယ့် မန်နေဂျာပဲ။ ကဲ … ခင်ဗျား အဘိုးပြောပြတဲ့ ရေဆင်အကြောင်း ပြောပြပါဦး။ ေဩာ် ဒီမှာ သူငယ်ချင်း၊ သူက အရွယ်အစားကို ပြောပြလို့ မှတ်ထားလိုက် တယ်။ အရှည် လေးငါးလက်မ၊ အမြင့်က သုံး လက်မလောက် ရှိတယ်တဲ့။ ကဲ … ဆက်ပြော ပါဦး၊ ပုံသဏ္ဌာန်ကကော ကျုပ်တို့ ကုန်းပေါ် က ဆင်နဲ့ အတူတူပဲလား”
“ကုန်းဆင်နဲ့ တစ်ပုံစံတည်းလို့ ပြောပါတယ်
ဒါဆို ကုန်းပေါ်တက်ပြီး ဝါးတွေ၊ ကျူ တွေ၊ သစ်ခက် သစ်ရွက်တွေကိုလည်း စားမှာ
ပေါ့နော်”

“ရေဆင်က ရေထဲမှာပေါက်တဲ့ ရေမှော်ပင် တွေကိုပဲ စားတယ်ပြောပါတယ်”
‘ ဪ … အေး၊ လာထိုင်ကြဗျာ”

နောက်ထပ် ရောက်လာကြပြန်သဖြင့်
ကြို၍ ပြောလိုက်၏။
ဆင်သမားနှစ်ယောက်
စောထယ်ရီက
“ရေမှော်တွေကို စားတယ်ဆိုတော့၊ ရေထဲ
မှာ အနေများတယ်ပေါ့နော်”
“ဟုတ်ကဲ့”
“ဒီလိုဆိုရင် ရေထဲက ရေဆင်ကို ဘယ်လို
ဖမ်းရင် ရနိုင်မလဲ”
ဆင်သမားက ဘာမှမပြောတတ်ဘဲ သန်းမောင်၏ မျက်နှာကိုသာ ကြည့်နေ၏။
“ရေဆင်က ဘယ်လိုနေရာမျိုးမှာ အနေ များလဲဆိုတာ ခင်ဗျားတို့ထဲက ဘယ်လူသိလဲ
ဗျိုး”
ဖေသန်းမောင်က နောက်ရောက်လာသော ဆင်သမားနှစ်ယောက်ဘက် လှမ်းကြည့်၍
မေးနေပြန်၏။
စောစောက ရောက်နေသော ဆင်သမား က ဘာမှမပြောဘဲ ရေငုံနေသဖြင့် ယခုမှ ရောက်လာကြသော ဆင်သမား နှစ်ယောက် ထဲမှ တစ်ယောက်က ဘုမသိဘမသိနှင့် “ရေ ဆင်က ရေထဲအနေများပါတယ် ဝန်ထောက် မင်း’ ဟု လူစွမ်းကောင်းလုပ်၍ ပြောလိုက် ရာ၊ ရုံးအဖွဲက လူတွေနှင့် စောထယ်ရီတို့မှာ ဝါးခနဲ ရယ်လိုက်ကြသည်။ ထိုအခါ ရေထဲ အနေများသည် ဆိုသော ဆင်သမားလည်း ကြောင်သွား၏။
“ကဲ ရေဆင်နဲ့ ပတ်သက်လို့ ခုနက

သူငယ်ချင်း ပြောစမ်းပါဦး”
ဤတစ်ခါလည်း ရုံးအဖွဲ့သားများနှင့် ဆင် သမားများက ရယ်ကြပြန်သည်။ ဖေသန်း

မောင်က ” သူငယ်ချင်း ဟု ခေါ်ပြောလိုက်သူ မှာ သူ့အဖေထက်ပင် ကြီးနေသော ဆင် သမားကြီး ဖြစ်နေ၍ပင်။ ဖေသန်းမောင်မှာ ဘယ်လို ဝသီမှန်းမသိ၊ တွေ့သမျှ လူတကာ သူငယ်ချင်း “ခေါ်ရမှ သူ့ပါးစပ်ကကို
အရသာတွေ့နေပုံရသည်။
“ရေဆင်ဟာ ကျောက်ဆောင်၊ ကျောက်
တုံးတွေပေါတဲ့ ရေအိုင်တွေမှာ အနေများ
တတ် ပါတယ် ဝန်ထောက်မင်း။ ကျွန်တော်
ငယ်ငယ်ကဘဲငါးရာဘက်က
တောင်ကျချောင်း တစ်ခုထဲမှာ အဖေပြလို့
မြင်ဖူးပါတယ်။
ရေကူးကစားနေတာကို
ကျွန်တော်နဲ့အဖေ အကြာကြီး ကြည့်နေခဲ့ကြ
ဖူးပါတယ် ”
“ဟာ .. ဟုတ်ပြီဗျို့ .. ပြော .. ပြော၊ ခင်ဗျား မြင်ခဲ့တဲ့ ရေဆင်က အကောင် ဘယ်လောက်
ကြီးလဲ”

“သေးသေးလေးပါ”
“သေးသေးလေးဆိုတာ ဘယ်လောက်လဲ၊
ပြောပါဦး”

ကိုယ်လုံးက လက်သီးဆုပ်လောက်ပဲ ရှိ
ပါတယ်”
ရေဆင်ဆိုတော့ ခြေထောက်တွေ အများကြီးလား ”
မများပါဘူး ခင်ဗျား၊ ခြေနှစ်ချောင်း လက်နှစ်ချောင်းပါပဲ။ ပကတိ ဆင်အတိုင်းပါ
ပဲ။
“အေးဗျာ .. ကျေးဇူးတင်တယ်။ ရေဆင်နဲ့ ပတ်သက်လို့ ခင်ဗျားတစ်ယောက်ပဲ မြင်ဖူး တာ ရှိတယ်။ ပြောဗျာ ရေဆင်နဲ့ ပတ်သက် လို့ နောက်ဘာသိသေးလဲ”
“ဝန်ထောက်မင်း – ဘာသိချင်လဲ မပြောတတ်ပါဘူး”

“အဲဒီ ခင်ဗျားတို့သားအဖ မြင်ခဲ့ရတဲ့ ရေ ဆင်က အထီးလား၊ အမလား အဲဒီတော့ ကျွန်တော့်ကို အဖေကလည်း မပြောပြပါဘူး”
“ခင်ဗျားအဖေက နောက်ဘာပြောသေး
“ရေဆင်က သိပ် အဆိပ်ပြင်းတယ်၊ ရေထဲ မှာ ရေဆင်ရှိနေရင် ဘယ်ဆင်မှ ရေချလို့မရ ဘူး ပြောပါတယ်။ ရေဆင်ကိုက်ရင် ချက်ချင်း သေတတ်တယ်လို့လည်း ပြောပါ သေးတယ်”
ဖေသန်းမောင်က ရေဆင်အကြောင်း ဆင် သမားကြီး ပြောပြနေသည်ကို စာအုပ်တစ် အုပ်နှင့် ရေးမှတ်နေရင်းက … စောထယ် ရီ၏မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်
သည်။ သူ့သဘောမှာ ဟုတ်ပြီ၊ သေချာနေပြီ
ဟူသော ဆုံးဖြတ်ချက်ပင်။
“ပြီးတော့ကောဗျာ”
“အဲဒီတုန်းက ကျွန်တော်လည်း ကလေးပဲ ဆိုတော့ အဖေက ဒါပဲ ပြောပါတယ်”
ကဲ .. နောက် ဟိုက သူငယ် … အဲ ခင်ဗျား ကော ရေဆင်နဲ့ ပတ်သက်လို့ ဘာသိသေးလဲ ပြောပါဦး”
နောက် ဆင်သမားတစ်ယောက်ကို ဖေ သန်းမောင်က ဆက်မေးပြန်သည်။
ရေဆင်က ကျွန်တော်တို့ ကုန်းဆင်တွေ ကို နိုင်တယ်လို့ ကျွန်တော့် ဘကြီး ပြောဖူးပါ တယ်။ တောင်ကုတ်ဘက်မှာ လူသုံးယောက် သတ်ထားလို့ ဘယ်လူမှမစီးရဲတဲ့ ဆင်ဆိုး တစ်ကောင် ရှိဖူးခဲ့ပါတယ်။ အဲဒီဆင်ကိုစီးတဲ့ ကျော်အေးဆိုတဲ့ ဦးစီးမှာ ရေဆင်အစွယ်တစ်ချောင်း
ရှိတယ်လို့ပြောကြပါတယ်။
ကျော်အေးကို အဲဒီ ဆင်ဆိုး ဘယ်လောက်
ကြောက်သလဲဆိုရင် အဲဒီဆင် ဘယ်လောက်
ပဲ ဆိုးသွမ်းနေနေ ဟေ့ .. ဟိုမှာ ကျော်အေး
လာပြီဆိုတဲ့ အသံကို ကြားတာနဲ့ ချက်ချင်း၊ ငြိမ်ကျသွားတယ်တဲ့။ ရေဆင်အဆောင် ရှိ ထားတဲ့လူဆိုရင် ဆင်က အဲသလောက်ထိကို ကြောက်တယ်လို့ သိရပါတယ် ”
“အေးဗျာ ခင်ဗျားတို့နှစ်ယောက်ကို
သေသေချာချာ မှတ်ထားပြီး၊ ကျုပ်တို့ ရေ ဆင် ရှာဖမ်းတဲ့အခါ ခေါ်ပါ့မယ်။ ခင်ဗျားတို့ ဘယ်ဆင်ဝိုင်းကလဲ၊ နာမည် ဘယ်လို ခေါ် တာလဲ ပြောထားခဲ့ကြပါဦး”
” ဟုတ်ကဲ့… ကျွန်တော်က ပျဉ်းမချောင်း ဝိုင်းကပါ ဝန်ထောက်မင်း။ နာမည်က ဦးညို ခေါ်ပါတယ်။ သူကလည်း ကျွန်တော်တို့ ဝိုင်း ကပါပဲ။ သူ့နာမည်က အောင်လှပါ”
“အေးဗျာ ကောင်းပြီ၊ ကျေးဇူးပဲ နောက် တော့ ကျုပ်ခေါ်ပါမယ်။ ခု .. ခင်ဗျားတို့ ပြန် နိုင်ကြပါပြီ”

သန်းမောင်က … ဆင်သမားနှစ်ယောက်ကို
သူ့မှတ်စုစာအုပ်ထဲ
ရေးမှတ်ထားလိုက်၏။
ရေဆင်နှင့် ပတ်သက်၍ အချက်အလက်
အတော်စုံသွားပြီ ဖြစ်သဖြင့် ဆင်သမားများ
ပြန်သွားကြသောအခါ
ဖေသေန်းမောင်နှင့်
စောထယ်ရီတို့မှာ ကညင်ချောင်းထဲ၌ ရေ
ဆင် ရှာဖွေဖမ်းဆီးရေး စီမံကိန်းကြီးကို ဆက်လက် အကောင်အထည်ရန် တင်ပြ ဆွေးနွေးလျက် ကျန်ခဲ့ကြလေသည်။
***

Zawgyi Version

“ေရဆင္ရွာပုံေတာ္”(စ/ဆုံး)
———————————–
လက္ေထာက္မန္ေနဂ်ာ ေဖသန္းေမာင္၏
႐ုံးခန္းထဲသို႔ ဦးဆုံးေရာက္လာသူမွာ သစ္ရာပင္ဆင္ဝိုင္းမွ ငထီးလွ ျဖစ္သည္။
ေဖေသန္းေမာင္က သူ႔ကို တစ္ခ်က္ၾကည့္ၿပီး
” လာ ၊ သူငယ္ခ်င္းထိုင္” ဟု မ်က္ႏွာစပ္ၿဖီး ၿဖီးႏွင့္ ေျပာလိုက္ေသာအခါ ငထီးလွမွာ ပို၍
အေနရအထိုင္ရ ခက္သြားသည္။ ထို႔ေၾကာင့္
လက္ေထာက္မန္ေနဂ်ာ
ေဖသန္းေမာင္က
“လာ .. သူငယ္ခ်င္းထိုင္”ဟု ဆိုေသာ္လည္႐ုတ္တရက္
မထိုင္ဝံ့ေသးဘဲ ေဖသန္း
ေမာင္၏ မ်က္ႏွာကိုသာ ခပ္ေၾကာင္ေၾကာင္ၾကည့္ေနသည္။

ဤလက္ေထာက္ မန္ေနဂ်ာသည္ ကိန္း ႀကီး ခန္းႀကီးမရွိ၊ ဆင္သမား အားလုံးကို
လည္းသူငယ္ခ်င္းေပါင္းေပါင္းသည္ဟုေသာ
စကားမ်ားကိုေတာ့ဆင္သမားမ်ားအခ်င္းခ်င္းဆီက
ၾကားထားဖူးသည္။သို႔ေသာ္ ယခု ငထီးလွမွာ ဤမန္ေနဂ်ာငယ္
ႏွင့္ တစ္ခါမွ စကား ေျပာဖူးၾကျခင္း မရွိသလို၊
မ်က္ႏွာသိလည္း မဟုတ္သျဖင့္ ေၾကာင္အမ္းအမ္းျဖစ္ကာ … ေဖသန္းေမာင္
မ်က္ႏွာကိုသာ ေငးၾကည့္ေနတုန္း။
႐ုံးအဖြဲ႕သားမ်ားကမူ ဆင္သမားမ်ားႏွင့္ ေဖသန္းေမာင္၏ ဆက္ဆံေရးကို သိၿပီးသား
ျဖစ္ေနၾကသျဖင့္ မည္သူကမွ် အေလးမမူ ၾက။ မိမိအလုပ္ကိုသာ ဆက္လုပ္ေနၾက
သည္။
” သူငယ္ခ်င္းက ဘာကိစၥပါလိမ့္” ကြၽန္ေတာ္ … သစ္ရာပင္ … ဆင္ဝိုင္းကပါ

ဝန္ေထာက္မင္း၊ ဆင္းေခါင္း ဦးထြန္းခ ေရ ဆင္ႏွင့္ ပတ္သက္လို႔ ဝန္ေထာက္မင္းဆီ
သြားရမယ္ဆိုလို႔ လာပါတယ္
“ေဟာ ဟုေဖသန္းေမာင္ပါးစပ္က
အသံထြက္သြားၿပီး၊သူေရးေနေသာ
ေဖာင္တိန္ကို ပစ္ခ်ကာ ခ်က္ခ်င္း ငထီးလွဆီေရာက္လာသည္။
“ဟုတ္တယ္ သူငယ္ခ်င္း၊ ထိုင္ ထိုင္”
ပခုံးကို လွမ္းဖက္၍၊ ငထီးလွကို ခ်က္ခ်င္း ျပန္ထိုင္ခိုင္းသည္။
“ကဲ…. သူငယ္ခ်င္း ျမင္ဖူးတဲ့ ေရဆင္း အေၾကာင္း ေျပာျပစမ္းပါဦး၊ မေန႔က ေငြမိုး ကို ေရဆင္ ကိုက္လိုက္လို႔ ေသတယ္ဆိုတာ ေတာ့ ခင္ဗ်ား ၾကားၿပီးပါၿပီေနာ္ ”
“ဟုတ္ကဲ့ ခင္ဗ်ား၊ ၾကားၿပီးပါၿပီ”
“ဟုတ္ၿပီ၊ အဲဒါဆို ခင္ဗ်ားျမင္ဖူးတဲ့ ေရ

ဆင္အေၾကာင္း ေျပာျပစမ္းဗ်ာ၊ ခင္ဗ်ား ေရ ဆင္ကို ဘယ္အရပ္မွာ ျမင္ဖူးတယ္၊ ဘယ္လို
ရဖူးတယ္ ဆိုတာေတြ”
“ကြၽန္ေတာ္ ေရဆင္ကို မျမင္ဖူးပါဘူး ခင္ဗ်ား”
“ဗ်ာ .. ခင္ဗ်ား ေရဆင္ကို မျမင္ဖူးဘူး”
“ဟုတ္ကဲ့ပါ ဝန္ေထာက္မင္း၊ ကြၽန္ေတာ္ ေရဆင္ကို မျမင္ဖူးပါဘူး”
“ေဟာဗ်ာ၊ ဒါနဲ႔မ်ား ဦးထြန္းခက ခင္ဗ်ား ကို က်ဳပ္ဆီ ဘာလို႔ လႊတ္လိုက္ပါလိမ့္”

ဒီလိုပါခင္ဗ်ာ၊ ကြၽန္ေတာ္က ေရဆင္ကို မျမင္ဖူးေပမဲ့ ေရဆင္ရွိေနလို႔ ေတာဆင္႐ိုင္း ေကြ ေခ်ာင္းကို ျဖတ္မကူးရဲဘဲ ေအာ္ၿပီး ျပန္ ေျပးၾကတာေတာ့ ကိုယ္တိုင္ ေတြ႕ဖူးတယ္ ဆို
လို႔ ဦးထြန္းခက လႊတ္လိုက္တာပါ””ေဟ ဟုတ္လား”

“ဟုတ္ပါတယ္ ခင္ဗ်ား
“ကဲဗ်ာ၊ အဲဒါဆို ဘယ္တုန္းကလဲ၊ ဘယ္ မွာလဲ ေျပာစမ္းပါ”
“လြန္ခဲ့တဲ့ တစ္ႏွစ္ကပါပဲ၊ ကြၽန္ေတာ္တို႔ ႐ိုးမထဲမွာ ဆင္ဖမ္းၾကေတာ့ ဆင္ေတြကို
ေမာင္းလာလို႔က်ဳံးေရာက္ခါနီး ေရျပာေရ
ေခ်ာင္း ျဖတ္အေမာင္းမွာ ေတာဆင္႐ိုင္းေတြ ေရျပာေခ်ာင္းကို တစ္ေကာင္မွ ျဖတ္မကူးဝံ့
ၾကဘဲ အားလုံး ေအာ္ဟစ္ေျပးၾကပါတယ္။
လူေတြလည္း အနာတရ ျဖစ္ခဲ့ၾကပါတယ္။
အဲဒီလို ျဖစ္ရတာဟာ ေရျပာေခ်ာင္းထဲ ေရ
ဆင္ရွိေနလို႔လို႔ ေသာင္ဆရာႀကီးက ေျပာပါတယ္ခင္ဗ်ား”
“ဟင္ … ေရျပာေခ်ာင္း ဟုတ္လား”
” ဟုတ္ကဲ့ ”
ေဖသန္းေမာင္သည္ခ်က္ခ်င္းသူ႔
ေနာက္ေက်ာရွိ သစ္ကြက္၊ ေခ်ာင္းကြက္မ်ား
ေျမပုံကို ေျပးၾကည့္သည္။ ၿပီး .. သူ႔နဖူး သူ.. လက္ႏွင့္ ႐ိုက္လိုက္ၿပီးေျပာ၏။
“ဟာ ဟုတ္ၿပီဗ်ိဳးေသခ်ာၿပီ၊
ေအး ခင္သန္း
သန္းေရ.. ေရဆင္ဆိုတာ
တစ္ေယာက္ေယာက္ ေခၚ
ေစာထယ္ရီကို ခိုင္းလိုက္စမ္းကြာ”
“ကဲေနာက္
ခင္ဗ်ားတို႔ အဲဒီ ေတြ႕ႀကဳံခဲ့ၾကၿပီး
ေဟာ့ လာ သူငယ္ခ်င္း လာလာ
ခဏေနာ္၊ ဟုတ္ၿပီဗ်ိဳ႕ … ကဲ … ေနာက္ေတာ့ အဲဒီ ေရျပာေခ်ာင္းထဲက ေရဆင္ကို ခင္ဗ်ား
တို႔ ဘယ္လို ဖမ္းခဲ့ၾကလဲ၊ ဘယ္လို လုပ္ခဲ့ၾက
လဲ ေျပာပါဦး”ငထီးလွကို ေမးေနခ်ိန္တြင္ ဆင္သမား
တစ္ေယာက္ ႐ုံခန္းထဲေနာက္ထပ္
ေရာက္လာသျဖင့္ ေဖေသန္းေမာင္က ထိုင္ ခိုင္းထားၿပီး ငထီးလွကို ဆက္ေမး၏။
“ေရထဲမွာေနတဲ့ ေရဆင္ကို ကြၽန္ေတာ္တို႔ ဘာမွ မလုပ္ႏိုင္ခဲ့ၾကပါဘူး။ လူေတြလည္း ဆင္တိုး၊ ဆင္တိုက္သြားလို႔ အနာတရျဖစ္ၾက ေတာ့ အဲဒီႏွစ္က က်ဳံးေစာေစာပိတ္ၿပီး ႐ြာ ျပန္ခဲ့ၾကရတာပါပဲ ခင္ဗ်ား”
“ဪ .. အဲဒါဆို ခင္ဗ်ား သိတာ ဒါပဲေပါ့”
“ဟုတ္ကဲ့ ခင္ဗ်ား”

“ေကာင္းၿပီ၊ ေက်းဇူးပဲ .. ဒါဆို ခင္ဗ်ားျပန္ ႏိုင္ၿပီ”
“ကဲ.. ဒီသူငယ္ခ်င္းကေကာ ဘယ္ဆင္ဝိုင္း ကလဲ၊ ေမာင္ရင္ကိုေတာ့ က်ဳပ္ ျမင္ဖူးသလို

ဒုတိယေရာက္လာသူကို ေဖသန္းေမာင္က
ဆက္ေမးျပန္၏။
ကြၽန္ေတာ္ ေက်ာက္ေခ်ာင္း ဆင္နာ႐ုံကပါ ခင္ဗ်ား၊ ဆင္ဆရာဝန္ႀကီးနဲ႔ ဝန္ေထာက္မင္း တို႔ ကြၽန္ေတာ္တို႔ စခန္းကို ခဏခဏ ဆင္ လာစစ္ေနက်ပါ”
“ေအး … အဲဒါေၾကာင့္ ခင္ဗ်ားကို ျမင္ဖူးပါ တယ္လို႔ မွတ္ေနတာ။ ကဲ ေျပာပါဦး။ ခင္ဗ်ား
ေရဆင္ကို ျမင္ဖူးလား”
“ကြၽန္ေတာ္ေတာ့ မျမင္ဖူးပါဘူး
ဝန္ေထာက္မင္း၊ ေရဆင္ကို ျမင္ဖူးတာက
ကြၽန္ေတာ့္အဘိုးပါ”

သူငယ္ခ်င္းအဘိုးက ဘာလုပ္လဲ”
“ဟို .. အဂၤလိပ္ လက္ထက္ကပင္ ဆင္အုပ္ ႀကီးပါ။ ကြၽန္ေတာ့္ အေဖဆိုလည္း ဆင္ ေခါင္းပါ ခင္ဗ်ား ”
“ခင္ဗ်ား အဘိုးနဲ႔ က်ဳပ္ေတြ႕ခ်င္တယ္ဗ်ာ”
ကြၽန္ေတာ္ အဘိုး ဆုံးသြားတာ ငါးႏွစ္ ေက်ာ္ေလာက္ ရွိသြားပါၿပီ ခင္ဗ်ား”
ေဖသန္းေမာင္က ေခါင္းကို တျဗင္းျဗင္း ကုတ္ပစ္လိုက္၏။
“အင္း.. ဒါဆိုလည္း ခင္ဗ်ား အဘိုးေျပာျပ ဖူးတဲ့ ေရဆင္အေၾကာင္း ေျပာျပစမ္းပါဦး။ ခင္ဗ်ား အဘိုး ေရဆင္ကိုေတြ႕တာ ဘယ္မွာလဲ”
“ေခ်ာင္းေကာက္မွာလို႔ ေျပာပါတယ္”
“ေခ်ာင္းေကာက္ ဟုတ္လား၊ ခဏေနာ္”
ေဖသန္းေမာင္က သူ႔ေနာက္ေက်ာကို
ေျမပုံႀကီးထဲတြင္ ေခ်ာင္းေကာက္ကို လိုက္ရွာ ေနျပန္သည္။
“ေခ်ာင္းေကာက္ ဆိုတာ ဘယ္နယ္ဘက္ ကလဲ။ က်ဳပ္အကြက္ထဲေတာ့ ရွာမေတြ႕ဘူး
သူငယ္ခ်င္း”
“မအီဘက္ပါဝန္ေထာက္မင္း

“ဒါဆို က်ဳပ္တို႔ လုပ္ကြက္နဲ႔ အေဝးႀကီးပဲ။ ျမင္မတိမ္ေၾကာ ျဖစ္မယ္ထင္တယ္ ”
“ဟုတ္ … ဟုတ္ပါတယ္ ”
“အဲဒီဘက္က ေခ်ာင္းေတြက ဒီကညင္ ေခ်ာင္းဘက္ကို မစီးဘူးဗ်ိဳ႕”
“ဟုတ္ကဲ့ ”
“ကဲ… ခင္ဗ်ားအဘိုး ဆက္ပါဦး၊ ေရဆင္ အ႐ြယ္အစားက ဘယ္ေလာက္ရွိတယ္ ေျပာလဲ။
“ကေလးေတြ လုပ္ကစားၾကတဲ့ ႐ႊံ႕႐ုပ္ဆင္

ေလာက္ ရွိတယ္လို႔ ေျပာဖူးပါတယ္”
“ကေလးေတြ လုပ္ကစားၾကတဲ့ ႐ႊံ႕ဆင္႐ုပ္ ဆိုတာ က်ဳပ္မျမင္ဖူးလို႔ပါ။ ဘယ္ေလာက္ရွိ
လဲ၊ လက္သီးဆုပ္ေလာက္လား၊ ပန္းကန္ျပားႀကီး”
” ဒီေလာက္ပါ ဝန္ေထာက္မင္း”
ဆင္သမားက အ႐ြယ္အစားကို
လက္ႏွင့္လုပ္ေသာ ေဖသန္းေမာင္က
ေသေသခ်ာခ်ာ မွတ္စုစာအုပ္ႏွင့္ ေရးမွတ္
ေနသည္။ “အျမင့္ကေကာဗ်ာ”
“အျမင့္က ဒီေလာက္ျမင့္တယ္ ေျပာပါတယ္ ”

“ေအး ဟုတ္ၿပီ၊ ေရဆင္က ေရထဲမွာပဲ ေနလား၊ ေသာင္ကမ္း၊ ေတာင္ေပၚေတြေကာ
မတက္ဘူးလား”
“ညညဆို ေသာင္ျပင္ကိုတက္ၿပီး ျမဴးထူး တတ္တယ္ လို႔ေတာ့ အဘိုးကေျပာပါတယ္”
ဆင္သမားေျပာသည္ကို
မွတ္စုစာအုပ္
တစ္အုပ္ႏွင့္ လိုက္မွတ္ေနေသာ ေဖသန္း ေမာင္က ေစာထယ္ရီ႐ုံးခန္းထဲ ဝင္လာသည္ ကို ျမင္သျဖင့္
“လာ သူငယ္ခ်င္း၊ ဒီကညင္ေခ်ာင္းထဲမွာ ေရဆင္ရွိတယ္ ဆိုတာေတာ့ ေသခ်ာသြားၿပီ ပ်ိဳ႕” ဟု ေျပာလိုက္၏။
“ဟင္ .. ဟုတ္လား၊ ဘယ္လိုေသခ်ာလဲ ေျပာစမ္းပါဦး သူငယ္ခ်င္း ေစာထယ္ရီက ဝမ္းသာအားရ ျပန္ေမး၏။
“ဒီလိုဗ်။ ေစာေစာက ဆင္သမားတစ္ ေယာက္ ေရာက္လာတယ္။ ေနဦး..ေန ေန ဦး.. ဆင္ဝိုင္းနဲ႔ သူ႔နာမည္ကို မွတ္စုတ္ထဲ
ၾကည့္လိုက္ဦးမယ္” ေျပာေျပာဆိုဆိုႏွင့္
ေဖသန္းေမာင္က မွတ္စုစာ႐ြက္ေတြကို လွန္ေန၏။

“ဒီမွာ .. ဒီမွာ ေတြ႕ၿပီး သစ္ရာဆင္ဝိုင္းက ထီးလွတဲ့။ သူကေျပာတယ္ လြန္ခဲ့တဲ့ တစ္ႏွစ္ ေလာက္က သူတို႔ေရျပာေခ်ာင္းမွာ ေရဆင္ရွိ ေနလို႔ ေတာဆင္႐ိုင္းေတြေတာင္ က်ဳံးဝင္ခါ နီး ေအာ္ေျပးသြားၾကတယ္တဲ့။ ေရျပာေခ်ာင္း ကို လုံးဝ ျဖတ္မကူးရဲၾကဘူးတဲ့။ ဒီမွာၾကည့္ .. အဲဒီေရျပာေခ်ာင္းဆိုတာ ဒီကညင္ေခ်ာင္း ဖ်ားက လက္တက္ေခ်ာင္းငယ္ တစ္ခုပဲ။ ေရ ျပာေခ်ာင္းက ဒီကညင္ေခ်ာင္းကို စီးဆင္း တယ္။ ခု ဒီက သူငယ္ခ်င္းကလည္း ေရဆင္ ကို သူ႔အဘိုး ေသေသခ်ာခ်ာ ျမင္ဖူးတဲ့ အေၾကာင္း ေျပာျပေနတယ္ သူငယ္ခ်င္း”
ေဖသန္းေမာင္က ေျမပုံကို ေထာက္ျပ၍
ေစာထယ္ရီကို ရွင္းျပေန၏။ ေစာထယ္ရီက
လည္း ေျမပုံကို အနီးကပ္ၾကည့္ၿပီး ေခါင္းတ
ညိတ္ညိတ္ လုပ္ေနသည္။

ကဲ.. ဒီမန္ေနဂ်ာေတာ့ သူငယ္ခ်င္း သိပါ တယ္ေနာ္”
….
ေရဆင္ရဲ႕
“ဟုတ္ကဲ့ … သိပါတယ္ ဝန္ေထာက္မင္း” “သူက က်ဳပ္နဲ႔အတူတူ ေရဆင္ရွာမယ့္ မန္ေနဂ်ာပဲ။ ကဲ … ခင္ဗ်ား အဘိုးေျပာျပတဲ့ ေရဆင္အေၾကာင္း ေျပာျပပါဦး။ ေဩာ္ ဒီမွာ သူငယ္ခ်င္း၊ သူက အ႐ြယ္အစားကို ေျပာျပလို႔ မွတ္ထားလိုက္ တယ္။ အရွည္ ေလးငါးလက္မ၊ အျမင့္က သုံး လက္မေလာက္ ရွိတယ္တဲ့။ ကဲ … ဆက္ေျပာ ပါဦး၊ ပုံသဏၭာန္ကေကာ က်ဳပ္တို႔ ကုန္းေပၚ က ဆင္နဲ႔ အတူတူပဲလား”
“ကုန္းဆင္နဲ႔ တစ္ပုံစံတည္းလို႔ ေျပာပါတယ္
ဒါဆို ကုန္းေပၚတက္ၿပီး ဝါးေတြ၊ က်ဴ ေတြ၊ သစ္ခက္ သစ္႐ြက္ေတြကိုလည္း စားမွာ
ေပါ့ေနာ္”

“ေရဆင္က ေရထဲမွာေပါက္တဲ့ ေရေမွာ္ပင္ ေတြကိုပဲ စားတယ္ေျပာပါတယ္”
‘ ဪ … ေအး၊ လာထိုင္ၾကဗ်ာ”

ေနာက္ထပ္ ေရာက္လာၾကျပန္သျဖင့္
ႀကိဳ၍ ေျပာလိုက္၏။
ဆင္သမားႏွစ္ေယာက္
ေစာထယ္ရီက
“ေရေမွာ္ေတြကို စားတယ္ဆိုေတာ့၊ ေရထဲ
မွာ အေနမ်ားတယ္ေပါ့ေနာ္”
“ဟုတ္ကဲ့”
“ဒီလိုဆိုရင္ ေရထဲက ေရဆင္ကို ဘယ္လို
ဖမ္းရင္ ရႏိုင္မလဲ”
ဆင္သမားက ဘာမွမေျပာတတ္ဘဲ သန္းေမာင္၏ မ်က္ႏွာကိုသာ ၾကည့္ေန၏။
“ေရဆင္က ဘယ္လိုေနရာမ်ိဳးမွာ အေန မ်ားလဲဆိုတာ ခင္ဗ်ားတို႔ထဲက ဘယ္လူသိလဲ
ဗ်ိဳး”
ေဖသန္းေမာင္က ေနာက္ေရာက္လာေသာ ဆင္သမားႏွစ္ေယာက္ဘက္ လွမ္းၾကည့္၍
ေမးေနျပန္၏။
ေစာေစာက ေရာက္ေနေသာ ဆင္သမား က ဘာမွမေျပာဘဲ ေရငုံေနသျဖင့္ ယခုမွ ေရာက္လာၾကေသာ ဆင္သမား ႏွစ္ေယာက္ ထဲမွ တစ္ေယာက္က ဘုမသိဘမသိႏွင့္ “ေရ ဆင္က ေရထဲအေနမ်ားပါတယ္ ဝန္ေထာက္ မင္း’ ဟု လူစြမ္းေကာင္းလုပ္၍ ေျပာလိုက္ ရာ၊ ႐ုံးအဖြဲက လူေတြႏွင့္ ေစာထယ္ရီတို႔မွာ ဝါးခနဲ ရယ္လိုက္ၾကသည္။ ထိုအခါ ေရထဲ အေနမ်ားသည္ ဆိုေသာ ဆင္သမားလည္း ေၾကာင္သြား၏။
“ကဲ ေရဆင္နဲ႔ ပတ္သက္လို႔ ခုနက

သူငယ္ခ်င္း ေျပာစမ္းပါဦး”
ဤတစ္ခါလည္း ႐ုံးအဖြဲ႕သားမ်ားႏွင့္ ဆင္ သမားမ်ားက ရယ္ၾကျပန္သည္။ ေဖသန္း

ေမာင္က ” သူငယ္ခ်င္း ဟု ေခၚေျပာလိုက္သူ မွာ သူ႔အေဖထက္ပင္ ႀကီးေနေသာ ဆင္ သမားႀကီး ျဖစ္ေန၍ပင္။ ေဖသန္းေမာင္မွာ ဘယ္လို ဝသီမွန္းမသိ၊ ေတြ႕သမွ် လူတကာ သူငယ္ခ်င္း “ေခၚရမွ သူ႔ပါးစပ္ကကို
အရသာေတြ႕ေနပုံရသည္။
“ေရဆင္ဟာ ေက်ာက္ေဆာင္၊ ေက်ာက္
တုံးေတြေပါတဲ့ ေရအိုင္ေတြမွာ အေနမ်ား
တတ္ ပါတယ္ ဝန္ေထာက္မင္း။ ကြၽန္ေတာ္
ငယ္ငယ္ကဘဲငါးရာဘက္က
ေတာင္က်ေခ်ာင္း တစ္ခုထဲမွာ အေဖျပလို႔
ျမင္ဖူးပါတယ္။
ေရကူးကစားေနတာကို
ကြၽန္ေတာ္နဲ႔အေဖ အၾကာႀကီး ၾကည့္ေနခဲ့ၾက
ဖူးပါတယ္ ”
“ဟာ .. ဟုတ္ၿပီဗ်ိဳ႕ .. ေျပာ .. ေျပာ၊ ခင္ဗ်ား ျမင္ခဲ့တဲ့ ေရဆင္က အေကာင္ ဘယ္ေလာက္
ႀကီးလဲ”

“ေသးေသးေလးပါ”
“ေသးေသးေလးဆိုတာ ဘယ္ေလာက္လဲ၊
ေျပာပါဦး”

ကိုယ္လုံးက လက္သီးဆုပ္ေလာက္ပဲ ရွိ
ပါတယ္”
ေရဆင္ဆိုေတာ့ ေျခေထာက္ေတြ အမ်ားႀကီးလား ”
မမ်ားပါဘူး ခင္ဗ်ား၊ ေျခႏွစ္ေခ်ာင္း လက္ႏွစ္ေခ်ာင္းပါပဲ။ ပကတိ ဆင္အတိုင္းပါ
ပဲ။
“ေအးဗ်ာ .. ေက်းဇူးတင္တယ္။ ေရဆင္နဲ႔ ပတ္သက္လို႔ ခင္ဗ်ားတစ္ေယာက္ပဲ ျမင္ဖူး တာ ရွိတယ္။ ေျပာဗ်ာ ေရဆင္နဲ႔ ပတ္သက္ လို႔ ေနာက္ဘာသိေသးလဲ”
“ဝန္ေထာက္မင္း – ဘာသိခ်င္လဲ မေျပာတတ္ပါဘူး”

“အဲဒီ ခင္ဗ်ားတို႔သားအဖ ျမင္ခဲ့ရတဲ့ ေရ ဆင္က အထီးလား၊ အမလား အဲဒီေတာ့ ကြၽန္ေတာ့္ကို အေဖကလည္း မေျပာျပပါဘူး”
“ခင္ဗ်ားအေဖက ေနာက္ဘာေျပာေသး
“ေရဆင္က သိပ္ အဆိပ္ျပင္းတယ္၊ ေရထဲ မွာ ေရဆင္ရွိေနရင္ ဘယ္ဆင္မွ ေရခ်လို႔မရ ဘူး ေျပာပါတယ္။ ေရဆင္ကိုက္ရင္ ခ်က္ခ်င္း ေသတတ္တယ္လို႔လည္း ေျပာပါ ေသးတယ္”
ေဖသန္းေမာင္က ေရဆင္အေၾကာင္း ဆင္ သမားႀကီး ေျပာျပေနသည္ကို စာအုပ္တစ္ အုပ္ႏွင့္ ေရးမွတ္ေနရင္းက … ေစာထယ္ ရီ၏မ်က္ႏွာကို တစ္ခ်က္ လွမ္းၾကည့္လိုက္
သည္။ သူ႔သေဘာမွာ ဟုတ္ၿပီ၊ ေသခ်ာေနၿပီ
ဟူေသာ ဆုံးျဖတ္ခ်က္ပင္။
“ၿပီးေတာ့ေကာဗ်ာ”
“အဲဒီတုန္းက ကြၽန္ေတာ္လည္း ကေလးပဲ ဆိုေတာ့ အေဖက ဒါပဲ ေျပာပါတယ္”
ကဲ .. ေနာက္ ဟိုက သူငယ္ … အဲ ခင္ဗ်ား ေကာ ေရဆင္နဲ႔ ပတ္သက္လို႔ ဘာသိေသးလဲ ေျပာပါဦး”
ေနာက္ ဆင္သမားတစ္ေယာက္ကို ေဖ သန္းေမာင္က ဆက္ေမးျပန္သည္။
ေရဆင္က ကြၽန္ေတာ္တို႔ ကုန္းဆင္ေတြ ကို ႏိုင္တယ္လို႔ ကြၽန္ေတာ့္ ဘႀကီး ေျပာဖူးပါ တယ္။ ေတာင္ကုတ္ဘက္မွာ လူသုံးေယာက္ သတ္ထားလို႔ ဘယ္လူမွမစီးရဲတဲ့ ဆင္ဆိုး တစ္ေကာင္ ရွိဖူးခဲ့ပါတယ္။ အဲဒီဆင္ကိုစီးတဲ့ ေက်ာ္ေအးဆိုတဲ့ ဦးစီးမွာ ေရဆင္အစြယ္တစ္ေခ်ာင္း
ရွိတယ္လို႔ေျပာၾကပါတယ္။
ေက်ာ္ေအးကို အဲဒီ ဆင္ဆိုး ဘယ္ေလာက္
ေၾကာက္သလဲဆိုရင္ အဲဒီဆင္ ဘယ္ေလာက္
ပဲ ဆိုးသြမ္းေနေန ေဟ့ .. ဟိုမွာ ေက်ာ္ေအး
လာၿပီဆိုတဲ့ အသံကို ၾကားတာနဲ႔ ခ်က္ခ်င္း၊ ၿငိမ္က်သြားတယ္တဲ့။ ေရဆင္အေဆာင္ ရွိ ထားတဲ့လူဆိုရင္ ဆင္က အဲသေလာက္ထိကို ေၾကာက္တယ္လို႔ သိရပါတယ္ ”
“ေအးဗ်ာ ခင္ဗ်ားတို႔ႏွစ္ေယာက္ကို
ေသေသခ်ာခ်ာ မွတ္ထားၿပီး၊ က်ဳပ္တို႔ ေရ ဆင္ ရွာဖမ္းတဲ့အခါ ေခၚပါ့မယ္။ ခင္ဗ်ားတို႔ ဘယ္ဆင္ဝိုင္းကလဲ၊ နာမည္ ဘယ္လို ေခၚ တာလဲ ေျပာထားခဲ့ၾကပါဦး”
” ဟုတ္ကဲ့… ကြၽန္ေတာ္က ပ်ဥ္းမေခ်ာင္း ဝိုင္းကပါ ဝန္ေထာက္မင္း။ နာမည္က ဦးညိဳ ေခၚပါတယ္။ သူကလည္း ကြၽန္ေတာ္တို႔ ဝိုင္း ကပါပဲ။ သူ႔နာမည္က ေအာင္လွပါ”
“ေအးဗ်ာ ေကာင္းၿပီ၊ ေက်းဇူးပဲ ေနာက္ ေတာ့ က်ဳပ္ေခၚပါမယ္။ ခု .. ခင္ဗ်ားတို႔ ျပန္ ႏိုင္ၾကပါၿပီ”

သန္းေမာင္က … ဆင္သမားႏွစ္ေယာက္ကို
သူ႔မွတ္စုစာအုပ္ထဲ
ေရးမွတ္ထားလိုက္၏။
ေရဆင္ႏွင့္ ပတ္သက္၍ အခ်က္အလက္
အေတာ္စုံသြားၿပီ ျဖစ္သျဖင့္ ဆင္သမားမ်ား
ျပန္သြားၾကေသာအခါ
ေဖေသန္းေမာင္ႏွင့္
ေစာထယ္ရီတို႔မွာ ကညင္ေခ်ာင္းထဲ၌ ေရ
ဆင္ ရွာေဖြဖမ္းဆီးေရး စီမံကိန္းႀကီးကို ဆက္လက္ အေကာင္အထည္ရန္ တင္ျပ ေဆြးေႏြးလ်က္ က်န္ခဲ့ၾကေလသည္။
***