အုတ်ဂူခိုးဖောက်သူ(စ/ဆုံး)

Unicode Version

အုတ်ဂူခိုးဖောက်သူ(စ/ဆုံး)
——————————–
အောင်ခင်သည် မွေးကတည်းက အဖေနှင့်အမေကို သူမသိ။ သူ၏ဘဝတွင်အစ်ကိုတစ်ယောက်ရှိသည်ကိုသာ သူသိသည်။ အောင်ခင်ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူ အောင်မြင့်ကပန်းရံအလုပ်ကို လုပ်ကိုင်လေသည်။ အောင်ခင်အား တစ်ဦးတည်းသော အိမ်နီးနားချင်းဖြစ်သူ ဒေါ်မြလေးတို့၏အိမ်တွင် အကူအညီတောင်း၍ထားခဲ့ပြီး အောင်မြင့်ကပန်းရံလိုက်ဆင်းရသည်။

ဤသို့ဖြင့် ရက်၊ လ၊ နှစ်တွေ ကုန်ဆုံးပြီးသည့်အခါ အောင်ခင်သည်လည်း အသက် ဆယ်နှစ်ကျော်လာပြီဖြစ်သည်။ ထိုအချိန်ထိတိုင် သူ့တွင်အပေါင်းအသင်းဆိုသူက မရှိ။ မည်သူကမှ အောင်ခင်အား အပေါင်းအသင်းမလုပ်ကြပေ။ အိမ်နီးနားချင်းဖြစ်သူ ဒေါ်မြလေးတို့ကလည်း ရေကြည်ရာ၊ မြက်နုရာရှာပြီး ပြောင်းရွှေ့သွားကြသည်။ ယခုတော့ ရပ်ကွက်၏အစွန်ဘက်၌ ကျောတစ်ခင်းစာလောက်ရှိသည့် တဲကလေးထဲ၌
အောင်မြင့်နှင့်အောင်ခင်တို့ ညီအစ်ကိုနှစ်ယောက် နေထိုင်ကြလေသည်။

အောင်ခင်သည် အသက်ကလေးကလည်းရလာသဖြင့်
အရပ်တကာလျှောက်လှည့်၍ ရောင်းချလို့ရမည့်အရာများအား တစ်နေကုန်လိုက်ကောက်လေသည်။ တစ်ခါတလေ ခိုးခွင့်ရလျှင်ခိုးယူသေးသည်။ ညနေတိုင်းလိုလို ဂုန်နီအိတ်တစ်လုံးဖြင့် အပြည့်ရှိနေသည့် ဗူးခွံ၊ ပလုံးခွံ များအား ကုလားဆိုင်တစ်ဆိုင်တွင် ရောင်းချကာ ဝမ်းရေးအတွက်ဖြေရှင်းနေရသည်။

နံနက်မိုးလင်းသည်နှင့်တပြိုင်နက် အောင်ခင်တစ်ယောက်အိပ်ယာထကာ တဲအရှေ့တွင် ငူတူတူကြီးဖြင့် ထိုင်နေလေ၏။ အောင်မြင့်ကတော့ အလုပ်သွားရန်ပြင်ဆင်နေသည်။ ထို့နောက်အောင်မြင့်က နံနက်စာအဖြစ် မနေ့ညကကျန်နေသည့် ထမင်းနှင့်ဟင်းကို စားသောက်နေသည်။

“အောင်ခင်”

“ဗ်”

“ငါ အလုပ်သွားတော့မယ်…ဒီနေ့တော့ ရှိတာနဲ့ပဲကြည့်ကျပ်စားလိုက်တော့…ညနေကျမှ လုပ်အားခရှင်းရင် ခေါက်ဆွဲကြော်ဖြစ်ဖြစ်ဝယ်လာခဲ့မယ်”

“ဟုတ်”

“အေး…အေး ငါသွားပြီ”

အောင်မြင့်က အလုပ်သွားပြီးသည့်နောက် အောင်ခင်သည် သူ့အစ်ကိုစားလက်စထမင်းကြမ်းခဲအား ဖြစ်သလိုပင်စားသောက်လိုက်ပြီးနောက် ဦးထုပ်အစုတ်တစ်လုံးဆောင်းကာ ဂုန်နီအိတ်ကိုလက်ကဆွဲ၍ ရှာပုံတော်ခရီးထွက်တော့လေသည်။ ရပ်ကွက်ထဲရှိ အမှိူက်ပုံများက အောင်ခင်အတွက်တော့ ရတနာပုံများဖြစ်သည်။ တစ်ခါတရံ အမှိူက်လာပစ်သူများနှင့်ဆုံတွေ့ပါက အောင်ခင်မှာဝမ်းသာလို့မဆုံးပေ။ သို့သော် အမှိူက်လာပစ်ကြသည့်သူတိုင်းကတော့ အောင်ခင်အားနှာခေါင်းရှူံ့ကာ ဝေးဝေးမှရှောင်ကြလေ၏။

အောင်ခင်သည် နေ့လည်အချိန်လောက်ရောက်တော့ ရပ်ကွက်ထဲမှထွက်လာလေသည်။ တစ်နေရာရောက်တော့ သင်္ချိုင်းဆီသို့ ဦးတည်သွားနေသော လူအုပ်ကြီးအား အောင်ခင်ကတွေ့လိုက်ရလေသည်။ ဘာရယ်တော့မဟုတ် အောင်ခင်လည်း ထိုလူအုပ်၏အနောက်မှ ဂုန်နီအိတ်ကြီးပုခုံးပေါ်ထမ်းကာ လိုက်သွားလေသည်။

သင်္ချိုင်းထဲသို့ရောက်သည့်အခါ အသုဘအားမြေချခါနီးဖြစ်နေသဖြင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုက ထုံးစံအတိုင်းငိုကြွေးနေကြသည်။ ခဏကြာတော့ မြေချရန်အတွက် အခေါင်းအား ပြန်ပိတ်တော့မည့်အချိန်တွင် ထိုအခေါင်းထဲသို့ ကျန်ရစ်သူမိသားစုက ရွှေ၊ငွေနှင့် လက်ဝတ်လက်စား အချို့ကို ထည့်ပေးလိုက်လေသည်။ ထိုအရာအား အောင်ခင်က မြင်သွားသည့်အခါ ချက်ချင်းပင် မကောင်းသည့်အတွေးများက ဝင်ရောက်ကြီးစိုးလာလေသည်။ ထို့နောက် အောင်ခင်သည် အခေါင်းအားမြေချခဲ့သည့်နေရာအား အသေအချာ မှတ်သားကာ ထိုနေရာမှ လှည့်ထွက်လာခဲ့လေ၏။

ညနေစောင်းအချိန်သို့ရောက်သောအခါ အောင်ခင်ကသူ၏ဒုတိယကျေးဇူးရှင်ဖြစ်သော ပစ္စည်းအဟောင်းဝယ်သည့် ကုလားဆီသို့ အပြေးနှင်တော့လေသည်။ ထို့နောက် သူ၏တစ်နေကုန် ရှာပုံတော်ထွက်၍ ရလာသည့် ဗူးခွံ၊ ပုလင်းခွံနှင့် သံ၊ သတ္ထုအချို့အား ထုခွဲရောင်းချတော့သည်။ ထိုမှရလာသည့် ငွေကြေးပမာဏက သူ့အတွက်မတန်သော်လည်း မည်သို့မျှမတတ်နိုင်ပေ။

အောင်ခင်သည်သူ၏တစ်နေ့တာလုပ်အားဖြင့်ရလာသည့် ပိုက်ဆံငါးရာတန်အစုတ်ကလေးအား လက်ထဲ၌ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သူ၏
နေထိုင်ရာ ရပ်ကွက်အစွန်သို့ လျှောက်လှမ်းလာလေသည်။ တစ်နေရာရောက်တော့ အကြော်ဆိုင်တစ်ဆိုင်အား တွေ့သွားသဖြင့် စားချင်စိတ်ကို မျိုမချနိုင်ပဲ ဘူးသီးကြော်ကိုသာဝါးမျိုချရန်အတွက် ဆုံးဖြတ်တော့သည်။

“အန်တီ…အကြော်… ဘယ်လိုရောင်းလဲ”

“တစ်ခု…ငါးဆယ်”

“နှစ်ရာဖိုးပေး…အချည်ရည်များများထည့်ပေးနော်… ထမင်းနဲ့လည်းစားလို့ရအောင်လို့”

“အေးပါ…အေးပါ”

အောင်ခင်သည် ဘူးသီးကြော်ထုပ်ကလေးအား လက်ထဲ၌ဆွဲကိုင်လာပြီး ရပ်ကွက်အပြင်ဘက်အထိ ထွက်လာခဲ့ရာ ခဏကြာတော့ မှောင်ရီသမ်းနေသည့် သူ၏ တဲအိမ်ကလေးပေါ်သို့တက်လိုက်လေသည်။ ဖယောင်းတိုင်ငုတ်တိုလေးအား မီးခြစ်ဖြင့်ခြစ်ကာ မီးထွန်းညှိလိုက်လေသည်။ လမ်း၌ဝင်ဝယ်လာသည့် ဘူးသီးကြော်အား စားချင်နေသော်လည်း မစားသေးပဲ အစ်ကိုဖြစ်သူကိုစောင့်နေလေသည်။

အတန်ငယ်ကြာသောအခါ အောင်မြင့်တစ်ယောက်ပြန်ရောက်လာလေသည်။ လက်ထဲတွင်လည်း ခေါက်ဆွဲကြော်နှင့် ထမင်းထုပ်က ပါလာသေး၏။

“အောင်ခင်ရေ…ထမင်းစားဖို့ လုပ်ဟေ့”

“ဟုတ်… ဟုတ်”

အောင်မြင့်က ပြောပြောဆိုဆိုဖြင့် ခေါက်ဆွဲကြော်ထုပ်နှင့် ထမင်းထုပ်အား အောင်ခင်သို့လှမ်းပေးလိုက်သည်။ အောင်ခင်ကလည်း ကော်ပန်းကန်များထဲ၌ ခေါက်ဆွဲကြော်၊ ထမင်းနှင့် ဘူးသီးကြော်တို့အားထည့်ပြီး စားသေါက်ရန်ပြင်ဆင်နေလေ၏။ ခဏကြာတော့ အောင်မြင့်က အဝတ်စားလဲကာ အောင်ခင်နှင့်အတူ ညစာစားသုံးကြတော့သည်။

စားပြီးသည်နှင့် ဗိုက်လေးသွားသော အောင်ခင်က နေရာတင်လှဲချလိုက်တော့သည်။ ထိုအချိန် အောင်မြင့်ကတော့ ဆေးလိပ်ထိုင်သောက်နေသည်။ ထိုညက ညီအစ်ကိုနှစ်ယောက် စကားမပြောဖြစ်ခဲ့ပေ။

ညအမှောင်က တဖြည်းဖြည်းနှင့်ကြီးစိုးလာသည့်အခါ အောင်မြင့်ကလည်း အိပ်စက်အနားယူတော့လေသည်။ ထိုအချိန် အိပ်နေပြီဟုထင်ရသော အောင်ခင်က မအိပ်သေးပဲတစ်ခုခုကို အသေအချာတွေးတောနေလေ၏။ ဉာဉ့်အတော်နက်သည့်အခါမှ အောင်ခင်လည်း အိပ်ပျော်သွားလေသည်။

နံနက်လင်းအားကြီးချိန်မှ အောင်ခင်တစ်ယောက် အိပ်ယာမှနိုးလေသည်။ ထိုအချိန် အစ်ကိုဖြစ်သူ အောင်မြင့်က အလုပ်သွားပြီဖြစ်သည်။ အောင်ခင်သည် မနေ့ကကျန်သည့် ခေါက်ဆွဲကြော်နှင့် ထမင်းကြမ်းအချို့အား စားသောက်လိုက်ပြီးနောက် သင်္ချိုင်းဆီသို့ပြေးတော့လေသည်။ လက်ထဲ၌လည်း သံတူတစ်ချောင်းအား ကိုင်ဆောင်ထားလေ၏။

ဤသို့ဖြင့် သင်္ချိုင်းသို့ရောက်သည့်အခါ မနေ့က အောင်ခင်မှတ်သားထားသည့်နေရာ၌ အုတ်ဂူအသစ်တစ်လုံးအား တွေ့လိုက်ရတော့သည်။ အောင်ခင်အရမ်းပျော်သွားသည်။ ထို့ကြောင့် ထိုအုတ်ဂူအသစ်အနားသို့ပြေးသွားကာ လက်ထဲရှိသံတူအသေးကလေးဖြင့် ထုခွဲနေတော့သည်။ နဂိုက တိတ်ဆိတ်နေသည့် သင်္ချိုင်းဝန်းကျင်တစ်ဝိုက်တွင် ‘တတောက်တောက်’ ဖြင့် အုတ်ဂူအားထုရိုက်နေသည့်အသံက ကျယ်လောင်စွာထွက်ပေါ်နေသည်။

အတန်ငယ်ကြာသောအခါ အုတ်ဂူ၏နံရံ၌ အပေါက်အသေးလေးတစ်ပေါက်ဖြစ်လာသည်။ အောင်ခင်တစ်ယောက် ပို၍ပျော်သွားတော့သည်။ မျှော်လင့်ချက်များအမှန်တစ်ကယ်ဖြစ်လာတော့မည်၊ မွေးကတည်းက ချည်နှောင်ခြင်းခံထားရသည့် ဆင်းရဲတွင်းထဲက လွတ်မြောက်တော့မည်ဟု ဆိုကာ အုတ်ဂူ၏နံရံအား တူဖြင့် အဆက်မပြတ်ရိုက်ထုနေလေ၏။ အချိန်ကြာလာသောအခါ အုတ်ဂူမှာ အတော်အသင့်ကြီးမားသည့် အပေါက်ကြီးဖြစ်လာတော့သည်။ ထို့နောက် အောင်ခင်သည် အလောင်းပေါ်ရှိရွှေ၊ ငွေ၊ ရတနာများအား မရ,ရအောင် တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစား၍ အရယူနိုင်ခဲ့တော့သည်။

အောင်ခင်သည် တစ်ခါမှမထိတွေ့၊ မကိုင်တွယ်ဖူးသော ရွှေဆွဲကြိုး၊ လက်စွပ်များနှင့် လက်ကောက်တို့ကို မိမိကိုယ်၌ဝတ်ဆင်ကာ သဘောကျနေတော့သည်။ ထို့နောက် အောင်ခင်၏ စိတ်ထဲတွင် လောဘဇော ကပ်လာတော့သည်။ အခြားအုတ်ဂူများ၌လည်း ထိုသို့ရတနာများရှိဦးမည် ဟု အတွေးဝင်လာလေ၏။

ထို့ကြောင့် အောင်ခင်သည် သူ၏မလှမ်းမကမ်းရှိ ကုက္ကိုပင်ကြီး၏အောက်တွင် ရှိနေသည့် အခြားအုတ်ဂူများထက်ကြီးမားကာ ဟောင်းနွမ်းနေသည့် အုတ်ဂူကြီးအား မျက်စိကျသွားတော့သည်။ အုတ်ဂူ၏နံရံများ၌ အက်ကွဲကြောင်းများကလည်းရှိနေသဖြင့် ထုခွဲရလွယ်မည်ဟု ဆိုကာအုတ်ဂူကြီးအနားသို့ ရောက်လာခဲ့တော့သည်။ ထို့နောက် အောင်ခင်သည် အုတ်ဂူနံရံ၏အက်ကွဲကြောင်းအတိုင်း တူဖြင့်ထုခွဲတော့လေသည်။

“ဟေ့ရောင်…မလုပ်နဲ့….”

အောင်ခင်သည် သူ၏နားထဲတွင်ကြားလိုက်ရသည့် အသံသြသြကြီးကြောင့် အသားများတောင် တဆတ်ဆတ်တုန်ခါသွားတော့သည်။ လက်ထဲမှတူကလည်း အောက်သို့လွတ်ကျသွားလေ၏။ ထို့နောက် အောင်ခင်သည် မြေကြီးပေါ်၌ကျနေသည့် တူအားကောက်ယူလိုက်ရင်း ဟိုကြည့်ဒီကြည့်လုပ်ကာ
ပတ်ဝန်းကျင်ကို အကဲခတ်နေလေသည်။ မည်သည့် အရိပ်အယောင်မျှမတွေ့သဖြင့် သူ၏လုပ်လက်စအလုပ်အားဆက်လုပ်နေလေသည်။
ထိုအချိန် ကြည်လင်နေသည့် မိုးကောင်းကင်၌ ရုတ်ချည်းဆိုသလို တိမ်ညို၊ တိမ်မည်းများအသွင်သို့ပြောင်းလဲသွားကာ မိုးရွာချတော့လေသည်။ အောင်ခင်သည် ထိုသို့မိုးရွာနေသည်ကိုတောင် ဂရုမစိုက်တော့ပဲအုတ်ဂူ၏နံရံအား အဆက်မပြတ်ရိုက်ခွဲနေတော့သည်။

“ဟေ့ရောင်…မလုပ်နဲ့…ထွက်သွား…ဒီကနေထွက်သွားစမ်း”

အသံသြသြကြီးက နောက်တစ်ခေါက်ထွက်ပေါ်လာတော့သည်။ သည်တစ်ကြိမ်တွင်တော့ အောင်ခင်တစ်ယောက်လန့်ဖျန့်သွားလေသည်။ အကြောင်းမှာ အသံက သူ၏နား အနီး၌ ကပ်ပြောနေသကဲ့ကြားနေရပြီး အသံပိုင်ရှင်ကိုမူ မတွေ့ရခြင်းကြောင့်ပင်။ သို့သော်လည်း အောင်ခင်က သူ၏ကြောက်စိတ်ကို လောဘစိတ်ဖြင့်ဖုံးလွှမ်းလိုက်ပြီး အပေါက်ဖြစ်ခါနီးနေသည့် အုတ်ဂူနံရံအား နဂိုကထက် ခပ်မြန်မြန်လေး ရိုက်ခွဲလေသည်။

“ဟေ့ရောင်….ငါပြောနေတာမကြားဘူးလား…ငါစိတ်တိုလာပြီနော်…ထွက်သွားစမ်း…ဒီနေရာကနေ ထွက်သွားစမ်း”

“ဟာကွာ…မသွားဘူးကွာ”

အောင်ခင်သည် စိတ်မရှည်တော့သည့်အသံဖြင့် ထအော်ကာ သူ၏အလုပ်ကိုဆက်လုပ်နေတော့သည်။ ထိုအချိန်တွင် ကုက္ကိုပင်ကြီးပေါ်မှအရာတစ်ခုက အောင်ခင်ထုခွဲနေသည့် အုတ်ဂူပေါ်သို့ ကျရောက်လာလေသည်။

အောင်ခင်ကလည်း သူ့အရှေ့ရောက်လာသည့်အရာအား သေသေချာချာကြည့်လိုက်တော့မှ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေသည်ကို သိလိုက်ရတော့သည်။ အရပ်က ဆယ်ပေလောက်ရှိကာ တစ်ကိုယ်လုံး၌ အမွှေးအမျှင်များက ဖုံးလွှမ်းထားလေသည်။ ကြီးမားသည့် မျက်လုံးက အပြင်ဘက်အထိထွက်နေပြီး ထိုမျက်လုံးက နဖူးတည့်တည့်၌ တစ်လုံးတည်းသာရှိနေသည်။ ပါးစပ်ကြီးကို ဖြဲထားသဖြင့် ကြီးမားသည့်အစွယ်ကြီးများကို အတိုင်းသားမြင်နေရလေသည်။ ထိုမကောင်းဆိုးဝါးကြီးက အောင်ခင်အား စိုက်ကြည့်ကာ ဒေါသပုန်ထနေလေသည်။ ထိုအခါမှ အောင်ခင်လည်း သွေးပျက်မတက်ကြောက်လန့်ကာ အော်ဟစ်ရင်း သူ၏နေထိုင်ရာ တဲကလေးဆီသို့ပြေးသွားတော့လေသည်။ ကိုယ်၌ဝတ်ဆင်ထားသည့် ရတနာများကလည်း မည်သည့်နေရာ၌ ကျကျန်ခဲ့သည်ကို သူမသိတော့။ စိတ်ထဲတွင် အသက်လုပြေးရမည် ဟုသာတွေးထားပြီး ဖနောင့်နှင့်ဖင် တစ်သားတည်းကျအောင်ပြေးနေတော့သည်။ မိုးကလည်း အငြိုးကြီးစွာဖြင့် သည်းထန်နေလေ၏။

ဤသို့ဖြင့် အောင်ခင်သည် သူ၏နေထိုင်ရာနေရာဖြစ်သည့်
တဲကလေးဆီသို့ရောက်သည့်အခါ အစ်ကိုဖြစ်သူ အောင်မြင့်က ရှိနေလေ၏။ အောင်မြင့်သည် မိုးများအဆက်မပြတ်ရွာသွန်းနေသဖြင့် အလုပ်သိမ်းကာ အိမ်ပြန်လာခြင်းဖြစ်သည်။

“ဟေ့ရောင်…အောင်ခင်…မိုးရွာနေတာကို ဘာလို့ပြေးလာတာလဲ…တစ်နေရာရာမှာ မိုးခိုနေရောပေါ့”

“ကိုကြီး…ကယ်ပါဦး…ကြောက်တယ်…ကြောက်တယ်”

“ဟမ်…ဟေ့ရောင်…မင်းကိုဘယ်ကောင်လုပ်တာလဲပြောစမ်း…ဟိုဘက်ရပ်ကွက်ထဲကကောင်တွေလား”

“မဟုတ်ဘူး…ကြောက်တယ်…ကြောက်တယ် ”

“အေးလေ…ဘယ်သူ့ကိုကြောက်တာလဲ…ငါ့ကိုပြောစမ်း”

“သရဲ…သရဲ…အကြီးကြီးပဲ…ကြောက်တယ် ကိုကြီးကြောက်တယ်”

“ဟာ…ဒီကောင်ဘာဖြစ်တာလဲဟ…နေ့ခင်းကြောင်တောင်ကြီးဘယ်ကသရဲရှိမှာလဲဟ”

“ရှိတယ်..ရှိတယ်…အကောင်အကြီးကြီးပဲ”

အောင်ခင်က ပြောပြောဆိုဆိုဖြင့် တဲအထဲထိဝင်ကာ ခွေခွေလေးအိပ်နေလေသည်။ ပါးစပ်မှလည်း ‘ကြောက်တယ်…ကြောက်တယ်’ ဟု ညည်းညူနေလေသည်။ ထိုအခါ အောင်မြင့်က မသင်္ကာသဖြင့် အောင်ခင်၏ခန္ဓာကိုယ်အား ကိုင်ကြည့်လိုက်သည့်အခါ အောင်ခင်က ကိုယ်တွေချစ်ချစ်တောင်ပူကာ အဖျားတက်နေသည်ကို သိသွားတော့သည်။

“ဟာ…ဒီကောင် အဖျားတွေတက်ပြီး ပါးစပ်ကနေ ဂယောင်ကတမ်း ပြောနေတာပဲ…”

ထို့နောက်အောင်မြင့်သည် အောင်ခင်အား မိုရေရွှဲနေသည့် အဝတ်အစားများကို လဲပေးနေလေ၏။

“အောင်ခင်…ခဏလေးနော်…ငါ ရပ်ကွက်ထဲကဆေးဆရာကို သွားခေါ်လိုက်ဦးမယ်”

အောင်မြင့်က ပြောပြောဆိုဆိုဖြင့် တဲစုတ်ကလေးထဲမှထွက်လာကာ ရပ်ကွက်ထဲသို့ ပြေးတော့လေသည်။ အတန်ငယ်ကြာသောအခါ ဆေးဆရာနှင့်အတူ အောင်မြင့်တစ်ယောက် ပြန်လာတော့လေ၏။ ထိုအချိန် အောင်ခင်က “အား…ကြောက်တယ်..ကြောက်တယ်” ဟုအော်ဟစ်နေကာ မြေကြီးပေါ်၌လူးလှိမ့်နေလေသည်။ ထိုအဖြစ်အပျက်အား မြင်လိုက်ရသည့် အောင်မြင့်က သူ့ညီအား အတင်းမ,ချီကာ တဲအပေါ်သို့တင်ပေးလိုက်လေသည်။ ပါးစပ်မှလည်း “ညီလေး…ဘာမှမကြောက်နဲ့…ကိုကြီးရှိတယ်နော်” ဟု ပြောနေလေသည်။ အောင်ခင်သည် အဖျားအရမ်းကြီး၍ ထိုသို့ လျှောက်အော်နေသည်ဟု အောင်မြင့်ကထင်သော်လည်း ဆေးဆရာကတော့ အောင်မြင့်လို မထင်ပေ။ တစ်ခုခုကို သဘောပေါက်ဟန်ရှိနေလေ၏။

ဆေးဆရာက တဲအပေါ်သို့ ရောက်ရောက်ချင်း အောင်ခင်၏အနားတွင်ထိုင်လိုက်သည့်အခါ အောင်မြင့်က ပြောလေသည်။

“ဆရာ…ကျွန်တော့် ညီလေးကို ကယ်ပေးပါဦးနော်”

“စိတ်ချပါ…ကျုပ်ရအောင်ကယ်ပေးပါ့မယ်”

ထိုအချိန် အောင်ခင်ဆီမှ အသံတစ်မျိုးထွက်လာလေသည်။ ထိုအသံက အောင်ခင်၏အသံမဟုတ်ပေ။

“ဟား ဟား ဟား မရဘူး…ဘယ်သူမှကယ်လို့မရတော့ဘူး”

အောင်မြင့်သည် သူ့ညီပါးစပ်မှ အခြားသူတစ်ယောက်၏အသံထွက်လာသဖြင့် ပို၍စိုးရိမ်ကာ ကြောက်ရွံ့သွားလေသည်။ ထိုအခါ ဆေးဆရာကြီးက အောင်ခင်အား စေ့စေ့စပ်စပ်ကြည့်ကာ မေးခွန်းမေးလေ၏။

“. .အသင်က ဘယ်သူလဲ…ဒီသူငယ်က ဘာအမှားလုပ်မိလို့လဲ…”

“ဒီကောင် အမှားလုပ်တယ်….ငါ့နေရာကို ကျူးကျော်ဝင်ရောက်ပြီး…ငါ့ကိုစော်ကားတယ်…ဒီကောင်သိပ်ရိုင်းတယ်”

“နေပါဦး…သူက ဘယ်လိုအမှားလုပ်တာလဲ”

“ငါ့အုတ်ဂူကို လာဖောက်တာလေ”

“ဗျာ” “ဟေ”

အောင်မြင့်နှင့် ဆေးဆရာတို့နှစ်ယောက်၏ အာမေဋိတ်အသံက ထွက်ပေါ်လာလေသည်။ နှစ်ယောက်သားကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စဉ်းစားရခက်နေလေသည်။ ထို့ကြောင့် ဆေးဆရာကြီးက…

“အုတ်ဂူ ဖောက်တာက ဒီသူငယ်ရော ဟုတ်ရဲ့လား”

“ဟုတ်တယ်…ဒီကောင့်မှဒီကောင်အစစ်…ဒီကောင်က မနေ့ကမှသေတဲ့သူရဲ့ အုတ်ဂူကိုအရင်ဖောက်တယ်…ပြီးတော့ အုတ်ဂူကိုလာဖောက်တာ…ငါ မကျေနပ်ဘူး ဒီကောင့်ကိုငါ စားမယ်”

ထိုအခါ အောင်မြင့်က လန့်ဖျန့်ကာ အောင်ခင်အတွက်စိုးရိမ်သွားသောကြောင့် စကားဝင်ပြောလေသည်။

“ကျွန်တော့်ညီအတွက်…ကျွန်တော်ကပဲ တောင်းပန်ပါတယ်ဗျာ…မသိနားမလည်လို့ လုပ်မိသွားတဲ့အမှားလေးမို့
သူ့ကိုခွင့်လွှတ်ပေးပါဗျာ”

“မရဘူး..လုံးဝခွင့်မလွှတ်နိုင်ဘူး…ငါဒီကောင့်ကို သုံးကြမ်တိတိတားသေးတယ်…အဲ့တာကို ရအောင်လုပ်သွားတယ်…ခွင့်မလွှတ်ဘူး…ဒီကောင့်ကို ငါစားပစ်မယ်”

“ဆရာကြီးရယ်….လုပ်ပါဦး…. ကျွန်တော့်ညီကို…ကယ်ပေးပါဦး”

“ကဲပါဗျာ…ဒီသူငယ်ကိုပြန်လွှတ်ပေးဖို့အတွက် ကျုပ်တို့ဘက်ကဘယ်လိုတောင်းပန်ရမလဲ…စားပွဲသောက်ပွဲနဲ့ဆိုရင်ရော…”

“မရဘူး…လုံးဝမရတော့ဘူး…နောက်ကျသွားပြီ ဒီကောင့်ကိုငါ စားတော့မယ်…ကဲ ခြေထောက်ကနေ စ,စားပြီကွာ”

“အား…ကိုကြီး…လုပ်ပါဦး ခြေထောက်နာတယ်…ကယ်ပါဦး”

“ဗိုက်ထဲက ကလီစာတွေအကုန်စားမယ်ကွာ…”

“အား…ဗိုက်တွေအောင့်တယ်…သေတော့မယ်…အရမ်းနာတယ်…..ကယ်ကြပါဦး…ကယ်ကြပါဦး”

“နှလုံးသွေးကို ဖောက်စုပ်မယ်…”

“အား….”

ဤသို့ဖြင့် အောင်ခင်သည် တစ်ယောက်တည်း အသံနှစ်မျိုးဖြင့် ပြောနေကာ လူးလှိမ့်နေရင်း တဖြည်းဖြည်းငြိမ်သက်သွားတော့လေသည်။ ထိုအခါ ဆေးဆရာက အောင်ခင်၏ အင်္ကျီအားလှန်ကြည့်လိုက်လေသည်။ အောင်ခင်၏ ဗိုက်မှာ ပြားကပ်နေလေသည်။ ဆေးဆရာက သူ၏ လက်ဖြင့် အောင်ခင်၏ကိုယ်အား လိုက်လံစမ်းသပ်ကြည့်သည့်အခါတွင်လည်း နှလုံး၊ အဆုတ်၊ ကလီစာ စသည့်ခန္ဓာကိုယ်အတွင်းပိုင်း ပစ္စည်းများ လုံးဝမရှိတော့သည်ကို သိလိုက်ရလေသည်။ ဆေးဆရာသည်လည်း အလွန်မှအံ့သြနေကာ
အောင်ခင်၏လက်ကောက်ဝတ်အားကိုင်၍ သွေးခုန်နှူန်း စမ်းသပ်လိုက်သည်။ ထို့နောက် အောင်မြင့်အား ခေါင်းခါပြလေ၏။

“ဟီး…ငါ့ညီရာ…ဘာလို့ အဲ့ဒီလိုတွေလျှောက်လုပ်ရတာလဲကွာ…ဟီး..ဟီး”

ဆေးဆရာသည် အောင်ခင်အားဖက်၍ ငိုယိုနေသည့် အောင်မြင့်အား မည်သည်မှပြောမထွက်တော့ပဲ သက်ပြင်းချကာ ထိုတဲအိမ်ကလေးအတွင်းမှ ထွက်လာခဲ့တော့သည်။

မညှာမတာဖြင့် အငြိုးကြီးစွာရွာချနေသည့် မိုးစက်များ၏အောက်ရှိ တဲအိမ်ကလေးအတွင်းတွင်တော့ အောင်မြင့်၏ အော်ဟစ်ကာငိုယိုနေသည့်အသံက ဟိန်းထွက်နေလေသည်။ အောင်ခင်၏ ဆင်းရဲမွဲတေနေသည့် ကံကြမ္မာလေးကလည်း ဒီဘဝ ဤမျှလောက်နှင့်သာ နိဂုံးချုပ်၍ အဆုံးသတ်သွားတော့လေတည်း။

–••ပြီးပါပြီ••–

စာဖတ်သူများအား
အစဉ်ချစ်ခင်လေးစားလျှက်…

စိုင်း(ချယ်ရီမြေ).

Zawgyi Version

အုတ္ဂူခိုးေဖာက္သူ(စ/ဆံုး)
——————————–
ေအာင္ခင္သည္ ေမြးကတည္းက အေဖႏွင့္အေမကို သူမသိ။ သူ၏ဘဝတြင္အစ္ကိုတစ္ေယာက္ရွိသည္ကိုသာ သူသိသည္။ ေအာင္ခင္ငယ္ငယ္ကတည္းက အစ္ကိုျဖစ္သူ ေအာင္ျမင့္ကပန္းရံအလုပ္ကို လုပ္ကိုင္ေလသည္။ ေအာင္ခင္အား တစ္ဦးတည္းေသာ အိမ္နီးနားခ်င္းျဖစ္သူ ေဒၚျမေလးတို႔၏အိမ္တြင္ အကူအညီေတာင္း၍ထားခဲ့ၿပီး ေအာင္ျမင့္ကပန္းရံလိုက္ဆင္းရသည္။

ဤသို႔ျဖင့္ ရက္၊ လ၊ ႏွစ္ေတြ ကုန္ဆုံးၿပီးသည့္အခါ ေအာင္ခင္သည္လည္း အသက္ ဆယ္ႏွစ္ေက်ာ္လာၿပီျဖစ္သည္။ ထိုအခ်ိန္ထိတိုင္ သူ႔တြင္အေပါင္းအသင္းဆိုသူက မရွိ။ မည္သူကမွ ေအာင္ခင္အား အေပါင္းအသင္းမလုပ္ၾကေပ။ အိမ္နီးနားခ်င္းျဖစ္သူ ေဒၚျမေလးတို႔ကလည္း ေရၾကည္ရာ၊ ျမက္ႏုရာရွာၿပီး ေျပာင္းေ႐ႊ႕သြားၾကသည္။ ယခုေတာ့ ရပ္ကြက္၏အစြန္ဘက္၌ ေက်ာတစ္ခင္းစာေလာက္ရွိသည့္ တဲကေလးထဲ၌
ေအာင္ျမင့္ႏွင့္ေအာင္ခင္တို႔ ညီအစ္ကိုႏွစ္ေယာက္ ေနထိုင္ၾကေလသည္။

ေအာင္ခင္သည္ အသက္ကေလးကလည္းရလာသျဖင့္
အရပ္တကာေလွ်ာက္လွည့္၍ ေရာင္းခ်လို႔ရမည့္အရာမ်ားအား တစ္ေနကုန္လိုက္ေကာက္ေလသည္။ တစ္ခါတေလ ခိုးခြင့္ရလွ်င္ခိုးယူေသးသည္။ ညေနတိုင္းလိုလို ဂုန္နီအိတ္တစ္လုံးျဖင့္ အျပည့္ရွိေနသည့္ ဗူးခြံ၊ ပလုံးခြံ မ်ားအား ကုလားဆိုင္တစ္ဆိုင္တြင္ ေရာင္းခ်ကာ ဝမ္းေရးအတြက္ေျဖရွင္းေနရသည္။

နံနက္မိုးလင္းသည္ႏွင့္တၿပိဳင္နက္ ေအာင္ခင္တစ္ေယာက္အိပ္ယာထကာ တဲအေရွ႕တြင္ ငူတူတူႀကီးျဖင့္ ထိုင္ေနေလ၏။ ေအာင္ျမင့္ကေတာ့ အလုပ္သြားရန္ျပင္ဆင္ေနသည္။ ထို႔ေနာက္ေအာင္ျမင့္က နံနက္စာအျဖစ္ မေန႔ညကက်န္ေနသည့္ ထမင္းႏွင့္ဟင္းကို စားေသာက္ေနသည္။

“ေအာင္ခင္”

“ဗ္”

“ငါ အလုပ္သြားေတာ့မယ္…ဒီေန႔ေတာ့ ရွိတာနဲ႔ပဲၾကည့္က်ပ္စားလိုက္ေတာ့…ညေနက်မွ လုပ္အားခရွင္းရင္ ေခါက္ဆြဲေၾကာ္ျဖစ္ျဖစ္ဝယ္လာခဲ့မယ္”

“ဟုတ္”

“ေအး…ေအး ငါသြားၿပီ”

ေအာင္ျမင့္က အလုပ္သြားၿပီးသည့္ေနာက္ ေအာင္ခင္သည္ သူ႔အစ္ကိုစားလက္စထမင္းၾကမ္းခဲအား ျဖစ္သလိုပင္စားေသာက္လိုက္ၿပီးေနာက္ ဦးထုပ္အစုတ္တစ္လုံးေဆာင္းကာ ဂုန္နီအိတ္ကိုလက္ကဆြဲ၍ ရွာပုံေတာ္ခရီးထြက္ေတာ့ေလသည္။ ရပ္ကြက္ထဲရွိ အမွိူက္ပုံမ်ားက ေအာင္ခင္အတြက္ေတာ့ ရတနာပုံမ်ားျဖစ္သည္။ တစ္ခါတရံ အမွိူက္လာပစ္သူမ်ားႏွင့္ဆုံေတြ႕ပါက ေအာင္ခင္မွာဝမ္းသာလို႔မဆုံးေပ။ သို႔ေသာ္ အမွိူက္လာပစ္ၾကသည့္သူတိုင္းကေတာ့ ေအာင္ခင္အားႏွာေခါင္းရႉံ႔ကာ ေဝးေဝးမွေရွာင္ၾကေလ၏။

ေအာင္ခင္သည္ ေန႔လည္အခ်ိန္ေလာက္ေရာက္ေတာ့ ရပ္ကြက္ထဲမွထြက္လာေလသည္။ တစ္ေနရာေရာက္ေတာ့ သခ်ႋဳင္းဆီသို႔ ဦးတည္သြားေနေသာ လူအုပ္ႀကီးအား ေအာင္ခင္ကေတြ႕လိုက္ရေလသည္။ ဘာရယ္ေတာ့မဟုတ္ ေအာင္ခင္လည္း ထိုလူအုပ္၏အေနာက္မွ ဂုန္နီအိတ္ႀကီးပုခုံးေပၚထမ္းကာ လိုက္သြားေလသည္။

သခ်ႋဳင္းထဲသို႔ေရာက္သည့္အခါ အသုဘအားေျမခ်ခါနီးျဖစ္ေနသျဖင့္ ေသဆုံးသူ၏က်န္ရစ္သူမိသားစုက ထုံးစံအတိုင္းငိုေႂကြးေနၾကသည္။ ခဏၾကာေတာ့ ေျမခ်ရန္အတြက္ အေခါင္းအား ျပန္ပိတ္ေတာ့မည့္အခ်ိန္တြင္ ထိုအေခါင္းထဲသို႔ က်န္ရစ္သူမိသားစုက ေ႐ႊ၊ေငြႏွင့္ လက္ဝတ္လက္စား အခ်ိဳ႕ကို ထည့္ေပးလိုက္ေလသည္။ ထိုအရာအား ေအာင္ခင္က ျမင္သြားသည့္အခါ ခ်က္ခ်င္းပင္ မေကာင္းသည့္အေတြးမ်ားက ဝင္ေရာက္ႀကီးစိုးလာေလသည္။ ထို႔ေနာက္ ေအာင္ခင္သည္ အေခါင္းအားေျမခ်ခဲ့သည့္ေနရာအား အေသအခ်ာ မွတ္သားကာ ထိုေနရာမွ လွည့္ထြက္လာခဲ့ေလ၏။

ညေနေစာင္းအခ်ိန္သို႔ေရာက္ေသာအခါ ေအာင္ခင္ကသူ၏ဒုတိယေက်းဇူးရွင္ျဖစ္ေသာ ပစၥည္းအေဟာင္းဝယ္သည့္ ကုလားဆီသို႔ အေျပးႏွင္ေတာ့ေလသည္။ ထို႔ေနာက္ သူ၏တစ္ေနကုန္ ရွာပုံေတာ္ထြက္၍ ရလာသည့္ ဗူးခြံ၊ ပုလင္းခြံႏွင့္ သံ၊ သတၳဳအခ်ိဳ႕အား ထုခြဲေရာင္းခ်ေတာ့သည္။ ထိုမွရလာသည့္ ေငြေၾကးပမာဏက သူ႔အတြက္မတန္ေသာ္လည္း မည္သို႔မွ်မတတ္ႏိုင္ေပ။

ေအာင္ခင္သည္သူ၏တစ္ေန႔တာလုပ္အားျဖင့္ရလာသည့္ ပိုက္ဆံငါးရာတန္အစုတ္ကေလးအား လက္ထဲ၌က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ၿပီး သူ၏
ေနထိုင္ရာ ရပ္ကြက္အစြန္သို႔ ေလွ်ာက္လွမ္းလာေလသည္။ တစ္ေနရာေရာက္ေတာ့ အေၾကာ္ဆိုင္တစ္ဆိုင္အား ေတြ႕သြားသျဖင့္ စားခ်င္စိတ္ကို မ်ိဳမခ်ႏိုင္ပဲ ဘူးသီးေၾကာ္ကိုသာဝါးမ်ိဳခ်ရန္အတြက္ ဆုံးျဖတ္ေတာ့သည္။

“အန္တီ…အေၾကာ္… ဘယ္လိုေရာင္းလဲ”

“တစ္ခု…ငါးဆယ္”

“ႏွစ္ရာဖိုးေပး…အခ်ည္ရည္မ်ားမ်ားထည့္ေပးေနာ္… ထမင္းနဲ႔လည္းစားလို႔ရေအာင္လို႔”

“ေအးပါ…ေအးပါ”

ေအာင္ခင္သည္ ဘူးသီးေၾကာ္ထုပ္ကေလးအား လက္ထဲ၌ဆြဲကိုင္လာၿပီး ရပ္ကြက္အျပင္ဘက္အထိ ထြက္လာခဲ့ရာ ခဏၾကာေတာ့ ေမွာင္ရီသမ္းေနသည့္ သူ၏ တဲအိမ္ကေလးေပၚသို႔တက္လိုက္ေလသည္။ ဖေယာင္းတိုင္ငုတ္တိုေလးအား မီးျခစ္ျဖင့္ျခစ္ကာ မီးထြန္းညႇိလိုက္ေလသည္။ လမ္း၌ဝင္ဝယ္လာသည့္ ဘူးသီးေၾကာ္အား စားခ်င္ေနေသာ္လည္း မစားေသးပဲ အစ္ကိုျဖစ္သူကိုေစာင့္ေနေလသည္။

အတန္ငယ္ၾကာေသာအခါ ေအာင္ျမင့္တစ္ေယာက္ျပန္ေရာက္လာေလသည္။ လက္ထဲတြင္လည္း ေခါက္ဆြဲေၾကာ္ႏွင့္ ထမင္းထုပ္က ပါလာေသး၏။

“ေအာင္ခင္ေရ…ထမင္းစားဖို႔ လုပ္ေဟ့”

“ဟုတ္… ဟုတ္”

ေအာင္ျမင့္က ေျပာေျပာဆိုဆိုျဖင့္ ေခါက္ဆြဲေၾကာ္ထုပ္ႏွင့္ ထမင္းထုပ္အား ေအာင္ခင္သို႔လွမ္းေပးလိုက္သည္။ ေအာင္ခင္ကလည္း ေကာ္ပန္းကန္မ်ားထဲ၌ ေခါက္ဆြဲေၾကာ္၊ ထမင္းႏွင့္ ဘူးသီးေၾကာ္တို႔အားထည့္ၿပီး စားေသါက္ရန္ျပင္ဆင္ေနေလ၏။ ခဏၾကာေတာ့ ေအာင္ျမင့္က အဝတ္စားလဲကာ ေအာင္ခင္ႏွင့္အတူ ညစာစားသုံးၾကေတာ့သည္။

စားၿပီးသည္ႏွင့္ ဗိုက္ေလးသြားေသာ ေအာင္ခင္က ေနရာတင္လွဲခ်လိုက္ေတာ့သည္။ ထိုအခ်ိန္ ေအာင္ျမင့္ကေတာ့ ေဆးလိပ္ထိုင္ေသာက္ေနသည္။ ထိုညက ညီအစ္ကိုႏွစ္ေယာက္ စကားမေျပာျဖစ္ခဲ့ေပ။

ညအေမွာင္က တျဖည္းျဖည္းႏွင့္ႀကီးစိုးလာသည့္အခါ ေအာင္ျမင့္ကလည္း အိပ္စက္အနားယူေတာ့ေလသည္။ ထိုအခ်ိန္ အိပ္ေနၿပီဟုထင္ရေသာ ေအာင္ခင္က မအိပ္ေသးပဲတစ္ခုခုကို အေသအခ်ာေတြးေတာေနေလ၏။ ဥာဥ့္အေတာ္နက္သည့္အခါမွ ေအာင္ခင္လည္း အိပ္ေပ်ာ္သြားေလသည္။

နံနက္လင္းအားႀကီးခ်ိန္မွ ေအာင္ခင္တစ္ေယာက္ အိပ္ယာမွႏိုးေလသည္။ ထိုအခ်ိန္ အစ္ကိုျဖစ္သူ ေအာင္ျမင့္က အလုပ္သြားၿပီျဖစ္သည္။ ေအာင္ခင္သည္ မေန႔ကက်န္သည့္ ေခါက္ဆြဲေၾကာ္ႏွင့္ ထမင္းၾကမ္းအခ်ိဳ႕အား စားေသာက္လိုက္ၿပီးေနာက္ သခ်ႋဳင္းဆီသို႔ေျပးေတာ့ေလသည္။ လက္ထဲ၌လည္း သံတူတစ္ေခ်ာင္းအား ကိုင္ေဆာင္ထားေလ၏။

ဤသို႔ျဖင့္ သခ်ႋဳင္းသို႔ေရာက္သည့္အခါ မေန႔က ေအာင္ခင္မွတ္သားထားသည့္ေနရာ၌ အုတ္ဂူအသစ္တစ္လုံးအား ေတြ႕လိုက္ရေတာ့သည္။ ေအာင္ခင္အရမ္းေပ်ာ္သြားသည္။ ထို႔ေၾကာင့္ ထိုအုတ္ဂူအသစ္အနားသို႔ေျပးသြားကာ လက္ထဲရွိသံတူအေသးကေလးျဖင့္ ထုခြဲေနေတာ့သည္။ နဂိုက တိတ္ဆိတ္ေနသည့္ သခ်ႋဳင္းဝန္းက်င္တစ္ဝိုက္တြင္ ‘တေတာက္ေတာက္’ ျဖင့္ အုတ္ဂူအားထု႐ိုက္ေနသည့္အသံက က်ယ္ေလာင္စြာထြက္ေပၚေနသည္။

အတန္ငယ္ၾကာေသာအခါ အုတ္ဂူ၏နံရံ၌ အေပါက္အေသးေလးတစ္ေပါက္ျဖစ္လာသည္။ ေအာင္ခင္တစ္ေယာက္ ပို၍ေပ်ာ္သြားေတာ့သည္။ ေမွ်ာ္လင့္ခ်က္မ်ားအမွန္တစ္ကယ္ျဖစ္လာေတာ့မည္၊ ေမြးကတည္းက ခ်ည္ေႏွာင္ျခင္းခံထားရသည့္ ဆင္းရဲတြင္းထဲက လြတ္ေျမာက္ေတာ့မည္ဟု ဆိုကာ အုတ္ဂူ၏နံရံအား တူျဖင့္ အဆက္မျပတ္႐ိုက္ထုေနေလ၏။ အခ်ိန္ၾကာလာေသာအခါ အုတ္ဂူမွာ အေတာ္အသင့္ႀကီးမားသည့္ အေပါက္ႀကီးျဖစ္လာေတာ့သည္။ ထို႔ေနာက္ ေအာင္ခင္သည္ အေလာင္းေပၚရွိေ႐ႊ၊ ေငြ၊ ရတနာမ်ားအား မရ,ရေအာင္ တစ္ဆင့္ၿပီးတစ္ဆင့္ႀကိဳးစား၍ အရယူႏိုင္ခဲ့ေတာ့သည္။

ေအာင္ခင္သည္ တစ္ခါမွမထိေတြ႕၊ မကိုင္တြယ္ဖူးေသာ ေ႐ႊဆြဲႀကိဳး၊ လက္စြပ္မ်ားႏွင့္ လက္ေကာက္တို႔ကို မိမိကိုယ္၌ဝတ္ဆင္ကာ သေဘာက်ေနေတာ့သည္။ ထို႔ေနာက္ ေအာင္ခင္၏ စိတ္ထဲတြင္ ေလာဘေဇာ ကပ္လာေတာ့သည္။ အျခားအုတ္ဂူမ်ား၌လည္း ထိုသို႔ရတနာမ်ားရွိဦးမည္ ဟု အေတြးဝင္လာေလ၏။

ထို႔ေၾကာင့္ ေအာင္ခင္သည္ သူ၏မလွမ္းမကမ္းရွိ ကုကၠိဳပင္ႀကီး၏ေအာက္တြင္ ရွိေနသည့္ အျခားအုတ္ဂူမ်ားထက္ႀကီးမားကာ ေဟာင္းႏြမ္းေနသည့္ အုတ္ဂူႀကီးအား မ်က္စိက်သြားေတာ့သည္။ အုတ္ဂူ၏နံရံမ်ား၌ အက္ကြဲေၾကာင္းမ်ားကလည္းရွိေနသျဖင့္ ထုခြဲရလြယ္မည္ဟု ဆိုကာအုတ္ဂူႀကီးအနားသို႔ ေရာက္လာခဲ့ေတာ့သည္။ ထို႔ေနာက္ ေအာင္ခင္သည္ အုတ္ဂူနံရံ၏အက္ကြဲေၾကာင္းအတိုင္း တူျဖင့္ထုခြဲေတာ့ေလသည္။

“ေဟ့ေရာင္…မလုပ္နဲ႔….”

ေအာင္ခင္သည္ သူ၏နားထဲတြင္ၾကားလိုက္ရသည့္ အသံၾသၾသႀကီးေၾကာင့္ အသားမ်ားေတာင္ တဆတ္ဆတ္တုန္ခါသြားေတာ့သည္။ လက္ထဲမွတူကလည္း ေအာက္သို႔လြတ္က်သြားေလ၏။ ထို႔ေနာက္ ေအာင္ခင္သည္ ေျမႀကီးေပၚ၌က်ေနသည့္ တူအားေကာက္ယူလိုက္ရင္း ဟိုၾကည့္ဒီၾကည့္လုပ္ကာ
ပတ္ဝန္းက်င္ကို အကဲခတ္ေနေလသည္။ မည္သည့္ အရိပ္အေယာင္မွ်မေတြ႕သျဖင့္ သူ၏လုပ္လက္စအလုပ္အားဆက္လုပ္ေနေလသည္။
ထိုအခ်ိန္ ၾကည္လင္ေနသည့္ မိုးေကာင္းကင္၌ ႐ုတ္ခ်ည္းဆိုသလို တိမ္ညိဳ၊ တိမ္မည္းမ်ားအသြင္သို႔ေျပာင္းလဲသြားကာ မိုး႐ြာခ်ေတာ့ေလသည္။ ေအာင္ခင္သည္ ထိုသို႔မိုး႐ြာေနသည္ကိုေတာင္ ဂ႐ုမစိုက္ေတာ့ပဲအုတ္ဂူ၏နံရံအား အဆက္မျပတ္႐ိုက္ခြဲေနေတာ့သည္။

“ေဟ့ေရာင္…မလုပ္နဲ႔…ထြက္သြား…ဒီကေနထြက္သြားစမ္း”

အသံၾသၾသႀကီးက ေနာက္တစ္ေခါက္ထြက္ေပၚလာေတာ့သည္။ သည္တစ္ႀကိမ္တြင္ေတာ့ ေအာင္ခင္တစ္ေယာက္လန္႔ဖ်န္႔သြားေလသည္။ အေၾကာင္းမွာ အသံက သူ၏နား အနီး၌ ကပ္ေျပာေနသကဲ့ၾကားေနရၿပီး အသံပိုင္ရွင္ကိုမူ မေတြ႕ရျခင္းေၾကာင့္ပင္။ သို႔ေသာ္လည္း ေအာင္ခင္က သူ၏ေၾကာက္စိတ္ကို ေလာဘစိတ္ျဖင့္ဖုံးလႊမ္းလိုက္ၿပီး အေပါက္ျဖစ္ခါနီးေနသည့္ အုတ္ဂူနံရံအား နဂိုကထက္ ခပ္ျမန္ျမန္ေလး ႐ိုက္ခြဲေလသည္။

“ေဟ့ေရာင္….ငါေျပာေနတာမၾကားဘူးလား…ငါစိတ္တိုလာၿပီေနာ္…ထြက္သြားစမ္း…ဒီေနရာကေန ထြက္သြားစမ္း”

“ဟာကြာ…မသြားဘူးကြာ”

ေအာင္ခင္သည္ စိတ္မရွည္ေတာ့သည့္အသံျဖင့္ ထေအာ္ကာ သူ၏အလုပ္ကိုဆက္လုပ္ေနေတာ့သည္။ ထိုအခ်ိန္တြင္ ကုကၠိဳပင္ႀကီးေပၚမွအရာတစ္ခုက ေအာင္ခင္ထုခြဲေနသည့္ အုတ္ဂူေပၚသို႔ က်ေရာက္လာေလသည္။

ေအာင္ခင္ကလည္း သူ႔အေရွ႕ေရာက္လာသည့္အရာအား ေသေသခ်ာခ်ာၾကည့္လိုက္ေတာ့မွ မေကာင္းဆိုးဝါးတစ္ေကာင္ျဖစ္ေနသည္ကို သိလိုက္ရေတာ့သည္။ အရပ္က ဆယ္ေပေလာက္ရွိကာ တစ္ကိုယ္လုံး၌ အေမႊးအမွ်င္မ်ားက ဖုံးလႊမ္းထားေလသည္။ ႀကီးမားသည့္ မ်က္လုံးက အျပင္ဘက္အထိထြက္ေနၿပီး ထိုမ်က္လုံးက နဖူးတည့္တည့္၌ တစ္လုံးတည္းသာရွိေနသည္။ ပါးစပ္ႀကီးကို ၿဖဲထားသျဖင့္ ႀကီးမားသည့္အစြယ္ႀကီးမ်ားကို အတိုင္းသားျမင္ေနရေလသည္။ ထိုမေကာင္းဆိုးဝါးႀကီးက ေအာင္ခင္အား စိုက္ၾကည့္ကာ ေဒါသပုန္ထေနေလသည္။ ထိုအခါမွ ေအာင္ခင္လည္း ေသြးပ်က္မတက္ေၾကာက္လန္႔ကာ ေအာ္ဟစ္ရင္း သူ၏ေနထိုင္ရာ တဲကေလးဆီသို႔ေျပးသြားေတာ့ေလသည္။ ကိုယ္၌ဝတ္ဆင္ထားသည့္ ရတနာမ်ားကလည္း မည္သည့္ေနရာ၌ က်က်န္ခဲ့သည္ကို သူမသိေတာ့။ စိတ္ထဲတြင္ အသက္လုေျပးရမည္ ဟုသာေတြးထားၿပီး ဖေနာင့္ႏွင့္ဖင္ တစ္သားတည္းက်ေအာင္ေျပးေနေတာ့သည္။ မိုးကလည္း အၿငိဳးႀကီးစြာျဖင့္ သည္းထန္ေနေလ၏။

ဤသို႔ျဖင့္ ေအာင္ခင္သည္ သူ၏ေနထိုင္ရာေနရာျဖစ္သည့္
တဲကေလးဆီသို႔ေရာက္သည့္အခါ အစ္ကိုျဖစ္သူ ေအာင္ျမင့္က ရွိေနေလ၏။ ေအာင္ျမင့္သည္ မိုးမ်ားအဆက္မျပတ္႐ြာသြန္းေနသျဖင့္ အလုပ္သိမ္းကာ အိမ္ျပန္လာျခင္းျဖစ္သည္။

“ေဟ့ေရာင္…ေအာင္ခင္…မိုး႐ြာေနတာကို ဘာလို႔ေျပးလာတာလဲ…တစ္ေနရာရာမွာ မိုးခိုေနေရာေပါ့”

“ကိုႀကီး…ကယ္ပါဦး…ေၾကာက္တယ္…ေၾကာက္တယ္”

“ဟမ္…ေဟ့ေရာင္…မင္းကိုဘယ္ေကာင္လုပ္တာလဲေျပာစမ္း…ဟိုဘက္ရပ္ကြက္ထဲကေကာင္ေတြလား”

“မဟုတ္ဘူး…ေၾကာက္တယ္…ေၾကာက္တယ္ ”

“ေအးေလ…ဘယ္သူ႔ကိုေၾကာက္တာလဲ…ငါ့ကိုေျပာစမ္း”

“သရဲ…သရဲ…အႀကီးႀကီးပဲ…ေၾကာက္တယ္ ကိုႀကီးေၾကာက္တယ္”

“ဟာ…ဒီေကာင္ဘာျဖစ္တာလဲဟ…ေန႔ခင္းေၾကာင္ေတာင္ႀကီးဘယ္ကသရဲရွိမွာလဲဟ”

“ရွိတယ္..ရွိတယ္…အေကာင္အႀကီးႀကီးပဲ”

ေအာင္ခင္က ေျပာေျပာဆိုဆိုျဖင့္ တဲအထဲထိဝင္ကာ ေခြေခြေလးအိပ္ေနေလသည္။ ပါးစပ္မွလည္း ‘ေၾကာက္တယ္…ေၾကာက္တယ္’ ဟု ညည္းညဴေနေလသည္။ ထိုအခါ ေအာင္ျမင့္က မသကၤာသျဖင့္ ေအာင္ခင္၏ခႏၶာကိုယ္အား ကိုင္ၾကည့္လိုက္သည့္အခါ ေအာင္ခင္က ကိုယ္ေတြခ်စ္ခ်စ္ေတာင္ပူကာ အဖ်ားတက္ေနသည္ကို သိသြားေတာ့သည္။

“ဟာ…ဒီေကာင္ အဖ်ားေတြတက္ၿပီး ပါးစပ္ကေန ဂေယာင္ကတမ္း ေျပာေနတာပဲ…”

ထို႔ေနာက္ေအာင္ျမင့္သည္ ေအာင္ခင္အား မိုေရ႐ႊဲေနသည့္ အဝတ္အစားမ်ားကို လဲေပးေနေလ၏။

“ေအာင္ခင္…ခဏေလးေနာ္…ငါ ရပ္ကြက္ထဲကေဆးဆရာကို သြားေခၚလိုက္ဦးမယ္”

ေအာင္ျမင့္က ေျပာေျပာဆိုဆိုျဖင့္ တဲစုတ္ကေလးထဲမွထြက္လာကာ ရပ္ကြက္ထဲသို႔ ေျပးေတာ့ေလသည္။ အတန္ငယ္ၾကာေသာအခါ ေဆးဆရာႏွင့္အတူ ေအာင္ျမင့္တစ္ေယာက္ ျပန္လာေတာ့ေလ၏။ ထိုအခ်ိန္ ေအာင္ခင္က “အား…ေၾကာက္တယ္..ေၾကာက္တယ္” ဟုေအာ္ဟစ္ေနကာ ေျမႀကီးေပၚ၌လူးလွိမ့္ေနေလသည္။ ထိုအျဖစ္အပ်က္အား ျမင္လိုက္ရသည့္ ေအာင္ျမင့္က သူ႔ညီအား အတင္းမ,ခ်ီကာ တဲအေပၚသို႔တင္ေပးလိုက္ေလသည္။ ပါးစပ္မွလည္း “ညီေလး…ဘာမွမေၾကာက္နဲ႔…ကိုႀကီးရွိတယ္ေနာ္” ဟု ေျပာေနေလသည္။ ေအာင္ခင္သည္ အဖ်ားအရမ္းႀကီး၍ ထိုသို႔ ေလွ်ာက္ေအာ္ေနသည္ဟု ေအာင္ျမင့္ကထင္ေသာ္လည္း ေဆးဆရာကေတာ့ ေအာင္ျမင့္လို မထင္ေပ။ တစ္ခုခုကို သေဘာေပါက္ဟန္ရွိေနေလ၏။

ေဆးဆရာက တဲအေပၚသို႔ ေရာက္ေရာက္ခ်င္း ေအာင္ခင္၏အနားတြင္ထိုင္လိုက္သည့္အခါ ေအာင္ျမင့္က ေျပာေလသည္။

“ဆရာ…ကြၽန္ေတာ့္ ညီေလးကို ကယ္ေပးပါဦးေနာ္”

“စိတ္ခ်ပါ…က်ဳပ္ရေအာင္ကယ္ေပးပါ့မယ္”

ထိုအခ်ိန္ ေအာင္ခင္ဆီမွ အသံတစ္မ်ိဳးထြက္လာေလသည္။ ထိုအသံက ေအာင္ခင္၏အသံမဟုတ္ေပ။

“ဟား ဟား ဟား မရဘူး…ဘယ္သူမွကယ္လို႔မရေတာ့ဘူး”

ေအာင္ျမင့္သည္ သူ႔ညီပါးစပ္မွ အျခားသူတစ္ေယာက္၏အသံထြက္လာသျဖင့္ ပို၍စိုးရိမ္ကာ ေၾကာက္႐ြံ႕သြားေလသည္။ ထိုအခါ ေဆးဆရာႀကီးက ေအာင္ခင္အား ေစ့ေစ့စပ္စပ္ၾကည့္ကာ ေမးခြန္းေမးေလ၏။

“. .အသင္က ဘယ္သူလဲ…ဒီသူငယ္က ဘာအမွားလုပ္မိလို႔လဲ…”

“ဒီေကာင္ အမွားလုပ္တယ္….ငါ့ေနရာကို က်ဴးေက်ာ္ဝင္ေရာက္ၿပီး…ငါ့ကိုေစာ္ကားတယ္…ဒီေကာင္သိပ္႐ိုင္းတယ္”

“ေနပါဦး…သူက ဘယ္လိုအမွားလုပ္တာလဲ”

“ငါ့အုတ္ဂူကို လာေဖာက္တာေလ”

“ဗ်ာ” “ေဟ”

ေအာင္ျမင့္ႏွင့္ ေဆးဆရာတို႔ႏွစ္ေယာက္၏ အာေမဋိတ္အသံက ထြက္ေပၚလာေလသည္။ ႏွစ္ေယာက္သားကလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ စဥ္းစားရခက္ေနေလသည္။ ထို႔ေၾကာင့္ ေဆးဆရာႀကီးက…

“အုတ္ဂူ ေဖာက္တာက ဒီသူငယ္ေရာ ဟုတ္ရဲ႕လား”

“ဟုတ္တယ္…ဒီေကာင့္မွဒီေကာင္အစစ္…ဒီေကာင္က မေန႔ကမွေသတဲ့သူရဲ႕ အုတ္ဂူကိုအရင္ေဖာက္တယ္…ၿပီးေတာ့ အုတ္ဂူကိုလာေဖာက္တာ…ငါ မေက်နပ္ဘူး ဒီေကာင့္ကိုငါ စားမယ္”

ထိုအခါ ေအာင္ျမင့္က လန္႔ဖ်န္႔ကာ ေအာင္ခင္အတြက္စိုးရိမ္သြားေသာေၾကာင့္ စကားဝင္ေျပာေလသည္။

“ကြၽန္ေတာ့္ညီအတြက္…ကြၽန္ေတာ္ကပဲ ေတာင္းပန္ပါတယ္ဗ်ာ…မသိနားမလည္လို႔ လုပ္မိသြားတဲ့အမွားေလးမို႔
သူ႔ကိုခြင့္လႊတ္ေပးပါဗ်ာ”

“မရဘူး..လုံးဝခြင့္မလႊတ္ႏိုင္ဘူး…ငါဒီေကာင့္ကို သုံးၾကမ္တိတိတားေသးတယ္…အဲ့တာကို ရေအာင္လုပ္သြားတယ္…ခြင့္မလႊတ္ဘူး…ဒီေကာင့္ကို ငါစားပစ္မယ္”

“ဆရာႀကီးရယ္….လုပ္ပါဦး…. ကြၽန္ေတာ့္ညီကို…ကယ္ေပးပါဦး”

“ကဲပါဗ်ာ…ဒီသူငယ္ကိုျပန္လႊတ္ေပးဖို႔အတြက္ က်ဳပ္တို႔ဘက္ကဘယ္လိုေတာင္းပန္ရမလဲ…စားပြဲေသာက္ပြဲနဲ႔ဆိုရင္ေရာ…”

“မရဘူး…လုံးဝမရေတာ့ဘူး…ေနာက္က်သြားၿပီ ဒီေကာင့္ကိုငါ စားေတာ့မယ္…ကဲ ေျခေထာက္ကေန စ,စားၿပီကြာ”

“အား…ကိုႀကီး…လုပ္ပါဦး ေျခေထာက္နာတယ္…ကယ္ပါဦး”

“ဗိုက္ထဲက ကလီစာေတြအကုန္စားမယ္ကြာ…”

“အား…ဗိုက္ေတြေအာင့္တယ္…ေသေတာ့မယ္…အရမ္းနာတယ္…..ကယ္ၾကပါဦး…ကယ္ၾကပါဦး”

“ႏွလုံးေသြးကို ေဖာက္စုပ္မယ္…”

“အား….”

ဤသို႔ျဖင့္ ေအာင္ခင္သည္ တစ္ေယာက္တည္း အသံႏွစ္မ်ိဳးျဖင့္ ေျပာေနကာ လူးလွိမ့္ေနရင္း တျဖည္းျဖည္းၿငိမ္သက္သြားေတာ့ေလသည္။ ထိုအခါ ေဆးဆရာက ေအာင္ခင္၏ အက်ႌအားလွန္ၾကည့္လိုက္ေလသည္။ ေအာင္ခင္၏ ဗိုက္မွာ ျပားကပ္ေနေလသည္။ ေဆးဆရာက သူ၏ လက္ျဖင့္ ေအာင္ခင္၏ကိုယ္အား လိုက္လံစမ္းသပ္ၾကည့္သည့္အခါတြင္လည္း ႏွလုံး၊ အဆုတ္၊ ကလီစာ စသည့္ခႏၶာကိုယ္အတြင္းပိုင္း ပစၥည္းမ်ား လုံးဝမရွိေတာ့သည္ကို သိလိုက္ရေလသည္။ ေဆးဆရာသည္လည္း အလြန္မွအံ့ၾသေနကာ
ေအာင္ခင္၏လက္ေကာက္ဝတ္အားကိုင္၍ ေသြးခုန္ႏႉန္း စမ္းသပ္လိုက္သည္။ ထို႔ေနာက္ ေအာင္ျမင့္အား ေခါင္းခါျပေလ၏။

“ဟီး…ငါ့ညီရာ…ဘာလို႔ အဲ့ဒီလိုေတြေလွ်ာက္လုပ္ရတာလဲကြာ…ဟီး..ဟီး”

ေဆးဆရာသည္ ေအာင္ခင္အားဖက္၍ ငိုယိုေနသည့္ ေအာင္ျမင့္အား မည္သည္မွေျပာမထြက္ေတာ့ပဲ သက္ျပင္းခ်ကာ ထိုတဲအိမ္ကေလးအတြင္းမွ ထြက္လာခဲ့ေတာ့သည္။

မညႇာမတာျဖင့္ အၿငိဳးႀကီးစြာ႐ြာခ်ေနသည့္ မိုးစက္မ်ား၏ေအာက္ရွိ တဲအိမ္ကေလးအတြင္းတြင္ေတာ့ ေအာင္ျမင့္၏ ေအာ္ဟစ္ကာငိုယိုေနသည့္အသံက ဟိန္းထြက္ေနေလသည္။ ေအာင္ခင္၏ ဆင္းရဲမြဲေတေနသည့္ ကံၾကမၼာေလးကလည္း ဒီဘဝ ဤမွ်ေလာက္ႏွင့္သာ နိဂုံးခ်ဳပ္၍ အဆုံးသတ္သြားေတာ့ေလတည္း။

–••ၿပီးပါၿပီ••–

စာဖတ္သူမ်ားအား
အစဥ္ခ်စ္ခင္ေလးစားလွ်က္…

စိုင္း(ခ်ယ္ရီေျမ).