အလောင်းကောင်နှင့်ပီယဆေး(စ/ဆုံး)

Unicode Version

အလောင်းကောင်နှင့်ပီယဆေး(စ/ဆုံး)
———————————————-
ထွီ”
“အဟွန်း – အဟွန်း – အေ့ – ဝေါ့-
“ဂွေးတောက်ကုန်းရွာမှာ မှီတင်း နေထိုင်ကြကုန်သော လူကြီး၊ လူငယ်၊ ကလေး၊ ခွေး၊ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ။ အင်း – ပြီးတော့ စုန်း၊ နတ်၊ သရဲ၊ ပြိတ္တာ တွေရောရှိရှိသမျှအကုန်လုံးနားထောင်
ကြလော့”
ဒီရွာမှာမွေး ဒီရွာမှာပဲ ဟော့ဒီ ချက် ကြီးကိုမြှုပ်၊ ဒီရွာပဲ ကြီးပြင်းလာခဲ့ရတဲ့

ကျွန်တော် မောင်ပွကြီးက ရွာသူ ရွာ သားအပေါင်းကို ကြေငြာမောင်းထု
အကြောင်းစု နှာခေါင်းအဖု အဲလေ –
ဟုတ်ပါဘူး၊ ကဲပါလေ – ရှည်တယ်။
တိုတိုပဲ ကြေညာလိုက်ပါတော့မယ်”
“အရမ်းချော၊ အရမ်းလှ၊ အရမ်း
ချစ်စရာကောင်းပြီး ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင်လေး ဖြစ်နေရတဲ့ ကျွန်တော်
မောင်ပွကြီးကို စိတ်ဝင်စားနေကြသော
တစ်ခုလတ်၊ မုဆိုးမ၊ အပျိုကြီး၊ အပျို

လေးများအားဟော့ဒီကမောင်ပွကြီးက
သနားချစ်ခင်၊ ယုယကြင်နာ၊ မြတ်နိုး
သောအားဖြင့် ကြင်ယာတော်လောင်း
ရွေးချယ်တင်မြှောက်တော်မူမှာမို့ ချော
မောလှပတဲ့ မည်သည့်မိန်းမ.မဆို ပွကြီး
ရဲ့ကြင်ယာတော်လောင်းအဖြစ် ဝင်
ရောက်အရွေးချယ်ခံနိုင်ကြပါကြောင်း
ဒူဝေဝေ – ဟေ့ – တစ်ခါတည်းတော့
ပြောထားမယ်နော်။ ပွကြီးဆိုတဲ့ဟော့ဒီ
က ကောင်က အခြောက်တွေတော့
မချစ်ဘူးနော်။ အခြောက်တွေဆိုရင်
တော့ကြင်ယာတော်လောင်းမရွေးဘူး၊
ဟဲ-ဟဲ-ဟဲ”
ပွကြီးတစ်ယောက်မှာ မူးလာလျှင်
လင်ပန်းတစ်ချပ်ကိုတဖြန်းဖြန်းနှင့် ထု၍
တွေ့သမျှ မိန်းမအား လက်ညှိုးထိုးပြီး
ကြင်ယာတော်လောင်း ရွေးချယ်တင်
မြှောက်နေတတ်လေရာ မျက်လုံးရှေ့
တွင်တွေ့သမျှ မိန်းမအားလုံးလွတ်သွား
သည်ဟူ၍ သိပ်မရှိဘဲ အသက် (၈၀)
ကျော်အဘွား ဒေါ်အေးရွှေပင် ပွကြီးကို
မရှောင်နိုင်ဘဲ တည့်တည့်တိုးမိသွား သဖြင့် ပွကြီးရဲ့ကြင်ယာတော်လောင်း စာရင်းဝင်သွားခဲ့ရသေးသည်။
ပုဆိုးကိုကွင်းသိုင်းပြီး လင်ပန်းကြီး
ကိုထုကာ ထန်းရည်မူးပြီး ပေါက်တတ်

ကရများ အော်ဟစ်ရင်း ရွာထဲဝင်လာ သော ပွကြီးကို မြင်ရသူအပေါင်းက မြင်
ပြင်းကတ်နေမိကြသည်။
ထန်းရည်မူရင်း တွေ့သမျှမိန်းမ တိုင်းကို ကြင်ယာတော်လောင်း ရွေးနေ တတ်သောကြောင့် သူကြီးရဲ့ ထိတ်တုံး တွင်လည်း ခဏခဏ အခတ်ခံခဲ့ရပေ မယ့် အမှတ်သည်းခြေမရှိမူးမြဲ၊ အော်မြဲ။
ကြင်ယာတော်လောင်းရွေးနေတတ်
မြဲပင်။ ပွကြီးမှ ဦးနှောက်က ကျပ်သိပ် မပြည့်လှ။ ဦးခေါင်းမှာလည်း ပုံပန်းမကျ
နဘဲ သာမန်လူတွေထက်ပိုကြီးကာ
သိသိသာသာကြီးကို ပွဖောင်းနေသော
နှာခေါင်းရှိပြီး သွားများမှာလည်း မညီ
မညာနှင့်ကြဲကာ အပြင်သို့ ခေါထွက်နေ
လေသည်။
ပုကွကွ ဂင်တိုတိုနှင့် မည်းကြုတ် နေသော အသားအရေကိုပါ ပိုင်ဆိုင် ထားတာမို့ပွဲကြီးပုံစံကလူတစ်ယောက် နဲ့တောင်မတူချင်တော့။
ညအချိန် မတော်တစ်နေရာမှာ
သာတွေ့မိကြရင် လူလို့ပင် ထင်မိကြမှာ မဟုတ်ဘဲ လန့်ဖျပ်သွားနိုင်လောက် အောင်ပင် ပွကြီးရဲ့ရုပ်က အင်မတန် ဆိုး
လွန်းလှသည်။

ရွာထဲတွင်ဆိုးသွမ်းသောလူများကို
ဆုံးမလျှင်ပင် ပွကြီးကို နမူနာပေးကာ
ဆုံးမတတ်ကြသည်။ အရင်ဘဝက
အရမ်းဆိုးပြီး အကုသိုလ်တွေများခဲ့လို့
ဒီဘဝမှာ ဒီလိုဖြစ်ရတာလို့ ပွကြီးနှင့်
နှိုင်းယှဉ်ပြီး ဆုံးမတတ်ကြသည်မှာ ဂွေး
တောက်ကုန်းရွာရဲ့ အစဉ်အလာတစ်ခု
လိုပင် ဖြစ်လို့နေလေသည်။ UV
ပွကြီးမှာကလေးဘဝထဲကရွယ်တူ ကလေးတွေရဲ့ လှောင်ပြောင်စနောက် ခြင်းကို အလူးအလဲခံခဲ့ရသည်။ အရွယ် ရောက်လာတော့လည်း ဆိုးလွန်းလှ သော ရုပ်ရည်ကြောင့် မိန်းကလေးများ က မြင်တာနဲ့ တံတွေး တထွီထွီ တထွမ်
ထွမ်ထွေးကာ အဝေးကြီးကရှောင်သွား ကြလေ့ရှိသည်။
ပွကြီးကလည်း မရတာကိုမှ ပိုလို ချင်မိသည်။ သူနှင့် သက်တူရွယ်တူတွေ က တစ်ယောက်ပြီးတစ်ယောက် မိန်းမ ရကုန်ကြသော်လည်း သူ့မှာတော့မိန်းမ ရဖို့နေနေသာသာ သူနှင့်မျက်နှာချင်း ဆိုင်ပြီး စကားပြောချင်တဲ့ မိန်းကလေး

ကရများ အော်ဟစ်ရင်း ရွာထဲဝင်လာ သော ပွကြီးကို မြင်ရသူအပေါင်းက မြင် ပြင်းကတ်နေမိကြသည်။
ထန်းရည်မူရင်း တွေ့သမျှမိန်းမ တိုင်းကို ကြင်ယာတော်လောင်း ရွေးနေ တတ်သောကြောင့် သူကြီးရဲ့ထိတ်တုံး တွင်လည်း ခဏခဏ အခတ်ခံခဲ့ရပေ မယ့် အမှတ်သည်းခြေမရှိမူးမြဲ၊ အော်မြဲ။
ကြင်ယာတော်လောင်းရွေးနေတတ်
မြဲပင်။ ပွဲကြီးမှ ဦးနှောက်က ကျပ်သိပ် မပြည့်လှ။ ဦးခေါင်းမှာလည်း ပုံပန်းမကျ
နဘဲ သာမန်လူတွေထက်ပိုကြီးကာ
သိသိသာသာကြီးကို ပွဖောင်းနေသော
နှာခေါင်းရှိပြီး သွားများမှာလည်း မညီ
မညာနှင့်ကြဲကာ အပြင်သို့ ခေါထွက်နေ
လေသည်။
ပုကွကွ ဂင်တိုတိုနှင့် မည်းကြုတ်
နေသော အသားအရေကိုပါ ပိုင်ဆိုင် ထားတာမို့ ပွဲကြီးပုံစံကလူတစ်ယောက်
နဲ့တောင် မတူချင်တော့။
ညအချိန် မတော်တစ်နေရာမှာ
သာတွေ့မိကြရင်လူလို့ပင် ထင်မိကြမှာ မဟုတ်ဘဲ လန့်ဖျပ်သွားနိုင်လောက် အောင်ပင် ပွကြီးရဲ့ရုပ်က အင်မတန် ဆိုး
လွန်းလှသည်။

ရွာထဲတွင်ဆိုးသွမ်းသောလူများကို
ဆုံးမလျှင်ပင် ပွကြီးကို နမူနာပေးကာ
ဆုံးမတတ်ကြသည်။ အရင်ဘဝက
အရမ်းဆိုးပြီး အကုသိုလ်တွေများခဲ့လို့
ဒီဘဝမှာ ဒီလိုဖြစ်ရတာလို့ ပွကြီးနှင့်
နှိုင်းယှဉ်ပြီး ဆုံးမတတ်ကြသည်မှာ ဂွေး
တောက်ကုန်းရွာရဲ့ အစဉ်အလာတစ်ခု
လိုပင် ဖြစ်လို့နေလေသည်။
UV
ပွကြီးမှာကလေးဘဝထဲကရွယ်တူ ကလေးတွေရဲ့ လှောင်ပြောင်စနောက် ခြင်းကို အလူးအလဲခံခဲ့ရသည်။ အရွယ် ရောက်လာတော့လည်း ဆိုးလွန်းလှ သော ရုပ်ရည်ကြောင့် မိန်းကလေးများ က မြင်တာနဲ့ တံတွေး တထွီထွီ တထွမ် ထွမ်ထွေးကာ အဝေးကြီးက ရှောင်သွား ကြလေ့ရှိသည်။
ပွကြီးကလည်း မရတာကိုမှ ပိုလို ချင်မိသည်။ သူနှင့် သက်တူရွယ်တူတွေ က တစ်ယောက်ပြီးတစ်ယောက် မိန်းမ ရကုန်ကြသော်လည်း သူ့မှာတော့မိန်းမ
ရဖို့နေနေသာသာ သူနှင့်မျက်နှာချင်း
ဆိုင်ပြီး စကားပြောချင်တဲ့ မိန်းကလေး

ပင် တစ်ယောက်မှမရှိ။ မိန်းကလေး
မပြောနှင့် ခွေးမ၊ ဝက်မတွေတောင်
ပွကြီးကို မြင်တာနဲ့ အမြီးတန်း ထွက်
ပြေးကုန်တတ်ကြတာမို့ပွကြီးကိုယ့်ဘဝ
ကိုယ် စိတ်အနာကြီးနာနေမိသည်။
ထမင်းကောင်း ဟင်းကောင်း မစားရဘဲ
ပြောင်းဆန်နှင့်ချဉ်ပေါင်ဟင်းပဲ စားရ
ပါစေမိန်းမချောချောလေးတစ်ယောက်
လောက်ပဲရရင် သေပျော်ပါပြီလို့ တွေးမိ
ပေမယ့် ရွံစရာကောင်းတဲ့ မိမိရဲ့ ရုပ်
ကြောင့် အနားကပ်ဝံ့သူတောင် မရှိကြ
တဲ့အတွက် ကံကိုသာ အပြစ်တင်ရင်း
ဝမ်းနည်းခဲ့ရသည်။
မြို့က အလည်လာသော သူကြီး
ဦးသောင်းရှိန်ရဲ့တူမ မခင်ထားလေးကို
တွေ့လိုက်ရတုန်းကဆို ပွကြီးရင်ထဲမှာ
တလှပ်လှပ်နဲ့ခုန်သွားရသည်။ မခင်ထား
ရဲ့မျက်နှာလေးက ပွကြီးမျက်လုံးထဲက
လုံးဝမထွက်တော့။
မခင်ထားကို တွေ့ချင်လွန်း၍ နေ့
တိုင်းအမျိုးမျိုးလှည့်ပတ်ချောင်းမြောင်း
နေတတ်သောသူ့အဖြစ်ကိုတစ်စတစ်စ
နှင့်တစ်ရွာလုံးသိသွားကြရာမှမခင်ထား
ရဲ့နားထဲအထိ ရောက်ရှိသွားခဲ့ရသည်။
မခင်ထားမှာနဂိုထဲက ပွကြီးပုံစံကို ရွံ့ရှာ
စက်ဆုပ်နေမိသူတစ်ယောက် ဖြစ်တာ

မို့ မိမိကိုချစ်လို့ အမြဲချောင်းကြည့်ခံနေ
ရသောအဖြစ်ကြောင့် အော်ဂလီဆန်ပြီး
ကိုယ့်ကိုယ်ကိုယ်တောင် မသတီတော့
သလိုဖြစ်လာကာ မြို့သို့ အမြန်ပြန်သွား
လေတော့သည်။
ပွကြီးမှာလည်း သူကြီးရဲ့ကြိမ်လုံး
ဒဏ်ကြောင့် သုံးရက်လောက်အိပ်ရာက
မထနိုင်ခဲ့။
“ရုပ်ဆိုးကြီးမို့ ချစ်လို့မရဘူးလား သူကြီးရယ်”လို့ မေးချင်ခဲ့ပေမယ့် မမေး
ရဲ မပြောရဲခဲ့။ ကြိမ်လုံးဒဏ်ကြောင့် အသားနားတာထက် ရင်ထဲအသည်း ထဲက နာကျင်နေရတာက ပိုပြီးခံစားရ
ခက်နေမိသည်။
မခင်ထားလေးကို သတိရတမ်းတ
နေမိတဲ့ စိတ်တွေက တားမနိုင် ဆီးမရ၊
မခင်ထားလေးကိုသာ ရမည်ဆိုပါက
ဘယ်လိုအရာမျိုးကိုမဆို ပွကြီး လုပ်ဖို့ ဝန်မလေး။ မိမိအရမ်းကြောက်တဲ့ကြွက် တွေ၊ အိမ်မြှောင်တွေကိုပဲ ကိုင်ခိုင်း မလား။ တီကောင်တွေ၊ လောက်တွေကို ပဲ ကိုင်ခိုင်းမလား၊ ဘာပဲ လုပ်ခိုင်းလုပ် ခိုင်း အကုန်လုံးလုပ်ပေးရဲသည်။ ဆိုး လွန်းတဲ့ရုပ်ရည်နဲ့ကုသိုလ်ကံကိုပဲပွကြီး စိတ်နာနေမိသည်။ ဘာကိုမှလည်း ဂရု မစိုက်ချင်တော့။ သူကြီးရဲ့ ထိတ်တုံးနဲ့

ကြိမ်လုံးကိုလည်း မကြောက်ချင်တော့။ သူ ဖြစ်ချင်တာ လိုချင်တာတစ်ခုပဲ ရှိ
သည်။ မခင်ထားလေးကိုပဲ ဖြစ်သည်။
သူသာ ရုပ်ချောရင် မခင်ထားလေးက
ပစ်သွားမှာ မဟုတ်ဘူးလို့ တွေးမိကာ
ပွကြီး ရင်ဘတ်တွေ ကွဲထွက်သွားမလို
ခံစားရရင် ငိုနေမိသည်။ ကွဲနေသော
အသည်းကို ထန်းရည်နဲ့ စိမ်ထားရင် သက်သာသလိုရှိတာမို့ပွကြီးထန်းတော
ထဲမှာပဲ အချိန်ကုန်နေမိတော့သည်။
“တောက်- ထွီ – ဒီလောကကြီးက
ပွကြီးဆိုတဲ့ ငါ့အပေါ်မှာ အရမ်းရက်စက်
လွန်းတယ်။ ငါသာရုပ်ချောရင်မခင်ထား
လေးက မြို့ကို ပြန်ပြေးမှာ မဟုတ်ဘူး။
ဒီရုပ်ကြောင့်၊ ဟောဒီ့ဆိုးရွားတဲ့ မျက်
ခွက်ကြီးကြောင့်။ ကဲ- ဆိုးဦးမလား-

ဖြန်း ဖြန်း”
ပြောပြောဆိုဆို မူးမူးဖြင့် ကိုယ့်ပါး
ကိုယ် ပြန်ရိုက်နေလေရာ ခေါနေသော သွားများမှာ ခေါထွက်လာပြီး ပါးစပ်ထဲ ကနေ သွားရည်တွေပါပါးစောင်မှထွက်
ကျကုန်ကြသည်။ ထွက်ကျလာသော
သွားရည်များကို လက်ခုံနှင့် သုတ်ပစ် လိုက်ရင်း ..

“မကောင်းမကန်းလူတွေငါ့အပေါ်
ကို တစ်ယောက်မှ မကောင်းကြဘူး။
ခွေးတွေလည်း မကောင်းဘူး။ ဝက်တွေ၊
နွားတွေလည်းမကောင်းဘူး။ အားလုံးကို
မုန်းတယ်။ ဒါပေမဲ့ – ခင်ထားလေးတော့
မပါဘူး။ မခင်ထားလေးကိုတော့ ချစ်
တယ်။ ချစ်တယ် – ခင်ထားလေးရေ၊
ဟောဒီက ကိုရုပ်ဆိုးကြီးကို သနားချစ်
လေးနဲ့ပြန်ချစ်လှည့်ပါလား-ဟီး-ဟီး-
ဟီး”
ငိုလိုက်ပြောလိုက်နှင့်ဖြစ်နေသော
ပွကြီးအဖြစ်ကို ကြည့်ရသည်မှာ သနား
စရာထက် ရယ်စရာက ပိုကောင်းနေ
တာမို့ တခြားဝိုင်းများတွင် ထန်းရည်
သောက်နေကြသော လူများအားလုံး
တဝါးဝါး တဟားဟားနှင့် ပွဲကျနေလေ
တော့သည်။
ပွကြီးခမျာမှာတော့ ဝမ်းပမ်း
တနည်း ငိုရလွန်းသဖြင့် အဆုတ်တွေ ပင် ကွဲထွက်တော့မတတ် ရင်ဝမှာ ဆို့ နင့်နေတာမို့ ထန်းရည်ခွက်ကိုယူ၍
တစ်ကျိုက်ထဲ မော့ချလိုက်တော့မှ
နေသာထိုင်သာ ရှိသွားရလေတော့
သည်။

ပါးပြင်ပေါ်မှ မျက်ရည်တွေက
တလိမ့်လိမ့်ကျနေတာ မရပ်သေး။ မျက်
ရည်ပေါက်ကြီးတွေကလည်း ရေစက်
ရေပေါက်တွေအလားတစ်ပေါက်ပေါက်
နဲ့ ရင်ဘတ်တွေပါ စိုရွှဲနေလေတော့
သည်။
“ဗျို့-ကိုပွကြီး”
“ဟဲ့ – ပလုတ်တုတ် – ချိုးရုပ် – နှင့်
အမေကြီးတော်- ခွေးချေးထုပ်” ခံစားချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ မခင်ထားကို သတိရတမ်းတ ငိုလို့ယိုလို့
ကောင်းတုန်း အချိန်အနားမှာ ကပ်ပြီး
အော်ခေါ်လိုက်သော အသံကြောင့်
ပွကြီးမှာ အလန့်တကြားနဲ့ အမျိုးစုံ
ယောင်ယမ်းအော်ဟစ်ရင်း ခုန်ထလိုက်
မိသည်။ ဒေါသတကြီးနဲ့ ကြည့်လိုက်မိ
တော့ ရွာအရှေ့ပိုင်းက ချက်ကြီး။ ချက်ကြီးဆိုတဲ့ကောင်က ပွကြီးကို အမြဲတမ်း စနောက်ချောက်တွန်းတတ် လွန်းသောကြောင့် ချက်ကြီးနှင့်တွေ့ လျှင် ဘယ်တော့မှ ကောင်းကောင်းနေ ရသည်မရှိ။ ချက်ကြီးကြောင့် သူကြီး ကြိမ်လုံးစာ မိခဲ့ရသည်မှာလည်း ခဏ ခဏ။ ဘယ်လောက်ပဲ သတိထားနေပါ က နောက်ဆုံးတော့ ချက်ကြီး လက်

ချက်မိပြီး အမြဲဒုက္ခရောက်ခဲ့ရသည် ချည်းပင်။
“မင်းနဲ့ကွာ – လန့်လိုက်တာ။ ဒီမှာ မူးနေတာလေးတွေတောင်ပျောက်ကုန်
ပြီ”
“စိတ်မဆိုးနဲ့ – ကိုပွကြီးရယ်။ ကျွန်
တော်က ချစ်လို့ စတာပါဗျ။ နေပါဦး-
ကိုပွကြီး မျက်ရည်လည်ရွဲနဲ့ ဘာဖြစ်နေ
တာလဲ”
ချက်ကြီးစကားကိုကြားလိုက်မှ ခုန
က မိမိအဖြစ်ကို ပြန်သတိရသွားရင်း
မျက်နှာမှာချက်ချင်းညှိုးကျသွားရလေ
တော့သည်။
“ဘာဖြစ်လို့လဲဗျ – ပြောစမ်းပါဦး။
ကျွန်တော် ကူညီနိုင်တာရှိရင် ကူညီမှာ
ပေါ့”
ပွကြီးက မယုံသင်္ကာနဲ့ မျက်လုံး
ခေါင်းကိုအောက်မှာပဲ ငုံ့ထားသည်။
တစ်ချက် လှန်ကြည့်ကာ အံကြိတ်ရင်း
ချက်ကြီးမှာမိမိစကားကိုဂရုမစိုက်သလို
နေနေသောကြောင့် စိတ်မရှည်သလို
ဖြစ်လာပြီး ..
“ကဲ – မပြောချင်လည်းနေ၊ ကျွန်
တော်မှာလည်း အားတာမဟုတ်ဘူး။ အနောက်ရွာက မသိန်းရှင်လေးနဲ့ ချိန်း

ထားတယ်။ အဲဒါပြီးရင် မကျီးဖြူရွာက မလှသန်းနဲ့လည်း ထပ်ပြီးတွေ့ဖို့ ချိန်း
ထားသေးတယ်”
ချက်ကြီးကပွဲကြီးကိုမခံချင်အောင် ဆွပေးရင်း ပြောနေပေမယ့် ပွကြီးရဲ့ ခေါင်းကတော့ မော့မလာ။ ငေါင်တောင် တောင် ကြောင်စင်းစင်း။
“ကိုပွကြီး- သိတယ်မို့လား။ ကျွန် တော် ဘယ်လောက်စွံတယ်ဆိုတာ။
အခုလက်ရှိမှာတင် ရည်းစားက ငါး
ယောက်။ဟိုလိုလိုဒီလိုလိုတွေကလည်း
ရွာပေါက်စေ့မှာ ရှိတယ်။ အဲဒီကောင်
မလေးတွေကိုကျွန်တော်ကစပြီး ကြိုက်
တာမဟုတ်ဘူးနော်၊ သူတို့ကစပြီးကြိုက်
ကြတာ။ အဲဒါဘာကြောင့်လဲ သိလား။
ကျွန်တော့်မှာ ပီယဆေးဆောင်ထားလို့ ပဲဗျ။ ကျွန်တော့်အဖေက အမွေပေးခဲ့ တာ။ သိတယ်မို့လား။ ကျွန်တော့် အဖေ
ကိုရှမ်းကြီးတောင် ကျွန်တော့် အမေ
ဒေါ်သန်းနု အပါအဝင်မိန်းမသုံးယောက်
ယူပြီးမှသေသွားခဲ့တာ။အဲဒါဒီပီယဆေး
ကြောင့်ပေါ့ဗျ။ အဖေဆုံးတော့ ပီယ
ဆေးလေးအမွေရပြီး ဒီလိုရွံနေတာပဲဗျ။
မသိန်းရှင်လေးနဲ့ ချိန်းထားတာ နောက်
ကျလို့ မဖြစ်ဘူး သွားဦးမယ်ဗျာ”

ချက်ကြီးရဲ့ စကားကို နားထောင် ရင်းအောက်ငုံ့နေသောပွကြီးရဲ့ခေါင်းမှာ
ဆတ်ခနဲ အပေါ်သို့ မော့လာပြီး မျက်လုံး တွေက အပြင်သို့ ထွက်ကျလာတော့ မတတ်ပြူးကျယ်လာကာချက်ကြီးလက် ကို အတင်းပြန်ဆွဲထားလျက်က… “နေ-နေပါဦးချက်ကြီးရာ။ မင်း ပြောတာတွေကတကယ်လားဟင်။ မင်း
မှာတကယ်ပီယဆေး ရှိတာလား။ ငါ့ကို လာနောက်နေတာတော့ မဟုတ်ပါဘူး
နော်”
ချက်ကြီးမှာ မိမိစကားကို ပွကြီး
စိတ်ဝင်စားသွားတာကို ကြည့်ပြီး သဘောတကျနဲ့ ပြုံးလိုက်ရင်း … “တကယ်ပေါ့ဗျာ- ဒါ နောက်စရာ လိမ်စရာမှ မဟုတ်တာ။ ကျွန်တော့်ဆီ မှာ ပီယဆေးဆောင်ထားတယ်ဆိုတာ ဘယ်သူ့မှ လျှောက်မပြောရဘူးနော်-
ကိုပွကြီး”
ချက်ကြီးရဲ့စကားကြောင့် ပွကြီး ရင်ထဲမှာကုလားဘုရားလှည့်သွားသလို
တဒုန်းဒုန်း တဒိုင်းဒိုင်း ဖြစ်သွားမိလေ သည်။ ပျော်ရွှင်လွန်းသဖြင့် ခုန်နေသော ရင်ဘတ်ပေါ်ကို လက်နှင့်ဖိထားလိုက် ရင်း …

“ချက်ကြီး- ငါ့ကို အဲဒီပီယဆေး လေး ပေးပါလားကွာ။ ငါ- မင်းခိုင်းတာ
ဘာမဆို လုပ်ပါ့မယ်။ ဝက်ချေးစားဆို
လည်း စားပါ့၊ ဒေါ်ကုလားမ ထဘီကို
သွားခိုးခိုင်းရင်လည်း သွားခိုးပါ့မယ်။
ပီယဆေးသာမင်း ငါ့ကိုပေးရင် မင်းခိုင်း
တာတွေ စတာနောက်တာတွေအားလုံး
တွေ ငါလုံးဝ စိတ်မဆိုးဘဲ ရဲရဲဝံ့ဝံ့ ခံပါ့
မယ်ကွာနော်- ချက်ကြီး”
“ဒီလို ကိုပွကြီးရေ၊ ကျွန်တော်က လည်း ပေးချင်တာပေါ့။ ဒါပေမဲ့ – သူက နေ့နံတူမှရတာဗျ။ အဖေနဲ့သားမို့ အမွေ ပေးလို့ရပေမယ့် သူစိမ်းဆိုရင်တော့ မရ ဘူး။ ကိုပွကြီးက ဘာနေ့သားလဲ” “ကြာသပတေး”
ဟနေသော ပါးစပ်ထဲမှာ သွားရည် များက ထွက်ကျလာတာမို့ လက်ခုံတွေ နဲ့ သုတ်ပစ်လိုက်ရင်း ချက်ကြီးရဲ့စကား ကိုစိတ်ဝင်တစား ဆက်နားထောင်နေမိ
သည်။
“ကျွန်တော်က တနင်္ဂနွေဗျ။ နေ့နံ
မတူရင်ပေးလို့မရဘူးဆေးမစွမ်းဘူးဗျ။
ဒါပေမဲ့ – ကိုပွကြီးလိုချင်ရင် ကိုယ့်ဟာ
ကိုယ်တော့ ဖော်လို့ရတယ်”
ပွကြီးမှာမျက်လုံးကြီးတွေပြူးထွက် လာမတတ် ဝမ်းသာသွားရင်း …

“ချက်ကြီး-မင်း- မင်းတကယ် ပြောတာနော်။ ငါ့ကို လိမ်နေတာတော့
မဟုတ်ပါဘူးနော်”
“တကယ်ပြောတာပေါ့ – ဘာလဲ
မယုံဘူးလား”
“မ- မဟုတ်ပါဘူးကွာ။ ငါ ယုံပါ တယ်။ ဝမ်းသာလွန်းလို့ပါကွာ။ ကျေးဇူး တင်လိုက်တာ ချက်ကြီးရာ။ အဲဒီဆေး နည်းငါ့ကို ပေးပါနော်”
ချက်ကြီးမှာ အထစ်ထစ်အငေါ့ငေါ့ နဲ့ ပြူးတူးပြဲတဲဖြစ်နေသော ပွကြီးရဲ့ပုံစံ
ကိုအားရကျေနပ်စွာနဲ့ကြည့်ရင်းမေးစေ့ တွေကို ဟန်ပါပါပွတ်ကာ..
“ကိုပွကြီးကို ခင်လွန်းလို့ရယ်။ တကယ်လိုအပ်နေတယ် ထင်တာရယ် ကြောင့်ပီယဆေးဖော်နည်းကိုပေးလိုက်
ပါ့မယ်။ ဒါပေမဲ့- ဘယ်သူ့ကိုမှပြန်မပြော
ရဘူးနော်”
“အေးပါ – ချက်ကြီးရာ ငါကတိပေး
ပါတယ်”
“ဒီလိုဗျ – ဆေးနည်းက လွယ်မလို လိုနဲ့တော့ မရဘူး။ ခက်တယ်ဗျ။ လူ
တိုင်းလည်း မလုပ်နိုင်ဘူး။ လုပ်တဲ့လူ
တိုင်းလည်းအောင်မြင်ချင်မှ အောင်မြင်
မှာ။ သတ္တိလည်း ရှိရတယ်။ ဖြစ်ပါ့မလား
ကိုပွကြီး”

“ဖြစ်ပါတယ်-ပြောမှာသာပြောပါ။
မိန်းမရဖို့အတွက်ဆိုရင်ဓားတောင်ကိုပဲ
ကျော်ရ ကျော်ရ၊ မီးပင်လယ်ပဲ ဖြတ်ရ
ဖြတ်ရ၊ သူကြီးထိတ်တုံးစာပဲ မိမိ ဘာကို
မှမကြောက်ဘူး”
“အဲဒီဆေးနည်းက ပရလောကနဲ့ ဆိုင်တယ်ဗျ။ လပြည့်နေ့မှာ သေသွား တဲ့ မိန်းမတစ်ယောက်ရဲ့အလောင်းကို
လကွယ်ည သန်းခေါင်ယံအချိန်မှာ
သနပ်ခါးလိမ်းပေးပြီး အဲဒီသနပ်ခါးကို
ပြန်ခြစ်ယူခဲ့ရမယ်။ ပြီးရင် – မျက်နှာကို
ဖနောင့်နဲ့သုံးချက်ပေါက်ပြီး နောက်ကို
ပြန်လှည့်မကြည့်ဘဲပြန်လာခဲ့ရမှာ။အဲဒီ
ရလာတဲ့သနပ်ခါးကိုသွားလေရာဆောင်
ထားရင်မခင်ထားတင်မဟုတ်ဘူး။ မခင်
ထားထက် ငယ်တဲ့၊ ချောတဲ့ မိန်းမ
အယောက် (၁၀၀) လောက်ကိုတောင်
အသာလေးရနိုင်တယ်ဗျ”
“ငါလုပ်မယ် – ငါလုပ်မယ်၊ အောင် မလေး – မခင်ထားလေးကိုရတော့မယ်။
မခင်ထားလေးကို ရဖို့ဆိုရင် ငရဲပြည်ကို တောင် သွားပစ်လိုက်မယ်။ ဝမ်းသာ လိုက်တာ ပျော်လိုက်တာ”
ကရင်းအော်ရင်း ပြေးထွက်သွား သော ပွကြီးကိုကြည့်ရင်း “အမှတ်မရှိ ပါလား၊ အေးလေ – အမှတ်မရှိရင်လည်း

ပွကြီးဘယ်ဟုတ်ပါတော့မလဲ”လို့တွေး
ရင်း ချက်ကြီးတစ်ယောက် သဘော
တကျနဲ့ ရယ်နေမိတာ တော်တော်နဲ့ တောင် အတောသတ်လို့မရ ဖြစ်နေရ
တော့သည်။

လကွယ်ညမို့ မှောင်မည်းနေပေ
မယ့် ကြယ်ကလေးတွေရဲ့ မှုန်ဝါးဝါး
အလင်းရောင်အောက်မှာ ပွကြီး လုပ်
စရာရှိတာကို လျင်လျင်မြန်မြန်လုပ်ဖို့
အကွက်ကျကျ စီစဉ်ထားပြီးသားမို့ ခပ်
သွက်သွက်ပဲ သချိုင်းကုန်းထဲကို
လျှောက်လာခဲ့သည်။
လှုပ်ရှားနေတဲ့ စိတ်တွေကတော့
ထိန်းမနိုင် သိမ်းမရ ဖြစ်ချင်နေသည်။
ချက်ကြီးရဲ့ ပီယဆေးနည်းကို သိရ
ကတည်းက ဒီလိုနေ့ရက်မျိုးကို စောင့်
နေခဲ့ရတာ ငါးလတောင် ကြာသွားခဲ့ရ
ပြီ။
တိတ်ဆိတ်နေသော သင်္ချိုင်းကုန်း ထဲမှာတစ်ယောက်တည်းရှိတာကိုတွေး
မိရင်း မရဲတရဲလေးတော့ ဖြစ်ချင်လာမိ သည်။ မိမိကိုမြင်ရင် သရဲတွေကတောင် ပြန်ကြောက်ကြမှာပါလေလို့ တွေးမိပြီး

စိတ်ကိုထိန်းရင်း ပေါက်တူကိုသာ တင်း တင်းဆုပ်ကိုင်ထားမိသည်။
တွေ့ပါပြီ-ဒေါ်ဘုမ (၄၂)နှစ်တဲ့။ ဘာမှ စဉ်းစားမနေတော့ဘဲ မြေပုံ
ကို စပြီးတူးလိုက်သည်။
ဝေါ
ဒုတ်- ဒုတ် – ဖုန်း – ဝုန်း- ဖလော-
တိတ်ဆိတ်နေတဲ့အချိန် ပေါက်တူး ပေါက်သံကြောင့် လက်ပံပင်ပေါ်မှာအိပ် တန်းဝင်နေတဲ့ ကျီးကန်းတွေ လန့်ဖျပ် ပြီး တဝုန်းဝုန်းနှင့် ထပျံသံတွေကြောင့် ပွကြီးမှာ လန့်သွားကာ ဖင်ထိုင်လျက်
လဲကျသွားရသည်။ အူး – အူး – အူး ကျီး
ပြိုကျသံတွေကြောင့် ရွာဘက်ဆီမှ ခွေး
တွေကပါ ဆွဲဆွဲငင်ငင်နှင့် အူလိုက်ကြ
သည်မှာ တစ္ဆေသရဲ တွေ့နေသည့်
အလားပင်။
အချိန်မီစိတ်ကို ထိန်းသိမ်းရင်းမြေ ကျင်းကိုပဲ ဆက်တူးနေမိသည်။ ဒေါ်ဘုမ က အစိမ်းသေ။ ထန်းတောထဲက ဖြတ် လျှောက်ရင်းထန်းသီးခိုင်ခေါင်းပေါ်ပြုတ် ကျလို့ လပြည့်နေ့မှာ သေသွားရတာ။ ရွာထဲမှာရော ထန်းတောထဲမှာပါ ခြောက်လိုက်သည်မှာသောက်သောက်
လဲ။ ဟိုနေရာမှာလည်း ဒေါ်ဘုမ သရဲ၊ ဒီနေရာမှာလည်း ဒေါ်ဘုမ သရဲနှင့် ည

ဘက်လူတွေ ထန်းတောထဲကိုတောင် ဖြတ်မလျှောက်ဝံ့ လောက်အောင် ကြောက်လန့်နေကြရသည်။
ပွကြီးကတော့ ပီယဆေးရတော့ မှာကို တွေးမိပြီးကြောက်ပေမယ့်လည်း ပျော်နေမိသည်။ မခင်ထားလေးနှင့် နီး စပ်ရဖို့ဆို ဒေါ်ဘုမ သရဲမပြောနဲ့ သင်္ချိုင်း
ကုန်းက သရဲမတွေအားလုံးကို တောင်
သနပ်ခါး လိမ်းပေးဝံ့သည်။ လာထား
ပေါ့။
ပေါ်လာပါပြီ- ဖျာလိပ်တစ်လိပ်၊ ဖျာ
လိပ်ကို ရွှံ့ စပ်စပ် မြေကျင်းထဲက ဆွဲ
ထုတ်လိုက်တော့ ဖျာအောက်မှာ ငါးရှဉ့် တွေက တလူးလူးတလွန့်လွန့်နှင့် ကျင်း တွေထဲ ဝင်ပြေးသွားကြတာကို တွေ့ လိုက်ရတာမို့ ပွကြီး ပျို့ချင်အန်ချင်သလို ဖြစ်သွားရသည်။
ခပ်သွက်သွက်လုပ်ရမှာမို့ သိပ် အများကြီး တွေးမနေအား။ ဖျာလိပ်ကို မြန်မြန်ဖြေချလိုက်တော့ ဒေါ်ဘုမ အလောင်းကိုဆံပင်ဖားလျားနဲ့ လုံးထွေး
ပြီး မြင်လိုက်ရသည်။ ပုပ်အက်အက်
အနံ့တွေကလည်းထောင်းခနဲထွက်လာ
ကြတာမို့ အသက်ရှူတွေပင် ကြပ်သွား
ရသည်။
“ရှပ် – ရှပ် – ရှပ်”

နောက်ကျောဘက်ဆီမှ တရှပ်ရှပ်
နှင့် ခြေသံလိုလို အသံကိုကြားလိုက်
ရတာမို့ ကြက်သီးမွေးညင်းတွေထပြီး
ခေါင်းနားပန်းကြီးသွားရသည်။ ဘေးဘီ
ဝဲယာကိုလှည့်ပတ်ကြည့်မိတော့လည်း
ဘာကိုမှ မတွေ့ရပေ။ ဒေါ်ဘုမသရဲ သူ့
အလောင်းကိုဖော်လို့ ငါ့ကို လာခြောက်
နေပြီဟု တွေးမိလိုက်တော့ ကြောက်
စိတ်တွေကဝင်လာခဲ့မိသည်။
ဒေါ်ဘုမ အလောင်းက (၁၅)ရက် လောက်ကြာခဲ့ပြီမို့ ပုပ်ပွနေသည်မှာ လုံးဝကြည့်မကောင်းတော့ပေ။ ရုပ်ပျက်
ဆင်းပျက် ဖြစ်နေပြီ။
ထန်းသီးခိုင် ပြုတ်ကျတုန်းက
ခေါင်းရော မျက်နှာပါ ထိမိထားတာမို့
မျက်နှာမှာလည်း ရုပ်ပျက်ဆင်းပျက်
အော်ဂလီဆန်စရာ ဖြစ်လို့နေသည်။
ကွဲပြဲပဲ့ရွဲ့ပြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့
မျက်နှာကို သနပ်ခါးလူးဖို့နေနေသာသာ
ထိတောင်မထိဝံ့လောက်အောင်ကိုရွံ့ရှာ
ကြောက်ရွံ့သွားမိသည်။
တုန်ယင်နေတဲ့လက်တွေကိုထိန်း
ရင်းအသင့်သွေးယူလာတဲ့ သနပ်ခါးဘူး နဲ့ သံပြားကိုအထုတ် စိတ်တွေက မလုံ

မလဲ ဖြစ်လာခဲ့ရသည်။ မိမိကို စိုက် ကြည့်ခံနေရသလိုမျိုး ကျောထဲကနေ
စိမ့်တက်လာမိသည်။
“ဒေါ်ဘုမကြီး ကောင်းရာသုဂတိ
ရောက်ပါစေ။ အမျှ – အမျှ-အမျှ
ပွကြီး ဗလုံးဗထွေးနှင့် ဒေါ်ဘုမကို
အမျှဝေနေမိသည်။ မိမိတစ်သက် ဘာ ကောင်းမှုမှမရှိခဲ့လို့လားမသိ။ တရှပ်ရှပ်
အသံတွေနဲ့ မလုံမလဲ ကြောက်ရွံ့စိတ်
တွေက ပျောက်မသွား။ ရုပ်ပျက်ဆင်း
ပျက်နဲ့ပုပ်ပွဖောင်းကားနေတဲ့အလောင်း
ကောင်ကြီးကို ရှေ့မှာထားရင်း သင်္ချိုင်း
ကုန်းကြီးထဲမှာ မိမိတစ်ယောက်တည်း
ရှိနေတာပါလားဆိုတဲ့ စိတ်ကြောင့် ဒူး
တွေပင်မခိုင်ချင်တော့။ ခပ်လှမ်းလှမ်းက
လက်ပံပင်ကြီးမှာလည်းလေမတိုက်ဘဲ
အကြောင်းမဲ့ လှုပ်ခါယမ်းနေသလို ထင်
မိသည်။
မခင်ထားကို လိုချင်ရင် ကြောက်
နေလို့မဖြစ်တာမို့အားတင်းရင်းဒေါ်ဘုမ
မျက်နှာပေါ်သို့ သနပ်ခါးထူထူကိုကတုန်
ကယင်လိမ်းပေးလိုက်တော့ အေးစက်
နေတဲ့အထိအတွေ့တွေကအူယားစရာ။
ရွာဘက်ဆီမှာ အူလိုက် ဟောင်လိုက်
သည့် ခွေးတွေမှာလည်း မဟားတရား။
သနပ်ခါးက မခြောက်သေးပေမယ့် မြန်
မြန်ပြီးရောဆိုပြီး သံပြားနဲ့ အားစိုက်ပြီး
ဖိခြစ်ဆွဲလိုက်ရာ လူသေကောင်၏
သနပ်ခါးနဲ့အတူအသားစတွေပါပဲ့ထွက်
ပါလာခဲ့လေသည်။ ပဲ့ပါလာတဲ့ အသားစ
ကြီးအောက်မှ ထွက်လာသောလောက်
တွေက မြင်မကောင်းအောင် တလှုပ်
လှုပ်တရွရွ“အောင်မလေးဗျ” မြင်လိုက်
ရတဲ့မြင်ကွင်းကြောင့်အယောင်ယောင်
အမှားမှားနှင့် ကြောက်လန့်တကြား
အော်ဟစ်ရင်း နောက်ဘက်သို့ ခုန်
ဆုတ်လိုက်မိသည်။ ပျို့ချင်အန်ချင် စိတ်
က ဘယ်လိုမှ ထိန်းမရတော့တာမို့
တဝေါ့ပေါ့နှင့် ထိုးအန်လိုက်မိပြီး လွယ်
အိတ်ထဲမှာ အသင့်ထည့်ယူလာခဲ့တဲ့
အပြင်းစားတောချက်အရက်ကို တစ်
ကျိုက်တည်း မော့သောက်ပစ်လိုက်မိ
သည်မှာ ကုန်လုကုန်ခင် ဖြစ်သွားမှာပဲ
နေသာထိုင်သာ ရှိသွားရလေသည်။
ဒေါ်ဘုမအလောင်းကောင်ကြီးကို
ကြည့်ပြီး သနပ်ခါးကို ဘယ်လို ခြစ်ယူရ
မလဲစဉ်းစားနေမိသည်။ စိတ်ရှည်ရှည်နဲ့
လုပ်မှဖြစ်တော့မှာမို့ သံပြားကိုကိုင်ရင်း

သနပ်ခါးကို ဖွဖွရွရွလေး ခြစ်ယူနေမိ
သည်။
တုန်ယင်နေသော လက်တွေ
ကြောင့် လိုရာကိုမရောက်ဘဲဟိုရောက်
ဒီရောက်နှင့် ဖြစ်နေရသည်။ချောက်ချား
နေတဲ့စိတ်တွေက ထိန်းမရလောက်
အောင်ဖြစ်ပြီး သွေးပျက်နေမိသည်။
ဒေါ်ဘုမရဲ့ မျက်လုံးတွေက ပွင့်လာပြီး
ဒေါသတကြီးနဲ့ ပြူးစိုက်ကြည့်လာသလို
ခံစားရတာမို့ သနပ်ခါးနဲ့ အတူရောထွေး
နေတဲ့ အသားစနဲ့ လောက်ကောင်တွေ
ကိုပင်မဖယ်အားတော့ဘဲရသလောက်
ပဲ ခြစ်ယူပြီး လက်စသတ်ပစ်လိုက်
သည်။
နောက်ဆုံးတစ်ခုအနေနဲ့ မျက်နှာ
ကို ဖနောင့်နဲ့ သုံးချက်ပေါက်ရမှာမို့
ဒေါ်ဘုမမျက်နှာကို ခြေဖနောင့်နဲ့ရွယ်ပြီး
မျက်စိစုံမှိတ်ကာ ပေါက်ချလိုက်သည်။
“ခွပ်”
“ဖြောင်း – ဝုန်း – အား”
ဖနောင့်နှင့်မျက်နှာထိမိသောအသံ
ကြောင့် လက်ပံပင်ထိပ်ဖျားပေါ်မှ ထွက် ပေါ်လာသော အသံများကြောင့် ပွကြီး ငယ်သံပါအောင် အော်ဟစ်လိုက်မိ

သည်။ ခဏခဏ လာလာခြောက်နေ သော သရဲကိုပွကြီး မုန်းလည်းမုန်း၊
ကြောက်လည်း ကြောက်လာသည်။ သောက်ထားသော အရက်ရှိန်က လည်း တက်လာပြီမို့ လက်ပံပင်ပေါ်ကို ကြည့်လိုက် ဒေါ်ဘုမ အလောင်းကို ကြည့်လိုက်နဲ့ ဆဲဆိုနေမိသည်။
“ဒေါ်ဘုမ – အစုတ်ပလုတ်၊ကျုပ်ကို
လာခြောက်မနေနဲ့နော်။ ကျုပ်မှာ အမျှ
ပေးရအောင်လည်း ဘာကုသိုလ်မှ မရှိ
ဘူး။ ကျုပ် ပီယဆေးဖော်ပြီးရင် မခင်
ထားလေးနဲ့ ညားချင်လို့ပါ။ ဘာလဲ –
ခင်ဗျားကလည်းကျုပ်ကိုလိုချင်လို့လား။
ကျုပ်က သရဲမကြီးတွေကို မချစ်ဘူးဗျ။
ကြောက်ပဲ ကြောက်တယ်၊ ကျုပ်နဲ့ ဝေး
ဝေးကို သွားပါဗျာ”
အရူးချီးပန်း ကြောက်ကြောက်နဲ့ လျှောက်ပြောရင်း ဖနောင့်နဲ့ထပ်ပေါက် ဖို့ဟန်အပြင် သူ့ကို မျက်လုံးပြူးကြီးများ နဲ့ စိုက်ကြည့်နေသော ဒေါ်ဘုမကို မြင် လိုက်ရရာ ပွကြီး အသက်ထွက်လု မတတ် နှလုံးသွေးတွေ ဆောင့်တိုးသွား သလို ခံစားရရင်း အရမ်းထိတ်လန့်သွား မိသည်။ ပေါက်ဖို့ရွယ်ထားသော ခြေ

ထောက်တွေကလည်း အရှိန်လုံးဝထိန်း
မရတော့ဘဲ ပြူးကြည့်ပြီး သွားကြီးတွေ
ဖြဲပြနေသော ဒေါ်ဘုမမျက်နှာဆီသို့
တည့်တည့်ကြီး ကျရောက်သွားလေ
တော့သည်။
“အောင်မလေးဗျ – ကြောက်ပါပြီ
ဗျ-ဒေါ်ဘုမရ”
ငယ်သံပါအောင် သွေးပျက်လု
မတတ်အော်ရင်း ခြေထောက်တွေကို
အတင်းပြန်ရုပ်နေပေမယ့် မရ။ သွားပြီ။
ဒေါ်ဘုမ ငါ့ကို သွားတွေနဲ့ ကိုက်ဆွဲထား
ပြီဆိုတဲ့အသိကြောင့် ကြောက်လန့်
တကြား အတင်းရုန်းကန်ရင်း ပွကြီးမှာ
အားလွန်ကာ ရှေ့သို့စိုက်ပြီး လဲကျသွား
ခဲ့ရသည်။
ဗိုက်ထဲမှ စူးအောင့်နာကျင်လွန်း
သောဝေဒနာကိုခံစားလိုက်ရတာမို့သေ
ချာကြည့်မိတော့ ဒေါ်ဘုမအလောင်း
ကောင်ကြီးက ထလာပြီး သူ့ဗိုက်ထဲကို
လက်သည်းချွန်တွေနဲ့ နှိုက်သွင်းကာ
သူ့ရဲ့အူတွေ၊ အသည်းတွေကိုကိုက်စား
ဖို့ဟန်ပြင်နေတာကို တွေ့လိုက်ရသည်။
ထို့နောက် ဒူးထောက် လဲကျသွား
သည်။

“ကယ်ပါဦး- မခင်ထားရယ်”
လို့ နောက်ဆုံးညည်းတွားလိုက်မိ ရင်း သူ့ အသိစိတ်တွေ မှောင်အတိကျ သွားခဲ့ရတော့သည်။
သင်္ချိုင်းကုန်းထဲမှာပွကြီးအလောင်း
တွေ့လို့ဆိုတဲ့ သတင်းက ဂွေးတောက် ကုန်းရွာရဲ့မနက်ခင်းကို အမင်္ဂလာ ဖြစ် သွားစေခဲ့ရသည်။
တော့
အပြေးအလွှား သွားကြည့်ကြမိ
ဒေါ်ဘုမရဲ့ ပုပ်ပွနံစော်ရိ ရွဲနေတဲ့ အလောင်းကောင်ကြီးက ကျင်းနှုတ်ခမ်း
ပေါ်သို့ ရောက်လျက်ရှိနေပြီး ပွကြီး၏

ခြေထောက်တစ်ဖက်မှာတော့ ဒေါ်ဘုမ
ပါးစပ်ထဲတွင်ရှိနေကာပွကြီးဗိုက်ထဲတွင်
ပေါက်တူးကြီး စိုက်ဝင်လျက် မှောက်
လျားထိုးကြီး သေဆုံးနေတာကို အံ့ဩ
ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ကြရလေ
သည်။
ပွကြီးနဲ့ ဒေါ်ဘုမရဲ့အဖြစ်အပျက်ကို
ဘယ်သူမှ မတွေးရ။ တစ်ယောက် တစ်
ပေါက် ထင်ကြေးတွေနဲ့ ဝေဖန်ပြောဆို
နေခဲ့ကြသည်။
အမှန်တရားကတော့ ကံကြမ္မာရဲ့ ဘေးမှာသေးငယ်မှုန်ဝါးပျောက်ကွယ်
သွားရင်းနဲ့ပေါ့။
ရွှေဝတီ

Zawgyi Version

အေလာင္းေကာင္ႏွင့္ပီယေဆး(စ/ဆုံး)
———————————————-
ထြီ”
“အဟြန္း – အဟြန္း – ေအ့ – ေဝါ့-
“ေဂြးေတာက္ကုန္း႐ြာမွာ မွီတင္း ေနထိုင္ၾကကုန္ေသာ လူႀကီး၊ လူငယ္၊ ကေလး၊ ေခြး၊ ကြၽဲ၊ ႏြား၊ တိရစာၦန္ေတြ။ အင္း – ၿပီးေတာ့ စုန္း၊ နတ္၊ သရဲ၊ ၿပိတၱာ ေတြေရာရွိရွိသမွ်အကုန္လုံးနားေထာင္
ၾကေလာ့”
ဒီ႐ြာမွာေမြး ဒီ႐ြာမွာပဲ ေဟာ့ဒီ ခ်က္ ႀကီးကိုျမႇဳပ္၊ ဒီ႐ြာပဲ ႀကီးျပင္းလာခဲ့ရတဲ့

ကြၽန္ေတာ္ ေမာင္ပြႀကီးက ႐ြာသူ ႐ြာ သားအေပါင္းကို ေၾကျငာေမာင္းထု
အေၾကာင္းစု ႏွာေခါင္းအဖု အဲေလ –
ဟုတ္ပါဘူး၊ ကဲပါေလ – ရွည္တယ္။
တိုတိုပဲ ေၾကညာလိုက္ပါေတာ့မယ္”
“အရမ္းေခ်ာ၊ အရမ္းလွ၊ အရမ္း
ခ်စ္စရာေကာင္းၿပီး ပ်ိဳတိုင္းႀကိဳက္တဲ့
ႏွင္းဆီခိုင္ေလး ျဖစ္ေနရတဲ့ ကြၽန္ေတာ္
ေမာင္ပြႀကီးကို စိတ္ဝင္စားေနၾကေသာ
တစ္ခုလတ္၊ မုဆိုးမ၊ အပ်ိဳႀကီး၊ အပ်ိဳ

ေလးမ်ားအားေဟာ့ဒီကေမာင္ပြႀကီးက
သနားခ်စ္ခင္၊ ယုယၾကင္နာ၊ ျမတ္ႏိုး
ေသာအားျဖင့္ ၾကင္ယာေတာ္ေလာင္း
ေ႐ြးခ်ယ္တင္ေျမႇာက္ေတာ္မူမွာမို႔ ေခ်ာ
ေမာလွပတဲ့ မည္သည့္မိန္းမ.မဆို ပြႀကီး
ရဲ႕ၾကင္ယာေတာ္ေလာင္းအျဖစ္ ဝင္
ေရာက္အေ႐ြးခ်ယ္ခံႏိုင္ၾကပါေၾကာင္း
ဒူေဝေဝ – ေဟ့ – တစ္ခါတည္းေတာ့
ေျပာထားမယ္ေနာ္။ ပြႀကီးဆိုတဲ့ေဟာ့ဒီ
က ေကာင္က အေျခာက္ေတြေတာ့
မခ်စ္ဘူးေနာ္။ အေျခာက္ေတြဆိုရင္
ေတာ့ၾကင္ယာေတာ္ေလာင္းမေ႐ြးဘူး၊
ဟဲ-ဟဲ-ဟဲ”
ပြႀကီးတစ္ေယာက္မွာ မူးလာလွ်င္
လင္ပန္းတစ္ခ်ပ္ကိုတျဖန္းျဖန္းႏွင့္ ထု၍
ေတြ႕သမွ် မိန္းမအား လက္ညႇိဳးထိုးၿပီး
ၾကင္ယာေတာ္ေလာင္း ေ႐ြးခ်ယ္တင္
ေျမႇာက္ေနတတ္ေလရာ မ်က္လုံးေရွ႕
တြင္ေတြ႕သမွ် မိန္းမအားလုံးလြတ္သြား
သည္ဟူ၍ သိပ္မရွိဘဲ အသက္ (၈၀)
ေက်ာ္အဘြား ေဒၚေအးေ႐ႊပင္ ပြႀကီးကို
မေရွာင္ႏိုင္ဘဲ တည့္တည့္တိုးမိသြား သျဖင့္ ပြႀကီးရဲ႕ၾကင္ယာေတာ္ေလာင္း စာရင္းဝင္သြားခဲ့ရေသးသည္။
ပုဆိုးကိုကြင္းသိုင္းၿပီး လင္ပန္းႀကီး
ကိုထုကာ ထန္းရည္မူးၿပီး ေပါက္တတ္

ကရမ်ား ေအာ္ဟစ္ရင္း ႐ြာထဲဝင္လာ ေသာ ပြႀကီးကို ျမင္ရသူအေပါင္းက ျမင္
ျပင္းကတ္ေနမိၾကသည္။
ထန္းရည္မူရင္း ေတြ႕သမွ်မိန္းမ တိုင္းကို ၾကင္ယာေတာ္ေလာင္း ေ႐ြးေန တတ္ေသာေၾကာင့္ သူႀကီးရဲ႕ ထိတ္တုံး တြင္လည္း ခဏခဏ အခတ္ခံခဲ့ရေပ မယ့္ အမွတ္သည္းေျခမရွိမူးၿမဲ၊ ေအာ္ၿမဲ။
ၾကင္ယာေတာ္ေလာင္းေ႐ြးေနတတ္
ၿမဲပင္။ ပြႀကီးမွ ဦးေႏွာက္က က်ပ္သိပ္ မျပည့္လွ။ ဦးေခါင္းမွာလည္း ပုံပန္းမက်
နဘဲ သာမန္လူေတြထက္ပိုႀကီးကာ
သိသိသာသာႀကီးကို ပြေဖာင္းေနေသာ
ႏွာေခါင္းရွိၿပီး သြားမ်ားမွာလည္း မညီ
မညာႏွင့္ႀကဲကာ အျပင္သို႔ ေခါထြက္ေန
ေလသည္။
ပုကြကြ ဂင္တိုတိုႏွင့္ မည္းၾကဳတ္ ေနေသာ အသားအေရကိုပါ ပိုင္ဆိုင္ ထားတာမို႔ပြဲႀကီးပုံစံကလူတစ္ေယာက္ နဲ႔ေတာင္မတူခ်င္ေတာ့။
ညအခ်ိန္ မေတာ္တစ္ေနရာမွာ
သာေတြ႕မိၾကရင္ လူလို႔ပင္ ထင္မိၾကမွာ မဟုတ္ဘဲ လန႔္ဖ်ပ္သြားႏိုင္ေလာက္ ေအာင္ပင္ ပြႀကီးရဲ႕႐ုပ္က အင္မတန္ ဆိုး
လြန္းလွသည္။

႐ြာထဲတြင္ဆိုးသြမ္းေသာလူမ်ားကို
ဆုံးမလွ်င္ပင္ ပြႀကီးကို နမူနာေပးကာ
ဆုံးမတတ္ၾကသည္။ အရင္ဘဝက
အရမ္းဆိုးၿပီး အကုသိုလ္ေတြမ်ားခဲ့လို႔
ဒီဘဝမွာ ဒီလိုျဖစ္ရတာလို႔ ပြႀကီးႏွင့္
ႏႈိင္းယွဥ္ၿပီး ဆုံးမတတ္ၾကသည္မွာ ေဂြး
ေတာက္ကုန္း႐ြာရဲ႕ အစဥ္အလာတစ္ခု
လိုပင္ ျဖစ္လို႔ေနေလသည္။ UV
ပြႀကီးမွာကေလးဘဝထဲက႐ြယ္တူ ကေလးေတြရဲ႕ ေလွာင္ေျပာင္စေနာက္ ျခင္းကို အလူးအလဲခံခဲ့ရသည္။ အ႐ြယ္ ေရာက္လာေတာ့လည္း ဆိုးလြန္းလွ ေသာ ႐ုပ္ရည္ေၾကာင့္ မိန္းကေလးမ်ား က ျမင္တာနဲ႔ တံေတြး တထြီထြီ တထြမ္
ထြမ္ေထြးကာ အေဝးႀကီးကေရွာင္သြား ၾကေလ့ရွိသည္။
ပြႀကီးကလည္း မရတာကိုမွ ပိုလို ခ်င္မိသည္။ သူႏွင့္ သက္တူ႐ြယ္တူေတြ က တစ္ေယာက္ၿပီးတစ္ေယာက္ မိန္းမ ရကုန္ၾကေသာ္လည္း သူ႔မွာေတာ့မိန္းမ ရဖို႔ေနေနသာသာ သူႏွင့္မ်က္ႏွာခ်င္း ဆိုင္ၿပီး စကားေျပာခ်င္တဲ့ မိန္းကေလး

ကရမ်ား ေအာ္ဟစ္ရင္း ႐ြာထဲဝင္လာ ေသာ ပြႀကီးကို ျမင္ရသူအေပါင္းက ျမင္ ျပင္းကတ္ေနမိၾကသည္။
ထန္းရည္မူရင္း ေတြ႕သမွ်မိန္းမ တိုင္းကို ၾကင္ယာေတာ္ေလာင္း ေ႐ြးေန တတ္ေသာေၾကာင့္ သူႀကီးရဲ႕ထိတ္တုံး တြင္လည္း ခဏခဏ အခတ္ခံခဲ့ရေပ မယ့္ အမွတ္သည္းေျခမရွိမူးၿမဲ၊ ေအာ္ၿမဲ။
ၾကင္ယာေတာ္ေလာင္းေ႐ြးေနတတ္
ၿမဲပင္။ ပြဲႀကီးမွ ဦးေႏွာက္က က်ပ္သိပ္ မျပည့္လွ။ ဦးေခါင္းမွာလည္း ပုံပန္းမက်
နဘဲ သာမန္လူေတြထက္ပိုႀကီးကာ
သိသိသာသာႀကီးကို ပြေဖာင္းေနေသာ
ႏွာေခါင္းရွိၿပီး သြားမ်ားမွာလည္း မညီ
မညာႏွင့္ႀကဲကာ အျပင္သို႔ ေခါထြက္ေန
ေလသည္။
ပုကြကြ ဂင္တိုတိုႏွင့္ မည္းၾကဳတ္
ေနေသာ အသားအေရကိုပါ ပိုင္ဆိုင္ ထားတာမို႔ ပြဲႀကီးပုံစံကလူတစ္ေယာက္
နဲ႔ေတာင္ မတူခ်င္ေတာ့။
ညအခ်ိန္ မေတာ္တစ္ေနရာမွာ
သာေတြ႕မိၾကရင္လူလို႔ပင္ ထင္မိၾကမွာ မဟုတ္ဘဲ လန႔္ဖ်ပ္သြားႏိုင္ေလာက္ ေအာင္ပင္ ပြႀကီးရဲ႕႐ုပ္က အင္မတန္ ဆိုး
လြန္းလွသည္။

႐ြာထဲတြင္ဆိုးသြမ္းေသာလူမ်ားကို
ဆုံးမလွ်င္ပင္ ပြႀကီးကို နမူနာေပးကာ
ဆုံးမတတ္ၾကသည္။ အရင္ဘဝက
အရမ္းဆိုးၿပီး အကုသိုလ္ေတြမ်ားခဲ့လို႔
ဒီဘဝမွာ ဒီလိုျဖစ္ရတာလို႔ ပြႀကီးႏွင့္
ႏႈိင္းယွဥ္ၿပီး ဆုံးမတတ္ၾကသည္မွာ ေဂြး
ေတာက္ကုန္း႐ြာရဲ႕ အစဥ္အလာတစ္ခု
လိုပင္ ျဖစ္လို႔ေနေလသည္။
UV
ပြႀကီးမွာကေလးဘဝထဲက႐ြယ္တူ ကေလးေတြရဲ႕ ေလွာင္ေျပာင္စေနာက္ ျခင္းကို အလူးအလဲခံခဲ့ရသည္။ အ႐ြယ္ ေရာက္လာေတာ့လည္း ဆိုးလြန္းလွ ေသာ ႐ုပ္ရည္ေၾကာင့္ မိန္းကေလးမ်ား က ျမင္တာနဲ႔ တံေတြး တထြီထြီ တထြမ္ ထြမ္ေထြးကာ အေဝးႀကီးက ေရွာင္သြား ၾကေလ့ရွိသည္။
ပြႀကီးကလည္း မရတာကိုမွ ပိုလို ခ်င္မိသည္။ သူႏွင့္ သက္တူ႐ြယ္တူေတြ က တစ္ေယာက္ၿပီးတစ္ေယာက္ မိန္းမ ရကုန္ၾကေသာ္လည္း သူ႔မွာေတာ့မိန္းမ
ရဖို႔ေနေနသာသာ သူႏွင့္မ်က္ႏွာခ်င္း
ဆိုင္ၿပီး စကားေျပာခ်င္တဲ့ မိန္းကေလး

ပင္ တစ္ေယာက္မွမရွိ။ မိန္းကေလး
မေျပာႏွင့္ ေခြးမ၊ ဝက္မေတြေတာင္
ပြႀကီးကို ျမင္တာနဲ႔ အၿမီးတန္း ထြက္
ေျပးကုန္တတ္ၾကတာမို႔ပြႀကီးကိုယ့္ဘဝ
ကိုယ္ စိတ္အနာႀကီးနာေနမိသည္။
ထမင္းေကာင္း ဟင္းေကာင္း မစားရဘဲ
ေျပာင္းဆန္ႏွင့္ခ်ဥ္ေပါင္ဟင္းပဲ စားရ
ပါေစမိန္းမေခ်ာေခ်ာေလးတစ္ေယာက္
ေလာက္ပဲရရင္ ေသေပ်ာ္ပါၿပီလို႔ ေတြးမိ
ေပမယ့္ ႐ြံစရာေကာင္းတဲ့ မိမိရဲ႕ ႐ုပ္
ေၾကာင့္ အနားကပ္ဝံ့သူေတာင္ မရွိၾက
တဲ့အတြက္ ကံကိုသာ အျပစ္တင္ရင္း
ဝမ္းနည္းခဲ့ရသည္။
ၿမိဳ႕က အလည္လာေသာ သူႀကီး
ဦးေသာင္းရွိန္ရဲ႕တူမ မခင္ထားေလးကို
ေတြ႕လိုက္ရတုန္းကဆို ပြႀကီးရင္ထဲမွာ
တလွပ္လွပ္နဲ႔ခုန္သြားရသည္။ မခင္ထား
ရဲ႕မ်က္ႏွာေလးက ပြႀကီးမ်က္လုံးထဲက
လုံးဝမထြက္ေတာ့။
မခင္ထားကို ေတြ႕ခ်င္လြန္း၍ ေန႔
တိုင္းအမ်ိဳးမ်ိဳးလွည့္ပတ္ေခ်ာင္းေျမာင္း
ေနတတ္ေသာသူ႔အျဖစ္ကိုတစ္စတစ္စ
ႏွင့္တစ္႐ြာလုံးသိသြားၾကရာမွမခင္ထား
ရဲ႕နားထဲအထိ ေရာက္ရွိသြားခဲ့ရသည္။
မခင္ထားမွာနဂိုထဲက ပြႀကီးပုံစံကို ႐ြံ႕ရွာ
စက္ဆုပ္ေနမိသူတစ္ေယာက္ ျဖစ္တာ

မို႔ မိမိကိုခ်စ္လို႔ အၿမဲေခ်ာင္းၾကည့္ခံေန
ရေသာအျဖစ္ေၾကာင့္ ေအာ္ဂလီဆန္ၿပီး
ကိုယ့္ကိုယ္ကိုယ္ေတာင္ မသတီေတာ့
သလိုျဖစ္လာကာ ၿမိဳ႕သို႔ အျမန္ျပန္သြား
ေလေတာ့သည္။
ပြႀကီးမွာလည္း သူႀကီးရဲ႕ႀကိမ္လုံး
ဒဏ္ေၾကာင့္ သုံးရက္ေလာက္အိပ္ရာက
မထႏိုင္ခဲ့။
“႐ုပ္ဆိုးႀကီးမို႔ ခ်စ္လို႔မရဘူးလား သူႀကီးရယ္”လို႔ ေမးခ်င္ခဲ့ေပမယ့္ မေမး
ရဲ မေျပာရဲခဲ့။ ႀကိမ္လုံးဒဏ္ေၾကာင့္ အသားနားတာထက္ ရင္ထဲအသည္း ထဲက နာက်င္ေနရတာက ပိုၿပီးခံစားရ
ခက္ေနမိသည္။
မခင္ထားေလးကို သတိရတမ္းတ
ေနမိတဲ့ စိတ္ေတြက တားမႏိုင္ ဆီးမရ၊
မခင္ထားေလးကိုသာ ရမည္ဆိုပါက
ဘယ္လိုအရာမ်ိဳးကိုမဆို ပြႀကီး လုပ္ဖို႔ ဝန္မေလး။ မိမိအရမ္းေၾကာက္တဲ့ႂကြက္ ေတြ၊ အိမ္ေျမႇာင္ေတြကိုပဲ ကိုင္ခိုင္း မလား။ တီေကာင္ေတြ၊ ေလာက္ေတြကို ပဲ ကိုင္ခိုင္းမလား၊ ဘာပဲ လုပ္ခိုင္းလုပ္ ခိုင္း အကုန္လုံးလုပ္ေပးရဲသည္။ ဆိုး လြန္းတဲ့႐ုပ္ရည္နဲ႔ကုသိုလ္ကံကိုပဲပြႀကီး စိတ္နာေနမိသည္။ ဘာကိုမွလည္း ဂ႐ု မစိုက္ခ်င္ေတာ့။ သူႀကီးရဲ႕ ထိတ္တုံးနဲ႔

ႀကိမ္လုံးကိုလည္း မေၾကာက္ခ်င္ေတာ့။ သူ ျဖစ္ခ်င္တာ လိုခ်င္တာတစ္ခုပဲ ရွိ
သည္။ မခင္ထားေလးကိုပဲ ျဖစ္သည္။
သူသာ ႐ုပ္ေခ်ာရင္ မခင္ထားေလးက
ပစ္သြားမွာ မဟုတ္ဘူးလို႔ ေတြးမိကာ
ပြႀကီး ရင္ဘတ္ေတြ ကြဲထြက္သြားမလို
ခံစားရရင္ ငိုေနမိသည္။ ကြဲေနေသာ
အသည္းကို ထန္းရည္နဲ႔ စိမ္ထားရင္ သက္သာသလိုရွိတာမို႔ပြႀကီးထန္းေတာ
ထဲမွာပဲ အခ်ိန္ကုန္ေနမိေတာ့သည္။
“ေတာက္- ထြီ – ဒီေလာကႀကီးက
ပြႀကီးဆိုတဲ့ ငါ့အေပၚမွာ အရမ္းရက္စက္
လြန္းတယ္။ ငါသာ႐ုပ္ေခ်ာရင္မခင္ထား
ေလးက ၿမိဳ႕ကို ျပန္ေျပးမွာ မဟုတ္ဘူး။
ဒီ႐ုပ္ေၾကာင့္၊ ေဟာဒီ့ဆိုး႐ြားတဲ့ မ်က္
ခြက္ႀကီးေၾကာင့္။ ကဲ- ဆိုးဦးမလား-

ျဖန္း ျဖန္း”
ေျပာေျပာဆိုဆို မူးမူးျဖင့္ ကိုယ့္ပါး
ကိုယ္ ျပန္႐ိုက္ေနေလရာ ေခါေနေသာ သြားမ်ားမွာ ေခါထြက္လာၿပီး ပါးစပ္ထဲ ကေန သြားရည္ေတြပါပါးေစာင္မွထြက္
က်ကုန္ၾကသည္။ ထြက္က်လာေသာ
သြားရည္မ်ားကို လက္ခုံႏွင့္ သုတ္ပစ္ လိုက္ရင္း ..

“မေကာင္းမကန္းလူေတြငါ့အေပၚ
ကို တစ္ေယာက္မွ မေကာင္းၾကဘူး။
ေခြးေတြလည္း မေကာင္းဘူး။ ဝက္ေတြ၊
ႏြားေတြလည္းမေကာင္းဘူး။ အားလုံးကို
မုန္းတယ္။ ဒါေပမဲ့ – ခင္ထားေလးေတာ့
မပါဘူး။ မခင္ထားေလးကိုေတာ့ ခ်စ္
တယ္။ ခ်စ္တယ္ – ခင္ထားေလးေရ၊
ေဟာဒီက ကို႐ုပ္ဆိုးႀကီးကို သနားခ်စ္
ေလးနဲ႔ျပန္ခ်စ္လွည့္ပါလား-ဟီး-ဟီး-
ဟီး”
ငိုလိုက္ေျပာလိုက္ႏွင့္ျဖစ္ေနေသာ
ပြႀကီးအျဖစ္ကို ၾကည့္ရသည္မွာ သနား
စရာထက္ ရယ္စရာက ပိုေကာင္းေန
တာမို႔ တျခားဝိုင္းမ်ားတြင္ ထန္းရည္
ေသာက္ေနၾကေသာ လူမ်ားအားလုံး
တဝါးဝါး တဟားဟားႏွင့္ ပြဲက်ေနေလ
ေတာ့သည္။
ပြႀကီးခမ်ာမွာေတာ့ ဝမ္းပမ္း
တနည္း ငိုရလြန္းသျဖင့္ အဆုတ္ေတြ ပင္ ကြဲထြက္ေတာ့မတတ္ ရင္ဝမွာ ဆို႔ နင့္ေနတာမို႔ ထန္းရည္ခြက္ကိုယူ၍
တစ္က်ိဳက္ထဲ ေမာ့ခ်လိုက္ေတာ့မွ
ေနသာထိုင္သာ ရွိသြားရေလေတာ့
သည္။

ပါးျပင္ေပၚမွ မ်က္ရည္ေတြက
တလိမ့္လိမ့္က်ေနတာ မရပ္ေသး။ မ်က္
ရည္ေပါက္ႀကီးေတြကလည္း ေရစက္
ေရေပါက္ေတြအလားတစ္ေပါက္ေပါက္
နဲ႔ ရင္ဘတ္ေတြပါ စို႐ႊဲေနေလေတာ့
သည္။
“ဗ်ိဳ႕-ကိုပြႀကီး”
“ဟဲ့ – ပလုတ္တုတ္ – ခ်ိဳး႐ုပ္ – ႏွင့္
အေမႀကီးေတာ္- ေခြးေခ်းထုပ္” ခံစားခ်က္ေတြ တစ္ေပြ႕တစ္ပိုက္နဲ႔ မခင္ထားကို သတိရတမ္းတ ငိုလို႔ယိုလို႔
ေကာင္းတုန္း အခ်ိန္အနားမွာ ကပ္ၿပီး
ေအာ္ေခၚလိုက္ေသာ အသံေၾကာင့္
ပြႀကီးမွာ အလန႔္တၾကားနဲ႔ အမ်ိဳးစုံ
ေယာင္ယမ္းေအာ္ဟစ္ရင္း ခုန္ထလိုက္
မိသည္။ ေဒါသတႀကီးနဲ႔ ၾကည့္လိုက္မိ
ေတာ့ ႐ြာအေရွ႕ပိုင္းက ခ်က္ႀကီး။ ခ်က္ႀကီးဆိုတဲ့ေကာင္က ပြႀကီးကို အၿမဲတမ္း စေနာက္ေခ်ာက္တြန္းတတ္ လြန္းေသာေၾကာင့္ ခ်က္ႀကီးႏွင့္ေတြ႕ လွ်င္ ဘယ္ေတာ့မွ ေကာင္းေကာင္းေန ရသည္မရွိ။ ခ်က္ႀကီးေၾကာင့္ သူႀကီး ႀကိမ္လုံးစာ မိခဲ့ရသည္မွာလည္း ခဏ ခဏ။ ဘယ္ေလာက္ပဲ သတိထားေနပါ က ေနာက္ဆုံးေတာ့ ခ်က္ႀကီး လက္

ခ်က္မိၿပီး အၿမဲဒုကၡေရာက္ခဲ့ရသည္ ခ်ည္းပင္။
“မင္းနဲ႔ကြာ – လန႔္လိုက္တာ။ ဒီမွာ မူးေနတာေလးေတြေတာင္ေပ်ာက္ကုန္
ၿပီ”
“စိတ္မဆိုးနဲ႔ – ကိုပြႀကီးရယ္။ ကြၽန္
ေတာ္က ခ်စ္လို႔ စတာပါဗ်။ ေနပါဦး-
ကိုပြႀကီး မ်က္ရည္လည္႐ြဲနဲ႔ ဘာျဖစ္ေန
တာလဲ”
ခ်က္ႀကီးစကားကိုၾကားလိုက္မွ ခုန
က မိမိအျဖစ္ကို ျပန္သတိရသြားရင္း
မ်က္ႏွာမွာခ်က္ခ်င္းညႇိဳးက်သြားရေလ
ေတာ့သည္။
“ဘာျဖစ္လို႔လဲဗ် – ေျပာစမ္းပါဦး။
ကြၽန္ေတာ္ ကူညီႏိုင္တာရွိရင္ ကူညီမွာ
ေပါ့”
ပြႀကီးက မယုံသကၤာနဲ႔ မ်က္လုံး
ေခါင္းကိုေအာက္မွာပဲ ငုံ႔ထားသည္။
တစ္ခ်က္ လွန္ၾကည့္ကာ အံႀကိတ္ရင္း
ခ်က္ႀကီးမွာမိမိစကားကိုဂ႐ုမစိုက္သလို
ေနေနေသာေၾကာင့္ စိတ္မရွည္သလို
ျဖစ္လာၿပီး ..
“ကဲ – မေျပာခ်င္လည္းေန၊ ကြၽန္
ေတာ္မွာလည္း အားတာမဟုတ္ဘူး။ အေနာက္႐ြာက မသိန္းရွင္ေလးနဲ႔ ခ်ိန္း

ထားတယ္။ အဲဒါၿပီးရင္ မက်ီးျဖဴ႐ြာက မလွသန္းနဲ႔လည္း ထပ္ၿပီးေတြ႕ဖို႔ ခ်ိန္း
ထားေသးတယ္”
ခ်က္ႀကီးကပြဲႀကီးကိုမခံခ်င္ေအာင္ ဆြေပးရင္း ေျပာေနေပမယ့္ ပြႀကီးရဲ႕ ေခါင္းကေတာ့ ေမာ့မလာ။ ေငါင္ေတာင္ ေတာင္ ေၾကာင္စင္းစင္း။
“ကိုပြႀကီး- သိတယ္မို႔လား။ ကြၽန္ ေတာ္ ဘယ္ေလာက္စြံတယ္ဆိုတာ။
အခုလက္ရွိမွာတင္ ရည္းစားက ငါး
ေယာက္။ဟိုလိုလိုဒီလိုလိုေတြကလည္း
႐ြာေပါက္ေစ့မွာ ရွိတယ္။ အဲဒီေကာင္
မေလးေတြကိုကြၽန္ေတာ္ကစၿပီး ႀကိဳက္
တာမဟုတ္ဘူးေနာ္၊ သူတို႔ကစၿပီးႀကိဳက္
ၾကတာ။ အဲဒါဘာေၾကာင့္လဲ သိလား။
ကြၽန္ေတာ့္မွာ ပီယေဆးေဆာင္ထားလို႔ ပဲဗ်။ ကြၽန္ေတာ့္အေဖက အေမြေပးခဲ့ တာ။ သိတယ္မို႔လား။ ကြၽန္ေတာ့္ အေဖ
ကိုရွမ္းႀကီးေတာင္ ကြၽန္ေတာ့္ အေမ
ေဒၚသန္းႏု အပါအဝင္မိန္းမသုံးေယာက္
ယူၿပီးမွေသသြားခဲ့တာ။အဲဒါဒီပီယေဆး
ေၾကာင့္ေပါ့ဗ်။ အေဖဆုံးေတာ့ ပီယ
ေဆးေလးအေမြရၿပီး ဒီလို႐ြံေနတာပဲဗ်။
မသိန္းရွင္ေလးနဲ႔ ခ်ိန္းထားတာ ေနာက္
က်လို႔ မျဖစ္ဘူး သြားဦးမယ္ဗ်ာ”

ခ်က္ႀကီးရဲ႕ စကားကို နားေထာင္ ရင္းေအာက္ငုံ႔ေနေသာပြႀကီးရဲ႕ေခါင္းမွာ
ဆတ္ခနဲ အေပၚသို႔ ေမာ့လာၿပီး မ်က္လုံး ေတြက အျပင္သို႔ ထြက္က်လာေတာ့ မတတ္ျပဴးက်ယ္လာကာခ်က္ႀကီးလက္ ကို အတင္းျပန္ဆြဲထားလ်က္က… “ေန-ေနပါဦးခ်က္ႀကီးရာ။ မင္း ေျပာတာေတြကတကယ္လားဟင္။ မင္း
မွာတကယ္ပီယေဆး ရွိတာလား။ ငါ့ကို လာေနာက္ေနတာေတာ့ မဟုတ္ပါဘူး
ေနာ္”
ခ်က္ႀကီးမွာ မိမိစကားကို ပြႀကီး
စိတ္ဝင္စားသြားတာကို ၾကည့္ၿပီး သေဘာတက်နဲ႔ ၿပဳံးလိုက္ရင္း … “တကယ္ေပါ့ဗ်ာ- ဒါ ေနာက္စရာ လိမ္စရာမွ မဟုတ္တာ။ ကြၽန္ေတာ့္ဆီ မွာ ပီယေဆးေဆာင္ထားတယ္ဆိုတာ ဘယ္သူ႔မွ ေလွ်ာက္မေျပာရဘူးေနာ္-
ကိုပြႀကီး”
ခ်က္ႀကီးရဲ႕စကားေၾကာင့္ ပြႀကီး ရင္ထဲမွာကုလားဘုရားလွည့္သြားသလို
တဒုန္းဒုန္း တဒိုင္းဒိုင္း ျဖစ္သြားမိေလ သည္။ ေပ်ာ္႐ႊင္လြန္းသျဖင့္ ခုန္ေနေသာ ရင္ဘတ္ေပၚကို လက္ႏွင့္ဖိထားလိုက္ ရင္း …

“ခ်က္ႀကီး- ငါ့ကို အဲဒီပီယေဆး ေလး ေပးပါလားကြာ။ ငါ- မင္းခိုင္းတာ
ဘာမဆို လုပ္ပါ့မယ္။ ဝက္ေခ်းစားဆို
လည္း စားပါ့၊ ေဒၚကုလားမ ထဘီကို
သြားခိုးခိုင္းရင္လည္း သြားခိုးပါ့မယ္။
ပီယေဆးသာမင္း ငါ့ကိုေပးရင္ မင္းခိုင္း
တာေတြ စတာေနာက္တာေတြအားလုံး
ေတြ ငါလုံးဝ စိတ္မဆိုးဘဲ ရဲရဲဝံ့ဝံ့ ခံပါ့
မယ္ကြာေနာ္- ခ်က္ႀကီး”
“ဒီလို ကိုပြႀကီးေရ၊ ကြၽန္ေတာ္က လည္း ေပးခ်င္တာေပါ့။ ဒါေပမဲ့ – သူက ေန႔နံတူမွရတာဗ်။ အေဖနဲ႔သားမို႔ အေမြ ေပးလို႔ရေပမယ့္ သူစိမ္းဆိုရင္ေတာ့ မရ ဘူး။ ကိုပြႀကီးက ဘာေန႔သားလဲ” “ၾကာသပေတး”
ဟေနေသာ ပါးစပ္ထဲမွာ သြားရည္ မ်ားက ထြက္က်လာတာမို႔ လက္ခုံေတြ နဲ႔ သုတ္ပစ္လိုက္ရင္း ခ်က္ႀကီးရဲ႕စကား ကိုစိတ္ဝင္တစား ဆက္နားေထာင္ေနမိ
သည္။
“ကြၽန္ေတာ္က တနဂၤေႏြဗ်။ ေန႔နံ
မတူရင္ေပးလို႔မရဘူးေဆးမစြမ္းဘူးဗ်။
ဒါေပမဲ့ – ကိုပြႀကီးလိုခ်င္ရင္ ကိုယ့္ဟာ
ကိုယ္ေတာ့ ေဖာ္လို႔ရတယ္”
ပြႀကီးမွာမ်က္လုံးႀကီးေတြျပဴးထြက္ လာမတတ္ ဝမ္းသာသြားရင္း …

“ခ်က္ႀကီး-မင္း- မင္းတကယ္ ေျပာတာေနာ္။ ငါ့ကို လိမ္ေနတာေတာ့
မဟုတ္ပါဘူးေနာ္”
“တကယ္ေျပာတာေပါ့ – ဘာလဲ
မယုံဘူးလား”
“မ- မဟုတ္ပါဘူးကြာ။ ငါ ယုံပါ တယ္။ ဝမ္းသာလြန္းလို႔ပါကြာ။ ေက်းဇူး တင္လိုက္တာ ခ်က္ႀကီးရာ။ အဲဒီေဆး နည္းငါ့ကို ေပးပါေနာ္”
ခ်က္ႀကီးမွာ အထစ္ထစ္အေငါ့ေငါ့ နဲ႔ ျပဴးတူးၿပဲတဲျဖစ္ေနေသာ ပြႀကီးရဲ႕ပုံစံ
ကိုအားရေက်နပ္စြာနဲ႔ၾကည့္ရင္းေမးေစ့ ေတြကို ဟန္ပါပါပြတ္ကာ..
“ကိုပြႀကီးကို ခင္လြန္းလို႔ရယ္။ တကယ္လိုအပ္ေနတယ္ ထင္တာရယ္ ေၾကာင့္ပီယေဆးေဖာ္နည္းကိုေပးလိုက္
ပါ့မယ္။ ဒါေပမဲ့- ဘယ္သူ႔ကိုမွျပန္မေျပာ
ရဘူးေနာ္”
“ေအးပါ – ခ်က္ႀကီးရာ ငါကတိေပး
ပါတယ္”
“ဒီလိုဗ် – ေဆးနည္းက လြယ္မလို လိုနဲ႔ေတာ့ မရဘူး။ ခက္တယ္ဗ်။ လူ
တိုင္းလည္း မလုပ္ႏိုင္ဘူး။ လုပ္တဲ့လူ
တိုင္းလည္းေအာင္ျမင္ခ်င္မွ ေအာင္ျမင္
မွာ။ သတၱိလည္း ရွိရတယ္။ ျဖစ္ပါ့မလား
ကိုပြႀကီး”

“ျဖစ္ပါတယ္-ေျပာမွာသာေျပာပါ။
မိန္းမရဖို႔အတြက္ဆိုရင္ဓားေတာင္ကိုပဲ
ေက်ာ္ရ ေက်ာ္ရ၊ မီးပင္လယ္ပဲ ျဖတ္ရ
ျဖတ္ရ၊ သူႀကီးထိတ္တုံးစာပဲ မိမိ ဘာကို
မွမေၾကာက္ဘူး”
“အဲဒီေဆးနည္းက ပရေလာကနဲ႔ ဆိုင္တယ္ဗ်။ လျပည့္ေန႔မွာ ေသသြား တဲ့ မိန္းမတစ္ေယာက္ရဲ႕အေလာင္းကို
လကြယ္ည သန္းေခါင္ယံအခ်ိန္မွာ
သနပ္ခါးလိမ္းေပးၿပီး အဲဒီသနပ္ခါးကို
ျပန္ျခစ္ယူခဲ့ရမယ္။ ၿပီးရင္ – မ်က္ႏွာကို
ဖေနာင့္နဲ႔သုံးခ်က္ေပါက္ၿပီး ေနာက္ကို
ျပန္လွည့္မၾကည့္ဘဲျပန္လာခဲ့ရမွာ။အဲဒီ
ရလာတဲ့သနပ္ခါးကိုသြားေလရာေဆာင္
ထားရင္မခင္ထားတင္မဟုတ္ဘူး။ မခင္
ထားထက္ ငယ္တဲ့၊ ေခ်ာတဲ့ မိန္းမ
အေယာက္ (၁၀၀) ေလာက္ကိုေတာင္
အသာေလးရႏိုင္တယ္ဗ်”
“ငါလုပ္မယ္ – ငါလုပ္မယ္၊ ေအာင္ မေလး – မခင္ထားေလးကိုရေတာ့မယ္။
မခင္ထားေလးကို ရဖို႔ဆိုရင္ ငရဲျပည္ကို ေတာင္ သြားပစ္လိုက္မယ္။ ဝမ္းသာ လိုက္တာ ေပ်ာ္လိုက္တာ”
ကရင္းေအာ္ရင္း ေျပးထြက္သြား ေသာ ပြႀကီးကိုၾကည့္ရင္း “အမွတ္မရွိ ပါလား၊ ေအးေလ – အမွတ္မရွိရင္လည္း

ပြႀကီးဘယ္ဟုတ္ပါေတာ့မလဲ”လို႔ေတြး
ရင္း ခ်က္ႀကီးတစ္ေယာက္ သေဘာ
တက်နဲ႔ ရယ္ေနမိတာ ေတာ္ေတာ္နဲ႔ ေတာင္ အေတာသတ္လို႔မရ ျဖစ္ေနရ
ေတာ့သည္။

လကြယ္ညမို႔ ေမွာင္မည္းေနေပ
မယ့္ ၾကယ္ကေလးေတြရဲ႕ မႈန္ဝါးဝါး
အလင္းေရာင္ေအာက္မွာ ပြႀကီး လုပ္
စရာရွိတာကို လ်င္လ်င္ျမန္ျမန္လုပ္ဖို႔
အကြက္က်က် စီစဥ္ထားၿပီးသားမို႔ ခပ္
သြက္သြက္ပဲ သခ်ိဳင္းကုန္းထဲကို
ေလွ်ာက္လာခဲ့သည္။
လႈပ္ရွားေနတဲ့ စိတ္ေတြကေတာ့
ထိန္းမႏိုင္ သိမ္းမရ ျဖစ္ခ်င္ေနသည္။
ခ်က္ႀကီးရဲ႕ ပီယေဆးနည္းကို သိရ
ကတည္းက ဒီလိုေန႔ရက္မ်ိဳးကို ေစာင့္
ေနခဲ့ရတာ ငါးလေတာင္ ၾကာသြားခဲ့ရ
ၿပီ။
တိတ္ဆိတ္ေနေသာ သခ်ႋဳင္းကုန္း ထဲမွာတစ္ေယာက္တည္းရွိတာကိုေတြး
မိရင္း မရဲတရဲေလးေတာ့ ျဖစ္ခ်င္လာမိ သည္။ မိမိကိုျမင္ရင္ သရဲေတြကေတာင္ ျပန္ေၾကာက္ၾကမွာပါေလလို႔ ေတြးမိၿပီး

စိတ္ကိုထိန္းရင္း ေပါက္တူကိုသာ တင္း တင္းဆုပ္ကိုင္ထားမိသည္။
ေတြ႕ပါၿပီ-ေဒၚဘုမ (၄၂)ႏွစ္တဲ့။ ဘာမွ စဥ္းစားမေနေတာ့ဘဲ ေျမပုံ
ကို စၿပီးတူးလိုက္သည္။
ေဝါ
ဒုတ္- ဒုတ္ – ဖုန္း – ဝုန္း- ဖေလာ-
တိတ္ဆိတ္ေနတဲ့အခ်ိန္ ေပါက္တူး ေပါက္သံေၾကာင့္ လက္ပံပင္ေပၚမွာအိပ္ တန္းဝင္ေနတဲ့ က်ီးကန္းေတြ လန႔္ဖ်ပ္ ၿပီး တဝုန္းဝုန္းႏွင့္ ထပ်ံသံေတြေၾကာင့္ ပြႀကီးမွာ လန႔္သြားကာ ဖင္ထိုင္လ်က္
လဲက်သြားရသည္။ အူး – အူး – အူး က်ီး
ၿပိဳက်သံေတြေၾကာင့္ ႐ြာဘက္ဆီမွ ေခြး
ေတြကပါ ဆြဲဆြဲငင္ငင္ႏွင့္ အူလိုက္ၾက
သည္မွာ တေစၦသရဲ ေတြ႕ေနသည့္
အလားပင္။
အခ်ိန္မီစိတ္ကို ထိန္းသိမ္းရင္းေျမ က်င္းကိုပဲ ဆက္တူးေနမိသည္။ ေဒၚဘုမ က အစိမ္းေသ။ ထန္းေတာထဲက ျဖတ္ ေလွ်ာက္ရင္းထန္းသီးခိုင္ေခါင္းေပၚျပဳတ္ က်လို႔ လျပည့္ေန႔မွာ ေသသြားရတာ။ ႐ြာထဲမွာေရာ ထန္းေတာထဲမွာပါ ေျခာက္လိုက္သည္မွာေသာက္ေသာက္
လဲ။ ဟိုေနရာမွာလည္း ေဒၚဘုမ သရဲ၊ ဒီေနရာမွာလည္း ေဒၚဘုမ သရဲႏွင့္ ည

ဘက္လူေတြ ထန္းေတာထဲကိုေတာင္ ျဖတ္မေလွ်ာက္ဝံ့ ေလာက္ေအာင္ ေၾကာက္လန႔္ေနၾကရသည္။
ပြႀကီးကေတာ့ ပီယေဆးရေတာ့ မွာကို ေတြးမိၿပီးေၾကာက္ေပမယ့္လည္း ေပ်ာ္ေနမိသည္။ မခင္ထားေလးႏွင့္ နီး စပ္ရဖို႔ဆို ေဒၚဘုမ သရဲမေျပာနဲ႔ သခ်ႋဳင္း
ကုန္းက သရဲမေတြအားလုံးကို ေတာင္
သနပ္ခါး လိမ္းေပးဝံ့သည္။ လာထား
ေပါ့။
ေပၚလာပါၿပီ- ဖ်ာလိပ္တစ္လိပ္၊ ဖ်ာ
လိပ္ကို ႐ႊံ႕ စပ္စပ္ ေျမက်င္းထဲက ဆြဲ
ထုတ္လိုက္ေတာ့ ဖ်ာေအာက္မွာ ငါးရွဥ့္ ေတြက တလူးလူးတလြန႔္လြန႔္ႏွင့္ က်င္း ေတြထဲ ဝင္ေျပးသြားၾကတာကို ေတြ႕ လိုက္ရတာမို႔ ပြႀကီး ပ်ိဳ႕ခ်င္အန္ခ်င္သလို ျဖစ္သြားရသည္။
ခပ္သြက္သြက္လုပ္ရမွာမို႔ သိပ္ အမ်ားႀကီး ေတြးမေနအား။ ဖ်ာလိပ္ကို ျမန္ျမန္ေျဖခ်လိုက္ေတာ့ ေဒၚဘုမ အေလာင္းကိုဆံပင္ဖားလ်ားနဲ႔ လုံးေထြး
ၿပီး ျမင္လိုက္ရသည္။ ပုပ္အက္အက္
အနံ႔ေတြကလည္းေထာင္းခနဲထြက္လာ
ၾကတာမို႔ အသက္ရႉေတြပင္ ၾကပ္သြား
ရသည္။
“ရွပ္ – ရွပ္ – ရွပ္”

ေနာက္ေက်ာဘက္ဆီမွ တရွပ္ရွပ္
ႏွင့္ ေျခသံလိုလို အသံကိုၾကားလိုက္
ရတာမို႔ ၾကက္သီးေမြးညင္းေတြထၿပီး
ေခါင္းနားပန္းႀကီးသြားရသည္။ ေဘးဘီ
ဝဲယာကိုလွည့္ပတ္ၾကည့္မိေတာ့လည္း
ဘာကိုမွ မေတြ႕ရေပ။ ေဒၚဘုမသရဲ သူ႔
အေလာင္းကိုေဖာ္လို႔ ငါ့ကို လာေျခာက္
ေနၿပီဟု ေတြးမိလိုက္ေတာ့ ေၾကာက္
စိတ္ေတြကဝင္လာခဲ့မိသည္။
ေဒၚဘုမ အေလာင္းက (၁၅)ရက္ ေလာက္ၾကာခဲ့ၿပီမို႔ ပုပ္ပြေနသည္မွာ လုံးဝၾကည့္မေကာင္းေတာ့ေပ။ ႐ုပ္ပ်က္
ဆင္းပ်က္ ျဖစ္ေနၿပီ။
ထန္းသီးခိုင္ ျပဳတ္က်တုန္းက
ေခါင္းေရာ မ်က္ႏွာပါ ထိမိထားတာမို႔
မ်က္ႏွာမွာလည္း ႐ုပ္ပ်က္ဆင္းပ်က္
ေအာ္ဂလီဆန္စရာ ျဖစ္လို႔ေနသည္။
ကြဲၿပဲပဲ့႐ြဲ႕ၿပီး႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့
မ်က္ႏွာကို သနပ္ခါးလူးဖို႔ေနေနသာသာ
ထိေတာင္မထိဝံ့ေလာက္ေအာင္ကို႐ြံ႕ရွာ
ေၾကာက္႐ြံ႕သြားမိသည္။
တုန္ယင္ေနတဲ့လက္ေတြကိုထိန္း
ရင္းအသင့္ေသြးယူလာတဲ့ သနပ္ခါးဘူး နဲ႔ သံျပားကိုအထုတ္ စိတ္ေတြက မလုံ

မလဲ ျဖစ္လာခဲ့ရသည္။ မိမိကို စိုက္ ၾကည့္ခံေနရသလိုမ်ိဳး ေက်ာထဲကေန
စိမ့္တက္လာမိသည္။
“ေဒၚဘုမႀကီး ေကာင္းရာသုဂတိ
ေရာက္ပါေစ။ အမွ် – အမွ်-အမွ်
ပြႀကီး ဗလုံးဗေထြးႏွင့္ ေဒၚဘုမကို
အမွ်ေဝေနမိသည္။ မိမိတစ္သက္ ဘာ ေကာင္းမႈမွမရွိခဲ့လို႔လားမသိ။ တရွပ္ရွပ္
အသံေတြနဲ႔ မလုံမလဲ ေၾကာက္႐ြံ႕စိတ္
ေတြက ေပ်ာက္မသြား။ ႐ုပ္ပ်က္ဆင္း
ပ်က္နဲ႔ပုပ္ပြေဖာင္းကားေနတဲ့အေလာင္း
ေကာင္ႀကီးကို ေရွ႕မွာထားရင္း သခ်ႋဳင္း
ကုန္းႀကီးထဲမွာ မိမိတစ္ေယာက္တည္း
ရွိေနတာပါလားဆိုတဲ့ စိတ္ေၾကာင့္ ဒူး
ေတြပင္မခိုင္ခ်င္ေတာ့။ ခပ္လွမ္းလွမ္းက
လက္ပံပင္ႀကီးမွာလည္းေလမတိုက္ဘဲ
အေၾကာင္းမဲ့ လႈပ္ခါယမ္းေနသလို ထင္
မိသည္။
မခင္ထားကို လိုခ်င္ရင္ ေၾကာက္
ေနလို႔မျဖစ္တာမို႔အားတင္းရင္းေဒၚဘုမ
မ်က္ႏွာေပၚသို႔ သနပ္ခါးထူထူကိုကတုန္
ကယင္လိမ္းေပးလိုက္ေတာ့ ေအးစက္
ေနတဲ့အထိအေတြ႕ေတြကအူယားစရာ။
႐ြာဘက္ဆီမွာ အူလိုက္ ေဟာင္လိုက္
သည့္ ေခြးေတြမွာလည္း မဟားတရား။
သနပ္ခါးက မေျခာက္ေသးေပမယ့္ ျမန္
ျမန္ၿပီးေရာဆိုၿပီး သံျပားနဲ႔ အားစိုက္ၿပီး
ဖိျခစ္ဆြဲလိုက္ရာ လူေသေကာင္၏
သနပ္ခါးနဲ႔အတူအသားစေတြပါပဲ့ထြက္
ပါလာခဲ့ေလသည္။ ပဲ့ပါလာတဲ့ အသားစ
ႀကီးေအာက္မွ ထြက္လာေသာေလာက္
ေတြက ျမင္မေကာင္းေအာင္ တလႈပ္
လႈပ္တ႐ြ႐ြ“ေအာင္မေလးဗ်” ျမင္လိုက္
ရတဲ့ျမင္ကြင္းေၾကာင့္အေယာင္ေယာင္
အမွားမွားႏွင့္ ေၾကာက္လန႔္တၾကား
ေအာ္ဟစ္ရင္း ေနာက္ဘက္သို႔ ခုန္
ဆုတ္လိုက္မိသည္။ ပ်ိဳ႕ခ်င္အန္ခ်င္ စိတ္
က ဘယ္လိုမွ ထိန္းမရေတာ့တာမို႔
တေဝါ့ေပါ့ႏွင့္ ထိုးအန္လိုက္မိၿပီး လြယ္
အိတ္ထဲမွာ အသင့္ထည့္ယူလာခဲ့တဲ့
အျပင္းစားေတာခ်က္အရက္ကို တစ္
က်ိဳက္တည္း ေမာ့ေသာက္ပစ္လိုက္မိ
သည္မွာ ကုန္လုကုန္ခင္ ျဖစ္သြားမွာပဲ
ေနသာထိုင္သာ ရွိသြားရေလသည္။
ေဒၚဘုမအေလာင္းေကာင္ႀကီးကို
ၾကည့္ၿပီး သနပ္ခါးကို ဘယ္လို ျခစ္ယူရ
မလဲစဥ္းစားေနမိသည္။ စိတ္ရွည္ရွည္နဲ႔
လုပ္မွျဖစ္ေတာ့မွာမို႔ သံျပားကိုကိုင္ရင္း

သနပ္ခါးကို ဖြဖြ႐ြ႐ြေလး ျခစ္ယူေနမိ
သည္။
တုန္ယင္ေနေသာ လက္ေတြ
ေၾကာင့္ လိုရာကိုမေရာက္ဘဲဟိုေရာက္
ဒီေရာက္ႏွင့္ ျဖစ္ေနရသည္။ေခ်ာက္ခ်ား
ေနတဲ့စိတ္ေတြက ထိန္းမရေလာက္
ေအာင္ျဖစ္ၿပီး ေသြးပ်က္ေနမိသည္။
ေဒၚဘုမရဲ႕ မ်က္လုံးေတြက ပြင့္လာၿပီး
ေဒါသတႀကီးနဲ႔ ျပဴးစိုက္ၾကည့္လာသလို
ခံစားရတာမို႔ သနပ္ခါးနဲ႔ အတူေရာေထြး
ေနတဲ့ အသားစနဲ႔ ေလာက္ေကာင္ေတြ
ကိုပင္မဖယ္အားေတာ့ဘဲရသေလာက္
ပဲ ျခစ္ယူၿပီး လက္စသတ္ပစ္လိုက္
သည္။
ေနာက္ဆုံးတစ္ခုအေနနဲ႔ မ်က္ႏွာ
ကို ဖေနာင့္နဲ႔ သုံးခ်က္ေပါက္ရမွာမို႔
ေဒၚဘုမမ်က္ႏွာကို ေျခဖေနာင့္နဲ႔႐ြယ္ၿပီး
မ်က္စိစုံမွိတ္ကာ ေပါက္ခ်လိုက္သည္။
“ခြပ္”
“ေျဖာင္း – ဝုန္း – အား”
ဖေနာင့္ႏွင့္မ်က္ႏွာထိမိေသာအသံ
ေၾကာင့္ လက္ပံပင္ထိပ္ဖ်ားေပၚမွ ထြက္ ေပၚလာေသာ အသံမ်ားေၾကာင့္ ပြႀကီး ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္မိ

သည္။ ခဏခဏ လာလာေျခာက္ေန ေသာ သရဲကိုပြႀကီး မုန္းလည္းမုန္း၊
ေၾကာက္လည္း ေၾကာက္လာသည္။ ေသာက္ထားေသာ အရက္ရွိန္က လည္း တက္လာၿပီမို႔ လက္ပံပင္ေပၚကို ၾကည့္လိုက္ ေဒၚဘုမ အေလာင္းကို ၾကည့္လိုက္နဲ႔ ဆဲဆိုေနမိသည္။
“ေဒၚဘုမ – အစုတ္ပလုတ္၊က်ဳပ္ကို
လာေျခာက္မေနနဲ႔ေနာ္။ က်ဳပ္မွာ အမွ်
ေပးရေအာင္လည္း ဘာကုသိုလ္မွ မရွိ
ဘူး။ က်ဳပ္ ပီယေဆးေဖာ္ၿပီးရင္ မခင္
ထားေလးနဲ႔ ညားခ်င္လို႔ပါ။ ဘာလဲ –
ခင္ဗ်ားကလည္းက်ဳပ္ကိုလိုခ်င္လို႔လား။
က်ဳပ္က သရဲမႀကီးေတြကို မခ်စ္ဘူးဗ်။
ေၾကာက္ပဲ ေၾကာက္တယ္၊ က်ဳပ္နဲ႔ ေဝး
ေဝးကို သြားပါဗ်ာ”
အ႐ူးခ်ီးပန္း ေၾကာက္ေၾကာက္နဲ႔ ေလွ်ာက္ေျပာရင္း ဖေနာင့္နဲ႔ထပ္ေပါက္ ဖို႔ဟန္အျပင္ သူ႔ကို မ်က္လုံးျပဴးႀကီးမ်ား နဲ႔ စိုက္ၾကည့္ေနေသာ ေဒၚဘုမကို ျမင္ လိုက္ရရာ ပြႀကီး အသက္ထြက္လု မတတ္ ႏွလုံးေသြးေတြ ေဆာင့္တိုးသြား သလို ခံစားရရင္း အရမ္းထိတ္လန႔္သြား မိသည္။ ေပါက္ဖို႔႐ြယ္ထားေသာ ေျခ

ေထာက္ေတြကလည္း အရွိန္လုံးဝထိန္း
မရေတာ့ဘဲ ျပဴးၾကည့္ၿပီး သြားႀကီးေတြ
ၿဖဲျပေနေသာ ေဒၚဘုမမ်က္ႏွာဆီသို႔
တည့္တည့္ႀကီး က်ေရာက္သြားေလ
ေတာ့သည္။
“ေအာင္မေလးဗ် – ေၾကာက္ပါၿပီ
ဗ်-ေဒၚဘုမရ”
ငယ္သံပါေအာင္ ေသြးပ်က္လု
မတတ္ေအာ္ရင္း ေျခေထာက္ေတြကို
အတင္းျပန္႐ုပ္ေနေပမယ့္ မရ။ သြားၿပီ။
ေဒၚဘုမ ငါ့ကို သြားေတြနဲ႔ ကိုက္ဆြဲထား
ၿပီဆိုတဲ့အသိေၾကာင့္ ေၾကာက္လန႔္
တၾကား အတင္း႐ုန္းကန္ရင္း ပြႀကီးမွာ
အားလြန္ကာ ေရွ႕သို႔စိုက္ၿပီး လဲက်သြား
ခဲ့ရသည္။
ဗိုက္ထဲမွ စူးေအာင့္နာက်င္လြန္း
ေသာေဝဒနာကိုခံစားလိုက္ရတာမို႔ေသ
ခ်ာၾကည့္မိေတာ့ ေဒၚဘုမအေလာင္း
ေကာင္ႀကီးက ထလာၿပီး သူ႔ဗိုက္ထဲကို
လက္သည္းခြၽန္ေတြနဲ႔ ႏႈိက္သြင္းကာ
သူ႔ရဲ႕အူေတြ၊ အသည္းေတြကိုကိုက္စား
ဖို႔ဟန္ျပင္ေနတာကို ေတြ႕လိုက္ရသည္။
ထို႔ေနာက္ ဒူးေထာက္ လဲက်သြား
သည္။

“ကယ္ပါဦး- မခင္ထားရယ္”
လို႔ ေနာက္ဆုံးညည္းတြားလိုက္မိ ရင္း သူ႔ အသိစိတ္ေတြ ေမွာင္အတိက် သြားခဲ့ရေတာ့သည္။
သခ်ႋဳင္းကုန္းထဲမွာပြႀကီးအေလာင္း
ေတြ႕လို႔ဆိုတဲ့ သတင္းက ေဂြးေတာက္ ကုန္း႐ြာရဲ႕မနက္ခင္းကို အမဂၤလာ ျဖစ္ သြားေစခဲ့ရသည္။
ေတာ့
အေျပးအလႊား သြားၾကည့္ၾကမိ
ေဒၚဘုမရဲ႕ ပုပ္ပြနံေစာ္ရိ ႐ြဲေနတဲ့ အေလာင္းေကာင္ႀကီးက က်င္းႏႈတ္ခမ္း
ေပၚသို႔ ေရာက္လ်က္ရွိေနၿပီး ပြႀကီး၏

ေျခေထာက္တစ္ဖက္မွာေတာ့ ေဒၚဘုမ
ပါးစပ္ထဲတြင္ရွိေနကာပြႀကီးဗိုက္ထဲတြင္
ေပါက္တူးႀကီး စိုက္ဝင္လ်က္ ေမွာက္
လ်ားထိုးႀကီး ေသဆုံးေနတာကို အံ့ဩ
ထိတ္လန႔္ဖြယ္ရာ ေတြ႕လိုက္ၾကရေလ
သည္။
ပြႀကီးနဲ႔ ေဒၚဘုမရဲ႕အျဖစ္အပ်က္ကို
ဘယ္သူမွ မေတြးရ။ တစ္ေယာက္ တစ္
ေပါက္ ထင္ေၾကးေတြနဲ႔ ေဝဖန္ေျပာဆို
ေနခဲ့ၾကသည္။
အမွန္တရားကေတာ့ ကံၾကမၼာရဲ႕ ေဘးမွာေသးငယ္မႈန္ဝါးေပ်ာက္ကြယ္
သြားရင္းနဲ႔ေပါ့။
ေ႐ႊဝတီ