လှေကြုံ (စ/ဆုံး)

Unicode Version

လှေကြုံ (စ/ဆုံး)
———————
အချိန်ကား ညနေမှောင်ရီ ပျိုးစ
အချိန် ဖြစ်လေသည်။ ပြာသိုလဖြစ်၍ မြူနှင်းတို့တဖွဲဖွဲ
ကျလျက် ရှိသည်။ လေပြေ၊ လေညင်းကလေးများ တိုက်ခတ်လာတိုင်း ရေခဲရည်များဖြင့် ပက်ဖျန်းလိုက်သည့်နှယ်
အေးစိမ့်နေတော့သည်။ အသည်းခိုက်၍ တုန်နေအောင်
ချမ်းအေးသော ညသည် ဒီလိုညမျိုးပင် ဖြစ်လိမ့်မည်။

အနွေးထည် အထပ်ထပ်ဝတ်ထား၍သာအနည်းငယ် အချမ်းသက်သာ နေသေးသော်လည်း အနွေးထည်သာ မဝတ်ထားခဲ့လျှင် မတွေးရဲပေ။ ထိုသို့အချိန်မျိုးတွင် အခြားသူတို့ အိမ်ထဲတွင် စောင်ခြုံပြီး ကွေးနေကြပြီဖြစ်သော်လည်း တိုက်မောင်းတစ်ယောက် အိမ်သို့ပြန်ရန် လှေကြုံစောင့့်၍ နေရခြင်းဖြစ်လေသည်။

ကောင်းကင်ယံတွင် လမင်းကြီးပင်
ချမ်းအေးလွန်းနေ၍လားပင် မသိ မြူနှင်းများကြား
လမင်းကြီး၏ ကိုယ်ရောင်ကိုယ်ဝါသည် ထွန်းလင်းတောက်ပစွာ ထွက်ပေါ်လာခြင်း မရှိပေ။ ပြာသိုလ လပြည့်နေ့ည ဖြစ်ပါလျက် လမင်းကြီးပင် အအေးဒဏ် မခံနိူင်၍လားမသိ လောကဒတ်တစ်ခုလုံးကို အလင်းရောင် လုံလောက်စွာ မပေးစွမ်းနိူင်ပေ။

တိုက်မောင်းသည် ကုန်သည်တစ်ဦးဖြစ်ပြီး တစ်မြို့ဝင်၊ တစ်မြို့ထွက်၊ တစ်ရွာဝင်၊ တစ်ရွာထွက်ဖြင့် ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်သော ကုန်သည်တစ်ဦးဖြစ်သည်။ တိုက်မောင်းတစ်ယောက်
သည်အခေါက်တွင်တော့ တစ်လကျော်ကျော်ပင် ကြာသွားသောကြောင့် အိမ်သူ သက်ထား ဇနီးချောလေး
မခင်လေးအား လွမ်းနေမိသည်။ တိုက်မောင်း၏ လွယ်အိတ်ထဲတွင် ကုန်ရောင်း၊ ကုန်ဝယ်ရာတွင် ရရှိခဲ့သော
အမြတ်အစွန်းများ အတော်ပင်ပါလာသောကြောင့် သတိထားနေရသည်။ မိမိတို့ရွာဘက်တွင် သူခိုး၊ ဓားပြများက အလွန်သောင်းကျန်းသောကြောင့် ဖြစ်သည်။

တိုက်မောင်းတစ်ယောက် လှေကြုံလာမည့် နိူးနိူးဖြင့် စောင့်မျှော်နေသည်မှာ အတော်ပင် အချိန်ကြာမြင့်လေပြီ။ အချိန်နှင့် ဒီရေသည် လူကိုမစောင့် သောကြောင့် တစ်ဖြည်းဖြည်းနှင့် အမှောင်ထုများပိုမိုကြီးစိုးလာလေသည်။ လှေမလာသောကြောင့်
ချောင်းထဲဆင်းပြီး မိမိရွာသို့ ကူးသွားချင်သည်။ သို့သော်လည်း ချောင်းရေကနက်၊ ချောင်းရေမျက်နှာပြင်က မြစ်နှင့်မခြားမနား ကျယ်ဝန်းသောကြောင့် မကူးရဲပေ။

ရေထဲဆင်း၍ ကူးပြန်လျှင်လည်း ဒီအအေးဓာတ်နဲ့ဆို ရေခဲတိုက်ထဲ ထည့်ထားတဲ့ မသာနဲ့ မခြားမနားဟု တိုက်မောင်းတွေးရင်း ချောင်းကမ်းပါးပေါ်မှ မိမိရွာကလေးဆီသို့ လှမ်းမျှော်ကြည့်နေမိသည်။

မိမိရွာသို့ ပြန်ချင်သော်လည်း လှေကြုံမရသဖြင့် ဒုက္ခရောက်နေသည်။ မိမိရှေ့တွင်
တည်ရှိနေသော ချောင်းကြီးသည် တောင်ကျချောင်းကြီးဖြစ်ပြီး လူအများ မကြာခဏ သေကြေပျက်စီးကြသောကြောင့် လူသေချောင်းဟူသော နာမည်ဆိုးကြီးဖြင့်
သာကျော်ကြားလေသည်။ လူသေချောင်းအတွက် ဖားရှာ၊ ငါးရှာ၍ အသက်မွေးဝမ်းကျောင်းပြုသော တံငါသည်များလည်း ရှိကြသည်။

ချောင်းရေမျက်နှာပြင်ကြီးသည် ရေခိုး၊
ရေငွေ့များ ကောင်းကင်ယံသို့ ပျံတက်လျက် မြူများဆိုင်းနေသည်မှာ မိမိအား ကလူကျီစယ်နေသည့်အလား တိုက်မောင်း ထင်နေမိသည်။ တစ်ချက် တစ်ချက် ဝေ့တိုက်လိုက်သော လေပြေ၊ လေညင်းကလေးများကြောင့် အသည်းခိုက်မတက် အေးစိမ့်၍နေတော့သည်။

” အင်း…..ဒီအချိန်မှာ ငါတို့ရွာက ကိုစံထွန်းသာ လာရင် ကောင်းမှာဘဲ “ဟု တိုက်မောင်း တွေးနေမိသည်။ ကိုစံထွန်းမှာ တိုက်မောင်းနှင့် မိတ်ဆွေများဖြစ်ပြီး တစ်ရွာထဲနေ၊ တစ်ရေထဲသောက်ကြသော တစ်ရွာတည်း သားချင်းများဖြစ်သည်။

ချောင်းရေမျက်နှာပြင် တစ်ခုလုံး ရေခိုး၊
ရေငွေ့များနှင့် မြူများဆိုင်းနေသောကြောင့် ကမ်းမမြင်
လမ်းမမြင်နိူင်သော ဘဝသို့ တိုက်မောင်းရောက်၍ နေသည်ဟု ထင်နေမိသည်။ ရွာနှင့် နီးလျက်ဖြင့် ဝေးနေရသည်။

တိုက်မောင်း ချောင်းရိုး တစ်လျှောက်
လှမ်းမျှော် ကြည့်နေခိုက် နီကျင့်ကျင့် မီးရောင်ကလေးကြောင့် ဝမ်းသာနေမိသည်။ ထိုမီးရောင်ကလေးသည် တစ်ရွေ့ရွေ့ဖြင့် မြူများကို ထိုးခွဲလျက် လာနေတော့သည်။
ထိုမီးရောင်ကလေးကို အားပြု၍ လှေလှော်၍ လာနေသော လူတစ်ယောက်ပင်။
တိုက်မောင်းလည်း ဝမ်းသာအားရဖြင့်
လှေလှော်၍ လာနေသူအား ” ဟေး…ဟေး….” ဟု အသံပြုရင်း လက်မြှောက်၍ ဝေ့ယမ်းပြနေမိသည်။ ထိုလှေပေါ်မှ လူလည်း တိုက်မောင်းအား မြင်သွားဟန်ရှိသည်။ တိုက်မောင်းဆီသို့ အေးဆေးစွာ လှေလှော်၍
ချောင်းကမ်းပါးဘေးနားသို့ လှေကပ်ရက်ပေးလိုက်တော့သည်။

” ဟာ….”

ထိုလှေပေါ်မှ ထိုင်နေသူအား ကြည့်၍
တိုက်မောင်းတစ်ယောက် ကြက်သီး၊ မွေးညင်းများ တစ်ကိုယ်လုံး ထ၍ထောင်လာတော့သည်။

ထိုလှေပေါ်မှ ထိုင်နေသောသူသည်
အစာအာဟာရပျက်၍ ပိန်လှီချိနွဲ့နေဟန်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေစိမ်ထားသည့် ဝက်သားတုံးသဖွယ် ဖြူဖတ်ဖြူရော်ဖြင့် အရိုးအပေါ် အရည်တင်လျက် အတွင်းသို့ပြန်လည် နစ်ဝင်နေသော မျက်တွင်းဟောက်ပက်နှင့် ပြူးကြောင်ကြောင်မျက်လုံးကြီးသည် အပြင်ကို အနည်းငယ်ထွက်လျက် ခြောက်ကပ်နေသော နူတ်ခမ်းသားများအား
နားထင်သို့ မချိတ်ရုံတမယ် မိမိအားရယ်ပြလိုက်ရာ ပါးစပ်ထဲမှ အဝါရောင်အဆင်းရှိ ကျိုးတို့ကျဲတဲ သွားများသည် ကြောက်မက်ဖွယ်ရာပင် ဖြစ်ပြီး မျက်နှာကြီးတစ်ခုလုံး ပွယောင်းယောင်းဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အဝတ်အစားများသည်လည်း ဟောင်းနွမ်းစုတ်ပြတ်၍ မည်းညစ်နေတော့သည်။
ထိုသူအား လှေပေါ်တွင် ထွန်းထားသော မီးအိမ်၏ အလင်းရောင်ဖြင့် အထင်းသား မြင်နေရလေသည်။

ထိုသူအားကြည့်ပြီး တိုက်မောင်း ရင်တထိတ်ထိတ်ဖြင့် ထိတ်လန့်ကြောက်ရွံနေမိသည်။

” ဟေး…..ကိုတိုက်မောင်း ကျွန်တော့်ကို မမြင်ဖူးတာကျနေတာဘဲဗျာ ကြည့်နေလိုက်တာ ဒီတစ်ခေါက် ကုန်ရောင်းသွားတာ အတော်ကြာသားဘဲဗျ
ဟီးဟီး….” ဟု ထိုလှေပေါ်တွင် ထိုင်နေသောသူမှ မိမိအား ဖော်ဖော်ရွေရွေဖြင့် မေးမြန်းကာ မိမိနာမည်ပါ သိနေသောကြောင့် တိုက်မောင်း အံသြနေမိသည်။

” ခင်ဗျားက….ကျွန်တော့်ကိုသိလို့လားဗျ….”

” ဟီးဟီး….ကိုတိုက်မောင်းကလည်းဗျ တစ်ရွာထဲနေတဲ့သူတွေဘဲ သိတာပေါ့ဗျ…”

” ခင်ဗျား….နာမည်ကဘယ်သူလည်းဗျ
သိလို့ရမလား….”

” ကိုတိုက်မောင်းကလည်းဗျာ ကျွန်တော်
စံထွန်းလေဗျာ ဟီးဟီး…. မသိဘူးလား…”

” ဟုတ်လား တောင်းပန်တယ်….
ကိုစံထွန်းရယ် ခင်ဗျားက အရင်ကနဲ့မတူ ပိန်လိုက်တာဗျာ ကျွန်တော် ရုတ်တရက် မမှတ်မိဘူး ဖြစ်နေတာ ”

” ဟီးဟီး….ဟုတ်လားဗျ ကျွန်တော်တောင် သတိမထားမိလိုက်ဘူး စားရတစ်လှည့် မစားရတစ်လှည့်ဆိုတာ ပိန်တာပေါ့ဗျာ…ဟီးဟီး….
ဒါနဲ့ ကိုတိုက်မောင်းမှာ စားစရာလေး ဘာလေးမပါဘူးလား ကျွန်တော် ဗိုက်ဆာနေလို့….”

” အော်….ပါတယ်ဗျ ဒီမှာရော့….”

တိုက်မောင်းလည်း လွယ်အိတ်ထဲမှ
အစာပြေစားရန်ထည့်လာသော မုန့်အချို့ကို ကိုစံထွန်း
အား ပေးလိုက်ရာ ကိုစံထွန်းတစ်ယောက် မုန့်များအား အငမ်းမရစားသောက်လိုက်တာ ခဏအတွင်းမှာပင် မုန့်များ ကုန်သွားတော့သည်။

” ဟီးဟီး….ကျေးဇူးပါ ကိုတိုက်မောင်း
ရာ အခုမှဘဲ နည်းနည်းသက်သာသွားတော့တယ် လာလေဗျာတက် ခင်ဗျား အိမ်ပြန်မှာမို့လား ကျွန်တော်လိုက်ပို့ပေးမယ်….”

” ဟုတ်တယ်ဗျ ဒါနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလည်း…ကိုစံထွန်းရ” ဟု တိုက်မောင်း တအံတသြမေးနေမိသည်။

” ဟီးဟီး….ခင်ဗျား ချောင်းကမ်းပါးပေါ်ကနေ လှေကြုံမျှော်နေတဲ့ နောက်တော့ အိမ်မပြန်လို့ ဘယ်ပြန်မှာမို့လို့လည်းဗျ နောက်ပြီး ခင်ဗျားရဲ့ဇနီးချောလေး မခင်လေးကို ခင်ဗျား သတိရနေပြီ မဟုတ်လား….ကျွန်တော်မှန်းရင် လွဲခဲပါတယ် ကိုတိုက်မောင်းရာ ဟီးဟီး….”

” ဟဲဟဲ….ဟုတ်တယ်ဗျ ကိုစံထွန်းက အရင်တုန်းကထက် လူအကဲခတ် အတော်ကောင်း
လာပြီဘဲဗျ….”

” ဟီးဟီး….. ကျေးဇူးဗျ လာဗျာ လှေပေါ်တက် ကျွန်တော်လည်း သိပ်အချိန်မရဘူး သွားစရာရှိတယ် ကိုတိုက်မောင်းရ….”

ကိုစံထွန်း လှေပေါ်ခေါ်သည်နှင့် တိုက်မောင်း တက်လိုက်ပြီး ချောင်းတစ်ဖက်ကမ်းသို့ ကူးကြရတော့သည်။

” ကိုစံထွန်း အတော်ပိန်ကျသွားတာဘဲဗျာ
နေမကောင်းဘူးလား….” ဟု တိုက်မောင်း စံထွန်းကို ကြည့်၍ စိတ်မကောင်းစွာဖြင့် မေးနေမိသည်။

” ဟီးဟီး….ကျွန်တော် နေကောင်းပါ
တယ် ကိုတိုက်မောင်းရ သူ့ဟာသူပိန်ကျသွားတာ ကျွန်တော်လည်း ဘယ်တက်နိူင်ပါ့မလည်း အနိစ္စတရားပေါ့
မဟုတ်လား….ဟီးဟီး…”

” ဟုတ်ပါပြီဗျာ….ဒါနဲ့ ခင်ဗျားတို့ လင်မယား ရန်ဖြစ်ကြသေးလား ကျွန်တော်ရွာ ပြန်ရောက်
တဲ့နေ့တိုင်း ခင်ဗျားတို့လင်မယား ရန်ဖြစ်နေကြတာ
အမြဲတွေ့နေရတယ် ကိုစံထွန်းရ….လင်မယားချင်း ရန်မဖြစ်ပါနဲ့ဗျာ ခင်ဗျား မိန်းမ မတင်အေးသနားပါတယ်ဗျာ
သူ့မှာကလေးတစ်ဖက်နဲ့ ခင်ဗျားက အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ဆိုတော့ မကောင်းဘူးဗျ…ကျွန်တော်က စေတနာနဲ့ပြောတာနော် ကိုစံထွန်း….”

” ခင်ဗျား ပြောတာဟုတ်ပါတယ် ကိုတိုက်မောင်းရာ ဟီးဟီး….ကျွန်တော့် မိန်းမနဲ့သားလေးကိုတော့ လွမ်းတယ်ဗျာ မတင်အေးနဲ့ ရန်ဖြစ်ချင်ရင်တောင်
ကျွန်တော် မဖြစ်နိူင်တော့ပါဘူးဗျာ ”

” ဟားဟား….ခင်ဗျား စကားက အဆန်း
ကြီးပါလား ကိုစံထွန်းရ တစ်အိမ်တည်းနေပြီးတော့
ရန်ဖြထစ်ချင်ရင်တောင် မဖြစ်ရဘူးဆိုတော့ ဟားဟား…”

” ဟီးဟီး….တကယ်ပြောတာ ကိုတိုက်မောင်းရ ခင်ဗျားမယုံရင် ရွာရောက်ရင် ကျွန်တော့်မိန်းမ မတင်အေးကို မေးကြည့်ဗျာ….”

” ဟုတ်ပါပြီဗျာ ကိုစံထွန်းက တကယ့်လူဘဲ ဟားဟား….”

” ဟီးဟီး….ကျွန်တော့်ကိုသာ ကိုတိုက်မောင်းက ပြောနေတယ် ခင်ဗျားကျတော့ မခင်လေးကို အရမ်းလွမ်းနေတာ မဟုတ်လား…..”

” ဟဲဟဲ…ဒါပေါ့ဗျ ကျွန်တော်အရမ်းချစ်လွန်းလို့ ယူထားတဲ့ မိန်းမဘဲဗျ ခင်ဗျားလိုတော့ မရက်စက်ဘူး ကိုစံထွန်းရ….”

” ဟီးဟီး…. ကျွန်တော်က ရက်စက်တာ မဟုတ်ပါဘူးဗျ ချစ်လို့ကျီစယ်တဲ့ သဘောပါ ကိုတိုက်မောင်းရာ….”

” ဟားဟား….ကိုစံထွန်းရာ ချစ်လို့ဘဲ မုန်း
လို့ရင် ဓားနဲ့ထိုးမယ့် သဘောလား….”

” ဟီးဟီး….မထိုးပါဘူး ကိုတိုက်မောင်းရာ
ကျွန်တော် ချစ်လို့ ယူထားတဲ့မိန်းမဘဲဗျာ….” ဟု တိုက်မောင်းနှင့် စံထွန်းတို့နှစ်ယောက် ရယ်မော၍ အပြန်အလှန်စကားများ ပြောနေစဉ် ဆိုးဝါးပြင်းထန်၍ အော့အန်ချင်စရာ ကောင်းသော ပုပ်အက်အက် အပုပ်နံ့ဆိုးဆိုးကြီး တိုက်မောင်း၏ နှာခေါင်းထဲသို့ အတင်းတိုး
ဝင်လာတော့သည်။

” ဝေါ့…..ထွီ….”

” ကိုတိုက်မောင်း ခင်ဗျား ဘာဖြစ်သွားတာလည်းဗျ….”

” ခင်ဗျား ဘာအနံ့မှ မရဘူးလား ကိုစံထွန်းရ
ဆိုးလိုက်တဲ့ အပုပ်နံ့ကြီးဗျာ လူသေကောင် အပုပ်နံ့ကြီး ကျနေတာဘဲဗျာ….”

” ဟီးဟီး….ကျွန်တော်နှာခေါင်း ပိတ်နေတယ် ကိုတိုက်မောင်းရ ဘာအပုပ်နံမှ မရဘူး…”

” ကောင်းရောဗျာ…..”

တိုက်မောင်းတစ်ယောက် အပုပ်နံ့ကြီးသည်မိမိနှင့် အနည်းငယ်သာ ဝေးကွာသော နေရာတွင် ရှိနေသည်ဟု ထင်နေမိသည်။ မိမိနှင့် မျက်နှာချင်းဆိုင်တွင် စကားပြော၍ လှေလှော်နေသော စံထွန်း၏ မျက်နှာကြီးသည်လည်း ပုံမှန်ထက် ဖောင်းပွ၍ နေပြီး ထိုဖောင်းပွနေသော အသားထဲမှ အဝါရောင် အရည်အရွဲများကျနေသည်ကို အထင်းသား မြင်နေရတော့သည်။ စိတ်ထဲတွင်လည်း အတွေးပေါင်းစုံဖြင့် လုံးထွေးသတ်ပုတ်လျက် မိမိရွာသို့ အမြန်ရောက်ပါစေဟု ဆုတောင်းနေမိသည်။

ချောင်းကမ်းပါးပေါ်သို့ ရောက်သည်နှင့် တိုက်မောင်း အမြန်လှေပေါ်မှ ဆင်းလိုက်မိတော့သည်။ လှေပေါ်မှ ချောင်းကမ်းပါးပေါ်သို့ ရောက်သည်နှင့် အပုပ်နံ့ဆိုးဆိုးကြီးပင် ကွယ်ပျောက် သွားသောကြောင့် တိုက်မောင်းလည်း အပြင်လေကို တစ်ဝကြီးရှူရှိုတ်မိသည်။
ထိုသို့ရှူရှိုတ်လိုက်တော့မှ အသက်ရှူဝ သွားတော့သည်။

လှေပေါ်တွင် ကျောက်ရုပ်ကြီး ပမာ ငိုင်ငိုင်ကြီးထိုင်နေသော စံထွန်းကို တိုက်မောင်းကြည့်၍

” ကိုစံထွန်း လာလေဗျာ ရွာထဲအတူတူပြန်ကြမယ် ” ဟု ခေါ်နေမိသည်။

” ကျွန်တော်သွားရတော့မယ် ကိုတိုက်မောင်း ရွာထဲရောက်ရင် ကျွန်တော့်မိန်းမကို ပြောပေးပါ
ကျွန်တော်အရမ်းသတိရတယ်လို့ သားကလေးကိုလည်း ရှင်ပြုပေးဖို့ ပြောပေးပါဗျာ ကျွန်တော်သွားတော့မယ်
ကိုတိုက်မောင်း….” ဟု စံထွန်းပြော၍ လှေကိုအမြန်လှော်ခတ်ကာ မြူများကြား ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

” ဘယ်…..ဘယ်ကိုလည်း ကိုစံထွန်း
ဟေး…ကိုစံထွန်း နေဦးလေဗျာ…ဟာ…ဟေ့လူ..”
တိုက်မောင်း အော်ဟစ်၍ ခေါ်နေသော်လည်း စံထွန်းထံမှ ပြန်လည်ဖြေကြားခြင်းမရှိတော့ပေ။

တိုက်မောင်းတစ်ယောက် ဇဝေဇဝါဖြင့်
စံထွန်းအကြောင်းကို စဉ်းစားရင်း ရွာထဲမှ မိမိနေအိမ်ဆီသို့ ပြန်လာခဲ့တော့သည်။

အိမ်ရှေ့ကွပ်ပျစ်တွင် တိုက်မောင်း ထိုင်ရင်း စံထွန်းပြောသော စကားများကို ပြန်လာ်ကြားယောင်ရင်း အလိုလို ဝမ်းနည်းလာမိသည်။

” ဟင်….အကို ပြန်ရောက်နေပြီလား
ခင်ကိုတောင် အသံမပြုဘူး နေရောကောင်းရဲ့လား “ဟု တိုက်မောင်း၏ ခါးကိုဖက်၍ ပြုံးစစဖြင့် ပြောနေသော ဇနီးချောလေး မခင်လေးပင် ဖြစ်သည်။

” နေကောင်းပါတယ် ခင်ရယ်….. ဒါပေမယ့်….”

” ဟုတ်ကဲ့…ဆက်ပြောလေ ကိုရယ် ဘာလို့ရပ်သွားတာလည်း….”

” ခင့်ကို ကိုယ်မေးစရာရှိတယ် ”

” ဟုတ်ကဲ့…မေးလေ ကို..”

” ကိုစံထွန်းကြီး သတင်းဘာကြားသေးလည်း….”

” ပြောရမှာတော့ စိတ်မကောင်းစရာဘဲ
ကိုရယ် မနက်ဖြန်ဆို ကိုစံထွန်းကြီးအတွက် တစ်လပြည့်
သပိတ်သွတ်ပွဲ ရှိတယ် ကို….”

” ဟင်….”

ဇနီးဖြစ်သူ၏ ပြောစကားကြောင့် တိုက်မောင်းတစ်ယောက် ထိတ်လန့်တုန်လှုပ် သွားတော့သည်။

” ကိုစံထွန်း ဘာဖြစ်လို့လည်း ခင်ရဲ့…”

” လွန်ခဲ့တဲ့ တစ်လလောက်က တောင်ကျချောင်းထဲမှာ ငါးသွားဖော်တုန်း တောင်ကျရေနဲ့ပါသွားတာတဲ့ ကိုရဲ့… ကိုစံထွန်း အလောင်းကိုတောင် တစ်ဖက်ကမ်းက ရွာရဲ့ ချောင်းစပ်မှာ တွေ့ရတာတဲ့ သနားစရာဘဲ ကိုရယ်…..”

” ဟုတ်ရော ဟုတ်ရဲ့လား ခင်ရယ်…..”

မိမိကို ရွာသို့ရောက်အောင် လှေဖြင့် လိုက်ပို့ခဲ့ပြီး လှေပေါ်မှာ စကားများပင် ပြောခဲ့သောကြောင့်
တိုက်မောင်း မယုံ၍ မေးနေမိသည်။

” ဟုတ်ပါတယ် ကိုရယ်…. ကို မယုံရင်
ကိုစံထွန်းတို့အိမ် ခင်အခုသွားမလို့ ကိုလိုက်ခဲ့လိုက်လေ”

တိုက်မောင်းလည်း ဇနီးဖြစ်သူ ခေါ်သည်နှင့် အနားပင် မယူတော့ဘဲ စံထွန်းတို့ အိမ်ဘက်သို့ လျှောက်လာခဲ့တော့သည်။

ဇနီးဖြစ်သူ ပြောသည်ကို မယုံ၍ တိုက်မောင်း လိုက်ကြည့်မိတာ အမှန်ပင်ဖြစ်သည်။ စံထွန်း၏
အိမ်တွင် စံထွန်းအား တစ်လပြည့် သပိတ်သွတ်ရန် ပြင်ဆင်နေကြလေပြီ။ ရပ်ရွာ ထဲကလူကြီးများနှင့် ဖဲရိုက်နေသောသူအချို့ကို တွေ့နေရသည်။

တိုက်မောင်းလည်း စံထွန်းအကြောင်းကို ပြန်တွေးရင်း စိတ်မကောင်း ဖြစ်နေမိသည်။ မိမိကို ရွာသို့ရောက်အောင် လှေဖြင့် ပို့ပေးခဲ့သည်မှာ အမှန်ပင်။
သို့သော် စံထွန်းကွယ်လွန်ခဲ့သည်မှာ တစ်လပင်ကြာခဲ့လေပြီ။ မည်သို့မျှ မတွေးတက် ဖြစ်နေရသည်။

စကားဝိုင်းတွင် တိုက်မောင်း ဝင်ထိုင်ရင်း
ရပ်ရွာထဲကလူကြီးများနှင့် စံထွန်း၏ ဇနီးနှင့် သားလေးအား စံထွန်းမှာကြားခဲ့သော စကားများကိုပြောပြ
ရင်း မိမိမြင်တွေ့ခဲ့ရသော အကြောင်းများကို
ပြောပြလိုက်ရာ တိုက်မောင်း၏ ဇနီးဖြစ်သူပင် တအံတသြဖြစ်နေရတော့သည်။

ထိုသို့ပြောလိုက်တော့မှာ တိုက်မောင်းသိ
လိုက်ရသည်မှာ မိမိအား လှေဖြင့်ရွာရောက်အောင် ပို့ဆောင်ပေးခဲ့သော စံထွန်းမှာ လူမဟုတ်ဘဲ ပရလောကသား တစ်ဦးသာ ဖြစ်နေသောကြောင့် တိုက်မောင်းသူ့အဖြစ်ကို သူတွေးရင်း ကြက်သီးတဖျန်းဖျန်း
ထ၍ နေတော့သည်။

ထိုနေ့ညတစ်ညလုံး တိုက်မောင်းတို့ ဇနီးမောင်နံှနှင့် ရပ်ရွာ လူကြီးများ စကားလက်ဆုံကျလိုက်တာ အာရုဏ်တက်သည် အထိပင်ဖြစ်သည်။
တိုက်မောင်းတို့ ဇနီးမောင်နံှလည်း စံထွန်း၏ သပိတ်သွတ်ပွဲတွင် ဝိုင်းဝန်းကူညီ၍ တရားနာ၊ ရေစက်ချ
အမျှ ပေးဝေခဲ့တော့သည်။

စံထွန်းအား နာမည်ခေါ်၍ ရေစက်ချ အမျှပေးဝေကြရာ ဝမ်းနည်း ကြေကွဲမှုများ ကိုယ်စီဖြင့်

” ကိုစံထွန်းရေ….ဘဝဆက်တိုင်း ဆက်တိုင်း
ဒီလို အဖြစ်ဆိုးမျိုးကြီး မကြုံရပါစေနဲ့ဗျာ….
အမျှ….အမျှ….အမျှ…..ကိုစံထွန်းရေ….. ကျွန်တော့်ကို
ကူညီပေးခဲ့တဲ့ ကိုစံထွန်းကြီး တစ်ယောက် ကောင်းရာ သုဂတိ လားပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်ဗျာ…..ရောက်ရာအရပ်က သာဓုခေါ်ပါ….
သာဓု….သာဓု….သာဓု…….ကိုစံထွန်းရေ….” ဟု တိုက်မောင်း၏ ရင်ထဲတွင် ဝမ်းနည်း ကြေကွဲစွာ ရေရွတ်နေမိလေတော့သည်။

[ ဤတွင် ကျွန်ုပ် ရေးသားသော ” လှေကြုံ ” အမည်ရှိ
လျှိုဝှက်ဆန်းကြယ် ပရလောက ဝတ္ထုသည် ပြီးမြောက်ခဲ့လေပြီဖြစ်သည်။ ]

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့
ကြပါစေ………။

အစဉ်အမြဲ ကြိုးစားလျက်ပါ

ရာဇာ

Zawgyi Version

​ေလွၾကံဳ (စ/ဆံုး)
———————
အခ်ိန္​ကား ည​ေန​ေမွာင္​ရီ ပ်ိဳးစ
အခ်ိန္​ ျဖစ္​​ေလသည္​။ ျပာသိုလျဖစ္​၍ ျမဴႏွင္​းတို႔တဖဲြဖဲြ
က်လ်က္​ ႐ွိသည္​။ ​​ေလ​ေျပ၊ ​ေလညင္​းက​ေလးမ်ား တိုက္​ခတ္​လာတိုင္​း ​ေရခဲရည္​မ်ားျဖင္​့ ပက္​ဖ်န္​းလိုက္​သည္​့ႏွယ္​
​ေအးစိမ္​့​ေန​ေတာ့သည္​။ အသည္​းခိုက္​၍ တုန္​​ေန​ေအာင္​
ခ်မ္​း​ေအး​ေသာ ညသည္​ ဒီလိုညမ်ိဳးပင္​ ျဖစ္​လိမ္​့မည္​။

အ​ေႏြးထည္​ အထပ္​ထပ္​ဝတ္​ထား၍သာအနည္​းငယ္​ အခ်မ္​းသက္​သာ ​ေန​ေသး​ေသာ္​လည္​း အ​ေႏြးထည္​သာ မဝတ္​ထားခဲ့လ်ွင္​ မ​ေတြးရဲ​ေပ။ ထိုသို႔အခ်ိန္​မ်ိဳးတြင္​ အျခားသူတို႔ အိမ္​ထဲတြင္​ ​​ေစာင္​ျခံဳၿပီး ေကြး​ေနၾကၿပီျဖစ္​​ေသာ္​လည္​း တိုက္​​ေမာင္​းတစ္​​ေယာက္​ အိမ္​သို႔ျပန္​ရန္​ ​ေလွၾကံဳ​ေစာင့္​့၍ ​ေနရျခင္​းျဖစ္​​ေလသည္​။

​ေကာင္းကင္​ယံတြင္​ လမင္​းႀကီးပင္​
ခ်မ္​း​ေအးလြန္​း​ေန၍လားပင္​ မသိ ျမဴႏွင္​းမ်ားၾကား
လမင္​းႀကီး၏ ကိုယ္​​ေရာင္​ကိုယ္​ဝါသည္​ ထြန္​းလင္​း​ေတာက္​ပစြာ ထြက္​​ေပၚလာျခင္​း မ႐ွိ​ေပ။ ျပာသိုလ လျပည္​့​ေန႔ည ျဖစ္​ပါလ်က္​ လမင္​းႀကီးပင္​ အ​ေအးဒဏ္​ မခံႏိူင္​၍လားမသိ ​ေလာကဒတ္​တစ္​ခုလံုးကို အလင္​း​ေရာင္​ လံု​ေလာက္​စြာ မ​ေပးစြမ္​းႏိူင္​​ေပ။

တိုက္​​ေမာင္​းသည္​ ကုန္​​သည္​တစ္​ဦးျဖစ္​ၿပီး တစ္​ၿမိဳ႕ဝင္​၊ တစ္​ၿမိဳ႕ထြက္​၊ တစ္​ရြာဝင္​၊ တစ္​ရြာထြက္​ျဖင္​့ ကုန္​​ေရာင္​း၊ ကုန္​ဝယ္​ျပဳလုပ္​​ေသာ ကုန္​သည္​တစ္​​ဦးျဖစ္​သည္​။ တိုက္​​ေမာင္​းတစ္​​ေယာက္​
သည္​အ​ေခါက္​တြင္​​ေတာ့ တစ္​လ​ေက်ာ္​​ေက်ာ္​ပင္​ ၾကာ​သြား​ေသာ​ေၾကာင္​့ အိမ္​သူ သက္​ထား ဇနီး​ေခ်ာ​ေလး
မခင္​​ေလးအား လြမ္​း​ေနမိသည္​။ တိုက္​​ေမာင္​း၏ လြယ္​အိတ္​ထဲတြင္​ ကုန္​​ေရာင္​း၊ ကုန္​ဝယ္​ရာတြင္​ ရ႐ွိခဲ့​ေသာ
အျမတ္​အစြန္​းမ်ား အ​ေတာ္​ပင္​ပါလာ​ေသာ​ေၾကာင္​့ သတိထား​ေနရသည္​။ မိမိတို႔ရြာဘက္​တြင္​ သူခိုး၊ ဓားျပမ်ားက အလြန္​​ေသာင္​းက်န္​း​ေသာ​ေၾကာင္​့ ျဖစ္​သည္​။

တိုက္​​ေမာင္​းတစ္​​ေယာက္​ ​ေလွၾကံဳလာမည္​့ ႏိူးႏိူးျဖင္​့ ​ေစာင္​့​​ေမ်ွာ္​​ေနသည္​မွာ အ​ေတာ္​ပင္​ အခ်ိန္​ၾကာျမင္​့​ေလၿပီ။ အခ်ိန္​ႏွင္​့ ဒီ​ေရသည္​ လူကိုမ​ေစာင္​့ ​ေသာ​ေၾကာင္​့ တစ္​ျဖည္​းျဖည္​းႏွင္​့ အ​ေမွာင္​ထုမ်ားပိုမိုႀကီးစိုးလာ​ေလသည္​။ ​ေလွမလာ​ေသာ​ေၾကာင္​့
​ေခ်ာင္​းထဲဆင္​းၿပီး မိမိရြာသို႔ ကူးသြားခ်င္​သည္​။ သို႔​ေသာ္​လည္​း ​ေခ်ာင္​း​ေရကနက္​၊ ​ေခ်ာင္​း​ေရမ်က္​ႏွာျပင္​က ျမစ္​ႏွင္​့မျခားမနား က်ယ္​ဝန္​း​ေသာ​ေၾကာင္​့ မကူးရဲ​ေပ။

​ေရထဲဆင္​း၍ ကူးျပန္​လ်ွင္​လည္​း ဒီအ​ေအးဓာတ္​နဲ႔ဆို ​ေရခဲတိုက္​ထဲ ထည္​့ထားတဲ့ မသာနဲ႔ မျခားမနားဟု တိုက္​​ေမာင္​း​ေတြးရင္​း ​ေခ်ာင္​းကမ္​းပါး​ေပၚမွ မိမိရြာက​ေလးဆီသို႔ လွမ္​း​ေမ်ွာ္​ၾကည္​့​ေနမိသည္​။

မိမိရြာသို႔ ျပန္​ခ်င္​​ေသာ္​လည္​း ​ေလွၾကံဳမရသျဖင္​့ ဒုကၡ​ေရာက္​​ေနသည္​။ မိမိ​ေ႐ွ႕တြင္​
တည္​႐ွိ​ေန​ေသာ ​ေခ်ာင္​းႀကီးသည္​ ​ေတာင္​က်​ေခ်ာင္း​ျကီးျဖစ္​ၿပီး လူအမ်ား မၾကာခဏ ​ေသ​ေၾကပ်က္​စီးၾက​ေသာ​ေၾကာင္​့ လူ​ေသ​ေခ်ာင္​းဟူ​ေသာ နာမည္​ဆိုးႀကီးျဖင္​့
သာ​ေက်ာ္​ၾကား​ေလသည္​။ လူ​ေသ​ေခ်ာင္​းအတြက္​ ဖား႐ွာ၊ ငါး႐ွာ၍ အသက္​​ေမြးဝမ္​း​ေက်ာင္​းျပဳ​ေသာ တံငါသည္​မ်ားလည္​း ႐ွိၾကသည္​။

​ေခ်ာင္​း​ေရမ်က္​ႏွာျပင္​ႀကီးသည္​ ​ေရ​ခိုး၊
​ေရ​ေငြ႔မ်ား ​ေကာင္​းကင္​ယံသို႔ ပ်ံတက္​လ်က္​ ျမဴမ်ားဆိုင္​း​ေနသည္​မွာ မိမိအား ကလူက်ီစယ္​​ေနသည္​့အလား တိုက္​​ေမာင္​း ထင္​​ေနမိသည္​။ တစ္​ခ်က္​ တစ္​ခ်က္​ ​ေဝ့တိုက္​လိုက္​​ေသာ ​ေလ​ေျပ၊ ​ေလညင္​းက​ေလးမ်ား​ေၾကာင္​့ အသည္​းခိုက္​မတက္​ ​ေအးစိမ္​့၍​ေန​ေတာ့သည္​။

” အင္​း…..ဒီအခ်ိန္​မွာ ငါတို႔ရြာက ကိုစံထြန္​းသာ လာရင္​ ​ေကာင္​းမွာဘဲ “ဟု တိုက္​​ေမာင္​း ​ေတြး​ေနမိသည္​။ ကိုစံထြန္​းမွာ တိုက္​​ေမာင္​းနွင္​့ မိတ္​​ေဆြမ်ားျဖစ္​ၿပီး တစ္​ရြာထဲ​ေန၊ တစ္​​ေရထဲ​ေသာက္​​ၾက​ေသာ တစ္​ရြာတည္​း သားခ်င္​းမ်ားျဖစ္​သည္​။

​ေခ်ာင္​း​ေရမ်က္​ႏွာျပင္​ တစ္​ခုလံုး ​ေရခိုး၊
​ေရ​ေငြ႔မ်ားႏွင္​့ ျမဴမ်ားဆိုင္​း​ေန​ေသာ​ေၾကာင္​့ ကမ္​းမျမင္​
လမ္​းမျမင္​ႏိူင္​​ေသာ ဘဝသို႔ တိုက္​​ေမာင္​း​ေရာက္​၍ ​ေနသည္​ဟု ထင္​​ေနမိသည္​။ ရြာႏွင္​့ နီးလ်က္​ျဖင္​့ ​ေဝး​ေနရသည္​။

တိုက္​​ေမာင္​း ​ေခ်ာင္​း႐ိုး တစ္​​ေလ်ွာက္​
လွမ္​း​ေမ်ွာ္​ ၾကည္​့​ေနခိုက္​ နီက်င္​့က်င္​့ မီး​ေရာင္​က​ေလး​ေၾကာင္​့ ဝမ္​းသာ​ေနမိသည္​။ ထိုမီး​ေရာင္​က​ေလးသည္​ တစ္​​ေရြ႔​ေရြ႔ျဖင္​့ ျမဴမ်ားကို ထိုးခဲြလ်က္​ လာ​ေန​ေတာ့သည္​။
ထိုမီး​ေရာင္​က​ေလးကို အားျပဳ၍ ​ေလွ​ေလွာ္​၍ လာ​ေန​ေသာ လူတစ္​​ေယာက္​ပင္​။
တိုက္​​ေမာင္​းလည္​း ဝမ္​းသာအားရျဖင္​့
​ေလွ​ေလွာ္​၍ လာ​ေနသူအား ” ​ေဟး…​ေဟး….” ဟု အသံျပဳရင္​း လက္​​ေျမႇာက္​၍ ​ေဝ့ယမ္​းျပ​ေနမိသည္​။ ထို​ေလ​ွ​ေပၚမွ လူလည္​း တိုက္​​ေမာင္​းအား ျမင္​သြားဟန္​႐ွိသည္​။ တိုက္​​ေမာင္​းဆီသို႔ ​ေအး​ေဆးစြာ ​ေလွ​ေလွာ္​၍
​ေခ်ာင္​းကမ္​းပါး​ေဘးနားသို႔ ​ေလွကပ္​ရက္​​ေပးလိုက္​​ေတာ့သည္​။

” ဟာ….”

ထို​ေလွ​ေပၚမွ ထိုင္​​ေနသူအား ၾကည္​့၍
တိုက္​​ေမာင္​းတစ္​​ေယာက္​ ၾကက္​သီး၊ ​ေမြးညင္​းမ်ား တစ္​ကိုယ္​လံုး ထ၍​ေထာင္​လာ​ေတာ့သည္​။ ​

ထို​ေလွ​ေပၚမွ ထိုင္​​ေန​ေသာသူသည္​
အစာအာဟာရပ်က္​၍ ပိန္​လီွခ်ိႏဲြ႔​ေနဟန္​႐ွိၿပီး ခႏၶာကိုယ္​တစ္​ခုလံုး ​ေရစိမ္​ထား​သည္​့ ဝက္​သားတံုးသဖြယ္​ ျဖဴဖတ္​ျဖဴ​ေရာ္​ျဖင္​့ အ႐ိုး​အ​ေပၚ အရည္​တင္​လ်က္​ အတြင္​းသို႔ျပန္​လည္​ နစ္​ဝင္​​ေန​ေသာ မ်က္​တြင္​း​ေဟာက္​ပက္​ႏွင္​့ ျပဴး​ေၾကာင္​​ေၾကာင္​မ်က္​လံုးႀကီးသည္​ အျပင္​ကို အနည္​းငယ္​ထြက္​လ်က္​ ​ေျခာက္​ကပ္​​ေန​ေသာ ႏူတ္​ခမ္​းသားမ်ားအား
နားထင္​သို႔ မခ်ိတ္​ရံုတမယ္​ မိမိအားရယ္​ျပလိုက္​ရာ ပါးစပ္​ထဲမွ အဝါ​ေရာင္​အဆင္​း႐ွိ က်ိဳးတို႔က်ဲတဲ သြားမ်ားသည္​ ​ေၾကာက္​မက္​ဖြယ္​ရာပင္​ ျဖစ္​ၿပီး မ်က္​ႏွာႀကီးတစ္​ခုလံုး ပြ​ေယာင္​း​ေယာင္​းျဖင္​့ ခႏၶာကိုယ္​​ေပၚတြင္​ ဝတ္​ဆင္​ထား​ေသာ အဝတ္​အစားမ်ားသည္​လည္​း ​ေဟာင္​းႏြမ္​းစုတ္​ျပတ္​၍ မည္​းညစ္​​ေန​ေတာ့သည္​။
ထိုသူအား ​ေလွ​ေပၚတြင္​ ထြန္​းထား​ေသာ မီးအိမ္​၏ အလင္​း​ေရာင္​ျဖင္​့ အထင္​းသား ျမင္​​ေနရ​ေလသည္​။

ထိုသူအားၾကည္​့ၿပီး တိုက္​​ေမာင္​း ရင္​တထိတ္​ထိတ္​ျဖင္​့ ထိတ္​လန္​႔​ေၾကာက္​ရံြ​ေနမိသည္​။

” ​ေဟး…..ကိုတိုက္​​ေမာင္​း ကြၽန္​​ေတာ္​့ကို မျမင္​ဖူးတာက်​ေနတာဘဲဗ်ာ ၾကည္​့​ေနလိုက္​တာ ဒီတစ္​​ေခါက္​ ကုန္​​ေရာင္​းသြားတာ အ​ေတာ္​​ၾကာသားဘဲဗ်
ဟီးဟီး….” ဟု ထို​ေလွ​ေပၚတြင္​ ထိုင္​​ေန​ေသာသူမွ မိမိအား ​ေဖာ္​​ေဖာ္​​ေရြ​ေရ​ြျဖင္​့ ​ေမးျမန္​းကာ မိမိနာမည္​ပါ သိ​ေန​ေသာ​ေၾကာင္​့ တိုက္​​ေမာင္​း အံျသ​ေနမိသည္​။

” ခင္​ဗ်ားက….ကြၽန္​​ေတာ္​့ကိုသိလို႔လားဗ်….”

” ဟီးဟီး….ကိုတိုက္​​ေမာင္​းကလည္​းဗ် တစ္​ရြာထဲ​ေနတဲ့သူ​ေတြဘဲ သိတာ​ေပါ့ဗ်…”

” ခင္​ဗ်ား….နာမည္​ကဘယ္​သူလည္​းဗ်
သိလို႔ရမလား….”

” ကိုတိုက္​​ေမာင္​းကလည္​းဗ်ာ ကြၽန္​​ေတာ္​
စံထြန္​း​ေလဗ်ာ ဟီးဟီး…. မသိဘူးလား…”

” ဟုတ္​လား ​ေတာင္​းပန္​တယ္​….
ကိုစံထြန္​းရယ္​ ခင္​ဗ်ားက အရင္​ကနဲ႔မတူ ပိန္​လိုက္​တာဗ်ာ ကြၽန္​​ေတာ္​ ႐ုတ္​တရက္​ မမွတ္​မိဘူး ျဖစ္​​ေနတာ ”

” ဟီးဟီး….ဟုတ္​လားဗ် ကြၽန္​​ေတာ္​​ေတာင္​ သတိမထားမိလိုက္​ဘူး စားရတစ္​လွည္​့ မစားရတစ္​လွည္​့ဆိုတာ ပိန္​တာ​ေပါ့ဗ်ာ…ဟီးဟီး….
ဒါနဲ႔ ကိုတိုက္​​ေမာင္​းမွာ စားစရာ​ေလး ဘာ​ေလးမပါဘူးလား ကြၽန္​​ေတာ္​ ဗိုက္​ဆာ​ေနလို႔….”

” ​ေအာ္​….ပါတယ္​ဗ် ဒီမွာ​ေရာ့….”

တိုက္​​ေမာင္​းလည္​း လြယ္​အိတ္​ထဲမွ
အစာ​ေျပစားရန္​ထည္​့လာ​ေသာ မုန္​႔အခ်ိဳ႕ကို ကိုစံထြန္​း
အား ​ေပးလိုက္​ရာ ကိုစံထြန္​းတစ္​​ေယာက္​ မုန္​႔မ်ားအား အငမ္​းမရစား​ေသာက္​လိုက္​တာ ခဏအတြင္​းမွာပင္​ မုန္​႔မ်ား ကုန္​သြား​ေတာ့သည္​။

” ဟီးဟီး….​ေက်းဇူးပါ ကိုတိုက္​​ေမာင္​း
ရာ အခုမွဘဲ နည္​းနည္​းသက္​သာသြား​ေတာ့တယ္​ လာ​ေလဗ်ာတက္​ ခင္​ဗ်ား အိမ္​ျပန္​မွာမို႔လား ကြၽန္​​ေတာ္​​လိုက္​ပို႔​ေပးမယ္​….”

” ဟုတ္တယ္ဗ် ဒါနဲ ့ ​​ခင္​ဗ်ား ဘယ္​လိုလုပ္​ၿပီး သိတာလည္​း…ကိုစံထြန္​းရ” ဟု တိုက္​​ေမာင္​း တအံတျသ​ေမး​ေနမိသည္​။

” ဟီးဟီး….ခင္​ဗ်ား ​ေခ်ာင္​းကမ္​းပါး​ေပၚက​ေန ​ေလွ​ျကံုေမ်ွာ္​​ေနတဲ့ ​ေနာက္​​ေတာ့ အိမ္​မျပန္​လို႔ ဘယ္​ျပန္​မွာမို႔လို႔လည္​းဗ် ​ေနာက္​ၿပီး ခင္​ဗ်ားရဲ႕ဇနီး​ေခ်ာ​ေလး မခင္​​ေလးကို ခင္​ဗ်ား သတိရ​ေနၿပီ မဟုတ္​လား….ကြၽန္​​ေတာ္​မွန္​းရင္​ လြဲခဲပါတယ္​ ကိုတိုက္​​ေမာင္း​ရာ ဟီးဟီး….”

” ဟဲဟ​ဲ….ဟုတ္​တယ္​ဗ် ကိုစ​ံထြန္​းက အရင္​တုန္​းကထက္​ လူအကဲခတ္​ အ​ေတာ္​​ေကာင္​း
လာၿပီဘဲဗ်….”

” ဟီးဟီး….. ​ေက်း​ဇူးဗ် လာဗ်ာ ​ေလွ​ေပၚတက္​ ကြၽန္​​ေတာ္​လည္​း သိပ္​အခ်ိန္​မရဘူး သြားစရာ႐ွိတယ္​ ကိုတိုက္​​ေမာင္​းရ….”

ကိုစံထြန္​း ​ေလွ​ေပၚ​ေခၚသည္​ႏွင္​့ တိုက္​​ေမာင္​း တက္​လိုက္​ၿပီး ​ေခ်ာင္​းတစ္​ဖက္​ကမ္​းသို႔ ကူးၾကရ​ေတာ့သည္​။

” ကိုစံထြန္​း အ​ေတာ္​ပိန္​က်သြားတာဘဲဗ်ာ
​ေနမ​ေကာင္​းဘူးလား….” ဟု တိုက္​​ေမာင္​း စံထြန္​းကို ၾကည္​့၍ စိတ္​မ​ေကာင္​းစြာျဖင္​့ ​ေမး​ေနမိသည္​။

” ဟီးဟီး….ကြၽန္​​ေတာ္​ ​ေန​ေကာင္​းပါ
တယ္​ ကိုတိုက္​​ေမာင္​းရ သူ႔ဟာသူပိန္​က်သြားတာ ကြၽန္​​ေတာ္​လည္​း ဘယ္​တက္​ႏိူင္​ပါ့မလည္​း အနိစၥတရား​ေပါ့
မဟုတ္​လား….ဟီးဟီး…”

” ​ဟုတ္​ပါၿပီဗ်ာ….ဒါနဲ႔ ခင္​ဗ်ားတို႔ လင္​မယား ရန္​ျဖစ္​ၾက​ေသးလား ကြၽန္​​ေတာ္​ရြာ ျပန္​​ေရာက္​
တဲ့​ေန႔တိုင္​း ခင္​ဗ်ားတို႔လင္​မယား ရန္​ျဖစ္​​ေနၾကတာ
အျမဲ​ေတြ႔​ေနရတယ္​ ကိုစံထြန္​းရ….လင္​မယားခ်င္​း ရန္​မျဖစ္​ပါနဲ႔ဗ်ာ ခင္​ဗ်ား မိန္​းမ မတင္​​ေအးသနားပါတယ္​ဗ်ာ
သူ႔မွာက​ေလးတစ္​ဖက္​နဲ႔ ခင္​ဗ်ားက အရက္​​ေသာက္​လိုက္​ ရမ္​းကားလိုက္​နဲ႔ဆို​ေတာ့ မ​ေကာင္​းဘူးဗ်…ကြၽန္​​ေတာ္​က ​ေစတနာနဲ႔​ေျပာတာ​ေနာ္​ ကိုစံထြန္​း….”

” ခင္​ဗ်ား ​ေျပာတာဟုတ္​ပါတယ္​ ကိုတိုက္​​ေမာင္​းရာ ဟီးဟီး….ကြၽန္​​ေတာ္​့ မိန္​းမနဲ႔သား​ေလးကို​ေတာ့ လြမ္​းတယ္​ဗ်ာ မတင္​​ေအးနဲ႔ ရန္​ျဖစ္​ခ်င္​ရင္​​ေတာင္​
ကြၽန္​​ေတာ္​ မျဖစ္​ႏိူင္​​ေတာ့ပါဘူးဗ်ာ ”

” ဟားဟား….ခင္​ဗ်ား စကားက အဆန္​း
ႀကီးပါလား ကိုစံထြန္​းရ တစ္​အိမ္​တည္​း​ေနၿပီး​ေတာ့
ရန္​ျဖထစ္​ခ်င္​ရင္​​ေတာင္​ မျဖစ္​ရဘူးဆို​ေတာ့ ဟားဟား…”

” ဟီးဟီး….တကယ္​​ေျပာတာ ကိုတိုက္​​ေမာင္​းရ ခင္​ဗ်ားမယံုရင္​ ရြာ​ေရာက္​ရင္​ ကြၽန္​​ေတာ္​့မိန္​းမ မတင္​​ေအးကို ​ေမးၾကည္​့ဗ်ာ….”

” ဟုတ္​ပါၿပီဗ်ာ ကိုစံထြန္​းက တကယ္​့လူဘဲ ဟားဟား….”

” ဟီးဟီး….ကြၽန္​​ေတာ္​့ကိုသာ ကိုတိုက္​​ေမာင္​းက ​ေျပာ​ေနတယ္​ ခင္​ဗ်ား​က်​ေတာ့ မခင္​​ေလးကို အရမ္​းလြမ္​း​ေနတာ မဟုတ္​လား…..”

” ဟဲဟဲ…ဒါ​ေပါ့ဗ် ကြၽန္​​ေတာ္​အရမ္​းခ်စ္​လြန္​းလို႔ ယူထားတဲ့ မိန္​းမဘဲဗ် ခင္​ဗ်ားလို​ေတာ့ မရက္​စက္​ဘူး ကိုစံထြန္​းရ….”

” ဟီးဟီး…. ကြၽန္​​ေတာ္​က ရက္​စက္​တာ မဟုတ္​ပါဘူးဗ် ခ်စ္​လို႔က်ီစယ္​တဲ့ သ​ေဘာပါ ကိုတိုက္​​ေမာင္​းရာ….”

” ဟားဟား….ကိုစံထြန္​းရာ ခ်စ္​လို႔ဘဲ မုန္​း
လို႔ရင္​ ဓားနဲ႔ထိုးမယ္​့ သ​ေဘာလား….”

” ဟီးဟီး….မထိုးပါဘူး ကိုတိုက္​​ေမာင္​းရာ
ကြၽန္​​ေတာ္​ ခ်စ္​လို႔ ယူထားတဲ့မိန္​းမဘဲဗ်ာ….” ဟု တိုက္​​ေမာင္​းႏွင္​့ စံထြန္​းတို႔ႏွစ္​​ေယာက္​ ရယ္​​ေမာ၍ အျပန္​အလွန္​စကားမ်ား ​ေျပာ​ေနစဥ္​ ဆိုးဝါးျပင္​းထန္​၍ ​ေအာ့အန္​ခ်င္​စရာ ​ေကာင္​း​ေသာ ပုပ္​အက္​အက္​ အပုပ္​နံ႔ဆိုးဆိုးႀကီး တိုက္​​ေမာင္​း၏ ႏွာ​ေခါင္​းထဲသို႔ အတင္​းတိုး
ဝင္​လာ​ေတာ့သည္​။

” ​ေဝါ့…..ထီြ….”

” ကိုတိုက္​​ေမာင္​း ခင္​ဗ်ား ဘာျဖစ္​သြားတာလည္​းဗ်….”

” ခင္​ဗ်ား ဘာအန႔ံမွ မရဘူးလား ကိုစံထြန္​းရ
ဆိုးလိုက္​တဲ့ အပုပ္​နံ႔ႀကီးဗ်ာ လူ​ေသ​ေကာင္​ အပုပ္​နံ႔ႀကီး က်​ေနတာဘဲဗ်ာ….”

” ဟီးဟီး….ကြၽန္​​ေတာ္ႏွာ​ေခါင္​း ပိတ္​​ေနတယ္​ ကိုတိုက္​​ေမာင္​းရ ဘာအပုပ္​နံမွ မရဘူး…”

” ​ေကာင္​း​ေရာဗ်ာ…..”

တိုက္​​ေမာင္​းတစ္​​ေယာက္ အပုပ္​နံ႔ႀကီးသည္​မိမိႏွင္​့ အနည္​းငယ္​သာ ​ေဝးကြာ​ေသာ ​ေနရာတြင္​ ႐ွိ​ေနသည္​ဟု ထင္​​ေနမိသည္​။ မိမိႏွင္​့ မ်က္​ႏွာခ်င္​းဆိုင္​တြင္​ စကား​ေျပာ၍ ​ေလွ​ေလွာ္​​ေန​ေသာ စံထြန္​း၏ မ်က္​ႏွာႀကီးသည္​လည္​း ပံုမွန္​ထက္​ ​ေဖာင္​းပြ၍ ​ေနၿပီး ထို​ေဖာင္​းပြ​ေန​ေသာ အသားထဲမွ အဝါ​ေရာင္​ အရည္​အရဲြမ်ားက်​ေနသည္​ကို အထင္​းသား ျမင္​​ေနရ​ေတာ့သည္​။ စိတ္​ထဲတြင္​လည္​း အ​ေတြး​ေပါင္​းစံုျဖင္​့ လံုး​ေထြးသတ္​ပုတ္​လ်က္​ ​မိမိရြာသို႔ အျမန္​​ေရာက္​ပါ​ေစဟု ဆု​ေတာင္​း​ေနမိသည္​။

​ေခ်ာင္​းကမ္​းပါး​ေပၚသို႔ ​ေရာက္​သည္​ႏွင္​့ တိုက္​​ေမာင္​း အျမန္​​ေလွ​ေပၚမွ ဆင္​းလိုက္​မိ​​ေတာ့သည္​။ ​ေလွ​ေပၚမွ ​ေခ်ာင္​းကမ္​းပါး​ေပၚသို႔ ​ေရာက္​သည္​ႏွင္​့ အပုပ္​နံ႔ဆိုးဆိုးႀကီးပင္​ ကြယ္​​ေပ်ာက္​ သြား​ေသာ​ေၾကာင္​့ တိုက္​​ေမာင္​းလည္​း အျပင္​​ေလကို တစ္​ဝႀကီး႐ွဴ႐ွိဳတ္​မိသည္​။
ထိုသို႔႐ွဴ႐ိွဳတ္​လိုက္​​ေတာ့မွ အသက္​႐ွဴ​ဝ သြား​ေတာ့သည္​။

​ေလွ​ေပၚတြင္​ ​ေက်ာက္​႐ုပ္​ႀကီး ပမာ ငိုင္​ငိုင္​ႀကီးထိုင္​​ေန​ေသာ စံထြန္​းကို တိုက္​​ေမာင္​းၾကည္​့၍ ​

” ကိုစံထြန္​း လာ​ေလဗ်ာ ရြာထဲအတူတူျပန္​ၾကမယ္​ ” ဟု ​ေခၚ​ေနမိသည္​။

” ကြၽန္​​ေတာ္​သြား​ရ​ေတာ့မယ္​ ကိုတိုက္​​ေမာင္​း ရြာထဲ​ေရာက္​ရင္​ ကြၽန္​​ေတာ္​့မိန္​းမကို ​ေျပာ​ေပးပါ
ကြၽန္​​ေတာ္​အရမ္​းသတိရတယ္​လို႔ သားက​ေလးကိုလည္​း ႐ွင္​ျပဳ​ေပးဖို႔ ​ေျပာ​ေပးပါဗ်ာ ကြၽန္​​ေတာ္​သြား​ေတာ့မယ္​
ကိုတိုက္​​ေမာင္​း….” ဟု စံထြန္​း​ေျပာ၍ ​ေလွကိုအျမန္​​ေလွာ္​ခတ္​ကာ ျမဴမ်ားၾကား ဝင္​​ေရာက္​​ေပ်ာက္​ကြယ္​သြား​ေတာ့သည္​။

” ​ဘယ္​…..ဘယ္​ကိုလည္း ကိုစံထြန္​း
​ေဟး…ကိုစံထြန္​း ​ေနဦး​ေလဗ်ာ…ဟာ…​ေဟ့လူ..”
တိုက္​​ေမာင္​း ​ေအာ္​ဟစ္​၍ ​ေခၚ​ေန​ေသာ္​လည္​း စံထြန္​းထံမွ ျပန္​လည္​​ေျဖၾကားျခင္​းမ႐ွိ​ေတာ့​ေပ။

တိုက္​​ေမာင္​းတစ္​​ေယာက္​ ဇ​ေဝဇဝါျဖင္​့
စံထြန္​းအ​ေၾကာင္​းကို စဥ္​းစားရင္​း ရြာထဲမွ မိမိ​ေနအိမ္​ဆီသို႔ ျပန္​လာခဲ့​ေတာ့သည္​။

အိမ္​​ေ႐ွ႕ကြပ္​ပ်စ္​တြင္​ တိုက္​​ေမာင္​း ထိုင္​ရင္​း စံထြန္​း​ေျပာ​ေသာ စကားမ်ားကို ျပန္​လာ္​ၾကား​ေယာင္​ရင္​း အလိုလို ဝမ္​းနည္​းလာမိသည္​။

” ဟင္​….အကို ျပန္​​ေရာက္​​ေနၿပီလား
ခင္​ကို​ေတာင္​ အသံမျပဳဘူး ​ေန​ေရာ​ေကာင္​းရဲ႕လား “ဟု တိုက္​​ေမာင္​း၏ ခါးကိုဖက္​​၍ ​ျပံဳးစစျဖင့္ ​ေျပာ​ေန​ေသာ ဇနီး​ေခ်ာ​ေလး မခင္​​ေလးပင္​ ျဖစ္​သည္​။

” ​​ေန​ေကာင္​းပါတယ္​ ခင္​ရယ္​….. ဒါ​ေပမယ္​့….”

” ဟုတ္​ကဲ့…ဆက္​​ေျပာ​ေလ ကိုရယ္​ ဘာလို႔ရပ္​သြားတာလည္​း….”

” ခင္​့ကို ကိုယ္​​ေမးစရာ႐ွိတယ္​ ”

” ဟုတ္​ကဲ့…​ေမး​ေလ ကို..”

” ကိုစံထြန္​းႀကီး သတင္​းဘာၾကား​ေသးလည္​း….”

” ​ေျပာရမွာ​ေတာ့ စိတ္​မ​ေကာင္​းစရာဘဲ
ကိုရယ္​ မနက္​ျဖန္​ဆို ကိုစံထြန္​းႀကီးအတြက္​ တစ္​လျပည္​့
သပိတ္​သြတ္​ပဲြ ႐ွိတယ္​ ကို….”

” ဟင္​….”

ဇနီးျဖစ္​သူ၏ ​ေျပာစကား​ေၾကာင္​့ တိုက္​​ေမာင္​းတစ္​​ေယာက္​ ထိတ္​လန္​႔တုန္​လႈပ္​ သြား​ေတာ့သည္​။

” ကိုစံထြန္​း ဘာျဖစ္​လို႔လည္​း ခင္​ရဲ႕…”

” လြန္​ခဲ့တဲ့ တစ္​လ​ေလာက္​က ​ေတာင္​က်​ေခ်ာင္​းထဲမွာ ငါးသြား​ေဖာ္​တုန္​း ​ေတာင္​က်​ေရနဲ႔ပါသြားတာတဲ့ ကိုရဲ႕… ကိုစံထြန္​း အ​ေလာင္​းကို​ေတာင္​ တစ္​ဖက္​ကမ္​းက ရြာရဲ႕ ​ေခ်ာင္​းစပ္​မွာ ​ေတြ႔ရတာတဲ့ သနားစရာဘဲ ကိုရယ္​…..”

” ဟုတ္​​ေရာ ဟုတ္​ရဲ႕လား ခင္​ရယ္​…..”

မိမိကို ရြာသို႔​ေရာက္​​ေအာင္​ ​ေလွျဖင္​့ လိုက္​ပို႔ခဲ့ၿပီး ​ေလွ​ေပၚမွာ စကားမ်ားပင္​ ​ေျပာခဲ့​ေသာ​ေၾကာင္​့
တိုက္​​ေမာင္​း မယံု၍ ​ေမး​ေနမိသည္​။

” ဟုတ္​ပါတယ္​ ကိုရယ္​…. ကို မယံုရင္​
ကိုစံထြန္​းတို႔အိမ္​ ခင္​အခုသြားမလို႔ ကိုလိုက္​ခဲ့လိုက္​​ေလ”

တိုက္​​ေမာင္​းလည္​း ဇနီးျဖစ္​သူ ​ေခၚသည္​ႏွင္​့ အနားပင္​ မယူ​ေတာ့ဘဲ စံထြန္​းတို႔ အိမ္​ဘက္​သို႔ ​ေလ်ွာက္​လာခဲ့​ေတာ့သည္​။

ဇနီးျဖစ္​သူ ​ေျပာသည္​ကို မယံု၍ တိုက္​​ေမာင္​း လိုက္​ၾကည္​့မိတာ အမွန္​ပင္​ျဖစ္​သည္​။ စံထြန္​း၏
အိမ္​တြင္​ စံထြန္​းအား တစ္​လျပည္​့ သပိတ္​သြတ္​ရန္​ ျပင္​ဆင္​​ေနၾက​ေလၿပီ။ ရပ္​ရြာ ထဲကလူႀကီးမ်ားႏွင္​့ ဖဲ႐ိုက္​​ေန​ေသာသူအခ်ိဳ႕ကို ​ေတြ႔​ေနရသည္​။

တိုက္​​ေမာင္​းလည္​း စံထြန္​းအ​ေၾကာင္​းကို ျပန္​​ေတြးရင္​း စိတ္​မ​ေကာင္​း ျဖစ္​​ေနမိသည္​။ မိမိကို ရြာသို႔​ေရာက္​​ေအာင္​ ​ေလွျဖင္​့ ပို႔​ေပးခဲ့သည္​မွာ အမွန္​ပင္​။
သို႔​ေသာ္​ စံထြန္​းကြယ္​လြန္​ခဲ့သည္​မွာ တစ္​လပင္​ၾကာခဲ့​ေလၿပီ။ မည္​သို႔မ်ွ မ​ေတြးတက္​ ျဖစ္​​ေနရသည္​။

စကားဝိုင္​းတြင္​ တိုက္​​ေမာင္​း ဝင္​ထိုင္​ရင္​း
ရပ္​ရြာထဲကလူႀကီးမ်ားႏွင္​့ စံထြန္​း၏ ဇနီးႏွင္​့ သား​ေလးအား စံထြန္​းမွာၾကားခဲ့​ေသာ စကားမ်ားကို​ေျပာျပ
ရင္​း မိမိျမင္​​ေတြ႔ခဲ့ရ​ေသာ ​အ​ေၾကာင္​းမ်ားကို
​ေျပာျပလိုက္​ရာ တိုက္​​ေမာင္​း၏ ဇနီးျဖစ္​သူပင္​ တအံတျသျဖစ္​​ေနရ​ေတာ့သည္​။

ထိုသို႔​ေျပာလိုက္​​ေတာ့မွာ တိုက္​​ေမာင္​းသိ
လိုက္​ရသည္​မွာ မိမိအား ​ေလွျဖင္​့ရြာ​ေရာက္​​ေအာင္​ ပို႔​ေဆာင္​​ေပးခဲ့​ေသာ စံထြန္​းမွာ လူမဟုတ္​ဘဲ ပရ​ေလာကသား တစ္​ဦးသာ ျဖစ္​​ေန​ေသာ​ေၾကာင္​့ တိုက္​​ေမာင္​းသူ႔အျဖစ္​ကို သူ​ေတြးရင္​း ၾကက္​သီးတဖ်န္​းဖ်န္​း
ထ၍ ​ေန​ေတာ့သည္​။

ထို​ေန႔ညတစ္​ညလံုး တိုက္​​ေမာင္​းတို႔ ဇနီး​​ေမာင္နံွ​ႏွင္​့ ရပ္​ရြာ လူႀကီးမ်ား စကားလက္​ဆံုက်လိုက္​တာ အာ႐ုဏ္​တက္​သည္​ အထိပင္​ျဖစ္​သည္​။
တိုက္​​ေမာင္​းတို႔ ဇနီး​ေမာင္​ႏံွလည္​း စံထြန္​း၏ သပိတ္​သြတ္​ပဲြတြင္​ ဝိုင္​းဝန္​းကူညီ၍ တရားနာ၊ ​ေရစက္​ခ်
အမ်ွ ​ေပး​ေဝခဲ့​ေတာ့သည္​။

စံထြန္​းအား ​နာမည္​​ေခၚ၍ ​ေရစက္​ခ် အမ်ွ​ေပး​ေဝၾကရာ ဝမ္​းနည္​း ​ေၾကကဲြမႈမ်ား ကိုယ္​စီျဖင္​့

” ကိုစံထြန္​း​ေရ….ဘဝဆက္​တိုင္​း ဆက္​တိုင္း
ဒီလို အျဖစ္​ဆိုးမ်ိဳးႀကီး မၾကံဳရပါ​ေစနဲ႔ဗ်ာ….
အမ​်ွ….အမ်ွ….အမ်ွ…..ကိုစံထြန္​း​ေရ….. ကြၽန္​​ေတာ္​့ကို
ကူညီ​ေပးခဲ့တဲ့ ကိုစံထြန္​းႀကီး တစ္​​ေယာက္​ ​ေကာင္​းရာ သုဂတိ လားပါ​ေစလို႔ ကြၽန္​​ေတာ္​ ဆု​ေတာင္​းလိုက္​ပါတယ္​ဗ်ာ…..​ေရာက္​ရာအရပ္​က သာဓု​ေခၚပါ….
သာဓု….သာဓု….သာဓု…….ကိုစံထြန္​း​ေရ….” ဟု တိုက္​​ေမာင္​း၏ ရင္​ထဲတြင္​ ဝမ္​းနည္​း ​ေၾကကဲြစြာ ​ေရရြတ္​​ေနမိ​ေလ​ေတာ့သည္​။

[ ဤတြင္​ ကြၽန္​ုပ္​ ​ေရးသား​ေသာ ” ​ေလွၾကံဳ ” အမည္​႐ွိ
လွ်ိဳဝွက္​ဆန္​းၾကယ္​ ပရ​ေလာက ဝတၳဳသည္​ ၿပီး​ေျမာက္​ခဲ့​ေလၿပီျဖစ္​သည္​။ ]

စာဖတ္​သူအားလံုး ကိုယ္​စိတ္​ႏွစ္​ျဖာ ရႊင္​လန္​းခ်မ္​း​ေျမ့
ၾကပါ​ေစ………။

အစဥ္​အျမဲ ႀကိဳးစားလ်က္​ပါ

ရာဇာ