” နတ်ကျားတွေနေတဲ့တောင် “(စ/ဆုံး)

Unicode Version

” နတ်ကျားတွေနေတဲ့တောင် “(စ/ဆုံး)
————————————–

နယ်ချဲ့များကသီပေါမင်းနှင့်စုဖုရားလတ်
တို့ကိုဖမ်းဆီးခေါ်ဆောင်သွားချိန်။
“သတင်းကတော့ မင်္ဂလာသတင်းမဟုတ်ဘူး
စအိုင်စူး” “သီပေါမင်းနဲ့ စုဖုရားလတ်တို့
ဖမ်းဆီးခေါ်ဆောင်ခံရတာ မင်္ဂလာသတင်း
ဘယ်ဟုတ်မလဲ – ဝိုင်းလူရ”“ဒီသတင်းဆိုးက
ကျုပ်တို့အားလုံးအတွက် အမင်္ဂလာသတင်းဆိုးပဲဗျို့”
“စဒေးဗစ်ပြောတာ မှန်တယ်။ ကျုပ်တို့
ဘာလုပ်ကြမလဲ” “ဘာလုပ်ရမလဲ – ဟုတ်လား။
ဒီမှာ စိုင်းဆမ်တစ် -နယ်ချဲ့ လက်အောက်မှာ
ခင်ဗျား ကျွန်ခံပြီးနေရစ်မလား”“မနေဘူး”
မနေဘူးဆိုသော စိုင်းဆမ်တစ်၏ စကား
အဆုံးတွင် နော်အေမီ၊ နော်မူပလန်း၊ နမ့်ဂေါင်း
စသောအမျိုးသမီးများက လည်းတို့လည်း
မနေဘူးဟုပြိုင်တူပြောလိုက်ကြသည်။
“ဒါဆို-ဒီမှာမနေချင်ရင် ဘယ်ကိုပြောင်းမလဲ”
စိုင်းဖ၏အမေးကို စောဂျိုးက –
“မျက်နှာဖြူတွေ မလိုက်နိုင်တဲ့နေရာကို
ပြောင်းမယ်” နှင့်ကြက်က -“အဲဒါ ဘယ်နေရာလဲ”
ဆိုတော့ ၈ဖေသာက – “ငွေတောင်ပြည်ရဲ့
အရှေ့မြောက်ဘက်ကတောင်”ဟုဖြေသည်။
သည်တောင်သည်တောင်စဉ်တောင်းတန်းများရှိသောတောင်
ဖြစ်သည်။ သည်တောင်သို့ နယ်ချဲ့မျက်နှာဖြူ
များ ရုတ်တရက် လိုက်လာနိုင် ရန် မလွယ်ကူ။
တောအလွန်ထူသည်။ ကျား၊ ဆင်၊ မြွေ၊
ကျားသစ် စသော သားရဲများ အလွန်ပေါသည်။
ချုံနွယ်များထူထပ်သည်။ ဆူးပင်မျိုးစုံရောပြွမ်း
စွာပေါက်ရောက်သည်။တော်ရုံတန်ရုံသတ္တိ
ဖြင့်ထိုတောင်ပေါ်ရောက်အောင်မတက်နိုင်၊
စောစရိုးတို့အဖွဲ့က နေရင်းဒေသသို့ စွန့်ခွာပြီး
သည်တောင်ရှိရာသို့ ထွက်ခဲ့ကြသည်။ သူတို့၏
အဖော်မွန်သည် သတ္တိ၊ သူ၏ချပ်ဖော်သည် ဓား၊ လှံ၊ လေး၊ မြား၊
သွားတုန်းက အတူတူ၊ လမ်းထွင်တုန်းက
အတူတူ၊ နေရာရွေးတော့ အတူတူ။ သို့သော်
သူတို့အားလုံးက တစ်နေရာတည်းမှာ
အတူတူမနေကြ။ “စိုင်းနဲ့ နမ့်ဂေါင်း၊ –
နင်တို့လင်မယားက တစ်အိမ် စောစရိုးနဲ့ စောဂျိုး
မင်းတို့ညီအစ်ကိုက တစ်အိမ်၊ အိမ်နှစ်အိမ်တစ်စုနေ
“စိုင်းလုံနဲ့ နော်မူပလန်း – နင်တို့လင်မယားက
တစ်အိမ်၊ စအိုင်စူးက တစ်အိမ်၊ စိုင်းလူနဲ့
နန်းပုံတို့မောင်နှမက တစ်အိမ်၊
မင်းတို့လေးအိမ်က တစ်စုနေပါ”
“စောမြအေးက တစ်အိမ်၊ စိုင်းထွန်းကြည်က
တစ်အိမ်၊ စချစ်တိုးနဲ့ နော်မူကီးတို့လင်မယား
ကတစ်အိမ် မင်းတို့သုံးအိမ်ကတစ်စုနေ “ငါတို့
စအောင်မိုးတို့၊ နမ့်င်္ဂးသိန်တို့၊ နမ့်ပွားတို့က
အိမ်သုံးအိမ်တစ်စု နေမယ်”
“ကျန်တဲ့လင်မယားနှစ်တွဲနဲ့ လူပျိုကြီး၊
အပျိုကြီးမောင်နှမ၊ မုဆိုးမ နော်ဂေးဘယ်
တို့လေးအိမ်က တစ်စု၊ တစ်စုနဲ့တစ်စု သိပ်
အဝေးကြီးမနေနဲ့။ နီးနီးလေးလည်း ပနေနဲ့။
တစ်ခေါ်လောက်မှာ နေကြပါအသက်အကြီး
ဆုံးဖြစ်သော ဖထီးသာစွသည်ပင် စီမံခန့်ခွဲ
တတ်သည့် စိုင်းလင်းယုန်၏အစီအစဉ်ကို
နာခံခဲ့သည်။ သူတို့အားလုံးက တစ်စိတ်တစ် ဝမ်း၊
တစ်လက်ညိ။ မြေပြင်ညီဖြစ်အောင် ခုတ်ထွင်
ရှင်းလင်းကြသောအခါ တွင်လည်း မခိုမကပ်ကြ၊
အိမ်ဆောက်ကြတော့လည်း ဝိုင်းဝန်းကူညီကြ၊
ဝင်းခြံခတ်ကြတော့လည်းရွေးရွဲ့ရွဲ့ကြားမှာ
အတူတူအလုပ်လုပ်ကြ၊ စိုက်ပျိုး ကြတော့
လည်းတစ်ဦး၏အလုပ်ကို တစ်ဦးက
ဆောင်ရွက်ပေးကြ။ ကျွဲ၊ နွား၊ ဝက်များ
မွေးမြူတော့လည်း တစ်မိသားစုကို တစ်
မိသားစုက ရိုင်းပင်းကြ။ ဤသို့ဖြင့် စည်း
လုံးညီညွတ်စွာဖြင့် သည်တောင်တန်းပေါ်
တွင် စိုင်းဖတို့လူစု နေထိုင်ခဲ့ကြသည်။
ထိုစဉ်က သည်တောင်တန်းတွင် သည်
တောင်တွင် နာမည်မရှိ။ဝိုင်းကျောက်၊ ဝိုင်းပီနူး၊ စာအားဒါးနှင့်စလိပ်
သိုတို့လေးယောက်၏ လက်ထဲတွင် လေး၊
ပြား၊ လှံနှင့် ဓားရှည်တို့ ရှိနေသည်။ သူတို့
လေးယောက် က ယခင်အခေါက်များကကဲ့သို့
အမဲလိုက်ထွက်လာခြင်းဖြစ်သည်။ သူတို့
အမဲလိုက်အဖွဲ့၏ခေါင်းဆောင်က စိုင်းပီနူး၊
စိုင်းပီနူး၏ မုဆိုးသက်တမ်းကကြာပြီ။
“ဆရာနူး – ဟိုတစ်ခေါက်ကလို သမင်သား
စားရရင်ကောင်းမယ်” စိုင်းပီနူးက စလိပ်သို၏အမေးကို မဖြေ။
“ယုန်သားစားရလည်း မဆိုးပါဘူးကွ”
တေအားဒါး၏စကားကို စိုင်းကျောက်က –
“ဟုတ်တယ်ကွ- ယုန်သားစားရရင်လည်း
ချိုတာပဲ”ဟုထောက်ခံစကား
ပြောသည်တွင် စိုင်းပီနူးက တိတ်တိတ်နေရန်
လက်ဝါးဖြန့်ပြပြီးတားသည်။သူတို့ကခေါင်း
အားလုံးကဝိုင်းပိနူး၏စကားကြောင့်ငြိမ်ကျ
သွားသည်။ ဆောင်ဖြစ်သူ၏အရိပ်အခြေကို
ကြည့်နေကြသည်။ ခပ်လှမ်းလှမ်းရှိ ချုံပုတ်
သည်အနည်းငယ်လှုပ်သယောင်ယောင်၊
မျက်တောင်မခတ်ကြ။စိုင်းနူးက သူ့လူသုံး
ယောက်ကို အနီးရှိ သစ်ပင်ကြီးများနောက်
သို့ ပုန်းကွယ်ကြရန် လက်ဟန်ပြသည်။
စောအားဒါးတို့ကလည်း လျင်ပြီးသား။ အနီးရှိ
သစ်ပင်ကြီးများနောက် သို့ခြေသံလုံလုံဖြင့်ဝင်
ရောက်ကြသည်။ ထို့နောက်လှုပ်သည်ဟုထင်
သော စိုင်းပီနူးကြည့်သည့် ချုံပုတ်ကို စူးစိုက်
ကြည့်သည်။ မျက်စိက ကြည့်သော် လည်း
လက်ထဲက လက်နက်ကို သတိလက်လွတ်
မထား။ စောအားဒါးကလှံရှည်တစ်ချောင်းကိုကိုင်ထားသည်။
လက်နှစ်ဖက်ဖြင့်အသင့်အနေအထားကိုင်ထားခြင်းဖြစ်သည်။
စိုင်းကျောက်၏လက်ထဲတွင် ချိန်ရွယ်ပြီးထား
သည့် အဆိပ်လူးသော မြား၊ မြားအိမ်ထဲရှိမြား
တံအပိုများကစိုင်းကျောက်၏နောက်ကျော
အိတ်ထဲ ထိုးသိုးထောင်ထောင် စလိပ်သိုက
လက်နှစ်ဖက်ဖြင့်ဓားရှည်ကိုခုတ်ပိုင်းရန်
အသင့်အနေအထား ပြုလုပ်နေသည်။
ခေါင်းဆောင်ဖြစ်သူဝိုင်းပီနူး၏လက်ထဲတွင်
လက်နက်နှစ်မျိုး။ တစ်မျိုး က မောင်းတင်ပြီး
သားဒူးလေး၊ တစ်မျိုးက စောအားဒါးကိုင်ထားသည့်
လှံရှည်မျိုး။လှံရှည်ကိုအသွားထောင်ပြီးကျော
လွယ်ထားသည်။ အရေးကြုံလျှင် ယူနိုင်ရန် အဆင်သင့်။
လေတစ်ချက် ဝင်ပင့်တိုက်သကဲ့သို့ ချုံပုတ်
လှုပ်ရှားသွားသည်။ ရုတ် တရက်လှုပ်ရှားမှုက
မြန်၏။ လှုပ်ရှားမှုမြန်သော သားကောင်က တောကျွမ်း သည့်ကျား။
ကျားကတော့ကျွမ်းသကဲ့သို့ပုဆိုးစိုင်းပီးက
လည်း တောကျွမ်းသည်။ ခုန်အုပ်လာသော
ကျားပါးစပ်ထဲ စူးဝင်အောင် မြားတံကိုလွှတ်
ပြီးသည်နှင့် ကျောပိုးထားသည့်လှံက လက်
ထဲမှာစွဲစွဲမြဲမြဲကိုင်ပြီးသား။ ဝိုင်းပိနးက ထွက်
မပြေး။ လှံကိုင်ထားသောပုံစံက မုဆိုးဒူးထောက်။
ကြောက်စရာအသံပေး၍ ခုန်အုပ်သောကျားက
ပါးစပ်ထဲမြားတံအစူးခံရသောကြောင့် နောက်
လန်ထွက်သွားသည်။ သို့သော် ကျားကလည်း
သတ္တိမခေ။ တောဘုရင်ဘွဲ့ရထားသူဖြစ်၍
မုဆိုးကြီး စိုင်းပီနူးကို ခုန်အုပ် လိုက်သည်။
ထိုအကွက်ကို စောင့်နေသော မုဆိုးကြီးဝိုင်း
ပီနူး၏ မုဆိုးဒူးထောက် ကိုင်ထားသည့်လုံက
ကျား၏အာခေါင်ကို ထုတ်ချင်းပေါက် စူးဝင်သွားသည်။
“ဗုန်း ..”
ကျားကြီး မည်သို့မျှ မတတ်နိုင်။ ဝုန်းခနဲ
လဲကျသွားချိန်တွင် အချိန် ကောင်း၊ အခွင့်
အရေးကောင်းကိုစောင့်နေကြသောစိုင်း
ကျောက်၊ စောအား ဒါးနှင့်စလိပ်သိုတို့၏
လက်နက်ဒဏ်ရာဖြင့်ကျားကြီးသွေးရဲရဲထွက်ကျကာ
ဟိန်းဟောက်ညည်းညူရင်းသေဆုံးသွားတော့သည်။
“ဟေး– “ကျားကြီးသေပြီကွ” “ကျားသားစားမယ်ဟေ့”
အမဲလိုက်သမားလေးယောက်ကကျားသေကြီးကိုရေလက်ကြိုးချည်
ကာ တုတ်လျှို၍ ထမ်းပြီး မိသားစုများရှိရာ
နေအိမ်များဆီသို့ ပျော်ရွှင်စွာ ပြန်လာခဲ့ကြပါသည်။
သို့သော် စိုင်းကျောက်တို့ ကျားသားချက်ပြုတ်
စားသောက်ပြီး တစ်ည လုံးမပျော်နိုင်။ ပျော်ခွင့်မရခဲ့။
သန်းခေါင်ကျော် လူခြေတိတ်အိပ်ချိန်တွင်
သူတို့လေးအိမ်စုသို့ ကျား များ ဝင်ရောက်ခဲ့ကြသည်။
“ပေါင်း – ဒေါင်း – ပေါင်း – ပေါင်း
ကျားများက တဝေါင်းဖေါင်းအသံပေး၍
ဝင်ရောက်လာကြပြီး ဝိုင်းပီနူး တို့၏အိမ်
များကို ချွန်ထက်စူးရှသောလက်သည်း
ရှည်ကြီးများဖြင့် ခုတ်ဆွဲ၊ ခုတ်ဖြဲ၊ ခုတ်ဖြိုပြုလုပ်ကြပါသည်။
“ဝှန်း – ပုန်း – ဝုန်း”
“ဘုန်း – ဝရုန်း – ဘုန်း”
အိမ်များက လွန်စွာခိုင်ခံ့အောင် ဆောက်လုပ်
ထားကြသောအိပ်များ မဟုတ်ကြ၊ မိုးလုံ၊
လေလုံလျှင်ပြီးရောသဘောထားကာဆောက်
လုပ်ထား သည့်တဲသာသာအိမ်ငယ်များဖြစ်
၍ပြိုကျပျက်စီးလွယ်ကူခဲ့သည်။ ကျားများက
အိမ်သူအိမ်သားများကို အသက်ချမ်းသာခွင့်
မပေး။ ကလေးငယ်များကအစကိုက်သတ်ပြီး
တောထဲသို့ကိုက်ချီယူသွားကြသည်။
တစ်ရွာလုံး ဆူညံပွက်လောရိုက်သွားသည်။
မချီယူနိုင်ဘဲကိုက်ဖြတ်၍မသေမရှင်ထားခဲ့ကြသောလူလေးယောက်
ကို ထိုအိမ်ဝန်းကျင်၌ပင် ချထားခဲ့သည်။
ထိုမသေမရှင်ကျန်ခဲ့သူလေး ယောက်မှာ
စိုင်းကျောက်၊ ဝိုင်းပီနူး၊ စောအားဒါးနှင့် စလိပ်သိုတို့ဖြစ်သည်။
ကျားသံများတိတ်သွားပြီး အချိန်အတော်
ကြာသောအခါမှအနီးအနား ရှိ အိမ်စုငါးစုမှ
လူကြီးငါးယောက် စုဝေးရောက်လာကြသည်။
တုတ်၊ ဓား၊ လက်နက်များ၊ မီးတုတ်များကိုယ်
စီဖြင့် ရောက်လာခြင်းဖြစ်သည်။ ရောက်
လာသူများတွင် စိုင်းကြာဖမ်းကခေါင်းဆောင်။
စိုင်းကြာဖမ်းကဝိုင်းကျောက်ကိုမေးသည်။
ပိုင်၊ခူကူးနှင့်စောဝါးဝှေးကစိုင်းပီနူးကို မေးသည်။
စောရီးရယ်က စောအားဒါးကိုပေးသည်။
စိုင်းဒီပိုးက ဒဏ်ရာများဖြင့် စလိပ်သိုကို မေးသည်။
“ဘာပြောမလဲ”ဟု ဘာမှာချင်လဲဆိုသည့်သဘော။
မသေမရှင်ဖြစ်နေကြသောလူလေးယောက်၏ပြောပုံတစ်ထပ်တည်း၊
တစ်သံတည်းပင်။ စိုင်းဒီပိုးက ဆက်၍ပြောသည်။
“မင်းတို့ကတို့ပိုင်တဲ့နတ်ကျားတောင်ပေါ်ကို
တို့နတ်ကျားတွေမခေါ်ဘဲ လာတက်နေကြတယ်။
နောက်ပြီး တို့ပိုင်တဲ့ သစ်ပင်တွေ၊ဝါးပင်တွေကို
ခုတ်တယ်။ တို့တောင်ပေါ်မှာ အိမ်ဆောက်တယ်၊
သစ်ပင်စိုက်တယ်၊ ကျွဲ၊ နွား၊ ဝက်တွေ မွေးတယ်။
ပြီးတော့ -တောထဲက သတ္တဝါငယ်လေးတွေကို
ဖမ်းတယ်၊ သတ်တယ်၊ စားတယ်။ ဒီအထိတို့
ခွင့်ပြုခဲ့တယ်။ အခု-တို့နတ် ကျားတွေက
မင်းတို့ကိုလည်း ရန်မလုပ်ဘူး။ သစ်ပင်တွေ
လည်း မဖျက်ဆီး ဘူး။ မင်းတို့မွေးထားတဲ့
သတ္တဝါတွေကိုလည်း မသတ်ဘူး။ ဒီလောက်အထိ
ခွင့်ပြုသည်းခံနေတာတောင်မှ တို့နတ်ကျား
ထဲကနတ်ကျားတစ်ကောင်ကို သတ်တယ်၊
စားတယ်။ ဒါကြောင့် – တို့နတ်ကျားကိုသတ်တဲ့ စားတဲ့
လူတွေ ကို တို့ပြန်သတ်တယ်။ မင်းတို့ တို့
နတ်ကျားတွေနေတဲ့တောင်မှာနောက်ထပ်
အေးအေးဆေးဆေး နေထိုင်လုပ်ကိုင်စား
သောက်ချင်ရင် နောက်ထပ် တို့နတ်ကား
တွေကို အန္တရာယ်မပေးနဲ့၊ မသတ်နဲ့၊မစားနဲ့။
တို့နတ်ကျား တစ်ကောင်ကိုသတ်ပြီးစားမိ
တဲ့အပြစ်ကျေအောင်နဲ့ ဒီနတ်ကျားတွေနေတဲ့
တောင်ပေါ်မှာ နေနိုင်ဖို့ လုပ်ကိုင်နိုင်ဖို့ နတ်ကျားကို
ပစ်ခတ်သတ်မိတဲ့ ချုံပုတ်နားမှာ မင်းတို့မွေးထားတဲ့ ကျွဲ၊
နွား၊ ဝက် သတ္တဝါကြီးတစ်ကောင်ကို ကြိုး
ချည်ပြီး တစ်နှစ်တစ်ကြိမ် အစာကျွေးပါ။
မကျွေးရင် နေခွင့်မရဘူး၊ သေမယ်။ နေချင်
ရင် စိုက်ပျိုးမွေးမြူစားသောက်ချင်ရင်
တစ်နှစ်တစ်ကြိမ် တပ်ကောင်အစာကျွေး၊
ကျွေးရမယ့်အချိန်က အခုလို နွေဦးပေါက်”
ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့စကား။
အသက်ငင်နေရာမှ ပြောလိုက်ခြင်းဖြစ်
သည်။ ထို့နောက် စလိပ်သို သေဆုံးသွားသည်။
“အလကားကွာ – မယုံဘူးဟေ့” “တို့လည်းမယုံဘူး”
“လာကိုက်တဲ့ကျားတွေကိုကြောက်ပြီး
ကယောင်ကတမ်းပြောတဲ့ စကား ဘာမှယုံစရာမရှိဘူး”
“ဘာနတ်ကျားလဲ – အလကားနတ်ကျား”
သေခါနီးပြောသွားခဲ့ကြသောလူလေးယောက်
၏စကားကိုမယုံသူက ငါးယောက်။ နတ်ကျားကို
မယုံသူ လူငါးယောက်က ပုံမှန်နေမြဲအတိုင်း နေ
ခဲ့ကြသည်။ သစ်ပင်များ စိုက်မြဲအတိုင်း
စိုက်ခဲ့ကြသည်။ ကျွဲ၊ နွား စသော တိရစ္ဆာန်
များ မွေးမြူပြဲ မွေးမြူခဲ့ကြသည်။ ယုန်၊ ဒရယ်၊
သမင် စသော တိရစ္ဆာန်များ ရရှိအောင် အမဲလိုက်မြဲလိုက်ခဲ့ကြသည်။
ထိုလူငါးယောက်က နေမြဲအတိုင်းနေသော်
လည်း မည်သို့မျှမဖြစ်။ စိုက်မြဲအတိုင်းစိုက်၊
မွေးမြူမြဲ မွေးမြူပြီး တိရစ္ဆာန်ငယ်များ
ရအောင် အမဲ လိုက်သော်လည်း ထူးခြားမှုမဖြစ်။
ထူးခြားမှုဖြစ်သည်မှာ ကျားတစ်ကောင်ကို
ပြင်ပြီး ထိုကျားကိုရအောင် လိုက်သောအချိန်။
“တောကောင်နံ့ နံတယ် – ဝိုင်းမြာ
ကျားကို တောကောင်ဟုခေါ်ပြီး စပေါက်
ကျော်က ပြောခြင်းဖြစ်သည်။ စိုင်းမြာတို့
ငါးယောက်က လေအောက်မှာ တောကောင်ဆိုသော
ကျားကလေတင်မှာ။“စောဖိုးပိုက် သတိထား”
စိုင်းပါရပ်က သူ့အဖော်ကို သတိပေးသည်။
သူတို့လက်ထဲတွင် သေ အောင်သတ်နိုင်သော
လေးမြား၊ လှံ၊ စသည့်ပစ္စည်းများ အသင့်ရှိနေ
သည်။ စိုင်းထီးဆာ၏ မျက်လုံးတစ်စုံက
တောကောင်ကို မြင်သည်။ မြင်သောကြောင့်
သူ့အဖော်များကို လက်ကာပြပြီး ရှေ့ဆက်
မသွားရန်တားသည်။ အားလုံးကတောကြောင်
ကြီးတစ်ကောင်ကိုခုတ်သတ်ရန်ကြိုးစားနေသောကျားကိုမြင်သည်။
တောကြောင်ကြီးက ကျားကို အလစ်မပေး၊
ကျား၏ အလစ်ချောင်းပြီး ပြေးနိုင်ရန်အကွက်
ချောင်းနေသည်။ ကျားက တောကြောင်ကို
ခုတ်သတ် နိုင်ရန် အလစ်မပေးဘဲ ချောင်းနေဆဲ။
ဘာလုပ်ရရင် ကောင်းမလဲ။ ကျားရော၊
တောကြောင်ရော နှစ်ကောင် စလုံးကို
သတ်ရရင်ကောင်းမလား၊ တို့ငါးယောက်က
နှစ်ကောင်လုံးကို တစ်ပြိုင်တည်း သတ်နိုင်
ပါ့မလား။ မထူးပါဘူး၊ ကျားနဲ့ တော
ကြောင်ဆို တောကြောင်ကိုမသတ်ဘဲ
ကျားကိုသတ်တာပဲ ကောင်းမယ်ဟု စိုင်းပါခုပ်
ကတွေးကာ ဆုံးဖြတ်ချက်ဖြင့် သူ့လူလေး
ယောက်အား ကျားကိုသာသတ် ရန် လက်
ဟန်ပြသည်။ စိုင်းပါခုပ်သည် ထိုအဖွဲ့၏ခေါင်းဆောင်၊
တောင်ပေါ်နေသူများဖြစ်၍ တစ်စိတ်တစ်
ဝမ်း တစ်လက်ညီသည်။ သူတို့၏ပစ်ခတ်မှု
ကြောင့် ကျားက အထိနာပြီးတောထဲဝင်
ပြေးသွားသည်။ ထိုအခွင့်အရေးကိုယူကာ
တောကြောင်လည်း ထွက်ပြေးသွားတော့
သည်။ ပုဆိုးနှင့်သားကောင်ဆိုသည်မှာ
တစ်ခါတစ်ရံတွင် သားကောင်သည် မုဆိုး
ကြောင့် အသက်ဆုံးရှုံးရသကဲ့သို့ မုဆိုးသည်
လည်း တစ်ခါတစ်ရံတွင် သားကောင်ကြောင့်
အသက်ဆုံးရှုံးရတတ်ပါသည်။
“ကျားကြီးလွတ်သွားတာ နာတယ်ကွာ”
“ကျားက ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်
ရထားတော့ ဝေးဝေးပြေးနိုင်မယ်မထင်ဘူး”
“မထင်ပေမဲ့မနေ့ကနေဝင်လို့မှောင်ခါနီးအထိ
ကျားကို တို့မိလို့လား” “မနေ့က မမိရင် ဒီနေ့မိရမယ်”
ကျားနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသော
စောဖိုးပိုက်၊ ဝိုင်းမြာ၊ စပေါက်ကျော်နှင့် စိုင်း
ထီးဆာတို့ကို စိုင်းပါကုပ်က-“ငြိမ်ကြ-အမြီး
ပုတ်သံကြားတယ်”ဟုတိုးတိုးသတိပေးလိုက်
သည်နှင့် အားလုံးငြိမ်သွားသည်။ သတိပိုဝင်
လာသည်။ လက်နက်များကို ခိုင်မြဲ
သည်ထက် ခိုင်မြဲအောင် ကျပ်ကျပ်လျစ်လျစ်
ဆုပ်ကိုင်ရင်း ခြေသံလုံလုံဖြင့် တောနင်းကြသည်။
ခြေလှမ်းဆယ်လှမ်းပင် မရောက်သေး။ ဒဏ်ရာ
ရထားသောကျားက သမင်ပေါက်ကလေးကို
ခုတ်သတ်နိုင်ရန် ချောင်းနေသည်ကို မြင်ကြရ
သည်ကိုမြင်ကြရသည်။ သမင်ပေါက်ကလေးက
မနေ့ကတွေ့ခဲ့သောတော ကြောင်ကဲ့သို့ ပြေးပေါက်ရှာနေဆဲ။
ဒဏ်ရာရထားသောကျားက ခုန်အုပ်ကိုက်ဖြတ်
သတ်လိုက်သည် ထိုအခွင့်ကောင်ကိုယူ၍ ဝိုင်းပါ
ဥပ်တို့ကမြားဖြင့်ပစ်သည်။ လှံဖြင့်ထိုးသည်။
ဓားဖြင့် ခုတ်သည်။ နောက်ဆုံးတွင် ကျားစင်း
စင်းသေတော့သည်။ “နတ်ကျားဆိုကွ – ဘာနတ်ကျားလဲ”
စိုင်းပါလုပ်ကကျားသေ၏ဦးခေါင်းကို ခြေဖြင့်
နင်းပြီးပြောသည်။ “ဟေ့ကောင် – မင်းက
နတ်ကျားလား။ ကိုယ်လုံးကို လှုပ်ပြပါဦးကွ”
စပေါက်ကျော်က ကျားသေ၏ကိုယ်လုံးကို
ခြေဖြင့်နင်းပြီး အော်ပြောသည်။ သူ့အသံက ကျယ်ကျယ်။
“နတ်ကျားကြီး – အမြီးတောင် မလှုပ်နိုင်တော့ပါလားကွ
ဟ ဟား … ဟား”
စိုင်းထီးဆာက တဟားဟားရယ်ရင်းကျား
သေ၏အမြီးကိုခြေဖြင့်ကန် သည်။ ပိုင်းမြာနှင့်
စောဖိုးပိုက်ကကျားသေကိုဟန်ပါပါလက်
ပိုက်ကြည့်နေ ကြရင်း ပြုံးလိုက်ကြသည်။
သည်ပွဲသည်မုဆိုးငါးယောက်၏အောင်ပွဲ။
ညရောက်လာပြန်ပြီ။ ထိုညသည် လကွယ်ည။
အချိန်က သန်းခေါင် ကောင်းကင်ယံတွင်
မှိတ်တုတ်မှိတ်တုတ် လင်းနေသောကြယ်
လေးများမှ လွဲ၍အခြားဘာမှမရှိ။ထိုညက
စိုင်းထီးဆာတို့အိမ်ငါးအိမ်ရှိ မိသားစုအားလုံး
သေသည်။ ကျားကိုက်၍ သေဆုံးကြခြင်းဖြစ်
သည်။ မသေမရှင်ကျန်ရစ်သော စပေါက်
ကျော်၊ စိုင်းမြာ၊ စောဖိုးပိုက်၊ ဝိုင်းထီးဆာနှင့်
စိုင်းပါခုပ်တို့ငါးယောက်က စကားပြောပြီးမှသေသည်။
သူတို့ငါးယောက်ပြောသောစကားသည်လည်း
အတူတူ။ အကြောင်း အရာတူသည်။ သေပြီးခဲ့
သော လူလေးယောက်မသေမီ ပြောခဲ့သော
အကြောင်းအရာနှင့် ထပ်တူကျသည်။
နတ်ကျားကိစ္စ။ နတ်ကျားကို စော်ကား၍၊
နတ်ကျားကိုသတ်၍၊ နတ် ကျားကို စား၍သေ
ရသည်ဟု။ ပြီးတော့ – သည်နတ်ကျားတွေနေသောတောင်
တွင် နေချင်လျှင်၊ လုပ်ကိုင်စားသောက်ချင်
လျှင် တိရစ္ဆာန်များ မွေး မြူချင်လျှင် အန္တရာယ်
ကင်းစွာ သွားလာချင်လျှင် နွေဦးပေါက်ရာသီ
ရောက် တိုင်းကျားကိုသတ်မိသောတောင်စောင်းတွင်
သားကောင်ကြီးတစ်ကောင် ကိုကြိုးချည်ထားကာ
နတ်ကျားကိုအစာကျွေးရမည်၊ ပူဇော်ရမည်ဆိုသောအကြောင်း
အရာပါစကားဖြစ်သည်။ထိုတောင်တန်းပေါ်တွင်
နေထိုင်သူများကထိုအချိန်မှစ၍နတ်ကျားကို
ယုံကြည်ခဲ့ကြတော့သည်။ ယခင်ကကဲ့သို့
ဟိုတစ်စု သည်တစ်စုမနေရဲကြတော့။
ယခင်ကနေခဲ့သော နေအိမ်စုတစ်စုကို ရွာငယ်
ဇနပုဒ်ဟုပင် ခေါ်၍ ရမည်မထင်။ သုံးအိမ်စု၊
ငါးအိမ်စု၊လေးအိမ်စုစသည်ဖြင့် နေခဲ့သောကြောင့်
ဖြစ်သည်။ တစ်ခုနှင့်တစ်စု မနီးလွန်း၊ မဝေးလွန်း
သောနေရာများ၌ နေထိုင် ခဲ့ကြသောကြောင့်
ရွာငယ်ဇနပုဒ်ဟု ခေါ်၍ရမည်မထင်။
သို့သော် ထိုတောင်တန်းပေါ်တွင် နတ်ကျား
များနေသည်ဟု ယုံကြည် သူများက အိမ်ဝယ်
စုများကို စုစည်းနီးကပ်အောင် နေလာကြသည်
မှစပြီး ရွာငယ်နပုဒ်ဖြစ်ခဲ့သည်။ယခုဆိုလျှင်
ရွာငယ်ဇနပုဒ်ဟုပင်ပြော၍မရတော့။ရွာကြီးဖြစ်နေပေပြီ။
နွေဦးပေါက်တိုင်းနတ်ကျားအတွက်တောင်
စောင်းတွင်ကျွဲ၊ နွားစသော သားကောင်တစ်
ကောင်ကိုကြိုးချည်ထားပြီးကျွေးမွေးခဲ့သည်။
နတ်ကျားကိုပူဇော်ကန်တော့ခဲ့သည်။
ပြောမယုံကြုံဖူးမှသိဆိုသကဲ့သို့ထိုသို့နတ်ကျား
ကိုပူဇော်ခြင်းကြောင့် အန္တရာယ်ကင်းခဲ့သည်မှာ
ထိုဒေသနေ တောင်ပေါ်သားအားလုံးသာ သိ သည်။
အစပထမက အန္တရာယ်ကင်းစွာ နေထိုင်မွေးမြူ
စားသောက်သွား လာနိုင်အောင်သာ နတ်ကျားကို
အစာကျွေးခဲ့ရာမှ ရွာသူရွာသား ကလေးသူငယ်
များရော၊ ရွာသူရွာသားများပါ အနာရောဂါစွဲကပ်
သောအခါ နေထိုင်မကောင်းသောအခါတွင်လည်း
နတ်ကျားအတွက်သားကောင်တစ်ကောင်
ကိုကျွေးမွေးသောအခါပူဇော်သောအခါ
ထူးခြားတိုက်ဆိုင်စွာ အနာရောဂါများပျောက်
ကင်းခြင်း၊ ကျန်းမာရေး ပြန်လည်ကောင်းပွန်ခြင်း
တို့ ဖြစ်လာ သောကြောင့် ယခင်ကနွေဦးပေါက်
တွင်သာ ကျွဲ၊ နွား စသော သားကောင်
တစ်ကောင်ကိုတစ်နှစ်လျှင်တစ်ကြိမ်ကျားစာ
ကျွေးခဲ့ရာမှယခုအခါအကြိမ် ပေါင်းများစွာ
ကျားစာကျွေးနေသည်မှာကြာပါပြီ။
ထိုတောင်ကို “နတ်ကျားတွေနေသောတောင်”ဟု
ယူဆကြသော ရိုးသားသည် တောင်ပေါ်သားများ၏
အစွဲတစ်ခု ရှိသည်။ ထိုအစွဲမှာ နတ် ကျားများက
သူတို့အတွက် အရာရာကို အထောက်အကူပေးသည်။
ကူညီ နေသည်ဟု ယူဆပြီးအိမ်တိုင်းအိမ်တိုင်း၌
ကျားကန်ထားခြင်းတည်း။ အိမ်များကိုဝါးဖြင့်
ဆောက်ဆောက်၊ သစ်ဖြင့်ဆောက်ဆောက်နောက်
ဆုံးအုတ်များ၊ကျောက်တုံးကျောက်ခဲများဖြင့်
ဆောက်ဆောက်ဝါးထောက်သို့မဟုတ် သစ်
ထောက်၊ သံထောက် စသည့် ထောက်တစ်ခုဖြင့်
ကျားကန် ထားသောဓလေ့အစွဲ ဖြစ်ပါသည်။
ထိုဓလေ့အစွဲကြောင့် အိမ်များကို ကျားကန်ထား
သောဓလေ့အစွဲ ကြောင့် ထိုရွာကို “ကျားကန်ရွာ”ဟု ခေါ်ပါသည်။

Zawgyi Version

” နတ္က်ားေတြေနတဲ့ေတာင္ “(စ/ဆုံး)
————————————–

နယ္ခ်ဲ႕မ်ားကသီေပါမင္းႏွင့္စုဖုရားလတ္
တို႔ကိုဖမ္းဆီးေခၚေဆာင္သြားခ်ိန္။
“သတင္းကေတာ့ မဂၤလာသတင္းမဟုတ္ဘူး
စအိုင္စူး” “သီေပါမင္းနဲ႔ စုဖုရားလတ္တို႔
ဖမ္းဆီးေခၚေဆာင္ခံရတာ မဂၤလာသတင္း
ဘယ္ဟုတ္မလဲ – ဝိုင္းလူရ”“ဒီသတင္းဆိုးက
က်ဳပ္တို႔အားလုံးအတြက္ အမဂၤလာသတင္းဆိုးပဲဗ်ိဳ႕”
“စေဒးဗစ္ေျပာတာ မွန္တယ္။ က်ဳပ္တို႔
ဘာလုပ္ၾကမလဲ” “ဘာလုပ္ရမလဲ – ဟုတ္လား။
ဒီမွာ စိုင္းဆမ္တစ္ -နယ္ခ်ဲ႕ လက္ေအာက္မွာ
ခင္ဗ်ား ကြၽန္ခံၿပီးေနရစ္မလား”“မေနဘူး”
မေနဘူးဆိုေသာ စိုင္းဆမ္တစ္၏ စကား
အဆုံးတြင္ ေနာ္ေအမီ၊ ေနာ္မူပလန္း၊ နမ့္ေဂါင္း
စေသာအမ်ိဳးသမီးမ်ားက လည္းတို႔လည္း
မေနဘူးဟုၿပိဳင္တူေျပာလိုက္ၾကသည္။
“ဒါဆို-ဒီမွာမေနခ်င္ရင္ ဘယ္ကိုေျပာင္းမလဲ”
စိုင္းဖ၏အေမးကို ေစာဂ်ိဳးက –
“မ်က္ႏွာျဖဴေတြ မလိုက္ႏိုင္တဲ့ေနရာကို
ေျပာင္းမယ္” ႏွင့္ၾကက္က -“အဲဒါ ဘယ္ေနရာလဲ”
ဆိုေတာ့ ၈ေဖသာက – “ေငြေတာင္ျပည္ရဲ႕
အေရွ႕ေျမာက္ဘက္ကေတာင္”ဟုေျဖသည္။
သည္ေတာင္သည္ေတာင္စဥ္ေတာင္းတန္းမ်ားရွိေသာေတာင္
ျဖစ္သည္။ သည္ေတာင္သို႔ နယ္ခ်ဲ႕မ်က္ႏွာျဖဴ
မ်ား ႐ုတ္တရက္ လိုက္လာႏိုင္ ရန္ မလြယ္ကူ။
ေတာအလြန္ထူသည္။ က်ား၊ ဆင္၊ ေႁမြ၊
က်ားသစ္ စေသာ သားရဲမ်ား အလြန္ေပါသည္။
ခ်ဳံႏြယ္မ်ားထူထပ္သည္။ ဆူးပင္မ်ိဳးစုံေရာႁပြမ္း
စြာေပါက္ေရာက္သည္။ေတာ္႐ုံတန္႐ုံသတၱိ
ျဖင့္ထိုေတာင္ေပၚေရာက္ေအာင္မတက္ႏိုင္၊
ေစာစ႐ိုးတို႔အဖြဲ႕က ေနရင္းေဒသသို႔ စြန႔္ခြာၿပီး
သည္ေတာင္ရွိရာသို႔ ထြက္ခဲ့ၾကသည္။ သူတို႔၏
အေဖာ္မြန္သည္ သတၱိ၊ သူ၏ခ်ပ္ေဖာ္သည္ ဓား၊ လွံ၊ ေလး၊ ျမား၊
သြားတုန္းက အတူတူ၊ လမ္းထြင္တုန္းက
အတူတူ၊ ေနရာေ႐ြးေတာ့ အတူတူ။ သို႔ေသာ္
သူတို႔အားလုံးက တစ္ေနရာတည္းမွာ
အတူတူမေနၾက။ “စိုင္းနဲ႔ နမ့္ေဂါင္း၊ –
နင္တို႔လင္မယားက တစ္အိမ္ ေစာစ႐ိုးနဲ႔ ေစာဂ်ိဳး
မင္းတို႔ညီအစ္ကိုက တစ္အိမ္၊ အိမ္ႏွစ္အိမ္တစ္စုေန
“စိုင္းလုံနဲ႔ ေနာ္မူပလန္း – နင္တို႔လင္မယားက
တစ္အိမ္၊ စအိုင္စူးက တစ္အိမ္၊ စိုင္းလူနဲ႔
နန္းပုံတို႔ေမာင္ႏွမက တစ္အိမ္၊
မင္းတို႔ေလးအိမ္က တစ္စုေနပါ”
“ေစာျမေအးက တစ္အိမ္၊ စိုင္းထြန္းၾကည္က
တစ္အိမ္၊ စခ်စ္တိုးနဲ႔ ေနာ္မူကီးတို႔လင္မယား
ကတစ္အိမ္ မင္းတို႔သုံးအိမ္ကတစ္စုေန “ငါတို႔
စေအာင္မိုးတို႔၊ နမ့္ဂၤးသိန္တို႔၊ နမ့္ပြားတို႔က
အိမ္သုံးအိမ္တစ္စု ေနမယ္”
“က်န္တဲ့လင္မယားႏွစ္တြဲနဲ႔ လူပ်ိဳႀကီး၊
အပ်ိဳႀကီးေမာင္ႏွမ၊ မုဆိုးမ ေနာ္ေဂးဘယ္
တို႔ေလးအိမ္က တစ္စု၊ တစ္စုနဲ႔တစ္စု သိပ္
အေဝးႀကီးမေနနဲ႔။ နီးနီးေလးလည္း ပေနနဲ႔။
တစ္ေခၚေလာက္မွာ ေနၾကပါအသက္အႀကီး
ဆုံးျဖစ္ေသာ ဖထီးသာစြသည္ပင္ စီမံခန႔္ခြဲ
တတ္သည့္ စိုင္းလင္းယုန္၏အစီအစဥ္ကို
နာခံခဲ့သည္။ သူတို႔အားလုံးက တစ္စိတ္တစ္ ဝမ္း၊
တစ္လက္ညိ။ ေျမျပင္ညီျဖစ္ေအာင္ ခုတ္ထြင္
ရွင္းလင္းၾကေသာအခါ တြင္လည္း မခိုမကပ္ၾက၊
အိမ္ေဆာက္ၾကေတာ့လည္း ဝိုင္းဝန္းကူညီၾက၊
ဝင္းၿခံခတ္ၾကေတာ့လည္းေ႐ြး႐ြဲ႕႐ြဲ႕ၾကားမွာ
အတူတူအလုပ္လုပ္ၾက၊ စိုက္ပ်ိဳး ၾကေတာ့
လည္းတစ္ဦး၏အလုပ္ကို တစ္ဦးက
ေဆာင္႐ြက္ေပးၾက။ ကြၽဲ၊ ႏြား၊ ဝက္မ်ား
ေမြးျမဴေတာ့လည္း တစ္မိသားစုကို တစ္
မိသားစုက ႐ိုင္းပင္းၾက။ ဤသို႔ျဖင့္ စည္း
လုံးညီၫြတ္စြာျဖင့္ သည္ေတာင္တန္းေပၚ
တြင္ စိုင္းဖတို႔လူစု ေနထိုင္ခဲ့ၾကသည္။
ထိုစဥ္က သည္ေတာင္တန္းတြင္ သည္
ေတာင္တြင္ နာမည္မရွိ။ဝိုင္းေက်ာက္၊ ဝိုင္းပီႏူး၊ စာအားဒါးႏွင့္စလိပ္
သိုတို႔ေလးေယာက္၏ လက္ထဲတြင္ ေလး၊
ျပား၊ လွံႏွင့္ ဓားရွည္တို႔ ရွိေနသည္။ သူတို႔
ေလးေယာက္ က ယခင္အေခါက္မ်ားကကဲ့သို႔
အမဲလိုက္ထြက္လာျခင္းျဖစ္သည္။ သူတို႔
အမဲလိုက္အဖြဲ႕၏ေခါင္းေဆာင္က စိုင္းပီႏူး၊
စိုင္းပီႏူး၏ မုဆိုးသက္တမ္းကၾကာၿပီ။
“ဆရာႏူး – ဟိုတစ္ေခါက္ကလို သမင္သား
စားရရင္ေကာင္းမယ္” စိုင္းပီႏူးက စလိပ္သို၏အေမးကို မေျဖ။
“ယုန္သားစားရလည္း မဆိုးပါဘူးကြ”
ေတအားဒါး၏စကားကို စိုင္းေက်ာက္က –
“ဟုတ္တယ္ကြ- ယုန္သားစားရရင္လည္း
ခ်ိဳတာပဲ”ဟုေထာက္ခံစကား
ေျပာသည္တြင္ စိုင္းပီႏူးက တိတ္တိတ္ေနရန္
လက္ဝါးျဖန႔္ျပၿပီးတားသည္။သူတို႔ကေခါင္း
အားလုံးကဝိုင္းပိႏူး၏စကားေၾကာင့္ၿငိမ္က်
သြားသည္။ ေဆာင္ျဖစ္သူ၏အရိပ္အေျခကို
ၾကည့္ေနၾကသည္။ ခပ္လွမ္းလွမ္းရွိ ခ်ဳံပုတ္
သည္အနည္းငယ္လႈပ္သေယာင္ေယာင္၊
မ်က္ေတာင္မခတ္ၾက။စိုင္းႏူးက သူ႔လူသုံး
ေယာက္ကို အနီးရွိ သစ္ပင္ႀကီးမ်ားေနာက္
သို႔ ပုန္းကြယ္ၾကရန္ လက္ဟန္ျပသည္။
ေစာအားဒါးတို႔ကလည္း လ်င္ၿပီးသား။ အနီးရွိ
သစ္ပင္ႀကီးမ်ားေနာက္ သို႔ေျခသံလုံလုံျဖင့္ဝင္
ေရာက္ၾကသည္။ ထို႔ေနာက္လႈပ္သည္ဟုထင္
ေသာ စိုင္းပီႏူးၾကည့္သည့္ ခ်ဳံပုတ္ကို စူးစိုက္
ၾကည့္သည္။ မ်က္စိက ၾကည့္ေသာ္ လည္း
လက္ထဲက လက္နက္ကို သတိလက္လြတ္
မထား။ ေစာအားဒါးကလွံရွည္တစ္ေခ်ာင္းကိုကိုင္ထားသည္။
လက္ႏွစ္ဖက္ျဖင့္အသင့္အေနအထားကိုင္ထားျခင္းျဖစ္သည္။
စိုင္းေက်ာက္၏လက္ထဲတြင္ ခ်ိန္႐ြယ္ၿပီးထား
သည့္ အဆိပ္လူးေသာ ျမား၊ ျမားအိမ္ထဲရွိျမား
တံအပိုမ်ားကစိုင္းေက်ာက္၏ေနာက္ေက်ာ
အိတ္ထဲ ထိုးသိုးေထာင္ေထာင္ စလိပ္သိုက
လက္ႏွစ္ဖက္ျဖင့္ဓားရွည္ကိုခုတ္ပိုင္းရန္
အသင့္အေနအထား ျပဳလုပ္ေနသည္။
ေခါင္းေဆာင္ျဖစ္သူဝိုင္းပီႏူး၏လက္ထဲတြင္
လက္နက္ႏွစ္မ်ိဳး။ တစ္မ်ိဳး က ေမာင္းတင္ၿပီး
သားဒူးေလး၊ တစ္မ်ိဳးက ေစာအားဒါးကိုင္ထားသည့္
လွံရွည္မ်ိဳး။လွံရွည္ကိုအသြားေထာင္ၿပီးေက်ာ
လြယ္ထားသည္။ အေရးႀကဳံလွ်င္ ယူႏိုင္ရန္ အဆင္သင့္။
ေလတစ္ခ်က္ ဝင္ပင့္တိုက္သကဲ့သို႔ ခ်ဳံပုတ္
လႈပ္ရွားသြားသည္။ ႐ုတ္ တရက္လႈပ္ရွားမႈက
ျမန္၏။ လႈပ္ရွားမႈျမန္ေသာ သားေကာင္က ေတာကြၽမ္း သည့္က်ား။
က်ားကေတာ့ကြၽမ္းသကဲ့သို႔ပုဆိုးစိုင္းပီးက
လည္း ေတာကြၽမ္းသည္။ ခုန္အုပ္လာေသာ
က်ားပါးစပ္ထဲ စူးဝင္ေအာင္ ျမားတံကိုလႊတ္
ၿပီးသည္ႏွင့္ ေက်ာပိုးထားသည့္လွံက လက္
ထဲမွာစြဲစြဲၿမဲၿမဲကိုင္ၿပီးသား။ ဝိုင္းပိနးက ထြက္
မေျပး။ လွံကိုင္ထားေသာပုံစံက မုဆိုးဒူးေထာက္။
ေၾကာက္စရာအသံေပး၍ ခုန္အုပ္ေသာက်ားက
ပါးစပ္ထဲျမားတံအစူးခံရေသာေၾကာင့္ ေနာက္
လန္ထြက္သြားသည္။ သို႔ေသာ္ က်ားကလည္း
သတၱိမေခ။ ေတာဘုရင္ဘြဲ႕ရထားသူျဖစ္၍
မုဆိုးႀကီး စိုင္းပီႏူးကို ခုန္အုပ္ လိုက္သည္။
ထိုအကြက္ကို ေစာင့္ေနေသာ မုဆိုးႀကီးဝိုင္း
ပီႏူး၏ မုဆိုးဒူးေထာက္ ကိုင္ထားသည့္လုံက
က်ား၏အာေခါင္ကို ထုတ္ခ်င္းေပါက္ စူးဝင္သြားသည္။
“ဗုန္း ..”
က်ားႀကီး မည္သို႔မွ် မတတ္ႏိုင္။ ဝုန္းခနဲ
လဲက်သြားခ်ိန္တြင္ အခ်ိန္ ေကာင္း၊ အခြင့္
အေရးေကာင္းကိုေစာင့္ေနၾကေသာစိုင္း
ေက်ာက္၊ ေစာအား ဒါးႏွင့္စလိပ္သိုတို႔၏
လက္နက္ဒဏ္ရာျဖင့္က်ားႀကီးေသြးရဲရဲထြက္က်ကာ
ဟိန္းေဟာက္ညည္းညဴရင္းေသဆုံးသြားေတာ့သည္။
“ေဟး– “က်ားႀကီးေသၿပီကြ” “က်ားသားစားမယ္ေဟ့”
အမဲလိုက္သမားေလးေယာက္ကက်ားေသႀကီးကိုေရလက္ႀကိဳးခ်ည္
ကာ တုတ္လွ်ိဳ၍ ထမ္းၿပီး မိသားစုမ်ားရွိရာ
ေနအိမ္မ်ားဆီသို႔ ေပ်ာ္႐ႊင္စြာ ျပန္လာခဲ့ၾကပါသည္။
သို႔ေသာ္ စိုင္းေက်ာက္တို႔ က်ားသားခ်က္ျပဳတ္
စားေသာက္ၿပီး တစ္ည လုံးမေပ်ာ္ႏိုင္။ ေပ်ာ္ခြင့္မရခဲ့။
သန္းေခါင္ေက်ာ္ လူေျခတိတ္အိပ္ခ်ိန္တြင္
သူတို႔ေလးအိမ္စုသို႔ က်ား မ်ား ဝင္ေရာက္ခဲ့ၾကသည္။
“ေပါင္း – ေဒါင္း – ေပါင္း – ေပါင္း
က်ားမ်ားက တေဝါင္းေဖါင္းအသံေပး၍
ဝင္ေရာက္လာၾကၿပီး ဝိုင္းပီႏူး တို႔၏အိမ္
မ်ားကို ခြၽန္ထက္စူးရွေသာလက္သည္း
ရွည္ႀကီးမ်ားျဖင့္ ခုတ္ဆြဲ၊ ခုတ္ၿဖဲ၊ ခုတ္ၿဖိဳျပဳလုပ္ၾကပါသည္။
“ဝွန္း – ပုန္း – ဝုန္း”
“ဘုန္း – ဝ႐ုန္း – ဘုန္း”
အိမ္မ်ားက လြန္စြာခိုင္ခံ့ေအာင္ ေဆာက္လုပ္
ထားၾကေသာအိပ္မ်ား မဟုတ္ၾက၊ မိုးလုံ၊
ေလလုံလွ်င္ၿပီးေရာသေဘာထားကာေဆာက္
လုပ္ထား သည့္တဲသာသာအိမ္ငယ္မ်ားျဖစ္
၍ၿပိဳက်ပ်က္စီးလြယ္ကူခဲ့သည္။ က်ားမ်ားက
အိမ္သူအိမ္သားမ်ားကို အသက္ခ်မ္းသာခြင့္
မေပး။ ကေလးငယ္မ်ားကအစကိုက္သတ္ၿပီး
ေတာထဲသို႔ကိုက္ခ်ီယူသြားၾကသည္။
တစ္႐ြာလုံး ဆူညံပြက္ေလာ႐ိုက္သြားသည္။
မခ်ီယူႏိုင္ဘဲကိုက္ျဖတ္၍မေသမရွင္ထားခဲ့ၾကေသာလူေလးေယာက္
ကို ထိုအိမ္ဝန္းက်င္၌ပင္ ခ်ထားခဲ့သည္။
ထိုမေသမရွင္က်န္ခဲ့သူေလး ေယာက္မွာ
စိုင္းေက်ာက္၊ ဝိုင္းပီႏူး၊ ေစာအားဒါးႏွင့္ စလိပ္သိုတို႔ျဖစ္သည္။
က်ားသံမ်ားတိတ္သြားၿပီး အခ်ိန္အေတာ္
ၾကာေသာအခါမွအနီးအနား ရွိ အိမ္စုငါးစုမွ
လူႀကီးငါးေယာက္ စုေဝးေရာက္လာၾကသည္။
တုတ္၊ ဓား၊ လက္နက္မ်ား၊ မီးတုတ္မ်ားကိုယ္
စီျဖင့္ ေရာက္လာျခင္းျဖစ္သည္။ ေရာက္
လာသူမ်ားတြင္ စိုင္းၾကာဖမ္းကေခါင္းေဆာင္။
စိုင္းၾကာဖမ္းကဝိုင္းေက်ာက္ကိုေမးသည္။
ပိုင္၊ခူကူးႏွင့္ေစာဝါးေဝွးကစိုင္းပီႏူးကို ေမးသည္။
ေစာရီးရယ္က ေစာအားဒါးကိုေပးသည္။
စိုင္းဒီပိုးက ဒဏ္ရာမ်ားျဖင့္ စလိပ္သိုကို ေမးသည္။
“ဘာေျပာမလဲ”ဟု ဘာမွာခ်င္လဲဆိုသည့္သေဘာ။
မေသမရွင္ျဖစ္ေနၾကေသာလူေလးေယာက္၏ေျပာပုံတစ္ထပ္တည္း၊
တစ္သံတည္းပင္။ စိုင္းဒီပိုးက ဆက္၍ေျပာသည္။
“မင္းတို႔ကတို႔ပိုင္တဲ့နတ္က်ားေတာင္ေပၚကို
တို႔နတ္က်ားေတြမေခၚဘဲ လာတက္ေနၾကတယ္။
ေနာက္ၿပီး တို႔ပိုင္တဲ့ သစ္ပင္ေတြ၊ဝါးပင္ေတြကို
ခုတ္တယ္။ တို႔ေတာင္ေပၚမွာ အိမ္ေဆာက္တယ္၊
သစ္ပင္စိုက္တယ္၊ ကြၽဲ၊ ႏြား၊ ဝက္ေတြ ေမြးတယ္။
ၿပီးေတာ့ -ေတာထဲက သတၱဝါငယ္ေလးေတြကို
ဖမ္းတယ္၊ သတ္တယ္၊ စားတယ္။ ဒီအထိတို႔
ခြင့္ျပဳခဲ့တယ္။ အခု-တို႔နတ္ က်ားေတြက
မင္းတို႔ကိုလည္း ရန္မလုပ္ဘူး။ သစ္ပင္ေတြ
လည္း မဖ်က္ဆီး ဘူး။ မင္းတို႔ေမြးထားတဲ့
သတၱဝါေတြကိုလည္း မသတ္ဘူး။ ဒီေလာက္အထိ
ခြင့္ျပဳသည္းခံေနတာေတာင္မွ တို႔နတ္က်ား
ထဲကနတ္က်ားတစ္ေကာင္ကို သတ္တယ္၊
စားတယ္။ ဒါေၾကာင့္ – တို႔နတ္က်ားကိုသတ္တဲ့ စားတဲ့
လူေတြ ကို တို႔ျပန္သတ္တယ္။ မင္းတို႔ တို႔
နတ္က်ားေတြေနတဲ့ေတာင္မွာေနာက္ထပ္
ေအးေအးေဆးေဆး ေနထိုင္လုပ္ကိုင္စား
ေသာက္ခ်င္ရင္ ေနာက္ထပ္ တို႔နတ္ကား
ေတြကို အႏၲရာယ္မေပးနဲ႔၊ မသတ္နဲ႔၊မစားနဲ႔။
တို႔နတ္က်ား တစ္ေကာင္ကိုသတ္ၿပီးစားမိ
တဲ့အျပစ္ေက်ေအာင္နဲ႔ ဒီနတ္က်ားေတြေနတဲ့
ေတာင္ေပၚမွာ ေနႏိုင္ဖို႔ လုပ္ကိုင္ႏိုင္ဖို႔ နတ္က်ားကို
ပစ္ခတ္သတ္မိတဲ့ ခ်ဳံပုတ္နားမွာ မင္းတို႔ေမြးထားတဲ့ ကြၽဲ၊
ႏြား၊ ဝက္ သတၱဝါႀကီးတစ္ေကာင္ကို ႀကိဳး
ခ်ည္ၿပီး တစ္ႏွစ္တစ္ႀကိမ္ အစာေကြၽးပါ။
မေကြၽးရင္ ေနခြင့္မရဘူး၊ ေသမယ္။ ေနခ်င္
ရင္ စိုက္ပ်ိဳးေမြးျမဴစားေသာက္ခ်င္ရင္
တစ္ႏွစ္တစ္ႀကိမ္ တပ္ေကာင္အစာေကြၽး၊
ေကြၽးရမယ့္အခ်ိန္က အခုလို ေႏြဦးေပါက္”
ဆိုတဲ့ အဓိပၸာယ္သက္ေရာက္တဲ့စကား။
အသက္ငင္ေနရာမွ ေျပာလိုက္ျခင္းျဖစ္
သည္။ ထို႔ေနာက္ စလိပ္သို ေသဆုံးသြားသည္။
“အလကားကြာ – မယုံဘူးေဟ့” “တို႔လည္းမယုံဘူး”
“လာကိုက္တဲ့က်ားေတြကိုေၾကာက္ၿပီး
ကေယာင္ကတမ္းေျပာတဲ့ စကား ဘာမွယုံစရာမရွိဘူး”
“ဘာနတ္က်ားလဲ – အလကားနတ္က်ား”
ေသခါနီးေျပာသြားခဲ့ၾကေသာလူေလးေယာက္
၏စကားကိုမယုံသူက ငါးေယာက္။ နတ္က်ားကို
မယုံသူ လူငါးေယာက္က ပုံမွန္ေနၿမဲအတိုင္း ေန
ခဲ့ၾကသည္။ သစ္ပင္မ်ား စိုက္ၿမဲအတိုင္း
စိုက္ခဲ့ၾကသည္။ ကြၽဲ၊ ႏြား စေသာ တိရစာၦန္
မ်ား ေမြးျမဴၿပဲ ေမြးျမဴခဲ့ၾကသည္။ ယုန္၊ ဒရယ္၊
သမင္ စေသာ တိရစာၦန္မ်ား ရရွိေအာင္ အမဲလိုက္ၿမဲလိုက္ခဲ့ၾကသည္။
ထိုလူငါးေယာက္က ေနၿမဲအတိုင္းေနေသာ္
လည္း မည္သို႔မွ်မျဖစ္။ စိုက္ၿမဲအတိုင္းစိုက္၊
ေမြးျမဴၿမဲ ေမြးျမဴၿပီး တိရစာၦန္ငယ္မ်ား
ရေအာင္ အမဲ လိုက္ေသာ္လည္း ထူးျခားမႈမျဖစ္။
ထူးျခားမႈျဖစ္သည္မွာ က်ားတစ္ေကာင္ကို
ျပင္ၿပီး ထိုက်ားကိုရေအာင္ လိုက္ေသာအခ်ိန္။
“ေတာေကာင္နံ႔ နံတယ္ – ဝိုင္းျမာ
က်ားကို ေတာေကာင္ဟုေခၚၿပီး စေပါက္
ေက်ာ္က ေျပာျခင္းျဖစ္သည္။ စိုင္းျမာတို႔
ငါးေယာက္က ေလေအာက္မွာ ေတာေကာင္ဆိုေသာ
က်ားကေလတင္မွာ။“ေစာဖိုးပိုက္ သတိထား”
စိုင္းပါရပ္က သူ႔အေဖာ္ကို သတိေပးသည္။
သူတို႔လက္ထဲတြင္ ေသ ေအာင္သတ္ႏိုင္ေသာ
ေလးျမား၊ လွံ၊ စသည့္ပစၥည္းမ်ား အသင့္ရွိေန
သည္။ စိုင္းထီးဆာ၏ မ်က္လုံးတစ္စုံက
ေတာေကာင္ကို ျမင္သည္။ ျမင္ေသာေၾကာင့္
သူ႔အေဖာ္မ်ားကို လက္ကာျပၿပီး ေရွ႕ဆက္
မသြားရန္တားသည္။ အားလုံးကေတာေၾကာင္
ႀကီးတစ္ေကာင္ကိုခုတ္သတ္ရန္ႀကိဳးစားေနေသာက်ားကိုျမင္သည္။
ေတာေၾကာင္ႀကီးက က်ားကို အလစ္မေပး၊
က်ား၏ အလစ္ေခ်ာင္းၿပီး ေျပးႏိုင္ရန္အကြက္
ေခ်ာင္းေနသည္။ က်ားက ေတာေၾကာင္ကို
ခုတ္သတ္ ႏိုင္ရန္ အလစ္မေပးဘဲ ေခ်ာင္းေနဆဲ။
ဘာလုပ္ရရင္ ေကာင္းမလဲ။ က်ားေရာ၊
ေတာေၾကာင္ေရာ ႏွစ္ေကာင္ စလုံးကို
သတ္ရရင္ေကာင္းမလား၊ တို႔ငါးေယာက္က
ႏွစ္ေကာင္လုံးကို တစ္ၿပိဳင္တည္း သတ္ႏိုင္
ပါ့မလား။ မထူးပါဘူး၊ က်ားနဲ႔ ေတာ
ေၾကာင္ဆို ေတာေၾကာင္ကိုမသတ္ဘဲ
က်ားကိုသတ္တာပဲ ေကာင္းမယ္ဟု စိုင္းပါခုပ္
ကေတြးကာ ဆုံးျဖတ္ခ်က္ျဖင့္ သူ႔လူေလး
ေယာက္အား က်ားကိုသာသတ္ ရန္ လက္
ဟန္ျပသည္။ စိုင္းပါခုပ္သည္ ထိုအဖြဲ႕၏ေခါင္းေဆာင္၊
ေတာင္ေပၚေနသူမ်ားျဖစ္၍ တစ္စိတ္တစ္
ဝမ္း တစ္လက္ညီသည္။ သူတို႔၏ပစ္ခတ္မႈ
ေၾကာင့္ က်ားက အထိနာၿပီးေတာထဲဝင္
ေျပးသြားသည္။ ထိုအခြင့္အေရးကိုယူကာ
ေတာေၾကာင္လည္း ထြက္ေျပးသြားေတာ့
သည္။ ပုဆိုးႏွင့္သားေကာင္ဆိုသည္မွာ
တစ္ခါတစ္ရံတြင္ သားေကာင္သည္ မုဆိုး
ေၾကာင့္ အသက္ဆုံးရႈံးရသကဲ့သို႔ မုဆိုးသည္
လည္း တစ္ခါတစ္ရံတြင္ သားေကာင္ေၾကာင့္
အသက္ဆုံးရႈံးရတတ္ပါသည္။
“က်ားႀကီးလြတ္သြားတာ နာတယ္ကြာ”
“က်ားက ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္
ရထားေတာ့ ေဝးေဝးေျပးႏိုင္မယ္မထင္ဘူး”
“မထင္ေပမဲ့မေန႔ကေနဝင္လို႔ေမွာင္ခါနီးအထိ
က်ားကို တို႔မိလို႔လား” “မေန႔က မမိရင္ ဒီေန႔မိရမယ္”
က်ားႏွင့္ပတ္သက္၍ မေက်မနပ္ျဖစ္ေနေသာ
ေစာဖိုးပိုက္၊ ဝိုင္းျမာ၊ စေပါက္ေက်ာ္ႏွင့္ စိုင္း
ထီးဆာတို႔ကို စိုင္းပါကုပ္က-“ၿငိမ္ၾက-အၿမီး
ပုတ္သံၾကားတယ္”ဟုတိုးတိုးသတိေပးလိုက္
သည္ႏွင့္ အားလုံးၿငိမ္သြားသည္။ သတိပိုဝင္
လာသည္။ လက္နက္မ်ားကို ခိုင္ၿမဲ
သည္ထက္ ခိုင္ၿမဲေအာင္ က်ပ္က်ပ္လ်စ္လ်စ္
ဆုပ္ကိုင္ရင္း ေျခသံလုံလုံျဖင့္ ေတာနင္းၾကသည္။
ေျခလွမ္းဆယ္လွမ္းပင္ မေရာက္ေသး။ ဒဏ္ရာ
ရထားေသာက်ားက သမင္ေပါက္ကေလးကို
ခုတ္သတ္ႏိုင္ရန္ ေခ်ာင္းေနသည္ကို ျမင္ၾကရ
သည္ကိုျမင္ၾကရသည္။ သမင္ေပါက္ကေလးက
မေန႔ကေတြ႕ခဲ့ေသာေတာ ေၾကာင္ကဲ့သို႔ ေျပးေပါက္ရွာေနဆဲ။
ဒဏ္ရာရထားေသာက်ားက ခုန္အုပ္ကိုက္ျဖတ္
သတ္လိုက္သည္ ထိုအခြင့္ေကာင္ကိုယူ၍ ဝိုင္းပါ
ဥပ္တို႔ကျမားျဖင့္ပစ္သည္။ လွံျဖင့္ထိုးသည္။
ဓားျဖင့္ ခုတ္သည္။ ေနာက္ဆုံးတြင္ က်ားစင္း
စင္းေသေတာ့သည္။ “နတ္က်ားဆိုကြ – ဘာနတ္က်ားလဲ”
စိုင္းပါလုပ္ကက်ားေသ၏ဦးေခါင္းကို ေျချဖင့္
နင္းၿပီးေျပာသည္။ “ေဟ့ေကာင္ – မင္းက
နတ္က်ားလား။ ကိုယ္လုံးကို လႈပ္ျပပါဦးကြ”
စေပါက္ေက်ာ္က က်ားေသ၏ကိုယ္လုံးကို
ေျချဖင့္နင္းၿပီး ေအာ္ေျပာသည္။ သူ႔အသံက က်ယ္က်ယ္။
“နတ္က်ားႀကီး – အၿမီးေတာင္ မလႈပ္ႏိုင္ေတာ့ပါလားကြ
ဟ ဟား … ဟား”
စိုင္းထီးဆာက တဟားဟားရယ္ရင္းက်ား
ေသ၏အၿမီးကိုေျချဖင့္ကန္ သည္။ ပိုင္းျမာႏွင့္
ေစာဖိုးပိုက္ကက်ားေသကိုဟန္ပါပါလက္
ပိုက္ၾကည့္ေန ၾကရင္း ၿပဳံးလိုက္ၾကသည္။
သည္ပြဲသည္မုဆိုးငါးေယာက္၏ေအာင္ပြဲ။
ညေရာက္လာျပန္ၿပီ။ ထိုညသည္ လကြယ္ည။
အခ်ိန္က သန္းေခါင္ ေကာင္းကင္ယံတြင္
မွိတ္တုတ္မွိတ္တုတ္ လင္းေနေသာၾကယ္
ေလးမ်ားမွ လြဲ၍အျခားဘာမွမရွိ။ထိုညက
စိုင္းထီးဆာတို႔အိမ္ငါးအိမ္ရွိ မိသားစုအားလုံး
ေသသည္။ က်ားကိုက္၍ ေသဆုံးၾကျခင္းျဖစ္
သည္။ မေသမရွင္က်န္ရစ္ေသာ စေပါက္
ေက်ာ္၊ စိုင္းျမာ၊ ေစာဖိုးပိုက္၊ ဝိုင္းထီးဆာႏွင့္
စိုင္းပါခုပ္တို႔ငါးေယာက္က စကားေျပာၿပီးမွေသသည္။
သူတို႔ငါးေယာက္ေျပာေသာစကားသည္လည္း
အတူတူ။ အေၾကာင္း အရာတူသည္။ ေသၿပီးခဲ့
ေသာ လူေလးေယာက္မေသမီ ေျပာခဲ့ေသာ
အေၾကာင္းအရာႏွင့္ ထပ္တူက်သည္။
နတ္က်ားကိစၥ။ နတ္က်ားကို ေစာ္ကား၍၊
နတ္က်ားကိုသတ္၍၊ နတ္ က်ားကို စား၍ေသ
ရသည္ဟု။ ၿပီးေတာ့ – သည္နတ္က်ားေတြေနေသာေတာင္
တြင္ ေနခ်င္လွ်င္၊ လုပ္ကိုင္စားေသာက္ခ်င္
လွ်င္ တိရစာၦန္မ်ား ေမြး ျမဴခ်င္လွ်င္ အႏၲရာယ္
ကင္းစြာ သြားလာခ်င္လွ်င္ ေႏြဦးေပါက္ရာသီ
ေရာက္ တိုင္းက်ားကိုသတ္မိေသာေတာင္ေစာင္းတြင္
သားေကာင္ႀကီးတစ္ေကာင္ ကိုႀကိဳးခ်ည္ထားကာ
နတ္က်ားကိုအစာေကြၽးရမည္၊ ပူေဇာ္ရမည္ဆိုေသာအေၾကာင္း
အရာပါစကားျဖစ္သည္။ထိုေတာင္တန္းေပၚတြင္
ေနထိုင္သူမ်ားကထိုအခ်ိန္မွစ၍နတ္က်ားကို
ယုံၾကည္ခဲ့ၾကေတာ့သည္။ ယခင္ကကဲ့သို႔
ဟိုတစ္စု သည္တစ္စုမေနရဲၾကေတာ့။
ယခင္ကေနခဲ့ေသာ ေနအိမ္စုတစ္စုကို ႐ြာငယ္
ဇနပုဒ္ဟုပင္ ေခၚ၍ ရမည္မထင္။ သုံးအိမ္စု၊
ငါးအိမ္စု၊ေလးအိမ္စုစသည္ျဖင့္ ေနခဲ့ေသာေၾကာင့္
ျဖစ္သည္။ တစ္ခုႏွင့္တစ္စု မနီးလြန္း၊ မေဝးလြန္း
ေသာေနရာမ်ား၌ ေနထိုင္ ခဲ့ၾကေသာေၾကာင့္
႐ြာငယ္ဇနပုဒ္ဟု ေခၚ၍ရမည္မထင္။
သို႔ေသာ္ ထိုေတာင္တန္းေပၚတြင္ နတ္က်ား
မ်ားေနသည္ဟု ယုံၾကည္ သူမ်ားက အိမ္ဝယ္
စုမ်ားကို စုစည္းနီးကပ္ေအာင္ ေနလာၾကသည္
မွစၿပီး ႐ြာငယ္နပုဒ္ျဖစ္ခဲ့သည္။ယခုဆိုလွ်င္
႐ြာငယ္ဇနပုဒ္ဟုပင္ေျပာ၍မရေတာ့။႐ြာႀကီးျဖစ္ေနေပၿပီ။
ေႏြဦးေပါက္တိုင္းနတ္က်ားအတြက္ေတာင္
ေစာင္းတြင္ကြၽဲ၊ ႏြားစေသာ သားေကာင္တစ္
ေကာင္ကိုႀကိဳးခ်ည္ထားၿပီးေကြၽးေမြးခဲ့သည္။
နတ္က်ားကိုပူေဇာ္ကန္ေတာ့ခဲ့သည္။
ေျပာမယုံႀကဳံဖူးမွသိဆိုသကဲ့သို႔ထိုသို႔နတ္က်ား
ကိုပူေဇာ္ျခင္းေၾကာင့္ အႏၲရာယ္ကင္းခဲ့သည္မွာ
ထိုေဒသေန ေတာင္ေပၚသားအားလုံးသာ သိ သည္။
အစပထမက အႏၲရာယ္ကင္းစြာ ေနထိုင္ေမြးျမဴ
စားေသာက္သြား လာႏိုင္ေအာင္သာ နတ္က်ားကို
အစာေကြၽးခဲ့ရာမွ ႐ြာသူ႐ြာသား ကေလးသူငယ္
မ်ားေရာ၊ ႐ြာသူ႐ြာသားမ်ားပါ အနာေရာဂါစြဲကပ္
ေသာအခါ ေနထိုင္မေကာင္းေသာအခါတြင္လည္း
နတ္က်ားအတြက္သားေကာင္တစ္ေကာင္
ကိုေကြၽးေမြးေသာအခါပူေဇာ္ေသာအခါ
ထူးျခားတိုက္ဆိုင္စြာ အနာေရာဂါမ်ားေပ်ာက္
ကင္းျခင္း၊ က်န္းမာေရး ျပန္လည္ေကာင္းပြန္ျခင္း
တို႔ ျဖစ္လာ ေသာေၾကာင့္ ယခင္ကေႏြဦးေပါက္
တြင္သာ ကြၽဲ၊ ႏြား စေသာ သားေကာင္
တစ္ေကာင္ကိုတစ္ႏွစ္လွ်င္တစ္ႀကိမ္က်ားစာ
ေကြၽးခဲ့ရာမွယခုအခါအႀကိမ္ ေပါင္းမ်ားစြာ
က်ားစာေကြၽးေနသည္မွာၾကာပါၿပီ။
ထိုေတာင္ကို “နတ္က်ားေတြေနေသာေတာင္”ဟု
ယူဆၾကေသာ ႐ိုးသားသည္ ေတာင္ေပၚသားမ်ား၏
အစြဲတစ္ခု ရွိသည္။ ထိုအစြဲမွာ နတ္ က်ားမ်ားက
သူတို႔အတြက္ အရာရာကို အေထာက္အကူေပးသည္။
ကူညီ ေနသည္ဟု ယူဆၿပီးအိမ္တိုင္းအိမ္တိုင္း၌
က်ားကန္ထားျခင္းတည္း။ အိမ္မ်ားကိုဝါးျဖင့္
ေဆာက္ေဆာက္၊ သစ္ျဖင့္ေဆာက္ေဆာက္ေနာက္
ဆုံးအုတ္မ်ား၊ေက်ာက္တုံးေက်ာက္ခဲမ်ားျဖင့္
ေဆာက္ေဆာက္ဝါးေထာက္သို႔မဟုတ္ သစ္
ေထာက္၊ သံေထာက္ စသည့္ ေထာက္တစ္ခုျဖင့္
က်ားကန္ ထားေသာဓေလ့အစြဲ ျဖစ္ပါသည္။
ထိုဓေလ့အစြဲေၾကာင့္ အိမ္မ်ားကို က်ားကန္ထား
ေသာဓေလ့အစြဲ ေၾကာင့္ ထို႐ြာကို “က်ားကန္႐ြာ”ဟု ေခၚပါသည္။